Professional Documents
Culture Documents
Bty Bur Min Ko Naing
Bty Bur Min Ko Naing
၂၀၁၀ အောက်တိုဘာ ၁၈ ရက်နေ့တွင် ကျရောက်တဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့
အခမ်းအနားကို ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ မင်းကိုနိုင်ရဲ့ မိဘများရဲ့
နေအိမ်မှာ ၂၀၁၀ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ကျင်းပရာ
ဧည့်ပရိသတ် ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ထို အခမ်းအနားနဲ့ ပတ်သက်ပြီး ကိုယ်တိုင် သွားရောက်ခဲ့သူ တဦးက
“ဒီကနေ့ ဝေဇယန္တာလမ်းမှာ ရှိတဲ့ သူ့အဖေ ဆရာဦးသက်ညွန့်တို့ မိသားစုရဲ့
အိမ်မှာ လုပ်ပါတယ်။ ပရိသတ်ကတော့ ဟံသာဝတီ ဦးဝင်းတင် အပါအ၀င်
၂၀၀ ၀န်းကျင်လောက် လာတယ် ဗျ။ နောက်ပြီးတော့ ၂၀၀၇ မျိုးဆက်
ကျောင်းသားတွေ လာတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်တွေ၊
အမျိုးသမီးတွေလည်း လာတယ် ဗျ။ အပြင်လူတွေလည်း လာတယ် ဗျ။ လူက တော်တော် များပါတယ်။ သူက ကျောင်းသားခေါင်းဆောင်
ဆိုတဲ့ ကြီးမားတဲ့ပုံရိပ်ကြီး ရှိတဲ့အခါကျတော့ သူ့ကို လေးစား အားကျတဲ့သူတွေ အကုန်လာတယ်လို့ ပြောလို့ရတာပေါ့၊“ လို့ ယနေ့မြန်မာကို
ပြောပြပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ မွေးနေ့ကို အောက်တိုဘာ ၁၈ ရက်နေ့မနက် ၈ နာရီခန့်က စတင်ကာ ကျင်းပခဲ့ပြီး
ဧည့်ပရိသတ်အား ရွှေတောင်ခေါက်ဆွဲနဲ့ ဧည့်ခံပါတယ်။ အဲဒီနောက် မနက် ၁၁ နာရီခန့်မှာ မွေးနေ့ကိတ် လှီးကြကာ မွေးနေ့ဆုတောင်းများ
ဆုတောင်းခဲ့ကြပါတယ်။ ထို့အပြင် မင်းကိုနိုင်ရဲ့မွေးနေ့ အထိမ်းအမှတ်အဖြစ် မင်းကိုနိုင်တို့ နေအိမ်နဲ့ မလှမ်းမကမ်းမှာ တည်ရှိပြီး သူတို့မိသားစု
ကိုးကွယ်တဲ့ ငါးကျမ်းပြန် ထားဝယ်ကျောင်းသို့ ရွှေတောင်ခေါက်ဆွဲ ပေးပို့ ကပ်လှူခဲ့ကြပါတယ်။ ထို ကျောင်းတိုက်ဟာ မင်းကိုနိုင်
အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့စဉ်ကာလက မွေးနေ့အခမ်းအနား ကျင်းပခဲ့တဲ့ကျောင်းတိုက် ဖြစ်ပါတယ်။
ရန်ကုန်မြို့က ကိုရန်နိုင်ကို မင်းကိုနိုင်ရဲ့ ၄၈ နှစ်ပြည့်မွေးနေ့ အမှတ်တရအဖြစ် ယနေ့မြန်မာက မေးမြန်းခဲ့ရာ “၁၉၈၈ အရေးအခင်းကတည်းက
မင်းကိုနိုင်ဆိုတဲ့ သရုပ်သဏ္ဍာန်ဟာ ကျောင်းသားလူငယ်ထုအပေါ်မှာ အင်မတန် ကြီးစိုးခဲ့တဲ့ပုံရိပ်တခုပေါ့ ဗျာ။ ကျွန်တော် ပြောရင်းတောင်
ကြက်သီးထပါတယ်။ ကိုမင်းကိုနိုင်ရဲ့ သူမတူအောင် စွန့်လွှတ်အနစ်နာခံမှုတွေကတော့ အများကြီး ပါ။ ကိုမင်းကိုနိုင်ရဲ့ ရိုးသား ဖြူစင်မှုတွေက
မေ့မရဘူး ဗျာ။ သူနဲ့ ကျွန်တော့်ကြားမှာ အမှတ်တရတခုကတော့ ရန်ကုန် မဂ္ဂင်ကျောင်းမှာ လူနာတွေအတွက် ဆွမ်းကျွေးတော့ ကျွန်တော်တို့
အဖမ်းခံရတယ်။ အဖမ်းခံရတော့ သူတို့ လာပြီး အားပေးတယ်။ အဲဒီမှာ မှတ်မှတ်ရရဖြစ်တာက ဘာလဲဆိုတော့ ကျွန်တော် အချုပ်ခန်းက
ထွက်လာတော့ ကျွန်တော့်မှာ အ၀တ်အစားက စုတ်ပြတ်နေပြီ။ ဘာဖြစ်လဲဆိုတော့ အလုပ်အကိုင်နေ့ကတည်းက အဖမ်းခံရတာဆိုတော့။
အဲဒီမှာ သူကိုယ်တိုင် ချက်ခြင်းဘဲ အင်္ကျီလေးတထည် ၀ယ်ပေးဘူးတယ် ဗျ။ အဲဒါတော့ လုံးဝ အမှတ်တရပဲ ဗျာ။ သူ ကျွန်တော့်အပေါ်မှာ
ထားရှိတဲ့ မေတ္တာ ဂရုဏာကို ပြသလိုက်တာပဲ။ ကျွန်တော့်ကိုမှ မဟုတ်ဘူး၊ ဘယ်သူကိုမဆို သူ့ရဲ့နှလုံးသားမှာ ချစ်ခင်စိတ် ဂရုဏာစိတ်တွေ
အမြဲ ပိုက်ထွေးထားတဲ့သူ ပါ။ အခုလို သူ မပါဘဲ မွေးနေ့တွေ ဖြတ်သန်းနေရတာ များလှပြီ ဗျာ။ သူ့ရဲ့ ရဲရင့်မှုနဲ့ လုပ်ရပ်တွေကို
လူငယ်ထုအနေနဲ့ ဆက်လက် ထောက်ခံသွားမယ်။ ပုဂ္ဂိုလ်ရေး ခံစားချက်အရ ပြောရရင်တော့ ၀မ်းနည်းတယ်၊ စိတ် မချမ်းသာဘူး၊ စိတ်
မကောင်းဘူး၊ သို့သော်လည်း သူဟာ ကျွန်တော်တို့အတွက် တိုက်ပွဲဝင်နေသူတယောက်၊ မီးရှူးတန်ဆောင်ဖြစ်တဲ့အတွက် သူ့မွေးနေ့ပွဲ
တက်ရောက်ရတာကို ဂုဏ်ယူမိပါတယ်၊“ လို့ ပြောပြပါတယ်။
မင်းကိုနိုင်ဟာ ၁၉၈၈ မတိုင်မီကာလများက ရန်ကုန်သင်္ကြန်တင
ွ် နာမည်ကြီး သံချပ်အဖွဲ့တခုဖြစ်တဲ့ ဆိတ်ပါးစပ် နတ်မျက်စိအဖွဲ့
သံချပ်သမားတဦးဖြစ်ပြီး ရန်ကုန်တက္ကသိုလ် တတိယနှစ် သတ္တဗေဒကျောင်းသားဘ၀ ၁၉၈၈ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုထဲ
pmrsufESm - 1 rlydkif - ,ae@jrefrm
ပါဝင်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ ရန်ကုန်တက္ကသိုလ်တွင်း ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ
အဖွဲ့ချုပ် ညီလာခံမှာ မင်းကိုနိုင်ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။ မင်းကိုနိုင်ကို ၁၉၈၉ ခုနှစ် မတ်လမှာ မြန်မာအာဏာပိုင်တွေက ဖမ်းဆီး
ချုပ်နှောင်ခဲ့ပြီး တိုက်ပိတ်ထားခဲ့ကာ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။ ထို့နောက် ၂၀၀၄ နိုဝင်ဘာလမှာ
ထောင်က ပြန်လွတ်လာပါတယ်။ ၂၀၀၅ စက်တင်ဘာ ၆ ရက်နေ့မှာ အခြားကျောင်းသားခေါင်းဆောင်များနဲ့ စုစည်းကာ ၈၈ မျိုးဆက်
ကျောင်းသားများ အဖွဲ့ကို တည်ထောင်ခဲ့ပြီး ၂၀၀၆ စက်တင်ဘာ ၂၇ ရက်နေ့မှာ အဖမ်းခံခဲ့ရပါတယ်။ ၂၀၀၇ ဇန်န၀ါရီ ၁၁ ရက်နေ့မှာ
ထောင်က ပြန်လွတ်လာပြီး ၂၀၀၇ သြဂုတ် ၂၂ ရက်နေ့မှာ ထပ်မံ အဖမ်းခံခဲ့ရပါတယ်။ ၂၀၀၈ အောက်တိုဘာ ၂၉ ရက်နေ့မှာ မင်းကိုနိုင်ကို
ထောင်ဒဏ် ၆ လ ချမှတ်ပြီး ၂၀၀၈ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့ပါတယ်။