You are on page 1of 12

Saturday, May 16, 2009

Win Enjoied with The Other NLD Members in POWER (54).


Dear all comrades and friends of Mother Burma’s democratic cause,

I WISH TO CORRECT THE MISTAKEN IMPRESSION GIVEN BY YOUR ORGANIZATION THAT


THE LADIES ARRESTED WITH DAW AUNG SAN SUU KYI ARE HER MAIDS.

IN FACT, BOTH WERE ORGANIZERS FOR THE NLD (NATIONAL LEAGUE FOR DEMOCRACY)
WHO WERE PERSONALLY ASKED BY DAW SUU TO GIVE UP THEIR FREEDOM TO ASSIST
HER AND THE PEOPLE OF BURMA.

I HAVE PERSONAL KNOWLEDGE OF THIS SINCE I AM THE DAUGHTER AND SISTER OF


THE TWO LADIES INVOLVED. MY MOTHER, DAW KHIN KHIN WIN, IS A MEMBER OF THE
CENTRAL WOMEN’S ACTION COMMITTEE OF THE NLD, A CEC MEMBER, AND THE HEAD
OF THE WOMEN’S ORGANIZATION IN THE PAGO PAGO DIVISION. SHE ACTIVELY
CAMPAIGNED AS A SURROGATE FOR DAW SUU FOR 28 SEPARATE CANDIDATES IN THE
PAGO, MARGWE, IRRAWADDY AND THANATHARYI DIVISIONS FOR THE 1990 ELECTION.
IN OTHER WORDS, SHE IS AN ACTIVE AND KEY MEMBER OF THE NLD. MY SISTER, DAW
WIN MA MA, WAS A YOUTH ORGANIZER FOR THE NLD DURING THE SAME ELECTION.

THEY VOLUNTEERED TO UNDERGO HOUSE ARREST WITH DAW SUU, NOT TO ACT AS
DOMESTICS, BUT AS CLOSE FRIENDS AND ADVISORS.

ON DECEMBER 31, 1999 DAW SUU CAME TO OUR HOME AND TOLD MY PARENTS IN MY
PRESENCE THAT HER CONTINUING POLITICAL ACTIVITIES WOULD PROBABLY RESULT IN
RENEWED HOUSE ARREST OR EVEN JAIL. SHE REQUESTED THAT MY MOM VOLUNTEER
TO JOIN HER FOR TWO REASONS: FIRST, HER PRESENCE AND CLOSE FRIENDSHIP
COULD ENABLE DAW SUU TO DEAL WITH THE ISOLATION OF HOUSE ARREST AND,
SECOND, HER AID AND ADVICE WOULD BE ESSENTIAL TO DAW SUU AND OUR COUNTRY.

IN SHORT, DAW KHIN KHIN WIN AND DAW WIN MA MA WERE PATRIOTS, NOT MAIDS,
WHO WILLINGLY GAVE UP THEIR OWN FREEDOM FOR THE SAKE OF DEMOCRACY IN
BURMA. BOTH LADIES ARE BEST CHARACTERIZED AS AIDES AND FRIENDS RATHER THAN
MAIDS OR DOMESTICS.

I REALIZE THE DIFFICULTY OF GETTING CORRECT INFORMATION FROM COUNTRIES


UNDER SUCH TYRANNY AS BURMA, SO I WANTED TO TAKE THIS OPPORTUNITY TO
CORRECT THE MISIMPRESSION. WHAT I HAVE MENTIONED CAN BE VERIFIED BY ANY
LEADER OF THE NLD. I ALSO, OF COURSE, AM INTERESTED IN PROTECTING THE TRUTH
CONCERNING MY OWN MOTHER AND SISTER.

Edited by
David E. England, Ph.D

ပြီးပါပြီ...

Posted by ခွာညို at 7:02 AM 0 comments Links to this post


Labels: English Section

Friday, May 15, 2009

ရှင်တို့အမှားတွေအတွ
အတွက် ကျမကပဲ တရားဝ
တရားဝင်တောင်းပန်ပါတယ်
အိမ်ဖော်ဆိုတာ ငွေရဖို့ သူ့လုပ်အားကို ရောင်းစားနေသူဖြစ်ပြီး
နိုင်ငံရေးသမားဆိုတာကတော့
နိုင်ငံနဲ့လူမျိုးအတွက် သူကျရာအခန်းကနေ
နိုင်သမျှဝန်ကို ၀င်ထမ်းဖို့အတွက်
ကိုယ်ပိုင်ဘ၀..ကိုယ်ပိုင်ဆန္ဒတွေကို စွန့်လွှတ်ထား ရသူဖြစ်ပါတယ်။

ကျမတို့မိသားစုဝင်တွေအားလုံးမှာ ဆတ်ဆတ်ထိ မခံနိုင်တဲ့ အကြောင်းအရာ တခုတည်းပဲရှိပါတယ်။


အဲဒါဟာ ကိုယ်ကျင့်တရားနဲ့ မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိပါးလာတာမျိုးကိုပ။ဲ ဒါပေမယ့် အခြေအနေ
အရပ်ရပ်ကြောင့် ၂၀၀၄ ခုနှစ် ကုန်ပိုင်းကတည်းက အဲဒီလို သတင်းလုပ်တဲ့သူကိုရော
သတင်းလုပ်ရေးစားနေသူတွေကိုရော ကျမ သည်းခံခဲ့ရပါတယ်။

မြန်မာသတင်းကိုပဲဖြစ်ဖြစ်..အင်္ဂလိပ်သတင်းကိုပဲဖြစ်ဖြစ် ဖတ်လိုက်တိုင်း ကျမအမေကို “အိမ်ဖော်”လို့


ရေးထားတာဟာ သတင်းဌာန တခုထည်းလည်းမကတော့…သတင်းတပုတ်တည်းလည်း
မကတော့…တရက်တည်းလည်း မဟုတ်တော့… ကြာရင် ဒီသတင်းမှားဟာ အမှန်ဖြစ်သွားမှာကို
ကာကွယ်ဖို့ သမီးဖြစ်တဲ့ကျမမှာ တာဝန်ရှိတယ်။ အမှန်ကို အမှန်အတိုင်းဖြစ်ဖို့
သတင်းသမားတဦးအနေနဲ့လည်း ကျမ တာဝန်ယူရပါလိမ့်မယ်။

လူနဲ့လူလို အချိုးမှန်မှန်တွေးတတ်တဲ့ ဘယ်သူမဆို နိုင်ငံရေးသမားတယောက်နဲ့ အိမ်ဖော်တယောက်ရဲ့


ဦးတည်ချက်တွေကို သဘောပေါက်မိပါလိမ့်မယ်။ ရှင်းပြဖို့လိုလောက်အောင်
အသိဉာဏ်ချွတ်ယင
ွ်းနေသော သတင်းထောက်ဆိုသူများ ရှိခဲ့ရင်လည်း ရှင်းပြပါရစေ။

အိမ်ဖော်ဆိုတာ ငွေတခုတည်းရဖို့ သူ့လုပ်အားကို ရောင်းစားနေသူဖြစ်ပြီး


နိုင်ငံရေးသမားတယောက်ကတော့ နိုင်ငံနဲ့လူမျိုးအတွက် သူကျရာအခန်းကနေ နိုင်သမျှဝန်ကို
ဝင်ထမ်းဖို့အတွက် ကိုယ်ပိုင်ဘ၀..ကိုယ်ပိုင်ဆန္ဒတွေကို စွန့်လွှတ်ထား ရသူတွေဖြစ်ပါတယ်။
စွန့်လွှတ်တဲ့အထဲမှာ ၀င်ငွေရတဲ့အလုပ်တွေမလုပ်နိုင်ဘဲ ငွေကုန်ကြေးကျများတဲ့ အလုပ်တွေကိုသာ
လုပ်နေရခြင်းလည်း ပါဝင်ပါတယ်။
ကျမ ဘာကြောင့် ဒါတွေကို ဆက်ရေးနေရသလဲ။

ရေးနေရင် ကြော်ညာဝင်သလို ဖြစ်မှာမလိုချင်လို့ မဆုမွန်ရဲ့ ဘလော့ကနေ ရပ်တန်းကရပ်ဖို့


မဆုမွန်ကတာဝန်ယူ ရေးပေးခဲ့ပေမယ့် ကိုယဝ
့် င်ငွေအတွက်ကိုယ် ကုန်းရုန်းရေးနေရသူ
မြန်မာသတင်းထောက်များက အချက်အလက် အမှန်ပေးနေတဲ့ မဆုမွန်ရဲ့ ဘလော့ ကိုလည်း
ဖတ်မိကြပုံမရခဲ့ပါဘူး။ ဒါကြောင့် သတင်းတွေကဆက်ပီး ရေးနေဆဲဖြစ် နေတယ်။ ဒါကြောင့်
ဒေါ်ခင်ခင်ဝင်းရဲ့ သမီးတယောက်အနေနဲ့ ဗြောင်ဖင
ွ့်ပြောရတဲ့အဆင့်ကို ရောက်လာခဲ့ရတာပါ။
ဧရာဝတီကို အချက်အလက်မှားနဲ့ အင်္ဂလိပ်စာမျက်နှာမှာ သတင်းရေးခဲ့သူ စောရန်နိုင်ဟာ ကျမနဲ့
ဂျေစကူးလ်က တနှစ်တည်းဆင်းခဲ့တဲ့ လူငယ်လေးဖြစ်ပြီး အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ အက်ဒစ်လုပ်တဲ့
ကောလင်းဟင့်ရှေးဝုဒ်ကတော့ အဲဒီနှစ်က ကျမတို့ရဲ့ သတင်းထောက် မိတ်ဆက် ကိုသင်ပေးခဲ့တဲ့
ဆရာပါ။ အဲဒီနှစ်ကလည်း ဘီဘီစီ သတင်းထောက် တိုနီက အဲဒီလိုပဲ ရေးခဲ့လို့ ဒေါသထွက.် .အဲဒီအချိန်က
အခုလို ဖွင့်ရှင်းရင် ပိုရှုပ်မယ့် တခြားအခြေအနေတွေကြောင့် ဒေါသထွက်မခံနိုင်တဲ့ ကျမဟာ
စာသင်ခန်းအတွင်းအနှောက်အယှက်ဖြစ်ရလောက်အောင် ကျန်းမာရေးကို
အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ ဒါကြောင့် student one by one အစီအစဉ်နဲ့ ဆရာနဲ့ တယောက်ချင်းစီ
တွေ့ပြီး အခက်အခဲတွေ ပြောပြရတဲ့အခါ ဆရာကောလင်းကို ပြောပြခဲ့ပါတယ်။

ဆိုလိုတာက သူဟာ ကျမ အမေ အိမ်ဖော်မဟုတ်ဘူးဆိုတာကို ၂၀၀၅ ခုနှစ်ကတည်းက သိနေခဲ့ပြီး အခု


သူ့တပြည့် စောရန်နိုင်က မှားယွင်းရေးခဲ့ရင်တောင် သတင်းမှန်ကို သိထားတဲ့ အယ်ဒီတာအနေနဲ့ double
check လုပ်ဖို့သူသင်ထားတဲ့ သင်ခန်းစာကို ပြန်နွေးပေးဖို့ သူ့မှာ တာဝန်ရှိပါတယ်။ ဒါပေမယ့်
သတင်းထောက်က ပညာလိုတယ်။ အယ်ဒီတာက ဖြစ်သလိုလုပ်တယ်။ ပတ်ပလစ်ရှာကလည်း
ဖြန့်ချီတယ်။ ဟုတ်နေတာပါပဲ။

မနေ့က ကျမ ဧရာဝတီကိုအောင်ဇော်ကို နှစ်ဦးနှစ်ဘက် ဂုဏ်သိက္ခာအတွက် မှားယွင်းရေးသားမိကြောင်း


တရားဝင် စာထုတ်ပေးဖို့ အကြောင်းကြားခဲ့ပေမယ့် ပါဆင်နယ်လက်တာတောင် ပြန်မလာခဲ့ပါဘူး။
ဒါပေမယ့် ၁၅ ရက်နေ့တင်တဲ့ သူတို့ အင်တာနက်စာမျက်နှာမှာတော့ her two live-in assistants and
her doctor လို့ သုံးစွေ
ဲ ပးသွားတာကိုတွေ့ရပါတယ်။

အိုကေ..။

ကျမက ပြဿနာမဟုတ်။ တောင်းပန်ခြင်း..ဆိုတာက အမှားလုပ်တဲ့သူကို သူ့သိက္ခာပြန်ဆယ်ဖို့ ပေးတဲ့


အခွင့်အရေးပဲ။ သူတို့ မယူတာ သူတို့အပိုင်းလို့ ကျမ စိတ်ဖြတ်ထားလိုက်တယ်။ အစကတည်းကလည်း
နောက်ထပ် မရေးကြရင် တော်ပ.ီ .လို့ပဲ သဘောထားခဲ့တဲ့သူ။ သဘောထားနိုင်တဲ့သူ။ သို့သော်…

ဘန်ကောက်က သတင်းစာရှင်းလင်းပွဲကိုသွားတက်ခဲ့တဲ့ ညီမလေး စန္ဒာက “အမရေ…ထိုင်း


ဒီမိုကရက်တစ်အမတ်ကလည်း အဲဒီစကားသုံးပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာ
ကြားလိုက်ခဲ့ရပြန်ပြီ”တဲ့။

အဲဒီလို အမတ်မင်းတွေက နာမည်ရ သတင်းစာမျက်နှာတွေကိုဖတ်ပြီး


အဲဒီလိုပွဲမျိုးတွေမှာပြောမယ်..သူတို့စကားကို ကိုးကားပြီး သတင်းဌာန အငယ်တွေက ထပ်ရေးမယ်။
ဒီတော့ ပတ်လည်ရိုက်နေတဲ့ သတင်းမှားသံသရာအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလို့ ထင်ပါသလဲ။
ကိုယ်က ရေးပြီးသွားတဲ့ သတင်းမှားအတွက် တရားဝင်မှားယွင်းကြောင်း ကြေညာမပေးလို့ လည်နေမယ့်
သတင်းမှားသံသရာလည်အတွက် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။

သတင်းနဲ့လုပ်စားလာတာ အံခေ
ွ နတဲ့ သတင်းဌာနကြီးများကို နွားရှေ့ ထွန်ကျူး…လို့ ပြောရမလား။
ဘုန်းကြီးတစ္ဆေကို ကမ္မ၀ါ ဖတ်ပြနေရသလို လုပ်ရမှာလည်း ကျမလို ပမွှားသတင်းထောက်တယောက်က
မ၀ံ့ရေ
ဲ လေတာ့

ဆရာ နီကိုရဲက သူ၀


့ တ္ထုတပုတ်ကို ဇာတ်သိမ်းခဲ့တဲ့ စကားတခွန်းလိုပ-ဲ
“မင်းလွန်ခဲ့သမျှတွေအတွက် ကိုယ်ကပဲ တောင်းပန်လိုက်ပါတယ်” လို့ တောင်းပန်လိုက်ပါတယ်။
တောင်းပန်ပါတယ်။ ရှင်တို့မှားသမျှ ကျမအပြစ်တွေချည့်ပါပဲ….

ပြီးပါပြီ...

Posted by ခွာညို at 9:07 AM 5 comments Links to this post


Labels: နေ့စဉ်မဟုတ်သောမှတ်တမ်းများ

Thursday, May 14, 2009

သတင်းလောကကို ရွံကြောက်စပြုလာသူ သတင်းထောက်တဦး၏ မှတ်တမ်း

ရှင်တို့အားလုံး ၀ိုင်းပြီး အိမ်ဖော် ပါလို့ အသရေဖျက်တာကိုခံနေရတဲ့ ကျမ အမေ


ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ
အကျဉ်းစံဘ၀သို့ ကူးပြောင်းရေးကာလအတွင်းတွင်
အလွန်အမင်း လေးစားထိုက်သူများအား မှတ်တမ်းတင်ခြင်း

သူ့ကိုဖမ်းတာမဟုတ်ပါဘဲ နိုင်ငံခေါင်းဆောင်ရဲ့ အားကိုးတကြီး အကူအညီတောင်းမှုအပေါ် တိုင်းပြည်နှင့်


လူမျိုး အတွက် လိုအပ်ချက်အရဟုသဘောပိုက်ကာ မိမိကိုယ်တိုင် ကျမ်းမာရေးမကောင်းသည့်ကြားက
အကျယ်ချုပ် ကျ ခံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သွားရောက်နေထိုင်ပေးခဲ့သော ကျမ အမေ
ဒေါ်ခင်ခင်ဝင်းကိုလည်းကောင်း-

အမေ့ကျန်းမာရေးမကောင်းသည့်အတွက် လူကြီးနှစ်ယောက်တည်းဖြစ်နေမည်ကို စိတ်မချစွာ မိခင်နှင့်


သူမ ချစ်ခင်မြတ်နိုးသော အန်တီစုအား စောင့်ရှောက်ရန် စိတ်ပါလက်ပါလိုက်သွားခဲ့သော ကျမ ညီမငယ်
ဝင်းမမအားလည်းကောင်း-
ကျမအမေ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအမျိုးသမီးအဖဲဝ
ွ့ င်ဆိုသည့် နေရာသတ်မှတ်ချက်ကို
လည်းကောင်း၊ ပဲခူးတိုင်းစည်း အဖဲဝ
ွ့ င်နှင့် အမျိုးသမီးစည်းရုံးရေးခေါင်းဆောင်မှန်းကိုလည်းကောင်း
သိသိကြီးနှင့် “အိမ်ဖော်နှစ်ယောက်” နှင့်အတူနေပါသည်ဟု ၂၀၀၅ ခုနှစ်ကစတင်ကာ မီဒီယာသို့
သတင်းတင်ပေးခဲ့သော အမေ၏ လုပ်ဖော်ကိုင်ဖက် အမျိုးကောင်းသမီးကြီးတဦးအားလည်းကောင်း-

မြန်မာလို မေးမြန်းရေးသားရာမှာပင် သတင်းမှန်ကို မမေးနိုင်လောက်အောင်


သတင်းအချက်အလက်များကို မှန်ကန် အောင်ရေးရမည့်အစား ပုတ်ရေများများထွက်ရေးကိုသာ
ဦးစားပေးလျှက် မိမိတို့ကလောင်စွမ်းဖြင့် ကျမအမေ၏ ဂုဏ် သိက္ခာနှင့်နိုင်ငံရေးသမိုင်းကို “အိမ်ဖော်”
ဟူသောအသုံးဖြင့် ၀ိုင်းဝန်းအသရေဖျက်နေကြသော မြန်မာသတင်းထောက်
ကျော်ကြီးများအားလည်းကောင်း -

၂၀၀၁ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပြီဖြစ်သော ကျမ အဖေအား မယားငယ်ရှိသယောင် သို့မဟုတ် ၂၀၀၁


ခုနှစ် ကတည်းက မုဆိုးမဖြစ်ကာ ထိုအချိန်မတိင
ုခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်၏
နှင့်အတူရှိနေခဲ့သော ကျမအမေမုဆိုးမအား လင်ငယ်ရှိသယောင်ယောင် ဘိုလို လက်စမ
ွ်းပြချင်ဇောဖြင့်
half daughter ဟု သုံးနှုန်းလျှက် အမေရင်းနှင့်သမီးရင်းတို့အား လင်ပါသမီးလိုလိုဖြစ်အောင်
ဒီဗဘ
ွီအင်တာနက်စာမျက်နှာတွင် စော်စော်ကားကား ရေးသားလက်စွမ်းပြ ကလောင်သွေးခဲ့သော ဒီဗဘ
ွီ
သတင်းထောက်ကျော် ကိုထက်အောင်ကျော်အားလည်းကောင်း -

(ယခုထို အသုံးအနှုန်းအား ဖြုတ်ချလိုက်ပြီဖြစ်သော်လည်း အမှားအယွင်းအတွက် တာဝန်ယူပြီး


မိသားစုအား တရားဝင် တောင်းပန်ခြင်းမရှိခဲ့သ)ူ

မှတ်တမ်းတင်အပ်ပါသည်။

ပြီးပါပြီ...

Posted by ခွာညို at 4:26 PM 2 comments Links to this post


Labels: နေ့စဉ်မဟုတ်သောမှတ်တမ်းများ
Sunday, May 10, 2009

အမေ့ရဲ့ ရွှေရင်ဆို့လေး

“အမေဟာ ကိုယ့်ရှေ့မှာ မိန်းမရွှင်ဖြစ်နေပါစေ….အမေဟာ အမေပါပဲ”….


(ဦးသုခ)

အဲလို သဘောထားမျိုးကျင့်သုံးနိုင်တဲ့ သားတယောက်ကို တွေ့ဖူးခဲ့တယ်။


သူဟာ ပညာတတ်ထဲကမဟုတ်တဲ့ သာမန် ရုပ်ခပ်ဆိုးဆိုးနဲ့ လယ်သမားတယောက်ပါ။
သူ့အမေဟာ နောက်ယောက်ကျားငယ်ငယ်လေးယူထားပါတယ်။
နောက် အဲဒီယောက်ကျားက ပွေရှုပ်လို့ ကွဲကြပါတယ်။
ဒါပေမယ့် တရပ်ကွက်ထဲမှာပဲနေကြတဲ့ ရပ်ဆွေရပ်မျိုးတွေဆိုတော့
မတွေ့ချင် မြင်ရက်သားတွေချည့်ဖြစ်နေကြရတာပါပဲ။
နောက် သူ့အမေက အဲဒီယောက်ကျားပြန်ပေါင်းချင်တော့လည်း လိုက်ခေါ်ပေးပါတယ်။
ရန်ဖြစ်နေကြရင် မမြင်ချင်ယောင်ဆောင်ပြီးတော့လည်း ရှောင်ထွက်ပေးသွားတတ်ပါတယ်။
တကယ်လို့ ကျမသာ သူ့နေရာမှာဆို
အဲဒီလို ငရဲကင်းကင်းနဲ့ အမေကို ချစ်နိုင်ပါ့မလားလို့ ဒီနေ့ ပြန်စဉ်းစားနေမိပါတယ်။

“အမေက ကျမတို့ညီအမသုံးယောက်ထက် ချောတယ်”…လို့ လူတိုင်းကပြောတယ်။

အဲလိုပြောတာခံရတိုင်း ကျမ သိပ်သဘောကျတာပဲ။ ဒါက လူတွေသိတဲ့ အပေါ်ယံအရေပြားအလှလေး


တခုပရ
ှဲိပါသေး တယ်။ တကယ်တော့ ရုပ်ရည်အရာတင်မက ဘယ်နေရာမှာမှ အမေ့ကို ကျမတို့
သုံးယောက်ပေါင်းလို့တောင် မမှီပါဘူး။

အမေက သူ့လို သပ်သပ်ယပ်ယပ်နေလိုစိတ်မရှိတဲ့ သူ့သမီးတွေကို အမြဲ စိတ်ရှုပ်နေတတ်ပါတယ်။

ကျမဆယ်တန်းအောင်တဲ့နှစ်မှာ ကျမ လေးငါးနှစ်အရွယ်တုန်းက နေခဲ့ဖူးတဲ့ နတ်မောက်မြို့လေးကို


အလည်နှစ်ခေါက် လောက်ပြန်ရောက်ဖြစ်ပါတယ်။ မြို့လေးက ပြားချပ်ချပ်နဲ့
ဖုန်ထူနေပူခြောက်သွေ့သွေ့လေးပါပဲ။ ဒါပေမယ့် ကိုယ်ငယ်ငယ်ကနေခဲ့တဲ့နေရာလေးပါလား..ဆိုတဲ့အသိနဲ့
တို့ဗိုလ်ချုပ်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေ…ဆိုတဲ့အသိက အဲဒီမြို့ကလေးကို
မြတ်နိုးတွယ်တာစေနိုင်စွမ်းပါတယ်။
အဲဒီမှာ ကျမတို့ညီအမတွေကို ဘေးမသီရန်မခအောင် ကြည့်ရှုပေးခဲ့တယ်ဆိုတဲ့ အိမ်နီးချင်း
အဖွားကြီးတွေဆီကိုလည်း အမေက လိုက်ပို့ပေးပါတယ်။

သူက ကျမကို မျက်မှောင်လေးတွန့်ကုတ် ငယ်ရုပ်ကိုမှတ်မိအောင် သေချာအာရုံစိုက်ကြည့်ရင်း


ဒီလိုမေးပါတယ်။
“ဟဲ-့ ဒါ မီးသွေးပုံပေါ်တက်ဆော့တဲ့ ညိုညိုလေး..လား။ ညည်းက ဒီအရွယ်တောင် ရောက်လာပြီးလား
ဟေး ဟေးဟေး…” ဆိုပြီး သွားကျိုးတွေကြားက လေထုတ်ရင်း ရယ်ပါတယ်။

အမေကလည်း သူ့မေးခွန်းကြောင့် ကျမကိုကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်ပါတယ်။


သူ့ရှေ့သွားလေးချောင်းက ဖွေးဖြူ နေပီး စီစီလေးလှတော့ အမေရယ်လိုက်ရင်
ဘယ်လိုချစ်ဖို့ကောင်းမှန်းမသိပါဘူး။

သူဆရာအတတ်သင်တက်တုန်းက သူတို့ကို အကလာသင်ပေးရတဲ့ ဆရာကြီးရွှေဒေါင်းညို (စာရေးဆရာ


ချစ်ဦးညိုရဲ့ ဖခင် ကြီး) ကဆိုရင် နှစ်နှစ်ဆယ်ကျော် ကဲေ
ွ နတဲ့ သူ့တပြည့်မက သူ့ကိုတချက်ပဲ
ရယ်ပြလိုက်ရုံနဲ့ “ခင်ခင်ဝင်း” လို့ နာမည်ကို တောင် ပြန်ခေါ်နိုင်လောက်အောင် မှတ်မိခဲ့ပါတယ်။
အဲဒီလောက်အထိ အမေရယ်လိုက်ရင် သိသိသာသာချစ်ဖို့ ကောင်းတာပါ။
ကျမတို့ဇာတိက တောင်တင
ွ်းကြီးမြို့ဖြစ်ပြီး အဖေအထက်တန်းပြရာထူးယူလိုက်တော့
နတ်မောက်ကိုရွှေ့ရပါတယ်။

အဖိုးက သူ့ပန်းတိမ်ဆိုင်မှာထိုင်ဖို့ပြောပေမယ့် အဖေက စာပဲသင်ချင်ပါတယ်။ အမေကလည်း


အဖေပြောင်းတော့ သူ့ကျောင်းကိုပါ လိုက်ပြောင်းရတာပေါ့။ အဲဒီမှာကျတော့ ဆွေမျိုးမရှိတော့
အဖေရောအမေပါ ကျောင်းသွားရင် ကျောင်းနေလို့မရသေးတဲ့ ကျမနဲ့ အငယ်မနှစ်ယောက်ကို
ကြည့်မယ့်သူမရှိပါဘူး။ အိမ်ဖော်တွေငှားရင် လူကြီးသူမ မရှိတဲ့အိမ်မှာ အိမ်ဖော်တွေက
ကျမတို့နွားနို့တွေယူသောက်…ဟင်းတွေအကုန်စားလုပ်လို့အားမရသေးဘဲ
ရှသ
ိ မျှပစ္စည်းမွှေနှောက်ယူငင်ပြီး ထွက်ပြေးကြတာအကြိမ်ပေါင်းမရေနိုင်တော့ ကျမတို့အမအကြီးဆုံးက
ကျောင်းတနှစ်ထွက်ပြီး ကျမတို့နှစ်ယောက်ကို ကြည့်ပေးရပါတယ်။

နောက်နှစ်ကျတော့ အမကျောင်းပြန်တက်တဲ့အခါ လေးနှစ်သမီးကျမက နှစ်နှစ်အရွယ်အငယ်မကို


ပုခက်လွှဲပေး…နို့ဗူးယူပေးနဲ့ပဲ အိမ်မှာနေခဲ့ရပါတယ်။ ဒီလိုပဲ အရပ်က စောင့်ရှောက်ရင်းနဲ့
ကြီးပြင်းလာရတာပါပဲ။

ရပ်ကွက်က ကြည့်ပေးတယ်ဆိုပေမယ့် သေဘေးလွတ်ရုံကြည့်ပေးတာလောက်ပါ။ သူတို့က အမေ့ကို သိပ်


ကြည့်လို့မရ ခဲ့ကြပါဘူး။ ပန်းတိမ်ဆရာ့ချွေးမလုပ်နေပြီး ကိုယ့်ကလေးတွေနဲ့ကိုယ်
ရင်အုပ်မကွာနေပါတော့လား…ရယ်လို့ အစိုးရအလုပ် လုပ်လို့ရတဲ့ နှစ်ပဲတပြား ကိုယ့်ချွေးနှဲစာကိုယ်
မြတ်နိုးတွယ်တာတဲ့အမေ့ကို နည်းနည်းတော့ ကျူရှင်ပေးကြပါ တယ်။

အမေက ကျောင်းကပြန်လာတာနဲ့ တအိမ်လုံးသုံးဖို့နဲ့ ချိုးဖို့ရေကို ရေတွင်းကခပ်ရပါတယ်။


အညာကရေတွင်းကြီးတွေက အတောင်နှစ်ဆယ်မကနက်တဲ့ တွင်းတွေပါ။ အခုမှ
တွေးလိုက်တိုင်းအမေ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။

နောက် မိသားစုခြောက်ယောက်ရဲ့ အ၀တ်တွေကိုလျှော်ရပါတယ်။ ညစာနဲ့ နောက်တနေ့ နေ့လည်စာပါ


ချက်ရပါတယ်။ ညကျောင်းဆက်သင်ရတဲ့ အဖေအိမ်ပြန်ရောက်တဲ့ ညရှစ်နာရီကျမှ
မိသားစုထမင်းဝိုင်းဖြစ်ရပါတယ်။ ထမင်းဝိုင်းသိမ်းပြီးလို့ ဆေးကျောပြီးချိန်မှာ အဖေက ဆေးလိပ်ကလေးနဲ့
စာအုပ်ကလေးနဲ့ ဒါမှမဟုတ် ရေဒီယိုလေးနဲ့ နှပ်နေနိုင်ပေမယ့် အမေ ကတော့ နောက်တနေ့
သူအလုပ်မသွားခင် သားသမီးလေးယောက်ကို ခြေဆုံးခေါင်းဖျား သနပ်ခါးအဖွေးသားလိမ်းပေးလိုစိတ်နဲ့
တဂျစ်ဂျစ်သွေးနေလိုက်တာ ကျောက်ပြင်ကြီးတချပ်အပြည့်တောင် ကပါ့မလားမသိပါဘူး။

သူကျောင်းမသွားခင် သူက ကျမတို့ကို သနပ်ခါးအဖွေးသားနဲ့ စားစရာအပြည့်နဲ့ ထားခဲ့ပါတယ်။


နေပူထဲထွက်ရင် ရေပေပါပေါ်တက်ဆော့ရင် သစ်ပင်အမြင့်ကြီးတွေပေါ် မမှီမကမ်းတက်နေရင်တော့
ဝိုင်းအော်ကြ… ခပ်စပ်စပ်လေး ရိုက်ကြနဲ့ အရပ်က ပစ်မထားတတ်ပါဘူး။ အန္တရာယ်မဖြစ်လောက်တဲ့
ပွေလီပေါက်စ ကမြင်းနည်းတွေဆိုရင်တော့ သူတို့က လွှတ်ထားတတ်ပါတယ်။

အမေ့ကျောင်းက နည်းနည်းဝေးပေမယ့် ကျမတို့အိမ်က အဖေ့တန်းမြင့်ကျောင်းနဲ့ ခြံစည်းရိုးပဲခြားပါတယ်။


ဒါကြောင့် ကျမတို့ကို အဖေက တခါတရံ သူ့အားချိန်တိုင်းမှာ ပြန်ပြေးလာပြီး ကြည့်ပေးတတ်ပါတယ်။

တနေ့ ကျမနဲ့ အငယ်မက အမေက ခြေစွန်းခေါင်းဖျားလိမ်းပေးထားတဲ့သနပ်လေးတွေ


ပါးကွက်မှခြောက်သေးခင်… အမေမှ ကျောခိုင်းထွက်သွားလို့ အမေ့နောက်ကျော မပျောက်သွားသေးခင်
တနှစ်စာဝယ်ထားတဲ့ မီးသွေးပုံပေါ်ပြေးတက်ပြီး ဆော့ကြပါသတဲ့။
ကျမတို့ပါးပေါ် ဘယ်တော့မှ သနပ်ခါးမခြောက်စေခဲ့တဲ့ အမေ့ကိုအမောဆို့စေချင်တဲ့
ကျမတို့အိမ်နီးချင်းတွေက အမေ့ကိုပြောပါတယ်။
“တမင်ကို ဆော့ပါစေ…ဆိုပြီး ငါတို့ထိုင်ကြည့်နေတာ” တဲ့။

ထူးအိမ်သင်က သူ့ကိုယ်သူ အမေ့ရဲ့ ဒုက္ခအိုးလေး…လို့ တင်စားခဲ့တယ်။ ကျမကတော့ “အမေ့ရဲ့


ရွှေရင်ဆို့လေး” လို့ ပြောရမယ်ထင်ပါရဲ့။

အဖေရောအမေပါ နေ့လည်စာထမင်းဗူးမထည့်ကြဘဲ အချိန်လုယက်ပြီး သမီးတွေကိုကြည့်ဖို့ အိမ်ကို


အပြေးအလွှား ပြန်လာစားကြတဲ့ မိဘနှစ်ပါး တကိုယ်လုံးမည်းပေတူးနေတဲ့ သမီးနှစ်ကောင်ကိုကြည့်ပြီး
ဘယ်လောက်များ စိတ်ညစ်လိုက်မလဲ…

အမေကတော့ အဲဒီအကြောင်းကို ပြန်ပြောတိုင်း သူ့သွားလှလှလေးတွေပေါ်အောင် အမြဲ


ရယ်နေတတ်ပါတယ်။ အမေ့ဆီက ကျမတို့ ဘာတွေမရနိုင်ခဲ့ဘူးလည်းလို့ မေးလာရင် ဒေါသနဲ့
မြည်တွန်တောက်တီးမှုတွေကို မရဖူးခဲ့ပါဘူး…လို့ ဖြေရပါလိမ့်မယ်။

(အမေ့အတွက် တခါမှ အမှတ်တရရယ်လို့ မရှိခဲ့သ)ူ - သမီးညို

ပြီးပါပြီ...

Posted by ခွာညို at 7:53 PM 1 comments Links to this post

You might also like