You are on page 1of 3

သို့ /

ဥက္ကဋ္ဌဆရာတော်
နို င်ငံ တော် သံ ဃာ့ မဟာနာယကအဖွဲ့
ကမ္ဘာအေးကု န်းမြေ
ရ န်ကုန်မြို့
ရက်စွဲ : ၁၇/ ၄/ ၂၀၁၀

အကြောင်းအရာ။ ။နာဂစ်မု န်တိုင်းဒဏ်သ င့် မိဘမဲ့ ဒု က္ခသည်များအဖြစ် သီရိလင်္ကာနိုင်ငံ သို့ ခေါ်ဆောင်လာ ခဲ့ သည့်
အသုံးချခံ မြန်မာကို ရင်နှင့် သီလရှင်လေးများအကြောင်း အသိပေး လျှောက်ထားခြင်း

အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ဆရာတော် သိစေရန် ရိုသေလေးမြတ် လျှောက်ထားအပ်


ပါသည်ဘုရား။ မြန်မာကိုရင်နှင့် သီလရှင်ငယ် (၈၉)ပါးတို့ကို နာဂစ်လေဘေး ဒု က္ခသည် မိဘမဲ့ များအဖြစ် သီရိလ
င်္ကာနိုင်ငံ သို့ ခေါ်ဆောင်ခဲ့သူ ဒေါက်တာစန္ဒိမာ (Dr. Bodagama Chandima Thero) သည် ထိုင်ဝမ်နိုင်ငံ
တွင် အခြေစိုက် နေထိုင်သည့် သီရိလင်္ကာ ဘု န်းတော်ကြီး တစ်ပါး ဖြစ်ပြီး ထိုင်ဝမ်နိုင်ငံ သား ဒကာ၊ ဒကာ
မတို့၏ အကူ အညီဖြင့် ၂၀၀၈-ခု နှစ် မြန်မာနိုင်ငံ နာဂစ်မု န်တိုင်း ဒု က္ခသည်များ အကူ အညီပေးရေးကို ဦးေ
ဆာင် ပြုလု ပ်ခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံ တွင် ကောင်းမွန်စွာ ထား၍ ပညာသင်ပေးမည် ဟူ သော ကတိဖြင့် မြန်မာ
ကိုရင်ငယ်နှင့် သီလရှင်ငယ် (၈၉)ပါးတို့ကို သုံးစု ခွဲကာ ခေါ်ဆောင်ခဲ့ပါသည်။ ထု ိအစီအမံ အားလုံ းကု ိ သာသနာေ
တ်ာထွ န်းကားပြန့်ပွားရေးဦးစီးဌာနမှ အရာရှိဝန်ထမ်းအချို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ ခြင်း ဖြစ်ပါသည်။ (ဖြစ်စဉ်အ
ကျယ်နှင့် အထောက်အ ထားတို့ကို ပူးတွဲ ပေးပို့ပါသည်ဘုရား )။

ကိုရင်၊ သီလရှင်လေးများမှာ ဒေါက်တာစန္ဒိမာ ပြောသကဲ့ သို့ နာဂစ်မု န်တိုင်းကြောင့် မိဘမဲ့ ဖြစ်သွား


သူ များ မဟု တ်ကြဘဲ ညောင်ကန်အေးသာသနာ့ ရိ ပ်သာ (အင်းစိန်ကြို့ကု န်း)၊ တေဇာရာမ ဘု န်းတော်ကြီးသင်ပ
ညာရေးကျောင်း (ရွှေပြည်သာ)၊ နာဂလှိုင်ဂူကလေးဝတောရစာသင်တိုက်၊ ခေမာရာမ သီလရှင်စာသင်တိုက် (ဗဟန်း)
အစရှိသည့် ရ န်ကုန်မြို့ပေါ်ရှိ စာသင်တိုက် အသီးသီးမှ ဖြစ်ကြပါသည်။ ဒေါက်တာစန္ဒိမာကိုယ်တိုင် သာသနာရေး
မှ ဝန်ထမ်းအချို့နှင့် အတူ အထက်ပါ စာသင်တိုက်တို့သို့ သွားရောက်ပြီး သီရိလင်္ကာနိုင်ငံ တွင် ဗု ဒ္ဓစာပေ၊ အ
င်္ဂလိပ်စာ၊ ကွန်ပြူတာစသည့် အဆင့်မြင့် ပညာများ သင်ကြားပေးမည်စသည့် မက်လုံးတို့ဖြင့် ကို ရင်ငယ်၊ သီလရှင်ငယ်
တို့ကို တောင်းခံ ခဲ့ ကြောင်း သိရှိရပါသည်။ အများစု မှာ အသက် (၉)နှစ်မှ(၁၅)နှစ် အရွယ်များ ဖြစ်ကြပါ
သည်။ ၎င်းတို့ကို နာဂစ်မု န်တိုင်းကြောင့် ဒု က္ခရောက် သွားကြသည့် မိဘမဲ့ ကလေးငယ်များအဖြစ် အသုံးချကာ သူ
ပိုင် အင်တာနက်ဝက်ဆိုက်တို့တွင် တရားဝင် ကြေငြာပြီး ထိုင်ဝမ်အလှူရှင်တို့ထံ မှ အလှူငွေရရှိရန် လု ပ်ဆောင်
နေကြောင်း စုံ စမ်းသိရှိရပါသည်။

ကိုရင်ငယ် (၅၈)ပါးတို့ကို မြို့တော်ကိုလံ ဘိုနှင့် အလှမ်းကွာဝေးပြီး မြန်မာနိုင်ငံ မှ စာသင်တိုက်များ


ကဲ့ သို့ အခမဲ့ ပညာသင်ကြားပေးသည့် ဒေသခံ ကျောင်းတို့ သို့ ဆယ်ပါးတစ်တွဲ ၊ ငါးပါးတစ်တွဲ ၊ သုံးပါးတစ်တွဲ စ
သည်ဖြင့် ပို့လိုက်ပါသည်။ ထို ကိုရင်ငယ်တို့အတွက် အထောက်အ ပံ့ တစ်စုံတစ်ရာ မပေးသည့်အပြင် နိုင်ငံ ကူးလက်မှတ်
တို့ကိုပါ သိမ်းယူ ထားပြီး ကျောင်းပြောင်း၍ မရအောင် စီမံ ထားပါသည်။ သဘောထား ကောင်းမွန်သော
ကျောင်းထိုင် ဆရာတော်တို့ ကျောင်းတွင် နေထိုင်ရသည့် ကိုရင်ငယ်တို့မှာ အစားအသောက်၊ အနေအထိုင်
အဆင်ပြေသော်လည်း စိတ်သေ ဘာထား ယု တ်ညံ့သည့် ကျောင်းထိုင်ဆရာတော်တို့ ကျောင်းတွင် နေထိုင်ရသည့်
ကိုရင်ငယ်တို့မှာ များစွာ ဒု က္ခရောက်ကြရပါသည်။ နိုင်ငံ မွဲ၍ သီရိလင်္ကာသို့ လာပြီး ပညာသင်ရသည်ဟူေ
သာ အမြင်ဖြင့်လည်း ဆက်ဆံ ခံ ရကြောင်း သိရပါသည်။ အထူးသဖြင့် ဝိနည်းပိုင်း အားနည်းသည့် သီရိလင်္ကာကိုရင်၊
ရဟန်းတော်တို့၏ ဓလေ့ စရိုက်၊ အမူ အကျင့်တို့ ငယ်ရွယ်သည့် မြန်မာ ကိုရင်ငယ်တို့ရ င်ထဲ ကူးစက်နိုင်သည့် အလား
အလာမှာ ၎င်းတို့အနာဂတ်အ တွက် စိုးရိမ်စရာ ဖြစ်ပါသည်။

သီလရှင် (၃၁)ပါးတို့၏ အခြေအနေမှာ စိုးရိမ်စရာ အကောင်းဆုံး ဖြစ်သည်။ ပထမဆုံးအသု တ်အဖြစ် ခေါ်ေ
ဆာင်ခဲ့သည့် သီလရှင် (၇)ပါးတို့ကို ဒေါက်တာစန္ဒိမာ၏ သူ ပိုင်ကျောင်းတွင် နေထိုင်စေပြီး အင်္ဂလိပ်စာနှင့် ဆင်
ဟာလဘာသာစကားတို့ကို သဘောလောက်သာ သင်ပေးကြောင်း သိရပါသည်။ တစ်နှစ်ခွဲခန့် ရှိပြီး ဖြစ်ေ
သ်ာလည်း ၎င်းတို့၏ ပညာရေးမှာ အားရစရာမရှိပါ။ ထိုင်ဝမ်နိုင်ငံ မှ ဒကာ၊ ဒကာမတို့ သဘောကျစေရန် မြန်မာ
သီလရှင် ဝတ်စုံတို့ကို ချွတ်ပြီး ဘိက္ခူနီသင်္ကန်းတို့ကို ဝတ်ဆင်ရန် ဒေါက်တာစန္ဒိမာမှ အတင်းအကြပ် ဖိအားေ
ပးခဲ့ ကြောင်း သိရပါသည်။ ထို သီလရှင်များမှာ အသက် (၁၉)နှစ်မှ (၃၀)နှစ်အတွင်း ရှိသူ အရွယ်ရောက်ပြီးသူ
များဖြစ်ခြင်း၊ သီရိလင်္ကာနိုင်ငံ ၌ ပညာသင်ကြားနေကြသည့် မြန်မာရဟန်းတော်တို့မှ ဖိအားပေးခြင်း
တို့ကြောင့် ဒေါက်တာစန္ဒိမာအနေဖြင့် ထိုအစီအမံ ကို လက်လျှော့ ခဲ့ ခြင်း ဖြစ်ပါသည်။
တတိယအသု တ်အဖြစ် ကိုရင်ငယ် (၂၇)ပါးနှင့်အတူ ခေါ်ဆောင်လာခဲ့ သည့် သီလရှင် (၂၄) ပါးမှာ အသက်
(၉)နှစ်မှ (၁၅)နှစ် အရွယ် ငယ်ရွယ်သူများ ဖြစ်ကြသည်။ ၎င်းတို့ရောက်ပြီး မကြာမီ ဟောရာဏမြို့ရှိ သံ
ဃမိတ္တာဘိက္ခူနီကျောင်းသို့  ပြောင်းရွှေ့လို က်ပါသည်။ ထို့ နောက်တွ င်တော့ ထိုသီလရှင်လေးများကို သာမဏေရီ
အဖြစ် သွတ်သွ င်းခြင်း အခမ်းအနားကို ဒေါက်တာ စန္ဒိမာကိုယ်တိုင် ဦးစီးပြီး ကျင်းပပေးခဲ့ ပါသည်။ မြန်မာသီလရှင်ငယ်ေ
လးများကို ဘိက္ခူ နီများက ဆင်ဟာလဘာသာ စကားကိုသာ တစ်နေ့တစ်ကြိမ် သင်ပေးပြီး အင်္ဂလိပ်စာကိုတော့
ကု လားဆရာ တစ်ယောက်မှတစ်ပတ် (သို့မဟု တ်) နှစ်ပတ်လျှင် တစ်နာရီသာ လာရောက် သင်ကြားပေးကြောင်း
သိရပါသည်။ ထိုသီလရှင်ငယ်လေးများမှာ သီရိလင်္ကာ၌ ပျော်ရွှင်မှုမရှိဘဲ မြန်မာနိုင်ငံ သို့ ပြန်ချင်နေကြပါသ
ည်။

အထက်ပါဖြစ်စဉ်တို့ကို ခြုံငုံ သုံးသပ်ရသော် …

၁။ မြန်မာကိုရင်၊ သီလရှင်လေးများမှာ သီရိလင်္ကာနိုင်ငံ တွင် ကောင်းကောင်းမွန်မွန် ထားပြီး ဗု ဒ္ဓစာေ


ပ၊ အင်္ဂလိပ်စာ၊ ကွန်ပြူတာစသည့် အဆင့်မြင့် ပညာများ သင်ကြားပေးမည်ဟူ သော သီရိလင်္ကာဘု န်းတော်ြ
ကီး ဒေါက်တာစန္ဒိမာစကားကို အမှန်တကယ် ထင်မှတ်ကာ လိုက်လာခဲ့ ကြသည်။ သီရိလင်္ကာသို့ ရောက်မှသာ
၎င်းတို့ကို နာဂစ်လေဘေး ဒု က္ခသည် မိဘမဲ့ ကလေးများအဖြစ် အသုံးချခံ ရကြောင်း သိကြရသည်။

၂။ ယခု ကိစ္စအားလုံးကို သီရိလင်္ကာဘု န်းတော်ကြီး ဒေါက်တာစန္ဒိမာနှင့် မြန်မာနိုင်ငံ သာသနာရေး
ဝန်ကြီးဋ္ဌာနတို့ ညှိနှိုင်းဆောင်ရွက်သည်ဟု အများထင်မြင်စေရန် ဆောင်ရွက်ထားပြီး အမှန်အားဖြင့် သာသနာေ
တာ် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ အရာရှိဝန်ထမ်းအချို့နှင့်သာ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ ထို
အရာရှိဝန်ထမ်းများမှာ နောက်ဆက်တွဲ ပြဿ နာတို့ကို မသိသည့်အပြင် တာဝန်ယူ ဆောင်ရွက် ပေးခြင်းလည်း မရှိပါ။

၃။ သီရိလင်္ကာဘု န်းတော်ကြီး ဒေါက်တာစန္ဒိမာသည် မြန်မာကိုရင်နှင့် သီလရှင်တို့ကို မတ်လုံး အမျိုး


မျိုးတို့ဖြင့် မြူဆွယ်၍ သီရိလင်္ကာနိုင်ငံ သို့ ခေါ်ဆောင်ခဲ့သည်။ မြန်မာကိုရင်၊ သီလရှင်တို့ကို နာဂစ်ေ
လဘေး ဒု က္ခသည် မိဘမဲ့ များအဖြစ် ဗန်းပြကာ ၎င်းနေထိုင်နေသည့် ထိုင်ဝမ်နိုင်ငံ ရှိ ဒကာ၊ ဒကာမတို့အထံ မှ အလှူ
ခံ သည်။ လက်တွေ့တွင်တော့ မြန်မာကိုရင်၊ သီလရှင်တို့ကို အခမဲ့ ထားခွင့်ရသည့် သီရိလင်္ကာဘု န်းတော်ြ
ကီးကျောင်းနှင့် ဘိက္ခူ နီကျောင်းတို့သို့ ပို့လိုက်ပါသည်။

၎။ ထိုင်ဝမ်အလှူရှင်တို့ ကျေနပ်စေရန် မြန်မာသီလရှင်တို့ကို သီရိလင်္ကာဘိက္ခူ နီများ ဝတ်ရုံ သည့် သ


င်္ကန်းတို့ကို ဝတ်ရုံ စေသည်။ အနာဂတ်တွ င် မြန်မာသီလရှင်တို့ကို ဘိက္ခူ နီဘောင် သွတ်သွ င်းမည့် အစီအမံ တို့
ရှိကြောင်းလည်း သိသာ ထင်ရှားလှပါသည်။

၅။ သီရိလင်္ကာနိုင်ငံ ၌ လက်ရှိဖြစ်ပျက်နေသော အခြေအနေတို့ကို မြန်မာနိုင်ငံ မှ သက်ဆိုင်ရာ တာဝန်ရှိသူ


များ မဆိုထားနှင့်၊ တတိယအသု တ် ကိုရင်၊ သီလရှင် (၅၁)ပါးတို့ကို အာမခံ ပြီး ဦးဆောင် ခေါ်လာခဲ့ သည့်
သာသနာတော်ထွ န်းကားပြန့်ပွားရေးဦးစီးဌာနမှ ဘာသာပြန် အရာရှိ ဒေါ်မိုးမိုးစန်းနှင့် ဒဂု န်တက္က သိုလ်မှသ
မိုင်းနည်းပြဆရာမ ဒေါ်ခင်ဇာထက်တို့ကိုယ်တိုင် မသိကြပါ။ အခြေအနေမှန်ကို သိရှိသူ အနည်းအငယ်မှာလည်း
ဤကိစ္စကို မှန်မှန်က န်ကန် ကိုင်တွ ယ်နိုင်သည့် စွမ်းအား မရှိကြပါ။

သို့ဖြစ်ပါ၍ နိုင်ငံ တော်သံ ဃာ့ မဟာနာယကအဖွဲ့အနေနှင့် အထက်ပါကိစ္စအတွက် သက်ဆိုင်ရာတို့နှင့်


ညှိနှိုင်းဆောင်ရွက် အရေးယူ ပေးပါရန် ရိုသေလေးမြတ် လျှောက်ထားအပ်ပါသည်ဘုရား။ ။

မိတ္တူ ကို-
-နိုင်ငံ တော်သံ ဃာ့ မဟာနာယကအဖွဲ့ ဒု တိယဥက္ကဋ္ဌဆရာတော်များ
-နိုင်ငံ တော်သံ ဃာ့ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်
-နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီဥက္ကဋ္ဌ
-သာသနာရေးဝန်ကြီးဌာနဝန်ကြီး
-သာသနာရေးဝန်ကြီးဌာနဒု တိယဝန်ကြီး
-သာသနာတော်ထွ န်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
-သီရိလင်္ကာနိုင်ငံ ဆိုင်ရာ မြန်မာသံ ရုံး
-မြန်မာကိုရင်၊ သီလရှင်တို့၏ သက်ဆိုင်ရာကျောင်းများ

You might also like