You are on page 1of 2

ဒိန်းမတ်နိုင်ငံ ရောက် မြန်မာနိုင်ငံသားတို့၏ ဿ၁၇၁ - ခု မြန်မာ့ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဒိုးပတ် သီချင်းများနှင့် သံချပ်များ (ဒိုးပတ် သီချင်း)

သင်္ကြန်မယ်တွေ ပေါင်းဖေါ် အလှ - - ခေါင်းပေါ်က ပန်းတွေဝေ ချမ်းတယ်ခင်ဗျာ့ ဖြန်းပက်ရေတွေ - - လျမ်းတက် ကိုယ်တွေ စိုလို့ရွှဲ (သင်္ကြန်ဒိုးလေးနဲ့ ဖိတ်ခေါ်ပါမယ် ) ၀ ( စိတ်မှာတကယ် ပျော်ကြစေသား) ဝ

(သံချပ် )
ခေါင်းပေါ်အလှ ပန်းတွေဝေ - သင်္ကြန်မယ်တွေ ပျော်လို့ ရွှင်လို့ နှစ်ဟောင်းကိုပစ် နှစ်သစ်ကြို - သင်္ကြန် ယိမ်းပျို ပျော်လို့ ရွှင်လို့ လူငယ် လူကြီး အားလုံးပျော် - သင်္ကြန်ပွဲတော် ပျော်လို့ ရွှင်လို့ နံ့သာပန်းနဲ့ ရေဖျန်းလျှင် - ချမ်းအေးစေချင် တူမေတ္တာပို့ သင်္ကြန်ဒိုးနဲ့ မိုးထိညံ - ကမ္ဘာ၏ရန် အေးချမ်းစေဘို့ မြန်ပြည်သားတိုင်း အေးချမ်းစေ - ဒိန်မတ်ကလေ ပန်ဆုချွေ၏ ဆုချွေသည့်တိုင်း ကြားသိစေ - ကမ္ဘာ့မြန်ပြေ (ပြည် ) အေးချမ်းစေသား ဟေ့ စိန်လား- ဟေ့မြလား - ဟေလာ မောင်တို့ ဝါး။

(သင်္ကြန် သီချင်း) ( အိပ်မက် စေတမန် )


သံချပ်ဆိုတာ တိုင်းပြု ပြည်ပြု သီချင်းသံ မြန်တိုင်းပြည်မှာ ခုတော့မဆိုရ တားမြစ်နေတဲ့ဟန် သြော်ငြင်းဆန် မတော်ခြင်းအမှန် ပြုကြပြင်ကြ မြန်မာ့ ပြုံးဘို့ရန် အဖြစ်ထူး ဆုထူးရွယ်လို့ပန်။

(သံချပ်) သံချပ်သီချင်း ဟိုရှေ့ခါ -သင်္ကြန်ရောက်လာ သံချပ်ဆိုထိုး အဓိပ္ပါယ် - တိုင်းပြည်တွငှ်းယ် ကြားကြပါ၏ ပြုဘို့ပြင်ဘို့

အမှတ်နိုင်ပေး

လူကြီးဟာ - ဌာနဆိုင်ရာ အကြီးအကဲ

ချစားချွတ်ယွင်း အမျိုးစုံ - သံချပ်ထိုးရုံ သူတအသို့ သင်္ကြန်သံချပ် အပြီးတွင် - သူတို့ ပြုပြင် ကောင်းသွားပါ၏ ရှေးကယဉ်ကျေး အတုယူ - တိုင်းသားပြည်သူဘေးကင်းစေသား ယခုနှစ်သစ် ဒိန်းမတ်မှာ - တောင်းဆုစုံစွာ ပြည့်ကြစေသား ဟေ့စိန်လား ဟေ့မြလား ဟေလား မောင်တို့ ဝါး

(ဒိုးပတ်သီချင်း ) နွေရာသီရောက်ပြီခင်ဗျာ့ ပိတောက်တွေကပွင့်တံဝေ ပန်ဆင်တော့သင်္ကြန်မယ်ရေ မွှေးရနံ့တွေထုံလို့ ကဲ ဘားမင်းမြို့မှ ဖိတ်ခေါ်ပါတယ် စိတ်ပျော်စရာတကယ်တွေ့ ကြစေသား…

(သံချပ် ) ရိုးတံညှာရင်းပိတောက်ဝေ - နွေရောက်ပြီလေသူငယ်ချင်းတို့  နွေဦးအရောက် ပိတောက်ဝါ - ဥသြသံသာနွေအလွမ်းတဲ့ ခါနွေအထူး နှစ်ဦးမှာ - ကုသိုလ်များစွာ ထံလို့ စွဲကြု ဒါနသီလဘာဝနာ- သင်္ကြန်အခါတူလို့ မြဲကြ မြို့ ဘားမင်းကကျောင်းတော်မှာ - အပေါင်းပျော်စရာဖိတ်လိုက်ပါ၏ ကုသိုလ်အတွက်သာဓုဝေ- ရှင်လူနတ်တွေအေးချမ်းစေသား ဟေ့စိန်လား ဟေ့မြလား ဟေ့လား မောင်တို့ ဝါး

You might also like