You are on page 1of 6

တရားက စွန့်လွှတ်ခြင်းပါ။ အသက်စွန့်တာ မဟုတ်ပါဘူး ။ ဥစ္စာပစ္စည်းတွေ စွန့်တာမ ဟုတ်ပါဘူး။ အိုးတွေ အိမ်တွေစွန့်ပြီးတော့မှ ဒီသစ္စာ ဓမ္မာရုံကို လာတာ မဟုတ်ပါဘူး။ တစ်ခုခုကို စွန့်လွှတ်ခြင်း

မ ဟုတ်ပါဘူး။ တစ်ယောက် ယောက်ကို ကွာရှင်းပြတ်စဲခြင်း စွန့်လွှတ်ခြင်းလည်း မဟုတ်ပါဘူး။ တစ် နေရာရာဆိုတဲ့ ကိုယ့်ဇာတိ ကိုယ့်ရပ်ရွာတွေကို စွန့်လွှတ်ပြီးတော့မှ နေရာဌာနတွေကို စွန့်လွှတ်ခြင်း လည်း မဟုတ်ပါဘူး။ ဘ၀တစ်ခုလုံးကို ကိုယ်လုပ်တဲ့အလုပ်မှာပဲ ရင်းနှီးမြှပ်နှံထားပြီးတော့မှ တစ်ခု ခုအတွက် တစ်ဘ၀ဆိုတဲ့ အချိန်ကာလတစ်ခုလုံးကို စွန့်လွှတ်ခြင်းမျိုးလည်း မဟုတ်ပါဘူး။ တကယ် ရှိတာက စိတ်၊စေတသိတ်၊ ရုပ် ဆိုတဲ့ ခန္ဓာငါးပါး သဘောပရမတ်တွေပါ။ နားလည်အောင် ပြောရရင် စိတ်ပါပဲ။ စိတ်ပဲ ရှိပါတယ်။ တကယ်ရှိတဲ့စိတ်ကို စွန့်လွှတ်ခြင်းပါပဲ။ အဲ့ဒီ စွန့်လွှတ်တာလည်း စိတ်ပါပဲ။ အဲ့တော့ အသက်ကတော့ စွန့်ခဲ့တာ များလှပါပြီ။ သူများစွန့်ခဲ့တာကိုလည်း ကြုံတွေရခဲ့တာ များလှပါပြီ ဥစ္စာပစ္စည်းတွေကလည်း ဆုံးရှုံးခဲ့ရတာ များလှပါပြီ။ မျှော်လင့်ချက်တွေလည်း ဆုံးရှုံးခဲ့ရတာ များလှ ပါပြီ။ အခု ဦးဇင်းသိစေချင်တဲ့ တရားက စိတ်ကို စွန့်လွှတ်ခြင်းပါပဲ။ စိတ်ကိုအဆုံးရှုံးခံရဲတဲ့ သတ္တိကို မွေးစေချင်ပါတယ်။ အရာရာ စိတ်ပါပဲ။ စိတ်ကို အဆုံးရှုံးခံနိုင်ရင် အရာရာကို အဆုံးရှုံးခံနိုင်ပြီးသားပါ ပဲ။ နိဗ္ဗာန်ဆိုတာက ချမ်းသာအစစ်ဆိုတာက စိတ်မဟုတ်ပါဘူး။ စိတ် စေတသိတ် ရုပ်ဆိုတဲ့ သင်္ခါရ တရားတွေက အနိစ္စ၊ဒုက္ခ၊ အနတ္တ တရားတွေပါ။ နိဗ္ဗာန်ဆိုတာက စိတ် စေတသိတ် ရုပ် မဟုတ်တာ ပါ။ စိတ် စေတသိတ် ရုပ်ရဲ့ ဆန့်ကျင်ဘက်ပါ။ အဲ့တော့ ဘာလို့ စိတ်ကို စွန့်လွှတ်စေချင်တာလဲဆို တော့ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာအစစ်ကို အိပ်မက်ထဲမှာတောင် မမျှော်မှန်းရဲတဲ့ ဒီဘ၀မဖြစ်နိုင်လို့ အဆုံး စွန်သော ဘ၀မှပဲ ရနိုင်မယ်ဆိုတဲ့ မမျှော်လင့်ရဲတဲ့ သစ္စာလေးပါးအမှန်တရားကို သိတဲ့ မဂ်ချမ်းသာ ဖိုလ်ချမ်းသာကို နားလည်စေချင်လို့ပါပဲ။ ကိုယ့်ဟာကိုယ်ဆိုရင် မစွမ်းဆောင်နိုင်ပေမယ့် ဘုရား တရား သံဃာဆိုတဲ့ လမ်းပြကောင်းနဲ့တွေ့တယ်ဆိုရင်တော့ မခက်ပါဘူး။ ဦးဇင်းလည်း ဓမ္မာရုံကိုရောက် လာတာ ကိုယ့်ဟာကိုယ် လာတတ်လို့ လာတာမဟုတ်ပါဘူး။ လာတတ်တဲ့သူနဲ့ လိုက်လာတော့ လည်း ဒီကိုရောက်လာတာပါပဲ။ လမ်းပြကောင်းနဲ့တွေ့လို့ပါပဲ။ အခုလည်း စိတ်ကိုစွန့်လွှတ်ဖို့ ကိုယ့်ရဲ့စိတ်က သိမ်းပိုက်တဲ့ လောဘစိတ် ဟိုဟာအဖြစ်မခံနိုင် အငတ်မခံနိုင်

ဒီဟာအဖြစ်မခံနိုင်တဲ့

ဖြစ်တာတွေကို

ငါဖြစ်တယ်

ထင်ပြီးတော့မှ

အသေမခံနိုင်

အရှက်ကွဲမခံနိုင်တဲ့ ဒေါသစိတ်ကို စွန့်လွှတ်တတ်ဖို့ ဟိုဟာ ဖြစ်ချင် ဒီဟာဖြစ်ချင်တဲ့ တစ်ခုခုတွေကို တစ်ယောက်ယောက်တွေကို ဘယ်သူဘယ်ဝါဆိုတဲ့ ဘယ် နေရာဆိုတဲ့ အချိန်ဆိုတဲ့ အခုပစ္စုပ္ပန် အချိန်ကို အနာဂတ်မှာ ဘာဖြစ်နိုး ညာဖြစ်နိုးနဲ့ အနာဂတ်အတွက် ထားတဲ့ မျှော်လင့်ချက်တွေကို ကိုယ့်ရဲ့စိတ်က ဖြစ်နေတာပါ။ ငြိတွယ်နေပါတယ်။ နေရာတွေကို အချိန်တွေကို အဲ့ဒီငြိတွယ်မှု့ကြောင်ပဲ မခွာနိုင်ဘူးဆိုတာ မျှော်လင့်ချက်တွေကို ကိုယ့်ရဲ့ စိတ်က ငါသူေ တွကို စိတ်က မလွတ်မလပ် တစ်ခုခု မလွတ်လပ်ဖြစ်နေရပါတယ်။ ကိုယ်စွဲတဲ့နေရာကနေ

တစ်ယောက်ယောက် တစ်ချိန်ချိန် တစ်နေရာရာပဲ ဆိုပြီး အထင်မှားနေတဲ့အဖြစ်က မောဟဖြစ်နေပါ တယ်။ ကိုယ့်ရဲ့စိတ်မှာ မဟုတ်တော့ပဲ လောဘ ဒေါသ မောဟတွေဖြစ်နေတာကို ၊ ဒေါသဆိုတဲ့ ကိုယ်ကမစွန့်လွှတ်နိုင်တဲ့အတွက် ပူပန်မှု့ ၊ ဟိုဟာအဖြစ်မခံနိုင်

ကိုယ့်စိတ်လေးက ရောဂါသည်လိုပဲ ရောဂါရနေတဲ့ စိတ်ဖြစ်နေပါတယ်။ ကျန်းမာတဲ့ စိတ်သက်သက် လောဘဆိုတဲ့ငြိတွယ်မှု့ ဒီဟာအဖြစ်မခံနိုင် ပူပန်မှု့၊ မောဟဆိုတဲ့ ငါတွေ သူတွေ ဘယ်အချိန်အခါတွေ ဘယ်နေရာတွေ ဆိုပြီး တော့မှ အထင်မှားမှု့တွေ ကိုယ့်ရဲ့စိတ်မှာ ကိုယ်စီကိုယ်ငှရှိနေပါတယ်။ စိတ်က မလွတ်မလပ်ဖြစ်နေ ပါတယ်။ စိတ်ရဲ့ လွတ်လပ်ရေး ဆုံးရှုံးနေပါတယ်။ စိတ်မှာ စွန့်လွှတ်ရဲတဲ့ သတ္တိမရှိဘူးဖြစ်နေပါတယ်။ လောဘ ဒေါသ မောဟဆိုတဲ့ ကိလေသာရောဂါတွေကို ဘယ်လိုစွန့်လွှတ်ရမလဲ မသိ၊ စွန့်လွှတ်ရဲတဲ့ သတ္တိကလည်း မရှိဖြစ်နေပါတယ်။ စွန့်လွှတ်လို့ရမှန်းလည်း မသိဘူးဖြစ်နေပါတယ်။ အဲ့ဒါကြောင့် စိတ်ကို စွန့်ရဲတဲ့ ဦးဇင်းရဲ့ စိတ်အကူအညီနဲ့ လွတ်လပ်တဲ့ စွန့်လွှတ်ရဲတဲ့ သတ္တိကို ကြိုးစားပြီးတော့ မွေးကြည်ပ့ါ။ ဦးဇင်းလဲ တရားကိုအားကိုးပြီးတော့မှ ကိုယ့်ရဲ့ တစ်ဦးတစ်ယောက် တစ်ချိန်တစ်နေရာ တွေကို ငြိတွယ်နေတဲ့ လောဘစိတ်တွေ ၊ ဟိုဟာအဖြစ်မခံနိုင် ဒီဟာအဖြစ်မခံနိုင် ၊ ဖြစ်တာတွေကို ငါဖြစ်တယ်ထင်ပြီးတော့မှ ငါသေမယ်ထင်ပြီးတော့မှ ငါငတ်မယ်ထင်ပြီးတော့မှ ငါသိက္ခာကျမယ်ထင်ပြီး တော့မှ အဖြစ်မခံနိုင်ပူပန်တတ်တဲ့ ဒေါသစိတ်ကို ၊တစ်ခုတစ်ယောက် တစ်ချိန်တစ်နေရာပဲ ဘယ်သူ ဘယ်ဝါပဲ ဘာတွေညာတွေပဲ ဆိုပြီးတော့မှ အထင်မှားနေတဲ့ မောဟစိတ်တွေကို ဒါ စိတ် စေတသိတ် ရုပ် ခန္ဓာငါးပါး အနိစ္စ၊ဒုက္ခ၊ အနတ္တ တရားပဲ ရှိတယ် ၊ သဘာဝတရားက ဖြစ်ရုံေ လး ဖြစ်နေတာပဲရှိ တယ် ဘာတွေညာတွေ ဘယ်သူဘယ်ဝါဖြစ်နေတာ မဟုတ်ဘူး ဖြစ်တယ်လို့ ထင်နေတာပဲရှိတယ် တကယ့်အမှန်တရားက ဖြစ်ရုံလေး ဖြစ်နေတာပဲရှိတယ် စွမ်းအင်သတ္တိလေးပဲ သဘောပရမတ်တွေပဲ ရှိပါတယ်။ အဲ့ဒီအမှန်တရားကိုအားကိုးပြီးတော့မှ ကိုယ့်ရဲ့စိတ်ကို စွန့်လွှတ်ရဲတဲ့ ဦးဇင်းစိတ်ရဲ့အကူ အညီနဲ့ မလွတ်မလပ်ဖြစ်နေတဲ့ ကိုယ့်ရဲ့ စိတ်ကလေး လွတ်လပ်ရေးရဖို့ကြိုးစားကြည့်ပါ။ မျက်စိနဲ့မြင်ရ တဲ့ အထည်ကြီးမှာ ဖြစ်တဲ့ရောဂါတွေကတော့ ဆရာဝန်တွေအားကိုးပြီးမှ

ကုလို့ရပါလိမ့်မယ်။ စိတ်မှာ ဖြစ်တဲ့ ကိလေသာရောဂါကတော့ တရားဆေးနဲ့ ကုမှရပါလိမ့်မယ်။ စွန့်လွှတ်ရဲတဲ့ စိတ်ကလေး ဖြစ် သွားရုံပါပဲ။ လောဘ ဒေါသ မောဟတွေကို အထင်မှား အမှတ်မှား အယူမှားတွေကို မစွန့်လွှတ်ရဲလို့ မလွတ်မလပ်ဖြစ်နေလို့ စိတ်အခွင့်အရေးဆုံးရှုံးနေတာကို ဦးဇင်းရဲ့ စွန့်လွှတ်ရဲတဲ့ စိတ်အင်အားနဲ့ စိတ် အကူအညီနဲ့ လွတ်လပ်တဲ့ စိတ် ၊ သဘာဝစိတ် ဖြစ်ဖို့ ပြီးပြည့်စုံတဲ့ အနတ္တစိတ်ဖြစ်ဖို့ အခုရတဲ့ အချိန် လေးမှာ ကြိုးစားပြီးတော့ ဦးဇင်းစိတ်ရဲ့ ခေါင်းဆောင်မှု့ကို ခံယူပေးပါ။ ကိုယ်က လိုက်နာရုံပါပဲ။

စိတ်ကို စွန့်လွှတ်ပေးပါ။ အဲ့ဒီစွန့လ်ွှတ်တာလည်း စိတ်ပါပဲ။ ဒါပေမယ့် တငါငါနဲ့ စွန့်လွှတ်ခြင်းမျိုး မဟုတ်ပဲ သဘာဝကျကျ စွန့်လွှတ်တတ်ဖို့ ကြိုးစားရမှာပါ။ စွန့်တဲ့ဘက်မှာ ငါမပါဖို့ ကြိုးစားရမှာပါ။ စွန့်ရုံလေးစွန့်တတ်ဖို့ မလွတ်မလပ်ဖြစ်နေတဲ့ ကိုယ့်စိတ်လေး လွတ်လွတ်လပ်လပ်ဖြစ်သွားဖို့ ထောင်ကျနေတဲ့ ထောင်သားတွေ လူ့လောကကြီးနဲ့ တစ်သီးတစ်ခြားဖြစ်နေသလိုပေါ့။ ထောင်က ထွက်လာတဲ့အခါကျမှ လူ့လောကကြီးနဲ့ တစ်သားတည်း ပြန်ဖြစ်သွားသလိုပေါ့။ မလွတ်လပ်တဲ့ စိတ် ဆိုတာလည်း ထောင်ကျနေတဲ့ စိတ်ပါပဲ။ သဘာဝစိတ်နဲ့ သင်္ခါရတရား စိတ် စေတသိတ် ရုပ် ခန္ဓာငါး ပါးဆိုတာနဲ့ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ အသုဘ ဒုက္ခသစ္စာဆိုတာနဲ့ ကိုယ်စွဲတဲ့နေရာမှာ ပြီးပြည့်စုံတဲ့ စိတ် သဘောပရမတ်တွေနဲ့ တစ်သားတည်းမဖြစ်ပဲ ကိုယ့်ရဲ့စိတ်က

ထောင်ကျနေတယ်။ ကိုယ်စွဲတဲ့ တစ်နပ် စာ တစ်ဘ၀စာ အချိန်ကာလလေးမှာပဲ ကိုယ့်ရဲ့စိတ်က ထောင်ကျနေတယ်။ ကိုယ်စွဲတဲ့ အလုပ်ကို သာ လုပ်နေပြီးတော့မှ ကိုယ့်ရဲ့ စိတ်က အလုပ်ကြမ်းနဲ့ ထောင်ကျနေတယ်။ ကိုယ်စွဲတဲ့ ငါတွေ သူတွေ ကိုသာ ဂရုစိုက်နေပြီးတော့မှ ကိုယ့်ရဲ့စိတ်ကလည်း ပုဂ္ဂိုလ်သတ္တ၀ါ ဆိုတဲ့ သတ်မှတ်ထားတဲ့ ထောင် ထဲမှာ ကျနေတယ်။ စိတ်ရဲ့ အခွင့်အရေး ဆုံးရှုံးနေပါတယ်။ အဲ့တော့ စိတ်အခွင့်အရေး ကြည့်မယ်ဆိုရင် အပြည့်အ၀ရှိ သဘာဝစိတ် တဲ့ ဘုရား တရား သံဃာရဲ့ လွတ်လပ်တဲ့ စိတ်ဘက်က တစ်ချိန် ဘာကိုမှ ရှု့ထောင်က ကြည့်မယ်ဆိုရင် တစ်ခု တစ်ယောက်

တစ်နေရာတွေကို စွဲနေတဲ့ စိတ်က စိတ်အခွင့်အရေး ဆုံးရှုံးနေတဲ့ စိတ်ပါပဲ။ စိတ်ချင်းတူပါရဲ့နဲ့ လွတ်လွတ်လပ်လပ် ဘယ်သူဘယ်ဝါတွေကို ဘယ်နေရာဆိုတဲ့ ပြည့်ပြည့်စုံစုံနဲ့ ဘာမှလုပ်စရာမလိုပဲ ဘာမှကြံစည်စရာမလိုပဲ မျှော်လင့်နေစရာမလိုပဲ အားကိုးနေစရာမလိုပဲ ဘာအရေးမှ ကြီးနေ စရာမလိုပဲ သတ်မှတ်ထားတဲ့ မဟုတ်တာတွေကို ကင်းကင်းနဲ့ အဟုတ်လုပ်နေစရာမလိုပဲ အခုဘုရားသာသနာ လွတ်လွတ်လပ်လပ် မှာ သဘာဝကျကျ အပူကင်းကင်း ငြိတွယ်မှု့ကင်းကင်း ငါတွေသူတွေ ဘယ်သူဘယ် ၀ါ ဘယ်အချိန် အထင်မှား ၀ိမုတ္တိခေတ်အတွင်း စိတ်ရဲ့လွတ်လပ်ရေး စိတ်ရဲ့အခွင့်အရေး အပြည့်အ၀ ရနိုင်ပါရက်နဲ့ အခွင့်အရေးဆုံးရှုံးနေလို့ ။ ကိုယ့်အစွဲနဲ့ကိုယ် ထောင်ကျနေလို့ ရုပ်ရှင် အနုပညာရှင်တွေလိုပေါ့ ရုပ်ရှင်ထဲက လူဆိုးဖြစ်နေတော့ ရုပ်ရှင်ထဲက ဇတ်လိုက်ကို ကြောက်နေရတာပေါ့။ ရုပ်ရှင်ထဲက သူခိုးဖြစ်နေတော့ အယောင်ဆောင် သူခိုးဆိုတော့ အယောင်ဆောင် ရဲကို ကြောက်နေရသလိုပေါ့။ ကိုယ်ကအယောင်ဆောင် မင်းသား မင်းသမီးဖြစ်နေတော့ အယောင်ဆောင် ဒါရိုက်တာရဲ့ ခိုင်းတာ လုပ်နေရတာပေါ့။ ကိုယ်က ဟန် ဆောင်တာကို ကိုယ်က ခိုင်းတာလုပ်ပါ့မယ်ဆိုပြီး အနုပညာလောကထဲ ၀င်တာကို။ အဲ့တော့ ကိုယ် အနုပညာလောကထဲ ၀င်တဲ့အတွက် ကိုယ့်အစွဲနဲ့ကိုယ်ပဲ ခိုင်းတာ လုပ်နေရတယ်။ သူများစိတ်နဲ့ ကိုယ့်ရဲ့ ကိုယ် ဖြစ်နေရသလိုပေါ့။ ကိုယ့်ရဲ့စိတ်က ထောင်ကျနေတယ်။ ကိုယ်နေချင်သလို နေလို့မရ ဘူး။ ကိုယ်ပြောချင်တာကို လွတ်လွတ်လပ်လပ်ပြောလို့မရဘူး။ ကိုယ့်ဘ၀ကို ရုပ်ရှင်ဇတ်ကားကို ကိုယ် ဇတ်သိမ်းချင်သလို သိမ်းလို့မရဘူး။ ဒါရိုက်တာ သိမ်းချင်တဲ့အတိုင်း ဒါရိုက်တာ ခိုင်းတဲ့အတိုင်းပဲ သိမ်း

နေရတယ်။ ကိုယ်သွားချင်တဲ့နေရာ သွားလို့မရဘူး။ ကိုယ်လုပ်ချင်တဲ့နေရာ လုပ်လို့မရဘူး။ ဒါရိုက်တာ ခိုင်းတာပဲ လုပ်နေရသလိုပဲ။ လူ့လောက ရှု့ထောင်က ကြည့်မယ်ဆိုရင်လည်း နာမည်ကြီး မင်းသား မင်းသမီးပဲပေါ့။ တကယ်ရှိတဲ့ စိတ် စေတသိတ် ရုပ် ခန္ဓာငါးပါး သင်္ခါရတရား ရှု့ထောင့်ဘက်ကကြည့် မယ်ဆိုရင်တော့ မလွတ်လပ်တဲ့ စိတ် အနုပညာဆိုတဲ့ ထောင်ထဲမှာ ကျနေတဲ့ စိတ်တွေပါပဲ။ မျက်စိ ဆိုတဲ့ တစ်ခုခုကို လက်ခံနေရင်လည်း မျက်လှည့်ပြတာ ခံရလိမ့်မယ်။ မျက်စိနဲ့မြင်တာကို ယုံနေရင် လည်း ကြောက်စရာ အဆင်းပေါင်းစုံရဲ့ ခြောက်လှန့်တာကို ခံရလိမ့်မယ်။ နားဆိုတဲ့ တစ်ခုခုကို ယုံကြည်နေတယ် အားကိုးနေတယ်ဆိုရင်လည်း မခံနိုင်စရာ စကားမျိုးစုံကို မမှန်ကန်တဲ့ စကားမျိုးစုံ ကို ကိုယ်နားလက်နက်ကိုင်တဲ့အတွက် မမှန်ကန်တဲ့ အတင်းအဖျင်းမျိုးစုံ စကားပေါင်းစုံ ကြားရလိမ့် မယ်။ ကြံရ ဦးနှောက်အားကိုးတယ်ဆိုလည်း လိမ့်မယ်။ သူများ ပေါက်တတ်ကရ အကြံဥာဏ်ပေါင်းစုံ ခြောက်ရလိမ့်မယ်။ သူများကြံသလို ဦးနှောက်ခြောက်သလို

စိတ်အားကိုးတယ်ဆိုလည်း

သူများ စိတ်ဖိစီးသလို ဖိစီးရလိမ့်မ ယ်။ အဲ့ဒီတော့ စိတ်က တစ်ခု

တစ်ယောက် တစ်နေရာ တစ်ချိန်ဆိုတဲ့ သတ် မှတ်ချက်တွေကို မစွန့်လွှတ်ရဲတဲ့အတွက် ဖြစ်နေရတဲ့ ဒုက္ခတွေပဲ။ အဲ့တော့ စိတ်ကို အဆုံးရှုံးခံရဲတဲ့ သတ္တိမရှိတဲ့အတွက် ဘယ်စိတ်လည်းဆိုတော့ တစ်ခု တစ်ယောက် တစ်ချိန် တစ်နေရာဆိုတဲ့ သတ် မှတ်ချက်ထဲမှာ ထောင်ကျနေတဲ့စိတ်။ မလွတ်လပ်တဲ့စိတ်၊ တစ်ခုခုကို စွဲနေတဲ့ စိတ်ပဲ။ အဲ့တော့ ဦးဇင်းက သစ္စာတရားကို ဟောမှာပါ။ သတ်မှတ်ထားတဲ့ ဘာတရား ညာတရားကို ဟောမှာ မဟုတ်ပါ ဘူး။ မလွတ်လပ်တဲ့ တရားကို ဟောမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဂိုတည်းကိုက မလွတ် မလပ်ဖြစ်နေတာပဲ။ ဘာတရား ညာတရားဆိုရင် ဘာစွဲ ညာစွဲ ဘယ်သူဘယ်ဝါ အစွဲတွေ မပြုတ်တဲ့ အပြင် ဘုရား တရား သံဃာကိုပါ ထပ်ပြီးတော့မှ စွဲသွားမှာဆိုးလို့။ ဘုရား တရား သံဃာ အားကိုးရ တာက ကိုယ့်ရဲ့စိတ်ကလေး လောဘ ဒေါသ မောဟ ကင်းဖို့ ။ တကယ့်ရည်ရွယ်ချက် အစစ်အမှန်က ကိုယ့်ဟာကိုယ်ဆိုရင် ဘယ်လိုမှ မကင်းနိုင်လို့။ ဘုရား တရား သံဃာ အကူအညီနဲ့ ကိုယ့်စိတ် လွတ် လပ်ရေး ရဖို့ ပရမတ် ဘုရား ပရမတ် တရား ပရမတ် သံဃာကို အားကိုးရတာ။ နဂိုတည်းကမှ မလွတ် စိတ်က မလပ်ဖြစ်နေရတဲ့ ပိုပြီး တော့မှ အထဲ ဦးဇင်းက ဘာအကြောင်း ပိုပြီးတော့မှ ညာအကြောင်းတွေပြောလိုက်ရင် ရှုပ်ထွေးသွားလိမ့်မယ်။

မလွတ်မလပ်ဖြစ်သွားလိမ့်မယ်။ သားစွဲ မယားစွဲ ဥစ္စာ ပစ္စည်းစွဲ နေရာစွဲ အချိန်စွဲတင်မကဘူး ဘုရား တရား သံဃာ အစွဲတွေပါ ပိုသွားလိမ့်မယ်။ အဲ့တော့ စွဲတယ်ဆိုတာ ထောင်ကျတာပဲ။ အိမ်စွဲနေရင် အိမ်ထဲက ခွာလို့မရဘူး။ ဆိုင်စွဲနေရင် ကိုယ့်ဆိုင်ကနေ ခွာလို့မရဘူး အဲ့ဒါ စိတ်က ထောင်ကြနေတာ။ တစ်ယောက်ယောက် ရှု့ထောင်က ပြောနေတာ မဟုတ် ဘူး တစ်ယောက်ယောက်ဆိုတဲ့ လူပြော သူပြော ပေတံတွေနဲ့ ထောင်ကြနေတဲ့ ထောင်သားတွေရဲ့ ပေတံနဲ့ မတိုင်းတာပါနဲ့။ လွတ်လွတ်လပ်လပ်ပြောနေတာ ။ ဘာကိုမှ ကိုယ်စားမပြုပဲ အရှိကို အရှိအ တိုင်း ပြောနေတာ။ အကြံအဖန်ကို အကြံအဖန်လို့ ပြောနေတာ။ အမှန်အကန် ကို အမှန်အကန်လို့ သိ စေချင်တာ။

ငါမှငါဖြစ်နေတာ တစ်ယောက်ယောက်ဆိုတဲ့ အကျဉ်းထောင်ထဲမှာ ကိုယ့်ရဲ့ စိတ်က ကျနေပါတယ်။ အဲ့ဒါ တစ်ခု တစ်ယောက် တစ်ချိန် တစ်နေရာဆိုတဲ့ ပညတ်တွေကို မပယ်ရဲလို့။ ငါဆို တဲ့ ပညတ်ကို မပယ်ရဲတော့ တငါငါနဲ့ ကိုယ်ကျိုးရှာနေရတာ တစ်သံသရာလုံးပါပဲ။ ဘာတွေညာတွေ ဆိုတဲ့ ပညတ်ကို ပိုက်ဆံတွေ ကျောက်မျက်ရတနာတွေဆိုတဲ့ သတ်မှတ်ချက်ကို မပယ်ရဲတဲ့အတွက် ဒီပိုက်ဆံနောက် လိုက်နေရတာ ပိုက်ဆံအတွက် လောဘဒေါသ မောဟရဲ့ ရှင်သန်နေတာ ဓာတ်ဆီကားက ဓာတ်ဆီနဲ့ ရှင်သန် သလိုပဲ ကျေးကျွန်စိတ်တွေကလည်း ပိုက်ဆံဆိုတဲ့ သတ်မှတ်ချက်တွေနဲ့

ကျောက်မျက်ရတနာဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ရာထူးအာဏာဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ရှင်သန် နေရတယ်။ ကိုယ့်ဟာကိုယ် အရူးလုပ်ပြီးတော့မှ ကိုယ့်စိတ်ကလေးက စိတ်ရူးလေး ဖြစ်နေတယ်။ ကိုယ်ဘိန်းရှုပြီးတော့မှ ဘိန်းစားဖြစ်နေသလိုပေါ့။ ကိုယ့်စိတ်ကလေးကလည်း တစ်ခုခုပဲဆိုပြီး သတ် မှတ်ချက်ကို အဟုတ်လုပ်ပြီးတော့မှ တစ်ယောက်ယောက်ဆိုတဲ့ သတ်မှတ်ချက်ကို အချိန်တွေ နေ ရာတွေဆိုတဲ့ သတ်မှတ်ချက်ကို မဟုတ်တာကို အဟုတ်လုပ်ပြီးတော့မှ မဟုတ်တာကြီးကို စွဲနေတယ်။ ကိုယ့်သတ်မှတ်ချက်နဲ့ကို ကိုယ်သတ်မှတ်ထားတာကို လူတွေသတ်မှတ်ထားတာကို လူတွေမပယ်နိုင် ဖြစ်ပြီးတော့မှ လူတွေပြန်ပြီးတော့မှ ဒုက္ခရောက်နေတယ်။ လူတွေဆောက်တဲ့ထောင်ထဲမှာ လူတွေ ပြန်ပြီးထောင်ကျနေသလို။ ဒီထောင်ဆောက်တာလည်း လူတွေပဲ။ ထောင်လို့သတ်မှတ်တာ လူတွေ။ ဘယ်သူတွေထောင်ထဲရောက်နေလဲဆိုတော့ လူတွေထောင်ထဲရောက်နေတာ။ အဲ့တော့ ကိုယ့်ဟာ ကိုယ် ထောင်ဆောက်ပြီးတော့မှ ကိုယ်ပဲ ထောင်ထဲရောက်နေတာ။ ဥပဒေကို ပြဌာန်းတာက လူတွေ ဥပဒေကို ပြဌာန်းတာ။ လူတွေပြဌာန်းတဲ့ ဥပဒေနဲ့ပဲ လူတွေပဲ ကိုယ်သတ်မှတ်တဲ့ ဥပဒေတွေရဲ့ စီရင် တာကို လူတွေပဲ ပြန်ပြီးခံရတာ။ ပိုက်ဆံဆိုတာ လူတွေက သတ်မှတ်တာ။ ဒါပိုက်ဆံပဲ။ လူတွေသတ် မှတ်တဲ့ ပိုက်ဆံအတွက်ပဲ လူတွေအသက်ဆုံးရှုံးနေရတယ်။ ပိုက်ဆံမှ ပိုက်ဆံဖြစ်နေတော့ လူတွေက ကိုယ့်အတတ်နဲ့ကိုယ်ဆူးနေတယ်။ ကိုယ့်ရဲ့ ဖန်ဆင်းတတ်တဲ့ အတတ်နဲ့ပဲ ကိုယ်ပဲ ဒုက္ခရောက်နေ တာ။ ကိုယ်ပိုက်ဆံရှာပြီးတော့မှ ကိုယ်ပဲ ပိုက်ဆံလို့ သတ်မှတ်တယ်။ ကိုယ်ပဲ ဒီပိုက်ဆံတွေ ရှာတယ်။ ကိုယ်ပဲ ပြန်ပြီးတော့မှ ဆုံးရှုံးမှာ ပူနေရတယ်။ အဲ့ဒီတော့ လူတွေကပဲ ကိုယ့်ရဲ့ ဒီကျောက်တုံးလေးက ဒီအမှန်တရားကို တန်ဖိုးရှိတယ်လို့ သတ်မှတ်တယ်။ ပါးတာပဲ။ ကိုယ့်သတ်မှတ်ချက်နဲ့ကိုယ် အရူးအမူးဖြစ်နေတယ်။ ကိုယ့်ဟာကို ရူးအောင်လုပ် ထားလို့ ရူးတယ်။ တရားခံက မသိတဲ့စိတ်ပဲ။ အသိဥာဏ်နည်း သတ်မှတ်ချက်ကို အဟုတ်ထင်နေတာ။ တကယ့်တန်ဖိုးရှိတာအစစ်က သတ်မှတ်ချက်ကို

သတ်မှတ်ချက်မှန်းသိတာ။ တကယ်တန်ဖိုးရှိတာကို တန်ဖိုးရှိမှန်းသိတာ။ ပညတ်နဲ့ပရမတ်ကို ပညတ် ဆိုတာ သတ်မှတ်ချက် ပရမတ်ဆိုတာ တကယ်ရှိတာ။ သတ်မှတ်ထားတဲ့ ဒုက္ခနဲ့ ဒုက္ခအစစ်ကို သစ္စာ အစစ်ကို ခွဲခွဲခြားခြားသိတဲ့ အသိဥာဏ်က တန်ဖိုးရှိတာ။ သတ်မှတ်ထားတဲ့ ရန်သူနဲ့ ရန်သူအစစ်ဖြစ်တဲ့ ဒီအမှန်တရားကိုမသိမှု့နဲ့ မသိတာကြီးကို ငြိတွယ်နေမှု့ ဒီလိုသတ်မှတ်ထားတဲ့ ရန်သူနဲ့ ရန်သူအစစ် ကို ခွဲခွဲခြားခြားသိတာ အဲ့ဒီအသိက တန်ဖိုးရှိတာ။ သတ်မှတ်ထားတဲ့ တရားဆိုတာနဲ့ တကယ့်တရား

အစစ်ကို ပညတ်တရားနဲ့ ပရမတ်တရားကို ခွဲခွဲခြားခြားသိတာ အဲ့ဒါမှ တန်ဖိုးရှိတာ။ တရားက ဘာမှန်း မသိဖြစ်နေတယ်ဆိုတာ တရားအစစ်ကို မသိလို့ပါ။ တရားအစစ်ဆိုတာသိရင် တရားက ရှင်းရှင်းလေးပဲ အစစ်က တစ်ခုပဲရှိတယ်။ တစ်ကြောင်းတည်းသော မဂ်ဂင်လမ်းပဲရှိတယ်။

You might also like