You are on page 1of 10

Burma News International

P.O Box (76) Chiang Mai University Post Office


Chiang Mai, 50202, Thailand website: http://www.bnionline.net

အမှတ်စဉ် (၃/၂၀၁၀)

၂၀၁၀ ခုနှစ် မေလ (၂၅) ရက်နေ့

၂၀၁၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသားတို့ အခန်းကဏ္ဍ (၃)

ရွေးကောက်ပွဲ ကော်မရှင်က ယခု မေလ ၂၂ ရက်နေ့ အထိ နိုင်ငံရေးပါတီ အသစ် ၃၉ ခုမှ ၃၂ ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုခဲ့ပြီး

ဖြစ်သည်။ တည်ထောင်ခွင့် ပြုရရှိသည့် နိုင်ငံရေး ပါတီ အသစ် ၃၂ မှ ၂၄ ပါတီက ပါတီ မူဝါဒနှင့် ပါတီဝင်အင်အားများ တင်ပြကာ

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထားခြင်းမှ ၁၁ ပါတီကို မှတ်ပုံတင်ပေးလိုက်ပြီ ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ လက်ကျန် နိုင်ငံရေးပါတီ ၉ ခု အနက် ၅ ခုက နိုင်ငံရေးပါတီ အဖြစ် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားမှု

ကို ပါတီ ၅ ခုလုံးကို ခွင့်ပြုလိုက်ပြီး ဖြစ်သည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က နိုင်ငံတွင်း မကြုံစဖူး သောက်သုံးရေ

ရှားပါးမှု ရင်ဆိုင်နေရသည့် ဒေသများတွင် သောက်သုံးရေ လှုဒါန်းခြင်း၊ ရေတွင်း ရေကန် တူးဖော်ခြင်းတို့ကို ဆောင်ရွက်နေသည်။

ချက်သမ္မတနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးနှင့်အဖွဲ့ အန်အယ်လ်ဒီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး အန်အယ်လ်ဒီ

ရပ်တည်ချက်ကို ထောက်ခံကြောင်း ပြောကြားလိုက်သည်။

အန်အယ်လ်ဒီ၏ လူမှုရေး လုပ်ငန်းများကို ကျေနပ်အားရကြောင်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သော်လည်း

ပါတီအဖွဲ့ဝင်ဟောင်းများက နိုင်ငံရေးပါတီသစ် ထူထောင်မှုကို ဒီမိုကရေစီ နည်းလမ်း မကျဟု သူမက ဝေဖန်လိုက်သည်။

အန်အယ်လ်ဒီပါတီဝင်ဟောင်းများက အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) အဖြစ် ပါတီအသစ် မှတ်ပုံတင်ရန် ပြင်ဆင်နေခြင်းက

အန်အယ်လ်ဒီ ပါတီကို သစ္စာဖောက်ရာ မရောက်ကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင်ဟောင်း ဒေါက်တာသန်းငြိမ်းက ဒေါ်အောင်ဆန်းစုကြည်

ဝေဖန်မှုကို တုန့်ပြန်လိုက်သည်။

စစ်အစိုးရ၏ ကြံ့ဖွံ့ပါတီက နိုင်ငံအ၀ှမ်း ရေပြတ်လပ်မှုကို လှည့်လည် လှုဒါန်းသည့် ပုဂ္ဂလိက ရေလှုယာဉ်များကို ပါတီ အလံနှင့် တံဆိပ်များ

ဖိအားပေး တပ်ဆင်ခိုင်းသည်ကို ပြည်ထောင်စု ဒီမိုကရေစီပါတီက ကြေညာချက် ထုတ်ရှုံ့ချလိုက်သည်။

Window into Burma


တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် နောက်လအတွင်း မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်မည်ဟု သတင်းထုတ်ပြန်ပြီးနောက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဌနှင့် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးသည်။

ရွေးကောက်ပွဲ ဥပဒေ ပြန်လည် ရုပ်သိမ်းပေးရန် ဥရောပ ပါလီမန်က မေလ ၁၉ ရက်နေ့မှာ စစ်အစိုးရကို တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံ

ရှေ့နေများ ကောင်စီ (ဘီအယ်လ်စီ) ကလည်း စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေဖောက်ဖျက်မှုကြောင့် ဖျက်သိမ်းပေးရန်

တောင်းဆိုချက် တစ်စောင် ထွက်ပေါ်လာခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်သည် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည့် ကြံ့ဖွံ့ကို

ပါတီ ထူထောင်ခွင့် ပြုခြင်းက ဥပဒေ ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဘီအယ်လ်စီက ထောက်ပြ ပြောဆိုသည်။

ကချင်ပြည်နယ်

ခရိုင် (၄) ခု၊ မြို့နယ် (၁၈) မြို့နယ်


ပါတီ ထူထောင်ခွင့်မျှော်၊ အသွင်ကူးပြောင်းရေး ဆွေးနွေး

စစ်အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO)

ကိုယ်စားလှယ်များ မေ ၂၀ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင်

တွေ့ဆုံပြီး အသွင်ကူးပြောင်းရေး ကိစ္စကို ဆွေးနွေးကြသည်။

ကေအိုင်အို ခေါင်းဆောင်ဟောင်း ဦးဆောင်သည့် ကချင်

ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) မှာ ပါတီ တည်ထောင်ခွင့်

မကျသေးသည့်အတွက် လူထုစည်းရုံးရေး လုပ်ငန်းများ

ရပ်ဆိုင်း ထားရသည်။

လတ်တလော အနေအထားတွင် ကချင်ပါတီက ပါတီ

မှတ်ပုံတင်ခွင့် မကျသေးသည့်အတွက် ပါတီမှတ်ပုံတင်

ကျသည့် စစ်အစိုးရ ကြံ့ဖွံ့ပါတီက ကချင်ပြည်နယ်တွင်

အရှိန်မြှင့် မဲဆွယ်လာသည်။ ကေအိုင်အိုနှင့် စစ်အစိုးရကြား

အပစ်ရပ်ဆဲရေးအတွက် ကြားဝင်ဆောင်ရွက်ခဲ့သည့်

ဆဘွိုင်ဂျွန်က သူ၏လူမှုရေး အဖွဲ့ဖြစ်သော “ငြိမ်းဖောင်

ဒေးရှင်းမှ” မဲဆန္ဒရှင် ပညာပေးအစီအစဉ်အပါအ၀င် ဘာသာ

ရပ်ခြောက်မျိုးဖြင့် ရွေးကောက်ပွဲ ပညာပေး လုပ်ငန်းများ


ကချင်ပြည်နယ် မြေပုံ
လုပ်ဆောင် နေသည်။

Window into Burma


ရှမ်းပြည်နယ်

ခရိုင် (၁၂) ခု၊ မြို့နယ် (၅၅) မြို့နယ်


ပင်လုံကို အသက်သွင်းဖို့ အရေးကြီး၊ နယ်ခြားမစောင့်နိုင်

တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြန်လည် ဖော်ဆောင်ဖို့

အတွက် ဒေါ်အောင်ဆန်းစုကြည်သာ ဆောင်ရွက်နိုင်သည့်

အတွက် သူမကို ဆက်လက် ထောက်ခံရမည်ဟု ရှမ်းပြည်

တပ်မတော် (SSA) ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး

ယွက်စစ်က ပြောကြားလိုက်သည်။

၅၂ နှစ်မြောက် ရှမ်းပြည် တော်လှန်ရေးနေ့ အခမ်းအနားတွင်

သူက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်ပြီး ယင်း

အခမ်းအနားသို့ လွယ်တိုင်းလျဲန်းအခြေစိုက် ရှမ်းပြည်

တပ်မတော် တောင်ပိုင်းနှင့် အပစ်ရပ် ရှမ်းပြည်တပ်မတော်

မြောက်ပိုင်း တပ်မဟာ(၁) တို့ ပူးပေါင်း ကျင်းပခဲ့သည်။

အပစ်ရပ် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ဗိုလ်ချုပ်ပန်ဖှ

ဦးဆောင်သည့် တပ်မဟာ (၁) က စစ်အစိုးရ၏

နယ်ခြားစောင့်ရေးကို ယတိပြတ် ငြင်းပယ်ထားသူ ဖြစ်သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်ခြားစောင့်တပ် ဖွဲ့စည်းကြောင်း


ရှမ်းပြည်နယ် မြေပုံ
ယခုလ ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ စစ်အစိုးရက

ကြေညာလိုက်သော်လည်း အသွင်ပြောင်းသည့် တိုင်းရင်းသား

လက်နက်ကိုင် တပ်ဖွဲ့အမည်ကို မဖော်ပြခဲ့ပေ။

သို့သော် စစ်အစိုးရ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်နိုင်ငံ သတင်းဝက်ဘ်ဆိုက် တစ်ခုဖြစ်သော People Daily Online က

‘အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလိုက်ကြောင်း’ ရေးသားမှုကို မိုင်းလားတပ်ဖွဲ့က မဟုတ်မှန်ကြောင်း

ငြင်းဆိုလိုက်သည်။

မိုင်းလား ဌာနချုပ်ကမူ သူတို့ အနေဖြင့် နယ်ခြားစောင့်တပ် ပြောင်းလဲရေး အစီအစဉ် မရှိကြောင်း ပြောကြားလိုက်သည်။

Window into Burma


မွန်ပြည်နယ်

ခရိုင် (၂) ခု၊ မြို့နယ်


မွန်ပါတီက မဲဆန္ဒနယ် ၅၀ ကျော်ပြိုင်မယ်

မွန်ပြည်နယ် မြေပုံ

နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ရရှိထားသည့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီက မွန်ပြည် နယ်တွင် ၄၂ နေရာ၊ ပဲခူးတိုင်း၊

တနသာင်္ရီနှင့် ကရင်ပြည်နယ် တို့တွင် ၁၃ နေရာ ၀င်ရောက် ယှဉ်ပြိုင် ရန် လျာထားကြောင်း ပြောကြားလိုက်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံနိုင်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)

နှင့် အပစ်ရပ် မွန်ပြည်သစ်ပါတီ ( NMSP ) တို့ လာမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသော်လည်း မွန်ပြည်နယ် ကိုယ်စားပြု

ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ သစ် ဖြစ်သည်။

Window into Burma


ကရင်နီပြည်နယ်

ခရိုင် (၂) ခု၊ မြို့နယ် (၇) မြို့နယ်


ကရင်ပြည်သူ့ပါတီကို လက်မခံနိုင် ၊ ကယန်းအမျိုးသား ပါတီကိုလည်း မကြိုက်

စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေအရ ကယားပြည်နယ် ထဲတွင် ကရင်ပြည်သူ့ပါတီမှ မဲဆန္ဒနယ်မြေ ၂ ခုပါဝင်နေခြင်းက လူမျိုးရေး

ပြသနာများ ဖြစ်လာနိုင်ကြောင်း ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ (KNPP) က ဆိုသည်။

ကရင်ပြည်သူ့ ပါတီအနေဖြင့် ကယားပြည်နယ် မည်သည့်

ဒေသတွင်မဆို ၀င်ရောက်အရွေးခံခြင်းကို လက်မခံနိုင်

ကြောင်းနှင့် ယင်းပါတီသို့လည်း လူထုအနေဖြင့် မဲထည့်ဝင်ခြင်း

မပြုရန် KNPP က အသိပေးချက် ထုတ်ပြန် ထားသည်။

ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် ဖွဲ့စည်းလိုက်သည့်

ကယန်း အမျိုသားပါတီ (KNP) ကိုလည်း မထောက်ခံ

နိုင်ကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ကြေညာ

ချက် ထုတ်ပြန်လိုက်သည်။

ကယန်းအမျိုးသားပါတီကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး

ပါတီ အဖွဲ့ဝင်ဟောင်းများ၊ ကြံ့ဖွံ့အဖွဲ့ဝင်များ၊ ဗိုလ်နေ၀င်း

အစိုးရ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ လူငယ်အဖွဲ့ဝင်များက

ကယန်းအမျိုးသားပါတီအမည်ခံ ဖွဲ့စည်းခြင်း ဖြစ်သည်ဟု

ကယန်း မျိုးဆက်သစ် လူငယ်အဖွဲ့က ပြောဆိုလိုက်သည်။

ကရင်နီပြည်နယ် မြေပုံ

Window into Burma


ချင်းပြည်နယ်

ခရိုင် (၂) ခု၊ မြို့နယ် (၉) မြို့နယ်

ချင်းပြည်နယ်တွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖြစ် တစ်မြို့နယ်လျှင် (၁၅) ဦးကျစီဖြင့် ဖွဲ့စည်းလျှက် ရှိပါသည်။ မြို့နယ်တွင်းရှိ

သြဇာတိက္ကိမကြီးမားသူများ နှင့် အငြိမ်းစားဝန်ထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားပါသည်။

ချင်းပြည်နယ် မြေပုံ

ဟားခါးမြို့နယ်တွင် အငြိမ်းစားပညာရေးမှူး ဦးဘွဲဟိုးက ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက

ဆောင်ရွက်ပါသည်။ အခြားအဖွဲ့ဝင်များမှာ အငြိမ်းစားဝန်ထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသည်။

ဖလန်းမြို့နယ်တွင် ဥက္ကဌအဖြစ် ဦးဆလျန်ကပ်က ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက

ဆောင်ရွက်ပါသည်။ ယင်းကော်မရှင်တွင် ခြောက်ဦးသည် အရပ်သားများဖြစ်ပြီး ကျန်ခုနှစ်ဦးမှာ အစိုးရ၀န်ထမ်းများ ဖြစ်သည်။

Window into Burma


ကရင်ပြည်နယ်

ခရိုင် (၃) ခု၊ မြို့နယ် (၇) မြို့နယ်

နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် ကို ယခုလ ၂၂ ရက်နေ့တွင်

မှတ်ပုံတင်ခွင့် ရရှိသည်။ ၁၉၉၀ ပြည့်နှစ် လက်ကျန်ပါတီ ၉ ခုမှ ပါတီ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသော နိုင်ငံရေးပါတီ ၅

ခုတွင် ဒုတိယမြောက် ပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း နောက်ဆုံးမှ မှတ်ပုံတင်ခွင့် ကျလာခြင်း ဖြစ်သည်။

ကရင်ပြည်နယ် မြေပုံ

နအဖ စစ်အစိုးရ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ကရင်ပြည်နယ်အတွင်းမှ ဖလုံ-စဝေါ် ဒီမိုကရက်

တစ်ပါတီ (Plone-Sguaw Democratic Party – PSDP) အမည်ရှိ ကရင်ပါတီတစ်ခု ထပ်မံပေါ်ထွက်လာကာ ရွေးကောက်ပွဲကော်မရှင်

ထံသို့ ဧပြီလ ၂၃ ရက်နေ့က မှတ်ပုံတင် လျှောက်ထားလိုက်ပြီးဖြစ်သည်ဟု သိရသည်။

အလုပ်အမှုဆောင် (၁၅) ဦး ပါဝင်သည့် ထိုပါတီကို စောခင်မောင်မြင့်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ သွားရောက်

မှတ်ပုံတင်ခဲ့ပြီး ၎င်းပါတီ၏ ဗဟိုအလုပ်အမှုဆောင်ထဲတွင် အမျိုးသမီးအဖွဲ့ ဥက္ကဌနှင့် လူငယ်ဥက္ကဌတို့ကိုလည်း ထည့်သွင်း ဖွဲ့စည်းထား

သည်။

Window into Burma


ရခိုင်ပြည်နယ်

ခရိုင် (၄) ခု၊ မြို့နယ် (၁၇) မြို့နယ်

ရခိုင်ပြည်နယ် အနောက်ပိုင်း (နပခ) စစ်ဌာနချုပ် တည်ရှိရာ

အမ်းမြို့တွင် မဲကြီးကြပ် စောင့်ကြည့်ရေး သင်တန်းတစ်ခုကို

မကြာမှီ အချိန်အတွင်း ပေးမည်ဟု သတင်းရရှိသည်။

နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲသို့ ၀င်ပြိုင်ရန်

ရခိုင်ပြည်နယ် ကိုယ်စားပြု နိုင်ငံရေးပါတီ ၃ ခုရွေးကောက်ပွဲ

ကော်မရှင်သို့ လျှောက်ထား ခဲ့ကြောင်း သိရသည်။

အဆိုပါနိုင်ငံရေးပါတီတို့မှာ ကျောက်တော်မြို့ အခြေစိုက်

မြို ခေါ် ခမီး အမျိုးသားညီညွတ်ရေး အဖွဲ့ (မခမညဖ) ၊

စစ်တွေမြို့အခြေစိုက် ရခိုင်ပြည် အမျိုးသား အင်အားစုပါတီ

နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တို့ဖြစ်သည်ဟု

သိရပါသည်။

၎င်းပါတီများမှ ကျောက်တော်မြို့အခြေစိုက် မြို ခေါ်

ခမီး အမျိုးသား ညီညွတ်ရေးအဖွဲ့မှာ ယခင် ၁၉၉၀ တွင်

ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌

လည်း ရခိုင်ပြည် ကျောက်တော်မြို့နယ်မှ အမတ်


ရခိုင်ပြည်နယ် မြေပုံ
တစ်နေရာ ရရှိခဲ့သည့် အဖွဲ့ဖြစ်သဖြင့် ယခု ၂၀၁၀ ခုနှစ်

ရွေးကောက်ပွဲကော်မရှင် က ဒုတိယ ဦးစားပေး၍ ဧပြီလ (၂၈)

ရက်နေ့ကပင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုထားကြောင်း သိရသည်။

မောင်တောရှိ မူဆလင် လူထုကို စည်းရုံးရန် ပြည်ထဲရေး ဒုဝန်ကြီး ဦးဖုန်းဆွေသည် မူဆလင် သူဌေးများခြံရံပြီး ရန်ကုန်မြို့မှ

မောင်တောမြို့သို့ ယနေ့ ( တနင်္ဂနွေနေ့ ) တွင် ရောက်ရှိလာသည်။ ယခုအခါ မောင်တော၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်မှ

မူဆလင် ခေါင်းဆောင်များက ကြံ့ဖွံ့နှင့်အပြိုင် မောင်တော - ဘူးသီးတောင်နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် ဒီမိုကရက်တစ်

လူအခွင့်အရေးအဖွဲ့ကို တည်ထောင်ပြီး ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် စီစဉ်နေသည်ဟု သတင်း

ရရှိသည်။

Window into Burma


ကိုးကား

မြောက်ပိုင်းတိုင်းမှူးနှင့်တွေ့ရန် ကေအိုင်အိုအဖွဲ့ မြစ်ကြီးနားသို့ ထွက်ခွာ

http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/862-2010-05-19-15-01-36

တာချီလိတ်မြို့နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲ မိုင်းလားတပ်ဖွဲ့မပါ

http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/865-2010-05-20-13-57-30

ချင်းမျိုးနွယ်စုကိုယ်စားပြုပါတီ ENDP ကို နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြု

http://www.khonumthungburmese.org/index.php?subaction=showfull&id=1274326358&archive=&start_

from=&ucat=1&

ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် အက်စ်အက်စ်အေ (တောင်) ကပြော

http://burmese.dvb.no/news.php?id=10935

ရွေးကောက်ပွဲဥပဒေအရ ကရင်နီနှင့် ကရင်ကြား လူမျိုးရေးပြဿနာ စိုးရိမ်ရဟု KNPP ဖွင့်ဟပြောဆို

http://ktimes.org/news/regional/item/ရွေးကောက်ပွဲဥပဒေအရ-ကရင်နီနှင့်-ကရင်ကြား-လူမျိုးရေးပြသာနာ-စိုးရိမ်ရဟု-KNPP

ဖွင့်ဟပြောဆို

ကယန်းအမျိုးသားပါတီကို လူငယ်အဖွဲ့လက်မခံ

http://ktimes.org/news/regional/item/ကယန်းအမျိုးသားပါတီကို-လူငယ်အဖွဲ့လက်မခံ

All Mon Region Democracy Party submits party flag and symbol for Commission approval

http://monnews.org/?p=405

Saboi Jum’s Shalom imparts poll training

http://www.kachinnews.com/News/Saboi-Jum%E2%80%99s-Shalom-imparts-poll-training.html

NMSP gains public support after rejecting BGF

http://www.kaowao.org/2010news-may-21b.php

Window into Burma


Mon Party to Choose Candidates for the 2010 General Election

http://www.kaowao.org/2010news-may-21.php

Election Commission offices in Chin state

http://www.khonumthung.com/kng-news/09-news/election-commission-offices-in-chin-state/

ရွေးကောက်ပွဲအကြို လှိုင်းကြီးလေထန်မှုများ

http://www.kicnews.org/?p=2621

ကရင်ပြည်နယ်ကို အခြေခံသည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ပြီး

http://www.kicnews.org/?p=2624

ရခိုင်ပြည်နယ်တွင် မဲကြီးကြပ်စောင့်ကြည့်ရေး သင်တန်းပေးတော့မည်

http://www.kaladanpress.org/burmese/index.php?option=com_content&view=article&id=92:2010-05-14-16-34-

12&catid=46:2010-05-03-10-07-23&Itemid=58

၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီ ၃ ခု ၀င်ပြိုင်ရန် လျှောက်ထား

http://www.kaladanpress.org/burmese/index.php?option=com_content&view=article&id=88:2010-05-06-16-35-

00&catid=46:2010-05-03-10-07-23&Itemid=58

ဒုဝန်ကြီး ဖုန်းဆွေ မူဆလင် လူထုကို စည်းရုံးရန် မောင်းတောသို့ ရောက်ရှိ လာပြန်ပြီ

http://www.narinjara.com/detailsbur.asp?id=2492

Contact:
ယခုစာစောင်တွင် အသုံးပြုထားသော ပြည်နယ်မြေပုံများအား Development Secretary
www.myanmars.net မှ ရယူအသုံးပြုထားကြောင်း
Burma News International
Email:secretary.bni@gmail.com
ဖော်ပြအပ်ပါသည်။ Website: http://www.bnionline.net

Window into Burma

You might also like