You are on page 1of 30

1

မဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့်
ဘုရားပင့်ဂါထာတော်

၁။ နီလာ နီလာ နိစ္ဆရန္တိ၊ ပီတာ ပီတာ စ ရံသိယော။


လောဟိတာ လောဟိတာစာဘာ၊ သြဒါတော ဒါတရံသိယော။
၂။ တမှာ တမှာစ မဉ္ဖိဋ္ဌာ၊ ပဘာသန္တိ ပဘဿရာ။
ဧဝံ ဆဗ္ဗဏ္ဏရံသိ သော၊ ဋ္ဌာတု မေ ဘဂဝါ သိရေ။
ပဋ္ဌာနံ- နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို၊ သမ္မသန္တဿ- အနုလုံ ပဋိလုံ အစုံအ ဆန်
အဖန်ဖန် ဆင်ခြင်သုံးသပ်တော်မူသော ဘုရားရှင် ကိုယ်တော်မြတ်၏။ နီလာ- ဆံတော်
မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသော အရပ်ဋ္ဌာနမှ၊ နီလာ- ကြာညို ခွါညို
ရတနာ အညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင် သော ရောင်ခြည်တော်တို့သည်
နစ္ဆရန္တိ-နေအထောင် လ အထောင် ဗြဟ္မာနတ် အရောင် ရတနာ နဝရတ်အရောင်တို့ကို
ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုး ကြွယ် ကြွယ် အံ့သြဘွယ်- လျှင် အဆန်းတကြယ်
ကွန့်မြူး တော်မူကြလေကုန်၏။
ပီတာစ- သိင်္ဂီရွှေလှော် အရေတော်မှလည်း ပီတာ- မဟာလှေကား ရွှေစကားနှင့်
ရွှေသားရွှေရည် ထိန်ကြည်သစ် လင်း ပပဝင်းကုန်သော၊ ရံသိယော ဝါရောင်ဝင်းလျှပ်
ရွှေသော ရောင်ခြည်တော်ဓာတ်တို့သည် နိစ္ဆရန္တိ နေအထောင် လအထောင် ဗြဟ္မာ
နတ်အရောင် ရတနာ နဝရတ်အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ်
အံ့သြဘွယ်- လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
လောဟိတာ- အာတော်လျှာတော် နှုတ်ခမ်းတော်နှင့် ခြေတော်ဖဝါး လက် ဖဝါး
စသော ကိုယ်တော်အစိတ်အစိတ်မှ လောဟိတာ- ခေါင်ရန်း နှင်းဆီ ကမ္ဗလာနီနှင့်
ကြာနီအလား ပတ္တမြား အဆင်းရှိကုန်သော အာဘာ နီရောင်ဝင်း လျှပ် နီသော
ရောင်ခြည်တော်ဓာတ်တို့သည။် နိစ္ဆရန္တိ - နေအထောင် လအထောင် ဗြဟ္မာနတ်
အရောင် ရတနာ နဝရတ်အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ်
အံ့သြဘွယ် လျှင် အဆန်းတကြယ် ကွန့်မြူးတော် မူကြလေကုန်၏။

သြဒါတာ- စွယ်တော် သွားတော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံမွှေးရှင် တော်


ဓာတ်မ၊ှ သြဒါတရံသိယော- စပယ် ကြက်ရုံး ဇွန်ပန်းကုံးနှင့် ငွေတုံး ဘော်ဆိုင်
စိန်ပန်းခိုင်အတူ ဝတ်လဲတော် ဘွဲ့ဖြူနှင့် ကြာဖြူပန်းအသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်
ဖြူသော ရောင်ခြည်တော်ဓာတ်တို့သည်။ နိစ္ဆရန္တိ- နေအထောင်
လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရတ် အရောင် တို့ကို ထိပ်ခေါင်က
လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်
2

မူကြ လေကုန် ၏။
တမှာ တမှာ- အထက်ဆံဖျားတော် တလျှောက်မှ အောက်ခြေဖဝါး တော်တခို
ထိုထိုထိုထို ကိုယ်တော် အစိတ်စိတ်မှ၊ မဉ္ဖိဋ္ဌာစ - ခရမ်းသွေးအရောင် မရမ်းသွေးအရောင်
တဝေဝေ တပြောင်ပြောင် သပြေရောင် အဆင်းကဲ့သို့ ထိန်ဝင်း
ညို မောင်းသော ရောင်ခြည်တော် ဓာတ်တို့သည်၎င်း။

ပဘဿရာစ- နတ်မီးအရောင် လျှပ်စီးအရောင် ရတနာမျိုးစုံအရောင်


ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလက် ကြက်လျှာပျံစိန်ရောင်ထွက်သကဲ့သို့
ရိုးရိုးရက်ရက် ပြိုးပြိုးပြက်သော ရောင်ခြည်တော်တို့သည်၎င်း။ ပဘာသန္တိ-
နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရတ် အရောင် တို့ကို
ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ်
ကွန့်မြူးတော်မူကြ လေကုန်၏။
ဧဝံ- ဤရောင်ခြည်ခြောက်သွယ် ဂုဏ်တော်အထူးကို ချီးကျူးဖွင့်ဆို ခဲ့
သည်အတိုင်း။ ဆဗ္ဗဏ္ဏရံသီ - အညိုတဖြာ, အဝါတလီ, အနီတဆူ, အဖြူ တကြောင်း,
အမောင်းတချက်, ပြိုးပြက်ငွားငွား ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင် ကို စိုးပိုင်ရ
ရှိ တော်မူပေထသော။ ဘဂဝါ- ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွတ်ရုံး
အထွဋ်ဆုံးလည်း ဖြစ်တော်မူ ပေ ထ သော။ သော- ထိုသုံးလော ကညွန့်ဖူး
နိဗ္ဗာန်မှုး ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားသည်၊။
မေ- ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓာတ်ကို
စွဲမှတ်သမုတ် အကျွန်ုပ်၏။ သိရေ- ဆံပင်ဂနိုင် ပန်းမြိုင်တောညို စိမ်းစိုနွဲ့နှောင်း
ဦးခေါင်းတွင်ခေါ် တောင်ထွဋ်ပေါ်၌။ ဋ္ဌာတု - ပဋ္ဌာန်းညာဏ်သွားဈာန်ကစား လျှက်
တန့်နားကိန်းဝပ်တော်မူလှည့်ပါ့ သုံးလောက ကေသျှောင် ရွှေဘုန်းခေါင်
ကိုယ်တော်မြတ်ကြီးဘုရား။ ။
3

ပဋ္ဌာန်းအဓိပ္ပါယ်
၁။ ။ဟေတုပစ္စယော- ဟိတ် (၆)ပါး ဖြစ်၍ ပစ္စယုပ္ပန် တရားတို့အား
အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရား။
(ဥပမာ)- ပညောင်ပင် အစရှိသည်တို့၏ အမြစ်သည်
ထိုသစ်ပင်အား မြဲမြံခိုင်ခန့်စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့
( လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ,) ဟိတ်(၆)-
ပါးသည် ယှဉ်ဘက် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခန့်အောင်
အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။
(ကျေးဇူးပြုသည်ဆိုရာ၌-
မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးသည်ကို တည်နေစေခြင်း၊
တည်နေသည်ကို တိုးပွားစေခြင်း တို့ပင်တည်း။)
(ဆောင်ပုဒ်)- ဖြစ်စေ တည်စေ တိုးပွားစေ ခေါ်လေကျေးဇူးပြု။ ။

၂။ ။ အာရမ္မဏ ပစ္စယော- အာရုံခြောက်ပါး ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။


(ဥပမာ)- ကြိုးတန်း, တောင်ဝှေး အစရှိသည်တို့သည်
မစွမ်းမသန်သောသူတို့အား ထိုင်ခြင်း, ထခြင်း, သွားခြင်း, ရပ်ခြင်း
ကိစ္စတို့ကို ပြီးစေသကဲ့သို့၊ အာရုံသည်
စိတ်, စေတသိက်တို့အား ဖြစ်ပေါ်လာစေရန် ကျေးဇူး ပြုတတ် သော တရား။

၃။ ။ အဓိပတိ ပစ္စယော - အကြီးအမှုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ ။


(ဥပမာ)- စကြာဝတေးမင်းသည် အထွဋ် အထိတ် အချုပ်အခြာ
အာဏာတန်ခိုးဖြင့် တပါးသော သူတို့၏ ကြီးသော သတ္တိကို တားမြစ်၍
တိုင်းပြည် နိုင်ငံသူ, နိုင်ငံသား တို့အား အကြီးအကဲ အစိုးရသော
အဖြစ်ဖြင့်ကျေးဇူးပြုသကဲ့သို့ (ပစ္စယုပ္ပန် တရားတို့ အား
အကြီးအမှုးအဖြစ်ဖြင့်) ကျေးဇူးပြုတတ်သော တရား။
၎။ ။ အနန္တရ ပစ္စယော။ - အခြားမဲ့၌ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူး
ပြုတတ်သော တရား။ ။
(ဥပမာ) စကြာဝတေး မင်း၏ နတ်ရွာလားခြင်းသည် သားကြီးရတနာအား
မင်းအဖြစ် အဘိက်သိက်ခံခြင်းငှာ ကျေးဇူးပြုသကဲ့သို့ အခြားမဲ့ အခြားမရှိ
4

(တဆက်- တည်း) ကျေးဇူးပြုတတ်သောတရား။ ။

၅။ ။ သမနန္တရ ပစ္စယော- ကောင်းစွာ အခြားမဲ့ အခြားမရှိ(တဆက်တည်း


အကြားမရှိ)ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ ။

(ဥပမာ) စကြာဝတေးမင်း၏ အရညဝါသီ တောထွက်တော်မူ၍


ရဟန်းပြုခြင်းသည် သားကြီးရတနာ အား
မင်းအဖြစ်ကိုရစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကောင်းစွာ အခြားမဲ့
အခြားမရှိ ကျေးဇူးပြုတတ်သောတရား။

၆။ ။ သဟဇာတ ပစ္စယော- အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။


(ဥပမာ)- ဆီမီးသည် မီးတောက်သည်နှင့် တပြိုင်နက် အတူတကွ
အလင်းကို ဖြစ်စေသကဲ့သို့ ထို့အတူ အကြောင်း တရားတို့သည်
မိမိတို့ ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ပစ္စယုပ္ပန် အကျိုးတရားတို့ကိုလည်း
တပြိုင်နက် အတူတကွ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတတ်သော တရား။

၇။ ။ အညမည ပစ္စယော - အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သော တရား။

(ဥပမာ)- သစ်သား သုံးခွ ဒုတ်သုံးချောင်းသည် အချင်းချင်း
တချောင်းသည် တချောင်းအား ထောက်ပန့်ခိုင် စေခြင်းငှာ
အပြန်အလှန် ကျေးဇူးပြု သကဲ့သို့ အချင်းချင်း
အပြန်အလှန် ကျေးဇူးပြုတတ်သော တရား။ ။

၈။ ။ နိဿယ ပစ္စယော။- မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား ။



(ဥပမာ) - မြေကြီးသည် သစ်ပင် အစရှိသည်တို့အား မှီရာ
တည်ရာအဖြစ်ဖြင့် ကျေးဇူး ပြုသကဲ့သို့ မှီရာတည်ရာ
အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။ ။

၉။ ။ ဥပနိဿယ ပစ္စယော - အားကြီးသော


5

အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ ။


(ဥပမာ)- မိုးတွင်း သုံးလပတ်လုံး ရွာသောမိုးကြီးသည် ထိုမိုးကို
မှီကုန်သော သစ်ပင် သတ္တဝါ အစရှိသည်တို့အား (အားကြီးသော အကြောင်း
အဖြစ်ဖြင့်) ကျေးဇူးပြုတတ်သော တရား။ ။

၁၀။ ။ပုရေဇာတ ပစ္စယော- ရှေ့ ၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရား။ ။


(ဥပမာ)- ကမ္ဘာဦး၌ ဖြစ်သော နေ လ တို့သည် မိမိတို့ ထင်ရှားရှိခိုက်
အလင်းကို မှီကုန်သော သတ္တဝါ တိုအား ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့
(ရှေး၌ဖြစ်နှင့်၍) ကျေးဇူး ပြုတတ်သော တရား။ ။

၁၁။ ။ပစ္ဆာ ဇာတ ပစ္စယော- နောက်မှ ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။


(ဥပမာ)- လင်းတငယ်တို့၏ အာဟာရ၌
ချစ်ခြင်းစေတနာသည် နောက်မှ ဖြစ်၍ ထင်ရှားရှိသော
ကိုယ်အားကျေးဇူးပြုသကဲ့သို့ နောက်မှဖြစ်၍ ကျေးဇူးပြုသော တရား။

အရှင် ဗာကုလ ရဟန္တာ လောင်းလျှာသည် မွေးခါစ နို့စို့အရွယ်က
သမုဒ္ဒရာအလယ်၌ ရေထဲသို့ ကျသွားရာ ရေနစ်၍မသေ၊ ထိုသို့
မသေရခြင်းမှာ နောင်အခါ ရဟန္တာ ဖြစ်မည့်သတ္တိသည် အရှင်ဗာကုလအား
မသေစေရန် အကျိုးပြုသော ကြောင့်တည်း။ ။

၁၂။ ။ အာသေဝန ပစ္စယော- အဖန်တလဲလဲမှီဝဲထုံအပ်သည် ဖြစ်၍ ကျေးဇူးပြုတတ်


သော တရား။
(ဥပမာ)- ရှေးရှေး၌ ထုံအပ်သော နံ့သာသည် နောက်နောက်၌
ထုံအပ်သော နံ့သာအား အဆင်းအနံ့ လွန်စွာ
တိုးပွားခိုင်မြဲစွာ ဖြစ်ခြင်းငှာ ကျေးဇူးပြု သကဲ့သို့၎င်း ။ ရှေးရှေးသင်အပ်သော
ကျမ်းဂန်သည် နောက် နောက် သင်အပ်သော
ကျမ်းဂန်အား လေ့ကျက်ခြင်းငှာ အားရှိ၍ ကျေးဇူးပြုသကဲ့သို့၎င်း ၊
အဖန်တလဲလဲ မှီဝဲထုံအပ်သည် ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၁၃။ ။ ကမ္မ ပစ္စယော- စီရင်ခြင်း သံဝိဓာန ကိစ္စနှင့် မျိုးစေ့ဖြစ်စေခြင်း ဗီဇနိဓာန


6

ကိစ္စဖြစ်၍ ကျေးဇူး ပြုတတ်သော တရား။


(ဥပမာ)- ကောင်းစွာ သိုမှီး သိမ်းဆည်းစီရင်အပ်သော မျိုးစေ့သည်
အညွန့် အညှောက်၏ ဖြစ်ခြင်းငှာ အမူအရာ လုံ့လ၏
အူဖစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မျိုးစေ့ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

၁၄။ ။ ဝိပါက ပစ္စယော- အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။


(ဥပမာ)-ချမ်းအေးသောလေသည် ချမ်းအေးသော
အရိပ်၌ နေသောသူအား ချမ်းငြိမ်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့
ကံတို့၏အကျိုး အဖြစ်ဖြင့် (ငြိမ်သက်သည် -ဖြစ်၍)
အထောက်ပန့်ပြုမှုဖြင့် ကျေးဇူး ပြု တတ်သော တရား။

၁၅။ ။ အာဟာရ ပစ္စယော-ထောက်ပန့်ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော


တရား။
(ဥပမာ) ထောက်ကန်သော တိုင် သစ်သည်
အိမ်ဟောင်းအား မြဲမြန်စေခြင်း ငှာ ကျေးဇူးပြုသကဲ့သို့
(ထောက်ပန့်တတ်) ဆောင်တတ်သော အဖြစ်ဖြင့် ကျေးဇူးပြု တတ်သော
တရား။

၁၆။ ။ ဣန္ဒြိယ ပစ္စယော- အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။


(ဥပမာ)- တနိုင်ငံ တပြည်ထဲ၌ အသီးသီး ဆိုင်ရာ
တာဝန်ကိစ္စကို ပေးအပ် ခံရသည့် အစိုးရသော လက်အောက်ခံ မင်းတို့သည်
(အချင်းချင်း ထိုအစိုးရသော သတ္တိတို့ကို မမြစ်မူ၍) မိမိတို့၏ တာဝန်အရာ၌
အစိုးတရ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက် သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့
အစိုးရသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

၁၇။ ။ ဈာန ပစ္စယော - ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏အဖြစ်ဖြင့်


ကျေးဇူးပြုတတ်သော တရား။
(ဥပမာ) တောင်ဖျား သစ်ပင်ဖျားသို့တက်၍ ကြည့်သောသူသည်
အဝေး အနီး အရပ်တို့ကို မြင်ခြင်း ထိုမြင်ခြင်း၌
အလိုရှိသောသူအား ကျေးဇူးပြုတတ်သကဲ့ သို့ ကပ်၍ရှုတတ်သော
7

အဖြစ်ဖြင့် ကျေးဇူးပြုတတ် သော တရား။

၁၈။ မဂ္ဂ ပစ္စယော- ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော


တရား။
(ဥပမာ)- ဤမှာဘက်မှ ထိုမှာဘက်သို့ ကူးသောသူသည်
ဤမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့၎င်း ထိုမှဘက်မှ
ဤမှာဘက်သို့ ကူးလိုသောသူသည် ထိုမှာဘက်မှ
ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့၎င်း ဘဝတခုမှ တခုသို့ ဆောင်ပို့
ထွက်မြောက်ကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

၁၉။ ။ သမ္ပယုတ္တ ပစ္စယော- ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။


(ဥပမာ)- နို့ရည် ထောပတ် ပျား သကာ ဟူသော စတုမဓူ
အရသာသည် အချင်းချင်း နှီးနှော ရောပြွန်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့
အတူတကွ ယှဉ်ခြင်း ဖြင့် ကျေးဇူးပြုတတ်သောတရား။

၂၀။ ။ ဝိပယုတ္တ ပစ္စယော။ မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။


(ဥပမာ)ခြောက်ပါးသော အရသာသည် အချင်းချင်း
မနှီးနှော ရောပြွန်းသော အားဖြင့် ကျေးဇူးပြုသကဲ့သို့ မနှီးမနှော မယှဉ်ခြင်းဖြင့်
ကျေးဇူးပြုတတ်သော တရား။

၂၁။ ။ အတ္ထိ ပစ္စယော- ပစ္စုပ္ပန်၌ ထင်ရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။


(ဥပမာ)- ဟိမဝန္တာ တောင်မင်းသည် မိမိကို မှီခိုသောအားဖြင့် သစ်ပင်
မျက်ပင်တို့အား ပြန့်ပွားစေ ခြင်းငှာ မိမိထင်ရှား ရှိနေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့
ထင်ရှားရှိသော အဖြစ်ဖြင့် ကျေးဇူးပြုသော တရား။

၂၂။ ။ နတ္ထိ ပစ္စယော- မရှိသည်ဖြစ်၍် ကျေးဇူးပြုတတ်သောတရား။


(ဥပမာ) ညဉ့်၏
ကင်းပြတ်ခြင်းသည် နေ့ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း
ဆီမီး၏ ငြိမ်းခြင်းသည် အမိုက်မှောင်ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း
မရှိသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
8

၂၃။ ။ ဝိဂတ ပစ္စယော- ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။


(ဥပမာ)- နေ၏ ဝင်ခြင်းသည်
လရောင်လင်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကင်းချုပ်သည်၏
အဖြစ်ဖြင့် ကျေးဇူးပြုအပ်သော တရား။

၂၄။ ။ အဝိဂတ ပစ္စယော-မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။


(ဥပမာ)- မဟာသမုဒ္ဒရာသည် မိမိကို မှီကုန်သော ငါးမကာရ်း
အစရှိသည် တို့၏ ပီတိ သောမနဿ ပွားခြင်းငှာ မိမိ၏ မကင်းသော
အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော
တရား။

၂၄ - ပစ္စည်း အဓိပ္ပါယ် အကျဉ်း ပြီး၏။

ကျေးဇူးတော်ရှင် မဟာဝိသုဒ္ဓါရုံ ဆရာတော်ြ်ကြီးး၏


ပစ္စယ္စယုဒ္ဒေသ နိဿိဿယ (လင်္ကာအနက်)

၁။ ဟေတုပစ္စယော = ရေသောက်မြစ်လျှင်, ယင်းသစ်ပင်ကို, စိမ်းရွှင်ညွန့်ဝေ,


စည်ပင်စေထ, ထောက်ပံ့မသို့,သဟဇာတံ, ရုပ်နှင်နာမ်ကို, သန္ဓေပဝတ်, မလွတ် စေရ,
သဘာဂတာ, ဆယ့်နှစ်ဖြာတွင်, ကောင်းစွာခိုင်ကြည်,တည်သည် ၏ အဖြစ်ကို ပြီးစေ
တတ် သော ဟေတုသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာ ရှိသော ဟိတ်ခြောက်ပါး
ပစ္စည်းတရားပါတကား။

၂။ အာရမ္မဏပစ္စယော = တောင်ဝှေး ကြိုးတန်း, သူမစွမ်းကို, မပန်းရလေ, ထိုင်ထစေသို့,


စိတ်စေလေးတန်,နာမက္ခန်ကို, ဖြစ်ဟန်တူစွာ, ရှစ်သဘာတွင်, ဆွဲထောက်ရာ အာရုံ၏
အဖြစ်တည်းဟူသော အာရမ္မဏသတ္တိ ထူးဖြင့်ကျေးဇူးပြုခြင်း လက္ခဏာရှိသော
အာရုံ ခြောက်ပါးပစ္စည်းတရားပါ တကား။

၃။ အဓိပတိပစ္စယော = စကြာဘုန်းငူ, များဗိုလ်လူကို, ပြိုင်သူမရှိ, အုပ်စိုးဘိသို့,


ဟသိ မောဟ, ကြဉ်ပသည့် ဇော, လောဘမူလ, အဋ္ဌ ပုညာ,
9

ကြိယာသမ္ပယုတ်, လောကုတ်ရှစ်အား, ဆယ့်ခြောက်ပါးတွင်, ကြီးမားလွှမ်းမိုး,အစိုးရခြင်း


ဟူသော အဓိပတိသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဆန္ဒ ဝီရိယ စိတ္တ
ဝီမံသာဟူသော သဟဇာတာဓိပတိ လေးပါး, ဒုက္ခသဟ, မောဟကြည်စိတ်, ဣဋ္ဌနိပ္ဖန်,
နိဗ္ဗာန်ဟူသော အာရမ္မဏာဓိပတိခြောက်ပါး ပစ္စည်းတရားပါတကား။

၎။ အနန္တရပစ္စယော = ပျော်စံနတ်ရွာ, စကြာမင်းဖျား, သားကြီးအားသို့, အခြားမဲ့နေ,


စိတ်နှင့်စေကို, မကွေတူစွာ, ခုနစ်ဖြာတွင်,သမာနဇာတ်, ခြားမပြတ်ဘ,ဲ ဖြစ်စေတတ်သော
အနန္တရသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ရှေးရှေးသော နာမက္ခန္ဓာလေးပါး
အနန္တရပစ္စည်းတရားပါတကား။

၅။ သမနန္တရပစ္စယော= စည်းစိမ်မမက်, တောကြီးထွက်သည့်, စက္ကဝတ်မင်းဖျား,သားကြီး


အားသို့, အခြားမဲ့နေ, စိတ်နှင့်စေကို, မကွေ ပြိုင်ဘက်,
ခုနစ်ချက်တွင်, အောက်ထက်ယာဝဲ,ဝေခွဲမရှိ,မိမိတမူ,တူသည့်အဖြစ်, ဆောင်လစ်ပမာ,
ကောင်းမွန်စွာလျှင်, သမာနဇာတ်, ခြားမပြတ်ဘဲ, ဖြစ်စေတတ်သော သမနန္တရ
သတ္တိထူး ဖြင့် ကျေးဇူပြုခြင်း လက္ခဏာရှိ သော ရှေးရှေးနာမ်ခန္ဓာ ၄-ပါး သမနန္တရပစ္စည်း
တရားပါတကား။

၆။ သဟဇာတပစ္စယော= အလင်းဖြစ်မှု,ဆီမီးပြုသည့်,တန္တုပမာ, သဟဇာတ, နာမနှင့်ရုပ်,


ဘူတုပ္ပပါဒါ,သန္ဓေခါလည်း, ဝိပါဝတ္ထု, ယင်းခြောက်ခုအား, တူငြားအတ္ထ, သဘာဂတွင်,
တကွမကွေ, ဖြစ်စေခြင်းဟူသော,သဟဇာတ သတ္တိထူးဖြင့်, ကျေးဇူးပြုခြင်း, လက္ခဏာ
ရှိသော, နာမ်မဟာဘု, ဝတ္ထုပါက, သဟဇာတခြောက်ပါး ပစ္စည်းတရားပါတကား။

၇။ အညမညပစ္စယော = သစ်သားသုံးခွ, ချင်းချင်းမသို့, ဥပကာရာ, ထောက်ပံ့လာသော,


နာမ်မဟာဘု, ဝတ္ထုနာမ်အား, တူရှစ်ပါးတွင်, ထောက်ထားလှန်ပင်, အချင်းချင်းဟူသော,
အညမညသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ်မဟာဘု, ဝတ္ထုပါက,
အညမညသုံးပါး, ပစ္စည်းတရားပါတကား။
၈။ နိဿယပစ္စယော= သစ်ပင်အားမြေ, ထောက်ပံပေသို့, နှစ်ထွေရုပ်နာမ်,
သဟဇံအားလည်းကောင်း,စိတ္တဇကမ္မ, ပဋိပုံဟန်, သတ်ဝိညာဏ်အားလည်းကောင်း,
တူမှန်သဘာ, ဆယ့်သုံးဖြာတွင်, တည်ရာမှီရာဟူသော အဓိဋ္ဌာနာကာရ, နိဿယာကာရ
သတ္တိထူးဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော နာမ်မဟာဘု, ဝတ္ထုပါကဟူသော
သဟဇာတနိဿယခြောက်ပါး, ပဝတ္တိအစု,ဆဝတ္ထုဟူသော ပုရေဇာတနိဿယခြောက်ပါး
10

ပစ္စည်းတရားပါတကား။
၉။ ဥပနိဿယပစ္စယော = မိုးနှင့်မကင်း, စုံခပင်းကို, မိုးတွင်းခြိမ့်အုံး, ထစ်ချုန်းမြည်ကြိုး,
ရွာသည့်မိုးသို့,သုံးမျိုးပြားလတ်, စိတ္တုပ္ပါဒ်အား, ဆယ့်လေးပါးတွင်, အားကြီးသော မှီရာ
အကြောင်း၏, အဖြစ်တည်းဟူသောဥပနိဿယ သတ္တိထူးဖြင့် ကျေးဇူး ပြုခြင်း လက္ခဏာ
ရှိသော ဒုက္ခသဟ,မောဟ“ကြဉ်စိတ်, ဣဋ္ဌနိပ္ဖန်,နိဗ္ဗာန်ဟူသော အာရမ္မဏူပ -
နိဿယ ရှေးရှေးသော နာမက္ခန္ဓာဟူသော အနန္တရူပနိဿယ, ဗလဝရုပ်, စိတ္တုပ်
ပညတ်ဟူသော ပကတူပနိဿယ သုံးပါး ပစ္စည်းတရားပါတကား။

၁၀။
ပုရေဇာတပစ္စယော=အလင်းမှီနေ,များဗိုလ်ခြေကို,ကပ္ပေစစွာ, ပေါ်လာထွန်းပ, နေနှင့်
လသို့, နောက်မှဖြစ်လေ, စိတ်နှင်စေအား, တူကိုးပါးတွင်, ရှေးဖျားဖြစ်၍, ပစ္စုပ္ပန္နေ,
ပုရေဇာတ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဆဝတ္ထုဟူသော ပုရေဇာတ,
နိပ္ဖန္နရုပ်ဟူသော အာရမ္မဏပုရေဇာတ ၂-ပါး ပစ္စည်းတရားပါတကား။

၁၁။ ပစ္ဆာဇာတပစ္စယော= ဂိဇ္ဈပေါတက, သရီရအား,အာဟာရဝယ်, တာတွယ်အာသာ,


စေတနာသို့,ပုရေဇာတ,ရုပ်ဓမ္မအား,မျိုးလေးပါးတွင်, နောက်ပါး၌ ဖြစ်သဖြင့်, ထောက်ပံ့
ခိုင်မာ, ပစ္ဆာဇာတသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နောက်နောက်
ပဉ္စဝေါကာ, နာမ်ခန္ဓာလေးပါး ပစ္စည်းတရားပါတကား။

၁၂။ အာသေဝနပစ္စယော=နောက်နောက်မွန်လေး, သာလွန်မွှေးအောင်, ရှေးရှေးထုံထား,


နံ့သာလားသို့, မခြားမပြတ်,မျိုးဇာတ်တူစွာ, ကုသလာကုသလ, ကြိယသဘော, နောက်
နောက်ဇောအား, ဆူခြောက်ပါးတွင်,ခွန်အားဟုန်ပြင်း, ယူစေလျှင်း၍, ထုံခြင်းဟူသော,
အာသေဝနသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသောရှေးရှေးသော လောကီဇော
သတ္တစတ္တာလီသ, အာသေဝနသုံးပါး ပစ္စည်းတရားပါတကား။

၁၃။ ကမ္မပစ္စယော = သစ်ပင်တို့အား, မျိုးစေ့လားသို့, ကြွင်းငြားတူလတ်, သဟဇာတ်နှင့်,


ကဋတ္တာဝိပါက်, ဤရှစ်ချက်အား, တစ်ဆယ့်ငါးတွင်, အားကပါးထုတ်ထ, လုံ့လသည်စွာ,
အမူအရာဟူသော,ကမ္မသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော
သဟဇာတ် စေတနာ ဟူသော သဟဇာတကမ္မ, အတိတ်ကုသိုလ် အကုသိုလ်စေတနာ
ဟူသော နာနာက္ခဏိက ကမ္မနှစ်ပါး ပစ္စည်းတရားပါတကား။
11

၁၄။ ဝိပါကပစ္စယော= ချမ်းရိပ်နားနေ,သွန်းလေပြေသို့, မကွေဖြစ်လတ်, သဟဇာတအား,


မျိုးရှစ်ပါးတွင်,အင်အားချိပန်း, ငြိမ်းချမ်းစေလျက်, ငြိမ်သက်ခြင်းဟူသော, ဝိပါကသတ္တိ
ထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာ ရှိသော ဝိပါက်နာမက္ခန္ဓာဟူသော ပစ္စည်းတရားပါ
တကား။
၁၅။ အာဟာရပစ္စယော = မယိမ်းမယိုင်, ခိုင်စေသောအား, ထောက်သည့်ကျားသို့, နှစ်ပါး
သဟဇံ, ရုပ်နှင့်နာမ်အားလည်းကောင်း, လေးတန်သန္တတိ သမုဋ္ဌာနိက,
ရုပ်အားလည်းကောင်း, ယထာက္ကမ, ဒွါဒသမျိုးတူတွင်,ဆောင်ယူထောက်ပံ့ခြင်း ဟူသော
အာဟာရသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော,ဖဿ,စေတနာ, ဝိညာဉ်ဟူသော
နာမ်အာဟာရသုံးပါး အဇ္ဈတ် ဗဟိ,စတုသမုဋ္ဌာနိက သြဇာဟူသော ရုပ်အာဟာရ ပစ္စည်း
တရားပါတကား။

၁၆။ ဣန္ဒြိယပစ္စယော = တပြည်တွင်း၌, ချင်းချင်းမဟန့်, သီးမသန့်ဘဲ, ခွဲခန့်ပိုင်စား,


မင်းအများသို့, သုံးပါးပြားလတ်, သဟဇာတ်နှင့်, ဓာတ်ပဉ္စ၀ိညာဏ, ကမ္မဇရုပ်အား, တူ
ဆယ့်ငါးတွင်,အခြားမသွေ,မိမိသို့ လိုက်စေခြင်းဟူသော ဣန္ဒြိယသတ္တိ
ထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဝိပါက်နာမ်ဣနြေ္ဒတရားကိုယ် ရှစ်ပါးဟူသော
သဟဇာတိန္ဒြိယ, မဇ္ဈိမာယုက, ပသာဒရုပ် ငါးခုဟူသော ပုရေဇာတိန္ဒြိယ, ဇီဝိတရုပ်
ဟူသော ရူပဇီဝိတိန္ဒြိယ သုံးပါး ပစ္စည်းတရားပါတကား။

၁၇။ဈာနပစ္စယော=သစ်ပင်တောင်ငူ,တက်သသူသည်,အောက်လူတို့အား,ပြောသည့်လား
သို့, နှစ်ပါးရုပ်နာမ်, သဟဇံအား, ဆယ့်တစ်ပါးတွင်, ထင်ရှားတပ်တပ်, ကပ်၍ရှုခြင်း
ဟူသော အာရမ္မဏူပနိဇ္ဈာန, လက္ခဏူပ နိဇ္ဈာနသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း
လက္ခဏာရှိသော ပဉ္စဝိဉ်ကြဉ်, စိတ်မှယှဉ်သည့်, ဈင်နင်ခုနစ်ပါး ပစ္စည်းတရားပါ တကား။

၁၈။ မဂ္ဂနပစ္စယော = ထိုဤမှာသို့, ဆောင်ယူပို့သည့်, ကူးတို့မသွေ, သဟေတုကတ်,


သဟဇာတ်အား, ဆယ့်သုံးပါတွင်, ဖြူစင်မဲ(မည်း)ညစ်, ဤအဖြစ်မှ, ပြန်လစ်ဆူလှယ်,
ထုတ်ဆယ်ဆောင်ယူ, ထွက်မြောက်ကြောင်းဟူသော မဂ္ဂသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း
လက္ခဏာရှိသော သဟိတ်မှာယှဉ်, မဂ္ဂင်ဆယ့်နှစ်ပါး ပစ္စည်းတရားပါတကား။

၁၉။သမ္ပယုတ္တပစ္စယော=စတုမဓူ,ရောသည့်တူသို့, လေးဆူနာမ်အား,ခုနစ်ပါးတွင်, လေး


ပါးအင်္ဂါ, မကွာချင်းချင်း, ယှဉ်ကြခြင်းဟူသော သမ္ပယုတ္တသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း
လက္ခဏာရှိသော နာမ်ခန္ဓာလေးပါးသမ္ပယုတ္တပစ္စည်းတရားပါတကား။
12

၂၀။ ဝိပ္ပယုတ္တပစ္စယော = ခြောက်ထွေရသာ, ပေါင်းရောပါသို့, သဟဇာရု, ဝတ္ထုသန္ဓေ,


အစထွေသား, သုံးမျိုးအားကို, တူငြားသဘာ, ဆယ့်သုံးဖြာတွင်, နာနဘာဝ, မယှဉ်ကြ
ဟူသော ဝိပ္ပယုတ္တသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ပဉ္စဝေါကာ, ရူပ
သမုဋ္ဌာနိက စိတ်စေ, သန္ဓေဟဒယ စသော သဟဇာတ၀ိပ္ပယုတ်, ပုရေဇာတဝိပ္ပယုတ်,
ပစ္ဆာဇာတဝိပ္ပယုတ် သုံးပါး ပစ္စည်းတရားပါတကား။

၂၁။အတ္ထိပစ္စယော=မြေမြင့်မိုရ်သည်,ထိုထိုစိမ်းရွှင်, မြက်သစ်ပင်အား,ထင်ရှားရှိနေ,
ထောက်ပံ့ပေသို့,တွက်ရေကုံထံ, ရုပ်နှင့်နာမ်အား, ဆယ့်သုံးပါးတွင်, ထင်ရှားရှိခိုက်,
အထိုက်လျော်ထ, ဥပတ္ထမ္ဘကသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော
သဟဇာတတ္ထိ, ပုရေဇာတတ္ထိ, ပစ္ဆာဇာတတ္ထိ, အာဟာရတ္ထိ, ဣန္ဒြိယတ္ထိ ငါးပါး
ပစ္စည်းတရားပါတကား။

၂၂။ နတ္ထိပစ္စယော= မိုက်မှောင်ဖြစ်စေ,ငြိမ်းသေလေပြီး,ဆီမီးပုံသွေး, ဖြစ်ခွင့်ပေး၍,


ကျေးဇူးပြုခြင်း လက္ခဏာရှိသော နတ္ထိ ပစ္စည်းတရားပါတကား။

၂၃။ ဝိဂတပစ္စယော= နေရောင်ပျောက်ကင်း, လရောင်လင်းသို့, ချုပ်ကင်းသော


အဖြစ်ဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဝိဂတ ပစ္စည်းတရားပါတကား။

၂၄။ အဝိဂတပစ္စယော = ငါးတို့ပျော်ရာ, မဟာသမုဒ်, ရေအစုပ်သို့, မချုပ်တင်းလင်း,


မကင်းသောအဖြစ်ဖြင့်ကျေးဇူးပြုခြင်း လက္ခဏာရှိသော အဝိဂတ ပစ္စည်းတရားပါတကား။

ဣတိ = ဤသို့၊ စတုဝီသတိ ပစ္စယာ = နှစ်ဆယ့်လေးပါး အကြောင်းတရားတို့သည်၊


မဟာပကရဏေ = အနန္တနယ သမန္တပဋ္ဌာန်း စာတော်ကျမ်း၌၊ ဌိတာ = ထင်ရှားမူသေ
တည်ရှိကြပေကုန်၏။

နတ်ပင့်ဂါထာတော်
သမန္တာ စက္ကဝါဠေသု၊ အတြာ ဂစ္ဆန္တု ဒေ၀တာ။
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။

သမန္တာ = ဤစကြဝဠာခွင် ပတ်ဝန်းကျင်မှ၊ စက္ကဝါဠေသု = စကြဝဠာပေါင်း


တိုက်တစ်သောင်းတို့၌၊ ဒေဝတာ =သမ္မာဒေဝ နတ်ဗြဟ္မာအပေါင်းတို့သည်၊
13

အတြ = မဟာပဋ္ဌာန်း ပရိတ်တရားတော်ကို ရွတ်ဖတ် ပူဇော်ရာ ဤဌာနသို့၊ အာဂစ္ဆန္တု=


တရားတော်နာ ကြွရောက်တော်မူကြပါကုန်လော့၊။ မုနိရာဇဿ= မုနိတို့ဘုရင်
ရှင်တော် မြတ်ဘုရား၏၊ သဂ္ဂမောက္ခဒံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်အကျိုးကို ပေးစွမ်း
နိုင်သော၊ သဒ္ဓမ္မံ =သူတော်ကောင်းဓာတ် တရားမြတ်ဖြစ်သော မဟာပဋ္ဌာန်းပရိတ်
တရား တော်ကို၊ သုဏန္တု = ရိုသေသဒ္ဓါ ကြည်လင်စွာဖြင့် နာယူတော်မူကြပါကုန်လော့။
ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။ (၃-ခေါက်)
ဘဒ္ဒန္တာ = အို နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့၊ အယံ = ကြည်သာရွင်ပျ
ဤအခါကာလသည်ကား၊ဓမ္မဿဝနကာလော = မဟာပဋ္ဌာန်းတရားတော်ကို နာကြားရန်
အချိန်ကောင်း အခါကောင်း ဖြစ်ပါသတည်း။

မြတ်စွာဘုရားအား ရှိခိုးကန်တော့ရန်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အရဟတော = လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ဝပ်စင်း ကော်ရော် ပူဇော်အထူးကို
ခံတော်မူထိုက်ပေထ သော၊
သမ္မာသမ္ဗုဒ္ဓဿ = ဉေ ယျဓံတရား ငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို
ကိုယ်တော်တိုင်သာလျှင် ကောင်းမွန် မှန်ကန်စွာ သိတော်မူပေထသော၊
တဿ ဘဂဝတော = ဣဿရိယ, ဓမ္မ,ယသ, သိရီ,ကာမ, ပယတ္တ,မည်ငြား
ဘုန်းတော် ခြောက်ပါးသခင် ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးအား၊
နမော = ဒူး, လက်, နဖူး, ထိငါးဦးဖြင့် ကြည်နူးသဒ္ဓါ ရိုသေစွာဖြင့် ရှိခိုးကန်တော့ပါ၏
ဘုရား။
မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာ
ဘဂဝန်ဘုန်းလှိုင်၊ နှုန်းပြိုင်တုကင်း၊ အဖက်ကွာ၍၊
စကြာမင်းအစစ်၊ ဖြစ်ကြီး ဖြစ်တော်မူသော၊ တိဘဝပါရဂူ၊ သယမ္ဘူ ရှင်တော်မြတ်ဘုရား
သည်၊ ငါးပါးမာရ်နှင်၊ ပလ္လင်ဘွေထွတ်၊ မြေတမတ်ွဝယ်၊ ရွှေဝတ်လွှာမှုံ၊ ကြာပဒုံသို့၊
အစုံ လေးလီ၊ ခိုင်နှင်းဆီကို၊ လှမ်းမီဆွတ်ချွေ၍၊ ကရွတ်ခွေဝဋ်စက်မှ၊ လွတ်ထွက်တော်
မူပြီးနောက်၊ သတ္တာသတ္တ၊ န၀တာလီ၊ ကိန်းယာယီဖြင့်၊ ခိုမှီပြောင်းစံတော်မူဆဲအခါ၊
ရတနာဃရ၊ သတ္တာဟဝယ်၊ ဓမ္မနက်ကျယ်၊ သမုဒ်နယ်သို့၊ ဆန်းကြယ်နက်ဝှမ်း၊ ပဋ္ဌာန်း
ကျမ်းကို၊ ထောက်လှမ်းမြူးကွန့်၊ ရွှေဉာဏ်တော်လွန့်လေသော်၊ ရောင်ညွန့် ရောင်စွယ် ရွှေ
ဘုန်းတော် ခြယ်သောကြောင့်၊ သပ္ပါယ်လို့ ရှုမဆုံး၊ မိုးလုံးတပြင်၊ ဝေဟင်အပြန့်၊ မရပ် တန့်
ဘဲ၊ မဆန့်နိုင်တဝေဝေ၊ ညို,ရွှေ,နီ,ဖြူ၊ အဆူဆူ ထွေးယှက်လျက်၊ နီမောင်းရောင်ထွက်၊
လျှပ်စီးတွေလက် သလို၊ ပြိုးပြိုးပြက် တငွါးငွါး၊ ရောင်ခြောက်စုံ ကစားလျက်၊
14

လောကဓာတ်တိုက်အများကို၊ ဖြန့်လွှားအုပ်ခြုံတော်မူကြလေကုန်သတည်း။ ရောင်ခြည်


တော်ဖူးညွန့်၊ ထွေးယှက်လိမ် လူးလန့်လျက်၊ မြူးကွန့်တော်မူစေရန်၊ အကြောင်းရင်း
သမုဋ္ဌာန်၊ ဧကန်ဧက ပဋ္ဌာနဟု၊ နယထူးဆန်း၊ မြတ်ပဋ္ဌာန်းကို၊ ရွှင်လန်းသော
ဉာဏ်ကသိုဏ်း၊ သမာဓိ ဖန်တံတိုင်းဖြင့်၊ ဌာန်ကရိုဏ်း ပီသစွာ စေတနာ
ထွတ်အမြတ် ဖြင့်၊ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါကုန်လော့။
(လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီး)

ပဋ္ဌာန်း ပစ္စယုဒ္ဒေသ
ဟေတုပစ္စယော,အာရမ္မဏ ပစ္စယော,အဓိပတိ ပစ္စယော, အနန္တရပစ္စယော
သမနန္တရ ပစ္စယော, သဟဇာတ ပစ္စယော, အညမည ပစ္စယော,နိဿယ ပစ္စယော,
ဥပနိဿယပစ္စယော,ပုရေဇာတပစ္စယော,ပစ္ဆာဇာတပစ္စယော,အာသေဝနပစ္စယော,
ကမ္မပစ္စယော,ဝိပါကပစ္စယော,အာဟာရပစ္စယော,ဣန္ဒြိယ ပစ္စယော,ဈာနပစ္စယော,
မဂ္ဂပစ္စယော,သမ္ပယုတ္တပစ္စယော,ဝိပ္ပယုတ္တပစ္စယော,အတ္ထိ ပစ္စယော,နတ္ထိ ပစ္စယော,
ဝိဂတ ပစ္စယော, အဝိဂတ ပစ္စယော တိ။ ။

ပစ္စယ နိဒ္ဒေသ
၁။ ဟေတုပစ္စယောတိ-
ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာ နဉ္စ ဓမ္မာနံ ဟေတု
ပစ္စယေန ပစ္စယော။

၂။ အာရမ္မဏ ပစ္စယောတိ၊
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ
ပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ
ပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာနဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ
ပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာနဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ
ပစ္စယေန ပစ္စယော။
ဖေါဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ
15

ပစ္စယေန ပစ္စယော။
ရူပါယတနံ,သဒ္ဒါယတနံ,ဂန္ဓာယတနံ,ရသာယတနံ,ဖေါဋ္ဌဗ္ဗာယတနံ မနော
ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။
သဗ္ဗေဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ
ပစ္စယေန ပစ္စယော။
ယံယံ ဓမ္မံ အာရဗ္ဘယေယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ တေတေ
ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။

၃။ အဓိပတိ ပစ္စယော တိ၊


ဆန္ဒာ ဓိပတိ ဆန္ဒ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ
ပစ္စယေန ပစ္စယော။
ဝီရိယာ ဓိပတိ -ဝီရိယ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ
ပစ္စယေန ပစ္စယော။
စိတ္တာဓိပတိ- စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ
ပစ္စယေန ပစ္စယော။
ဝီမံသာ ဓိပတိ- ဝီမံသ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ
ပစ္စယေန ပစ္စယော။
ယံယံ ဓမ္မံ ဂရုံ ကတွာ ယေယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တ စေတသိကာ ဓမ္မာ တေတေ
ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိ ပစ္စယေန ပစ္စယော။

၎။ အနန္တရ ပစ္စယောတိ၊
စက္ခု ဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓါတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
သောတဝိညာဏဓါတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓါတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ဃာန ဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
16

မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓါတုယာ တံ


သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ဇီဝှါ ဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓါတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ကာယ ဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓါတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ အနန္တရ ပစ္စယေန
ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ အနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ အနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရ
ပစ္စယေန ပစ္စယော။
ယေသံယေသံ ဓမ္မာနံ အနန္တရာ ယေယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ
ဓမ္မာ တေတေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

၅။ သမနန္တရ ပစ္စယောတိ၊ စက္ခု ဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ


မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓါတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
17

သောတဝိညာဏဓါတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ


သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓါတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
ဃာန ဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓါတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
ဇီဝှါ ဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓါတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
ကာယ ဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓါတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ယေသံယေသံ ဓမ္မာနံ သမနန္တရာ ယေယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ
18

ဓမ္မာ တေတေ ဓမ္မာ တေသံတေသံ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

၆၊ သဟဇာတ ပစ္စယောတိ
စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။
စိတ္တ စေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတ ပစ္စယေန
ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတ ပစ္စယေန ပစ္စယော။
ရူပိနောဓမ္မာ အရူပီနံဓမ္မာနံ ကိဉ္စိကာလေ သဟဇာတ ပစ္စယေန ပစ္စယော။
ကိဉ္စိကာလေ န သဟဇာတ ပစ္စယေန ပစ္စယော။

၇။ အညမညပစ္စယောတိ
စတ္တာရော ခန္ဓာ အရူပိနော အညမည ပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမည ပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမည ပစ္စယေန ပစ္စယော။

၈။ နိဿယပစ္စယောတိ
စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယ ပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ နိဿယ ပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ နိဿယ ပစ္စယေန ပစ္စယော။
စိတ္တ စေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယ ပစ္စယေန
ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ နိဿယ ပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခု ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော။
သောတယတနံ သောတ ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာန ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါ ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
19

နိဿယ ပစ္စယေန ပစ္စယော။


ကာယာယတနံ ကာယ ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿယ မနောဓါတု စ မနောဝိညာဏ ဓါတု စ ဝတ္တန္တိ တံ ရူပံ
မနောဓါတုယာ စ မနောဝိညာဏ ဓါတုယာစ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော။

၉။ ဥပနိဿယ ပစ္စယောတိ
ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေ
သဉ္စိ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေ
သဉ္စိ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ဥတုဘောဇနမ္ပိ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော။
သေနာသနမ္ပိ ဥပနိဿယ ပစ္စယေန ပစ္စယော။

၁၀။ ပုရေဇာတ ပစ္စယောတိ


20

စက္ခာယတနံ စက္ခု ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ


ပစ္စယေန ပစ္စယော။
သောတယတနံ သောတ ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာန ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါ ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယ ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ
ပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ
ပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာနဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ
ပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာနဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ
ပစ္စယေန ပစ္စယော။
ဖေါဋ္ဌဗ္ဗာယတနံ ကာယဝညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ
ပစ္စယေန ပစ္စယော။
ရူပါယတနံ,သဒ္ဒါယတနံ,ဂန္ဓာယတနံ,ရသာယတနံ,ဖေါဋ္ဌဗ္ဗာယတနံ မနော
ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿယ မနောဓါတု စ မနောဝိညာဏ ဓါတု စ ဝတ္တန္တိ တံ ရူပံ
မနောဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော။
မနောဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိကာလေ ပုရေဇာတ
ပစ္စယေန ပစ္စယော။ ကိဉ္စိကာလေ န ပုရေဇာတ ပစ္စယေန ပစ္စယော။

၁၁။ ပစ္ဆာဇာတ ပစ္စယောတိ


ပစ္ဆာဇာတာ စိတ္တစေတတိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ
ပစ္ဆာဇာတ ပစ္စယေန ပစ္စယော။
21

၁၂။ အာသေဝန ပစ္စယောတိ


ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ အာသေဝန
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ အာသေဝန
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကြိယာအဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကြိယာ
အဗျာကတာနံ ဓမ္မာနံ အာသေဝန ပစ္စယေန ပစ္စယော။

၁၃။ ကမ္မ ပစ္စယောတိ


ကုသလာ ကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။
စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော။

၁၄။ ဝိပါက ပစ္စယောတိ -


ဝိပါကာ စတ္တာရောခန္ဓာ အရူပိနော အညမညံ ဝိပါက ပစ္စယေန ပစ္စယော။

၁၅။ အာဟာရ ပစ္စယောတိ -


ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရ ပစ္စယေန ပစ္စယော။
အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရ
ပစ္စယေန ပစ္စယော။

၁၆။ ဣန္ဒြိယ ပစ္စယောတိ-


စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယ
ပစ္စယေန ပစ္စယော။
သောတိန္ဒြိယံ သောတ ဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယ
ပစ္စယေန ပစ္စယော။
ဃာနိန္ဒြိယံ ဃာန ဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယ
ပစ္စယေန ပစ္စယော။
ဇီဝှိန္ဒြိယံ ဇီဝှါ ဝိညာဏဓါတုယာ တံ သမ္ပတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယ
ပစ္စယေန ပစ္စယော။
ကာယိန္ဒြိယံ ကာယ ဝိညာဏဓါတုယာ တံ သမ္ပတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယ
22

ပစ္စယေန ပစ္စယော။
ရူပဇီဝိတိန္ဒြိယံ ကဋတ္တာ ရူပါနံ ဣန္ဒြိယ ပစ္စယေန ပစ္စယော။
အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယ
ပစ္စယေန ပစ္စယော။

၁၇။ ဈာနပစ္စယောတိ -
ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန
ပစ္စယော။

၁၈။ မဂ္ဂ ပစ္စယောတိ -


မဂ္ဂင်္ဂါနိ မဂ္ဂ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂ ပစ္စယေန
ပစ္စယော။

၁၉။ သမ္ပယုတ္တပစ္စယော တိ -
စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တ ပစ္စယေန ပစ္စယော။

၂၀။ ဝိပ္ပယုတ္တပစ္စယောတိ-
ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တ ပစ္စယေန ပစ္စယော။
အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တ ပစ္စယေန ပစ္စယော။

၂၁။ အတ္ထိ ပစ္စယောတိ -


စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ အတ္ထိ ပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိ ပစ္စယေန ပစ္စယော။
စိတ္တ စေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိ ပစ္စယေန
ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိ ပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခု ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိ ပစ္စယေန ပစ္စယော။
သောတယတနံ သောတ ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိ ပစ္စယေန ပစ္စယော။
23

ဃာနာယတနံ ဃာန ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ


အတ္ထိ ပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါ ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိ ပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယ ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိ ပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိ ပစ္စယေန
ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိ
ပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာနဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိ ပစ္စယေန
ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာနဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိ ပစ္စယေန
ပစ္စယော။
ဖေါဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိ
ပစ္စယေန ပစ္စယော။
ရူပါယတနံ,သဒ္ဒါယတနံ,ဂန္ဓာယတနံ,ရသာယတနံ,ဖေါဋ္ဌဗ္ဗာယတနံ မနော
ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိ ပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿယ မနောဓါတု စ မနောဝိညာဏ ဓါတု စ ဝတ္တန္တိ တံ ရူပံ
မနောဓါတုယာ စ မနောဝိညာဏ ဓါတုယာစ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိ ပစ္စယေန
ပစ္စယော။

၂၂။ နတ္ထိပစ္စယော တိ- သမနန္တရနိရုဒ္ဓါ စိတ္တ စေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ


စိတ္တ စေတသိကာနံ ဓမ္မာနံ နတ္ထိ ပစ္စယေန ပစ္စယော။

၂၃။ ဝိဂတပစ္စယော တိ-


သမနန္တရ ဝိဂတာ စိတ္တ စေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တ စေတသိကာနံ ဓမ္မာနံ
ဝိဂတ ပစ္စယေန ပစ္စယော။

၂၄။ အဝိဂတပစ္စယော တိ-


စတ္တာရော ခန္ဓာ အရူပိနော အညမညံ အဝိဂတ ပစ္စယေန ပစ္စယော။
24

စတ္တာရော မဟာဘူတာ အညမညံ အဝိဂတ ပစ္စယေန ပစ္စယော။


သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အဝိဂတ ပစ္စယေန ပစ္စယော။
စိတ္တ စေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဝိဂတ ပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတ ပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခု ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံအဝိဂတ
ပစ္စယေန ပစ္စယော။
သောတယတနံ သောတ ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အဝိဂတ ပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာန ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အဝိဂတ ပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါ ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အဝိဂတ ပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယ ဝိညာဏ ဓါတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အဝိဂတ ပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတ
ပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတ
ပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာနဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတ
ပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာနဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတ
ပစ္စယေန ပစ္စယော။
ဖေါဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတ
ပစ္စယေန ပစ္စယော။
ရူပါယတနံ,သဒ္ဒါယတနံ,ဂန္ဓာယတနံ,ရသာယတနံ,ဖေါဋ္ဌဗ္ဗာယတနံ မနော
ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿယ မနောဓါတု စ မနောဝိညာဏ ဓါတု စ ဝတ္တန္တိ တံ ရူပံ
မနောဓါတုယာ စ မနောဝိညာဏ ဓါတုယာစ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတ
ပစ္စယေန ပစ္စယော။

ပစ္စယနိဒ္ဒေသော နိဋ္ဌိတော
25

ကျေးဇူးရှင် ဒီပဲရင်းဆရာတော်ဘုရားကြီး၏
မေတ္တာ အာသီသ
၁။ ပရေသံ ဟိတ မိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆိတံ ပရော။
နာညဿ ဒုက္ခမိစ္ဆေယျံ၊ မာ မေ ဒုက္ခံ ဣစ္ဆိတံ ပရော။
အဟံ = ငါသည်၊ ပရေသံ = သူတစ်ပါးတို့၏၊ ဟိတံ = အကျိုးစီးပွားကို၊
ဣစ္ဆေယျံ = လိုလားနှစ်သက် ဆောင် ရွက်နိုင်ရပါလို၏၊ ပရော စ = သူတစ်ပါး
သည်လည်း၊ မေ = ငါ၏၊ ဟိတံ= အကျိုးစီးပွားကို၊ ဣစ္ဆိတံ ဣစ္ဆတု= လိုလား
နှစ်သက် ဆောင်ရွက်ပါစေသတည်း၊ အဟံ = ငါသည်၊ အညဿ = သူတစ်ပါး၏၊
ဒုက္ခံ= ကိုယ်စိတ် နှစ်ပါး ဆင်းရဲပင်ပန်းခြင်းကို၊ န ဣစ္ဆေယျံ=မလိုလား မနှစ်သက်
ပါရစေလင့်၊ ပရော စ = သူတစ်ပါး ကလည်း၊မေ = ငါ၏၊ ဒုက္ခံ = ကိုယ်စိတ်နှစ်ပါး
ဆင်းရဲပင်ပန်းခြင်းကို၊ မာ ဣစ္ဆတု= မလိုလား မနှစ်သက် မဆောင်ရွက် ပါစေ
သတည်း။
၂။ န ဟိံသေယျံ ပရံ ပါဏံ၊ မာ မံ ဝိဟေသတံ ပရော။
န စ ဘဝေ အဟံ ဝေရီ၊ မာ ဝေရီ ဟောတု မေ ပရော။
အဟံ= ငါသည်၊ ပရံ ပါဏံ = တစ်ခြာတစ်ပါး သတ္တ၀ါများကို၊ န ဟိံသေယျံ
= မညှဉ်းဆဲ မနှိပ်စက်ရပါလို၊ ပရောစ = သူတစ်ပါးကလည်း၊ မံ = ငါ့ကို၊ မာ
ဝိဟေသတံ = မညှဉ်းဆဲ မနှိပ်စက်ပါစေတသည်း၊ အဟံ = ငါသည်၊ ပရဿ =
သူတစ်ပါး၏၊ ဝေရံ= ရန်သူသည်၊ န ဘဝေ= မဖြစ်ရပါလို၊ ပရော စ = သူတစ်ပါး
ကလည်း၊ မေ =ငါ၏၊ ဝေရီ = ရန်သူသညိ၊ မာ ဘဝေ = မဖြစ်ပါစေသတည်း။

၃။ ကုမ္မဂ္ဂဉ္စ ဝိဝဇ္ဇေတွာ၊ သုမဂ္ဂံ ယန္တု ပါဏိနော။


ဝင်္ကဉ္စာဟံ ဝိဝဇ္ဇေတွာ၊ ဥဇုံ သုမဂ္ဂကော ဘဝေ။
သဗ္ဗေ = အလုံးစုံကုန်သော၊ ပါဏိနော = သတ္တဝါအပေါင်းတို့သည်၊ ကုမ္မဂ္ဂံ
=လမ်းမှား ခရီးမှားကို၊ ဝိဝဇ္ဇေတွာ= ရှောင်ရှား ဖယ်ကြဉ်၍၊ သုမဂ္ဂံ= နည်းမှန်
လမ်းမှန် ခရီးမှန်ကို၊ ဥဇုံ= ဖြောင့်ဖြောင့် မတ်မတ်၊ ယန္တု = လိုက်သွားနိုင်ကြ ပါစေ
ကုန်သတည်း၊အဟဉ္စ= ငါသည်လည်း၊ဝင်္ကံ=လမ်းကောက် လမ်းညစ်ကို၊ ဝိဝဇ္ဇေ
တွာ=ရှောင်ရှား၍၊ ဥဇုံ= ဖြောင့်ဖြောင့်မတ်မတ်၊ သမဂ္ဂကော =ကောင်းသော
လမ်းမှန်ကို လိုက်သွား နိုင်သူသည်၊ ဘဝေ= ဖြစ်ရ ပါစေ သတည်း။
26

မေတ္တာပို့ ဂါထာတော်
ပဇာ သဗ္ဗာ သုဿယန္တု၊ ဝုဋ္ဌဟန္တု သုမင်္ဂလာ။
ဒူသေန္တု ဒုဂတိံ ဂါမိံ၊ ပူရေန္တု သဗ္ဗပါရမိံ။
ပဇာ သဗ္ဗာ = ကိုယ်စီ ကိုယ်ငှ ကိုယ့်ဒေသ၌ ပျော်ကြစပ်ရာ သတ္တဝါဟူမျှ
တို့သည်၊ သုဿယန္တု = အိပ်မက်ရာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ
အိပ်စက်တော်မူနိုင်ကြပါစေသတည်း၊ သုမဂင်္လာ= မင်္ဂလာကျက်သရေ ယှက်ဝေ
လန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍၊ ဝုဋ္ဌဟန္တု= ကောင်းစွာမိုးသောက်
အလင်း ရောက်လျက်ထမြောက် နိုးကြားနိုင်ကြပါစေကုန်သတည်း၊ ဒုဂတိံ ဂါမိံ၊ =
အပါယ်ဒုဂ္ဂတိ ရောက်မည့်အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို၊ ဒူသေန္တု
= သူတော်လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြ ပါစေကုန်သတည်း၊
သဗ္ဗပါရမိံ= အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီ ပါရမီ
အပေါင်း အကျင့်ကောင်းကို၊ ပူရေန္တု= တစ်ဆင့်ထက်တစ်ဆင့်ရင့်ထက်ရင့်အောင်
မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေ ကုန်သတည်း။ (အရှင်ဇနကာဘိဝံသ)

ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။


သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
ဒုက္ခပ္ပတ္တာ = ဆင်းရဲဒုက္ခ ရောက်နေကြကုန်သော၊ သဗ္ဗေပိ = ကြွင်းမဲ့ဥဿုံ
အလုံးစုံလည်း ဖြစ်ကုန်သော၊ပါဏိနော = တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား
သတ္တ၀ါအများတို့သည်၊ နိဒ္ဒုက္ခာ စ=ဆင်းရဲဒုက္ခ ကင်းဝေးကြကုန်သည်လည်း၊
ဟောန္တု = ဖြစ်ကြပါစေကုန်သတည်း၊ ဘယပ္ပတ္တာ= ကြောက်လန့်မအေး ဘေးနှင့်
ရင်ဆိုင်တွေ့နေကြကုန်သော၊သဗ္ဗေပိ=ကြွင်းမဲ့ဥဿုံအလုံးစုံလည်း ဖြစ်ကုန်သော၊
ပါဏိနော = တိုင်းသူ ပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ အများတို့သည်၊
နိဗ္ဘယာစ=ကြောက်လန့်ကင်းကွာဘေးဘယာမရှိကြကုန်သည်လည်း၊ ဟောန္တု=
ဖြစ်ကြပါစေကုန်သတည်း၊သောကပ္ပတ္တာ=စိုးရိမ်ကြောင့်ကြဗျာပါရသို့ ရောက်၍နေ
ကြကုန်သော၊ သဗ္ဗေပိ= ကြွင်းမ့ဥဿုံ အလုံးစုံ လည်း ဖြစ်ကုန်သော၊ ပါဏိနော
= တိုင်းသူပြည်သား ကမ္ဘာသူကမ္ဘာသား သတ္တဝါအများတို့သည်၊ နိေဿာကာ
စ=ကြောင့်ကြမဲ့လျှင်းစိုးရိမ်ခြင်းမရှိကြကုန်သည်၊ ဟောန္တု = ဖြစ်ကြပါစေကုန်
သတည်း။
27

နတ်ပို့ အမျှဝေ ဂါထာတော်


ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါနုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
ဧတ္တာဝတာစ = သဒ္ဓါ စေတနာ ဝေဖြာသန့်ရှင်းညစ်ကြေးကင်း၍ ထိန်လင်း
ကျက်သရေယုန်စက်ငွေသို့လက်ဝေစေကြောင်းဖြစ်သောဤမဟာပဋ္ဌာန်းပရိတ်တ
ရားတော်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်၍ မြတ်စွာဘုရားကို ပူဇော်ခြင်းဖြင့်၊ အမှေဟိ
= အကျွန်ုပ်တို့သည်။ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ = အလုံးစုံသော စည်းစိမ်ချမ်းသာ
မင်္ဂလာကျက်သရေတို့နှင့် ပြည့်စုံပါစေခြင်းငှါ၊သမ္ဘတံ= ကောင်းစွာမပြတ်ဆည်းပူး
အပ်သော၊ ပုညသမ္ပဒံ = ဖြူစင်သန့်ရှင်း ကုသိုလ်ကောင်းမှုတို့၏ ပြည့်စုံခြင်းကို၊
သဗ္ဗေ=ကြွင်းမဲ့ဥဿုံအလုံးစုံကုန်သော၊ ဒေဝါ=ကြွလာသောင်းသောင်းနတ်ဗြဟ္မာ
အပေါင်းတို့သည်၊ အနုမောဒန္တု = ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေကုန်သ
တည်း။

ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။


ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။
ဒါနံ = ပေးကမ်းစွန့်ကြဲ နည်းများမဟူ အလှူဒါနကို၊ သဒ္ဓါယ =ကံ , ကံ၏
အကျိုးကိုယုံကြည်လျက်၊ဒဒန္တု=ဘဝဘောဂ တောင့်တမရှိပကတိစင်ဖြူပေးလှူနိုင်
ကြပါစေကုန်သတည်း၊ သဗ္ဗဒါ = နေ့ရောညဥ့်ပါဘယ်ခါမဆို၊သီလံ=မကျိုးမပေါက်
စာရိတ္တ,ဝါရိတ္တ မြတ်သီလကို၊ရက္ခန္တု= စောင့်ရှောက်ထိန်းသိမ်းနိုင်ကြပါစေကုန်သ
တည်း၊ ဘာဝနာဘိရတာ=သမထ,ဝိပဿနာဘာဝနာ၌ ကောင်းစွာကြိုးပမ်းလျက်
စီးဖြန်းမွေ့လျော်ကြကုန်သည်၊ ဟောန္တု = ဖြစ်ကြပါစေကုန်သတည်း၊ အာဂတာ =
စကြာဝဠာကမ္ဘာလောကဓာတ်အရပ်ရပ်မှာဆိုက်ကပ်ညီညာ ရောက်လာကြကုန်
သော၊ ဒေဝါ = နတ်ဗြဟ္မာ အပေါင်းတို့သည်၊ ဂစ္ဆန္တု = သာာဓု အနုမောဒနာ ဝမ်း
မြောက်စွာလျှင် နှုတ်လျှာသံညီး ပြုပြီးလေဘိ မိမိတို့ နေရာ ပျော်ဖွယ်ရာရိပ်ခန်း
ဘုံဗိမာန်နန်းသို့ ကြွမြန်းတော်မူကြပါစေကုန်သတည်း။
28

၃၁-ဘုံသားတို့အား အမျှဝေ ဂါထာတော်


ပုညဘာဂံ မိမံ စညံ၊ သမံ ဒဒါမ ကာရိတံ။
အနုမောဒန္တု တံ သဗ္ဗေ၊ မေဒိနီ ဌာတု သက္ခိကေ။
အမှေဟိ=အကျွန်ုပ်တို့သည်၊ကာရိတံ= စေတနာကွန့်မြူးသဒ္ဓါထူးဖြင့်ဆ
ည်းပူးပြုလုပ်အပ်သော၊ ဣမဉ္စပုညဘာဂံ=ဤမဟာပဋ္ဌာန်းပရိတ်တရားတော်တို့ကို
ရွတ်ဖတ်သရဇ္ဈာယ်၍ မြတ်စွာဘုရားအား လေးစားကော်ရော် ပူဇော်ခြင်းဟူသော
ဤကုသိုလ်ကောင်းမှု၏အဖို့အစုကိုလည်းကောင်း၊အညဉ္စပုညဘာဂံ=ထိုမှတစ်ဖြာ
သင့်လျော်သောအခါ၌ ကောင်းစွာပြုစုကုသိုလ်ကောင်းမှု၏အဖို့အစုကိုလည်းေ
ကာင်း၊ သဗ္ဗေသံ = လူနတ်ဗြဟ္မာ သတ္တဝါမကြွင်း ခပင်းဥဿုံ အလုံးစုံတို့သည်၊
တံ ပုညဘာဂံ = အကျွန်ုပ်တို့ ပေးဝေအပ်သော ထိုကုသိုလ်ကောင်းမှုအဖို့အစုကို၊
အနုမောဒန္တု = ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေကုန်သတည်း၊ မေဒိနီ =
ယူဇနာနှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီမြေကြီးသည်၊ အမှာကံ =
အကျွန်ုပ်တို့၏၊ု သက္ခိကေ =ကာလရှည်လျား မေ့လျော့ငြားလည်း ပြောကြားပါစေ
သက်သေအရာ၌၊ ဌာတု = ဧယင်ပုခက် အိုးထိန်းစက်သို့ သွက်သွက်လှုပ်ကာ
ထံခွင်သာဝယ်တည်လှာရပ်တန့်ပါစေသတည်း။

အမျှဝေလင်္ကာ
ဤသို့ပြုရ၊ မြတ်ပုညကို၊ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊မကကြူးသည့်၊
ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ဖခင်တို့အား၊ရငြားပါစေ၊အမျှဝေ၏၊မသွေနိစ္စ၊ဤကာ
ယကို။ စောင့်ထပေလတ်၊ကိုယ်စောင့်နတ်လည်း၊မလပ်စေရ၊ ပေးဝေငှ၏၊မိတ္တဆွေ
ညာ၊ဆရာသမား၊ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊အာကာသနတ်၊
အထူးမှတ်၍၊အမြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ ပေးငှဝေ၏၊ သဗ္ဗေသတ္တာ၊
သတ္တဝါဟု၊ နာနာလောက၊ အနန္တတွင်၊မပြတ်စဉ်ကာ၊သတ္တာဝါသ၊ဘုံးကိုးဝနှင့်၊
ဝိညာဏဋ္ဌိတိခုနစ်ပါး၊များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊
အမျှကုသိုလ်၊ ပေးဝေလို၏၊ ထိုကုသလ၊ ဤပုညကို၊ အမျှရကြ
သည်ဖြစ်စေသော်။ ဝသုန္ဒရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု
တည်စေသော်။အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှယူတော်
မူကြပါကုန် လော့။ (၃ ခေါက်) သာဓု သာဓု သာဓု။ (၃ ခေါက်)
29

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ (၃ ခေါက်)


ဗုဒ္ဓသာသနံ = မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ ပရိယတ္တိ
သာသနာတော်,ပဋိပတ္တိ သာသနာတော်,ပဋိဝေဓသာသနာတော်ဟု ဆိုအပ်သော
သာသနာတော်မြတ်သုံးရပ်သည်၊ စိရံ = အနှစ်မြားမြောင် ကာလကြာအောင်၊
တိဋ္ဌတု = အရှည်ခံ့၍ တည်တံ့တော်မူပါစေသတည်း။
30

You might also like