You are on page 1of 2

လတ်တလောနိုင်ငံရေးနဲ့ပတ်သက်ပြီး ဗကပ .

အမြင်ကို ညှိနှိုင်းရန် တင်ပြခြင်း


အမှတ် (၁)
(၂၀ - ၁၁ - ၂၀၀၉)
၂၀၀၉)

၂၀၁၀ ရောက်တော့မည်။ "ရွေးကောက်ပေ


ွဲ က်ာမရှင်နဲ့ဥပဒေ" မရှိသေး။

၂၀၁၀ တွင် ရွေးကောက်ပလ


ွဲုပ်မည်ဟု နအဖ က တိုင်းသိပြည်သိ ကမ္ဘာသိ ကြေညာထားသည်။ သို့သော် ၂၀၀၉ ခုနှစ် ကုန်ခါနီး
အထိ ရွေးကောက်ပေ
ွဲ က်ာမရှင် မဖွဲ့ ရသေး။ ဥပဒေ မထုတ်ပြန်ရသေး။ ဘာကြောင့်လ။ဲ
'၂၀၀၈ အခြေခံဥပဒေ' ကို လက်မခံသော ပြည်တင
ွ်းအင်အားစုများ ရှိနေသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ရွှေဂုံတိုင်
ရပ်တည်ချက်ကို ချမှတ်ထားသော NLD ကို ထိုးလိုက်ခွဲလိုက် လုပ်နေရသောကြောင့် ဖြစ်သည်။

ဗမာပြည်မှာ ပေါ်ခဲ့ဖူးတဲ့ အခြေခံဥပဒေများ။

ဗမာပြည်တင
ွ် ကိုလိုနီခေတ်ကရော၊ လွတ်လပ်ရေးခေတ်မှာပါ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေ အကြိမ်ကြိမ်ပေါ်ခဲ့ဖူးသည်။
ဘယ်တုန်းကမှ အခု "၂၀၀၈ အခြေခံဥပဒေ" လောက် ခက်ခက်ခခ
ဲ အချိန်ဆြွဲ ပီး ရေးဆွအ
ဲ သက်သင
ွ်းခဲ့ရတာ မရှိဖူးပါ။
 ၁၉၃၅ အက်ဥပဒေ ရေးဆွဖ
ဲို့ လန်ဒန်မှာ စားပွဲဝိုင်းကွန်ဖရင့် (၁၉၃၁ - ၃၂) မှာ ရက်သတ္တပတ်တချို့ တကြိမ်ပဲလုပ်ပြီး
ပြဌာန်းလိုက်သည်။
 ဂျပန်ခေတ် အခြေခံဥပဒေကျတော့ ပိုမြန်သည်။
 ၁၉၄၇ အခြေခံဥပဒေကလည်း မြန်ခဲ့သည်။ ဖဆပလ ဗိုလ်ချုပ်အောင်ဆန်းရဲ့သြဇာနဲ့မို့ မြန်သည်။
 ၁၉၇၄ အခြေခံဥပဒေကျတော့ အတော်အတန်ကြာသည်။
 အခု '၂၀၀၈ အခြေခံဥပဒေ' ကျတော့ ဆယ်စုနှစ်နဲ့ချီပြီး ကြာနေသည်။ နအဖ က အတည်ပြုပြီးသော်လည်း
အသက်သင
ွ်းဖို့က ခက်နေသည်။ ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်နိုင်မှ အသက်ဝင်မှာ ဖြစ်သည်။

ကောလာဟလများ။

အခုတလောမှာ ကောလာဟလတွေ တော်တော်ထွက်သည်။ ၂၀၁၀ ရွေးကောက်ပက


ွဲို ဦးစီးကျင်းပဖို့ "အိမ်စောင့်အစိုးရ" ကို
'နအဖ' ကပဲ ဖွဲ့ တော့မလိုလို ကောလာဟလထွက်သည်။ နိုင်ငံရေးစိတ်ဝင်စားသူများကြားတွင် တော်တော်ကလေး ပျံ့နှံ့နေသည်။
မိမိတို့ နားစွန်နားဖျားကြားရတာကတော့ ဒီ 'အိမ်စောင့်အစိုးရ ကောလာဟလ' ကို တတိယအင်အားစုတချို့က ထုတ်တာဟု
ကြားရသည်။ ဟုတ်မဟုတ် မသေချာပေမယ့် ဖြစ်နိုင်ခြေတော့ ရှိသည်။
'အိမ်စောင့်အစိုးရ' မှာ ဘယ်သူဘယ်ဝါတွေ ပါမယ်ဆိုတာကို ထင်ကြေးပေးတာများကိုပင် ကြားနေရသည်။
မိမိတို့ကတော့ 'ကောလာဟလ' အဖြစ်ပဲ သဘောထားပါသည်။ နအဖ ကလည်း ဒီလိုလုပ်မယ့်သဘော မရှိပါ။ အာဏာနဲ့
ပတ်သက်လာရင် သူတို့က ပြတ်သားပါသည်။
` စဉ်းစားမိတာတခုတော့ ရှိသည်။ NLD ကို ရွှေဂုံတိုင်ရပ်တည်ချက်ကနေ ရွေ့လာအောင် 'ဉာဏ်ကြီးရှင်တချို့' က ကြံစည်တာ
ဖြစ်နိုင်သည်။ တတိယလိုင်းသမားများ စိတ်ကူးယဉ်လို့ကောင်းအောင် 'နအဖ' က အသာကလေး လွှတ်ပေးထားပုံပေါ်သည်။
တခုတော့သေချာသည်ဟု ယူဆသည်။ နအဖ အခက်တွေ့နေတာ ဖြစ်သည်။

နအဖ အခက်က ဘာလဲ။

နဝတ က '၁၉၉၀ ရွေးကောက်ပ'ွဲ လုပ်ပေးခဲ့ရတာတုန်းကလို 'ရွေးကောက်ပေ


ွဲ က်ာမရှင'် က အဆင်သင့်ရှိနေတာ မဟုတ်။
ဟိုတုန်းက "မဆလ လွှတ်တော်" က "ကော်မရှင"် ဖွဲ့ ပေးထားတာ ရှိသည်။ အခု မရှိ။ အသစ်ဖွဲ့ ပေးရမည်။ ဖွဲ့ ပေးလျှင် ဘယ်သူတွေကို
ပါဝင်စေမလဲ။ ဟိုတုန်းကလို (၅) ယောက်ပဲ ထားမလား။ ခပ်များများ ထားမလား။ ဘယ်သူတွေကို ပါစေမလဲ။ ကော်မရှင်က မီးသေပါ့မလား
စသဖြင့် အဘက်ဘက်က စဉ်းစားနေလိမ့်မည်။ အဲဒီလို စဉ်းစားရင်းကနေပြီး ကောလာဟလ ဖြစ်လာတာဟု ထင်သည်။
နောက်အခက်တခုက NLD က '၂၀၀၈ အခြေခံဥပဒေ' ကို ပြန်လည်ပြင်ဆင်ရမည်ဟု အတိအလင်းပြောနေသည်။ စစ်ရပ်အဖွဲ့
(ငြိမ်း) တွေကလည်း အတိအလင်း မပြောပေမယ့် ပြင်ဆင်စေချင်ကြသည်။ BGF စီမံကိန်းကို 'မူအားဖြင်'့ လက်ခံသည်ဟုပြောပြီး
သီးခြားလိုလားချက်တွေကို တင်နေကြသည်။ NLD ခေါင်းဆောင်ကို 'ဆက်ဆံရေးဝန်ကြီး' ထားပြီး ဆက်ဆံပေမယ့် 'ငြိမ်း' အဖွဲ့ တွေကိုတော့
နအဖ ထိပ်သီးတွေကိုယ်တိုင် ဆက်ဆံနေရသည်။ အကိုင်မတတ်လျှင် 'အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေး' အလံအောက်သို့ တွန်းပို့သလို
ဖြစ်မှာကို နအဖ ကြောက်နေသည်။
မကြောက်လို့ မဖြစ်။ စစ်ရပ်အဖွဲ့ တွေက လက်နက်ကိုင်ထားသည်။ သူတို့ရဲ့ လိုလားချက်က (၂) ဘက် စေ့စပ်ဖို့ခက်သည့်
ကိစ္စတွေချည်း ဖြစ်နေသည်။ ဗိုလ်ခင်ညန
ွ့်ကို လွယ်လွယ်အရေးယူနိုင်ပေမယ့် ဗိုလ်ခင်ညန
ွ့်လုပ်ခဲ့တဲ့ ကိစ္စများကို လွယ်လွယ်နဲ့ ချေဖျက်လို့
မရနိုင်ပါ။

မဖြိုလျှင် မပြို။ မဖျက်လျှင် မပျက်။

'၂၀၀၈ အခြေခံဥပဒေ' ကို တိုက်ဖျက်ရေးသည် မိမိတို့အားလုံး. သမိုင်းပေးတာဝန် ဖြစ်ပါသည်။ ကောလာဟလနောက်သို့


လိုက်နေကြလို့ရှိရင် မျက်စိလည်ပြီး လမ်းပျောက်နိုင်ပါသည်။
အခုလိုခေတ်ကြီးမှာ ကောလာဟလလွှင့်ရတာက သိပ်လွယ်သည်။ အထူးသဖြင့် ဗမာပြည်ရဲ့ ပြဿနာက ကမ္ဘာ့စင်မြင့်မှာ
ရောက်နေချိန်ဖြစ်လို့ ပိုလယ
ွ်ပါသည်။
ဗကပ က ယူဆတာနဲ့ ထင်မြင်တာကို ဆက်လက်တင်ပြသွားပါမည်။ အားလုံးနဲ့ ညှိနှိုင်းဖို့ တင်ပြတာ ဖြစ်ပါကြောင်း။

(စာကြွင်း)
၁၉၅၈ ပထမအကြိမ် စစ်အုပ်စုအာဏာသိမ်းတုန်းက ဆိုရှယ်လစ်စစ်အုပ်စုကတဆင့်သိမ်းတာ ဖြစ်သည်။ သူတို့က တည်မြဲကို
အာဏာထိုးအပ်လိုက်လို့ မဖြစ်။ သန့်ရှင်းက လက်မခံနိုင်။ ဒါကြောင့် အိမ်စောင့်အစိုးရမှာ ဝါရင့်ဗျူရိုကရက်များကို ဆွခ
ဲ န့်ရသည်။ ၁၉၆၂ နဲ့
၁၉၈၈ စစ်အုပ်စုများကတော့ ဒီလိုလုပ်စရာ မလိုပါ။ ဗိုလ်နေဝင်းက ဦးနေဝင်းကို အာဏာအပ်လို့ရသည်။ အခု နအဖ ကြုံတွေ့နေရတာက
ဗိုလ်သန်းရွှေဟာ အသက်ကြီးပြီ။ ပြီးတော့ မီးမသေ။ ဒါကြောင့် ဦးသန်းရွှေကို အာဏာအပ်လို့ မရပါ။ ရွေးကောက်ပေ
ွဲ က်ာမရှင်အတွက်
လူရွေးရခက်နေပုံ ရသည်။

www.cpburma.org

You might also like