You are on page 1of 133

mmcybermedia.

com

cp
l m;c&
H aom
cs,&
f &
D u
G &
f ifr
h sm;
(ol&Jaumif;ararrsm;odkY)

ပခုက္ကူဦးအုန်းဖေ ဝတ္ထုရှည်စာမူဆုရ စာရေးဆရာမ

cifMuLMuLwif
typing & pdf - lucky82
mmcybermedia. com

ပုံနှိပ်မှတ်တမ်း

စာမူခွင့်ပြုချက် - ၅၀၁၄၂၉၁၁၁၁

မျက်နှာဖုံးခွင့်ပြုချက် - ၅၀၁၄၂၉၁၂၁၁

အုပ်ရေ - ၁၀၀၀ အုပ်

တန်ဖိုး - ၁၅၀၀ ကျပ်

ပုံနှိပ်ခြင်း - ပထမအကြိမ်၊ ၂၀၁၂ ဇန်နဝါရီလ

မျက်နှာဖုံးပန်းချီ - ခင်ကြူကြူတင်

ဒီဇိုင်း - ဆူးသစ်နီ

ကွန်ပျူတာ - မြတ်သူ (စွယ်တော်ကန


ွ်ပျူတာ)

အတွင်းဖလင် - စိတ်ကူးချိုချို

မျက်နှာဖုံးနှင့် အတွင်းပုံနှိပ် - ကျောက်စိမ်းပုံနှိပ်တိုက်၊ ဦးကျော်စိန်၊ အမှတ် ၁၇၁၊ ၃၃ လမ်း၊ ရန်ကုန်

စာအုပ်ချုပ် - ကိုမြင့်

ထုတ်ဝေသူ - သင်းစာပေ၊ ဒေါ်သင်းသင်းမွန်၊ ၁၀/ရတနာမြိုင်လမ်း၊ လှည်းတန်း၊ ရန်ကုန်

ဖြန့်ချိရေး - မိုးစက်စာပေ၊ တိုက် (၇၈)၊ ၆ လွှာ(ဝဲ)၊ စက်ရုံလမ်း၊ သာယာကုန်းရပ်ကွက်၊


မင်္ဂလာတောင်ညန
ွ့်

typing & pdf - lucky82 1


mmcybermedia. com

အမှာစာ

သည်ဝတ္ထုအတွက် အမှာစာရေးရန် ရည်ရွယ်ချက်မရှိတာ အမှန်။ ဝတ္ထုက ရေးပြီးသည်မှာ


နှစ်အတော်ကြာခဲ့ပြီ။ ခေတ်ကာလနှင့် အလှမ်းကွာခဲ့ပြီ။ သို့သော် မိခင်ဆိုသည် ရှိခဲ့၊ ရှိမြဲ၊ ရှိလတ္တံ့
ဖြစ်ပါသည်။

သမီးများ (၃-ယောက်)က သဘောကျသည်။ ခံစားရသည်။ အဖွားရှိနေဆဲ စာအုပ်ဖြစ်စေချင်သည်။


သူတို့စေတနာကို လေးစားသောအားဖြင့် ဖြည့်စွမ်းခြင်းဖြစ်ပါသည်။

မိခင်ဟူသည် ဟောင်းနွမ်း ဆွေးမြေ့ကျန်ရစ်ခြင်းမရှိပါ။

ဝတ္ထုခေါင်းစဉ်ကို ပြန်လည်ရွေးပေးဟု ဆိုပြန်သည်။ ထို့ကြောင့် စဉ်းစားရပါသည်။

တောင်ပေါ်သူတိုင်း ချယ်ရီပင်နှင့် ချယ်ရီပန်းကို မြတ်နိုးကြပါသည်။ မြေပြန့်လွင်ပြင်မှသူတိုင်းလည်း


ချယ်ရီကို သိကြနှစ်သက်ကြသည်။

ပင်စည်လည်း ပန်းရင့်၊ ပန်းပွင့်လည်း ပန်းရင့်၊ ရွက်နုလည်း ပန်းရင့်။

ချယ်ရီရက
ွ်ကြွေကို ပင်ခြေရင်းမှာ မတွေ့နိုင်။ ချယ်ရီသည် ရင့်ရော်၍ ရွက်ခြောက်ခြွေလေ့ မရှိပါ။
ချယ်ရီရက
ွ်များ ရင့်ပြီ၊ နွမ်းခြောက်ခြင်း မဖြစ်မီ၊ ခူ စားပါသည်။ အမွေးအမျှင်မရှိသော
စိန်းနက်မှောင်၊ အဝါတောက်တောက်၊ ပြောက်ကြားခူကောင်များ ဖြစ်ပါသည်။ ခူကြီး၊ ခူသေးများ၊
ချယ်ရီရက
ွ်ရင့်များ ကုန်သည်ထိ စားကြသည်။

ရွက်ရင့်များ ကုန်၍ ရိုးတံကျဲကျဲကျန်သော် ခူများပျောက်ကွယ်သွားကြပါသည်။

typing & pdf - lucky82 2


mmcybermedia. com

ချယ်ရီ၏ သံသရာဖြစ်ပါသည်။ နှင်းဖွဲဖွဲကျ အေးမြသောကာလတွင် ချယ်ရီဖူးများ


ဝေဆာတော့သည်။

မိန်းမသားဘဝသည် ပန်း ကိုကိုယ်စားပြုပါသည်။

စာရေးသူအနေနှင့် မိခင်ဖြစ်ခ့သ
ဲူများ၊ ဖြစ်ဆဲသူများ၊ ဖြစ်လတ္တံ့သော မိခင်များကို ချယ်ရီပင်နှင့်
သဘာဝတူသည်ဟု ခံစားပါသည်။

ပေးဆပ်ခံစားမှုများ၊ နာကျင်ခြင်း ဝေဒနာများသည် ခူ စားခံရခြင်းနှင့် တူညီပါသည်။

အားမာန်တင်း၍ အောင်ပွဲခံနိုင်ခြင်းသည် ပင်လုံးဝေဆာသော ချယ်ရီပွင့်များနှင့် တူညီပါသည်။

နှင်းမှုံဖွေးဖွေး အေးမြသော ရာသီကာလမှာ ငေးမောရလောက်သော ကျက်သရေရှိစွာ ၊


ဆွဲဆောင်နိုင်စမ
ွ်းသော အလှတရားသည် မိခင်၏ အားမာန်မှ ဖြစ်ထွန်းလာသော သားသမီးများ၏
အောင်မြင်မှုဖြစ်ပါသည်။

ခူ စားခံရသော ချယ်ရီပင်၏ ပြုံးပျော်ကြည်နူးမှု၊ မခင်သစ် ၏ ပြုံးပျော်ဝင့်ကြွားမှု။

စာရေးသူသည် မခင်သစ် ကဲ့သို့သော သူရဲကောင်း မေမေများ အား ဂုဏ်ပြုရေးသားခြင်း


ဖြစ်ပါသည်။

တိုက်တန
ွ်းအားပေး ကူညီကြသော သမီးများ မနွေးနွေးထွန်း၊ မမေပြည့်ထွန်း၊ မအင်ကြင်းထွန်းနှင့်
ကိုဆူးသစ်နီ(စာရေးဆရာ)၊ မိခင်လောင်း မမိုးစက်(စာရေးဆရာမ)တို့အား ကျေးဇူတင်ပါသည်။

ခင်ကြူကြူတင်

(၂၄.
၂၄. ၈.၂၀၁၁)
၂၀၁၁)

typing & pdf - lucky82 3


mmcybermedia. com

"ဒီတစ်ခါ ပြောင်းရမှာ သေချာတယ် မခင်သစ်"

ထမင်းစားပြီး၊ လက်ဆေးရေစစ်ရင်း ပြောသွားသည့် စကားသံက ပဲ့တင်ထပ်ကြားနေသည်။


ရင်မောသောကြောင့် အကြိမ်ကြိမ် သက်ပြင်းချမိသည်။ အံကြိတ်မိတာလည်း ခဏခဏ။
အိုးခွက်ပန်းကန်တွေ ဘယ်လိုဆေးကြောမိမှန်းမသိ။ လုပ်နေကျမို့သာ လူနှင့်လက်က
စက်ရုပ်သဖွယ် လှုပ်ရှားနေကြသည်။

သံသေတ္တာသော့ဖွင့်သည်။ ပြန့်နေအောင် ဖြန့်ထည့်ထပ်ထားသော ငွေစက္ကူလေးတွေကို


ရေတွက်ရင်း ဘော်လီအိတ်ထဲ ထည့်လိုက်သည်။

"ကလေးတွေ သိပ်ထားခဲ့ပါတယ်။ နိုးလာရင် ခဏကြည့်ပေးပါနော်. .."

ဟု အခန်းနီးချင်း မအေးကြည်ကို မှာခဲ့သည်။ အမေးစကားသံကို မစောင့်တော့ဘဲ


စက်ဘီးနင်းထွက်ခ့သ
ဲ ည်။ လူရှင်းကားရှင်းချိန်မို့ အဆင်ပြေသည်။ ကုန်းဆင်းလမ်းမို့ မြန်သည်။
မြန်မြန်နင်း၊ ကျောင်းမဆင်းမီ အမြန်ရောက်ဖို့လိုသည်။ သိပ်ထားခဲ့သော ကလေးနှစ်ယောက်
မနိုးမီ။ ခါတိုင်းတော့ ညနေ ၃း၃၀ ခန့်ထိ အိပ်တတ်ကြသည်။ ဈေးရောင်းနေသော
မခါဥဆီရောက်တော့ ၁၂ နာရီခလ
ွဲုပြီ။

"မခင်သစ် မောကြီးပမ်းကြီးနဲ့ ဘာဖြစ်လာတာလဲ"

မခင်သစ်တန
ွ်းလာသော စက်ဘီးကို ဆီးဆွဲရင်း မခါဥမေးသည်။ မခင်သစ် ချွေးမသုတ်အားပါ။
နဖူးမှ နားထင်ထိစီးလာသော ချေွး များကို လက်ဝါးဖြင့် သိမ်းသပ်ရင်း...

"မခါဥ... ဟိုတစ်ခါ ပြောတဲ့ မြေကွက်ကလေးဟာလေ... ရှိသေးလားဟင်"

"ဟင်. .."

မခါဥမှာ ထွားကြိုင်းလှသည်တော့ မဟုတ်။ သို့သော် သေးကွေးသောကြောင့် မခင်သစ်


မော်ကြည့်ရင်း မေးရသည်။ မခါဥ တွေနေသည်။ စဉ်းစားနေသည်။

"အော်. .. အင်း... ကြာတောင်ကြာပြီနော် မခင်သစ်ရယ်။ ဘာလုပ်မလို့လဲ ဟင်. .."

"လိုချင်လို့ပါ မခါဥရဲ့"

"နေဦး... ဈေးဗန်းကြည့်ထားနော်။ ကျွန်မသွားမေးလိုက်မယ်။ ဝယ်တဲ့လူလာရင်ရောင်းလိုက်"

typing & pdf - lucky82 4


mmcybermedia. com

ဈေးဗန်းနား မခင်သစ်ထိုင်ရစ်သည်။ မုန်ညင်းနှင့် ဂေါ်ရခါးသီးပုံကို ငေးကြည့်သည်။


မခါဥပြန်လာချိန်ကို စောင့်နေသည်။ အချိန်ကုန်သွားမှာ စိုးရိမ်နေသည်။ အဆင်မပြေမှာလည်း
ကြောက်နေသည်။ 'မြန်မြန်. .. မြန်မြန်လေး မခါဥရယ်။ တော်ကြာ ကလေးတွေ နိုးမှဖြင့် ဒုက္ခ'
ဒူးလေးနှစ်လုံးပိုက်၍ထိုင်ရင်း ဈေးဗန်းပေါ်တက်လာသော ပုရွက်ဆိတ်နက်လေးများကို
ရေတွက်နေသည်။ တစ်ကောင် နှစ်ကောင် အတော်များသည်။ အကောင်ပေါင်း သုံးလေးဆယ်။
သားကျွေးမှု မယားကျွေးမှုနှင့် သွားလာလှုပ်ရှားနေဟန်တူသည်။ ငြုပ်သီးစိမ်းပုံကို ဖြတ်ပြီး
မုန်ညင်းပွင့်လေးတွေထဲ ဝင်သွားကြသည်။ မုန်ညင်းပွင့်ဝါဝါမှ လက်ကျန်ပန်းဝတ်ရည်ကို
စုပ်နေကြဟန်တူသည်။ မခါဥမလာသေး။ အဆင်ပြေပါ့မလား။ ရောင်းများရောင်းပစ်လိုက်ပြီလား။
မြေကွက်ထောင့်ကက
ွ်ကလေး။ သားသတ်ရုံနှင့် နီးသောကြောင့် လူနေတော့ကျဲသည်။
ရပ်ကွက်လည်း အသစ်၊ ပေ ၄၀ ပေ ၆၀ မြေကွက်လေးမို့ အဆင်တော့ပြေပါသည်။ အင်း...
ရထားလိုက်ရင်ဟု တွေးရင်း မခင်သစ် ရင်မောနေသည်။ သည်မြေကွက်လေးရမှ။ ကိုဘသိန်းက
ဒီတစ်ခါပြောင်းရဖို့ သေချာနေပြီ။ မြို့စွန်တော့ မြို့စွန်ပေါ့လေ။ ဒါပေမယ့် အရမ်းကြီးတော့ မဝေး။
ဖြစ်အောင်တော့ လုပ်မှဟု မခင်သစ်တွေးရင်း ချာချာလည်နေသည်။အတွေးတွေက
ဟိုရောက်သည်ရောက် ဖြစ်နေသည်။

"မခင်သစ်..."

"အော်. .. မခါဥ"

ဈေးခုံပေါ် မခါဥဝင်ထိုင်သည်။

"ဒီမယ်. .. မြေရောင်းမယ့်သူ"

အသားမည်းမည်းဝဝ၊ အမျိုးသမီးကြီးက မခင်သစ်ကို ပြုံးပြသည်။ ဖြူဖွေးသော


သွားများပေါ်နေသည်။ သဘောသက္ကာယကောင်းပုံပင်။ မခင်သစ် ပြန်ပြုံးပြသည်။

"အဒေါ်ရယ် ဘယ်လောက်နဲ့ ရောင်းမှာလဲဟင်. .."

မခင်သစ် အသံကကြည်လင်စူးရှနေသည်။

"သေချာဝယ်မှာလား...၊ ဝယ်မှာဆိုရင် တစ်ခါထဲပြောမယ်၊ ဈေးတော့မဆစ်နဲ့နော်"

မခင်သစ် ရင်ထိတ်သွားသည်။ သူမ မဝယ်နိုင်မှာ စိုးရိမ်နေသည်။ ပြုံးတော့ပြုံးပြနေမိသည်။


သို့သော် လျော့ရဲရဲ။ ဈေးမဆစ်န့တ
ဲ့ဲ. ..

"သုံးရာ့ငါးဆယ်ပဲ၊ မလျှော့တော့ဘူး..."

typing & pdf - lucky82 5


mmcybermedia. com

ပြောလိုက်သောစကားကြောင့် မခင်သစ်ဝမ်းသာသွားသည်။ တော်ပါသေးရဲ့။ သူမမှာ


ငွေငါးရာကျပ်သာပါလာသည်။ ဒီထက်မပိုပါစေနှင့်ဟု ဆုတောင်းနေရသည်။ ယခုတော့
ဈေးမဆစ်နဲ့ သုံးရာ့ငါးဆယ်ကျပ်တ့။ဲ

"မဆစ်ပါဘူးအဒေါ်၊ သုံးရာ့ငါးဆယ်ဆိုလည်း သုံးရာ့ငါးဆယ်ပေါ့။ ကျွန်တော် ဝယ်မှာပါ။


စာချုပ်စာတမ်းတို့၊ ဂရံတို့က ဘယ်လိုလုပ်မှာလဲဟင်"

မခင်သစ် ဝယ်မည်ဆိုသောကြောင့် မြေရှင်ဒေါ်ဘုမ ဈေးခုံပေါ် ဝင်ထိုင်လိုက်သည်။ ပုခုံးမှာ


လွယ်ထားသော လွယ်အိတ်ခပ်ညစ်ညစ်ထဲမှ စက္ကူအိတ်တစ်အိတ်ထုတ်သည်။ အင်္ဂလိပ်လို
ရေးထားသော စာရွက်နှစ်ရက
ွ် ထုတ်သည်။

"ရော့. .. အဲဒါ မြေဂရံပဲ မခင်သစ်ရဲ့..."

ဂရံစာရွက်ကို မခင်သစ်ယူလိုက်သည်။

"ဒါက... မြေကွက်ရှိတဲ့ မြေပုံစာရွက်. .."

"နောက်မှ နာမည်ပြောင်းလုပ်ပေါ့"

မခင်သစ် ခေါင်းငြိမ့်သည်။ ဘော်လီအိတ်ထဲမှာ ငွေစက္ကူများကို ဆွဲထုတ်ပြီး ငွေသုံးရာ့ငါးဆယ်


ပေးလိုက်သည်။ သူမလက်ထမ
ှဲာ တစ်ရာ့ငါးဆယ် ကျန်သေးသည်။ သူမစိတ်နှလုံးပေါ့ပါးနေသည်။
ဒေါ်ဘုမ သူမလိပ်စာကို ပေးသွားသည်။

"အိမ်ဆောက်မှာလား မခင်သစ်"

မခင်သစ် ထိုင်ရာမှ ထသည်။ လုံချည်တင်းတင်းပြင်ဝတ်သည်။

"ဆောက်နိုင်သလောက်နဲ့ ဆောက်ရတော့မှာပဲ မခါဥရယ်"

"ကိုဘသိန်းက ပြောင်းရတော့မှာ..."

"ဟုတ်လား... ဘယ်တ့လ
ဲ. .."

"မပြောတတ်ဘူး မခါဥရယ်၊ ဒီတစ်ခါပြောင်းရင် ကျွန်တော်တို့ နေရစ်မှဖြစ်မယ်"

စစ်ကိုင်းသူ မခင်သစ်က ကျွန်မအစား ကျွန်တော်ဟု ပြောနေကျနှင့် ပြောလိုက်သည်။

"သွားမယ် မခါဥနော်။ ကလေးတွေနိုးမှာစိုးလို့"

"အေး... အေး... သွားတော့ မခင်သစ်"

typing & pdf - lucky82 6


mmcybermedia. com

မရွေးနှစ်ပိဿာ ဝယ်လိုက်သည်။ အသားပိုအသားစများကို စင်းကောလုပ်ထားသော


ဆိတ်သားစင်းကော တစ်ပိဿာ ဝယ်လိုက်သည်။ စင်းကောတစ်ပိဿာမှ ခုနစ်ကျပ်ပဲ ရှိသည်။
အမြဲတမ်းမစားနိုင်။ အာလူးနှစ်ပိဿာဝယ်သည်။ ဈေးတောင်ကို ဖင်ထိုင်ခုံကယ်ရီယာမှာ
ချိတ်သည်။ ကြိုးနှင့် ချီသည်။ အပြန်လမ်းသည် အတက်လမ်း။ မခင်သစ်ပေါ့ပါးသွက်လက်စွာ
နင်းနေသည်။ သူမမှာ မြေတစ်ကွက်ပိုင်ဆိုင်ခွင့်ရထားပြီ။ ပေ ၄၀ ပေ ၆၀ မြေကွက်။
သည်မြေကွက်သည် သူမ၏နောင်ရေး။ အနာဂတ်။

သူမအိမ်ပြန်ရောက်တော့ ၁၂း၃၀ နာရီရှိပြီ။ ကလေးနှစ်ယောက် အိပ်ဆဲ။

"ဈေးဝယ်လာတာလား မခင်သစ်။ ကလေးတွေ အိပ်တုန်း" ဟုဆီးကြိုပြောသည်။

"ဟုတ်တယ်. .. မအေးကြည်ရယ်။ အာလူးနဲ့ဆိတ်သားလေး ဝယ်လာတာပါ"

အဝတ်ဟောင်းလေးပြန်လဲရင်း မခင်သစ် မီးဖိုထဲတန်းဝင်ရသည်။ ညနေစာချက်ရအုံးမယ်။


ဆိတ်သားစင်းကောကို ငါးဆုပ်လုံးလုပ်ပြီး နှပ်ရမည်။ အသားမစားရတာ ကြာပြီ။ ချဉ်ပေါင်ဟင်းနှင့်
ပဲပုပ်ထောင်း။ ပဲပြုတ်ချက်နှင့် ချဉ်ရေ။ ပဲဟင်းနှင့် ငါးပိထောင်း။ ပဲဟင်းနှင့် မုန်ညင်းကြော်၊
တစ်ပတ်တစ်ပတ် သည်လိုပဲ ကျော်လွန်ခဲ့ရသည်။ ရတဲ့လစာနှင့် မိသားစုစားအိုးနှင့် အလျဉ်မီဖို့
အတော်ကြိုးစားရသည်။

ကျောင်းဆင်းလျှင် ထမင်းကြမ်းကို ပဲပုပ်ဟင်းနှင့် စားကြလိမ့်မည်။ ညစာကို ချဉ်ရေဟင်းနှင့်


ဆိတ်သားလုံးချက်နှင့် ကျေွး ရမည်။ ငြုပ်ကြက်သွန်ထောင်းရင်း မခင်သစ် ပြုံးနေသည်။ မြေဈေးက
မိမိမှန်းသည်ထက် သက်သာသည်။ သို့ကြောင့် ဈေးဖိုး နှစ်ဆယ်ကျပ်လောက် အပိုသုံးနိုင်ခဲ့ခြင်း
ဖြစ်သည်။ မနက်ကျောင်းမသွားခင် မရွေးလေးဝယ်ကျွေးနိုင်ဦးမည်။ မရွေးတစ်ပိဿာ သုံးကျပ်။
မီးဖြိုင်ဖြိုင်ထိုးထားသော ရေနွေးအိုးဆူမှ ဆန်ထည့်မည်။ ငြုပ်ဆုံကို လက်စသတ်ဆေးလိုက်သည်။
ဆေးရေကို ဒယ်အိုးကြီးထဲ ထည့်ထားသည်။ သည်ရေနှင့် လုံးချက်ရမည်။

၃ နာရီခွဲတော့ ညစာထမင်းဟင်း ကျက်ပြီ။ ဟင်းထက်ဝက်ခွဲပြီး နောက်ရက်ဖို့ ချန်ထားလိုက်သည်။


ကျန်ထက်ဝက်ကို ရေနည်းနည်းထည့်ပြီး ဆီလည်ရေလည်လေး ချလိုက်သည်။ ပျဉ်းတော်သိမ်ရက
ွ်
အုပ်ထားသောကြောင့် မွှေးနေသည်။

typing & pdf - lucky82 7


mmcybermedia. com

သနပ်ခါးအဖွေးသားနှင့် ကလေးနှစ်ယောက် နိုးလာသည်။ တစ်ယောက်က သုံးနှစ်ကျော်။


တစ်ယောက်က တစ်နှစ်ကျော်။ သေးတယ်ပြီး ဘီစကွတ်မုန့်လေးနှစ်ချပ်စီ လက်ထဲ
ထည့်ပေးလိုက်သည်။ ဧည့်ခန်းကြမ်းပြင်မှာ စားရင်းဆော့ကြသည်။ အိမ်ရှေ့တံခါးမှာ
တံခါးလေးနှစ်ချပ်သီးသန့် တပ်ထားရသည်။ ကလေးလိမ့်ကျမှာ စိတ်ပူစရာမလိုတော့။

ကလေးတွေနားထိုင်ရင်း မနက်စောစော လျှော်ထားသော အဝတ်တစ်ပုံကို ဖြန့်ရင်းခေါက်ရသည်။


ညကျ မီးသွေးမီးပူတစ်လုံးနှင့် တိုက်ရဦးမည်။

၎ နာရီထိုးတော့ တစ်စုတစ်ဝေးကြီး ကျောင်းဆင်းပြန်လာသံ ကြားရသည်။ ပြောဆို


အော်ဟစ်သံကို အဝေးကတည်းက မခင်သစ်ကြားနေရသည်။ နို့ညှာကောင်က တံခါးကို
ဆွဲကိုင်ရင်း လမ်းဘက်မျှော်နေသည်။ တစ်နေကုန် ကစားဖော်တွေ ယခု ပြန်လာပြီ။

ပုဆိုးစုတ်တစ်စ တံခါးခြေရင်း ချပေးထားသည်။

"အမေ... နေကောင်းလား"

ကိုဦးက ပုဆိုးစကို ဆွဲ၍ လှေကားခြေရင်းခုံမှာ ထိုင်ရင်း မေးလိုက်သည်။

"အင်း... နေကောင်းတယ်. .. သားကြီး"

ခြေထောက်တွင် ပေနေသော ဖုံများကို ပုဆိုးစုတ်နှင့်သုတ်နေသည်။ ပြီးမှ. ..

"ရော့. .. ကိုလတ်"

လွယ်အိတ်ကို စလွယ်သိုင်းလွယ်ထားသော ကိုလတ်ကိုပေးလိုက်သည်။ လှေကားခြေရင်းခုံမှ


သားကြီးထသွားသော နေရာတွင် ဝင်ထိုင်လိုက်သည်။

"လာ... ကိုအောင် ကိုလတ်လုပ်ပေးမယ်"

လွယ်အိတ်ကို ကျောမှပိုးထားသော ကိုအောင် ခြေထောက်မှ ဖုံများကိုသုတ်ပေးလိုက်သည်။


ပြီးတော့ ကိုဆောင်အလှည့်၊ ကိုလတ်တစ်ယောက်ထဲ သူ့ထက်အငယ်များကို ခြေထောက်
သုတ်ပေးနေသည်။ ခြေထောက်ဖြူဖြူလေးတစ်စုံ သူ့ရှေ့ရောက်တော့. ..

"စာတွေရလား ညီမလေး... ရိုက်ခံရသေးလားဟင်"

typing & pdf - lucky82 8


mmcybermedia. com

သည်ခြေထောက်ဖြူဖြူလေးသည် တစ်ဦးတည်းသော ညီမလေး၊ ၆ နှစ်မပြည့်သေး။ ညီအစ်ကို ၆


ယောက်မွေးပြီးမှ ညီမလေးတစ်ယောက်ပဲပါလာသည်။

"ရတာပေါ့. .. ကိုကိုပဲ ခွန်လေးကို သင်ပေးလိုက်တာလေ၊ အဲတာ မေးတော့ရတယ်"

နှုတ်ခမ်းရဲရန
ှဲာခေါင်းပြားပြား၊ အသားဖြူဖြူနှင့် ခွန်လေးသည် ရှမ်းမလေးနှင့် တူသည်။

"မမ... မမ"

နှင့် နို့ညှာကောင် လှမ်းအော်နေသည်။ လွယ်အိတ်ကို ထရံမှာ ချိတ်ပြီး နို့ညှာကောင်ကို


ခွန်လေးကောက်ချီသည်။

"မောင်လေး... မမကို စောင့်နေတာလား... ဟုတ်လား"

"အင်း... အင်း"

၃ နှစ်ကျော် ကိုအေးက ခေါင်းငြိမ့်ပြသည်။ သူ့လက်ထဲမှ ဘီစကွတ်မုန့်ကျန်လေးကို အစ်မဖြစ်သူ


ပါးစပ်ထဲ ထည့်ပေးလိုက်သည်။

"အဝတ်လလ
ဲိုက်ဦး သမီး၊ ပြီးမှ ဆော့ချင်ဆော့. .."

အငယ်ကောင်ကို နို့တိုက်။ လက်တစ်ဖက်မှ အဝတ်ပုံကို ခုံပေါ်တင်ရင်းမှ မခင်သစ်ပြောလိုက်သည်။


ခွန်လေးသည် အင်္ကျီဖြူနှင့် စကပ်ပြာလေး ဝတ်ထားသည်။

"ဟုတ်ကဲ့... အမေ..."

ကိုအေးကို ခါးထစ်ခွင်ချီလျှက် အိပ်ခန်းထဲဝင်သွားသည်။ တစ်ဖက်ခန်းတွင် ညီအစ်ကိုတစ်စု


အဝတ်လဲသံ ဆူညံနေသည်။

"ချွတ်ကွာ ... လျှော်ရအောင်"

"အက်ႌမေပပါဘူး ကိုႀကီးရာ"

"ေပေပ... မေပေပကြာ။ ချွေးစော်တော့နံမှာပဲ. .. ဒီလောက်ဆော့နေတာ"

"မဆော့ပါဘူးဗျာ"

"ဆော့ပါ့ဗျာ... မမြင်တာမှ မဟုတ်ဘဲ။ မင်းတို့ကျောင်းဆောင်ပတ်ပြေးနေတာ..."

ကိုဦးမြင်သည်။ သူတို့တက္ကသိုလ်ဝင်တန်းနှင့် ၆တန်း၊ ၄ တန်းက သိပ်ဝေးလှသည်မဟုတ်။


ကိုအောင်က ၆ တန်း၊ ကိုဆောင်နှင့် ကိုမောင် အမွှာနှစ်ယောက်က ၄ တန်း။ ကျောင်းဆင်းလျှင်

typing & pdf - lucky82 9


mmcybermedia. com

ညီအစ်ကိုသုံးယောက်နှင့် သူငယ်ချင်းတွေ ကစားသံဆူညံနေတတ်သည်။ ညီတွေအသံကို ကိုဦး


မှတ်မိပြီးဖြစ်သည်။

ညီတွေအားလုံး၏ အင်္ကျီဘောင်းဘီများကို ကိုဦးလျှော်ပေးရန် ရေစည်ပိုင်းနား စုပုံလိုက်သည်။


ကိုလတ်သည် မနိုင့်တနိုင်နှင့် ရေခပ်ထည့်နေသည်။ သူသည် သိပ်ပြီး သန်မာထွားကြိုင်းလှသည်
မဟုတ်။ ၁၄ နှစ်သား စကောစကအရွယ်မို့လည်း ဖြစ်နိုင်သည်။

"ရတယ် ကိုလတ်ရာ ပြီးမှ ကိုကြီးခပ်ပါ့မယ်. .. ထားလိုက်"

"ကျွန်တော် နိုင်သလောက် ခပ်ထည့်ထားမယ်လေ... တော်ကြာ အငယ်ကောင်တွေ


ရေချိုးကြဦးမှာ..."

ရေပုံးသေးတစ်ပုံးနှင့် ကိုအောင်ကလည်း ဝိုင်းကူခပ်နေသည်။ ရေတိုင်မှ ရေလာတုန်း ချိုးကြ၊


လျှော်ကြ၊ ရေခပ်ထည့်မှ အဆင်ပြေသည်။ ရေလာချိန်သည် ကျောင်းဆင်းချိန်မို့ တော်သေးသည်။
မီးဖိုခန်းထဲမှ ရေစည်ထဲသို့ ရေအပြည့်ခပ်ထည့်ပေးသည်။ သို့မှ အမေ သက်သာလိမ့်မည်။
ဒန်အိုးကြီးနှင့် ဇလုံကြီးထဲ ရေထည့်လိုက်သည်။

"အမေ..."

အဝတ်ပြဲချုပ်နေသော ခင်သစ်ကို ကိုလတ်လှမ်းခေါ်သည်။

"အမေ့အဝတ်လျှော်စရာရှိသေးလားဟင်. .. ကျွန်တော်ရေချိုးရင်း လျှော်လိုက်မယ်"

"မရှိဘူး ငါ့သားရဲ့... အမေရေချိုးရင်း လျှော်ပြီးပြီ။ ... ရေမြန်မြန်ချိုးလိုက်တော့. ..


အအေးမိနေကြဦးမယ်"

စက်သွေးသနပ်ခါးနှင့် ကျောက်ပျဉ်ဘေးမှ အမေစောင့်နေသည်။ ရေချိုးပြီး တက်လာသမျှ


သနပ်ခါးလူးပေးနေသည်။ ကိုခိုင့်ခြေသလုံးမှာ အစင်းကြောင်းရာ နီရဲရဲကြောင့်. ..

"ဒါက... ဘာနဲ့ခိုက်မိတာလဲကိုခိုင်"

ခြေသလုံးနှင့် ပေါင်တွင် အစင်းကြောင်းများ နီရဲလျှက်ရှိသည်။ မခင်သစ်မေးမှ ကိုခိုင် ငုံ့ကြည့်သည်။


စိန်နပန်ခြုံကြားပြေးရင်း စိန်နပန်ဆူးနှင့် ခြစ်မိခြင်းဖြစ်သည်။ သူငယ်ချင်းတွေနှင့် ခြုံကြိုခြုံကြား
ပြေးရင်း၊ ပုန်းရင်း ဆော့ရသည်မှာ ပျော်စရာကောင်းသည်။ သို့သော်အသားကိုဆူးခြစ်မိခြင်း၊
အင်္ကျီဘောင်းဘီဆူးခြစ်စုတ်ပြဲခြင်းကတော့ ဆိုးသည်။

"စိန်နပန်ဆူး ခြစ်တာအမေ..."

typing & pdf - lucky82 10


mmcybermedia. com

နှာရေတန်းလန်းနှင့် ကိုခိုင်ကိုကြည့်ပြီး မခင်သစ် သက်ပြင်းချသည်။ စွပ်ကျုယ်စုတ်နှင့်


နှာရေသုတ်ပေးသည်။ ယောက်ျားလေးပဲ... ဒီလောက်တော့ ဆော့မှာပေါ့ဟု တွေးလိုက်ရသည်။
သူမမှာ သားတွေချည်း ၈ ယောက်။ သမီး ၁ ယောက်။

"အင်္ကျီဘောင်းဘီရော ပြဲလာသေးလား"

"မပြဲပါဘူး အမေ..."

ဆူးခြစ်ရာများကို သနပ်ခါးလူးပေးလိုက်သည်။ ယခုတော့ သူမသည် အစုတ်အပြဲ ချုပ်ရာတွင်


ဆရာတစ်ဆူ ဖြစ်နေပြီ။ ဘောင်းဘီပြဲ၊ ပုဆိုးပြဲ၊ အင်္ကျီပြဲ၊ ကြယ်သီးပြုတ်။

"တော်ရုံပဲ ဆော့ပါ ငါ့သားရယ်၊ ကျိုးပဲ့လာပါ့မယ်"

"ကျိုးအောင်တော့ မဆော့ပါဘူးဗျာ..."

နှာခေါင်းလေး တရှုံ့ရှုံ့နှင့် ကိုခိုင်ပြန်ပြောတော့ မခင်သစ် စိတ်ရှုပ်သွားသည်။

"ကဲ. .. သွားတော့ အဝတ်လဲချေတော့"

ဟု တွန်းလွှတ်လိုက်ရသည်။ ခွန်လေးသည် ဘောင်းဘီတိုလေးနှင့် မခင်သစ်နား ဒူးထောက်ပြီး


မျက်နှာမော့ပေးသည်။ နဖူးဆံပင်ကို သပ်တင်ရင်း မခင်သစ်သည် သနပ်ခါးလူးပေးသည်။
အသားဖြူနုသော သမီးသည် နှာခေါင်းပြားလေးနှင့်။ သမီးတစ်ယောက်ဆိုတော့ သူမအတွက်
တိုးတိုးဖော်တော့ ရလိမ့်မည်။

"ရိုက်ခံရသေးလား"

"ဟင့်အင်း အမေ... စာရပါတယ်"

"ကြိုးစားနော်"

"ဟုတ်ကဲ့... အမေ"

လက်တွေပါ လူးပေးရသည်။ မိန်းကလေးမို့ သားတွေထက်လှစေချင်သည်။ သား ၆ ယောက်မွေးပြီး


၇ ယောက်မြောက်မို့ သမီးကို ခွန်လေးဟု ခေါ်ခြင်းဖြစ်သည်။ သည်နာမည်လေးတွင်နေသည်။

အားလုံးတန်းစီပြီး သနပ်ခါးလူး၊ အဝတ်လဲပြီး ပန်းကန်ကိုယ်စီဆွဲရင်း ထမင်းကြမ်းစားကြသည်။


ပဲပုပ်ဟင်းနည်းနည်းစီနှင့် အဆာပြေစားပြီး ဧည့်ခန်းကြမ်းပြောင်ပြောင်တွင် အကြီးတွေက

typing & pdf - lucky82 11


mmcybermedia. com

စားပွဲဝိုင်းချပြီး ကျောင်းစာလုပ်သည်။ အငယ်တွေက ကြမ်းပေါ်ဝမ်းလျားမှောက်ပြီး


စာလုပ်နေကြသည်။ သင်္ချာတွက်သူ၊ စာကျက်သူ၊ စာမေးသူနှင့် ဆူညံနေသည်။

တောက်တက်တောက်တက် သွားနေသော ကိုထွေးကို မခင်သစ် ခေါ်ထားရသည်။


အစ်ကိုတွေနားသွားပြီး စာအုပ်ဆွဲ၊ ခဲတန်ဆွဲနှင့် ပြဿနာ ဖြစ်ကြဦးမည်။ စာရွက်စုတ်တစ်ရွက်နှင့်
ခဲတံတိုတစ်ချောင်းပေးရင်း...

"လာ... သားလေး။ အမေ့နားမှာ စာရေးနော်. .. လာ... လာ"

သူမနားမှာ ထိုင်ရင်း ခဲတံကို လက်ထဲထည့်ပေးလိုက်ရသည်။ သူမကတော့ ဆန်ကောတစ်ချပ်ထဲ


ဆန်ထည့်ရင်း မနက်ဖြန်အတွက် စပါးလုံးကောက်နေသည်။ တစ်နေ့ကို ဆန်သုံးပြည်လောက်မှ
ရွေးမထားလျှင် မဖြစ်။ တစ်လတစ်လ ဆန် တစ်အိတ်မှ မဝယ်လျှင် မခင်သစ်စိတ်မဖြောင့်။
ကလေးတွေနှင့် မလောက်ငမှာ အမြဲစိတ်ပူနေမိသည်။ ငစိန်ဆန်ကောင်းကောင်း တစ်ပြည်
တစ်ကျပ်။ ဆန်သုံးအိတ်ဝယ်ပြီးလျှင် တစ်ရာကျပ်နီးပါး ကုန်သွားပြီ။ သီးခြားသွားရည်စာ
အကုန်မခံနိုင်။ ဆာလျှင် ထမင်းကြမ်းစားကျင့်ကြောင့် ဆန်ပိုကုန်သည်။ ကုန်ပါစေ။ ဆန်တော့
ပိုပိုလျှံလျှံဖြစ်အောင် ဝယ်ထားမြဲ။ သည်ကလေးတွေ ထမင်းမှဝအောင် မစားရလို့မဖြစ်။

ဒီကြားထဲ ဆွေမျိုးသားချင်း ဧည့်သည်တွေလာလိုက်လျှင် မခင်သစ် ဗျာများရပြီ။ ဆန်ရွေးရင်း


မခင်သစ် ငြိမ်သက်နေသည်။ လူကသာ ငြိမ်သက်သည်။ စိတ်က ဟိုရောက်သည်ရောက်။ ဒီနေ့
စိတ်ချမ်းသာသည်။ မြေကွက်လေးဝယ်ထားပြီ။ နာမည်ပြောင်းရမည်။ ကိစ္စမရှိ။ သည်လောက်တော့
ကိုဘသိန်း လုပ်လိမ့်မည်။ သူပန
ဲားလည်သည်။ ဘယ်တော့ ပြောင်းရမည်မသိ။ ရောက်တာကြာပြီ
ဆိုတော့ ပြောင်းရမှာ သေချာလိမ့်မည်။ ပြောင်းလုပြောင်းလုနှင့် ကလေးများသော အိမ်ထောင်မို့
လူကြီးတွေက ညှာတာခြင်း ဖြစ်သည်။ မခင်သစ် နားလည်ပါသည်။

ကိုဦးက တက္ကသိုလ်ဝင်တန်း၊ ကိုလတ်က ရှစ်တန်း၊ လိုက်မပြောင်းချင်တော့။ အငယ်တွေကလည်း


တစ်သီကြီး ရှိနေသေးသည်။ အိမ်လေးတော့ ဖြစ်အောင်ဆောက်မည်။ နောက်ဆုံး ဝါးကပ်မိုး
ထရံကာလေးတော့ ဆောက်နိုင်မည်ထင်သည်။ သစ်ဈေးဝါးဈေးလေး မေးစမ်းရဦးမည်။ စနေ၊
တနင်္ဂနွေမှာ သားတွေနှင့် ခြံရှင်းမည်။ ဝါးဈေးကပ်ဈေးမေးမည်ဟု စဉ်းစားနေသည်။
အကောင်အထည်ဖော်လျှင် မြန်မြန်ဖော်မှ။ ကလေးတွေ တစ်တွဲတွဲနှင့် မိမိသည် ခွေးသအုပ်
(ခွေးသားအုပ်) မကြီးသဖွယ် ဒရွတ်သီနေလို့မဖြစ်။ နေစရာရှိဖို့လိုသည်။ ပညာရေးရှိသေးသည်။
ပေါက်လွှတ်ပစ
ဲား မကြီးစေချင်။ တန်တန်ရာရာ ပညာလေးတွေ ရစေချင်သည်။

typing & pdf - lucky82 12


mmcybermedia. com

"အမေရေ... ကိုအေးရယ် ခွန်လေးခဲတံကို လုနေပြီ"

ခွန်လေးအသံကို ကြားရသည်။

"လာ... လာ ညီလေး၊ ကိုလတ်ဆီလာ၊ မမဟာကို မလုရဘူးကွ"

ကိုအေးငိုသံ၊ သမီးအော်သံနှင့်အတူ ကိုလတ်ချော့သံကြောင့် မခင်သစ် ထမသွားတော့။ ရွေးပြီး


ဆန်များကို သံပုံးထဲ ထည့်လိုက်သည်။ သံပုံတစ်ပုံးပြည့်လျှင် ရှစ်ပြည်။ ပုံးကိုဆွဲခါရင်း
လှုပ်ရမ်းလိုက်သည်။ စပါးလုံးလေးတွေ စုထားရသည်။ ငှက်လေးစာလေး ပက်ကြဲနိုင်သည်။
ဆန်ကွဲတော့ သိပ်မထွက်လှ။ ဆန်က အကျိုးအကြေနည်းသည်။ ဒီတစ်ဗန်းရွေးပြီးလျှင် ပုံးပြည့်ပြီ။

ကိုဘသိန်း ရောက်မလာသေး။ ဘိလိယက်ကစားနေပုံရသည်။ အင်းလေ သူလည်း အိမ်ပြန်လာရင်


ကလေးတွေ တစ်ပြုံတစ်မနှင့် ဆူညံဆူညံ မျက်စေ့နောက်တယ်ထင်ပါရဲ့ဟု တွေးပြန်သည်။
လကုန်လျှင် လစာအကုန်အပ်၊ ဆေးလိပ်ဖိုး၊ ကွမ်းဖိုး၊ လက်ဖက်ရည်ဖိုး တစ်ဆယ်လောက်
ပြန်ထုတ်သည်။ သည်ကလေးတွေ တစ်ပြုံနှင့် သီးစားခလေး၊ လယ်ထောက်ခလေး ရံဖန်ရံခါ
ရတာကြောင့် ကျေးဇူးတင်နေရသည်။ ဒါလည်း များများစားစားတော့ မဟုတ်။ မရတာနှင့်စာလျှင်
တော်လှပြီဟု ဖြေရသည်။ မိမိလည်း ဘာမှမလုပ်နိုင်။ ယခု တစ်လောမရတာကြာပြီ။
အိမ်လေးဆောက်လျှင်တော့ စာရေးမှာမည်။ လူကိုယ်တိုင်သွားတောင်းလျှင် ပိုမြန်သည်။
ကိုယ်တိုင်ဆိုလည်း မိမိကိုယ်တိုင် သွားရမည်။ အင်း... မခင်သစ် သက်ပြင်းရှိုက်မိသည်။
နို့စို့ကလေးခေါ်သွားရမည်။ သူမအတွက် သိပ်မလွယ်လှ။ ကိုဦးခေါ်သွားလျှင် အကြီးဆုံး ကိုလတ်ပဲ
ကျန်ရစ်မည်။

မြေဝယ်တာ ကိုဘသိန်း ဘာပြောဦးမည်မသိ။ သူ့ မတိုင်ပင်ဟု ပြောလေမလား။ သူကလည်း


စိတ်ကတစ်မျိုး၊ တိုင်ပင်ပြန်တော့ သူ့ချည်းတတ်၊ သူ့ချည်းဆရာ... တော်တော်နှင့်မပြီးနိုင်။ ခုတော့
ငွေတောင်ချေပြီးပြီ။ သူပြောင်းရာမလိုက်လျှင် စိတ်ငြိုငြင်ဦးမည်။ မတတ်နိုင်။ သည်ကလေးတွေနှင့်
ဟိုပြောင်းသည်ပြောင်း အခြေမချနိုင်သရွေ့ ပြောင်းရလိုက်ရင်း ပညာရေးတွေ
အားလျော့သွားနိုင်သည်။ မခင်သစ် မလိုက်ချင်တော့။ သူမ ဆုံးဖြတ်ချက်မှန်သည်ဟု ထင်သည်။
သားတွေကြီးလာလျှင်တော့လည်း တစ်အားဖြစ်လာမှာပေါ့ဟု တွေးသည်။ မိမိတုန်းက ၄-၅
တန်းလောက်သာ တက်ခ့ရ
ဲ သည်။

"အဖေပြန်လာပြီ... အဖေပြန်လာပြီ"

ကိုခိုင့်အသံ... ကိုဆောင်နှင့် ကိုမောင့်အသံများ ဆူညံသွားသည်။

typing & pdf - lucky82 13


mmcybermedia. com

"ကိုဦး... စက်ဘီးဖုံသုတ်ပြီး သိမ်းလိုက်တော့. .."

"ဟုတ်ကဲ့..."

မခင်သစ် အိမ်ရှေ့ထွက်လာသည်။ ကိုလတ် သူ့အဖေလက်ဆွဲအိတ်ကို စားပွဲပေါ်တင်ပေးနေသည်။


ကိုအောင်က သံပန်းကန်လေးအောက်ခံရင်း ရေတစ်ခွက်ခပ်ပေးနေသည်။

"ဘိလိယက်ဝင်ကစားနေတာနဲ့ နောက်ကျသွားတယ်"

ဟု မခင်သစ်ကို လှမ်းပြောလိုက်သည်။

"ကိုလတ်... အဖေရေချိုးဖို့ လုပ်ပေးလိုက်နော် င့ါသား..."

"ဟုတ်ကဲ့ အမေ..."

အခန်းထဲဝင်ပြီး ကိုဘသိန်း အဝတ်လဲသည်။ ရေလဲပုဆိုး တဘက်နှင့် ဆပ်ပြာခွက်ကို ကိုင်ပြီး


အဖေ့နောက်ကို ကိုလတ်လိုက်သွားသည်။ အဖေရေချိုးပြီးသော ပုဆိုးနှင့် စွပ်ကျယ်ကို
ကိုလတ်လျှော်ပြီး လှမ်းလိုက်သည်။ တဘက်ကိုလည်ပင်းပတ်ပြီး ကိုဘသိန်း အိမ်ပေါ်
တက်လာသည်။

ကိုထွေးကို ခါးထစ်ခွင်ရင်း ခွန်လေးက အဖေ့ကို ပြုံးပြသည်။

"စာရလား ခွန်လေး... အရိုက်ခံရသေးလား"

"ရပါတယ် အဖေရဲ့... အရိုက်မခံရပါဘူး"

သည်နှစ်မှ ကျောင်းစတက်သော ခွန်လေးကို အရိုက်ခံရလားဟု နေ့တိုင်း မေးမိကြသည်။


ကိုထွေးကလည်း အဖေ့ဆီ လက်မကမ်း၊ ခွန်လေးလည်ပင်းကို ဖက်ပြီး ပခုံးပေါ်
ခေါင်းတင်ထားသည်။ မျက်လုံးလေး ပုတ်ခတ်လျှက် အဖေ့ကိုတော့ ကြည့်သည်။

ကိုအောင် ကိုဆောင် ကိုမောင်နှင့် ကိုခိုင်တို့ အိမ်ရှေ့ထွက်ပြီး ဘောလုံးကန်နေကြသည်။


ဖိနပ်ပုံပေါ်မှာ ထိုင်ရင်း ကိုအေးငေးကြည့်နေသည်။ မိမိလည်း တစ်နေ့တော့ ကန်ရမှာပေါ့ဟု
တွေးနေသည်။

ကိုဘသိန်း အဝတ်အစားလဲပြီး ကိုယ်လိမ်းပေါင်ဒါလေးလူးလိုက်သည်။ စင်ပေါ်မှာတင်ထားသော


ဝါးဘီးနှင့် ဆံပင်များကို သပ်တင်လိုက်သည်။ ဆံပင်ရှည်များက ခေါင်းလိမ်းဆီကြောင့်

typing & pdf - lucky82 14


mmcybermedia. com

နားထင်ဘေးမှာ သပ်ရပ်စွာ ရှိနေသည်။ ဧည့်ခန်းရှိ ပက်လက်ကုလားထိုင်မှာ မထိုင်ခင်


ဆေးလိပ်ပြာခွက်ကို ယူလိုက်ရသည်။ ပြီးမှ ဆေးပေါ့လိပ်ဖွာသည်။

လက်ထမ
ှဲ ဂရံစာရွက်ကို မခင်သစ်ပေးလိုက်သည်။ သနပ်ခါးဖုံဖုံလူးထားသော မခင်သစ်မျက်နှာကို
ကိုဘသိန်းကြည့်သည်။

"မြေဂရံလေ... ဒီနေ့ ကျွန်တော် ငွေချေခဲ့ပြီ..."

ထရံဘေး ထိုင်ခုံမှာထိုင်ရင်း မခင်သစ်ပြောသည်။ ကိုဘသိန်းက ဂရံစာရွက်ကို ဖတ်နေသည်။


အင်္ဂလိပ်လို ၁၀ တန်းအထိ ကိုဘသိန်း ကျောင်းနေခဲ့ရသည်။

"နာမည်မပြောင်းဘဲ ဝယ်တာလား။ စာချုပ်တွေ ဘာတွေလည်း လက်မှတ်မထိုးဘူးပေါ့. .."

"အင်းလေ... ဂရံပေးလိုက်တာပဲ။ ကျွန်တော်လည်း ငွေအကြေပေးခဲ့တယ်။ သူ့လိပ်စာက


အဲဒီထဲမှာလေ နာမည်ပြောင်းရင် သူ့ဆီလာခဲ့တဲ့"

ဂရံလက်ထယ
ဲူခြဲ့ ပီး ငွေလည်း ချေခဲ့ပြီဆိုတော့ နာမည်ပြောင်း လျှောက်လွှာတင်၊ အရောင်းအဝယ်
စာချုပ်ချုပ်ရမှာပဲ ကိုဘသိန်းတွေးလိုက်သည်။

"အိမ်ဆောက်ဖို့ ငွေရှိလား..."

"ဘယ်ရှိမှာလဲဗျာ၊ သိသားနဲ့ တစ်လနဲ့တစ်လ မနည်းစားနေရတာ"

"ဒါဆို ဘယ့်နှယ်လုပ်မလဲ"

သူပြောင်းလျှင် မခင်သစ်မလိုက်ချင်တော့မှန်း ကိုဘသိန်း သိသည်။ ကလေးတွေတစ်ပြုံနှင့်


သိပ်တော့မလွယ်။ နေရစ်ဖို့ကျတော့ နေစရာမရှိ။ မြေရှိပေမယ့် အိမ်ဆောက်ရဦးမည်။
လွယ်လယ
ွ်နှင့်တော့ မဖြစ်နိုင်။ လင်မယားနှစ်ယောက် ငြိမ်သက်နေကြသည်။

"နှစ်ထောင်သုံးထောင်လောက်တော့ ကုန်မယ်နော်"

"အင်း... ကုန်မှာပေါ့ဗျာ၊ အိမ်အကျယ်ပေါ်မူတည်မှာပေါ့"

ကိုဘသိန်းပြန်ပြောသည်။ ဘယ်လောက်ကျယ်ကျယ် ဆောက်နိုင်မှာလဲ။ သိပ်ကျဉ်းလို့လည်း မရ။


မွေးထားတာကလည်း မနည်း။ ရှစ်ခါမွေး ကိုးယောက်။ ထို့ကြောင့် ရုံးအဖွ့သ
ဲားတွေက သူ့ကို
ကိုမျိုးအောင်ဟု ခေါ်တတ်ကြခြင်းဖြစ်သည်။ မိမိက ရုံးအုပ်စာရေးကြီး။

"ဒီစနေ တနင်္ဂနွေ သားတွေနဲ့ ခြံသွားရှင်းမယ် ကိုဘသိန်းနော်. .. ထမင်းချိုင့်နဲ့ သွားမယ်

"အကုန်ခေါ်သွားမှာလား။ နေပူထဲ ဘယ်နားသွားနေမှာလဲ"

typing & pdf - lucky82 15


mmcybermedia. com

အင်း... ဟုတ်သားပဲဟု မခင်သစ် ခေါင်းငြိမ့်မိသည်။ ဒါဆို ဘယ့်နှယ်လုပ်ရပါ့ဟု စဉ်းစားရပြန်သည်။


အကြီးတွေခေါ်သွားတော့ အငယ်တွေချည်း ထားမဖြစ်။ အငယ်တွေပါခေါ်တော့ ခြံထဲနေစရာမရှိ။
ဒုက္ခ။ သွားလိုက်ပြန်လိုက် လုပ်နေလို့ မရ ဝေးသည်။

"ဒါဆို ဘယ်လိုလုပ်မလဲ"

မခင်သစ်အမေးကြောင့် ကိုဘသိန်း ခေါင်းကုပ်မိသည်။

"ခင်ဗျား သွားချင်ရင်တော့ ကိုယ်အိမ်စောင့်ရမှာပေါ့။ ဒါမှမဟုတ်လည်း သားတွေနဲ့ ကိုယ်သွားပြီး


တဲထိုးမယ်။ နောက်မှ ခင်ဗျားသွား"

ကိုဘသိန်းအစီအစဉ်မှာ ပိုကောင်းသည်။

"အင်း... ကောင်းပါတယ်။ ကျွန်တော်နဲ့ အငယ်တွေ အိမ်စောင့်မယ်။ အကြီးတွေ ခေါ်ပြီး


ကိုဘသိန်းသွားလိုက်တော့၊ ခြံရှင်းပြီးတဲထိုး၊ နောက်မှ အိမ်ဆောက်ဖို့ လက်သမားတိုင်ပင်ရမှာပဲ"

ကိုဘသိန်းနှင့် မခင်သစ်တို့ တိုင်ပင်သမျှ ကိုဦးနှင့် ကိုလတ်တို့ နားထောင်နေကြသည်။


အမေမြေဝယ်လိုက်မှန်း သိရပြီမို့ ဝမ်းသာသွားသည်။ ကိုယ့်အိမ်လေးနှင့် ကိုယ့်ဖာသာ နေရလျှင်
အလွန်ကောင်းသည်။ ဒီမှာတော့ အများနှင့်တွဲနေရသော လိုင်းခန်း။ မိမိတို့ ညီအစ်ကိုတွေက
ဆူကြ၊ အော်ကြ၊ ဆော့ကြ။ အမေက တစ်ဖက်ခန်းကို အားနာသည်။ မိမိတို့က အရွယ်ရလို့
သိတတ် အားနာတတ်ပေမယ့် အငယ်ကောင်တွေက မရသေး။ ပြောတုန်းခဏ ပြီးလျှင်
အော်ဟစ်ဆူညံမြဲ။

ညစာ အားလုံးဝိုင်းစားတော့ အမေ မစားသေး။ အငယ် ၃ ယောက်ကို အမေထမင်း


ခွံ့ကျွေးနေသည်။

"ဟား... ဆိတ်သားလုံးချက်ကွ. .. အရမ်းကောင်း... မွှေးနေတာပဲ. .."

ပန်းကန်ထမ
ှဲ ဆိတ်သားလုံးချက်ကြောင့် ကိုခိုင်အော်လိုက်သည်။

"အမေဈေးသွားတာလား"

ကိုဦးမေးသည်။ အမေသည် သားသမီးများနှင့် ကိုဘသိန်းတို့ ဝိုင်းထိုင်စားသောက်နေသည်ကို


ကြည့်လျှက် ကလေးသုံးယောက်ကို ထမင်းခွံ့ကျွေးနေသည်။

"အင်း... အမေဈေးပြေးသေးတာ"

typing & pdf - lucky82 16


mmcybermedia. com

"မင်းတို့အမေက ဈေးကိုအလကားပြေးတာ မဟုတ်ဘူးကွ။ ဆိတ်သားတင် ဝယ်လာတာ


မဟုတ်ဘူး။ မြေဝယ်လာတာ"

ခပ်ပြုံးပြုံးလုပ်ရင်း ကိုဘသိန်း ဝင်ပြောသည်။ ခုမှ သိရသော ကိုအောင်က...

"ဟုတ်လား အမေ... မြေ... ဘာလုပ်ဖို့လဲဟင်"

"သစ်ပင်စိုက်ဖို့လား... အမေ... ဟင်"

ကိုမောင်ဝင်မေးသည်။ ကိုဆောင်က သူ့ညီပန်းကန်ထဲ သူ့ဟင်းတုံးကို တစ်ဝက်ခွဲထည့်ရင်း


အမေ့ကိုလှမ်းကြည့်သည်။

"မြေ... ဘာလုပ်ရမှာလဲ ကိုဆောင်ရာ အိမ်ဆောက်ဖို့ပေါ့ကွာ"

လေးသံအေးနှင့် ကိုလတ်ဝင်ပြောသည်။

"ကျွန်တော်တို့မှာ ဒီအိမ်ရှိသားပဲ အမေကလည်း"

ကိုခိုင်ဝင်ပြောသည်။ ပြောရင်း ရွှက


ျဲလာသော နှာရည်ကို ရှူး ကနဲ ရှုံ့သွင်းလိုက်သည်။
ထမင်းကိုလည်း ပါးလုပ်ပါးလောင်း စားနေသည်။ သူက ဗိုက်ရွှဲလေးနှင့် စားလုံးကောင်းလှသည်။

"ဒီအိမ်က ကိုယ့်အိမ်ပိုင် မဟုတ်ဘူး ကိုခိုင်ရ။ အဖေ့အလုပ်ကြောင့် ရတဲ့အိမ် နော်... အဖေ


ဟုတ်တယ်မို့လား ဟင်. .."

ကိုအောင် ဝင်ပြောသည်။ တစ်ဆယ့်နှစ်နှစ်သားပေမယ့် ကိုအောင်လူရည်လည်သည်။

"အင်း... ဟုတ်တယ်ကွ"

အဖေ ဝင်ထောက်ခံသည်။

"ဒါဆိုလည်း အိမ်ကျယ်ကျယ် ဆောက် အမေရာ နော်။ ဒါမှ ကောင်းတယ်"

ကိုဆောင်ဝင်ပြောသည်။ သူတို့ညီအစ်ကိုတစ်တွေ တစ်ခန်းထဲ စုအိပ်ကြရသည်။ ၁၀ ပေပတ်လည်


အိပ်ခန်း ၂ ခန်းသာပါသည်။ အမေက ဧည့်ခန်းမှာ အိပ်တာ မကြိုက်။ ဖြစ်နိုင်လျှင် အိပ်ခန်းထဲမှာပဲ
စုအိပ်စေချင်သည်။

"နော်. .. အမေ ကျယ်ကျယ်ဆောက်နော်"

ကိုဆောင်က သူ့အမေကို လှမ်းကြည့်ရင်း ပြောပြန်သည်။ အမေ ပြုံးနေသည်။

"အေးပါဟယ်။ ဘယ်လိုဆောက်ရမှန်း မသိသေးပါဘူး ငါ့သားရယ်"

typing & pdf - lucky82 17


mmcybermedia. com

ငြီးပြောလေးနှင့် မခင်သစ် ပြန်ပြောသည်။ မြေဝယ်ဖြစ်သောကြောင့် သူမရင်ထမ


ှဲာ
ကျေနပ်နေသည်။ ဖြစ်အောင်ဆောက်မည်ဟု သံန္နိဋ္ဌာန်ချထားသည်။ မြေကြောင့် မိသားစုအားလုံး
ဝမ်းသာပျော်ရွှင်နေကြမှန်း သိရသောကြောင့်လည်း သူမအားတက်နေသည်။

"ဒီစနေ တနင်္ဂနွေမှာ သားတို့အဖေနဲ့ ခြံထဲသွားပြီး ရှင်းရမယ်နော်။ ပြီးတော့ တဲလေးတစ်လုံး


ထိုးရမယ် သိလား"

"ဟေး... ကျွန်တော်လည်း လိုက်မယ်"

"သမီးရော လိုက်ရမှာလား"

တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြသည်။

"ကိုဦးရယ် ကိုလတ်ရယ် ကိုအောင် ကိုဆောင်နဲ့ ကိုမောင်အထိပဲ လိုက်ကွာ"

အဖေဝင်ပြောသည်။

"အဖေကလည်းဗျာ ကျွန်တော်လည်း လိုက်ချင်တယ်။ ကျွန်တော်လည်း လုပ်နိုင်ပါတယ်"

သူ့နာမည်မပါသော ကိုခိုင်က ဝင်ပြောသည်။ သူလည်း လိုက်ချင်သည်။

"နေစရာမရှိဘူး ကိုခိုင်ရယ် နေပူထဲမှာ၊ ပြီးတော့ ကျောင်းပိတ်ရက်လေး အမေ့ကို


ဝိုင်းကူပေးလိုက်ဦးလေ၊ တဲထိုးပြီးမှလိုက်ပေါ့"

အဖေ့စကားကြောင့် ကိုခိုင်ငြိမ်သွားသည်။ အစ်ကိုတွေအားလုံးသွားလျှင် အမေ့ကို


ကူသင့်မှန်းတော့ သူနားလည်ပါသည်။ ကျောင်းဖွင့်ရက် ငါးရက်လုံး အမေတစ်ယောက်ပဲ
အိမ်အလုပ်အားလုံး လုပ်ရရှာသည်။

"ဟုတ်ကဲ့ အဖေ၊ ကျွန်တော်အမေ့ကို ဝိုင်းကူထားမယ်"

မျက်လုံးမှေးမှေး ပါးဖောင်းဖောင်းနှင့် ကိုခိုင်က ကျေနပ်စွာ ပြောလိုက်သည်။

"တဲထိုးပြီး နောက်တစ်ပတ် စနေ တနင်္ဂနွေကျ အမေတို့အားလုံး ထမင်းချက်ပြီး သွားကြမယ်နော်"

အမေ့စကားကြောင့် အားလုံးပြုံးသွားသည်။

"ခွန်လေးတို့လည်း လိုက်ရမယ်နော် အမေ"

"လိုက်ရမှာပေါ့သမီးရဲ့။ တဲမထိုးရသေးရင် နေပူမိပြီး ဖျားနာနေကြမယ် ဟုတ်လား"

ကလေးသုံးယောက် ထမင်းကျွေးပြီးမှ ဝိုင်းသိမ်းစထမင်းဝိုင်းမှာ သူမ ဝင်စားသည်။ ခူးထားပြီးသော


ထမင်းပန်းကန်ထမ
ှဲ သူမအတွက် ဦးချထားသော ဆိတ်သားလုံးလေးကို ဖဲ့လိုက်သည်။

typing & pdf - lucky82 18


mmcybermedia. com

ကိုဦးနှင့် ကိုလတ်က အိုးခွက်ပန်းကန်တွေ တိုက်ချွတ်ဆေးကြောနေသည်။ နေ့စဉ် ချက်သမျှ


အိုးများကို အတွင်းအပြင် ပြောင်လက်နေမှ အမေ သဘောကျသည်။ ထို့ကြောင့် ညတိုင်း
တိုက်ချွတ်ပေးရသည်။ မီးဖိုပြာကို ရေပျစ်ပျစ်နှင့်ဖျော်ပြီး အိုးဖင်နှင့် အပြင်သားများကို
သုတ်လိမ်းရသည်။ ဒါမှ နောက်ရက် အိုးတိုက်လျှင် လူသက်သာ၍ ပြောင်လက်သည်။
သူတို့ညီအစ်ကို မလုပ်ပေးလျှင် အမေသူမဘာသာ လုပ်မည်။ အမေပင်ပန်းမှာ စိုးသောကြောင့်
သူတို့ပဲ နေ့စဉ် ဆေးကြောတိုက်ချွတ်ပေးကြသည်။ အိုးကို ပြာလူးနေစဉ် ကိုဦးက ရေထဆွဲသည်။
အုတ်ကန်ထမ
ှဲရေကို မီးဖိုထဲ ဆွထ
ဲ ည့်သည်။ အုတ်ကန်နှင့် အိမ်က နည်းနည်းလှမ်းသည်။
လိုင်းခန်းတွေ တွဲသုံးရသော ကန်ဖြစ်သည်။ ရေတိုင်က နှစ်ခန်းတွဲတစ်တိုင်၊ အုတ်ကန်ကျ ၄ ခန်း ၅
ခန်းလောက် သုံးရသည်။ ရေခပ်ထည့်မထားလျှင် မနက်ထမင်းချက်ရင်း အမေခပ်ထည့်နေရမည်။

ထမင်းအိုး ဟင်းအိုးပြာသုတ်ပြီးတော့ အမေစားပြီးသော ပန်းကန်များ ကိုလတ်ဆေးပေးသည်။


ထမင်းဟင်းများကို သန့်ပြီးမှ မခင်သစ် ကြောင်အိမ်ထဲထည့်သည်။ ကြမ်းပေါ်ကျနေသော
ထမင်းလုံးများကို ကောက်ပြီး လှည်းကျင်းရပြန်သည်။ မီးဖိုခန်းထဲမှာ သပ်သပ်ရပ်ရပ်နှင့်
သန့်စင်နေသည်။ ကိုလတ်က မနက်အတွက် ထင်းစီပေးနေသည်။

"ငါ့သား ထင်းသယ်ရင် ကြည့်နော်။ ဟိုနေ့က အမေ ကင်းတွေ့တယ်"

တစ်နေ့ ထင်းယူရင်း ကင်းမလက်မည်းတစ်ကောင် မခင်သစ်တွေ့သည်။ မသတ်ချင်သောကြောင့်


ထင်းချောင်းနှင့် ခြောက်လွှတ်လိုက်ရသည်။

"ထင်းမလောက်လို့ အမေသယ်တာလား..."

"မဟုတ်ပါဘူးတော်. .. ထင်းပုံပြိုလို့ ပြန်စီတာပါ"

"ဒါဆို အမေ့သား ကိုခိုင်ပဲနေမှာ"

အဆော့သန်သော ကိုခိုင်ပြဲ ဖစ်မည်ဟု ကိုလတ်တွေးလိုက်ရင်း ပြောသည်။

"အားမှ ထင်းပုံရှင်းဦးမယ်အမေ... တော်ကြာ ကင်းတွေရှိရင် ရှိနေမယ်. .."

စဉ်းစဉ်းစားစား ကိုလတ်ပြောလိုက်သည်။ ကင်းတွေရှိလျှင် မိမိတို့ကလည်း လူများသည်။


အငယ်တွေ ကင်းထိုးခံရလျှင် အခက်ဟု တွေးနေသည်။

"ခု. .. မမှောင်သေးဘူး။ ရှင်းလိုက်ရင် ကောင်းမလား အမေ... ဟင်"

နှာတံပေါ်ပေါ် မျက်လုံးမှေးမှေးနှင့် ကိုလတ်က အမေ့ကို မေးလိုက်သည်။

typing & pdf - lucky82 19


mmcybermedia. com

"မှောင်တော့မယ် ငါ့သားရဲ့ ရှိချင်မှလည်း ရှိတော့မှာပါ နောက်နေ့ပေါ့"

အမေပြုံးရင်း ပြောသည်။ သိတတ်သော ကိုလတ်ကို အမေကျေနပ်ပါသည်။ မှောင်လုနီးပြီမို့


အိမ်အောက်မှာ ထားသော ထင်းပုံဝင်ရှင်းမှာ သူမစိတ်မချ။ မြင်မြင်ထင်ထင် မဟုတ်တော့။
အိမ်အောက်က တစ်ထိုင်ပဲ လွတ်သည်။ ထင်းတွေလည်း များသည်။ ချက်ချင်းမပြီးနိုင်မှန်းသိသည်။
အချိန်ယူရမည်။ ထင်းခြွဲ ခမ်းတစ်ရာ ငါးကျပ်နှင့် တစ်ခါဝယ်လျှင် လေးငါးလှည်းတော့ ဝယ်ရသည်။
ဝယ်ပြီးအနေတော်လေးတွေ ခွစ
ဲိတ်ရသည်။ နေလှမ်းရသည်။ ပြီးမှ အိမ်အောက်မှာ စီထားရသည်။
ကိုဦးဒိုင်ခံခွဲရသည်။ သူက ၁၆ နှစ်သား၊ ထွားကျိုင်းလှသည်တော့ မဟုတ်ပေမယ့် သူအကြီးဆုံးမို့
အပင်ပန်းခံရှာပါသည်။ ကိုလတ်က နည်းနည်းတော့ ညှက်ချင်သည်။ သို့သော် ဇွဲကောင်းသည်။
သူလုပ်နိုင်သမျှ ညည်းညူမှုမရှိဘဲ လုပ်သည်။ အငယ်ကောင်တွေက ဆင်းသယ်ကြရသည်။
မခင်သစ်က ဒိုင်ခံစီရသည်။ မိသားစုအလုပ်တွေနှင့် တစ်နေ့ တစ်နေ့ ချာချာလည်နေသည်။

ကြွေရည်သုတ် ငါးဆင့်ချိုင့်ကြီးနှင့် ထမင်းအပြည့်။ ဒန်သုံးဆင့်ချိုင့်နှင့် ငရုတ်သီးစိမ်းနှင့်


ချဉ်ပေါင်ကြော်နှစ်ချိုင့်၊ မျှစ်နှင့်စားတော်ပဲပြုတ်ကြော် တစ်ချိုင့်ထည့်လိုက်သည်။

အဖေက ကိုလတ်နှင့် ကိုဆောင်ကို ရှေ့တစ်ယောက် နောက်တစ်ယောက် တင်နင်းသည်။ ကိုဦးက


ကိုမောင်နှင့် ကိုအောင်ကို တင်နင်းသည်။ ကိုလတ်က ဆွဲခြင်းတစ်ခြင်း၊ ကိုအောင်က
ဆွဲခြင်းတစ်ခြင်းစီ နောက်ကပိုက်ရင်း ထိုင်လိုက်သည်။

ကိုဘသိန်းလက်ထဲ ငွေနှစ်ဆယ့်ငါးကျပ် မခင်သစ်ပေးသည်။

"တဲတစ်လုံးစာတော့ လောက်မှာပေါ့နော်. .. သစ်ဈေးလေး ဝါးဈေးလေးလည်း မေးခဲ့ ကိုဘသိန်း။


လက်သမားရောပေါ့"

သံတူရွင်းနှင့် တူ၊ ဓားနှင့်ပေါက်ပြားကိုင်ထားသော ကိုဆောင်နှင့် ကိုမောင်ကိုကြည့်ရင်း...

"ငါ့သားတွေ သတိန့က
ဲိုင်ကြနော်။ ခိုက်မိကြမယ်။ အပြန်ကျ တူရွင်းတို့ ဓားတို့ ပေါက်ပြားတို့ကို
မခါဥအိမ်မှာ အပ်ထားခဲ့ကြ"

ဟု မှာလိုက်ရသေးသည်။ သူတို့ထက
ွ်သွားကြသည်။ ပြန်လာသည်အထိ မခင်သစ် မျှော်ရဦးမည်။
အဆင်ပြေမပြေ သိချင်သည်။ သူမ လိုက်လို့လည်း မဖြစ်။ ဒီနှစ်ရက်မှာ တဲလေးထိုးဖို့ လိုသည်။
တဲထိုးပြီးမှ သူမနှင့် ကလေးငယ်တွေ လိုက်လို့ရမည်။ ဒီနေ့ ငွေနှစ်ဆယ့်ငါးကျပ် ပေးလိုက်ရသည်။

typing & pdf - lucky82 20


mmcybermedia. com

တစ်ဘက်ရပ်တဲလေး ထိုးဖို့ အိမ်ဆောက်ဖို့အတွက် သူမမှာ ငွေဘယ်လောက်ရှိမလဲဟု


တွေးနေသည်။

"ကိုခိုင်ရေ... သား... ညီလေးတွေကြည့်ထားနော်။ ဆော့ချည်းမနေနဲ့. .."

ပြောရင်း သူမ အခန်းထဲဝင်လာသည်။ သံသေတ္တာလေးကို သော့ဖွင်လိုက်သည်။


အင်္ကျီပုံအောက်မှာ ထားသော စက္ကူအိတ်လေး တစ်လုံးကို ယူလိုက်သည်။

ငါးကျပ် တဆယ်ကျပ်တန် နှစ်ဆယ့်ငါးကျပ်တန် ငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ်တန်


ငွေစက္ကူတွေ အထပ်လိုက်။ အားလုံးကို သေသေချာချာ ရေကြည့်သည်။ စုစုပေါင်း
တစ်ထောင့်ကိုးရာနှင့် လေးဆယ့်ငါးကျပ်တိတိရှိသည်။ နှစ်ခါပြန်ရေသည်။

ကတ္တီပါအိတ်ရှုံ့လေးတစ်လုံးကို ဆွထ
ဲုတ်လိုက်သည်။ သွန်ချလိုက်သည်။ တိုက်တံဆိပ် ငါးမူးစေ့
ရွှေဒင်္ဂါးသုံးပြား၊ ငါးမူးသား ဆြွဲ ကိုးလေး နှစ်ကုံး။ တစ်မတ်သား လက်စွပ်နှစ်ကွင်း။ တစ်ကျပ်သား
လက်ကောက်နှစ်ကွင်း။ အားလုံးရောင်းလျှင်ဟု မခင်သစ် တွေးနေသည်။ နားမှာဝတ်ထားသည့်
ကျောက်စိမ်းနားကပ်လေးတစ်ရံပဲ ရှိတော့မည်။ ဒါတွေရောင်းလျှင် ဘယ်လောက်ရမည်မသိ။
ရွှေဈေးလည်း မခင်သစ်မသိ။ ရွှေ စုစုပေါင်း ငါးကျပ်သားလောက် ရှိမည်။ မခါဥနှင့် တိုင်ပင်ပြီး
ရောင်းလိုက်မည်။ အိမ်လေးတစ်လုံးဖြစ်ဖို့ အဓိကဟု သူမဆုံးဖြတ်လိုက်သည်။ သားတွေက
ရွှေဆင်စရာမလို။ ပညာတတ်ဖို့ပဲ လိုသည်။ ခွန်လေးပဲ နားကပ်လေးတစ်ရံ ဆင်ထားသည်။
နောက်ခါလာတော့လည်း နောင်ခါဈေးဖြစ်လာမှာပေါ့ဟု အားတင်းလိုက်သည်။

ငွေနှင့် ပစ္စည်းလေးတွေ နေသားတကျ ပြန်ထားပြီး သေတ္တာကို သော့ခတ်လိုက်သည်။


ဒီလအတွက် သုံးစရာ ငွေငါးရာလောက် သူမလက်ထဲမှာ ရှိနေသည်။ လောက်ပါသည်။ ပိုတောင်
ပိုနေနိုင်သေးသည်။ အိမ်ဆောက်လျှင်တော့ ရှိသမျှ ကုန်မည်။

မြေကွက်ကို ကိုဘသိန်း သိထားပြီး ဖြစ်သည်။ ခြံမရောက်ခင် ဈေးအပြင်တန်းရှိ


ဝါးရောင်းသည့်ဆိုင်သို့ အရင်ဝင်သည်။ ဝါးဈေး၊ ကပ်ဈေး၊ ထရံဈေး မေးရမည်။ သစ်ဈေးလည်း
သိချင်သည်။

typing & pdf - lucky82 21


mmcybermedia. com

"ထရံက တစ်ပေကို နှစ်ဆယ့်ငါးပြားဗျာ၊ ဝါးကပ်က တစ်ကပ်က တစ်ပျစ် နှစ်ဆယ့်ငါးပြား၊


ဝါးပိုးဝါးတစ်လုံး နှစ်ဆယ့်ငါးပြား၊ အချဉ်ဝါးက ဆယ့်ငါးပြား လှည်းနဲ့ပို့ပေးမယ် ကိုဘသိန်းရာ၊
လှည်းခ နှစ်ကျပ်ခပ
ွဲ ကျမှာပါ"

ဝါးဆိုင်ပိုင်ရှင် ကိုဌေးက ရှင်းပြသည်။ ကိုဘသိန်းနှင့် ကိုဌေးက ခင်မင်ပြီးသူများ ဖြစ်သည်။

"ဘာလုပ်မလို့လဲ ကိုဘသိန်း။ အိမ်ဆောက်မလို့လား"

"ပြည်တော်သာ ကွက်သစ်ထမ
ှဲာ မခင်သစ် မြေကွက်လေး ဝယ်လိုက်လို့ဗျာ။ အိမ်လေး
ဆောက်မလားလို့ပါ။ လောလောဆယ်တော့ တစ်ဘက်ရပ်တဲလေးဆောက်ချင်လို့. .."

"အော်. .. ကွက်သစ်လား။ ကောင်းပါတယ် နောင်တော့ စည်လာမှာပဲ တဲဆိုတော့ သိပ်မကုန်ပါဘူး။


ဝါးကပ်ဆယ့်ငါးပျစ်လောက်၊ ဝါးပိုးတိုင် ထူလိုက်ပေါ့၊ နှစ်လုံးပဲကုန်မယ်။ ဝါးပိုးဝါး ငါးလုံးလောက်
ပေါက်ခင်းလိုက်၊ တန်းပျစ်ဖို့ အချဉ်ဝါးခုနစ်လုံးဆို ရပါပြီ ကိုဘသိန်းရဲ့"

"ဝါးကပ် လေးကျပ်ပြားငါးဆယ်၊ ဝါးဘိုး သုံးကျပ်ပြားငါးဆယ်၊ အချဉ်ဝါး ရှစ်လုံး တစ်ကျပ်ပဲထားပေး၊


နှီးလည်း နှစ်စည်းလောက်ယူသွား၊ ပြားနှစ်ဆယ်၊ လှည်းခနဲ့ ဆယ့်တစ်ကျပ်နဲ့
ပြားခုနစ်ဆယ်ကျတယ်"

ကျသင့်ငွေကို ကိုဘသိန်းပေးလိုက်သည်။ ပစ္စည်းတွေ လှည်းပေါ်တင်သည်။ ထမင်းချိုင့်နှင့်


ပေါက်ပြား တူရွင်း ကိုလတ် ကိုအောင် ကိုဆောင်နှင့် ကိုမောင်တို့ပါ လှည်းပေါ်တက်ထိုင်ကြသည်။
လှည်းနှင့်သွားကြမည်။

"သစ်ဈေးရော... ဘယ်လောက်ရှိလဲ ကိုဌေး"

"သစ်လား... သစ်မာဆိုရင် တစ်တန်ကို နှစ်ရာနှစ်ဆယ့်ငါးကျပ်ရှိတယ် ကိုဘသိန်း၊ သစ်နဲ့လား"

"အင်း... အဆင်ပြေမယ်ဆိုရင်တော့ သစ်နဲ့ပဲ ဆောက်ချင်တယ်။ ဒါဆို နေရောပေါ့"

"ကောင်းတယ် ကိုဘသိန်း၊ သစ်နဲ့ဆောက်ပါ။ ကျွန်တော် လျှော့ပေးမှာပေါ့"

ကိုဌေးက လိုလိုလားလား ပြောလိုက်သည်။ တအိအိမောင်းနေသော လှည်းရှေ့ကျော်ပြီး


ကိုဘသိန်းတို့ သားအဖ စက်ဘီးနင်းသည်။ လမ်းမှာ မြေလမ်းပဲရှိသေးသည်။
သားသတ်ရုံကြီးရှိနေခြင်းက အတော်ဆိုးသည်ဟု ကိုဘသိန်းတွေးသည်။ ဝေးတော့ဝေးသည်။
သားသတ်ရုံကြီးကို ကျော်ပြီး ရပ်ကွက်စားကွင်းလျာထားသောနေရာ ကွက်လပ်ကြီးရှိသည်။
ထိုကွက်လပ်နှင့် လမ်းခြားပြီး မခင်သစ်ဝယ်ထားသော မြေကွက်ရှိသည်။ ထောင့်ကွက်လေးမို့
ကောင်းပါသည်။ မြက်တွေတောထနေသည်။ ၁ လမ်းနှင့် ၂ လမ်းက ပိုပြီးအိမ်ခြေရှိသည်။
နောင်တော့ တဖြည်းဖြည်း စည်လာပေမည်။ သားအဖနှစ်ယောက် မြေကွက်လပ်ထမ
ှဲာ
စက်ဘီးထောင်လိုက်သည်။

typing & pdf - lucky82 22


mmcybermedia. com

လှည်းလာအောင်စောင့်ရင်း ကိုဘသိန်းက ဆေးလိပ်ဖွာနေသည်။ အိမ်ကို အလယ်တည့်တည့်တွင်


ထားဆောက်မည်ဟု လျာထားကြည့်သည်။ လောလောဆယ် တစ်ဘက်ရပ်တဲလေးကိုတော့
ရှေ့ဘက်ထောင့်နားမှာ ဆောက်ရမည်။

ပေါက်ပြားနှင့် မြက်တွေကို တစ်ယောက်တစ်လှည့်ပေါက်ကြသည်။ ၁ လမ်းမှာနေသော မခါဥအိမ်မှ


ပေါက်ပြားတစ်လက် သွားငှားရသေးသည်။ ဓားနှင့်ရမ်း ပေါက်ပြားနှင့်ပေါက်ရင်း
ချွေးပျံလာကြသည်။ ပေါက်ပြီးသမျှ မြက်များ သစ်ကိုင်းများကို ကိုအောင်နှင့် အမွှာနှစ်ယောက်
ဂုံနီအိတ်စုတ်တစ်လုံးနှင့် သယ်ကြသည်။ ခြံရှေ့လမ်းဘေးမှာ ပုံကြသည်။

နေလည်းပူ၊ မောလည်းမော၊ ဆာလည်းဆာချိန်မှာ ဆယ့်တစ်နာရီကျော်သွားပြီ။

"ကဲ. .. နားစို့ကွာ ။ ဝါးလုံးတွေ ဖြန့်ခင်းပြီးထိုင်ရင်း အဖေတို့ ထမင်းစားကြတာပေါ့"

မခါဥအိမ်မှ ဆွထ
ဲားသေ ရေတစ်ပုံးနှင့် ဆေးကြောသုတ်သင်ပြီး၊ ထမင်းစားကြသည်။ ထမင်းစား၍
အတော်လေးအရှိန်ရလာမှ. ..

"မင်းတို့အမေက... ဒီနေ့ပြီးချင်တာကွ"

"ဟုတ်တယ်အဖေ... ဒီနေ့ပြီးနိုင်ရင် ပြီးအောင်လုပ်ခဲ့လို့ ကျွန်တော့်ကို မှာတယ်"

ကိုဦး ဝင်ပြောသည်။

"ခုမှ. .. မြေရှင်းပြီးပြီ။ ဝါးလုံးတွေဖြတ်၊ တွင်းတူးတိုင်ထူပြီးရင် ပြီးလောက်ပါတယ်နော်အဖေ"

"အင်း... ပြီးအောင်တော့ လုပ်ကြည့်တာပေါ့ ကိုလတ်ရာ၊ အဖေလည်း လုပ်ဖူးတာတော့


မဟုတ်ဘူး"

ကိုဘသိန်းဝန်ခံသည်။ မြင်သာမြင်ဖူးသည်။ ကိုယ်တိုင်မလုပ်ဖူးခဲ့။ ခုမှ ဥစ္စာရင်လို ဥစ္စာရင်ခဲရခြင်း


ဖြစ်သည်။ ပေါက်ပြား ပေါက်ရသောကြောင့် လက်ဖဝါးတွေ နာနေသည်။ ကိုဦးနှင့်
ကိုလတ်ကလည်း သူ့ကိုညှာသည်။ ပေါက်ပြားတစ်ယောက်တစ်လက်ယူပြီး သူတို့ဖာသာ
ပေါက်သည်။ မိမိက ဓားနှင့် ခုတ်ဖြတ်ရုံပင်။ လက်တွေနာနေသည်။ ထမင်းစားရင်း ဇွန်းကိုင်ရာတာ
တင်းကြပ်ကြပ်ဖြစ်နေသည်။

typing & pdf - lucky82 23


mmcybermedia. com

ထမင်းစားပြီး ဆေးလိပ်နည်းနည်းဖွာသည်။ ကိုဦးက ဝါးပိုးဝါးကို လွှနှင့် ထက်ပိုင်းဖြတ်နေသည်။


ဝါးနှစ်လုံး ဖြတ်လျှင် တိုင်လေးတိုင်၊ ကိုလတ်နှင့် ကိုအောင်က သံတူရွင်းနှင့် ကျင်းတူးနေကြသည်။
အစိုဓာတ်ခံမြေကြောင့် သိပ်တော့ မခက်ခဲလှ။

"တစ်ပေခွဲလောက်ဆို ရပြီထင်ပါတယ်ကွာ"

ကိုအောင်က လက်မောင်းတစ်ဆုံး နီးပါးရှိနေပြီ။ မြေဇာကော်တွင်နေသော ကိုအောင်က...

"တော်ပြီလား အဖေ... ဒီထက်နက်အောင် တူးဦးမှာလား" ဟုမော်ကြည့်ရင်း မေးသည်။

"တော်ပြီ ကိုအောင် ရလောက်ပါပြီ"

ကိုဦး ဖြတ်ပြီးသော ဝါးကို အရင်းအဖျားကြည့်ပြီး အရင်းကို မြေထဲသို့ ကိုဘသိန်း စိုက်လိုက်သည်။


ဝါးပင်ပေါက်သည့်အတိုင်း စိုက်ရသည်။ ဇောက်ထိုးမဖြစ်ဖို့ လိုသည်။ ဝါးလုံးကို
ကိုဘသိန်းကိုင်ထားပေးသည်။ ကော်တင်ထားသော မြေဇာများကို ကိုလတ်နှင့် ကိုအောင်တို့
လက်ဖြင့် တွန်းဖို့နေသည်။ ကိုဆောင်နှင့် ကိုမောင်က ပေါက်ပြားနှင့် တူးထားသော မြေကြီးများ
သယ်လာကြသည်။ မြေကျင်းထဲသို့ တူရွင်းနှင့်ထု။ ကိုဘသိန်းက ဝါးလုံးကို နှဲ့ကြည့်သည်။
မြေသိပ်အောင်ဖို့၊ နာနာထု။ ဝါးလုံးခိုင်မတ်သွားပြီ။ နောက်တစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ၅
ပေရှိသော အကွာအဝေးတွင် ဝါးလေးလုံး စိုက်ပြီးလေသည်။ ဝါးလေးလုံး ထောင်ပြီး အမိုးပဲ
အရင်မိုးမှာလား၊ အခင်းပဲ အရင်ခင်းမှာလား၊ ကိုဘသိန်း စဉ်းစားနေသည်။
တဘက်ရပ်တဲလေးများ၏ မြင်ကွင်းကို ပြန်မြင်ကြည့်နေသည်။ တပြေးညီမဟုတ် ဦးမော့ပြီး
နိမ့်ဆင်းရမည်။ ပြီးမှ အရှေ့ဖက်ကို ငိုက်ထားသည်။ ဆေးလိပ်ဖွာရင်း ကိုဘသိန်း
ငေးမောနေသည်။ တစ်ဘက်ရပ်တဲလေးတောင် လက်တွေ့ဆောက်ပြီဆို မလွယ်ပါလားဟု
တွေးမိသည်။ ယခု မိမိစိုက်ထူထားသည့် ဝါးလေးလုံးမှာ တစ်ညီတည်း။ နောက်နှစ်လုံးကို
နိမ့်အောင်ဖြတ်ဖို့လိုသည်။ ကိုဘသိန်းခေါင်းကုတ်မိသည်။ မဖြစ်သေး။

"ကိုဦး ရှေ့ ၁ လမ်းက ကိုဖိုးခကို သွားခေါ်ကွာ။ အဖေခေါ်တယ်လို့ အားရင်လိုက်ခဲ့ပါလို့


ဟုတ်လား"

"ဟုတ်ကဲ့ အဖေ"

စက်ဘီးနင်းပြီး ထွက်လာခဲ့သည်။ အဖေခေါ်ဆို ခေါ်ရုံရှိသည်။ ကိုဖိုးခကို သိသည်။ မနက်ပိုင်း


လင်မယားနှစ်ယောက် ရပ်ကက
ွ်ထဲမှာ အကြော်ကြော်ရောင်းသည်။ ကိုဖိုးခက ရပ်ကွက်ထဲ
ခိုင်းသူရှိလျှင် တောက်တိုမယ်ရ လိုက်လုပ်သည်။ မြက်ပေါက်၊ ခြံရှင်း၊ ခြံစည်းရိုးကာ၊ သစ်ပင်ခုတ်၊
ထင်းခွဲ၊ ခိုင်းသမျှ အကုန်လုပ်သည်။ အကြော်တဲကို ကိုဦးရောက်တော့ ရှင်းနေပြီ။
ကိုဖိုးခတစ်ယောက်တည်း ဆေးလိပ်တစ်တိုနှင့် တွေ့ရသည်။

"ဦးလေးခ အားလား... အဖေက ခဏလိုက်ခဲ့ဖို့ ခေါ်လို့"

typing & pdf - lucky82 24


mmcybermedia. com

"ဟေ... ဘာလုပ်မလို့လဲ။ အားပါ့မောင်ရာ ခုပဲ မင်းဒေါ်ကြီး ဆိုင်သိမ်းသွားတာ..."

ဆေးလိပ်ကို ခဲရင်း စက်ဘီးကယ်ရီယာမှာ ထိုင်ပြီးလိုက်လာသည်။

"ဘာလုပ်ဖို့လက
ွဲ. .. မင်းတို့ ဒီရောက်နေတာလား"

"ဟုတ်တယ် ဦးလေးခ... မနက်ကတည်းက အမေဝယ်ထားတဲ့ မြေကွက်လေး လာရှင်းနေကြတာ"

"မြေဝယ်လိုက်တာလား... အိမ်ဆောက်မလို့ပေါ့။ ကောင်းတယ်ကွာ ဒီရပ်ကွက် နောင်ဆို


စည်ကားလာမှာပါ"

ပြောရင်း ရောက်လာကြသည်။

"လာ... ကိုဖိုးခ... ဒီမှာ တဲထိုးနေတာဗျာ။ ဘယ်လိုဆက်လုပ်ရမှန်းမသိလို့ ခင်ဗျားကို


ခေါ်ခိုင်းလိုက်ရတာ"

မှန်သည့်အတိုင်း ကိုဘသိန်းဝန်ခံသည်။ မိမိမတတ်ကျွမ်းသော အလုပ်၊ သိရုံမြင်ရုံနှင့်


မိမိလုပ်နိုင်မည်ဟု ဝိုးတဝါးအထင်သည် လက်တွေ့ လုပ်ကြည့်မှ ခက်ခဲမှန်း သိရသည်။
တိုင်လေးလုံး ထောင်ထားသော မြေကွက်လပ်၊ ကိုဖိုးခကြည့်သည်။

"စောစောထဲက ခေါ်ရောပေါ့ဗျာ။ ကျုပ်လုပ်ပေးမှာပေါ့"

"ကိုယ့်ဖာသာ ဖြစ်မယ်ထင်တာရော၊ အားနာတာရောကြောင့် မခေါ်တာ ကိုဖိုးခရေ။


လက်တွေ့လုပ်မှ ခက်မှန်းသိရတယ်။ အမြင်တော့ လွယ်သား။ မတတ်ဘဲနဲ့ ရမ်းလုပ်လိုက်ရင်
ဖြစ်တော့ ဖြစ်မှာပဲ။ ဒါပေမယ့် ခိုင်ခိုင်ခံ့ခံ့ ဖြစ်မှာ မဟုတ်ဘူး။ တော်ကြာ ကလေးတွေ နေကြတုန်း
ပြုတ်ကျပြိုကျရင် ဒုက္ခ"

"အင်း... အင်း"

လက်တစ်ဘက်ထောင်ပြရင်း ကိုဖိုးခ ပြုံးသည်။ နောက်ဖက်က ဝါးနှစ်လုံးကို မြေကြီးထဲမှ


နှဲ့ထုတ်လိုက်သည်။ ကိုဦးနှင့် ကိုလတ် ဝိုင်းကူသည်။ လွှတစ်ချောင်းနှင့် ဖြတ်သည်။
အဆစ်အပေါ်ပိုင်းကို ဂွထိုးသည်။ အောက်ပိုင်းအဆစ်ပေါ်မှ အပေါက်ဖောက်သည်။
ရှေ့ဝါးနှစ်လုံးလည်း ပြန်လုပ်ရသည်။ အဆစ်ပိုင်းမှာ ဂွထိုးရသည်။ အောက်ပိုင်းမှာ
အပေါက်ဖောက်သည်။ ဝါးလေးလုံး ပြန်ထောင်သည်။ မြေဆောင့်သည်။ အချဉ်ဝါးကို
အနေတော်ဖြတ်ပြီး ဂွတန်းပေါ်တင်လိုက်သည်။ ကိုဘသိန်းကြည့်နေသည်။ သည်လိုတော့
အဟုတ်. .. မိမိဖြင့် စိတ်ကူးမပေါ်။ နှီးဖြာပြီး နှီးနှင့်တုပ်သည်။ နှီးစွဲဝိုင်းစွဲပေးကြသည်။ အောက်ခြေ
တစ်ပေခန့်အမြင့် ဝါးဆစ်ပေါက်ထဲ အချဉ်ဝါးသွင်းသည်။ အလျားလိုက် တစ်လုံးစီ ထပ်တင်သည်။
နှီးနှင့်တုပ်သည်။ အပေါ်အောက် ဝါးတန်းတွေ လွယ်လွယ်နှင့် ချည်ပြီးတုပ်ပြီး ဖြစ်သွားသည်။
ခွဲပြီးသားဝါးများကို အမိုးတန်း ပစ်သည်။ နှီးတုပ်သည်။ ကိုဦး ဝိုင်းချည်ပေးသည်။ ကိုလတ်အရပ်နှင့်

typing & pdf - lucky82 25


mmcybermedia. com

မမှီသောကြောင့် ဝိုင်းရယ်ကြသည်။ အလျားအနံမှာ ဝါးတန်းတွေ၊ အိပျော့အိကျနေမယ်ဟု


ကိုဘသိန်းတွေးသည်။ ကိုဖိုးခသည် အပေါ်ပိုင်းမှ ဖြတ်ထုတ်လိုက်သော ဝါးပိုင်းအပိုများကို
ညှိပြီးဖြတ်သည်။ ဂွလုပ်သည်။ ပြီးမှ အလျားဘက်မှ နှစ်ဖြတ်စီသုံးပြီး မြေစိုက်ထောင်သည်။
အနံဘက်မှ တစ်ဖြတ်စီ၊ နှစ်ဖြတ်စီ ပျစ်ထားသော ဝါးတန်းနှင့် အံဝင်ဂွင်ကျ။ နှီးနှင့်တုပ်လိုက်သည်။
အခင်းတန်းပျစ်သည်။ ခိုင်သွားပြီ။ ဝါးပေါက်ခြမ်းများခင်းသည်။ ခုန်းထွက်သမျှ လွှနှင့်ဖြတ်သည်။
အချဉ်ဝါးဖြတ်ပိုင်းများနှင့် ရှေ့ဘက်နေကာ လုပ်သည်။ ဝါးကပ်များကို စနစ်တကျ မိုးရင်းနှီးနှင့်
တုပ်သည်။ သည်တော့ကိုဘသိန်း ဝိုင်းလုပ်နိုင်ပြီ။

"အေး... ခင်ဗျားလုပ်တော့လည်း မြန်သားနော်. .."

ဟု ချီးကျူးမိသည်။ နေကာလေးမှာ ဝါးခြမ်းတန်းရင်း ကိုဖိုးခရယ်သည်။

"ကျုပ်က ဒီလိုတမ
ျဲိုးထိုးနေကျကိုး ဦးဘသိန်းရဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာ သိနေတယ်လေ"

"ဟုတ်တယ်. .. ကျွမ်းကျင်ရာလိမ္မာပဲ။ ကျွန်တော်တို့ သားအဖတွေလုပ်နေရင် တော်တော်နဲ့ပြီးဖို့


မလွယ်ဘူး..."

ဟု ကိုဘသိန်း ဝန်ခံပါသည်။ မိမိမလုပ်တတ်တာ ဝန်ခံဖို့ ကိုဘသိန်း မရှက်ပါ။


တက်ယောင်ကားလည်း မလုပ်ချင်ပါ။

"ပြီးသွားပြီနော်. .. အမေတော့ဝမ်းသာမှာပဲ. .."

ဟု ကိုအောင်ကပြောရင်း ဝါးကြမ်းခင်းအသစ်စက်စက်ကို လက်ဖဝါးနှင့် ပွတ်ကြည့်နေသည်။

"အဖေ အကာရော မပါဘူးလားဟင်. .."

ကိုဆောင်က မေးသည်။

"မပါဘူး ကိုဆောင်။ ဒါက ခဏတစ်ဖြုတ်နားဖို့ နေဖို့ပဲကွာ။ အကာ မထည့်တော့ဘူး"

"အော်. .."

အကာမပါသော တစ်ဘက်ရပ်တဲလေးကို ညီအစ်ကိုတစ်စု ငေးကြည့်နေကြသည်။


ကိုယ်တိုင်မြက်ပေါက် မြေရှင်း မြေတူးလုပ်ထားသော တဲလေး။ ဒါတောင် ဦးဖိုးခလာကူမှပြီးသည်။
မိမိတို့ မလုပ်တတ်သေး။ ဦးဖိုးခက လက်သမားအကြမ်းထည်လေး ဘာလေးလုပ်တတ်သော
လက်စ၊ လက်နရှိသူဖြစ်သည်။

"ဒါနဲ့ ကိုဖိုးခ အိမ်တစ်လုံးဆောက်ရင် လက်သမားခ ဘယ်လောက်ယူတယ် ကြားလဲဗျ"

ကိုဘသိန်းမေးရင်း အိတ်ထမ
ှဲ ဆေးပေါ့လိပ်အသစ်တစ်လိပ် ထုတ်ပေးလိုက်သည်။ ကိုဖိုးခ...
ဆေးလိပ်လှမ်းယူသည်။

typing & pdf - lucky82 26


mmcybermedia. com

"နေ့စားလား ပုတ်ပြတ်လား ဦးဘသိန်း" ဟု ကိုဖိုးခက ပြန်မေးသည်။

"သူ့အဖွ့န
ဲ့ သ
ဲူ ပုတ်ပြတ်လုပ်တာလည်းရှိတယ်။ နေ့စားလုပ်တာလည်း ရှိတယ်။ ပိုင်ရှင်
သဘောပေါ့ဗျာ..."

အင်း... ပုတ်ပြတ်မှ ပိုအဆင်ပြေမယ်ထင်တယ်

"ဟုတ်တယ် ဦးဘသိန်း၊ ပုတ်ပြတ်ဆိုတော့ မြန်မြန်ပြီး၊ မြန်မြန်အပ်တော့ ငွေရတာပေါ့ဗျာ"

ကိုဖိုးခ ပြောပြသည်။

"သုံးပင် နှစ်ခန်းဆို ကျုပ်အထင်တော့ နှစ်ရာ့ငါးဆယ် သုံးရာလောက် ပေးရမယ်ဗျ"

ဆေးလိပ်ကို အားပါးတရ ဖွာရှိုက်ရင်း ကိုဖိုးခပြောသည်။ သုံးရာတော့ မကျော်ဟု သူထင်သည်။


ရှေ့ဘက်ထိပ် ကိုရာကျော်ကြီး လက်သမားအဖွဲ့ကို သူသတိရသွားသည်။ သိပ်လက်ရာ
အကောင်းကြီးမဟုတ်ပေမယ့် စေတနာရှိသည်။ မခိုမကပ်ဘဲ မြန်မြန်ပြီးအောင် လုပ်ပေးသည်။
သူ့အဖွဲ့က ညီတူသားတွေချည်းဖြစ်သည်။

"သစ်ချည်းဆောက်ရင် တစ်ဈေး၊ ဝါးကပ်မိုးတာဆို တစ်ဈေး ဖြစ်မယ် ဦးဘသိန်း" ဟု ကိုဖိုးခ


ပြောသည်။ ဝါးဆိုင်ကိုမေးရန် ကိုဘသိန်းစဉ်းစားလိုက်သည်။ ကိုဖိုးခပြောတာနှင့် ဘယ်လို
အနေအထားရှိမည်ကို ခန့်မှန်းရပေမည်။

"အေးဗျာ... ကိုဖိုးခရေ ရော့. .. ခင်ဗျားလာကူလို့ ကျေးဇူးပါပဲ။ ကျွန်တော်တို့ချည်းဆို တော်တော်နဲ့


ပြီးမှာ မှုတ်ဖူး"

ပြုံးရယ်ရွှင်မြူးစွာ ပြောရင်း အိတ်ကပ်ထဲမှ ကျပ်တန် နှစ်ရွက်ကို ကိုဖိုးခထံ လှမ်းပေးလိုက်သည်။


ကိုဘသိန်းပေးသော ငွေနှစ်ကျပ်ကို ကိုဖိုးခ ယူလိုက်သည်။ နှစ်နာရီ သုံးနာရီကူရုံနှင့်
ငွေနှစ်ကျပ်ရသောကြောင့် ဝမ်းသာသွားသည်။ နေ့စားအလုပ်သမားတစ်ယောက် တစ်နေ့လုံး
သုံးကျပ်ဆယ့်ငါးပြားသာ ရသည်။

"မနက်ဖြန်ရော လာကြဦးမှာလား ဦးဘသိန်း။ ကျုပ်ဘာလုပ်ထားပေးရမလဲ"

လိုလားစွာ ကိုဖိုးခ မေးလိုက်သည်။

"ဒီကအပြန် ဝါးဆိုင်က ကိုဌေးဆီမှာ ဝါးဈေးသစ်ဈေးလည်း မေးမယ်။ လက်သမားခလည်း


စုံစမ်းဦးမယ် ကိုဖိုးခရေ။ ပြီးမှ မခင်သစ်နဲ့ တိုင်ပင်ပြီး အိမ်ဆောက်ဖို့ လုပ်ရမှာ၊ ခြံရှင်းထားရင်တော့
ကောင်းသားပဲဗျာ။ ကျွန်တော်တို့လည်း ဝိုင်းရှင်းမှာပါ"

"ဒါဆို. .. ကျုပ်ခြံရှင်းထားပေးမယ်"

typing & pdf - lucky82 27


mmcybermedia. com

အိမ်ပြန်ရောက်တော့ သားအဖတစ်စု အတော်ပင်ပန်းသွားကြသည်။ ရေမိုးချိုးပြီး ခြေပစ်လက်ပစ်


နားကြသည်။

"မောသွားပြီလား ငါ့သားတို့. .."

ခြေပစ်လက်ပစ်ထိုင်နေကြသော သားအဖတစ်စုကို မခင်သစ် မေးလိုက်သည်။

"အပြန်နင်းရတာ မောတာပါ အမေ... အတက်တွေချည်းဥစ္စာ"

ကိုဦးက ခပ်ပြုံးပြုံးလုပ်ရင်း ပြောသည်။

"ဒါတောင် ကျွန်တော်တို့ ဆင်းလျှောက်တာပါ အမေရာ"

ကိုအောင် ဝင်ပြောသည်။ အတက်မို့ မနင်းနိုင်လျှင် ဆင်းလျှောက်ရင်း ဝိုင်းကူတွန်းပေးရသေးသည်။

"သားတို့တက
ဲ ပြီးသွားပြီလား"

ကိုဦးကို မခင်သစ် မေးလိုက်သည်။ ကိုဘသိန်းက ဆေးလိပ်ဖွာနေသည်။

"ပြီးသွားပြီ အမေ။ ဦးလေးခ ဝိုင်းကူမှပဲ ပြီးတော့တယ်" ဟု ပြောလိုက်သည်။ ကိုဘသိန်းက


ဆေးလိပ်ကို ပါးစပ်မှ ဖြုတ်လိုက်သည်။

"တစ်ဘက်ရပ်တဲပေမယ့် လက်တွေ့လုပ်ကြည့်မှ စမ်းတဝါးဝါး ဖြစ်တော့တာလေ။ ဒါနဲ့ ကိုဖိုးခ


ခေါ်ပြီး လုပ်ခိုင်းရတယ်။ ငွေနှစ်ကျပ်လည်း ပေးလိုက်ရတာပေါ့ကွာ..."

"အင်း... ကိုဖိုးခက လက်သမားလေး ဘာလေး တတ်တာကိုး ကောင်းပါတယ်။


မြန်မြန်ပြီးသွားတောပေါ့"

မခင်သစ် ကျေနပ်သွားသည်။

"တဲလေးက ကောင်းတယ် အမေ... ကျွန်တော်တို့ကိုယ်တိုင် ရှင်းလင်းပြီး ဝိုင်းလုပ်ရတာ"

ကိုလတ် ဝင်ပြောသည်။

"ကျွန်တော်တို့လည်း အမှိုက်သယ်ရတာ ဖတ်ဖတ်မောရော"

ကိုမောင် ဝင်ပြောသည်။

"ဟုတ်ပါတယ်. .. သားတို့အားလုံး တက်ညီလက်ညီ လုပ်လို့ ပြီးသွားတာ အမေသိတာပေါ့"

သားများကို မခင်သစ် ချီးကျူးလိုက်ပါသည်။

typing & pdf - lucky82 28


mmcybermedia. com

လက်ထဲရှိသည့်ငွေနှင့် တွက်ချက်တော့ ကိုဘသိန်းရော မခင်သစ်ပါ ဝေဖန်စရာလေးတွေ


ရှိလာကြသည်။ ခြံရှင်းခ၊ လက်သမားခ၊ သစ်ဖိုး၊ ဝါးဖိုး၊ ရေတွင်း၊ အိမ်သာ၊ ခြံစည်းရိုးကာ
လုပ်ရမှာတွေ များသည်။ မိမိတို့အင်အားနှင့် နိုင်မနိုင် ချင့်ချိန်ဝေဖန်ရသည်။ အနိမ့်ဆုံးမှန်းထားမှ
တကယ်လုပ်ကြည့်လျှင် တန်ဖိုးမြင့်တက်လာဦးမည်။

သုံးပင်နှစ်ခန်း အုတ်ဖိနပ်ခံပြီးဆောက်။ ဝါးကပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ လင်မယားနှစ်ယောက်


ခေါင်းချင်းဆိုင်၍ စဉ်းစားကြသည်။

"လက္ထဲရွိတ့ေ
ဲ ငွနှင့်တော့ လောက်မယ်မထင်ဘူး မခင်သစ်"

သက်ပြင်းချရင်း ကိုဘသိန်းပြောသည်။

"ရှိတဲ့ရွှေလေးလည်း ရောင်းလိုက်မယ်ဗျာ။ ဒါဆိုရင် လောက်မယ်ထင်တယ်။ ကျွန်တော်က


ပျဉ်ခင်းပျဉ်ကာလေး ဆောက်ချင်တာ..."

မခင်သစ်ပြောမိသည်။ ထရံကာထက် ပျဉ်ကာလေးတော့ ဆောက်ချင်သည်။ သည်အရပ်ဒေသက


အညာလိုမဟုတ်။ ချမ်းပါဘိနှင့်။ ထရံကြို ထရံကြားက လေတိုးမည်။ အေးစိမ့်မည်။ မခင်သစ်
ကြောက်သည်။ မိမိမှာ ကလေးတွေများလှသည်။

"ပျဉ်ကာဆို သစ်ဖိုးနဲ့တင် အတော်ကုန်မှာ မခင်သစ်၊ မလွယ်ဘူး"

ပိန်ပိန်ပါးပါး ကိုဘသိန်းကို မခင်သစ် အမှတ်မဲ့ ငေးကြည့်နေသည်။ ကိုဘသိန်းကို မြင်သည်တော့


မဟုတ်။ မိမိစိတ်အလျဉ်က အဝေးသို့ရောက်နေသည်။ စစ်ကိုင်း၊ ရွာထောင်မှာ မိမိ၏ငယ်စဉ်ဘဝ၊
မျက်တောင်ကို တဖျတ်ဖျတ် မခင်သစ် ခတ်လိုက်သည်။

"ဒါဆိုလည်း လောက်သလောက် ပျဉ်ကာမယ်ဗျာ။ မလောက်တဲ့နေရာကျ ထရံကာလိုက်မယ်"

ပါးလျားသော နှုတ်ခမ်းကို တင်းတင်းစေ့ရင်း မခင်သစ် ပြောလိုက်သည်။ ကိုဘသိန်း


မျက်မှောင်ချီမိသည်။ ဝါးကပ်မိုး ထရံကာ၊ အိမ်လေးတစ်လုံးအတွက် မိမိတို့သည်မျှ ခက်ခဲနေသည်။
နှုတ်ခမ်းအတွင်းသားကို နာနာကိုက်လျှက် ကိုဘသိန်းပြုံးသည်။

"တော်ကြာ တန်းလန်းဖြစ်နေမယ်နော် မခင်သစ်။ ကိုယ်ပြောင်းသွားလို့ မပြီးရင် ဒုက္ခ"

သတိပေးလိုက်သည်။ လက်ဖဝါးနှစ်ဖက်ကို မခင်သစ် တင်းတင်းဆုပ်ထားမိသည်။

"အဖေက ဘယ်တော့ သွားရမှာလဲ ဟင်. .."

ကိုဦး ဝင်မေးသည်။

typing & pdf - lucky82 29


mmcybermedia. com

"မသိသေးဘူးလေကွာ။ အမိန့်မှ မထွက်သေးတာ ပြောင်းမိန်ထွက်ရင် ဝန်ထမ်းပဲ ကိုဦးရာ


အချိန်ဆွဲနေလို့ ဘယ်ရမှာလဲ"

အမှန်အတိုင်း ကိုဘသိန်း ရှင်းပြသည်။ ကိုလတ်က ငြိမ်ပြီးနားထောင်နေသည်။ နားလည်နိုင်သော


အရွယ်ရောက်နေသည့် သားနှစ်ယောက်ကို နားလည်စေချင်သည်။ နားလည်ထားမှ သိထားမှ
ရင်ဆိုင်နိုင်ပေလိမ့်မည်။

သစ်ရှစ်တန် ဝယ်လိုက်တာနှင့် ငွေတစ်ထောင့်ခုနစ်ရာ ကုန်သွားသည်။ ဒါတောင်


ဈေးလျှော့ပေးသောကြောင့် ဝမ်းသာရသည်။ လက်သမားတစ်ဖွဲ့ ငှားရသည်။ ခြံစည်းရိုးသုံးမျက်နှာ
အရင်ကာလိုက်သည်။ ရှေ့တစ်မျက်နှာကို ဖွင့်ထားလိုက်သည်။

"လိုတော့လိုဦးမယ် ကိုဘသိန်း" ဟု လက်သမားဆရာ ကိုရာကျော်က ပြောသည်။ မဲပြောင်သော


အသားနှင့် ကွမ်းဝါးထား၍ ရဲနေသော နှုတ်ခမ်းသားများရှိသည်။

"အေးဗျာ လိုတ့အ
ဲ ပိုင်းကို ထရံပက
ဲာမယ် ကိုရာကျော်။ ရှိတာလေးနဲ့ ဖြစ်အောင်ဆောက်ရတာလေ"

"ဟုတ်တယ် ကိုရာကျော်။ တတ်နိုင်လို့မဟုတ်ဘူး။ ချွေချွေတာတာ ဆောက်ပေးပါဗျာ"

ဟု မခင်သစ်က ဝင်ပြောသည်။ သူမရင်ထဲရှိသည့်အတိုင်း ပြောခြင်းဖြစ်သည်။ မလောက်မှာ


ပူပင်နေသည်။ ရှိသမျှ လက်ဝတ်လက်စား ရောင်းလိုက်သေးသည်။ တစ်ထောင့်တစ်ရာပဲ ရသည်။
နောက်ထပ်ရောင်းဖို့မရှိ။

နေ့ကောင်းရက်သာရွေးပြီး မြေနှုတ်ကြသည်။ ဘုန်းကြီး (၃)ပါးပင့်သည်။ ပန္နက်ရိုက်တော့ (၇)ရက်


သားသမီး ကြိုးကိုင်ကြရသည်။ သူစိမ်းရှာဖို့မလို။ မခင်သစ်မွေးထားသည့် သားတွေနှင့်
ခုနစ်နေ့ပြည့်သည်။ ရက်တောင် ထပ်နေသေးသည်။

"ဟုတ်ပေ့ဗျာ" ဟု ကိုရာကျော် သဘောကျသွားသည်။

"ဧည့်ခန်းရှေ့ဘက်မှာ ဘုရားဆောင်လေးတော့ ထည့်ပေးပါနော် ကိုရာကျော်"

ကိုရာကျော် ခေါင်းငြိမ့်သည်။ ၃ ပေ ၅ ပေ ဘုရားဆောင်လေးတစ်ခု ထုတ်ပေးမည်ဟု


စိတ်ကူးလိုက်သည်။ ဘုရားဆောင်တစ်ဆောင်တစ်ခန်း သီးသန့်မထားနိုင်လျှင် ဧည့်ခန်းမှာပဲ
ဘုရားဆောင်လေး ထုတ်တာကောင်းသည်။ ဧည့်ခန်းမှာထိုင်ရင်း ဘုရားကို သတိရနိုင်သည်။
တရားကို သတိရနိုင်သည်။

typing & pdf - lucky82 30


mmcybermedia. com

မခင်သစ်တို့ ကလေးငယ်နှစ်ယောက်၊ ခွန်လေးနှင့် သားအမိသားအဖ ငါးယောက်တွင်


အိပ်ခန်းတစ်ခန်း၊ သားတွေအတွက် အိပ်ခန်းကျယ်တစ်ခန်း။ ဧည့်ခန်း၊ ကြောင်အိမ်နှင့်
ပန်းကန်စင်ကို သားတွေ အိပ်ခန်းနှင့် ကပ်လျှက်အခန်းမဖွဲ့ဘဲ ၉ ပေတစ်ခန်းစာ ချန်ထားသည်။
အောက်ဖက်မှာ မီးဖိုဆောင်။ မခင်သစ်သည် ရိုးရိုးရှင်းရှင်းနှင့် မိသားစု နေသာရုံမျှ ရှိပေလိမ့်မည်။

အိမ်ဆောက်တော့ ရေတွင်းအရင်တူးသည်။ ၁၀ ပေလောက်နှင့် ရေကောင်းကောင်းထွက်သည်။


အုတ်စီပြီး အုတ်ဘောင်ခတ်သည်။ ရေအတွက် မပူရတော့။

မခင်သစ် အိမ်ဆောက်သည့်နေရာမှာ ကျောင်းပိတ်ရက်ဆိုလျှင် ကလေးတွေ တဝုန်းဝုန်းနှင့်


ပျော်စရာကောင်းနေသည်။ ထမင်းအိုးဟောင်းတွေ ယူလာပြီး တစ်နေကုန်နေရင်း ဝင်းသန့်ရှင်းရေး
လုပ်သည်။ သစ်ပင်လေးတွေ စိုက်သည်။ ရွေဘော်စာကောက်ကြသည်။

"မီးမွှေးလို့ကောင်းတယ်ကွ. .."

"ဟုတ်တယ် မီးမွှေးလို့လယ
ွ်တယ်"

ကိုလတ်စကားကို ကိုဆောင်နှင့် ကိုမောင် ထောက်ခံသည်။ သစ်တိုသစ်စတွေ ကောက်ကြသည်။


တစ်ဘက်ရပ်တဲလေးမှာ ထိုင်ကြရင်း...

"လောက်မှာတော့ မဟုတ်သေးဘူး မခင်သစ်၊ ဒါတောင်လျှာထိုးမခင်းနိုင်ဘူး"

ကိုဘသိန်းပြောသည်။ ရိုးရိုးကြမ်းခင်းသာ ခင်းနိုင်မည်ဟု လက်သမားဆရာ ကိုရာကျော်ပြောသည်။


တစ်အိမ်လုံး ကြမ်းခင်းနိုင်တာပဲ တော်လှပြီဟု ကိုဘသိန်း ကျေနပ်ရသည်။ ကိုဘသိန်း
စကားကြောင့် မခင်သစ် ငေးနေသည်။ မလောက်လျှင် ထရံကာရလိမ့်မည်။ မိမိရွာဖြစ်သော
ရွာထောင်ကို စာရေးသည်။ မိမိရရှိမည့် သီးစားခမရသည်မှာ နှစ်နှစ်ကျော်ရှိပြီ။ ဒီနှစ်တော့
ပေးဖြစ်အောင် ပေးဖို့ အိမ်လေးဆောက်ချင်သောကြောင့် ငွေလိုနေကြောင်း စာရေးထာသည်။
လူကြုံနှင့်လည်း မှာထားသည်။ ရမှဖြစ်မည်။

"ကိုအေး... သံစူးမယ်နော်။ ငါ့သားတွေ ညီလေးကြည့်ကြဦး"

ဝါးပုံကြား သစ်ပုံကြားသွားနေသော ကိုအေးကို မခင်သစ် လှမ်းအော်သည်။ သစ်တိုသစ်စ


ကောက်နေသော ကိုအောင် ပြေးလာပြီးချီသည်။

"ရော့. .. အမေ့သား ခေါ်ထား ခဏခဏချီပို့နေရတယ်"

ဟုပြောရင်း မခင်သစ်နား လာချသည်။

typing & pdf - lucky82 31


mmcybermedia. com

"တွားမယ်... တွားမယ်"

ကိုအောင်နောက် ပြေးလိုက်သွားသည်။ ဘောင်းဘီတိုလေးနှင့် ခြံစည်းရိုးရိပ်ခိုပြီး ဆော့နေသော


ခွန်လေးက ကိုအေးကို လှမ်းခေါ်သည်။ သူမကား ဝါးဆစ်ပိုင်းတိုလေးများနှင့် သစ်ရွက်များ
ထောင်းထုချေရင်း ဟင်းရွက်သုပ် ရောင်းတမ်းကစားနေသည်။

"မမ အသုပ်စုံကို ကိုအေးဝယ်စားနော် သိလား"

ဆောင့်ဆောင့်ထိုင်ရင်း ကိုအေး ခေါင်းငြိမ့်သည်။

"ခြားမယ်. .. ခြားမယ်. .. ငါးရာဖိုး..."

မနက်စာ ထမင်းစားကြတော့ တပျော်တပါး ရှိလှသည်။ ဆီနည်းနည်း ခရမ်းသီးအိုးကပ်နှင့်


ကုလားပဲပျစ်ပျစ်ချက်ထားသည်။ ကိုရာကျော်တို့ လက်သမာအဖွဲ့နှင့် ပေါင်းစားကြသည်။
လူကြီးနည်းနည်း ကလေးများများ။

အုတ်ဖိနပ်ပေါ်မှာ တိုင်စြွဲ ပီးပြီ။ အမြင့်တစ်ထိုင်လွတ် အိမ်ရှေ့လှေကား ငါးထစ်။ နောက်လှေကား


ငါးထစ်။

"နောင် ချဲ့ချင်ရင် ချဲ့လို့ရပါတယ်။ ဒေါ်ခင်သစ် ရှေ့နောက်ပေါ့ ချဲ့လို့ရအောင် မြေချန်ထားတယ်"

ထညက်(ထန်းလျှက်)နှင့် ရေနွေးကြမ်း စားသောက်ကြရင်း ကိုရာကျော်ပြောသည်။

"ကိုယ့်အိမ်ပိုင်လေးဆိုတော့ ဘယ်လိုပဲဆောက်နိုင် ဆောက်နိုင် ကျေနပ်ကြတာပဲဗျ။ တဖြည်းဖြည်း


ကောင်းသထက်ကောင်းအောင် ဖြည့်စွက်ကြတယ်"

ကိုရာကျော်က သူ့အတွေ့အကြုံကို ပြောပြသည်။ အိမ်ရှင်တိုင်း မိမိဆောက်သည့် အိမ်ကို


တန်ဖိုးထားကြသည်။

"ရှိလို့ ဆောက်နိုင်တာ မဟုတ်ပါဘူးဗျာ"

ရေနွေးကြမ်းတစ်ကြိုက်သောက်ရင်း မခင်သစ် ပြောမိသည်။

"သိပါတယ် ဒေါ်ခင်သစ်ရယ်။ ဒီလောက် ဆောက်နိုင်တာပဲ တော်လှရောပေါ့။ နေစရာလိုတယ်ဗျ။


လူတစ်ယောက်ရဲ့ဘဝမှာ နားခိုအိပ်စက်စရာ နေရာမရှိရင် ခွေးတိုးဝက်တိုး ဣနြေ္ဒမရဘူး"

မိမိမှာ လူတစ်ယောက်မက သားသမီးတွေ တစ်လှေနှင့် သူတစ်ကာထက် နေရာပိုလိုသည်ဟု


မခင်သစ် တွေးပါသည်။ သည်တစ်မြုံတစ်မနှင့် ဆွေမျိုးသားချင်းထံမှီခိုဖို့ အိပ်မက်မျှပင် မမက်ချင်။

typing & pdf - lucky82 32


mmcybermedia. com

ပြီးတော့ မိမိမှာလည်း အရင်းအချာ မောင်နှမသားချင်း မရှိ။ မိမိလည်း တစ်ဦးတည်းသော


သမီးဖြစ်သည်။ စားစရာမရှိတာ လူမသိပါဘူးလေဟု မခင်သစ် အားတင်းလိုက်သည်။
နေစရာလေးရှိလျှင် အိုးပိုင်အိမ်ပိုင်လေးနှင့် နေရလျှင် မိမိကျေနပ်ပါသည်။ အစိုးရပေးသော
အိမ်ခန်းက ကိုဘသိန်း ပင်စင်မယူခင်ထိသာ နေခွင့်ရကြသည်။ ပင်စင်ယူလျှင် အိမ်ပိုင်နှင့်
နေနိုင်လျှင်နေ။ မနေနိုင်လျှင် အိမ်ငှားနေရမည်။ မိမိ မိသားစုကို ဘယ်အိမ်ရှင်မှ
အိမ်ငှားချင်လိမ့်မည် မထင်။

ကိုဘသိန်းမှာ ညီအစ်ကိုမောင်နှမများ ရှိပါသည်။ တစ်ချို့လည်း တောင့်တင်းပါသည်။ သို့သော်


မိမိကိုလည်းကောင်း၊ မိမိသားသမီးကိုလည်းကောင်း ဧည့်သည်နေ ဧည့်သည်စားသာ
သဒ္ဓါပါလိမ့်မည်။ ကြည်ဖြူပါလိမ့်မည်။ လုံးဝဥဿုံမှီခိုဖို့ဆိုလျှင် မည်သူမျှ တာဝန်ယူမည်မဟုတ်ပါ။
တရားပါသည်။ မခင်သစ်သိပါသည်။ နားလည်ပါသည်။ သို့ကြောင့်လည်း မိမိဝန် မိမိအားနှင့်
မျှအောင်ရှိသမျှ ကြုံးရုန်းပြီး သည်အိမ်လေးတော့ ဆောက်ဖြစ်အောင် ဆောက်ဖို့
သံန္နိဋ္ဌာန်ချထားခြင်းဖြစ်သည်။

တိုင်ထူပြီး အကာကာပြီ။ နေ့လည်ပိုင်း ကလေးတွေသိပ်ပြီး အိမ်ဆောက်သောနေရာကို


စက်ဘီးတစ်စင်းနှင့် မခင်သစ် ရောက်လာတတ်သည်။

"သိပ်လည်း အပင်ပန်းမခံပါနဲ့ ဒေါ်ခင်သစ်ရယ်။ စိတ်ချပါ။ ကျုပ်စေတနာထားပြီး လုပ်ပေးမှာပါ..."


ဟု ကိုရာကျော်ပြောမိသည်။

"သိပါတယ် ကိုရာကျော်ရယ်. .. ကျွန်တော်က အချိန်ရတာနဲ့ ပြေးလာကြည့်တာပါ။


ကျွန်တော့်အိမ်လေးကို ကျွန်တော်ကြည့်ရင်း ဝမ်းသာလွန်းလို့ပါ"

မခင်သစ် မျက်ရည်ဝြဲ ပန်သည်။ သားသမီးတွေအတွက် စားရေးသောက်ရေး၊ နေရေးထိုင်ရေးကို


တွေးမိတိုင်း မိမိသောကဝင်ရသည်။ အမေတစ်ယောက်၏ သောကကို ဘယ်သူသိနိုင်မှာလဲဟု
မခင်သစ် အံကြိတ်မိပါသည်။ ကိုဘသိန်းတောင် သိမည်မထင်။ သူသည် ဖခင်တစ်ယောက်မို့
ဖခင်တစ်ယောက်၏ ပူပန်မှုမျိုးသာ ရှိပါမည်။ မိခင်တစ်ယောက်လိုတော့ အသေးစိတ် ပူပူပင်ပင်
ကြောင့်ကြောင့်ကြကြ ရှိလိမ့်မည်မဟုတ်ပါ။

နေစရာမရှိလို့ ဆွေမျိုးသားချင်းအိမ်တစ်အိမ်ကို မှီခိုဖို့သွားရလျှင်. ..

"ဟဲ့. .. ဒီတစ်ပြုံကြီး ဘယ်လိုနေလို့ရမှာလဲ"

typing & pdf - lucky82 33


mmcybermedia. com

ဟု အပြောခံရမှာ တွေးမိတိုင်း မခင်သစ် ပူပါသည်။ ရှက်ရွံ့ပါသည်။ မျက်နှာငယ်ရမှာ


ကြောက်လှပါသည်။ မာနမထားနိုင်သောဘဝမှာ မျက်နှာအောက်ချပြီး မိမိရော သားသမီးများပါ
အားငယ်ဝမ်းနည်းရင်း အားတင်းရမှာကို တွေးမိတိုင်း မျက်ရည်ကျမိသည်။ ယခုတော့ သည်အပူမီး
ငြိမ်းသွားပြီ။ တစ်ချိန်ချိန် ဘယ်ဆွေမျိုးဆီမှ မျက်နှာအောက်ချရင်း မှီခိုတွယ်တာစရာ မလိုသော
ဘဝကိုတော့ မိမိပိုင်ဆိုင်ပါပြီ။ ဆားနဲ့ပဲ စားရစေ။ မိမိသားသမီးများကို ကိုယ့်အိမ်တွင်းမှာ လူမသိ
သူမသိ ချေတ
ွာခြိုးခြံနိုင်ပါသည်။

စက်ဘီးလေးစီးရင်း တဲလေးထဲထိုင်ရင်း ထိုးထိုးထောင်ထောင် တိုင်ထူထားသော အိမ်ကို


ငေးကြည့်နေမိသည်။ တန်းတွေချုပ်လိုက်လျှင် ပုံစံပေါ်လာတော့မည်။

"အမိုးအတွက် ခင်ဗျားအိမ်ဆိုရင် ဝါးကပ်သုံးရာလောက် ကုန်မယ်"

ဟု ကိုရာကျော်ပြောသွားတာ သတိရသွားသည်။ သုံးနှစ်တစ်ကြိမ်တော့ ဝါးကပ်လဲရလိမ့်မယ်။


သွပ်မိုးချင်ပေမယ့် သွပ်ဖိုး မတတ်နိုင်။ စိတ်ကူးထဲမှာ သွပ်ပြောင်ပြောင်လေး မိုးကြည့်နေမိသည်။
သွပ်မိုးလျှင် တစ်သက်တော့ နေရောပေါ့ဟု တွေးပါသည်။ သို့သော် သူမ မတတ်နိုင်ပါ။ သိတာက
သိတာတခြား။ မရှိတာက မရှိတာဘဲ။ မခင်သစ်ပြုံးပါသည်။ အဖေနှင့်အမေ့ကို သတိရမိသည်။
မိမိလက်ဖဝါးလေးများကို ကြည့်လိုက်သည်။ ဘယ်လောက် ထင်းပေါက်ပေါက်၊ မြက်နှုတ်နှုတ်
အိုးတိုက်တိုက် မိမိလက်ဖဝါးများမှာ နူးညံ့နေမြဲဖြစ်သည်။

"ဘယ်တော့မှ မဆင်းရဲဘူး။ ခင်သစ်အသားအရေကိုကြည့်၊ နူးညံ့နေတာပဲ"

ဟု အမေပြောခဲ့တာ သတိရသည်။ ခုတော့ မိမိဆင်းရဲနေပါသည်။ အမေသိလျှင်


စိတ်အဆင်းရဲကြီးစွာ ဖြစ်ရှာပါလိမ့်မည်။ အဖေနှင့်အမေ မသိနိုင်တာကိုပဲ မခင်သစ်
ဝမ်းသာလှပါသည်။ မိမိဆင်းရဲပင်ပန်းနေမှန်း မသိနိုင်ရအောင် အဖေနှင့်အမေ
အစောကြီးကတည်းက သေသွားရှာပါပြီ။ အဖေနှင့်အမေသည် တစ်ဦးတည်းသော သမီးအတွက်
တစ်သက်တာ ပြည့်စုံအောင် ရှာဖွေစုဆောင်း အမွေတွေပုံပေးရစ်ခဲ့ကြသည်။ မခင်သစ်
ကံဇာတာသည် မိဘလက်ထက်မှာ အလွန်အားကောင်းခဲ့သည်။

"သိပ်မကြာဘူး ဒေါ်ခင်သစ် နောက်ဆယ်ရက်ဆို ခင်ဗျားအိမ်ပြီးပြီ"

အနားရောက်လာသော ကိုရာကျော်စကားသံကြောင့် မခင်သစ် အတွေးပြတ်သွားသည်။


ခါးကြားမှာ ထိုးထားသော တူကို လက်မှာပြောင်းကိုင်ရင်း သစ်ပုံထဲမှ သစ်ချောင်းများရွေးနေသည်။

"သစ်မာမို့ တစ်သက်တော့ နေရောပေါ့ဗျာ။ ရေနံလေးသာ သုတ်သုတ်ပေးတော့..."

"ဟုတ်ကဲ့ ကိုရာကျော်။ ရေနံတော့ သုတ်ပေးရမှာပဲ"

typing & pdf - lucky82 34


mmcybermedia. com

"ရေနံရေဝတော့ ပိုးလည်း ပူစရာမလိုတော့ဘူး"

လက်သမားဆရာတစ်ယောက်၏ အတွေ့အကြုံ။ ရေနံရေဝနေသော အိမ်မည်းမည်းသည်


အမြင်မလှသော်လည်း ပိုးထိုးမှာ ခြတက်မှာ မပူရတော့။ ရေနံကြောင့် ပိုပြီးခိုင်ခန့်သည်။
ကြာရှည်ခံသည်။ မိမိပိုင်သော အိမ်တစ်အိမ်၊ ကြာရှည်တည်တံ့ခိုင်မြဲဖို့ အိမ်ရှင်မှာ တာဝန်ရှိသည်။
ကောင်းသည်ထက်ကောင်းအောင် ပြုပြင်ထိန်းသိမ်း တာဝန်ယူအလေးထားရမည့်သူမှာ
အိမ်ရှင်တာဝန် ဖြစ်လေသည်။

"ဟဲ့. .. မခင်သစ်ရေ အိမ်သာအတွက် လူခေါ်လာပြီ"

ကိုဖိုးခနှင့် ပါလာသော မည်းမည်းပိန်ပိန်လူတစ်ယောက်ကို မခင်သစ် ကြည့်လိုက်သည်။


သည်ရပ်ကက
ွ်က ဇလားအိမ်သာသုံးသော ရပ်ကွက်ဖြစ်သည်။ ကိုဖိုးခခေါ်လာသောသူသည်
ဇလားပုံး သန့်စင်သောသူဖြစ်သည်။

"နောက် ၁၄-၁၅ ရက်ဆို အိမ်ပြီးရင် ကျွန်တော်တို့နေတော့မှာ။ အဲဒီခါကျ အိမ်သာသုံးရင် နေ့စဉ်


ဇလားသွန်ဖို့ ခုထက
ဲ စာရင်းပေးထားချင်လို့ဗျာ"

မခင်သစ် ပြောလိုက်ပါသည်။

"ရပါတယ်... ခင်ဗျားတို့နေပြီဆိုရင် ကိုဖိုးခကနေ တစ်ဆင့်ပြောလိုက်ပေါ့။ ကျွန်တော်


တာဝန်ယူပါတယ်"

ဆေးလိပ်တိုကို ပါးစောင် ဘယ်ညာလျှာထိုးပြောင်းရင်း ပြောသည်။ အသံက မပီဝိုးတဝါး။

သူများတွေတော့ တစ်အိမ်တစ်လ သုံးကျပ်ပေးကြရတယ် ဟုဆက်ပြောသည်။ မြူနီစပါယ်ခန့်


လုပ်သားမှန်သော်လည်း အိမ်ရှင်များမှ သီးသန့်လုပ်အားခအဖြစ် သဒ္ဓါကြေးပေးကြသည်။
အညစ်အကြေးကိုင်ရသည်။ သန့်စင်ပေးရသည်။

"သူများပေးသလို ပေးမှာ။ စိတ်ချပါ။ မှန်မှန်သာလာလုပ်ပါနော်"

မနေသေးခင်ကတည်းက မခင်သစ်ကြိုတင်မှာထားသည်။ စာရင်းပေးထားသည်။ မလုပ်လို့မရသော


အလုပ်များဖြစ်သည်။ မိမိကိုယ်တိုင်လည်း လုပ်လို့မရ။ သူတစ်ပါးအားကိုးရသောကြောင့်
လုပ်ချင်အောင် စေတနာထားလာအောင် ပြုမူပြောဆိုဆက်ဆံရပါသည်။ ဆက်သွယ်ပေးသော
ကိုဖိုးခနှင့် အလုပ်သမားကို လက်ဘက်ရည်ဖိုး နှစ်ဆယ့်ငါးပြားစီ ပေးလိုက်သည်။

ကြမ်းခင်းပြီးပြီ။ အိမ်ရှေ့ပိုင်းကာပြီးပြီ။ အိမ်မိုးဝါးကပ်များ မှာထားသည်မှာ ရခါနီးပြီ။


ကိုဘသိန်းလည်း ပြောင်းမိန့်ထက
ွ်လာသည်။ ရွှေညောင်ကို ပြောင်းရမည်။

typing & pdf - lucky82 35


mmcybermedia. com

"ကျွန်တော်အိမ်ဆောက်တာ မှန်တာပေါ့လေ"

ပြောင်းမိန့်ထက
ွ်လာကြောင်း ကိုဘသိန်းပြောတော့ မခင်သစ်ပြောလိုက်သည်။ သနပ်ခါးမှုံမှုံ
လူးထားသော မခင်သစ်မျက်နှာလေးမှာ ညက်နေသည်။

"တကယ်မလိုက်တော့ဘူးလား"

ပက်လက်ကုလားထိုင်ပေါ် ထိုင်နေသော ကိုဘသိန်းကိုကြည့်ကာ မခင်သစ် ခေါင်းခါသည်။


ရုံးစောစော ဆင်းလာသောကြောင့် အိမ်မှာလူရှင်းနေသည်။ နို့စို့နှင့် နို့ညှာက အိပ်နေကြသည်။

"မလိုက်တော့ဘူးလေ။ ဒါကြောင့် အိမ်ဆောက်နေတာပေါ့"

"ဝေးတော့ ခဏခဏပြန်လာနိုင်မှာမဟုတ်ဘူး မခင်သစ်"

မခင်သစ် ဘာမှမပြောပါ။ ပြန်မလာနိုင်တော့လည်း သားတွေနှင့် ဖြစ်အောင်နေရမည်။ ဝင်ငွေပဲ


မိမိတို့မှာ ဘာဝင်ငွေမှမရှိ။

"တစ်လတစ်ခါ လစာတော့ လွှဲပေးပေါ့ဗျာ"

ကိုဘသိန်းက ရုံးအုပ်စာရေးကြီးလစာ ဘားဆုံးနေပြီ။ သုံးရာ့ငါးဆယ်ကျပ်။

"အင်း... ကိုယ်သုံးဖို့ ငါးဆယ်ကျပ်လောက်ချန်ပြီး တစ်လကို သုံးရာလောက်တော့ ပို့နိုင်အောင်


ပို့ပါမယ်"

အိမ်တစ်လုံး သုံးရာကျပ်နှင့် မိသားစုဆယ်ယောက်။

"အဖေပြောင်းတာမလိုက်ရင် ကလေးတွေ စိတ်မကောင်းဖြစ်ဦးမယ်"

ကိုဘသိန်း ပြောမိသည်။

"နားလည်အောင် ရှင်းပြရမှာပေါ့ဗျာ။ တစ်တွဲတွဲ ပြောင်းနေဖို့ မိသားစု မနည်းဘူး။ ဒီတော့


သူတို့ပညာရေးကရှိသေးတယ်။ နေရာအတည်တကျ နေရမှ ပညာသင်ရတာ တည်ငြိမ်တယ်"

"အေးလေ မင်းသဘောပါ မခင်သစ်ရာ"

ကလေးတွေ တစ်ပြုံနှင့် တစ်မြို့တစ်ရွာမှာ နေရစ်မှာ စိတ်ချလှသည်တော့ မဟုတ်။ အင်းလေ


သားတွေလည်း ကြီးလာကြပြီပဟ
ဲု ကိုဘသိန်း စိတ်မချစိတ်ကို ဖြေလိုက်ရသည်။

typing & pdf - lucky82 36


mmcybermedia. com

ကလေးတွေ ကျောင်းဆင်းလာတော့ ထုံးစံအတိုင်း ဆူညံနေသည်။ ကိုဘသိန်း ပြောင်းမိန့်


ထွက်မှန်းသိတော့ တစ်ယောက်တစ်ပေါက် မေးကြပြောကြပြန်သည်။ အားလုံးက ဒီတစ်ခါ
အဖေပြောင်းလျှင် မလိုက်တော့မှန်း သိထားပြီးဖြစ်သည်။

"အဖေ... အမေမပါလာတော့ ဟိုမှာ နောက်မိန်းမ မယူနဲ့နော်"

ကိုဆောင်သည် ကိုဘသိန်းမျက်နှာကို စေ့စေ့ကြည့်ရင်း မှာလေသည်။

"ဟ... ကောင်. .. မင်း..."

ဆေးလိပ်မီးပွားကိုခါရင်း ကိုဘသိန်း အလန့်တကြားဖြစ်ရသည်။ လက်လှုပ်သွားသော


ဆေးပေါ့လိပ်က ပုဆိုးကြား မီးပွားကျသည်။ ပေါင်တောင်ပူသွားသည်။ တစ်ထည်တော့ သွားပြန်ပြီ။

"မင်း... ဘယ်သူသင်ပေးတာတုန်း။ မင်းအမေသင်ပေးတာလား"

ကိုဆောင်လက်ကို လှမ်းဆွဲရင်း ကိုဘသိန်းမေးလိုက်သည်။ ကိုဦးနှင့် ကိုလတ်တို့ လန့်နေသည်။


အဖေစိတ်ဆိုးပြီး ကိုဆောင်ကို ရိုက်လေမလားဟု စိုးရိမ်နေသည်။ ကိုဆောင့် မျက်လုံးလေး
ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။

"ကျွန်တော်က ဘာကြောင့်သင်ပေးရမှာလဲ။ ငါ့သား မင်းအဖေ့ကို စိုးရိမ်နေတာလား" ဟု


ကိုဆောင့်ကို မေးလိုက်သည်။

"ဟုတ်တယ် အမေရ ဟိုနေ့က ခြံကိုသွားရင်း အဒေါ်ခါဥမေးတာလေ။ မင်းတို့အဖေပြောင်းရင်


လိုက်မသွားဘူးဆိုတ့၊ဲ မင်းတို့အဖေက ရုံးအုပ်ကြီး လူချောတဲ့။ တော်ကြာ နောက်မိန်းမ
ရနေမယ်တ့။ဲ အဲ့လိုပြောတာ"

"ဟုတ်လား... အဖေယူမလို့လား"

ဘုမသိ ဘမသိ ကိုခိုင်ဝင်မေးသည်။ ကိုဘသိန်းမျက်နှာကို စူးစူးစိုက်စိုက်ကြည့်နေသည်။

"မယူပါဘူးကွာ။ မင်းတို့နေရစ်တာလည်း ပညာသင်မပျက်ရအောင် နေရစ်တာပဲ။


အဝေးပြောင်းသွားရတာနဲ့ပဲ အဖေက နောက်မိန်းမတစ်ယောက် ယူရတော့မှာလားကွ. .."

ပြုံးရယ်ရင်း ကိုဘသိန်းပြောသည်။ မခင်သစ်က ကိုဘသိန်းမျက်နှာကို စူးစမ်းကြည့်နေသည်။


တစ်ခါမှ သူမ မစဉ်းစားခဲ့သော အကြောင်းအရာအသစ်။

"ကလေးတွေ တစ်ပြုံကြီးနဲ့ လူတစ်ယောက်ကို ဘယ်မိန်းမမှ မယူပါဘူးကွာ ပူမနေနဲ့. .."

ကိုဦးနှင့် ကိုလတ် အဖေ့ကိုကြည့်သည်။ အဖေ့ပြောပုံက ကလေးတွေ တစ်ပြုံနှင့်


ယူမည့်မိန်းမတွေ့လျှင် ယူမည်ဟု ပြောသလိုဖြစ်နေသည်။

typing & pdf - lucky82 37


mmcybermedia. com

"ကလေးတွေ တစ်ပြုံကြီးနဲ့ ယူမယ့်မိန်းမတွေ့ရင် အဖေက ယူမလို့လားဟင်"

သူတို့မေးချင်သော်လည်း မမေးရဲသော မေးခွန်းကို ကိုအောင်မေးလေသည်။ ကိုအောင်ကို


ကြည့်ရင်း အဖေ့မျက်နှာတည်သွားသည်။ ရှစ်ခါမွေး၍ ကလေးကိုးယောက်တိတိ မိမိမှာ ရှိသည်။

"ပူစရာမရှိ မပူစမ်းပါနဲ့ ကိုအောင်ရာ၊ မင်းတို့အဖေ မတွေ့ပါဘူးကွ"

ကိုအောင့်အမေးကို သည်မျှနှင့် အဆုံးသတ်ပေးလိုက်သည်။ ရွှေညောင်. ..။ ရွှေညောင်မှ ၇


မိုင်အကွာမှာ တောင်ကြီးမြို့ရှိသည်။ တောင်ကြီးမှာ အစ်ကိုဝမ်းကွဲမိသားစုရှိသည်။

ထိုင်ရာမှထ၍ မီးဖိုချောင်ထဲ မခင်သစ်ဝင်လာသည်။ ညနေစာအတွက် ချက်ပြီးသော်လည်း


မီးဖိုချောင်ထမ
ှဲာ ခေတ္တထိုင်နေမိသည်။ ကလေးတွေ ကိုယ်စီကိုယ်စီ ပြောသံများကို
စဉ်းစားနေသည်။

"ကဲ. .. ငါ့သားတွေ ရေချိုးကြတော့ကွာ။ အချိန်မရှိတော့ဘူးနော်"

ဟု လှေကားထက်မှ လှမ်းအော်လိုက်ရသည်။

"ခင်ဗျား ယီးတီးယားတားတော့ မလုပ်နဲ့နော် ကိုဘသိန်း။ ကျွန်တော့်မှာ ကလေးတွေ တစ်ပြုံနဲ့


တစ်ရပ်တစ်ရွာ မှာ ခင်ဗျားက တော်သလိုနေနေရင် ကျွန်တော်တို့ ဒုက္ခရောက်မှာသိလား"

ကိုဘသိန်းမျက်နှာကို စူးစမ်းကြည့်ရင်း မခင်သစ်ပြောလိုက်သည်။ ပြောသော်လည်း


ခပ်တိုးတိုးမျှသာ၊ ရေချိုးပြီး သကောင့်သားတွေ အိမ်ရှေ့ဆင်းပြီး ဘောလုံးကန်နေကြသည်။

ရေချိုးပြီးစ လန်းဆန်းနေသော ကိုဘသိန်းက ပြုံးလျှက်. ..

"ကိုဆောင် စပေးလိုက်တာနဲ့ မင်းလည်း ရောဂါသစ်ရသွားပြီလား မင်းယောက်ျား ဒီလောက်


မစွံပါဘူး မခင်သစ်ရယ်၊ ပူစရာမရှိ မပူပါနဲ့"

"ပူရသော်ကောဗျာ။ ကလေးတစ်ယောက် နှစ်ယောက်ဆို ဘာအရေးလဲ၊ အဲ. .. ကိုယ်ဖာသာကိုယ်


လုပ်ကိုင်စားနိုင်ရင်လည်း မပူပါဘူး။ ကျွန်တော့်မှာ..."

မခင်သစ်လေသံက တိမ်သွားသည်။ ငိုချင်စိတ်ကို အံကြိတ်ထားရသည်။

"ဘာမှမဟုတ်ဘဲ အလကား စိတ်မချမ်းသာအောင်ကွာ။ ကိုယ့်သားသမီးတွေနဲ့ ဒါတွေကိုပစ်ပယ်ပြီး


မဟုတ်တာလုပ်ပါ့မလား မခင်သစ်ရယ်။ မင်းပဲ စဉ်းစားကြည့်ပါဦး"

typing & pdf - lucky82 38


mmcybermedia. com

မခင်သစ် ခေါင်းငုံ့နေသည်။ အိမ်ထောင်သက် ၁၇-၁၈ နှစ်သည် စွဲစွဲမြဲမြဲ အခြေခိုင်နေပြီဟုတော့


ထင်ရပါသည်။ ၁၈ နှစ်သမီးက အိမ်ထောင်ကျခဲ့သောကြောင့် မိမိအသက် ၃၆ နှစ်။ ကိုဘသိန်းက
မိမိထက် ၂ နှစ်ကြီးပြီး ၃၈ နှစ်။ ၃၈ နှစ်ဆိုသော ယောက်ျားတစ်ယောက်၏ အသက်သည် ကြီးပြီဟု
မဆိုနိုင်။ သားသမီး ၉ ယောက်ရှိသည်မှန်သော်လည်း နောက်ပါးက တန်းလန်းပါနေသည်မဟုတ်။
မိမိမှာသာ သားသမီးမွေးရသော ပြုစုရသော ဒဏ်တွေနှင့် မကြော်ငြာဘဲ သိရသော မိန်းမဘဝ
ဖြစ်သည်။ သူတို့ကပြောမှ ကြော်ငြာမှ သိနိုင်သော မင်းယောက်ျား။ ဖောက်ပြန်ချင်လျှင်
ကြော်ငြာနေလိမ့်မည်မထင်။ နှစ်ယောက်အတူတူ မွေးထားရသော်လည်း သူတို့က အခွင့်အရေး
ပိုရနေပေသည်။

"အေးလေ စောင့်ကြည့်ကြသေးတာပေါ့ဗျာ။ ကျွန်တော်တို့ မိန်းမတွေက ကျားသနားမှ


နွားချမ်းသာရမယ့် ဘဝကိုး"

ညည်းညည်းညူညူနှင့် မခင်သစ်ပြောလိုက်သည်။

တစ်နေ့ကပဲ ရွာထောင် လူကြုံနှင့် သီးစားခငွေသုံးရာပို့ပေးသည်။ သို့ကြောင့် မခင်သစ်


စိတ်ချမ်းသာသွားသည်။ အိမ်လည်း မိုးနေပြီ။ ဘေးပျဉ်ကာပြီးပြီ။ အိမ်ပါတ်လည်ကာသည်ထိတော့
လောက်သွားပြီ။ အခန်းဖွ့လ
ဲိုသေးသည်။

"အခန်းဖွ့က
ဲို ပျဉ်မလောက်ရင် ဝါးထရံကာမယ် ကိုရာကျော်ရယ် ဖြစ်လား"

ကိုရာကျော် စဉ်းစားနေသည်။ အိမ်ရှင်၏ ငွေအင်အားအတိုင်း မိမိတို့ ဆောက်ပေးရသည်။


အခန်းဖွ့က
ဲို ဝါးထရံကာလျှင် တံခါးကျတော့ ပြဿနာ။ သိပ်ပြီးလှလှပပ ခိုင်ခိုင်ခံ့ခံ့ ဖြစ်ဖို့မလွယ်။
ဝါးဇလီသတ်တံများမို့ ခိုင်လည်း မခိုင်ချင်။

"ဒါဆို တံခါးတွေ တပ်မယ့် နေရာပတ်လည်မှာ ပျဉ်ကလေးငါးချောင်းစီလောက် ရိုက်ရင်ရော


ကိုရာကျော်"

တံခါးပေါက်ပတ်လည် တစ်ဖက်တစ်ချက်နှင့် အပေါ်ပိုင်းတွင် ပျဉ်ရိုက်ပြီး ကျည်းဘောင်ခွေ


သစ်သားတံခါးတပ်။ ဒါလည်းဖြစ်နိုင်သည်ဟု ကိုရာကျော် တွေးလိုက်သည်။ လုပ်တော့
မလုပ်ဖူးသေး။ အခန်းဖွ့အ
ဲားလုံးကို တံခါးပေါက်ပတ်ချာလည် ပျဉ် ၄-၅ ချောင်းစီနှင့်ကာပြီး
ကျန်အပိုင်းကို ဝါးထရံဇလီသတ်ပြီး ကာပေးလိုက်သည်။ တောင့်တင်းသော တံခါးဘောင်နှင့်
တံခါးရွက်နှင့် ထရံကာပြီးဖြစ်သွားသည်။

"ဒီနည်းလမ်းမဆိုးဘူး။ နောင်ပျဉ်ဖိုးတတ်နိုင်တော့မှ ထပ်ကာလိုက်ပေါ့"

typing & pdf - lucky82 39


mmcybermedia. com

ဟု ကိုရာကျော်အကြံပေးသည်။ ပျဉ်ထပ်မဝယ်နိုင်တော့သောကြောင့် အတွင်းမှာ


ဝါးထရံကာလိုက်ရသည်။ အိမ်လေးတစ်လုံးတော့ သပ်သပ်ရပ်ရပ် ပြီးသွားသည်။

"မိုးမကျခင် ရေနံချေးသုတ်ဖြစ်အောင် သုတ်နော် ဒေါ်ခင်သစ်"

လက်သမားခ အကြေရှင်းသောနေ့၊ အိမ်အပ်သောနေ့မှာ ကိုရာကျော် ပြောလိုက်သည်။

"ဟုတ်ကဲ့ ကိုရာကျော်၊ ကျွန်တော်လုပ်မှာပါ စိတ်ချပါ... အိမ်ရော ဘုရားစင်ရော သပ်သပ်ရပ်ရပ်


လုပ်ပေးခဲ့တ့အ
ဲ တွက် ကျေးဇူးတင်ပါတယ်ဗျာ။ ခင်ဗျားအတွက် သီးသန့်ဆယ့်ငါးကျပ် ပိုယူပါ"

ကိုရာကျော် ကျေနပ်သွားသည်။

"နောင်လဲ လိုရင်ခေါ်ဗျာနော်" ဟု လောကွတ်ပြုမိသည်။

သားတွေအခန်းမှာ ခုတင်အစား ကွပ်ပစ်အရှည်ကြီး ရိုက်ထားသည်။ အားလုံးတစ်စုတစ်ဝေးတည်း


တန်းစီအိပ်ကြရမည်။ မိမိတို့အခန်းမှာတော့ ကွပ်ပစ်ရှည်တစ်လုံး တစ်ယောက်အိပ် ကွပ်ပစ်တစ်လုံး
ရိုက်ထားသည်။

ဧည့်ခန်းမှာ ဆက်တီဟောင်းလေးတွေ ချထားသည်။ ကြောင်အိမ်ဟောင်းလေးတစ်လုံးနှင့်


ထင်းရှူးသေတ္တာ နှစ်လုံးကို အခန်းကျဉ်းလေးထဲမှာ ထားလိုက်သည်။ သည်အခန်းက
အခန်းခွမ
ဲ ထား။ သည်အခန်းမှဆင်းလျှင် နောက်ဖေးလှေကား မီးဖိုချောင်ထဲ ရောက်နိုင်သည်။
အုတ်ခဲကြမ်းခင်းထားသော မီးဖိုချောင်ကကျယ်သည်။ ဝါးထရံကာထားသည်။ ထမင်းဟင်းချက်။
ထမင်းစားရန် အဆင်ပြေသည်။ မီးဖိုချောင်မှထွက်လျှင် ရေတွင်း။ နောက်ဖေးဘက်ပတ်သွားလျှင်
အိမ်သာ။ အိမ်သာကို မခင်သစ်မကြိုက်။ ဇလားအိမ်သာ။ ပျို့ချင်အံချင်ဖို့ ကောင်းလှသည်။
အားလုံးသည်လိုပဲနေတော့ မိမိလည်း သည်လိုပဲ နေရမည်။ မကြိုက်တာတော့ အမှန်။

ဘုန်းကြီးသုံးပါးပင့်ပြီး အိမ်တက်ပရိတ်တရားနာသည်။ ရပ်ကွက်လူကြီး၊ မခါဥတို့မိသားစုနှင့်


လက်သမားအဖွ့ဖ
ဲိတ်ပြီး ထမင်းကျွေးလိုက်သည်။ ဘုရားဆောင်ကို ဆီမီးထိန်ထိန်ထန
ွ်းရင်း
ဘုရားပန်းတဝေဝေနှင့် တွေ့ရတော့ မခင်သစ်ကြည်နူးရသည်။ ဘုရားတရားကျေးဇူးနှင့်
မိမိတို့မိသားစု ကိုယ်ပိုင်အိမ်လေးနှင့် နေရပြီ။

typing & pdf - lucky82 40


mmcybermedia. com

မခင်သစ် အိမ်ပြောင်းမည်ဆိုတော့ လိုင်းခန်းကလူတွေ အံ့သြကြသည်။ အိမ်တစ်လုံး


ဆောက်နိုင်လိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် ဖြစ်သည်။ ဒီလောက်ကလေးတွေ
တပြုံတစ်မနှင့် အိမ်ဆောက်နိုင်ခြင်းကို အံ့သြနေကြသည်။ မလိုသူက မေးငေါ့ချင်သည်။

"မခင်သစ်တို့များ ပဲချက်စားပြီး ဘယ်လိုအိမ်ဆောက်နိုင်ပါလိမ့်"

"ကြည့်တော့လည်း ဘာမှရှိတာမဟုတ်ပါဘူး အေ..."

ဟု ဝေဖန်သူရှိသလို. ..

"ချွေတာစားပြီး စုဆောင်းနိုင်အောင် လိမ္မာလို့ပေါ့ဟဲ့. .."

ဟု ချီးကျူးသူလည်း ရှိလေသည်။

"အေး မခင်သစ်ကို အတုခိုး၊ ကလေးတွေများသလောက် ခုဆို အိုးပိုင်အိမ်ပိုင်လေးနဲ့


ဘယ်လောက်ဟန်ကျသလဲ။ မပူရတော့ဘူး။ မိန်းမလိမ္မာတော့ ကိုဘသိန်းဆို ပြုံးနေတာပဲ"

"သူ့လို ပြုံးချင်ရင် သူ့လိုရှာပေါ့"

"ဟ... စီးတဲ့ရေ ဆည်တ့က


ဲ န်သင်းတဲ့ မှတ်ထား။ ဘယ်လောက်ရှာရှာ မိန်းမက စေ့စပ်သေချာပြီး
စုဆောင်းနိုင်မှဖြစ်တာ"

"ဟုတ်ပါ့တော် စီးတဲ့ရေကြီးက အင်န့အ


ဲားနဲ့ စီးပွားရှာတာကိုး။ ကျုပ်က ဘယ်လိုဖန်ဆင်းရမှာတုန်း"

ဟု စကားများကြသော လင်မယားလည်း ရှိလာလေသည်။

"သူ့လို ကလေးတွေ တစ်ပြုံကြီး အားတိုင်းမွေးပြီး ပဲနဲ့ချဉ်ပေါင်ဟင်း လုပ်စားရတဲ့ ဘဝမျိုးတော့


အားမကျပေါင်" ဟု မေးငေါ့သူလည်း ရှိသည်။

ဘယ်သူတွေ ဘယ်လိုဝေဖန် ဘယ်လိုပြောကြစေ မခင်သစ်တို့ မိသားစု အိမ်တစ်လုံး


ပိုင်သွားတာတော့ မငြင်းနိုင်ကြဘူး။ လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ အားကျစိတ်တော့
တိတ်တခိုးဝင်လာရပေသည်။

"အမေ... ကျွန်တော်တို့ အိမ်ပိုင်သွားတာကို ပြောကြတယ်နော်"

ကိုလတ်ပြောသည်။

"ဘယ်လိုပြောကြလဲ ငါ့သားရဲ့ ဘာဖြစ်လို့လဲ"

"အော်. .. ဘယ်ကငွေန့ေ
ဲ ဆာက်ကြတာလဲ၊ စကတည်းကရှိကြတာလားနဲ့ မေးကြတယ်အမေ"

typing & pdf - lucky82 41


mmcybermedia. com

မခင်သစ်ပြုံးမိသည်။

"ငါ့သား ဘယ်လိုဖြေလိုက်တုန်း"

"အမေကတော့ ချွေတာသုံးတာတွေ့တာပဲ။ အမေ့မှာရှိတဲ့ ရွှေလည်း ရောင်းရတယ်လို့


ဖြေလိုက်တယ်အမေ"

မိမိအဖြေမှန်မှမှန်ပါ့မလားဟု အမေ့ကိုကြည့်ရင်း ကိုလတ်စောင့်နေသည်။ ပါးလျသော


နှုတ်ခမ်းများကို ပြုံးရယ်ရင်း...

"ငါ့သားပြောတာ မှန်တယ်။ အမေတို့ ချွေတာစားကြရတယ်။ ပြီးတော့ အမေ့ရွှေလေးတွေလည်း


ရောင်းလိုက်ရတယ်"

ဟု သက်ပြင်းချရင်း ပြောလိုက်သည်။ သည်အိမ်လေးတစ်လုံး ပိုင်ဆိုင်ဖို့ ဘယ်လောက်


စိတ်ပင်ပန်းခဲ့ရ၊ ရင်မောခဲ့ရသည်ကို မည်သူမျှ မသိနိုင်။

မိမိတို့ပစ္စည်းတွေသယ်ကြတော့ လိုင်းခန်းအတူနေကြသူများ ဝိုင်းနှုတ်ဆက်ကြသည်။

"အိမ်ပိုင်ယာပိုင်တွေဆိုတော့ မျက်နှာကိုမော့နေတာပေါ့နော်"

ဟု တစ်မျိုး...

"လာလည်မယ်နော်။ အိမ်လည်းလာကြည့်မယ်"

ဟု ပြောသူ. ..

"ဝမ်းသာတယ် စိတ်အေးသွားရတာပေါ့ မခင်သစ်ရယ်. .. အားကျလိုက်တာ" ဟု ဝမ်းသာသူလည်း


ရှိသည်။

မိသားစုအားလုံး အိမ်ပြောင်းပြီး နေသားမကျမီ ကိုဘသိန်း ပစ္စည်းထုပ်ပိုးရသည်။


အလုပ်ပြောင်းအတွက် ရွှေညောင်သို့သွားရမည်။ ကိုဦး၊ ကိုလတ် ဝိုင်းလုပ်ပေးနေသည်။
အိပ်ယာလိပ်တစ်လိပ် သေတ္တာတစ်လုံး။

"အဖေ... ထမင်းစားတော့ ဘယ်လိုစားမှာလဲဟင်"

"ထမင်းကို လပေးစားရမှာပေါ့ ကိုလတ်ရာ၊ ဒီလိုပဲ တစ်ချို့စားကြတာပဲ"

"အဖေ ဆင်းရဲမှာပေါ့"

typing & pdf - lucky82 42


mmcybermedia. com

"ရပါတယ် မင်းတို့အမေကမှ မလိုက်ချင်တာကိုးကွ အဟား... ဟား"

ကိုဘသိန်း သဘောကျစွာ ရယ်လိုက်သည်။ ကလေးတွေနှင့် မလိုက်တာမှန်ကြောင်း သူသိပါသည်။


မိမိလည်း လွတ်လတ
ွ်ကျွတ်ကျွတ် နေရတာပေါ့ဟူသော စိတ်ကလေးလည်း တစ်ထောင့်
တစ်နေရာမှ ဝင်လာသည်။ ကလေးတွေနှင့် သူမတစ်ယောက်တည်း။ သည်ဒေသသည် မခင်သစ်
ဇာတိမဟုတ်သလို မိမိဇာတိလည်း မဟုတ်။ ရေကြည်ရာ မြက်နုရာမှာ အခြေချမိကြခြင်းသာ
ဖြစ်ပါသည်။ ဆွေမျိုးညာတိရယ်လို့ တစ်ယောက်မှမရှိကြ။

"ခင်ရာဆွေမျိုးပေါ့ဗျာ။ ကိုယ်ကောင်းရင် သူလည်းကောင်းမှာပေါ့"

ဟု မခင်သစ်ယူဆသည်။ မိမိကမှ ဆွေမျိုးသားချင်း အားကိုးချင်သေးသည်။ မခင်သစ်က မည်သူ့မျှ


အားမကိုး။

"ကိုယ့်ရှိမှ ကိုယ်စားရတာ၊ ကိုယ့်ဖာသာ ကိုယ်ကြိုးစားကြ"

ဟု သားတွေကို ဆုံးမလေ့ရှိသည်။ သူမဘဝနာခဲ့တာကို ကိုဘသိန်း အသိဆုံးဖြစ်သည်။

"အေးကွာ... ကိုဦးနဲ့ကိုလတ်က အကြီးဆုံးပဲ။ အငယ်တွေလည်း စောင့်ရှောက်။ မင်းတို့အမေလည်း


ဝိုင်းကူကြနော်"

ကိုဘသိန်းမှာသည်။ အင်းလေ... မှာသာမှာသည်။ ကူကြမည်ဆိုတာ သိပါသည်။ သားတွေ


သိတတ်ကြသည်။ မိဘကိုလည်း ချစ်ကြောက်ရိုသေတတ်ကြသည်။

"အဖေဘယ်တော့သွားမှာလဲ. .."

အဝတ်သေတ္တာကိုကြည့်ရင်း ကိုခိုင်မေးသည်။ ကိုဆောင်၊ ကိုမောင် အမွှာနှစ်ယောက်က


လျှောကျသော ဘောင်းဘီကို မတင်ရင်း...

"ရုံးပိတ်ရက်ကျ အဖေပြန်လာမှာလား"

ဟု မေးကြပြန်သည်။

"အဖေ မနက်ဖြန်သွားမှာ ကိုခိုင်ရ၊ ရုံးပိတ်ရက် ပြန်မလာနိုင်ဘူး ကိုဆောင်ရဲ့။ အဝေးကြီးကွ"

ရွှေညောင်နှင့် မေမြို့(ပြင်ဦးလွင်) ဝေးမှဝေး။ ရုံးပိတ်ရက် ပြန်လာဖို့ မလွယ်မှန်း ကိုဆောင်တို့


မသိကြသေး။

"မန္တလေးထက် ဝေးသလားအဖေ"

ကိုမောင်က မန္တလေးရောက်ဖူးသည်။ သူ့ဘကြီး ကိုဘသိန်းအစ်ကို အိမ်လည်ဖူးသည်။

typing & pdf - lucky82 43


mmcybermedia. com

"ဝေးတာပေါ့ကွာ ။ မန္တလေးက တစ်နာရီခွဲနှစ်နာရီ ကားစီးရင်ရောက်တာပဲ။ အဖေဒီကနေ


မန္တလေးဆင်း ဘကြီးတို့ဆီ ခဏနားမယ်။ နောက်မိတ္ထီလာ သွားရမယ်။ မိတ္ထီလာမှာ
ဘကြီးလတ်တို့ဆီ တစ်ညဝင်အိပ်မယ်။ နောက်ရက်မှာ ရွှေညောင်ကို သွားမယ်"

ခရီးစဉ်ကို ကိုဘသိန်း ရှင်းပြသည်။ မိတ္ထီလာ အစ်ကိုလတ်အိမ်တစ်ညအိပ်မည်။

"ကျောင်းပိတ်ရက်ကျရင် ကျွန်တော်တို့ လာလည်ရမှာလား"

ကစားရာမှ ကမန်းကတန်း ရောက်လာသော ကိုအောင် မေးသည်။

"မင်းတစ်ကိုယ်လုံးလည်း ချေွး ချည်းကွာ။ အဆင်ပြေရင် အဖေစာရေးလိုက်မှာပေါ့"

ခွန်လေးကတော့ သူ့ဖိုးဝရုပ်လေးကို ရင်မှာပိုက်ရင်း ပြောသမျှ ငေးမော နားထောင်နေသည်။

"ကိုင်း အဖေ့ပစ္စည်းတွေ သိမ်းပြီးပါပြီကွာ။ မင်းတို့အမေ တစ်ယောက်ထဲ ဝိုင်းကူကြဦး"

ဧည့်ခန်းမှာ ထိုင်ရင်း ကိုဘသိန်း ဆေးလိပ်ဖွာနေသည်။ အရှေ့ဘက်မှာ ထုတ်ထားသောကြောင့်


ဘုရားစင်က နေရောင်နှင့် လင်းလက်နေသည်။ ကြိုးစားပမ်းစား တိုက်ထားသော
ဧည့်ခန်းကြမ်းပြင်က ဖယောင်းသားတက်စပြုပေပြီ။ ဧည့်ခန်းလေးက ကျယ်ကျယ်ဝန်းဝန်း
ရှိပါသည်။ ဟောင်းနွမ်းနေသော်လည်း ဆက်တီခုံလေးများက သပ်သပ်ရပ်ရပ်
နံရံမှာကပ်ထားသည်။ ဖိလစ်ရေဒီယိုဟောင်းလေးက စားပွဲသေးသေးပေါ်မှာ ငုတ်တုတ်လေး
ရှိနေသည်။ ဟောင်းသော်လည်း အသံကြည်သည်။ ဧည့်ခန်းကို ကြည့်ရုံနှင့် သူ့အိမ်မှာ ကလေး
ကိုးယောက်ရှိသည်ဟု မည်သူမျှ ထင်မည်မဟုတ်။ မခင်သစ်သည် အနားမနေတတ်သူ ဖြစ်သည်။
တလှုပ်လှုပ်တရွရန
ွှင့် အလုပ်လုပ်နေတတ်သည်။ ဒါကြောင့်လည်း ကလေး ကိုးယောက်နှင့်
ချက်ပြုတ်လျှော်ဖပ
ွ်၊ အိမ်သန့်ရှင်းရေးတွေ နိုင်နင်းခြင်းဖြစ်သည်။ တော်ရုံ မိန်းမလွယ်မည်မထင်။
သားတွေကြီးလာလို့ တစ်ဖက်တစ်လမ်း အကူအညီရလာသည်။ ငယ်စဉ်က မလွယ်။ နံနက် ၃း၀၀
နာရီသည် မခင်သစ် အိပ်ယာထချိန်ဖြစ်သည်။ မိမိကား အိပ်ကောင်းဆဲ။ ကလေးတွေလည်း
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဆဲ။ မခင်သစ် အလုပ်လုပ်နေပြီ။ စဉ်းစားရင်း ကိုဘသိန်း
သက်ပြင်းချသည်။ အိမ်ထောင်သက် ၁၈ နှစ်မှာ မခင်သစ် နားနားနေနေ မရှိခဲ့။ ကိုဘသိန်း
သိသည်။

ကိုဘသိန်း ခရီးထွက်မည့် နံနက်စောစော သားရှစ်ယောက်နှင့် သမီးတစ်ယောက် မခင်သစ်ပါ


ဧည့်ခန်းမှာ ထိုင်ကြရင်း ကန်တော့ကြသည်။

ဆုပေးတော့ ကိုဘသိန်းရင်မှာ ဆို့ဆို့နစ်နစ်။ ငွေတစ်ရာ့ငါးဆယ် မခင်သစ် ထုတ်ပေးသည်။

typing & pdf - lucky82 44


mmcybermedia. com

"မင်းမှာရော ရှိသေးရဲ့လား။ ဒီလောက်တော့ မလိုပါဘူးကွာ။ လစာထုတ်ရက်လည်း နီးပါပြီ"

ဟု ကိုဘသိန်း ပြောမိသည်။

"ယူသာသွားပါ။ သူများရပ်ရွာ မှာ လိုနေရင် အခက်ပဲ"

လကုန်ဖို့ ၁၀ ရက်လိုသေးသည်။ မခင်သစ်လက်ထဲမှာ သုံးရာလောက်ရှိသည်။


အိမ်ဆောက်ပြီးကတည်းက ဘာမှမရှိတော့။ အားတော့ငယ်သည်။ ဒါပေမယ့် မိမိအိမ်မှာ
မိမိနေရသည့် အသိစိတ်က အင်အားတစ်ခုကို ဖြစ်စေသည်။ ထို့ကြောင့် မခင်သစ်
မာန်တင်းထားနိုင်ပါသည်။

မန္တလေးဆင်းဖို့ ကားရောက်လာတော့ ပစ္စည်းတွေ ဝိုင်းတင်ကြသည်။

"အဖေရေ... တာ့တာ"

"အဖေရေ..."

"အဖေရေ..."

ဟူသော အသံပေါင်းစုံကို လည်ပြန်နားထောင်ရင်း၊ ကြည့်ရင်း လက်ပြရင်းနှင့် ကိုဘသိန်း


ကားပေါ်ပါသွားသည်။ အိပ်ခန်းထဲမှ အထွက် မခင်သစ် ပြောလိုက်သော စကားသံက
အားလုံးလွှမ်းရင်း ကိုဘသိန်း ကြားနေသည်။

"ကျွန်တော့်မှာ ၅ လ ရှိနေပြီနော်" တဲ့။

ကိုဘသိန်း စဉ်းစားသည်။ ကိုအေး ၄ နှစ်ပြည့်တော့မည်။ ကိုထွေး ၂ နှစ်မပြည့်သေး။ ကိုထွေးသည်


ပညတ်သွားရာ ဓာတ်သက်မပါတော့။ အားလုံးထဲမှာ အထွေးဆုံးမဟုတ်တော့။ မခင်သစ် ရာဇသံ
ပေးလိုက်သည်။ သူမဗိုက်ထမ
ှဲာ ၅ လ ရှိပြီတဲ့။ ဆယ်ယောက်မြောက် ကလေးသည် ဘာလေးများ
ဖြစ်မှာပါလိမ့်ဟု တွေးရင်း ရင်ဖိုသွားပြန်သည်။ အင်း... ဒီမိန်းမ တော်တော်မွေးနိုင်တယ်ဟု
တွေးမိပြန်တော့ အေးလေ သူတစ်ယောက်ထဲ မွေးနိုင်ရုံနှင့် မရသေးဟု တွေးရင်း
ပြုံးချင်သွားသည်။ ခါတိုင်း ၂ နှစ်တစ်ယောက်။ ဒီတစ်ခါ ကိုထွေး ၂ နှစ်ပြည့်ပြီးမှ မွေးတော့မည်။
နည်းနည်းခြားသွားတယ်ဟု ပြောလို့ရနိုင်သည်။ မိမိရွှေညောင်မှာ ရှိတုန်း မွေးလိမ့်မည်။
ချက်ချင်းကြီးတော့ ခွင့်တင်ပြီး ပြန်နိုင်မည်မထင်။

typing & pdf - lucky82 45


mmcybermedia. com

ကိုယ်ဝန်ရင့်လာတော့ မခင်သစ် နှေးကွေးလာသည်။ သားတွေကလည်း ကိုယ်ဝန်ပေါ်လာမှ


အမေ့မှာ ကလေးရှိမှန်း သိကြသည်။

"အမေ... ဒီတစ်ခါ ဘာလေးမွေးမှာလဲ ညီမလေးမွေးဗျာ" ဟု ကိုခိုင်အားပေးသည်။ မခင်သစ်


ပြုံးနေသည်။ သူမကလည်း သမီးပဲလိုချင်သည်။ သားတွေချည်း ရှစ်ယောက်ရှိနေပြီ။ သမီးလေး
မွေးမှ ခွန်လေးအတွက် အဖော်ရမည်။ အစ်ကိုတွေမောင်တွေကြားထဲ တစ်ယောက်ထဲ
ငေါင်စင်းစင်း ဖြစ်မှာ စိုးရိမ်သည်။ ညီအစ်မနှစ်ယောက်ဆိုတော့ အားရှိသည်။

ကိုဦးနှင့် ကိုလတ်ကတော့ ခါတိုင်းထက် စောစောထပြီး အိမ်အလုပ်တွေ ဝိုင်းကူကြသည်။


မနက်ပိုင်း ကျောင်းမသွားခင် ကိုဦးဈေးသွားပေးသည်။

"ဆိတ်သားစင်းကောလေး အမေ့ဖို့။ သပ်သပ် တစ်ဆယ်သား ဝယ်လာတယ်အမေ။


အမေအားရှိအောင် အသားစား"

ဟု အမေ့အတွက် သပ်သပ်ဝယ်လာသည်။ မခင်သစ်ကလည်း အညှီအဟောက်တော့


သိပ်မကြိုက်။ နောက်ပြီး သူမတစ်ယောက်တည်း စားရမှာ မြိုမကျ။ ဟိုသားထည့်ပေး၊
ဒီသားထည့်ပေးနှင့်။

"အမေစားပါ။ ကျွန်တော်တို့က ဘာနဲ့စားစား စားလို့ရတယ်"

ဟု ကိုလတ်ပြောသည်။ ကိုလတ်အပြောက ကျန်ကလေးများကိုပါ သတိပေးသလို ရှိနေသည်။


သူတို့ပန်းကန်ထဲ အမေထည့်ပေးထားသော ဆိတ်သားဖတ်လေးများကို အမေ့ပန်းကန်ထဲ
ပြန်ထည့်ပေးကြသည်။ ချေတ
ွာရလွန်းသောကြောင့် အသားမစားနိုင်တာကြာပြီ။ အိမ်ကြွေး
မတင်သော်လည်း ရွာထောင်ဘက်က သီးစားခကလည်း နောက်ထပ်မရ။ ကိုဘသိန်း လစာလည်း
လဆန်း ၄-၅-၁၀ ရက်မှ ရောက်တတ်သည်။

"အမေတစ်ယောက်တည်းဆိုတော့ မြိုမကျပါဘူးကွာ"

ဆို့ဆို့နစ်နစ် အမေပြောမိသည်။

"စားသာစားပါ အမေရာ။ မြိုကျအောင်သာစားပါ။ ပဲဟင်းဆိုင် ကြိုက်ပြီးသား"

ပဲဟင်းကို အားရပါးရ ထမင်းထဲဆမ်းရင်း ကိုအောင်ပြောလိုက်သည်။ သူက အစကတည်းက


အသားမကြိုက်။ အသီးအနှံသာ ကြိုက်သူဖြစ်သည်။ သခွားသီးနှင့်လည်း စားတတ်သည်။
ထန်းလျှက်နှင့်လည်း စားတတ်သည်။

"ငါ့သားတွေ စာမေးပွန
ဲီးပြီနော် ကြိုးစားကြ။ အိမ်အလုပ်တွေ လျှော့လုပ်ကြ။ အမေလုပ်မှာပေါ့"

typing & pdf - lucky82 46


mmcybermedia. com

မခင်သစ် သတိပေးသည်။ စာမေးပွဲတွေ နီးကြပြီ။ မိမိကလည်း မွေးလုပြီ။ အတန်းတင်စာမေးပွဲတွေ


အပြီး ကိုဦးတို့ ၁၀ တန်း မဖြေမီ မွေးမည်ထင်သည်။ ကိုဘသိန်းတော့ မလာနိုင်ဟု စာရေးသည်။
မခင်သစ်လည်း မမျှော်ပါ။ သွားတာမကြာသေးသောကြောင့် ခွင့်မရနိုင်မှန်း သိပါသည်။

ကိုဦးစာမေးပွန
ှဲင့် မိမိမီးဖွားချိန် ဆုံနေမှာကို မခင်သစ်စိုးရိမ်နေသည်။ စာကျက်ပျက်မည်။
အလုပ်ရှုပ်မည်။

မခါဥ မိတ်ဆက်ပေးထားသောကြောင့် သားဖွားဆရာမနှင့်တော့ ဗိုက်အပ်ထားပြီ။ မိမိအိမ်မှာပဲ


မွေးမည်ဟု ပြောထားသည်။ ကလေးအနေအထား အားလုံးမှန်သည်။ ကိုးယောက်မွေးထားသော
အတွေ့အကြုံကလည်း ရှိသည်။ ကျန်းမာရေးလည်း ကောင်းသည်။

တကယ်တမ်း မခင်သစ်ဗိုက်နာတော့ အိမ်မှာ ဘယ်သူမှမရှိ၊ ကလေးတွေ ကျောင်းသွားချိန်။


တစ်ခြံကျော်က မကြော့စံကို ဆရာမခေါ်ခိုင်းရသည်။ ဆရာမရောက်တော့ မခင်သစ်အကြီးအကျယ်
ဗိုက်နာနေပြီ။ မီးဖိုထမ
ှဲာ ဒန်အိုးကြီးနှင့် ရေနွေးအသင့်ကြိုထားပြီး ရှိနေသည်။ မကြော့စံပါ
ဝိုင်းကူပေးသည်။ လွယ်လယ
ွ်ကူကူ ချောချောမောမောပဲ မွေးဖွားလိုက်နိုင်သည်။

"ယောက်ျားလေးပဲ မခင်သစ်ရေ"

ခေါင်းကို ကြပ်ကြပ်ပေါင်းပြီး မခင်သစ် နှမ်းထုပ်ရှူနေသည်။ ဘေးနားလာချသော နီတာရဲလေးကို


တစ်ချက်ငုံ့ကြည့်လိုက်သည်။ သားချည်း ကိုးယောက်။

"ကျွန်တော်က မိန်းကလေးလိုချင်တာ သမီးအတွက် အဖော်ရအောင်လေ... အခုတော့ အင်း...


သားတွေချည်း"

ဟု ပြောလိုက်မိသည်။ စောလည်း စောမွေးသည်။ ဗိုက်နာစောတော့ မိန်းကလေးထင်သည်။


ယောက်ျားလေးပဲ။ ကလေးတွေ တစ်ယောက်မှ စာမေးပွဲမစစ်ရသေး။ ရှေ့တစ်ပတ်မှ ဖြေကြမယ်။
မိမိက မီးနေသည်။ မခင်သစ် မောသွားသည်။

နနွင်းလက်တစ်ဆုပ်ကို ရေနွေးနှင့်သောက်လိုက်သည်။ နနွင်းတက်ကို ဝယ်ပြီး ကြိတ်ထားသော


နနွင်းစစ်စစ်ဖြစ်သည်။ ဆရာမက တစ်ကိုယ်လုံး နနွင်းလူးပေးသည်။ ခဏချင်းနှင့်
မခင်သစ်တစ်ယောက် မီးနေသည်ဝါဝါဝင်း ဖြစ်သွားသည်။

typing & pdf - lucky82 47


mmcybermedia. com

"ကဲ. .. သွားမယ် မခင်သစ်။ မနက်ဖြန်မှ လာကြည့်မယ်နော်. .."

"ဟုတ်ကဲ့ ဆရာမ ကျေးဇူးတင်ပါတယ်"

မကြော့စံကိုတော့ အဝတ်လျှော်ဖို့ တစ်ယောက်လောက် ငှားပေးဖို့ ပြောရသည်။

"ရပါတယ် မခင်သစ်ရဲ့ မမော်ရှိတယ်။ သူက အဝတ်လျှော်လိုက်တာပဲ။ သူ့ကို ခေါ်ခိုင်းပေါ့။


ထမင်းတွေ ဘာတွေလည်း ချက်ပေးတတ်ပါတယ်။ သူ့တော့ ကျွေးရတာပေါ့"

"ရတယ် ရတယ် မကြော့စံရယ် အဆင်ပြေသွားဖို့ပါပဲ"

ဟု ပြောရသည်။ အမေ့အဝတ်မို့ သားတွေကတော့ လျှော်ရဖွပ်ရ မငြင်းကြ။ သို့ပေမယ့်


မီးနေဝတ်တော့ သားတွေကို ထိပင်မထိခိုင်း။ မိမိမွေးထားသော သားတွေကို ဘုန်းနှင့် ကံနှင့်
ရှိစေချင်သည်။ သားတွေမို့ အားနာရသည်။

ကိုအေးနှင့် ကိုထွေးက အမေ့နားလာထိုင်ကြသည်။ အမေ ကလေးသစ်တစ်ယောက် မွေးချိန်မှာ


သူတို့အိပ်နေကြသည်။ အိပ်ယာမှနိုးတော့ ကလေးသေးသေးလေးကို အမေ့နားမှာ တွေ့ရသည်။
ကိုအေးသိသည်။ ကိုထွေးတုန်းက သူ သည်လိုပဲ တွေ့ခဲ့ဖူးပြီ။ ကိုထွေးက မသိသေး။ သူ့အတွက်
ဆန်းကြယ်နေသည်။ အနှီးဖြူထဲမှ ပုလုကွေးလေးကို သိပ်စိတ်ဝင်စားစွာ ကြည့်နေသည်။

"နီရေး... နီရေး..."

နှင့် ကိုအေးပြောပြနေသည်။

"နီရေးရား အမေ..."

"ဟုတ်တယ် ကိုထွေးအတွက် ညီလေး လေ ချစ်လား..."

ဟု မခင်သစ်မေးတော့ ခေါင်းငြိမ့်သည်။

ကျောင်းဆင်းချိန် ဝင်းတံခါးအုတ်ခုံမှာ ထိုင်ရင်း ညီအစ်ကိုနှစ်ယောက် ကျောင်းသားတွေကို


ငေးနေကြသည်။ အစ်ကိုတွေ ပြန်လာကြသည်။

"နီရေး... နီရေး ရပြီ။ အမေမွေးပြီ"

ဟု ကိုအေး အားရဝမ်းသာ ပြောသည်။ ညီအစ်ကိုတစ်စု ခြေသံဖွဖွနင်းရင်း အမေ့အခန်းထဲ


ဝင်ကြသည်။ အမေသည် သားငယ်ကို ရင်ခွင်ထဲထည့်ရင်း အိပ်ပျော်နေသည်။ ခွန်လေးက
လွယ်အိတ်လေးပိုက်ရင်း ဆောင့်ကြောင့် ထိုင်နေသည်။ ခုဆို သူမမှာ မောင်လေးသုံးယောက်ရှိပြီ။

typing & pdf - lucky82 48


mmcybermedia. com

ကလေးလေးကို ကိုင်ကြည့်ချင်ပေမယ့် မကိုင်ရဲသေး။ သိပ်ငယ်နေသေးသည်။ အစ်ကိုတွေအားလုံး


ခြေဖွနင်း၍ ထွက်သွားကြပြီ။

အသံဗလံ မကြားအောင် အားလုံးလုပ်နေကြသည်။ ကိုဦးက မီးပြန်ဖွပြီး ထမင်းတည်ဖို့


လုပ်နေသည်။ ထမင်းအိုး တစ်လုံးပဲ ချက်ရမည်။ ဟင်းက မနက်က အမေချက်ထားသည်။
ငါးပိကောင်ကို ထမင်းအိုးထဲ ပေါင်းပေးရမည်။

ကိုလတ်ရေငင်ပေးနေသည်။ အငယ်တွေ တစ်ယောက်ပြီးတစ်ယောက် ရေချိုးနေကြသည်။


အစောဆုံး ချိုးပြီးသွားသော ကိုအောင်က ကျောက်ပျဉ်နားမှာ ထိုင်စောင့်နေသည်။ သူ့အောက်
အငယ်တွေကို သနပ်ခါးလူးပေးဖို့ စောင့်နေခြင်းဖြစ်သည်။

"ကိုအောင် ဘဲကြားကြီး မလူးနဲ့နော်"

ဟု ကိုခိုင် တီးတိုးပြောသည်။ အမေလူးမပေးနိုင်လို့ ကိုအောင်လူးပေးတိုင်း သနပ်ခါးဘဲကြား


ဖြစ်တတ်သည်။ ကိုခိုင်မကြိုက်။

"ယောက်ျားပဲကွာ ကြားကြားပေါ့။ ဘာဖြစ်လဲ"

ဟု ပြောရင်း လက်ခုပ်ထဲ ပါလာသော သနပ်ခါးနှင့် တစ်မျက်နှာလုံး ပွတ်သပ်ပေးလိုက်သည်။


ကိုခိုင်သိသည်။ သည်အတွေ့အကြုံမျိုးနှင့် အလူးခံရလျှင် ဘဲကြားပဲဖြစ်မည်။ သနပ်ခါးတောင်
လူးမပေးတတ်ဘူး။ အမေနဲ့တော့ တခြားစီပဲဟု စိတ်ထဲမှာ ရေရွတ်နေသည်။ သည်လိုဘဲကြားနှင့်
အမေနေကောင်းသည်အထိ သည်းခံရမည်ထင်သည်။ ကိုလတ်လူးပေးလျှင် ကောင်းသည်။
စိတ်ရှည်ရှည်နှင့် အမေ့လောက် လက်ရာမကောင်းပေမယ့် ကိုအောင့်ထက်တော့ သာသည်။

ကိုလတ်ရေချိုးရင်း အဝတ်လျှော်နေသည်။ သူအဝတ်လျှော်ဆဲ ကိုဦးထမင်းအိုးငှဲ့သည်။ ထင်းမီးတွေ


ချဲ့ရင်း ထမင်းနှပ်သည်။ ငါးပိကောင်နှစ်ကောင်ကို ပန်းကန်ပြားထဲ ဆီလေးနည်းနည်း ထည့်ပြီး
ထမင်းထဲမြှုပ်လိုက်သည်။ အားနေသော မီးဖိုပေါ် ရေနွေးအိုး တည်ထားလိုက်သည်။

"ကိုလတ် မြန်မြန်လုပ် အအေးမိနေဦးမယ်"

"ဟုတ်ကဲ့ ကိုဦး"

လျှော်ပြီးအဝတ်များကို ကြိုးတန်းမှာ ကိုဦးလှမ်းပေးသည်။ ခဏနေလျှင် သူလည်း ရေချိုးမည်။


မီးဖိုချောင်ထဲ ကိုလတ်ရေဖြည့်နေသည်။ သူတို့အားလုံး ရေမိုးချိုး အဝတ်လဲပြီးတော့

typing & pdf - lucky82 49


mmcybermedia. com

အမေနိုးလာသည်။ အမေ့နား အားလုံး ဝိုင်းထိုင်ကြသည်။ ကလေးသေးစိုမစို အမေစမ်းကြည့်ရင်း


သားတွေကို ပြုံးကြည့်နေသည်။ အတုံးအတစ်ဖြစ်နေသော သနပ်ခါးလက်ရာသည်
ကိုအောင့်လက်ရာဟု မခင်သစ်သိသည်။

"တယ်လှကြတာပဲ ကိုအောင်လူးပေးထားတာပေါ့ ဟုတ်လား"

"ဟုတ်တယ်အမေ... ကိုခိုင်က ဘဲကြားမကြိုက်ဘူးတဲ့"

"လှပါတယ် သားရဲ့"

ကိုခိုင်မျက်နှာကို ကြည့်ရင်း မခင်သစ် ပြောလိုက်သည်။

"အမေ... ကော်ဖီသောက်မလား။ ထမင်းပူပူလေး စားမလား။ ကျွန်တော် ငါးပိကောင်


ပေါင်းထားတယ်"

ကိုဦးပြောသည်။ မီးနေသည်မို့ ထမင်းပူပူ စောစောစားလျှင် ကောင်းသည်။ အမေမွေးတိုင်း ကိုဦး


ပြုစုနေကျဖြစ်သည်။ မိမိသည် သားအကြီးဆုံး။ ကိုခိုင်တို့ ခွန်လေးတို့ မွေးတော့ မိမိသိတတ်နေပြီ။
ကူလုပ်နေရပြီ။ အဖေက လက်ဦးဆရာ။

"ဘယ်တတ်နိုင်မလဲကွာ ။ အဖေတို့မှာ မိန်းမသူကိုယ်ခွဲမှ မရှိတာ"

ဟု အဖေပြောသည်။ မီးနေဝတ်ပဲ မလျှော်ရ။ ကလေးအနှီးအဝတ်အစားအားလုံး လျှော်ရသည်။


မီးပူတိုက်ရသည်။ အမေသည် မီးနေစဉ်ကာလသာ သက်သက်သာသာ နားရရှာသည်။ တစ်ချိန်လုံး
တစ်နေကုန် မိုးမလင်းမီက မိုးချုပ်သည်အထိ အလုပ်နှင့်လက်နှင့် မပြတ်။ မိမိတို့
ကြိုးစားလုပ်ပေမယ့် အမေ့ကိုတော့ မှီသည်မဟုတ်။ အမေမလုပ်နိုင်မီ နားရရုံလေးသာ။

ဒီတစ်ခါတော့ အဖေမရှိသောကြောင့် ကိုဦးခေါင်းပေါ်ပုံကျလာသည်။ ဘာတွေလုပ်ရမလဲဟု


ဖြည်းဖြည်းစဉ်းစားပြီး လုပ်ရသည်။ ညနေစောင်းတော့ မီးသွေးအုံပြီး မီးသွေးမီးဖိုကို အမေ့အခန်းထဲ
ထားပေးသည်။ ခြေဖဝါး လက်ဖဝါးတွေ အမေမီးကင်လိမ့်မည်။ မီးသွေးအပိုကို ခြင်းတောင်းလေးနှင့်
မီးညှပ်နှင့် အသင့်ထည့်ပေးလိုက်သည်။

"တောက်လျှောက် အမေမီးလှုံမယ်မဟုတ်လား အမေ၊ နည်းနည်းလည်း အေးတယ်နော်" ဟု ကိုဦး


ပြောလိုက်သည်။

"အေး... ငါ့သားရယ် မီးသွေးလည်း အမေဝယ်ထားပြီးသားပါ။ ညဥ့်နက်ပိုင်း အိပ်တော့ မလိုပါဘူး။


မနက်ကျမှပဲ စောစောလေး အမေမီးယူမယ်"

typing & pdf - lucky82 50


mmcybermedia. com

ကိုဦး မျက်နှာကိုကြည့်ရင်း မခင်သစ်ပြောလိုက်သည်။ ကိုဦးစာမေးပွဲဖြေမည့်အချိန်မှာ မိမိသွေးနုဆဲ


ရှိဦးမည်။ အမေသက်ပြင်းချလိုက်သည်။

စာလည်း ကျက်ဦးနော် ကိုဦး။ နှစ်ပတ်သုံးပတ်လောက်ဆို အမေ လုပ်နိုင်ပါပြီ

"ရတယ်အမေ... နှစ်ပတ်သုံးပတ်ဆို အမေသွေးနုနေဦးမှာ။ ကျွန်တော်လုပ်နိုင်ပါတယ်"

"ကိုလတ်တို့လည်း ရှေ့အပတ် ဖြေရတော့မှာ။ အေးကွာ ဒီတစ်ခါ ကျဉ်းထဲကြပ်ထဲ မွေးလိုက်သလို


ဖြစ်သွားတာကိုး"

အားမလို အားမရ မခင်သစ် ရေရွတ်မိသည်။ အငယ်တွေ စာမေးပွဲဖြေလုဆဆ


ဲ။ ကိုဦးဖြေချိန်လည်း
နီးခါမှ မိမိ မီးဖွားရသည်။ သားတွေကို သနားအားနာနေမိသည်။ ဧည့်ခန်းမှာ စာကျက်နေကြသံကို
ကြားနေရသည်။

"ထမင်းဟင်းချက်ပေးဖို့နဲ့ အဝတ်လျှော်ဖို့ အမေ လူငှားထားတယ်။ မနက်စောစော လာလိမ့်မယ်


သိလားကိုဦး။ ငါ့သားက ဈေးတော့ ဝယ်ပေးလိုက်ပေါ့ ဟုတ်လား"

"လူငှားတော့ ပိုက်ဆံကုန်တာပေါ့ အမေရယ်။ ကျွန်တော်လုပ်နိုင်ပါတယ်"

နှမ်းထုပ်ရှူရင်းမှ မခင်သစ် ခေါင်းခါသည်။

"ငါ့သားတွေ စာမေးပွန
ဲီးကြပြီ။ ဒါလောက်တော့ အကုန်ခံရမှာပေါ့။ ဒီ့ပြင်နေရာ ချွေတာရုံရှိတယ်။
အမေ့သီးစားခလေးများ ရမလားလို့ အမေလည်း မျှော်နေတာ"

မခင်သစ်ပြောသမျှ မီးသွေးဖိုကို မီးဆွပေးရင်း ကိုဦးနားထောင်နေသည်။ အမေမှာ


ငွေမှရှိပါလေစဟု တွေးပူမိသည်။

"ငွေရော ရှိရဲ့လား အမေ... ဟင်. .."

ကိုဦးက အသားဖြူသည်။ နှာတံပေါ်သည်။ ကိုယ်ဟန် ခပ်သေးသေးနှင့် အရပ်မြင့်သောကြောင့်


ကြည့်ကောင်းသည်။ မျက်ခုံးထူ၍ နားရွက်ကားသည်။

"သိပ်များများတော့ ဘယ်ရှိမလဲ ငါ့သားရယ်။ ဒါပေမယ့် လကုန်တဲ့ထိတော့ လောက်မယ်


ထင်ပါတယ်။ မင်းအဖေကလည်း ဝေးတော့ ငွေပို့ရင် ကြာတယ်နော်"

လဆန်း ၉ ရက် ၁၀ ရက်မှ ငွေရောက်တတ်သည်။ အနည်းအလျဉ်မီအောင် သုံးနေရသည်။


မီးဖွားသောကြောင့် နည်းနည်းတော့ အကုန်အကျများမည်။ မီးဖွားစရိတ်ရယ်လို့ သပ်သပ်
ဖယ်မထားနိုင်။

"မန္တလေးက ဘကြီးဆီ နည်းနည်းလောက် သွားချေးရမလား အမေ"

typing & pdf - lucky82 51


mmcybermedia. com

ငွေမရှိမှာ ပူသောကြောင့် ကိုဦးပြောလိုက်သည်။ ဘကြီးသည် လင်မယားနှစ်ယောက်တည်းမို့


ချောင်လည်ပါသည်။ ကိုဦးစကားကြောင့် ကိုဦးမျက်နှာကို မခင်သစ်ကြည့်နေမိသည်။ ခဲအိုကြီး
ဖြစ်သော်လည်း အကူအညီ မတောင်းချင်။ တောင်းလို့ပေးလျှင် ကောင်းသည်။ မပေးနိုင်လျှင်
မိမိလည်း စိတ်ဆင်းရဲရမည်။ သူတစ်ပါးကိုလည်း အပြစ်တင်မိတတ်သည်။

ခွန်လေးမွေးတုန်းက အကူအညီတစ်ခါ တောင်းဖူးသည်။ ကလေးတွေဖျားတာလည်း ပါသည်။


အမွှာညီအစ်ကိုက ဝက်သက်တွေပေါက်ပြီး ဖျားသည်။ ကိုခိုင်က ဝမ်းလျှောသည်။ ကိုအောင်က
ယားနာတွေပေါက်နေသည်။ သည်ကြားထဲ ခွန်လေးကိုမွေးတော့ ငွေပြတ်နေပြီ။ ဘကြီးဆီ
အကူအညီတောင်းရသည်။

"ဒီတစ်ခါပဲ ကူညီနိုင်မယ်။ မင်းတို့ကလေးတွေ ဖျားနာတိုင်း ကလေးမွေးတိုင်းသာ ငွေချေးနေရရင်


ငါတော့ ငွေချေးလို့ဆုံးမှာ မဟုတ်တော့ဘူး ဘသိန်း"

ဟု ပြောရင်း ငွေနှစ်ဆယ့်ငါးကျပ် ချေးလိုက်သည်။

"ကိုကိုပြောတာ ဟုတ်သားပဲ မခင်သစ်ရယ်။ ဒီလောက် မွေးထားပြီး ဖျားတိုင်း မွေးတိုင်း


ချေးနေရရင် ဘယ်လယ
ွ်မလဲ။ ကိုယ့်ဖာသာ ဖြစ်အောင် လုပ်ရမယ်"

ဟု ပြောသည်။ မီးတွင်းထဲမှာ ကလေးတွေကို ပြုစုရင်း မခင်သစ် မျက်ရည်ကျသည်။ မိမိမှာရှိစဉ်


ကိုဘသိန်း ညီအစ်ကိုမောင်နှမတစ်တွေကို မိမိကျွေးမွေးခဲ့သော ကျေးဇူးတွေရှိခဲ့ဖူးသည်။

ကိုကို့ ငွေနှစ်ဆယ့်ငါးကျပ်ကို လကုန်တော့ ပြန်ဆပ်ခိုင်းလိုက်ရသည်။ မီးနေသည် ကော်ဖီမှ


မသောက်နိုင်။ ရေနွေးကြမ်းနှင့် ထမင်းရေသောက်ပြီး နို့ထွက်အောင် ကြိုးစားခဲ့ရသည်။
ထမင်းဖြူနှင့် ကြက်သန
ွ်နီကိုက်ပြီး မီးနေထမင်းကို စားခဲ့ရသည်။

"အော်. .. မချေးပါနဲ့ ငါ့သားရယ်။ အဖေ့ဆီက ငွေပို့မှာနဲ့ဆို အနေတော်ပဲနေမှာပါ"

"မဟုတ်ဖူးလေ အမေလည်း ကြက်သားလေး ငါးရံ့ခြောက်လေး စားရတာပေါ့။ သိပ်ချွေတာနေရင်


အမေအားနည်းနေမယ်"

"ရပါတယ် ကိုဦးရယ်။ ထမင်းရည်ခံထားနော်။ ငါးခူငါးပိကောင်လေးတွေ အမေဝယ်ထားပါတယ်။


မီးနေသည်ပဲ အသားစိုစိုတွေလည်း အမေ မစားချင်ပါဘူး"

ကြာညို့မွှေးမွှေးနှင့် ကြော်ထားသည့် ကြက်သားပြုတ်ကြော် နီနီရဲရဲလေးတော့ မခင်သစ်


စားချင်ပါသည်။

typing & pdf - lucky82 52


mmcybermedia. com

"အမေအားရှိအောင် စားဖို့တော့ လိုတယ်နော်"

နနွင်းဝါဝါကြားမှ ဖြူနေသော အမေ့နှုတ်ခမ်းလေးများကို ကြည့်ရင်း ကိုဦးပြောမိသည်။ ပိန်ပါးသော


အမေသည် ဖျော့တော့လျှက်ရှိသည်ဟု ကိုဦးစိတ်ထဲ ထင်နေသည်။ အသက်နှင့်စာလျှင်
အမေ့ပါးရိုးတွေ ပေါ်လွန်းသည်။ နောက်ပြီး အမေ ကလေးနို့တိုက်ရဦးမည်။

စကားပြောဆဲ ကိုလတ်ထမင်းခူးလာသည်။ ထမင်းပူပူတစ်ပန်းကန် ငါးပိကောင်ပေါင်း။

"ဆီ ဆမ်းအုံးမလား အမေ ဟင်. .."

ကိုလတ်မေးသည်။

"ရတယ် ငါ့သား ငါးပိကောင်ထဲ ဆီလေးနဲ့ပဲ အမေစားလို့ ရပါတယ်"

အမေ့ဆီပုလင်းထဲမှာ ဆီသိပ်မရှိတော့မှန်း အမေမို့ သိနေပါသည်။ ရေနွေးကြမ်းခွက်ကို


ခုံလေးပေါ်တင်ရင်း...

"မနက်ဖြန်တော့ ဟင်းခါးလေးချက်မှ ထင်တယ်နော် ကိုဦး"

"အေးကွ. .. မေ့နေလိုက်တာ"

နဖူးကိုလက်ဝါးနှင့် ရိုက်လျှက် ကိုဦးပြောလိုက်ရှာသည်။ မေ့မှမေ့။ အမေ့အတွက်


ဟင်းခါးအရေးကြီးသည်။

"ဈေးက ဒန့်ဒလွန်ရက
ွ် ဝယ်လာမယ်အမေ။ နက်ဖြန်ခါမှ ဟင်းခါးသောက်တော့နော်"

"ရေနွေးကြမ်းနဲ့လည်း ရပါပြီကွာ အရေများများသောက်ဖို့ အဓိကပါ။ ဒန့်ဒလွန်ရက


ွ်
တစ်စည်းလောက်သာ ဝယ်လာ ကိုဦး။ ချက်တော့ မမော်ချက်ပေးလိမ့်မယ်"

"ဘယ်သူလဲ အမေ"

မကြားဖူးသော နာမည်ကြောင့် ကိုလတ်မေးလိုက်သည်။ ကိုလတ်မျက်လုံးများက အိပ်နေသော


ကလေးငယ်ကို ငေးကြည့်နေသည်။

"အော်. .. အဝတ်လျှော်ဖို့နဲ့ ထမင်းချက်ပေးဖို့ အမေခေါ်ထားတာ ငါ့သားရဲ့။ သားတို့လည်း


စာမေးပွန
ဲီးနေပြီမို့လား။ စာကျက်ချိန်မရဘဲ နေမယ်"

"ပိုက်ဆံအပိုကုန်မှာပေါ့ အမေ"

typing & pdf - lucky82 53


mmcybermedia. com

"တစ်လအတွက် နှစ်ဆယ်အစိတ်တော့ ပေးရမှာပေါ့ ငါ့သားရယ်။ တစ်လဆို ရပါပြီ။


အမေလုပ်နိုင်ပြီ"

တက်ကြွစွာ မခင်သစ် ပြောလိုက်ပါသည်။

"စာမေးပြွဲ ပီးရင် ကျွန်တော်လည်း လုပ်နိုင်ပါတယ် အမေ။ ခုလည်း လုပ်လို့ရပါတယ် အမေရာ။


တော်ကြာ အမေ သိပ်ချွေတာနေရဦးမယ်"

မခင်သစ်ပြုံးရယ်လိုက်သော်လည်း သိပ်တော့ မပီပြင်လှ။ သိတတ်သော သားတွေအတွက်


မခင်သစ် ဝမ်းသာကျေနပ်ပါသည်။ သို့ပေမယ့် စိတ်တော့မကောင်း။ ခြိုးခြံချွေတာရင်း မပြည့်မစုံနှင့်
သားတွေ ကြီးပြင်းလာရသည်။ တစ်ခုတည်းသော ကိုဘသိန်းဝင်ငွေကို မိမိတို့မိသားစု
မှီခိုနေရသည်။

"အဖေ့ဆီလည်း အမေညီလေးမွေးတဲ့အကြောင်း စာရေးလိုက်ဦးမယ် အမေနော်..."

ကိုလတ် ပြောလိုက်သည်။ အမေ ညီလေး မွေးကြောင်းသိလျှင် အဖေလစာပို့လျှင်


ဘယ်လောက်ကောင်းမလဲဟု ကိုလတ်တွေးနေသည်။ အေးလေ အဖေလည်း ပုံမှန်သုံးရာတော့
ပို့နေသည်။ လစာအပြင် ဝင်ငွေရှိသည်တော့ မဟုတ်။ အဖေ့အတွက် ငါးဆယ်ပဲယူထားသည်။
လူတစ်ယောက် ငါးဆယ်ကျပ်နှုန်းနှင့်ထား မိမိတို့မိသားစုဆိုလျှင် ငါးရာ့ငါးဆယ်ကျပ်
ဖြစ်သင့်သည်ဟု တွက်နေသည်။ ကိုလတ်သည် သင်္ချာတော်သည်။ နားရွက်ကားသောကြောင့်ဟု
အမေက ချီးကျူးသည်။ နားရွက်ကားတာချင်းတူတူ ကိုဦးကျတော့ သင်္ချာမတော်။ အဲတာက
ဝိုင်းဝိုင်းလေးမဟုတ်လို့ဟု အမေပြောတော့ ရယ်ရသေးသည်။ မိမိနားရွက်သည်
ကားကားဝိုင်းဝိုင်းလေး။

အမေ ကော်ဖီသောက်တာ မတွေ့သောကြောင့် ကိုလတ် စိတ်မကောင်း။ ခါတိုင်းမီနေလျှင်


မတ်ခွက်နှင့် အမေကော်ဖီသောက်တတ်သည်။ အခုတော့ ထမင်းရေပဲ သောက်နေသည်။
သကြားရယ် နို့ဆီရယ် ကော်ဖီမှုန့်ရယ်ရှိမှ ကော်ဖီတစ်ခွက် ဖြစ်နိုင်သည်။ ကိုလတ်ငေးနေမိသည်။
အဖေပါ တစ်အိုးထဲဆိုလျှင် သည်မျှချွေတာရမည်မထင်။

ကိုဦးဈေးသွားတော့ ငွေနှစ်ကျပ်ပေးလိုက်သည်။ ပဲပုပ်စေ့ တစ်ကျပ်ဖိုး။ တစ်ကျပ်ဖိုးကို


ရေနွေးကြမ်းပန်းကန်နှင့် ဆယ်ခက
ွ်ရသည်။ ခရမ်းချဉ်သီးမှည့်မှည့် ငါးဆယ်ကျပ်သား ဝယ်ရမည်။
အမေ့ဖို့ ဒန့်ဒလွန်ရက
ွ် တစ်စည်း ဝယ်ရမည်။ ဘာသားမှ ဝယ်လို့မရ။ ငရုတ်သီးစိမ်း ငါးပြားဖိုး
ဝယ်ရမည်။ ကြက်သန
ွ်ဖြူ နှစ်ဆယ့်ငါးပြားဖိုး ဝယ်ရမည်။

typing & pdf - lucky82 54


mmcybermedia. com

ဈေးဝယ်ပြီး ကိုဦးကျောင်းသွားဖို့ ပြင်သည်။ မမော်ကို ဟင်းချက်ဖို့ အမေပြောနေသည်။

အမေ့ကို အသားလေးမှ ဝယ်မကျေွး နိုင်ဘူး ကိုလတ်ရာ ဟု တီးတိုးပြောလိုက်မိသည်။ ကိုလတ်


မျက်နှာမကောင်း။

"အမေ့မှာ ပိုက်ဆံ သိပ်မရှိတော့ဘူးထင်တယ် ကိုဦးရဲ့"

"အေးကွ. .. ဒီနေ့မှ ၁၅ ရက်ပဲ ရှိသေးတယ်"

သန်ဘက်ခါဆို ကိုလတ်တို့စာမေးပွဲ ဖြေရမည်။ အဖေ့ဆီက လစာ လာဖို့ အတော်လိုသေးသည်။


ညီအစ်ကိုနှစ်ယောက် ပြိုင်တူ သက်ပြင်းချမိကြသည်။

"အမေ... ကျွန်တော်တို့ ကျောင်းသွားတော့မယ်"

"အေး... အေး..."

အမေ့ကို ကိုလတ် ကန်တော့သည်။ အမေ့ကို အားလုံးနှုတ်ဆက်ကြပြီး လွယ်အိတ်ကိုယ်စီလယ


ွ်ရင်း
ထွက်လာကြသည်။ ကိုဦးက ခွန်လေးနှင့် ကိုခိုင်ကို ရှေ့နောက်တင်ပြီး စက်ဘီးနှင့်
ရှေ့နောက်သွားပြီ။ ကိုလတ်တို့ ညီအစ်ကိုတစ်သိုက်က ခြေလျင်လျှောက်လာကြသည်။ ကိုအောင်
ကိုဆောင်နှင့် ကိုမောင်တို့က တင်းနစ်ဘောလုံးဟောင်းလေးကို တစ်ယောက်တစ်လှည့် လုကန်ရင်း
လျှောက်လာကြသည်။ ကျောင်းရောက်တာနှင့် သူတို့သုံးယောက် ချွေးသံတရွှဲရွှဲဖြစ်နေကြပြီ။
တစ်ချက်တစ်ချက် ကိုလတ်လည်း ဝင်ကန်လိုက်သေးသည်။ အိမ်မှာ ခွန်လေးထိ
ကျောင်းသားချည်း ခုနစ်ယောက်ရှိသည်။ မနက်ဖြန် ခုံစီမှာမို့ ကျောင်းပိတ်မည်။

ကိုအေးနှင့် ကိုထွေးကို မမော်ပဲ ရေမိုးချိုးပေးသည်။ သနပ်ခါးလူးပြီး သိပ်ခိုင်းရသည်။ အိပ်ချိန်မှာ


အေးအေးဆေးဆေးအိပ်ကြသည်။ နေ့လည်ကျောင်းဆင်းချိန် ကျောင်းသားတွေ ထမင်း
ပြန်စားကြရင်း ဆူညံနေကြသည်။ ခုတော့လည်း တိတ်ဆိတ်ကျန်ရစ်သည်။

"အစ်မက သားတွေချည်းနော်။ ကလေးတွေကလည်း လိမ္မာကြသားပဲ"

ဟု မမော်က ပြောသည်။ မမော်သည် အသားညိုညို၊ တုတ်တုတ်ခိုင်ခိုင်နှင့် ဖြိုးဖြိုးဖျတ်ဖျတ်


အလုပ်လုပ်ရာတွင် မြန်သည်။

"ဒီလိုပဲ အစ်မရဲ့၊ လိုတ့အ


ဲိမ်က ခေါ်ရင်သွားလုပ်ပေးရတယ်။ မြန်မြန်ပြီးတော့ ပြီးရောပေါ့။
အဝတ်လြဲ ဖူအောင်လျှော်ပေါ့။ ဆပ်ပြာလည်း ချွေတာရတယ်လေ။ မကုန်သင့်ဘဲ မကုန်အောင်
လုပ်ပေးရတယ်"

typing & pdf - lucky82 55


mmcybermedia. com

ပဲပုပ်ချက်နှင့် ထမင်းကို အားပါးတရ နယ်စားရင်း ပြောသည်။ မခင်သစ်၏ မီးနေအဝတ်တွေရော


ကလေးတွေ အဝတ်တွေပါ အားလုံးလျှော်ဖွတ်ပြီးသွားသည်။

"စားပြီးရင် ဟိုဘက်လမ်းက အိမ်မှာ အဝတ်လျှော်ချေဦးမယ် အစ်မ။ အဲဒီမှာလျှော်ပြီးရင်


အစ်မဆီပြန်လာမယ်။ အဝတ်တွေ ခြောက်မှာနဲ့ အတော်ပဲ။ မီးပူတိုက်ပေးပြီးရင် ညနေစာထမင်း
ချက်ပေးခဲ့မယ်"

သူမအစီအစဉ်နှင့်သူမ အံကိုက်ဖြစ်နေပါသည်။ ဆေးကြောလှဲကျင်းပြီး အိမ်ရှေ့တံခါး


ဂျက်ချပေးခဲ့သည်။ မနက်ဖြန်ကလေးတွေ ကျောင်းပိတ်မည်။ စာမေးပွဲဖြေတော့လည်း
မနက်တစ်ချိန် နေ့လယ်တစ်ချိန်မို့ အိမ်မှာ လူမပြတ်တော့။ ဒီနေ့တော့ သူမ ကြက်အိပ်ကြက်နိုးနှင့်
အချိန်ကုန်ရပေမည်။ အိပ်ယာမှထပြီး နောက်ဖေးတံခါးပိတ်လိုက်သည်။ အပြင်မှာ အဝတ်တွေ
တစ်ပုံတစ်ပင် လှန်းထားသည်။ သို့ကြောင့် သတိထားနေရသည်။

အိပ်မပျော်ရန် ဟိုတွေးသည်တွေး တွေးနေမိသည်။ သို့ကြောင့် အတွေးတွေက ဟိုရောက်


သည်ရောက် ဖြစ်နေသည်။ ရွှေညောင်မှာရှိသော ကိုဘသိန်းဆီ ရောက်သွားသည်။ ရွှေညောင်ကို
ဘယ်လိုသွားရမည်ပင် မခင်သစ်မသိ။ တောင်ကြီးနှင့် နီးသည်ဟုသာသိသည်။ သူ့အစ်ကို ဝမ်းကွဲ
အိမ်ရောက်တာ ၃-၄ ခေါက်ရှိပြီဟု စာထဲရေးထားသည်။ ရွှေညောင်မှာ ထမင်းလခပေးစားရသည်။
တစ်လသုံးဆယ်ကျပ်၊ လက်ဘက်ရည်ပါတိုက်သည်။ အင်းလေ သည်လိုပဲ စားရပေမည်။ သူလည်း
တစ်လ ငါးဆယ်ကျပ်နှင့် လောက်ရုံပဲ ရှိပေလိမ့်မည်။ လစာက ၁၀ ရက်လောက်မှ ရောက်မည်။
မခင်သစ် သက်ပြင်းချမိသည်။ ဆန်ရှိနေလို့ တော်သေးသည်။ ကိုဘသိန်းလည်း တစ်ခေါက်မှ
ပြန်မလာနိုင်သေး။ ၄ လကျော် သွားပြီ။ သားတွေကတော့ အဖေ့ကို သတိရနေသည်။
လူသာပြန်မလာနိုင် ရှိသည်။ သူ့ကိုယ်ပွားတစ်ယောက်တော့ မိမိမွေးပြီးဖြစ်သည်။

မိမိသာ တစ်ဦးတည်းသော သမီးဖြစ်ခဲ့သည်။ မိမိကမွေးလိုက်သမျှ ဆယ်ယောက်ရှိသွားပေပြီ။


အမေ့တုန်းကတော့ သားသမီးနည်းလွန်းသည်။ မိမိတစ်ယောက်ထဲကို ပိုးမွေးသလို
မွေးခဲ့ရလေသည်။ အဖေနှင့် အမေ့ကို သတိရသွားသည်။ ရွာထောင်မှာ မိမိတို့ ပြည့်စုံကြွယ်ဝစွာ
နေခဲ့ကြသည်။

"မခင်သစ်... မခင်သစ်"

ခေါ်သံကြောင့် အတွေးတွေ ပြတ်သွားသည်။ မခါဥအသံမှန်း သိသည်။ နောက်ဖေးဖက်က


လှည့်လာသည်။ အိပ်ယာမှထရင်း နောက်ဖေးတံခါးဖွင့်ပေးလိုက်သည်။

"မွေးပြီးပြီဆို... မနက်ကမှ သိတာ"

typing & pdf - lucky82 56


mmcybermedia. com

"လာ မခါဥ၊ မနေ့နေ့လည်က မွေးတာလေ"

"မခါဥလည်း မအားဘူးဆိုတာ သိနေလို့၊ ညနေမှ သားတွေလာရင် ပြောခိုင်းလိုက်မယ်လို့


စိတ်ကူးနေတာ"

"ဒီမယ် ငါးရံ့ခြောက်နှစ်ပြား စားရတာပေါ့"

မခါဥ ငါးရံ့ခြောက်နှစ်ပြားကို ကြောင်အိမ်ထဲထည့်ပေးသည်။ မခင်သစ် ဦးဆောင်ဝင်သွားသော


အိပ်ခန်းထဲဝင်လိုက်လာသည်။ ဖာဖုံးလေးထဲထည့်ထားသော ကလေးငယ်ကို ငုံ့ကြည့်သည်။

"ရှင့်လည်း သားတွေချည်းနော် အံ့ရော"

မခါဥ ပြုံးရင်း ပြောသည်။ သားချည်း ၉ ယောက် သမီး ၁ယောက်။

"ကျွန်တော်က သမီးလေးရချင်တာ မခါဥရဲ့"

မခါဥသိသည်။ သားတွေများတော့ သမီးလိုချင်သည်။ သူမမှာတော့ သမီး ၄ ယောက်။


သားတစ်ယောက်ပပ
ဲါသည်။ သမီးတွေကိုပဲ သားလိုခိုင်းနေရသည်။ မခင်သစ်လည်း သားတွေကို
သမီးလိုခိုင်းနေရမှာ သေချာသည်။ ကိုယ်ချင်းစာပါသည်။

"ကိုဘသိန်း မလာနိုင်သေးဘူးလား"

"သိတောင် မသိသေးဘူး မခါဥရဲ့။ သားတွေ ဒီနေ့မှစာထည့်ကြတယ် ထင်ပါရဲ့"

"အင်း... အင်း... သူ့အတွက်တော့ ရိုးနေပြီထင်ပါတယ်"

မခါဥ စကားကြောင့် မခင်သစ် ငိုင်သွားသည်။ သားသမီး ၁၀ ယောက် မွေးပြီးမို့ မိမိကို


ရိုးချင်ရိုးသွားရော့မယ်။ သူ့သွေးသားတွေကိုတော့ မရိုးဘူးထင်ပါတယ်။ မိမိမှာ
သားဦးတုန်းကလည်း သားဦးမို့ ချစ်ရသည်။ ဒုတိယ တတိယလည်း ထို့အတူ။ ယခု ၁၀
ယောက်မြောက် နီတာထွေးလေးလည်း ချစ်ရသည်သာ။ ၁၀ ယောက်ဆိုတော့လည်း ၁၀
ဦးအတွက် မိမိမေတ္တာတွေ တိုးပွားလာသည်မှာ အံ့သြစရာပင် ကောင်းသေးသည်။ ဒါသည်ပင်
အမိမေတ္တာဖြစ်လိမ့်မည်ဟု မခင်သစ်တွေးရင်း မျက်ရည်ဝဲမိသည်။ ပင်ပန်းဆင်းရဲခြင်း၊
မပြည့်စုံခြင်းများစွာနှင့် သားသမီးတွေကို မွေးခဲ့ရသည်။ ချို့ချို့ငဲ့ငဲ့ကြားမှာ မရကောင်းစေဟု
သဘောမထားခဲ့ရ။ ရသမျှ မချို့ငဲ့သော မေတ္တာကို အပြည့်အဝပေးခဲ့သည်။ မိမိသည်
သားသမီးတွေအတွက် ရှင်သန်းခြင်းဖြစ်သည်။ ကိုဘသိန်းလည်း မိမိနည်းတူဖြစ်လိမ့်မည်ဟု
မခင်သစ် တွေးထင်ထားပါသည်။

"ဘာနေ့သားလေးလည်း မခင်သစ်ရဲ့"

"ကြာသပတေးသားလေး မခါဥ"

typing & pdf - lucky82 57


mmcybermedia. com

"အော်. .. ကောင်းတယ်နော်. .. အင်း... သားတွေချည်းရှင်ပြု ရမှာကို မနည်းဘူး။ ကလေးတွေ


ကျောင်းပိတ်ရင် ကိုဘသိန်းဆီ လိုက်ကြဦးမှာလား"

"မလိုက်ပါဘူး မခါဥရယ်။ ဒီအငယ်လေးရှိသေးတာလေ။ သွားတယ်လာတယ်ဆိုတာ မလွယ်ဘူး။


ခရီးစရိတ်နဲ့ ဟိုမှာ နေရေးထိုင်ရေးရှိသေးတယ်"

တစ်ယောက်ထဲ မဟုတ်သောကြောင့် ခေါင်းဝင်ကိုယ်ဆန့် မဖြစ်နိုင်။ အကြီးတွေချည်း


လွှတ်လို့လည်းမရ။ အငယ်တွေနှင့် အိမ်မှာ ကလေးငယ်နှင့်။ အငယ်တွေချည်း
လွှတ်လို့လည်းမဖြစ်။ ဒီနှစ်နွေရာသီ ကျောင်းပိတ်တော့ ကိုဘသိန်းဆီ ဘယ်သူမှ
သွားနိုင်မည်မထင်။ သူလာမှပဟ
ဲု မခင်သစ်တွေးလိုက်သည်။ အနည်းဆုံး သင်္ကြန်ရုံးပိတ်ရက်တော့
လာနိုင်မည်။

"ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကလေးတွေများတော့ သွားရလာရမလွယ်ဘူး။ ဟိုမှာလည်း


စားရေးနေရေးကရှိသေးတယ်"

မခါဥပြောပါသည်။

"ကိုယ့်အိမ်မှာ ကိုယ်နေတာပဲ ကောင်းပါတယ် မခါဥရယ်။ တစ်ယောက်ထဲသမားက လာမှာပေါ့။


သူကတော့ သွားရလာလွယ်တယ်လေ"

"ဟုတ်ပါ့ မခင်သစ်ရယ်. .. ကိုဘသိန်းလာတာပဲ ကောင်းပါတယ်။ ခွင့်ရတဲ့အခါ လာမှာပေါ့။


မခင်သစ်နဲ့ ကလေးတွေ လိုက်ဖို့တော့ သိပ်မလွယ်ပါဘူး"

ဟု မခါဥလည်း ထောက်ခံမိရှာသည်။ ဒီလောက်ကလေးတွေအများကြီးနှင့် သူတစ်ပါးမြို့မှာ


နေရေးခက်သည်။ စားရေးလည်း ခက်သည်။ ဝယ်စားဖို့လည်း မဖြစ်နိုင်။ ချက်စားဖို့လည်း မလွယ်။

"ဈေးလာရင်လည်း ကိုဦးတို့ကို ကျွန်မဆိုင်ဘက် ဝင်ခိုင်းလေ မခင်သစ်ရဲ့။ အသီးအနှံလေး


ပေါတဲ့အခါ ပေးလိုက်ရအောင်။ ရှင်ကလည်း မဝင်ခိုင်းဘူး"

မခင်သစ်အားနာတတ်မှန်း မခါဥသိပါသည်။ အလကားပေးမှာ ယူရမှာလည်း ကြောက်တတ်သည်။


သူမဖာသာ မရှိ ရှိတာနှင့် မဖြစ်ဖြစ်အောင် ရုန်းကန်ရှာသည်။ ကလေးများသော မခင်သစ်ကို
မိန်းမချင်း ကိုယ်ချင်းစာပါသည်။ သည်ကလေးတွေ တစ်ပြုံနှင့် မြေလေးဝယ်။ အိမ်လေးတစ်လုံး
ဖြစ်အောင် ဆောက်နိုင်သော အစွမ်းကို ချီးကျူးမိသည်။ မခါဥ၏ ယောက်ျား ကိုလှသွင်ဆို
ချီးကျူးမဆုံး။

"တော်တယ်။ မခင်သစ် တော်တယ်"

ဟု အမြဲပြောတတ်သည်။

typing & pdf - lucky82 58


mmcybermedia. com

"ရှိလို့ မဟုတ်ပါဘူး ကိုလှသွင်ရာ၊ ကျွန်တော့်မှာ အရင်ကတည်းက ရှိထားတဲ့


ရွှေလေးနည်းနည်းပါးပါးနဲ့ တစ်ခါတစ်ရံမှ ရတတ်တဲ့ လယ်ထောက်ခလေး သီးစားခလေးရထားတာ
ကျစ်ကျစ်ပါအောင် စုထားတာလေးတွေ ရှိစုမဲ့စု အားလုံး အိမ်လေးဆောက်တော့ ကုန်သွားပါပြီ"

ကိုလှသွင်နှင့် မခါဥတို့လင်မယားကို မခင်သစ် ပြောပြပါသည်။ မေမြို့(ပြင်ဦးလွင်)


ရောက်ကတည်းက ဈေးဝယ်ရင်း မခါဥတို့နှင့် ခင်မင်ခဲ့ကြသည်။ နှစ်, လ ကြာလာတော့
ခင်မင်မှုလည်း ခိုင်မြဲခြဲ့ ကသည်။

လခစားတစ်ယောက် အိုးပိုင်အိမ်ပိုင်နဲ့ နေနိုင်ဖို့မလွယ်ဘူး မခင်သစ်ရဲ့၊ နေဖို့လည်း


သိပ်စိတ်မကူးကြဘူး။ ရတဲ့လိုင်းခန်းမှာနေ။ မဟုတ်လည်း အိမ်ငှားနေ၊ စိတ်မပူကြဘူး။
ပင်စင်ယူတော့မှ အပြေးအလွှား ပူကြတာလေ

ကိုလှသွင်ပြောပြသည်။ အဆင်ပြေနေတုန်းတော့ ပူပန်ရမှန်း မသိနိုင်ကြ။ အငြိမ်းစားယူချိန်


ပင်စင်လစာနှင့် အိမ်ငှားခနှင့် စားသောက်ရေးနှင့် ဒုက္ခကြုံရတတ်သူတွေ တွေ့ဖူးနေသည်။
စားရေးသောက်ရေးအရေးကြီးသလို နေမှုထိုင်မှုလည်း အရေးကြီးပါသည်။ ဣနြေ္ဒသိက္ခာနှင့်
နေနိုင်ဖို့လိုသည်။ ခြေသလုံးအိမ်တိုင်လို ကားတစ်စီးနှင့် နောက်တွဲယာဉ်မှာ နေထိုင်လို့ ရကြရိုးမရှိ။
ကိုယ့်စည်းနှင့် ကိုယ့်ဝန်၊ ကိုယ့်အိမ်ယာလေးနှင့် နေကြရမှ ကိုလှသွင်တို့ မြန်မာလူမျိုးတွေ
ဘဝင်ကျကြသည်။

"ဟဲ့ အဝတ်ခြိုးခြံ အစားခြိုးခြံ လူမသိဘူး။ နေစရာမရှိရင် လူသိတယ်။ အဆင့်အတန်းမရှိကြောင်း


မောင်းခတ်စရာမလိုဘူး"

ဟု အဖွားတို့ အမေတို့ ပြောကြသတိပေးကြသည်။ သို့ကြောင့် မခင်သစ်တော်ပါသည်ဟု ကိုလှသွင်


ချီးကျူးမိခြင်းဖြစ်သည်။

"သိပ်လည်း မချီးကျူးပါနဲ့ ကိုလှသွင်ရယ်။ ကျွန်တော့်မှာက သူတစ်ကာထက် ကလေးများတော့


နေဖို့ အရေးကြီးတယ်လေ။ ဒါကြောင့် ကျောချစရာ နေရာကို အရင်လုံးပမ်းရတာပေါ့"

ဟု ရိုးရိုးလေးရှင်းပြတတ်သည်။ အမေတစ်ယောက်အနေနှင့် သားသမီးတွေ နေရေးကို စောစီးစွာ


ပူပန်စိတ်နှင့် ကြိုးစားအားထုတ်ခြင်းကို ကိုလှသွင် သဘောကျပါသည်။ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား
ပေါ့ပေါ့မတွေးဘဲ စားစရာမရှိသော်မှ နေစရာရှိဖို့ ဆုံးဖြတ်တတ်ခြင်းကို လေးစားရသည်။

"ကောင်းပါတယ် မခင်သစ်ရယ် ဒီတစ်ပြုံနဲ့ ကိုဘသိန်းနောက် တကောက်ကောက်လိုက်နေဖို့လည်း


မလွယ်လှဘူးနော်။ လိုင်းခန်းမရတဲ့နေရာဆို အိမ်ငှားနေရမှာ။ ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ဆိုတော့
ဣနြေ္ဒရတယ်။ ခွင့်ရတဲ့အခါ ကိုဘသိန်း ပြန်လာနိုင်တာပဲဗျာ"

"မခင်သစ်ရေ အိမ်ဆောက်ပြီးတာကို ကိုလှသွင်ကတော့ တဖွဖွပြောရင်း သဘောကျနေတာလေ"

typing & pdf - lucky82 59


mmcybermedia. com

ဟု မခါဥကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြသည်။ သည်လိုဆောက်နိုင်လိမ့်မည်ဟု


မခါဥကိုယ်တိုင် မထင်မိတာအမှန်။ အထင်မကြီးဘူးဟု ဆိုချင်ဆို။ လခစားတစ်ယောက်
ပြေပြေလည်လည် စားနိုင်မှန်းတော့ သိပါသည်။ ကလေးများလွန်းသောကြောင့် အိမ်တစ်လုံး
ဆောက်နိုင်မည်တော့ လုံးဝမထင်။ မိမိတို့ မထင်မှတ်မျှော်လင့်မထားသည်ကို မခင်သစ်
လုပ်ပြခဲ့လေသည်။

"ဘယ်သူလာလုပ်ပေးလဲ မခင်သစ် ဟင်. .."

မခါဥ မေးမိသည်။ သူမမှာ သားတွေချည်းရှိသည်။

"မကြော့စံ ရှာပေးလို့ မမော်ကို ခဏကူပေးဖို့ ပြောထားတယ်။ မခါဥရယ်. .. တစ်လလောက်ပေါ့။


အဝတ်လျှော် မီးပူတိုက် ထမင်းချက်ပေးဖို့လေ သားတွေက စာမေးပွဲဖြေရတော့မှာ"

"အော်. .. အော်... ကောင်းတယ်။ မိမော်က စိတ်ချရတယ်။ လုပ်လည်းလုပ်ပေးနေကျပဲ"

"ဟုတ်တယ် မခါဥ။ မြန်လည်းမြန်ပါတယ်။ တစ်လတွက်ပေါ့ အစိတ်တော့ပေးရတယ်"

ငှားသင့်လို့ ငှားရခြင်းဖြစ်သည်။ နှမြောနေလို့မရ။ တစ်လပြည့်လျှင် အစိတ်ပေးရမည်။ ထမင်းကို


မိမိတို့စားသလို ကျွေးရသည်။ ကလေးတစ်ယောက်မွေးတိုင်း လျှော်ဖွပ်ဖို့ ငှားနေကျဖြစ်သည်။
သည်အခါ မခင်သစ်နားရသည်။ သည်လိုနားရပြန်တော့လည်း မနားချင်။ ဘာမှမလုပ်ဘဲ နေရတာ
ပျင်းရိခြောက်သွေ့နေသည်။ အိပ်ချည်းလည်း မနေနိုင်။ စာဖတ်လို့လည်းမရ။ တတ်သမျှ မှတ်သမျှ
ဘုရားစာပဲ အဖန်တလဲလဲ ရွတ်နေမိသည်။

"လိုတာရှိရင်ပြော မခင်သစ်ရေ"

ဟု နှုတ်ဆက်ပြီး မခါဥပြန်သွားသည်။ မိမိတို့အပေါ် စိတ်ကောင်းစေတနာကောင်းနှင့်


ခင်မင်ကြသော မိသားစုဖြစ်သည်။ ကိုလှသွင်က ကုန်စိမ်းဒိုင်မှာ အလုပ်လုပ်သည်။
သမီးတစ်ယောက်လည်း ကုန်စိမ်းရောင်းသည်။ ဈေးမိသားစုလို ဖြစ်နေကြသည်။

စာမေးပွဲဖြေချိန်မှာ ဆူညံအောင် စာကျက်ကြသည်။ ကိုခိုင်နှင့် ခွန်လေးက အရင်ဆုံး


ပြီးသွားကြသည်။ တစ်နေ့လယ်လုံး ဆော့ကြဆူကြနှင့် မခင်သစ် နားဖြစ်သည်။ အကြီးတွေလည်း
တကုပ်ကုပ်နှင့် စာကျက်နေကြရသည်။ ကိုလတ်တို့ပြီးလျှင် ကိုဦးဖြေရမည်။ ၁၀ တန်းမို့
ကိုဦးအတွက် အရေးကြီးသည်။ စာမေးပွဲ ဖြေပြီးသည့်နေလယ်မှာ ကိုလတ်
စာအုပ်အဟောင်းတွေကို လိုက်စုသည်။ နောက်နှစ်ဆက်သုံးရမည့် ကျောင်းစာအုပ်တွေကို
သီးသန့်ဖယ်လိုက်သည်။ လေ့ကျင့်ခန်းလုပ်ထားသော ဗလာစာအုပ်အဟောင်းတွေ အကုန်စုသည်။
စာအုပ်ဟောင်းပုံနှင့် အလုပ်ရှုပ်နေသော ကိုလတ်ကို ကြည့်နေကြသည်။

typing & pdf - lucky82 60


mmcybermedia. com

"ဘာလုပ်မလို့လက
ွဲ ကိုလတ်"

ကိုဦးကို ပြုံးပြရင်း...

"အသုံးမလိုတော့တဲ့ စာအုပ်တွေလေ ကိုဦး။ ပြန်ရောင်းလိုက်မယ်။ ဒါဆို ပိုက်ဆံရမှာပေါ့


ဟုတ်ဖူးလား"

"ကိုအောင်နဲ့ ကျွန်တော် သွားရောင်းလိုက်မယ်လေ"

ကိုဦးကို မခေါ်ချင်။ လူပျိုအရွယ်မို့ စာအုပ်ဟောင်းရောင်းလျှင် ကိုဦးရှက်ချင်ရှက်လိမ့်မည်ကို


ကိုလတ်တွေးမိသောကြောင့်ဖြစ်ပါသည်။ အမေ့ကို စာမေးပွဲဖြေနိုင်ကြောင်း ပြောပြီးနောက်
ကိုလတ်အလုပ်ရှုပ်နေခြင်း ဖြစ်သည်။ စာအုပ်တွေကို လက်ဆွဲခြင်းတောင်းထဲထည့်၊ ကိုအောင်ကို
နောက်ခုံမှာ တင်ပြီး ညီအစ်ကိုနှစ်ယောက် ဈေးဘက်ထွက်လာသည်။ မသွားမီ. ..

"ကိုလတ်မရောင်းတတ်ရင် အဒေါ့်ကိုရောင်းခိုင်းလေ"

ဟု ကိုဦးမှာသည်။ အဒေါ်ဆိုသည်မှာ မခါဥကို ပြောခြင်းဖြစ်သည်။ ကိုဦး


သတိပေးလိုက်သောကြောင့် မခါဥဆိုင်ရှိရာကို ကိုလတ်တို့ ညီအစ်ကိုတွေ စက်ဘီးတွန်းရင်း
ရောက်လာကြသည်။

"ဘာလဲဟဲ့ ကိုလတ် စာမေးပြွဲ ပီးကြပြီလား"

"ပြီးပြီအဒေါ်၊ ဒီမယ် ကျွန်တော်တို့ စာအုပ်အဟောင်းတွေ အဒေါ်ရောင်းပေးမလားဟင်. .."

၁၄ နှစ်သား လူပျိုပေါက်စဆိုသော်လည်း ကိုလတ်မျက်နှာမှာ ကြီးကောင်မဝင်သေး။ ကလေးငယ်


တစ်ယောက်လို ပါးဖောင်းဖောင်း နှာတံပေါ်ပေါ်နှင့် နုပျိုဆဲသာရှိသေးသည်။ စက်ဘီးကို
ကိုင်ရပ်နေသော ကိုလတ်နှင့် စာအုပ်ခြင်းတောင်းဆွဲထားသော ကိုအောင်ကိုကြည့်ရင်း မခါဥ
ရင်ထဲနစ်သွားသည်။

"လာ... ရောင်းပေးမှာပေါ့။ မင်းတို့ရောင်းရင် ဝယ်တဲ့သူက ဈေးနှိမ်မှာ၊ အဒေါ့်ကျသိနေတော့


မနှိမ်ရဲဘူး။ ကဲ... ပေးစမ်း ဆြွဲ ခင်းတောင်းကြီး၊ ဘယ်သူလိုက်ခဲ့မလဲ၊ တစ်ယောက်တော့
အဒေါ်ဆိုင်မှာ စောင့်ရစ်မှ. .."

ထိုင်ရာမှထရင်း မခါဥပြောလိုက်သည်။ ကိုလတ်လိုက်သွားမည်ဟု တွေးရာမှ ကိုအောင်ကို


ထားခဲ့လျှင် သူများဆိုင်ကပစ္စည်း မတော်ပျောက်လျှင် အခက်ဟု တွေးမိသောအခါ...

"ကိုအောင် မင်းလိုက်သွားနော်။ အဒေါ့်ဆိုင် ကျွန်တော်စောင့်နေမယ်။ ကိုအောင်ကျတော့


ငယ်တော့ စောင့်ချင်မှ စောင့်တတ်မှာ"

"အေး... အေး... ဒါဆို ကိုလတ်စောင့်ရစ်။ လာ လူလေး အဒေါ်တို့ သွားရအောင်"

typing & pdf - lucky82 61


mmcybermedia. com

မခါဥ ဈေးဗန်းနားမှာ ထိုင်ရင်း ကိုလတ်ကျန်ရစ်သည်။ စာအုပ်ဟောင်းတွေ ဘယ်နှစ်ပိဿာရှိလဲ။


ဘယ်ဈေးရမလဲဟု ကိုလတ် တွေးနေသည်။ အမေ့ဖို့ ကြက်သားလေး ဝယ်ချင်သည်။ မီးနေသည်
အမေ ဘာဟင်းစိုစိုမှ စားတွေမတွေ့ရ။ ငါးခူငါးပိကောင်လည်း ကုန်သွားပြီ။ မခါဥပေးသော
ငါးရံ့ခြောက်လေး ဖုတ်စားတာလည်း ကုန်သွားပြီ။ ငါးရံ့ခြောက်ဖုတ်ကို ကိုအေးနှင့်
ကိုထွေးတို့လည်း ဝိုင်းစားကြသည်။ ဒန့်ဒလွန်ရွက် ဟင်းခါးနဲ့ပဲ အမေစားနေသည်။
အဖေ့ဆီကလည်း မရောက်လာသေး။ ရောက်ဖို့လည်း လိုသေးသည်။ လ မကုန်သေး။

မခါဥနှင့် ကိုအောင်တို့ သုတ်သုတ်ပြန်လာကြသည်။ ကိုအောင်က ခြင်းတောင်းလွတ်ကို ပုခုံးမှာ


ချိတ်လာသည်။

"ကဲ. .. ကိုလတ်ရေ အားလုံးပေါင်း ၇ ပိဿာရှိတယ်။ တစ်ပိဿာကို လေးကျပ်ပြားငါးဆယ်ရအောင်


မနည်းပြောရတယ်ကယ
ွ်။ ရော့ သုံးဆယ့်တစ်ကျပ်ပြားငါးဆယ်"

တစ်ဆယ်ကျပ်တန်နှင့် အကြွေလေးများကို ကိုလတ်လက်ထဲ မခါဥထည့်ပေးလိုက်သည်။


တစ်ကျပ်တန် ငါးကျပ်တန်နှင့် တစ်ဆယ်ကျပ်တန်လေးများကို ကိုလတ်ရေတွက်လိုက်သည်။
သုံးဆယ့်တစ်ကျပ်ပြားငါးဆယ်။

"ကျေးဇူးတင်ပါတယ် အဒေါ်၊ ကျွန်တော်ဈေးထဲခဏဝင်ပြီး ပြန်တော့မယ်ခင်ဗျာ"

"အေး... အေး... မင်းတို့အမေနေကောင်းတယ်နော်"

"ဟုတ်ကဲ့..."

အကူအညီပေးရသောကြောင့် မခါဥ ကျေနပ်သွားသည်။

"ဟဲ့. .. နေကြဦး၊ ရော့ ဆြွဲ ခင်းထဲ ဂေါ်ရခါးသီးထည့်ယူသွားကြ၊ ရော့. .. ငရုတ်သီးစိမ်းလေးလည်း


ယူသွား"

ထွက်လုဆဲဆဲ ညီအစ်ကိုကို ပြန်ခေါ်ပြီး ဈေးဗန်းထဲမှ ဂေါ်ရခါးသီး ၁၀ လုံးနှင့် ငရုတ်သီးစိမ်း


လက်တစ်ဆုပ်ထည့်ပေးလိုက်သည်။ တစ်ယောက်က စက်ဘီးတွန်း၊ တစ်ယောက် ဆွဲခြင်းဆြွဲ ပီး
ထွက်သွားကြသည်။ အသားတန်းဘက် ထွက်လာသည်။ နေ့လယ်ဈေးမို့ လူရှင်းနေသည်။
ကြက်သားတန်းဘက် ရောက်တော့. ..

"လာ... ကောင်လေးတွေ ဘာဝယ်မလို့လဲ"

မုတ်ဆိတ်ဖားဖားနှင့် ဖော်ရွေစွာ နှုတ်ဆက်သော ကြက်သားသည်ကို ကိုလတ်ကြည့်လိုက်သည်။


အမေ့ဖို့ ကြက်သားလေး နည်းနည်းဝယ်မည်။ ခြမ်းစိတ်ထားသော ကြက်သားပုံကို
ကိုလတ်ကြည့်သည်။

typing & pdf - lucky82 62


mmcybermedia. com

"ဘယ်ဈေးရောင်းလဲ ဦးကြီး"

"တစ်ပိဿာ ဆယ့်နှစ်ကျပ်"

"အစိတ်သားပေးဗျာ အသားများတာလေး ပေးနော်"

"ရတယ်... ရင်အုပ်ပိုင်းပေးမယ်"

အနေတော် ရင်အုပ်လေးတစ်ပိုင်းနှင့် ကြက်ခေါင်းတစ်ခေါင်း အဆစ်ထည့်ပေးလိုက်သည်။


သုံးကျပ်ဖိုး။ ဆိတ်သားစင်းကော တစ်ပိဿာ ခြောက်ကျပ်ဖိုး ဝယ်လိုက်သည်။ နေ့လယ်ပိုင်းမို့
ပိုပေးလိုက်သည်။ စက္ကူကန်တော့လေးနှင့် ထုပ်ထားသော ပုစွန်ခြောက်ထုပ်လေး
တစ်ထုပ်ဝယ်သည်။ ပြားငါးဆယ်။ ငါးခူငါးပိကောင် ဈေးမေးသည်။ တစ်ပိဿာ ခြောက်ကျပ်။
ငါးဆယ်သား ဝယ်လိုက်သည်။ အကောင်တော့ သိပ်မကြီး။ အာလူး နှစ်ပိဿာ ဝယ်သည်။
တစ်ပိဿာ သုံးကျပ်။ ညီအစ်ကိုနှစ်ယောက် ရေခဲခြစ် တစ်ယောက်တစ်ခု ဝယ်စားကြသည်။ တစ်ခု
ငါးပြား။ မရွေးတစ်ပိဿာ ဝယ်လိုက်သည်။ သုံးကျပ်။ ဆယ့်သုံးကျပ်နှင့် ပြားကိုးဆယ် ပိုသည်။

ကိုလတ် အိမ်ပြန်ရောက်တော့ ချေွး သံရွှဲရွှဲ ဖြစ်နေသည်။ အမေ့အိပ်ခန်းထဲ တန်းဝင်လာသည်။


အမေခုတင်ဘေးမှာ ကိုလတ်ထိုင်သည်။

"ငါ့သား စာအုပ်တွေ သွားရောင်းတယ်ဆို"

ကိုဦးပြောထားသောကြောင့် အမေသိနေသည်။

"ဟုတ်ကဲ့ အမေ... မလိုတော့ဘူး အမေရဲ့"

"စာမေးပွက
ျဲရင် ဘယ့်နှယ့်လုပ်မလဲ"

"မကျပါဘူး အမေရာ... ကျွန်တော်တို့အားလုံး ဖြေနိုင်ကြပါတယ်"

"ငါ့သားဖာသာ ရောင်းတာလား"

"မဟုတ်ဘူး အမေ၊ အဒေါ်ရောင်းပေးတာပါ"

"ကိုအောင်န့က
ျွဲန်တော် ရေခဲခြစ် တစ်ယောက်တစ်ခု စားခဲ့တယ်အမေ"

ကိုအောင်က ဆြွဲ ခင်းနှင့် စကောယူပြီးတစ်ခုချင်း ထုတ်နေသည်။

"ဆိတ်သားစင်းကောလည်း ဝယ်ခ့တ
ဲ ယ်အမေ။ ညီလေးတွေ စားရတာပေါ့နော်"

အမေ ခေါင်းငြိမ့်နေသည်။

typing & pdf - lucky82 63


mmcybermedia. com

"အမေ့ဖို့ ကြက်သားအစိတ်သားဝယ်လာတယ်။ ငါးခူ ငါးပိကောင်က ငါးဆယ်ကျပ်သား။


အမေ့ငါးပိကောင်က ကုန်သွားပြီ။ ပုစွန်ခြောက်လေးလည်း ပြားငါးဆယ်ဖိုး ဝယ်လာတယ်။
အမေဟင်းခါချက်ရင် ခပ်ဖို့။ အာလူးနှစ်ပိဿာနဲ့ မရွေးတစ်ပိဿာ ဝယ်လာတယ်။ ကော်ဖီမှုန့်ရယ်၊
သကြားရယ်၊ နို့ဆီရယ်က သုံးကျပ်ကျတယ်အမေ။ ဒါက ပိုတဲ့ပိုက်ဆံ တစ်ဆယ်ကျပ်တန်နှင့်
ပြားကိုးဆယ်" ကိုလတ်က အိတ်ကပ်ထဲ ထည့်လာသော ပိုငွေကို အမေ့ပေးလိုက်သည်။
ဆွဲခြင်းတောင်းနှင့် စကောကို မ,ထွက်သွားသော သားနှစ်ယောက်၏ ကျောပြင်ကို ငေးကြည့်ရင်း
လက်ဖဝါးထဲမှ ပိုက်ဆံလေးများကို မခင်သစ်ဆုပ်ကိုင်ထားမိသည်။ မခင်သစ် လက်ကလေး
ထုံနေသည်။ နှုတ်ခမ်းပါးပါးကို တင်းတင်းစေ့ရင်း မျက်ရည်ဝဲနေသည်။

ကြက်သားပြုတ်ကြော်လေးနှင့် ဟင်းခါးပူပူလေးကို စားရတော့ သားတွေမမြင်အောင် မခင်သစ်


မျက်ရည်ကျမိသည်။

"စား... အမေ နူးရဲ့လားဟင် ကောင်းရော ကောင်းရဲ့လား။ ဒေါ်မော်လာမှ ချက်ရင် အမေမနက်မှ


စားရမှာ"

ကိုဦးပြောတော့ မခင်သစ်ခေါင်းငြိမ့်ရင်း ပြုံးသည်။

"နူးပါတယ်... ငါ့သားလည်း စာကျက်ဦးနော်။ စာမေးပွဲနီးပြီ"

မခင်သစ် သတိပေးသည်။ ကိုဦး ၁၇ နှစ် ပြည့်တော့မည်။ ၁၀ တန်းအောင်လျှင် အလုပ်တစ်ခုခု


လုပ်နိုင်မည်။ မိမိတို့ အသက်ရှူချောင်နိုင်သည်။ ကျူရှင်လည်း သီးသန့်တော့ ထားမပေးနိုင်။
မသိလျှင် ဆရာတွေ သွားမေး။

"ကြိုးစားငါ့သားရယ် နှစ်ချင်းပေါက်သွားအောင်နော်"

မခင်သစ် ခုတင်ခြေရင်းမှာထိုင်ရင်း ကိုဦးအမေ့ကို ကြည့်သည်။

"ကြိုးစားပါတယ် အမေ"

ဟု ပြန်ဖြေရသည်။ မိမိကြိုးစားပါသည်။ အင်္ဂလိပ်စာနှင့် သင်္ချာတော့ ကြောက်တာအမှန်။


အဖေရှိလျှင် အင်္ဂလိပ်စာ မေးလို့ရသေးသည်။ မခင်သစ်စားပြီးသော ပန်းကန်တွေကို
ကိုဦးသိမ်းသွားသည်။

၁၀ တန်း နှစ်ချင်းမပေါက်တောင် (ခ)ကပါလျှင် အဆင်ပြေနိုင်သည်ဟု မခင်သစ်တွေးနေသည်။

typing & pdf - lucky82 64


mmcybermedia. com

ဲီးတော့ ကိုလတ်တစ်ယောက်ပဲ အလုပ်တွေ သိမ်းကျုံးလုပ်နေရသည်။ ကိုအောင်က


ကိုဦး စာမေးပွန
ငယ်သေးတော့ နည်းနည်းပဲ ကူနိုင်သည်။ ဆော့ကလည်း ဆော့ချင်သည်။ အမွှာညီအစ်ကိုနှင့်
ပူးပေါင်းမိလျှင် မီးပွင့်အောင် ဆော့ကြသည်။ ကိုဆောင်နှင့် ကိုမောင်သည် အမွှာပီပီ
သူတို့နှစ်ယောက်ထဲရှိလျှင် မည်သူမှပါစရာမလို။ ကိုအောင်နှင့် ကိုခိုင်က လာလာပူးပေါင်းရသည်။
လေးယောက်ပေါင်းသော် ဗြောင်းဆန်အောင် ဆော့ကြလေသည်။

ကိုဦး စာမေးပွဲ ဖြေပြီးသွားသည်။

"သိပ်တော့ အားရအောင် မဖြေနိုင်ဘူး အမေ"

မျက်နှာမကောင်းစွာနှင့် ကိုဦး ပြောပြသည်။ အမေ့ကို မညာချင်။ ဖြေနိုင်တယ်ပြောပြီး


မအောင်ခ့လ
ျှဲင် အမေစိတ်ဆင်းရဲဦးမည်။ စကတည်းက အမှန်တိုင်း ပြောထားတာ
ပိုကောင်းပါသည်။ ကိုဦးမျက်နှာကိုကြည့်ပြီး မခင်သစ် သက်ပြင်းချသည်။ သားငယ်လေးကို
နို့တိုက်ရင်း...

"ကံလည်း ရှိပါသေးတယ် ငါ့သားရယ် အောင်စာရင်းထွက်တော့ သိမှာပေါ့"

ဟု အားပေးပြောပြရသည်။ နောက် ၂ ရက် ၃ ရက်နေလျှင် မိမိလည်း တစ်လပြည့်ပြီ။


အိမ်မှုကိစ္စတွေကို တဖြည်းဖြည်း ထလုပ်နေသည်။ မလုပ်ဘဲလည်း မနေနိုင်။ ကိုဘသိန်းထံမှ
ငွေရောက်လာပြီ။ သားတွေထည့်သောစာ ရဟန်မတူသေး။ သားတစ်ယောက် တိုးမှန်း
မသိသေးပေ။ ငွေရောက်လာလျှင် ဆန်လောက်အောင် ဝယ်ထားလိုက်ရသည်။ ဆန် အဓိက
ထားရသည်။ ထမင်းချက်စရာ မရှိသောကြောင့် မည်သူ့ထံမှ ဆန်မချေးချင်။ ဆီ ၃ ပိဿာနှင့် ဆန်
၂ အိတ်၊ ဆန်နှင့်ဆီဝယ်ပြီးမှ မခင်သစ် စိတ်အေးရသည်။ ဒီလ မမော်ကို အစိတ်ပေးရသည်။
ဆပ်ပြာလည်း အဝတ်လျှော်များတော့ ပိုကုန်သည်။ သားတွေ ကျောင်းပိတ်တာနှင့် မိမိလည်း
မီးထွက်တာနှင့် အံကိုက်ပါပဲဟု တွေးရင်း ဘာတွေထပ်ပြီး ချွေတာရမလဲဟု စဉ်းစားနေမိသည်။
ကျောင်းဖွင့်လျှင် စရိတ်တွေ တက်ဦးမည်။

အတန်းတင်စာမေးပွမ
ှဲာ ကလေးတွေအားလုံး အောင်ကြသည်။ ကိုလတ် ၉ တန်း၊ ကိုအောင် ၇
တန်း၊ ကိုဆောင်နှင့် ကိုမောင် ၅ တန်း၊ ကိုခိုင် ၃ တန်းနှင့် ခွန်လေး ၁ တန်းတက်ကြရမည်။ ၁၀
တန်း အောင်စာရင်းထွက်သည်။ ကိုဦးကျသည်။ (ခ)စာရင်းလည်း မပါခဲ့။

ကိုဦးငိုသလို မခင်သစ်လည်း မျက်ရည်ကျရသည်။ အငယ်တွေလည်း စိတ်မကောင်းကြ။

typing & pdf - lucky82 65


mmcybermedia. com

"ငါ့သားကြိုးစားတယ်ဆိုတာ အမေသိပါတယ်။ ဒီနှစ် ဆက်ကြိုးစားပါ" ဟု မခင်သစ် အားပေးသည်။


အံတင်းတင်းကြိတ်ထားရသည်။ မျှော်လင့်မထားသော ပြဿနာများအတွက် ထာဝစဉ်
အားတင်းထားဖို့ မခင်သစ် သတိရှိနေသည်။ လုံ့လဝီရိယနှင့်အတူ ကံတရားကလည်း
အရေးကြီးပါသည်။ သားတွေ ကျောင်းစတက်မှ ကိုဘသိန်း ရောက်လာသည်။ ကလေးတွေ
ဆူညံပျော်မြူးလိုက်သည်မှာ ပွက်ပက
ွ်ညံနေသည်။ နောက်မွေးသော သားလေး ကိုပိုပင် ၅ လ
ပြည့်ခဲ့ပြီ။ ထူထူထောင်ထောင် ချီပိုးလို့ရနေပြီ။

ကိုပိုကို ရင်ခွင်ပိုက်ရင်း ကိုဘသိန်း တပြုံးပြုံးဖြစ်နေသည်။

"မန္တလေးကို တာဝန်န့လ
ဲာရင်း ခွင့်တောင်းလာရတာ။ သီးသန့်ခွင့်တော့ မဟုတ်ဘူး"

ဟု ပြောပြသည်။ ၄-၅ ရက်နေပြီး ပြန်ရမည်။

"အစ်ကိုလှရင်တို့လည်း နေကောင်းကြတယ်။ မမပြုံးကတောင် သတိရလို့ မှာလိုက်သေးတယ်


မခင်သစ်"

ကိုလှရင်သည် ကိုဘသိန်းနှင့် ညီအစ်ကို ဝမ်းကွဲတော်ကြသည်။

"သူ့ကလေးတွေလည်း ကြီးနေကြပြီ။ အေးလေ... ကိုအောင်တို့ ညီအစ်ကိုနဲ့ မတိမ်းမယိမ်းတွေပေါ့"

ကိုလှရင်နှင့် မပြုံးကြည်သားသမီးများမှာ မခင်သစ်သားတွေနှင့် မတိမ်းမယိမ်းရှိကြမည်။ သူတို့က


သား၂ ယောက် သမီး ၂ ယောက်သာ ရှိကြသည်။ ကိုလှရင်က အရာရှိမို့ ပြည့်စုံကြသည်။

"ကလေးတွေလည်း ခေါ်ချင်ခေါ်ဖို့တောင် ပြောနေသေးတယ်။ သူတို့အိမ်မှာ လာနေတဲ့"

ကိုဘသိန်း ရင်ခွင်ထက
ဲ ကလေးအိပ်ပျော်နေပြီ။ ကိုပို့ကိုယူပြီး ပုခက်ထဲ ထည့်လိုက်သည်။

"ကျောင်းပိတ်ချိန် ခေါ်သွားလို့ရပါတယ်"

ဟု ကိုဘသိန်းဆက်ပြောသည်။ မခင်သစ် ဘာမှပြန်မပြော။ ပြောလည်းမပြောချင်။

"မင်း... နားကပ်ရော"

မခင်သစ်နားမှာ နားပေါက်ဟောင်းလောင်းဖြစ်နေမှန်း ယခုမှ ကိုဘသိန်း မြင်သည်။ မခင်သစ်


နားရွက်ကိုကိုင်ရင်း...

"ကျောင်းဖွင့်တော့ ငွေလိုတယ်လေ... ပေါင်လိုက်ရတယ်"

ကိုဘသိန်း သက်ပြင်းချလိုက်မိသည်။ အိမ်မှာ ငွေပိုငွေလျှံမရှိမှန်း သူသိပါသည်။ ကျောင်းဖွင့်လျှင်


စာအုပ်ဖိုးကိုက အတော်ကုန်သည်။ မိမိကလည်း သုံးရာထက် ပိုမပို့နိုင်။

typing & pdf - lucky82 66


mmcybermedia. com

"ရှိတဲ့ငွေထက
ဲ ပဲ ရွေးလိုက်ပါကွာ"

ကိုဘသိန်းပြောမိသည်။ နားပေါက်ဟောင်းလောင်း ဖြစ်နေတော့ မမြင်ရက်။

"အင်း... ရွေးမှာပါ။ နှစ်ဆယ့်ငါးကျပ်နဲ့ ပေါင်လိုက်ရတာလေ"

သက်ပြင်းချရင်း မခင်သစ်ပြောပါသည်။ နားကပ်လေးရှိနေသေးတာကို ဝမ်းသာနေရသည်။ မရှိလျှင်


ဘယ်ကသွားရှာရမည် မသိနိုင်။

"ရထောင်(ရွာထောင်)ကလည်း ဘာမှ မလာဘူးလား"

"မလာဘူး။ အိမ်ဆောက်တုန်းက သုံးရာတစ်ခါပို့ပေးတယ်။ စာတော့ ထပ်ရေးထားတယ်။


ကိုဘသိန်းရယ်။ ကျွန်တော်ကလည်း သွားမှ မသွားနိုင်"

၎-၅ ရက်နေပြီး ကိုဘသိန်း ပြန်သွားသည်။ မခင်သစ်လည်း နားကပ်လေးပြန်ရွေးပြီး ပန်ထားသည်။


ငွေလိုတော့လည်း ထပ်ပေါင်တာပေါ့ဟု ဆုံးဖြတ်ထားသည်။ ရွှေထက် ကျောက်စိမ်းလေးက
အရည်ကောင်းလှသည်။ အမေကိုယ်တိုင် ရွေးဝယ်ပေးခြင်းဖြစ်သည်။ တစ်လုံးထဲက
ဖြတ်ထားသော အသွေးတူ အရည်တူ ကျောက်စိမ်းဖြစ်သည်။

"သမီးအနေနဲ့ ကျောက်စိမ်းနဲ့တည့်တယ်လို့ ဗေဒင်ကပြောလို့ အမြဲဝတ်ထား သိလား"

ဟု ပြောပြီး ဆင်ပေးခြင်းဖြစ်သည်။

"ပွဲတွေဘာတွေ ရှိမှ စိန်တို့ ပတ္တမြားတို့ ပန်၊ ဒီကျောက်စိမ်းလေးတော့ အမြဲဝတ်ထားနော်။


အဆောင်ပေါ့ ခင်သစ် မှတ်ထား။ မေ့မပစ်နဲ့"

ဟု အမေပြောခဲ့သည်။ သည်တုန်းကတော့ စိန်တို့ ပတ္တမြားတို့ ဝတ်ဆင်နိုင်ခဲ့သည်။ ပေါများခဲ့သည်။

ကိုဘသိန်းတစ်ခေါက်ရောက်လာသည်။ ထိုအချိန်တွင် ကလေးတွေ ဒုတိယအစမ်းနီးပြီ။

"ဒီနွေကျောင်းပိတ်ရင်တော့ လိုက်ခြဲ့ ကကွာ။ အလှည့်ကျပေါ့"

နွေကျောင်းပိတ်လျှင် သား ၃ ယောက်လောက်တော့ ရွှေညောင်ခေါ်သွားဖို့ ကိုဘသိန်း


စိတ်ကူးသည်။

"ကျွန်တော်တော့ မလိုက်တော့ဘူး အဖေ။ ဒီနွေစာမေးပွဲပြီးရင် ရုံးတစ်ရုံးမှာ လုပ်အားပေးမလားလို့"

"ဘာဖြစ်လို့လက
ွဲ. .."

typing & pdf - lucky82 67


mmcybermedia. com

"(ခ)စာရင်းကပါလည်း အလုပ်တစ်ခုခု လုပ်မလားလို့ အဖေ၊ မအောင်တော့လည်း အပြင်ကဖြေရင်


ရတာပဲ"

ကိုဦးက သူ့စိတ်ကူးကို ပြောပြသည်။ သူ့အောက်က အငယ်တွေရှိသေးသည်။ သူတို့ပညာရေးကို


မိမိကြည့်ဖို့လိုသည်ဟု ထင်သည်။ အမေက ဘာမှမပြော။ ဒါပေမယ့် အမေပင်ပန်းတာ
ကိုဦးသိနေသည်။ အဖေကလည်း ဘယ်တော့ ပြန်ပြောင်းရမည်မသိနိုင်။ တစ်ကွဲတစ်ပြားစီနေရင်း
အမေ့မှာ ကလေး ၁၀ ယောက်နှင့် ရုန်းကန်နေရသည်။ အဝေးမှာ အဖေလည်း ချွေတာရမည်ကို
ကိုဦးနားလည်ပါသည်။ အဖေက တစ်ယောက်ထဲနေပြီး ချွေတာရသည်။ အမေက မိမိတို့သားသမီး
တစ်ပြုံနှင့် နေ့စဉ်တက
ွ်ချက်ပြီး ချေတ
ွာရသည်။ ကျောင်းစရိတ်နှင့် စားသောက်စရိတ်။ ဒီကြားထဲ
ကလေးတွေဖျားနာလျှင် အမေခက်တော့သည်။

"ကိုဦးရာ ဆယ်တန်းအောင်ရင် ကျွန်တော်အလုပ်လုပ်ချင်ပြီ"

ကိုလတ် ပြောသည်။ ဒီနှစ်ကိုလတ် ၉ တန်းရောက်ပြီ။

"ဘာဖြစ်လို့လက
ွဲ။ မင်းအသက်နဲ့ ဘယ်အလုပ်လုပ်လို့ ရဦးမှာလဲ၊ ၁၈ နှစ်မှ မပြည့်သေးတာ"

"ဟုတ်လား... ဒုက္ခပါပဲ။ ကျွန်တော်က အလုပ်လုပ်ရင် ကောင်းမလားလို့ စဉ်းစားနေတာ။


အမေလည်း ပင်ပန်းတယ်နော်"

ကိုလတ်သက်ပြင်းချရင်း ပြောမိသည်။ ဝင်ငွေရသော အလုပ်ကို အမေမလုပ်နိုင်ပါ။ သို့သော်


အိမ်မှာစားဝတ်နေရေးအတွက် လုပ်ရသည်။ ငွေက အဖေ့ဝင်ငွေတစ်ခုတည်း ရှိသည်။ မိမိတို့
ညီအစ်ကို မောင်နှမကလည်း များလှသည်။ မိမိတို့ထဲက တစ်ယောက်ယောက် အလုပ်လုပ်နိုင်လျှင်
အမေ့အတွက် အသက်ရှူချောင်လိမ့်မည်။ ဒီပုံဆို ၁၀ တန်းအောင်တောင် မိမိအသက် (၁၈) နှစ်
မပြည့်နိုင်သေး။ အခုမှ (၁၅) နှစ်ပဲရှိသေးသည်။ ကိုဦးက ကိုလတ်ကို ကြည့်လိုက်သည်။
အငယ်ပေမယ့် ကိုလတ်က မိမိထက် မိမိမိသားစုအတွက် ပူပင်တတ်သည်။ ယခုလည်း
မိမိမစဉ်းစားမိတာကို ကိုလတ်စဉ်းစားသည်။ ဒီနှစ် ၁၀ တန်းကို အောင်လျှင် (သို့မဟုတ်) ခ
ကပါလျှင်တောင် မိမိအလုပ်ဝင်လုပ်နိုင်သည်။ အိမ်အတွက် အထောက်အကူရလိမ့်မည်။
အနည်းဆုံးတော့ (ခ)က ပါအောင်တော့ မိမိကြိုးစားရပေမည်။

"ပူမနေပါနဲ့ ကိုလတ်ရာ။ ဒီနှစ် ကိုဦး ၁၀ တန်းအောင်ရင် အလုပ်ဝင်လုပ်မယ်။ ဒါဆို မင်းလည်း


စိတ်အေးအေး ကျောင်းတက်နိုင်တာပေါ့။ အိမ်အတွက်လည်း နည်းနည်းတော့ ဝင်ငွေ
တိုးတာပေါ့ကွာ ၊ ဟုတ်လား"

ကိုလတ် မျက်လုံးတောက်ပသွားသည်။

"အမေ့အတွက်ပါ ကိုဦးရာ။ အမေပင်ပန်းတယ်နော် ကျွန်တော်လည်း အောင်အောင် ကြိုးစားမှာပါ။


အောင်လို့ အသက်မီတ့အ
ဲ ချိန်ကျ အလုပ်ဝင်လုပ်မယ်"

typing & pdf - lucky82 68


mmcybermedia. com

ယတိပြတ် ကိုလတ်ပြောလိုက်ရှာသည်။ တကုန်းကုန်းနှင့် အမေအလုပ်လုပ်နေရှာပါသည်။


အမေ့ပုံစံလေးနှင့် အမေ့အင်အားလေးနှင့် မိမိတို့ညီအစ်ကို မောင်နှမတစ်တွေအတွက် ဒီမျှလုပ်နိုင်
အပင်ပန်းခံနိုင်တာကို မိမိအံ့သြပါသည်။ ချီးကျူးပါသည်။ အမေ့မေတ္တာကို မိမိသိပါသည်။ အမေ
ပင်ပန်းဆင်းရဲခံနေသမျှ အမေ့မေတ္တာတွေမှန်း မိမိနားလည်ပါသည်။

"ဒါဆို ကိုလတ်နဲ့ အငယ်နှစ်ယောက် လိုက်မှာလား"

အဖေ့မေးသံကြောင့် ကိုဦးနှင့် ကိုလတ် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။

"ကိုဦး လုပ်အားပေးမှာဆို. .. အိမ်မှာ ကျွန်တော်ရှိမှဖြစ်မှာ အဖေ။ အမေ့ကို ကူမယ့်သူမရှိဘဲ


နေမယ်"

ကိုလတ်စကားကြောင့် ကိုဘသိန်း စဉ်းစားနေသည်။ အကြီးတစ်ယောက်ယောက်တော့ အိမ်မှာ


ရှိနေရမည်။ ကိုဦးလုပ်အားပေးနေလျှင်. ..

"အေး... ကိုအောင်နဲ့ အမွှာနှစ်ယောက် လိုက်ခဲ့ပေါ့"

"ဟေး... လိုက်မယ် လိုက်မယ်"

မခင်သစ်ကတော့ ဘာမှမပြော။ သူ့သားတွေ သူခေါ်သွားတာပဲ။ အဆင်ပြေအောင်တော့


သူထားမှာပါဟု စိတ်ချလိုက်သည်။ ရွာထောင်က သီးစားခငွေ တစ်ရာ့ငါးဆယ်ကျပ်
ရောက်လာသည်။ ရသမျှပေါ့ဟု မခင်သစ် စိတ်ဖြေလိုက်သည်။ ဒီငွေလေး တစ်ရာ့ငါးဆယ်ကိုပဲ
ခြေစောင့်လက်စောင့် ထိန်းသိမ်းထားရသည်။ အရေးကြုံလို့မှ မိမိမှာ တစ်ပြားတစ်ချပ်မှ မရှိလျှင်
မဖြစ်။ ကျောင်းလခလည်း ကိုလတ်ငါးကျပ်၊ ကိုဦးခြောက်ကျပ် ပေးရသည်။ ဗလာစာအုပ်ကုန်လျှင်
ခဲတံ၊ မှင်အိုးကုန်ကြလျှင် မိမိတက
ွ်ရ၊ ချက်ရလျှော့သုံးရပြီ။ လျှော့သုံးရလွန်းသောကြောင့်
ကလေးတွေလည်း လဆန်းရက် ငွေရောက်သည့်ရက်ကလေးပဲ အသားဟင်းလေး စားရရှာပါသည်။
ညည်းညည်းညူညူမရှိ။ စားနေကြတာကို ကျေးဇူးတင်ရသည်။

ကိုပိုလေး ကျန်းမာသည်။ မတ်ရပ်စမ်းနေပြီ။ ကလေးတွေ ဒုတိယအစမ်းဖြေဆဲမှာ ကိုဘသိန်း


ပြန်သွားသည်။

"စာမေးပြွဲ ကီးဖြေပြီးရင် အဖေလာခေါ်မယ်"

ဟု ပြောသွာသည်။ ကိုအောင်နှင့် အမွှာညီအစ်ကို ပျော်မြူးနေကြသည်။

typing & pdf - lucky82 69


mmcybermedia. com

မခင်သစ် အိမ်လေးသည် နေသားကျ ဆေးသားဝပြီး ထရံတွေ မဲမှောင်နေသလို


ဧည့်ခန်းကြမ်းခင်းလည်း ဖိတ်ဖိတ်တောက်နေသည်။ သည်ကြမ်းပြောင်ပြောင်ကို မခင်သစ်
အလွန်နှစ်သက်သည်။ ဖုံမတင်အောင် ခြေရာမထင်အောင် အမြဲတမ်း အဝတ်စုတ်တစ်စနှင့်
ပွတ်တိုက်နေတတ်သည်။ သူမ တကုန်းကုန်းနှင့် ပွတ်တိုက်နေတာ မြင်သောကြောင့်
သားတွေလည်း ခြေရာမထင်အောင် ဂရုစိုက်ကြသည်။ ဖြစ်နိုင်လျှင် အိမ်ရှေ့ကမတက်။
နောက်ဖေးလှေကားမှ အိပ်ခန်းထဲ ဝင်တတ်ကြသည်။

"ဧည့်ခန်းကြမ်းလေး ပြောင်နေတော့ ကျက်သရေတစ်မျိုးရှိတာပေါ့ ငါ့သားတို့ရယ်"

ဟု မခင်သစ်ပြောလေ့ရှိသည်။ မရှိရှိတာလေးတွေကို ပြောင်လက်သန့်စင်နေအောင်


မခင်သစ်ထားလေ့ရှိသည်။ မက်မောတွယ်တာလွန်းသောကြောင့် မဟုတ်။ ရှိပစ္စည်းကို စနစ်တကျ
သုံးစွဲချင်သောကြောင့် ဖြစ်သည်။ ဘုရားစင်ကိုလည်း တတ်နိုင်သမျှသော ပန်းရေချမ်းနှင့်
ကြည်ညိုဖွယ်ဖြစ်အောင် တတ်သမျှ ပြင်ဆင်ထားသည်။ သားတွေကိုလည်း ဘုရားမှန်မှန်
ရှိခိုးစေသည်။ လူကြီးသူမကို ရိုရိုသေသေ ဆက်ဆံစေသည်။

"ငါ့သားတွေ အပြောရိုင်း၊ အမူအရာရိုင်းတော့ မဖြစ်ပါစေနဲ့နော်"

ဟု မကြာခဏ သတိပေးလေ့ရှိသည်။ မခင်သစ်သိပါသည်။ ပြည့်ပြည့်စုံစုံမရှိခြင်းက


သူမသားတွေကို ရိုသေကျိုးနွံစေသည်။ ရိုသေကျိုးနွံတတ်ခြင်းကို သဘောကျသော်လည်း
အားငယ်သိမ်ဖျဉ်းစိတ်ဝင်မှာတော့ သူမ စိုးရိမ်ပါသည်။

"ရိုးသားမယ် ကြိုးစားမယ်ပေါ့ ငါ့သားတို့ရယ်။ အမေတို့ ဆင်းရဲတာကိုတော့ အားမငယ်ကြနဲ့နော်"

ဟု စိတ်မကောင်းစွာ ပြောတော့ သားတွေ မျက်နှာမကောင်းကြ။ အမေငယ်ငယ်က


ချမ်းသာခဲ့ပါတယ်ဟု ပြောလျှင် သားတွေယုံကြပါ့မလားဟု တွေးရင်း မခင်သစ်
ရင်ထဲတစ်ဆို့နေသည်။ မခင်သစ်အားလုံးကို မေ့ထားပါသည်။ လက်ရှိအခြေအနေကိုပဲ
အားတင်းလက်ခံထားသည်။ သားတွေကို ပြည့်ပြည့်စုံစုံ ထားချင်ပါဘိဟု တွေးမိတော့
အံကြိတ်ရှာသည်။ မိမိအမေနှင့် အဖေက ထားနိုင်ခဲ့ကြသည်။

အဝတ်နမ
ွ်းကြသည်။ အစားဆင်းရဲကြသည်။ ထို့ကြောင့်လည်း နွမ်းသောအဝတ်ကို
ဖြူစင်သပ်ရပ်အောင် လျှော်ဖပ
ွ်သလို ပင်ပန်းခံပြီး မီးပူတိုက်ပေးသည်။ နွမ်းသော်လည်း
သပ်ရပ်သန့်ရှင်းမှုနှင့် နေတတ်ကြောင်း တစ်နည်းတစ်ဖုံ သိစေချင်ပါသည်။ ယောက်ျားလေးတွေ
ချည်းမို့ ၃-၄ စုံချုပ်ပေးလျှင် လှည့်ပတ်ဝတ်လို့ရကြသည်။ သည်လိုပဲ ဝတ်ကြရှာပါသည်။

typing & pdf - lucky82 70


mmcybermedia. com

ချမ်းသာဖူးသောကြောင့် ဆင်းရဲသည့်ဒဏ်ကို ပိုခံရသည်။ နှိုင်းယှဉ်လို့ရသည်။ ဘဝကံ


အကြောင်းပဲဟု မခင်သစ် ဖြေပါသည်။ အလှူအတန်းမှ မလုပ်နိုင်သောဘဝကို မိမိရောက်နေသည်။
မရှိလို့မလှူရင်း မလှူလို့ မရှိရင်းနှင့် ချာချာလည်နေလေသလားဟု ထင်မိသည်။
ဆွမ်းခံကိုယ်တော်တစ်ပါးသာ ဆွမ်းလေး၊ ဆွမ်းဟင်းလေး ဖဲ့လောင်း ဖဲ့လှူနေရသည်။
ပဲပြုတ်ချက်ပေါ့။ ခရမ်းချဉ်သီးချက်ပေါ့။ တပည့်တော်မတို့ မိသားစုအားလုံး ဒါပဲစားရတော့
ဒါပဲလှူနိုင်သည်။ စိတ်မချမ်းသာ။ ရိုရိုသေသေပြားပြားဝပ်ဝပ် ရှိခိုးရင်း ဘုန်းကြီးပေးသော ဆုကို
ခံယူရသည်။ ဒီလောက်လေးလှူပြီး နိဗ္ဗာန်ချမ်းသာနှင့် မထိုက်တန်ပါဘူးလေဟု ရံဖန်ရံခါ
တွေးမိတတ်သေးသည်။ အစဉ်အမြဲကတော့ သားသမီးတွေ၏ စားဝတ်နေရေးအဆင်ပြေမှုကိုပဲ
နိစ္စဓူဝ တွေးတောပူပန်နေရသည်။ နေရေးတော့ မပူပင်ရတော့။ နေစရာအိမ်အမိုးအကာ
အောက်မှာ နေထိုင်ရခြင်းကို အမြဲကျေးဇူးတင်နေမိသည်။ ဝင်းလေးခြံလေးနှင့် အိုးအိမ်လေးနှင့်
သိက္ခာရှိရှိ နေနိုင်သည်ကို ဘုရားကျေးဇူးပဲဟု ဝမ်းသာနေသည်။

ကျူရှင်မတက်နိုင်သော ကိုလတ်က အတန်းပိုင်ဆရာအိမ် ညဥ့်အိပ်သွားပြီး စာသင်ရမေးရသည်။


အတန်းပိုင်ဆရာက လူပျိုမို့ စာလာမေးသော ကျောင်းသားများကို သူ့အိမ်မှာ အိပ်ခိုင်းပြီး
စာသင်ပေးသည်။

"ငါ့သားရယ် ဆရာ့ဝတ်ကြီးဝတ်ငယ်လည်း ပြုစုနော်။ ပင်ပန်းခံပြီး သင်ပေးရတာ။ ညပိုင်းဆိုတာ


လူတိုင်းရဲ့ အားလပ်ချိန် နားချိန်မို့လား"

"ဟုတ်က့အ
ဲ မေ... ကျွန်တော်ကူလုပ်ပေးပါတယ်။ ဆရာကလည်း ကျွန်တော့်ကိုချစ်ပါတယ်"

"ငါ့သားတစ်ယောက်တည်းလား"

"ကျွန်တော့်သူငယ်ချင်းနှစ်ယောက်လည်း ပါပါတယ် အမေ"

"အေး... အေး ကြိုးစားနော်င့ါသား၊ တစ်နှစ်တစ်တန်းအောင်စေချင်တာပဲ"

ဟု မခင်သစ်ပြောမိသည်။

"အောင်ပါတယ် အမေရယ်။ ကျွန်တော်က ဆယ်တန်းအတွက် အခြေခံရအောင် ဆရာ့ဆီ


သွားသင်နေတာပါ"

ရှေ့နှစ်တွေအတွက် ကိုလတ်ကြိုပြီး ကြိုးစားနေခြင်းဖြစ်သည်။

"ကိုဦးတစ်နှစ်ကျသွားတော့ အမေ အတော်အားငယ်သွားတာ"

ကိုလတ်မျက်နှာကြည့်ပြီး မခင်သစ် ပြောမိသည်။

typing & pdf - lucky82 71


mmcybermedia. com

"ဒီနှစ်တော့ ကိုဦးလည်း အောင်မှာပါ အမေရာ အတွေ့အကြုံလည်း ရသွားပြီမို့လား။ ဆယ်တန်းမှာ


တစ်နေတဲ့သူတွေ အများသားအမေရဲ့"

"အေးပါ အမေသိပါတယ်။ ကြိုးစားပေါ့ငါ့သားရယ်။ သားတို့နောင်ရေးအတွက် ညီတွေ


အတွက်ရောပေါ့။ ရှေ့က အစ်ကိုတွေက ကြိုးစားထားမှ နောက်က အငယ်တွေက နမူနာ
ယူမှာလေ"

အကြီးတွေခြေရာကို အငယ်တွေနင်းလိမ့်မည်ဟု မခင်သစ် ယူဆထားပါသည်။ သားကြီးတွေ


ဖြောင့်ဖြောင့်လမ်းကို သားငယ်တွေလည်း လိုက်ပါလိမ့်မည်။

"ငါ့သားတော့ အမေစိတ်ချပါတယ်"

မခင်သစ်ပြုံးရင်း ပြောသည်။ ကိုလတ်သည် အသက်ငယ်သော်လည်း အေးဆေးစွာ


ကြိုးစားတတ်သည်။ ဇွဲရှိသည်။ ကျိုးနွံတတ်ခြင်းနှင့်အတူ မခံချင်စိတ်လည်း ရှိသည်။ သည်သား
ထူးချွန်လိမ့်မည်ဟု အမေ ထင်ထားသည်။

"ကိုအောင်ရော၊ ကျောင်းမှာ အတော်ဆော့ရဲ့လား။ သူက စာတော့ သိပ်ဝါသနာမပါဘူးနော်"

ကိုအောင်က ပေါ့ပေါ့ဆဆနေတတ် လုပ်တတ်သည်။

သူလည်း တစ်နှစ်တစ်တန်းတော့ အောင်ပါတယ် အမေရာ

"အတန်းငယ်သေးတာကိုး ငါ့သားရဲ့၊ နည်းနည်းအတန်းကြီးလာရင် ကျနေမှာစိုးတာ။


ငါ့သားသင်ပေးတာရော နားထောင်ရဲ့လား"

"ထောင်ပါတယ်အမေ"

ဒါပေမယ့် အပျင်းထူတာ၊ အကြောင်းအမျိုးမျိုးပြ ချောင်ခိုချင်တတ်တာတော့ ထည့်မပြောတော့။


အမေ စိတ်မကောင်းဖြစ်မှာစိုးသည်။

"ကိုအောင် အပျင်းမကြီးနဲ့ကွာ ။ အမေသိရင် စိတ်ဆိုးလိမ့်မယ်"

ဟု ပြောရင်တော့ ပျာပျာသလဲ လုပ်တတ်ပါသည်။ သို့သော် ပြောတုန်းခဏ။

"တော်ပြီ ကိုလတ်ရာ။ ဒါလောက်ဆို ရပါပြီ"

ဟု လတ်စသတ်ချင်သည်။ တန်းလန်းထားချင်သည်။ အပေါင်းအသင်းများပြီး ပျော်ပျော်ပါးပါး


နေချင်တတ်သည်။

"ဒီနှစ် ကိုဦးအောင်ဖို့လိုတယ် ငါ့သားရဲ့"

မခင်သစ်ပြောလိုက်မိသည်။ အောင်စေချင်သည်။ အချိန်နှင့် ကျောင်းစရိတ်၊ အသက်အရွယ်။

typing & pdf - lucky82 72


mmcybermedia. com

"အောင်မှာပါ အမေရာ။ ကိုဦးလည်း ကြိုးစားပါတယ်"

"အေး... အေး... ငါ့သားတွေ ကြိုးစားကြမှ အမေစိတ်အေးရမှာ။ အမေတို့ မိသားစုက များတော့


တက်ညီလက်ညီရှိမှ အမေတို့ လှော်ရင်းမနစ်မှာလေ။ သူများနဲ့ တန်းတူရည်တူ နေနိုင်
စားနိုင်ကြမှာပေါ့ ငါ့သားရယ်။ ခုတော့ အမေတို့က အဖေ့လုပ်စာ တစ်ခုတည်းနဲ့
ရပ်တည်နေကြတာမို့လား"

မခင်သစ်ပြောမိသည်။ ဒီလိုတစ်ခါမှ မပြောဖူး။ သားတွေငယ်သေးသောကြောင့် ပြောမပြခြင်း


ဖြစ်သည်။ အခုတော့ အတန်းလည်းကြီးလာပြီ။ အသင့်အတင့်လည်း တွေးခေါ်တတ်ပြီဟု
သူမယုံကြည်ပါသည်။

"စိတ်ချပါ အမေရာ။ ကျွန်တော်ကြိုးစားမှာပါ"

စာမေးပွဲတွေဖြေပြီး ကိုအောင် ကိုဆောင်နှင့် ကိုမောင်တို့ကို ကိုဘသိန်းခေါ်သွားသည်။ တစ်နွေလုံး


ရွှေညောင်မှာ ထားမည်ဟု ပြောသွားသည်။ ကိုပိုကို နို့ဖြတ်လိုက်တော့ မခင်သစ်ဗိုက်ထမ
ှဲာ
နောက်တစ်ယောက် ရှိနေပြီ။

"ကျွန်တော်တို့ ပျော်ကြတယ် အမေ။ အိုးငှားပြီး ထမင်းချက်စားကြတယ်။ အဖေက ချက်တယ်။


တောင်ကြီးက အဘကြီးရင်တို့ဆီ တစ်ခေါက်ရောက်တယ်။ ကြီးကြီးပြုံးကလည်း အမေတို့ကို
သတိရပါတယ်တ့။ဲ ဒီမှာ စန်းစန်းတို့ သန်းသန်းတို့နဲ့ လျှောက်လည်ကြတယ်"

ကိုအောင့်စာကိုဖတ်ပြီး မခင်သစ်ငေးနေသည်။ ကြီးကြီးပြုံးက သတိရတယ်ဆိုသောကြောင့်


ပြုံးချင်သွားသည်။ မိမိကလည်း သတိရပါသည်။ ရသမှ ဟိုးတုန်းကအကြောင်းတွေကို သတိရခြင်း
ဖြစ်သည်။ ပြုံးချင်သည်။ သို့သော် မဲ့ပြုံးပဲပြုံးနိုင်မည်ထင်ပါသည်။

ပုခုံးကိုလာဖက်သော ကိုပိုကို ရင်ခွင်ထဲထွေးပိုက်လျှက်။

"ငါ့သား ဆာနေပြီလား။ ထမင်းစားမလား"

ဟု မေးလိုက်သည်။

"အမေ... ထင်းဝယ်ဦးမလားတဲ့"

ထင်ဖောက်သည် လှည်း လာမေးသည်။ ကိုလတ်အသံကြောင့်. ..

"အေး... င့ါသားရေ သုံးလှည်းစာလောက် ပို့ပေးလို့ပြောလိုက်ကွာ။ ရှိတော့ရှိပါသေးတယ်။ အမေတို့


ဝယ်ထားရအောင်"

typing & pdf - lucky82 73


mmcybermedia. com

ဟု မခင်သစ်ပြောလိုက်သည်။ ဝယ်တော့ထားရမည်။ နွေမှာ ထင်စုထားရမည်။ ထင်းစိုတွေမို့


ခွဲပြီးလှမ်း။ မိုးတွင်းမှာ ထင်းပြည့်စုံနေမှ ဖြစ်မည်။

"ဘယ်ဈေးတဲ့လဲ င့ါသား"

မီးဖိုထဲဝင်လာသော ကိုလတ်ကို မခင်သစ်မေးလိုက်သည်။

"ခါတိုင်းလိုပဲ ငါးကျပ်တအ
ဲ့ မေ။ ညနေလာပို့မယ်တဲ့"

"အေး... အေး... ကိုဦးအားတဲ့နေ့ကျမှ ညီအစ်ကိုနှစ်ယောက် ခွဲကြတာပေါ့"

"ကျွန်တော်နိုင်သလောက် ခွပ
ဲါ့မယ်အမေ။ ကိုဦးကလည်း ရုံးတစ်ဖက်နဲ့မို့လား"

"ပြန်လာတော့ပေါ့ကွာ "

မခင်သစ်ပြောလိုက်ပါသည်။ ကိုဦးလုပ်အားပေးနေသည်။ နေ့စဉ် ရုံးတက်ရုံးဆင်းနေရသည်။


အလုပ်သမားမှတ်ပုံလည်း တင်ထားသည်။ လုပ်အားပေးနေသောကြောင့် အလုပ်ခန့်သည့်အခါ
အခွင့်အရေးပိုရသည်။ စာမေးပွဲ အောင်ပါစေဟု မခင်သစ် ဆုတောင်းနေရသည်။

ကိုလတ်တစ်ယောက်ထဲ ထင်းမခွဲစေချင်။ ကိုလတ်က နည်းနည်းတော့ညှက်သည်။


လူပျိုပေါက်ပေမယ့် ကလေးရုပ်ကလေးပင် မပျောက်ချင်။ ထင်းပေါက်ခြမ်းကို
နှစ်စိတ်သုံးစိတ်ရအောင် ခွဲရတာ သိပ်မလွယ်။ အစိုမို့ ခွဲရလွယ်သည်ထား ထင်းခြမ်းသုံးရာကို ခွဖ
ဲို့
တစ်ယောက်ထန
ှဲင့် မဖြစ်သေး။

"ငါ့သား နိုင်သလောက်ပဲ ဖြည်းဖြည်းခွဲပါ။ ထင်းတွေရှိပါတယ်။ အမေစုတ့သ


ဲ ဘောနဲ့ ဝယ်တာပါ။
ကိုဦးအားရင်လည်း ခွလ
ဲိမ့်မယ်နော်"

"ဟုတ်က့အ
ဲ မေ"

"ကျွန်တော်လည်း ခွမ
ဲ ယ်ဗျာ"

ကိုခိုင်ဝင်ပြောသည်။ ဆော့ရာမှ မီးဖိုထဲရေဝင်သောက်ခြင်းဖြစ်သည်။ ကိုခိုင် ခွန်လေးနှင့်


ကိုအေးတို့ ဆော့နေရာမှာ ကိုထွေးလည်း ရှိနေသည်။ အမေ့နားမှာ ကိုပိုတစ်ယောက်ပဲ
ကပ်နေသည်။

"ခွဲတော့မခွန
ဲ့ဲ ငါ့သားလုပ်ချင်ရင် ကူသယ်ပေးလိုက် ဟုတ်လား"

"ဟုတ်က့အ
ဲ မေ... ကိုလတ်ထင်းလာရင် ကျွန်တော်ကူသယ်ပေးလိုက်မယ်။ အားရှိပါတယ်ဗျ။
တွေ့လား"

typing & pdf - lucky82 74


mmcybermedia. com

ဘာမှမရှိသော လက်မောင်းသားကို ကွေးပြသည်။ စွပ်ကျယ်လက်ပြတ်နှင့် ကိုခိုင် အသားညိုသည်။


ဗိုက်လေးရွှဲသည်။

တကယ်တမ်း ထင်းသယ်တော့ ကိုခိုင်ရော ခွန်လေးပါ ဝိုင်းသယ်ပေးကြသည်။ ကိုအေးကလည်း


တစ်ဖက်တစ်ချောင်းစီဆွဲရင်း အကြီးတွေ သုံးလေးခေါက် သူတစ်ခေါက်တော့ သယ်ရှာသည်။

"အောင်စာရင်းထွက်ပြီးတဲ့အချိန်တော့ အလုပ်တွေခေါ်မယ်ပြောတယ် အမေ"

ညစာစားပြီး အမေနှင့် ညီအစ်ကိုတစ်စု ဧည့်ခန်းကြမ်းပြင်မှာ ဝိုင်းထိုင်နေကြသည်။


ကိုဦးပြောလိုက်သည်။ အောင်စာရင်းတွေထွက်လျှင် အလုပ်တွေ ခေါ်ကြမည်။ များများတော့
မဟုတ်။ မိမိလုပ်အားပေးနေသော ရုံးမှာ စာရေး ၂ နေရာပဲ လပ်သည်။ တချို့ရုံးမှာ ၁ နေရာစီ။
အရောင်းဈေးသည်နေရာတွေတော့ လစ်လပ်တာရှိသည်။ ပြည်သူ့ဆိုင်အရောင်းဈေးသည်
နေရာများဖြစ်သည်။ မိမိက ရုံးမှာပဲလုပ်ချင်သည်။

"ကျွန်တော်အောင်ရင်တော့ ဝန်ထောက်ကြီးက ခန့်ပေးမယ်ပြောတယ် အမေ"

"ဟုတ်လား အေးကွယ်၊ ကျေးဇူးကြီးပါတယ်။ ငါ့သားအောင်ပါစေ။ အမေဆုတောင်းနေပါတယ်"

"အောင်မှာပါ... အမေရာ။ နော် ကိုဦး။ ဖြေနိုင်တာပဲ မဟုတ်လား"

အမေ့ကိုကြည့်ရင်း ကိုဦးဘက်လှည့်မေးလိုက်သည်။ အမေ့ကို စိတ်ချမ်းသာစေချင်သည်။


သို့ကြောင့် ကိုဦးထံမှ တဒင်္ဂဖြစ်စေ အမေစိတ်ချမ်းသာနိုင်သည့်စကားကို ကြားချင်သည်။

"အေးပါ ကိုလတ်ရာ။ ဒီနှစ် ငါကောင်းကောင်းဖြေနိုင်ပါတယ်။ အမေရာ အောင်မှာပါ"

ကိုယ့်ကိုယ်ကိုယ် အားတင်းရင်း အမေ့ကိုလည်း အားပေးလိုက်သည်။

ကိုလတ်တို့ အငယ်တွေ အားလုံးအောင်ကြသည်။ ကိုဦးတို့အောင်စာရင်းပဲ ကျန်နေသည်။


ကျောင်းတက်ဖို့ စာအုပ်ဖိုးတွေ မခင်သစ် တွက်ရပြန်သည်။ ပြဋ္ဌာန်းစာအုပ်တွေတော့
အကြီးအငယ်ဆင့်ကဲ သုံးနိုင်တာလည်း ရှိသည်။ ထပ်ဝယ်ဖို့ လိုတာလည်း ရှိသည်။

ကိုအောင်၊ ကိုဆောင်နှင့် ကိုမောင်တို့ကို လူကြုံနှင့် ကိုဘသိန်း ထည့်လွှတ်လိုက်သည်။


သူကိုယ်တိုင်မလာနိုင်၊ ခွင့်လည်းမရတော့ တာဝန်နှင့် လာဖို့လည်း မရှိသောကြောင့် ဖြစ်သည်။

typing & pdf - lucky82 75


mmcybermedia. com

"တောင်ကြီးက ပြင်ဦးလွင်ထက် အေးတယ်ကွ။ ခုလိုညဆို ချမ်းနေတာပဲ။ ကြီးကြီးပြုံးတို့အိမ်က


အကျယ်ကြီး။ မီးဖိုထားတော့ နွေးနေတာပေါ့"

ကိုအောင် ပြောပြသည်။

"မစန်းတို့ မသန်းတို့လည်း ခင်ပါတယ်။ ကြီးကြီးကတောင် ပြောသေးတယ်။ ဒီလိုလာမှ တွေ့ရတာ


ဒါမှလည်း တစ်ယောက်န့တ
ဲ စ်ယောက် မျိုးမှန်းဆွေမှန်း သိကြမှာတဲ့"

ကိုအောင့်စကားကို မခင်သစ် ပြုံးနားထောင်နေသည်။

"နောင်နှစ်ကျရင် ကိုလတ်တို့ လာခဲ့ပါလားတဲ့။ မမစန်းမှာတယ်"

ကိုဆောင်ဝင်ပြောသည်။

"ငါ့သားတွေ တော်တော်ပျော်ခ့လ
ဲား"

"ပျော်တော့ ပျော်ပါတယ် အမေ... ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ့်အိမ်ပဲ ပိုပျော်တယ်။


သူများဆီမှာ နေရတာ တစ်မျိုးပဲ"

အေးဆေးစွာနေတတ်သော ကိုမောင်က ပြောလိုက်သည်။

"ကိုဆောင်ပါလို့သာ ကျွန်တော်လိုက်တာ"

အမွှာအစ်ကိုပါသောကြောင့် ကိုမောင်လိုက်ခြင်းဖြစ်သည်။ ကိုဆောင်မလိုက်လျှင်


မလိုက်ဖို့သေချာသည်။ တစ်နေ့လုံး သူတစ်ပါးနှင့် ဆော့နေရသည်။ ကိုယ့်ညီအစ်ကိုတွေကို
သတိရသည်။

"ကိုမိုးနဲ့ ကိုတာရော မတွေ့ဘူးလား"

"တွေ့တယ်အမေ။ ကိုမိုးနဲ့လည်း လျှောက်လည်ကြတယ်။ စက်ဘီးနဲ့လေ"

ကိုအောင်ဝင်ပြောသည်။ ကိုမိုးက ကြီးကြီးပြုံး၏ အကြီးဆုံးသား။ ကိုမောင်နှင့် ရွယ်တူ။

"အဖေလည်း စနေတနင်္ဂနွေဆို ကြီးကြီးပြုံးတို့အိမ်မှာ လာအိပ်တယ် အမေ"

"ဒါဆို ငါ့သားတို့ ရွှေညောင်မှာထက် မင်းတို့ဘကြီးရင်ဆီနေတာ များတာပေါ့ဟုတ်လား"

ရွှေညောင်ခေါ်သွားမယ်ဆိုပြီး ကလေးတွေကို မပြုံးတို့အိမ်မှာ ထားသည်ဟု မခင်သစ်


တွေးမိသွားသည်။

"ဟုတ်တယ် အမေ... ပထမတော့ ရွှေညောင်မှာပဲ ချက်စားကြတာ။ နောက်တော့ အဖေလည်း


ပင်ပန်းတာနဲ့ ကြီးကြီးပြုံးတို့ဆီမှာပဲ ကျွန်တော်တို့ကို ထားလိုက်တယ်လေ"

typing & pdf - lucky82 76


mmcybermedia. com

မခင်သစ် မျက်မှောင်ကုပ်နေသည်။

"ငါ့သားက မချက်ဘူးလား"

ကိုအောင့်ကို မေးလိုက်သည်။

"ထမင်းအိုးပဲ ကျွန်တော်ချက်တတ်တာလေ အမေရဲ့။ ဟင်းကျတော့ မချက်တတ်တော့ဘူး"

မခင်သစ် ခေါင်းငြိမ့်သည်။ ကိုအောင် ဟင်းမချက်တတ်တာပဲဟု စဉ်းစားမိသွားသည်။ ဒါဆိုလည်း


အစ်ကိုလှရင်ဆီမှာ တစ်နွေလုံးနီးပါးနေကြသည်ဟု သဘောပေါက်ရသည်။

"ကြီးကြီးကတောင် မင်းအမေ မွေးနိုင်တယ်လို့ ပြောသေးတယ် အမေ"

ကိုမောင် ဝင်ပြောလိုက်သည်။ ဒီလိုပြောတာမျိုးကို ကိုမောင်မကြိုက်။ ဘာကြောင့်


မကြိုက်မှန်းတော့ မိမိဖာသာ မသိ။

"ငါ့သားက ဘာပြန်ပြောလိုက်လဟ
ဲ င်"

"ကျွန်တော်တို့က ညီအစ်ကိုများတာ ကြိုက်တယ်လို့ ပြန်ပြောလိုက်တော့ ဟင်း... ကြီးကြီးက ပြုံးပြီး


များတာကြိုက်တော့ ဆင်းရဲတာပေါ့တဲ့ အမေ"

နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ကိုမောင်ပြောတော့ သူ့မျက်လုံးတွေ လိုအပ်တာထက်


ပိုဝိုင်းနေသည်။

"နောက်ဆို အဲဒီအိမ်ကို ကျွန်တော်သွားမနေဘူးအမေ"

ကိုမောင် ပြောလိုက်သည်။ အမေ့ကို ကဲ့ရဲ့သည်ဟု သူ့စိတ်ထဲမှာ ရှိနေသည်။

"အဖေ့ကိုပြောပြတော့ အဖေက ရယ်နေတယ်"

"အင်းပေါ့. .. င့ါသား အဖေက သူ့အမျိုးတွေကို ချစ်တာကိုး"

"အမေကရော..."

"ရပါတယ်သားရယ် သူမှန်တာပြောတာပဲ။ အမေတို့မှာ သားသမီးများတော့ ဆင်းရဲတာအမှန်ပဲ


မို့လား"

မခင်သစ်အားတင်းပြုံးရင်း ပြောပါသည်။ ကိုလတ် အမေ့မျက်နှာကို ငေးကြည့်နေသည်။

"ဒါပေမယ့် အမေ့မှာ သားသမီးတွေ ဘယ်လောက်များများ၊ ဘယ်လောက်ဆင်းရဲဆင်းရဲ


အမေ့သားသမီးတွေကို အမေချစ်တယ်"

typing & pdf - lucky82 77


mmcybermedia. com

အမေ့နားကပ်လာသော ခွန်လေးခေါင်းလေးမှ ဆံပင်များကို ပွတ်သပ်ရင်း မခင်သစ် ပြောသည်။


ငါ့သားသမီးတွေ အနေဆင်းရဲ၊ အစားဆင်းရဲတာမှန်ပေမယ့် အမေ့မေတ္တာတော့
မဆင်းရဲစေရဘူးဟု မခင်သစ် အားမာန်တင်းလိုက်သည်။

"ကံ. .. ကံရဲ့အကျိုးကို ငါ့သားတွေ ကြိုးစားရင် နောင်တော့ ချမ်းသာမှာပေါ့ကွာ ။


တစ်သက်လုံးတော့ ဘယ်ဆင်းရဲနေပါ့မလား။ မဟုတ်ဖူးလား။ ငါ့သားတွေ ချမ်းသာဖို့
ပညာတတ်ကြီးတွေဖြစ်ဖို့ အမေ အမြဲဆုတောင်းနေတယ်သိလား"

မျက်ရည်ဝလ
ျှဲက် မခင်သစ်ပြုံးရင်း ပြောပါသည်။ မခင်သစ် ချွေတာမည်။ အဆင်းရဲခံမည်။
လိမ္မာရေးခြားရှိအောင် ဆုံးမမည်။

"ကျွန်တော် ကြိုးစားမှာပါ အမေရာ ခုငယ်သေးလို့ ကြီးလာရင် အမေလည်း မပင်ပန်းတော့ဘူး"

ကိုမောင် ပြောလိုက်သည်။ သူ့စကားကြောင့် ကိုဦးနှင့်ကိုလတ်ပါ ကိုမောင့်မျက်နှာကို


ဝိုင်းကြည့်ကြသည်။

"တကယ်ပြောတာ အစ်ကိုကြီးရ။ သူများအိမ်သွားနေရတာ မျက်နှာငယ်တယ်။ ဘယ်တော့မှ


မသွားတော့ဘူး"

ကိုမောင့်ရင်ထမ
ှဲာ ခံစားချက် ပွင့်ထွက်လာပါသည်။ မခင်သစ် နားလည်လိုက်ပါသည်။
ကိုမောင်ကိုလည်း သနားသွားသည်။ အသက် ၁၂ နှစ်ပြည့်ရုံပဲ ရှိသေးသည်။ အမျိုးတွေအိမ်မှာ
သွားပြီးမနေခိုင်းတော့ဟု မခင်သစ် ဆုံးဖြတ်လိုက်သည်။

"ကျွန်တော်တို့ အိမ်မှာ စရိတ်သက်သာအောင် သူတို့အိမ်မှာ လာနေတယ်လို့ ကြီးကြီးပြုံးက


ထင်တာ အမေရဲ့၊ သိလား"

လက်သီးဆုပ်လျှက် ကိုမောင်ပြောသည်။

"ဟုတ်ရဲ့လား ကိုမောင်ရာ"

အံ့သြစွာမေးလိုက်မိသည်။ ရင်ထဲမှာလည်း အမျိုးအမည်မသိနိုင်သော ခံစားချက်တစ်ခု


ဖြစ်ပေါ်လာသည်။

"ဟုတ်တယ် ကိုလတ်ရ။ ကြီးကြီးပြုံးပဲ ပြောတာလေ"

"ဟင်. .. ဘယ်လိုပြောသလဲ။ ငါမသိပါဘူး ကိုမောင်ရာ"

"ကိုအောင်က ဘယ်သိမှာလဲ။ ကိုကိုမိုးနဲ့ လျှောက်လည်နေတာကိုး"

ကိုမောင် ဒေါသကြီးလာသည်။ ကိုမောင်က စနေသား။

typing & pdf - lucky82 78


mmcybermedia. com

"ဘာပြောလဲ ငါ့သားရယ်"

တံတွေးကို ကိုမောင်မြိုချလိုက်သည်။ ကြီးကြီးပြုံးပြောတာကို ပြန်စဉ်းစားနေသည်။

"နွေမှာ ကြီးကြီးတို့ဆီ လာလည်နေတော့ မင်းတို့ ၃ ယောက်စရိတ် မင်းတို့အမေ


သက်သာတာပေါ့ကွာ တဲ့"

အော်. .. မပြုံး။ မခင်သစ် တွေးငေးမိနေသည်။ သည်လိုပဲ ပြောတယ်ဟု ကိုမောင်ပြောတော့


မခင်သစ် ယုံပါသည်။ ကလေးမို့ လုပ်ကြံပြောတတ်သည်မဟုတ်။ ပြောလို့သာ
ပြန်ပြောခြင်းဖြစ်သည်။ သူမက ချမ်းသာပြည့်စုံတော့ သူပြောအားရှိပေသည်။ မိမိသားတွေကို
စားစရိတ်သက်သာအောင် သူတစ်ပါးဆီ သွားနေခိုင်းတာမဟုတ်ကြောင်း မိမိဖာသာ သိပါသည်။
သူတို့အဖေခေါ်သွားခြင်း၊ သားတွေကို ဘာကြောင့်များ မပြုံးတို့အိမ် ပို့ပါလိမ့်ဟု မခင်သစ်
မစဉ်းစားတတ်။

"ကိုယ့်အိမ်မှာ စားနိုင်နေနိုင်တာ ကြီးကြီးပြုံးသိဖို့ ကောင်းပါတယ် အမေရာ"

မကျေမနပ်နှင့် ကိုဦးပြောမိသည်။ မရှိ ရှိ မိမိတို့ဖြစ်အောင် စားတတ်သည်။ နေတတ်သည်။

"ငါ့သားတွေ သွားနေမိလို့ အပြောခံရတာပေါ့ကွာ။ မနေရင် ဘာမှ ပြောစရာမလိုဘူးလေ။


အမေတို့ဘက်က မှားသွားတာပေါ့ကွာ "

သွားမနေလျှင် အပြောခံရစရာမရှိ။ နေမိတော့ အပြောခံရသည်။ မကျေနပ်ဖြစ်နေလို့လည်း


မရတော့။ သွားနေမိသည်။

"မင်းအမေက အိမ်တော့ဆောက်နိုင်သားပဲ။ ဘယ်လောက်ကုန်လဲ။ ဘယ်လောက်ကျယ်လလ


ဲို့
မေးသေးတယ်အမေ"

"ကျွန်တော့်ကိုလည်း မေးတယ်"

ကိုဆောင်က ဝင်ပြောသည်။ ကြီးကြီးပြုံးပြောသောစကားများကို ကိုဆောင် မသိလိုက်။ မိမိက


မမသန်းတို့နှင့် လေပေးဖြောင့်နေတတ်တာ များသည်။

"ဘယ်လောက်ကုန်လဲတော့ မသိဘူး။ ကျယ်တာတော့ ကျွန်တော်တို့အားလုံး နေလောက်အောင်


ကျယ်တယ်လို့ ပြောလိုက်တယ်အမေ"

"အေး... ကောင်းတယ် ကိုမောင်က ပြောတတ်သားပဲကွ။ မင်းတော်တယ်"

ကိုဦး ချီးကျူးလိုက်သည်။ ကိုလတ်ကျေနပ်နေသည်။

"ဒီတော့ ကြီးကြီးပြုံးက မင်းတို့ချမ်းသာတာလေး ကုန်ပြီထင်နေတာတဲ့။ ဆင်းရဲချင်ယောင်ဆောင်ပြီး


ဖွတ်ထားတယ်ထင်တယ်တဲ့ အမေ။ ကြီးကြီးပြုံးက အမေ့ကို မနာလိုဖြစ်နေတာလားဟင်"

typing & pdf - lucky82 79


mmcybermedia. com

ကိုမောင်မေးသည်။ အိပ်ပျော်သွားသော ကိုပိုကို ပေါင်ခွင်ပေါ်သိပ်ရင်း...

"အမေချမ်းသာရင် ငါ့သားတွေကို ပြည့်စုံချမ်းသာအောင် အမေထားနိုင်တာပေါ့ကွာ။ အမေ


ချမ်းသာချင်ပါတယ်။ ငါ့သားတွေအတွက်ပါ။ အင်း မင်းတို့ကြီးကြီးပြုံးကတော့ အမေ့အပေါ်မှာ
စိတ်ထားမမှန်တာပေါ့လေ"

မခင်သစ်ပြောသမျှ သားတွေ နားလည်ကောင်းမှ လည်ပေလိမ့်မည်။ မလည်ဖို့ များပါသည်။

"သင်ခန်းစာပေါ့ ငါ့သားတို့ရယ်. .. ဆွေမျိုးအိမ်ပေမယ့် နေထိုင်စားသောက်တာ ကြာရှည်ဆိုရင်


မကောင်းပါဘူး။ အမေကတော့ င့ါသားတွေကို ကိုယ့်အိမ်မှာပဲ နေကြတာပဲ ကြိုက်တယ်"

ကိုဘသိန်းခေါ်သွားချင်သောကြောင့်သာ ခွင့်ပြုရသည်။ မိမိအလိုအတိုင်းဆို မသွားစေချင်။


သူ့အဖေနှင့် သူ့သားတွေ နေတာ ဘာမျှ ကိစ္စမရှိ။ ခုလို ဆွေမျိုးအိမ်ပို့ထားတော့
သည်လိုပြဿနာတွေ ကြားရသည်။ ကြုံရသည်။ မခင်သစ် သက်ပြင်းချမိသည်။ ကိုဘသိန်းကို
ပြောရမည်။ သူ့အမျိုးမို့ ကြိုက်မည်မထင်။ ရွှေညောင်မှာနေသမျှ ကာလပတ်လုံး ကျောင်းပိတ်ရက်
ရောက်လျှင် တစ်ယောက်တစ်လှည့်ခေါ်မည်ဟု ပြောထားသည်။ ယခုတော့ မဖြစ်တော့။
ရွှေညောင်မှာပဲ ထားချင်ထား။ တောင်ကြီးတော့ သွားမထားရဟု ပြောရပါလိမ့်မည်။ သားတွေ
ဝမ်းနည်းအားငယ်တာမျိုး မကြုံရစေချင်။ ဆွေမျိုးတွေနှိမ်တာမျိုးလည်း အခံရစေချင်။ မိမိတို့
ဆင်းရဲပေမယ့် သန့်သန့်ရှင်းရှင်းပဲ အဆင်းရဲခံပါမည်။ သူတစ်ပါး စော်ကားမော်ကားခံရဖို့အတွက်
မှီခိုနေရလောက်အောင်တော့ မဆင်းရဲသေးဟု မခင်သစ် အံကြိတ်မိသည်။

ကိုဦး (ခ)မှအောင်သည်။ မအောင်တာစာလျှင် ကိုဦးကျေနပ်သည်။ (ခ)မှအောင်လျှင်


အလုပ်လုပ်လို့ရပြီ။ မခင်သစ်လည်း ကျေနပ်ရပါသည်။ မအောင်တာနှင့်စာလျှင် (ခ)နှင့်
အောင်တော့လည်း အလုပ်လုပ်နိုင်သည်။ အလုပ်လုပ်ရင်း စာမေးပွဲဖြေနိုင်မည်။

ကိုဦး အောက်တန်းစာရေးတစ်နေရာရတော့ မခင်သစ် ဝမ်းသာနေသည်။ အဝတ်လေး


သပ်သပ်ရပ်ရပ်ဝတ်ပြီး ရုံးသွားသည့် ကိုဦးကို ကျေနပ်ပြုံးနှင့် ကြည့်ရသည်။ သားကြီးတစ်ယောက်
အလုပ်အကိုင်လေး အတည်တကျနှင့် လုပ်နိုင်သွားပြီ။ ရာထူးရာခံကြီးနှင့် မဟုတ်သော်လည်း
သူ့ပညာလေးနှင့် ထိုက်သင့်ရာ အဆင့် ဝင်ငွေလေးရပြီဆိုတော့ သူမ အသက်ရှူချောင်မည်
ထင်မိသည်။

typing & pdf - lucky82 80


mmcybermedia. com

၁၀ တန်းရောက်လာသည့် ကိုလတ် နှစ်စကတည်းက ကြိုးစားနေသည်။ ယခင်ကလို


သိပ်မဆော့တော့။ နွေအထိ ညီတွေနှင့် ကွင်းပြင်ထဲ ဘောလုံးကန်ဆဲရှိသေးသည်။ ကျောင်းဖွင့်မှ
စာပိုကြိုးစားလာသည်။ အိမ်အလုပ်တွေ သိပ်မလုပ်တော့။

"စာပဲဖတ်ပါ ငါ့သားရယ် အိမ်အလုပ်တွေ အမေလုပ်လို့ရပါတယ်။ ကိုအောင်လည်း


အဖော်ရလာပါပြီ"

ဟု တားဆီးရသည်။

"ကိုအောင်ကလည်း အိမ်အလုပ် ဝိုင်းကူ ငါ့သားရယ်။ ဒါမှ ကိုလတ် စာဖြောင့်ဖြောင့်


ကျက်နိုင်အောင်နော်။ ၁၀ တန်းဆိုတော့ အရေးကြီးတယ်ကွ"

ဟု ကိုအောင်ကို ပြောရသည်။

"ဟုတ်ကဲ့ အမေ... ကျွန်တော်ဝိုင်းကူပါ့မယ်"

၈ တန်းရောက်လာသည့် ကိုအောင်လည်း ပိုသိလာသည်။ အဖော်ရလာသည်။


အမွှာညီအစ်ကိုလည်း ကိုအောင်နှင့် ဝိုင်းကူလုပ်ကြသည်။ ဆော့ချိန်တန်တော့လည်း
ဆော့ကြသည်သာ။ ငယ်သေးသည်။ ယောက်ျားလေးမို့ အဆော့မက် ကစားမက်သည်။

"ကဲ. .. င့ါသားတို့ရာ ဆော့ပြီးရင် လုပ်ကွာ။ ဒါမှ မဟုတ်လည်း အလုပ်ပြီးရင် ဆော့..."

ဟု ခွင့်ပြုထားရသည်။

ကိုဦး လစာစထုတ်ရသည်။ ရသည့်လစာ ၁၂၆ ကျပ်မှ ရုံးဖြတ်ငွေ စုကြေးနှင့် တစ်ရာ့တစ်ဆယ်ကျပ်


ကျန်သည်။ ပထမဆုံးရသည့် လစာလေးကို. ..

"အမေ... ရော့... ကျွန်တော့်လစာ..."

ဟုပေးရင် ကိုဦးကန်တော့သည်။

"သာဓု. .. သာဓု... သာဓုပါ ငါ့သားရယ်။ မိဘညီအစ်ကိုမောင်နှမအပေါ် သိတတ်မှုကြောင့်


ဘုန်းကြီးပါစေ အသက်ရှည်ပါစေ"

ဟု မခင်သစ် ဆုပေးရင်း မျက်ရည်ဝဲနေရှာသည်။

"ငါ့သား ပြန်ယူထားဦး။ ရုံးမှာလုပ်နေပြီဆိုတော့ သုံးစရာလိုရင် သုံးရတာပေါ့"

အမေ့လက်ထမ
ှဲ ပိုက်ဆံကိုကြည့်ရင်း ဘယ်လောက်ယူထားရင် ကောင်းမလဲဟု ကိုဦး
စဉ်းစားသည်။ အမေ့မျက်နှာကိုကြည့်ရင်း...

typing & pdf - lucky82 81


mmcybermedia. com

"ကျွန်တော် ဘယ်လောက်ယူထားရမလဲ အမေ။ အမေပဲ ပေးပါ"

တစ်ဆယ်ကျပ်တန်လေး တစ်ရက
ွ်နှင့် ငါးကျပ်တန် တစ်ရွက်ကို အမေပေးသည်။ အမေပေးသော
ငွေကို ကိုဦး ယူလိုက်ပါသည်။ လက်ဘက်ရည် တစ်ခွက် နှစ်ဆယ့်ငါးပြားမို့ ငွေ
တစ်ဆယ့်ငါးကျပ်သည် ကိုဦးအတွက် များနေပေပြီ။

မခင်သစ်လက်ထမ
ှဲာ ကိုးဆယ့်ငါးကျပ် ရှိနေပေပြီ။ လဆန်းဆန်းချင်းရသော ကိုဦးလစာဖြစ်သည်။
သားလုပ်စာကြောင့် မခင်သစ် အသက်ရှူချောင်သွားသည်။ ခါတိုင်း လဆန်းသော်လည်း
ကိုဘသိန်းထံမှ ငွေမလာသေးသောကြောင့် သူမ ပျာယာခပ်ရသည်။ မီတာကြေး၊ ကျောင်းလခ၊
မိလ္လာခများပေးဖို့ လဆန်းရက်တိုင်း စိတ်ပူရသည်။ နောက်ဆုံးရက် မရောက်မချင်း
ငွေမသွင်းနိုင်သော အနေအထားမှာ ရှိမြဲ။

ကလေးတွေ ပထမအစမ်း ဖြေပြီးခါနီးမှာ ကိုဘသိန်း ရောက်လာသည်။

"နေကောင်းရဲ့လား မခင်သစ်။ ဝလို့လှလို့ပါလား"

ဟု အိမ်ပေါ်ရောက်တာနှင့် ပြောဖြစ်သည်။ အငယ်တွေပဲ ရှိသည်။ အကြီးတွေ စာမေးပွဲဖြေ


သွားကြသည်။

"သားတွေ ဒုတိယအစမ်း ဖြေပြီးလောက်မှာ မွေးမှာပဲ"

ဟု မခင်သစ်ပြောလိုက်သည်။ ဖရုံစေ့လှော်၊ ကွာစေ့လှော်တွေ ပါလာသည်။ သားတွေမို့လားမသိ။


ဖရုံစေ့လှော်၊ ကွာစေ့လှော်များကို အချိန်ကုန်ခံပြီး စားလေ့သိပ်မရှိ။ ညပိုင်း မိသားစု ဧည့်ခန်းမှာ
ဝိုင်းထိုင် စကားပြောကြလျှင်တော့ စားဖြစ်ကြသည်။ မိန်းကလေးတွေလို တချွတ်ချွတ်တော့
မစားတတ်။

"စာမေးပြွဲ ပီးလျှင် သားတွေခေါ်သွားဦးမယ်။ ဒါကြောင့် အလုပ်နဲ့ လာရင်း ဝင်လာတာ မခင်သစ်ရဲ့ "

ကြမ်းတိုက်ရင်းမှ ကုလားထိုင်တွင် ထိုင်နေသော ကိုဘသိန်းကို မခင်သစ် ကြည့်လိုက်မိသည်။


အလှည့်ကျခေါ်မည်ဟု ပြောထားသော စကားရှိနေသည်။

"ခင်ဗျားသားတွေက လိုက်မှာလား"

"လိုက်မှာပေါ့။ ဟိုတစ်ခါကတည်းက အလှည့်ကျခေါ်မယ် ပြောထားတာပဲ။ မင်းသားတွေ


ဒုတိယအစမ်းဖြေပြီဆို မင်းကမွေးပြီးတာနဲ့ လိုက်နိုင်မှာမဟုတ်ဘူး"

typing & pdf - lucky82 82


mmcybermedia. com

တစ်ခေါက်တစ်ခေါက် လာရတာမလွယ်။ ခုတောင် တာဝန်နဲ့ ဖန်တီးလာရသည်။ ထမင်းစရိတ်၊


ခရီးစရိတ်က ရှိသေးသည်။

"ကိုလတ် သူ့ဆရာဆီ ညတိုင်းသွားအိပ်ပြီး စာကျက်တယ် ကိုဘသိန်းရဲ့။ ကိုဦးကလည်း အလုပ်နဲ့


ကိုအောင်တို့ အငယ် ၃ ယောက် နွေကပဲ လိုက်ပြီးပြီလေ"

မခင်သစ် ရှင်းပြသည်။ မလိုအပ်ဘဲ တခြားကိစ္စတွေကို ပြောမနေချင်။

"ဟ... ဒါဆို ဘယ်သူမှ မလိုက်တော့ဘူးလား။ ကိုယ်က တကူးတက လာခေါ်ရတာကွာ"

ကိုဘသိန်း ငြီးပြောပြောလိုက်သည်။ သားတွေလိုက်မလားဟု လာခေါ်ခြင်းဖြစ်သည်။ ကိုခိုင်၊


ခွန်လေးနှင့် ကိုအေးကျ ငယ်လန
ွ်းသည်။ အကြီးတွေနှင့် တွဲမှရမည်။

"ကိုအောင်တို့ ထပ်လိုက်အုံးမလား"

"လိုက်ကြမယ် မထင်ဘူးဗျာ။ ရောက်ပြီးပြီပဲ"

မခင်သစ် ပြောလိုက်သည်။

"ထပ်လိုက်လည်း ရပါတယ်ဗျာ"

"အင်း... လိုက်မှာမဟုတ်ဘူး။ ကိုအောင်တော့ လိုက်ချင်ဦးမလားမသိ။ ကိုဆောင်နဲ့


ကိုမောင်ကတော့ လိုက်မှာ မဟုတ်ဘူး"

"ဘာဖြစ်လို့လဲ"

ကိုဘသိန်း အမေးကြောင့် မခင်သစ် နှုတ်ခမ်းပါးပါးကို တင်းတင်းစေ့လိုက်မိသည်။


ကြမ်းကုန်းတိုက်နေရာမှ ကိုယ်ကို ဆန့်လိုက်သည်။

"မပြုံးက ပြောတယ်တ့။ဲ မင်းတို့ ၃ ယောက်လိုက်လာတော့ အိမ်မှာ စားစရိတ်သက်သာတာပေါ့တ့။ဲ


ကိုမောင် ခင်ဗျားကို ပြောတယ်မို့လား"

ကိုဘသိန်း မျက်ခုံးပင့်ပြီး ပြုံးလိုက်သည်။

"မပြုံးက စတာပါကွာ။ ဒါကို ကိုမောင်ကမှတ်ထားတာကိုး"

"စ စရာမဟုတ်ပါဘူး ကိုဘသိန်းရဲ့။ သူများအိမ်သွားစားနေရလောက်အောင်လည်း ကျွန်တော်တို့


မဆင်းရဲသေးပါဘူးလေ"

"စတာပါကွာ။ စိတ်ဆိုးစရာ မဟုတ်ပါဘူး"

ကိုဘသိန်းက ပြောသည်။

typing & pdf - lucky82 83


mmcybermedia. com

"ခင်ဗျား စိတ်မဆိုးပေမယ့် ကျွန်တော်စိတ်ဆိုးတယ်ဗျာ။ ကျွန်တော့်သားတွေ စားရမယ့်


သောက်ရမယ့်မို့ သူများအိမ်သွားနေခိုင်းတာ မဟုတ်ဘူး။ ခင်ဗျားပဲ ကိုယ့်ဖာသာ ရွှေညောင်မှာ
နေမယ်။ ချက်ကျွေးမယ်ဆိုလို့ ထည့်လိုက်တာ"

စကားပြောရင်း မခင်သစ် သက်ပြင်း ရှိုက်လိုက်သည်။ ရင်ထဲမှ ခံပြင်းဒေါသများ


လှိုင်းလိုကြွလာသည်။

"သူများအိမ်သွားထားတော့ အပြောခံရတာပေါ့"

ဟု ဆက်ပြောလိုက်သည်။

"အမျိုးပဲကွာ ။ သူစိမ်းမှ မဟုတ်တာ"

"သူစိမ်းပြောရင် ခံသာသေးတယ်။ အမျိုးပြောလို့ ပိုနာတယ်ဗျာ။ မပြုံးလို မိန်းမက


ကျွန်တော့်သားတွေကို ပြောရတယ်လို့"

နောက်ပိုင်းစကားလုံးကို မခင်သစ် တစ်လုံးချင်းပြောသည်။ မခင်သစ်လေသံကြောင့် ကိုဘသိန်း


မျက်မှောင်ကုပ်မိသည်။ ဆက်ပြောလို့ အကြောင်းမထူးမှန်း ကိုဘသိန်းသိသွားသည်။

"ဒါဆို သားတွေက မလိုက်ချင်တာ မဟုတ်ဘဲ မင်းက မထည့်ချင်တာပေါ့ ဟုတ်လား"

သည်းသည်းမည်းမည်း ကြမ်းကုန်းတိုက်နေရာမှ ခေါင်းထောင်ရင်း...

"သားတွေကလည်း မလိုက်ချင်ဘူး။ ကျွန်တော်ကလည်း မထည့်ချင်ဘူးဗျာ"

ပရိယာယ် ဆင်မနေတော့ဘဲ မခင်သစ်ပြောလိုက်သည်။ ပြောင်ပြောတာပဲ ကောင်းသည်။


စကားလှအောင် ပြောနေလည်း အပိုပါ။ သူ့အမျိုးအကြောင်း သူလည်း သိသင့်သည်။

"ငါ့သားတွေပက
ွဲာ ။ ငါလည်း အဖေတော်တာပါ။ သူများစော်ကားရင် ခံပါ့မလား"

ကိုဘသိန်းစကားကြောင့် မခင်သစ် နှုတ်ခမ်းလေး မဲ့ရင်း ပြုံးသည်။

"တကယ်ပြောတာကိုပဲ ခင်ဗျားက စတာလို့ မြင်နေသမျှ ကျွန်တော့်သားတွေ ခံဘက်က


ချည်းပေါ့ဗျာ။ တော်ပါပြီ တစ်ခါပဲ ကောင်းပါတယ်"

မခင်သစ်လေသံက ယတိပြတ်သည်။ ကိုဘသိန်း သက်ပြင်းရှိုက်လိုက်သည်။ ဒီမိန်းမ


မာနကြီးလိုက်တာဟု တွေးရင်း ရင်ထဲကတော့ မကျေနပ်။ မပြုံးပြောတာ မိမိမသိတာအမှန်။
ကိုမောင်ကတော့ ပြောပြပါသည်။ သို့သော် ကလေးပြောမို့ မိမိရယ်သာနေလိုက်သည်။
မခင်သစ်လိုတော့ စိတ်ဆိုး၊ ဒေါသမဖြစ်ခဲ့။ သူမအမြင် သူမအထင်က မှန်နေသလား
တွေးလိုက်တော့ စတာလား၊ အတည်လားဟု သံသယဝင်လာသည်။ ကိုဘသိန်း ဆေးလိပသ
်ာ
ဖွာနေမိသည်။

typing & pdf - lucky82 84


mmcybermedia. com

အိမ်မှာ ကိုဦးလစာကြောင့် အသက်ရှူနည်းနည်းချောင်နေသည်။ ကိုဦးလည်း ဆေးလိပ်သောက်စ


ပြုလာသည်။

ကိုဘသိန်း ပြန်မည်ဆိုတော့ ဘယ်သူမှ လိုက်မည်မပြောကြ၊ သီတင်းကျွတ်


ကျောင်းပိတ်ထားသော်လည်း သူတို့အာရုံနှင့် သူတို့ ဆော့ကြ၊ ကစားကြသည်။ အိမ်အလုပ်
ဝိုင်းကူကြသည်။

"အဖေနဲ့ ဘယ်သူမှ မလိုက်ကြဘူးလား"

ဟု ကိုဘသိန်း မေးသည်။ အားလုံးတစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြသည်။ နောက်ဆုံးမှ


အမေ့မျက်နှာကို ကြည့်သည်။

"ကျွန်တော်က ရောက်ဖူးပြီးပြီ"

ဟု ကိုမောင် အဦးဆုံးဖြေသည်။ ကိုလတ်ဖြေစရာ မလို။ သူ့ဆရာဆီမှာ စာကျက်နေမှန်း


အဖေသိသည်။ အကြီးတွေ မလှုပ်သောကြောင့် အငယ်တွေ ဘာမှ မပြောကြ။

"အေးပါကွာ။ မလိုက်ချင်လည်း နေကြတော့။ အဖေက မင်းတို့ ရောက်ဖူးအောင် ခေါ်တာပါ"

ကိုဘသိန်းပြန်သွားသည်။ မိသားစုအားလုံး နေသားကျနေသည်။

"ဒီတစ်ခါ ညီမလေး မွေးပါအမေ..."

ဟု အမေ့ဗိုက်ကိုကြည့်ရင်း ခွန်လေးပြောလိုက်မိသည်။ အစ်ကိုတွေ မောင်တွေ သူမမှာ များနေပြီ။


ညီမလေး မရှိသေးဘူး။ မမော်ကိုလည်း ပြောထားပြီးပြီ။ သားဖွားဆရာမလည်း ဗိုက်အပ်ပြီးပြီ။

ဒီတစ်ခါ မခင်သစ်မွေးတော့ ညနေပိုင်း။ ကလေးတွေအားလုံး အိမ်ရှေ့မှာ သွားနေခိုင်းရသည်။

"ယောက်ျားလေးပဲ မခင်သစ်"

ဆရာမပြောတော့ မခင်သစ် မောသွားသည်။ ခွန်းလေးအတွက် အဖော်မရသေး။ မမော်က


ဘေးမှကူလုပ်ပေးရင်း ရယ်မောနေသည်။

"နောက်တစ်ယောက်ကျမှ မိန်းကလေးမွေးတော့ အစ်မရယ်။ ခွန်လေးမို့ အဖော်ရအောင်ပေါ့"

typing & pdf - lucky82 85


mmcybermedia. com

ဟု ပြောနေသည်။ အားလုံးအတွက် ညီလေးတစ်ယောက် ထပ်တိုးသည်။ မွေးပြီးတော့လည်း


အားလုံး ဝမ်းသာကြသည်။ ကိုညိုဟု နာမည်ပေးလိုက်သည်။

ကိုညို ၂ လကျော်တော့ စာမေးပွဲတွေစစ်သည်။ နောက်ဆုံးမှ ကိုလတ် ဖြေရသည်။ ကိုဦးလည်း ၁၀


တန်းထပ်ဖြေသည်။ အလုပ်လုပ်ရင်း ဖြေရသည်။ ကံစွပ်လိုစွပ်ငြားဟု သဘောထားသည်။

သင်္ကြန်ရုံးပိတ်ရက်မှာ ကိုဘသိန်း ပြန်မလာ။ အလုပ်နှင့်ခရီးထွက်ရမည်ဟု စာရေးလိုက်သည်။


ကလေးတစ်သိုက် လာသမျှလူ၊ နွားပါမကျန် ရေလောင်းကြသည်။ နှစ်ဆန်း တစ်ရက်မှာ အမေ့ကို
လက်အုပ်ချီပြီးကန်တော့ကြသည်။

ကျောင်းအောင်စာရင်းတွေ ထွက်သည်။ အားလုံး အောင်သည်။ မနှစ်က ကျောင်းစနေသော


ကိုအေး သူငယ်တန်းအောင်သည်။ ကိုထွေး ၄ နှစ်၊ ကိုပို ၂ နှစ်ရှိပြီ။

ကိုညိုကို နို့တိုက်ရင်း အိမ်ခေါင်ကို မခင်သစ် ကြည့်သည်။ ဒီတစ်မိုးပဲ ခံတော့မည်။ နောက်တစ်မိုး


မရောက်ခင် ဝါးကပ်သစ်မိုးရမည်ဟု စဉ်းစားနေသည်။ မိုးမကျခင် ရေနံချေးသုတ်ဖို့လည်း လိုမည်။
ရေနံချေးသုတ်လျှင် လူငှားတစ်ယောက်နှင့် သားတွေ ဝိုင်းကူနိုင်သည်။ ရွာထောင်မှ သီးစားခလေး
မျှော်မိပြန်သည်။ ပြီးခဲ့သည့်နှစ်က တစ်ရာ့ငါးဆယ်ကျပ် ပို့ထားသည်။ နောက်ထပ် တစ်ပြားမှ မလာ။
ရွာထောင်ကို တစ်ခေါက်လောက်တော့ သွားချင်သည်။ ၂ နှစ် တစ်ယောက်မွေးနေရတာနှင့် ဘယ်မှ
မသွားနိုင်။

ကိုလတ်နှစ်ချင်းပေါက်အောင်သည်။ သင်္ချာဂုဏ်ထူးပါသည်။ ညီအစ်ကိုတစ်တွေ ပျော်ကြသည်။


မခင်သစ် မျက်နှာဝင်းပနေသည်။ မေးသမျှ လူတိုင်းကို ဖြေရတာအမော။ ကိုလတ်ကို
ငွေတစ်ဆယ်ကျပ်တိတိ ဆုချလိုက်သည်။

"အမေ့မှာ ရှိရဲ့လားဟင်။ ကျွန်တော်မလိုချင်ပါဘူး"

ဟု ဆယ်တန်လေးကို ကြည့်ရင်း ကိုလတ်ဖြေရှာသည်။ အတင်းပေးမှ ယူသည်။

"ညီလေးတွေနဲ့ ရုပ်ရှင်သွားကြည့်ရမလား အမေ။ ဒီငွေနဲ့ သွားမယ်နော်"

typing & pdf - lucky82 86


mmcybermedia. com

မခင်သစ် ခေါင်းငြိမ့်သည်။ ထမင်းစားပြီး တဗြုန်းဗြုန်းတဗြောင်းဗြောင်းနှင့် အဝတ်လဲကြသည်။


ပါးစပ်မပိတ်တမ်း စကားပြောကြသည်။ ကိုဦးကလည်း ရှိစုမဲ့စုလေးထဲမှ ကိုလတ်ကို
ငါးကျပ်ဆုချသည်။

"အကုန်သုံးဗျာ ကိုလတ်"

ဟု ကိုအောင် တိုက်တန
ွ်းလိုက်သည်။

"ဘယ်ဖြစ်မလဲကွ. .. နည်းနည်းတော့ စုထားဦးမယ်။ ငွေဆိုတာ စုထားရတယ်"

ကိုလတ်နှင့်အတူ ကိုအေးအထိ ပါသွားသည်။ ညီအစ်ကိုတစ်တွေ တန်းစီပြီး


အိမ်ရှေ့ထွက်သွားကြသည်။ ၁၂း၀၀ နာရီပြသော နေ့လယ်ပွဲ ကြည့်ကြမည်။ ဆူညံဆူညံနှင့်
ထွက်သွားသော ညီအစ်ကိုတစ်စုကို အိမ်ပေါ်မှ မခင်သစ် လှမ်းကြည့်နေသည်။ အစ်ကိုတွေကြားမှာ
စကပ်ဝါဝါလေးနှင့် ခွန်လေးက ဦးထုပ်လေးဆောင်းထားသည်။

ခုနစ်ဆယ့်ငါးပြားတန်းက လက်မှတ်ဝယ်သည်။ ငါးကျပ်ဆယ့်ငါးပြား ကုန်သွားသည်။


နေကြာစေ့လှော် တစ်ယောက်တစ်ထုပ် ဝယ်သည်။ ရုပ်ရှင်ပြီးတော့ မုန့်ဟင်းခါးတစ်ယောက်
တစ်ပွဲစားကြသည်။ တစ်ပန
ွှဲစ်ဆယ့်ငါးပြား။ စုစုပေါင်း ခုနစ်ကျပ်နှင့် ဆယ့်ငါးပြားကုန်သွားသည်။
လမ်းလျှောက်ပြန်ကြရင်းက နန်ယူဝင်ပြီး ကြက်သားနှင့် ခေါက်ဆွဲကြော်တစ်ထုပ်ဝယ်သည်။
နှစ်ကျပ်။

ခေါက်ဆွဲကြော် အထုပ်လေးကို ကိုအောင်ဆွဲလာသည်။ ရုပ်ရှင်ဇာတ်လမ်း အကြောင်း၊


ဇာတ်လိုက်အကြောင်း၊ တစ်လမ်းလုံး ပြောလာသည်။ အိမ်ပြန်ရောက်တော့ ညနေ ထမင်းအိုး
အမေတည်နေပြီ။

"အမေ့ဖို့ ခေါက်ဆွဲကြော် ဝယ်လာတယ် အမေ"

ခေါက်ဆွဲကြော်ထုပ်ကို မြှောက်ပြရင်း ကိုအောင်ပြောသည်။ ကိုလတ်က ပြောင်းဖူးပြုတ်ကို


နှစ်ပိုင်းချိုးရင်း ကိုထွေးနှင့် ကိုပိုကို တစ်ပိုင်းစီပေးလိုက်သည်။

"ဘယ်လောက်ကုန်ခ့လ
ဲ ငါ့သား"

"ကိုးကျပ်နဲ့ သုံးဆယ့်ငါးပြား ကုန်သွားတယ် အမေ"

ကိုဦးပေးသော ငါးကျပ်တန် တစ်ရက


ွ် ကျန်သေးသည်။ ကိုလတ် အဝတ်အစားလဲပြီး ထမင်းအိုး
ငှဲ့ပေးဖို့ အမေ့နားထိုင်သည်။ ထမင်းအိုး မရသေး။

typing & pdf - lucky82 87


mmcybermedia. com

"ဆယ်တန်းအောင်ပြီဆိုတော့ ငါ့သား ဘာလုပ်မလဲ"

ယောက်မပေါ်တင်လာသော ထမင်းစေ့လေးတွေကို လက်နှင့်စမ်းရင်း မခင်သစ်မေးလိုက်သည်။

"ရုံးအလုပ်လုပ်ဖို့က အသက် ၁၈ နှစ်ပြည့်မှ ရမယ်အမေ။ ကျွန်တော်ပါ အလုပ်လုပ်လိုက်ရင်တော့


အိမ်မှာ ချောင်လည်မှာပေါ့ အမေရယ်"

သားဖြစ်သူ၏ စေတနာစကားကြောင့် မခင်သစ် ဝမ်းနည်းသွားသည်။ သားငယ်ပါသေးတယ်ဟု


မခင်သစ် တွေးနေသည်။ ၁၆ နှစ်ကျော်ပဲ ရှိသေးသည်။ ၁၇ နှစ် မပြည့်သေး။ ပြောရမည့်စကားကို
ချီတုံချတုံ မခင်သစ် စဉ်းစားနေသည်။ တစ်နှစ်ကျော်လောက် စောင့်ပြီး စာရေးတစ်နေရာ
ဝင်လုပ်ခိုင်းမလား။ ဒါဆို အိမ်မှာတော့ အတော်လေး ပြေလည်ချောင်ချိလိမ့်မည်။ မိမိလည်း
မိသားစုစားရေး၊ ဝတ်ရေးအတွက် သိပ်မပူရတော့။ အငယ်တွေအတွက် ပညာရေးလည်း
အဆင်ပြေမည်။ ဒါပေမယ့် ကိုလတ်ကတော့ စာရေးလေးဘဝ အသက်ငယ်ငယ်နှင့် ရုန်းကန်ရမည်။
အလွတ်ဖြေလို့ ဘွ့ရ
ဲ လျှင် ရုံးအုပ်စာရေးကြီးလောက်တော့ ဖြစ်ပေမည်။ ကိုလတ်ကို
ငေးကြည့်နေသည်။ ကိုလတ်က ယောင်းမတစ်ချောင်းနှင့် ထမင်းအိုးမွှေနေသည်။ ဒီနှစ်
နည်းနည်းထွားလာသည်။ ဆယ်ဘူးဝင်ထမင်းအိုးကို ကိုလတ်နိုင်နိုင်နင်းနင်း ငှဲ့နေသည်။
ထမင်းအိုးကို မီးကျီခဲပေါ်တင်သည်။ မီးကျီခဲအချို့ကို အိုးဖုံးပေါ်တင်သည်။ ထမင်းများသောကြောင့်
ထက်မီးအောက်မီးနှင့် နှပ်ရသည်။ မခင်သစ် တံတွေးမြိုချလိုက်သည်။ မိမိစိတ်ကူးကို ကိုလတ်အား
ပြောဖို့ ဆုံးဖြတ်လိုက်သည်။

"ငါ့သား ဒီအက်(စ်)အေ ဖြေပါလား"

ကိုလတ် အမေ့ကိုကြည့်လိုက်သည်။ အမေ့မျက်နှာပြုံးနေသည်။

"ငါ့သား အသက်နဲ့ မှီတယ်လေ အောင်သွားရင် ဘာမှ ပူစရာမရှိတော့ဘူး"

ဟု ဆက်ပြောသည်။

"၄ နှစ်တက်ရမှာ အမေ။ အိမ်မှာလည်း သိပ်ချောင်လည်တာ မဟုတ်ဘူး။ ကျွန်တော်


အလုပ်လုပ်မလားလို့"

ဟု ကိုလတ်ပြောလိုက်သည်။ မိမိလည်း ဖြေချင်ပါသည်။ အတူအောင်သော သူငယ်ချင်းတွေ


ဖြေမယ်ပြောကြတော့ မိမိဘာမှ မပြောမိ။ အမေနှင့် အငယ်တွေကို ငဲ့သောကြောင့် ဖြစ်ပါသည်။
မိမိတစ်ယောက် စရိတ်သာ အမေသက်သာမည်။ မိမိထံမှ အထောက်အကူကို အမေမရနိုင်။ မိမိ
အလုပ်လုပ်လျှင် ကိုဦးလို အလုပ်လုပ်လိုက်လျှင် ချက်ချင်းလက်ငင်း အမေ့ကို ကူညီနိုင်မည်။
အငယ်တွေလည်း သိပ်ချို့ချို့ငဲ့ငဲ့ မဖြစ်တော့။

typing & pdf - lucky82 88


mmcybermedia. com

"ငါ့သား ငယ်ပါသေးတယ်။ ဆယ်တန်းလည်း နှစ်ချင်းပေါက် အောင်တယ်လေ။ င့ါသားဘဝ


ထူးချွန်နိုင်တာပဲ။ အမေတို့ကို ငဲ့ရင်း နစ်မသွားစေချင်ဘူး။ လောလောဆယ် ပြေလည်မှုကို
မကြည့်န့။ဲ ရေရှည်ကို အမေတို့ စဉ်းစားရအောင် ဟုတ်လား"

မခင်သစ်ပြောလိုက်သည်။ ယူနီဖောင်းစိမ်းစိမ်း၊ ဦးထုပ်နီနီလေးတွေနှင့် သားအရွယ် စစ်တက္ကသိုလ်


ကျောင်းသားလေးတွေကို မိမိမြင်တွေ့နေကျ။

"အမေ သိပ်ပင်ပန်းနေမယ်ဗျာ"

ခေါင်းငုံ့ရင်း ကိုလတ်ပြောလိုက်သည်။ မိမိတစ်ယောက်တည်း ရုန်းထွက်သလို ဖြစ်မှာစိုးရိမ်သည်။ ၎


နှစ်တက်ရမည်။ ကိုအောင် ၉ တန်းပဲ ရှိသေးသည်။ အငယ်တွေက တစ်သီတစ်တန်း။ ကိုဦး
လစာလည်းများလှသည် မဟုတ်။

"ရပါတယ် ငါ့သားရယ်။ ငါ့သားအလုပ်မလုပ်နိုင်လည်း အမေတို့ ဒီလို ရုန်းကန်ရမှာပဲ ဥစ္စာ..."

လေအေးအေးနှင့် မခင်သစ် ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်တော်လုပ်နိုင်တ့အ
ဲ ချိန်မှာ အလုပ်လုပ်တော့ အထောက်အကူ ရတာပေါ့ အမေရာ"

"အမေ့သားထဲမှာ စောစောစီးစီး ဆယ်တန်းကို နှစ်ချင်းပေါက် ဂုဏ်ထူးနဲ့ အောင်တာပဲကွာ ။


ဒီအခွင့်အရေးတော့ ရသင့်ပါတယ်။ ဒီတော့ ငါ့သား ဘာမှမစဉ်းစားနဲ့။ ပူလည်းမပူန့။ဲ
ဒီအက်(စ်)အေ ဖြေဖို့ လျှောက်လွှာတင်နော်။ ကြိုးစားဖြေပေါ့"

မခင်သစ် ဆုံးဖြတ်ပေးလိုက်သည်။ သူမသားအတွက် သူမဆုံးဖြတ်ချက် မှန်ကန်လိမမ


့် ည်ဟု
သူမတွက်ထားသည်။ စာမေးပွဲအောင်ပြီး ဒီအက်(စ်)အေ လျှောက်လျှင် သူ မတရားရာ
ကျနေမည်လား။ ကိုလတ် စိတ်ပူနေခြင်းဖြစ်သည်။

"ကိုဦးက ဘာပြောမလဲ အမေ။ သူကျ အလုပ်စောစော လုပ်ရတာဟင်"

မျက်နှာငယ်ငယ်နှင့် ကိုလတ်မေးရှာသည်။ အမေရယ်သည်။

"အော်. .. ဟင်း... ဟင်း... ငါ့သားကလည်းကွာ ကိုဦးက အလုပ်သာလုပ်ရတာ။ ဆယ်တန်းမှ


မအောင်ဘဲ။ သူသာ ငါ့သားလို နှစ်ချင်းပေါက်အောင်လို့ ဒီအက်(စ်)အေ မှီရင် အမေ
တက်ခိုင်းမှာပေါ့"

သူမရင်ထဲရှိသည့်အတိုင်း မခင်သစ် ပြောလိုက်သည်။ သားဆီက လုပ်အားနှင့် အကျိုးအမြတ်ထက်


သားတွေဘဝ ရှေ့ရေးကောင်းစားမှာကို မခင်သစ် အလိုရှိပါသည်။ ဖြစ်နိုင်သည်ကိုသာ
သူမတွေးတောခြင်းဖြစ်သည်။ လက်တွေ့ကျကျ လုပ်ဆောင်ခြင်းကို သူမကြိုက်သည်။

typing & pdf - lucky82 89


mmcybermedia. com

"ငါ့သားရဲ့ ကြိုးစားမှုက ငါ့သားအတွက် အကျိုးအမြတ်ရစေတာပဲလေ ဒါတွက် အမေ့ကိုလည်း


အားနာစရာမလိုဘူး။ သားတို့ထူးချွန်ရင် အမေဝမ်းသာတယ်။ ငါ့သား စစ်ဗိုလ်ကြီးဖြစ်ရင် အမေတို့
ဂုဏ်ယူမှာပေါ့"

ကြည်နူးနေသော အမေ့မျက်နှာကို ကြည့်ရင်း ငါ စစ်ဗိုလ်ကြီးဖြစ်အောင် ကြိုးစားမယ်ဟု ကိုလတ်


သံန္နိဋ္ဌာန်ချလိုက်သည်။

ညပိုင်း လူစုံချိန် ကိုလတ် ဒီအက်(စ်)အေ ဖြေမည်ဟု အမေပြောတော့ အားလုံးဝမ်းသာကြသည်။


လောလောလတ်လတ် စစ်ဗိုလ်ကြီးဖြစ်တော့မတတ်။ ပွက်လောဆူအောင် ဝေဖန်ကြ
ပြောဆိုကြသည်။

သူ့ညီ ဒီအက်(စ်)အေ ဖြေမှာကို ကိုဦးလည်း ဝမ်းသာနေသည်။

"မနက်ဖြန်ပဲ လျှောက်လွှာသွားတောင်းနော် ကိုလတ်။ ဘာတွေ မှတ်ရ ဖတ်ရမယ်ဆိုတာလည်း


မေးခဲ့။ အဖေ့ဆီလည်း စာရေးရဦးမယ်"

ဟု ပြောရင်း အခုတလော အဖေ့ဆီက စာအလာနည်းတာ သတိရသည်။ ငွေပို့ရင်တောင်


ဖြတ်ပိုင်းအောက်မှာပဲ သာကြောင်းမာကြောင်းလေးပါသည်။ သီးခြားစာမလာတာ ကြာပြီ။
အမေလည်း ပြောသံမကြားဟု စဉ်းစားလိုက်ပြန်သည်။ အဖေ နေမှကောင်းရဲ့လားဟု
စိတ်ပူသွားသည်။ အဖေလည်း မိသားစုနှင့်ခွဲပြီး တစ်ယောက်ထဲနေရတာ ကြာပြီ။ အဖေ့နောက်ကို
ခဏတစ်ဖြုတ်တောင် အမေမလိုက်နိုင်တာတော့ သေချာသည်။ အဖေပြောင်းသွားပြီးမှ
ကလေးနှစ်ယောက် ထပ်မွေးသေးသည်။ ကလေးငယ်တွေ ဆက်နေသည်။ ဘယ်လိုမှ အမေ
မလိုက်နိုင်။ အမေ့ချည်းသွားလို့လည်း မရ။ ကလေးတွေချည်း ထားရစ်ခဲ့လို့လည်း မရ။
ကိုဦးသက်ပြင်းချမိသည်။ ရွှေညောင်ရုံးမှာ ကိုဦးအသိတစ်ယောက် ရှိသည်။ တစ်လောကပဲ
ရုံးရောက်လာသောကြောင့် ခင်မင်ကြရသည်။ သူ့ထံ အဖေ့အကြောင်း မေးကြည့်ဦးမည်ဟု
စိတ်ကူးလိုက်သည်။

"လျှောက်လွှာကို ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူ သွားယူလိုက်မယ် ကိုဦး။ သူတို့လည်း


ဖြေကြမှာလေ"

"အေး... ကောင်းတယ်။ အင်တာဗျူးဖြေဖို့တော့ မင်းအတော်ကို ကြိုးစားရမှာနော် ကိုလတ်။


နောက်ပြီး အရပ်န့အ
ဲ လေးချိန်လည်း မှီဖို့ ပြည့်ဖို့လိုတယ်"

typing & pdf - lucky82 90


mmcybermedia. com

ကိုလတ်ကိုကြည့်ရင်း ကိုဦးပြောလိုက်သည်။ အရပ် ၅ ပေ။ (ယခင်သတ်မှတ်ချက်)


ကိုယ်အလေးချိန် ပေါင် ၁၁၀ တော့ ရှိရလိမ့်မည်။ ကိုလတ်နည်းနည်း ညှက်သည်။ အရပ်တော့
မှီမည်။ ၅ ပေ ကျော်ရုံလေးတော့ ရှိသည်။

"များများစားကွာ။ မနက်စောစောထပြေး"

ဟု ကိုဦးပြောလိုက်သောကြောင့်. ..

"ဟုတ်တယ် ကိုလတ်ရ။ စောစောပြေး ကျွန်တော်လည်း အဖော်လိုက်မယ်။ လက်တွေ့တွေ


ဘာတွေ ဖြေဖို့လည်း ကျင့်ရသေးတာ"

ဟု ကိုအောင် အားပေးလိုက်သည်။

"ကျွန်တော့်သူငယ်ချင်းအဖေက စစ်တက္ကသိုလ်လေ့ကျင့်ရေးဆရာကြီးတဲ့။ သူ့ကိုသွားမေးပြီး


လုပ်စရာရှိတာတွေ ကြိုလုပ်ထားရအောင်"

"အဖေ့အသိတွေလည်း ရှိပါတယ်ကွာ ။ သိပ်စိတ်မပူပါနဲ့။ ဇွဲရှိဖို့ပဲ" ဟု အမေက ဝင်ပြောသည်။

"ဟုတ်တယ် အမေ... ကျွန်တော် အဖေ့ဆီ စာရေးလိုက်ဦးမယ်။ ကိုလတ်လည်း ရေး


ပေါင်းပြီးထည့်ရအောင်"

ကိုလတ်ရေးဖြေအောင်သည်။ တစ်အိမ်လုံး တပြုံးပြုံးဖြစ်နေကြသည်။ အဖေ့ထံမှ


လူတွေ့စစ်ဆေးခြင်း၊ ရန်ကုန်သွားဖြေရလျှင် သူကိုယ်တိုင် ခွင့်ယူပြီးလိုက်မည်ဟု စာရေးသည်။
ထို့ကြောင့် ကိုလတ်အားတက်သွားသည်။ တကယ်ဖြေတော့လည်း အဖေလိုက်လာသည်။
ပြင်ဦးလွင်ကို အဖေလာတော့ ကိုညိုလေး ၉ လပြည့်သွားပြီ။ ကိုလတ်နှင့် သားအဖနှစ်ယောက်
ရန်ကုန်ဆင်းကြရသည်။ အမေ့ကို ကန်တော့သည်။

"ငါ့သားလေး အောင်မြင်ပါစေကွယ်"

ဟု အမေဆုပေးရှာသည်။ အမေထွင်ပေးသော လမ်းကို အရိုးကြေကြေ အရည်ခမ်းခမ်း


မိမိပြီးဆုံးအောင်မြင်အောင် လုပ်မည်ဟု ကိုလတ် ဆုံးဖြတ်ထားသည်။

ငွေယားတောင်ဗိုလ်ရွေးမှာ ကိုလတ်တစ်ပတ်ကြာ ဖြေရသည်။ ကြောက်ကြောက်နှင့်ပဲ


ကျေနပ်လောက်အောင် လုပ်နိုင်ဖြေနိုင်ပါသည်။ ဗိုလ်ရွေးမှ ထွက်လာတော့. ..

"ဖြေနိုင်ပါတယ်အဖေ... အောင်မယ်ထင်ပါတယ်။ ကျွန်တော်စိတ်ပူတာက အရပ်နဲ့ အလေးချိန်ပဲ"

typing & pdf - lucky82 91


mmcybermedia. com

ဟု ပြောလိုက်ရင်း ရယ်မိသေးသည်။ အရပ်တိုင်းတော့ မိမိအရပ် ၅ ပေပြည့်ရုံရှိသည်။


ကိုယ်အလေးချိန်မမီ၊ နံနက်အစောကြီးကတည်းက ဖီးကြမ်းငှက်ပျောသီး ၄-၅ လုံးကို
ရေများများနှင့် မျှောထားရသည်။ ဗိုက်ထဲမှာ တင်းကြပ်လေးလံနေသည်။ တော်သေးသည်။ ပေါင်
၁၁၀ မှ ပြည့်ရုံလေး။ သီသီလေး။ ဗိုက်လေးခံပြီး ငှက်ပျောသီးစားမထားလျှင် ပြည့်ဖို့မလွယ်။
ကံသီလို့ပေါ့။

အိမ်ရောက်လို့ အမေ့ကိုပြောပြတော့ အမေရယ်မောသဘောကျသည်မှာ မျက်ရည်ထွက်လုမတတ်


ရှိသည်။ ညီအစ်ကိုတစ်စုလည်း သဘောကျရယ်မောကြသည်။ အစ်ကိုဖြစ်သူ အောင်ပါစေဟု
ဆုတောင်းကြသည်မှာ အမောသား။

"ငါ့သားတို့ အောင်စာရင်း ဘယ်တော့ထွက်မှာလဲဟင်"

"သင်္ကြန်မတိုင်မီ ထွက်မယ်ပြောတာပဲ အမေ"

ဘုရားရှိခိုးတိုင်း မခင်သစ် ဆုတောင်းနေသည်။ ဆုတောင်းတစ်မျိုးထပ်တိုးသွားသည်။

ကိုလတ် စစ်တက္ကသိုလ်တက်တော့ လိုအပ်တာဝယ်ဖို့ ရုံးမှ ငွေစုငွေချေးမှာ ကိုဦးငွေနှစ်ရာကျပ်


ချေးသည်။

"အမေ... တစ်လ နှစ်ဆယ်ကျပ်နဲ့ တစ်နှစ်ဆပ်ရမယ်အမေ"

"အေး... င့ါသားရယ် လိုအပ်တ့အ


ဲ ချိန် ရတာပဲ တော်သေးတာပေါ့ကွာ"

"ဟုတ်ကဲ့ အမေ... လစာတော့ လျှော့သွားမှာ"

"အမေ ချေတ
ွာသုံးရမှာပေါ့ ငါ့သားရယ်"

မခင်သစ် ဆုံးဖြတ်သော လေသံနှင့်ပြောရသည်။ လျှော့ရမှာပေါ့။ ချွေတာရမှာပေါ့ဟု


ရေရွတ်နေသည်။ လျှော့ရချွေတာရတာတော့ အိမ်ထောင်ကျကတည်းက ကြာပြီ။ မိမိမှာ ဒီလို
အစွမ်းအစတွေ ရှိလာတာပဲ ဝမ်းသာနေရသည်။

လိုအပ်တာလေးတွေ မဖြစ်မနေ ဝယ်ပေးရင်း နေတတ်ထိုင်တတ်ဖို့၊ ပေါင်းသင်းဆက်ဆံတတ်ဖို့


မခင်သစ်မှာနေသည်။

"စိတ်ချပါအမေ"

typing & pdf - lucky82 92


mmcybermedia. com

ကိုလတ် ကတိပေးသည်။ အားလုံးနှင့် သင့်တင့်အောင် ဆက်ဆံဖို့ ဝန်မလေးပါ။ ချွေတာသုံးရမည်။


ကြိုးစားရမည်။ ဇွဲရှိရမည်။ မိမိဘဝရှေ့ရေးကောင်းစားဖို့နှင့် နိုင်ငံအတွက် တာဝန်ထမ်းဆောင်ဖို့
မိမိအစွမ်းကုန် ကြိုးစားရမည်ကို ကိုလတ်သိနေပါသည်။ မိမိအတွက် အမေ ဂုဏ်ယူ
ဝမ်းမြောက်ရပါမည်။

အိပ်ယာလိပ်နှင့် သေတ္တာလေးကို ညီတွေက ဆွဲရင်း ထမ်းရင်း ကိုလတ်အမေ့ကို ကန်တော့သည်။


တစ်မြို့ထဲမှာ နေရပေမယ့် အတွေ့အကြုံသစ်နှင့် သွားရတော့မည်မို့ ရင်ထမ
ှဲာ ဝမ်းနည်းနေသည်။

"ကြိုးစားနော် ငါ့သား။ ဘာပဲဖြစ်ဖြစ်. .. သည်းခံနော် ကျန်းမာရေးလည်း ဂရုစိုက်..."

ဟု ဆုတွေပေးရင်း အမေမှာသည်။ ကျောင်းတက်စ ၃ လတော့ လုံးဝအပြင်မထွက်ရ။

အိမ်မှာ လူတစ်ယောက်လျှော့သွားတော့လည်း တရရနှင့် ပြောရင်း သတိရနေကြသည်။


အထူးသဖြင့် ခွန်လေးက ကိုလတ်ကို သတိရရှာသည်။

"ကိုကိုရှိရင် စိတ်ရှည်ရှည်နဲ့ စာသင်ပေးတယ်။ ကိုအောင်က အားကြီး စိတ်တိုတယ်။


သင်တာလည်း မကောင်းဘူး"

ဟု မျက်ရည်တလည်လည်နှင့် ပြောတတ်သည်။ ကိုအောင် ကိုယ်တိုင်က ကျောင်းစာဝါသနာ


ပါလှသည်မဟုတ်မှန်း မခင်သစ် သိသည်။ သို့ကြောင့် စာသင်သောအလုပ်ကို
ကိုမောင့်လလ
ွှဲိုက်သည်။

"ငါ့သားသင်ပေးပါကွယ်"

ဟု ပြောရသည်။ ကိုမောင်က စိတ်ရှည်သည်။ လေသံချိုသည်။ အငယ်တွေကို စာပြပေးဖို့


ကိုမောင့်တာဝန်ဖြစ်သွားသည်။ အရင်က ကိုလတ်ယူသော တာဝန်ဖြစ်သည်။

ကိုညိုလေး တစ်နှစ်ခွဲရှိတော့ မခင်သစ် ကိုယ်ဝန်သိသိသာသာ ပေါ်လာလေပြီ။


နောက်ထပ်တစ်ယောက်။ ဇွမ
ဲ လျှော့သော ခွန်လေးက...

"ဒီတစ်ခါတော့ ညီမလေးပဲ မွေးတော့နော်. .. အမေက မောင်လေးတွေချည်း မွေးနေတာကိုး"

ဟု အပြစ်တင်သည်။

typing & pdf - lucky82 93


mmcybermedia. com

ကိုလတ်ဒေါက်တင်ပက
ွဲို မခင်သစ်သွားတော့ ကိုယ်ဝန်ကြောင့် မခင်သစ် မျက်နှာပူသည်။
ကိုဘသိန်းမလာနိုင်သောကြောင့် မိမိသွားရသည်။ ကိုလတ်အားငယ်မှာ စိုးသည်။ မျက်နှာငယ်မှာ
စိုးသည်။ မိမိဘက်မှ တာဝန်ကျေရမည်။

၃ လအတွင်းမှာ ကိုလတ်အသားတွေ ညိုသွားသည်။ အရပ်နည်းနည်း ထွက်ပြီး ထွားလာသည်။


ကိုလတ်ရောက်လာတော့ တစ်အိမ်လုံး အိမ်ရှေ့ထွက်ကြိုကြသည်။ ယူနီဖောင်းစိမ်းစိမ်း၊
ဘယ်ရီကက် နီညိုရောင်၊ ခါးလေးကုန်းရင်း။ မခင်သစ် ပြုံးနေသည်။ သူမကိုယ်ဝန်က လေးနေပြီ။

"အမေနေကောင်းတယ်နော်"

ရှူးဖိနပ်ချွတ်ရင်းမှ ကိုလတ်မေးသည်။

"နေကောင်းပါတယ် င့ါသားရယ်"

ဟု ပြောပြီး

"ညနေပြန်ရမှာပေါ့ ဟုတ်လား။ မနက်ကပြောရင် ကိုအောင့်ကို စက်ဘီးနဲ့လာခေါ်လို့ရတာပေါ့ကွာ"

ဆက်ပြောလိုက်သည်။

"ဒီနေ့က ပထမနေ့ဆိုတော့ ကျွန်တော်လည်း မပြောတတ်လို့အမေ။ နောက်အပတ်ဆိုရင် မနက် ၈


နာရီလောက်လာခေါ်ရင် ရတယ်အမေ။ ညနေ ၅ နာရီပြန်ဝင်ရမယ်"

"အင်း... ညနေကျ ကိုအောင့်ကို ပို့ခိုင်း ငါ့သားအဝေးကြီး လမ်းလျှောက်ရတာ"

အရှေ့နှင့်အနောက် မြို့ကို ဖြတ်လာရသည်။

"ရပါတယ်အမေရာ ကျွန်တော်တို့ တစ်နေ့တစ်နေ့ ဒီထက်မက ပြေးရတာလေ"

ဟု ပြောရင်း ကိုလတ် အိမ်ပေါ်တက်လာသည်။

"ကိုကို ဒီနေ့ ဆိတ်သားလုံး ချက်တယ်သိလား"

ကိုလတ်ခါးကို ဖက်ရင်း ခွန်လေးပြောသည်။

"စာတွေလိုက်နိုင်ရဲ့လား ညီမလေး... ဟင်၊ ကြိုးစားနော်"

"ကိုမောင် သင်ပေးနေတယ်"

ကိုအေး၊ ကိုထွေး၊ ကိုပိုနှင့် ကိုညိုလေးပါ ကိုလတ်ပေါင်ပေါ် တိုးခွေ့ထိုင်ရင်း ယူနီဖောင်းကို


ကိုင်ကြည့်နေကြသည်။ သားတွေကို ငေးလျှက် မခင်သစ် သဘောကျနေသည်။ သားအတွက်

typing & pdf - lucky82 94


mmcybermedia. com

ပီတိဖြာနေသည်။ သည်သားတစ်ယောက်တော့ ထူးထူးချွန်ချွန်ဖြစ်မည်ဟု တွက်ထားသည်။


ရှေ့တစ်ယောက် နမူနာကောင်းရှိလျှင် နောက်လူများလည်း အားကျကြိုးစားလိမ့်မည်ဟု
သူမယုံကြည်မိသည်။

ကိုဦးက သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း မျက်နှာပျက်နေသည်။ သူပြောသမျှ


နားထောင်နေရသော်လည်း ထူပူနေရှာသည်။ ပြောသူကလည်း ပြောသာပြောရသည်။
အားရဝမ်းသာ ပြောခြင်းမျိုးတော့ မဟုတ်။ သူငယ်ချင်းသည် ရွှေညောင်ရုံးမှ ခွင့်ယူ၍
မိဘထံပြန်လာခြင်းဖြစ်သည်။ ကိုဦး စက်ဘီးနင်းပြီး အိမ်ပြန်လာသည်။ တစ်လမ်းလုံး
စဉ်းစားလာသည်။ အမေ့ကို ပြောပြရမှာလား။ မပြောပြရဘူးလားဟု ဝေခွဲမရဖြစ်နေသည်။
အမေသိသင့်သည်။ သူမထက် သိသင့်သောသူ မရှိဟု ကိုဦးထင်ပါသည်။ အမေ့မှာ
ကိုယ်ဝန်ရှိနေတာတော့ ကိုဦးသိသည်။ အမေသည် တစ်ဆယ့်နှစ်ယောက်မြောက် ကလေးကို
ကိုယ်ဝန်လယ
ွ်ထားသည်။

ကိုဦးအတွက် တိုင်ပင်စရာလူမရှိ။ ကိုလတ်ပြန်လာဖို့ တစ်ပတ်စောင့်ရမည်။ စောစောကတည်းက


ပြောထားတာ ကောင်းမလား စဉ်းစားရင်း အမေကလေးမီးဖွားပြီးမှ ပြောလျှင် ပိုကောင်းမည်ဟု
ပြင်ဆင်မိပြန်သည်။

စက်ဘီးကို အိမ်ရှေ့မှာ ထောင်ပြီး သော့ခတ်လိုက်သည်။ ကျောင်းသွားကြသောကြောင့် အိမ်မှာ


လူရှင်းနေသည်။ ကျောင်းမနေသေးသော ကိုပို၊ ကိုထွေးနှင့် ကိုညိုလေးသာ ရှိသည်။

"ငါ့သား ထမင်းစားပြန်လာတာလား"

"ဟုတ်က့အ
ဲ မေ"

အနှီးဟောင်းတွေ ပြန်စီခေါက်ရင်း မခင်သစ်မေးလိုက်သည်။ ကိုဦးနေ့လယ်စာ ထမင်း


ပြန်လာစားခြင်း ဖြစ်သည်။ တစ်ခါတစ်ရံလည်း လာမစား။ ထမင်းခူးပြီး ပဲပုပ်ချက်ကို ပန်ကန်ပြားထဲ
ပုံထည့်လိုက်သည်။

"ကန်စွန်းရွက်လေးကြော်ထားသေးတယ် ငါ့သားရဲ့။ ကြောင်အိမ်ထဲမှာ"

ထမင်းတစ်ပန်းကန်ကို ၅ မိနစ်လောက်နှင့် ကိုဦးစားလိုက်သည်။ ပန်းကန်ဆေး၊ လက်ဆေးပြီး


အိမ်ပေါ်တက်လာသည်။ အဝတ်ခေါက်နေသော အမေ့နားကြမ်းပြင်မှာ ထိုင်လိုက်သည်။

typing & pdf - lucky82 95


mmcybermedia. com

နောက်ခန်း ကြမ်းပြင်မှာ ဖယောင်းနှင့် ကြမ်းမတိုက်ထားသော်လည်း ရေပတ်ဝတ်နှင့် တိုက်နေကျမို့


ဖုံမရှိ။ အရောင်မတောက်ပတာပဲ ရှိသည်။

"ဘာပြောမလို့လဲ ငါ့သား"

မခင်သစ်မေးလိုက်သည်။ ခါတိုင်း ထမင်းစားပြီး ကမန်းကတန်း ပြန်ထွက်တတ်သော ကိုဦးကို


အကြောင်းတစ်ခုခုရှိပြီဟု မခင်သစ် သိလိုက်သည်။

"အော်. .."

"အင်း... ဘာလဲ"

"အ... ဟ... ဝါ... ပါ... အဲ"

ကိုဦး ခေါင်းကုပ်လိုက်သည်။ ဘယ်လိုပြောရမလဲဟု စဉ်းစားမရဖြစ်နေသည်။ အစခက်နေသည်။


အကူအညီလည်း မရှိ။ ဆန်အိတ်ကို မှီဆော့နေကြသော ကိုထွေး ကိုပိုနှင့် ကိုညိုလေးကို
ငေးကြည့်နေမိသည်။ တဒင်္ဂလောက် သူတို့လို တာဝန်မဲ့လျှင် ဘယ်လောက်ကောင်းမလဲ။

"ဘာလဲ င့ါသားရဲ့"

"အင်း... အဖေ့အကြောင်း ပြောမလို့... အမေရဲ့ "

"ဘာဖြစ်လို့လဲ... နေမကောင်းဘူး ကြားလို့လား"

နေများမကောင်းဘူးလားဟု မခင်သစ် စိတ်ပူသွားသည်။ စာမလာတာ အတော်ကြာပြီဟု


သတိရသွားသည်။ မိမိမှာ အိမ်မှုကိစ္စများနှင့် ချာချာလည်နေသည်။

"နေကောင်းတယ်အမေ... အဲ. .. ရွှေညောင်မှာ အဖေ့ကို မိန်းမတစ်ယောက်က... အဲ. ..


အတော်ကြိုက်နေတယ်တဲ့. .."

ပြောဖြစ်သွားပြီ။ ကိုဦးခေါင်းငုံ့နေသည်။ အမေ့မျက်နှာကို မော့မကြည့်ချင်။ ဒီလောက်ပြောလျှင်


အမေသိလိမ့်မည်။ များများပြောစရာ မလိုဘူးထင်ပါရဲ့ဟု ကိုဦးစဉ်းစားရင်း ရင်ထိတ်နေသည်။
အားလုံးတိတ်ဆိတ်နေကြသည်။

"ဟုတ်ရဲ့လား ငါ့သားရယ်"

မခင်သစ်အသံ အနည်းငယ် ခြောက်သွေ့နေသည်။ မိမိမှာ ကလေးတွေ တန်းလန်းနှင့်။ ကိုထွေး၊


ကိုပိုနှင့် ကိုညိုလေးတို့ ဆော့နေကြသည်။ ကိုညိုလေး တစ်နှစ်ကျော်နေပြီ။ နောက်နှစ်ဆို ကိုထွေး
ကျောင်းနေရတော့မည်။ အိမ်ထောင်သည် ယောက်ျားတစ်ယောက်ကို ကြိုက်သလား။ သူကရော
ပြန်ကြိုက်နေတာလားဟု မခင်သစ် စဉ်းစားလိုက်သည်။ နှစ်တွေတော့ ကြာသွားပြီ။ ကိုဘသိန်း

typing & pdf - lucky82 96


mmcybermedia. com

ရွှေညောင်ရောက်တာ။ အင်း... မိမိတောင် ကိုပိုရယ် ကိုညိုရယ် မွေးပြီးပြီ။ ခု ဗိုက်ထမ


ှဲာ
နောက်တစ်ယောက်။

မိမိကတော့ သူ့အတွက် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် မွေးထုတ်နေရသည်။


သူကတော့ သည်လိုလားဟု တွေးပြီး မခင်သစ် မျက်မှောင်ကုပ်မိသည်။ အံကြိတ်မိသည်။ ဟုတ်မှ
ဟုတ်ပါ့မလားဟု တွေးရပြန်သည်။ တစ်ခါတစ်ရံ သွားပုပ်လေလွင့် ပြောတတ်တာမျိုး ရှိသည်။

"သေချာရဲ့လား ငါ့သားရယ်။ မင်း ဘယ်သူပြောတာလဲ"

သည်တော့မှ အမေ့မျက်နှာကို ကိုဦးမော့ကြည့်သည်။ သေချာတယ် အမေဟု ပြောရမည်။


ဘယ်လိုပြောရမလဲ။ သူငယ်ချင်းက မိမိကို မညာပါဘူး။ ပြီးတော့ အဖေ့စက်ဘီးရှေ့ခုံပေါ်မှာ
သည်မိန်းမကို တင်စီးနေတာလေ။ ဓာတ်ပုံရှိနေသည်။ မိမိအိပ်ထောင်ထဲမှာ။ အမေ့ကို ဘယ်လိုမှ
ပြလို့မဖြစ်။ သူငယ်ချင်းက ဓာတ်ပုံရိုက်ဝါသနာအိုး။ မိမိကို သက်သေနှင့် ပြသည်။ မယုံမှာစိုးလို့
အမေရဲ့ဟု စိတ်ထမ
ှဲ ရေရွတ်နေမိသည်။

"ကျွန်တော့်သူငယ်ချင်းပြောတာ အမေ... သေချာတာတော့ သေချာပါတယ်"

လေသံပျော့နှင့် ကိုဦးပြောသည်။

မခင်သစ် ငိုင်နေသည်။ မသေချာပဲ မပြောနိုင်ပါ။ သားတစ်ယောက်က အဖေ့အကြောင်း


ပြောကတည်းက သေချာလို့သာ ပြောခြင်းဖြစ်သည်။ သည်သားကလည်း မိမိကို မဟုတ်ဘန
ှဲင့်
ပြောလို့မရ။ မခင်သစ် သက်ပြင်းရှိုက်လိုက်မိသည်။ ခရီးဝေးလှသည်။ နီးများနီးလျှင်
ပြေးသွားလိုက်ချင်သည်။ မျက်နှာကိုစေ့စေ့ကြည့်ပြီး မေးချင်သည်။ ဘယ်လိုလဲ။ ဘာကြောင့်လဲ။

"အမေ စိတ်မကောင်းဖြစ်နေလား ဟင်. .."

ကိုဦးမျက်နှာကိုကြည့်ရင်း...

"အင်း... အမေဘယ်လိုပြောရမလဲ... ငါ့သားရယ် မိန်းမတစ်ယောက်ပဲ ဒီထက်ပိုပြီး


စိတ်မကောင်းစရာ ဘယ်ရှိမလဲနော်"

ပြောရင်း မခင်သစ် ငိုသံပါလာသည်။ မိမိဘဝတစ်ခုလုံး ကိုဘသိန်းကို ပုံအပ်ထားသည်။ မိမိတို့


အိမ်ထောင်မှ မွေးထားသည့် ကလေးတွေကလည်း နည်းနည်းနောနောမဟုတ်။ ဝမ်းနည်း
ကြေကွဲခြင်းနှင့် ဒေါသကို တစ်ပြိုင်တည်း ခံစားရသည်။

typing & pdf - lucky82 97


mmcybermedia. com

"ဟိုလိုကြီးတော့ ဟုတ်မယ်မထင်ပါဘူး အမေရယ်။ ခဏတဖြုတ် နေမှာပါ။ ပြီးတော့ ဟိုမိန်းမလည်း


ဘာမှ မသိဘူးထင်ပါရဲ့"

စိတ်ပြေရာပြေကြောင်း ကိုဦးပြောလိုက်သည်။ မိမိပြောစကားသည် စိတ်ဖြေဖို့ထက် တောင်ရောက်


မြောက်ရောက် ဖြစ်နေသည်ဟု စဉ်းစားမိတော့ စိတ်ရှုပ်သွားသည်။ ရုံးချိန်နီးနေပြီ။ အမေ့ကို
တစ်ယောက်ထဲ ထားခဲ့ရမှာလည်း ဝန်လေးမိသည်။

"င့ါသားလည်း ရုံးပြန်တော့လေ"

"အမေ တစ်ယောက်ထဲ. .."

စကားစကို ဖြတ်ထားမိသည်။

"ရပါတယ် ငါ့သားရယ်. .. ငါ့သားအလုပ် အရေးကြီးပါတယ်။ ကဲ. .. သွားတော့"

ကိုထွေး၊ ကိုပိုနှင့် ကိုညိုလေးတို့ကို အိပ်ယာပေါ်တင်ပေးလိုက်သည်။ သူတို့အိပ်ချိန်မှန်း


သိကြသည်။

"အိပ်ယာနိုးမှ ဂချားမယ်"

ကိုပိုပြောရင်း မျက်စိမှိတ်ထားသည်။

စကောထဲ ဆန်ထည့်ပြီး မခင်သစ် ထိုင်နေသည်။ ကိုဦးပြောသမျှ စကားလုံး နည်းနည်းကို


အပြန်ပြန် အလှန်လှန် စဉ်းစားမိသည်။ အတည်တော့ မဟုတ်ဘူး။ အပျော်လား။
အပျော်လုပ်သင့်သလား။ ဆန်သာရွေးနေသည်။ စပါးလုံးကို မမြင်။ အမဲစက်ကို မတွေ့။ မိမိမှာ
သားတွေ တစ်ပြုံကြီးနှင့်။ သူနှင့်မွေးထားခြင်း။ လက်က ဆန်စေ့တွေကို ထိုးဆွနေမိသည်။ သူဒီလို
လုပ်သင့်သလား။ ကိုဘသိန်း ဒီလိုလုပ်သင့်သလားဟု တွေးရင်း မျက်ရည်ကျလာသည်။ တန်းပေါ်မှ
စွပ်ကျယ်စုတ်ကိုယူပြီး နှာရည်နှင့် မျက်ရည်များကို သုတ်လိုက်သည်။ နှုတ်ခမ်းကို
တင်းတင်းစေ့ထားလိုက်သည်။ မိမိ လိုက်မသွားလို့လား။ အင်း... မလိုက်နိုင်သောကြောင့်
မလိုက်ခြင်းဖြစ်သည်။ သူ့ကိုယ်ပွားတွေ တစ်ပြုံကြီးကို မိမိကျွေးနေရသည်။ မွေးနေရသည်။
ပြုစုနေရသည်။ ဝမ်းနည်းကြေကွလ
ဲိုက်သည့် ဖြစ်ခြင်း။ ယခုလည်း နောက်တစ်ယောက် ဗိုက်ထမ
ှဲာ
ရှိနေသည်။ ကိုဘသိန်းနှင့် ရသည့်ဗိုက်။ မိမိဘယ်သူနှင့်မှ သွားမကမြင်း။ သူကတော့ မခင်သစ်
အံကြိတ်လိုက်သည်။ တော်. .. တော်. .. ဟိုဒင်းပြုတဲ့. .. ယောက်ျားဟု ကျိန်ဆဲလိုက်သည်။

အမေ့ကို သတိရလိုက်သည်။

typing & pdf - lucky82 98


mmcybermedia. com

"ဘသိန်းက အေးပါတယ် မခင်သစ်ရယ် ရိုးလည်း ရိုးပါတယ်။ ညည်းထက်လည်း ၂ နှစ်ကြီးတာ"

"ဟာ... အမေကလည်း ကျန


ွ်တော်မယူချင်ပါဘူးဗျာ။ ပြီးတော့. .."

မခင်သစ် စကားဖြတ်ထားသည်။ ရှက်တာလည်း ပါသည်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တာလည်း


ပါသည်။

"ဘာပြုလို့လဲ အမေတို့သေသွာရင် ညည်းတစ်ယောက်ထဲ ဖြစ်နေမှာပေါ့။ ဘသိန်းက ညည်းအပေါ်


မေတ္တာထားရှာပါတယ်"

အမေ့အပြောကတော့ ချောနေသည်။ ကိုဘသိန်းကို မခင်သစ် သိသည်။ မန္တလေးသား။


သူ့မိဘညီအစ်ကိုတွေနှင့် လာလာလည်သည်။ မိမိကတော့ ကိုယ့်ဖာသာပဲ နေပါသည်။ မိဘတွေ
ခင်မင်ရင်းနှီးကြသည်။ ညီအစ်ကို မောင်နှမ ၅ ယောက်မှ အလယ်လူဖြစ်သည်။

"ညည်းအဖေလည်း သဘောတူတယ် ခင်သစ်။ ဘသိန်း မိဘတွေလည်း သဘောတူထားကြတယ်"

"အမေရာ... ကျွန်တော့်လိုလူကို သဘောကျတယ်ဆိုတာ လူကို သဘောကျတာ ဟုတ်ရဲ့ လားဗျာ"

မခင်သစ်အမေးကြောင့် ဒေါ်အေးဘုံ မျက်နှာပျက်သွားရှာသည်။ သည်သမီးက ပြောစရာရှိ


အားမနာတတ်။ ရှင်းရှင်းပြောတတ်သည်။

"ညည်းနှယ်အေ..."

ဒေါ်အေးဘုံ ဘာဆက်ပြောရမှန်းမသိ။ မေတ္တာ ကရုဏာတော့ ထားရှာမှာပါဟု တွေးသည်။ ခင်သစ်


ရုပ်လေးကလည်း သန့်ပြန့်ပါသည်။ နုနုညက်ညက် ရှိသည်။ မိမိကလည်း
အိမ်ထောင်ပြုစေချင်သည်မဟုတ်။ ရေရှည်တွေးလို့သာ တိုက်တွန်းရသည်။ မိဘတွေ
စကားစရသည်။ သည်သမီးတစ်ကောင်ကြွက်။ မိမိတို့သေလျှင် တစ်မျက်နှာထဲ။ ဘာလုပ်လို့
လုပ်ရမည်ကို သိမည်မဟုတ်။

"ပစ္စည်းမက်လို့ နေမှာပါ အမေရာ..."

မခင်သစ်ပြောလိုက်သည်။ သည်လိုပဲ ဖြစ်ရမည်ဟု ယုံကြည်သည်။ မခင်သစ် စကားကြောင့်


ဒေါ်အေးဘုံလန့်သွားသည်။

"အေးလေ... ညည်းအတွက် ရှိပစ္စည်းအကုန်ပဲ ဥစ္စာ။ မက်လည်း မက်ပေါ့။ မေတ္တာလည်း


ထားပါတယ် ခင်သစ်ရယ်. .. တလွမ
ဲ တွေးစမ်းပါနဲ့. .."

ဒေါ်အေးဘုံ ဟန့်တားလိုက်သည်။ ပစ္စည်းမက်တယ်ဆိုလည်း မက်ချင်စရာ။ မိမိတို့


ချမ်းသာပြည့်စုံကြောင်း လူတိုင်းသိသည်။ ရွာထောင်ရသာကြီး(ရွာသာကြီး) ဒဂေါင်တောင်ဘက်
တစ်ကြော လယ်တွေ လက်ညှိုးထိုးမလွဲ။ လယ်ဧက ထောင်ကျော်ရှိသည်။ လယ်နှင့်ယာနှင့်

typing & pdf - lucky82 99


mmcybermedia. com

ဆက်မိတော့ လယ်သမား ယာသမားတို့အတွက် ဝယ်ခြမ်းစရာ ကုန်စုံဆိုင်လေး


ဖွင့်ထားသေးသည်။ စပါးပေါ်ပေး၊ ကိုင်းပေါ်ပေး။ မိမိလယ်သမားတွေချည်း။ ကိုင်းသမားတွေချည်း။
ဒီပြင်ဆိုင်မဝယ် မိမိဆီမှာပဲ ဝယ်သည်။ ဤသည်တို့မှာ ရှိသမျှ မိမိငွေချည်းလို ဖြစ်နေသည်။
ရွှေပေါင်ချင်လည်း မိမိဆီ၊ ငွေချေးလျှင်လည်း မိမိကပဲ ထုတ်ချေး။ ကျေးဇူးခံ ကျေးဇူးစားတွေ
များသည်။

မိမိတို့တစ်သက်မဟုတ် ခင်သစ်တစ်သက် စားကုန်ဖို့ သုံးကုန်ဖို့ မရှိဟု ဒေါ်အေးဘုံ


တွက်ထားသည်။ သည်လိုမှလည်း ဖြစ်မည်။ ခင်သစ် မျက်နှာငယ်မှာစိုးသည်။ သည်သမီး
ဒုက္ခရောက်လို့ မဖြစ်။ ဘသိန်းလည်း တော်ပါသည်။ အင်္ဂလိပ်၊ မြန်မာ အထက်တန်းကျောင်း
တက်နေသည်။ ဖြူဖြူစင်စင်နှင့် လူပုံသန့်သည်။ ရိုးသားသည်။ ခင်သစ်ကို ပစ္စည်းမက်ရုံနှင့်
လိုချင်တယ် ပြောလို့မရ။ သူ့မိဘတွေလည်း ပြည့်စုံသည်။ တိုက်နှင့်တာနှင့် နေနိုင်ကြသည်။
ကုန်သည်ပစ
ွဲားဖြစ်သည်။ ကရုဏာထားတာဖြစ်မည်။ သည်ကရုဏာတရားကိုပဲ
မိမိသဘောကျသည်။ ခင်သစ်အပေါ် မေတ္တာထားရုံနှင့် မရ။ ကရုဏာတရားလေးပါ ထားသူမှ
ဖြစ်မည်။

"ကျွန်တော်တစ်ယောက်ထလ
ဲ ည်း ဖြစ်ပါတယ် အမေရာ။ တော်ကြာမှ ဆေးအတွက်
လေးနေပါ့မယ်"

"ဘာမှ လေးစရာမရှိဘူး။ လူကြီးတွေစီစဉ်တာ ဘသိန်းကလည်း နာခံတယ်။ ညည်းလည်း


မြင်တွေ့နေတာပဲ။ မမြင်မတွေ့ဘဲ ယူရမှာမှ မဟုတ်တာ။ တစ်ယောက်နဲ့တစ်ယောက် ဘာမှ
အပြစ်ပြောနေစရာ မလိုပါဘူးအေ..."

မခင်သစ် တစ်ဆယ့်ခြောက်နှစ်ခန့် ရှိပြီ။ ဒေါ်အေးဘုံ စိတ်ချချင်သည်။ သူ့အဖေကလည်း


သဘောတူထားသည်။

"နေပါဦး... အမေရာ ကျွန်တော်ဖြင့် ဆယ့်ခုနစ်နှစ်ရှိပါသေးတယ်ဗျာ။ ကိုယ့်ဖာသာ အေးအေး


နေစမ်းပါရစေ... အမေ့လူကို ကျွန်တော် မေးကြည့်ပါဦးမယ်"

"ဟဲ့. .. ဘာမေးမှာတုန်း"

"အော်. .."

ပြုံးရယ်လျှက်. ..

"ကျွန်တော့်ကို တကယ်မေတ္တာရှိတာလား မေးရမှာပေါ့. .. အမေရဲ့။ ကျွန်တော့်လို ဒုက္ခိတကို


တကယ်မေတ္တာမရှိဘဲ ယူရင် တစ်သက်လုံး ကျွန်တော်ပဲ ဒုက္ခရောက်မယ့်ဟာ..."

typing & pdf - lucky82 100


mmcybermedia. com

ဟု ပြောတော့ ဒေါ်အေးဘုံ မခင်သစ်ကို ငေးကြည့်မိသည်။ အော်. .. ဒီသမီးလေး


သနားစရာလေးဟု မျက်ရည်ဝဲခ့ရ
ဲ သည်။ မွေးစဉ်က အကောင်း။ ဘာအပြစ်အနာအဆာမှမရှိ။ ၃
နှစ်သမီးရောက်မှ ဖျားသည်။ အဖျားကြီးလွန်းသောကြောင့် သူငယ်နာအကြောတက်ရင်း
ညာခြေထောက် တစ်ဖက် ကွေးကောက်သွားရှာသည်။ ကိုစံခ စိတ်ပူလိုက်ပုံ ပြန်မတွေးချင်။

"မင်းကွာ... မင်းကွာ... ဘယ်လိုဖြစ်ရတာလဲ။ ငါ့သမီးလေး ဖြစ်ရလေ... ခေါ်... ခေါ်...


အကောင်းဆုံး ဆေးဆရာတွေ ခေါ်..."

ခေါ်ပါသည်။ မြန်မာဆရာ၊ အင်္ဂလိပ်ဆရာ၊ ဆေးတိုက်ဆေးကျွေးဆေးထိုး ဘယ်လိုမှမရ။


ဒူးခေါက်ခက
ွ်ကွေး၍ ခြေဖဝါးလေးများ ကုပ်ဆင်းနေသည်။

လက်နှိပ်ဆရာခေါ်နှိပ်သည်။ တစ်ယောက်မကောင်း တစ်ယောက်ပြောင်း။ ပုဏ္ဏားလက်နှိပ်ဆရာကို


အိမ်ခေါ်သွားသည်။ တစ်ရက်နှစ်ရက်။ တစ်ပတ်နှစ်ပတ်မဟုတ်။ အိမ်မှာ သူတို့ဘာသာဘာဝ
ချက်ပြုတ်စားဖို့ နေရာပေး၊ ဆန်ဆီပေး၊ နှိပ်ခပေးပြီး ခေါ်ထားခြင်းဖြစ်သည်။ နေ့စဉ်နှိပ်။ ၅ နှစ်တိတိ
နှိပ်ပေးသည်။

ခင်သစ်၏ ဝဋ်နာ ကံနာဟုသာ သဘောထားရတော့သည်။ ဒူးလေးကွေး ခြေဖျားလေးရော


ခြေဖမိုးပါ ကုပ်ဆင်းပြီး လမ်းလျှောက်ရင်း ကြီးလာရရှာသည်။ ဦးစံခရော ဒေါ်အေးဘုံပါ သမီးလေး
လမ်းလျှောက်တာ မြင်တိုင်း တိတ်တိတ်လေး ကြိတ်ဆွေးကြရသည်။ ပြန်မကောင်းနိုင်တော့။
သည်ဘဝလေးနှင့် တစ်သက်လုံး နေရတော့မည်။ ကျောင်းသွားလျှင် သူငယ်ချင်းတွေကြားမှာ
ကုန်းကာကွက်ကာ ဇွန
ှဲင့်လမ်းလျှောက်ရှာသည်။ မြင်ရချက် မသက်သာ။ ၄-၅ တန်းရောက်တော့
အပျိုပေါက်လေး ဖြစ်လာပြီ။ ကျောင်းထွက်ခိုင်းလိုက်ရသည်။ သေစာရှင်စာ တတ်လျှင် တော်ပြီ။
သွားရ လာရ မြင်ရတာ စိတ်မကောင်း။ မြင်းလှည်းနှင့်သွားခိုင်းတော့လည်း မသွားချင်။
ငယ်သေးတော့ ကျရာဘဝမှာ ပျော်နေသည်။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဇာတိမို့ ဘယ်သူမှ မကဲ့ရဲ့။
နေသာပါသည်။ အိမ်မှာ အသက် သိပ်မကွာလှသော အဒေါ်တစ်ယောက်
အဖော်ခေါ်ထားပေးသည်။ ခင်သစ် ကျောင်းထွက်တော့ သူပါထွက်ရသည်။ မသန်းကျင်မှာ
မခင်သစ်နှင့် အတူနေ အတူစား အတူအိပ် အဖော်လုပ်ရသည်။ ဒေါ်အေးဘုံ၏ ညီအစ်မ
တစ်ဝမ်းကွမ
ဲို့ မခင်သစ် အဒေါ်တော်သည်။ ဒီပြင်ဆွေနီးမျိုးစပ်တွေ တစ်ပုံတစ်ပင်။ မခင်သစ်နှင့်
အဖော်လုပ်ကြ ဝိုင်းကူကြနှင့် လာနေသူတွေ ရှိပါသည်။ ရင်းချာသူတော့ မရှိ။ ထို့ကြောင့်
ဒေါ်အေးဘုံ စိတ်မချခြင်းဖြစ်သည်။ အိမ်ထောင်ချလိုက်လျှင်တော့ ခင်သစ်နောင်ရေးရော
စီးပွားရေးအတွက်ပါ မပူရတော့။

"ငါ့သမီး စိတ်ဆင်းရဲလို့တော့ မဖြစ်ဘူးနော် အေးဘုံ"

typing & pdf - lucky82 101


mmcybermedia. com

ဟု ဦးစံခ ယတိပြတ်ပြောသည်။

ကိုဘသိန်းကို မခင်သစ်မေးဖြစ်သည်။

"ခင်ဗျား... ကျွန်တော့်ကို မေတ္တာရှိလို့ လက်ထပ်မှာလား"

အမေးရဲသည်ဟု ထင်ရသော်လည်း စိုးရိမ်စိတ်ကြောင့် မေးရမှန်း ကိုဘသိန်းနားလည်ပါသည်။


တေ့တေ့တင်တင် မေးခံရသောကြောင့် သူကြောင်ကြောင် ဖြစ်တာတော့ အမှန်။

"မင်းက ဒီခြေကျိုးမလေးကို ယူမယ်ဟုတ်လား ဘသိန်း"

ဟု သူငယ်ချင်းတွေ မေးကြတုန်းက ကိုဘသိန်း ရယ်မောခဲ့ဖူးသည်။

"ရုပ်လေးတော့ လှပါတယ်။ မင်းကွာ... တစ်သက်လုံး ဒုက္ခိတနဲ့ ပေါင်းရမှာနော်"

သတိပေးသူက ပေးသည်။ မိဘတွေက သဘောတူကြသလို မိမိကိုယ်တိုင်လည်း


သဘောကျပါသည်။ ချစ်စရာကောင်းသော ရုပ်ရည်လေးနှင့် သနားစရာ ကောင်းသည်။
သနားကရုဏာတရားနှင့် မခင်သစ်ကို အဖေတို့ အမေတို့ သဘောတူတော့
မိမိခေါင်းငြိမ့်လိုက်သည်။ ဒါကို သူငယ်ချင်းတွေက ဝေဖန်ကြ၊ ဟားချင်သလို ပြောဆိုကြသည်။
ကိုဘသိန်း စိတ်ညစ်သွားသည်။ ဒီကောင်တွေ ဘယ်လိုခံစားကြသည်မသိ။ မိမိကတော့ သနား
ကရုဏာနှင့် ခံစားသည်။ တစ်ယောက်နှင့်တစ်ယောက် စိတ်ကူးချင်း မတူနိုင်။ မိမိဆုံးဖြတ်ချက်နှင့်
မိမိပေါ့။ ထို့ကြောင့်. ..

"မေတ္တာတရားရော... ကရုဏာတရားရောထားလို့ပေါ့. .. မခင်သစ်ရယ်. .. ဘာပြုလို့လဲ"

ဟု ပြန်ဖြေရသည်။

"မဟုတ်ပါဘူး။ အဖေနဲ့ အမေ သဘောတူတယ်ဆိုလို့ ခင်ဗျားသဘောလည်း မေးကြည့်ရတာလေ။


တော်ကြာမှ အရိုးများတယ် ချေးခါးတယ် ဖြစ်မှာစိုးလို့ဗျ"

မခင်သစ် အပြောပွင့်လင်းပါသည်။ ဒန်းပေါ်မှာ မခင်သစ် ထိုင်နေသည်။ စက္ကူပန်းရုံအောက်က


ခုံတန်းမှာ ကိုဘသိန်း ထိုင်သည်။

"ကျွန်တော်က ခြေကျိုးဒုက္ခိတနော်။ မယူခင်ကတည်းက စဉ်းစား ကိုဘသိန်းရဲ့။


တစ်သက်လုံးဆိုတော့ အချိန်တွေကလည်း အကြာကြီး"

မန်ကျည်းပင်ကြီးမှာ ဝေဆာကြီးမားလှသည်။ မန်ကျည်းပင်ရိပ်ကြောင့် ဒန်းပေါ်မှာ နေမထိုး။


တွဲလောင်းကျနေသော မန်ကျည်းသီးတောင့်လေးများကို မခင်သစ် မော်ကြည့်ရင်း ပြောနေသည်။

typing & pdf - lucky82 102


mmcybermedia. com

သူမ စဉ်းစားနိုင်သမျှ ပြောခြင်းဖြစ်သည်။ မိမိဘဝ ရွှေမရှား၊ ငွေမရှား၊ စားဖို့နေဖို့ အသင့်။


အခြွေအရံလည်း များသည်။ ဆွေနီးမျိုးစပ်တွေ သူစိမ်းတွေ အပြည့်ရှိသည်။

"ကျုပ်ကိုယ်တိုင်လည်း သဘောတူထားပြီးသားပါ မခင်သစ်ရဲ့"

ကိုဘသိန်း ဝန်ခံပါသည်။ ထိုစကားကြောင့် မခင်သစ် ပြုံးနေသည်။ မြေပြင်ပေါ် ခြေထောက်ချပြီး


ဒန်းလွှဲသည်။ သူမခြေထောက်မှာ ရွှေခြေကျင်း ဝတ်ထားသည်။ ရွှေခြေကျင်းနှင့် ခြေကျိုးမလေးကို
ကိုဘသိန်း ငေးကြည့်နေသည်။ သူမဘဝ ပြည့်စုံသမျှ လျှံတောင်နေသည်။ အပူအပင်
အကြောင့်အကျ လုံးဝမရှိ။

ဒါဆို မခင်သစ်မှာ ပြောစရာမရှိ။ မိမိလို ဒုက္ခိတကို သဘောကျသည်ဟု ကိုယ်တိုင် ပြောမှဖြင့်


နောက်ထပ် စောဒကတက်စရာ မရှိတော့။ တစ်ယောက်တည်း သမီးမို့ မွေးချင်းမရှိ။ ဒီ. ..
ကိုဘသိန်းပဲ အားကိုးရမည်။ အဖေတို့ အမေတို့ သဘောတူထားသည်။ မိသားဘသားပီပီ
တောင်းရမ်းယူမည်။ ပြီးရောပေါ့လေဟု မခင်သစ်တွေးပါသည်။ ဒုက္ခိတမှန်း သိထားရက်နှင့်
ယူမည်ဆိုတော့လည်း ကိုဘသိန်း မေတ္တာစေတနာကို မခင်သစ် အထင်ကြီးရသည်။ အေးလေ...။

ဆန်စေ့တွေကို ဆုပ်ကိုင်ရင်း မခင်သစ် ဒေါသကြီးလာသည်။ ကြာသွားလို့ထင်သည်။ ပြောခဲ့သမျှ


နှစ်တွေကြာလို့ မေ့သွားပြီ။ မိမိလည်း ကလေးတွေမွေးရလွန်းလို့ ပိုပြီး ချည့်နဲ့လာပြီထင်သည်။
ခုလည်း ဗိုက်ထမ
ှဲာ တစ်ယောက် လှုပ်တောင်လှုပ်နေပြီ။

အမေရယ် လာကြည့်ပါဦးဟု တီးတိုးရေရွတ်မိသည်။ ဒါပေမယ့် အမေ မကြည့်နိုင်မှန်း မခင်သစ်


သိပါသည်။ မခင်သစ်တို့ လက်မထပ်ခင်ကတည်းက အမေကွယ်လွန်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ဖြစ်တော့ မခင်သစ်တို့ ဘုမသိ ဘမသိ ပြေးပုန်းကြရသည်။


စစ်ကိုင်းတောင်ရိုးတစ်လျှောက် နီးစပ်ရာ ချောင်တွေမှာ ခိုကြရသည်။ ကိုးကွယ်သော
ဘုန်းတော်ကြီးများရှိရာ ကျောင်းမှာ မိသားစု ရွှေ့နေကြရသည်။ စစ်ကိုင်းတောင်ရိုးက
အေးချမ်းပါသည်။ ဘုရားရိပ်မှာ တရားရိပ်မှာ ဆိုးဆိုးဝါးဝါး စစ်ဘေးဒဏ်ကို မခံရဘဲ
ကျော်လန
ွ်ခြဲ့ ကသည်။

typing & pdf - lucky82 103


mmcybermedia. com

သို့သော် မခင်သစ် ဖခင်ကြီးမှာ စစ်ကိုင်းရေဆိပ်မှာ ရေဆင်းချိုးရင်း ရေနစ်သေဆုံးရှာသည်။


အလောင်းကိုပင် ပြန်မတွေ့ရတော့။

"ရှာကြပါ... ရှာကြပါ... ဘယ်လောက်ကုန်ကုန်"

ဟု ဒေါ်အေးဘုံ ရှာဖွေလေသည်။ လှေတွေပိုက်တွေနှင့် ဆွဲ၍ ရှာကြသော်လည်း ပြန်မတွေ့တော။


ဦးစံခသည် သူရှာဖွေခ့ေ
ဲ သာ စည်းစိမ်ဥစ္စာများကို ဇနီးနှင့်သမီးအတွက် ထားခဲ့ပြီး လူ့လောကမှ
ထာဝစဉ် ထွက်ခွာ သွားလေသည်။ မမျှော်လင့်သော အဖြစ်ဆိုးကြောင့် ဒေါ်အေးဘုံ ဖြေမဆည်
ဖြစ်ရသည်။

"မခင်သစ်ရယ် အမေ မဖြေနိုင်ပါဘူး"

ဟု တတွတ်တတ
ွ် ပြောရင်း နေ့စဉ်လိုလို ငိုရှာသည်။ ခန္ဓာကိုယ်ဝေဒနာ စိတ်ဝေဒနာတို့ စုပေါင်းပြီး
ဦးစံခနှင့် ၃ လလောက် ခြားပြီး ဒေါ်အေးဘုံ ဆုံးသည်။

"အမေရေ... အမေရဲ့... အဖေ့နောက်လိုက်သွားပြီလား... ကျွန်တော်တစ်ယောက်ထပ


ဲ
ထားရက်တာလား..."

ဟု ကြုံးအော်ရင်း မခင်သစ် ကြေကွဲဝမ်းနည်းစွာ အော်ဟစ်ငိုယိုလေသည်။ သူမတစ်ယောက်ထဲ


ကျန်ရစ်တာ အမှန်ပင်။ အမေ့. .. အဖေ အဖိုးတစ်ယောက်သာ ရှိတော့သည်။ အဖိုးကို
အမေပြုစုခ့သ
ဲ ည်။ သို့သော် အဖိုးမှာ အဖွားမိထွေးတစ်ယောက် ရှိလေသည်။

အိမ်ထောင်ဦးစီး လူကြီးမိဘမရှိတော့သော ဘဝတွင် မခင်သစ် အားငယ်ရသည်။ ချောင်မှာပင်


အမေ့ကို သင်္ဂြိုဟ်ရသည်။ အဖေနှင့်အမေသည် ၃ လခြားပြီး စစ်ဒဏ်ရှောင်ရင်း မခင်သစ်ကို
စွန့်သွားကြလေသည်။

ရွှေပေါင် ငွေချေး အတွင်းပစ္စည်းမှန်သမျှ မခင်သစ်ကို အမေအပ်သွားသည်။

"ခင်သစ် ရွှေတွေ လက်ဝတ်လက်စားတွေကိုလည်း ခေါင်းအုံးထဲမှာ အမေထည့်ထားတယ်နော်။


သည်ခေါင်းအုံးကို ယူထား"

လေးလံလှသော မှို့ခေါင်းအုံးကြီးကို မခင်သစ်လက်သို့ အမေအပ်သည်။ ၂ လအတွင်း


ပိန်ချုံးသွားသော အမေ့ကို ကြည့်ပြီး မခင်သစ် မျက်ရည်ကျသည်။

typing & pdf - lucky82 104


mmcybermedia. com

"မငိုနဲ့ ခင်သစ်။ အမေမနေရတော့ဘူး။ လိမ်လိမ်မာမာနေရစ်နော်။ တစ်ချို့ လက်ဝတ်


လက်စားတွေကို ကိုယ်န့မ
ဲ ကွာထား။ ဟုတ်လား။ အမေချုပ်ပေးတဲ့ ဘော်လီအင်္ကျီအိတ်တွေထမ
ှဲာ
ထည့်ထားရဲ့လား"

"ထည့်ထားတယ် အမေ..."

"အေး... အေး၊ ခေတ်ကြီးက လူတွေကို ယုံလို့မရတော့ဘူးနော်။ သတိထား"

အမေမှိန်းနေသည်။ အမေ့အသက် ဘာမှမကြီးသေး။ မိမိပင် ဆယ့်ရှစ်နှစ်မပြည့်သေး။ မိမိအား


စွန့်ခွာလုဆဲဆဲ အမေ့ကိုကြည့်ရင်း မခင်သစ် ကြေကွဲရသည်။ မသန်းကျင်မှာ အမေ့ခြေရင်းတွင်
တရှုံ့ရှုံ့ငိုနေသည်။ သူမသည် မိမိနှင့်အတူနေ အတူစားပြီး အမေ့အရိပ်ခိုရင်း ကြီးပြင်းလာသူ
ဖြစ်သည်။ ခေါင်းအုံးကြီးကို ဖက်ထားလျှက်နှင့် မခင်သစ် ငိုနေသည်။

အမေဆုံးတော့ ဆွေမျိုးသားချင်း အကူအညီဖြင့် အသုဘချရသည်။ ကိုဘသိန်း မိဘတွေလည်း


လာသည်။ သူတို့လည်း စစ်ပြေးရင်း စစ်ကိုင်းချောင်တွင် နီးစပ်ရာမှာ နေကြသည်။

၎-၅ လရှိတော့ ကိုဘသိန်းနှင့် လက်ထပ်ပေးဖို့ ပြင်ဆင်ကြသည်။ မိဘတွေ စီစဉ်ခဲ့ပြီးမို့ မခင်သစ်


မငြင်းပါ။ မိမိမှာ အားကိုးအားထားလည်း မရှိ။ ပစ္စည်းတွေလယ်တွေ အုပ်ချုပ်နိုင်ဖို့ လိုလေသည်။
မိမိတစ်ယောက်ထန
ှဲင့် ဘယ်လိုမှမဖြစ်နိုင်။

လက်ထပ်ဖို့ ပြင်ဆင်နေချိန်မှာ မခင်သစ် ပြဿနာတက်သည်။ လက်ဝတ်လက်စားတွေ ဝတ်ဖို့


အဖွားမိထွေးက သတိပေးသည်။ စစ်ကိုင်းတောင်ရိုးကချောင်မှာ မင်္ဂဆောင်ခြင်းဖြစ်ပေမယ့်
ရှိပစ္စည်းတော့ ထုတ်ဝတ်ရသည်။ မခင်သစ်၏ ချို့ယွင်းချက်ကို ရတနာနှင့် ဖုံးလွှမ်းဖို့ အဖွားမိထွေး
စိတ်ကူးပါသည်။ ငယ်ရယ
ွ်သူမို့ မခင်သစ်လည်း ဝတ်ချင်သည်။ ရွယ်တူသူငယ်ချင်းတွေ ရှိသည်။
မိမိဘဝနှင့် ချမ်းသာကြွယ်ဝခြင်းကို သိတော့သိကြပါသည်။ သို့သော် ပြချင်သေးသည်။
နည်းနည်းတော့ ကြွားဝါချင်သည်။ ထို့ကြောင့် အမေပေးခဲ့သော ခေါင်းအုံးကြီးကို ချုပ်ရိုးဖြေသည်။
အနီးတွင် မည်သူမျှမရှိ။ မသန်းကျင်မှာ အမေဆုံးပြီး မကြာမီ မခင်သစ်နှင့် မနေတော့ဘဲ
သူမဆွေမျိုးများရှိရာ ချောင်ကို ပြောင်းသွားသည်။ မခင်သစ် သိပါသည်။ မသန်းကျင်ကို
အမေဆင်ထားသော ကြိုးတစ်ကုံး၊ လက်ကောက် ၃ ရံနှင့် လက်စွပ်၊ နားကပ်တို့ကို အပြီးအပိုင်
ပေးလိုက်သည်။ မိမိပိုင်ထမ
ှဲ ရွှေဘီးကုပ်လေးတစ်ချောင်းကို သီးသန့်ပေးလိုက်သည်။
တိုးတိုးဖော်လည်း မလိုတော့ပါဘူးဟု မခင်သစ် တွေးမိပါသည်။ ကိုဘသိန်းနှင့် လက်ထပ်ပြီးလျှင်
မသန်းကျင် အနေခက်မည်။ ခေါင်းအုံးချုပ်ရိုးများကို ကပ်ကြေးနှင့် ထိုးဖြတ်နေသည်။

typing & pdf - lucky82 105


mmcybermedia. com

အလျားဘက်မှ ထိုးဖြတ်ပြီး အသစ်စက်စက် လဲမှို့များအတွင်း လက်နှိုက်လိုက်သည်။ မခင်သစ်


မျက်မှောင်ကုတ်မိသည်။ လဲမှို့များအတွင်းမှ ပင်နီကြမ်းနှင့် ချုပ်ထားသော အိတ်များကို
ဆွဲထုတ်လိုက်သည်။ ဘုရား... ဘုရား...

အမေထားရစ်သော ရွှေထည်ပစ္စည်းမှန်သမျှ အိတ်ကလေးများထဲတွင် အပြည့်ရှိနေရမည်။ ယခု


အိတ်တစ်လုံးမှာ တစ်ခုနှစ်ခုနှင့် ကျောက်စရစ်ခဲများသာ ရှိနေသည်။ မြတ်စွာဘုရား... မခင်သစ်
ဘုရား တ မိသည်။ ထော့ကျိုးဖြစ်နေသော ခြေထောက်ကိုမှ အားမနာ။ လျှင်မြန်သော အဟုန်ဖြင့်
ပြေးဆင်းလာခဲ့သည်။ မြေလမ်းနှင့် ဂဝံကျောက်တွေကို မည်သို့ကျော်ဖြတ်နိုင်ခဲ့သည်မသိ။
မိမိနေသော ရတနာချောင်နှင့် အတော်လှမ်းသည့် မြိုင်လှချောင်ကို ခဏလေးနှင့်
ရောက်လာသည်။

"ဟဲ့. .. သန်းကျင်. .. ဟဲ့. .. သန်းကျင်"

မခင်သစ် ဒေါသတွေ ငယ်ထိပ်ရောက်နေသည်။ စူးရှသော အသံနှင့် အရပ်ပတ်ဝန်းကျင်


မျက်လုံးဝေ့ကြည့်သည်။ ဘယ်မှာလဲ သန်းကျင်. .. ညည်းကလွဲရင် ဒီပစ္စည်းတွေ ဘယ်သူမှ
မယူနိုင်ဘူး။ သိလည်း မသိကြဘူး။ အမေသေခါနီးတွင် ဒီခေါင်းအုံးကို မိမိအားပြသည်။ အပ်သည်။
ထိုအချိန်က အမေ့ခြေရင်းမှာ ခေါင်းဆိုက်ရင်း သန်းကျင်ငိုနေသည်။ အမေရယ် မိမိရယ်
သန်းကျင်ရယ် ဒါပဲရှိသည်။ ကျန်အမျိုးအဆွေ ဘယ်သူမှမရှိ။ အမေအားလုံးကို
အဝေးသွားခိုင်းထားသည်။ ငယ်စဉ်ကတည်းက မိမိနှင့်အတူနေ အတူကြီးလာသည့်
သန်းကျင်တစ်ယောက်သာ အခန်းထဲမှာရှိသည်။ ပစ္စည်းတွေပြတော့ သူမလည်း မြင်သည်။
ရွှေထည်တွေချည်း အမေသီးသန့် ထားခြင်းဖြစ်သည်။ စိန်နှင့်ကျောက်ပါသည့် အထည်တွေက
မိမိချွေးခံအင်္ကျီမှာ အိတ်တွေထပ်ပြီး ထည့်ခိုင်းထားသည်။ အမေ့အင်္ကျီထဲ ထည့်ထားသည့်
ပစ္စည်းတွေ လွယ်ပိုးရင်း အချိန်ကုန်ခဲ့ရသည်။ ယခုတော့ အမေ အမြော်အမြင်မှန်ပေသည်။
ရွှေထည်ငွေထည် မရှိတော့။ သန်းကျင်ခိုးပြီး ကျောက်စရစ်ခဲတွေ အစားထိုးထားသည်။

အတွင်းခန်းထဲမှ ကုပ်ချောင်းချောင်းနှင့် ထွက်လာသော သန်းကျင်ကို မြင်လိုက်သည်နှင့်. ..

"ဟဲ့. .. သူခိုးမ... ငါ့ပစ္စည်းတွေကို ညည်းခိုးထားပြီပေါ့ဟုတ်လား... သူခိုးမ... ကဲဟာ"

"ဖြန်း... ဖြန်း..."

"ကဲ. .. ဟာ"

"ဖြန်း... ဖြန်း..."

typing & pdf - lucky82 106


mmcybermedia. com

"ခိုးအုံး... ခိုးအုံး..."

"ဖြန်း... ဖြန်း..."

ဒေါသထွက်နေသော မခင်သစ်၏ လက်ဖဝါးသည် သန်းကျင်ပါးပေါ်သို့ အရှိန်ပြင်းစွာ


တဖြန်းဖြန်းနှင့် ကျနေလေသည်။

"ငါ့လို အကျိုးမဆီကတောင် ညည်းခိုးရက်တယ်နော်။ ခိုးရက်တယ် ညည်းကိုလည်း အပြည့်အစုံ


ပေးရက်နဲ့"

ဟု အော်ဟစ်ပြောနေမိသည်။ မသန်းကျင်ကား မလှုပ်။ ငုတ်တုတ်ခံနေသည်။ ဝန်လည်း မခံ။


ငြင်းလည်း မငြင်း။ အမှန်တော့ ဝန်ခံစရာလည်း မလို။ မခင်သစ် အလိုလိုသိနေသည်။ တခြားသူ
ဘယ်သူမှ မဖြစ်နိုင်။ မသန်းကျင်မှ တပါး သူတစ်ပါး ခိုးနိုင်သူမရှိ။ အမေ့တူမ သစ္စာဖျက်လေသည်။
မိမိအပေါ်လည်း ရက်စက်လေသည်ဟု ဝမ်းနည်း ဒေါသထွက်ရသည်။ အဖေနှင့် အမေ
မရှိတော့သည့်နောက် မိမိနှင့်သံယောဇဉ်အရှိဆုံး အတူနေလာသည့် မသန်းကျင်တောင် မိမိအပေါ်
သနားကရုဏာနှင့် ညှာတာခြင်းမရှိ။ မိမိပစ္စည်း ခိုးရက်လေသည်ဟု ဝမ်းနည်းကြေကွဲခြင်းလည်း
ဖြစ်နေရသည်။ အားကိုးရာမဲ့လည်း ခံစားရသည်။ မခင်သစ် ချုံးပွဲချ ငိုကြွေးရင်း မြိုင်လှချောင်မှ
ဆင်းပြေးလာခဲ့သည်။ မသန်းကျင်ကား အမေပေးခဲ့သည့် အတွင်းပစ္စည်း ရွှေသား
လက်ဝတ်လက်စားမျိုးစုံ တစ်ပိဿာခန့်ကို အပိုင်စီး ခိုးယူလိုက်ပြီဖြစ်သည်။ သူခိုးကို သိသည်။
ပြန်တောင်းရမှန်း မခင်သစ်နားမလည်။ ကြီးသူတွေကလည်း ပြန်လည်တောင်းရန် သင့်ကြောင်း
ပေးသင့်ကြောင်း ဦးစီးဆောင်ရက
ွ်ပေးသူ မရှိခဲ့။ အတွေ့အကြုံ နုနယ်ငယ်ရယ
ွ်သော မခင်သစ်သည်
မိမိ၏ ပစ္စည်းခိုးသူကို သိရက်နှင့် ပစ္စည်းပြန်မရတော့။ လက်ကျန်ရွှေထည်လေး ၄-၅
ဆယ်သားခန့်ကို အိတ်များအတွင်းမှ ထုတ်ကြည့်ရင်း မျက်ရည်သာ ကျနိုင်တော့သည်။
မခင်သစ်အတွက် ဆွေမျိုးသားချင်းများကို အဖေ အမေတို့နှင့်အတူ မြေမြုပ်သင်္ဂြိုဟ်
လိုက်ရသည်ဟု ခံစားရသည်။ မရှိတော့။ အားလုံးမရှိတော့။ သွားကြ စိတ်နာသည်။

ဆန်ရွေးရင်း မခင်သစ် မျက်ရည်ကျနေသည်။ မိမိနှင့် မထိုက်လို့ပေါ့လေဟု ဖြေတွေး


တွေးရသော်လည်း ပြန်လည်စဉ်းစားမိတိုင်း မျက်ရည်ကျရသည်။ သည်တုန်းကတော့ ကိုဘသိန်း
ရှိနေသည်။ မားမားမတ်မတ် ရပ်နေသည်။ အတွင်းပစ္စည်းရွှေထည်မရှိတော့ပေမယ့်
ကျန်ပစ္စည်းတွေ ရှိသေးသည်။ လယ်တွေယာတွေ ရှိသေးသည်။ မိမိနေသော တိုက်လည်းရှိသည်။
ပစ္စည်းအလုံးစုံနှင့် လူပါပုံပြီး ကိုဘသိန်းကို လက်ထပ်ခဲ့သည်။ ဒုက္ခိတပေမယ့် အများနည်းတူ
လုပ်နိုင်ကိုင်နိုင် စွမ်းဆောင်နိုင်အောင် ကြိုးစားရသည်။ သူ့ဘက်ကိုယ့်ဘက် မှီခိုကပ်ရပ်နေသည့်
ဆွေမျိုးသားချင်းတွေကလည်း ရှိနေဆဲ။ စစ်အေးတော့ ရထောင်(ရွာထောင်) တိုက်မှာ
ပြန်နေကြသည်။ မခင်သစ် ယောင်းမတွေပါ နေကြသည်။ တစ်နေ့တစ်နေ့ လူကိုးယောက်

typing & pdf - lucky82 107


mmcybermedia. com

ဆယ်ယောက်စာ အိုးကို မခင်သစ် အကုန်ခံရသည်။ သည်ကြားထဲ ကိုဘသိန်း ကုန်ကူးသွားမည်


ဆိုသောကြောင့် အတွင်းပစ္စည်းတချို့ကို ရောင်းပေးလိုက်ရသည်။ မြစ်ကြီးနားဘက်
ကျောက်တူးသွားသည်။ သွားနေကျ လူများနှင့် လိုက်သွားခြင်းဖြစ်သည်။ ကိုဘသိန်းသွားနေစဉ်
ရှိသမျှ အမျိုးအဆွေများကို မခင်သစ် ကျွေးထားရသည်။ အားလုံးထိုင်စား။ လယ်တွေလည်း
ဖိဖိစီးစီး မလုပ်နိုင်။ လုံးဝပြန်မကြည့်နိုင်။ အဖေတို့ရှိစဉ်ကလို မိမိကို လေးစားခန့်ညားပြီး ထွက်သမျှ
ပေးလိမ့်မည်ဟု မခင်သစ် မယုံစားပါ။ သို့သော် မိမိဘာမှ မတတ်နိုင်။ သဒ္ဓါလို့ပေးသလောက်ပေါ့ဟု
စိတ်ကိုဖြေရသည်။ မိမိမှ မစွမ်းဆောင်နိုင်ဘဲဟု လောဘကို သတ်ရလေသည်။
လက်ထိလက်ရောက် ရင်ခွင်ထပ
ဲိုက်မိပြီး ပစ္စည်းတောင် ခိုးယူတော့ ပါသွားလေသည်။ တွေးမိတိုင်း
နာပါသည်။

ယောက္ခမမိသားစုကို မနိုင်ရင်ကာ ချက်ပြုတ်ကျွေးမွေးရသည်။ အရင်က အခြွေအရံတွေနှင့် ယခု


မိမိတစ်ဦးတည်း အိုးကြီးခွက်ပြဲကို မလုပ်စဖူး။ မချက်စဖူး ချက်ရသည်။ မျက်ရည်ကျရင်း ထမင်းအိုး
ငှဲ့ရသည်။ မနိုင်သောကြောင့် မှောက်ကျသည့်အခါမျိုးမှာ ကုန်းပြီး အော်ဟစ် ငိုယိုချင်စိတ်
ပေါက်သည်။ သို့သော် မိမိသည် သူတစ်စိမ်း ယောက္ခမဆွေမျိုးအလယ်မှာ ရောက်နေသည်။
အားတင်းထားရသည်။ ခင်သစ်အသုံးမကျဟု အပြောမခံနိုင်။ မိမိ အိမ်မှာလာနေသော်လည်း မိမိက
တစ်ယောက်တည်းဖြစ်သည်။ လင်ညီအစ်မ ကိုဘသိန်းအစ်ကို ကိုဘငြိမ်း မိန်းမ ဆင့်ဆင့်ကတော့
ဈေးဝယ်ပေးပါသည်။

"ဈေးဝယ်ရင် မမဆင့်ရယ် တစ်ခါထဲပဲ ခုတ်ထစ်ခိုင်းပါနော်။ ခင်သစ်မှာတယ်ပြောပါ။ ကျွန်တော်


မခုတ်တတ်ဘူး"

ဟု တီးတိုးပြောရသည်။ အဖေအမေ့ကျေးဇူးမကင်းသူများနှင့် မိမိကို သိကြသူများချည်းဖြစ်သည်။


သိကြသောကြောင့် မခင်သစ် တစ်ယောက် မီးဖိုချောင်ဝင် ချက်ပြုတ်နေရသည်ကို သနားကရုဏာ
သက်ကြရင်း အတင်းလည်းပြောကြသည်။ မိဘလက်ထက်က ဒုက္ခိတသမီးလေးကို
ရွှေပေါ်မြတင်ထားခဲ့သည်ကို လူတိုင်းသိကြသည်။ စစ်ဘေးဒဏ်နှင့် ပြေးရင်းမိဘဆုံးတာလည်း
သိသည်။ မသန်းကျင် ပစ္စည်းခိုးတာလည်း သိသည်။ ခိုးသူကို သိရက်နှင့် ပြန်မရတာလည်း
သိကြသည်။ မခင်သစ်ကို သနားကြသည်။ ကိုဘသိန်းနှင့် ယူကြပြီး အခြေအနေမပျက်သော်လည်း
အိမ်ထောင်ရှင်မ တစ်ယောက်အဖြစ် ဦးစီးရင်း ယောက္ခမဆွေမျိုးသားချင်းများကို တစ်ပင်တစ်ပန်း
ပြုစုကျွေးမွေးနေတာလည်း မြင်ကြသည်။ သူ့အင် သူ့အားလေးနှင့် မမျှအောင် ရုန်းကန်နေရသည်။

"အော်. .. မခင်သစ် ကံဆိုးတယ်ဟဲ့. .."

ဟု ဒေါ်အေးဘုံသူငယ်ချင်းတွေ ရေရွတ်ကြသည်။

typing & pdf - lucky82 108


mmcybermedia. com

မြစ်ကြီးနားဘက်က ကိုဘသိန်းပြန်လာတော့ အိမ်ရှေ့ပေါက်ဝမှာ မခင်သစ် ဝမ်းသာအားရ


ကြိုပါသည်။ သူ့ဆွေမျိုးတွေကြားမှာ မိမိတစ်ယောက်ထဲ နေရတာထက် သူနှင့်ဆို အားရှိသည်။

"ကဲ. .. ခင်သစ်ရေ မြင်းရထားခ ပေးလိုက်ပါဦး"

ဟု လေသံသ့သ
ဲ့ န
ှဲင့် ကိုဘသိန်းပြောသည်။ ကိုဘသိန်းအသံနှင့် ဟန်၊ မြင်းရထားခတောင်
ဆီးပေးရပြီမို့ ပါသွားသမျှ ကုန်ရင်း လူတောင်အနိုင်နိုင် ပြန်လာရသည်ဟု မခင်သစ်
နားလည်ရသည်။ ကိုဘသိန်းနှင့်ပါလာသော ကချင်ပြည်နယ်ငှက်ဖျားကို အတော်ကုလိုက်ရသည်။
လူလည်း ယဲ့ယ့က
ျဲန်သည်။ ကိုဘသိန်းကိုကြည့်ရင်း ယောက္ခမပြောသည်။

"သားကျွေးမှု မယားကျွေးမှုဆိုတော့ ဒီလိုဒုက္ခခံပြီး ရှာရတာပေါ့. .. ဟယ်"

မခင်သစ် နှာခေါင်းရှုံ့ရင်း မျက်ခုံးပင့်မိသည်။ သားကျွေးမှု မယားကျေွး မှုကို ကိုဘသိန်း ရှာသည်။


ဟိုမှာ ဘယ်လိုနေထိုင်ပြီး ရှာနေရသည်ကို မိမိမသိနိုင်။ မိမိအတွက်လည်း ဘာမှ ကိုဘသိန်း
ရှာဖွေတာ ပါမလာခဲ့။ ရှိပစ္စည်း အဖေအမေပေးရစ်ခဲ့သော မိမိပိုင်ပစ္စည်းတွေ ကုန်သွားတာပဲ
မိမိသိသည်။ မိမိလည်း အိမ်မှာ သူတို့ကိုချက်ပြုတ်ကျွေးမွေးရသည်။ ထမင်းအရံသင့်၊
ဟင်းအရံသင့်၊ လက်ဆေးစားရုံ၊ ဗိုက်ထဲသွင်းရုံပဲ လုပ်ရသည်။ မိမိမှာ ကိုယ်ဝန်တစ်ဖက်နှင့် ဒုက္ခိတ
ထော့ကျိုးမို့ မကြည့်ရက် မမြင်ရက်သူ မရှိ။ မခင်သစ် မျက်ရည်ကျသည်။ အမေတို့ရှိလျှင် ဒီလို
ဆက်ဆံမည်မထင်။ မိမိလည်း ဒီလိုပင်ပန်းဆင်းရဲဒုက္ခမျိုး ခံရမည်မဟုတ်။

"ခင်ဗျားသွားတယ်။ ကျွန်တော့်ပစ္စည်းကုန်တယ်။ အပြောခံရတော့ ကျွန်တော်. .. စားဖို့ရှာတာတဲ့။


ဟင်း... အတော်ကောင်းတဲ့စကားပဲ" ဟု ကိုဘသိန်းကို ပြောဖြစ်သည်။

"မင်းကလည်းကွာ... မိဘဆိုတော့ ပြောမှာပေါ့ကွာ။ သူ့သား ပင်ပန်းတာ ဘယ်ကြည့်ရက်ပါ့မလဲ"

အိပ်ယာထဲ ပက်လက်လူက ပြောသည်။

"သားပင်ပန်းတာ မကြည့်ရက်ဘူး... အင်း... အင်း... ခင်ဗျားကို ကျွန်တော်သွားခိုင်းတာ


မဟုတ်ဘူးနော်။ အဖော်ကောင်းလို့ ကိုယ့်ဖာသာ သွားတာ။ ပြီးတော့ အရင်းအနှီးက ကျွန်တော့်
ပစ္စည်းတွေပါ"

ခပ်တည်တည်နှင့် မခင်သစ် ပြောသည်။ ကိုဘသိန်း မျက်နှာကို စေ့စေ့ကြည့်သည်။ ပါးရိုးနားရိုးတွေ


ချောင်ကျနေသည်။ ငှကဖ
်ျားဒဏ်ကြောင့် အသားအရေဝါကျင်နေသည်။

"မိဘဆိုတော့ ပင်ပန်းတာ မကြည့်ရက်ဖူး။ ထော့ကျိုးမ ကျွန်တော်ကတော့ ခင်ဗျားမိသားစုတွေကို


ချက်ပြုတ်ကျွေးပြီး သက်သောင့်သက်သာ နေရတာကို ကျွန်တော့်အမေသာမြင်ရင် ဟင်း..."

ပြောရင်း စကားစကို ဖြတ်လိုက်သည်။

"ကျွန်တော့်မှာတော့. .. မကြည့်ရက်တဲ့ မိဘမှ မရှိတော့တာဘဲ"

typing & pdf - lucky82 109


mmcybermedia. com

မခင်သစ် ငိုသည်။

"အမေ... ငိုနေတာလား"

ကျောင်းသားတွေ ကျောင်းဆင်းလာကြသည်။ ကိုခိုင်မေးသည်။ မခင်သစ်


မျက်ရည်သုတ်လိုက်သည်။ မိမိအတွေးလွန်သွားသည်။ ကျောင်းဆင်းချိန်ကို သတိမထားလိုက်။

"ဟုတ်ပါဘူးကွာ... မျက်စိထဲ ဆန်မှုန့်ဝင်လို့သားရဲ့ ကျောင်းတောင်ဆင်းပြီ"

ကိုခိုင့်ကိုပြုံးကြည့်ရင်း မခင်သစ် ပြောလိုက်ပါသည်။ မီးဖိုဘက် ဆင်းရသည်။ မိမိညစာထမင်းချက်ဖို့


နောက်ကျသွားပြီ။

"ပေး... အမေ ကျွန်တော် မီးမွှေးပြီး ဆန်ဆေးလိုက်မယ်"

ကျောင်းဝတ်စုံလြဲ ပီးသော ကိုအောင်က ဆန်ဗန်းကိုဆွဲယူသွားသည်။

"အမေ... နားချင်နား... ထမင်းတစ်အိုးပဲ ကျွန်တော်ချက်လိုက်မယ်နော်"

"အေး... အေး... ငါ့သားရယ် ဒါဆိုလည်း အမေလှဲနေဦးမယ်နော်"

အိပ်ယာထဲမှာ မျက်လုံးကိုယ်စီဖွင့်နေသော အငယ်တွေကို ခွန်လေးခေါ်သွားသည်။ သားငယ်တွေ


အိပ်ယာမှာ မခင်သစ် ဝင်ခွေလိုက်သည်။ ရင်ထဲမှာ မောနေသည်။ ကိုယ်ဝန်ကြောင့် မိမိကိုယ်ခန္ဓာ
သေးသေးလေးမှာ လေးလံနေသည်။

ဖွားမိထွေးကလည်း မိမိစိန်ထည် ရွှေထည်တွေ အဖိုးကို အပ်ထားသမျှ အပိုင်စီးသွားသည်။


ကိုဘသိန်းနေကောင်းတော့ ကိုယ်တိုင်လယ်လုပ်မည်ဟု ကြွေးကြော်ပြန်သည်။ ယောက္ခမထီးရော
ယောက္ခမပါ မျက်စောင်းထိုးကြသည်။ ဒါပေမယ့် သူတို့လည်း မန္တလေးက သူတို့တိုက်ကို
ပြန်သွားကြပြီ။

လယ်ယာသုံးပစ္စည်း အသစ်က ပြန်စရသည်။ ထွန်ထယ်များ အားလုံးဝယ်ရသည်။


မိမိရွှေထုတ်ပြန်သည်။ ကိုယ်တိုင်လယ်ဆင်းလုပ်တော့ မိမိမှာ ကိုဦးမွေးပြီ။ ကိုလတ် ကိုယ်ဝန်ရှိစ။
လယ်ထလ
ဲိုက်နေကြသည်။ ကိုဘသိန်း လယ်ထွန်ဆင်းရင်း ကိုယ်တိုင်လုပ်သည်။ လူငှားရသည်။
ထွန်ပြီးထယ်ပြီး စိုက်ပြီးတော့ မိသားစု ပြန်ကြတော့မည်။ အိုးခွက်ပန်းကန်တွေ ဆေးကြော
အဝတ်တွေ လျှော်ဖပ
ွ်ပြီး မနက်ဖြန်ပြန်မည်။

typing & pdf - lucky82 110


mmcybermedia. com

ကံဆိုးသည်။ မိမိတို့လည်း တဲဆောက်ပြီး လယ်တဲနေသူတိုင်း ဓားပြတိုက်ခံရသည်။


သားအဖနှစ်ယောက် ပူလန
ွ်းသောကြောင့် စွပ်ကျယ်လေးနှင့် အိပ်နေရာ ဓားပြတိုက်ခံရတော့
စွပ်ကျယ်နှင့် ပုဆိုးစုတ်သာ ကျန်ရစ်သည်။ ပြောင်အောင်တိုက်ချွတ်ထားသော အိုးခွက်နှင့်
လျှော်ဖွပ်ပြီး အဝတ်အစား စောင်ခြင်ထောင်ပါ ယူသွားသည်။ ရွှေတိုရွှေစ ရှိသမျှ ငွေပါ
ပါသွားသည်။

"အင်း... လူကို ဘာမှလုပ်မသွားသေးတာ ကံကောင်းတယ်"

ဟု မခင်သစ် ပြောလိုက်သည်။ အားလုံး ကံတရားအတိုင်းပါပဲဟု တွေးရသည်။ မိမိတစ်သက်


သုံးစားမကုန်အောင် ထားရစ်သော မိဘအမွေအနှစ်ကို မိမိခံစား၊ စံစားထိုက်သူမဟုတ်ကြောင်း
မခင်သစ် ရေးရေးမျှ သဘောပေါက်လာသည်။

"လာစမ်းဟဲ့ လောကဓံ ကြုံးခံရုံပေါ့"

ဟု မခင်သစ် ကြွေးကြော်ရသည်။

ခြင်ထောင် အမိုးဖြူဖြူသည် မခင်သစ်မျက်စိထဲမှာ တရိပ်ရိပ် ပြေးနေသည်။ ရုပ်ပုံကားချပ်များသည်


ရုပ်ရှင်ပြသလို မိမိမျက်စိထမ
ှဲာ ထင်မြင်နေသည်။ စိတ်သည် အာရုံကို ဖန်တီးနိုင်စွမ်းသည်။
အတိတ်သည် မိမိဘဝတွင် ခါးသည်းနာကြည်းစရာတွေနှင့် ပြည့်နေသည်။ မိမိဝမ်းဗိုက်ထမ
ှဲာ
ကလေးငယ်က တိုးဝှေ့လှုပ်ရှားနေသည်။ လူတစ်ယောက် ဖြစ်လာဦးမည်။ မိမိခန္ဓာကိုယ်နှင့်
အရွယ်အစားနှင့် မလိုက်အောင် မိမိသားသမီးတွေ မွေးဖွားရသည်။ ကိုယ်ဝန်ရှိတိုင်း ကိုယ်ဝန်၏
အလေးချိန်ကို မိမိလယ
ွ်ပိုးထားရသည်မှာ သာမန်မိန်းမသားတစ်ဦးထက် ပင်ပန်းဆင်းရဲတာ အမှန်။
မိမိသည် ကိုယ်ကို ကိုင်းထွက်ရင်း လျှောက်ရသည်မို့ ကိုယ်ဝန်သည် မိမိဝမ်းဗိုက်ကို တွဲလွဲခိုလျှက်
လိုက်ပါရသည်။ မိမိခန္ဓာကိုယ်ကို ဘယ်ခြေထောက်တစ်ဘက်ပေါ် အားပြုပြီး
ထော့ကျိုးထော့ကျိုးနှင့် ဒူးပေါ်အားပြုရင်း ကုန်း၍ လျှောက်ရသည်။ ကိုဆောင်နှင့် ကိုမောင်
အမွှာတုန်းက ယောက်ျားပုဆိုးနှင့် ဗိုက်ကို သိုင်းပြီးကျောမှာ ချီထားရသည်။ သို့မှသာ
လမ်းလျှောက်နိုင်သည်။

"ကျိုးသာ ကျိုးတာ မွေးသဟဲ့"

ဟု လင်ညီအစ်မများက ချီးမွမ်းချီးချောက်ပြောသည်ကို မိမိကြားပါသည်။ မိမိကလည်း ၂ နှစ်


တစ်ယောက် မှန်မှန်မွေးသည်။ သံယောဇဉ်နှောင်ကြိုးများကြားမှ မိမိတို့ အိမ်ထောင်ရေး
မြဲသည်ထက် မြဲမည်ဟု မိမိယုံကြည်ခဲ့သည်။ မိမိသည် တစ်ကောင်ကြွက်စစ်စစ် ဖြစ်ခဲ့သည်။
စည်းစိမ်ဥစ္စာလည်း မရှိ။ ဆွေမျိုးသားချင်းလည်း နတ္ထိ။ မလှူနိုင် မတန်းနိုင်သာရှိမည်။

typing & pdf - lucky82 111


mmcybermedia. com

သားတွေချည်း မွေးထားသမျှ ၁၀ ယောက်တိတိ။ သမီးတစ်ယောက်။ ဗိုက်ထဲမှာ ဘာလေးမှန်း


မသိရသေးတာက တစ်ယောက်။ မခင်သစ် သက်ပြင်းချလိုက်သည်။ မိမိအပေါ်မှာ
စာနာထောက်ထားပါဦးတော့ဟု အသံမထွက်ဘဲ ညည်းညူမိသည်။ သူက...
လုပ်ကိုင်ကျွေးမွေးရသည်။ သူပင်ပန်းတာလည်း မှန်ပါသည်။ မိမိကရော...။ သက်သောင့်သက်သာ
မရှိပါဟု မခင်သစ်တွေးသည်။ အတွေးတွေ ချာချာလည်နေသည်။ အဖေနှင့်အမေ
ကွယ်လန
ွ်ပြီးနောက်ပိုင်း မိမိဘဝ ဘယ်ခါမှ နားနားနေနေမရှိခဲ့။

"သားတွေကြီးလာရင်တော့. .."

ဟု အံကြိတ်ရင်း အားမာန်တင်းထားမိသည်။ မိမိရဲ့သားတွေ. ..

"အမေ..."

ရုံးဆင်းလာသော ကိုဦး အခန်းထဲဝင်လာသည်။ မခင်သစ် ခေါင်းထောင်ကြည့်သည်။

"အော်. .. ငါ့သား ပြန်လာပြီလား"

ခုတင်ခြေရင်းမှာ ကိုဦးဝင်ထိုင်သည်။ အမေ့ခြေဖဝါးကို ကိုင်လိုက်သည်။ အမေ့ခြေဖဝါးတစ်ဖက်က


ပကတိ ပြေပြေပြစ်ပြစ် ရှိသည်။ တစ်ဖက်က ခြေဖမိုး အရိုးတွေ ခုံးကာ ခြေဖဝါးခွက်ဝင်နေသည်။
ခြေဖျားခြေချောင်းလေးတွေနှင့် ထောင်ခါ ထိန်းပြီး လမ်းလျှောက်ရသည်။ ဖနောင့်မချနိုင်။
သာမန်ထက် ညှက်သော အမေသည် ကုန်းကာညွှတ်ကာ လမ်းလျှောက်ရသောကြောင့် ပိုမို၍
ပုပြတ်သေးကွေးရှာသည်။ အမေ့ခန္ဓာကိုယ်မှာ အသားရယ်လို့ သိပ်မရှိ။ ပါးလွှာသော အရေပြား
နုနုသာ ရှိသည်။

"စိတ်မဆင်းရဲပါနဲ့ အမေရယ်. .. ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ အသိအကျွမ်းလည်း


ဖြစ်မယ်ထင်ပါတယ်"

ဟု ပြောမိပြန်သည်။ မရေရာ မသေချာသော အားပေးမှုနှင့် ပြောနေသော ကိုဦးမျက်နှာကို


မခင်သစ် ကြည့်နေသည်။ သားတွေအားလုံးထဲမှာ ကိုဦးသည် သူ့အဖေနှင့် များစွာတူညီသူ
ဖြစ်သည်။

"အမေ ခံနိုင်အောင် ကြိုးစားနေပါတယ် ငါ့သားရယ်။ သေချာသည်ဖြစ်စေ၊ မသေချာသည်ဖြစ်စေ


ကြားထားသိထားတော့ ဖြစ်နေပြီပေါ့ကွာ။ ခံနိုင်ရည်ရှိဖို့ လိုတာပါပဲ။ မပုပ်ဘဲနဲ့ မပေါ်ဘူး
မဟုတ်ဘန
ဲ့ဲ မကျော်ဘူး ငါ့သားရဲ့ "

မခင်သစ် လေသံအေးနှင့် ပြောပါသည်။ ပက်လက်အနေအထားနှင့် အိပ်နေသောကြောင့်


ဗိုက်ကလေးဖောင်းနေသည်။ လွှာချင်းစောင်လေး ခြုံထားသော်လည်း သိသာပါသည်။
အမေ့ဗိုက်လေးကို ကိုဦးတစ်ချက် စိုက်ကြည့်မိသည်။ အမေ နောက်တစ်ယောက် မွေးဦးမည်။

typing & pdf - lucky82 112


mmcybermedia. com

မသန်မစွမ်းနှင့် အမေ သူတို့ညီအစ်ကိုတစ်စုကို မရှိရှိတာနှင့် ကျွေးမွေးရင်း ပညာတတ်ကြီးတွေ


ဖြစ်စေချင်မှန်း ကိုဦးသိသည်။ မိမိသည် သားအကြီးဆုံး။ ဉာဏ်ရည်မကောင်းသောကြောင့် ၁၀
တန်းမှာ တစ်နေသည်။ တော်သေးသည်။ ကိုလတ်တစ်ယောက် စစ်တက္ကသိုလ်ရောက်သွားပေလို့။
ဒါအတွက် အမေ စိတ်ချမ်းသာလိမ့်မည်ဟု ကိုဦးမျှော်လင့်ပါသည်။ မိမိမရောက်သော်လည်း မိမိညီ
ရောက်သွားသည်။ အမေ့အတွက် မိမိလည်း စိတ်ချမ်းသာပါသည်။ သက်ပြင်းကို မျှင်းချရင်း
အမေ့ကို ပြုံးပြလိုက်သည်။

"အဖေလည်း ကြာပြီဆိုတော့ ပြန်ပြောင်းရတော့မယ် ထင်တယ်နော် အမေ..."

"ငါ့သားက မင်းအဖေပြောင်းသွားတာ ကိုပိုတစ်သက်ရှိသေးတာကွာ။ ၃ နှစ်ကျော်ပဲ


ရှိသေးတယ်လေ"

အချိန်ကြောင့် ပြောင်းလွှတ
ဲ တ်လျှင် ဝေးကွာခြင်းသည် ပြောင်းလဲတတ်လျှင် မျက်စိအောက်မှာ
ထားမှ စိတ်ချရတော့မည်။ မခင်သစ် သက်ပြင်းချမိသည်။ ခြေရင်းဘက်နံရံမှာ ကလေးတွေ
ကပ်ထားသော ခင်သန်းနုပုံလေးကို ငေးကြည့်နေမိသည်။ ပြုံးပြုံးလေး နွဲ့နွဲ့လေး ရပ်နေသည်။

"အဖေ့ဆီကို ကျွန်တော်စာရေးလိုက်ရမလား အမေ"

"ဘာရေးမှာလဲ ငါ့သားရဲ့"

"အော်. .."

ကိုဦး စကားထစ်သွားသည်။ ဘာရေးရမှာလဲဟု စဉ်းစားနေမိသည်။ အမေ ဘယ်လို


ဖြစ်စေချင်မှာပါလိမ့်ဟု စဉ်းစားရပြန်သည်။ အဖေ အမြန်လာဟုသာ ရေးချင်တော့သည်။

"ခွင့်ရရင် ပြန်လာဖို့ ရေးမလားလို့ပါ အမေ။ ကိုလတ် ဒီအက်(စ်)အေ တက်ခွင့်ရမှ အဖေတစ်ခါမှ


မတွေ့ရသေးဘူးနော်"

ကိုဦးစကား သိပ်တော့ အဆက်အစပ်မရှိ။

"နေပါစေ ငါ့သားရယ် မင်းတို့အဖေ ခွင့်ယူလို့ရရင် ပြန်လာမှာပါ။ အချိန်တန်လို့ ပြန်လို့ရရက်နဲ့


ပြန်မလာရင် မပြန်ချင်လို့ပေါ့ ငါ့သားရယ်"

မခင်သစ် စကားသံက တစ်လုံးချင်း ပြတ်ပြတ်သားသား ဖြစ်နေသည်။ မိမိမှာ ဘယ်ကအားတွေ


ဝင်လာသည်မသိ။ အမှန်တရားကြောင့် သတ္တိရှိလာသည်။ ခွန်အားဝင်လာသည်ဟု မခင်သစ်
ယုံကြည်သည်။

"ဒါဆို ကျွန်တော် စာမရေးရတော့ဘူးလား အမေ"

ကိုဦးမေးသည်။

typing & pdf - lucky82 113


mmcybermedia. com

"ရေးရိုးရေးစဉ်ပဲ ရေးပေါ့ငါ့သားရယ်။ ပြန်လာပါ။ ဘာညာတော့ ရေးမနေနဲ့ ဟုတ်လား"

ကိုဦး အခန်းထဲမှ ထွက်သွားသည်။ စောင်လေးကို ရင်ခေါင်းထိ ဆွဲခြုံရင်း မခင်သစ်


စောင်းအိပ်လိုက်သည်။

အဖေနှင့် အမေထားရစ်သော မိမိအတွက် ချမ်းသာကြွယ်ဝမှုသည် ကုသိုလ်ကံ မပါသောကြောင့်


မတည်မြဲခ့ေ
ဲ ပ။ လူသင်္ခါရ ပစ္စည်းသင်္ခါရ ဆိုသည်မှာ မိမိအဖို့ မျက်ဝါးထင်ထင် ကိုယ်တွေ့
သိမြင်ခံစားရသော အဖြစ်အပျက် ဖြစ်လေသည်။

"ခင်သစ်ရယ်. .. ညည်းတစ်သက် စားမကုန် သုံးမကုန်ပါဘူးအေ ညည်းသားမြေးအထိ စားပါလေ့


သုံးပါလေ့။ လိမ်လိမ်မာမာသာ ကြိုးစားရှာဖွေစုဆောင်းပါ"

ဟု ပြောင်းဖူးဖက် ဆေးလိပ်ကို ဖွာရင်း စိတ်အားထက်သန်စွာ အမေပြောခဲ့ပါသည်။ အော်. .. အမေ


မိမိသားမြေးတွေ တစ်သက်မဟုတ်ပါ။ ခင်သစ်တစ်သက်ပင် စားဖို့ သုံးဖို့ မရှိတော့။ အဖေနှင့် အမေ
သေဆုံးပြီးကတည်းက မိမိမှာ ဘာမှမရှိတော့။ ဒီလောက်ထိ မြန်မြန်ဆန်ဆန်ကြီး
ကုန်ခမ်းသွားလိမ့်မည်ဟု မထင်ပါ။ ယခုတော့ သားသမီးတွေ တစ်ပြုံတစ်မနှင့် မိမိဘဝကို
အမေမြင်လျှင်. ..

ခေါင်းအုံးပေါ်တွင် ခင်သစ် မျက်ရည်များ တစိမ့်စိမ့်ကျနေသည်။ ငိုမှန်းမသိဘဲ ငိုနေခြင်းဖြစ်သည်။


အားကိုးအားထားရယ်လို့ မိမိမှာ ဘာမှ မရှိသလို ခံစားနေရသည်။ အရွယ်မရောက်သေးသော
သားတွေ ငယ်သေးသော သားတွေ မိမိကိုယ်တိုင်ကလည်း ဘာမှ မစွမ်းဆောင်နိုင်။
စီးပွားဥစ္စာကလည်း မရှိတော့။ မတောင့်မတ မကြောင့်မကျ အလျှံပယ်နေခဲ့ရသော ဘဝကို
တမ်းတသည်တော့ မဟုတ်။

သို့သော် မိမိသားသမီးတွေအတွက် တစ်ကြော့လောက်တော့ ပြန်လည် ပိုင်ဆိုင်လိုက်ချင်သည်။


သားတွေအားရှိအောင် ပြလိုက်ချင်သည်။ မခင်သစ် အံကြိတ်မိသည်။ ကိုဘသိန်းအကြောင်း
စဉ်းစား၍ ရင်ထမ
ှဲာ နာလာသည်။ ယောက်ျားသည် မိန်းမထက် ဖောက်ပြန်လယ
ွ်လေသည်ဟု
သဘောပေါက်ရသည်။ အိမ်ပေါ်မှ ဆင်းသွားတော့လည်း တွဲတိတွဲပိုး ဘာမှမပါ။ စိတ်လတ
ွ်
လူလွတ်ဘဝကို ပိုင်ဆိုင်ကြသော မင်းယောက်ျားများ ဖြစ်ကြပေသည်။ မြင့်မြတ်သော
ယောက်ျားဘဝကို အားကျပါသည်။ နောင်ဖြစ်လေရာ မင်းယောက်ျားကောင်း ယောက်ျားမြတ်ဖြစ်ဖို့
ဆုတောင်းပါသည်။ ဖောက်လွဲဖောက်ပြန် လုပ်တတ်သော ယောက်ျားဘဝတော့ မရချင်။

typing & pdf - lucky82 114


mmcybermedia. com

စွန့်ပစ်မှာ မဟုတ်ပါဘူးဟု တွေးရင်းအားတင်းရသည်ကို ရွံမုန်းမိသည်။ သည်လိုအားမျိုး


မွေးယူရမည်။ မိမိဘဝကို နာကျည်းမိသည်။ စွန့်ပစ်ခဲ့လျှင်ဟု မခင်သစ် မတွေးပါ။ စွန့်ပစ်လို့ မရပါ။
မိမိမစွန့်လွှတ်နိုင်သောကြောင့်ဟု အဓိကမထားပါ။ မိမိသားသမီးများကို ဦးစားပေး စဉ်းစားရသည်။
ဖခင်စွန့်ပစ်ခံရသော သူများအဖြစ် မိမိသားသမီးများကို မဖြစ်စေချင်ပါ။ ဖခင်၏
အရှိန်အဝါအောက်မှာ ကြီးပြင်းစေချင်ပါသည်။ မခင်သစ် သက်ပြင်းချရင်း မျက်ရည်များကို
လက်ဖမိုးနှင့် သုတ်ပစ်လိုက်သည်။ တစ်ယောက်ယောက် ဝင်လာလျှင် အခက်။

ဒီအကြောင်း ဘယ်သူ့ကို တိုင်ပင်သင့်လဲဟု မခင်သစ် စဉ်းစားသည်။ မိမိအိမ်တွင်းရေး ဖြစ်သည်။


သားတွေကလွလ
ျှဲင် မတိုင်ပင်သင့်ဟု ဆုံးဖြတ်မိသည်။ ဒါပေမယ့် သူကတော့ မြင်မြင်ထင်ထင်
တွဲပြသွားကြနေဟန်တူသည်။ ဆိတ်ကွယ်ရာမရှိသော မကောင်းမှုကို ပြုလေသည်ဟု မခင်သစ်
စဉ်းစားရင်း ကိုဘသိန်း၏ ရှိခ့ဖ
ဲူးသော ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာတို့ကို နှမြောမိသည်။
သားတွေသိတော့ အထင်သေးခံရဦးမည်။ ဘယ်လိုပဲဖြစ်စေ အထင်သေးစိတ်တော့ ဝင်မှာပဲဟု
တွေးမိရင်း မျက်ရည်ကျမိပြန်သည်။ မိမိဂုဏ်သိက္ခာမှ မိမိပြန်လည်မထောက်ထားခြင်းကို
အံ့သြမိပါသည်။ တဒင်္ဂသည် ဘဝအတွက် အရေးကြီးမှန်းတော့ သိသင့်သည်ထင်ပါသည်။
အပျော်သဘောဆိုသော် တစ်ဖက်မိန်းမသားဘဝကို စာနာသင့်လှသည်။ အတည်တကျ
ဆိုလျှင်လည်း မိမိနှင့် သားတွေမျက်နှာကို ထောက်ထားသင့်သည်။

မိန်းမသားတိုင်း ခင်ပန
ွ်းအားကိုး၍ တစ်ဘဝလုံး ပုံအပ်ယုံကြည်ကြသူတွေချည်း ဖြစ်သည်။
မိမိသည်လည်း မိန်းမသားတစ်ယောက် ဖြစ်သည်။ သူတို့ချစ်ခြင်းကြောင့် တစ်ယောက်ပြီး
တစ်ယောက် မွေးဖွားဖြစ်တည်လာသော သားသမီးများချည်း တစ်ဆယ့်တစ်ယောက် ရှိသည်။
ဗိုက်ထဲမှာ တစ်ယောက်။ စာနာထောက်ထားသင့်ပါသည်။ သိသင့်ပါသည်။

"ကိုဘသိန်းရယ်. .. ခင်ဗျားနှယ် သားတွေချည်းမွေးထားပြီး နမူနာကောင်းလေးတော့


ပြသင့်ပါတယ်ဗျာ"

အသံထက
ွ်ပြီး ညည်းညူမိသည်။ မခင်သစ် နှပ်သုတ်လိုက်သည်။ ဒီဘဝတော့ ဒီမျှပါပဲဟု
မိမိသဘောထားနိုင်ပါသည်။ မခင်သစ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
စိတ်ကိုလျှော့ဦး မခင်သစ်ဟု ကိုယ့်ကိုယ်ကိုယ် ဆုံးမလိုက်သည်။ လျှော့. .. လျှော့
သားတွေအတွက်။ သူစိမ်းပေမယ့် ကိုယ် မစိမ်းနိုင်သေး။ စိမ်းလို့မဖြစ်သေး။ သား ၁၀ ယောက်
မွေးပြီးမှ တစ်ခုလပ်ဘဝကို မိမိခံယူလို့မဖြစ်။ ခင်သစ်ဆိုတာ တစ်ကောင်ကြွက်။ မိမိအတွက်
အကြောင်းမဟုတ်ပါဘူးဟု ရင်နာနာနှင့် တွေးပစ်လိုက်သည်။ သားတွေအတွက်တော့

typing & pdf - lucky82 115


mmcybermedia. com

အကြောင်းဟုတ်သည်။ အဖေ ရှိကိုရှိရမည်။ သူ မိုက်ဝံ့ပေမယ့် မိမိမမိုက်ဝံ့သေး။ မမိုက်နိုင်သေး။


ဆိုးလိုက်တဲ့ ကံဟု တွေးပစ်လိုက်သည်။

"အမေ... ထမင်းစားကြမယ်"

ကိုအောင်လာခေါ်သည်။ စောင်ခြုံကို လှပ်၍ မခင်သစ် ထထိုင်သည်။ မနက်က ချဉ်ပေါင်ဟင်းနှင့်


ပဲပုပ်ထောင်းထားသည်။ ဝိုင်းအပြည့်နေရာယူထားကြသည်။ ခွန်လေးနားမှာ ဝင်ထိုင်လိုက်သည်။

"ဘယာကြော်ဝယ်ပြီး သုပ်လိုက်တယ် အမေ"

ကိုဦးပြောသည်။ ကိုထွေး၊ ကိုပိုနှင့် ကိုညိုလေးတို့ ထမင်းဇလုံကိုယ်စီ စားပွဲဝိုင်းလေးနှင့်


စားနေကြသည်။ အငယ်ဆုံးတွေအတွက် တစ်ဝိုင်း။ ဘယာကြော်၊ ချဉ်ရေဟင်း၊ ပဲပုပ်ထောင်းတွေ
အမေ့ပန်းကန်ထဲ ပုံနေသည်။ ဦးချထားခြင်းဖြစ်သည်။ အမေ ခပ်ထည့်၊ ထပ်ထည့်စရာ မလိုတော့။
ဦးချထားတာနှင့်ပဲ လောက်ပါသည်။ ကိုယ်ဝန်ကြောင့် မခင်သစ် ထမင်းစားလို့ မြိန်ပါသည်။
သားတွေ ဝိုင်းရံနေသော ထမင်းပွမ
ှဲာ သူမအတွက် ချမ်းမြေ့စေပါသည်။

"သန်ဘက်ခါ စနေဆိုတော့ ကိုလတ်လာမယ် အမေ"

သတိတရ ကိုခိုင်ပြောသည်။

"ကျွန်တော်တို့ သွားကြိုရမလား... အမေ"

ကိုမောင်မေးသည်။ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်နေပြီ။ စီးတတ်နေသောကြောင့်


ဝေးဝေးလံလံ နင်းချင်သည်။

"ငါ့သားတစ်ယောက်တည်းတော့ မဖြစ်သေးပါဘူး"

"ကိုဆောင်ရော သွားမှာပါ အမေရာ"

"ငါ့သားရယ်... မင်းတို့နှစ်ယောက် သွားမှတော့ ကိုလတ်က ဘယ်လိုလိုက်မှာလဲ"

မခင်သစ် အမေးကြောင့် ကိုမောင့် နှုတ်ခမ်းထူထူ စူသွားကြသည်။ အပြန်မှာ


သုံးယောက်စီးပြန်ရမည်။ မိမိလည်း နင်းနိုင်မှာမဟုတ်။ ဒီတော့ ကိုလတ်နင်းရမည်။ ယူနီဖောင်းနှင့်
ကိုလတ်စက်ဘီးနင်းရလျှင် ဟန်မကျသေး။ ဘိုကေတိုတိုကို ကိုမောင်ပွတ်နေမိသည်။

"ကိုဆောင်နဲ့ ကိုမောင်တစ်စီးစီသွားကွာ။ ငါက တစ်စင်းနဲ့လိုက်မယ်။ ဒါဆို အပြန်မှာ ကိုလတ်ကို


တင်နင်းခဲ့လို့ရတာပေါ့. .."

ကိုအောင် ဝင်ပြောလိုက်သည်။

"ကိုဦး သွားစရာရှိလား ဟင်. .."

typing & pdf - lucky82 116


mmcybermedia. com

တစ်ဆက်တည်း ကိုဦးကို မေးလိုက်သည်။

"စနေလား... မရှိပါဘူးကွာ။ အမေ့ကိုကူပြီး ထမင်းချက် အဝတ်လျှော်ပေးဦးမယ်"

စနေနေ့မှာ ကိုလတ်လာမည်။ သားလတ်အကြောင်း စဉ်းစားရင်း မခင်သစ် အဝတ်တွေ


ခေါက်နေသည်။ ကိုလတ်ကျောင်းတက်ဖို့ ငွေချေးထားရသည်။ ဆပ်လို့မကြေသေး။
တစ်လနှစ်ဆယ်ကျပ်နှင့် အတိုးပါ တစ်နှစ်ဆပ်ရမည်။ ၃-၄ လရှိပြီ။ ကိုဘသိန်း လစာ သုံးရာကျပ်မှာ
နှစ်ဆယ်၊ အစိတ်လျှော့လျှော့ပို့နေသည်။ ကိုဦးလစာလေးကလည်း မိသားစုအတွက်
အဆင်ပြေနေသောကြောင့် မိမိသတိပေါ့ခဲ့သည်။ မရိုးသားသောကြောင့် လစာ လျှော့ပို့နေမှန်း
ယခုမှ စဉ်းစားမိတော့သည်။ အကြားပဲရှိသည်။ မိမိမျက်မြင်ကိုယ်တွေ့တော့ မဟုတ်။ မျက်မြင်
ကိုယ်တွေ့မဟုတ်ဘဲ စွပ်စွဲရန်ထောင်ဖို့ ခက်သည်။ အလေးထားမှုတွေ လျော့သွားသည်ဟုတော့
တွက်လို့ရသည်။ အရင်ကလို စာ မကြာခဏ မလာ။ လစာမှာ နှစ်ဆယ်လျော့ အစိတ်လျော့
ဖြစ်လာသည်။ လူလည်း မကြာခဏ မရောက်လာတော့။

မိမိမှာ သူ့ကိုယ်ပွား သူ့ကိုယ်စားတွေအနားမှာ ရှိသည်ဟု ပြုစုရင်း ချက်ပြုတ်ကျွေးမွေးရင်း


ကျေနပ်နေရသည်။ တာဝန်အရ အဝေးမှာ ခွဲနေရသည်။ တစ်နေ့နေ့ မိသားစုထံ ပြန်လာလိမ့်မည်။
စင်းလုံးချော တွေးထင်တက
ွ်ဆထားသည်။ ယခုမှားသွားပြီထင်သည်။ ကိုဦးသိတာ ဘယ်လောက်
ကြာပြီမသိ။ မိမိကို သည်မျှသာ အပေါ်ယံလောက်သာပြောသည်။ သားသိထားသမျှ မမေးရဲ
မမေးဝံ့ မမေးချင်။ ကိုဦးသိသမျှ မိမိသိသမျှ ပြောဆိုစွပ်စွဲတော့ ဒီယောက်ျားက ဝန်ခံမှာလားဟု
မခင်သစ် စဉ်းစားနေသည်။ ဝန်မခံလျှင် ဝန်ခံလာအောင် သက်သေရှာရတော့မည်။ လက်ဆုပ်
လက်ကိုင် ပြရတော့မည်။ လက်ဆုပ်လက်ကိုင် ပြလို့ ဝန်ခံလျှင် မိမိဘာများ ဆက်လုပ်ရမည်
မသိနိုင်။ ကွာနိုင်မှာလား။ ကွဲနိုင်မှာလား။ ဝန်ခံခြင်း၊ ဝန်မခံခြင်းအတွက် မိမိမှာ
ဘာမျှထူးခြားမသွားတာတော့ သေချာနေသည်။ သည့်ထက် သေချာတာ တစ်ခုရှိသည်။
ကိုဘသိန်းကို မိမိကွာ ရှင်းမပေးနိုင်ခြင်းဖြစ်သည်။ မိမိအတွက်မဟုတ်တောင် သားတွေအတွက်
သူ့ကို လိုအပ်ပါသည်။ မိမိဘဝ ကံဆိုးလေခြင်းဟု စဉ်းစားရင်း အံကြိတ်မိသည်။

မိမိရွှေတွေ ခိုးယူခံရသည်။ မိမိရှိပစ္စည်းများနှင့် ကိုဘသိန်းကျောက်စိမ်းသွားတူးလို့ ကုန်ခဲ့သည်။


လယ်လုပ်ရင်း ဓားပြတိုက်ခံရလို့ ကုန်သည်။ စားရင်းသောက်ရင်း တတိတိကုန်သည်။ မိမိပိုင်
တိုက်အိမ်လေးကို ရောင်းချ၍ မိဘလက်ငုတ်လက်ရင်း ကုန်ရသည်။ လယ်လုပ်သူ လယ်ပိုင်ခင
ွ့်
ပေးရင်း မိမိအမွေလယ်တွေယာတွေ အားလုံး လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ရံဖန်ရံခါ သူတို့
စေတနာထားလို့ရလျှင် မိမိဝမ်းသာခဲ့ရသည်။

typing & pdf - lucky82 117


mmcybermedia. com

မိမိမှာ ဘာဆိုဘာမှ မရှိသည်ကို သိပါလျှက် မိမိခံနိုင်ရည်ရှိခဲ့သည်။ နေပျော်ခဲ့သည်။


သားတွေတစ်ယောက်ပြီး တစ်ယောက် မွေးဖွားရင်း မိသားစုနပ်မှန်စား၍ ကျေနပ်ခဲ့သည်။ မိမိသည်
ဘဝတစ်လျှောက် ချို့ချို့ငဲ့ငဲ့ နေထိုင်ခဲ့ရသူ တစ်ယောက်လို ကျိုးနွံခြိုးခြံစွာ နေထိုင်နိုင်ခဲ့သည်။

သို့ပါလျှက် ကိုဘသိန်းသည် မိမိအပေါ် သစ္စာမဲ့နိုင်ခြင်းအတွက် နာကျင်ခံစားကြေကွဲရသည်။


သားသမီးတွေအတွက် မိမိတို့ လက်တွဲညီညီ ကြိုးစားရုန်းကန်ရမည်ဟု မခင်သစ်
နားလည်ထားသည်။ ခရီးတစ်ဝက်က လမ်းခွဲထွက်လို့ မဖြစ်နိုင်ကြောင်း ကိုဘသိန်းသိသင့်ပါသည်။
မိမိတို့ကြောင့် ဖြစ်ထန
ွ်းလာသော သားသမီးတွေအတွက် မိမိတို့မှာ တာဝန်အပြည့်ရှိနေသည်။
သူတို့ ကျန်းမာရေး၊ နာရေးဖျားရေးကစ ပညာရေး၊ တိုးတက်ကြီးပွားရေး၊ သူတို့ခြေထောက်ပေါ်မှာ
သူတို့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးထိ စွမ်းအားရှိသမျှ တာဝန်ယူရမည်ဟု မခင်သစ်
ခံယူထားပါသည်။ မိမိတို့ မွှေးထားသည့် မီးလေးတွေလေ။ မီးပုံကြီး ဆက်လက်လောင်ကျွမ်း
တောက်ပရှင်သန်နေဖို့ မိမိတို့ မီးစာကျွေးရမည်ဟု မခင်သစ် တွေးရသည်။ သူက မိမိထက်
စာတတ်သည်။ တွေးခေါ်နိုင်သည်။ အလုပ်လုပ်ရင်း အမြင်ကျယ်သူဖြစ်သည်။ သို့ပါလျှက်
ပွဲတွေ့အမှားနှင့် ကြုံနေပြီထင်သည်။ သူ့အမှားကြောင့် မိမိသားတွေ လောင်ကျွမ်းကြေမွလွင့်ပျောက်
မသွားစေရ။ ရှင်သန်တောက်ပနိုင်ဖို့ မိမိ ကြိုးစားရပါမည်။

သားတွေ အဝတ်ပုံကို ထပ်ရင်း လက်သီးဆုပ်နှင့် ထုလိုက်မိသည်။ ခင်သစ် ခင်သစ် ညည်းမှာ


ငွေမရှိ၊ ရွှေမရှိ၊ ဂုဏ်မရှိ၊ ဘာမှမရှိဘူး သိပ်သေချာသည်။ ရှိနေသည့် ယောက်ျားတောင် မသေမချာ
မရေမရာ ဖြစ်နေသည်။ အားတင်းထားစမ်းပါ ခင်သစ်ရယ်။ နင့်မှာ သားတွေရှိသည်။
သည်သားတွေအတွက် အလုပ်လုပ်စရာတွေ အများကြီး ရှိသေးသည်။ သူတို့အတွက်
မိမိရှင်သန်ရဦးမည်။ သူတို့အတွက် မိမိရှိနေဖို့ လိုသေးသည်။ ဒီလိုပဲ ကိုဘသိန်းလည်း ရှိနေဖို့
လိုသည်။ သည်သားသမီးတွေကို အချည်းအနှီးဖြစ်ဖို့ မိမိမွေးခဲ့ခြင်းမဟုတ်။ လူတစ်လုံး သူတစ်လုံး
ဖြစ်အောင် ကြိုးစားရဦးမည်။ အားတင်းထားရပါဦးမည်။

တစ်နေ့တော့ ပြန်လာပါလိမ့်မည်။ ထိုအခါ ကိုဘသိန်း ဖြေရှင်းချက်ပေးမည် ထင်ပါသည်။


သို့မဟုတ်လည်း မသိဖာသာ ပြီးဆုံးကောင်း ပြီးဆုံးသွားလိမ့်မည်။ ဒီလိုကိစ္စမျိုးမှာ ဝန်ခံရဲသူ
ရှားသည်။ အထူးသဖြင့် ယောက်ျားတွေ ဝန်မခံတတ်သော ပြဿနာဖြစ်သည်။
အချိန်တွေကြာသော် မိမိလည်း အသည်းနာခြင်းလည်း ပျောက်သွားလိမ့်မည်ဟု မခင်သစ်
တွက်လိုက်သည်။ ဝေဒနာ ပျောက်သွားခြင်းကိုသာ မခင်သစ် မျှော်လင့်သည်။ အမာရွတ်ကတော့

typing & pdf - lucky82 118


mmcybermedia. com

ပျောက်လိမ့်မည်မဟုတ်ပါ။ မိမိသိပါသည်။ မိမိသားသမီးတွေအတွက် အမာရွတ် တင်ခံပါမည်။


တစ်ပြင်လုံး ပြန့်ချင်ပြန့်ပါစေတော့။ မိန်းမတစ်ယောက်အတွက် အဆိုးဝါးဆုံး ဝေဒနာဖြစ်ကြောင်း
သစ္စာမြဲသော အိမ်ထောင်သည်မိန်းမတိုင်း သိနိုင်ပါလိမ့်မည်။

"ဒီဘဝတော့ ခင်ဗျားနဲ့ ကျွန်တော့်အတွက် ဒီမျှပဲ ဆုံးပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။


ကျွန်တော့်အတွက် အကြောင်းမဟုတ်တော့ပါဘူး။ သားတွေအတွက်တော့ ဖခင်ကောင်း ဖြစ်ပါဗျာ"

ဟု မခင်သစ် လက်အုပ်ချီရင်း ဆုတောင်းလိုက်မိသည်။ မိမိအတွက် ကိစ္စမရှိတော့ပါ။


အလေးမထားတော့ပါ။ သားတွေအတွက်ပဲ သမီးတွေအတွက်ပဲ ဖြစ်စေချင်သည်။
တင့်တယ်စေချင်သည်။ မိမိမှာ ဆုံးရှုံးစရာ မရှိတော့ပါ။ နောက်ဆုံး ပိုင်ဆိုင်မှုတစ်ခုပင် ဆုံးရှုံးပြီဟု
သိပြီးဖြစ်နေသည်။ ခံစားနေရသည်။ မခင်သစ်အတွက် ဆုံးရှုံးမှုမှန်သမျှ အံ့သြဖွယ်
ကောင်းလောက်အောင် ဆုံးရှုံးခဲ့ပြီး ဖြစ်ပါသည်။ နောက်ထပ်ဘာများ ထူးပြီး လျော့စရာ
ရှိတော့မှာလဲဟု စိန်ခေါ်လိုက်သည်။

ဘုရားစင်ရှေ့သို့ မခင်သစ် လျှောက်လာသည်။ လက်အုပ်ချီရင်း ဆုတောင်းနေသည်။ ခံနိုင်ရည်


ခွန်အားပေးဖို့ ဆုတောင်းခြင်းဖြစ်ပါသည်။ မိမိအတွက် မပေးလျှင်ရှိပါစေ။ မိမိ
သားသမီးတွေအတွက် ကောင်းကျိုးချမ်းသာ ပေးစေချင်သည်။ သူတို့ဘဝလေးတွေ
လှပစေချင်သည်။ ဘဝအစ မလှလျှင် ရှိပါစေ။ ဘဝအလယ်နှင့် ဘဝအဆုံး လှပတင့်တယ်
ပြည့်စုံစေချင်လှသည်။ မိမိဘဝ အစ လှခဲ့ပါသည်။ ခင်သစ်ဘဝ အစ ပြည့်စုံချမ်းသာခဲ့သည်။
ပြည့်စုံချမ်းသာသော ဘဝမှာပင် ခင်သစ်အား ဒုက္ခိတဘဝမှာ ရှိစေခဲ့သည်။ မိမိဘဝ ဝဋ်ကြွေးဟု
လက်ခံပါသည်။ မိမိသားသမီးတွေဘဝအစ မပြည့်စုံလျှင် ရှိစေ ကြိုးစားပါမည်။ ဘဝအလယ်နှင့်
ဘဝအဆုံးမှာ ထိုက်တန်သော ကောင်းကျိုးချမ်းသာလေးတွေ ရစေချင်ပါသည်။ ရှိစေချင်ပါသည်။
မခင်သစ် ဆုတောင်းပါသည်။ မိမိမှာ မေတ္တာကလွဲလျှင် သားသမီးများအတွက် ပုံရုံပေးဖို့
ဘာမှမရှိမှန်း သိနေပါသည်။ ရှိရှိသမျှ မေတ္တာတော့ အကုန်ပုံပေးပါသည်။ အရှင်ဘုရား
သိစေချင်ပါသည်။ နောက်ဆုတ်ရင်း ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။

ဆိတ်သားဟင်းကို အာလူးများများနှင့် ရောချက်ထားသည်။ ချဉ်ပေါင်ဟင်းရည် ချက်သည်။


ငြုပ်သီးခြောက်ကိုလှော်ပြီး ကြက်သွန်ဖြူဆားနှင့် ထောင်းထားသည်။ လဆန်းရက်မို့
ကိုဦးလစာကြောင့် ဣနြေ္ဒမပျက် ဟင်းကောင်းလေးချက်စားနိုင်ခြင်းဖြစ်သည်။ တစ်လတစ်ခါတော့
သားသမီးတွေ စားပါစေဟု မခင်သစ် ချက်ရသည်။ ကိုခိုင်က အစားမက်သူပီပီ မခင်သစ်အနီးမှ
မခွာတော့။ ဒီနေ့ သူ ထမင်းစားကောင်းတော့မည်ဟု တွေးနေသည်။

"ငါ့သား... စာကြိုးစားရဲ့လား"

typing & pdf - lucky82 119


mmcybermedia. com

ကိုခိုင်ခေါင်းကို ပွတ်ရင်း မခင်သစ် မေးသည်။

"ကြိုးစားပါတယ် အမေရဲ့။ ပထမအစမ်းတုန်းက အဆင့် ၁၀ ရတာပဲ"

ပထမအစမ်းမှာ အဆင့် ၁၀ ရသည်။ ခွန်လေးက ၅ ရသည်။ ခွန်လေးက ပိုပြီးဉာဏ်ကောင်းသည်။


ကြိုးလည်းကြိုးစားသည်။

"ခွန်လေး ၅ ရတယ်လေ ငါ့သားလည်း ကြိုးစားမှပေါ့"

နှာခေါင်းမှ နှပ်ကို ရှုံ့သွင်းရင်း...

"ခွန်လေးက တော်တာကိုး အမေရ။ ကျွန်တော်လည်း ကြိုးစားမှာပါ"

မခင်သစ် မျက်နှာကိုမော့ကြည့်ရင်း ကိုခိုင်ပြောသည်။ ကြိုးစားဖို့ အမေတတွတ်တတ


ွ်
ပြောလေ့ရှိသည်။

"အမေ့မှာ... ဒီပြင်ဥစ္စာပစ္စည်းတွေ အမွေပေးစရာမရှိဘူးနော် ငါ့သားတို့။ ကျောင်းနေတုန်း


စာကြိုးစား။ ပညာရအောင်ယူကြ။ ယူတဲ့သူရမှာပဲ"

ဟု ကိုခိုင်တို့ ညီအစ်ကိုတစ်တွေကို မကြာခဏ ပြောလေ့ရှိမှန်း ကိုခိုင်သိပါသည်။

"ရတနာသုံးပါး၊ မိဘဆရာရိုသေတတ်ဖို့၊ လိမ္မာရေးခြားရှိဖို့ စာတတ်ဖို့ ဒီသုံးမျိုးပဲ အမွေအဖြစ်


အမေပေးနိုင်မှာနော်။ ဒီပြင်ပေးစရာ အမေ့မှာ ဘာမှမရှိဘူး"

မိမိရခဲ့ဖူးသော မမြဲသော ပစ္စည်းဥစ္စာအမွေအကြောင်း မခင်သစ် မပြောတော့ပါ။


ကိုယ်တိုင်ကြိုးစားရင်း ရစေချင်သည်။

"ကြိုးစားမှာပါ အမေရာ ကိုလတ်လိုလေ ဒီအက်(စ်)အေ ရောက်အောင်လုပ်မယ်။


စစ်ဗိုလ်ကြီးလုပ်ပြီး အမေ့ကို ကျေးဇူးဆပ်မယ်နော်"

ကိုခိုင့်ခေါင်းကို မခင်သစ် ပွတ်သပ်နေမိသည်။

"အမေ့ကို လုပ်မကျွေးချင်နေပါ ငါ့သားရယ်။ ငါ့သားတွေ ကြီးပွားချမ်းသာပြီး မပင်မပန်း


လုပ်ကိုင်စားသောက်တာ မြင်ရရင် အမေကျေနပ်ပါပြီ"

မျက်ရည်ဝဲရင်း မခင်သစ် ပြောမိသည်။

"အမေ့မှာ ငါ့သားတွေကို ပေးစရာ မေတ္တာကလွဲရင် ဘာမှမရှိပါဘူးလေ"

မခင်သစ် အသံက တုန်ခါနေသည်။ မေတ္တာကလွဲလျှင် ဘာမျှမရှိသောမိမိဘဝကို မိမိသာ


အသိဆုံးဖြစ်သည်။ ဖြူစင်သော မိမိမေတ္တာ၊ စေတနာကြောင့် မိမိသားသမီးတွေ

typing & pdf - lucky82 120


mmcybermedia. com

လိမ္မာရေးခြားရှိပါစေ။ ရိုးရိုးသားသားနှင့် ကြီးပွားချမ်းသာပါစေဟု အခါခါသစ္စာပြု


ဆုတောင်းပါသည်။

အိမ်ရှေ့မှာ ဆူညံဆူညံအသံများကြောင့် တံခါးဝကို ကိုခိုင်လှမ်းကြည့်သည်။ ထို့နောက်


ထပြေးသည်။

"ကိုလတ် လာပြီ အမေ..."

ဟု ဝမ်းသာအားရ အော်ဟစ်လိုက်သေးသည်။ အနည်းငယ်... ညှက်သော်လည်း


ယူနီဖောင်းကြောင့် ဝင့်ထည်ဟန်ပေါ်လျှက်ရှိသော ကိုလတ် အမေ့ရှေ့ရောက်လာသည်။

"နေကောင်းလား အမေ..."

ဟု မေးရင်း မခင်သစ်အနီးမှာ ဖင်ထိုင်ခုံလေးယူပြီး ထိုင်လိုက်သည်။ အသားတွေညိုပြီး


ကြမ်းနေသော ကိုလတ်ကို အမေကြည့်ပြီး ပြုံးသည်။

"နေကောင်းပါတယ် ငါ့သားရယ် ညိုလို့ မဲလို့ပါလား"

"နေပူထမ
ှဲာပဲ နေရတာများတယ် အမေရဲ့"

ကိုလတ် အိတ်ကပ်ထန
ှဲိုက်သည်။ ဆယ်တန်လေးတွေ အထပ်လိုက်ထုတ်လိုက်သည်။
ကျောင်းစတက်လို့ တစ်လတစ်လရသည့် လစာထဲမှာ စုထားသော ငွေများဖြစ်သည်။
မိမိအသုံးစရိတ်၊ စာအုပ်ဖိုး၊ မုန့်ဖိုးကို ချွေတာသုံးပြီး စုထားသည်။ ရသည့်လစာက ငါးဆယ်ကျပ်ခန့်။
၈ လပြည့်ပြီ စုစုပေါင်း ဆယ်တန်လေး တစ်ရာရှိသည်။

"ရော့ အမေ... ကျွန်တော်ရတဲ့လစာထဲက စုထားတာ။ တစ်လမှ တစ်ဆယ် ဆယ့်ငါးကျပ်လောက်မို့


အမေ့ပေးရတာ မကောင်းလို့ ခုမှ တစ်ရာပြည့်လို့ ပေးတာအမေ"

ကိုလတ်ကို မခင်သစ် ငေးကြည့်နေသည်။ ရသည့်လစာလေးထဲမှ မစားရက်မသောက်ရက်


စုထားရမှန်း မခင်သစ် သိသည်။ သား၏ သိတတ်နားလည်မှုကြောင့် မခင်သစ် ဝမ်းသာသော်လည်း
မပြည့်စုံသော မိမိတို့ဘဝကြောင့် ဝမ်းနည်းသွားသည်။

"မင်းရတာမှ နည်းနည်းလေး လိုတာသုံးပါ ငါ့သားရယ်"

ဟု ပြောမထွက်နိုင်သော မိမိအဖြစ်ကြောင့် ရင်ထဲမှာ ဆို့နစ်နေသည်။ ကျောင်းမှာငွေလိုသည်ဟု


ကျောင်းတက်ကတည်းက တစ်ခါမှ ကိုလတ် မတောင်းဖူးသေး။ သူ့ဖာသာ ရသည့် လစာလေးနှင့်
လောက်ငှအောင် သုံးစွဲနေထိုင်သည်။ ခြိုးခြံချွေတာသည်။ သူ့အတွက် အိမ်မှာဝန်မတက်အောင်
ကြိုးစားနေသည်။ စုပြီး မိမိကိုပေးနေပြန်သည်။

typing & pdf - lucky82 121


mmcybermedia. com

"ကျွန်တော် အဝတ်လဲဦးမယ် အမေ။ ကိုဦး အဝတ်လျှော်နေတာ သွားပြီး ကူဦးမယ်နော်"

"အေး... အေး... ငါ့သား"

ညီအစ်ကိုတစ်စု ရေတွင်းနားမှာ ဆူညံနေသည်။ ခွန်လေးနှင့် ကိုအေးအသံကိုလည်း တစာစာ


ကြားနေရသည်။ ကိုလတ်လာသောကြောင့် ညီအစ်ကို မောင်နှမတွေ စုံပြီးပျော်နေကြသည်။

"ကိုလတ် အရပ်နည်းနည်း ရှည်လာတယ်"

ဟု ကိုမောင့်ပြောသံကို ကြားရသည်။ အသံများကို နားထောင်ရင်း လက်ထမ


ှဲာ
ဆယ်တန်လေးတွေကို မခင်သစ် ကြည့်နေမိသည်။ သည်နှစ်မိုးမကျမီ အိမ်မိုးရမည်။
မမိုးလို့မဖြစ်တော့။ ၃ နှစ်ရှိသွားပြီ။ ရေနံချေးလည်း သုတ်ရဦးမည်။ နှစ်တိုင်း ရေနံဝနေဖို့လိုသည်။

"ကိုလတ်ရေ... တော်တော် ပင်ပန်းလား"

ကိုမောင့်အသံ။

"ပင်ပန်းတာပေါ့ကွာ ။ ညအိပ်ရင် လူကိုမောနေရော။ ဘယ်လိုအိပ်ပျော်သွားမှန်းကို မသိဘူး။


မနက်ကျလည်း အစောကြီးထရတာ။ ငါတော့ တစ်ခါမှ အိပ်ရေးဝတယ် မထင်ပါဘူးကွာ"

အေးဆေးသော ကိုလတ်အသံကို ကြားရသောကြောင့် မခင်သစ် ပြုံးရသည်။ အော်. ..


ပင်ပန်းရှာမှာဟု သနားကြင်နာနေမိသည်။ ပင်ပန်းကြမ်းတမ်းသော လုပ်ငန်းတစ်ခုကို ဘဝအတွက်
ရုန်းရကန်ရဖို့ ရွေးချယ်ပေးသလိုများ ဖြစ်နေပြီလား။ ကိုယ်စီကိုယ်စီ ကြိုးစားရုန်းကန်နေကြသည်မှာ
ဘဝပေးတာဝန်မို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ မခင်သစ် ဆုတောင်းပါသည်။ ကိုဦးကတော့
စာရေးလေးနှင့် သူ့ခရီးကို စရင်း စာရေးလေးဘဝနှင့် ဆုံးတော့မည် ထင်သည်။ စာမေးပွဲတွေ
အောင်အောင်ဖြေနိုင်ပါမှ ဘွ့ေ
ဲ လးရ၊ လုပ်ငန်းခွင် ရာထူးတိုးတက်ပေလိမ့်မည်။ နောက်နှစ်ဆို
ကိုအောင် ၁၀ တန်းရောက်မည်။ အပေါင်းအသင်းများပြီး စာမှာ သိပ်အလေးအနက်မထားချင်မှန်း
မခင်သစ် သိပါသည်။

ရေတွင်းနားမှာ ကိုဦးနှင့် ကိုလတ် ခေါင်းချင်းဆိုင် စကားပြောနေသည်။ တစ်ချက်တစ်ချက်


မီးဖိုတံခါးဝဖက်ကို ကိုဦးလှမ်းလှမ်းကြည့်သည်။ အမေထွက်လာမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။

"အဲဒါပဲ. .. ကိုလတ်ရ"

"ဟုတ်လို့လား ကိုဦးရာ..."

ကိုဦးစကားအဆုံးတွင် ကိုလတ်မေးခွန်းထုတ်မိသည်။

"သေချာတယ်"

typing & pdf - lucky82 122


mmcybermedia. com

ခေါင်းကိုငြိမ့်ပြီး သေချာပေါက် ဖြေလိုက်ရသည်။ ကိုလတ်ငြိမ်သက်နေသည်။ မမှန်ဘဲနှင့် ကိုဦး


မပြောနိုင်ကြောင်း သိသည်။ အမေစိတ်ဆင်းရဲပေလိမ့်မည်။ အဖေ့နှယ် ဘယ်လိုဖြစ်တာပါလိမ့်ဟု
စဉ်းစားရင်း သက်ပြင်းချမိသည်။ စိတ်လှုပ်ရှားမှုနှင့် စိတ်တင်းကျပ်မှုကြောင့် ကိုလတ်
မျက်နှာတစ်ခုလုံး နီရဲနေသည်။

"အမေဘာပြောလဲ ဟင်. .. ကိုဦး"

"ပထမတော့ ငြိမ်နေတာပေါ့။ နောက်တော့ အမေ့မှာ ခံနိုင်ရည်ရှိပါတယ်တဲ့။ အဲ့လိုပြောပြီး


ပုံစံမပျက် နေတာပဲ ကိုလတ်ရ။ အဖေ့ဆီစာရေးရမလားဆိုတော့ ထုံးစံအတိုင်းပဲ ရေးတဲ့။ ဘာမှ
ထည့်မရေးနဲ့တဲ့"

"အော်. .."

သေးကွေးသော အမေ့ခန္ဓာကိုယ်လေးအတွက် ကြံ့ခိုင်သော စိတ်ဓာတ်ရှိနေသည်။ အဖေသည်


အမေ့ကို စိမ်းကားနိုင်သောကြောင့်တော့ ဟုတ်ဟန်မတူ။ အနေနီးစပ်သောကြောင့်များလား။
ဒါဆိုလည်း အနေမနီးအောင် အဖေနေသင့်သည်ဟု တွေးရင်း ကိုလတ်ငိုင်နေမိသည်။ အမေ့ကို
သနားသည်။ မိမိတို့တစ်တွေကို ပြုစုရင်း အမေပင်ပန်းနေပြီ။ မွေးဖွားရ၊ နို့တိုက်ရ၊ ကြီးပြင်းအောင်
မွေးရ၊ ချက်ပြုတ်ရ ကျေွး ရ။ ထော့ကျိုးထော့နင်းသွားရင်း တစ်အိမ်လုံး အမေ့ခြေရာ၊
အမေ့လက်ရာတွေချည်း ဖြစ်သည်။ အမေ့အကြောင်း အဖေက မိမိတို့ထက် ပိုသိနိုင်ပါသည်။
အဖေသည် အမေ့ကို မေတ္တာကရုဏာထား၍ လက်ထပ်ခဲ့ခြင်းဟု မိမိနားလည်ထားပါသည်။

"ငါ့သားတို့ ခုထိ မပြီးကြသေးဘူးလား"

အမေ့အော်သံနှင့်အတူ တဲတံခါးဝမှ အမေပေါ်လာသည်။ လက်ထဲမှ ပုဆိုးကို ရေညှစ်ရင်း...

"ပြီးပြီအမေ... ရေပါတစ်ခါတည်း ချိုးလိုက်လို့ ကြာသွားတာ"

"အေး... အေး... အဝတ်လဲတော့ ထမင်းစားရအောင်"

"ဟုတ်ကဲ့ အမေ..."

ထမင်းစားပြီးတော့ အငယ်တွေ ကိုယ်စီဆော့ကြသည်။ ကိုညိုလေးပဲ အမေ့ကို ကပ်နေသည်။


ကိုထွေးနှင့် ကိုပိုတို့က စက္ကူတွေ ညှပ်ရင်း ဆော့နေသည်။ နောက်တော့ ကိုညိုလေးလည်း
သူ့အစ်ကို နှစ်ယောက်နားသွားပြီး စက္ကူလှေလုပ်တာ ထိုင်ကြည့်နေသည်။

"ကိုဦး ပြောပြလား ငါ့သား... ဟင်"

ကိုညိုလေးတို့ ညီအစ်ကိုကိုကြည့်လျှက် မခင်သစ် မေးလိုက်သည်။

typing & pdf - lucky82 123


mmcybermedia. com

"ဟုတ်ကဲ့ အမေ"

"ငါ့သားလည်း သိထားသင့်ပါတယ်လေ။ လူဆိုတာ အမှားကို လုပ်တတ်ကြတာ အံ့သြစရာတော့


မဟုတ်ပါဘူး"

မခင်သစ် လေသံ အေးဆေးပါသည်။ တည်ငြိမ်ပါသည်။

"ငါ့သား စိတ်ထဲဘယ်လိုမှ မထားနဲ့နော်။ ကိုယ့်အဖေကိုလည်း အကြည်ညိုမပျက်နဲ့။ ပျက်ရင်


ငါ့သားတို့ပဲ အဖေကို စော်ကားရာကျနေမယ်။ ငရဲမယူနဲ့"

"ဟုတ်က့ပ
ဲါ အမေ... အဖေပြန်လာမှာပါ အမေ"

"အင်း... ပြန်လာမှာပါ။ အမေသိပါတယ်။ သားတွေရှိတယ်လေ အမေ့အပေါ်


စိတ်ကုန်သွားရင်တောင် ငါ့သားတွေ ရှိသေးတာကိုး။ ဒီသံယောဇဉ်ကြိုးတွေကို ဘယ်သူဖြတ်လို့
ရပါ့မလဲ"

ယုံကြည်စိတ်ချမှုနှင့် မခင်သစ် ပြောလိုက်ပါသည်။ ဟုတ်သည်။ သူ့သံယောဇဉ်ကြိုးတွေကြောင့် သူ


ပြန်လာပါလိမ့်မည်။ မိမိတစ်ကြိုးတစ်မျှင်က မနှောင်ဖွဲ့နိုင်သော် ရှိပါစေ။ သူ့သွေး သူ့သားများ၏
သံယောဇဉ်နှောင်ကြိုးများမှာ သူရုန်းထွက်နိုင်ဖို့ ခက်ပေလိမ့်မည်။ ယခုအချိန်တော့ သွေးပူကောင်း
ပူနေပေမည်။ အချိန်တန်သော် အိမ်ပြန်ဖို့ သတိရလာလိမ့်မည်။

ဒုတိယအစမ်းမတိုင်မီ မခင်သစ် မီးဖွားသည်။ တနင်္လာနေ့. .. တနင်္လာသမီးလေး...။

"မိန်းကလေး... မိန်းကလေး..."

ဟု သားဖွားဆရာမ မကြောစံ အားရဝမ်းသာ ပြောလိုက်သည်။ မခင်သစ် မွေးသမျှ


ယောက်ျားလေးချည်း။ မိန်းကလေးတစ်ယောက် မျှော်လင့်နေမှန်းသိသည်။ သို့ကြောင့်
ဝမ်းသာသွားသည်။

"မိန်းကလေးလား ဆရာမ"

လေသံနှင့် မခင်သစ် မေးမိသည်။ သမီးလေးပေါ့။ ခွန်လေးအတွက် ညီမလေး အဖော်ရပေပြီ။ သမီး


၂ ယောက် သား ၁၀ ယောက်။ ပက်လက်လှဲနေသော မခင်သစ် မျက်ဝန်းထောင့်မှ
မျက်ရည်ပူစီးကြောင်းလေး စီးဆင်းလာသည်။ မီးဖွားရသော ဝေဒနာတစ်ခုတည်းကြောင့် မဟုတ်ပါ။

ဆရာမနှင့် မမော်တို့ လုပ်ပေးစရာရှိသမျှ လုပ်ကိုင်ပေးပြီး ဆရာမပြန်သွားသည်။

typing & pdf - lucky82 124


mmcybermedia. com

"ခါတိုင်းလိုပဲ တစ်လတော့ လာကူနော် မမော်. .."

"စိတ်ချ အစ်မ... ခုလည်း ညနေစာချက်ပေးပြီးမှ ပြန်မယ်"

မမော် မီးဖိုချောင် ဝင်သွားသည်။ မခင်သစ် မှိန်းနေသည်။ ပေါ့ပေါ့ပါးပါး ဖြစ်သွားသည်။


လဆန်းပိုင်းက လစာငွေ နှစ်ရာ့ငါးဆယ်ကျပ်ပဲ ပို့တာ သတိရမိပြန်သည်။ ကိုဦးလစာသာမရှိလျှင်
သည်လူအုပ်နှင့် တွေးပင်မတွေးရဲ။ အော်. .. ကိုဘသိန်း မိမိနှင့် သားတွေကို
အငတ်ထားချင်စိတ်တော့ ရှိမည်ဟု မထင်ရက်ပါ။ ကိုဦး လစာရနေသောကြောင့်
လျှော့ပို့နေသည်ဟု မိမိတက
ွ်ပါသည်။

စာမေးပွဲတွေပြီး နွေရာသီကျောင်းပိတ်ရက်မှာ ကိုဘသိန်း ပြန်လာသည်။ ခွင့် (၂)ပတ် ယူခဲ့သည်။


ကိုလတ်လည်း ဧပြီလ ကျောင်းပိတ်ထားသည်။ မိသားစုအားလုံး စုံသည်။ နှောင်းနှောင်းလေး
ရယ်တတ်ပြုံးတတ်နေပြီ။ အားလုံးက ချစ်ခင်ယုယစွာ ချီကြပိုးကြသည်။ အထူးသဖြင့် ခွန်လေး
သူ့ညီမလေးကို အလွန်ချစ်သည်။

"ညီမလေးတစ်ယောက်ထဲ ခွန်လေးနဲ့ အဖော်ဖြစ်မှာ"

ဟု မကြာမကြာ ပြောသည်။ နာမည်ပင်မခေါ်ဘဲ ညီမလေးဟုသာ ခေါ်သည်။ ထို့ကြောင့်


ညီမလေးဟု တွင်နေသည်။ သေးသေးကျစ်ကျစ်လေးနှင့် ကျန်းမာသည်။ မခင်သစ်
သက်သာနေသည်။ အမွှာနှစ်ယောက် ငယ်စဉ်က မခင်သစ် အလွန်ပင်ပန်းသည်။ နှစ်ယောက်
တစ်ပြိုင်ထဲ နို့တိုက်ရသည်။ ဖျားလျှင် နှစ်ယောက်တွဲဖျားသည်။ အနာစိမ်းတွေ ပေါက်တော့လည်း
အတူပေါက်သည်။ ခါးဝတ်လုံချည်တောင် ကြိုးနှင့်ချည်ထားရသည်။ ခါးတောင်းမကျိုက်ရရုံ
တမယ်ရှိတော့သည်။ ယခုအချိန်ပြန်ပြောလျှင်တော့ ရယ်နိုင်မောနိုင်ပါသည်။ အမွှာနှစ်ယောက်
မတ်တပ်ပြေးတော့ ကိုခိုင်မွေးကင်းစ၊ မောလိုက်ရသည့်ဖြစ်ခြင်း။ တွေးပင်မတွေးချင်။ အကြီးတွေ
ဝက်သက်ပေါက်၊ အငယ်ကောင် ကျောက်ထိုးနာရင်း ဘယ်နှစ်ည ငုတ်တုတ်မိုးလင်းမှန်း မသိ။

ကိုဘသိန်းရောက်လာတော့ ရုံးငွေစုငွေချေးမှ ငွေသုံးရာကျပ် ချေးလာခဲ့သည်။ မခင်သစ်လက်ထဲ


နှစ်ရာ့ငါးဆယ်ကျပ် ထည့်သည်။

"အိမ်မိုးဖို့ ဒါနဲ့ပဲ မိုးပါကွာ။ နောက်လေတွေတော့ လစာရော့(လျော့)မယ်နော်"

မခင်သစ် မျက်နှာကို မကြည့်ဘဲ ပြောသည်။

"ခင်ဗျား လစာဖြင့် ရော့ရော့(လျော့)နေတာ ကြာပေါ့ဗျာ..."

မပြောပါဘူးဟု စဉ်းစားထားလျှက်နှင့် ပြောဖြစ်သွားသည်။ ပြောမိမှ မထူးတော့။

typing & pdf - lucky82 125


mmcybermedia. com

"ဘာတွေသုံးနေလို့ တစ်လ တစ်လ လေးဆယ်ငါးဆယ် လျော့ရတာလဲ" ဟု ဆက်မေးဖြစ်သည်။

"အင်း... ဟိုကုန် သည်ကုန်ပါပဲကွာ ချွေတာရင်းနဲ့ ကုန်တာလေ..."

မပီဝိုးတဝါး ဖြေသည်။

"ခင်ဗျားတစ်ယောက်ထဲ တစ်ရာလောက်ဆိုတော့ ကျွန်တော်တို့ မိသားစုအတွက် ခက်တာပေါ့ဗျာ"

"ကိုဦးလစာမပေးဘူးလား..."

"အော်. .. ပေးတာပေါ့ ကိုဘသိန်းရယ်။ ပေးပေလို့သာပေါ့။ မပေးများမပေးရင်


ဆန်ပြုတ်သောက်နေရမှာ၊ ကိုဦးလစာလေးရတာနဲ့ ခင်ဗျားက လျော့ပိုတာ ဘာမှမထူးဘူး ကြပ်မြဲ
ကြပ်တာပဲ"

တစ်ဖက်ကတိုးသည်။ တစ်ဖက်က လျော့သည်။ ဘာမှမထူး။ မိမိမှာတော့ ဒုံရင်းဒုံရင်းပါပဲဟု


မခင်သစ် တွေးပါသည်။ ငွေလိုလျှင် နားကပ်လေး ပေါင်လိုက်။ ပြန်ရွေးလိုက်။
သံသရာလည်နေသည်။ မီးမဖွားမီ ရွာက ငွေလေး နှစ်ရာကျပ် ပို့လိုက်သောကြောင့် ခံသာသည်။
မိမိလက်ထဲ မစားရက် မသုံးရက် ချန်ထားသော ငွေလေး တစ်ရာ့ရှစ်ဆယ်ကျပ်ခန့် ရှိသည်။
လုံးဝမသုံး။ ရှိသည်ဟု တွက်မထား။ သီးစားခလေးရတော့ ထပ်ဖြည့်ထည့်ထားသည်။ မိမိ မိသားစု
တစ်ဆယ့်လေးယောက်အတွက် ငွေနှစ်ရာ့ငါးဆယ်ကျပ်ခန့် မိမိစုထားသည်။ သေရေးရှင်ရေး
ဖျားရေးနာရေး သားသမီးတွေအတွက် ဖြစ်သည်။

ကိုဘသိန်း မျက်နှာကွက်ခနဲ ပျက်သွားရသည်။ ဆေးပေါ့လိပ်တို ထောင်းထောင်းထဖွာရင်း...

"တစ်ယောက်ထဲနေတော့ ပိုကုန်တယ် မခင်သစ်ရဲ့။ စားရသောက်ရတာ အာသာမပြေတော့လည်း


ဟိုဟာဝယ်စား၊ ဒီဟာဝယ်စားမိတာလည်း ရှိသေးတာကိုး"

ကိုဘသိန်းစကားကြောင့် မခင်သစ် နှာခေါင်းလေး မသိမသာ ရှုံ့မိသွားသည်။ အာသာမပြေလို့


သွားရည်စာတင် ဝယ်စားတာ တော်သေးတာပေါ့ဗျာဟု စိတ်ထဲမှ ရေရွတ်မိသည်။
ဘယ်လိုသွားရေစာတွေများ လက်လီဝယ်စားနေပါလိမ့်ဟု မတွေးချင်ဘဲ တွေးမိသည်။ ဘာမှ
မတွေးချင်။ ဘာမှ မပြောချင်။ သို့သော် မိန်းမဆိုတော့လည်း မနေနိုင်။ သားသမီးတွေလည်း
အနီးအနားမှာမရှိသောကြောင့် ပြောဖြစ်သည် ထင်ပါသည်။ ကိုလတ် ခေါင်းဆောင်ပြီး
အိမ်ရှေ့မြေကြီးမှာ ဆော့နေကြသည်။

"ကျွန်တော်ကြားထားသလို မေးရရင်တော့ ခင်ဗျားဖြေချင်မှ ဖြေမှာပါ။ ဒါကြောင့် မမေးတော့ပါဘူး။


ဆယ့်နှစ်ယောက်မျက်နှာတော့ ထောက်ပါ ဟုတ်လား။ ကျွန်တော့်မျက်နှာကို မထောက်ထားချင်

typing & pdf - lucky82 126


mmcybermedia. com

နေပါ။ ရပါတယ်။ ဒါပေမယ့် ကျွန်တော် တစ်ခုလပ် ဖြစ်သွားမှာထက် ကျွန်တော့်သားသမီး


တစ်ပြုံကြီး အဖေမရှိတာတော့ မဖြစ်စေရဘူးဗျာ"

နင့်လာသော တံတွေးကို မခင်သစ် မြိုချလိုက်သည်။ မခင်သစ် စကားကြောင့် ကိုဘသိန်း


အလန့်တကြား ဖြစ်သွားရှာသည်။ ဒီမိန်းမတော့ ဘာတွေပြောပါလိမ့်ဟု စဉ်းစားရင်း အိမ်ထက

အိမ်ပြင်မထွက်တတ်သော သူမို့ စိုးရိမ်စိတ်လျော့သွားသည်။

"ညည်းဘာတွေ ပြောနေတာတုန်း မခင်သစ်ရဲ့။ ကျုပ်က ဘယ်သူ့မျက်နှာတွေများ


မထောက်ထားဘဲ နေလို့လဲ"

"ဒါတော့ ခင်ဗျား အသိဆုံးပါဗျာ။ ကျွန်တော် ဘာမှမပြောချင်ဘူး။ စိတ်တူသဘောတူ


တည်ထောင်ထားတဲ့ အိမ်ထောင်ကြီးဗျ... ခင်ဗျားကြောင့် အပျက်မခံနိုင်ဘူး"

မခင်သစ် မျက်နှာ တင်းနေသည်။ သံန္နိဋ္ဌာန်ချထားပါသည်။

"ဘယ်သူက ပျက်အောက်ဖျက်နေလို့လည်း မခင်သစ်ရဲ့။ ခင်ဗျားလည်း တောပြောတောင်ပြော


ပြောတတ်နေပြီထင်တယ် ဟုတ်လား... ဟား... ဟား... ဟား... ဟား"

ကိုဘသိန်း ရယ်ပစ်လိုက်သည်။ စိတ်ထဲမှာတော့ မရှင်း။ ဒီမိန်းမ ဘာကို သံသယဝင်နေတာလဲဟု


စဉ်းစားနေသည်။ ဆက်စပ်ကြည့်နေသည်။

"အေးလေ... ဘာပဲဖြစ်ဖြစ် ကျွန်တော်ဆုံးဖြတ်ပြီးသားပါ။ သိအောင်ပြောထားတာ ကိုဘသိန်းရဲ့။


ကျွန်တော့်သားသမီးတွေကိုတော့ အဖေမရှိအောင် မလုပ်ဖူးလို့ ပြောပြီကော။ ခင်ဗျားဖာသာ
တစ်ကိုယ်ကောင်းဆန်ချင်လည်း ဆန်လေ။ ကျွန်တော်ကတော့ ကျွန်တော်မွေးထားတဲ့
သားသမီးတွေ မျက်နှာထောက်ရမယ် မလျှော့ဘူးဗျ..."

မခင်သစ် ပြတ်ပြတ်သားသား ပြောလိုက်သည်။ ကိုဘသိန်း ကြက်သီးထသွားမိသည်။ မခင်သစ်


သိသည်။ ဘယ်လိုသိပါလိမ့်ဟု စဉ်းစားရင်း မျက်မှောင်ကုပ်မိသည်။ လုံလှပြီဟု ထင်ခ့သ
ဲ ည်။
ဘယ်တုန်းကတည်းက ပေါ်နေမှန်းမသိ။ ပေါ်မိမှ မထူးဘူးဟု ရှေ့တိုးလျှင် လွယ်မည်မထင်။
တစ်ကယ်တန်း ရှေ့တိုးဖို့ မလွယ်မှန်းလည်း ကိုဘသိန်း သိသည်။

"ကိုယ်လည်း ပြန်ပြောင်းနိုင်အောင် ကြိုးစားနေပါတယ် မခင်သစ်ရဲ့၊ နောက်တစ်နှစ်လောက်ဆို


ပြောင်းလို့ရတော့မှာပါ"

မိမိစကားကြောင့် မခင်သစ် ဝမ်းသာလေမလားဟု သူမမျက်နှာကို ကြည့်မိသည်။ တည်ငြိမ်လျှက်


ရှိသည်။

"ဘာလဲ ညည်းဝမ်းမသာဘူးလား..."

"ကျွန်တော့်နေရာမှာ ခင်ဗျား ခဏလောက်နေကြည့်ပါလား"

typing & pdf - lucky82 127


mmcybermedia. com

အေးစက်သော မခင်သစ်လေသံကြောင့် ကိုဘသိန်း စိတ်တိုသွားသည်။ အချိန်အခါနှင့်


အခြေအနေကို နားမလည်သော မိန်းမဟု စိတ်ထဲမှ အပြစ်တင်လိုက်သည်။ သူတို့သိချင်တာကျ
အလွန်သိသည်။ မိမိတစ်ယောက်ထဲနေရတာ ဘယ်လောက်ငြီးငွေ့ခြောက်သွေ့လဲ မသိနိုင်ကြ။

"အစ်ကိုသိန်းလည်း အိမ်လမ
ွ်းနေပြီလား။ စားလေ ဘာစားချင်လဲ စောကို အားမနာနဲ့။ စားချင်တာ
ချက်ကျွေးမယ်"

"အစ်ကိုသိန်း အဝတ်တွေ ကိုယ့်ဖာသာ လျှော်မနေနဲ့။ စောဆီယူလာ"

"မီးပူပါ တစ်ခါတည်း တိုက်ထားလိုက်တယ် အစ်ကိုရေ... ရော့ ယူသွားတော့"

"အစ်ကို့မိန်းမလည်း တစ်ခါမှ လိုက်မလာဘူးနော်။ အစ်ကိုကတော့ ဒီမှာ တစ်ယောက်ထဲ


အနေဆင်းရဲ၊ စားရတော့ စောတို့ဆီမှာ"

အပြောလေးများ။

"ကိုယ်ချင်းစာတယ် အစ်ကိုရေ... တစ်ယောက်ထဲ အထီးကျန်ရတာ ဘယ်လောက်


ခံစားရတယ်ဆိုတာ စောသိတယ်နော်"

"ရော့. .. ဟောဒါ အစ်ကို့အတွက် စောချန်ထားတာ ကောက်ညှင်းခွက်ကြော်နဲ့


ထညက်(ထန်းလျှက်)ရည် တို့စား အစ်ကို..."

ဟိုနေ့က လူကြုံရှိလို့ ဆေးပေါ့လိပ်မှာလိုက်တာ အစ်ကိုသောက်နေကျ တံဆိပ် ကျားပျံမကောက်ပဲ

"အစ်ကို နေမကောင်းဘူးလား။ မျက်နှာလည်း မကောင်းဘူး။ ဇက်ကြောတက်ရင်


စောနှိပ်ပေးမယ်နော် ပြောပါ အစ်ကိုရဲ့။ စောများ အားနာစရာမဟုတ်ပါဘူး"

အကြင်နာ အယုအယလေးများ။

"အစ်ကိုရေ ဈေးဘက်ကြုံရင် စောလိုက်ခဲ့မယ်။ ဝယ်စရာလေး ရှိလို့"

"စက်ဘီးက ကယ်ရီယာမပါတော့လည်း ရှေ့က ထိုင်ရုံရှိတော့တာပေါ့ အစ်ကိုရယ် ဘာဖြစ်လဲ။


အစ်ကို စောတို့အိမ်မှာ ထမင်းလစာပေးစားနေတာ လူတိုင်းသိပါတယ်"

"ဒီဆန်းဒေး အားရင် ရုပ်ရှင်ကြည့်ရအောင် အစ်ကို။ ညွန့်ဝင်းကား သိပ်ကောင်းတာပဲ"

"ရော့. .. အစ်ကို နေကြာစေ့ အိမ်ကို သတိရနေလား မေ့ထားလိုက်စမ်းပါ အစ်ကိုရာ။ ရောက်ရာ


အရပ်မှာ ပျော်အောင်နေပါ။ စောတောင် ပျော်အောင်နေတတ်သေးတာ အစ်ကိုက ယောက်ျားပဲ
ဟင်း... ဟင်း..."

typing & pdf - lucky82 128


mmcybermedia. com

ပေးတတ်သော အခွင့်အရေးလေးများ မိမိလည်း ယူခဲ့ပါသည်။ ယောက်ျား တစ်ခါသေ၊ ယောက်ျား


တစ်ခါကွထ
ဲားသော အိမ်ရှင်သမီးရှိသည့် အိမ်မှာ မိမိ ထမင်းလစာပေး စားဖြစ်ခဲ့သည်။

"အစ်ကို့ရုံးက မပြောင်းဘဲနေလို့ရရင် ဒီမှာပဲ နေတော့ပေါ့။ အစ်ကိုရယ် ပြောင်းမနေနဲ့တော့လေ"

"အစ်ကို့အိမ်ကို ဒီလိုပဲ လစာပို့ပေးနေပေါ့ကွယ်။ ဖြစ်တာပဲ မဟုတ်လား..."

နည်းပေးလမ်းပြတိုက်တန
ွ်းမှုတွေက ကိုဘသိန်းကို တွေဝေစေပသည်။ ထာဝရမဟုတ်သော်လည်း
တစ်ခါတစ်ရံ အားလုံးကို မေ့ပျောက်ရင်း စိတ်ပေါ့ပါးပျော်ရွှင်သလိုတော့ ဖြစ်ပါသည်။

လစာလျှော့ပို့ဖြစ်တာ စာရှည်ရှည် မရေးဖြစ်တာလေးတွေ ရှိလာသည်။ ကိုဦးလစာရှိသည်။


အိမ်ထောင်သက် ဒီလောက်ရမှတော့ စာရှည်ရှည်ရေးစရာ သိပ်မလိုတော့ပါဘူးဟု
အလျော့တက
ွ်နှင့် ကိုယ့်ကိုအားပေးသည်။

"စောတို့ဆီမှာ အလုပ်မပြောင်းတော့ဘဲ တစ်သက်လုံး နေတော့ အစ်ကိုရာ"

ဟု ပြောလာသည်။ ကိုဘသိန်းကို အိပ်မက်မှ လန့်နိုးစေသည့် စကားများဖြစ်သည်။ တစ်သက်လုံး


ဆိုတော့ ကိုဘသိန်း စဉ်းစားရသည်။ လစာကို ခွဲထောက်ရင်းနေလို့ရသည်။ စောသည် နုပျို၍
ပြည့်တင်းသည်။ ထူးထူးခြားခြားလှသည်တော့ မဟုတ်။

"ဒီတစ်ခါ ခွင့်ပြန်ရင် စဉ်းစားခဲ့နော်"

တိုက်တန
ွ်းသော စကားကို စောပြောခဲ့သည်။ ပြောင်းဖို့စကားကို ကိုဘသိန်းပြောတော့ မခင်သစ်
ဝမ်းသာပုံမပြ။ အခွင့်အရေးပေးတာတောင် မယူချင်တဲ့ မိန်းမဟု စိတ်ထဲမှ အပြစ်တင်လိုက်မိသည်။

"မပြောင်းဘဲ နေချင်လည်း ရတယ် မခင်သစ်ရဲ့"

ဟု ပြောကြည့်သည်။ တုန့်ပြန်မှုကို စောင့်နေသည်။

"ဒါတော့ ခင်ဗျားသဘောပဲ။ အချိန်တန်လို့ အိမ်ပြန်လာနိုင်ရက်နဲ့မှ မပြန်လာချင်ရင်


ဘာကြောင့်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးနေမှာပေါ့။ ခင်ဗျားမှာ မိန်းမတစ်ယောက်နဲ့ ကလေး
တစ်ဆယ့်နှစ်ယောက်ရှိတယ်ဆိုတာလေးတော့ ရောက်တဲ့အရပ်မှာ ကြေငြာသင့်ပါတယ်"

မခင်သစ် ထိုင်ရာမှ ထသည်။

"မိန်းမတစ်ယောက်နဲ့ ကလေးတစ်ဆယ့်နှစ်ယောက်ရှိတယ်လို့ ရိုးရိုးသားသားပဲ ပြောပြ။


ရက်စက်တတ်တဲ့ မိန်းမတောင် ကိုယ်ချင်းစာမှာပါ။ နောက်ပြီး ထပ်ဖြည့်ပြောပါဦး။ ခင်သစ်ဆိုတဲ့
မိန်းမဟာ ခြေကျိုးဒုက္ခိတပါလို့၊ သနားခံချင်လို့ ပြောတာမဟုတ်ပါဘူး ကိုဘသိန်းရဲ့၊ အရှိကို
အရှိအတိုင်း သိဖို့လိုတယ်ထင်လို့ပါ"

typing & pdf - lucky82 129


mmcybermedia. com

ဟု ဆက်ပြောပြီး အိပ်ခန်းထဲဝင်ခ့သ
ဲ ည်။ နှောင်းလေး အိပ်နေသည်။ ဒီမျှပြောရရုံနှင့် ရင်ထမ
ှဲာ
ရှင်းမသွား။ သို့သော် လုံးဝမပြောရတာနှင့်စာလျှင် အနည်းငယ်တော့ ပေါ့သွားသည်။ ခြေထော့နင်း
ဝင်သွားသော မခင်သစ်ကို ကိုဘသိန်း ငေးကြည့်နေသည်။

"ကလေး ဆယ့်နှစ်ယောက်နဲ့ ဒုက္ခိတ ခြေကျိုးမိန်းမ..."

ဟူသော စကားသံများ နားထဲမှာ ပဲ့တင်ထပ်နေသည်။ မိမိပြောမပြမိတာတော့ သေချာသည်။


မိန်းမနှင့် ကလေးတွေရှိသည်။ ဒီမျှပဲ ပြောပြဖြစ်သည်။ သနားကရုဏာနှင့် မိမိလက်ထပ်ယူခဲ့သည်။
သူမပိုင်ဆိုင်သော ပစ္စည်းဥစ္စာတွေ မတည်မြဲခဲ့။ ရန်သူမျိုးဘေးကြုံသလို မိမိလည်း ဖြုန်းခဲ့သည်။
တစ်ခွန်းမှ အပြစ်မတင်။ နောက်ဆုံး အလုပ်မလုပ်မဖြစ် မိမိဝင်လုပ်ရင်း သည်လစာနှင့် ချို့ငဲ့စွာ
နေခဲ့ကြသည်။ သားသမီး များလှသောကြောင့် ပိုလျှံသည်မရှိ။ မခင်သစ်သည် ဒုက္ခဟူသမျှ
ရင်စည်းခံရှာသူ ဖြစ်သည်။ သူဌေးသမီးပါဟု ဘုရားစူးကျိန်ပြောတော့ ယုံမည့်သူ မရှိနိုင်။

"ကိုဦး လစာရပေမယ့် ခင်ဗျားက ရော့(လျော့)ပို့တော့ ဘာမှ မထူးဘူး ကြပ်မြဲကြပ်တာပဲ"

ဟု ပြောသောစကားနှင့် အပူအပင်မရှိ ပြည့်စုံစွာနေခဲ့သော မခင်သစ်ဘဝကို သတိရမိသည်။


သက်ပြင်းလုံးကြီးကို ကိုဘသိန်း ချပစ်လိုက်သည်။ သူမဘဝကို ချမ်းသာပြည့်စုံအောင်
စွမ်းဆောင်မပေးနိုင်သည့်အပြင် နှိပ်စက်သလိုဖြစ်နေပေသည်။ မခင်သစ်သည် အာခံနိုင်စမ
ွ်း၊
မာနထားနိုင်စမ
ွ်း မရှိသော မိန်းမမျိုးဖြစ်သည်။ မိဘ ဆွေမျိုးသားချင်း မရှိ။ ပစ္စည်းဥစ္စာ မရှိ၊
ပညာမရှိသော တစ်ကောင်ကြွက်ဖြစ်သည်။ သားတွေကြီးလျှင်တော့ သားမာန်တက်ချင်တက်မည်။
ယခုတော့ ဘုစုခရုတွေအတွက် မာနကို ခဝါချထားသော မိန်းမသားသာ ဖြစ်လေသည်။

ကိုဘသိန်း သံန္နိဋ္ဌာန်ချလိုက်သည်။ အပြောင်းအရွှေ့လျှောက်လွှာတွေ ခေါ်တော့မည်။ ခွင့်ပြုလျှင်


မိမိလည်း ပြန်ပြောင်းဖို့ တင်မည်။ ဘူမိနက်သန်နေရာမှန်သည် ပြင်ဦးလွင်သာ ဖြစ်သည်။
စိတ်အလိုလိုက်ခ့မ
ဲိခြင်းအတွက် ရှက်သွားသည်။ မိမိတစ်ကိုယ်ကောင်းဆန်သွားသည်။ ကျပ်တည်း
ချို့ငဲ့စွာ ရုန်းကန်နေရရှာသော မခင်သစ်နှင့် သားသမီးများကို တဒင်္ဂမေ့ထားမိသည်။
မခင်သစ်အတွက် မိမိသည် တစ်ဦးတည်းသော အားကိုးအားထားရာဖြစ်ကြောင်း မိမိသိပါသည်။
သို့ပါလျှက် လျစ်လျူရှုသည့်နှယ် ဖြစ်သွားရသည်။ ကိုဘသိန်း ကြေကွဲသွားသည်။
စာနာထောက်ထားမှု ကရုဏာတရားတို့ ရင်ထဲမှာ ပြန်လည်နိုးထလာသည်။

"ကျွန်တော့်သားသမီး ဆယ့်နှစ်ယောက်ကို အဖေမရှိဘူးဆိုတာ မဖြစ်စေရဘူး..."

ဟု ပြောခဲ့သော မခင်သစ်စကားကို သဘောကျသည်။ မိမိသားသမီးတွေကို အဖေရှိလျှက်နှင့်


အဖေမရှိသော ဘဝ မဖြစ်စေရဟု ကိုဘသိန်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့်. ..

typing & pdf - lucky82 130


mmcybermedia. com

ခုတင်ပေါ်ထိုင်လျှက်နှင့် နှောင်းလေးကို မခင်သစ် နို့တိုက်နေသည်။ ကိုဘသိန်း တံခါးဝမှာ


ရပ်လိုက်သည်။

"ခွင့်ပြန်ရောက်တာနဲ့ အပြောင်းအရွှေ့ လျှောက်လွှာတင်လိုက်မယ် မခင်သစ်. .."

ခပ်ပြုံးပြုံးကြည့်နေသော ကိုဘသိန်းကို မခင်သစ် မော့မကြည့်။

"ဒါတော့. .. ခင်ဗျားသဘောပဲ"

ဟု ခပ်အေးအေး ပြန်ပြောသည်။ မခင်သစ် တည်ငြိမ်နေသည်။ မိမိပယောဂကြောင့်


ဆုံးဖြတ်ရတာမျိုး မဖြစ်စေချင်။ နောင်တစ်ချိန် အပြစ်တင်မခံချင်။ ကိုယ့်အသိစိတ်ဓာတ်နှင့်
ကိုယ်သာ အကောင်းဆုံးဟု မခင်သစ် ယူဆသည်။ အမှားအမှန်ကို မခွဲခြားတတ်သည့်
အရွယ်မဟုတ်။ အိမ်ထောင်ကြီးတစ်ခု၏ ဦးစီးခေါင်းဆောင် သားသမီးများ၏ ဖခင်။

"အေးလေ... ကိုယ့်သဘောမို့ ပြောတာပါပဲ။ လျှောက်လွှာတင်လိုက်ရင် နှစ်ပြည့်ပြီဆိုတော့ ဒီကိုပဲ


ပြန်ပြောင်းရမှာပါ"

"ဟေး... အဖေ ပြန်ပြောင်းရတော့မှာလား"

ရေသောက်ဖို့ အိမ်ပေါ်တက်လာသော ကိုခိုင်သည် ကိုဘသိန်း စကားကို နားစွန်နားဖျား


ကြားသည်နှင့် အော်လိုက်သည်။ အော်လိုက်ရင်းမှ ကိုဘသိန်းခါးကို ဖက်ထားလျှက်...

"အဖေမပြန်ရတော့ဘူးပေါ့နော်. .."

ဟု ဆက်မေးလိုက်ရှာသည်။ ကိုဘသိန်းက ခေါင်းငုံ့ရင်း...

"ပြန်ရဦးမှာ ကိုခိုင်ရ... ဟိုရောက်ရင် ဒီကို ပြန်ပြောင်းဖို့ လျှောက်လွှာတင်ရမယ်။ နောက် ၄-၅


လဆို အဖေပြန်ရောက်တော့မှာပါကွ"

"ဟုတ်လား... ဟေး... အဖေပြန်လာမှာ..."

ကိုခိုင့်အော်သံကြောင့် တဗြုန်းဗြုန်းနှင့် အိမ်ပေါ်တက်လာကြသည်။ မခင်သစ် တံခါးဝတွင်


စုပြုံတိုးခွေ့ကြည့်ကြသည်။

"ဘာဖြစ်တာလဲ..."

ဟု ကိုအောင် မေးသည်။

"ဘာမှ မဖြစ်ပါဘူးကွာ... အဖေဒီကို ပြန်ပြောင်းဖို့ လျှောက်လွှာတင်မယ်လို့ ပြောနေတာပါ"

"ဟုတ်လား အဖေ..."

typing & pdf - lucky82 131


mmcybermedia. com

ကိုလတ်က ကိုဘသိန်း မျက်နှာကို ကြည့်ရင်း ပြန်မေးသည်။

"အေး..."

ကိုလတ် ဝမ်းသာသွားသည်။ အဖေပြန်ပြောင်းလာရတော့မည်။ အမေ့မျက်နှာကို လှမ်းကြည့်သည်။


အမေ၊ ကိုလတ်နှင့် ကိုလတ်နောက်မှာ ရပ်နေသော ကိုဦးတို့ မျက်လုံးချင်း ဆုံမိကြသည်။
ကျန်အငယ်တွေက ကြားထဲမှ တိုးနေကြသည်။ တိုးခွေ့နေသော သားတွေကြားမှာ အဖေသည်
ယိမ်းယိမ်းယိုင်ယိုင် ဖြစ်နေသည်။ "ဟ... ကောင်တွေရ..." ဟု ခွန်းဆင့် အော်နေသည်။

ကိုဦးနှင့် ကိုလတ်လည်း အငယ်တွေကြား ဇွတ်တိုးရင်း အမေ့ခုတင်နား ရောက်လာကြသည်။


ဝဲလာသော မျက်ရည်နှင့် သားကြီးနှစ်ယောက်ကို အမေ မော်ကြည့်သည်။

သည်သားတွေ ကြီးလာရင်... အမေအားကိုးနိုင်တော့မှာပါဟု မခင်သစ် တွေးနေသည်။ အခုတော့


မိန်းမတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ မာနတောင် လျှော့ထားပါသည်။

နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး ပေါက်စပြုနေသည့် ကိုအောင်၊ လူပျိုပေါက်စဖြစ်လာသည့်


အမွှာညီအစ်ကို အရပ်ထက
ွ်လာသော ကိုခိုင်။ အမေ့အတွက် အဖော်ရစပြုလာသည့် ခွန်လေး။
မသိနားမလည်သေးသော၊ အပူအပင် လုံးဝမရှိသေးသော ကိုအေး၊ ကိုထွေး၊ ကိုပိုနှင့် ကိုညို၊
ချွေးသံတရွှဲရွှဲဆော့ကစားရာမှ တက်လာကြသော သနပ်ခါး ချွေးစီးကြောင်းနှင့် အမေ့သားများ။

သား ဆယ်ယောက်နှင့် သမီးတစ်ယောက် သူမ၏ ခုတင်ပေါ်မှာ ခုတင်အနီးမှာ ဝိုင်းအုံရင်း


ပျော်နေသည်။ တစ်ဆယ့်နှစ်ယောက်မြောက် သမီးသည် သူမ၏ ရင်ခွင်ထဲမှာ ပိုင်ပိုင်နိုင်နိုင်
ရှိနေသည်။

ကိုဘသိန်းသည် တံခါးဝတွင် တစ်ယောက်ထဲ ရပ်နေရာမှ တရွေ့ရွေ့ လှမ်းရင်း သားတွေ


အနောက်ဘက်သို့ ရောက်လာသည်။

typing & pdf - lucky82 132

You might also like