You are on page 1of 16

Working Document

အချိုးကျ ကိုယ်စားပြု (Proportional Representation)


ရွေးကောက်တင်မြှောက်ခြင်းစနစ်

ကိုယ်စားပြုဒီမိုကရေစီစနစ်တွင်နိုင်ငံဦးဆောင်မှုနေရာအတွက် ရွေးကောက်ပွဲပြုလုပ်ရပါသည်။ ရွေးကောက်

တင်မြှောက်ခြင်းစနစ်အမျိုးမျိုးထဲက ကမ္ဘာမှာ ပထမဦးဆုံးပေါ်ပေါက်ခဲ့သောစနစ်လည်းဖြစ်၍ မြန်မာပြည်မှာ

ကျင့်သုံးနေဆဲစနစ်သည် မဲများသူ အနိုင်ရ (winner-take-all) စနစ်ဖြစ်သည်။ အင်္ဂလိပ်လို First Past the

Post (FPTP) စနစ်ဟု ခေါ်သည်။ Plurality – Majority Voting ဟုလည်း ခေါ်ဆိုကြသည်။ ဤ FPTP

ထက်ပိုမိုကောင်းမွန်ပြီးကိုယ်စားပြုမှု မျှတသောစနစ်အဖြစ် ပေါ်လာသော ရွေးကောက်တင်မြှောက်ခြင်း

စနစ်မှာ အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) ဖြစ်သည်။ ဤစနစ်သည်

ဖွံ့ဖြိုးပြီးအနောက်နိုင်ငံများမှာ အများဆုံးအသုံးပြုလာသည်ကို တွေ့ရှိမည်ဖြစ်သည်။ အနောက်ဥရောပနိုင်ငံ

(၂၈)နိုင်ငံအနက် (၂၁) နိုင်ငံသည် ဤစနစ်ကို အသုံးပြုလာသည်။ Australia, Belgium, Cyprus,

Denmark, Finland, Germany, Greece, Ireland, Luxembourg, Malta, the Netherlands, Norway,

Portugal, Spain, Sweden နှင့် Switzerland နိုင်ငံတို့မှာ Proportional Representation (PR) စနစ်ကို

အသုံးပြုကြသည်။ PR ပေါ်ပေါက်လာခြင်း၏အကြောင်းရင်းသည် FPTP ၏ အာနည်းချက်ကြောင့်ဖြစ်၍ ၎င်း

FPTP အကြောင်းကို ဦး စွာဖော်ပြရန် လိုအပ်ပါသည်။

FPTP ၏ အားနည်းချက်

ဤရွေးကောက်တင်မြှောက်ပုံစနစ်သည် ကိုယ်စားလှယ်တစ်ဦး မဲဆန္ဒနယ်တစ်ခု သတ်မှတ်ပါသည်။ ကိုယ်

စားလှယ်လောင်း အများအပြား ၀င်ရောက်အရွေးခံသည့်အခါ မဲဆန္ဒရှင်တွေ၏ ထောက်ခံမဲတွေ

ကိုယ်စားလှယ် လောင်းအားလုံးဆီ ပြန့်နှံ့သွားပါသည်။ ဥပမာ - မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ်လောင်း

(၃)ဦး အရွေးခံ သည် ဆိုပါစို့။ တစ်ဦးက မဲအားလုံး၏ ၄၀%၊ အခြားတစ်ဦးက ၃၅%၊ နောက်တစ်ဦးက

၂၅% ရရှိသည်ဆိုပါ စို့။ ထိုအခါ မဲ ၄၀% ရရှိသူကို ရွေးချယ်ရပါမည်။ ထောက်ခံမဲ ၄၀% ရရှိသူက

လက်တွေ့မှာ ၁၀၀% စလုံးကို ကိုယ်စားပြုသွားပါသည်။ ထောက်ခံမှုထက်ပိုပြီး ကိုယ်စားပြုခြင်း (Over

Representation) ဖြစ်သွားပါသည်။ ကျန်သည့်ကိုယ်စားလှယ်လောင်း နှစ်ဦးရရှိသော မဲစုစုပေါင်း၏

၆၀%သည် အလဟသ ဖြစ်သွားပါသည်။ အ ကယ်၍ မဲဆန္ဒနယ် တစ်ခုမှာ ကိုယ်စားလှယ်လောင်း

1
Working Document

(၄)ယောက် ပြိုင်ကြသည် ဆိုပါစို့။ လေးယောက်စလုံး လည်း မဲဆန္ဒရှင်များ၏ ထောက်ခံမှု

မသိမ်းမယိန်းရှိသည်ဟု ဆိုပါစို့။ ပထမတစ်ယောက်က ၂၅%၊ ဒုတယ


ိ တစ်ယောက်က ၂၅%၊

တတိယတစ်ယောက်က ၂၄%၊ စတုတ္ထတစ်ယောက်က ၂၆% ရရှိပါက မဲ၂၆% ရရှိ သော

ကိုယ်စားလှယ်လောင်းက အနိုင်ရရှိမည် ဖြစ်၍ ၁၀၀% ကိုယ်စားပြုမည်ဖြစ်ပြီး ၇၄%သော မဲသည်

အလဟသ ဖြစ်သွားမည်ဖြစ်ပါသည်။ လက်တွေ့မှာ အထက်ပါ ဥပမာထက် ကိုယ်စားလှယ်လောင်းဦးရေများ

နိုင်သဖြင့် အလဟသဖြစ်သော မဲလည်း ပိုများနိုင်ပါသည်။ ပါတီတစ်ခုသည် အထက်ပါကဲ့သို့ နေရာအနှံ့အ

ပြားမှာ မဲအနည်းငယ်ဖြင့် အနိုင်ရလျှင် မဲဆန္ဒရှင်အများစုက ထောက်ခံခြင်းမရှိသော ပါတီသည်

နိုင်ငံအုပ်ချုပ် ခွင့်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ် ရွေးကောက်တင်မြှောက်ပွဲမှာ တစ်နိုင်ငံလုံးမဲဆန္ဒအရ မဲ ၆၁%သာ ထောက်ခံ

မှုရှိသောလည်း NLD ပါတီသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၈၉ နေရာအနက် ၃၉၈ ယောက် ရရှိ

သဖြင့် နေရာအားလုံး၏ ၈၂% ဖြစ်ပါသည်။ ၂၁% ပိုပြီး ကိုယ်စားပြုသွားပါသည်။ ၆၁%နှင့်အညီ

ကိုယ်စားပြု ခွင့်ရမည်ဆိုလျှင် NLD က ၂၉၆ နေရာသာရရှိမည်ဖြစ်သည်။ ၁၀၂ ယောက်ထက်ပိုပြီး

ကိုယ်စားပြုသွားပါ သည်။ NLD ပိုယူထားသည့် ၁၀၂ နေရာသည် အခြားပါတီငယ်တွေ ရရှိမည့်

ကိုယ်စားလှယ်တွေ ဖြစ်ပါသည်။

FPTP စနစ်ကျင့်သုံးသည့် နိုင်ငံများ

ဤစနစ်ကို ကျင့်သုံးသည့် နိုင်ငံများထဲမှာ ကမ္ဘာ့ထိပ်တန်းဒီမိုကရေစီနိုင်ငံဖြစ်သော အမေရိကန်၊ ဗြိတိန် နှင့်

အိန္ဒိယနိုင်ငံများ ပါဝင်သည်။ အားနည်ချက်တွေ တွေ့ရှိပါလျက် အဘယ်ကြောင့် ဤစနစ်ကို ကျင့်သုံးနေရသ

နည်း ဆိုလျှင် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတွေမှာ ပါတီစုံစနစ်ကျင့်သုံးသော်လည်း ပါတီကြီး နှစ်ခုက လွှမ်းမိုး

ထားသောကြောင့် သူတို့၏ လိုအပ်ချက်နှင့် ကိုက်ညီခြင်းကြောင့် ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံမှာလည်း ပါတီ

ပေါင်း မြောက်မြားစွာရှိသော်လည်း အထွေထွေရွေးကောက်ပွဲများတွင် ပါတီကြီးများကသာ အနိုင်ရပြီး

ခိုင်မာ သည့် အစိုးရ ဖွဲ့စည်းနိုင်သည်။ အခြားရွေးကောက်ပွဲစနစ်ကျင့်သုံးပါက ပါတီငယ်အများအပြား

လွှတ်တော်ထဲ ရောက်လာပြီး ခိုင်မာတောင့်တင်းသည့်အစိုးရ ဖွဲ့စည်းနိုင်မည် မဟုတ်ဟု

ထောက်ပြကြပါသည်။

2
Working Document

FPTP စနစ်၏ မူကွဲ

ဖော်ပြပြီးအားနည်းချက်ကြောင့် မဲဆန္ဒရှင် အနည်းစု၏ ထောက်ခံမှုသာရရှိပြီး အများအုပ်ချုပ်ရေးဟူသော

ဒီမို ကရေစီကို ထိခိုက်နေပြီး အနည်းစုဆန္ဒအရ အုပ်ချုပ်ခြင်းကို ခွင့်ပြုသည့် သဘောဖြစ်ပါသည်။

ဤအားနည်း ချက်ကို ကျော်လွှားနိုင်ရန် မဲဆန္ဒရှင်အားလုံး၏ ထက်ဝက်ကျော်ထောက်ခံမှုရှိမှ

အရွေးခံရသူအဖြစ် သတ် မှတ်သည့်စနစ်များကို ဖန်တီးလာကြသည်။ အင်္ဂလိပ်လို majority system ဟု

ခေါ်ဆိုပြီး မြန်မာလို အပြတ် အသတ်မဲအများစုရစနစ်ဟု ခေါ်နိုင်ပါသည်။ တနည်းမှာ

ပြိုင်ဆိုင်အရွေးခံသူများအနက် တစ်ဦးတစ်ယောက် ကမျှ မဲဆန္ဒထက်ဝက်ကျော် မရရှိပါက

မဲဆန္ဒအများဆုံးရရှိသူနှင့် ဒုတိယအများဆုံးရရှိသူတို့ ဒုတိယအကြိမ် (Two round system)

ပြိုင်အရွေးခံခြင်း ဖြစ်သည်။ နောက်တစ်နည်းမှာ မဲဆန္ဒရှင်များအား မဲလက်မှတ်ပေါ် တွင် ပထမဦးစားပေး၊

ဒုတိယဦးစားပေး၊ တတိယဦးစားပေး Preferential vote စသဖြင့် အဆင့်သတ်မှတ် ပေးစေခြင်း ဖြစ်သည်။

ဤစနစ်အရ ပထမဦးစားပေးမဲဖြင့် ဆန္ဒမဲစုစုပေါင်း၏ ထက်ဝက်ကျော်ရရှိသူ မရှိပါက

ဒုတိယဦးစားပေးမဲများကို ရေတွက်ခြင်း ဖြစ်သည်။ ထိုမှ လိုအပ်ပါက တတိယဦးစားပေးစသဖြင့် ရေတွက်

သည်။ ဒုတိယအကြိမ်မဲပေးခြင်းကို ပြင်သစ်နိုင်ငံသမ္မတရွေးချယ်တင်မြှောက်ပွဲမှာ ပထမဦးဆုံး အသုံးပြုပြီး

ယခုတွင် ရုရှား၊ အရှေ့ဥရောပနိုင်ငံများနှင့် လက်တင်အမေရိကနိုင်ငံတွေက သမ္မတရွေးချယ်တင်မြှောက်ပွဲ

မှာ ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးလာသည်။ ဦးစားပေးစနစ်ကျင့်သုံးသည့်နိုင်ငံ အနည်းငယ်ရှိသည်။

သြစတြေးလျနိုင်ငံ၊ နာရူး၊ ပါပူဝါနယူဂီနီနိုင်ငံတွေမှာ ကျင့်သုံးသည်။

အချိုးကျ ကိုယ်စားပြု (Proportional Representation) စနစ်

အထက်ဖော်ပြထားသော FPTP (မဲများသူအနိုင်ရ) စနစ်ခေါ် Plurality – Majority Voting ၏ အားနည်း

ချက်ကြောင့် PR (အချိုးကျကိုယ်စားပြုစနစ်) သည် ပြိုင်ဖက်ရွေးကောက်တင်မြှောက်ပွဲ စနစ်အဖြစ် ပေါ်လာ

သည်။ ဤစနစ်သည် လွယ်ကူရှင်းလင်းလှပါသည်။ လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒနယ်တစ်နယ်မှ

တစ်ဦးစီ ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ပဲ ကိုယ်စားလှယ်အမြောက်အမြားပါဝင်သော မဲဆန္ဒနယ်မှ

လွှတ်တော်ကိုယ်စားလှယ်အမြောက်အမြား ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပါတီတစ်ခု

က ရရှိသော ထောက်ခံမဲအရေအတွက်နှင့် ထိုပါတီမှ အရွေးခံသော ကိုယ်စားလှယ်အရေအတွက်သည် အ

ချိုးအစားညီကြသည်။ သို့ဖြစ်သောကြောင့် ကိုယ်စားလှယ် ၁၀ ယောက်ရှိသော မဲဆန္ဒနယ်မှာ ထောက်ခံမဲ

3
Working Document

၅၀% ရရှိသော NLD ပါတီသည် ကိုယ်စားလှယ်ဦးရေ ၅ ယောက်ရရှိမည် ဖြစ်သည်။ အကယ်၍

ကြံ့ခိုင်ရေးပါ တီက ထောက်ခံမဲ ၃၀% ရရှိပါက ကိုယ်စားလှယ် ၃ ဦး ရရှိမည်ဖြစ်၍ ထောက်ခံမဲ ၂၀%

ရရှိသော အခြားပါ တီက ကိုယ်စားလှယ် ၂ ဦး ရရှိမည်ဖြစ်သည်။

အခြေခံအားဖြင့် PR စနစ်သည် အောက်ပါ ၃ မျိုးတို့ဖြစ်သည်။ ပါတီစာရင်း (Party list)၊ ရောနှောအချိုးကျ

(Mixed member proportional) နှင့် လွှဲပြောင်းနိုင်သည့် မဲ စနစ် (Single transferable vote or Choice

voting) တို့ဖြစ်ကြသည်။ FPTP (မဲများသူအနိုင်) ရွေးကောက် တင်မြှောက်ပွဲစနစ်က ဖြစ်ပေါ်စေသော

ပြဿနာများကို ဖြေရှင်းရန် PR (အချိုးကျကိုယ်စားပြုစနစ်) ကို တီ ထွင်ဖန်တီးခြင်းဖြစ်ရာ PR သည်

ပါတီများကို ပိုမိုမှန်ကန်တိကျစွာ ကိုယ်စားပြုနိုင်သည်။ ပါတီငယ်များနှင့် လူ နည်းစုလူမျိုးများကိုလည်း

ပိုမိုကိုယ်စားပြုနိုင်သည်။ မဲအလေအလွင့်လည်း နည်းပါးသည်။ မဲဆန္ဒလာရောက် ထည့်သွင်းသူလည်း

ပိုမိုများပြားလာပြီး အမျိုးသမီးကိုယ်စားပြုမှုလည်း များလာပြီး အများစု၏ အုပ်ချုပ်ခြင်း လည်း

ဖြစ်နိုင်ချေများလာသည်။ မဲဆန္ဒနယ်ပြင်ဆင်သတ်မှတ်ခြင်းလည်း နည်းပါးစေသည်။

ပါတီစာရင်း (Party list Voting) စနစ်

PR စနစ်များအနက် Party list မဲပေးခြင်းစနစ်သည် အသုံးအများဆုံးသော စနစ်ဖြစ်သည်။ PR

စနစ်သုံးသော ကမ္ဘာ့နိုင်ငံများ၏ ၈၀% သည် Party list စနစ်ကို အသုံးပြုကြသည်။

ဥရေပဒီမိုကရေစီနိုင်ငံများနှင့် ဒီမိုကရေစီနိုင်ငံအသစ်ကလေးများတွင် အသုံးပြုကြသည်။

တောင်အာဖရိကနိုင်ငံမှာလည်း ဤစနစ်ကို အသုံးပြုလာသည်။

Party list အသုံးပြုပုံ

လွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်စားလှယ်အမြောက်အမြား ပါဝင်သော မဲဆန္ဒနယ်များမှ ရွေးကောက်

တင်မြှောက်ကြသည်။ ပါတီတိုင်းသည် မဲဆန္ဒနယ်ရှိနေရာ (ထိုင်ခုံ) အရေအတွက်နှင့်အညီ ကိုယ်စားလှယ်

လောင်းစာရင်းကို ပြုစုကြသည်။ တသီးပုဂ္ဂလကိုယ်စားလှယ်ကလည်း ပြိုင်အရွေးခံနိုင်ပြီး သူ၏နာမည်ကို

ပါတီအဖြစ် အသုံးပြု၍ မဲလက်မှတ်သီးသန့်လုပ်ပေးရပါသည်။ မဲဆန္ဒရှင်များသည် မဲလက်မှတ်ပေါ်တွင်

သူတို့ ကြိုက်သည့် ပါတီကို ဖော်ပြီး ပါတီများသည် သူတို့ရှီသော ဆန္ဒမဲအရေအတွက်နှင့် အချိုးညီစွာ

ကိုယ်စား လှယ်နေရာရရှိကြပါသည်။ သို့ဖြစ်သောကြောင့် ၅ ဦးရှိသော မဲဆန္ဒနယ်မှာ NLD က မဲစုစုပေါင်း၏

4
Working Document

၄၀% ရရှိ ပါက ကိုယ်စားလှယ် ၂ ဦး ရရှိမည် ဖြစ်ပါသည်။ ဤကိုယ်စားလှယ် ၂ ဦးသည် NLD ၏

ကိုယ်စားလှယ် လောင်းစာရင်းရှိ ထိပ်ဆုံး ၂ ဦးတို့ ဖြစ်ကြပါသည်။

Party list စနစ် နှစ်မျိုးရှိသည်။ Closed list (ပိတ်ထားသောစာရင်း) နှင့် Open list (ဖွင့်ထားသောစာရင်း)

တို့ ဖြစ်ကြသည်။ မူလ Party list စနစ်ဖြစ်သော Closed list စနစ်တွင် ပါတီက ကိုယ်စားလှယ်လောင်းများ

၏ အမည်စာရင်းကို ဦးစားပေးအစီအစဉ်အလိုက် ပြုစုပြီး မဲဆန္ဒရှင်များသည် ပါတီကို မဲပေးကြသည်။ မဲဆန္ဒ

ရှင် (မဲပေးသူများ) သည် စာရင်းထဲမှာ ပါရှိသော ကိုယ်စားလှယ်များ ရွေးချယ်ပိုင်ခွင့် မရှိ။ ပါတီက ပြုစုသော

စာရင်းကို လက်ခံရမည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဥပမာတွင် NLD က ရရှိသော ကိုယ်စားလှယ် ၂ ဦးသည်

အောက်ပါ နမူနာအတိုင်းဆိုလျှင် ဦးနီနှင့် ဦးဖြူတို့ ဖြစ်ကြသည်။ ထိပ်ဆုံးနှစ်ယောက်ဖြစ်သော

ကြောင့်တည်း။

Closed Partly List မဲလက်မှတ်ပုံစံ

မဲပေးခြင်းလမ်းညွှန် - ကြိုက်သည့်ပါတီအောက်မှာ အမှန်ခြစ် (-) ရေးပါ။

NLD USDP NDF တသီးပုဂ္ဂလ

၁. ဦးနီ ၁. ဦးကကြီး ၁. ဦးခွက် ၁. ဦးပန်းသီး


၂. ဦးဖြူ ၂. ဦးခခွေး ၂. ဦးပန်ကန်
၃. ဦးမဲ ၃. ဦးဂငယ် ၃. ဦးဇွန်း
၎. ဦးညို ၄. ဦးဃကြီး ၄. ဦးခရင်း
၅. ဦးပြာ ၅. ဦးင ၅. ဦးအိုး

ယခုတွင် ဥရောပဒီမိုကရေစီနိုင်ငံအများစုမှာ Open list (ဖွင့်ထားသောစာရင်း) မဲပေးခြင်းကို အသုံးပြုကြ

သည်။ ဤစနစ်တွင် မဲဆန္ဒရှင်များက ပါတီတစ်ခုပဲ ရွေးချယ်ခြင်းမဟုတ်၊ ကိုယ်စားလှယ်လောင်းကိုပါ

ရွေးနိုင် ခွင့်ရှိသည်။ စာရင်းပါရှိ ကိုယ်စားလှယ်များအား မဲဆန္ဒရှင်များက ရွေးချယ်ပိုင်ခွင့်ရှိအောင်

ဖန်တီးထားခြင်း ဖြစ်သည်။ မိမိပါတီအတွင်း ပမာဏရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများ၏

နာမည်ကို အစီအစဉ် မရှိ ကျဘမ်းပေးထားသည်။ ဦးစားပေးနံပါတ်မတပ်ထားပါ။

အောက်ပါမဲလက်မှတ်သည် နည်းလမ်းတစ်ခု ဖြစ်သည်။ မဲဆန္ဒရှင်များက ပါတီကို တိုက်ရိုက်မဲမပေး၊

5
Working Document

ကိုယ်စားလှယ်တစ်ဦးကိုသာ မဲပေးရမည်။ ဤမဲသည် သက်ဆိုင်ရာကိုယ်စားလှယ်လောင်း

အတွက်လည်းဖြစ်၍ ပါတီအတွက်လည်းဖြစ်သည်။ နောက်ဆုံးစာရင်း တွင် ဦးစားပေးအစီအစဉ်

ပြောင်းလဲသွားသည်။ လူကြိုက်အများဆုံးသော ကိုယ်စားလှယ်လောင်းသည် စာ ရင်းတွင်ထိပ်ဆုံး (နံပါတ်

၁) ရောက်ရှိပြီး အရွေးခံရန် အခွင့်အလမ်းပိုကောင်းလာသည်။ ကျွန်ုပ်တို့ ဥပမာတွင် NLD က နှစ်နေရာ

ရရှိပြီး ဦးမဲက မဲအများဆုံး ရရှိ၍ ဦးပြာက ဒုတိယမဲအများဆုံးရရှိပါက စာရင်းတွင် ထိပ်ဆုံး ရောက်ကြပြီး

အရွေးခံမည် ဖြစ်သည်။ ဤစနစ်ကို ဖင်လန်နိုင်ငံမှာ အသုံးပြု၍ အပွင့်လင်းဆုံးသော မဲပေးခြင်း စနစ်အဖြစ်

ယူဆကြသည်။

Open Party List မဲလက်မှတ်ပုံစံ

မဲပေးခြင်းလမ်းညွှန် -

၁။ ကြိုက်သည့် ကိုယ်စားလှယ်လောင်းနာမည်၏ ဘေးမှာ အမှန်ခြစ် (-) ရေးပါ။

၂။ သင့်မဲသည် သင်ကြိုက်သော ကိုယ်စားလှယ်လောင်းအတွက်လည်း ဖြစ်၍ သင်ကြိုက်သည့်


ပါတီအတွက် လည်း ဖြစ်သည်။

NLD USDP NDF တသီးပုဂ္ဂလ

ဦးဝါ ဦးင ဦးခွေး ဦးပန်းသီး


ဦးဖြူ ဦးခခွေး ဦးဝက်
ဦးပြာ ဒေါ်ဂငယ် ဦးနွား
ဦးနီ ဦးဃကြီး ဦးကျွဲ
ဦးမဲ ဒေါ်ကကြီး ဒေါ်ကြက်

ပါတီများအား လွှတ်တော်ထိုင်ခုံ ဘယ်လောက်ချထားပေးမည့် ပုံသေနည်း အမျိုးမျိုးရှိသည်။ အလွယ်ဆုံး

နည်းတစ်ခုမှာ လက်ကျန်အများဆုံးပုံသေနည်း (largest remainder formula) ဟု ခေါ်သည်။

ဤနည်းတွင် ပထမအဆင့်အဖြစ် ခွဲတမ်းသတ်မှတ်ခြင်း ဖြစ်သည်။ ၎င်းခွဲတမ်းကို

ဘယ်လိုရရှိသနည်းဆိုသော် မဲဆန္ဒရှင် တစ်ခုရှိ ခိုင်လုံမဲစုစုပေါင်းကို ထိုမဲဆန္ဒနယ်ရှိ ထိုင်ခုံဦးရေဖြင့်

စားခြင်းဖြစ်သည်။ အောက်ပါ ဇယားမှာ မဲလက် မှတ် ၁ သိန်းထည့်၍ နေရာ ၁၀ ခုရရှိမည်ဖြစ်သည်။

၁သိန်းကို ၁၀ဖြင့် စားသော် (၁၀၀၀၀၀/၁၀) ၁သောင်း သည် ခွဲတမ်းဖြစ်ပါသည်။ အကယ်၍ USDP ပါတီက

6
Working Document

မဲ ၃၈၀၀၀ ရရှိပါက ၎င်းကို ၁၀၀၀၀ ဖြင့် စားလျှင် ထိုင်ခုံ ၃ ခု ရရှိပြီး မဲလက်မှတ် ၈၀၀၀ ပိုမည်ဖြစ်သည်။

ဤအတိုင်း လွှတ်တော်နေရာများကို ဦးစွာချပေးပြီး လက် ကျန်များကို အခြားပါတီနှင့် နှိုင်းယှဉ်ပြီး

လက်ကျန်အများဆုံးရရှိသောပါတီကို နောက်ထပ်နေရာပေးလိုက် သည်။ ကျွန်ုပ်တို့ဥပမာမှာ ၂

နေရာကျန်သေးသဖြင့် USDP ပါတီနှင့် တသီးပုဂ္ဂလိက ကိုယ်စားလှယ်ဖြစ်သော ဦးပန်းသီးတို့အား

နေရာပေးခြင်း ခံရမည်ဖြစ်သည်။ နောက်ဆုံးအဆင့်မှာ ပါတီအားလုံးသည် သူတို့ရှိသော

ဆန္ဒမဲအရေအတွက် ရာခိုင်နှုန်းနှင့် အနီးစပ်ဆုံးနေရာများ ရရှိကြသည်။

လက်ကျန်အများဆုံးပုံသေနည်းဖြင့် ထိုင်ခုံပေးခြင်း (largest remainder formula)

ပါတီ ဆန္ဒမဲ ပထမဆင့် လက်ကျန် ဒုတိယအ နောက်ဆုံး မဲအရေအ


နေရာပေး မဲ ဆင့် နေရာ နေရာပေး တွက်နှင့်
ခြင်း ပေးခြင်း ခြင်း နေရာအရေ
အတွက် %
USDP ၃၈၀၀၀ ၃ ၈၀၀၀ ၁ ၄ ၃၈% - ၄၀%
NLD ၂၃၀၀၀ ၂ ၃၀၀၀ ၀ ၂ ၂၃% - ၂၀%
NDF ၂၁၀၀၀ ၂ ၁၀၀၀ ၀ ၂ ၂၁% - ၂၀%
NUP ၁၂၀၀၀ ၁ ၂၀၀၀ ၀ ၁ ၁၂% - ၁၀%
တသီးပုဂ္ဂလ ၆၀၀၀ ၀ ၆၀၀၀ ၁ ၁ ၆% - ၁၀%

နိုင်ငံရေးအကျိုးသက်ရောက်မှု

Party list Voting (ပါတီစာရင်းမဲပေးခြင်းစနစ်) သည် Plurality majority (မဲများသူ အနိုင်ရ) စနစ်ထက်

ကောင်းကျိုးအမြောက်အမြားရှိသည်။ ဥပဒေပြုအဖွဲ့များ၌ ပါတီများကိုယ်စားပြုမှု မှန်ကန်သည်။ မဲပေးရာ

တွင် မဲဆန္ဒရှင်များအတွက် ရွေးချယ်စရာပါတီ ပိုမိုများပြားပြီး လာရောက်မဲပေးသူလည်း ပိုမိုများပြား၍

အလေ အလွင့်ဖြစ်သွားသော မဲလက်မှတ်လည်း ပိုမိုနည်းပါးလာသည်။ ဤအချိုးကျကိုယ်စားပြုမှုစနစ်သည်

မဲလိမ်ခြင်း လျှော့နည်းစေ၍ မဲဆန္ဒနယ်ပြုပြင်ပြောင်းလဲခြင်း(Gerrymandering) အခွင့်အလမ်းလည်း

နည်းပါးစေသည်။ ၎င်းအပြင် ပါတီ ငယ်များ၊ လူနည်းစုများနှင့် အမျိုးသမီးများအတွက် တရားမျှတသော

ကိုယ်စားပြုမှု အာမခံပေးနိုင်သည်။ တစ် ဖက်တွင် တချို့ party list – PR စနစ်တွင်

မဲဆန္ဒနယ်အလွန်ကြီးမားသောကြောင့် နေရာဒေသတိုင်း ကိုယ် စားပြုမှု အာမခံချက် မရှိပါ။ Closed party

7
Working Document

list (ပိတ်ထားသောပါတီစာရင်း) မဲပေးခြင်းစနစ်တွင် ဘယ်ပါတီ ကိုယ်စားလှယ် အနိုင်ရစေရေးအတွက်

မဲဆန္ဒရှင်များက မဆောင်ရွက်နိုင်။ အခြား ပီအာစနစ်များကဲ့သို့ပင် party list – PR စနစ်သည်

ညွှန့်ပေါင်းအစိုးရဖြစ်ပေါ်စေပြီး ပါတီတစ်ခုတည်းဖြင့် အစိုးရဖွဲ့စည်းနိုင်ခြင်း မရှိပါ။

Mixed member proportional Voting - ရောနှောအချိုးကျမဲပေးစနစ်

ရောနှောအချိုးကျ မဲပေးစနစ် (Mixed member proportional Voting - MMP) မှာ

နာမည်အမျိုးမျိုးရှိသည်။ Additional member system (နောက်ထပ်ကိုယ်စားလှယ်စနစ်)၊

compensatory PR (လျော်ပေးအချိုးကျ စနစ်)၊ Two vote system (မဲလက်မှတ် ၂ခုစနစ်) နှင့် The

German system (ဂျာမန်စနစ်) တို့ဖြစ်ကြ သည်။ ဥပဒေပြုအဖွဲ့ဝင် တစ်ဝက်ကို မဲဆန္ဒနယ်တစ်ခုမှ

ကိုယ်စားလှယ်တစ်ဦးဖြင့် မဲများသူအနိုင်ရစနစ်ဖြင့် ရွေးကောက်တင်မြှောက်သည်။ ကျန်အဖွဲ့ဝင်များကို

Party list စနစ်ဖြင့် ရွေးကြပြီး မဲဆန္ဒနယ် အဖွဲ့ဝင်များ နှင့် ပေါင်းထားသည်။ ပါတီတစ်ခုဆီက

ဥပဒေပြုအဖွဲ့တွင် သင့်တော်သည့် ထိုငခ


်ုံနေရာအရေအတွက် ရရှိရန် ဤ သို့ဆောင်ရွက်ခြင်း ဖြစ်သည်။

ဤစနစ်ကြိုက်နှစ်သက်သူများက MMP စနစ်သည် အကောင်းဆုံစနစ် ဖြစ်သည်ဟု ဆိုကြသည်။

နေရာဒေသကိုယ်စားပြုခြင်းနှင့် မဲဆန္ဒနှင့် ကိုယ်စားလှယ်အဆက်အစပ်ပြုစေသည်ဟု ဆို သည်။

ဤစနစ်ကို ဒုတိယကမ္ဘာစစ်ပြီးခါစ၌ အနောက်ဂျာမဏီနိုင်ငံတွင် စတင်အသုံးပြုခဲ့သည်။ ထို့နောက် ဘိုလီဘီ

ယာနှင့် ဗင်နီဇွဲလားနိုင်ငံများအပါအ၀င် နိုင်ငံအချို့မှာ အသုံးပြုလာကြသည်။ ယခုအထိအသုံးပြုမှု အနည်း

ဆုံးသော PR စနစ်ဖြစ်သည်။ သို့သော် ဤစနစ်ကို မကြာသေးမှီနှစ်များတွင် စိတ်ဝင်စားသူများပြားလာ

သည်။ အမှန်တကယ်ဆိုလျင် ရွေးကောက်တင်မြှောက်နည်း လေ့လာသူများက အများဆုံးစိတ်ဝင်စားသော

စနစ် ဖြစ်လာပါသည်။ ဤသို့ စိတ်ဝင်စားလာရသည့် အကြောင်းရင်းတစ်ခုမှာ MMP စနစ်သည် ပြိုင်ဘက်

စနစ် နှစ်ခုအကြား “အပေးအယူ” (compromise) အဖြစ် ယူဆလာရခြင်းကြောင့် ဖြစ်သည်။ ၁၉၉၀

ခုနှစ်များတွင် နယူးဇီးလန် နိုင်ငံသည် မဲဆန္ဒနယ်တစ်ခုမှ ကိုယ်စားလှယ်တစ်ဦး

ရွေးကောက်တင်မြှောက်ခြင်း မဲများသူအနိုင်ရစနစ်ကို စွန့်လွှတ်ပြီး ဤ MMP စနစ်ကို အသုံးပြုလာသည်။

8
Working Document

ဟန်ဂေရီနိုင်ငံကလည်း ဤနည်းကို အသုံးပြုလာသည်။ မကြာသေးမီက အသစ်ဖွဲ့စည်းထားသော

စကော့တလန် နှင့် ဝေးလ် (Wales) ပါလီမန်အမတ်များ ရွေးကောက်ရာတွင် ဤစနစ်ကို အသုံးပြုကြသည်။

MMP စနစ်အသုံးပြုပုံ

ပြည်သူလူထုသည် မဲနှစ်ခုဖြင့် မဲပေးကြသည်။ အောက်ပါမဲလက်မှတ်ကို ကြည့်ပါ။ ပထမဆုံးမဲလက်မှတ်၏

ဘယ်ဖက်တွင် နယ်ကိုယ်စားလှယ်အတွက် မဲပေးကြသည်။ မဲလက်မှတ်၏ ဤအပိုင်းသည်

ဥပဒေပြုအဖွဲ့တွင် သူတို့နယ်ကို မည်သူက ကိုယ်စားပြုမည်နည်း ဟူသော မဲဆန္ဒနယ်တစ်ခု၊

ကိုယ်စားလှယ်တစ်ဦး မဲများသူအနိုင်ရစနစ်ဖြင့် ပြိုင်ခြင်းဖြစ်သည်။ မဲအများဆုံးရသူက အနိုင်ရသည်။

ဥပဒေပြုအဖွဲ့၏ ထိုင်ခုံနေရာတစ်ဝက် ကို ဤနည်းဖြင့် ဖြည့်ကြလေ့ရှိသည်။ သို့ဖြစ်သောကြောင့်

ပြည်နယ်ဥပဒေပြုအဖွဲ့တွင် လွှတ်တော်နေရာ ၁၀၀ ရှိခဲ့သော် ဤမဲဆန္ဒနယ်အနိုင်ရရှိသော ပါတီက နေရာ

၅၀ ခုရှိမည်ဖြစ်သည်။

MMP Representation Ballot စနစ် မဲလက်မှတ်ပုံစံ

သင့်မှာ မဲနှစ်ခုရှိသည်
နယ်မဲ ပါတီမဲ
ဤမဲသည် ဤကိုယ်စားလှယ်အတွက် ဖြစ် ဤမဲသည် အောက်ဖော်ပြပါ ပါတီက နေရာ
သည်။ သင်ရွေးချယ်သည့်ကိုယ်စားလှယ် မည်မျှရရှိမည်ကို အဆုံးအဖြတ်ပေးသည်။
လောင်းဘေးမှာ အမှန်ခြစ်(-) ရေးသားပါ။ သင်ရွေးချယ်သည့်ပါတီ ဘေးတွင် အမှန်ခြစ်
(-) ရေးသားပါ။

ကိုယ်စားလှယ်လောင်း တစ်ဦးသာ ရွေးပါ။ ပါတီတစ်ခုသာ ရွေးချယ်ပါ။


သည်မှာ မဲပေးပါ သည်မှာ မဲပေးပါ
ဦးခင်မောင်ဝင်း NLD ပါတီ NLD ပါတီ
ဦးဆန်းဝင် USDP ပါတီ USDP ပါတီ
ဒေါ်ကြည်ဝင်း NDF ပါတီ NDF ပါတီ
ဦးမြင့်ရွှေ NUP ပါတီ NUP ပါတီ
ဦးမောင်လှိုင် တသီးပုဂ္ဂလိက ………………………..
……………….

9
Working Document

ပါတီစာရင်းဖြစ်သော မဲလက်မှတ်၏ ညာဖက်တွင် မဲဆန္ဒရှင်များက သူတို့ကြိုက်သည့်ပါတီကို

အမှတ်အသား ပြုလုပ်သည်။ ဥပဒေပြုအဖွဲ့၏ ကျန်နေရာတစ်ဝက်ကို သူတို့ပါတီက ရွေးချယ်သော

နယ်ကိုယ်စားလှယ် လောင်းများဖြင့် ဖြည့်စွက်ရသည်။ ဂျာမဏီနည်းမှာ ပါတီစာရင်းများကို ပိတ်ထားသည်။

ဥပဒေပြုအဖွဲ့တွင် ရှိသော လွှတ်တော်နေရာ ၁၀၀ အနက် နေရာမည်မျှကို ပါတီအသီးသီးက ရရှိမည်ကို

တစ်တိုင်းပြည်လုံးမဲ ရေ တွက်ပြီးမှ သိရှိသည်။ နယ်မှ အနိုင်ရရှိသော ကိုယ်စားလှယ်လောင်းနှင့်

ပါတီစာရင်းမှ ကိုယ်စားလှယ်လောင်း များကို ထိုပါတီက သင့်တော်သည့်နေရာအရေအတွက် ရသည်အထိ

ပေါင်းထားသည်။ အောက်ပါ နမူနာ ဇယားက ဤရွေးကောက်တင်မြှောက်ပုံစနစ်ကို သရုပ်ဖော်သည်။

ကိုယ်စားလှယ် ၁၀၀ ရှိသော ပြည်နယ် လွှတ်တော်မှာ USDP က ပါတီစာရင်း မဲ ၄၀% ရရှိသည့်အတွက်

နေရာ ၁၀၀ အနက် နေရာ ၄၀ ရရှိမည် ဖြစ်သည်။

နယ်ရွေးကောက်ပွဲမှာ နေရာ ၂၈ ရရှိပြီးဖြစ်ပါက သူတို့၏ ခွဲတမ်းနေရာ ၄၀ ပြည့်ရန် ဒေသဆိုင်ရာ

ပါတီစာရင်း မှ ၁၂ ဦး ပေါင်းထည့်ရမည် ဖြစ်သည်။

MMP စနစ်၏ နေရာချထားခြင်း ဇယား

နိုင်ငံရေး ပါတီများ နယ်မှရရှိသည့် တတိုင်းပြည်လုံး ပါတီတစ်ခုကရသင့် ပါတီစာရင်းမှ


နေရာအရေအတွက် ပါတီစာရင်းမဲ၏ % သော စုစုပေါင်းနေ ပေါင်းထည့်သည့်
ရာ နေရာအရေအတွက်
USDP ၂၈ ၄၀% ၄၀ ၁၂
NLD ၁၈ ၃၆% ၃၆ ၁၈
NDF ၄ ၁၈% ၁၈ ၁၄
NUP ၀ ၆% ၆ ၆
စုစုပေါင်း ၅၀ ၁၀၀% ၁၀၀ ၅၀

10
Working Document

ဂျာမဏီစနစ်တွင် ပါတီတစ်ခုသည် ဥပဒေပြုအဖွဲ့ဝင် နေရာရရှိရန် လိုအပ်ချက်နှစ်ခုအနက်

တစ်ခုခုကျော်လွှားရန် လိုအပ်ပါသည်။ ပါတီတစ်ခုသည် တစ်တိုင်းပြည်လုံးပါတီစာရင်းမဲ၏ ၅%

ရရှိခြင်းဖြင့်သော်လည်းကောင်း နယ်ရွေးကောက်ပွဲတွင် အနည်းဆုံး ၃ နေရာ

အနိုင်ရရှိခြင်းဖြင့်သော်လည်းကောင်း ဥပဒေပြုအဖွဲ့တွင် နေရာရ ရှိနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဥပမာတွင်

NUP သည် နယ်မှ နေရာတစ်ခုမျှ မရရှိပါ။ သို့သော် တစ်တိုင်း ပြည်လုံး၏ မဲအရေအတွက်၏ ၅%ကျော်

ရရှိသည်။ သို့ဖြစ်သောကြောင့် သူတို့သည် ဥပဒေပြုအဖွဲ့တွင် ရသင့် ရထိုက်သည့်နေရာများ

ရရှိမည်ဖြစ်သည်။ ဤနေရာမှာ ၆ နေရာဖြစ်ပြီး ဒေသဆိုင်ရာ ပါတီစာရင်းမှ ယူရန် ဖြစ်သည်။

ရောနှောစနစ်၏ မူကွဲတစ်ခုမှာ ပြိုင်တူမဲပေးခြင်း (parallel voting) ဟု ခေါ်သည်။ ဤစနစ်မှာလည်း မဲနှစ်ခု

သုံးသည်။ ကွာခြားချက်က ပါတီစာရင်းနေရာများကို ပါတီများအတွင်း အချိုးညီညီ ခွဲဝေရသည်။ ထို့နောက်

နယ်မှ ရရှိသူများနှင့် ပေါင်းရသည်။ ဥပဒေပြုအဖွဲ့မှာ ပါတီများအတွက် အချိုးကျကိုယ်စားပြုမှု အာမ မခံပါ။

ဤအချက်ကြောင့် ဤမဲပေးစနစ်ကို တပိုင်းတဆအချိုးကျစနစ်ဟု သတ်မှတ်သည်။

နိုင်ငံရေးအကျိုးသက်ရောက်မှု

MMP စနစ်သည် မဲများသူအနိုင်ရ (plurality majority voting) ထက် သာလွန်သည့်အချက်များ ရှိသည်။

ဥပဒေပြုအဖွဲ့တွင် ပါတီများကို ပိုမိုတိကျမှန်ကန်သည့် ကိုယ်စားပြုမှုဖြစ်ပေါ်စေပြီး နယ်မြေဒေသတစ်ခုစီအ

တွက်လည်း ကိုယ်စားလှယ်ရရှိစေသည်။ မဲဆန္ဒရှင်များအတွက် ရွေးစရာပါတီ ပိုမိုများပြားစေ၍ လာရောက်

မဲပေးသူ တိုးလာစေပြီး မဲအလေအလွင့်လည်း နည်းလာစေသည်။ ဤ PR စနစ်က မဲလိမ်ခြင်းကို

လျှော့နည်း စေသည်။ ထိုမျှမက ပါတီကလေးများ၊ လူနည်းစုနှင့် အမျိုးသမီးကိုယ်စားပြုမှုတို့ကိုလည်း

အာမခံသည်။ တစ်ဖက်တွင် မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ်တစ်ဦးစနစ် အသုံးပြုပါက ဤစနစ်က

မဲဆန္ဒနယ် ပြန်လည်ခွဲခြား သတ်မှတ်ခြင်း (Gerrymandering) ဖြစ်စေနိုင်သည်။ နောက်တစ်ခုက MMP

စနစ်က နယ်ကို ကိုယ်စားပြုသူ ကိုယ်စားလှယ်နှင့် ပါတီိကို ကိုယ်စားပြုသူ ကိုယ်စားလှယ်ဟူ၍

ကိုယ်စားလှယ် (၂) မျိုး ဖန်တီးထားသည်။ နောက်ဆုံးတွင် အခြား PR စနစ်များကဲ့သို့ MMP စနစ်က

ညွှန့်ပေါင်းအစိုးရ ဖြစ်ပေါ်စေ၍ တစ်ပါတီအစိုးရ မဖြစ်နိုင်ပါ။

11
Working Document

Single Transferable Vote – STV (လွှဲပြောင်းနိုင်သော မဲပေးစနစ်)

ဤ PR စနစ်မှာလည်း အခြားနာမည်များ ရှိသည်။ နိုင်ငံရေးပညာရှင်များက The Single Transferable

Vote (လွှဲပြောင်းနိုင်သော မဲပေးစနစ်) ဟု ခေါ်သည်။ Australia မှာ Hare-Clark system (ဟဲကလပ်စနစ်)

ဟု ခေါ်သည်။ အမေရိကန်မှာ Choice Voting (ရွေးချယ်မဲပေးခြင်း) ဟု ခေါ်လာကြသည်။ လက်ရှိတွင် ဤ

စနစ်ကို ပါလီမန်ရွေးကောက်တင်မြှောက်ရာ၌ Ireland နှင့် Malta နိုင်ငံတို့မှာ အသုံးပြုသည်။ Australia မှာ

ပြည်ထောင်စုဆီနိတ် (Senate) နှင့် တစ်ချို့ပြည်နယ်လွှတ်တော် ရွေးကောက်တင်မြှောက်ပွဲမှာ ဤစနစ်ကို

အသုံးပြုသည်။ (၂၀) ရာစုတွင် ဤစနစ်ကို အမေရိကန်မြို့ကြီးတစ်ချို့မှာ အသုံးပြုကြသည်။ ဤမြို့များတွင်

New York ၊ Cincinnati ၊ Cleveland ၊ Toledo နှင့် Boulder တို့ ပါဝင်သည်။ မြို့ကောင်စီနှင့်

ကျောင်းဘုတ် အဖွဲ့ ရွေးချယ်ရာတွင် ယခုအထိ Massachusetts ပြည်နယ်ရှိ Cambridge မြို့တွင်

အသုံးပြုလေ့ရှိသည်။

အသုံးပြုပုံ

မဲပေးနည်းကို အောက်ပါမဲလက်မှတ်ဖြင့် သရုပ်ပြဖော်ပြထားသည်။ မဲလက်မှတ်တွင် ကိုယ်စားလှယ်လောင်း

အားလုံး၏ နာမည်ကို ရေးသားထားသည်။ လူတစ်ယောက်ကို မဲပေးမည့်အစား မဲဆန္ဒရှင်များသည် သူတို့

ကြိုက်သည့် ကိုယ်စားလှယ်လောင်းများကို ဦးစားပေးအစီအစဉ်ဖြင့် မဲပေးရသည်။

သင်သည် ဦးနီကို အကြိုက်ဆုံးဖြစ်ပါက သူနာမည်မှာ “၁” ဟု ရေးရမည်။ ဦးဖြူကို ဒုတိယအကြိက်ဆုံးဖြစ်ပါ

က သူ့နာမည်မှာ “၂” ဟု ရေးရမည်။ ဤအတိုင်း ဆက်လက်ကြိုက်သလောက် မဲပေးနိုင်သည်။

Single Transferable Vote မဲလက်မှတ်ပုံစံ

မဲပေးခြင်းလမ်းညွှန် စည်ပင်ကော်မတီ ကိုယ်စားလှယ်လောင်းတစ်ဦးအ


နံပါတ်ပေး ထား သောအကွက်တွင် ကိုယ်စားလှယ် လောင်း တွက် တစ်မဲ။ (ကော်လံတစ်ခုမှာ
သင် ကြိုက်သော သူအတွက် (၃ ဦးရွေးရန်) တစ်မဲသာ)
အမှတ်အသားလုပ်ပါ။

သင်အကြိုက်ဆုံးအတွက် (၁)၊ ဒု တိ
ဦးနီ NLD 1 2 3 4 5 6 7
ယအကြိုက်ဆုံးအတွက် (၂)၊ တတိ
ဒေါ်မြ USDP 1 2 3 4 5 6 7
ယ အကြိုက်ဆုံးအတွက် (၃) ဟု အ
ဦးဖြူ NDF 1 2 3 4 5 6 7
မှတ်အသားလုပ်ပါ။ ဤအတိုင်း
ဦးညို NLD 1 2 3 4 5 6 7

12
Working Document

ကြိုက်သလောက် လုပ်ပါ။ ကိုယ်စား ဒေါ်လှ Independent 1 2 3 4 5 6 7


လှယ်လောင်း တစ်ဦးအတွက် တစ်ခု ဦးမဲ USDP 1 6 7
2 3 4 5
သာရေးရန်။ ကော်လံတစ်ခုမှာ တစ်
…………………..
ကွက်သာ ရေးထည့်ပါ။
…………………..

လွှဲပြောင်းနိုင်သော မဲပေးခြင်းစနစ်ဟု ခေါ်ဆိုသည့်အတိုင်း မဲများကို လွှဲပြောင်းရသည်။ ဥပမာ - မဲပေးသူ ၁

သောင်းရှိသော မဲဆန္ဒနယ်တစ်ခုမှ ကိုယ်စားလှယ် ၃ ဦး ရွေးရမည်ဆိုပါစို့။ အရွေးခံနိုင်ရန် ကိုယ်စားလှယ်

တစ်ဦးက ရရှိမည့်မဲအရေအတွက်ကို သတ်မှတ်ရမည်။ ၎င်းကို ခိုင်လုံမဲ စုစုပေါင်းကို ကိုယ်စားလှယ်ဦးရေ

အပေါင်းတစ် (၃ + ၁ = ၄) ဖြင့် စားရပါသည်။ ၂၅၀၀ ရရှိမည်ဖြစ်၍ ၎င်းမှာ ၁ ထပ်မံပေါင်းရမည်။ ၂၅၀၁

ရရှိမည် ဖြစ်သည်။ မဲရေတွက်သည့်အခါ စုစုပေါင်းမဲ ၂၅၀၁ နှင့်အထက် ရရှိသူသည် အရွေးခံမည်ဖြစ်သည်။

အထက်ပါ ဇယားဥပမာမှ ဦးညိုက မဲ ၂၉၀၀ ရရှိသည် ဆိုပါစို့။ လိုအပ်သည့်မဲထက် ၃၉၉ မဲ ပိုမိုရရှိခြင်း ဖြစ်

သည်။ ဤ ၃၉၉ မဲများကို ဦးညိုအတွက်သာ ရှိနေမည်ဆိုလျှင် အလဟသ ဖြစ်သွားပါသည်။ ထို့ကြောင့် ဤ

မဲများကို ဒုတိယအကြိုက်ဆုံး ကိုယ်စားလှယ်လောင်းဆီသို့ လွှဲပြောင်းပေးရသည်။ ဤစနစ်တွင် မူကွဲများ

ရှိပါ သေးသည်။ အားလုံးဖော်ပြရန် မလိုအပ်ပါ။

ဦးညိုဆီမှ ပိုသော ၃၉၉ မဲကို လွှဲပြောင်းသည့်အခါ ဒုတိယအကြိုက်ဆုံးမဲ ၃၀၀ ကို NLD

ပါတီကိုယ်စားလှယ်လောင်း နောက်တစ်ယောက်ဖြစ်သော ဦးနီက ရရှိပြီး ၉၉ မဲကို တသီးပုဂ္ဂလက

ကိုယ်စားလှယ်လောင်း ဖြစ်သော ဒေါ်လှက ရရှိသည်။ မဲများကို ထပ်မံရေတွက်သည့်အခါ ဘယ်သူကမှ

အနည်းဆုံး လိုအပ်သော မဲကို မရရှိကြပါ။ ထိုအခါ အနိုင်ရရှိရန် အလားအလာ အနည်းဆုံးသော

ကိုယ်စားလှယ်လောင်းကို ဖယ်ထားပြီး သူရရှိသော မဲများကို ဒုတိယအကြိုက်ဆုံး ကိုယ်စားလှယ်လောင်းဆီ

လွှဲပြောင်းရသည်။ ဖယ်ထားခြင်းခံရသူ ကိုယ်စားလှယ်လောင်းသည် USDP ပါတီဖြစ်သော ဦးမဲ ဖြစ်သည်။

ဦးမဲ၏ မဲ ၅၀၀ ကို နောက် USDP ကိုယ်စားလှယ် လောင်းဖြစ်သော ဒေါ်မြကို ပေးလိုက်ပြီး ၁၀၀ ကို

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဖြစ်သော ဒေါ်လှကို ပေးလိုက်ပါသည်။ မဲများနောက်တစ်ခါ

ရေတွက်သည့်အခါ ဒေါ်မြက ၂၈၀၀ ရရှိသဖြင့် သူ့ အား အရွေးခံသူအဖြစ် ကြေညာရသည်။ နောက်တစ်ခါ

သူ့မှာပါသော မဲ ၂၀၀ ကို NDF ကိုယ်စားလှယ်လောင်း ဦးဖြူကို ပေးပြီး ၉၉ မဲကို တသီးပုဂ္ဂလိက ဒေါ်လှကို

ပေးရပါသည်။ ဘယ်သူကမှ လိုအပ်သော မဲအရေအတွက် မရသေးသဖြင့် အနိမ့်ဆုံးကိုယ်စားလှယ်ကို

13
Working Document

ဖြုတ်လိုက်ပါသည်။ ထိုသူသည် NLD ဦးနီဖြစ်သဖြင့် သူ၏ မဲ ၁၀၀ ကို ဦးဖြူအားပေးရပြီး ၆၀၀ ကို

ဒေါ်လှအားပေးရပါသည်။ ထိုအခါ တသီးပုဂ္ဂလိက ဒေါ်လှက မဲ ၂၆၉၈ ရရှိသဖြင့် အရွေးခံသည်ဟု

သတ်မှတ်ရပါသည်။

မဲရေတွက်ခြင်း နှင့် လွှဲပြောင်းခြင်း

ပထမရေတွက် ဒုတိယရေတွက် တတိယရေတွက် စတုတ္ထရေတွက် ပဉ္စမရေတွက်


ခြင်း ခြင်း ခြင်း ခြင်း ခြင်း
ကိုယ်စား မဲအရေအတွက် ဦးညိုမဲလွှဲပြောင်း ဦးမဲ မဲလွှဲပြောင်း ဦးဖြူ မဲလွှဲ ဦးနီ
လှယ် ခြင်း နှင့် ရလဒ် ခြင်း နှင့် ရလဒ် ပြောင်းခြင်းနှင့် မဲလွှပြောင်း
ရလဒ် ခြင်း နှင့် ရလဒ်
ဦးနီ NLD ၄၀၀ + ၃၀၀ ၇၀၀ ၇၀၀ -
၇၀၀
ဒေါ်မြ USDP* ၂၃၀၀ ၂၃၀၀ + ၅၀၀ ၂၅၀၁ ၂၅၀၁
၂၈၀၀
ဦးဖြူ NDF ၂၀၀၀ ၂၀၀၀ ၂၀၀၀ + ၂၀၀ + ၁၀၀
၂၂၀၀ ၂၃၀၀
ဦးညို NLD* ၂၉၀၀ ၂၅၀၁ ၂၅၀၁ ၂၅၀၁ ၂၅၀၁
ဒေါ်လှ ၁၈၀၀ + ၉၉ + ၁၀၀ + ၉၉ + ၆၀၀
Indep* ၁၈၉၉ ၁၉၉၉ ၂၀၉၈ ၂၆၉၈
ဦးမဲ USDP ၆၀၀ ၆၀၀ - - -
*အရွေးခံရသူ ကိုယ်စားလှယ်လောင်းများ

ဤလွှဲပြောင်းခြင်းအလုပ်သည် အနည်းငယ် ရှုပ်ထွေးပါသည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဤစနစ်ကို

အသုံးပြုရသနည်း။ လွှဲပြောင်းခြင်းစနစ် တီထွင်ခြင်းအကြောင်းရင်းမှာ မဲအလဟသဖြစ်ခြင်း ပြဿနာကို

လျှော့ချရန် ဖြစ်သည်။ ဘယ်သူ့ကိုမျှ မရွေးသည့် ထည့်ထားသောမဲလျှော့နည်းစေရန် ဖြစ်သည်။ မဲများသူ

အ နိုင်ရ (Plurality majority) စနစ်က မဲအမြောက်အမြား အလဟသ ဖြစ်စေတတ်သည်။ ထို့ကြောင့်

နိုင်ငံရေး လူနည်းစုများ၊ လူမျိုးရေး အနည်းစုများနှင့် အမျိုးသမီးများ မမှန်မကန်ကိုယ်စားပြုခြင်းနှင့်

လျော့နည်း၍ ကိုယ်စားပြုခြင်း ပြဿနာများ ဖြစ်ပေါ်စေတတ်သည်။ မဲလွှဲပြောင်းခြင်းကို

အလဟသမဲအရေအတွက် အနည်းဆုံး ဖြစ်ဖို့နှင့် လူအများဆုံးက ကိုယ်စားလှယ်ရရှိရန် ဖြစ်သည်။

အလဟသဖြစ်သော မဲနှစ်မျိုးရှိကြောင်း လက်ခံသည်။ အနိုင်ရရန် အလားအလာမရှိသော

14
Working Document

ကိုယ်စားလှယ်လောင်းများအတွက် ထည့်သောမဲနှင့် အနိုင်ရရှိသူ က အနိုင်ရရှိရန် လိုအပ်သည့်မဲထက်

ပိုလျှံစွာ ရရှိသည့်မဲ တို့ဖြစ်ကြသည်။ ဒုတိယအကြိုက်ဆုံးကိုယ်စားလှယ်လောင်းဆီ မဲလွှဲပြောင်းခြင်းအားဖြင့်

ကိုယ်စားလှယ်တစ်ယောက် ရွေးကောက်တင်မြှောက်ရန် သူတို့လည်း ပါဝင်ရာရောက်သည်။

နိုင်ငံရေးအကျိုးသက်ရောက်မှု

လွှဲပြောင်းနိုင်သော မဲပေးစနစ် (Single transferable vote – STV) သည် မဲများသူအနိုင်ရ (First Past

the Post – FPTP) စနစ်ထက် ပိုမိုကောင်းသည့် အချက်များရှိသည်။ ဥပဒေပြုအဖွဲ့တွင် ပါတီများ၏

ကိုယ်စားပြု မှု ပို၍ တိကျမှန်ကန်သည်။ မဲဆန္ဒရှင်များမှာ ရွေးချယ်စရာပါတီ ပိုမိုများပြားလာသည်။

ရွေးကောက်တင် မြှောက်ပွဲတွင် လာရောက်မဲပေးသူပိုများပြီး အလဟသဖြစ်သွားသော မဲပိုမိုနည်းပါးသည်။

ဤပီအာစနစ်က မဲလိမ်မှုနည်းပါးစေသည်။ ၎င်းအပြင် ပါတီငယ်များ၊ လူနည်းစုလူမျိုးနှင့်

အမျိုးသမီးများတွက် သင့်တော်သည့် ကိုယ်စားပြုမှု အာမခံထားသည်။ မဲတိုင်းသည် ပါတီအတွက် မဟုတ်ပဲ

ကိုယ်စားလှယ်အတွက် ဖြစ်သော ကြောင့် အခြားပါတီိကိုယ်စားလှယ်လောင်းကိုလည်း မဲပေးနိုင်သည်။

ဤစနစ်တစ်ခုသာလျှင် ပီအာစနစ်များ အနက် ပါတီအနေဖြင့် ပြိုင်ဆိုင်ခြင်း မဟုတ်သည့်

ရွေးကောက်ပွဲအတွက် အသုံးပြုနိုင်သည်။ သို့သော် မဲဆန္ဒ နယ်အလွန်သေးငယ်ပါက မဲဆန္ဒနယ်

အပြောင်းအလဲပြုလုပ်ရန် လွယ်ကူသည်။ STV သည် အခြားပီအာစနစ်လောက် အချိုးချကိုယ်စားမပြုနိုင်။

နောက်အချက်အနေဖြင့် STV စနစ်သည် အခြားပီအာစနစ်နည်းတူ ညွန့် ပေါင်းအစိုးရသာ ဖွဲ့စည်းနိုင်ပြီး

ပါတီတစ်ခုတည်းဖြင့် ဖွဲ့စည်းသော အစိုးရ မဖန်တီးနိုင်ပါ။

သုံးသပ်ချက်

အထက်တွင် ဖော်ပြထားသည့်အတိုင်း ပီအာစနစ်သည် ညွှန့်ပေါင်းအစိုးရသာဖြစ်ပေါ်စေသဖြင့် ပီအာစနစ်

သည် တည်ငြိမ်ခိုင်မာသော အစိုးရဖြစ်ပေါ်ခြင်းကို တားဆီးရာရောက်သည်။ စာရင်းထဲ ပါဝင်သော ကိုယ်စား

လှယ်လောင်းများသည် ပါတီအတွင်း ပမာဏ ရွေးချယ်ခြင်းခံရသော်လည်း ပါတီလူကြီးများ၏ ဘက်လိုက်မှု၊

ဦးစားပေးမှု၊ ခွဲခြားမှု ရှိနိုင်ပါသည်။ စာရင်းထဲ ပါဝင်ရန်နှင့် စာရင်းထိပ်ပိုင်းတွင် ပါဝင်ရန် ကိုယ်စားလှယ်

လောင်းများက ပါတီလူကြီးများကို လာဘ်ပေးနိုင်သည်။ တစိုး လက်ဆောင်ပေးနိုင်သည်။ အဂတိလိုက်စားမှု

ဖြစ်ပေါ်စေနိုင်သည်။ ပီအာစနစ်သည် ပါတီကလေးများအတွက် ကောင်းသောကြောင့် ပါတီကလေးများ

15
Working Document

ဖေါင်းပွနိုင်သည်။ အမျိုးသမီးကိုယ်စားပြုမှု ပိုမိုများပြားသည်ဆိုရာတွင် ပြည်သူလူထုအတွင်း လူကြိုက်များ

ခြင်းထက် ပါတီလူကြီးများအတွင်း လူကြိုက်များခြင်း ဖြစ်နိုင်သည်။ ပြည်သူလူထုက ကြိုက်နှစ်သက်အောင်

မလုပ်နိုင်သူ အမျိုးသမီးသည် ပါတီလူကြီးများ ကြိုက်နှစ်သက်အောင် လုပ်နိုင်ကောင်းလုပ်နိုင်ပါလိမ့်မည်။

ရွေးကောက်ပွဲတွင် မဲခိုးခြင်း၊ မဲလိမ်ခြင်း နှင့် မသမာမှုမျိုးစုံရှိသည် မဟုတ်ပါလော။

မြန်မာပြည်တွင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ ပီအာစနစ်အသုံးပြုရန် လွှတ်တော်မှာ အဆိုပြုခဲ့

သည်။ USDP ပါတီသည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင်

NLD က တောင်ပြိုကမ်းပြို အနိုင်ရရှိသည့်ကိုလည်း သိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း NLD ကပဲ

တောင်ပြိုကမ်းပြို အနိုင်ရမည်ကို ကြိုတင်ခန့်မှန်းနိုင်သဖြင့် ပီအာစနစ်အသုံးပြုရန် အဆိုတင်သွင်းခြင်း

ဖြစ်သည်ဟုအများကယူဆကြသည်။သို့သော်တပ်မတော်လွှတ်တော်ကိုယ်စားလှယ်များအပါအ၀င်တိုင်းရင်း

သားလွှတ် တော်ကိုယ်စားလှယ်နှင့် ကျန်လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်သဖြင့် အဆို

မအောင်မြင်ခဲ့ပါ။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲစနစ် မဲဆန္ဒနယ်တစ်ခုချင်းစီမှ ပြည်သူ့လွှတ်တော်

ကိုယ်စားလှယ်တစ်ဦးကျစီသာ ရွေးချယ်ဖို့လိုအပ်ခြင်း၊ မဲဆန္ဒနယ်တစ်ခုတွင် ပါတီတစ်ခုထဲရှိပါက

ဥပဒေအရ ခွင့်ပြုထားခြင်း . သည် PR စနစ်ကို ပုံဖော်ရန် မဖြစ်နိုင်ပေ။ အမျိုးလွှတ်တော်ကိုယ်စားလှယ်

(၁၂) ဦးကို ပြည်နယ်၊ တိုင်းဒေသကြီးတစ်ခုစီမှ ရွေးချယ်ခြင်းကြောင့် PR ရွေးချယ်ခြင်းစနစ်

ကျင့်သုံးနိုင်သော အလားအလာရှိသည်။ ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်ခုအဖြစ်

ရွေးချက်သတ်မှတ်ပေးရမည်ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်မှသာလျှင် ပီအာစနစ်

တစ်မျိုးမျိုးကို အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။

16

You might also like