You are on page 1of 29

[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.

sc)

သို့

ဆရာဦးဆန်းလွင်ခင်ဗျား…

ဆရာ၏ `“ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူတစ်ယောက်အကြောင်း`“ စာအုပ် ပထမ၊ ဒုတိယ၊


တတိယတွဲများကို လေ့လာဖတ်ရှုပြီးသည့်နောက် ဤစာကို ရေးသားရခြင်းဖြစ်ပါသည်။

ကျွန်တော်သည် သစ္စာတရားကို ရှာဖွေနေသူ (Seeker After Truth) တစ်ဦးအဖြစ် မိမိကိုယ်ကို သတ်မှတ်ကာ ရှာ
ဖွေစူးစမ်း၊ လေ့လာနေသူ တစ်ဦးဖြစ်ပြီး အယူဝါဒတစ်ခုအား လေ့လာရာတွင် (Open Mind) ဖွင့်ထားသော စိတ်နှ
လုံး ရှိအပ်သည်ဟူသော ဆရာ၏ခံယူချက်ကို အပြည့်အ၀ ယုံကြည်လက်ခံထားသူတစ်ဦး ဖြစ်ပါသည်။

ယင်းသို့ သစ္စာတရားကိုရှာမှီးရာတွင် ကမ္ဘာပေါ်၌ပွင့်ပေါ်ခဲ့သော သာသနာအသီးသီးတို့၏ ဆုံးမသြ၀ါဒများ၊ ကျင့်စဉ်


ကျင့်ရပ်များအပြင် ခေတ်အဆက်ဆက်၌ ပေါ်ထွန်းခဲ့သော တွေးခေါ်ပညာရှင်တို့၏ ဒဿန၊ အဘိဓမ္မာတို့ အားလည်း
လေ့လာလိုက်စား၊ နှိုင်းယှဉ်သုံးသပ် (Comparative Study) လုပ်အပ်ကြောင်းကိုလည်း အကြွင်းမဲ့လက်ခံပါသည်။

ဤလောက၌ပေါ်ပေါက်ခဲ့သည့် လောကီ၊ လောကုတ္တရာအယူအဆများအား လေ့လာရာတွင် ယင်းအယူအဆတို့၏


တရားကိုယ်သဘောတို့ကို စောကျောမှုမပြုမီ မိမိ၏အတ္တနောမတိစိတ်ဖြင့် တင်ကြိုကာ ဆုံးဖြတ်သုံးသပ်ချက် (Pre-
Conceived Idea) များထားရှိခြင်းသည် အမှန်တရားရှာဖွေရေး၌့ အကြီးမားဆုံး အဟန့်အတားဖြစ်သည်ဟုလည်း
တစ်ချိန်တည်းမှာ ခံယူမိပါသည်။

ပမာဆောင်ရသော် တရားသူကြီးတစ်ဦးသည် တရားခံတစ်ဦးအား တရားမစစ်ဆေးမီ၊ သက်သေ အထောက်အထား


များအား စူးစမ်းလေ့လာမှုမပြုရသေးမီ အဂတိလေးပါးလိုက်စားကာ သိစိတ်၌ဖြစ်စေ၊ မသိစိတ်၌ဖြစ်စေ တင်ကြို၍
ဆုံးဖြတ်ချက် မှားချပြီးကာမှ အမှုနှင့်စပ်လျဉ်းသည့် သက်သေအထောက်အထားများကို စစ်ဆေးပါက မိမိတင်ကြို
ဆုံးဖြတ်ထားသည့် အချက်အလက်များကို အတည်ပြုထောက်ခံသည့် အဖြေရ လာဒ်များသာ ထွက်ပေါ်လာပေမည်။

ဆရာသိရှိပြီးသည်အ
့ တိုင်း အဂတိ (၄) ပါးဖြစ်သည့် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟတိန
ှု့င့် ယှဉ်၍ ချစ်၍ ဖြစ်စေ၊ မုန်း
၍ဖြစ်စေ၊ မိမိအလိုနှင့် မကိုက်၍၊ မကြိုက်၍ ဒေါသနှင့်ယှဉ်၍ဖြစ်စေ၊ ပတ်ဝန်းကျင် ဂယက်ရိုက်ခတ်မှုကြောင့် ဖြစ်စေ၊
မိမိအသက်၊ အိုးအိမ်၊ စည်းစိမ်၊ ရာထူးဌာနန္တများ ထိပါးပျက်စီးမည်ကို စိုးရိမ်ကြောင့်ကြ၍ ဖြစ်စေ၊ မောဟတည်း ဟူ
သော အ၀ိဇ္ဇာဖုံးလွှမ်းမှု (မိမိမသိသည့် အကြောင်းအရာအား အပေါ်ယံစူးစမ်းမှုပြုထားရုံမျှဖြင့် လုံးဝဥဿုံ၊ အကြွင်းမဲ့
သိပြီးပြီဟု လွဲမှားစွာယူဆခြင်း) ကြောင့်ဖြစ်စေ၊ အရှိတရားအား တိသလ္လာဖုံးသော ဥပဒါန်များနှင့် အတိပြီးနေသော
မျက်မှန်စိမ်းကြီးတပ်ကာ ဆုံးဖြတ်ခဲ့လျှင် အမှန်တရားနှင့် တက်တက်စင်အောင် လွဲမှားနိုင်သည်ဟု ကျွန်တော် မမှိတ်
မသုန်ယုံကြည်ပါသည်။

လောကုတ္တရာတရားတို့အား စောကြောရာတွင် ပရိယတ်စာပေတို့မှ တစ်ဆင့်သိရှိရသည့် သုတမယဥာဏ်နှင့် ဆင်


ခြင်ရသလို၊ ပဋိပတ်ကျင့်စဉ်တို့နှင့် ကျင့်ကြံအားထုတ်ပြီး စိန္ဒာမယဥာဏ်နင
ှ့်ယှဉ်၍ ဆင်ခြင်ပြီးနောက် သစ္စာတရား
ကို ကိယ
ုတွေ့မျက်မှောက်ကြုံဆုံထိတွေ့ခံစားရာမှ ပွင့်ပေါ်ထွန်းတောက်လာသည့် ပရိဝေဒဥာဏ် (တစ်နည်း) ဘာဝ

http://islaminmyanmar.blogspot.com 1
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

နမယဥာဏ်ဖြင့်လည်း ဆင်ခြင်ကာမှ အမှန်ကိုအမှန်အတိုင်း အရှိကိုအရှိတိုင်း ယထာဘူကကျကျ ထိုးထွင်းသိမြင်


နိုင်ပေမည်။

လူသားတို့၏ ဆင်ခြင်တုံတရား (Reason Rational Knowledge) တို့မှ အာရုံသိများ၊ တစ်ဆင့်ခံအသိများမှ မြစ်ဖျား


ခံလာ၍ ကန့်သတ်ဘောင်ခတ်မှု (Limitation) များရှိပေရာ ပရမတ္တသစ္စာတရားကို ရှာမှီးရန်အတွက် ‘လိုအပ်သော်
လည်း မလုံလောက်ပါ’ အဇ္ဈတ္တခန္ဓာတွင်း၌ နာမ်မှာဥာဏ်ကပ်ပြီး အာရုံများကို ကျော်လွှားလွန်မြောက် ပရမတ် ထိုး
ထွင်းသိဥာဏ် (Insight Wisdom< Supra-Rational Knowledge) တိုက်ရိုက်ပညာသိနှင့် ယှဉ်ကြည့်မှ အမှန်
တရားကို ပုံမှန်အနေအထားအတိုင်း သိမြင်ပေါက်မြောက်နိုင်ပေမည်။

ထို့ပြင် လူသားတို့၏ ပရိယတ်စာပေကျမ်းဂမ်တို့ကို ဖွဲ့နွဲ့သီကုံးထားသော လူ့ဝေါဟာရစကားလုံးများသည် ပေါကြွယ်


လှပါသည်ဟု မည်သို့ပင်ဆိုစေကာမူ၊ အနန္တပရမတ္တသစ္စာတရား (Absolute Truth Ulitimate Reality) အား ဖွင့်ဆို
နိုင်ရန်အတွက် ပြည့်စုံကုံလုံခြင်းမရှိနိုင်ကြပေ။ သစ္စာတရားနှင့် ရင်ဆိုင်ရသည့်အခါ ပေါကြွယ်လှပါသည် ဆိုသော
လူ့စကားလုံးတို့သည် ဆင်းရဲကုန်ကာ လက်မှိုင်ကျရကြသည်။ မည်သို့မျှပြီးပြည့်စုံအောင် ဖွင့်ဆိုနိုင်ခြင်း မရှိပေ။

သစ္စာတရားကို ကိုယ်တွေ့ကြုံဆုံ၍ လွတ်မြောက်အောင်မြင်တော်မူကြသော မဟာလူသား (Perfect Man) အဆူ


ဆူတို့သည် ၄င်းတို့ထိုးထွင်းသိမြင်ထားသည့် သစ္စာတရားအား လူသားတို့နားလည်စိမ့်သောငှာ ခေတ်ကာလ သမယ
နှင့် နှိုင်းချင့်ကာ တပည့်သာဝကတို့၏ ဥာဏ်ရည်အနုအရင့်ပေါ်မူတည်ပြီး တရားပိရိယာယ်တို့ တန်ဆာဆင်၍ ပုံပမာ
ခိုင်းနှိုင်းမှုအမျိုးမျိုးနှင့် သင်္ကေတဆောင်ကာ ဟောပြောပို့ချခဲ့ရပေသည်။ ဤသို့တန်ဆာဆင်ယင်ထားသော ပရိယတ်
စာပေမှ တရားကိုယ်သဘောနှင့် နက်ရှိုင်းစွာငုပ်လျှိုးပြီး ဥာဏစက္ခုတည်းဟူသော ဥာဏ်မျက်စိနှင့်ယှဉ်ကာ ပရမတ်
သဘောမစောကြောဘဲ ပညတ်သဘောမျှဖြစ်သော အပေါ်ယံစကားလုံးဝေါဟာရတို့အပေါ်၌သာ လိုက်နေပါက
သစ္စာဆိုက်နိုင်မည်မဟုတ်ပေ။ ဥပမာပေါ်၌ သောင်တင်နေပါက လိုရာပန်းတိုင်း ဥာဏ်စခန်းတိုင်အောင် ပေါက်
မြောက်နိုင်မည်မဟုတ်ပေ။

သို့အတွက်ကြောင့် ကမ္ဘာပေါ်၌ ပေါ်ထွန်းခဲ့သည့် အယူအဆများအားလုံးကို ပရိယတ်စာပေကျမ်းဂန်အချို့ ဖတ်ရှုရုံ


မျှဖြင့် မှန်သည်မှားသည်ဟု အယုတ်အလတ်အမြတ် ခွဲခြားသတ်မှတ်ကာ ဆုံးဖြတ်ချက် (Judgement) ချမှတ်နိုင်
လောက်အောင် နားလည်သဘောပေါက်သွားပြီဟုသော ကြွေးကြော်မှုကို အလေးအနက်ဆင်ခြင်ပြီးမှ ကျူးရင့်သင့်
ပါသည်။ ငါအားလုံးလုံးသိပြီဟူသော ပုထုဇဉ်လူသားတစ်ဦး၏ ကြွေးကြော်မှုမှာ သူဘာကိုမျှမသိကြောင်း ပြသခြင်း
ဖြစ်သည်ဟု ပညာရှင်တစ်ဦးက မိန့်ဆိုခဲ့ဖူးပါသည်။ ငါသိတာ တစ်ခုတည်း ရှိတယ်၊ အဲဒါက ငါဘာမှ မသိသေးဘူး
ဆိုတာပဲဟူသည့် ဂရိတွေးခေါ်ပညာရှင်ကြီး၏ အယူအဆဟာ သူ့ကို ပညာရှိပီသစေသည့် ၀ိသေသ လက္ခဏာ တစ်
ခုဖြစ်ပါသည်။

ယခု ကျွန်တော်အနေနဲ့ အစ္စလာမ့်တရားတော်နှင့် ပတ်သက်၍ အနည်းငယ်ပြောပြလိုပါသည်။ အစ္စလာမ့် တရား


သည် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၊ ခေတ်တစ်ခေတ်၊ လူ့အဖွဲ့အစည်းတစ်ရပ်အတွက်သာလျှင် ၀ကွက်ပြီး ပေါ်
ပေါက်လာခဲ့သည့် သာသနာမဟုတ်ပေ။ ကျမ်းမြတ်ကုရ်အာန် အာယတ်တော်များနှင့် ခိုင်လုံသော ဟဒီးဆ် (တမန်
တော်မြတ်၏သြ၀ါဒတော်)တို့အရ အစ္စလာမ်ဟူသည်မှာ ကမ္ဘာဦးအစမှ ကမ္ဘာပျက်ပြုန်းနောက်ဆုံးနေ့ တိုင်အောင်
စကြ၀ဠာအနန္တ၊ ကမအနန္တတို့မှ သဗ္ဗေသတ္တ ဝေနေယျအပေါင်းအားလုံးအတွက် အချိန်ကာလနှင့် နေရာဒေသ

http://islaminmyanmar.blogspot.com 2
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

(Time & Space) တို့၏ ကန့်သတ်ဘောင်ခတ်မှုကို ကျော်လွှားကာ ခေတ်တိုင်း၊ အချိန်တိုင်းအတွက် မပျောက် မ


ပျက်သည့် ပြောင်းလဲမှုကင်းသည့် နှစ်ဘ၀၏အငြိမ်းဓာတ်ကို ဖော်ဆောင်ပေးနိုင်သည့် လောကီ၊ လောကုတ္တရာ နှစ်
ဘ၀၊ နှစ်ဌာနအတွက် ပြီးပြည့်စုံသည့် လမ်းညွှန်ချက်များနှင့် အတိပြီးနေသည့် အနန္တပရမတ္တ သစ္စဓမ္မဖြစ်ပါသည်။

သို့အတွက်ကြောင့် ခေတ်အဆက်ဆက်၊ နေရာဒေသအသီးသီး၊ လူ့အဖွဲ့အစည်းအမျိုးမျိုး၌ ပွင့်ပေါ်ခဲ့သမျှသော


မဟာလူသားကျေးဇူးတော်ရှင်ကြီးများအား အစ္စလာမ်သာသနာဝင်တို့၏ ခွဲခြားမှုလုံးဝမရှိဘဲ တင်းပြည့် ကျပ်ပြည့်
သဒ္ဓါရိုကျိုးမြတ်နိုးစွာဖြင့် ယုံကြည်ကြရမည်ဟု သာသနာအမြစ်တရား၌ တိကျစွာဖော်ညွှန်းထားပေသည်။ ဤ လော
က၌ ပွင့်ခဲ့ကြသော မဟာလူသားကြီးတို့နှင့် အဆိုပါကမ္ဘာ့အလင်းပြ ပုဂ္ဂိုလ်ကျော်ကြီးတို့ သယ်ဆောင်လာသော
ကျမ်းမြတ်ဓမ္မခန် အဆူဆူတို့အားလည်း ဒွိဟသံသယကင်းစွာ ယုံကြည်လက်ခံကြရပေမည်။

အထက်ဖော်ပြပါ အစ္စလာမ်ဓမ္မက ဖော်ညွှန်းထားသည့် သစ္စာတရားသည် တစ်ခုတည်းသာဖြစ်သည်ဟု ဧကော


ဓမ္မော တရားမော်ကွန်းကို အောက်ပါကျမ်းမြတ်ကုရ်အာန် အာယတ်တော်များဖြင့် ကိုးကားတင်ပြပါမည်။

၁။ ခေတ်အဆက်ဆက် လူမျိုးတိုင်းသို့ လူသားတို့တွင် အမြတ်ဆုံးသော ဥာဏ်စဉ်ကို ချီးမြှင့်ခြင်းခံရသော မနု


ဿဘုရား၊ သဗ္ဗေညုတဥာဏ်ရှင်အပေါင်းတို့သည် လာခြင်းကောင်းတော်မူသော တထကထာများအဖြစ် တရားပေး
ရန် ပွင့်ပေါ်ခဲ့ကြောင်း (၁၆း၃၆) တွင်ပါရှိလေသည်။

၂။ မဟာလူသားအဆူဆူတို့နှင့် ၄င်းတို့ဟောပြောပို့ချခဲ့သည့် ကျမ်းတော်မြတ်ဓမ္မခန် အဆူဆူတို့ကို ခွဲခြားမှု မရှိ


ဘဲ ယုံကြည်ရမည်ဟု ကျမ်းတော်မြတ်ကုရ်အာန် (၂၉း၄၆၊ ၄၂း၁၅x)၊ ၂း၁၃၆) တွင် ပြဌာန်းထားသည်။

မှတ်ချက်။ ကျမ်းမြတ်ကုရ်အာန်တွင် အမည်နာမဖြင့် ဖွင့်ဟမြွတ်ဆိုထားသည့် မဟာလူသားမြတ်တမန်များနှင့် အ


မည်နာမဖြင့် ဖွင့်ဟမြွတ်ဆိုထားခြင်းမရှိသည့် တထကထာအပေါင်းတို့အားလည်း ခွဲခြားမှုမရှိဘဲ ယုံကြည်ရမည်ဟု
ဆိုသည့်အချက်ကို (၂း၁၃၆၊ ၁၆း၃၆) တို့၌ ထင်ရှားစွာတွေ့ရပေမည်။ သို့အတွက်ကြောင့် အစ္စလာမ် သာသနာသည်
အရှေ့အလယ်ပိုင်း တစ်ဝိုက်၌ ပွင့်ပေါ်ခဲ့သည်ဣ
့ သရေလ (ယဟူဒ/ီ ဂျုး) လူမျိုး ပရောတ်များ ခရစ်ယာန် ဓမ္မသစ်၊
ဓမ္မဟောင်းကျမ်းတို့၌လာရှီသည့် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများကိုသာလျှင် ကျဉ်းကျဥ်းမြောင်းမြောင်း ၀ကွက် လက်ခံ
ထားခြင်းမဟုတ်ပေ။ Semitic Tradition မှမဟုတ်သည့် လောကအ၀န်း၌ ပွင့်ပေါ်ခဲ့သည့် ဂင်္ဂါ ၀ါလုသဲစုမက (မဟာ
တမန်တော်မြတ်ကြီး၏ သြ၀ါဒတော်တို့တွင် တစ်သိန်းနှစ်သောင်းလေးထောင်ဟု မရေမတွက်နိုင်လောက်အောင်
များပြားလှသည့် ကိန်းဂဏန်းတို့အား အရဗီစာပေ၏ ထူးခြားသည့် ၀ိသေသသဘောအရ သင်္ချာသင်္ကေတ ဆောင်
ကာ ဖော်ပြထား၏) ပွင့်လေပြီးသမျှသော အလင်းဆောင်ပုဂ္ဂိုလ်အသီးသီးတိ့အ
ုား တန်းတူရည်တူ ထပ်တူထပ်မျှ
ဒွိဟသံသယ ၀ိစိကိစ္စကင်းရှင်းစွာဖြင့် လက်ခံယုံကြည်ရကြောင်းကို အထူးဂရုပြုကာ မှတ်သားသင့်ပေသည်။`

၃။ မည်သူမဆို (ပရမတ်ဉာဏ်ပွင့်လင်း၍) အလ္လာဟ်အရှင်မြတ်ဟု ပုဂ္ဂလပညတ်နှင့် တန်ဆာဆင်ထားသည့် အနန္တ


ပရမတ္တ သစ္စဓမ္မ၏ တည်ရာအစ မူလပကတိအရှိဖြစ်သော အသင်္ခတဂုဏ်တော်ရှင်အား (အဓိဂမသဒ္ဓါ ဖြင့်)
လက်ခံကာ အရှင်မြတ်ပြဌာန်းထားသည့် သဘာဝနိယာမတို့ကို ရိုကျိုးလိုက်နာပါက အပူငြိမ်းသည့်
သန္တိသုခမဂ် ဆုပန်ရမည့်အကြောင်းကို ကုရ်အာန်ကျမ်းမြတ် (၂း၁၁၂)၌ ဖော်ညွှန်းထားပေသည်။

http://islaminmyanmar.blogspot.com 3
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

၎။ ကျမ်းမြတ်ကုရ်အာန်သည် ဤလောကတခွင်မှ ကျမ်းအဆူဆူတို့၌ ရောနှောပါဝင်နေသည့် လူသားတို့၏


အတ္တနောမတိဖြင့် လိုတိုးပိုလျော့ပြုလုပ်ထားသည့် မသန့်စင်မှု အဓမ္မအစုစုကိုသန့်စင်ကာ ဇကာစစ်ထုတ်ပြီး
ဓမ္မတရား၏ အနျစ်ပရမတ်အစစ်ကို ထိန်းသိမ်းထားသည့်ကျမ်းဟု (၅း၄၈)တွင် ဆိုထား၏။

အထက်ပါအာယတ်တော်ကို ထောက်ရှုခြင်းအားဖြင့် အစ္စလာမ်တည်းဟူသော ငြိမ်းချမ်းရေးသာသနာမှာ


ဤလောက၌ပေါ်ထွန်းခဲ့သည့် တစ်ခုတည်းသော သစ္စတရား၏ အနှစ်အသားဖြစ်ကြောင်း တွေ့ရပေမည်။

ဤတစ်ခုတည်းသောသစ္စာတရားကို ကမ္ဘာဦးအစမှပင်စတင်၍ လူသားတို့အား ၀ိဇ္ဖာဉာဏ်အလင်းထိုးထွင်း ပွင့်လင်း


ရန်၊ မဟာလူသားအဆူဆူတို့ ပွင့်ပေါ်ဟောပြောခဲ့ပြီးနောက် လူသားတို့ယဉ်ကျေးမှုအဆင့်အတန်း၊ ဉာဏ်ရည် ရင့်
ကျက်မှုစသည် (Fully Evoloved and Developed Modern Man) အဆင့်ကို ရောက်ရှိနေပြီဖြစ်သည့် ခရစ်
သက္ကရာဇ် (၆) ရာစုနှစ်တွင် အရှေ့အလယ်ပိုင်းဒေသ၊ ယနေ့ ဆော်ဒီအာရေဗီယျနိုင်ငံ၊ မက္ကာရွှေမြို့တော်တွင် လူ
သားတို့တွင် အမြတ်ဆုံးသောဉာဏ်ရည်ကို ချီးမြှင့်ခြင်းခံရသော မနုဿဘုရား၊ သဗ္ဗေညုတဉာဏ်တော်ရှင် တမန်
တော်သခင်တို့၏ အန္တိမအဆုံး မကိုဋ်သရဖူ၊ ဓမ္မရာဇ်သင်းကျစ် မဟာတမန်တော်မြတ် စစ်စစ်ဖြစ်တော်မူသော
မုဟမ္မဒ(် ဆွ)ကိုယ်တော်ပွင့်ပေါ်ခဲ့ပါသည်။ ကိုယ်တော်မြတ်သည် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်အုပ်စု၊
မည်သည့်ခေတ်ကာလသမယအတွက်မှ သီးသန့်ပွင့်ပေါ်ခဲ့ခြင်းမဟုတ်ဘဲ ကျမ်းမြတ်ကုရ်အာန်၏အဆိုအမိန့်အရ
စကြ၀ဠာအနန္တ၊ ကမ္ဘာအနန္တမှ သဗ္ဗေသတ္တာဝေနေယျ၊ သတ္တ၀ါဝေနယျာအားလုံး အပါအ၀င်ဖြစ်ပေါ်ထင်ရှားခံ ရုပ်က
လာပ်နှင့် နာမ်ဓာတ်အစုစုတို့အတွက် ငြိမ်းချမ်းရေးတရားများ၊ သတ္တ၀ါဝေနေယျာအားလုံး အပါအ၀င်ဖြစ်ပေါ် ထင်
ရှားခံရုပ်ကလာပ်နှင့် နာမ်ဓာတ်အစုစုတို့အတွက် ငြိမ်းချမ်းရေးတရားများ၊ ကရုဏာတရားများ ထွန်းကား ပေါ်ပေါက်
စေရန် ပွင့်ပေါ်ခဲ့သည့် မေတ္တာရှင်ဖြစ်တော်မူ၏။ ထို့ကြောင့် မြန်မာစာပေပညာရှင်တစ်ဦးက ကိုယ်တော်မြတ်၏ ဂုဏ်
ပုဒ်အား ဤသို့ဖွင့်ဆိုထားပါသည်။

နှစ်ဘ၀၏သခင်၊ ကယ်တင်ခ
ြ င်း၏အရှင်၊ သုံးလောက၏ ထိပ်တင်တမန်တော်တို့၏ ဘုရင်ဖြစ်တော်မူသော
တရားမင်းဧကရ်ာဓမ္မရာဇ်သရဖူသယမ္ဘူထွတ်ထားမဟာတမန်တော်မြတ်ဘုရားဟူ၍ဖြစ်ပေသည်။

အစ္စလာမ်ဓမ္မ၏ အထက်ဖော်ညွှန်းချက်တို့ကို ဆင်ခြင်ကြည့်ပါက မွတ်စလင်တစ်ဦးသည် မည်သည့်အယူ အဆကိုမျှ


အထင်မြင်သေးကာ ပုတ်ခတ်စော်ကားခြင်းမပြုအပ်ကြောင်းကို ထင်ရှားစွာတွေ့ရပေမည်။ ထို့ကြောင့် အစ္စလာမ့် ဓမ္မ
သည် အခြားခြားသော အယူတို့အပေါ်၌ Tolerance မရှိဟူသောစွပ်စွဲချက်မှာ လုံးဝဥဿုံမှန်ကန်ပေသည်ဟု ဆိုရ
ပေမည်။ အဘယ်ကြောင့်မူ Tolerance ဟူသည့်ဝေါဟာရ၏ အဓိပ္ပာယ်မှာ မှားယွင်းသည့်ကိစ္စတစ်ခုအား အောင့်အီး
သီးခံခြင်းဟူ၍ ဖြစ်သောကြောင့်ပင်တည်း။

အစ္စလာမ့်ဓမ္မ၏အလိုအရ ဤလောက၌ပေါ်ထွန်းခဲ့သည့် လောကုတ္တရာတရားအားလုံးမှာ တစ်ခုတည်းသော လာ


ရင်းအစမှ ပေါ်ပေါက်လာသည်ဟု မမှိတ်မသုန် လက်ခံယုံကြည်ထားသည့်အားလျော်စွာ အဆိုပါတရားတို့၏ ပင်
ကိုယ် မူရင်းဒေသနာတော်တို့အား လုံးဝနှင့် အကြွင်းမဲ့လက်ခံပေသည်။ ထို့ကြောင့် အစ္စလာမ့်ဓမ္မတွင် Tolerance မ
ရှိ၊ Acceptence သာရှိ၏။ ဤလောက၌ လူ ဟူ၍ စတင်ပေါ်ပေါက်လာကတည်းက အဆိုပါလူသားအား လမ်းမှားကို
ရှောင်၍ လမ်းမှန်ကိုဆောင်ရန် အလင်းဆောင်ပုဂ္ဂိုလ်များနှင့် ကျမ်းမြတ်ဓမ္မက္ခန်အဆူဆူတို့သည် ကျရောက်ခဲ့ကာ
အဆိုပါ အလင်းဆောင်ပဂ
္ဂိုလ် မဟာလူသားမကြီးများ ပရိနိဗာန်စံလွန်တော်မူသည့်အခါ နောက်လိုက် နောက်သား
များသည် အဆိုပါကျမ်းရပုဂ္ဂိုလ်မွန်ကြီးများ၏ တရားဒေသနာတော်တို့၌ မိမိတို့၏အလို ရမ္မက်များဖြည့်စွက်၍ တစ်ဖုံ၊
မိမိတို့အလိုနှင့်မတွေ့သည်များကို ကွယဝ
ှ်က်ဖြတ်တောက် ထုတ်နုတ်၍တစ်မျိုး၊ အလွဲလွဲအချောချော်ပြုလုပ်ခဲ့ကြ၍

http://islaminmyanmar.blogspot.com 4
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

လူအပေါင်းတို့သည် သစ္စာတရားမှ တိမ်းချော်ခဲ့ကြကုန်၏။ ဤသို့သောဆုတ်ကပ် ကြီးကို သာသနာပ ခေတ်ကာလ


(သိ)ု့ အမှောင်ခေတ် (Dark Age) ဟု သမိုင်းတွင်တွေ့ရပေသည်။

ဤသို့သော သစ္စာတရားတို့ တိမ်မြုပ်ပျောက်ကွယ်၍ အ၀ိဇ္ဖာအမှောင်တိုက် ဖုံးလွှမ်းနေသည့်အချိန်မျိုးတွင် မဟာ


ကရုဏာတော်ရှင်ထံပါးမှ အဓမ္မတို့အားသန့်စင်၍ ဓမ္မကိုထူထောင်ရန်လည်းကောင်း၊ အ၀ိဇ္ဖာအမှောင်တိုက်အား
ဖြိုခွင်း၍ ၀ိဇ္ဇာဉာဏ်အလင်းထွန်းတောက်လာရန်သော်လည်းကောင်း မဟာလူသားမြတ်တမန်တို့ကို စေလွှတ် တော်
မူခဲ့၏။

သို့အတွက်ကြောင့် ကမ္ဘာပေါ်ရှိ ပွင့်ပေါ်ခဲ့ပြီးသမျှသော မဟာလူသားမြတ်တမန်တော်တို့၏ ပင်ကိုယ်မူရင်း ဒေသနာ


တော် အစစ်အမှန်တို့ကို လက်ခံယုံကြည်ရခြင်းမှာ အစ္စလာမ်သာသနာဝင်တို့၏ အခြေခံတာဝန်ကြီးတစ်ရပ်ပင် ဖြစ်
ပေသည်။ အဆိုပါတရားတို့၏ ပကတိသန့်ရှင်းနေသည့် (Pristine Purity) ကို မွတ်စလင်မ်များ အကြွင်းမဲ့ ယုံကြည်
လက်ခံကြသော်လည်း လူသားတို့ ရောနှောစွက်ဖက်ထား၍ ကြိမ်ဖန်များစွာ လိုတိုးပိုလျော့လုပ်ခဲ့ရသော အယူအဆ
တို့မှာမူ မူရင်းတရားကိုဟောကြားခဲ့ကြသည့် ပုဂ္ဂိုလ်မွန်များခေတ်နှင့် နှစ်ပေါင်းရာစုနှစ်ချီကာ ကြာညောင်း ပြီးကာမှ
ပေထက်အက္ခရာတင်ရခြင်းအတွက်လည်းကောင်း၊ မူရင်းတရားကို ဟောပြောပို့ချခဲ့သည့် ပုဂ္ဂိုလ်မြတ်တို့ အကယ်
စင်စစ် သုံးနှုန်းခဲ့သည့် ဘာသာစာပေ (Language) တို့မှာလည်း တိမ်ကော ပပျောက်နေပြီဖြစ်သောကြောင့် လည်း
ကောင်း မူရင်းတရားတွင် ရောထွေးမှုများ အမြောက်အများရှိနိုင်သည်ဟု မွတ်စလင်မ်တို့ ယူဆထားကြ ပါသည်။
ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်မှာ စကြ၀ဠာအနန္တမှ မဟာလူသားကြီးများ ဟောပြောပို့ချခဲ့သော ကျမ်းအဆူဆူ တို့
အတွင်း၌ ရောနှောပါဝင်နေသည့် အဓမ္မတို့ကိုသန့်စင်ကာ၊ ဓမ္မကိုထူထောင်ပြီး အနှစ်ပရမတ် အစစ်ကို စကာတင် စစ်
ထုတ်ရန် ပို့ချသည့်ကျမ်းဟု ကုရ်အာန်ကျမ်းမြတ် (၅း၄၈)၌ပင် အတိအလင်းပါရှိနေပေသည်။

ယခုဆက်လက်၍ အစ္စလာမ့်ဓမ္မကခံယူထားသည့် သောင်ဟီးဒ် တည်းဟူသော ဧကောဓမ္မော (တစ်ဆူတည်း ရှင်ဝါဒ)


ကို လူ့စကားလုံး၊ ဝေါဟာရတို့၏ ကန့်သတ်မှုဘောင်အတွင်းမှ ခွင့်ပြုသည့်အတိုင်းအတာအလျောက် ဖွင့်ဆို တင်ပြပါ
မည်။

အစ္စလာမ်ဘာသာဝင်တို့၏ ကိုးကွယ်ရာအရှင်မှာ မည်သည့်အရာဖြစ်ပါသည်၊ ဖြစ်ရပါမည်ဟု တစ်ဘက်သက် စွဲချက်


တင် ဆုံးဖြတ်ချက်၊ စွပ်စွဲချက်များရှီပါသည်။ မိမိတို့ကိုးကွယ်ရာအရှင်မှာ မည်သို့ဖြစ်သည်ဟု အစ္စလာမ် သာသနာဝင်
များက တင်ပြထားချက်ကို မိမိလိုရာစွဲ၍ Out of Context ရှေ့နောက်ဆက်စပ်မှုမရှိဘဲ ဖြတ်တောက် ကိုးကား၍
သင်တို့ကိုးကွယ်သည့်အရှင်မှာ ဤအရာသာဖြစ်ရပေမည်ဟု အတင်းအဓမ္မ သတ်မှတ်ပြဌာန်းချက်များကြောင့်ပင်
အစ္စလာမ်သာသနာနှင့် အစ္စလာမ်၏ကိုးကွယ်ရာအရှင်မှာ ပုံပျက်ပန်းပျက် တလွဲအဓိပ္ပာယ် ဖွင့်ဆိုခြင်းခံရကာ ရိုး
သားစွာ စူးစမ်းလေ့လာသူများအတွက်လည်း အထင်အမြင်လွဲမှားမှုများရှိခဲ့ပေသည်။ ထို့ကြောင့် သမာသမတ် ကျ
သည့် အနောက်တိုင်းသုတေသီတစ်ဥိးက အစ္စလာမ်သာသနာကို (The Most Misunderstood Religion) အထင်
အမြင်လွဲမှားခြင်း (တလွဲအဓိပ္ပာယ်ဖွင့်ဆိုခြင်း) ခံရဆုံးသောသာသနာဟု မှည့်ခေါ်ခဲ့ဖူးသည်။

ပရမတ္တသစ္စမှာ တစ်ခုတည်းသာရှိ၍ ယင်းကို လူ့စကားလုံးဝေါဟာရတို့ဖြင့် ပြည့်စုံကုံလုံအောင် သီကုံးဖွဲ့နွဲ့ ဖွင့်ဆို၍


မရနိုင်သလို၊ လူသားတို့၏အသိ၊ ဉာဏ်လွှာအဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့မှာလည်း အဆိုပါ Absolute Truth
ကို မည်သို့မျှထိုးဖောက်ခြင်းငှာ မစွမ်းနိုင်ပေ။ ထို့ကြောင့် အစ္စလာမ့်ဓမ္မမှဖွင့်ဆိုထားသည့် ကိုးကွယ်ရာအရှင်၏ ပရ
မတ် အနှစ်သဘော (အရဗီစာပေအရ) ဇာသ် ဟုခေါ်သည့် Essence ကို မည်သူမျှ စောကြော၍မရသော်လည်း

http://islaminmyanmar.blogspot.com 5
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

အဆိုပါ အနန္တပရမတ္တသစ္စာ၏ဂုဏ်တော် (အရဗီအခေါ် ဆွေဖတ်) Attributies များကိုမူ စကြ၀ဠာအနန္တနှင့် လူသား


တို့ ခန္ဓာအတွင်းတို့၌ နိမိတ်လက္ခဏာတော်များအဖြစ် အထင်အရှားတွေ့မြင်ရပေမည်။

ဖော်ပြပါ အနန္တပရမတ္တသစ္စာကို အလ္လာဟ် ဟု နာမပညတ်သတ်မှတ်၍ထားပေသည်။ အလ္လာဟ်ဘာလဲဆို သည်ကို


ပြီးပြည့်စုံအောင်ဖော်ကျူး၍မစွမ်းနိုင်သော်လည်း အလ္လာဟ်ဘာမဟုတ်သလဲဆိုသည်ကိုမူ ဖော်ပြ၍ရပေသည်။ အချို့
အယူဝါဒတို့၌ ဆည်းကပ်ကိုးကွယ်မှုနှင့် ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုထားချက်များရှိပါသည်။ ဥပမာ ကမ္ဘာ
ဦးအစ လူသားတို့သည် ကြောင့်ကြတောင့်တမှုအပေါ် မူတည်ထား၍လည်းကောင်း၊ အမြှောက်တရား၊ အခြောက်တ
ရားတို့ကို အခြေခံ၍လည်းကောင်း အားကိုးရှာဖွေရင်းက ကိုးကွယ်ဆည်းကပ်မှုဟူသည် ဖြစ်ပေါ်လာသည်ဟု သုံး
သပ် ထား၏။

မီး၏အစွမ်းသတ္တိကို မတွေ့မကြုံဘူးသည့် ကမ္ဘာဦးအစလူသားတို့သည် သစ်ပင်၊ ၀ါးပင်များလေ တိုက်ခတ်၍ ပွတ်


တိုက်မှုဖြစ်ပြီး မီးတောင်လောင်မှုကို စတင်တွေ့ရှိပြီး မီးကိုအားထားရာ၊ ကိုးကွယ်ရာအရှင်အဖြစ် သတ်မှတ် ကိုး
ကွယ်ခဲ့ကြ၏။ ထိုနည်းတူ လေ၊ မိုး စသည့်သဘာဝစွမ်းအင်အမျိုးမျိုးအားလည်းကောင်း၊ စွမ်းအားသတ္တိ ခွန်အားဗလ
ထွားကြိုင်းသည့် သက်ရှိသတ္တ၀ါအမျိုးမျိုးအားလည်းကောင်း ကိုးကွယ်အားထားစရာအဖြစ် အသီးသီး သတ်မှတ် ကိုး
ကွယ်ခဲ့ကြ၏။ မမြင်ရသည့် စွမ်းအားများ၊ သဘာဝလွန်တန်ခိုးသတ္တိများ၏ ကယ်တင်စောင့်ရှောက်မှုကို မျှော်လင့်
တောင့်တနေသည့် ကိုးကွယ်မှုများလည်း ပေါ်ပေါက်လာခဲ့သည်။ ဤကိုးကွယ်မှုအမျိုးမျိုးတို့သည် လူသား၏ပြင်ပမှ
တစ်စုံတစ်ယောက်သော ဗြဟ္မာ၊ ဒေ၀စသော တန်ခိုးရှင်များအား ကိုးစားအားထားပြုပြီး လူသား၏ စွမ်းဆောင်နိုင်
သည့် အနန္တစွမ်းအားကို အားကိုးသမှုမပြုလိုသော လူပျော့၊ လူညံ့၊ လူဖျင်းတို့၏ သေးသိမ်ယုတ်ညံ့သည့် အယူအဆ
စိတ်ထားဖြစ်၏။

အဆိုပါတန်ခိုးရှင်တို့၏ မျက်မန်ပြေပျောက်ရန် တိုးလျှိုးတောင်ပန်၍ ပူဇော်သကာယပြုရသလို တန်ခိုးတော်ရှင်တို့၏


ကျေနပ်မှုကိုရရှိရန် လာဘ်ထိုးသည့်သဘောနှင့် ပူဇော်ပသကာသနားခံခြင်း၊ ကယ်တင်စောင့် ရှောက်ဖို့ ဆုတောင်း
ခြင်း၊ စသည်တို့ကိုပြုလုပ်ကြသည်ဟု စွဲမှတ်ထားကြ၏။ ဤသည်မှာ အတ္တ၀ါဒ(သဿတ၀ါဒ) ရှင်တို့ဖြစ်သည့် ဗြဟ္မ
ဏ၀ါဒီ၊ ထာဝရ၀ါဒီတို့၏ နိမ္မာနဣဿရ၀ါဒဟုလည်း ဆုံးဖြတ်ချက်ပေးထား၏။

အစ္စလာမ်ဓမ္မ၏ အလ္လာဟ်အရှင်မှာ အထက်ဖော်ပြပါ နိမ္မာနဣဿရတန်ခိုးရှင်မဟုတ်သလို မည်သည့် ပုဂ္ဂိုလ်၊ သတ္တ


ဝါ၊ လူ၊ နတ်၊ ဗြဟ္မာ စသည့် ရုပ်၊ နာမ်၊ ဓမ္မသင်္ခါရတို့ဖြင့် ဖွဲ့စည်းထားသည့် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ပဋိသန္ဓေ နေ
ခြင်းတို့ရှိသည့် ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏတို့နှင့် မကင်းလွတ်သည့် သင်္ခတဘုံသားလားလားမျှ မဟုတ်ပေ။
အလ္လာဟ်သည် တရားကျင့်ပြီး ဘုရားအဖြစ်သို့ရောက်သည့် မြဲသောတရားကို အမှီပြုရသည့် မမြဲသော ဘုရားလည်း
မဟုတ်ချေ။

တန်ခိုးဟူသည် ကျင့်ယူ၍ရနိုင်သဖြင့် အကြောင်းတရားမဟုတ်၊ အကျိုးတရားမျှသာဖြစ်၏။ ထိ့ေ


ု ကြာင့် အလ္လာဟ်
သည် တန်ခိုးရှင်လည်းမဟုတ်၊ ထာဝရဟူသောအချိန်ကာလ၏ ကန့်သတ်ဘောင်ခတ်မှုမှ သန့်စင်လွန် မြောက်သော
အချိန်ကာလနှင့် နေရာဒေသ၏အထက်၌ရှိသည့် (Beyond Time and Space) ပကတိ အရှိဖြစ်တော်မူ၏။ အရှင်၏
ဂုဏ်တော်အနန္တအနက်မှ ဂုဏ်တော်တစ်ပါးကို ဗုဒ္ဓအဘိဓမ္မါမှချေးငှား၍ ၀ိသေသနှင့် တွဲဖက်တင်ပြရပါမူ အသင်္ခတ
ဂုဏ်တော်ရှင်ဟု ဆိုနိုင်ပေသည်။

http://islaminmyanmar.blogspot.com 6
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

အလ္လာဟ်အရှင်မြတ်သည် ရုပ်ကလာပ်နှင့် နာမ်ဓာတ်အစုစုတို့အား မိမိနူရီတော် (ရုပ်သဘောဆောင်သော ရောင်


ခြည် အလင်းစသည်တို့ကို ဆိုလိုရင်းမဟုတ်၊ အလင်းတန်စုအမျိုးမျိုးနှင့် Ray များ Radiation များအပါအ၀င်
အရာခပ်သိမ်းတို့၏ မူလပကတိပထမဦးဆုံးသောအကြောင်းတရားကြီး(First Cause) ကို ဆိုလိုရင်းဖြစ်သလို၊
ဝိဇ္ဇာဉာဏ်အလင်းကိုလည်းသင်္ကေတပြုထားသည့် အလ္လာဟ်၏ ဂုဏ်တော်တစ်ပါးဖြစ်၏)။ အား ကွန့်မြူးထုတ် လွတ်
ကာ နုရာမှကြမ်းလာသည့်ဖြစ်စဉ်အတိုင်း စကြ၀ဠာအနန္တကို ဖြစ်ပေါ်ထင်ရှားစေတော်မူသောအရှင်ဖြစ်၏။

စကြ၀ဠာအနန္တကို လွှမ်းမိုးသက်ရောက်နေသည့် သဘာဝနိယာမဓမ္မအားလုံးအား ပြဌာန်းတော်မူသော တရား၏ အ


ရှင်ဖြစ်၏။ အစ္စလာမ့်ခံယူချက်အရ အလ္လာဟ်သည်မြဲသော အသင်္ခတဂုဏ်တော်ရှင်ဖြစ်၍ တရားဓမ္မဟူ သည်မှာ ထို
အရှင်၏ အမိန့်တော်အတိုင်း ထင်ရှားစလာရခြင်းဖြစ်၏။ အလ္လာဟ်သည် တရား၏ အရှင်ဖြစ်၏။

အထက်ဖော်ပြပါ သစ္စကထာကို မဟာယာနဗုဒ္ဓဘာသာ၌ တြိကာယတရားတော်နှင့် ယှဉ်တွဲကာ ဆင်ခြင်နိုင် ပေ


သည်။ ဓမ္မကာယတည်းဟူသော အာဒိဗုဒ္ဓသည် လူမှဖြစ်သော မနုဿဘုရားမဟုတ်မူဘဲ နာယတအမြဲတည် သော
အရှင်ကို ဆိုလိုခြင်းဖြစ်၏။ ထေရ၀ါဒတရားတော်တွင်လည်း ထူးထူးခြားခြား ဤတရားမျိုးကို အချို့သော အရိယ
ပုဂ္ဂိုလ်မြတ်များ ဖွင့်ဆိုထားခဲ့ကြောင်းကို ထူးဆန်းအံ့သြဖွယ်ရာ လေ့လာမှတ်သားဖူးပါသည်။ ဥပမာအားဖြင့် တင်ပြ
ရသော် သုံးဆယ်မြို့မှ ကျောင်းဒကာဦးလူငယ်ဟူသည့် ပုဂ္ဂိုလ်ထူးတစ်ပါးက သဗ္ဗေညုတစိန္ဒာမယကျမ်း တွင်
အသင်္ခတဂုဏ်တော်ရှင်နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဖွင့်ဆိုထားသည်ကို ကိုးကားတင်ပြပါမည်။

ရတနာသုံးရပ်မြတ်ထက်မြတ်သည်လူ
့ ၊ နတ်၊ ဗြဟ္မာ စကြ၀ဠာအနန္တလောကလောကုတ်အချုပ်အချာမဟာ သယမ္ဘူ၊
ဗုဒ္ဓင်္ဂူသဗ္ဗညု၊ အတုမဲ့ထွဋထား၊ ဥေယျဓံငါးပါးကို ပိုင်းခြားဝေဖန်၍ ဋ္ဌာနန္တရ၊ ဒေသအမျိုးမျိုးတို့ကို အစိုးရ
တော်မူသောအရှင်၊ လူ့ခွင်နတ်ရွာ၊ ဗြဟ္မာနှစ်ဆယ်၊ အရပ်ဝယ်၌၊ ဘယ်အခါကာလ၊ ဘ၀ပဋိသန္ဓေ၊ မနေစဖူး၊
အထူးဝိသေသ၊ အနန္တရ၊ အစအဆုံးလုံးလုံးကင်းစင်၊ လူရှင်ရဟန်းတို့ကြိုးပမ်းသော ဒါနသီလဘာဝနာ၊ ပါရမီမဖြည့်
ပြကတေ့အလိုလို၊ ကိုယ်တော်တိုင်ထင်ရှားသော ဘုရားသဗ္ဗညုတအစိန္ဒေသည်၊ လူဆွေလူမျိုး၊ နတ်မျိုးနတ်နွယ်၊
နှစ်ဆယ်ဗြဟ္မာ၊ အ၀ိဇ္ဇာမကင်း၊ မသန့်ရှင်းသော၊ ဘ၀သုံးရပ်သူတို့နှင့်၊ အဏုမြူမျှမဆိုင်၊ ကြီးခိုင်မြင့်မြတ်သော၊
မဟာမုနိန္ဒ၊ အမိအဘဆရာ၊ မိမိထက်ဂုဏ်ထူးသောသူ၊ ဘယ်အခါမရှိ၊ ဇာတိဇရာဗျာတိမရဏဒုက္ခလေးမျိုး
မယှက်မစင်၊ အမြတ်တကာအတုလံ၊ ဓမ္မံဓမ္မိဿ ရ၊ သုံးလောကကပ်ကမ္ဘာတို့သည် တည်ရာဌာန၊ မရှိမီကာလက၊
သဗ္ဗညုတသယမ္ဘူ၊ တစ်ဆူတည်းသောမြတ်ဘုရားကို ကိုးစား၍၊ ၀န္ဒာနာပြုပြီးကာမှ ပရံပါရမီဆုကောင်းချီးပြု၍၊
သဗ္ဗညုထွဋ်ထား၊ ကိုယ်တော်စားဟု လူသားဧကန်ဘုရားဉာဏ်ကို ပန်ဆင်၍မြင့်မြတ်၊ ထက်သောင်းသောလောက
ဓာတ်မှာ လူသုံးရပ်ဝတ်လျှိုး၍ ရှိခိုးခံရသော ကပ္ပိလနိုင်ငံသား ပညတ်ဘုရားရှင် ဂေါတမပါ၊ သုံးရပ်သောရတနာတို့ကို
အဟံ၊ ကျွန်ုပ်ကျောင်းတကာသညာ ဉာဏ်ကြွယ်ဦးလူငယ်က သုံးဒွါရဖြင့် ဆွဝန္ဒနာ၊ ရှိခိုးပါ၏။ ၀န္ဒတွာ၊ ၀န္ဒနာဖြင့်၊
လျော်စွာရှိခိုးပြီး၍၊ သယမ္ဘူကအကြောင်းကို သတ္တ၀ါနှင့် ကမ္ဘာမရှိမီက အနန္တတန်ခိုး၊ အနန္တဂုဏ်တော်နှင့်ပြည့်စုံ၍
ကိုယ်တော်တစ်ဆူတည်းရှိတော်မူကြော
င်း၊ ကိုယ်တော်အလိုရှိ၍၊ သတ္တ၀ါနှင့် ကမ္ဘာလောက၊ အထက်နိဗ္ဗာန်နိယက၊
အ၀ီစိအောက်၊ ငရဲနိယတ၊ အလယ်ခေါင်ဘုံသုံးပါးသည်၊သင်္ခါရ ၀ိကာရ၊ ပညတ်တို့ကို ဌာနပိုင်းခြား၍ အနန္တသတ္တ၀ါ၊
အနန္တကမ္ဘာဖြစ်စေကြောင်းကိကျွ
ု န်ုပ်ကဲ့သို့ တစ်ပါးသောသူရှင်ရဟန်းလူတို့သည်အလိုရှိလျှင် သိကြပါစေဟု မိမဉ
ိာဏ်
ရည်ရွယ်၍ ပါဠိတော်အဌကထာ၊ ဋီကာလက်သန်း၊ ဆန်းအလင်္ကာတို့ကို၊ လျော်ရာသွတ်သွင်း၍ မြန်မာအဓိပ္ပာယ်
ထင်ရှားအောင်ရေးသားဖော်ပြလိုက်ပါသတည်း။

သဗ္ဗညုတဘုရားသခင်သည် အမိမရှိ၊ အဘမရှိ၊ ကိုယ့်ထက်မြတ်သောသူမရှိ၊ ပါရမီဆယ်ပါးကိုမဖြည့်၊ ဒါနသီလ


ဘာဝနာတို့ကိုမပြုလုပ်ဘဲ၊ အလိုလိုမြင့်တော်မူကြောင်း သက်သေကား၊ ဘယံ၊ အလိုလို၊ ဘူတံ၊ ထင်ရှား၊ ဇာရတိ၊

http://islaminmyanmar.blogspot.com 7
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

ဖြစ်တော်မူ၏။ ဘယံအဘိညာယ၊ ကာမုေဿရန္တိ၊ ဆရာမိဘကင်း၍ဖြစ်သော ပါဠိသက်သေ၊ သဗ္ဗညုဘုရား တစ်ဆူ


တည်းဖြစ်ကြောင်း သက်သေခံပါဠိကား၊ သာရတ္တသင်္ဂေဟကျမ်း၌ ဗုဒ္ဓနုပနလောကေ၊ ဧကောရေ၀ဥပ္ပဇ္ဇန္တိ၊ ကိကာ
ရကံ၊ မဟန္တံဟာရ၊ သဗ္ဗညုတဉာဏ်ဂုဏနံ၊ မဟန~ံယောတိ၊ ဧကံတံရေ၀၊ ဂဏှိတဗ္ဗံ၊ ဗုဒ္ဓါနပန၊ ဘုရားမည်ကား
လောကေ၊ ကောက၌ ဧကောရေ၀တစ်ဆူတည်းသာလျှင်၊ ဥပ္ပဇ္ဇန္တိဖြစ်ကုန်၏။ တိကာရဏံ အဘယ်ကဲ့သို့နည်းဟူမူ
ကား၊ မဟန္တံကြီးမြတ်သော၊ သဗ္ဗညုတတညာသဗ္ဗညုတတဉာဏ်သည်၊ ဂုဏာနံဂုဏ်တို့၏ တည်ရာဖြစ်သော ဧကံ
တံ၊ ထိုသဗ္ဗညုတဉာဏ်တော်တစ်ဆူတည်းသာလျှင် ဟောတိပြစ်၏။ ဣတိဤသို့ ဂဏှိတဗ္ဗံယူအပ်၏။ ထိုထို သဗ္ဗညု
တညာဏော၊ တဿအနန္တော အနန္တဉာဏန္တိ၊ အတ္တော၊ ၀ိသေသဗုဒ္ဓေါတိ၊ ၀ိသေဘုရားဟူသည်ကား၊ သဗ္ဗညုတ
ဉာဏော၊ သဗ္ဗညုတဉာဏ်တော်သည်၊ တဿ၊ ထိုရွှေဉာဏ်တော်၏၊ အနန္တော၊ အနန္တအဆုံးအစ အရေအတွက်
မရှိသော ဉာဏံ၊ ပစ္စေကဗုဒ္ဓေါ သာဝကတို့ထက် အထူးလွန်ကဲမြတ်၍သိတော်မူသော သဗ္ဗညုတရွှေဉာဏ်တော်ကို၊
ဗုဒ္ဓေါတဘုရားဟူ၍၊ ဒဌဗ္ဗော၊ မှတ်အပ်၏။ ဘုရားသဗ္ဗညုတသည် အစဉ်အမြဲမအို၊ မနာ၊ မသေကြောင်းကို နီတိကျမ်း၊
မနိမေဇ္ဇူကျမ်း၊ ၄င်းတို့က သက်သေခံပြသောအကြောင်းမှာကော အဘယ်သူသည် ဗုဒ္ဓေါဘုရားမည်သနည်း၊ အနန္တရံ
အစအဆုံးမရှိ အိုခြင်း၊ နာခြင်း၊ သေခြင်းမရှိသော၊ သဗ္ဗညုတ ဉာဏံ၊ သဗ္ဗညုတဉာဏ်တော်ကို၊ ဗုဒ္ဓေါဘုရားဟူ၍
ဒဌဗ္ဗော မှတ်အပ်၏။

ယခုဆက်လက်၍ ထေရ၀ါဒဗုဒဝ
္ဓါဒီတို့အတွင်း၌ မကြားဖူးလောက်အောင်ရှားပါးသည့် အထက်ပါအယူအဆမျိုးကို
နိုင်ငံကျော် ဓမ္မစေတီဆရာတော်ဘုရားကြီး ရေးသားတော်မူသော သမစိတ္တဘာသာကျမ်းနှင့် သံဃစစ်တမ်း၊
အလင်းကျမ်း၊ သံဃာဟုတ်၊ မဟုတ်မေးခွန်းထုတ်ကျမ်း (ဂန္ဓမာစာပုံနှိပ်တိုက်မှထုတ်သည်) တွင် အောက်ပါအတိုင်း
တွေ့ရှိရပေသည်။

ဗုဒ္ဓပနလောကောရေ၀၊ ဥပဇန္တိကိံကရဏံ၊ မဟန္တံဘာယ၊ သဗ္ဗညုတဉာဏ်ဂုဏာနံ၊ မဟန္တာဟောတိ၊ ဧကံတ


ရောဂဏှိတပ္ပံ၊ ပန၊ လူကဖြစ်သော ဥပဇာဘုရား၊ ပုဂ္ဂလဓိဌာန်ဘုရားတို့ကိုပယ်၍၊ဗုဒ္ဓါန၊ ဘုရားအစစ်ဓမ္မဓိဌာန် သဗ္ဗ
ညုတဉာဏ်နိယတအမြဲဘုရားကိုပြဦးအံ့၊လောကေ၊ လောက၌၊ ဧကောရေ၀၊ တစ်ဆူသာလျှင်၊ ဥပ္ပဇ္ဇန္တိဖြစ်ကုန်၏ ။
ကိံကရဏံအဘယ်ကဲ့သို့နည်းဟူမူကား၊ မဟန္တတံ၊ ကြီးမြတ်သောသဗ္ဗညုတဉာဏ်၊ သဗ္ဗညုတဉာဏ်ကိုအစိုးရသော၊
ဓမ္မဓိဌာန်နယတ အမြဲဘုရားသည်၊ ဂုဏာနံဂုဏ်ပေါင်းတကာတို့၏ တည်ရာဖ်ြစသော၊ ဧကန္တ၊ ထိုသဗ္ဗညုတ
အရှင်နိယတသခင်တစ်ဆူတည်အမြဲ
း ဘုရားသည်သာလျှင်ဟောတိဖြစ်၏ ။ဣတိ၊ ဤသို့၊ ဂဏှိတဗ္ဗံ ယူမှတ်အပ်၏ ။

ထိုသဗ္ဗညုတဉာဏ်တော်နှင့်တကွဖြစ်သော နိယတဓမ္မဓိဌာန် အမြဲဘုရားကို ၀ိသေသဘုရားဖြစ်ကြောင်း၊ ဉာဏ်တော်


အနန္တနှင့် ပြည့်စုံကြောင်း ဟောတော်မူသည်မှာ -
(၀ိသေသဗုဒ္ဓေါတိ သဗ္ဗညုတဉာဏော၊ ကဿအနန္တောအနန္တဉာဏန္တိအတ္တော) ၀ိသေသဗုဒ္ဓေါတိ အထူးဘုရားဟူ
သည်ကား သဗ္ဗညုတဉာဏော သဗ္ဗညုတဉာဏ်ကို အစိုးရသောဘုရားတည်း၊ ကဿထိုမြဲဘုရား၊ နိယတဘုရား၊ ဓမ္မ
ဓိဌာန်ဘုရား၊ မပြိုမပျက်သောဘုရား၌၊ အနန္တောအနန္တ အဆုံးအစမရေမတွက်နိုငရ
ှ်ိသော ဉာဏံ ဉာဏ်တော်သည်၊
အတ္တောတိရှိ၏။ အနန္တဉာဏန္တိ အဆုံးမရှိ၊ မနှိုင်းယှဉ်နိုင်သော ဉာဏ်တော်တွေကို အစိုးရခြင်း၊ ဓမ္မဓိဌာန် အမြဲဘုရား
ကို ဗုဒ္ဓေါတိဘုရားဟူ၍ ဒါဌာဗ္ဗော မှတ်အပ်၏။

သဗ္ဗညုတဉာဏ်ဆိုသောစကားသည် ဗြဟ္မာဘာသာလို အလုံးစုံသောဉာဏ်ကိုခေါ်သည်။ ၄င်းအလုံးစုံသော ဉာဏ်


သည် ဘုရားမဖြစ်နိုင်၊ ဉာဏ်တော်ကို ဘုရားမခေါ်နိုင်ရာ၊ ၄င်းသဗ္ဗညုတဉာဏ်ကို အစိုးရသောသူသာလျှင် ဘုရား
ခေါ်နိုင်မည်။ ထို့ကြောင့် အလုံးစုံသောဉာဏ်ကို အစိုးရသော၊ မြဲခြင်းရှိတော်မူသော ဓမ္မဓိဌာန်ဘုရားသည်သာ လျှင်
ကမ္ဘာနှင့် သတ္တ၀ါကိုအစိုးရခြင်း၊ ဖန်ဆင်းခြင်းဖြစ်သည်။ နိယတဆိုသောစကားသည် ဗြဟ္မာလို အမြဲခေါ်သည်။ နိ

http://islaminmyanmar.blogspot.com 8
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

ယာမဆိုသည် အစဉ်ခေါ်ခြင်းအဓိပ္ပာယ်၊ အမြဲသဗ္ဗညုတဉာဏ်ကို အစိုးရသော ဤဓမ္မဓိဌာန်ဘုရားသည် အလုံးစုံ


သော စကြ၀ဠာအနန္တ၊ ကမ္ဘာအနန္တ၊ သတ္တ၀ါနန္တတို့ကို တရားအမျိုးမျိုးအနန္တဖြင့် ဝေဖန်ပိုင်းခြား၍ ပြုပြင်စီရင်တော်မူ
လေသည်။

အစ္စလာမ်၏ ကိုးကွယ်ရာအရှင် အယူအဆနှင့် အလွန်နီးစပ်လှသည့် အထက်ဖော်ပြပါ ထေရ၀ါဒဗုဒ္ဓ၀ါဒ ကျမ်းစာ


အုပ်နှစ်အုပ်မှ အံ့သြဖွယ်ရာကောင်းသော အယူအဆကိုတင်ပြပြီးနောက် ဆရာ၏စာအုပ်ပထမတွဲမှ နမာဇ် ဖတ်ရ
မည်ကို ရှက်လှပါသည်ဟူသော ဆရာ၏ အယသူအဆကို အနည်းငယ်ဆွေးနွေးလိုပါသည်။

နမာဇ်ဖတ်ရမည်ကို ရှက်ရခြင်းမှာ မိမိဘာလုပ်နေသည်ကို မသိရှိဘဲ မိမိနားမလည်သည့် ဘုရားရှိခိုးစာတွေကို လူမြင်


ကောင်းအောင် ပါးစပ်လှုပ်နေသည်ပဲဖြစ်စေ၊ တကယ်ပဲ ရွတ်ဖတ်နေသည်ဖြစ်စေ၊ မိမိစိတ်မှ အယောင်ဆောင် ဟန်ပြ
သဘောသာ လှုပ်ရှားခြင်းဖြစ်၍ လိပ်ပြာမသန့်ဘဲ ရှက်စိတ်များပေါ်ပေါက်လာခြင်းမှာ သစ္စာတရားကို အမှန်တကယ်
သိလသ
ိုတိုင်း၏ စိတ်သဏ္ဍာန်တွင် ပေါ်ထင်လာမည့် အလွန်သဘာဝကျသည့် စိတ်အစဉ်ဖြစ်သည်။ သို့အတွက်
ကြောင့် အစ္စလာမ့်ဓမ္မ၏ အဆင့်အမြင့်ဆုံးသော ဘာဝနာစခန်းဖြစ်သည့် ဆွလာသ် (နမာဇ်ဟူသည်မှာ ပါရှင်းဖာရစီ
ဝေါဟာရဖြစ်ပြီး၊ ဆွလာသ်ဟူသည်မှာ အရဗီဝေါဟာရဖြစ်ပါသည်။) နှင့် ပတ်သက်၍ အနည်းငယ်တင်ပြလိပ
ုါသည်။

အစ္စလာမ့်ကျင့်စဉ်များတွင် မိမိဘာလုပ်နေသည်ကိုမသိရှိဘဲ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားနေရုံမျှဖြင့် ပြီးပြည့်စုံမှု မရှိနိုင်


ကြောင်းကို အတိအကျ ပြဌာန်းထားသည်။ သို့အတွက်ကြောင့် အသိဉာဏ်မရင့်ကျက်သေးသည့် ကလေး သူငယ်
များ၊ အသိတရားချွတ်ချော်တိမ်းပါးနေသည့် စိတ်ဝေဒနာရှင် အစရှိသူများအား သာသနာ့ကျင့်စဉ်များ ကျင့်သုံးခြင်းမှ
ခြွင်းချက်ပြုထားသည်။

ဆွလာသ်တည်းဟူသော နမားဇ်ဘာဝနာကျင့်စဉ်မှာ အမျက်ချောင်းချောင်းထွက်နေသည့် နတ်ဘုရားဆိုး ကြီး


Angered Diety အား အမျက်ပြေစေရန်အတွက် တိုးလျှိုးတောင်းပန်ကာ ပူဇော်သက္ကာရပြုရသည့် အမှောင်
ခေတ်မှဓလေ့လုံးဝမဟုတ်ပေ။ ဆရာတစ်ချိန်က ဝေဖန်တိုက်ခိုက်ခဲ့သည့် လူသေလူဖြစ်ဦးဥက္ကဋ္ဌကလည်း သာသနာ
အသီးသီးမှ သာသနာကျင့်စဉ်တို့အား လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ဘူး၏။ သူ့အဆိုအရ ဘုရားဝတ်ပြုဆုတောင်းခြင်း
ဆိုသည်မှာ ဆီမီးခိုးတိုင် ညှိထွန်းခြင်း၊ ပူဇော်ခြင်း၊ ဒူးထောက်၍ရိုကျိုးရှိခိုးခြင်း၊ ကြေးစည်ခေါင်းလောင်းထိုးခြင်း၊ဓမ္မ
သီချင်းကျူးရင့်ခြင်း၊ဂုဏ်တော်ရွတ်ဖတ်ခြင်း၊ဥပုသ်စောင့်ခြင်း၊ ဆုတောင်းပတ္တနာပြုခြင်းဖြင်ချဉ်
့းကပ်ရသော နတ်တို့၊
ဘုရားတို့ကို ကျွန်ုပ်တို့ယုံကြည်နိုင်ရန် မဖြစ်နိုင်တော့ပေ ဟူ၍လည်းကောင်း၊ ဆုတောင်း၊ ဆုပေးသက်သက်ဖြင့်
မည်သည့်အာနိသင်၊ အာနိသံသမျှ အကျိုးတရားထင်ရှားနိုင်မည်မဟုတ်ချေဟူ၍တဖုံ၊ အမှန်ဆိုရလျှင် ဆုတောင်း
ပတ္တနာပြုမူကြောင့် အကျိုးရရှိသည်ဟူသော လူသား၏ယုံကြည်ချက်ကား သူ၏ ကြွေးကြော်အော်မြည်မှုကြောင့်
မိုးဦးကျလာရသည်ဟူသော ဖားသူငယ်၏ ယုံကြည်မှုမျိုးသာဖြစ်လေတော့သည်စသည်ဖြင့် တနည်း စွပ်စွဲထား၏။
အဆိုပါအယူအဆမျိုးမှ နတ်ဘုရားဆိုးကို တိုးလျှိုးတောင်းပန်ရသော အမြှောက်တရားနှင့် အခြောက်တရားကို အ
ခြေခံသော လူ့ဂုဏ်သိက္ခာကို ချိုးနှိမ်စော်ကားသော၊ အရိုင်းတို့၏ဆုတောင်းပတ္တနာနှင့် အစ္စလာမ်ဓမ္မမှ ဆွလာသ်
ဘာဝနာခန်းမှာ လုံးဝမတူညီသော ကျင့်စဉ်နှစ်ခုဖြစ်ပေသည်။

ဆွလာသ်ဘာဝနာခန်းကို ကျင့်သုံးဆောက်တည်ရခြင်းမှာ အကိုးကွယ်ခံအရှင်က ကိုးကွယ်ခံလိုသည့် အတွက်


လည်းကောင်း၊ ကိုးကွယ်ခြင်းခံရန်လိုအပ်နေသည့်အတွက်လည်းကောင်း၊ ကိုးကွယ်မှုကိုပြုလုပ်ရန် ပြဌာန်း ထားခြင်း
မဟုတ်ပေ။ အစ္စလာမ့်ဘာဝနာ ကျင့်စဉ်အတိုင်းသည့် ကျင့်သုံးဆောက်တည်သူ အတွက်သာလျှင်ဖြစ်၏။ အရှင်မြတ်
အား အရာခပ်သိမ်းက ခ၀ပ်ကိုးကွယ်မှုပြုလျှင်သော်လည်းကောင်း၊ အရာခပ်သိမ်းက မကိုးကွယ်ဘဲနေ လျှင်သော်

http://islaminmyanmar.blogspot.com 9
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

လည်းကောင်း၊ အရှင်မြတ်၏ ဂုဏ်တော်အနန္တတွင် မည်သို့မျှ ပြောင်းလဲခြင်းရှိမည်မဟုတ်ပေ။ သို့ရာတွင် ဘာဝနာ


ပွားများ ကျင့်သုံးဆောင်တည်သူအတွက်မူ ကောင်းကျိုးများဖြစ်ပေါ်နိုင်ပေသည်။ လိုရင်းကို တိုရှင်းနှင့် ပြောရသော်
ဆွလာသ် ဘာဝနာပွားများမှုမှာ လူသားအတွက် ကောင်းကျိုးဖြစ်ထွန်းစေရန် အတွက်သာလျှင် ကျင့်သုံးရခြင်း ဖြစ်
သည်။

နတ်ဘုရားဆိုး၏ မျက်မာန်တော်မရှရန် ပူဇော်ပသမှုပြုလုပ်ခြင်းသည်လည်းကောင်း၊ တန်ခိုးရှင်ထံမှ လာဘ်လာဘကို


မျှော်ကိုး၍ ရှိခိုးကန်တော့ခြင်းသည် လည်းကောင်း၊ အစ္စလာမ်၏ ဆွလာသ်ဘာဝနာနှင့် မည်သို့မျှ ပတ်သက် စပ်
ယှက်ခြင်းမရှိပေ။ ဆွလာသ်ဘာဝနာသည် လူသား၏ဂုဏ်သိက္ခာနှင့် တန်ဖိုးကိုမြှင့်တင်ပေးသည့် ဉာဏ် စခန်း၊ ဉာဏ်
လမ်းဖြစ်၏။ အစ္စလာမ်ဓမ္မက လောကတစ်ခွင်ရှိ သဘာဝအင်အားစုအမျိုးမျိုးနှင့် ပုဂ္ဂိုလ်သတ္တ၀ါ နတ်ဗြဟ္မာ အပေါင်း
တို့တွင် လူသားသည်သာ အမြင့်မြတ်ဆုံးဟု ဆော်ညွှန်းထား၏။ လူသား၏၀ိဇ္ဇာဉာဏ်အလင်း ထိုးထွင်းသိမြင်
ပွင့်ပေါ်လာရန် ဆွလာသ်ဘာဝနာကို တည်ဆောက်ရခြင်းပင်ဖြစ်၏။ အရှင့်ရှေ့တော်မှောက်၌ ပျပ်ဝပ် ရိုကျိုး၊ မာန်ကို
ချိုး၍ နဖူးမြေစိုက်ဦးတိုက်ကာ ၀တ်ပြုရခြင်းသည် သဘာဝဓမ္မမှ အမြတ်ဆုံးလူသားသည် သဘာဝအရှင်ရှေ့မှောက်၌
ဗလာနတ္ထိသုညသာလျှင်ဖြစ်သည်ဟူသည့် ဉာဏ်စဉ်ပေါ်ထွန်းရန် ပြုလုပ်ရခြင်းဖြစ်၏။ တစ်နည်းအားဖြင့် လောက
သဘာဝအတွင်းတွင် အနန္တစွမ်းအားရှင်ဟု အမှန်တကယ်ခေါ်ဆိုထိုက်သည့် လူသားသည် လက်တွေ့ရုပ်ဘ၀ဖြစ်
သည့် သမုတိပညတ်နယ်ပယ်၌ အသုံးချရန်အလို့ငှာ ခေတ္တယာယီသတ်မှတ်ထားသည့် ငါတည်းဟူသော အတ္တအမှန်
တကယ်မရှိကြောင်းကို မေ့ပျောက်မသွားစေရန် ဆွလာသ်ဘာဝနာနှင့် ထိမ်းကွပ်ထားရ ခြင်းဖြစ်၏။

ရှင်းဦးအံ့ -

အစ္စလာမ်ဓမ္မက ဤလောကကို ရွံစရာ၊ မုန်းစရာအဖြစ်လည်းကောင်း၊ အပုပ်ကောင်ရုပ်ဆောင်နေသည့် ထွက်ပြေး


ပုန်းရှောင်သင့်သည့် ဒုက္ခဘောင်ဟူ၍လည်းကောင်း၊ အပျက်တရားတို့ စုဝေးရာဌာနအဖြစ်လည်းကောင်း၊ အဆိုးမြင်
ဝါဒတည်းစူသော မျက်မှန်စိမ်းကြီးတပ်၍ မရှုမြင်ပေ။ အစ္စလာမ်ဓမ္မက ဤလောကသည် မမြဲကြောင်း၊ ရုပ်၊ နာမ်၊ ဓမ္မ
တို့မှာ သင်္ခါရဖြစ်ကြောင်း၊ ဤလောကတွင်း၌ ကိလေသာကာမဂုဏ်အာရုဏ်တို့ဖြင့် အတိပြီးနေသည့် မာယာ ထောင်
ချောက်တို့ ရှိကြောင်းကို ကောင်းစွာအသိအမှတ်ပြု၏။ သို့သော် ဤလောကဒွန်နီယာကို တွယ်စရာ မဟုတ်။ ပယ်
စရာလည်းမဟုတ်သည့် လောကီ၊ လောကုတ်နှစ်ဖြာ နှစ်ဌာနအတွက် ဖွံ့ဖြိုးတိုးတက်မှုရရန် အသုံးချရ မည့်နေရာ
အဖြစ် ခံယူထား၏။

ယင်းသို့ တွယ်စရာပယ်စရာမဟုတ်သည့် လောကဒွန်နီယာတွင် နိစ္စဓူဝ ရုပ်တရားတို့လှုပ်ရှားပြီး ရုန်းကန်ရှင်သန်ရန်


အတွက် တကယ်အစစ်အမှန်မရှိသော ငါတည်းဟူသည့် အတ္တအား ခေတ္တယာယီ သမုတိနယ်ပယ်၌ အသုံးချရန်
အလို့ငှာ သမုတ်ရ၏။ ဤတကယ်မရှိသည့် ငါတည်းဟူသောအတ္တအား အဟုတ်တကယ်ရှိသည်ဟု စွဲမှတ်မသွား
စေရန် ဆွလာသ်တည်းဟူသော ဘာဝနာဖြင့် အနတ္တဉာဏ်ကိုရှင်သန်ရန် အားထုတ်ရခြင်းဖြစ်၏။ အစ္စလာမ့်ဓမ္မက
အနတ္တတရားကို ဉာဏ်ရည်အနုအရင့်မရွေး၊ လူတန်းစားမရွေး နားလည်သဘောပေါက်စိမ့်သောငှာ အရာရာသည်
လူ့အလိုအတိုင်းမဖြစ်၊အလ္လာဟ့်အလိုအတိုင်းသာဖြစ်၏ဟု ရှင်းလင်းစွာဖော်ညွှန်းထား၏။ ဤဉာဏ်ထွန်းတောက်ရန်
ဆွလာသ်ဘာဝနာပွားရခြင်းဖြစ်၏။
မဟာတမန်တော်မြတ်က အိ-ု ချစ်သားတို့ မောင်မင်းတို့၏ အိမ်ရှေ့၌ နက်ရှိုင်းကြည်လင်ပြီး တသွင်သွင်စီးနေ သော
စမ်းချောင်းတစ်ခုရှိငြားအံ့၊ အဆိုပါစမ်းချောင်းတွင် တစ်နေ့ငါးကြိမ်၊ ငါးခါရေချိုးသန့်စင်မှုပြုလုပ်ပါက၊ရုပ်ခန္ဓာကိုယမှ်
ချေးညှော်အညစ်အကြေးတို့သန့်စင်ပပျောက်ပြီးသကဲ့သို့ တစ်နေ့ငါးကြိမ် ဆွလာသ်တည်ဆောက်ခြင်း ဖြင့်

http://islaminmyanmar.blogspot.com 10
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

မောင်မင်းတို့နှလုံးသား၌ ကပ်ညိနေသော ချေးညှော်တို့ သန့်စင်ပပျောက်၍ ၀ိဇ္ဇာဉာဏ်အလင်း ထွန်းတောက်ပွင့်


ပေါ်ပေအံ့ ဟု မိန့်မြွတ်တော်မူခဲ့၏။

မဟာတမန်တော်မြတ်ကြီးက အခြားသြ၀ါဒတော်တစ်ပါးတွင် -

ရုပ်ခန္ဓာကိုယ် သန်မာထွားကြိုင်းလာရန်အလို့ငှာအစာအာဟာရကို မှဝ


ီဲရဘိသကဲ့သို့ နှလုံးသားအတွင်း၌ နာမ် တရား
အကြည်ဓာတ်ထွန်းတောက်လာရန်နာမ်အာဟာရအဖြစ်ဆွလာသ်ဘာဝနာကို ပွားများရာ၏ ဟု မြွတ်ကြားတော် မူခဲ့
၏။ အခြားသြ၀ါဒတစ်ခု၌မူ ခန္ဓာကိုယ်နာမကျန်းဖြစ်ကဆေးဝါးများဖြင့် ကုစားရဘိသကဲ့သို့ နာမ်တရား၌လည်း နာမ
ကျန်းဖြစ်တတ်၍ဆွလာသ်ဘာဝနာဖြင့် ကုစားရ၏ ဟု မိန့်တော်မူခဲ့လေသည်။

အလ္လာဟ်နှင့် စကားခွန်းတုံ့မြွတ်ကြားလိုလျှင် ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်ရ၏။ အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်လို


လျှင် ဆွလာသ်ဘာဝနာပွားများရ၏ဟူ၍လည်းကောင်း၊ ဆွလာသ်ဘာဝနာပွားများမှုသည် မေ့အ်ရာဂ်ျ (အရှင့်အား
ဖူးတွေ့ရမှု) ပင်ဖြစ်၏ ဟူ၍ လည်းကောင်း၊ သြ၀ါဒတော်တို့တွင်ရှိကြောင်း လေ့လာမှတ်သားရပါသည်။

မှတ်ချက်။ အလ္လာဟ်နှင့် စကားပြောခြင်း၊ အလ္လာဟ်နှင့် ဖူးတွေ့ရခြင်း စသည်တို့မှာ လုံးကောက်တိုက်ရိုက် မ


ဖွင့်ဆိုအပ်ကြောင်းကို ဆရာကဲ့သို့သော ပညာရှိတစ်ဥိးအနေဖြင့် သိရှိမည်ဟု ကျွန်တော်ယူဆလိုပါသော်လည်း
ဆရာ၏စာအုပ်တစ်နေရာတွင် အလ္လာဟ်ကို မံသစက္ခုရုပ်မျက်စိဖြင့် တွေ့လိုပါသဖြင့် ခရစ်ယာန်သာသနာဘောင်သို့
ဝင်ရောက်ပြီး နေနှစ်ခြင်းခံခဲ့ရသည်ဟု အံ့ဖွယ်ရာ ဖတ်ရှုလိုက်ရပါသည်။ ရုပ်နာမ်ဓမ္မ သင်္ခါရတို့မှ ကင်းစင်လွတ်
မြောက်တော်မူသော အသင်္ခတဂုဏ်တော်ရှင်ကို ရုပ်မျက်စိဖြင့် မည်သို့မျှ မြင်တွေ့နိုင်လိမ့်မည်မဟုတ်ပေ။ စက္ခုအာရုံ
ဖြင့် မည်သို့မျှ မြင်တွေ့နိုင်မည်မဟုတ်ပေ။ စက္ခုအာရုံဖြင့် မြင်တွေ့နိုင်သောအရာမှာ ရုပ်ဝတ္ထုဘောင်၏ နယ်ပယ်
အတွင်းမှ အရာများသာလျှင်ဖြစ်ပေမည်။ သို့တင
ိုအောင် ရုပ်တရား၏ အစွယ်အပွားဖြစ်သည့် စွမ်းအင် (Energy)
များကိုပင်လျှင် ရုပ်မျက်စိဖြင့် မမြင်တွေ့ပေ။ ချစ်ခြင်း၊ မုန်းခြင်း၊ သနားခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်း၊ ပညာရှိခြင်း၊
ပညာမဲ့ခြင်း စသည့်နာမ်ပိုင်းဆိုင်ရာ ခံစားမှုများကိုလည်း ရုပ်မျက်စိဖြင့် မည်သို့မျှ မြင်နိုင်စွမ်းမရှိပေ။ အာရုံငါးပါးမှ
တစ်ပါးပါးဖြင့် စူးစမ်းလိုသည့်အရာကို အခြားအာရုံတို့ဖြင့် မစောကြောနိုင်ပေ။ ဥပမာ-မွေးရနံ့တစ်ခုကို မျက်စိဖြင့်
မြင်လို့မရသလို နားဖြင့်လည်း မည်သို့မျှကြားလို့ရမည်မဟုတ်ပေ။ ထိုနည်းတူစွာ ချိုသောအရာတစ်ခုကို နှာခေါင်းဖြင့်
အနံ့မခံရသလို လက်ဖြင့်လည်း ထိတွေ့စမ်းသပ်နိုင်မည်မဟုတ်ပေ။

အစ္စလာမ့်တရားသည် ရုပ်တရားနှင့် နာမ်တရားနှစ်မျိုးလုံးကို မမြဲဟု အပြတ်အသား ခံယူထားပါသည်။ မြဲသည့် အ


ရာမှာ ရုပ်တရား၊ နာမ်တရားတို့နှင့် လားလားမအပ်စပ်သည့် အသင်္ခတ ဂုဏ်တော်ရှင်သာ ဖြစ်ပါသည်။ သို့အတွက်
ကြောင့် အသင်္ခတဂုဏ်တော်ရှင် အလ္လာဟ်အရှင်မြတ်နှင့် စကားပြောခြင်း၊ ထိုအရှင်အား ဖူးတွေ့ခြင်း၊ နီးစပ်မှုရှိခြင်း
စသည်တို့မှာ သစ္စာတရားကို ကိုယ်တွေ့ကြုံဆုံမျက်မှောက်ပြုခြင်းကို တရားပရိယာယ် တန်ဆာဆင်၍ သင်္ကေတ
ဆောင်ကာ ဖော်ညွှန်းထားခြင်းဖြစ်ကြောင်းကို သိထားအပ်ပါသည်။

ဆွလာသ်ဘာဝနာပွားများရန်အတွက် ၀တ်ကျောင်းတော်သို့မထွက်ခွာမီကာလကပင် မိမိ၏စိတ်၌ ဆွလာသ် ဘာဝ


နာ ပွားများလတ္တံ့ဟု စေတနာပြဌာန်းမှု (နိယသ်) ပြုရပေရာ နှလုံးသား၌ ကပ်ငြိနေသည့် အ၀ိဇ္ဇာစေတသိတ်တို့
ပျောက်ကွယ်ကာ ကိလေသာကင်းရှင်းသည့် စိတ်အစဉ်တို့ ထုံမွှန်းလျက်ရှိလာပေသည်။ ဤသို့ရည်စူးမှုပြုပြီးနောက်
ဝတ်ကျောင်းတော်ရှိရာသို့ လျှောက်လှမ်းသွားသည့် ခြေလှမ်းတိုင်းတွင် ထိ-သိ၊ သတိအစဉ်ရှိကာ အရှင့်ရှေ့တော်
မှောက် ခစားဝင်ရောက်ရတော့မည်ဟူသော အနတ္တဉာဏ်များ တဖွားဖွားဒပေါ်ပေါက်၍လာပေမည်။

http://islaminmyanmar.blogspot.com 11
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

ဝတ်ကျောင်းတော်သို့ရောက်သည်နှင့် ခြေနင်းနှစ်ဖက်ကိုချွတ်ပြီး အတွင်းသိဝ


ု့ င်ရပေမည်။ ခြေနင်းနှစ်ဖက်ကို ချွတ်ရ
ခြင်းမှာ ရိုသေလေးစား ဂါရ၀တရားထားမှုကို ဖော်ပြနေခြင်းဖြစ်သလို ယင်း၏နောက်၌ အလွန်နက်ရှိုင်း ကျယ်ပြော
သည့် တရားသဘောများလည်း ရှိနေပေသေးသည်။ ယင်းတို့အား အငွေ့အသက်မျှ ဖော်ပြရသော် ဤဘ၀၏ စည်း
စိမ်ချမ်းသာကို အလိုရမက်ထား၍ ဤဆွလာသ်ဘာဝနာကို ဆောက်တည်ပွားများရခြင်းမဟုတ်ဘဲ မည်သည့် အကျိုး
မျှ မမျှော် အရှင့်အတွက်သက်သက် ဘာဝနာပွားများရန် အဓိဌာန်ပြုခြင်းကို ခြေနင်းနှစ်ဖက်အား စွန့်ပယ်ခြင်းဖြင့်
သင်္ကေတဆောင်ထားသည်။

ရှင်းဥိးအံ့ -

အစ္စလာမ့်ဓမ္မတွင် အကုသိုလ်စိတ်ထက် ကုသိုလ်စိတ်က မြင့်မြတ်သည်ဟု ခံယူထားသလို ကုသိုလ-် အကု သိုလ်ကို


လွန်မြောက်သည့်အဗျာကထာအငြိမ်းစိတ် နဖ်စေမွတ်သမအင်နာက အမြတ်ဆုံးဖြတ်သည်ဟု ခံယူထား၏။
The gole of the Quest is for Self to Step aside and let the Absolute know it Self through it
Self. Some Worship through their fear of Hell, Seeing in Salvation an ample boon, And Orther
Worship that they may do Well In Paradise and bask till noon In the Meads, Then drink of Selsebil
[a Fountain in Paradise] I Keep not HEAVEN or HELL in View. For naught I’ll Change my Love: Thou
me. IN spirit, blood, bone, breath, through and through Hast Penetrate Even So A through Friend
must through be.
နောင်ကြုံကြို့်သည့်အခါ ဤကိစ္စနှင့် ပတ်သက်၍ ကျမ်းကိုးကျမ်းကား ခိုင်လုံတိကျစွာဖြင့် ဆွေးနွေးတင်ပြပါ
ဦးမည်။

ဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်သည့်အခါတွင် ထားအပ်သည့်စိတ်ထားကို မွတ်စလင်မ်ရဟန္တာ တစ်ပါးက


ဤသို့ ဖော်ညွှန်းထားပေသည်။ အရှင့်စခန်းသို့ရောက်သည့်အခါသင့်ကိုယ်သင်ထားခဲ့၍ အထဲသ၀င်
ို့ လော့ [Leave
your Self and go inside ] ခေတ္တယာယီသတ်မှတ်ထားသည့် ငါတည်းဟူသောအတ္တအား ထားခဲ့၍ အလ္လာဟ့် ဗီဇ
အသင်္ခတဓာတ်ဖြင့်သာ အထဲသို့ဝင်လေ-ဟု ဆိုလိုသည်။

ဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ပြီးသည်နှင့် သန့်စင်မှုလုပ်ငန်းကို စတင်ရ၏။ အစ္စလာမ်ဓမ္မက ရုပ်နှင့်နာမ်ကို


တသီးတခြားအဖြစ် မမှတ်ယူသောကြောင့် ရုပ်ခန္ဓာကိုယ်သန့်စင်ရေးမှာ နာမ်ခန္ဓာသန့်စင်ရေးနှင့် တစ်ဆက်တည်း
တစ်ဖြတ်တည်းဖြစ်နေပေသည်။ ဆွလာသ်ဘာဝနာမပွားများမီ ရေအားဖြင့် ခန္ဓာကုယ
ိကို သန့်စင်မှု ပြုရပေသည်။
ယင်းသို့ ရေကိုမကိုင်မီကပင် ရေကိုကြည့်၍ ၀ိပဿနာဉာဏ်တင်ရ၏။ ခန္ဓာကိုယ်ချေးညှော်တို့ကို ဆေးကြော သန့်
စင်နိုင်သည့်ရေသည် အလွန်လေးနက်သောတရားသဘောတို့နှင့် အတိပြီးနေသော သင်္ကေတပုံ ဆောင်မှု တစ်ခုပင်
ဖြစ်သည်။ အလွန်ကျယ်ပြောသည့် တရားနက်တို့ကို ကုယ
ိစားပြုထားသည့် ရေ အား လွတ်မြောက်တော် မူကြကုန်
သော မွတ်စလင်မ်ရဟန္တာတို့၏ ဖွင့်ဆိုမှုကို စတိသဘောဖြင့် တင်ပြပါမည်။

ရေဆိုသည်မှာ ပရမတ်ထိုးထွင်းဉာဏ်၊ ၀ိဇ္ဇာဉာဏ်တို့အား သင်္ကေတဆောင်ထားခြင်းဖြစ်၏။ ရုပ်ခန္ဓာကိုယ်မှ ချေး


များကို ဆေးကြောသည့်ရေနှကင့် တစ်ချိန်တည်းမှာပင် နှလုံးသား၌ ကပ်ညိနေသည့် အစွဲဥပဒါန်နှင့် ကိလေသာ ကာ
မဂုဏ်အာရုံတို့ကို ဆေးကြောသန့်စင်စေရမည်။

http://islaminmyanmar.blogspot.com 12
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

ဆွလာသ်ဘာဝနာမပွားမီကပင် အလွန်နူးညံ့သိမ်မွေ့လှသည့် ဉာဏ်စဉ်တို့ကိုပေါ်ထွန်းလာအောင် ပြင်ဆင်ရ


ကြောင်းကို အထက်၌ အကျဉ်းမျှတင်ပြပြီးဖြစ်ရာ နာမ်မှာဉာဏ်ကပ်၍ ပွားများရသည့် ဆွလာသ်ဘာဝနာမှာ မည်မျှ
အဆင့်မြင့်သည်ကို ဆရာ့အနေဖြင့် သဘောပေါက်လောက်ပြီဟု ယူဆပါသည်။

ထို့ကြောင့် ဆွလာသ်ဘာဝနာကျင့်စဉ်နှင့် ပတ်သက်၍ မွတ်စလင်မ်ပရမတ်ဉာဏ်ရှင်တစ်ပါး၏ ဖွင့်ဆိုမှုကို အမြည် သ


ဘောမျိုးဖြင့် တင်ပြပါမည်။ နတ်ဘုရားဆိုးကြီးအား မျက်မာန်ပြေစေဖို့အတွက် ဦးချဝတ်တွားတောင်းပန် နေသည့်
လုပ်ရပ်နှင့် လားလားမျှမအပ်စပ်သည့် ဆွလာသ်ဘာဝနာ၏ ကိုယ်ဟန်အနေအထားစခန်း အဆင့်ဆင့်မှ ဦးချမှုနှင့်
မတ်တပ်ရပ်မှုနှစ်မျိုးအကြောင်းကိုသာလျှင် တင်ပြပါမည်။
He is Prostrate with regard Unto the Truth, Upright with regard Unto Creation, extinct
[eaven as a divine-Qulaity is extinct] in the Transcendent One-ness, Subsistent in the Immanent
One-ness. Thus is the prostration of the Gnostic Uniterrpted, and their Union Knoweth no
Separation. The Truth hath slain them with a death that Knoweth no resurreation. Then he hath
given them Life, Endless Life, That Knoweth no death.

ဆွလာသ်ဘာဝနာသည် လူသားအား သင်္ခတဘုံဖြစ်သည့် စကြ၀ဠာအနန္တ၊ ကမ္ဘာအနန္တတွင် အမြင့်မြတ်ဆုံး ဖြစ်


ကြောင်းကိုသိရှိ [Realize] ရန် ဉာဏ်ရည်ကိုမြှင့်တင်ပေးသည့် ကျင့်စဉ်ဖြစ်ပါသည်။ ဆွလာသ်ဘာဝနာတွင် သီလ
ခန်းလည်းပါရှိ၏။ (နမာဇ်တွင်းတွင် ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော ကံသုံးပါးလုံးကို သန့်ရှင်းလုံခြုံ အောင်
စောင့်ရှောက်ရ၏။) သမာဓိခန်း (စိတ်ကိုလွင့်ပြန့်ခြင်းမရှိစေရန်၊ ဖြူစင်သောကုသိုလ်စိတ်၌ အာရုံတည်နေရန် စိတ်ကို
ငြိမ်သက်အောင် ထိန်းရ၏။) နှင့် ပညာခန်း (၀ိ=အထူး၊ ပဿနာ=ပွားများခြင်းဟူသော ဉာဏ်စခန်းမှာ ဆွာလာသ်
၏အဓိကအခန်းဖြစ်၏။ လူသားကို ပရမတ်ထိုးထွင်းဉာဏ်ပွင့်လင်းရန် တဖွကရ် ရှုမှတ်ပွားများရမည်ကို ကျမ်းမြတ်
ကုရ်အာန်၌ အကြိမ် (၇၀၀)ကျော် (၈၀၀)နီးပါး ညွှန်ကြားထား။)များလည်းပါရှိပေရာ အထွတ်အမြတ်ဆုံးကျင့်စဉ်ဟု
ဆိုအပ်ပေသည်။

ဆွလာသ်ဘာဝနာ၏ အထွတ်အထိပ်မှာ ဘာဝနာကိုအဆုံးသတ်ရာ၌ ပြုလုပ်ရမည့် မေတ္တာပို့သမှုပင်ဖြစ်၏။ ဘာဝနာ


ခန်းပြီးဆုံးချိန်တွင် မိမိလက်ယာ၊ လက်ဝဲဘက်ရှိ ကိုယ်စောင့်နတ်အပါအ၀င် စကြ၀ဠာအနန္တ၊ ကမ္ဘာအနန္တမှ သဗ္ဗေ
သတ္တာဝေနေယျသတ္တ၀ါအပေါင်းတို့အား လက်ယာ၊ လက်ဝဲခွဲခြမ်းပြီး မေတ္တာပို့သရပါသည်။ ဤမေတ္တာ ဘာဝနာမှာ
မေတ္တာစေတောဝိမုတ္တိ ဟူသည့် ဒုက္ခဆင်းရဲအပေါင်းတို့မှ ကင်းငြိမ်းစေသည့်၊ လွတ်မြောက်မှုတိုင်အောင် ဆိုက်
ရောက်နိုင်သည့် ဘာဝနာဖြစ်၏။ ဤအဆင့်မျိုးရောက်မှသာလျှင် အစ္စလာမ်တည်းဟူသော သန္တိသုခအငြိမ်း ဓာတ်ကို
ထိုးထွင်းပညာသိဖြင့် သိရှိနားလည်နိုင်ပေမည်။

တစ်ချိန်က ဆရာဝေဖန်တိုက်ခိုကခဲ့သည့် ရှင်ဥက္ကဋ္ဌတပည့်များက ဆုတောင်း၊ ဆုပေးမှုကို သမုဒယတဏှာ အားပေး


သော ဣစ္ဆိတံ၊ ပတ္တိတံ၊ အတ္တ၀ါဒ (လေပေးလေယူ) ဗြဟ္မဏ၀ါဒီ၊ ထာဝရ၀ါဒီတို့၏ အလုပ်ဟူ၍ အလုပ်ဟူ၍ စွပ်စွဲ
ထားပါသည်။

ထေရ၀ါဒဗုဒ္ဓတရားတော်အရ ဘုရားဟောပါဠိတော်များဖြစ်သော ပရိတ်တရားကို ရွတ်ဆိုပွားများ၍ ဘုရား၊ တရား၊


သံဃာရတနာသုံးပါးကြည်ညိုမှု စေတနာ၊ သဒ္ဓါနှင့် မေတ္တာ၊ သစ္စာစသော ကုသိုလ်တရားတို့၏ စွမ်းအားကြောင့် ဖြစ်
ပွား ငြိတွယ်လာသည့် အန္တရာယ်တို့ကို ပျောက်ကွယ်ကင်းရှင်းနိုင်သည်ဟုဆို၏။

http://islaminmyanmar.blogspot.com 13
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

ထေရ၀ါဒဗုဒ္ဓတရားတော်မရ နာမ်တရားတို့သည် အသုံးပြုတတ်ပါက အလွန်အစွမ်းသတ္တိရှိကြသည်။ လောကသား


တို့ အားထားရာဖြစ်သော မြတ်စွာဘုရားကိုယ်တိုင်လည်း နာမ်တရား၏ စွမ်းအားကို အသုံးပြုတော်မူသည်။ မဟာ
ပရိနိဗ္ဗာန်သုတ်တော်ကို ကြည့်ရှုလျှင် အားတော်ကုန်ခန်း၍ မလှမ်းမကြွနိုင်လောက်အောင်ဖြစ်နေသော ကိုယ်တော်
ကို ဖလသမာပတ်ဟူသော သမာဓိနာမ်တရားဖြင့် ဖာထေးဖွဲ့ စပ်ပေးသဖြင့် ဆယ်လတိုင်တိုင် ကြံ့ခိုင်စွာ တည်နေ
တော်မူနိုင်၍ ခရီးဒေသစာရီကြွချီတော်မူလျက် တရားဒေသနာများစွာ ဟောကြားတော်မူနိုင်ခဲ့ကြောင်း တွေ့ရ၏။

ထို့ပြင်လည်း ဗုဒ္ဓ၀ါဒ၌ ဆန္ဒ၊ ၀ီရိယ၊ ပညာဟူသော နာမ်တရားတို့ကိုပွားများနေလျှင် ဘုရားကိုယ်တော်မြတ်သည်


အားယုကပ်ကုန်ဆုံးအောင်ပင် တည်နေတော်မူနိုင်ကြောင်း ဟောတော်မူ၏။ ယင်းဆန္ဒ၊ စိတ္တ၊ ၀ီရိယ၊ ပညာ ဟူသော
နာမ်တရားတို့ကို ဣဒ္ဓိပါဒ်ဟုဆိုရသည်။ ဣဒ္ဓိပါဒ်ဟုဆိုရသဖြင့် တန်ခိုးပြာဋိဟာဟုမမှတ်ရာ၊ နာမ်တရားတို့၏ အစွမ်း
သတ္တိကြီးမားပုံကို မြတ်စွာဘုရားသည် အခါများစွာဟောကြားတော်မူလေ့ရှိသည်။ ဤပရိတ်ရတ
ွ်ခြင်းဟူ သည်မှာ
လည်း ဖော်ပြပါ စေတနာ၊ သဒ္ဒါ၊ မေတ္တာ၊ သစ္စာနာမ်တရားဖြစ်၍ ယင်းနာမ်တရားတို့သည် ဘာဝနာသို့ မရောက်
သေးသည့်တိုင်အောင် ကြိမ်ဖန်များစွာ ပွားများ၍နေလျှင် ထူးခြားသောစွမ်းသတ္တိရှိကြောင်း ထင်ရှားလှသည် ဟု
လည်း ဆိုထား၏။

စေတနာ၊ သဒ္ဒါ၊ မေတ္တာ၊ သစ္စာဟူသော နာမ်တရားများသည် အဇ္ဈတ္တသဘာဝကို ထိခိုက်စိမ့်ထုံသွားအောင် စူးစူး


စိုက်စိုက် ရွတ်ပွားခြင်းသည်ပင် ဆန္ဒ၊ စိတ္တ၊ ၀ီရိယ၊ ၀ိသမဟူသော ဣဒ္ဓိပဒအဖြစ်သို့ရောက်ကာ အကျိုးပြီးမြောက်
ရခြင်းမျိုးပင်ဖြစ်သည်။

ဗုဒ္ဓ၀ါဒ၌ ရဟန်းရှင်လူသူငါကစ လောကသားမှန်သမျှသည် အလိုက်အကြိုက်အမျိုးမျိုးရှိရာ မိမိတို့လိုလားချက်၊ ရည်


မှန်းချက် ပန်းတိုင်ရရှိရေးအတွက် ရည်ညွှန်းခြင်း၊ စိတ်ညွတ်ခြင်း၊ စိတ်ကိုဆောက်တည်ခြင်း၊ စိတ်၌ထားခြင်း၊ စိတ်
ကို ပွားများစေခြင်း၊ တောင့်တခြင်း၊ လွန်လွန်ကဲကဲပြုခြင်းကိုပင် (အဓိကာပရိဏိဓာန)ဆုတောင်းခြင်းဟု ဆိုရသည်။

ထိုသို့ဆုတောင်းရာ၌ လူ၊ နတ်၊ နိဗ္ဗာန်ချမ်းသာကိုရစေနိုင်ရန် အထောက်အပံ့ပြုနိုင်သော ဒါန၊ သီလ၊ ဘာဝနာ


အလုပ်တို့ကို ပြုလုပ်၍ ဆုတောင်းကြ၏။ အောက်ထစ်ဆုံးအနေအထားဖြင့် ရတနာသုံးပါးကို ရှိခိုးကန်တော့ခြင်း
(ပဏာမ) ကုသိုလ်ကိုပြုလုပ်ပြီးမှ ဆုတောင်းကြ၏။ ကုသိုလ်တစ်ခုခု၊ အကျင့်တစ်ခုခုမပြုကျင့်ဘဲ မည်သည့် ဗုဒ္ဓ ဘာ
သာတို့ကမျှ လက်ဖြန့်မတောင်းကြချေ။

ဆုတောင်းခြင်းနှင့် ပတ်သက်၍ ဘုရားရှင်ကိုယ်တော်တိုင် သိကြားမင်းအားဆုပေးခဲ့သော ထုံးရှိပေသည်။

ဧ၀ံသုခိဟောတု ပဉ္စသီခသတ္တောဒေ၀ါနမိန္ဒောသာမစ္စောပရိဇနောပဉ္စသီခ၊ ကောင်းပေပြီ၊ နတ်တို့ကို အစိုးရသော သိ


ကြားမင်းသည် အမတ်နှင့်တကွ အခြံအရံပရိတ်သတ်နှင့်တကွ ချမ်းသာပါစေသတည်း။

ဘုရားရှင်သည် မိမိထံတော်မှောက်သို့ကပ်ရောက်လျက် ရှိခိုးသောသူ၏နာမည်ကိုခေါ်၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ


ခြင်းရှိပါစေသတည်းဟု ဆုပေးစကားမြွတ်ကြားတော်မူလေ့ရှိ၏။ ဤသည်မှာ ဗုဒ္ဒ၀ါဒ၏ ဆုတောင်းမှုသဘော တရား
အချုပ်ဖြစ်သည်။ အစ္စလာမ်ဓမ္မကလည်း ဘာအလုပ်မှမလုပ်ဘဲ လက်ဖြန့်တောင်းခြင်းကို အားမပေးချေ။ ကိုယ်စွမ်း၊
ဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်ပြီးမှ ဆုတောင်းရန်ကိုလည်း တိုက်တွန်းထားပါသည်။ God help who help themse
levs ဟူသည့် ကိုယ့်ကိုယ်ကို အားကိုးရန်လည်းအမြဲညွှန်ပြလေ့ရှိပါသည်။ သို့သော် မိမိကိုယ်မိမိကက
ိုွးယ်ရာ ဆိုသည်
ကိုတော့ အတိုင်းအတာတစ်ခုထိသာ လက်ခံပါသည်။ ရုပ်နာမ်နှစ်ပါးလုံးမမြဲ၍ ကိုယ့်ကိုယ်ကို၌ တကယ် အားထား

http://islaminmyanmar.blogspot.com 14
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

လောက်သည့် အရာဘာမျှမရှီပါ။ ရုပ်စွမ်းအား၊ နာမ်စွမ်းအား (နာမ်စွမ်းအား၏ အစွမ်းထက်မှုကို ရုပဝ


်ါဒနိုင်ငံများမှ
သိပ္ပံပညာရှင်များကပင်လျှင်အသိအမှတ်ပြုကြပေသည်။ရုပ်ကိုနိုင်သည့် စိတ်တန်ခိုး Power Of Mind Over Matter
(Or) Psychokenasis သည် သေရွာကိုလည်းလွန်သည့်စွမ်းအင်ထူးဖြစ်ကြောင်းကိသေငယ်
ု ဇော်နှင့်မျော်နေသည့်
လူနာများအား သုတေသနပြုကြသည့်ဆေးသိပ္ပံနှင့် ပရစိတ္တဗေဒပညာရှင်များကုDeath bed Experience များအား
စူးစမ်းလေ့လာပြီး သုံးသပ်ထား၏။

သေရွာလွန်သည့် စွမ်းအင်ထူးမှာ ရုပ်ကိုတည်ပြီး၊ မှီပြီးမှ နာမ်ဓာတ်ဖြစ်ရသည်။ ရုပ်ရှိမှ နာမ်ရှိနိုင်သည် ဟူသည့်


သတ်မှတ်ထားချက်တို့အား တက်တက်စင်အောင် လွဲမှားကြောင်း သက်သေပြခဲ့သည်။ သေသည့်သူထံမှ
ထွက်သွားသည့်စွမ်းအင်ထူးတွင် အလေးချိန်ရှိသည်။ တီဗဖ
ီ န်သားပေါ်တွင် ဖမ်းယူလို့ရ၏။ ဓာတ်ပုံရိုက်လို့ရ၏။
အားတိုင်းစက်နှင့် တိုင်းသောအခါ အစွမ်းထက်သောအားဖြစ်ကြောင်းသိရ၏။ ရှင်နေသူများ၏ Astral Projection,
out of body experience နှင့် လူတစ်ကိုယ်မှ ခန္ဓာကိုယ်အမြောက်အများခွဲပြသည်Bilocation
့ စသည့် Phenomena
တို့မှာ parapsychology နယ်ပယ်မှ စူးစမ်းချက်များသာမဟုတ်တော့ပေ။
ရုပ်ကိုသာလေ့လာသည်ဟုထင်ရသည်သိ
့ ပ္ပံဗေဒတစ်ခုလုံးသည်World beyond the atom ပရမာအဏုမြူ၏ ဟိုမှာ
ဘက်ကို စူးစိုက်ထိုးဖောက်ပြီး Para-physics, Para-Chemistry, စသည်ဖြင့် Para-Science ဟူသော ရုပ်လွန် နယ်
ပယ်သို့ ဆိုက်ရောက်လျက်နေပါပြီ)။ ကံအလုပ်စွမ်းအားတို့ကို အစ္စလာမ်က အသိအမှတ်ပြုသော်လည်း ယင်းစွမ်း
အားတို့ထက် စူးရှထက်မြက်သည့် စွမ်းအားအားလုံးတို့၏ မူလပကတိစွမ်းအားကြီးမျာ အရာရာကို လွှမ်းခြုံ စိုးမိုး
ကြောင်းနှင့် ယင်းအသင်္ခတ၊ နိဗ္ဗာနစွမ်းအားသည်သာလျှင် ကိုးကွယ်ရာအစစ်အမှန်၏ ဂုဏ်တော်တစ်ခုဖြစ် ကြောင်း
ကို အလေးအနက်ထားကာ သွန်သင်ထားပေသည်။

ယခုဆက်လက်၍ ဖန်ဆင်းမှုသဘောတရားနှင့် ပတ်သက်၍ အနည်းငယ်ဆွေးနွေးလိုပါသည်။ ဖန်ဆင်းမှု ဟူသော


မြန်မာဝေါဟာရကို အသုံးပြုလိုက်သဖြင့် ဆရာမျက်စိထဲတွင် မျက်လှည့်ဆရာတစ်ဦးက လေဟာနယ်ထဲမှ ပစ္စည်း
တစ်စုံတစ်ရာကို ယူပြသကဲ့သို့ ဗြဟ္မာကြီးက ဥုံဟဲံ၊ ဖွဟဲ့ နှင့် ဒီကမ္ဘာကြီးကို ဖန်ဆင်းသည်ဟု ယူဆမည်မှာ အလွန်
သဘာဝကျပါသည်။ စကြ၀ဠာအနန္တဖြစ်ပေါ်ထင်ရှားမှုဖြစ်စဉ်မှာ အလွန်ကျယ်ဝန်းနက်ရှိုင်းသဖြင့် အကျဉ်း သဘော
ကိုသာလျှင် တင်ပြပါမည်။

စကြ၀ဠာအနန္တမှ အရာခပ်သိမ်းတို့သည် ပရမ်းပတာ ဆင်ကန်းတောတိုး၊ မြေစမ်းခရမ်းပျိုးသလို ဦးတည်ချက် ပန်း


တိုင်မဲ့စွာ စည်းကမ်းကလနားမရှိဘဲ၊ ဖြစ်ချင်သလိုဖြစ်ပျက်နေခြင်းမဟုတ်ကြောင်း မည်သည့်အယူအဆကမျှ ငြင်း
ဆိုမည် မဟုတ်ပေ။ ဤကဲ့သို့ အနေအကန်းသဘောမျိုးမဟုတ်ဘဲ ဧကန်သဘောနှင့် ဖြစ်ပျက်နေ၍ သဘာဝ ဟု ခေါ်
ဆိုခြင်းမဟုတ်ပါလော။ ဖြစ်ချင်သလိုဖြစ်ပျက်နေသည်ဆိုပါလျှင် အ-သဘာဝဟု ဆိုဖွယ်ရာသာရှိပေသည်။

အဆိုပါသဘာဝကြီးသည် တိကျပြတ်သားသည့် ဥပဒေသနိယာမအတိုင်း ဖြစ်နေခြင်းကိုလည်း ငြင်းချက် ထုတ်မည့်


သူမရှိဟု ဆိုရပေမည်။ သဘာဝဥပဒေသ နိယာမတို့ကိုကျူးလွန်ကာ မည်သည့်အရာမျှ မဖြစ်ပျက်နိုင်၊ လူသားတို့က
အဆိုပါ ရှိပြီးဖြစ်နေသော သဘာဝနိယာမတို့ကို မစောကြောမရှင်းလင်းနိုင်သေး၍ သဘာဝမကျသည့် (Abnormal)
သဘာဝနှင့် ဆန့်ကျင်သည့် (Un-natural)သဘာဝ၏အပြင်ဘက်မှ (Super Natural ) ဖြစ်ရပ်များရှိသည်ဟု လူ
သားတို့က သတ်မှတ်ခြင်းဖြစ်၏။ လူသားတို့တွေ့ရှိပြီးသည့် သဘာဝနိယာမတို့နှင့် တိုင်းတာပြီးအဖြေပေး၍ မရသော
ဖြစ်ရပ်များ မြောက်မြားစွာရှိလေရာ ယင်းတို့သည် သဘာဝတရား၏ ဥပဒေသနိယာမတို့၏ ထိန်းကျောင်း မှုအောက်
မှ လွတ်မြောက်၍ ဖြစ်လိုရာဖြစ်နေသည်ဟု မဆိုနိုင်ပေ။ ယင်းဖြစ်ရပ်တို့ကို လွှမ်းမိုးသက်ရောက်နေသည့် သဘာဝ
နိယာမ တို့ကို လူသားတို့မတွေ့ရှိသေး။ နားမလည်မရှင်းသေး၍သာဖြစ်၏။

http://islaminmyanmar.blogspot.com 15
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

ထို့ကြောင့် ယင်းဖြစ်ရပ်တို့ကို ယနေ့သိပ္ပံ၊ ၀ိဇ္ဇာပညာရှင်တို့က သဘာဝကို ဆန့်ကျင်သည့် ဖြစ်ရပ်များအဖြစ် မသတ်


မှတ်တော့ဘဲ လူသားတို့တွေ့ရှိပြီးသော နိယာမတို့နှင့် ကိုက်ညှိ၍နရသေးသည့် လူသားတို့ဆင်ခြင်တုံတားမှ အခြေ
ခံ၍ သတ်မှတ်ထားသည့် သဘာဝကိုကျော်လွန်းနေသည့်ဖြစ်ရပ်များ (Para-Normal Phenomena) ဟု ခံယူထား
ပေသည်။

အဆိုပါသဘာဝနိယာမတို့၏ သြဇာသက်ရောက်မှုအောက်၌ အထိန်းအကျောင်းနှင့် စည်းကမ်း၊ ကလနား ကျနစွာ


ဖြစ်ပျက်နေသည့်အတွက် သဘာဝတရားကြိးကို ကြုံကြိုက်တိုက်ဆိုင်မှဖြစ်သည့် (Co-incident) ဖြစ်ရပ် အဖြစ်
လည်းကောင်း၊ မတော်တဆ (accident) ဖြစ်သည့် ဖြစ်ရပ်အဖြစ်လည်းကောင်း လက်မခံနိုင်တော့ပေ။

သဘာဝနိယာမရှိသည်ဟု ယူဆလက်ခံလျှင် ယင်းသဘာဝနိယာမကို ပြဌာန်းသည့် အကြောင်းတရားလည်း ရှိရမည်


ကို ငြင်းကွယ်၍ရနိုင်မည်မဟုတ်ပေ။ ကြောင်းကျိုးဖြစ်စဉ်နိယာမ (Law of Causation) မှာလည်း အလွန် ခိုင်ခံ့သည့်
အယူအဆတစ်ခုဖြစ်ပါသည်။ အကြောင်းတရားနှင့် အကျိုးတရားတို့ ဆက်စပ်ဖြစ်ပေါ်မှုသည် ကြုံကြိုက် တိုက်ဆိုင်
မှုမျိုး၊ မတော်တဆသဘောမျိုးမဟုတ်ဘဲ တိကျပြတ်သားသည့် နိယာမလမ်းကြောင်းအတိုင်း စည်းကမ်း နည်းလမ်း
တကျဖြစ်ပေသည်။
အဆိုပါသဘာဝနိယာမတို့ စတင်သက်ဝင်လှုပ်ရှားရန် ပြဌာန်းလိုက်သည့် (First Impulse) မူလဘူတ ပကတိ
စွမ်းအားကို ကွန်းဖယကွန်း ဖြစ်စေ၊ ဖြစ်နေသည် (Be and It is) ဟူသည့် အမိန့်တော် (Divine Command) အဖြစ်
အစ္စလာမ်ဓမ္မက ဖွင့်ဆိုထား၏။

ရုပ်ကလာပ်နှင့် နာမ်ဓာတ်အစုတို့တွင် သူ့သဘောသူဆောင်ကာ (တစ်နည်း အခြားသဘောတစ်ခုမဆောင်နိုင်ဘ)ဲ


လုပ်ပိုင်ခွင့်ကိုလည်း ဗျာဒိတ်ခံလာခဲ့သည်ဟု အစ္စလာမ်ကခံယူသည်။ Be and It is ဆိုရာတွင် ပစ္စုပ္ပန် ကာလကို
သဒ္ဒါသဘောအရ ပြဆိုနေ၍ အရဗီသဒ္ဒါတွင် ပစ္စုပ္ပန်ကာလကိုပြဆိုသောပုဒ်သည် အနာဂတ်ကာလ အတွက်လည်း
အတူတူပင်ဖြစ်၏။ ထို့ကြောင့် ဖြစ်ပေါ်ထင်ရှားမှုဖြစ်စဉ်ကြီးသည် Continuous အဆက်မပျက် တရစပ်ဖြစ်ပျက် နေ
သော ဖြစ်စဉ်ပင်ဖြစ်သည်။

တဖန် အလ္လာဟ်၏ဂုဏ်တော်တစ်ပါးမှာ ရဗ္ဗ ဟူ၍ဖြစ်၏။ ဆိုလိုသည်မှာ အဆင့်ဆင့် ဆင့်ကဲမြင့်တက်ဖြစ် ပေါ်


ထင်ရှား စေသောအရှင် (The Evolver) ဟူ၍ဖြစ်ပေသည်။

အိမ်တစ်လုံး၊ စားပွဲတစ်လုံးကိုပင် ဆောက်လုပ်သူရှိရမည်ဟု လက်ခံထားသောဆရာ့အတွက် စကြ၀ဠာ အနန္တသည်


အကြောင်းတရားနှင့် အကျိုးတရားတို့ ကြုံကြိုက်တိုက်ဆိုင်မှုကြောင့်ဖြစ်ပေါ်လာရသည်ဟူ၍ ယူဆမည် မဟုတ်ဟု
ကျွန်တော်ထင်ပါသည်။ စကြ၀ဠာအနန္တရျိ သြကာသလောက၊ သတ္တလောက၊ သင်္ခါရလောကတို့၏ အလွန်ရှုပ်ထွေး
နက်နဲ (Complex) သာဖြစ်တည်မှု (Existence) ကိုမဆိုထားနှင့် နာရီတစ်လုံးကိုပင် တစ်စစီဖြုတ်ပြီး ခွက်တစ်ခု
တည်းတွင် ထည့်ထားကာ လှုပ်ပေးနေပြီး ကြုံကြိုက်တိုက်ဆိုင်သည့်အခါ နာရီတစ်လုံးဖြစ်ပေါ်လာမည်ဟု မျှော်လင့်
နေပါလျှင် ဤမျှော်လင့်မှုမှာ ကျိုးကြောင်းမဆီလျော်ကြောင်း တွေ့ရပေမည်။

ဆန်းကြယ်လှသည့် သဘာဝဓမ္မအတွင်းမှ သက်ရှိကလပ်စည်းကလေးတစ်ခုဖြစ်ပေါ်ရန်အတွက် Blind forces of


nature ၏ natural selection ကြောင့် ကြုံကြိုက်တိုက်ဆိုင်မှုဖြစ်ရပါသည်ဟူသည့် အယူအဆသည် ရုပ်တရား ကို
သာလျှင် အသိအမှတ်ပြုသည့် ရုပ်ဝါဒီသိပ္ပံပညာရှင်တို့၏ အသိုင်းအ၀ိုင်း၌ပင် လက်ခံမည့်သူမရှိ သလောက် ဖြစ်နေ

http://islaminmyanmar.blogspot.com 16
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

ပေသည်။ Faleh-Ulah Khan ဟူသည့် ပညာရှင်တစ်ပါးရေးသားသည့် The Holy Quran and the hereafter
[publish-ed by Wajidalis limited 1982) ၌ပါရှိသော တွေ့ရှိချက်အချို့ကို ကောက်နှုတ်တင်ပြ ပါမည်။

British Astronomer sir Fred Hoyle and Sri Lanka born Astronomer Chandra Wickrama Single have
written an amazing book just published in English under the title (Evolution from space) which
reveals that life-creating Gold exist. One of the big surprises of the creation science trial in Arkarsas
last December, 1981, was the appearance, as a – key witness against Darwinnian Evolution, of
Chandra Wickrama Singhe, a diatinguished astrophysicist from University College, Cardiff, in Wales.
Even more Surprising was his revelation that he and his eminent collaborator, Sir Fred Hoyle both
former disbelievers in a life-creating God, are now persuaded that such God exists. Not only that
but they believe that the existence of a Creator can be estabilished by mathematics, with a
probability greater than 1040,000(10 followed by 40,000 zeros) to 1.

They claimed that natural laws cannot account for life’s origin, and that Darwininan natural
selection cannot explain its development.

Their argument is a mathematically sophisticated form of barrel, gose a faimiliar version, and you
can shake a barral until Doomsday without producing a watch. Holy’s favourite analogy concerns
Rubik’s Cube. Give a Scrambled Cube to a blind folded person, let him make a random move each
second and it will take a hundred times as long as the age of the earth to wolve the cube. Life
depends on long amino-acid chains, each link selected from 20 possibel amino-acid. Calculation
show, Hoyle reported that the chance of forming a typical chain by randomly combining amino acids
are about the same as the chances of solving Rubik’s cube by haphazard twists.

Hoyle declared that an intelligence within the universe is directing the constat creation of
microorganisms in intersteller gas.

He say there is no way a Darwinian struggle for survival can explain the emergence of Mozart, a
Shakespeare or a Karl Friendrich Gauss.

အကြောင်းတရားမဲ့သည့် ပထမဥိးဆုံးသောအကြောင်းတရား (The Un-caused First cause) အယူအဆ ကို လက်


ခံသူများရှိသလို ငြင်းချက်ထုတ်သူများလည်းရှိပါသည်။ သို့သော် စကြ၀ဠာအနန္တမှာ ကြုံကြိုက်တိုက်ဆိုင်၍ မတော်
တဆ ဖြစ်ပေါ်လာသည်ဟူသည့် အယူအဆကိုမူ လက်ခံနိုင်သူ အလွန်ရှားပါး၍လာပေပြီ။

ကျမ်းမြတ်ကုရ်အာန်၌ ရုပ်ကြမ်းစကြ၀ဠာကြီးမှာ မူလတစ်စုတစ်ဝေး တည်းပင်ဖြစ်ကြောင်း၊ နောက်မှ ပြန့်ကား ကွဲ


ထွက်၍ အပိုင်းအပိုင်းအစစဖြစ်သွားကြောင်း၊ ရေမှအသက်ဓာတ်ဖြစ်လာကြောင်း စသည့်ခေတ်သိပ္ပံပညာပင် ရှာမ
တွေ့နိုင်သည့် အရာများကို ဖော်ပြထားပါသည်။ အကျယ်လေ့လာနိုင်ရန် ဤစာအဆုံး၌ ခေါင်းစဉ်အလိုက် စာအုပ်
စာရင်း ပြုစုပေးပါမည်။

http://islaminmyanmar.blogspot.com 17
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

ဆရာ့စာအုပ်တွင် ဖန်ဆင်းမှုသဘောတရားနှင့် အာဒံ၊ ဧ၀တို့၏ဖြစ်စဉ်ကို အလွန်အထင်မြင်သေးကြောင်း ပေါ်လွင်နေ


ပါသည်။ ဗုဒ္ဓဘာသာ ကျမ်းစာတို့တွင်လည်း စကြ၀ဠာဖြစ်ပေါ်မှုနှင့်ပတ်သက်၍
(၁) စကြ၀ဠာအစနှင့် ပတ်သက်၍ ဗုဒ္ဓမိန့်ခြွေတော်မူခြင်းမရှိဘဲ မေးလာသောအခါ ဆိက်ဆိက်နေတော်
မူသည် Noble silence ဟူ၍လည်းကောင်း၊
(၂) သံသရာ၏အစကို သိစရာမလို ယင်းမှ လွတ်မြောက်ရာကိုသာ အားထုတ်သင့်ကြောင်းကို မြားမှန်
သည့်လူနာ၏ ဥပမာနှင့် ဟောကြားခဲ့ကြောင်း မြားဒဏ်ရာကို ကုရန်သာအရေးကြီး၍ မြားဘယ်ကလာသည်
ကို သိဖို့မလိုဟူ၍လည်းကောင်း၊
(၃) ဓာတ်ကြီးလေးပါးတို့ အကြောင်းတရားနှင့် အကျိုးတရားတို့ ညီညွတ်တိုက်ဆိုင်မှုကြောင့် စကြ၀ဠာ
ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မည်သည့်ဖန်ဆင်းရှင်မှမရှိဟူ၍ တိတိပပဟောထားသည်ဟူ၍လည်းကောင်း
အနိဿဝါဒ၊
(၄) ကမ္ဘာပျက်ပြီးတဖန်တည်ထောင်လာပုံကိုလည်း စိတ်ဝင်စားဖွယ်ရာ ဟောထားသည်ဟူ၍လည်း
ကောင်းတွေ့ပြန်ရာ အမှတ်စဉ် (၄) နှင့်စပ်လျဉ်း၍ အနည်းငယ်ဆွေးနွေးတင်ပြလိုပါသည်။

ကမ္ဘာပျက်ပြီး၍တဖန်တည်ထောင်လာပုံကိုဟောပြခြင်း

တပည့်တို့ ဤဓာတ်ကြီးလေးပါးသင်္ခါရတရားတို့သည် အဘယ်ကဲ့သို့ဖြစ်ပြီး၍ပျက်သနည်းဆိုသော် တပည့်တို့ ဤ


ကမ္ဘာမှ ရှေးအနန္တရ ဒုတိယကမ္ဘာကြီးကို မီးတွေလောင်၍ အကုန်လုံးပျက်စီးကုန်ကြသည်။

စကြ၀ဠာကုဋေတစ်သိန်းလုံူး အကုန်ဘာမျှမကျန်ဘဲ မီးတွေလောင်၍ ပျက်စီးချုပ်ပျောက်၍ ကုန်သည်၊ စကြ၀ဠာ ကု


ဋေတစ်သိန်းကိုခံ၍နေသော ယူဇနာလေးသိန်းရှစ်သောင်းအထူရှိသော စကြ၀ဠာခံရေပြင်ကြီးသည်လည်း နှစ်ပေါက်
လောက်မျှမကျန် အကုန်ခမ်းခြောက်ပျောက်၍ကုန်သည်။ လူ့ဘုံနတ်ပြည်ခြောက်ထပ် ပထမဈာန် ဗြဟ္မာဘုံသုံး ဘုံ
အထိ ရှိရှိသမျှသော အစိုင်အခဲ၊ အထည်ဝတ္ထု၊ သင်္ခါရတရားတွေသည် အကုန်လုံးမီးတွေလောင်၍ ကုန်သည်။ မီး
သွေးမျှလည်းမကျန်ပြီ၊ ပြာမျှလည်းမကျန်ပြီ၊ အကုန်လုံးချုပ်ပျောက်၍ကုန်လေ၏။ အထက် ကောင်းကင်နှင့် အောက်
ကောင်းကင်တစ်စပ်တည်းစပ်လျက် ဟာလာဟင်းလင်း အမိုက်တိုက်ကြီးအထိဖြစ်နေလေ သည်။ အပါယ်လေးဘုံ
သတ္တ၀ါ၊ လူသတ္တ၀ါ၊ နတ်သတ္တ၀ါ၊ ပထမဈာန်ဘုံ ဗြဟ္မာသတ္တ၀ါတွေလည်း အကုန်လုံး သေကြေပျောက်ပျက် ကြ
လျက် အထက်တတိယဈာန်ဗြဟ္မာဘုံစသည်တို့ကိုရောက်ရှိ၍ ဗြဟ္မာတွေချည်းဖြစ်ကြ လေကုန်၏။ များသောအား
ဖြင့် အဟာရဿရဗြဟ္မာဘုံသို့ ရောက်ရှိကြလေကုန်၏။

တပည့်တို့ ဤမီးလောင်ပြင် ဟာလာဟင်းလင်းကြီးထဲ၌ မှောင်ရုပ်မီးကလပ်တွေသာကျန်ရှိ၍ နေလေတော့၏။ ဤ


မှောင်ရုပ်မီးကလပ်တွေကို ကောင်းကင် အာကာသဓာတ်ဟူ၍ခေါ်ဆိုရေတွက်ကြ၏။ တပည့်တ-ို့ ဤကဲ့သို့ မီးတွေ
လောင်၍ပျက်စီးသည့်နောက် ရှည်စွာသောအဓွန့်ကာလကိုလွန်သောအခါ အထက်ပိုင်းမှောင်ရုပ် မီးကလပ် တို့သည်
အအေးဓာတ်ကဲ၍ အောက်ပိုင်းမှောင်ရုပ်မီးကလပ်တို့သည် အပူဓာတ်လွန်ကဲလျက်တက်၍ သိတမီးဓာတ်နှင့် အထိ
တွင် ချွေးပြန်လျက် အရည်ဖြစ်၍ ကမ္ဘာပြုမိုးကြီးရွာသဖြင့် အောက်ကိုလည်း ယူဇနာကိုးသိန်း ခြောက်သောင်း အထု
ရှိသော လေပြင်ကြီးအထိ၊ အထက်ကိုလည်း ပထမဈာန်ဗြဟ္မသုံးဘုံအထိ နံဘေးထက်ဝန်းကျင်ကိုလည်း စကြ၀ဠာ
ကုဋေ တစ်သိန်း မီးလောင်ရာဌာန အကုန်လုံး ရေတွေပြည့်၍နေလေသည်။

နတ်ဗြဟ္မာဘုံတို့၏တစ်ဖန်ဖြစ်လာပုံကိုပြခြင်း

http://islaminmyanmar.blogspot.com 18
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

တပည့်တို့ ထိုရေတွေသည် လှိုင်းထလျက် အနယ်ကျပြီးပြစ်ချွဲကာ တဖြည်းဖြည်း ခမ်း၍ခမ်း၍လျော့ကျလာ သဖြင့်


ရှည်စွာသောအဓွန့်ကာလကိုလွန်သောအခါ ပထမဈာန်ဗြဟ္မာဘုံနေရာအောက်သို့ ရောက်၏။ ထိုအခါ ထိုပထမ ဈာန်
ဘုံနေရာ၌ သတ္တ၀ါမှ ဆိတ်သောဗြဟ္မာဘုံဗိမာန်တို့သည် ဘွားကနဲ၊ ဘွားကနဲဖြစ်ပေါ်လာကြကုန်၏။ ထိုအခါ အ
ထက်ဗြဟ္မာဘုံတို့မှ ဗြဟ္မာသတ္တ၀ါတို့သည် စုတေသေဆုံး၍ သတ္တ၀ါမှဆိတ်သော ဤနတ်ဘုံဗိမာန်သို့ ရောက်၍
ဝဿ၀တီနတ် ဖြစ်ကြကုန်လေ၏။ ဤနည်းတူ နိမ္မာနာရတိနတ်ဘုံ၊ ကုဿိနတ်ဘုံ၊ ယာမာနတ်ဘုံ၊ တာဝတိံသာ
နတ် ဘုံ၊ စတုမဟာရာဇ်နတ်ဘုံတို့သည် ဖြစ်ပေါ်လာကြကုန်၏။

ဤနည်းတူတပည့်တို့ ရေတို့သည် တဖြည်းဖြည်းခန်း၍ ခန်း၍လျော့ကျလာသဖြင့် ဟိမ၀န္တာတောင်ရွှံ့ခဲနှင့် အခြား


တောင်ငယ်တို့သည်လည်း အစဉ်အတိုင်းဖြစ်ပေါ်၍လာကြကုန်၏။ မြင်းမိုးရ်တောင်မှလေးပါးသော မျက်နှာတို့၌ ကျွန်း
ငယ်ငါးရာစီ အခြံအရံနှင့်တကွ ကျွန်းကြီးလေးကျွန်းတို့ ဖြစ်ပေါ်လာကြကုန်၏၊ အရှေ့ကျွန်း၊ အနောက်ကျွန်းတို့ကား
ယူဇနာခုနှစ်ထောင်စီကျယ်၏။ မြောက်ကျွန်းကား ရှစ်ထောင်ကျယ်၏။ တောင်ကျွန်း တစ်သောင်းကျယ်၏။ (မှတ်
ချက်။ ။ ကမ္ဘာဂြိုဟ်ကိုမဆိုထားနှင့် ကမ္ဘာအပါအပင် နေမိသားစုတစ်ခုလုံးသည်ပင်လျှင် စကြ၀ဠာ၏ အလယ်ဗဟို
မဟုတ်ကြောင်းကို ခေတ်သိပ္ပံ (Cosmology) ကဆိုထား၏။

နေလတို့၏ အကျယ်အ၀န်းနှင့် ပတ်သက်၍ ဒေါက်တာမင်းတင်မွန်က သူ၏ ရှေးဘ၀နောက်ဘ၀ သိပ္ပံနည်းကျ အ


ထောက် အထားများ စာအုပ်တွင် ဤသို့ရေးသားထားပါသည်။

လူတို့၏အမြင်အရ လပြည့်ဝန်းသည် နေ၀န်း၏အရွယ်နီးပါးမျှရှိ၏။ ထို့ကြောင့် ကျမ်းဂန်တွင် (၄၉) ယူဇနာ ကျယ်


ဝန်း၍ နေ၀န်းသည် (၅၀) ယူဇနာကျယ်ဝန်းသည်ဟု ဖော်ပြထား၏။ မျက်မြင်အားဖြင့် လ၀န်း၊ နေ၀န်းတို့ထက် အဆ
ပေါင်းများစွာ ပိုပြီးကျယ်သော ကမ္ဘာမြေကြီးသည် ယူဇနာတစ်သောင်းကျယ်သည်ဟု ဆိုထား၏။

သိပ္ပံပညာ၏ စူးစမ်းချက်အရ ကမ္ဘာမြေကြီး၏အချင်းမိုင် (၈၀၀၀)၊ လ၀န်း၏အချင်းသည် မိုင် (၂၀၀၀)၊ နေ၀န်း၏


အချင်းသည် ကမ္ဘာ့အချင်းထက် အဆပေါင်းများစွာပိုကြီး၏။

The Working People’s daily Friday 4th Marth 1988 တွင် ဆောင်းပါးရှင် Tint Lwing က The day the sun
makes its first appearancefs ဆောင်းပါးတွင် Indian Cosmology, as many other doctrinal aspects of
Hindusim, Jainism and Buddhism has its source in the Vedas ဟူ၍လည်းကောင်း the earth is flat and
round, above which lies the heaven traversed by the sun, moon and stars, in the space between
the earth and haven dwell demigods such as yaksas and gandnorvas ဟူ၍လည်းကောင်း the basis
cosmological doctrine is recorded in the Aggama Sutta of the Digha Nikaya. This Sutta Fondly
referred to by TW Rhys Davids, as book of Genesis ဟူ၍လည်းကောင်း Then appears disc ofsun, 50
yojanas in diameter, which do aways with their fear and make them brave (sura). Suddenly the disc
of the moon 49, yojanas in diameter, appears. Since the moon appears as though knowing their
wish (Chanda) they call it chanda. Appearance of stars and constellations also takes place. This
giverise to day and night and in due course the month, the half-month, the seasons and the years.
On the day the sun and moon appear, Sineru the world system and the Himalays appears. ဟူ၍

http://islaminmyanmar.blogspot.com 19
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

ဖော်ပြကာ အထက်ပါအယူအဆကို Encyclopaedia of Buddhism ဟုခေါ်သည့် Vissuddhimamagga ကောက်


နှုတ်သည်ဟု ရေးသားထားပါသည်။

ဤအယူအဆမျိုးမှာ တက္ကသိုလ်မှ နှိုးဆော်သံပေး၍ သိပ္ပံနည်းကျ အထောက်အထားရှာနေသော ဒေါက်တာ


မင်းတင်မွန်ကဲ့သို့သော ပညာရှင်တစ်ဦးအတွက် အတော်ပင်ဦးနှောက်ခြောက်စရာဖြစ်ပေမည်။

တပည့်တို့ အောက်ရေထဲသို့ ယူဇနာ ရှစ်သောင်းလေးထောင်စူးဝင်သော် မြင့်မိုရ်တောင်ခြေအဆုံးတွင် ရေမခဲ ခင်က


ရေ၏အတွင်း၌ လေပြင်းမုန်တိုင်းကြီးထလျက် ရေတို့ကိုတိုက်လွင့်ဖယ်ရှား၍ ထက်ဝန်းကျင်ယူဇနာ တစ်သောင်းတိုင်
တိုင် ကျယ်အောင် လေခဲလေပြင်းကြီးဝပ်၍ နေပေသည်။ နောင်အထက်အောက်နံဘေးတို့မှ ရေတွေခဲ၍ သွားသော
အခါ ဤလေပြင်ကြီးသည် ချုပ်ပျောက်ငြိမ်သက်၍သွားသဖြင့် ဥမင်လှိုဏ်ခေါင်းကြီးဖြစ်၍ အသူရာတို့နေရာ ဘုံ ဖြစ်
လေ၏။

ဤ ငါတို့ဇမဗ္ဗူဒီပါကျွန်းမြေမှအောက်သို့ ယူဇနာ တစ်သောင်းငါးထောင်မျှလောက် နက်သောနေရာ၌ လေပြင်း မုန်


တိုင်း ထပြီးလျှင် ၀ပ်၍နေရာ သချုင်္ီင်းငရဲဘုံကြီးဖြစ်နေ၏။ ဤနည်းတူကာလသုတ်သံဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊
တာပန၊ မဟာတာပန၊ အ၀ီစိဟု ငရဲကြီးခုနှစ်ထပ်ဖြစ်ပေါ်လာ၏။ ထို့ပြင် နဂါးတွေနေစရာ ဥမင်လှိုဏ် ငယ်တွေလည်း
မဟာပထ၀ီမြေကြီးထဲ၌ များစွာရှိကုန်သေး၏။

ကမ္ဘာဖန်ဆင်းသည့်လက်သည်ကိုထုတ်ပြခြင်း

တပည့်တ-ို့ ဤစကြ၀ဠာလောကကြီးကို ပြုပြင်ဖန်တီးသောသူကား အခြားသူမဟုတ် စိတ်တည်း။ အဘယ်သူ၏ စိတ်


နည်းဆိုသော် ဤစကြ၀ဠာကမ္ဘာလောကထဲသို့ ပြန်၍ဖြစ်လာလတ္တံ့သော အလုံးစုံသောသတ္တ၀ါတို့၏ စိတ်အစု ပေ
တည်း။ ထိုစိတ်သည် မိမိကိုယ်တိုင် ပြုလုပ်ဖန်ဆင်းသည်မဟုတ်၊ မိမိအလိုရှိသမျှအလုံးစုံကို ကံအားဖြင့် ပြုလုပ် ဖန်
ဆင်းစေ၏။ ထိုကံသည် စိတ်ခိုင်းတိုင်း မီးဓာတ်ဟူသော ဥတုအားပြုလုပ်ခိုင်း၏။ စိတ်၏အရှင် သခင်နှင့်တူ၏။ ကံ
သည် လက်သမားဆရာကြီးနှင့်တူ၏။ ဥတုသည် လက်သမားဆရာကြီး၏ လက်အောက် တပည့်ကြီးနှင့်တူ၏။

(မှတ်ချက်။ ။ အစ္စလာမ် ဓမ္မက မမြဲသောစိတ်အကြောင်းကို အမြဲတစေဆုံးမသွန်သင်နေ၏။ ထိုမြဲခြင်းမရှိသောစိတ်၌


ဤမျှစွမ်းအားရှိလျှင် စွမ်းအားအပေါင်းတို့၏ မူလဘူတပကတိဖြစ်သော မြဲသောအသင်္ခတ ဂုဏ်တော်ရှင်၏ စွမ်းအား
ကို ငြင်းပယ်ရန် အတော်ပင်ခက်ခဲပေလိမ့်မည်။)

ငရဲကိုအလိုရှိသောသူကိုပြခြင်း

တစ်ဥိးသောသူသည် တစ်ဦးသောသူကို နှိပ်စက်ညှင်းဆဲ၏။ ထိုအနှိပ်စက်ခံရသူသည် မိမိကိုနှိပ်စက်ညှင်းစဲ တတ်


သော ထိုရန်သူကြီးကို ကြီးစွာသောဘေးဖြင့် နှိပ်စက်ခြင်းငှာ ကြီးစွာသောဘေးကိုအလိုရှီသဖြင့် ဘေးတကာတို့ တွင်
အကြီးဆုံးဖြစ်သော ငရဲကို အလိုရှိသည်ပင်ဖြစ်၏။ ထို့ကြောင့် လောက၌ ငါမနိုင်၊ နိုင်သူပေါ်ပါစေ ဟု ကြိမ်း ကြ၏။

http://islaminmyanmar.blogspot.com 20
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

မိမိရန်သူကို နှိပ်စက်ညှင်းစဲနိုင်မည့်သူကို တောင့်တကြလေ၏။ ထို့ကြောင့် အနှိပ်စက်ညှင်းဆဲခံရသူ တို့သည် ငရဲကို


အလိုရှိကြကုန်၏။

ကမ္ဘာဦးအခါ လူ့ပြည်၌ လူဖြစ်ပုံကိုပြခြင်း

တပည့်တို့ ဤသို့သိတ်စိတ်သည် ပြုပြင်ဖန်ဆင်း၍ဖြစ်ပေါ်လာသော ဤလူ့ဘုံ၌ နေ၊ လ၊ နက္ခတ်တာရာ မဖြစ်ပေါ်


လာမီ အတန်ကြာက အထက်ဗြဟ္မာဘုံတို့မှ ဗြဟ္မာသတ္တ၀ါတို့သည် သက်တမ်းကုန်သဖြင့် စုတေသေဆုံး၍၊ ဤ
လူ့ပြည် ကျွန်းမြေပေါ် ဥပပတ်ပဋိသန္ဒေအားဖြင့် လူသတ္တ၀ါဖြစ်၍ဖြစ်၍ လာကြကုန်၏။ ထိုကမ္ဘာဦးသူတွေကား
ယောက်ျား အင်္ဂါလည်းမပါ၊ မိန်းမအင်္ဂါလည်း မပါ ဗြဟ္မာကြီးတွေ အသွင်သဏ္ဍာန်ကဲ့သို့ လုံးချောကြီးတွေတည်း၊
အ၀တ် ပုဆိုးကိုလည်း မ၀တ်ကြချေ။ အစာအာဟာရကိုလည်း မှီဝဲခြင်းမရှိဘဲ ဗြဟ္မာတို့ကဲ့သို့ ပိတိသက္ခဖြင့်သာလျှင်
အတန်ကြာကာလကို လွန်စေကုန်၏။ ကောင်းကင်၌လည်းသွားနိုင်၏။ နေ၊ လ၊ အလင်းရောင်လည်းမရှိဘဲလျက် မိမိ
တို့၏ကိုယ်ရောင်အလင်းတို့ဖြင့်သာလျှင် အမိုက်အမှောင်ကို ပယ်ဖျောက်သွားလာနေထိုင်ကြကုန်၏။

ထို့နောက် အတန်ကြာကာလကိုလွန်သောအခါ အလွန်ကောင်းသောအဆင်း၊ အနံ့၊ အရသာနှင့်ပြည့်စုံသော မြေဆီ


မြေလွှာတို့ကို တွေ့မြင်ဖန်များလျှင် ထိုမြေဆီမြေခဲတို့ကို လက်ဖြင့်ကိုင်ယူ၍နမ်းပြီးလျှင် ခံတွင်းသို့စွန့် လေသော်
ကောင်းမှန်းသိလျက် ၀မ်းသို့မျိုသွင်းစားသောက်ကြကုန်၏။ ထိုမြေကြီးဆီခဲကိုစားသောက်လေလျှင် ရုန့်ရင်းသော ရုပ်
တို့သည် ဖြစ်ပေါ်လာသဖြင့် ကိုယ်အရောင်တို့သည် ကွယ်ပျောက်၍ အမိုက်အမှောင်ကြီးအထိဖြစ်သဖြင့် အလွန်
ကြောက်ရွံ့သဖြင့် အလင်းကိုတောင့်တကြ၏။

ထိုအခါ ယူဇနာ ငါးဆယ်အလျား၊အနံကျယ်သော နေ၀န်းကြီးဖြစ်ပေါ်လာ၏။ ထိုကမ္ဘ့ာဦးလူတို့က ဤဗိမာန်ကြီးသည်


ငါတို့အားရဲရင့်ခြင်းကိုဖြစ်စေသောကြောင့် သူရိယ အမည်မှည့်ကြလေကုန်၏။

ထိုဗိမာန်သည် တစ်နေ့လုံးထွန်းလင်းလျက် အနောက်သဝ


ို့ င်၍ ကွယ်လေလျှင် အမှောင်အတိဖြစ်ပြန်သဖြင့် ကြောက်
ရွံ့ခြင်း ဖြစ်ကြကုန်လျက် ငါတို့ကား တစ်ပါးသောအလင်းရောင်းကိုရပါမူကားကောင်းလေစွ ဟုအေးသော အရောင်
အလင်းကို တောင့်တဆဲအခါ ထိုသူတို့၏ဆန္ဒကိုသိဘသ
ိ ကဲ့သို့ နက္ခတ်၊ တာရာ၊ ကြယ်အပေါင်းနှင့်တကွ လေးဆယ့်
ကိုး ယူဇနာကျယ်သော လ၀န်းဗိမာန်ကြီးသည် ဖြစ်ပေါ်လာ၏။ ထိုအခါ ကမ္ဘာဦးသူတို့သည် ဤဗိမာန်ကြီးသည် ငါတို့
၏အလိုဆန္ဒကိုသိဘိသကဲ့သို့ဖြစ်ပေါ်၍လာပေ၏။ ထို့ကြောင့် ဆန္ဒ ဟုအမည်မှည့်ခေါ်ကြလေကုန်၏။ (မှတ်ချက် ။ ။
သိပ္ပံအလိုအရမူ နေ၊ လ၊ နက္ခတ်၊ တာရာများသည် သက်ရှိများမပေါ်ခင်ကတည်းက ရှိနေသည်ဟု ဆို၏။)

ယောက်ျား၊ မိန်းမ စတင်ဖြစ်ပေါ်လာပုံကိုပြခြင်း

ထိုကမ္ဘာဦးလူတို့သည် အာဟာရကိုမဝ
ှီဲခြင်းကြောင့် အချို့သောသူတို့သည် အဆင်းလှကုန်၏။ အချို့သော သူတို့
သည် အဆင်းမလှကုန် ထိုအခါ အဆင်းလှသောသူတို့သည် အဆင်းမလှသောသူတို့ကို မထိလေးစား အောက်မေ့
ကြကုန်၏။ ထိုသို့ မထိလေးစားအတိမာနကြောင့်၊ ရသပထ၀ီမြေဆီတို့သည် ကွယ်လေကုန်၏။ ထိုအခါ အခွန်အဖုံး
လည်းမကပ်သော သလေးဆန်သာသီးသောစပါးပင်တို့သည် ပေါက်လာကုန်၏။ ထိုအခါလူတို့သည် သလေး ဆန်
ထမင်းတို့ကို စားကြရကုန်၏။ ဤသို့ရုန့်ရင်းကြမ်းတမ်းသော သလေးထမင်း အာဟာရမှဝ
ီဲစားသောက် သောအခါ
ကျင်ကြီး၊ ကျင်ငယ်တို့သည်ဖြစ်ကုန်၍ ထွက်စရာအမာဝပြွန်ပေါက်၊ ပြွန်တံတို့သည် ပေါက်ကွဲထွက်လာ ကြကုန်၏။

http://islaminmyanmar.blogspot.com 21
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

မိန်းမဖြစ်ထိုက်သောသူအား မိန်းမ၊ ယောက်ျားဖြစ်ထိုက်သောသူအား ယောက်ျားအသွင်သဏ္ဍာန် အင်္ဂါကြီးငယ်တို့


သည် ဖြစ်ပေါ်လာကြကုန်၏။ လူတို့သည် သက်တမ်းသည် တပိုးထိုးလျက် အသင်္ချေယျတိုင်အောင် တက်သွား၏။
တက်ကပ်၌ အလျင်အမြန်တက်သည်။ ဆုတ်ကပ်၌မူကား တဖြည်းဖြည်းဆုတ်၏။ ရှေးနည်းတူ အသေင်္ချမှသည်
ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှသည် အသင်္ချေယျဟု ဆုတ်ချည်တက်ချည်းသွားသည်ကို အန္တရကပ်ဟုခေါ်သည်။
ထိုကဲ့သို့ အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ်ပြည့်၏။ တစ်ထောင်တမ်းသို့အကျတွင် ကမ္ဘာပျက်၏။ (မှတ်ချက် ။
။ အာဒမ်၊ ဧ၀ဇာတ်လမ်းနှင့်ယှဉ်၍ လေ့လာပါရန်။)

ကမ္ဘာပျက်ပုံအကြောင်းအရာ

တပည့်တ-ို့ ကမ္ဘာပျက်ရာ၌ အချို့သောကမ္ဘာညသည် မီးဖျက်၍ပျက်၏။ အချို့သောကမ္ဘ့ာညသည် ရေဖျက်၍ပျက်၏။


အချို့သော ကမ္ဘာသည် လေဖျက်၍ပျက်၏။ မီးလောင်၍ (၇)ကမ္ဘာပျက်ပြီးမှ (၈)ခုမြောက် ကမ္ဘာသည် ရေဖျက်၍
ပျက်၏။ ထို့နောက် မီးဖျက်၍ ကမ္ဘာ (၇) ကြိမ်ပျက်ပြန်၏။ ခြောက်ဆယ့်လေးခုမြောက် ကမ္ဘာသည် ရေမဖျက်ဘဲ လေ
ဖျက်၍ ပျက်လေ၏။

ကမ္ဘာပျက်ပုံအခြင်းအရာ

အကြင်အခါ၌ အန္တတရာကပ် ခြောက်ဆယ့်လေးကပ်ပြည့်၍ တစ်ထောင်တမ်းသို့အကျတွင် ကမ္ဘာပျက်၏။ ထိုအခါ မ


ပျက်မီ အနှစ်တစ်သိန်းလောက်က ဗြဟ္မာကြီးဟောကြားသဖြင့် ကမ္ဘာပျက်မည့်အကြောင်းသိကြသော နတ်တို့သည်
လူ့ပြည်သို့လာ၍ နီသောအ၀တ်၊ နီသောပန်းကိုဆင်မြန်းလျက် ဆံပင်ဖားလျားချငိုကြွေးပြီး ထိတ်လန့် ဖွယ်အသွင်ကို
ဆောင်ကာ အိ-ု လူအပေါင်းတို့ ဤနေ့မှစ၍ နောက်အနှစ်တစ်သိန်းလွန်လျှင်ကမ္ဘာပျက်လတ္တံ့၊ ယခုငါတို့ နေသော
ကမ္ဘာသည်လည်း မီးဖျက်၍ပျက်လတ္တံ့၊အိ-ု လူအပေါင်းတို့ ဤကမ္ဘာပျက်ဘေးကြီးမှလွတ်မြောက်၍ အထက်ဗြဟ္မပြည်
သို့ ရောက်ရလေအောင်ကုသိုလ်ကောင်းမှုများကိမမေ့
ု ၊ မလျော့အားထုတ်ကြကုန်လော့ ဟု ပြောကြား၍ မိမိ နေရာ
ပြည်သို့ ပြန်သွားကြကုန်၏။

ထိုအခါ လူအပေါင်းတို့သည် အလွန်ထိတ်လန့်ကြောက်ရွံ့ခြင်းဖြစ်ကြသဖြင့် ကုသိုလ်ကောင်းမှုများ လွန်စွာ အား


ထုတ်ခြင်းများကြောင့် ဈာန်တရားများရ၍ သေလွန်သောအခါ အထက်ဗြဟ္မပြည်သို့ ရောက်ကြကုန်၏။

ကမ္ဘာပျက်ပုံအကြောင်းအရာကိုပြခြင်း

အကယ်၍ မီးဖျက်မည့်ကမ္ဘာဖြစ်အံ့၊ နေ (၇) စင်းထွက်၍ မီးတွေလောင်သဖြင့် လူ့ပြည်၊ နတ်ပြည်၊ ပထမဈာန် ဗြဟ္မ


ဘုံ ကိုပါလောင်၍ လောင်စာကုန်သောအခါ မီးလျှံစဲလေ၏။ အထက်ကောင်းကင်နှင့် အောက်ကောင်းကင် တစ်စပ်
တည်း စပ်လျက် ဟင်းလင်းပြင်ကောင်းကင်အမိုကအမှောင်ကြီးအထိ ဖြစ်၍တည်လေ၏။

(သေက္ခုတောင်ဆရာတော်အရှင်တိလောကမထေရ်၏ ပဏ္ဍိတဝေဒနိယဒိပနီကျမ်မ
ှး ကူးယူဓမ္မဒါနပြု ပါသည်။)

နိယာမတရားငါးပါးဖြစ်သည့် ဗီဇနိယာ၊ ဥတုနိယာမ၊ ကမ္မနိယာမနှင့် ဓမ္မနိယာမတို့သည် နိယာမဟူသော ၀ိသေသ


ဖြင့် တွဲဖက်ထားသည့်အလျောက် ဖြစ်ချင်ရာပရမ်းပတာဖြစ်ပျက်နေခြင်းမဟုတ်ကြောင်း ထင်ရှား၏။ တစ်စုံ တစ်ရာ

http://islaminmyanmar.blogspot.com 22
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

သော ထိန်းကျောင်းမှုအောက်၌ အတိမ်းအစောင်းမခံဘဲ သက်ဝင်လှုပ်ရှားနေလေရာ ယင်းတို့ကိုပြဌာန်းသည့် မူလ


ဘူတ ပကတိအကြောင်းတရားသည် မုချမသွေရှိရချေမည်။

ယခုဆက်လက်၍ ဒဿနိကဗေဒနှင့် ပတ်သက်ပြီး အနည်းငယ်တင်ပြလိပ


ုါသည်။ အစ္စလာမ်ဓမ္မက လူ့အတွေ့အကြုံ၊
လူ့အာရုံတို့မှ တဆင့်ခံ၍ သိရှိဖြစ်ပေါ်လာသော ဆင်ခြင်တုံတရား (Reason, Retional Knowledge) မှာ ကန့်သတ်
ဘောင်ခတ်မှုရှိကြောင်းဖြင့် ခံယူထား၏။ ယင်းသို့ လူသား၏ကြောင်းကျိုးဆက်စပ်ပြီး တွေးခေါ်ဆင်ခင်မှုမှ ပေါ်ထွက်
လာ၍ ဆင်ခြင်တုံတရားကိုအခြေခံထားသည့် ဒဿနိကဗေဒမှာ ပြီးပြည့်စုံမှုမရှိနိုင် ကြောင်းကိုလည်း လက်ခံထား၏။
ဆင်ခြင်တုံတရားမှ ပရမတ္တသစ္စာတရားအား ရှာမှီးရာတွင်လိုအပ်သော်လည်း မလုံလောက်ကြောင်းကို အစ္စလာမ်
ဓမ္မက တိတိပပ ဖွင့်ဆိုထား၏။

Dr. Seyed Hossein Nasr က သူ၏ Living Sufism ကျမ်းတွင် ဤတရားကို အောက်ပါအတိုင်း ဖော်ကျူး ထား၏။

The Intellect, the instrument through which this type of Knowledge is obtained, which is at once the
source of revelation and exists microcosmically withinman, must not be mistaken for reason alone.
The aql is at once both intellectus or nous and ratio ro reason. It is both the supernal sun that
Shines within man and the reflection of this sun on the plane of the mind which wel callreason.

Reason, this relection of the Intellect upon the level of the psyche, can then be both an instrument
for reaching the diving truths found inrevelation. (သဗ္ဗညုတဉာဏ်၊ သဗ္ဗ-အလုံးစုံသောတရား တို့၊ ညုတ-လူ
ဆရာမရှိဘဲ၊ ထိုးထွင်းသိမြင်သည့် (တစ်နည်း) ဆရာမကူ သယမ္ဘူဉာဏ်၊ မဟာတမန်တော်မြတ်တို့၏ ရွှေနှလုံးသား
ပေါ်သို့ ဂျီဗရာအီလ်မဟာဗြဟ္မာက တိုက်ရိုက်ဆက်သသည်ဟု သင်္ကေတဆောင်ထားသော တိုက်ရိုက်ထိုးထွင်း
သိဉာဏ်ကို ၀ဟီ ဟု မွတ်စလင်မ်ပရမတ်ဉာဏ်ရှင် အရိယသူတော်စင် ပညာရှင်များက အဌ ကထာပြုဖွင့်ဆို၏။)

Truths which are super-rational but not irrational, and a veil which hides very truths from man.

Muslimsages throughout the age have recognized this two-edged nature of the sword of reason.
Some like Ghazzali, Jalal al-Din Rumi and Fakhr al-Din Razi have emphasized the negative aspect of
purely human reason as veil and limitation and its inability to reach the divine verities.

Rumi in facts was very conscious of the difference between reason (aql-I Juzi) and intellect (aql-I
Kulli) when they said it is reason which has destroyed the reputation of the Intellect.

Other like Ibn Sina, Ibn Arabi and Sadr al Din Shirazi have sought to reach the Intellect through
reason it self, to make use of logic and the retional faculties of man to lead man above and beyond
these faculties and planes.

ဆရာ၏စာအုပ်တွင် အရဗ်အတွေးအခေါ်ရှင်များအကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။ သို့သော် အနောက်


တိုင်းပညာရှင် Orientalists များသည် Version ကိုသာ ကိုးကားထားကြောင်း တွေ့ရပါသည်။ အဆိုပါ မွတ်စလင်မ်

http://islaminmyanmar.blogspot.com 23
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

ဒဿနိက ပညာရှင်တို့၏ မူရင်းကျမ်းမြောက်များစွာမှာ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုပြီး စာအုပ်အဖြစ်ထုတ် ဝေခဲ့သည်


မှာ နှစ်ပေါင်းများစွာ (ရာနှင့်ချီ၍ပင်) ရှိခဲ့ပါပြီ။ ကျမ်းရင်းများကိုလေ့လာပါက ဆရာ့စာအုပ်အတွက် တစ်စုံ တစ်ရာ
သော အထောက်အကူဖြစ်ပါလိမ့်မည်။ ဥပမာ The Pakistan Philosophical Congress, Lahore မှ ထုတ်သည့် Al-
Ghazali ၏ Ta na fut Al-falaeifah [Incoherence of the Philosophers] ဟူသည့်ကျမ်းမှာ စိတဝ
် င်စားဖွယ်ရာ
ပင် ဖြစ်ပါသည်။

ယခုဆက်လက်၍ အစ္စလာမ်၏ အနှစ်သာရဖြစ်သည့် အိလ်မေ့တဆောင်ဝုဖ် ခေါ်ပရမတ်တရား Sufism ကို အငွေ့


အသက်မျှ အနည်းငယ်တင်ပြပါမည်။ ဆရာ့စာအုပ်တွင်လည်း သခင်ကြီးဥိးနု၏ သံတော်ဥိးတင်လွှာကျမ်းမှ ရှရီအတ်၊
သွရီကတ်၊ ဟကီကတ်၊ မာရီဖပ်အကြောင်းကိုဖော်ပြပြီး ယင်းတို့မှာ တပဿီကျင့်စဉ်ဟု စွဲချက်တင်ထား ပါသည်။
ရှရီအတ် မှာ ရုပ်တရားဖြင့် လှုပ်ရှားနေ၍ နိစ္စဓူဝ ကျင့်ဆောင်ရသည့် လူသားတို့အတွက် ကျင့်ရန်၊ ကျဉ်ရန်၊ ဆောင်
ရန်၊ ရှောင်ရန်သတ်မှတ်ထားသည့် ပညတ်ဓမ္မသတ်တို့ဖြစ်ပါသည်။

သွရီကတ် မှာ မဂ္ဂလမ်းဖြစ်ပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင် အပ်(စ်)စွိရာတွလ်မွတ(စ်


် )တကီမ် ဟု ဖော်ညွှန်းထား
သည့် အစွန်းတရားနှစ်ဖက်လွတ်သည့် (အကောင်းနှင့်အဆိုးအကြား ခွထိုင်သည့်လမ်းစဉ်မဟုတ်၊ လောကီ၊ လော
ကုတ်ကို တဖက်စောင်း နင်းကျင့်သည့်လမ်းစဉ်မဟုတ်၊ ပညတ်နှင့် ပရမတ်ကို မျှတအောင်ကျင့်၍ လောကတွင်းမှာ
နေရင်း လောကမှ ထွက်ပြေးပုန်းရှောင်ခြင်း (Escape) မလုပ်ဘဲ လောကကို ရွံ့စရာ၊ မုန်းစရာဟူ၍ ရန်သတ္တုမပြုဘဲ
လောကကိုမတွယ်၊ မပယ်ကျင့်သည့် အတွင်းစွန့်လွှတ်မှု (Inward Renounciation) အကြောင်းသတ် လမ်းစဉ်
ဖြစ်၏) ခန္ဓာကိုယ်ဒဏ်ခတ်ထားခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတည်းဟူသော အစွန်းနှစ်ဖက်ကို လွတ်အောင် ကျင့်
သော Eternal Now နှင့် Infinite Here ကို လက်တွေ့ကျင့်သုံးသည့် ယခုကျင့် ယခုငြိမ်းနိုင်သည့် သန္တိသုခ Islam
ကို ခေါ်၏။

ဟကီကတ် ဆိုသည်မှာ အရာတစ်ခုပေါ်မှာမှီပြီးမှ မှန်သည့် (Relative Truth) မဟုတ်သည့် အများကမှန်ပါ သည်ဟု


ဝိုင်း၍ သမုတ်ကာ မှန်နေသော သမုတိသစ္စာမဟုတ်သည့် ကွဲပြားခြားနားမှု လုံးဝမရှိနိုင်သည့် အချိန်ကာလနှင့်
နေရာဒေသကိုလွန်မြောက်ကာ ဖောက်ပြန်ပြောင်းလဲမှုအလျင်းကင်းသည့် အနန္တပရမတ္တသစ္စာဓမ္မ (Absolute Truth
Ultimate Reality) ကိုခေါ်ခြင်းဖြစ်သည်။

မာရိဖသ် ဆိုသည်မှာ သစ္စာတရားကို ကိုယ်တွေ့ကြုံဆုံ (၀ဆွလ)် ၍ စိတ်နံခါးဖွင့်ကာ ထိုးထွင်းသိမြင်သည့် ၀ိဇ္ဇာ


ဉာဏ် အလင်းကိုခေါ်ပေသည်။

ယင်းတရားတို့ကို ဆရာ့အနေဖြင့် တပဿီကျင့်စဉ်ဟု ယိုးစွပ်ခြင်းမှာ အလွနဝ


် မ်းနည်းဖွယ်ရာဖြစ်ပါသည်။ ကျွန်တော်
တင်ပြခဲ့သည့် အချက်အလက်တိုင်းကို ကျမ်းကိုးကျမ်းကားပြည့်စုံစွာဖြင့် အထောက်အထားပြနိုင်ပါသည်။ စာအလွန်
ရှည်လျားသွားမှာစိုးသဖြင့် ဆရာလေ့လာလိုက လေ့လာလို့ရအောင် ကျမ်းအနည်းငယ်ကို စာရင်းပြုစု တင်ပြပါမည်။

အစ္စလာမ့်ပရမတ္တရားက လူကိုသူ၏ နေရာမှန်၌ ပြန်လည်နန်းတင်သည့်မဟာလူသားကျင့်စဉ်ဖြစ်ပါသည်။ အာဒမ်


တမန်တော်မြတ် နိဗန်ြဘုံမပျောက်ဆုံးမီအဖြစ်ကို ပြန်လျှောက်ရသည့်ကျင့်စဉ် (တစ်နည်း) မလာအေကဟ် (ခေါ်)
မဟာဗြဟ္မာကြီးများက လူသားတို့ကိုကိုယ်စားပြုထားသည့် ဖခင်အာဒမ်ကို ဦးချရသည့်အဆင့်အတန်းမျိုး ရောက်
အောင် ကျင့်ရသည့်ကျင့်စဉ်ဖြစ်၏။ လူ၏ပင်ကိုယ်သဘာဝမှာ ဗမ္ဗူရာဇ်ရွှေကဲ့သို့ စင်ကြယ်သန့်ရှင်း၏။ အ၀ဇ္ဇာ၊ စေတ
သိတ်တို့ ဖုံးလွှမ်း၍ ကိလေသာအညစ်တို့ ထူပြောနေခြင်းကို ကာဖရု ဟုခေါ်ပါသည်။ အဖုံးအလွှမ်း၊ အတားအဆီး

http://islaminmyanmar.blogspot.com 24
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

Veil တို့ဖုံးအုပ်နေသည့်အဖြစ်ကိုခေါ်ခြင်းဖြစ်၏။ အ၀ိဇ္ဇာထုံမွမ်း၍ မောဟဖုံးလွှမ်းနေသော နှလုံးသား ပိုင်ရှင်ကို


ကာဖိရ် ဟုခေါ်ပါသည်။ ဤအဖြစ်မှလွတ်မြောက်အောင် နှလုံးသားအား ဆေးကြောရပါသည်။ ထိုအခါ စိတ်၏ သန့်
ရှင်း စိတဝ
္တိသုဒ္ဓိဖြစ်ကာ ၀ိဇ္ဇာဉာဏ်အလင်းတို့ ထိုးထွင်းပွင့်လင်းလာ၏။ ယင်းသို့ထိုးထွင်းဉာဏ်ပွင့်လင်း သူကို ပြီး
ပြည့်စုံသည့် လူသား Perfect man အင်စာန်နူလ်ကာမိလ် ဟုခေါ်ပါသည်။ ထို့ကြောင့် မဟာတမန်တော်မြတ်
(မုဟမ္မဒ်သခင်) ကြီးက မိမိကိုမိမိသိသောသူသည် မိမိအရှင်အားသိ၏ ဟု မိန့်မြွတ်ထား၏။ အခြားသြ၀ါဒတစ်ခု
ဤလည်း ခန္ဓာကိယ်တွင်း၌ မမြဲသည့် ရုပ်၊ နာမ်၊ ဓမ္မ၊ သင်္ခါရတည်းဟူသော သင်္ခရဓာတ်တို့နှင့် တစ်ဆက်တည်း၊
တစ်ဖြတ်တည်းရှိနေသည်(တစ်နည်း)ယင်းသင်္ခတဓာတ်တို့ ခေတယာယီမြဲရသည့် အကြောင်းရင်းခံဖြစ်သည့်
အလ္လာဟ် ဗီဇအသင်္ခတဓာတ် (ရူဟ် အတ္တ၀ိညာဉ်ကောင်မဟုတ)် ကို ထွန်းတောက်စေရန် မသေမီသေကြလော့ဟု
မိန့်မြွတ်ထား၏။ ယင်းအဆင့်သို့ရောက်ရှိသည့် အရိယာပုဂ္ဂိုလ်ထူးကို ၀လီ၊ ဆူဖီသူတော်စင်ဟုခေါ်ပါသည်။ ၀လီဆို
သည်မှာ အရှင့်အချစ်တော်၊ အဆွေတော်ဟု အဓိပ္ပာယ်ရပါသည်။ ဆရာစွဲချက်တင်သလို တပဿီကျင့်စဉ်ကို ကျင့်၍
လောကီဈာန်တို့ပေါက်မြောက်သည့် ဂန္ဓာရီဝိဇ္ဇာလမ်းမှ ထွက်ရပ်ပေါက်ဘိုးတော်၊ အထက်လမ်းဆရာ မဟုတ်ပါ။

ယခုဆက်လက်၍ ခေါင်းစဉ်အလိုက် ကျမ်းစာရင်းကို ဆရာလေ့လာလိုက လေ့လာနိုင်ရန် တင်ပြပါမည်။


(က) အစ္စလာမ်ဓမ္မသည် Semetic Tradition ဖြစ်သည့် ခရစ်ယာန်၊ ရဟူဒီတို၏တရားများကို သံယောင်လိုက်၍
ရောကြိုထားသည့် တရားသာဖြစ်သည်ဟူသော လိမ္မာပါးနပ်စွာ သွယဝ
ိုက်၍ ဆရာစွဲချက်တင်ထားချက်ကို အောက်
ပါစာအုပ်တစ်အုပ်တည်းကို လေ့လာခြင်းဖြင့်ပင် ချေဖျက်နိုင်ပါမည်။
The Bible the Quran and Science. By Dr.Mourice Bucaille.

(ခ) အစ္စလာမ်ဓမ္မတွင်ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် (Free Will) နှင့် ကံကြမ္မာကြိုတင်ပြဌာန်းမှု (Predestination)


နှစ်မျိုးစလုံး ရှိပါလျက် အစ္စလာမ်ကို Fatalism ၀ါဒသဖွယ် ဆရာ၏ စွပ်စွာထားကိုလည်းကောင်း၊ လူသားများ အ
ဘယ့်ကြောင့် ဆူကြုံနိမ့်မြင့်ကွဲပြားခြားနားနေရသနည်း။ ကမ္ဘာစစ်များ၊ သဘာဝအန္တရာယ်ဆိုး၊ ကပ်ဆိုးများကျ
ရောက်စေသည့် ထာဝရဘုရားကြီး မတရားစသည့် ဦးရွှေဖီခေတ်ကတည်းက ပုဒ်ထီး၊ ပုဒ်မတပ်ကာ စွပ်စွဲထားသည့်
ဓာတ်ပြားဟောင်းကို ခေတ်သစ်သံစုံဖြင့် ဆရာက နူးညံ့သိမ်မွေ့စွာ ပြန်လည်ဆန်းသစ်ထားချက်များကို မျိုးရိုးဗီဇ
ပညာ (Genetic) အနုဇီဝဗေဒ (Microbiology) စသည့် ခေတ်သိပ္ပံပညာနှင့် ကျမ်းမြတ်ကုရ်အာန်မှ အထောက်
အထားတို့ဖြင့် တင်ပြထားသည့် ငြိမ်းချမ်းလုလင်၏ အလ္လာဟ်နှင့် သက်သေလက္ခဏာတော်များကျမ်းနှင့် ချေ ဖျက်
နိုင်ပါ၏။

(ဂ) ဖန်ဆင်းမှုဆင့်ကဲဖြစ်စဉ် (Evolution) စသည်တို့နှင့်ပတ်သက်၍


(၁) God Universe and Man the Holy Quran and the Hereafter. By: Fateh Ullah Khan
(၂) The Origin of man. By: Mouric Bucaille.
(၃) The Quranic Idea of Evolution. By: Muhammad Abudul Quddas.
(၄) Islam on Oringin and Evolution of Life. By M.Ali Khan
(၅) An Introduction to Islamic Cosmolgical doctrines. By Seyyed Hossein Nasr

(ဃ) အစ္စလာမ်ပရမတ်တရားနှင့် ပတ်သက်၍ -


(၁) ခလီဖွာဦးပု၏ ဆွလာတွလ်အာရဖီကျမ်း (ကုန်းဘောင်ခေတ်)
(၂) ဟာဂျီမှန်၏ မြတ်ဆုရလင်္ကာကျမ်း (ကုန်းဘောင်ခေတ်)
(၃) ခလီဖွာဆရာချို၏ ဃရာနာလက်စွဲငါးခဏ်းကျမ်း (သီပေါမင်းလက်ထက်)

http://islaminmyanmar.blogspot.com 25
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

(၄) ကီမရာစဟာဒပ်(Alchmy of happiness) (ဦးရွှေယွန်းမြန်မာပြန်)


(၅) အပ်စရာအေ့မာရီဖပ်ကျမ်း (စီအေဦးဗလွင် မြန်မာပြန်)
(၆) နူရီတိုက်ဖွင့်အလင်းကျမ်း (ဦးအေးလွင် (ဘီအက်စ်စ)ီ )
(၇) အစ္စလာမ်ပရမတ္တဋီကာကျမ်း ဆာလစ်က်မျိုးအောင်
(၈) The Sufis, by Idries shah
(၉) The Book of Certainty. By Abu-Bakr-Siraja-din
(၁၀) Mishkat Al-Anwar, (The nihe for lights) by: Al Ghazzali
(၁၁) The Confession of Ghazzali. By: Al Ghazzali
(၁၂) A Sufi saint of the 20th Century. By: Martin Lings
(၁၃) What is Sufism. By: Martin Lings
(၁၄) Understanding Islam, by: F.Schuon
(၁၅) Islam and the Perennial Philosophy. By: F. Schuon
(၁၆) Esoterism as Principle and as way. By: F.Schuon
(၁၇) Metaphysics of Rumi. By:A.J Arbeery
(၁၈) Discouse of Rumi. By: A.J Arberry
(၁၉) An Introduction to Sufi doctrine. By: Titus Burskhardt
(၂၀) The Sufi Message of Hazarat Inayat Khan 12 vols.
(၂၁) Sufi-expression of the Mystic Quest. By: L.Bakhtiar

(င) ဒဿနိကဗေဒနှင့် ပတ်သက်၍


(၁) A History of Islamic Philosiphy. By: M.Fakhry
(၂) The Reconstruction of religious thought in Islam. By: Dr.Sir.M.Iqbal
(၃) Logic and Transendence. By:F.Shuon
(၄) Studies in Comparative religion (Mataphaysisc, Cosmology, Tradition and Smybolism)
Quarterly magazine. 40 vols.

နိဂုံးချုပ်တင်ပြလိုသည်မှာ ကမ္ဘာပေါ်ရှိ ဘာသာအယူအဆမှန်သမျှတို့သည် သူ့ရှုထောင့်မှသူ နူးညံ့သိမ်မွေ့ ပြီး အ


လွန်နက်ရှိုင်းသည့် အဖိုးအနဂ္ဃထိုက်သည့် အပေါ်ယံသစ် တန်ဖိုးမဖြတ်စကောင်းသည့် တရားအနှစ် အသားတို့နှင့် အ
တိပြီးနေပါသည်။

မိမိစွဲယူထားသည့် အယူဝါဒရှုထောင့်မှ မျက်မှန်စိမ်းတပ်ပြီး မိမိလက်ခံယုံကြည်ထားဥည့် အယူအဆကို ထိုက်တန်


အဖြစ် စံထားကာ တိုင်းထွာတည်းဖြတ်ပြီး မည်သို့ပင်ယဉ်ကျေးသိမ်မွေ့စွာ သွယဝ
ိုက်လှည့်ပတ်ပြီး ဝေဖန်ပုတ်ခတ် စွဲ
ချက်တင်စေကာမူ ယင်းပြုလုပ်ချက်မှာ မည်သည့်ဘာသာကိုမဆို နှစ်နှစ်ကာကာ ယုံကြည်ထားသူ တစ်ဦးအနေဖြင့်
မလုပ်အပ်၊ မလုပ်ထိုက်သည့်ကိစ္စဟု ထင်မြင်ယူဆမိပါသည်။

အနောက်တိုင်း၌ ဘာသာတစ်ခုကို အခြားဘာသာဝင်ပညာရှင်တစ်ဦးက လိမ္မာပါးနပ်စွာဖြင့် ကတ္တီပါ လက်အိတ်စွပ်


ပြီး ထိုးနှက်ခဲ့ခြင်း ကို အောက်ပါအတိုင်း ဘာသာပေါင်းစုံမှ ပညာရှင်အသိုင်းအ၀ိုင်းမှ ကန့်ကွက်ခဲ့ ပါသည်။

http://islaminmyanmar.blogspot.com 26
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

“He is entitle to present the goodness of his religion but he must not, by comparison, denigrate
other religions”

“Unless your religion is hopelessly bankrupt, there is no need for you to dispatch professional touts
to stoop to disgusting and destructive propaganda to fatten your flock”

“Instead of trying to find truth in debates, challenges and conversions, try to still your mind. Go
deep within yourself.”

“Attempts by any group to degrade or criticise the religious belief and practices of any other
community cannot serve any constructive purpose. Such attacks in addition merely invite conuter
attacks, justified or unjustified adding fule to fire.”

ဆရာခင်ဗျား ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့ မိမိသဘောအရ ကြိုက်နှစ်သက်သဖြင့် ကူးပြောင်း သွားခြင်း


မှာ အဆန်းမဟုတ်ပေ။ အကယ်စင်စစ် ဤသို့ပြောင်းလဲသွားခြင်းဖြင့် စစ်မှန်သောအငြိမ်းဓာတ်ကို ရရှိမည်ဆိုပါလျှင်
ကျွန်တော်တို့အဖို့ ၀မ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်စရာသာရှိပါသည်။ သို့သော် မိမိ၏ မိရိုးဖလာမူရင်းသာသနာမှာ
မိမိပြောင်းလဲသွားသည့် သာသနာနှင့်စာလျှင် အလွန်နိမ့်ကျသည့် အယူမှားကြီးဖြစ် ပါသည်ဟု နှိုင်းယှဉ်သုံးသပ်ပြီး
ကြေညာမောင်းခတ်ပြီး တင်ပြလာပါလျှင် အခြားတစ်ဖက်မှလည်း ပြန်လည်တင်ပြ စရာများ အမြောက်အများ ရှိလာ
ပါလိမ့်မည်။ သက်ရောက်မှုတိုင်း၌ ယင်းနှင့်ညီမျှသော တန်ပြန်သက်ရောက်မှုရှိခြင်း မှာ ဓမ္မတာပင်ဖြစ်ပါသည်။
မိမိစွန့်သွားသော မိမိ၏ မိရိုးဖလာသာသနာကို မိမိအနေဖြင့် သိစရာမကျန်လောက်အောင် လုံးဝဥဿုံသိပြီး ပါပြီဟု
ယူဆပါလျှင်တော့ အမှန်တရားကို ရှာသူတစ်ဦး၏ အယူအဆမဟုတ်ပါဟု ကျွန်တော့်အနေဖြင့် စိတ်ကောင်း စေ
တနာထားကာ ရိုးသားစွာ တင်ပြလိုပါသည်။

ကျမ်းမြတ်ကုရ်အာန်၌ပါရှိသော တရားသဘောနှင့် ပြောရပါမူ -


နှလုံးသား၌ ထိပ်တုံးခပ်ထားခြင်းဖြစ်ပါသည်။
ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်း၍
တရားအလင်းကိအမြင်
ု ရှင်းစွာ ရရှိနိုင်ပါစေ...

ဦးအေးလွင်
အေစီ-၀၃၆၅၅၆
ခြံ-၁၉၊ အခန်း (၁၇)၊ ယောမင်းကြီး(ယောက်)လမ်း
ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၈၃၆၆၁ (ယခင်)
၃၈၇၃၀၉(ယခု)
၀၉၅၀၀၂၇၆၃

http://islaminmyanmar.blogspot.com 27
[ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ၃ ပါး] ဦးအေးလွင် (B.sc)

ဦးဆန်းလွင်မှ ဦးအေးလွင်သို့ ပြန်စာနှင့် အခြားသော ရှင်းလင်းချက်များကို အောက်ပါ လင့်ခ်တွင် ၀င်ရောက် ဖတ်ရှု


နိုင်ပါတယ်-
http://islaminmyanmar.blogspot.de/2012/03/blog-post_328.html
စာအုပ်အနေနဲ့ ဒေါင်းလိုသူများ အတွက-် (ဦးဆန်းလွင် ကိုယ်တိုင်ဟောပြောထားသော မွတ်ဆလင်ဘာသာ လွဲမှား
ချက်များ(ကိုးကားချက်များနှင့်တကွ) တနည်း လောကကြီးနှင့် ဆန့်ကျင်နေသော အယူအဆများ ဆိုသည့်အသံဖိုင်
ကို ရှင်းလင်းထားချက်လေးပါတွဲကာ ရှင်းလင်းထားပါတယ်)
http://www.mediafire.com/?adolbgb3cp44b6u

ဦးဆန်းလွင်ရဲ့ ရတနာ (၃) ပါးစာအုပ်ကို ဖတ်ကြည့်ချင်သူများအတွက်-


http://www.mediafire.com/?wrv60besmv3dxt9

http://islaminmyanmar.blogspot.com 28

You might also like