NDD

-

rSwfwrf;wifESifhokawoeXme

Network for Democracy and Development
Documentation and Research Department
P.O Box 179, Mae Sod, Tak, 63110, Thailand. Phone: +66 (0) 89 267 8417.
E-mail: ndddrd@csloxinfo.com; ndddrd07@gmail.com

Burma's Weekly Political News Summary
(077/2011)

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf
(077§2011)
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့မှ ၂၀၁၁ ခုနှစ် ဇွန်လိုင်လ (၀၉) ရက်နေ့အထိ
ကြံ့ဖွံ့အစိုးရ

ဝန်ကြီးချုပ် ဦးဟုန်းငိုင် ဦးဆောင်သည့် ချင်းပြည်နယ် အစိုးရသစ်လက်ထက်တွင် ချင်းပြည်သူများ ပြောရေးဆိုခွင့် ပိုမိုရှိလာသည်ဟု
ထန်တလန်မြို့နယ်မှ မြို့မိမြို့ဖတစ်ဦးနှင့် ဝန်ထမ်းတစ်ဦးတို့က ပြောသည်။ (Khonumthung 110711) Read More...

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်တွင် ဇူလိုင် ၁၁ ရက်နေ့ ပြုလုပ်မည့် သမ္မတ အကြံပေးအဖွဲ့ဝင် စီးပွားရေးပညာရှင်
ဒေါက်တာဦးမြင့်၏ ဆင်းရဲမွဲတေမှုပပျောက်ရေး စာတမ်းဖတ်ပွဲကို အစိုးရ၏ ဖိအားပေးမှုကြောင့် ဖျက်သိမ်းလိုက်ရကြောင်း NLD
တာဝန်ရှိသူများက ပြောသည်။ (Irrawaddy 110711) Read More...

၂၀၁၀ ရွေးကောက်ပွဲတွင် ၁၀ နေရာနှင့်အထက် အနိုင်ရရှိခဲ့သည့် နိုင်ငံရေး ပါတီ ၆ ခုက အသက် ၃၅ နှစ်အောက် ပါတီဝင်လူငယ်
၂၀ ဦးသည် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လူငယ်အသိဖလှယ်ရေး အစီအစဉ်ဖြင့် ဇူလိုင် ၁၂ ရက်နေ့က ဂျပန်နိုင်ငံကို ထွက်ခွာ
သွားကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ ဥက္ကဌ ဒေါက်တာ သန်းငြိမ်းက ပြောသည်။ (RFA 120711) Read More...

သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အစိုးရ တက်လာပြီး ရက်ပေါင်း ၁၀၀ ကျော်အတွင်း
ဝါရှင်တန်မြို့ရှိ အမေရိကန်ဆိုင်ရာ မြန်မာသံရုံး ပထမ အတွင်းဝန် ဦးစိုးအောင်သည် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသည့်စာကို
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဇူလိုင်လ ၁၃ ရက်နေ့ နေ့စွဲဖြင့် ပေးပို့လိုက်သည်။ (VOA 130711) Read More...

ရန်ကုန်မြို့၌ လူစည်ကားရာ နေရာတချို့တွင် ဗုံးဖေါက်ခွဲရေး သမားများအလိုရှိသည်ဟုဆိုသော ကြော်ငြာစာရွက်များကို အာဏာ
ပိုင်များမှ ဇူလိုင် ၁၃ ရက်နေ့တွင် လိုက်လံကပ်နေသည်ဟု မျက်မြင်တွေ့ရှိသူ လူငယ်တစ်ဦးက ပြောသည်။ (Narinjara 130711)
Read More...

ရန်ကုန် အလုံမြို့နယ်တွင် ဇူလိုင် ၁၃ ရက်နေ့က

အာဏာပိုင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်ခန့်ရာတွင် ပြည်သူများ၏

ဆန္ဒကို မယူဘဲ ကြံ့ဖွံ့ပါတီ အဖွဲ့ဝင်များနှင့် ယခင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းများကို ပြန်ခန့်နေကြောင်း အလုံမြို့နယ် အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုလူမော်လတ်က ပြောသည်။ (DVB 140711) Read More...

လက်ရှိ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်းသည် ပြည်နယ်အတွင်းရှိ လွှတ်တော်အမတ်အချို့အား သတင်းမီဒီယာ
များနှင့် ပြောဆိုခြင်း မပြုလုပ်ရန် လွန်ခဲ့သည့်လက ခေါ်ယူတားမြစ်ခဲ့ကြောင်း အမတ်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြော
ဆိုနေကြသည်။ (KIC 150711) Read More...

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 1-

NDD-

rSwfwrf;wifESifhokawoeXme

ကြံ့ဖွံ့ပါတီ

လက်ရှိ အာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် ပါတီဝင် များပြားလာစေရန်
အတွက် ကြံ့ဖွံ့မြို့နယ်၊ ခရိုင်ရုံးများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရုံးများတွင် အလုပ်အမှုဆောင် အဖွဲ့ဝင်များကို လစာပေး
မည်ဟုဆိုကာ စည်းရုံးနေကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ အလုပ်အမှုဆောင်တစ်ဦးက ပြောသည်။ (Irrawaddy 120711) Read
More...

ကချင်ပြည်နယ်အစိုးရက ဖွဲ့စည်းထားသော စေ့စပ်ရေးအဖွဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေး အဖွဲ့ဝင်များ၏ တင်ပြဆွေးနွေး
ချက်များကို အသံသွင်းယူသွားပြီး နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်ထံ ပြန်လည်ဖွင့်ပြမည်ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွင်း ရေးမှူး
၁ ဦးအောင်သောင်းက ပြောဆိုခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။ (Mizzima 150711) Read More...

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းတွင် ရပ်ကွက်ကျေးရွာအုပ်စု ၉၀ ကျော် ရှိသည့်အထဲမှ ၆၀ ကျော်ကို ကြံ့ဖွံ့ပါတီ
USDP မှ လွှတ်တော်ကိုယ်စားလှယ်များက အခကြေးငွေယူပြီး ပါတီစည်းရုံးရေးမှူးများကို ပါတီဝင်အဖြစ်မှ နုတ်ထွက်ခိုင်းပြီး
အုပ်ချုပ်ရေးမှူးများအဖြစ် ပြန်လည် ခန့်ထားမှုများ ပြုလုပ်ခဲ့သည်ဟု တိုက်ကြီးမြို့ အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်း တစ်ဦးက ပြောသည်။
(DVB 150711) Read More...

တပ်မတော်
(က) စစ်ဆင်ရေးများ

မြန်မာအစိုးရက ကချင်တိုင်းရင်းသားများနှင့် ဖြစ်ပွားသောပြည်တွင်းစစ်သည် “လူမျိုးအချင်းချင်း ရန်တိုက်ပေးခြင်းစနစ်” ကို စနစ်
တကျ ကျင့်သုံးနေကြောင်း ကချင်နိုင်ငံရေးလေ့လာသူများက ပြောဆိုလိုက်သည်။ (KNG 110711) Read More...

အစိုးရတပ်က ကချင်လက်နက်ကိုင်အဖွဲ့ KIA မိုးမောက်မြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်စခန်း ၂
ခုကို လက်နက်ကြီးဖြင့် တိုက်ခိုက်နေသည်မှာ ၂ ရက် ရှိပြီဖြစ်ကြောင်း KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဇူလိုင်
၁၁ ရက်နေ့က ပြောလိုက်သည်။ (Irrawaddy 110711) Read More...

ကရင်နီပြည်ဖာဆောင်းမြို့နယ် ထီးဒူးခီးစခန်းတွင် အခြေချသည့် မြန်မာအစိုးရတပ်စခန်းအား ကရင်နီတပ်မတော် စစ်ဦးစီးတပ်မှ
ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်တပ်မှ ရွာထဲသို့လက်နက်ကြီးများဖြင့် လှမ်းထု၍ ရွာသားများဒဏ်ရာရရှိခဲ့ကြသည်ဟု ဒေသခံ
များက ပြောသည်။ (KT 120711) Read More...

မြန်မာအစိုးရတပ်က ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် တောင်ပိုင်း ပူးပေါင်းတပ်ဖွဲ့ဝင်များအား ဇူလိုင် ၁၃ ရက်နေ့တွင် စစ်လေ
ယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ပြော
သည်။ (Mizzima 130711) Read More..., RFA...

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ကိုင်ဖက်ဒေသ လွိုင်ဆိုင်းတောင်တွင် အစိုးရတပ်နှင့် သျှမ်းပြည်တပ်မတော်အကြား တိုက်ပွဲ
လေးရက် ဆက်တိုက်ဖြစ်ပွားနေကာ အစိုးရတပ်ဖက်က အင်အား ၅၀၀ ခန့်တိုးချဲ့ပြီး လွိုင်ဆိုင်းတောင်တွင် SSA တပ်များ ဝိုင်းထား
သည့် အစိုးရတပ်ကို ပြန်လည်ကူညီရန် ကြိုးစားနေကြောင်း SSPP/SSA အရာရှိတစ်ဦးက ပြောသည်။ (DVB 140711) Read
More..., S.H.A.N...

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာတွင် မြန်မာစစ်တပ်က အင်အား အပြင်းအထန်သုံး
တိုက်ခိုက်နေခြင်းသည် နိုင်ငံတကာ ဥပဒေများနှင့် ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း ဥပဒေ ပညာရှင်
များက သုံးသပ်ပြောဆိုနေကြသည်။ (VOA 140711) Read More...

ကချင်ပြည်နယ် ဖားကန့်သွားရာလမ်း ကားမှိုင်း ကထန်ကျေးရွာတွင် ဇွန်လိုင်လ ၁၁ ရက်နေ့ နံနက် မြန်မာစစ်တပ်လက်နက်ကြီး
စမ်းသပ်ပစ်မှုကြောင့် မြေမြုပ်မိုင်းပေါက်ကွဲခဲ့ရာ ရွာသား ၁၀ ယောက် ထိုက်ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြစ်ကြီးနားမြို့ခံ တစ်ဦးက
ပြောသည်။ (KNG 140711) Read More...

သျှမ်းပြည်တပ်မတော် ဌာနချုပ်အနောက်မြောက် ဘက်၌ ၃-၄ ရက် ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးချိန် မြန်မာစစ်တပ်ဝိုင်း
ပိတ်တိုက်ခိုက်ခံရ၍ အများအပြားသေကျေဒဏ်ရာရရှိသောကြောင့် အစိုးရက ရဟတ်ယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် သွားရောက်
သယ်ယူနေကြောင်း ဒေသခံများက ပြောသည်။ (S.H.A.N 150711) Read More...

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 2-

NDD-

rSwfwrf;wifESifhokawoeXme

(ခ) လူ့အခွင့်အရေးချိုးဖေါက်မှုများ

မြန်မာစစ်အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များတိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် အစိုးရတပ်က အကျဉ်းသားများကို
ပေါ်တာအဖြစ် ခိုင်းစေမှုများ ဆက်လက် ရှိနေဆဲဖြစ်ကြောင်းကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) နှင့် ကရင်
လူ့အခွင့်အရေးအဖွဲ့ (KHRG) အဖွဲ့တို့က မှတ်တမ်းတင်ထားကာ “လမ်းလျှောက်နေရသည့် သေလူ - မြန်မာပြည်အရှေ့ပိုင်း
စစ်မျက်နှာစာမှ အကျဉ်းသား ပေါ်တာများ” အမည်ရှိ အစီရင်ခံစာကို ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။ (Irrawaddy
130711) Read More..., RFA...

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA (N) ကို မတ်လလယ်လောက်မှ ဇူလိုင်လအထိ အစိုးရတပ်ဖွဲ့ဝင်များမှ စစ်ဆင်ရေးများ
အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အများအပြားကျူးလွန်နေကြောင်း သျှမ်းလူ့အခွင့်အရေး ဖေါင်ဒေးရှင်းနှင့် SWAN သျှမ်း
အမျိုးသမီး ဆက်သွယ်လပ
ှုရှားဆောင်ရွက်ရေးအသင်းက အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ (BBC 140711) Read More...

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မှ ခမရ ၃၂၄ က နမ္မတူမြို့နယ်တွင်းရှိ ဘန်ဝါရွာမှ အမျိုးသမီး ၇ ဦး နှင့် အမျိုးသား ၁ ဦးတို့ကို
စစ်တပ်ရိက္ခာသယ်ယူရန်အတွက် ဇူလှိုင်လ ၁၂ ရက်နေ့ နံနက် ၉ ခွဲချိန်တွင် အဓ္ဓမ ပေါ်တာဆွဲခေါ်ထားကြောင်း ဒေသခံများက
ပြောသည်။ (KNG 140711) Read More...

အစိုးရတပ်ဖွဲ့ဝင်များက အပစ်အခတ်ရပ်ထားဆဲ ကာလအတွင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သားများ နှင့်
အရပ်သားအချို့ကို အကြောင်းမဲ့ သတ်ဖြတ်မှုများရှိခဲ့ပြီး ယင်းတို့ကို ဖျောက်ဖျက်ရန်လည်း ကြိုစားခဲ့သည့် သက်သေအထောက်
အထား ဓါတ်ပုံနှင့်ဗီဒီယို မှတ်တမ်းများရှိသည်ဟု KIO တွဲဖက်အထွေထွ အတွင်းရေးမှူး ဦးလာနန်းက ပြောသည်။ (BBC 160711)
Read More...

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီနှင့် အစိုးရ စစ်တပ်တို့အကြား ဇူလိုင် ၁၆
ရက်နေ့အထိ ၆ ရက်တိုင်တိုင် တိုက်ပွဲများဆက်လက်ဖြစ်ပွား အစိုးရတပ်ဖွဲ့ဝင်များက ဒေသခံ ကျေးရွာသားများကို ပေါ်တာ
အထမ်းသမားများအဖြစ် အသုံးပြုနေသည်ဟု SSA/SSPP ပါတီခေါင်းဆေင်များက ပြောဆိုလိုက် သည်။ (VOA 160711) Read
More...

(ဂ) နယ်ခြားစောင့်တပ်ဖွဲ့များ၊ ပြည်သူ့စစ်တပ်ဖွဲ့များ

ဗိုလ်မှူးကြီးစောချစ်သူထိန်းချုပ်သော

နယ်ခြားစောင့်တပ်ဖွဲ့ဝင်

ဦးတို့သည်

တိုးတက်သော

ဗုဒ္ဓဘာသာ

ကရင်အမျိုးသား

တပ်မတော် DKBA အမှတ် ၉၀၇ တပ်ရင်းထံသို့ ဇူလိုင် ၁၃ ရက်နေ့က ပြန်လည်ပူးပေါင်းခဲ့ကြောင်း DKBA တပ်ကြပ်ကြီးအယ်
တောက ပြောသည်။ (DVB 130711) Read More...

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်ရင်း (၁၀၁၇) မှ စစ်သည် ၅ ဦးနှင့် (၁၀၂၀)
တပ်ရင်းမှ စစ်သည် ၁ ဦးတို့သည် ဇူလိုင် ၁၃ ရက်နေ့က ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) ထံသို့ လက်နက်ခဲယမ်းများ
နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း KNLA တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။ (KIC 140711)
Read More...

ရဲ၊ လုံထိန်း တပ်ရင်းတပ်ဖွဲ့များ

အသက် ၁၅ နှစ်ရွယ် ကလေးစစ်သား မောင်ရေချမ်းကို စစ်တပ်မှ ထွက်ခွင့်မပေးသဖြင့် သုံးကြိမ်မြောက် ထွက်ပြေးလာပြီးနောက်
ဇူလိုင် ၅ ရက်နေ့က ၄င်း၏ မိဘနေအိမ်တွင် လှိုင်သာယာ ရဲ၊ ကြက်ခြေနီ၊ မီးသတ်နှင့်ရယကများအပါအဝင် အင်အား ၅၀ ခန့်ဖြင့်
လာရောက်ဖမ်းဆီးသွားပြီး ယခု အုပ်ကျင်းအမှတ် ၃ တပ်ထိန်းစခန်းတွင် နှိပ်စက်ခံနေရသည်ဟု မိခင်ဖြစ်သူ ဒေါ်စပယ်က ပြော
သည်။ (RFA 100711) Read More...

ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုခရိုင် နောင်မွန်း-မချမ်းဘောလမ်း ပြုပြင်နေသည့် ရွာသားများကို ဒေသခံ ရဲနှစ်ဦးက ကချင်
လွတ်မြောက်ရေး အဖွဲ့ဝင်များဖြစ်သည်ဟု စွပ်စွဲကာ ညှင်းပန်းနှိပ်စက်ခဲ့သည့်အမှုကို ဘူတာအိုခရိုင် ရဲစခန်းသို့ တိုင်ကြားလိုက်
ကြောင်း ရွာသားများဘက်မှ ကူညီဆောင်ရွက်ပေးနေသည့် ခရစ်ယာန်သင်းအုပ် ဆရာတော် ဦးနော်ဒင်းက ပြောသည်။ (Mizzima
140711) Read More...

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 3-

NDD-

rSwfwrf;wifESifhokawoeXme

အခြားနိုင်ငံရေးပါတီများ

ရှမ်းပြည်တောင်ပိုင်းတွင်

မြန်မာအစိုးရစစ်တပ်နှင့်

ရှမ်း

SSA

မြောက်ပိုင်းတပ်ဖွဲ့များကြား ဖြစ်ပွားနေသည့်

တိုက်ပွဲများအ

တွင်း ဒေသခံအရပ်သားများအပေါ် မြန်မာအစိုးရ စစ်တပ်ဘက်က လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့်ပတ်သက်၍ အချက်
အလက်များ

အတိအကျစုံစမ်း၍

ပြည်နယ်အစိုးရမှတဆင့်

လွှတ်တော်များအထိရောက်အောင်

အဆင့်ဆင့်တင်ပြသွားရန်

စီစဉ်ထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ပြောသည်။ (VOA 150711) Read More...
အတိုက်အခံအင်အားစုများ (ပြည်တွင်း)
(က) ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပေါ် ဖိအားပေးခြိမ်းခြောက်မှုများကို အစိုးရက ဆက်တိုက်ပြုလုပ်လာသည့်အတွက်
ပါတီ

ဆက်လက်ရပ်တည်ရေးအတွက်

စိုးရိမ်မှုမြင့်မားနေသည်ဟု

NLD

ပြောရေးဆိုခွင့်ရှိသူ

ဦးဉာဏ်ဝင်းက

ပြောသည်။

(Irrawaddy 120711) Read More...

လက်ရှိ ဦးသိန်းစိန်အစိုးရအနေဖြင့် လုပ်သင့်လုပ်ထိုက်သည့် နိုင်ငံတာဝန်များကို အမြန်ဆောင်ရွက်ရန် မြန်မာ့ဒီမိုကရေစီ ခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၄ ရက်နေ့တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။ (RFA 140711) Read More...

ပါတီပျက်ပြယ်ပြီး ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် အစိုးရက သတိပေးထားသော အတိုက်အခံပါတီကြီး အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်က ၎င်းတို့ ရပ်တည်ခွင့်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မကြာခင် တင်ပြသွားမည်ဟု NLD ပြောခွင့်ရ
ရှေ့နေကြီးဦးဉာဏ်ဝင်းက ပြောသည်။ (Mizzima 150711)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီဆက်လက်ရပ်တည်ရေး ကိစ္စနှင့်ပတ်သက်ပြီး ဥပဒေကြောင်းအရ အရေးယူတောင်း
ဆိုရန်အတွက် လာမည့်သီတင်းပတ် သုံးပတ်အတွင်း ကမ္ဘာ့ကုလသဂ္ဂထံ တင်ပြသွားမည်ဟု ဗဟိုအလုပ်အမှု ဆောင်တဦးလည်း
ဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။ (BBC 150711) Read More..., Mizzima...

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပညာဒါနလုပ်ငန်းများကို ကူညီပံ့ပိုးသည့်အနေဖြင့် ပြည်ပက စေတနာရှင်များ ပေးပို့
လှူဒါန်းသော ကျောင်းသုံး ပစ္စည်းများကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းက ပညာဒါနကျောင်းများကို ဇူလိုင် ၁၄ ရက်နေ့က
လှူဒါန်းခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။ (RFA 150611) Read More...

(ခ) အခြားတက်ကြွလှုပ်ရှားသူအင်အားစုများ

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က ယခုဇူလိုင်လဆန်းပိုင်းအတွင်း မြောင်းမြ၊ မော်လမြိုင်နှင့် ဘားအံထောင်များကို သွား
ရောက်ကြည့်ရှုခွင့်ရခဲ့သော်လည်း

နိုင်ငံရေးအကျဉ်းသားများနှင့်

တွေ့ခွင့်မရလိုက်ကြောင်းနှင့်

နိုင်ငံရေးအကျဉ်းသားများရှိနေ

ကြောင်းကိုလည်း အပြင်မှ ကျယ်ကျယ်လောင်လောင် ပြောပေးရန် ဘားအံထောင်ရှိ Blogger ကိုနေဘုန်းလတ်က ပြောဆိုခဲ့
သည်ဟု ထောင်ဝင်စာ သွားတွေ့ခဲ့သည့် မိခင် ဒေါ်အေးအေးသန်းက ပြောသည်။ (BBC 120711) Read More...

မုံရွာမြို့ပေါ်ရှိ ရွှေစည်းခုံဘုရားအပါအ၀င် လူစည်ကားရာ နေရာ ၇ နေရာခန့်တွင် ကျောင်းသားလူငယ်ဟု နံမည်တပ်ထား
သည့်အဖွဲ့များက လာမည့်ဇူလိုင် ၁၈၊ ၁၉ ရက်များတွင် ဆန္ဒပြရေးအပါအ၀င် တောင်းဆိုချက် သုံးရပ်ပါဝင်သည့် အစိုးရဆန့်
ကျင်ရေး နှိုးဆော်စာများကို ဇူလိုင် ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဖြန့်ဝေခဲ့သည်ဟု လက်ခံရရှိခဲ့သူ ဒေသခံတစ်ဦးက
ပြောသည်။ (RFA 150711) Read More...

ပြည်သူနှင့်လူထုအခြေပြုအဖွဲ့အစည်းများ
(က) ဘာသာရေးအသင်းအဖွဲ့များ

နိုင်ငံတော် အစိုးရသစ်ကို သြဝါဒပေး သွန်သင်ဆုံးမပေးမှုအဖြစ် နိုင်ငံငြိမ်းချမ်း သာယာတိုးတက်ရေး၊ အမျိုးသာသနာဖွံ့ဖြိုးရေးတို့
အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရန်နှင့် ထောင်တွင်းရှိ သံဃာတော် ၁၀၀ ပါးကျော်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 4-

NDD-

rSwfwrf;wifESifhokawoeXme
ကျော်ကို အမြန်ဆုံးပြန်လွတ်ပေးရေးတို့ကို သြ၀ါဒပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက အစိုးရသစ်အား
လျှောက်ထားလုက
ိသည်။ (RFA 110711) Read More...

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) အောက် အသင်းတော်များမှ ကချင်ပြည်နယ် နိုင်ငံရေး
တည်ငြိမ်အေးချမ်းရေးအတွက် ၂၄ နာရီ အစာရှောင် ဆုတောင်းခြင်းအစီအစဉ်ကို ဇူလိုင် ၁၀ ရက်နေ့ ညသန်းခေါင်း ၁၂ နာရီမှ
ဇူလိုင် ၁၁ ရက် ညသန်းခေါင်ထိ တချိန်တည်းပြုလုပ်ခဲ့ကြသည်။ (KNG 120711) Read More...

(ခ) မီဒီယာ

ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးစာအစိုးရသတင်းစာများတွင်ဖော်ပြပြီး နောက်ပိုင်း ၎င်းနှင့်သက်ဆိုင် သော
သတင်းများကို ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့် မပြုတော့သည်ဟု ရန်ကုန်အခြေစိုက် အယ်ဒီတာတဦးက ပြောသည်။
(Irrawaddy 110711) Read More...

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို သွားနေသော်လည်း အခွင့်ထူးခံ ပုဂ္ဂိုလ်အချို့မှ သတင်းမီဒီယာ
လွတ်လပ်ခွင့်ကို တားဆီးမှုများ ရှိနေခြင်းကြောင့် ယခုကဲ့သို့ သတင်းမီဒီယာ လွတ်လပ်ခွင့်ရရှိရေးအတွက် Hot News ဂျာနယ်
ရင်ဆိုင်ရန်ရှိသည့် အမှုများကို ရှေ့နေလိုက်ပေးမည်ဖြစ်ကြောင်း ရှေ့နေနှင့် လွတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးသိန်းညွန့်က ပြော
သည်။ (Mizzima 110711) Read More...

ကာလအတော်ကြာသည့်အထိ ပုံမှန်ပြုလုပ်ရန် ပျက်ကွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းစာရှင်းပွဲကို ဇူလိုင်
၁၆ ရက်နေ့ ပြန်လည်ကျင်းပမည်ဖြစ်သော်လည်း ယင်းသတင်စာရှင်းလင်းပွဲမှ ပြည်သူများအကြား ဖြစ်ပေါ်နေသည့် အုပ်ချုပ်ရေးနှင့်
တရားစီရင်ရေးဆိုင်ရာ

အခက်အခဲများကို

မေးမြန်းခွင့်

မရနိုင်သောကြောင့်

မတက်ရောက်ရန်

သတင်းဂျာနယ်

အချို့က

ဆုံးဖြတ်လိုက်ကြသည်ဟု သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာတစ်ဦးက ပြောသည်။ (DVB 150711) Read More...
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်-တောင်ကြီးကားလမ်းပေါ် SSA လွယ်တိုင်းလျဲန်းနှင့် ပင်လုံရဲတပ်ဖွဲ့တို့ အကြား ဇွန်လ ၉ ရက်နေ့က
တိုက်ခိုက်မှုဖြစ်ပွားကာ စခန်းမှူး အပါအဝင် ၆ ဦး ကျဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ (S.H.A.N 110711) Read
More...

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် KIA နှင့် မြန်မာအစိုးရစစ်တပ် တိုက်ပွဲများကြောင့် ဇူလိုင် ၉ ရက်နေ့ မိုးမောက်မြို့နယ်
လောဒန်ကျေးရွာရှိ လမ်းဘေးထမင်းဆိုင်ပိုင်ရှင် မောင်စိုး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ (S.H.A.N
110711) Read More...

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်အချို့သည် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ကချင်ပြည်နယ် ဒေသခံများ၏
သဘောထားကို မေးမြန်းရန် ယင်းဒေသခံ ကိုယ်စားလှယ်များနှင့် ဇူလိုင် ၁၂ ရက်နေ့က လိုင်ဇာမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း
KIO တွဲဖက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။ (Irrawaddy 120711) Read More..., Mizzima..., Read More...

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က သျှမ်းပြည် (မြောက်ပိုင်း) နမ်မတူမြို့နယ် မိန်းမို ကျေးရွာအုပ်စု မန့်စန်ပူးရွာ အနီးတွင်
သျှမ်းပြည်တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့များသည် အစိုးရတပ်နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ရာ
အစိုးရတပ်မှ ၅ ဦးကျဆုံးခဲ့ကြောင်း သျှမ်းတပ်မတော် အရာရှိတစ်ဦးက ပြောသည်။ (S.H.A.N 120711) Read More...

ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ စစ်တပ်များ အကြား တိုက်ပွဲများ လျော့နည်းသွား သော်
လည်း ဇူလိုင် ၁၁ ရက်နေ့က ကာမိုင်းမြို့နယ် အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့
ကြောင်း ကချင် သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်းက ပြောသည်။ (Irrawaddy 130711) Read More...

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ကချင်ပြည်သူလူထု သဘောထားအမြင်များ တောင်းခံသည့် အစည်းအဝေးတွင် မြန်မာ
စစ်တပ်နှင့် KIA အပစ်ရပ်စဲရန် လုံးဝကန့်ကွက်သည့် အဖြေများသာရရှိခဲ့ကြောင်း စည်းဝေးတက်ရောက်သူ မြစ်ကြီးနား ကိုယ်စား
လှယ်တစ်ဦးက ပြောသည်။ (KNG 130711) Read More...

ဝမ့်ဟိုင်းဌာနချုပ်မြောက်ဖက် မြန်မာစစ်တပ်၏ ရှေ့တန်းခံတပ်စခန်းတခုဖြစ်သော နမ့်ပုတ်ဂိတ်အား သျှမ်းပြည် တပ်မတော် SSPP/
SSA က ထိုးဖောက် တိုက်ခိုက်နိုင်ခဲ့ကာ မီးတင်ရှို့ခဲ့ကြောင်း SSPP/SSA မှ အရာရှိတစ်ဦးက ပြောသည်။ (S.H.A.N 130711)
Read More...

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 5-

NDD•

rSwfwrf;wifESifhokawoeXme
ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် KIA ကချင် လွတ်လပ်ရေး တပ်မတော်နှင့် အစိုးရ တပ်ဖွဲ့များအကြား
ဖြစ်ပွားနေသည့် တိုက်ပွဲများ အဆုံးသတ်သွားစေရေးအတွက် တရုတ်အစိုးရအနေဖြင့် ကြားဝင်ဆောင်ရွက်ပေးရန် KIO က ဇူလိုင်
၁၄ ရက်နေ့ နေ့စွဲဖြင့် တရုတ်အစိုးရထံ စာရေးပန်ကြားလိုက်သည်။ (BBC 140711) Read More...

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပခဲ့သည့် လူထု အစည်းအဝေးမှ ထွက်ရှိလာသည့် ဆွေးနွေး
ချက်များကို ဇူလိုင် ၁၅ ရက်နေ့ည ကြေညာချက် ထုတ်ပြန်ရာတွင် အဓိကအချက်အဖြစ် လက်ရှိ ဖြစ်နေသည့် ပြည်တွင်း
စစ်နှင့်ပတ်သက်၍ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရန်နှင့် ရေရှည် အာမခံချက်ရသည့် အပစ်ရပ် ငြိမ်းချမ်းရေး ဖေါ်ဆောင်
ရန် လူထုမှ လိုလားနေသည်ဟု KIO တွဲဖက်အထွေထွ အတွင်းရေးမှူး ဦးလာနန်းက ပြောသည်။ (RFA 150711) Read More...

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် (SSA) ဌာန ချုပ်ဝမ့်ဟိုင်းအား အပြင်စည်း လုံခြုံရေး
ယူထားသော လွယ်ကုန် တောင်ကုန်းကို မြန်မာစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဘက်တိုက်ပွဲများ
ယနေ့အထိ ဖြစ်ပွားနေကြောင်းသျှမ်းတပ် အရာရှိတစ်ဦးက ပြောသည်။ (S.H.A.N 150711) Read More...

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အနေဖြင့် “မြန်မာအစိုးရရဲ့ ဆန္ဒအတိုင်း လက်နက်
မချနိုင်ဘူး။ အညံ့ခံဖို့လဲ မရှိဘူး။ တကယ်လို့သာ လက်နက်ချရ မယ်ဆိုရင်လဲ တရုတ်မှာဘဲ လက်နက်ချမယ်။ ကျနော်တို့ သုံးနေတဲ့
လက်နက်တွေက တရုတ်လက်နက် တွေလေ” ဟု ဝ တပ်အရာရှိတစ်ဦးက ပြောသည်။ (S.H.A.N 150711) Read More...

အတိုက်အခံအင်အားစုများ (ပြည်ပ)

အစိုးရတပ်ဖွဲ့များမှ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်နေမှုနှင့်ပတ်
သက်၍ နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OMCC က ပြင်းထန်စွာ ကန့်ကွက်လိုက်ကြောင်းနှင့်
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေဖြင့် ချမှတ်ထားသည့်မူအတိုင်းတဖွဲ့ကို တိုက်ခိုက်လာပါက ကျန်သည့်
အဖွဲ့များမှ အကူအညီပေးကြရန် ဇူလိုင် ၁၀ ရက်နေ့က ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်သည်။ (RFA 110711) Read
More...

ဂျပန်အစိုးရက မြန်မာနိုင်ငံကို ODA လို့ခေါ်သည့် နိုင်ငံရပ်ခြား စီးပွါးရေး အကူအညီများ ပြန်ပေးရန်စဉ်းစားနေသည်ဆိုသည့်
အချက်ကို ပြန်လည်သုံးသပ်သင့်ကြောင်း ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူများက တိုက်တွန်းလိုက်ကြောင်း တိုကျို မြန်မာ့
ရေးရာရုံး တာဝန်ခံ ဒေါက်တာမင်းညိုက ပြောသည်။ (RFA 120711) Read More...

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့ရှိ အမေရိကန်ဆိုင်ရာ မြန်မာသံရုံး ပထမ အတွင်းဝန် ဦးစိုးအောင်မှ နိုင်ငံရေးခိုလှုံခွင့်
တောင်းခံသည့်အပေါ် "အစိုးရကို အကာအကွယ်ပေးဖို့ ဝန်ထမ်းတွေကိုယ်တိုင်က အယုံအကြည်မရှိတော့တာကို ပြသတာဖြစ်
တယ်" ဟု အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းက ပြောကြား
လိုက်သည်။ (Irrawaddy 140711) Read More...

နိုင်ငံတကာ
အစိုးရမဟုတ်သောအဖွဲ့အစည်းများ

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကို ဝိုင်းဝန်းထောက်ခံပါဝင်ကြ
ရန် မြန်မာ့အရေး ပူးပေါင်းလှုပ်ရှားသူများအဖွဲ့ Burma Partnership က အာဆီယံ နိုင်ငံအစိုးရများကို တိုက်တွန်းတောင်းဆိုလိုက်
သည်။ (RFA 140711) Read More...

End of report/ Saturday, July 16, 2011

'Drdkua&pDESifhzGH‹òzd;wdk;wufa&;tiftm;pk/ rSwfwrf;wifESifhokawoeXmerS xkwfa0jzef‹csdonf?
Documentation and Research Department (NDD)

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 6-

Sign up to vote on this title
UsefulNot useful