You are on page 1of 39

အင်စပတ်တာ မြဝေ နှင့်……

python

မှော်ဘီ

New year 2020


ပိုင်သွန် !1
အင်စပတ်တာ မြဝေ နှင့် ဆီဇာ ဆိုက်ဖာ

တနေ့သ၌ ကျွန်ုပ် ဒေါက်တာဆိုင်ရို သည် မိတ်ဆွေကြီး အင်စပက်တာ မြဝေ၏ အိမ်သို့ မရောက်တာ


ကြာသည်နှင့်အညီ ထွက်လာခဲ့လေ၏။ လမ်းထိပ်သို့ရောက်သောအခါ ဘောလုံးပွဲကြိုက်သော ကျွန်ုပ်
လည်း ဘောလုံးပွဲဂျာနယ် တစောင် ဝယ်ယူလေ၏။ ထို့နောက် အချပ်ပို တောင်းရာ ဂျာနယ်သည် က
မရောက်သေးကြောင်း ပြောသဖြင့် ကျွန်ုပ်လည်းစိတ်ခုခုဖြင့် ဆက်လျှောက်ခဲ့လေသည်။ ထို့ နောက်
သုံးလွှာ ၌ရှိသော ကိုမြဝေ၏ တိုက်ခန်းရှိရာသို့တက်ခဲ့ပြီးလျှင် တံခါးကို ခေါက်လေရာ

" ဝင်ခဲ့ပါ ကိုပိုင်သွန် တံခါးကစေ့ရုံ စေ့ထား တာပါ။ ခင်းဗျား အတွက် ဘောလုံးပွဲ အချပ်ပိုလည်းရှိပါ
တယ်ဘာမှ စိတ်ခုမနေပါနဲ့" ဟု ဆိုလေ၏

ကျွန်ုပ်လည်း ကိုမြဝေ စကားကြားလျင် အံ့သြခြင်းအလျင်းမဖြစ်မိပဲ

" အိုင်ဆေး ကိုမြဝေ ခင်ဗျား CCTV တွေ အဝင်ဝမှာ တပ်ထားပြန်ပြီလား။ လမ်းထိပ်က ဂျာနယ်သမား
ကိုကျုပ်လာရင် အချပ်ပို မရောင်းဖို့ ခင်ဗျား ပြောထားတာကိုး။ စချင်ရင် နောက်တနည်းနဲ့ စဗျာ ဒါနဲ့ ခင်
ဗျားသတင်းစာထဲက ကြော်ငြာကို ဖတ်ပြီး ဒီအမှု ကိုလိုက်ဖို့စဉ်းစားနေတာမလား" ဟုဆိုလိုက်လေ၏

" ဟားဟား ဟုတ်ပ ကိုဆိုင်ရိုရာ ခင်ဗျားလည်း အတော်မျက်စိရှင်တဲ့ သူပဲဗျ။ မှင်နီနဲ့ ဝိုင်းထားတာကို


လှမ်းမြင်သားပဲ။ ဒီနေ့ ဒီသတင်းဖတ်ပြီးမှကျုပ်ဆီလာဖို့ သတိရတယ် ဆိုတာ ကျုပ်ရဲရဲကြီးအာမခံရဲတ
ယ်ဗျ "ဟုဆိုလေသည်

ကျွန်ုပ် လည်းဝတ်လာသောကုတ်အင်္ကျီ ကိုချွတ်၍တိုင်၌ ချိတ်ပြီးလျင် ဆိုဖာပေါ်Z၌ထိုင်လေသည်

စားပွဲပေါ်Z၌ ဖြန့်ထားသောအင်္ဂလိပ်လိုရေးထားသည့် မြန်မာ့အတင်း သတင်းစာကိုယူ၍ ဟန်ပါပါဖတ်ေ


လလျင် မှင်နီဝိုင်းထားသောသတင်းပုဒ်ကို အောက်ပါအတိုင်း တွေ့ရလေသည်

မောင်ပြင်းရှောင်သို့ တရစ်သိုးခုတ် မှ ပေးသောဥာဏ်စမ်း ပဟေဠိ ဝါသနာရှင်များ အဖြေညှိနိုင်သည်

ပိုင်သွန် !2
ဖုန်းကွယ်နေသော စကားလုံးများကိုရှာပါ

zhzloomlyh
brxxqpdqqh
gfdufrqwdl
qlqmzbwdeo
hwvzhoophh
wdwcdbnded
ufrpsrxqgb
rxeulqjedf
nwhdnrquhw
xuq

ဟုဖြစ်လေသည်။

“ အိုင်ဆေး ကိုမြဝေ ဒီကိစ္စ ဟာ တောင်ခြင်္သေ့နဂါးနိုင်ဂိုဏ်း ကြီးနဲ့စပ်ဆက်မယ်လို့ ဘာလို့ထင်ရတာတု


န်းဗျ”

“ ဂလိုရှိတယ် ကိုဆိုင်ရို တရစ်သိုးခုတ်ဆိုတာ က ဒီဂိုဏ်းရဲ့ ခေါင်းဆောင် လုကုန်ကူး ရဲ့ အမှောင်က


မ္ဘာကနာမည်ပေါ့ဗျာ တပင်ပေသီး တို့ခေတ်ထဲက မြန်မာပြည်ထဲမှာ ဝါးမျိုထိုးဖောက်ဖို့ ဖွဲ့စည်းထားတဲ့ ဂို
ဏ်းကြီးပေါ့ဗျာ ခုသူတို့ က ဧရာမ အကြံအစည်တခုကိုကြံနေတယ်လို့ သတင်းရထားတယ်ဗျ ဒီဟာ
ကအပေါ်Zယံကြည့်ရင်တော့ hidden word puzzle တခုလို့ ထင်ရတယ် ဗျ အမှန်တော့ ဒါဟာ မြန်မာပြ
ည်ထဲက ဂိုဏ်းလက်ထောက်တယောက်စီ သူတို့ အစီအစဉ်ကို လှမ်း အကြောင်းကြားတာနေရမယ် ဗျ”

“ အိုင်ဆေး ကိုမြဝေ ကျုပ်လည်းဂလိုထင်လို့ လာခဲ့တာဗျ ဒီအချိန်မှာ ခင်ဗျား ကျုပ်အကူအညီကိုလို မှာ


ပဲဆိုပြီး မနက်စာမစား ပဲလာခဲ့တာဗျာ ဘီယာ လေးများရှိရင် ငါးကင်လေးနဲ့ လုပ်ပါဦး”

"အမ် ဘာမှလဲဆိုင်ဘူး နို့ပေမယ် အိုင်ဆေး ကိုဆိုင်ရို ကြိုက်တတ်မှန်းသိလို့ ကျုပ်မှာထားပါတယ် ဗျာ


လာလာ" ဟုဆိုလေလျင် ၂ ဦးသား ထမင်းစားခန်းသို့ပြောင်းလေ၏။

ထို့နောက်တွင် စောစောစီးစီး မေားနင်းပတ်ရင်း

ပိုင်သွန် !3
“ အိုင်ဆေး ကိုဆိုင်ရို ဒါ က cipher ဆိုရင် အဓိပ္ပါယ်ဖော်ဖို့ လိုပြီ ဆိုတော့ ကာ cipher တွေရဲ့ သမို
င်းကြောင်း လေးလုပ်ပါဦးဗျ အချိန်ရပါသေးတယ်”

“ ဒီလိုကိုမြဝေ စပါတာ ခေတ်ထဲက လူတွေ ကစစ်ရေး နိုင်ငံရေး တွေမှာ စကားဝှက် တွေသုံးခဲ့ကြတယ်


ကိုယ့်အကြံစည်လူမသိအောင်ပေါ့ ဗျာ ဂျူးလီယက်ဆီဇာ လက်ထက်ကြတော့ သူ့တပ်မတော်ကြီး
ဆက်သွယ်ရာမှာ ဆီဇာ ဆိုက်ဖာ ကိုသုံးခဲ့တယ်ဗျ။ ဆီဇာ ဆိုက်ဖာ က shifted cipher ပေါ့ဗျာ စကား
လုံးတွေကို နေရာရွှေ့တာပေါ့ သူကသုံးနေရာရွှေ့ခဲ့တာပေါ့”

“အင်းစိတ်ဝင်စားဖို့ကောင်းသဗျ ဆက်ပြောပါဦး”

“ ဒါကိုသိဖို့ ဆိုရင် modular arithmetic ဆိုတဲ့သင်္ချာကိုသိဖို့လိုတယ် ကိုမြဝေ”

“အဲဒါဘာတုန်းဗျ”

“နာရီတွေမှာ ၁၂ နာရီ ရှိတာလည်း မော်ဒြူလာ သင်္ချာပဲပေါ့ဗျာ ကျွန်တော်တို့ ၁၅ နာရီ ဖြစ်သွားရင် ၃


နာရီလို့ ပြောတာဟာ မော်ဒြူလာ ပဲပေါ့ ၁၅ ကို ၁၂ နဲ့စားပြီး အကြွင်းယူတာပေါ့ ဗျာ ဒီတော့ ၃ ပေါ့ေ
မ်ာဒြူလာ သင်္ချာမှာ modulus ခေါ်Zတဲ့ limit ဒီမှာဆိုရင်တော့ ၁၂ ပေါ့ဗျာ အဲဒါကိုကျော်ရင် ၀ ကနေတခြါ
ပန်စတယ် ဒီတော့ ၀ က ၁၂ နဲ့ တူပြီး ၃ က ၁၅ နဲ့တူတယ် သင်္ချာနည်းနဲ့တော့ ဒီလိုရေးတဗျ”

“0 = 12( mod 12)


3 = 15( mod12)”

“ဥပမာ ဗေဒင်တွေမှာသုံးတာဆိုရင် mod 7 ပေါ့ဗျာ၇ ရက်သားသမီး ရှိတော့ ရှိသမျှလူတွေအားလုံး


ကို၇အုပ်စု ခွဲပြီး ဟောစတမ်း ၇ မျိုးပေး တာပေါ့ coc လို game မျိုးမှာ barbarian တွေရဲ့ animation ကြို
ကည့်လိုက်။ တကယ်တော့ ကျုပ်တို့ငယ်ငယ် က စာအုပ်ရဲ့ ထောင့်တိုင်းမှာ ပုံဆွဲ ပြီးအမြန်လှန်လိုက်ရ
င် အသက်ဝင်သလို့ပေါ့ဗျာ။ ဒီ barbarian လေးတွေက လည်း animation တခု ဆုံးတိုင်းအစ ကပြန်စ
တယ်ဗျ၊ သူတို့အတွက်ဆွဲထားတဲ့ image ဖိုင်တွေကို modular နည်းနဲ့ computer က run ပေးနေတာေ
ပါ့"

"ဟာ တယ်ဟုတ်ပါလားဗျ ကျုပ်က coc ဆိုသိပ်ကြိုက်တာ အမှု မလိုက်ရရင် goblin တွေထုတ်ပြီး ပတ်
ခိုးနေတာ ဗျ"

ပိုင်သွန် !4
“ဟားဟား ယုံပါတယ်ဗျာ ခင်ဗျား တနေ့ ရာထူးတတ်မယ့်လူပဲဗျ လူကြီးဖြစ်ဦးမှာ အာ့နဲ့ ဘယ်ရောက်
သွားပြီလဲ”

“ဟို မော်ဇီလာ ဆိုလား ဘာလား”

“မော်ဒြူလာပါဗျ shifted cipher မှာ modular ဘာ လို့ ပါရလဲဆိုရင် language တွေကို ဆိုပါတော့ဗျာ
English ပေါ့ သူ့မှာ ၂၆ လုံးရှိတယ် ဒါကို A ကို0 ပေး B ကို 1 ပေး C ကို 3 ပေး……… Z ကို 25ပေး
ရင် modulus 26 ဆိုရင် ၂၆ လုံးမြောက်ဟာ ၀ နဲ့တူတော့ A ပြန်ဖြစ်တာပေါ့ဗျာ ဒီတော့ shifted cipher
အရ ဂျူးလီယက်ဆီဇာ က A ဆို D , B ဆို E , Z ဆို C ပြောင်းတာကိုး Z ကျော်ရင် Aကပြန်စ ရမှာ
ဒါကို လုပ်နိုင်တဲ့သင်္ချာက modulararithmetic ပါပဲဗျာ”

“သင်္ချာနည်းအရတော့ ဆီဇာ ဆိုက်ဖာ ဟာ 3 ပေါင်းတာပေါ့ ဆိုပါတော့ P ဆိုတာက plaintext ကိုယ်ပို့


လိုတဲ့ message C ဆိုတာက ciphertext စကားဝှက်ပြောင်းတာ language က ၂၆ လုံးပါတဲ့ အင်္ဂလိပ်
language သုံးမယ် ဆိုရင် ဒါကို”

“C = P + 3(mod 26) ဆိုတာ encryption စကားဝှက်လုပ်တာပေါ့ဗျာ။ ဥပမာ P က A =0 ဆိုတဲ့ စကား


လုံး ဆိုရင် C က

C= 0+ 3(mod26) =0+ 3= 3 = D ပေါ့ဗျာ D က ၄နေရာမြောက် မှာ သုညကစရေတော့ ၃ နေရာမြော


က်မှာရှိလို့ပေါ့”

“ဒါကို decryption ပြန်ဖော်မယ်ဆိုရင်

P= C - 3(mod 26)

ပေါ့ ဥပမာ C က ခုနက D= 3 ဆိုရင်

P = 3- 3(mod 26).= 0 = A ပေါ့ဗျာ”

“ဒီတော့ ဒီဆိုက်ဖာ မှာ သော့ ချက် key က 3 ပါပဲ ဒီ key သိရင် ဒီ ဟာ ကို ဖော်လို့ရပြီ ခင်ဗျားက key ကို
5 သို့ 7 သို့ ကြိုက်တာကို 26 အောက်ကကြိုက်တဲ့ဂဏန်းကိုထား လို့ရတယ်ဗျ”

ပိုင်သွန် !5
“ဟားးးး အတော်စိတ်ဝင်စားဖို့ကောင်းတာပဲ ကိုဆိုင်ရို ဘီယာတိုက်ရကျိုးတော့ နပ်တယ်ဗျာ ဒါနဲ့ ဆီဇာ
ဆိုက်ဖာ တမျိုးထဲရှိတာလားဗျ”

“ဘယ်ဟုတ်ကမှာ တုန်း cryptography ဆိုတာ အများကြီးပါပဲ ဆီဇာ ဆိုက်ဖာ ကအစောဆုံးတွေထဲက


တခုပေါ့ဗျာ သူ့မှာ key သိသွားရင်မလုံခြုံတော့ဘူး ခုခေတ်က ဒါတွေကိုကျော်လွှားနိုင်ပါပြီ ခင်ဗျား
message တခုကို ဖုန်းနဲ့ပို့တိုင်း ဖုန်း က security system က cipher text အနေနဲ့ပို့တာပေါ့ ၂ ဖက်လုံးက
key လိုတယ် ပို့သူကော လက်ခံသူကော same key ရှိမှ ဒီတော့ Key ကိုပို့တဲ့ ပြသနာ ပေါ်Zလာကောဗျ
ဒါကို key distribution problem လို့ခေါ်Zတယ်”

“အား စိတ်ဝင်စားဖို့ကောင်းပါ့ဗျာ”

“ဒါပေါ့ ကိုမြဝေ ဒီနောက်က သင်္ချာတွေနဲ့လက်ရှိ အင်တာနက်မှာ သုံးတဲ့ နောက်က RSA လို public
key cryptosystem တွေအကြောင်း နောက်မှပဲကြုံရင်ပြောတော့မယ်ဗျာ ခုတော့ ဒါကို စကားဝှက်ဖော်ြ
ကဦးဆို့”

ထို့နောက် ၂ ဦးသား မည်သို့မည်ပုံပြုလုပ်လိုက် သည်မသိ cipher ပေါ်Zသွားလေရာ၎င်း မှာ

"we will give you unmanned car containing wy tablets. we'll meet at zaykabar compound. you
bring back teak on return."

အင် အိုင်ဆေး ကိုဆိုင်ရို ဒါကို မြန်မာလိုပြန်တော့

" မင်းဆီကို wy တွေပါတဲ့ မောင်းသူမဲ့ကားပို့လိုက်တယ် ဇေကမ္ဘာ ဝင်းမှာဆုံမယ် အပြန်မှာ ကျွန်းသစ်ေ


တွ တင်ပေးလိုက်ပါ"

“ဟာ မဖြစ်ချေဘူး အိုင်ဆေး ကိုပိုင်သွန် ကျုပ်တို့အချိန်မှီလက်ရ ဖမ်းမှရမယ် သွားဆို့”

ဟုဆိုကာ အင်စပတ်တာ မြဝေ သည် M1911 A1 ပစ္စတိုကို ခါးတွင်ထည့်ကာ ကျွန်ုပ်လည်း ကုတ်


အင်္ကျီ ယူ၍ ၂ ယောက်သား ကသုတ်ကယက်ထွက်လာခဲ့ကြလေသည်။

ပိုင်သွန် !6
အင်စပတ်တာမြဝေ နှင့် အဲနစ်ဂ်မာ မရှင်း

အချိန်က ည ၈ နာရီခန့်ဖြစ်သည် ရာသီဥတုမှာ အတော်အိုက်စပ်သောကာလဖြစ်၍ အပြင်တွင်လူ


အများ လမ်းမီးရောင်အောက် ဈေးတန်းများဖြင့်စည်ကားနေချိန်ဖြစ်သည်။ ကြားရက်ဖြစ်၍ ပရီးမီး
ယား လိဂ် ဘောလုံးပွဲများလည်းမရှိ ရာ ကျွန်ုပ် နှင့်ကို မြဝေ တို့ မှာပျင်းရိလျက်ရှိလေသည်။ ကိုမြဝေ မှာ
လက်ဖက်ရည် ကျကျ ကြိုက်တတ်သူဖြစ်ရာ လက်ဖက်ရည်တငုံ ငုံ လိုက် mild seven တလိပ်ဖွာ
လိုက်ဖြင့်ဇိမ်ကျနေရာမှ

" အိုင်ဆေး ကိုဆိုင်ရို ဆိုက်ဖာတွေ အကြောင်းဟိုနေ့က စကားပြတ်သွားလို့ ခုလိုအချိန်မှာ ဆက်


လင်း ပါဦးဗျ"

ကျွန်ုပ်လည်း လက်ထဲမှ ဂျာနယ် ကို စာပွဲပေါ်Zတင်လိုက်ရင်း အကြောကို ခေတ္တမျှ ဆန့်ကာ သမ်းဝေလို


က်၏။

" ဒီလို ဗျ ကိုမြဝေရဲ့ ဆီဇာ ရဲ့ ဆိုက်ဖာ က stream cipher ထဲမှာပါတယ်ပေါ့ဗျာ။ ဒီထဲက နောက်တမျိုး
က substitution cipher လို့ ခေါ်Zတယ်”

“သူကဥပမာ

message က ABCDEFGHIJKLMNOPQRST ဆို


key က DHLOMENTIUJSPWYRAFZB

စသဖြင့် အပေါ်Zတလုံးကို အောက်တလုံးနဲ့ အစားထိုးတာပေါ့ဗျာ။ ဆီဇာ ဆိုက္ဖာ က key ၂ ၆ လံုး ပဲရွိေ


ပမဲ့ substituition ( အစားထိုး) ဆိုက်ဖာ ကတော့ permutation ဖြစ်တဲ့ အတွက် 26! =4.03.10^ 26
=10^ 88 ရှိ တယ်ဗျ"

" အိုင်ဆေး ကိုဆိုင်ရို permutation ဆိုတာက အောက်က ဗျည်းတန်းကို မွှေပြီး နေရာ ဖလှယ်တာ
ကိုပြောတာမဟုတ်လား"

ပိုင်သွန် !7
" ဟုတ်တယ် ကိုမြဝေ ဖဲရိုက်တဲ့ အခါ ဖဲကို ကုလာဖန်ထိုးတယ်ဆိုတာ permute လုပ်တာပါပဲဗျာ။ ဒီလို
လုပ်တဲ့အခါမှာ အရာဝတ္ထု n ရှိ ရင်ပြောင်းလဲ စီစဉ်နိုင်တဲ့ အရေအတွက် (permutation) က n! ( n
factorial ) ရှိတယ်ဗျ”

“n ဖတ်တိုရီရယ် ဆိုတာက n နဲ့ n နောက်ကသူ့ထပ်သေးတဲ့ ကိန်းတွေမြှောက်တာပေါ့ ဥပမာ


6!= 6×5×4×3×2×1= 720 ပေါ့
3!=3×2×1=6 ပေါ့”

“ဒီတော့ နီ ဝါ ပြာ ပစ္စည်း သုံးမျိုးကို စီစဉ်ရင် အစီအစဉ် ပေါင်း 3!= 6 မျိုးရတာပေါ့ ဒီလိုလေ

နီဝါပြာ , ပြာနီဝါ , ဝါပြာနီ , ဝါနီပြာ , ပြာဝါနီ , နီပြာဝါ”

“ပိုကာ ဖဲရိုက်လို့ ကုလားဖန်ထိုးရင် ဖြစ်နိုင်တဲ့ အစီအစဉ်ပေါင်း 108! တောင်ရှိတယ် ဗျ"

" ဝိုး ဒါကြောင့် လဲ ကုလားဖန်နှံ့ အောင်ထိုး ဖို့ လိုတာကိုးဗျ အိုင်ဆေး ကိုဆိုင်ရို။ နို့ ခင်ဗျား ဒါတွေကြ
သိပြီး ဖဲရိုက် ရင်ဘာလို့ ရှုံး တာတုန်း ဗျ"

" ကုလားဖန်မနှံ့ လို့နေမှာ ပေါ့ ကိုမြဝေ ဖဲသမား များဆိုတာ နှဲသမား ပါး လို ပိန်လိုက်ဖေါင်းလိုက်
မဟုတ်လား ဗျ ဟားဟား"

" ခုန စကားထပ် ဆက်ရရင် substitution cipher က ခုခေတ်ကွန်ပြူတာတွေနဲ့တောင် key ဖော် ဖို့
ဆိုရင် ဖြစ်နိုင်ခြေ များတဲ့အတွက် အတော် အချိန်ယူရ တဲ့ ကိစ္စ ပါ ဒါပေမဲ့ ဘာသာစကား တွေ က
random မဟုတ်ဘူးဗျ "

" random ဆိုတာ ကကျုပ်နားလည်တာတော့ ကျပမ်းပဲ ကိုဆိုင်ရို အံစာခေါက်တာလို ၂လုံး ထိုး


တာလို ကိစ္စမျိုးတွေ မှာ ကျပမ်း ဖြစ်တာဆိုတော့ကာလူတွေစကားပြောတဲ့ အခါ ရည်ရွယ်ချက်ရှိတယ်
မဟုတ်လား"

ပိုင်သွန် !8
" မှန်ပါတယ် ကိုမြဝေ သို့သော် ခုဟာက လူတွေရဲ့ ခံစားချက်တွေ ရည်ရွယ် ချက်တွေထက် ဒါတွေကို
ပုံဖော်ဖို့ တည်ဆောက်ထားတဲ့ စကားလုံးတွေ (words) ကို တည်ဆောက်ပေးတဲ့ alphabet ဗျည်း
တွေ အကြောင်းပြောနေတာလေ။ ဒီတော့ ဒါတွေ ကသာမန်ဆို random ဖြစ်သင့်တာပေါ့ ဒါပေမဲ့ ဗျည်း
ဟာ သရ နဲ့တွဲမှ အသံထွက်မှာဖြစ်လေတော့။ ဆိုပါတော့ b*t ဆို ရင် b နောက် က * ဟာ သရ
a e i o u တလုံးလုံး ဖြစ်ဖို့ chance က များပြီလေ"

" အိုးအိုင်ဆီး အိုင်ဆီး ကိုဆိုင်ရို သတ်စ် ဝမ်းဒါးဖူး"

" ဒါကို conditional probability လို့ခေါ်Z တယ်။ ကိုမြဝေ ဒီတော့ အင်္ဂလိပ်စာမှာ ပဲဖြစ်ဖြစ် ဘယ်
language မှာဖြစ်ဖြစ် ဗျည်းသရတွေမှာ ဖြစ်နိုင်ခြေ frequency တခုနဲ့တခုမတူဘူးပေါ့ဗျာ။ ဥပမာ E ရဲ့
frequency ဝါ probability က အများဆုံး ပဲ။ ဆိုလိုတာက E ဟာ ခဏခဏ ပါတယ် ဒီလိုလေ့လာတာ
ကို frequency analysis လို့ခေါ်Zတာပေါ့"

"အိုင်ဆီး ကိုဆိုင်ရို ဂလို ဆို ဒီအချက်ကို သုံးပြီးဝှက်စာ မှာ frequency မြင့်တာတွေကို ရှာရာ ကနေ
တိုက်ကြည့်ပြီး မှန်းလို့ရတာပေါ့ ထပ်သရီး!! ကြွေပြီ လေ ဒီနည်းကိ"ု

ဟုတ်ပ ကိုမြဝေ ဒါကြောင့်လည်း ဒီနည်းက စိတ်မချရပြန်ဘူးဗျ ဒါကြောင့် သူတို့က block method ကို
ထွင်ခဲ့တယ်”

“အင်းဆိုပါဦး ကိုဆိုင်ရို”

"block method ဆိုတာက ဆိုပါတော့

I will come to you ဆိုတာကို ၅လုံးစီ စုရင်

Iwill comet oyou ဖြစ်သွားရော block တွေပေါ့

ဒီblock တွေထဲမှာ permute လုပ်ရင်

wlili omcte yuoo စသဖြင့် ပြုတာပေါ့ဗျာ"

ပိုင်သွန် !9
"1920 နောက်ပိုင်းကျတော့ ဆိုက်ဖာကို လူနဲ့ဝှက်တာထက် ဝှက်တဲ့စက် ထွင်လာကြပြီ သူကပိုမြန်တ
ယ်ပို ခက်တယ် ပိုတွင်ကျယ်တယ် ပေါ့ဗျာ ဒုတိယ ကမ္ဘာ စစ် မှာ ဂျာမန်တွေ သုံးတဲ့ Enigma အဲနစ်ဂ်မာ
machine ဟာ နာမည်ကျော်ပေါ့ ဗျာ ဒီစက် က shifting တလှည့် substitution တလှည့် နဲ့ လုပ်ပြီး sub
လုပ်မဲ့ ဟာတွေကို rotor အဝိုင်းပြား ၅ ခု မှာ random ၃ ခု ပေါ်Z က sub ၃ မျိုးနဲ့ ဝှက်တာ”

"အာားး ဒါဆို အိုင်ဆေး ကိုဆိုင်ရို ဒါဟာ ခက်လွန်းထင်ရပ ဗျ"

" ဟုတ်ပေတာပေါ့ ကိုမြဝေ ဒါကြောင့်လဲ ပိုလန် နဲ့ အင်္ဂလိပ် ထောက်လှမ်းရေးက ဒီစက်ကို ဖော်နိုင်ဖို့
ဒီစက်ရဲ့ ဖွဲ့ စည်းပုံကို အသည်းအသန်လိုချင်ခဲ့တာပေါ့ဗျာ"

" နောက်တော့ အောင်မြင်ရောလား "

" အင်းပေါ့ဗျာ အင်္ဂလိပ်လူမျိုး ကွန်ပြူတာဖခင် လို့ဆိုနိုင်တဲ့ အလန် တူရင် က အဲနစ်ဂ်မာ ကို ဖော်နိုင်
တဲ့ ဘွန်ဘီ ဆိုတဲ့စက်ကို ထွင်နိုင်ခဲ့တယ် ဒုတိယကမ္ဘာ စစ်မှာ မဟာမိတ်တွေ စစ်နိုင်ရခြင်းအဓိက
အကြောင်းတွေကတချက်ပေါ့ဗျာ"

“အိမ်း ပညာ ဟာ တယ်စကားပြောပေတာပဲ ကိုဆိုင်ရို”

"ဟုတ်ပ ကိုမြဝေ အဓိကကတော့ သိပ္ပံ သင်္ချာ နဲ့ ရူပဗေဒ ပါ့ဗျာ လူတွေ သိဖို့ လိုတယ် ကိုမြဝေ။ ဒါမှ နိုင်
ငံ တိုးတက်မှာလေ"

“အင်း ဒါနဲ့ စောစောက တူရင် အကြောင်းလေး ပြောပါဦး”

“အင်းသူက တူရင် စက်ဆိုတဲ့ ကွန်ပြူတာရဲ့ prototype ဖြစ်တဲ့ hypothetical machine တခုကို သင်္ချာ
နည်း အရ ပြုစုပြီး စာတမ်းရေးခဲ့တယ်ဗျ ဒါက ကွန်ပြူတာလောင်း ပေါ့ ဗျာ”

"သြော် ဂလိုကို ဒါနဲ့ ချားလ် ဘာဘေ့ ခ်ျ တို့ကျတော့ကောဗျ "

ပိုင်သွန် !10
"သူတို့ထွင်တာတွေ က caculator ရဲ့ prototype တွေပေါ့ဗျာ "

"ဒါလောက်ကောင်းတဲ့ Enigma လိုစက်မှာ ချို့ ယွင်းချက်ရှိပ မလားဗျ"

“ရှိတာပေါ့ ကိုမြဝေ ဒီစက် ဘယ်လောက်ကောင်းကောင်း ဒါကို ဝှက်ဖို့ ဖော်ဖို့ ဆိုတာ ဝှက်သူ နဲ့ ဖော်သူ
ကြားမှာ တူတဲ့ key ရှိ မှ ရတာလေ။ ဒီတော့ ဒီသော့ကို ဒီနေရာမှာ သော့ ဆိုတာ number တခုကို ပြော
တာနော် သံနဲ့လုပ်ထားတဲ့ သော့ မဟုတ်ဘူး။ အဲ့သော့ကို ဝှက်သူက ဖော်သူထံပို့ ပေးဖို့လို တယ် ဒါက
လည်းကြားက ဖြတ်လု နိုင်လို့ အရေးကြီးတယ်လေ။ ဂျာမန်တွေ ဆို ဝှက်စာ ပါတဲ့ U 571 ပါသွားလို့
ဒုက္ခ ရောက်ကုန်တာလေ ဗျာ။ U 571 ဆို တဲ့ ဗွန်ဂျိုဘီပါတဲ့ရေငုပ်သင်္ဘောကား ကြည့်ဖူးတယ် မလား
ဗျ”

“အားး ကြည့်ဖူး တာပေါ့ ဒီလို ဆက်စပ်နေမှန်းတော့မထင်ခဲ့မိဘူး”

“အင်း ဒီတော့ ဆက်ပြောရင် ဒီစက်တွေရဲ့ အားနဲချက်က သော့ ဖြစ်ပြီး သော့ အန္တရာယ်ကင်းကင်းနဲ့ ပို့
နိုင်ဖို့ ကြံစည်တဲ့ပြသနာ ကို key distribution problem လို့ ခေါ်Zတာပေါ့ ဗျာ။ ဒါ က number
theory ,modular arithmetic နဲ့ prime number တွေ နဲ့ ဆက်စပ်နေတယ် ဗျ”

“ဝိုးးး ကျယ်ပါပေ့ ကို သစ္စာ အဲ့လေ ယောင်လို့ ကိုဆိုင်ရို အားရထှာ ဗျာ”

“အင်းနေဦး ကိုမြဝေ ဒီနေ့ အဖို့တော့ ဒါလောက်နဲ့တော် ဦး။ ခု မှ ကိစ္စ တခု သတိ ရလို့ ဗျာ ရပ်ကွက်
ရုံးသွားလိုက်ဦးမယ်”

“ဘာကိစ္စ တုန်း အိုင်ဆေး ကိုဆိုင်ရို”

“ဟုတ်ပါဘူးဗျာ မဲစာရင်း ထဲကျုပ်မပါဘူးပြောလို့သွားစစ်လိုက်ဦးမယ်။ ခင်ဗျားလည်းစစ်ဦးဗျမဲစာရင်း


ကို ရွေးကော်က အာမ မခံနိုင်ဘူးဆိုလားဘာလားဗျာ တိုးတတ်ဦးမဲ့တိုင်းပြည်ပါ”

"ဒီလူတွေ ဆက် အုပ်ချုပ်လို့ကတော့ ဖင်ပါပေါင်ရမယ် ဂယ်ပါပဲ ကိုမြဝေ”

ပြောပြောဆိုဆို ကျွ န်ုပ် လည်း ကသုတ် ကရိုက် ထွက်ခဲ့ လေ၏။

ပိုင်သွန် !11
အင်စပတ်တာမြဝေ နှင့် သော့ပေးပို့ခြင်းပြသနာ

အချိန်က မှောင်ရီပျိုးစ။ ညီအကိုမမူးတမူး အချိန်တည်း။ လေပွေတချက်ဝေ့ဝိုက်၍ ဘုံ ကျောင်း


တဝိုက် တိုက်ခတ်သွား လေသည်။ နီယွန် မီးရောင် တချို့ အောက်မှာ ဆွဲထားသော တရုတ်မီးပုံး တ
ချို့ လှုပ်ယိမ်း သွား၏။ တရုတ် ဘုန်းကြီး ကျောင်းရှေ့ ဝယ် သူတောင်စားအို ကြီးတယောက်ခေါင်းပေါ
င်းဖြင့်ငိုက်နေ လေသည်။ ထို အခိုက်ဝယ် ခန္ဓာ ကိုယ် ခပ်တောင့်တောင့် ရုပ်ခပ်မာမာ စပို့ရှပ်လက်တို
ကို ဝတ်ထား သော သက်လက်ပိုင်းတယောက် အတက်ချီ ကေ့စ် တခုကို ဆွဲ ၍ လျှောက်လာလေ
သည်။ ၎င်း က သူတောင်းစား အိုကြီး ရှေ့ရောက်လျင် ခဏ မျှ ရပ်လိုက်ပြီး အိတ်ထဲမှ ပိုက်ဆံ တရွက်
ကို ပစ်ချ ပေးလိုက် သည်။ ထို့နောက် ဘေး ဘီ သို့ ခဏ မျှ ကြည့်ပြီးနောက် ဆက်ထွက်လာခဲ့ပြီး လ
မ်းထောင့် ဓါတ်တိုင်အောက်ဝယ် အိတ်တွင်းမှ စီးကရက် တလိပ်ထုတ်ပြီး မီးညှိ ဖွာရှိုက်လိုက်လေသ
ည်။

ထို စဉ် တဖက်လမ်း မှ သူ့ကဲ့သို့ ဝတ်ဆင်ထား သော မျက်မှန်နက်နှင့် တယောက် လမ်းတဖက်မှ ကူး
လာပြီးနောက် ဘေး မှဖြတ်သွားလေရာ စီးကရက်သောက်နေသူက သူ့လက်ထဲမှ အတက်ချီကေ့စ်ကို
လှမ်း ပေးလိုက် လေ သည်။ မျက်မှန်နှင့်လူ လည်း ကေ့စ်ကို ယူရင်း ဆက်လျှောက်သွားလေရာ လမ်း
ထောင့်ချိုးသို့ ရောက်သောအခါ မှောင်နေသော လမ်းထဲ သို့ ကွေ့ ဝင်ခဲ့လေသည်။ ထို အခိုက် ညဥ့်
ငှက်တကောင်က ခပ်စူးစူးအော် ရင်း တိုက်များပေါ်Zက ဖြတ်ပျံသွားသည်။ ညလေးအေး က စိမ့်ခနဲတချ
က်မျှသုတ်သွားလေ၏။ မျက်မှန်နက်သည် ရှောက်လက်စ ခြေ လမ်းများကို တိခနဲရပ်လိုက်ရင်း နားတ
ချက်စွင့်လိုက်သည်။သူသည် ဝင့်ချွမ် သိုင်းပညာကိုတတ်မြောက်သောတိုက်ခိုက်ရေးသ မား တဦးပင်
တည်း။

ခေါင်းကို ဆတ်ခနဲယိမ်း၍ ကိုယ်သိမ်းအလှည့် ဝယ် ရိပ်ခနဲ ခေါင်းပေါ်Zမှ ကျော် သွားသောလက်တဖက်။


သူက ရန်သူကို ပြန်လည် တိုက်ခိုက်ရန် principle of center line အရ လက်နှစ်ဖတ်နှင့်ညာခြေ ကို ပြင်
ဆင်လိုက်စဉ် မှာ ပင် အရိပ်ပမာတိုက်ခိုက် လာသော လက်များအောက်တွင် ဝင်းခနဲ ပွင့်သွားပြီး လမ်း
မပေါ်Zသို့ ပစ်ကျသွား လေတော့သည်။

သူနောက်ဆုံး သတိမလစ်ခင်မြင်လိုက် ရသည်မှာမြေပေါ်Zကျနေသော အတက်ချီကေ့စ်ကို ကောက်


ကိုင်လိုက်သော ခေါင်းပေါင်းနှင့် သူတောင်းစာအို၏ မသဲကွဲသော မျက်နှာပင်တည်း။

******

ပိုင်သွန် !12
"အိုင်ဆေး ကိုမြဝေ ခင်ဗျား ကြည့်ရတာ စိတ်အိုက်နေသလိုပဲဗျာ အလို ဘေး မှာလည်း အဝတ်စားစု
တ်တွေ ခေါင်းပေါင်းတွေ နဲ့ပါလား ဗျ ဘာတွေဖြစ်သတုန်း"

ကျွန်ုပ် သည် စားပွဲပေါ်Zမှ အတက်ချီကေ့စ် ကို စိတ်ပျက်လက်ပျက် ထိုင်ကြည့်ရင်း အတွေးခေါင်နေဟန်


တူသော အင်စပတ်တာ မြဝေ အား နှုတ်ဆတ်ရင်းထိုင်ခုံ၌ ဝင်ထိုင်လိုက်၏။ ကိုမြဝေ လည်း ပခုံးတွန့်
လိုက်ရင်း အနားမှ ပရုတ်ဆီ ဘူး ကိုဖွင့်ကာ ညာလက်ဖမိုးကို လူးလိုက်လေ၏။ ကိုမြဝေ က မချိပြုံး ပြုံး
ရင်း

" ဂလို အိုင်ဆေး ကိုဆိုင်ရို ဒီနေ့ သတင်းရ လို့ သံသယ ရှိသူ တယောက်နောက်ကို ရုပ်ဖျက်ရင်းလိုက်ခဲ့
တယ် ဗျာ။ ဒီ အတက်ချီကေ့စ် ကိုတော့ ရပါရဲ့။ သတင်းအရတော့ ဒါကို ဖွင့်လို့မဖြစ်ဘူး သူတို့က
ဒီထဲ မှာ အရေးကြီး သတင်း ကို ထည့်ထားပေ မဲ့ ၃ ကြိမ်လဲ ဖို့ အစီအစဉ်ရှိ တယ်လို့ သိရသဗျာ”

“ဒီကြားထဲ လွဲခဲ့ရင် အစီအစဉ်ပြောင်းဖို့လဲ အစီအစဉ်ရှိတယ်လို့ သိရတယ်။ နို့ပေမဲ့ တခုခုတော့ သတ


င်းရလို့ ရငြား ကျုပ်လဲဖြတ်သုတ်ခဲ့ တယ် ကိုဆိုင်ရို။ သူတို့ဘာတွေစီစဉ်နေလဲ ဆို တာ စဉ်းစားမရလို့
စိတ်အိုက်နေတာပဲဗျ”

“သူတို့ဆိုတာ တရစ်သိုးခုတ် တို့ အဖွဲ့လား ဗျ”

“ဟုတ်ပ ကိုဆိုင်ရို ကြံစမ်းပါဦးဗျ”

“နို့နေပါဦး သူတို့ကနောက် ၂ ကြိမ် ဒီဟာကိုပဲ လဲ မှာတဲ့လားဗျာ”

“ဟုတ်ပ ဗျာ။ ကေ့စ်ကို ဖွင့်ဖို့ကလည်းအစီအ စဉ်ပြောင်းသွားမှာကြောက်ရသေးတယ်။ သော့ ခလော


က်ခတ်ဖို့ သော့မောင်း ၂ ခု နဲ့ဗျ သော့ ခလောက်ကတော့ တခု ပဲခတ်ထားတယ်"

"နေပါဦး ကျုပ်ကြံပါဦးမယ် ဗျ"

၂ ယောက်သားအတန်ကြာတိတ်ဆိတ်နေကြ၏။ အတန်ကြာမှ ကျွန်ုပ် လည်း ဝင်းခနဲ တွေးမိ၍

"ကိုမြဝေ ဟုတ်ပြီဗျာ။ ထင်တာမလွဲလို့ တည့်ရိုးဆို ဒါဟာ ကျုပ်ပြောတဲ့ key distribution ပဲ ဗျ”

ပိုင်သွန် !13
“ဟာလုပ်စမ်းပါဦး အိုင်ဆေး ကိုဆိုင်ရို လင်းစမ်းပါဦး အချိန်ရှိတုန်းလေး”

“ဒီလိုဗျ ကိုမြဝေ။ ကိုမြဝေ ကို ပြောခဲ့သလိုပဲ ဝှက်စာဖေါ်Zရာမှာ အဓိက ကတော့ သော့ ပို့တဲ့ပြသနာပဲ။
ရှေး အခါက စစ်တိုက်တဲ့အခါ ဝှက်စာ ပို့ရာမှာ စာပို့ခို၊ ဆက်သား၊ သူလျှို စသဖြင့် သုံးခဲ့ပေမဲ့ ပြသနာ
က ကြားကဖြတ်ယူသွားနိုင်တာပဲ။ ခု အိုင်ပီ လုပ်ခဲ့သလိုပေါ့ဗျာ။”

“ဝှက်စာ တစောင်ကို ဝှက်ပြီဆို တူညီတဲ့သော့နဲ့ ဒီဘက်က ဝှက်သလို၊ ဟိုဘက်ကလည်း ဒီသော့နဲ့ ပဲ


ပြန်ဖော်တယ် ဒီတော့ သော့မပို့ ပဲဖွင့်လို့မရဘူးလား။ ဒါကိုရှာခဲ့တာဗျ ၁၉၇၀ ကျော်မှ ဒီပြသနာ ကို
ဒဲလ်ဖီ နဲ့ ဟေးမင်း တို့ အဖြေရှာနိုင်ခဲ့တယ်။ ဒီနောက်တော့ အင်တာနက်မှာ လူတိုင်း amazon လိုနေရာ
မျိုးမှာ ကိုယ်ကြိုက်တဲ့ပစ္စည်း၊ ကိုယ့် ဘဏ် အကောင့်ခရက်ဒစ်ကတ် ပြပြီး online shopping ထွက်လို့ရ
တယ်ပေါ့ဗျာ။ ဒါက e commerce ခေါ်Zတဲ့ အီလက်ထရွန်းနစ်စီးပွားရေးရဲ့ အစ၊ အခြေခံနှင့် လုံခြုံမှု
လည်းဖြစ်တယ်ပေါ့ဗျာ။ ကျုပ်တို့နိုင်ငံတော့ မပါသေးဘူးပေါ့ဗျာ"

" ဒီမိုကရေစီခိုင်မာလာ ရင်တော့ဒါတွေ ဖြစ်လာမှာပေါ့ အိုင်ဆေး ကိုဆိုင်ရို"

“မှန်တာပေါ့ ကိုမြဝေ မှန်တာပေါ့။ ဒီသော့ပို့တဲ့နည်း ကိုကိုမြဝေ နားလည်အောင်ပြောပြရရင်၊ ရန်ကုန်


က မန္တလေး ကို သော့မပို့ ပဲ သေတ္တာ ပို့ချင်တယ် ဆိုပါစို့ရန်ကုန်က မောင်ကောင်းက သေတ္တာ ထဲစာထ
ည့်သော့ခတ်လိုက်ပြီး မန္တလာက ကိုချစ်စီ သေတ္တာ ပို့လိုက်တယ်။ သူ့သော့ကို သူသိမ်းထားတယ်”

“မန္တလာ က ကိုချစ်က သူ့ဆီရောက်တဲ့ သေတ္တာ ကိုဖွင့်ဖို့ သော့ မရှိဘူး။ ဒီတော့ သူ့မှာ သော့ရှိတဲ့ နော
က်သော့ခလောက်ကို သေတ္တာ မှာထပ်ခတ်လိုက်တယ်။ သော့ခလောက်၂ လုံးနဲ့ သေတ္တာ ကို ရန်ကုန်ြ
ပန်ပို့လိုက်တယ်။ ကိုချစ်က သူ့သော့ကိုတော့ သူသိမ်းထားတယ်”

“ရန်ကုန်က မောင်ကောင်းက သူ့ဆီရောက်တဲ့ သော့ခလောက် ၂ လုံးနဲ့ သေတ္တာ ကို လက်ခံရရှိတဲ့


အခါ သူ့သော့နဲ့ အရင် သော့ခလောက် ကိုဖြုတ်လိုက်တယ်။ ပြီးတော့မှ သော့ခလောက်တခု နဲ့
သေတ္တာ ကိုမန္တလေး ပြန်ပို့လိုက်တယ်”

“ဒီတော့မှ မန္တလေး ကကိုချစ်က သူ့သော့နဲ့ ကျန်တဲ့သော့ခလောက်ကိုဖွင့် အထဲကစာကိုဖတ်တာပေါ့


ဗျာ”

ပိုင်သွန် !14
“ဒီနည်းနဲ့ သော့ပို့ စရာ မလိုဘဲ ဝှက်စာ ပို့နိုင်ခဲ့တာပေါ့ ဗျာ"

" ထပ်သရီး ယူရေးကား ဒါ ကျုပ် ရှာနေတဲ့ link ပဲ။ အိုင်ဆေး ကိုဆိုင်ရို။ ဂလို ဆို ဒီဘက် က လက်ဝေ
ခံ မောင်ပြင်းရှောင် ဒီအတက်ချီကေ့စ် ကို မရခင်ကျုပ်ဖြတ်လုတာ မှန်သွားပြီဗျ"

“လင်းစမ်းပါဦး ကိုမြဝေ”

"ဂလိုလေ ဗျာ ကျုပ်က ခု မောင်ပြင်းရှောင်အစားသော့ခတ်ပြီးပြန်ပို့ လိုက်မယ်။ လုကုန်ကူး ဟာ


ဧကန်ပဲ သူ့သော့ဖြုတ်ပြီးကျုပ်ဆီပြန်ပို့မှာ ပဲ။ ဒါဆို သူတို့လဲမရိပ်မိလို့ အစီစဉ် မပြောင်းတော့
ဘူး။ ကျုပ်လည်း ဝှက်စာဖော်နိုင်။ သူတို့ရဲဆတ်သားလဲကျုပ်မိထားတယ် ဗျ။ သူ့ကို ကေ့စ်ချိန်းတဲ့နေ
ရာမှာ ပြန်သုံး ရမယ်။ ဟုတ်ပြီဗျို့ သန့်ခ်ကျူး ကိုဆိုင်ရို"

"ကောင်းလိုက်လေ ကိုမြဝေ။ ခင်ဗျား က ဥာဏ်နီဥာဏ်နက်တော့ တယ်ထွက်တာပဲကလား”

“ဒါပေါ့ဗျာ ကဲအချိန်မရှိဘူး ကိုပိုင်သွန် ကျုပ်တို့ လုပ်စရာရှိတာ အမြန်လုပ်ကြစိ”ု့

ပြောလည်းပြောရင်း ကို မြဝေတယောက်တံခါးဖွင့်၍ လှေကားမှ ပြေးဆင်းသွားရာ ကျွန်ုပ် လည်း ပြေး


လိုက် ရလေတော့၏။

ပိုင်သွန် !15
အင်စပတ်တာမြဝေ နှင့် သုဒ္ဓကိန်းများ

“အိုင်ဆေး ကိုဆိုင်ရို ဟို တနေ့ ကပြောတဲ့ RSA cryptosystem အကြောင်းလေး ဆက်စမ်းပါဦး”

“ကောင်းပါပြီ ကိုမြဝေ။ ဒီစနစ် ကခုခေတ် အင်တာနက်တွေ မှာ အဓိက အသုံးပြုတဲ့စနစ်ပေါ့ Rivest ,


Shamir နဲ့ Adleman တို့ကိုဂုဏ်ပြု မှည့်ခေါ်Zထားတာပေါ့။ သူက အလွန်ကြီးတဲ့ကိန်း တွေကို ဆခွဲ ကိန်း
ခွဲရတာ ခက်တဲ့ အချက်ပေါ်Z မူတည်ပြီး ပြုလုပ်ထားတဲ့ စနစ်ပေါ့။”

“ဒီမှာ ပထမ အိုင်ပီ သိဖို့ လိုတာက primes number သုဒ္ဓ ကိန်းတွေ အကြောင်း ပါပဲ”

“prime ဆိုတာ 1 နဲ့ သူကိုယ်တိုင်က လွဲ ရင်စားလို့မပြတ်တဲ့ ကိန်း မဟုတ်လား ကိုဆိုင်ရို”

“ဟုတ်တယ် ကိုမြဝေ။ ဥပမာတွေက 3, 5, 7, 11,…… စသဖြင့်ပေါ့ ဗျာ 3 ကို 1 နဲ့ 3 ကလွဲရင်စားမရ


ဘူး။ တခြားဟာ တွေလည်း ထိုနည်း၎င်း ပေါ့”

“prime တွေဟာ ဘာလို့ အရေးကြီးလည်း ဆိုတော့ ဘယ်ကိန်းကို မဆို prime တွေ မြှောက်ခြင်းနဲ့ ပြု
လုပ် ယူနိုင်တယ်။ တနည်းအား ဖြင့် ကိန်းတိုင်းကို ဆခွဲကိန်း ပြန်ခွဲရင် prime တွေ ပဲပြန်ရတယ်
ကို မြဝေ။”

“ ဥပမာ 10= 3 × 5 , 8= 2×2×2


9=3×3 , 24= 2×2×2×3 စသဖြင့်ပေါ့”

“ဒီတော့ သုဒ္ဓကိန်းတွေ ဟာ မူလဘူတ ကိန်းတွေ ။ atom of numbers လို့ပြောလို့ရတယ် ကိုမြဝေ။”

“ဥပမာ ရေ H₂O ဆိုတဲ့ဒြပ်ပေါင်း ကို H နှစ်လုံး O တလုံး ဆိုတဲ့ atom ၃ လုံးနဲ့ တည်ဆောက်ထား
သလိုပေါ့။ သူတို့ကိုကြ တော့ ထပ်ခွဲလို့ မရတော့ဘူးပေါ့ ဗျာ။ ဒါ ကြောင့် စင်ကြယ်တယ် ဆိုပြီး
သုဒ္ဓ လို့ ခေါ်Zဟန်တူပါတယ်။ prime ကတော့ မူလအစ အဦးဆိုတဲ့ အဓိပ္ပါယ် မျိုးပေါ့။ ဒီတော့ ကိန်းတွေ
က အနန္တရှိပေမဲ့ သူတို့ကို ခွဲခြမ်းလိုက်ရင်တော့ ပရိုင်း တွေပဲကျန်ခဲ့မှာပေါ့။ ဒါပေမဲ့လည်း ယူကလစ်
က ပရိုင်းတွေဟာ အနန္တရှိ တယ်လို့ သူရဲ့ယူကလစ်ကျမ်းမှာ သက်သေပြခဲ့တယ်ဗျ။”

ပိုင်သွန် !16
“အင်း စိတ်ဝင်စားဖို့ကောင်းသဗျာ ဆက်ပါဦး ကိုဆိုင်ရို“

“p နှင့် q က prime ဆို ရင် pq = N ဆိုပြီး ဆခွဲကိန်း ခွဲလို့ရတဲ့ composite number N ကို လွယ်လွယ်ရှာ
လို့ရတယ်ဗျ။ ကွန်ပြူတာ တော့ လိုတာပေါ့။ ဒါပေမဲ့ ကိုမြဝေ ကို N ပေးထားပြီး p နဲ့ q ကို ပြန်ရှာ
ခိုင်းရင် အရမ်းခက်တယ်ဗျ။ အရမ်းကြီးတဲ့ N ဆိုရင်ဒါကိုအရမ်းကောင်းတဲ့ စူပါကွန်ပြူတာနဲ့တောင်
အကြာကြီးရှာရတယ်။ သူတို့ကို polynomial time မှာ ရှာရလို့ P ပြသနာလို့ ခေါ်Zတယ်ဗျ။”

“P ပြသနာ တွေက အရမ်းခက် ပေမဲ့ အဖြေရှိသေးတယ်ပေါ့ဗျာ။ နောက်ပြသနာမျိုးကတော့


exponential time မှာ အဖြေရှာရလို့ ဒီပြသနာမျိုးကတော့ သူတို့ကိုဖြေရှင်း ဖို့ကြာချိန်ဟာ စကြာဝဠာ
သက်တမ်းထက်ကြာ လို့ တနည်း လူ မပြောနဲ့ ကွန်ပြူတာတောင် ရှင်းမရ တဲ့ပြသနာမျိုးတွေပေါ့ဗျာ။

“ခင်ဗျား တကယ် လို့ သင်္ချာ နဲ့ ပိုက်ဆံရှာချင်ရင်ဒီပြသနာ ကိုရှင်းဗျ။ အမေရိကန်နိုင်ငံ Clay university
မှာ ဒါကိုရှင်းနိုင်ရင် ဒေါ်Zလာ တသန်းပေးမယ်လို့ ဆိုထားတယ်ဗျ။ အဲဒါကတော့ P vs NP ပြသနာ ဆို
ပါတော့။ ဆိုလိုတာက NP ပြသနာဟာ P ပြသနာလိုပဲ ဖြေရှင်းရနိုင်လား မရနိုင်ဘူး လား။ တူမလား
မတူဘူးလား သက်သေပြဖို့ပါ။”

“သြော် ဒါ ကခုထိ မသိသေးဘူးပေါ့ ကိုဆိုင်ရို”

“ဟုတ်တယ် ကိုမြဝေ။ ဒါပေမဲ့ ပညာရှင် အများစု ကတော့မတူဘူးလို့ ယူဆ ကြတယ်။ တချို့ ကပြော
တာတော့ P နဲ့ NP ဟာ မတူမှဖြစ်မယ် ပေါ့။ ဘာလို့ ဆို သီချင်း တပုဒ် ကောင်းမကောင်း ကို နား ထော
င်တာ နဲ့ လူအများစုက သိတယ်လေ။ ဒါပေမဲ့ လူအများစု ကို သီချင်းကောင်းကောင်း ရေးခိုင် ရင်တော့
မရေးတတ်ကြဘူးလေ။ ပါရမီ ရှင် ဆိုတာ one way function သို့ one way computation တွေ ရှိနေ လို့
သာ ရှိနိုင်တာမျိုးကိုး။ ခုပြောမဲ့ RSA ကလည်း prime တွေပေးထားရင် N ရလွယ်ပေမဲ့ ၊ N ပေး
ထားရင် primes တွေပြန်ရဖို့ ခက်တဲ့ အနေ အထား၊ one way process ပေါ်Z မှီတည်နေရတာပေါ့
ကိုမြဝေ”

“အင်း ဒါတော့ စဉ်းစားဖို့ကောင်းတဲ့ပြသနာပေပဲ ဒေါက်တာဆိုင် ရေ”

ပိုင်သွန် !17
”ဟုတ်ပဗျာ၊ နောက်တခု သိရ မှာ က Euler phi function Φ(N) ပေါ့။ ဒီ ဖန်ရှင်က N ကို ပေးထားရင်
သူ့အောက်မှာ relatively prime ဖြစ်တဲ့ကိန်းအရေအတွက်ကို ရှာပေတယ် ပေါ့ဗျာ”

“အဲ့ဒါ က ဘာတုန်းဗျ”

“ကိန်း ၂ ခု က relatively prime ဖြစ်တယ်ဆိုတာက သူတို့ နှစ်ဦလုံးကို စားလို့ပြတ်တဲ့ အကြီးဆုံး


ဂဏန်း gcd(greatest common devisor) က 1 ဖြစ်တာကိုပြောတာဗျ”

“ဥပမာ 4 နဲ့ 5 ဆို သူတို့ နှစ်ဦးလုံးကို ပြတ်တာ 1 ပဲ ရှိတယ် ဒါကြောင့် gcd(4,5)=1 ဒီလိုရေးပါတယ်”

“4 နဲ့ 6 ဆိုရင် စားလို့ပြတ်တဲ့ အကြီးဆုံးဂဏန်းက 2ပေါ့ ဒီတော့ gcd(4,6) =2 ဒီလိုရေးပါတယ်”

“gcd 1 ရတဲ့ ကိန်း ၂ လုံး ကို relatively prime လို့ခေါ်ပါတယ်။ 4 နှင့် 5 ဆို relatively prime ပေါ့ဗျာ”

“ဒီတော့ ဒါတွေပြောပြရတဲ့ အဓိက အကြောင်အရင်းက ဟိုတခါပြောတဲ့ modular သင်္ချာ မှာ ခုလို

ed=1 (mod Φ(N))

ဆိုတဲ equation မှာ အဖြေရှိ ဖို့ ဆိုရင်

gcd(e,Φ(N))=1

ဖြစ်ဖို့လိုပါတယ်။”

“ ဆိုလိုတာက e နဲ့ Φ(N) သာ relatively prime ဖြစ်ခဲ့ရင် e နဲ့ d မြှောက်ခြင်းဟာ


1 ရမှာ။ တနည်း e ဟာ d ရဲ့ inverse ပေါ့”

“ဒီတော့ ကိုမြဝေ ဒါလောက်နားလည်ပြီဆိုရင် RSA အကြောင်းပြောလို့ရပါပြီ”

ပိုင်သွန် !18
“ဟုတ်ပြီကို ကိုဆိုင်ရို ဆက်ပါဦး”

“တကယ်လို့ ကိုမြဝေ က အင်တာနက်ပေါ်Zက ကုန်ပစ္စည်းတခုခု ရောင်းမဲ့ စီးပွားရေးသမား ဆိုပါစို့။


ဝယ်သူတွေကအများကြီး။ သူတို့က ဝယ်ချင်ရင်သူတို့ရဲ့ ဘဏ် အကောင့် ကိုပေးရမယ်။ ဒါကို
ကြားကဖြတ်ဖမ်းမိရင် အန္တရာယ်ရှိတယ်။ ဒီတော့ ဒါကို ဝှက်ဖို့ encrypt လုပ်ဖို့ လိုတယ်။ အရေးကြီးတာ
ကကိုမြဝေ က encryption key ကို လူတွေအများကြီးသိအောင်ကြေငြာမယ်။ ဒါဆို ဝယ်တဲ့သူက အဲ့
key ကို သုံးပြီး ဝှက်မယ်။ ပြီးရင် ကိုမြဝေ ဆီပို့မယ်ကြားကလူက ဖြတ်ဖမ်းရင် ဒါကို encryption key
ကြည့်ယုံနဲ့ မဖော်နိုင်ဘူး ဘာလို့ဆို ကိုမြဝေ ဆီမှာပဲ decryption key ဖော်တဲ့သော့က ရှိလို့ပါ။”

“၁: ကိုမြဝေက အတော်ကြီးတဲ့ prime number နှစ်ခု p နဲ့ q ကို ရွေးလိုက်ပါ

၂: p နဲ့ q ကို မြှောက်ပြီး pq=N ကိုရှာပါ

၃: Φ(N) =Φ(pq)= (p-1)(q-1) ကိုရှာပါ ဒီ function က N ပေးထားရင်ရှာဖို့ခက်ပါတယ်။ ဒါပေမဲ့ N က


prime ဖြစ်ရင်တော့ ခု formula နဲ့ရှာလို့လွယ်ပါတယ်။

၎: ပြီးရင် 1< e <Φ(N) နဲ့ gcd(e,Φ(N))=1 ဖြစ်တဲ့ e ကို ရွေးပါ

၅: (e, N) ဒီကိန်း ၂ ခု က public key ပါ။ တနည်း ကိုမြဝေ ဆီက ဝယ်မဲ့သူ ဘယ်သူမဆို ဒီနှစ်ခု သုံး
ပြီး သူတို့ bank account နံပါတ် ကို ဝှက်ရမှာပါဝှက်နည်းက ဥပမာ အကောင့်က m ဆိုရင်

c = m^e (mod N) ပါ

e နဲ့ N ကိုသုံးပြီး m ကို c ပြောင်းပါ။ ပြီးရင်ကိုမြဝေဆီပို့ပေါ့ ဒါဆိုကြားကဖြတ်ဖမ်းသူက m ကိုမသိနိုင်


တော့ဘူး။ c ကိုပဲရမယ်။

၆: ကိုမြ ဝေ က ed=1(mod Φ(N)) ကနေ d ကိုရှာပါ။ d ဟာ e ရဲ့ multiplicative inverse ပါ။ တနည်း
decryption key။ သော့ပေါ့။ ဒါကို ကိုမြဝေက သိမ်းထားရမှာပါ။

ပိုင်သွန် !19
၇: ဝယ်သူ ဆီ က c ရောက်လာတဲ့အခါ

c^d=( m^e)^d = m^de=m^1=m

m ကို ရပါပြီ။ ဒီနည်းနဲ့ကြားက လူက မသိနိုင်ပဲဝှက်စာ ပို့နိုင်ပါပြီ ကိုမြဝေ”

“အာားးးး တော်တော်တော့ ရှုပ်လဲရှုပ်တယ်။ စိတ်ဝင်စား ဖို့လဲကောင်းတယ် ကိုဆိုင်ရို ရေ။


ဒါနဲ့ကြားက လူက N နဲ့ e ကနေ d ကိုမရှာ နိုင်ဘူးလား ကိုဆိုင်ရို”

“ရှာဖို့ခက်တယ် ကိုမြဝေ အဓိက ကတော့ အထက်ကပြော ခဲ့သလိုပဲ N ကနေ p နဲ့ q ကို ခွဲဖို့က N သာ
အတော်ကြီးမယ် ဆို အရမ်းကြာမှာပါ။ p နဲ့ q ရမှ Φ(N)=(p-1)(q-1) ကနေ Φ(N) ရမယ်။ အဲ့ကနေ e နဲ့ d
ကိုရှာနိုင်မှာပါ။”

“ဒီတော့ RSA ရဲ့ လုံခြုံရေးဟာ N ကို p နဲ့ q အဖြ uniquely ဆခွဲနိုင်တဲ့အပေါ်Zမူတည် တယ် ကိုမြဝေ။
ဒါက လက်ရှိတော့ အဲ့ program(algorithm) ကို ရေးနိုင်တဲ့သူမရှိသေးဘူးပေါ့ ကိုမြဝေ။ ရေးနိုင်ခဲ့ရင်
ဘဏ်တွေဖောက်ပြီး ချမ်းသာပြီပေါ့ဗျာ ဟားဟားဟား”

“ဟား ဒါ ဆိုဒီပြသနာ က အတော်ကြီးတာပဲ ကိုဆိုင်ရို“

“ဟုတ်တာပေါ့ ကိုမြဝေ။ ဒါပေမဲ့ ဒါကိုလုပ်နိုင်ဖို့က လဲ number theory မှာ တဖက်ကမ်းခတ်မှပါ


ကိုမြဝေ”

“အင်း ဗဟုသုတ ရပါပေတယ် ဗျာ။ သိပ်နား မလည်ပေမဲ့ အရေးကြီးပုံ ၊ number theory ရဲ့ အသုံးဝင်
ပုံကိုတော့ မှန်းမိပါတယ်ဗျာ"

"တခုပဲ ကျုပ်တို့နိုင်ငံသိပ်မတိုးတက်သေးတော့ e commerce တွေဘာတွေ မရှိသေးတော့၊ တယော


က်ယောက် က ဒီလုံခြုံရေးကို ဖောက်နိုင်ခဲ့ရင်လည်း စိုးရိမ်စရာတော့မရှိသေးပါဘူးဗျာ။ဒီလိုကြတော့လဲ
ကျုပ်တို့ ခေါင်းဆောင်တွေရဲ့အမြှော်အမြင်ကြီးမှု ကို ဝမ့်ဆွေ့ ဝမ့်ဆွေ့ဝမ့်ဝမ့်ဆွေ့ပါ ဗျားးး”

ပိုင်သွန် !20
စကြာဝဋ္ဌာဦးမှာ မောင့်ကိုထားရစ်ခဲ့

(၁)

သက္ကရာဇ် ၄၀၀၆ ၊ ဂဲလီလီယို အာကာသသိပ္ပံ စင်တာ ၊ယူရိုးပါး(ဂျူပီတာ၏ဂြိုဟ်ရံလ)။


ခပ်ပြေပြေတိုက်ခတ်လာတဲ့ လေညှင်းကြောင့် ဒေါက်တာစစ်လူ ပင်ပန်းနွမ်းနယ်မှု တချို့ ပျောက်သွား
သလို ရှိသည်။ ညက သောက်ထားတဲ့ အရှိန်မပြေသေးတာလည်းပါမည်။ ယူရိုးပါး ရဲ့ ရာသီဥတုက
ကမ္ဘာ့ မြောက်ဝင်ရိုးစွန်းလောက်အေးခဲသည်။ အနွေးဓါတ်ခံနိုင်ဖို့ လိုသည်။ ကမ္ဘာထက် အောက်ဆီဂျင်
ပါဝင်မှုများသော လေထု ကြောင့် အသက်ရှုရတာတော့ ပိုလန်းဆန်းလက်ဆက်သည်။

ခပ်သုတ်သုတ်ခြေ လှမ်းများဖြင့် အစည်းအဝေးခန်းမထဲသို့ ဝင်ခဲ့သည်။ အစည်းဝေးခန်းမထဲ မှာ


အသုံးချ အာကာသခရီးသွားသုတေသန အေဂျင်စီ (Apply Cosmic Travel Research Agency-
ACTRA )အက်ထရာ ၏ တစ်ဒါဇင်ခန့်သာရှိသော ထိပ်တန်း သိပ္ပံပညာရှင် များထိုင်နေကြသည်။
ဒေါက်တာ စစ်လူ က ဤ ဋ္ဌာန၏ ကွမ်တမ်စကြာဝဋ္ဌာ သိပ္ပံပညာရှင် နှင့် ဝါရင့် အာကာသယာဉ်မှူး
တယောက်ဖြစ်သည်။

အစည်းအဝေးက စနေပြီ။ ဆံပင်ရွှေရောင်၊ မျက်ဝန်းပြာပြာနှင့်ကွမ်တမ်တယ်လီပို့  အင်ဂျင် ဒီဇိုင်းပညာ


ရှင် မစ္စ အက်စသာက ဟိုလိုဂရပ်ဖစ် ပါဝါပွိုင့် ဖြင့် စတင်ရှင်းပြနေသည်။

ဘဲဥပုံ စားပွဲဝိုင်း အလယ်က သုံးဖတ်မြင် ရုပ်လုံးကြွပုံမှာ အေဂျင်စီက နောက်ဆုံး တပ်ဆင်ထုတ်လုပ်


ထားသည့် အချိန်ခရီးသွား ယာဉ်၏ ဒီဇိုင်းဖြစ်သည်။ နောက်ဆုံး flight test ကို အောင်မြင်ခဲ့ပြီပြီးပြီမို့ 
အစည်းအဝေးခန်းမထဲမှာ စိတ်ဓါတ်တက်ကြွမှု များကို မြင်နေရသည်။

"ဒီ အင်ဂျင် က အရင် သမားရိုးကျ အချိန်ခရီးသွား အင်ဂျင်တွေ နဲ့  မူအရ လုံးဝ ကိုကွဲပြားပါတယ်"

သူမက စိတ်အားတက်ကြွမှု ကြောင့် မျက်ဝန်းများ အရောင်လဲ့ နေသည်။

ပိုင်သွန် !21
...ချစ်စရာ ကောင်းလိုက်တာ.. ဒေါက်တာ စစ်လူ ရင်ထဲကတိတ်တိတ်လေး မှတ်ချက်ချလိုက်သည်။

"အရင်မျိုးဆက် အင်ဂျင်တွေဟာ တီတွင်း နည်းပညာ ရိုးရိုးကိုသာ အသုံးပြုထားပါတယ်။ ခု အသစ်စက်


စက် ကျမတို့ ရဲ့  မျိုးဆက်သစ် နည်းပညာက ကွမ်တမ်ဒြပ်ဆွဲ တယ်လီပို့ တေးရှင်း နည်းပညာကို သုံး
ထားပါတယ် "

တယ်လီပို့ တေးရှင်းမှာ အလွန်ဝေးကွာသော နေရာ တခုမှတခု သို့ ရုတ်ချဉ်းရောက်နိုင်သော ကွမ်တမ်ြ


ဖစ်စဉ် တခုဖြစ် သည်။ လွန်ခဲ့သောနှစ်၂၀၀၀ ခန့်ကမူ ဤနည်းပညာဖြင့် ရုပ်ဝတ္ထု များ သတင်းအချက်
အလက်များပေး ပို့ နိုင်ဖို့  မဖြစ်နိုင်ဟုထင်ခဲ့ကြသည်။ သို့ ရာတွင် ကွမ်တမ် နှင့် ဒြပ်ဆွဲ သီဝရီ များကို
ပေါင်းစပ်နိုင်ခဲ့ ပြီး နောက် အသစ်တွေ့ ရှိသော ကွမ်တမ်ဒြပ်ဆွဲ သီဝရီအရ ဒြပ်ဝတ္ထုများကို ဝေးကွာေ
သာ နေရာအချိန်သို့  ပေးပို့ နိုင်လာကြောင်းသိလာရသည်။ ဒီနည်းကို ကွမ်တမ်ဒြပ်ဆွဲ တယ်လီပို့  ဟုေ
ခ်ါကြသည်။

" ကျမတို့  သိကြတဲ့အတိုင်း အရင် ကွမ်တမ်တယ်လီပို့ ဟာဝေးကွာတဲ့ နေရာ၂ခု ကိုပဲ ပို့ ပေးနိုင်ပါတ
ယ်။ အခု တော့ကွမ်တမ်ဒြပ်ဆွဲ တယ်လီပို့  နည်းပညာကတော့ ဝေးကွာလွန်းတဲ့ အချိန် ၂ခု ကိုပါ
ပို့ ဆောင်ပေးနိုင်ပါတယ်။ ဒါက ပဲ အနာဂါတ်ကိုဖြစ်ဖြစ်၊ အတိတ်ကို ဖြစ်ဖြစ် ၊ အထူးသဖြစ်တော့
စကြာဝဋ္ဌာရဲ့  စဦး အချိန်ဖြစ်တဲ့ မဟာပေါက်ကွဲမှုကာလ ဆီ ပို့ ပေးနိုင်မဲ့ အင်ဂျင်တခုကို ကျမတို့ အော
င်မြင်ခဲ့ပါပြီ"

ခန်းမ တခုလုံး လက်ခုပ်သံများ ဆူညံသွားသည်။ အက်စသာ ကအနှစ်ခြိုက်ဆုံး ပြုံးလိုက်ရင်း “ ခု ဒေါ


က်တာစစ်လူ က ကျမတို့ လူ့ သမိုင်း ရဲ့ အကြီးကျယ်ဆုံး နယ်မြေသစ်ရှာဖွေမှု ခရီးစဉ် အကြောင်း ရှင်းပြ
ပါလိမ့်မယ်”

“လက်ခုပ်သံအဆုံးမှာ ဒေါက်တာ စစ်လူ မတ်တပ်ရပ်ရင်း ဟိုလိုဂရပ်ဖစ် ပါဝါပွိုင့် ကို စိတ်ဖြင့် လှမ်းဖွင့်


လိုက်သည်။ သူ့ ညာဘက်နားမှာ တပ်ထားသော နားကျပ်က သူ့ ဦးနှောက်လှိုင်းများကို ဖမ်းယူပြီး၊ အ
နီအောက်ရောင်ခြည်ဖြင့် ဟိုလိုဂရမ်ကို ခိုင်းစေခြင်းဖြစ်သည်။

ပိုင်သွန် !22
ဘဲဥပုံ စားပွဲအလယ်မှာ လှဲထားသည့် ခေါင်းလောင်း ပုံသဏ္ဍာန် စကြာဝဋ္ဌာ ၏ အချိန်နေရာ မြေပုံ ပေါ်
လာသည်။ ကွမ်တမ်ဒြပ်ဆွဲသီဝရီ အရ စကြာဝဋ္ဌာ တခုလုံးမှာ လွန်ခဲ့သော နှစ်သန်းထောင်ပေါင်း ၁၄
သန်းက အလွန် သေးငယ်သော ကွမ်တမ် အမြှုပ် မှ ပေါက်ကွဲ လွင့်ကား လာခြင်းဖြစ်သည်။ ခေါင်းေ
လာင်း၏ ထိပ်မှာ ပေါက်ကွဲမှု စစခြင်းကာလ ဖြစ်ပြီး ခေါင်းလောင်း၏ ကိုယ်ထည်မှာ ကျယ်ကား
လာသော အချိန်နေရာ ဖြစ်သည်။ ဆိုလိုသည်မှာ စကြာဝဋ္ဌာ အစ ၌ အချိန် ဆိုသောသဘော နေရာ
ဆိုသော သဘော မရှိပဲ ကွမ်တမ်အမြှုပ် သဖွယ်ရှိသော စွမ်းအင်မတည်ငြိမ်မှုသာရှိခဲ့သည်၊ ပေါက်ကွဲချိ
န်၌ ယင်းစွမ်းအင်ကအချိန်နှင့်နေရာ ကို ဖန်တီးပေးလိုက်ခြင်းပင်။

" ကျနော်တို့ သိပ်မကြာခင်ကပဲ ကွမ်တမ်ဒြပ်ဆွဲ သီဝရီကို တွေ့ ခဲ့ကြပါတယ် သိပ္ပံပညာ ပြင်ပက လူေ
တွက အရာရာတိုင်းရဲ့ သီဝရီလို့ သိကြတဲ့ အပြည့်စုံဆုံး အမှန်တရား တခုပေါ့"

" တချို့ ကလည်း ခြေမ (TOE)လို့ ခေါ်ကြတယ်" ဒေါက်တာအက်စသာက အရွှန်းဝင်ဖေါက်သည်။

"ဟုတ်ပ ဘာပဲဖြစ်ဖြစ် အမျိုးသမီး တွေ ခြေမကို စိတ်ဝင်စား သလို ၊ ကျနော်တို့ လည်း ဒီခြေမ
( Theory of Everything ) ကို စိတ်ဝင်စားပါတယ် " ဒေါက်တာစစ်လူ က ပြန်အရွှန်း ဖေါက်လိုက်သည်

"သိကြတဲ့ အတိုင်းကျနော်က ကွမ်တမ်ဒြပ်ဆွဲ သီဝရီရဲ့ တွေ့ ရှိမှု ကို စကြာဝဋ္ဌာ ခရီးသွားနယ်ပယ် မှာ
သီဝရီ အရ ရော ၊ လက်တွေ့  ခရီးသွားဖို့ ပါ တွက်ချက် ပေးရသူ ဖြစ်ပါတယ်။ သိပ်မကြာသေးခင်က
ကျနော်တို့ အုပ်စုရဲ့ တွေ့ ရှိမှု အရ မဟာပေါက်ကွဲမှု ကာလ ဆီကို လက်တွေ့ သွားဖို့ ဆိုတာဖြစ်နိုင်ခဲ့ပါပြီ
။ ဒါက ကိုလံဘတ် အမေရိက ကို ခရီးသွားသလို နယ်မြေသစ် ရှာ ဖွေမှုမျိုးပါပဲ"

ညာဘက်ထောင့်မှ ပရော်ဖတ်ဆာ ဂိုးစမစ် က မေးသည်

" ဒါပေမဲ့ ခုဟာ က အချိန် တခု နေရာ တခု မဟုတ်ဘူးလေ။ နယ်မြေသစ်လို့ ပြောဖို့ ဆိုရင် စွမ်းအင်
သက်သက်ပဲ ရှိတဲ့နေရာ။ ရုပ်တောင်မရှိဘူး ပြီးရင် သိပ်သေးလွန်းတယ်"

ပိုင်သွန် !23
" that’s right ။ ဒါပေမဲ့ ကွမ်တမ်ဒြပ်ဆွဲ တယ်လီပို့  ဖြစ်စဉ်ရဲ့ တွက်ချက်မှုက အချိန်ကနေ သူ့ ရဲ့အချိန်ေ
လာင်းလျာ ဖြစ်တဲ့ ကွမ်တမ်အမြှုပ်ဆီကို ပို့ ဖို့ ဖြစ်နိုင်ပါတယ်။ ရုပ်တွေ ဒီနယ်မြေသစ်မှာ မဖြစ်တည်နို
င်ပေမဲ့ E=mc² အရ ယာဉ်နဲ့ယာဉ်ထဲက ခရီးသွားတွေကို ခဏ လောက် စွမ်းအင်ပြောင်းပေးနိုင်ပါတယ်”

" ခဏ ဆိုတာ ဘယ်လောက်လဲ"

" ဟိုက်ဇင်ဘာ့ ရဲ့ မသေချာမှုနိယာမ အရတော့ စွမ်းအင်များများ သုံးရမှာမို့  အချိန် ကို အတိအကျ မမှ
န်း နိုင်ပါဘူး။ ဒါပေမဲ့ ပလန့်  အချိန် (စကြာဝဋ္ဌာ မှာ အမြန်ဆုံး အချိန)် လောက်ပဲကြာလိမ့်မယ်လို့ ယူဆ
ရပါတယ်"

ဒေါက်တာ ဝိုင်းဘက်က ဝင်မေးသည်

"ဒါလောက်မြန်တဲ့ အချိန်မှာ ခဗျား က မဟာပေါက်ကွဲမှုကို လှည့်ပါတ်ကြည့် ဖို့ တောင် အချိန်ရပါ့မ


လား"

ဒေါက်တာ စစ်လူက ပြုံး လိုက်သည်။

"ကမ္ဘာပေါ်မှာတောင်ဝင်ရိုးစွန်း ကို စရှာတုန်းက လည်း သူတို့ ဘီယာသောက်ဖို့  အချိန်မရလိုက်ဘူး


လို့ ပြောကြတာပါပဲ။”

“အလံစိုက်ပြီး ချက်ခြင်းပြန်လှည့်လာကြရပါတယ်။ ကျနော်တို့ က တခုသာတာက ultrafast ကွမ်တမ်


ကွန်ပြူတာ တွေ ယာဉ်ပေါ်မှာ ပါလို့  ကွမ်တမ် အမြှပ်တွေရဲ့ မြေပုံကို ပလန့်  အချိန်တွင်းရိုက်ယူနိုင်မယ်
လို့  ကွမ်တမ်စီမြူလေးရှင်းတွေက တွက်ပြပါတယ်"

ပိုင်သွန် !24
မစ္စတာ ဘွမ်းမရင်းက လက်ထောင်သည်

"ဟုတ်ပါပြီလေ။ မဟာပေါက်ကွဲမှုကိုရောက်တဲ့ အချိန် ခဗျားနဲ့  ခဗျားယာဉ်က ရုပ်ဒြပ်အဖြစ် မတည်ရှိနို


င်ပဲ နဲ့ ဒါတွေကို ဘယ်လို မှတ်တမ်းတင်မှာလဲ? နောက်တခုကပြန်လာဖို့ ကကော ဖြစ်နိုင်မှာလား။ ခ
ဗျား ပြန်ရောက်မှဒေတာတွေကို ကြည့်ခွင့်ရမှာဆိုတော့ လေ"

" ဟုတ်ကဲ့ သတင်းအချက်အလက် သီဝရီ အရ ကျနော်တို့ စွမ်းအင်ပြောင်းသွားလဲ သတင်း အချက်


အလက်ကတာ့ ကိုင်တွယ်နိုင်တဲ့ စွမ်းအင်အမျိုး အစားမို့  ပြသနာ မရှိပါဘူး။ ပြန်လာဖို့ ကလည်း ရုပ်က
စွမ်းအင်ပြောင်း လို့ ရသလို စွမ်းအင်က လည်း ရုပ်ပြန်ပြောင်းလို့ ရတော့ ကိစ္စမရှိပါဘူး။ ဘဏ်မှာ
နိုင်ငံခြားငွေလဲ သလို့ ပေါ့"

" အရမ်းသေး တဲ့ ပလန့် နေရာ ကို ခဗျား ကျုံ့ ဝင်သွားဖို့ ကကော ဖြစ်နိုင်ရဲ့ လား "

" အန့် မင်း (Antman )တောင် ဟိုးပဝေသဏီထဲ က ကျူံ့ နိုင်သေးတာ မပူပါနဲ့ ဟားဟား"

ဒေါက်တာ ဝိုင်းဘက်က ဝင် ပြောသည်။

" ဒီကနေ ကျနော်တို့  အကျိုးအမြတ်ဘာရ မလဲ?"

"တစ် ကတော့ မဟာပေါက်ကွဲမှုကာလရဲ့  ကွမ်တမ် အမြှုပ်တွေရဲ့ မြေပုံ ပေါ့။ ဒုတိယ ကတော့ ဘြာေ
ကာင့် ပေါက်ကွဲတာလဲ သိနိုင် မှာပါ"

“အိုခေလေ။ မေးစရာ အထွေအထူးတော့ မရှိတော့ပါဘူး။ good luck ပါဗျာ”

*********

ပိုင်သွန် !25
(၂)

လသာဆောင်မှာ အေးမြနေပြီး ခပ်ဝေးဝေး က ကောင်းကင်ပြည့် လု နီးပါး ဂျူပီတာ ဂြိုဟ်ကြီးနှင့်


သူ့ ဘေးက အိုင်အို လတို့ ၏ မြင်ကွင်းက ဒေါက်တာ စစ်လူ၏ ရင်ကို လွမ်းမောမှုများနှင့်ပြည့်ဝ စေသ
ည် ။ မနက်ဖြန်ဆို ခရီး စရတော့ မည်။ ခရီးဆိုပေမဲ့ လည်း ကိုလံဘတ် ရွက်လွှင့် သလိုတော့ ကြာ
မည်မဟုတ်ပါ။ တခါတခါတော့ လည်း ဒေါက်တာစစ်လူ အဖို့ က အချစ်ကို နားမလည် သလို ကွမ်တမ်
တယ်လီပို့ တေးရှင်းကို နားမလည် နိုင်ပါ။ ဒီ ၂ခု လုံးက ရှိမှန်းသိပေမဲ့ ဘာမှန်းမသိနိုင်တဲ့ အရာတွေ ဖြစ်
သည်။

ငယ်စဉ်ထဲက ဒေါက်တာ စစ်လူသည် စကြာဝဋ္ဌာ နှင့် စကြာဝဋ္ဌာ ၏ အလုပ်လုပ်ပုံ ကို စိတ်ဝင်စားခဲ့သူ ။


စကြာဝဋ္ဌာမှာ အစရှိတယ်ဟု စကြားဖူးတဲ့ ကာလက ရင်ခုန်မှု မျိုးကို သူမမေ့နိုင်သေးပါ။ ယခုလည်း ဒီခံ
စားမှုမျိုးကို သူရနေသည်။ စကြာဝဋ္ဌာအစ ကို သွားရမဲ့  မနက်ဖြန်ခရီးကြောင့်လား ၊ သူ့ ဘေးက
အက်စသာရဲ့ လေညှင်းထဲလွင့်နေတဲ့ ဆံနွယ်တွေ ကြောင့်လား။ အဝေးက အိုင်အို လ ကြောင့်လား သူ
မခွဲတတ်တော့ပါ။

" မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေတာလား"

အက်စသာက မေးသည်

သူ ခေါင်းငြိမ့်ပြ လိုက်ရင်း အက်စသာကို စိုက်ကြည့်နေလိုက်မိသည်။

"စီမြူလေးရှင်း တွေ ကပြသလို ချော မွေ့ ပါ မလားတော့ ပူမိတယ်။ ဘာပဲဖြစ်ဖြစ် မဟာပေါက်ကွဲမှု ဟာ
ဘာ့ကြောင် ဖြစ်ရသလဲ သိဖို့ ဆို ကိုယ်တို့ အားလုံး ရဲ့ အစကိုတော့ ရောက်ဖြစ်အောင် သွားရမှာပဲ "

သူမက ပြုံးပြ သည် အားပေးပြုံး ဖြစ်သည်။

ပိုင်သွန် !26
"တကယ်လို့ တခုခု အဆင်မပြေ ဖြစ်ခဲ့ ရင်တော့ အရေးပေါ် တယ်လီပို့ သုံးပြီး ပြန်ထွက်ဖို့ 
မမေ့ပါနဲ့နော်"

"မဖြစ်ဘူး အက်စသာ ဘာကြောင့်ပဲ ဖြစ်ဖြစ် ဒီနေရာကိုရောက်အောင်သွားရမယ်"

ဒေါက်တာ စစ်လူ ရင်ထဲကပြော နေခြင်းဖြစ်သည်။ အက်စသာကို မစိုးရိမ်စေချင်ပါ။

"စိတ်ချပါ ကိုယ့် ချစ်သူ ရှိတဲ့ ဆီ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြန် လာခဲ့မှာပါ "

"ကို ရယ်"

*******

(၃)

"အင်ဂျင်"

"အသင်"့

"လောင်စာ"

"အသင်"့

"Detector"

"functioning"

ပိုင်သွန် !27
"အိုကေ ပျံသန်းမှု စမယ်။ တယ်လီပို့  ရန်၊ ရည်တွက်ခြင်းစ"

"၉ ၈ ၇ ၆ ၅ ၄ ၃ ၂ ၁ FIRE!!!"

ဒေါက်တာစစ်လူ မောင်းတံ ကို ဆွဲ လိုက်သည်။ အရာရာကပြိုးပျက် လင်းလက်သွားသည်တယ်လီပို့ ဖြ


င့် ခရီးများစွာသွားခဲ့ ဖူးပေမဲ့ ဒီခရီးက အရင်က အတွေ့ အကြုံ နှင့် မတူ သလို ခံစား မိသည်။ ရုတ်တရ
က် ကျုံ့  ဝင်မှု က မြန်ဆန်လွန်းအားကြီး သလိုပင်။ နောက်တော့ ပေါ့ပါးသွား သည်။ သူကော ဘေးက
အရာတွေ ကော ယာဉ်တခုလုံးပါ ရှိနေမှန်းသိပေမဲ့ ဆုပ်ကိုင်ပြစရာ မရှိသော အခြေတခု။ အချိန်က
ခဲသွားသည်။ အတွေးတို့ တန့် ရပ်သွားသည်။ ငြိမ်သက်သောရေကန်ထဲသို့  ခဲတလုံးပြုတ်ကျလာသလို
မျိုး ခံစားလို့ ကောင်း ပေမဲ့ တခုခု မှားနေတာကို သိလိုက်သည်။ ဒီအတိုင်းဆိုအိမ်ပြန်လမ်းက မဖြစ်နို
င်တော့။ ရပ်တန့်သွားသော အရာအတွက် အပြန်လမ်းဆိုတာ မရှိဘူးလေ။ အက်စသာ ရဲ့ မျက်နှာ၊
လှပတဲ့ အပြုံး ၊ တန့် ရပ်သွားတဲ့ အတွေးကြောင့် အပြုံးကရှည်ကြာ နေတယ်၊

"BANGGGGG"

ငြိမ်သက်တဲ့ ကန်ရေပြင်ထဲ ခဲကျသွားသလို။ သူ့ ဘေးက စွမ်းအင် အားလုံးက အရပ် ရှစ်မျက်နှာကို


ရုတ်ရက် လွင့်စင် သွားသည်၊ အသံမဲ့ ကျယ်လောင်သောပေါက်ကွဲသံက စကြာဝဋ္ဌာ တခုလုံးကို မြည်
ဟီးသွားစေသည်။ ဒေါက်တာစစ်လူ ၏ နောက်ဆုံး သိစိတ် မှာ စကြာဝဋ္ဌာ ၏ အစ မဟာပေါက်ကွဲ
မှု ဟာ ဘာကြောင့်ဖြစ်ရ တာလဲဆိုတဲ့ အဖြေကို သိရှိမှု နှင့်အတူ ပျောက်ပျက်သွား ခဲ့တယ်။

ဒီအဖြေကိုတော့ အက်စသာကို ပြန်ပြောပြဖို့ မဖြစ်နိုင်တော့ပါ။ ရူပဗေဒ က ခွင့်မပြု ခဲ့ဘူးကို။ အရာရာ


က ပေါက်ကွဲ မှု နှင့်အတူ ပြန်စ နေ၊ ပြန်ဖြစ်တည်နေပြီ။

တကယ်တော့ စကြာဝဋ္ဌာဆိုတာ အေးငြိမ်းတဲ့ ၊ တိတ်ဆိတ်တဲ့ ၊သူ တို့ လို သိချင်မှုဆိုတဲ့ မျောက်စိတ်


တွေနဲ့ လက်ဆော့တတ်သူ တွေသာမရှိရင် ထာဝရ မုန်ညင်းစေ့ လောက်သာအမြဲ ရှိနေ မဲ့ အရာပါ။

ခုတော့ သူ့ ကြောင့်  စကြာဝဋ္ဌာ ဟာ ပျက်စီး ပေါက်ကွဲခဲ့ရပြီလေ။ ဘာပဲဖြစ်ဖြစ် သူ့ ကတိ အတိုင်း


အက်စသာထံသို့ မဖြစ်ဖြစ်တဲ့ နည်းနဲ့  သူ ပေါက်ကွဲ လွင့်စင်လို့  ပြန် သွားခဲ့တာအက်စသာ သိမှသိ
ပါလေစ။

*********************

ပိုင်သွန် !28
ရောက်ရာပေါက်ရာ စကားဝိုင်း

တောင်ကုန်းလေးပေါ်က မြင်နေရတဲ့ ညမြင်ကွင်းက ငြိမ်ဆိတ်အေးချမ်းလှသည်။ တချက်တချက်လေ


အတိုးမှာ ဝါးရုံအုပ်ကြားက မြင်နေရသော လမင်းက တခြမ်းထဲပေမဲ့ ကွေးဆဲ။ တိမ်သားဖြူတွေ
တရွေ့ ရွေ့ ကြားမှာ ပုန်းချီ ပေါ်ချီ ညနေ။ အိမ်ရှေ့ အပြင်ဘက် စားပွဲဝိုင်းကိုပါတ်ပြီး ပက်လက်ကုလား
ထိုင်ပေါ် ကို ပိုင် ကျောဆန့် လို့ ကောင်းတုန်း။

"စားပြီးပလား ဗျ ကိုပိုင"်

ကိုမြဝေ အသံကြား၍ ကိုပိုင် လှည့်ကြည့်လိုက်သည်။ ၂ယောက်သား ခြံတံခါးပြန်ပိတ်ပြီး လက်ပြရင်း


ဝင်လာကြသည်။ သူ့ ဘေးက ပလေတို။ အရပ်ပုပြတ်ပြတ် နှင့် ပလေတို ရဲ့ နာမည်ရင်းကကိုအောင်ပွ
င့် ။ သူ့ ဒဿန တွေ ကြားပြီရင်တော့ ဘယ်သူမှ ကိုအောင်ပွင့်လို ထပ်မခေါ်ကြတော့ဘဲ ပလေတို အဖြ
စ်သာ လက်ခံသွားတက်ကြသည်။ နောက်တက်သူတွေကြားမှာတော့ ပလွေတို ပေါ့။

"ဟာ လာ ဗျာ ၊ အလုပ်များနေလို့  မလာကြဘူးတောင်ထင်တာ"

ကိုပိုင် ပြန်နှုတ်ဆက်လိုက်ချိန်မှာ ၂ယောက်သားက ပက်လက် ကုလားထိုင်တွေ မှာ ဝင်ထိုင် ပြီးနေကြ


ပီ။

“ဒီနေ့  ဗျာအလုပ်များ နေတာနဲ့  နောက်ကျ သွားတယ်။”

ပလေတို ကပြောရင်း ရှေ့က လက်ဘက် ပန်းကန်ကိုနှိုက်သည်။ ကိုမြဝေက တော့ ထုံးစံအတိုင်းသူ့ အိ


တ်ထဲက သူဇာ ဆေးပေါ့လိပ်ကို ထုတ်ပြီးမီးညှိရင်း

"အလကားပါဗျာ သူ့ မဟေသီရစ်နေ လို့  အတင်း နားချပြီး ခေါ်လာခဲ့ရတယ်"

"ဟားဟား ပလေတိုရဲ့ ဒိုင်ယာလက်တစ်တွေလည်း မိန်းမနဲ့ ကျတော့ မိုနိုလော့ဂ် တွေဖြစ်ကုန်ပြီး နားစ


ည်ခေါင်းငြိမ့် လုပ်ခဲ့ရတယ်ဆိုပါတော့ ဟားဟား"

ပိုင်သွန် !29
"ဟုတ်ဘူးဗျ အာ့ကို ပလေတိုနစ် လာ့ဗ် လို့ ခေါ်တယ်"

" ဟ ဟုတ်ပါပြီ ကိုပလွေတိုရယ် ဟားဟားဟား"

ရယ်သံများ ဖြင့်မိတ်ဆွေ တစ်စုရဲ့  စကားဝိုင် အစပျိုးချိန်။သူတို့ မကြာခဏ ဝိုင်းဖြစ်ကြသည်။ရောက်တ


က်ရာရာ ပြောရင်း ညခင်းများကို ဖြတ်သန်း ခဲ့ကြသည်။ ကိုမြဝေက

" ပေါ်တူဂီပွဲ ကြည့်ဖြစ်သေးလား ဗျ၊ ဒို လေး နောက်ဆုံးမိနစ် ဖရီးကစ် အရမ်းမိုက်တယ်"

"ဟုတ်ပဗျာ ၊ ဒါပေမဲ့ သူ့ ဖရီးကစ် ဝင်နှုန်းက ကမ္ဘာ့ဖလား မှာတော့ အတော်နည်း ဆိုပဲ"

ပလေတို ကဝင်ဖြည့်သည်။ ကိုပိုင်က လည်း ထောက်ခံရင်း

"ဘက်ခမ်း တုန်းကတော့ ဖရီးကစ်ကထရိတ်မက်ခ် ပဲနော်"

ကိုမြဝေက

"ဖရီးကစ် တလုံးဝင်ဖို့ က လွယ်ဘူးရယ်။ ကန်ချက်ရယ်၊ တိုင်မင်ရယ်၊ လေဖိအားရယ်၊ ဂိုး


သမားရယ်၊ အရေးကြီးဆုံးက လက်ခ် ဗျ"

ပလေတို : " ဘက်ခမ်းကြတော့ ဝေ့ဝိုက်ပြီး လှတယ်နော် ၊ ငှက်ပျောသီးကစ် ဆိုလား ၊"

ကိုပိုင:် " ပျောသီးကြိုက်လို့ လား ဗျ ကိုတိုရဲ့"

ပလေတို : " ဟုတ်ရပါဘူးဗျာ ၊ ဘယ်လိုများ ဝေ့အောင်ကန်လည်း လို့ စိတ်ဝင်စား လို့ ပါ"

ကိုမြဝေ: " သူက ကျင့်ထားတာလို့ တော့ ကြားဖူးတယ်ဗျ၊ ပွတ်ပီး ကန်တာဆိုပဲ ၊ ဘောလုံးက လည်
သွားရင် ဝေ့တယ်၊ လေဖိအားနဲ့ ဆိုင်တယ်လို့ တော့ ပြောကြတာပဲ၊ ကိုပိုင် ကော ဘယ်လို ထင်လဲ?"

ပိုင်သွန် !30
ကိုပိုင:် "စပင် ကြောင့်ဗျ ၊ ဘောလုံးက သွားတဲ့ ဒါရိုက်ရှင်နဲ့ ထောင့်မှန်ကျ ဝင်ရိုးအတိုင်းလည်ရင်
ကွေ့သွားနိုင်တယ် ။ လေဖိအား ရှိရင် ပိုဆိုးတယ် ။ အားသုံးမျိုး စုံချက်ပေါ်မူတည်ပြီး လမ်းကြောင်းက
ကွေ့ပုံ အမျိုးမျိုး ရှိနိုင်တယ်။ ရော်ဘက်တို ကားလို့စ် ပြင်သစ်နဲ့ ပွဲက ကန်ချက်ဆိုကြည့်ပါလား"

ပလေတို: " နို့ ၊ ဒါဆို ရင် သွားတဲ့ ဒါရိုက်ရှင်နဲ့ လည်တဲ့ ဝင်ရိုး တူရင် ရောဗျာ"

ကိုပိုင:် " အဲ့ဒါဆိုရင်တော့ လေထုမပါရင် တည့်တည့်ပဲသွားတယ်ဗျာ"

ကိုမြဝေ: " သြ ဒါကြောင့် ပလွေတို တယောက် လည်ပေမဲ့ အိမ်ပြန်ရင် မိန်းမဆီပဲ တည့်တည့်


ရောက်တာ ဒါကြောင့်လားဗျ"

ပလေတို:" ဟားဟား ခများဗျာ ၊ တည့်တည့်မပြန်ရင် ကျုပ်မျက်နှာ ပြောင်းပြန်လည် သွားမှာပေါ့"

ကိုမြဝေ:" ဟားဟား လုပ်ပြီ"

ကိုပိုင:် " လည်တတ်မှ အဆင်ပြေမှာဗျ ဟီးဟီး"

ကိုမြဝေ :" ဒါနဲ့ ကိုပိုင် လည်တဲ့ ဝင်ရိုးဆိုတာ ဘာဆိုလိုတာလဲဗျ"

ကိုပိုင:် " လှည်းဝင်ရိုးလိုပေါ့ ဗျာ ၊ လှည်းဘီးက ဝန်ရိုးကို ပါတ်လည်နေတာလေ။ လည်တဲ့ ဒါရိုက်ရှင်က


အချိန်တိုင်းမှာ အမျိုးမျိုးပြောင်းနေတာကို ။လည်တာကို လှည်းဘီးရဲ့ အဝန်းလို့  သဘောထားရင်၊
အချိန်တိုင်းမှာရှိတဲ့ လှည်းဘီးရဲ့ လည်နှုန်းကို လှည်းဘီးစက်ဝိုင်းပေါ် တန်းဂျင့် ကျနေတဲ့ မျှားတွေ
အနေနဲ့ စဉ်းစားနိုင်တယ်လေ။ တန်းဂျင့်ဆိုတာက စက်ဝိုင်းရဲ့ အဝန်းပိုင်းကို အမှတ်တခုမှာပဲထိတဲ့
အချင်းဝက်နဲ့ ထောင့်မှန်ကျတဲ့ မျဉ်းကိုဆိုလိုတာ"

ပလေတို:" အာ့ဆိုရင် စက်ဝိုင်းရဲ့ အဝန်းတလျှောက်မှာ အမှတ်က မရေမတွက်နိုင်တော့ တန်းဂျင့်


မျဉ်းက လည်း အနန္တပေါ့ ၊ အဲ့လိုလား"

ပိုင်သွန် !31
ကိုပိုင:် " ဟုတ်တယ် ဗျ၊ အဲ့ လောက်များတဲ့ ဒါရိုက်ရှင်တွေကို တခုထဲနဲ့ ပြောဖို့ အကောင်း ဆုံးနည်းက
ဝန်ရိုးတိုင်း သွားတဲ့ မျှားပဲလေ။"

ကိုမြဝေ:" အော်ပေါက်ပြီဗျို့  ဒါဆို လည်တဲ့ ဒါရိုက်ရှင်ကို သူနဲ့ ထောင့်မှန်ကြတဲ့ ဝန်ရိုးနဲ့ ကိုယ်စားပြု


တာပေါ့ ဟုတ်လား"

ကိုပိုင:် " ဟုတ်တယ် ။ နာရီကိုကြည့်ဗျာ နာရီ လက်တံ လည်တဲ့ အတိုင်းလည် လို့ ရတယ်။ ပြောင်း
ပြန်လည်လို့ လဲ ရတယ် ။ လည်နည်း ၂ မျိုး ရှိတာပေါ့ ။ ဒါကြောင့် ဝန်ရိုးလည်း၂ခု ရှိတယ် ။ တခု နဲ့
တခုက ဦးတည်ရာ ပြောင်းပြန် ပေါ့။ သင်္ချာ အရတော့ နာရီလက်တံပြောင်းပြန်လည်ရင် အပေါင်းကိန်း
ဗျ ။ နာရီလက်တံ အတိုင်းက အနှုတ်ပေါ့"

ပလေတို:" အာ့နဲ့ ဘောလုံးနဲ့ က ဘာလိုဆက်စပ်လည်း ၊ ပြန်ရှင်းပါဦးဗျ"

ကိုပိုင:် " ဘောလုံးကို ကန်တဲ့ အချိန်မှာ အားရဲ့ ဒါရိုက်ရှင်ပေါ်မူတည်ပြီး ဘောလုံးမှာ အဟုန် ၂မျိုး
ဖြစ်တယ်ပေါ့ ဗျာ။ ပွတ်ကန်တယ်ဆိုတာက ဘောလုံးကို အဖြောင့်အဟုန်နဲ့ ထောင့်ပြောင်းအဟုန်
ကို တပြိုင်တည်းပေးလိုက်တဲ့ တက်ခနစ်ပေါ့။ ဘောလုံးက ရှေ့ကိုပြေးရင်း တပြိုင်တည်း လည်
တာပေါ့ ။ ဒီ အချိန်မှာ ဘယ်ဝန်ရိုးကို ပါတ်လည် လဲ က စကားပြောတယ်။ တည့်တည့်သွားနေတာ
ကို ထောင့်မှန်ကျတဲ့ ဝန်ရိုးနဲ့ လည်ရင် လည်တဲ့ အဟုန်က တည့်တည့်ပြေးတဲ့အဟုန် နဲ့ ပေါင်းပြီး
လမ်းကြောင်း ကွေ့ နိုင်တယ်"

ပလေတို:" သြ ဒါဆိုရင် ပြေးတဲ့ ဒါရိုက်ရှင်နဲ့ လည်တဲ့ ဝန်ရိုးထပ်တူကျ ရင်တော့ အဟုန် ၂ခုက မပေါင်း
ဘူးပေါ့"

ကိုပိုင:် " ဟုတ်ပ ။ အမှန်တော့ လည်တဲ့ အဟုန်က သူ့ ဝန်ရိုးနဲ့ ထောင့်မှန်ကျတာကို ။ ဒီတော့ အဟု
န်၂ခု က ပေါင်းမရဘူးပေါ့ ။ ဒါကြောင့်တည့်တည့် သွားတာပေါ့"

ပိုင်သွန် !32
ကိုမြဝေ:" အေးဗျ လည်ချင်းက အတော်နက်ရှိုင်းတာပဲ ၊ ဒါကြောင့်လဲ လည်တဲ့သူတွေ ကြီးပွားတာ
နေမယ်ဗျ ဟားဟား"

ပလေတို:"ဟားဟား လုပ်ပြီ "

ကိုမြဝေ:" ဒါနဲ့ ကိုပိုင် လည်တဲ့ အကြောင်းသိဖို့  အတော် ခက်ခဲ့တယ်ဆိုတာ ဟုတ်လားဗျ၊ ပြီးတော့


အလင်းရဲ့ polarization ဆိုတာကလည်း လည်တာနဲ့ ဆိုင်တယ်ဆိုတာကကော"

ကိုပိုင:် " လည်တာသာ မရှိရင် ကျနော်တို့ ရှိ မလာဘူးဗျ"

ပလေတို:" ဘာကြောင့်လဲ"

ကိုပိုင:် " ပထမဆုံးတော့ ကမ္ဘာသာ မလည်ရင် နေ့ နဲ့ ည မရှိဘူးပေါ့။ နေကို ပါတ် မလည်ရင် ရာသီဥတု
မရှိဘူးပေါ့။ အဲ့ဒါထက် အရေးကြီးတာက အခြေခံ အမှုန်တွေသာ မလည်ရင် ရုပ်ဝတ္တုတွေဟာ တခုကို
တခု သိပ်နီးကပ်လာတဲ့အချိန်မှာ ကန်မထုတ်နိုင်ဘူး။ ခဗျား ထိုင်ခုံပေါ်ထိုင်ရင် ကျွံကျ သွားမယ်။
တခုခု ကိုင်ရင် ghost ကား ထဲကလို ပက်ပစီ အဖုန်းတောင် ကိုင်လို့ ရမှာ မဟုတ်ဘူး။ အမှန်ကတော့
အဲ့ဒါကို pauli exclusion principle လို့ ခေါ်တာပေါ့၊ စပင်က (လည်တယ်ဆိုတာက) ဒီ ကွမ်တမ်
အရည်အချင်း ၄ ခုထဲက တခုပေါ့။ဒါပေမဲ့ စပင်သာ မရှိရင် အခြေခံ အမှုန်တွေဟာ အခု နဲ့ မတူနိုင်တော့
ဘူး။ ဒါဆို အခြေခံအမှုန်တွေကနေ လုပ်ထားတဲ့ ကျနော်တို့လည့် အခုလို ရှိနေမှာ မဟုတ်ဘူး"

ပလေတို:" အေးဗျ တခါတလေ ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့ အရာတခုရဲ့ အကျိုးဆက်က အံ့သြ


စရာပဲနော်"

ကိုမြဝေ: " ဟုတ်ပ ဗျာ၊ ဒါနဲ့ polarization ကကောဗျ"

ကိုပိုင:် "polarization ကို စသိကြတာက greenland ကျွန်းက ရတဲ့ calcite ခေါ်တဲ့ သလင်း ကျောက်
တမျိုးကို လေ့လာရာကလနေ စသိကြတာပေါ့"

ပိုင်သွန် !33
ပလေတို:" ကြားဖူးတယ်ဗျ အလင်းကို အဲ့သလင်းကျောက်ထဲ ဖြတ်ခိုင်းကြတာမှာ ပုံရိပ် ၂ထပ် ဖြစ်
နေလို့ ဆိုတာမလား"

ကိုပိုင:် " ဟုတ်တယ်၊ အဲ့ ခေတ်က အလင်း နဲ့ ပါတ်သတ်ရင် ဆရာ ၂ဆူက ဟိုက်ဂျင် နဲ့ နယူတန်ဗျ။
ဟိုက်ဂျင်ကော နယူတန် ပါ ကျေနပ်လောက်အောင် မရှင်းပြနိုင်ခဲ့ဘူး ဒီ ပုံရိပ် ၂ထပ် ကိစ္စကို"

ကိုမြဝေ : သူဇာ ကို မီးညှိရင်း " ဒါနဲ့ ပိုလာရိုက်ဇေးရှင်း က လည်တာလားဗျ"

ကိုပိုင:် " လည်တာ ဆိုတာထက် အလင်းကို အဲ့ အချိန်က လှိုင်းလို့ ယူဆကြတော့ လျှပ်စစ်လှိုင်း
ရဲ့ ဒါရိုက်ရှင်ကို ဆိုလိုချင်တာပါ။ အလင်းက လျှပ်စစ်သံလိုက်လှိုင်းပေါ့ ။ ကျနော်တို့ နေတဲ့ ကမ္ဘာ
ဟာ ၃ ဒိုင်မင်းရှင်းရှိတယ်။ အလင်းက ဒိုင်မင်းရှင်း တခု အတိုင်းသွားရင် ကျန်တဲ့ ၂ခုက သွားတဲ့
ဒိုင်မင်းရှင်းနဲ့ ထောင့်မှန်ကျတယ်လေ။ အဲ့ ၂ခု ကလည်း အချင်းချင်း ထောင့်မှန်ကျတော့ တခုမှာ
လျှပ်စစ်လှိုင်းနေရင် နောက်တခုမှာ သံလိုက်လှိုင်းနေတယ်။ polarization ဆိုတာကတော့ လျှပ်စစ် လှို
င်း အနေနဲ့ ပဲစဉ်းစားတာပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ ၂ခုက အမြဲတမ်း ထောင့်မှန်ကျနေတော့
တခု ကိုသိရင် နောက်တခုသိတယ်လေ။ အစဉ်အလာအရ လျှပ်စစ် လှိုင်းကိုပဲစဉ်းစားတာပေါ့။
လျှပ်စစ်လှိုင်း အနေနဲ့ အလင်းသွားရာနဲ့ ထောင့်မှန်ကျ နေနိုင်တာ ၂ခု ပဲရှိတော့ polarization က
၂ခုပေါ့"

ပလေတို :" ဝိုး ဒါဆိုပုံရိပ်၂ထပ် ဖြစ်နေတာက polarization ၂ခု ကြောင့်ပေါ့"

ကိုပိုင:် " ဟုတ်တယ် ကိုတို ၊ သလင်းရဲ့ ဖွဲ့စည်းမှုပေါ်မူတည်ပြီး ဆိုင်ရာ polarization ကို ပဲ


ဖြတ်ခွင့်ပြုတဲ့ polarizer ၂ခု ရှိတဲ့ အခါ ပုံရိပ် ၂ခု ဖြစ်တာပါပဲ"

ကိုမြဝေ:"ဒါဆိုရင် နေကာ မျက်မှန်တို့ ၊ တဘက်ထဲ မြင်ရတဲ့ မှန်တို့ ကကော polarizer တွေလား ဗျ"

ပိုင်သွန် !34
ကိုပိုင:် " သေချာတာပေါ့ ကိုမြဝေ၊ သူ့  အသုံးကတော့ အများကြီးပါ"

ပလေတို:" အံ့သြစရာပဲနော်၊ ဒါနဲ့ လည်တယ်ဆိုတဲ့ စပင် နဲ့ ကကော ဘာဆိုင်လည်းဗျ"

ကိုပိုင:် " စပင် ကိစ္စပြောရရင် အဲ့ နားမှာ spin , spin state , helicity နဲ့ polarization
ဆိုပြီး ရှုပ်ရှုပ် လေးခုရှိတယ်ဗျ"

ပလေတို:လက်ဘက်သုတ်ကို ပါးစောင်ထဲ ပလုပ်လောင်းထည့်ရင်း " ဝုတ်တယ် လုပ်စမ်း ပါဝူး"

ကိုမြဝေ:" လူဆိုးနှယ် ဝူရင် ဝုတ်သောက်ပေါ့ ဗျ"

ကိုပိုင:် "ဟားဟား စားပါဗျာ ပုဂံတော့ ချန်ခဲ့ "

ပလေတို: “အဟွတ်ဟွတ် နင်ကုန်ပီဗျာ ဟားဟား"

ကိုပိုင:် " အလင်းလှိုင်းကို တခုထဲထိ ခွဲရင် အလင်းလုံးရ တယ်ဗျ။ အလင်းလုံး ရဲ့ အခြေခံ အရည် အချ
င်း ၃ခု ထဲမှာ စပင်ရယ် ဒြပ်ထုရယ် ချာ့ဂ်ျ ရယ်ဆို ရှိတယ်။ စပင် ဆိုတာက ထောင့် θ လည်လိုက်လို့ နဂို
ပုံ ပြန်ရောက်ရင် သူ့ ရဲ့ စပင်ကို စပင် =၃၆၀° /θ ဆိုပြီးတွက်လို့ရတယ်"

ပေလတို:"ဆိုလိုတာက"

ကိုပိုင:် " ဥပမာဆို အီလက်ထရွန်ပေါ့။ သူက ၇၂၀° လည်မှ သူနဂို ပုံစံပြန်ရောက်တယ်။ ဒါကြောင့်
သူ့စပင်က ၃၆၀°/၇၂၀°=၁/၂ ပါ။ စပင် half ပေါ့။ အလင်းလုံးဆို ၃၆၀° လည်မှ နဂို ပုံပြန်ဖြစ်တယ်။
စပင် = ၃၆၀°/၃၆၀°=၁ ပေါ့။ ဒြပ်ဆွဲ လှိုင်းဆိုရင် ၁၈၀° မှာ ပုံမှန်ပြန်ဖြစ်တယ်။ စပင် ၂ ရှိတယ်ပေါ့"

ကိုမြဝေ:" ဝိုး မိုက်တယ်နော်"

ပိုင်သွန် !35
ကိုပိုင:် " ဟုတ်တယ် အဲ့ ဒါက စပင်ပေါ့။ ဒါကြောင့် စပင်ဟာ လည်ခြင်းအောက်မှာ ထပ်တူညီတဲ့ ဒီဂရီ
(symmetry group ခေါ်တာပေါ့) ပေါ်မူတည်သက်မှတ် တာပေါ့။ ကျနော်တို့ နေတဲ့ စကြာဝဋ္ဌာရဲ့
ဒိုင်မင်းရှင်းပေါ်မူတည်တဲ့ လည်ခြင်းအုပ်စု နဲ့ ဆက်စပ်နေတာပေါ့။ "

ပလေတို:"ဒါဆို spin state ဆိုတာကကော"

ကိုပိုင:် " စပင်တွေက မျှားတွေဆိုတော့ ဦးတည်ရာဘက်ရှိကြတယ်လေ။ ဗက်တာပေါ့ဗျာ။ (အီလက်ထ


ရွန်ကိုတော့ စပိုင်နာ လို့ ခေါ်ပါတယ်။ သူ့ ကို ၂၀ရာစုကြမှတွေ့ခဲ့တာ ။သူက ၂ပါတ်လည်မှ နဂိုနေရာပြ
န်ရောက်တော့ နေ့စဉ်ဘဝ မှာ မတွေ့ဘူးကြဘူးလေ) ဒီမျှားရှိတဲ့ ဗက်တာနဲ့ စပိုင်နာ တွေကို အခြေခံ
မျှား တွေက နေ ပေါင်းယူလို့ ရတယ်ဗျ။ ဥပမာ ကိုမြဝေ က အရှေ့ မြောက်ဘက် မျက်နှာ မူတယ်ဆို
ပါတော့ ဗျာ။ အဲ့ဒါက အရှေ့  နဲ့ မြောက် မျှား ၂ခု ပေါင်းထားတာပါပဲ။ spin state ဆိုတာလည်း အဲ့သ
ဘောပါပဲ။ အခြေခံ basis vector တွေကို ပြောတာပါ။ စပင်တခုမှာ စပင်အခြေခံ(spin state) 2S+1
ရှိပါတယ်။ ဆိုလိုတာက အီလက်ထရွန် (စပင်1/2 ဆိုရင်) 2(1/2)+1=2 ရှိတယ်ပေါ့။ up နဲ့ down လို့ 
ခေါ်တာပေါ့။ အလင်းလုံး ဆို (စပင် 1 ပေါ့) စပင်အခြေ က 2(1)+1=3 ပါ။ ဒြပ်ဆွဲလှိုင်းလုံး ဆိုရင် 5 ပေါ့"

ကိုမြဝေ:" ဒါဆိုရင် ပိုလာရိုက်ဇေးရှင်းက ၂ခု ပဲ ရှိပြီး စပင် အခြေ က ဘာလို့  ၃ ခု ရှိနေတာ လဲ ကိုပိုင်
ကြီးရ"

ကိုပိုင:် " ဒါက အခြေခံ အမှုန်တွေရဲ့ ဒြပ်ထုပေါ်မူတည်တယ် ကိုမြဝေ။ အခြေခံ အမှုန်တွေမှာ ဒြပ်ထု
မရှိရင် ရပ်လို့ မရဘူး။ ဒါက စပယ်ရှယ် နှိုင်းယျ ကြောင့်ဗျ။ အိုင်းစတိုင်းအလို အရ နားနေဒြပ်ထု သုည
ရှိရင် နားလို့ မရဘူး။ နားရင် ဒြပ်ထုမှ မရှိတာ ဘယ်နားမလဲဗျာ နော့။ နားမရတဲ့ အမှုန်က " rest frame"
နားတဲ့ အညွှန်းဘောင် မရှိတော့ဘူး ။ နားတဲ့ အညွှန်းဘောင် ရှိမှ နေရာ ဒိုင်မင်းရှင်း ၃ခု လုံးက စပင်
အခြေ တွေ နေလို့ ရပါတယ်။ နားနေဒြပ်ထု သုည ဖြစ်လို့ နားလို့ မရတဲ့ အလင်းလုံးနဲ့ ဒြပ်ဆွဲလှိုင်း
လုံးတွေကတော့ ပြေးနေရတဲ့ ဦးတည်ရာဘက် နေရာကို နေရာ ဒိုင်မင်းရှင်း ၃ ခုထဲက နှုတ်လိုက်လို့
အမြဲတမ်း ၂ခုပဲ ကျန်ပါတယ်။ ပိုလာရိုက်ဇေးရှင်း ၂ခု ပဲ ရှိတာ အလင်းတွေပြေးနေရလို့ပါ။ နောက်တခု
က အလင်းတလုံးချင်းစီမှာ စပင်ပဲရှိပါတယ်။ အလင်းလုံးတွေ အများကြီးပေါင်းပြီး classical wave
ဖြစ်မှ ပိုလာရိုက်ဇေးရှင်းခေါ်တာပေါ့"

ပိုင်သွန် !36
ကိုမြဝေ: သေနေတဲ့ ဆေးပေါ့လိပ်ကို မီးညှိရင်း"မိုက်သဗျာ ၊ helicity ဆိုတာကကော"

ကိုပိုင် ရေနွေးကြမ်းငှဲ့ရင်း" အလင်းနဲ့ ဒြပ်ဆွဲလှိုင်းလုံးလို ပြေးနေတဲ့ အခြေခံအမှုန်တွေမှာ စပင်က


၂ခု ပဲကျန်တော့တယ်လေ ၊စောစောက ပြောသလို။ အဲ့စပင်တွေရဲ့ ဝင်ရိုးက ပြေးတဲ့ အဟုန်ရဲ့ ဦး
တည်ရာနဲ့ အတူတူပဲပေါ့။ ပြောရရင် ဘောလုံးကို ဖရီးကစ်ကန်တဲ့အခါ ဝါးလုံးထိုးကန် သလို မကွေ့ပဲ
တည့်တည်ပြေးသလိုပေါ့။ ဒါကြောင့် အလင်းလုံးနဲ့ ဒြပ်ဆွဲလှိုင်းလုံးတွေဟာ တခြားအားသာ မရှိရင်
တည့်တည့် သွားကြတာ ဒီစပင်နဲ့ အဟုန် ဦးတည်ဘက်တူလို့ပါ။ ဒါကို helicity လို့ ခေါ်ပါတယ်။ ဝက်အူ
လိမ်သလို ပေါ့ဗျာ ။ လက်ရာရစ် လက်ဝဲရစ် ၂မျိုးပဲ ရှိတယ်။"

ကိုမြဝေ :"ဝါး ဒါဆိုရင် ဘက်ခမ်း နဲ့ ကားလို့ စ်က အလင်းလုံးထက် ပိုစွမ်းတာပေါ့ဗျ၊ဟားဟား။


သူတို့က ဝေ့အောင်ကန်လို့ ရတယ်လေ။ဟီးဟီး"

ကိုပိုင:် "ဘောလုံးက နားနေဒြပ်ထုရှိတာလဲပါတာပေါ့ ဟားဟား။ အလင်းကို ကန်ခိုင်းရင်တော့


ဂိုးသမားမိမှာဗျ ဟားဟား"

ပလေတို:"ဒါမဲ့ဗျာ နားမလည်တာက rest frame မရှိတာနဲ့ စပင်အခြေ ဘာလို့ လျော့တာလဲဗျ"

ကိုပိုင:် " ဒါက ဒီလိုဗျ အိုင်းစတိုင်ရဲ့ စပယ်ရှယ်နှိုင်းယျ အရ inertial frame မှန်သမျှ အတူတူ
ပဲဗျ။ နားနေဖရိမ(် rest frame) နဲ့ အလျင်ကိန်းသေနဲ့ သွားတဲ့ ဖရိမ် မှန်သမျှဟာ အင်နာရှယ်ဖရိမ်တွေ
ပါပဲ။ဒီဖရိမ်တွေက အတူတူပဲဆိုတာက တခု သိရင် တခု ကို ပြောင်းလို့ရတယ်။ ပြောင်းတဲ့နည်းကို
လောရင့်ဇ် အပြောင်း လို့ ခေါ်တာပေါ့။ ဒြပ်ထုသာ ရှိရင် နားလို့ ရတယ်။ နားတာကို သိရင် အလျင်နဲ့
ပြေးတဲ့ ဖရိမ်ကိုလည်း သိနိုင်တယ်။ အတူတူပဲ။ အဲ့ဒီတော့ နားနေဖရိမ်မှာ စပင် အခြေ ၃ခု ရှိရင်
ပြေးလွှားဖရိမ်မှာလည်း စပင် အခြေ၃ ခုပဲပေါ့။ ကျနော်တို့  ခုထိုင်နေတယ်မဟုတ်လား။ ပါတ်ဝန်း
ကျင်ကို လှည့်ကြည့်ကြည့်လေ။ အရှေ့အနောက် ၊တောင်မြောက်၊ အပေါ်အောက်ဆိုပြီး ဦးတည်ရာ
၃ဘက်ရှိတယ်လေ။ ဒါပေမဲ့ နားလို့ မရတဲ့ အလင်းလုံးတွေမှာ ပြေးနေတဲ့ ဘက်ကို ထည့်တွက်မရ
ဘူး။ ကျန်တဲ့ ဘက် ၂ခုမှာပဲ စပင်အခြေ ကနေနိုင်လို့ပါ။ ဒါကို ဟေလစ်စတီ ခေါ်ပြီး ဒြပ်ဆွဲလှိုင်းလုံးနဲ့
အလင်းဟာ ဟေလစ်စတီ ၂ခု ရှိပါတယ်။"

ပိုင်သွန် !37
ကိုမြဝေ:" စပင် အခြေ ၃ခု ရှိတဲ့ စပင် 1အမှုန်ရှိလားဗျ"

ကိုပိုင:် " ရှိပါတယ်။ အားပျော့အမှုန်တွေပေါ့"

ပလေတို :" အားပါးပါး လည်တာက အတော်လည်တယ်ဗျ ၊မူးသွားတာပဲ"

ကိုမြဝေ:" ဟားဟားကြည့်လုပ်ဗျာ မူးလာလို့ မဒီ ရိုက်တာခံနေရ ဦးမယ်"

ပလေတို:" ဟားဟား ချော့ရတာပေါ့ဗျာ၊ ဒါနဲ့ ခုဟာတွေက ဘယ်နားမှာသုံးလဲဗျ"

ကိုပိုင:် " အလင်းနဲ့ အီလက်ထရွန်တွေရဲ့ စပင်က အဝေးကနေ ကမ္ဘာမြေကိုလာတဲ့ အခါ ဖလင်


ပြားပေါ်ဖမ်းယူရင် fine structure ခေါ်တဲ့ အစင်းလေးတွေ ဖြစ်တယ်ဗျ ။ အဲ့ဒါကိုကြည့်ပြီး အဝေးက
ကြယ်နဲ့ ဂြိုဟ်တွေမှာ ဘာ ဒြပ်စင်ရှိလဲ ပြောနိုင်တယ်။ ဒီလိုပဲ ကမ္ဘာပေါ်က ဒြပ်စင်တွေကိုလည်း
စပင်ကြောင့်ပေါ်လာတဲ့ အစင်းကြည့်ပြီး ခွဲနိုင်တယ်။ နောက်တခုက စပင်ကို သံလိုက်စက်ကွင်းထဲထား
ရင် လမ်းကြောင်းကွေ့သွားတယ်။အထူးသဖြင့်နားနေဒြပ်ထု ရှိတဲ့ အီလက်ထရွန်တွေပေါ့။တီဗွီကို အဲ့
အရည်အချင်းတွေကနေလုပ်ထားတာဗျ။ ခုဆိုရင် သိပ်မကြာသေးခင်ကပဲ ဒြပ်ဆွဲလှိုင်းရဲ့
အလျင်ဟာ အလင်းအလျင်နဲ့ အတူတူပဲလို့  ဒြပ်ဆွဲလှိုင်းတယ်လီစကုပ် (လီဂို၊ဗာဂိ)ု နဲ့ အလင်းတယ်
လီစကုပ် ၂ခု ရဲ့ တိုင်းတာမှု အရ သိရတယ်ဗျ ။ဆိုလိုတာက ဒြပ်ဆွဲလှိုင်းလုံးမှာလဲ နားနေဒြပ်ထုမရှိ
ဘူးလို့ ဆိုလိုတာပေါ့။ သိပ်မကြာခင် ဒီအချက်ကနေ တွင်းနက်တွေနဲ့ ဘစ်ဘန် ရဲ့ အတွင်းပိုင်းကို
ကြည့်မရဘူးလို့ဘယ်သူပြောနိုင်မှာလဲဗျာ။ လူသားဟာ စကြာဝဋ္ဌာကို အသိဉာဏ်တခုထဲနဲ့ အောင်
နိုင်တာကိုပြနေတာပေါ့။ တချိန်က စကြာဝဋ္ဌာကို မသိနိုင်ဘူးလို့ ထင်ခဲ့ကြဘူးတယ်လေ။ တခါတလေ
မှာ ဘာမှမဟုတ်ဘူးထင်ရတဲ့ လည်ခြင်းကိုနားလည်မှုက လည်း အံ့ဖွယ် ထိုးထွင်းမှုကိုပေးချင်ပေး
နိုင်မှာပေါ့ဗျာ။"

ကိုမြဝေ:" အေးဗျ တရုတ်သိုင်းကားတွေတော့ လည်တာမပါရင် မပြီးဘူးဗျ။ဟားဟား ကြည့်လို့တော့


ဆွဲဆောင်မှုရှိသဗျာ"

ပိုင်သွန် !38
ပလေတို က ကျောတချက် အညောင်းဆန့်ရင်း "အေးဗျာ တော်တော်လည်း လည်ပါပြီ။ အပေါ်က
လည်နေတဲ့ လမင်းလည်း အတော်လည်ပြီဆိုတော့ ပြန်ကြဦးစို့ "

ကိုမြဝေ:" ဟားဟား အိမ်မှာမဒီနဲ့သာ လည်ထွက်မသွားစေနဲ့ ဦး။ ကဲပြန်ဦးမယ် ကိုပိုင်ရေ၊ နောက်


များမှ ထပ်လည်ကြတာပေါ့ဗျာ"

ညက အတော်နက်ပြီ။ ကိုပိုင်လည်းအမှောင်ရိပ်ထဲ ပျောက်သွားသောကျောပြင်များ ငေးကြည့်ရင်း


ညဥ့်လေအေးကိုခံယူလျက် အိမ်ထဲ ဝင်ခဲ့ပါတော့သည်။

ပိုင်သွန်

ပိုင်သွန် !39

You might also like