You are on page 1of 8

ကျော်စွာ (၁၀၀) မှ ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွ) Mohammad in The 100-Ranking of Most Influential People in History

မိုက်ကယ် အိပ်ခ်ျဟတ်ရေးသားတဲ့ The 100 - Ranking of Most Influential People in History စာအုပ်ကို
ဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ ကျော်စွာ (၁၀၀) ဆိုတဲ့ စာအုပ်ထဲမှာ နံပါတ် (၁) အနေနဲ့ ဖော်ပြခံ ရ
သူ ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွ) အကြောင်း ပြန်လည် ဝေမျှပေးလိုက်ပါတယ်-

ဒီစာအုပ်ဟာ မိုက်ကယ် အိပ်ခ်ျဟတ်ရဲ့ သမိုင်းတစ်လျှောက် လူတွေ အပေါ် ဩဇာလွမ်းနိုင်သူ ပုဂ္ဂိုလ်တစ်ရာ


စာအုပ်ကို “ကျော်စွာ ၁၀၀” အမည်နဲ့ ဒေါက်တာသန်းထွန်းက ဘာသာပြန်ဆို ပေးထားပါတဲ့ စာအုပ် ဖြစ်ပါ
တယ်။

ဒီစာအုပ်ထဲက ပုဂ္ဂိုလ်တွေကို ရွေးချယ်တဲ့အခါ (၁) ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ်ဟာ ကြီးမြင့်လာရပါလဲ (၂) ဒီလူရဲ့


အစွမ်းနဲ့ လူတွေ ဘယ်လောက်များများ အကျိုးခံစားရသလဲ (၃) ဒီလူ့ကျေးဇူးကို လူတွေ ဘယ်လောက်ကြာ
ကြာ ခံစားရပါသလဲဆိုတဲ့ အချက်တွေကို ကြည့်ပြီး ရွေးထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့သမိုင်းတစ်လျှောက်
ပေါ်ထွန်းခဲ့တဲ့ အကျော်အမော် ပုဂ္ဂိုလ်တွေထဲမှာ ထိပ်ဆုံးက (၁၀၀) ကို ရွေးထားတာ ဖြစ်လို့ စိတ်ဝင်စားစရာ
ပုဂ္ဂိုလ်တွေကြီးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ရှေ့ဆုံးက မိုဟာမက် (၅၇၀-၆၃၂) ဒုတိယက သိပ္ပံပညာရှင် အိုက်ဆက် နယူတန် (၁၆၄၂-၁၇၂၇) အမှတ် တစ်
ရာမြောက်က မဟာဝိရ (ခရစ်မပေါ်မီ ၅၉၉-၅၂၇) ဖြစ်ပြီး အမှတ် ၂၉ မှာ ဂျဲန်ဂျစ်ခန်၊ အမှတ် ၂၂ မှာ ရေနွေး
ငွေ့အင်ဂျင်စက်ထွက်တဲ့ ဂျိမ်းစ်ဝပ်၊ အမှတ် ၄၅ မှာ ဂီတပညာရှင် ဘီသိုဗင်၊ အမှတ၇
် မှာ ကမ္ဘာ့ပထမဆုံး စက္ကူ
တီထွင်သူ ဆိုင်လန်၊ အမှတ် ၃၀ မှာ စီးပွားရေးပညာရှင် အဒစ်စမစ်၊ အမှတ် ၁၀ မှာ ဥာဏ်ပညာ ကြီးမားသူ
အိုင်းစတိုင်းလ်စသဖြင့် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တွေ အကြောင်းတွေချည်း ဖတ်ရမှာ ဖြစ်ပါတယ်။

http://islaminmyanmar.blogspot.com Page 1
ကျော်စွာ (၁၀၀) မှ ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွ) Mohammad in The 100-Ranking of Most Influential People in History

ကျော်စွာ (၁၀၀) စာအုပ်မှ ဒေါက်တာ သန်းထွန်းရဲ့ အမှာ-

World Famous Books in Outline ဆိုတဲ့ စာအုပ်တစ်အုပ်ကို သတိရပြီး စာအုပ်စင်က ထယူလိုက်တယ်။ စာ


အုပ်မှာ ကျွန်တော့် ငယ်သူငယ်ချင်း နာမည်ကို တွေ့တယ်။ သူ့ဆီက ငှားထားတာ အနှစ်ငါးဆယ်ရှိပြီ။ နာမည်
ကြီးတဲ့ စာအုပ်ဆိုရင် ကျွန်တော်ရအောင် ရှာထားတယ်။ ဖတ်ကြည့်ပြီး ကျွန်တော်ကြိုက်ရင် အင်္ဂလိပ်က မြန်မာ၊
မြန်မာက အင်္ဂလိပ်ပြန်တယ်။ ပုံနှိပ် ထုတ်ဝေဖြစ်အောင်လည်း ကြိုးစားတယ်။ ကမ္ဘာကျော်စာအုပ်တွေ အကျဉ်း
ကို ဘာပြုလို့ မပြန်သလဲလို့ မေးချင်ကြတယ် ထင်ပါတယ်။ အဲဒီစာအုပ်မှာ ပုံနှိပ်တဲ့ အဖွဲ့အစည်းနာမည်က -

The Home Library Club

conducted under the point management of

The Times of India-the Statesman

Associated Newspapers of Ceyan Ltd.

သီဟိုဠ် (သီရိလင်္ကာ) ပြည်ထွက်၊ ပုံနှိပ်တဲ့နှစ် မပါဘူး။ စာအုပ် တစ်အုပ်စီကပဲ ဖြစ်ဖြစ်။ ငါးဆယ့်ငါးအုပ် အကုန်
လုံးကိုပဲ ဖြစ်ဖြစ် ဘယ်သူက အချုပ်ရေးတယ်လို့ မပါဘူး။ အဲဒီတော့ စာအုပက
ို အထင်သေးစရာဖြစ်သွားတယ်။
ပါဝင်တဲ့ စာအုပ်တွေကတော့ တကယ့်ကို ကြီးကျယ်တဲ့ စာအုပ်တွေပါ။ ဥပမာ မဟာဝံသ (မဟာဝင်) (မြန်မာပြန်
ရှိသလို ဂျာမန်ဘာသာပြန်၊ အင်္ဂလိပ်ဘာသာပြန်လည်း ရှိတယ်) ကို မိတ်ဆက်ပေးတဲ့အခါ-

“မဟာဝံသ (ရာဇ၀င်ကြီး) ကို ခြောက်ရာစုနှစ်က ဒီဃသန္တကျောင်းတော်နေ မဟာသာမက ပါဠိဂါထာအနေနဲ့


ရေးတယ်။ မူရင်းက သီဟိုဠ် ဘာသာစကားပြေနဲ့ ရေးပြီးရှိတာကို ပါဠိဘာသာနဲ့ ဂါထာစီပြီး ဘာသာပြန်ခဲ့တယ်။
မူရင်းက အခု ရှာမတွေ့တော့ပါ။ ဥရောပဘာသာစကားနဲ့ ပထမဆုံး ဘာသာပြန်တဲ့ ကျမ်းဖြစ်ပါတယ်။”

ဒီလို မိတ်ဆက်စကားနဲ့ပဲ ဒီအကျဉ်းကို ဖတ်ချင်အောင် ဆွဲဆောင်နိုငပ


်ါတယ်။ ဒါပေမယ့် ကျွန်တော် မဖတ်ပါ။
ဘာပြုလို့လဲဆိုတော့ မြန်မာပြန်နဲ့ အင်္ဂလိပ်ပြန်ကို အခေါက်ခေါက် ဖတ်ထားလို့ ဖြစ်ပါတယ်။

“လီယိုတောစတွိုင်ရဲ့ စစ်နဲ့ ငြိမ်းချမ်းရေးဆိုရင် စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ဖို့နဲ့ ဇာတ်ကွက်၊ ဇာတ်အိမ်ဆင်တဲ့ နေရာမှာ


သိပ်ပြီး အသေးစိတ် နိုင်နိုင်နင်းနင်း ရေးနိုင်ပြီး အတွေးအခေါ်မှာလည်း သိပ်နက်ရှိုင်းလေတော့ ဒီစာရေးဆရာကို
ဥရောပရဲ့ စာရေးဆရာတွေထဲမှာ သူလည်း ထိပ်တန်းက ပါတယ်။ နပိုလီယစ
ံ စ်ပွဲ ၁၈၀၀ ခုနှစ်တွေ အတွင်းက
ရုရှနိုင်ငံကြီးရဲ့ အခြေအနေကို မြင်ကွင်းကျယ်ရေးပြထားပြီး (၁၈၆၀ က ပုံနှိပ်ဖြန့်ဝေခဲ့တာဖြစ်လို့) ရေးခဲ့ဖူးသမျှ
အံ့သြစရာ ကောင်းလောက်အောင် သြဇာထက်မြက်တဲ့ စာပေထဲမှာ ဒီဝတ္တုရှည်ကြီးလည်း ပါတယ်။ သမိုင်းကို ဒ
ဿနနဲ့ တိုင်ချည်ဖောက်ချည်လုပ်ပြီး ရက်လုပ်ထားတဲ့အခါ လူ့လောက၊ လူသားတွေရဲ့ သဘောသရုပ်ကို
ကွက်ကွက်ကွင်းကွင်း ဖော်ပြတယ်။ ချုံ့တာဆိုပေမယ့် အကြမ်းပုံပေါ်အောင် လုပ်ရတာကပဲ မနိုင်မနင်း ဖြစ်နေ
ပါတယ်။ ဒီစာအုပ်ရဲ့ အရသာကို တကယ်သိချင်ရင်တော့ မူရင်းကို မဖြစ်မနေဖတ်ရပါလိမ့်မယ်။”

http://islaminmyanmar.blogspot.com Page 2
ကျော်စွာ (၁၀၀) မှ ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွ) Mohammad in The 100-Ranking of Most Influential People in History

အဲဒါနဲ့ မူရင်းကို ကျွန်တော် မနည်းကုန်အောင် ဖတ်လိုက်ရပါတယ်။ မူရင်းကို ဖတ်ဖြစ်အောင် ဖတ်ပါဆိုလို့ ကျွန်


တော်က အကျဉ်းချုံ့ထားတာကို မဖတ်ဖြစ်တော့ပါ။

ကျော်စွာ ၁၀၀ ကိုတော့ အပေါ်က ပြောတာရဲ့ ပြောင်းပြန်ကို ပြောရမှာ ဖြစ်ပါတယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို


စာမျက်နှာပေါင်းများစွာ အုပ်တွဲပေါင်းများစွာ ရေးထားပြီး ရှိနေပါတယ်။ သမိုင်းလေ့လာသူဖြစ်လို့ ဒီပုဂ္ဂိုလ်ကြီး
တွေရဲ့ အကြောင်းကို အပြန်ပြန် အခေါက်ခေါက် ဝေဖန်တယ်။ သမိုင်းအခြေခံထားပြီး တန်ဖိုးဖြတ်တယ်။ အခု
သမိုင်းဆရာမဟုတ်တဲ့ သာမည စာရေးဆရာတစ်ယေက်က လူကျော်တစ်ဦးရဲ့ အကြောင်းကို စာ ငါးမျက်နှာ
လောက်နဲ့ ချုံ့ရေးပေးတော့ ဖတ်ရတာ အရသာ တမျိုးပေါ်တယ်။ သူ့ဆုံးဖြတ်ချက်က-

၁) ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ်ဟာ ကြီးမြင့်လာရပါသလဲ။

(၂) ဒီလူရဲ့ အစွမ်းနဲ့ လူတွေ ဘယ်လောက်များများ အကျိုး ခံစားရသလဲ။

(၃) ဒီလူ့ကျေးဇူးကို လူတွေ ဘယ်လောက်ကြာကြာ ခံစားရပါသလဲ။

အဲဒီ မေးခွန်းသုံးခုနဲ့ပဲ လူတွေကို ပထမ၊ ဒုတိယဆိုပြီး တန်းစီလိုက်တယ်။ အဲဒီလို လုပ်ပုံကို ကျွန်တော် ကြိုက်
တယ်။ ဒါပဲ သမိုင်း နည်းကျတယ်။ ဒါ့ကြောင့် ကျော်ကြားတဲ့စာအုပ်ကို မြန်မာဘာသာမပြန်မိဘဲ ဒီစာအုပ်ကို ကျ
တော့မှ မြန်မာဘာသာပြန်မိပါတယ်။

လူနာမည် ဒေသနာမည်တွေကို မြန်မာအက္ခရာနဲ့ ရေးတဲ့အခါ မှန်ရဲ့လားဆိုတဲ့ ပြဿနာရှိပါတယ်။ ဒီကိစ္စကို ဥ


ပမာတွေနဲ့ပဲ ပြောရမယ်။ ကျွန်တော် အင်္ဂလန်လေးနှစ်၊ ဂျပန်ငါးနှစ်၊ အမေရိကသုံးနှစ် နေဖူးတယ်။ သန်းထွန်း
ဆိုတဲ့ နာမည်ကို ကုလား၊ တရုတ်၊ အမေရိက၊ ဂျပန် မှန်အောင် မခေါ်တတ်ပါ။ လန်ဒန်တက္ကသိုလ် အဓိပတိ
မင်းသမီး အဲန်က ၁၅ မတ် ၁၉၉၀ ဗစ်တိုရိယနဲ့ အယ်လဗတ်ဟော ဘွဲ့နှင်းသဘင်မှာ ကျွန်တော့်ကို D.Lit ဘွဲ့
ပေးဖို့ အဓိပတိရှေ့ကို ၀င်လာဖို့ခေါ်တဲအ
့ ခါ ကျွန်တော့်နာမည်ကို မှန်မှန်ခေါ်မှဖြစ်မယ်ဆိုပြီး လန်ဒန်တက္ကသိုလ်
မော်ကွန်းထိန်းက သူခေါ်တဲ့အခါ အသံထွက်မှန်ဖို့ ကျွန်တော့ဆီကလ
ိုာပြီး နာမည်အသံထွက် မေးတယ်၊ ဆို
ကြည့်တယ်။ ပြင်သစ်-မြန်မာ အဘိဓာန်လုပ်တဲ့ Madame Bernolt ကို သူရွတ်ပြတဲ့အတိုင်း လိုက်ပြီး ထွက်
ကြည့်ပါတယ်။ အခုထိ မှန်အောင် မခေါ်တတ်ပါ။ ရှေးရှေးက Burma, Rangoon ဆိုတာတွေကို ဘာပြုလို့ နာ
မည်သစ်တွေ ပေးနေတာလဲလို့ နိုင်ငံခြားမှာ ကျွန်တော့်ကို မေးကြတော့ နာမည်သစ် မဟုတ်၊ နာမည်မှန်လို့ ရှင်း
ရတယ်။ Mubyne (Bombay), Bejing (Peking), Melborn (I သံမပါ), Greenwich (w သံမပါ), Sa-v-di,
Sa-id, ဆိုတာမျိုးတွေပေါ့။ ရှေးကမြန်မာတွေရေးတဲ့ ရောမ (Rome)၊ ဥရောပ (Europe)၊ အီစပါညို (Spain)၊
ဣသရေလ (Isreal)၊ ပါရီ (Paris)၊ ကောရေယ (Korea) ဆိုတာတွေ မှန်တယ်။ အခု ကျွန်တော်တို့ ခေါ်နေတာ
က မှားတယ်။ အတိုချုပ် ပြောချင်တာကတော့ ဆိုင်ရာဆိုင်ရာတွေကိုရောက်တော့မှ ကျွန်တော်တို့ အင်္ဂလိပ် ခေါ်
သလို လိုက်ခေါ်နေတာ မှားမှန်းသိပါတယ်။ ကျွန်တော်လည်း သိသလောက်ပြင်တယ်။ အီတလီ၊ ပြင်သစ်၊ ဂျာ
မန် နာမည်တွေကို ကျွန်တော်ရေးတာလည်း မှားဖို့နဲ့ မှန်ဖို့မှာ မှားဖို့က များပါတယ်။

အတ္ထုပတ္တိ အကျဉ်းရေးထားတာ ကျွန်တော်ဖတ်ဖူးသမျှတွေထဲမှာ ဒီစာအုပ်က တော်တော်ကောင်းတယ်။ ပြီး


တော့ လူပုဂ္ဂိုလ်တစ်ဦးစီရဲ့ အတ္ထုပတ္တိကို သန့်သန့်ရှာဖွေပြီး အကျယ်ရေးထားတာတွေ အများကြီး ဖတ်ဖူးတယ်။

http://islaminmyanmar.blogspot.com Page 3
ကျော်စွာ (၁၀၀) မှ ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွ) Mohammad in The 100-Ranking of Most Influential People in History

အခုစာအုပ်က သိကောင်းစရာ အရေးကြီးတာတွေကို လေးငါးမျက်နှာနဲ့သိရလို့ ကျေးဇူးတင်ပါတယ်။ မြန်မာပရိ


သတ်လည်း ဖတ်စေချင်ပါတယ်။ ဒါနဲ့ မြန်မာပြန်ဖြစ်ပါတယ်။

သန်းထွန်း

၂၂ နိုဝင်ဘာ၊ ၂၀၀၀

ကွန်သာယာ

၁၅၅ က၊ ယောဂီကျောင်းလမ်း၊

လှိုင် ၁၁၊ ရန်ကုန်။

(၁) ကိုယ်တော်မြတ်မုဟမ္မဒ် (ဆွ)

မုဟမ္မဒ် (ဆွ) ကို ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ်ထဲမှာ ထိပ်ကထ ည့်လိုက်တာကို တစ်ချို့လဲအံ့ဩမယ်၊ တစ်ချို့


လည်း ဟုတ်ရဲ့လားကွဲ့လို့ မေးခွန်းထုတ်မယ်။ သမိုင်းကိုပြန်ကြည့်ရင် ကိုးကွယ်ယုံကြည်မှုဘက်၊ ပြည့်ရေးရွာမှု
ဘက်၊ နှစ်ဘက်စလုံးမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ အညတြအနေနဲ့က ကမ္ဘာ့အကြီးဆုံး
ယုံကြည်မှုတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ယုံကြည်မှုကို ပေါ်ထွန်းစေခဲ့တယ်။ အင်မတန် တန်ခိုးဩဇာကြီးတဲ့
နိုင်ငံရေး ခေါင်းဆောင်လည်းဖြစ်ခဲ့တယ်။

ကွယ်လွန်ခဲ့တာ နှစ်ပေါင်းထောင့်လေးရာရှိပေမယ့် မုဟမ္မဒ်ရဲ့ ဩဇာကြီးမား ရှင်သန်ဆရ


ှဲိပါသေးတယ်။ ဒီကျမ်း
ထဲမှာပါတဲ့ ပုဂ္ဂိုလ်အများဆုဟာ နိုင်ငံရေးအရ ဆုံလယ်လို အချက်အချာဒေသ၊ ဓလေ့အရာမှာလည်း အမြင့်ဆုံး
ဒေသ၊ ယဉ်ကျေးမှုဘက်မှာလည်း ဗဟို ဆိုတဲ့နေရာတွေမှာ မွေးဖွားခဲ့တဲ့အချက်ဟာ ဒီပုဂ္ဂိုလ်တွေအတွက် အခြေ
ခံကောင်းလို့ ဆိုရမယ်။ ဒါပေမဲ့ မု ဟမ္မဒ်ကို အဲ့ဒီအခါက စာပေကျမ်းဂန်၊ အနုပညာနဲ့ ရောင်းဝယ်ရေးမထွန်းကား၊
မတိုးတက်တဲ့ အာရေဘိယ တောင်ဘက်မက္ကာမှာ ၅၇၀ က မွေးဖွားခဲ့တယ်။ ၆ နှစ်သားမှာ မိဘမဲ့ ကလေးဖြစ်ရ
ရှာပါတယ်။ လူတန်းစေ့ရုံ အနိုင်နိုင်နေရတဲ့ဘဝမှာ ကြီးပြင်း ခဲ့ရတယ်။ အစ္စလာမ် အစဉ်အဆက်ပြောစကားအရ
စာပေ မတတ်ကျွမ်းပါ။ အသက်နှစ်ဆယ့်ငါးနှစ်မှာ မုဆိုးမ တစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဒါပေမယ့် အသက်
လေးဆယ်ကျော်အထိ သူ့ကို နောင်ထင်ရှားကျော်ကြားလာမယ်လို့ ဘယ်သူမှ ထင်မှတ်ကြမည် မဟုတ်ပါ။

ဟိုတုန်းကအာရပ်အများစုဟာ မိစ္ဆာအယူရှိကြတယ်။ ဘုရားပေါင်းစုံ ကိုးကွယ်တယ်။ မုဟမ္မဒ်ဟာ မက္ကာ မှာ ဂျုး၊


ခရိယာန်လူနည်းစုတွေဆီက စကြဝဠာတစ်ခုလုံးကို စီမံအုပ်ချုပ်တဲ့ တစ်ဆူတည်းသောဘုရား ရှိတယ်လို့ နာယူ
ခဲ့ဖူးဟန်တူပါတယ်။ အသက်လေးဆယ်မှာ ဒီစစ်မှန်သောဘုရား (Allah) ကတမန်တော်ကြီးဂဗရီရယ် မှ တဆင့်
အယူမှန်ကို ပျံ့နှံ့အောင်လုပ်ဖို့ သူ့ကို ရွေးချယ်တယ်လို့ သိရပါတယ်။

http://islaminmyanmar.blogspot.com Page 4
ကျော်စွာ (၁၀၀) မှ ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွ) Mohammad in The 100-Ranking of Most Influential People in History

အစပထမသုံးနှစ်မှာ နီးစပ်ရာ အရင်းနှီးဆုံး မိတ်သင်္ဂဟကိုပဲ ပြောဟောစည်းရုံးတယ်။ ပြီးမှ ၆၁၃ လောက်မှာ လူ


အများတွေ့ဆုံပြီး တရားဟောပါတယ်။ သူ့အယူဝါဒကို သက်ဝင်ယုံ ကြည်တဲ့သူ တဖြည်းဖြည်းများလာတဲ့ အခါ
မက္ကာကို အုပ်ချုပ်သူတွေက အန္တရာယ်ပေးမယ့် မနှစ်မြို့ဖွယ် အနှောင့်အယှက်တ စ်ခုလို့ သတ် မှတလ
ိုက်တယ်။
အဖမ်းအချုပ်လွတ်အောင် ၆၂၂ မှာ မက္ကာကမြောက်ဘက် မိုင် ၂၀ဝ အကွာ မဒီနာကို တိမ်းရှောင်ခဲ့ရတယ်။ မဒီ
နာမှာ နိုင်ငံရေးအာဏာ အသင့် အတင့် ရရှိသူတစ်ဦး ဖြစ်လာပါသည်။ တိမ်းရှောင်တာကို ဟစ်ဂျရသ် (ံHijarah)
ခေါ်ပါတယ်။ အဲဒီလိုတိမ်းရှောင်ခြင်းဟာ ပရောဖက် (Prophet) ဘဝမှာ အတက်တစ်ကွေ့ ဖြစ်တယ်လို့ ဆို နိုင်
ပါတယ်။ မက္ကာမှာတုန်းက နောက်လိုက် အသင်အ
့ တင့်ရှိခဲ့ပါတယ်။ နှစ်နည်းနည်းအတွင်းမှာပဲ နောက် လိုက်ခြွေ
ရံသင်းပင်း အများကြီးဖြစ်လာတယ်။ မဒီနာနဲ့ မက္ကာတို စစ်ပွဲအပြန်အလှန် အများကြီးတိုက်ခိုက် ကြရတယ်။
၆၃၀ မှာ မက္ကာကို စစ်အောင်နိုင်သူ အဖြစ်နဲ့ ပြန်ရောက်ပါတယ်။ မကွယ်လွန်မီ တစ်နှ စ်ခွဲအတွင်းမှာ ယုံကြည်မှု
အသစ်ကို အာရပ်မျိုးတူစုတွေ (Arab Tribes ) တစ်ဖွဲ့ပြီး တစ်ဖွဲ့ ကူးပြောင်းလာကြလို့ မုဟမ္မဒ် ကွယ်လွ န်တဲ့
၆၃၂ အခါမှာ တောင်ဘက် အာရေဗျတစ်ခုလုံးကို ကောင်းစွာအုပ်စီးနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်လာပါတယ်။

အာရေဗျရဲ့ ဗေဒွိုင် (Bedouin) လူမျိုးစုဟာ အင်မတန်ကြောက်စရာကောင်းတဲ့ အစီအစဉ်ကောင်းတဲ့၊ စစ်သည်


တော်တွေလို့ ထင်ရှားကျော်ကြားတယ်။ လူဦးရေကတော့ နည်းတယ်။ အချင်းချင်း မညီမညွတ်လို့ နှစ်ဦးနှစ်
ဖက်စလုံး ပြုန်းတီးပျက်စီးကျဆုံးရတဲ့ စစ်ပွဲတွေဆင်နွှဲနေကြလို့၊ သူတို့ရဲ့ မြောက်ဘက်က သူတို့ထက် အင်အား
ကြီးပြီး စိုက်ပျိုးရေးနဲ့ အခြေတကျ ကြီးပွားနေတဲ့ နိုင်ငံတွေရဲ့ တပ်တွေကို မယှဉ်ပြိုင်နိုင် ခဲ့ကြပါ။ ဒါပေမယ့်
မုဟမ္မဒ် စုစည်းပေးလို့ သူတို့သမိုင်းတစ်လျှောက်မှာ အခုလို ညီညွတ်မှုကို မရစဖူးရပြီး တစ်ဆူတည်း ဖြစ်ပြီး စစ်
မှန်သောဘုရား (Allah) ကို အပြင်းအထန် စွဲမြဲယုံကြည်စိတ်နဲ့ အာရပ်တပ်ငယ်လေးတွေဟာ လူ့သမိုင်းမှာ အင်
မတန် အံ့ဩစရာကောင်းလောက်အောင် တစ်ခါထက်တစ်ခါ ပိုမိုအောင်မြင်တဲ့ပွဲစဉ်တွေကို တိုက်ခိုက်ခဲ့ကြ
တယ်။

အာရေဗျရဲ့ အရှေ့မြောက်ဘက်မှာ စက်စနစ်တွေရဲ့ ပါရှအင်ပါရာသစ် ရှိတယ်။ အနောက်ဘက်မှာ ကွန်စတန်


တိနောပူကို ဗဟိုပြုတဲ့ ဗိုင်ဇန်တန် ခေါ်တဲ့ အရှေ့ရောမအင်ပိုင်ရာ ရှိတယ်။ ဂဏန်းအရေအတွက်ချပြီး ပြောမယ်
ဆိုရင် ဒီ ရန်သူတွေကို အာရပ်တွေမယှဉ်နိုင်ပါ။ လက်နက်နဲ့ ယှဉ်ရတဲ့ စစ်ပွဲမှာတော့ တစ်မျိုးပဲ၊ ယုံကြည်မှုနှိုးဆွ
ထားတဲ့ အာရပ်တွေက ခပ်မြန်မြန်ပဲ မက်ဆိုပိုတေမိယ၊ ဆီရိယနဲ့ ပါလက်စတိုင်း တို့ကို သိမ်းယူနိုင်ခဲ့ပါတယ်။
အီဂျစ်ကို ၆၄၂ မှာ ဗိုင်ဇန်တန် အင်ပိုင်ယာထဲက ဖဲ့ယူခဲ့ပြီး၊ ပါသျှဆပ်တွေကို ၆၃၇ က ဒီစိယ စစ်ပွဲနဲ့  ၆၂၄ နေ
ဟဗင်စစ်ပွဲတွေမှာ ခြေမှုန်းနိုင်ခဲ့တယ်။ ဒီနှစ်ပွဲဟာ အရေးအပါဆုံးပါပဲ၊ မိုဟမ္မဒ်နဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်
ပြီး သူ့ကို ဆက်ခံသူတွေလည်းဖြစ်တဲ အဗူဗက္ကရ် နဲ့ အွန်မရ် တို့တွေ က ကြီးမားလှတဲ့ အောင်မြင်ပွဲတွေ ဆက်
လုပ်ခဲ့တာမျှနဲ့လဲ အာရပ်ကြီးပွားတိုး တက်ရေးဟာ မရပ်သေးဘူး။ အာရပ်တပ် မကြီးတွေဟာ မြောက် အာဖရိက
ကိုဖြတ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းခြေအထိ ၇၁၁ မှာ နယ်မြေစိမ်းယူပွဲကြီးလုပ် ပြီး နောက် မြောက်ဘက်ကို
ဦးတည်ပြီး ဂျီဗရော်တာရေလက်ကြားကိုဖြတ် စပိန်က ဗီစီဂေါ့သ်နို င်ငံကို လွှမ်းမိုးလိုက်ေ သးတယ်။ ဥရောပရဲ့ ခ
ရစ်နိုင်ငံအားလုံးကို မွတ်စလင်က ဝါးမြိုတော့မလောက် စိုးရိမ်ရတဲ့ အခြေရောက်လုဆဲ ဖြစ်ပြီးမှ နာမည် ကျော်
တိုးပဲမှာ ပြင်သစ်နိုင်ငံ အလယ်ပိုင်းအထိ ပေါက်မြောက်နေပြီဖြစ်တဲ့ မွတ်စလင်တပ်ကို ဖရန့်စ်တွေက နိုင်လိုကပ
်ါ
တယ်။ ဒီလို တစ်ရာစု နှစ်ရာစုလောက် လှုပ်ရှားတိုက်ခိုက်ရုံနဲ့ ဗီ ဒိုရင်တွေဟာ တမန်တော်ရဲ့အားပေးစကားမျှနဲ့

http://islaminmyanmar.blogspot.com Page 5
ကျော်စွာ (၁၀၀) မှ ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွ) Mohammad in The 100-Ranking of Most Influential People in History

အိန္ဒိယတိုက်နယ်စပ်က အတ္တလန္တိတ်သမုဒ္ဒရာထိ ကျယ်ပြန့်တဲ့နယ်ြေ မကို ရယူနိုင်တာဟာ အံ့ဩရမှာဖြစ်ပါ


တယ်။

အခုထိကမ္ဘာမှာ ဒါလောက်ထိကျယ်ပြန့်တဲ့ အင်ပိုင်ယာမျိုး မမြင်ဘူးသေးပါဘူး။ အဲဒါအပြင် သူတို့သိမ်းတဲ့နေရာ


တိုင်းမှာ သူတို့အယူတွေကို လူတွေအများကြီးက ပြောင်းယူကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအောင်ပွဲတွေ
ကြာရှည်မတည်မြဲပေမယ့် တမန်တော်အယူကို ဆက်လက်ခံယူခြဲ့ ကတဲ့ အာရပ်လက်အောက်ကလွတ်လပ်ရေးရ
နိုင်ငံတွေရှိပါသေးတယ်။ စပိန်မှာဆိုရင် အနှစ် ၇၀ဝ ကျော်တိုက်ရပြီးမှ ခရစ်အယူရှိသူတွေက ကျွန်းဆွယ်တစ်ခု
လုံးကို ပြန်ရပါတယ်။ ရှေးအကျဆုံး ယဉ်ကျေးမှုထွန်းကားတဲ့ မေဆိုပိုတေမိယနဲ့ အီဂျစ်မှာလိပ
ဲု အာရပ်နိုင်ဖြစ်တဲ့
မြောက်အာဖရိက ကမ်းခြေတစ်လျှောက်မှာလဲ ဒီအတိုင်းပဲတွေ့ရတယ်။

ကိုးကွယ်ယုံကြည်မှုအသစ်ဟာ အဲဒီနောက်ရာစုနှစ်များ စွာ ဆက်လက်ပျံ့နှံ့ခဲ့တယ်။ စတင်တည်ထန


ွ်းရာဒေသ
ကနေ အများကြီးဝေးကွာတဲ့ အရပ်တွေကို ရောက်သွားပြီး အာဖရိကနဲ့ အရှေ့အလယ်တွေမှာ ယုံကြည်သူ
သန်းပေါင်းများစွာရှိသလို၊ ပါကစ္စတန် နဲ့ အိန္ဒိယမြောက်ပိုင်း၊ ပြီးတော့ အင်ဒိုနေရှား မှာဆိုရင် အားလုံး စည်းလုံး
ပေါင်းစပ်မိအောင် ကိုးကွယ်ယုံ ကြည်မှုက ဆောင်ရွက်ပေးနေပါတယ်။ အိန္ဒိယလို တိုက်ကြီး တစ်တိုက်နီးပါး ကြီး
မျှ ပျယ်ပြန့်တဲ့နေရာမှာတော့ ဟိန္ဒူ၊ မွတ်စလင် ပဋိပက္ခဟာ ညီညွတ်ရေးရဖို့ အကြီးမားဆုံး အဟန့်အတား ဖြစ် ခဲ့
ပါတယ်။

ကုရ်အာန်ကိုရေးထားတဲ့ ဘာသာစကားဟာ အာရဗ်ဖြစ်တာနဲ့ပဲ အာရဗ်ဒေသစကားတွေဟာ ပြီးခဲ့တဲ့နှစ်


တစ်ထောင့်လေးရာအတွင်းမှာ တစ်နယ်နဲ့တစ်နယ်စကားပြော မပေါက်ပေါက်အောင်၊ ပွားများမလာအောင်
...

မုဟမ္မဒ်ကို လူ့သမိုင်းမှာဩဇာအရှိဆုံးလို့ အကဲဖြတ်ဖို့ ခက်မနေဘူးလားလို့ မေးစရာရှိပါတယ်။ တခြားကိုးကွယ်


ယုံကြည်စရာ ဘာသာတရားတွေလိုပဲ အစ္စလာမ်တရားက ယုံကြည်သူတွေရဲ့ ဘာသာလမ်းကြောင်းကို ကောင်း
ကောင်းထိန်း ချုပ်ထားနိုင်ပါတယ်။ အဲဒီအချက်ကြောင့်ပဲ ဒီစာအုပ်မှာ ဘာသာတရား ခေါင်းဆောင်တွေကို ထိပ်
တန်းက တင်ထားရတာဖြစ်ပါတယ်။ အကြမ်းအားဖြင့် ခရစ်သာသနာဝင် လူဦးရေက မွတ်စလင် လူဦးရေထက်
နှစ်စလောက် များနေတယ်ဆိုပေမဲ့ မုဟမ္မဒ်က ဂျေစပ်ထက်သာ တယ်ပြောရင် လွယ်လွယ်ကူကူ ပြောကြတယ်
ဟုတပ
်ါ့မလားလို့ မေးစရာဖြစ်တယ်။ ဒီဘက်ကပြစရာ အရေးပါတဲ့အကြောင်း အ ချက်နှစ်ခု ရှိပါတယ်။ ပထမ
တစ်ချက်က အစ္စလာမ်ပြန့်ပွားဖို့ မုဟမ္မဒ်တာဝန်ယူပုံက ခရစ်ဝါဒပြ န့်ဖို့ ဂျေစပ်တာဝန်ယူပြီး ဆောင် ရွက်ပုံထက်
အများကြီး ထိရောက်ပါတယ်။ လူ့ဓလေ့ လူ့စရိုက်ဆိုင်ရာ ပဓါနသဘောတရားတွေမှာ ခရစ်ဝါဒက ဂျူးဝါဒီနှင့်
ခြားနားသမျှကို ဖွင့်ဆိုဟောပြောရာမှာ ဂျေစပ်က တာဝန်ခံဟောပြောခဲ့ပါတယ်။ ဒါပေမဲ့ ခရ စ်ကျမ်းကို အရင်း
မူလကျနအောင်ဖော်ထုတ်ပြီး ပြန့်နှံ့စေတာ၊ ဓမ္မသစ်ရဲ့ အခမ်းပေါင်းများစွာကို ရေးတာ၊ မူလဂျူးဝါဒနှင့် ပိုပြီး
ပြန်လည်ပေါင်းစပ်မိအောင် ဆောင်ရွက်ပေးတာက စိန်ပေါလ် ဖြစ်ပါတယ်။

http://islaminmyanmar.blogspot.com Page 6
ကျော်စွာ (၁၀၀) မှ ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွ) Mohammad in The 100-Ranking of Most Influential People in History

အစ္စလာမ် ရဲ့ ကျမ်းစာပိုင်းဆိုင်ရာနဲ့ အရင်းမူလ လူမှုကျင့်ဝတ်တွေကို ဖော်ထုတ်ဟောပြောသူက မုဟမ္မဒ် ဖြစ်ပါ


တယ်။ အယူဝါဒအသစ်ကို ရှေးအယူနဲ့ ညှိပေးတဲ့နေရာမှာလည်း ရှေ့ဆောင်ဖြစ်တယ်။ အစ္စလာ မ်ယုံကြည်မူ
ကျင့်စဉ်ကို တီထွင်သလ
ူ ည်း ဖြစ်တယ်။ မွတ် စလင်ကျမ်းစာဖြစ်တဲ့ ကုရ်အာန်ဆိုတာကလည်း အထက် ကောင်း
ကင်က နှိုးဆော်တဲ့အတိုင်းပြောတာပဲလို့ သူကိုယ်တိုင်က ဖွင့်ဟပြောပြီးတော့ ဟောပြောသမျှကို အစီအစဉ်
ကျနအောင် ရေးပေးသူလည်းဖြစ်တယ်၊ ပြောသမျှကို အမှားအယွင်း နည်းနိုင်သမျှနည်းအောင် မုဟမ္မဒ် အသက်
ထင်ရှားရှိစဉ်က ရေးသားကူးယူကြပြီး မုဟမ္မဒ် ပရိတ်နိဗ္ဗာန်စံပြီး မကြာမီမှာပဲ မူ ရင်းအမှန်ဆိုတဲ့ကျမ်း အနေ အ
ထားရအောင် ရေးသားပြီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကုရ်အာန်ဟာ မုဟမ္မဒ်ရဲ့ အတွေးအခေါ်နဲ့ ဆိုဆုံးမချက်တွေ
ကို အမှန်ကန်ဆုံး ဖေါ်ပြပါတယ်။ သူ့နှုတ်မြွက် စကားတွေ အတိအကျဖြစ်တ ယ်လို့ ဆိုရပါမယ်။ ခရစ်ရဲ့စကားကို
အတိအကျ မှတ်သားချက် မကျန်ခဲ့ပါ။ မွတ်စလင်တွေမှာ ကုရ်အာန်ဟာ အရေးပါ အရာရောက်သလို ခရစ်သာ
သနာဝင်တွေမှာလည်း သမာကျမ်းဟာ အရာရောက်ပါတယ်။ ကုရ်အာန်ကို အရင်းမူလပြုပြီး မုဟမ္မဒ်ရဲ့ စကား
က အလွန်ဩဇာ သက်ရောက်တယ်။ အစ္စလာမ်မှာ မုဟမ္မဒ်ရဲ့ ဩဇာကြီးမားပုံဟာ ခရစ်သာသနာမှာ ဂျေစပ်
ခရစ်နှင့် စိန်ပေါလ် နှစ်ဦးပေါင်းရဲ့ ဩဇာကြီးမားပုံထက် ပိုပါတယ်။ သာသနာ သက်ဝင်ယုံကြည်မှု အဆင့်နဲ့ ပြော
ရရင်သမိုင်းမှာ မုဟမ္မဒ်ရဲ့ လူသားများအပေါ် လွှမ်းမိုးပုံဟာ ဂျေစပ်လွှမ်းမိုးတာနဲ့ အဆင့်တူဖြစ်မယ် ထင်ပါတယ်။

အဲဒါထက်ပိုတာရှိသေးတယ် (ဂျေစပ်နဲ့မတူပ)ဲ မုဟမ္မဒဟ


်ာ ယုံကြည်မှုခေါင်းဆောင်ဖြစ်သလို လူမှုခေါင်းဆောင်
လည်းဖြစ်ပါတယ်။ အာရဗ်တွေရဲ့ နယ်မြေသိမ်းယူအောင်မြင်မှုတွေမှာ သူကနောက်က တွန်းအားလို့ဆိုရပါမယ်။
မုဟမ္မဒ်ဟာ ခေတ်အဆက်ဆက် ဩဇာအကြီးဆုံး နိုင်ငံရေးခေါင်းဆောင်လည်း ဖြစ်ပါတယ်။ အဖိုးတန်တဲ့
သမိုင်းဖြစ်စဉ် အမျိုးမျိုးတွေထဲမှာ နောက်ကကြိုးကိုင်ပြီး စီမံခန့်ခွဲ တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်မ
ပါပေမဲ့လည်း သူ့အလျှောက်ဖြစ်သွားမယ်ဆိုတာမျိုး ရှိတတ်ပါတယ်။ ဥပမာ- ဆိုင်မွန်ဗော်လီးဗားလို လူမျိုး မွေး
ဖွား ပေါ်ထွက်မ လာပေမဲ့လည်း တောင်အမေရိက ကိုလိုနီတွေဟာ စပိန်လက်အောက်ကထွက်ပြီး လွတ် လပ်
ရေး ရကြမှာဖြစ်ပါတယ်။ အာရဗ်တွေ နယ်ပယ်အများကြီး သိမ်းတာမှာတော့ ဒီလိုပြောလို့မရနိုင်ပါ။

မုဟမ္မဒ် မပေါ်ခင်ကလည်း ဒါမျိုးမရှိခဲ့ဖူးဘူး။ သူမပါပဲနဲ့ ဒါမျိုြး ဖစ်မယ်လို့ အကြော င်းပြစရာမရှိပါ။ လူ့သမိုင်းမှာ


နှိုင်းယှဉ်စရာတစ်ခုတော့ ရှိဖူးပါတယ်။ တစ် ဆယ့်သုံး ရာစုနှစ်မှာ မွန်ဂိုတွေ နယ်မြေအများကြီး တိုက်ခိုက်သိမ်း
ပိုက်နိုငခ
်ဲ့တာဟာ အရင်းခံကြီးကြပ်ဆော်ဩတဲ့ ဂျန် ဂျစ်ခန်ကြောင့် ဖြစ်ပါတယ်။ နယ်မြေ ကျယ်ပြန့်တာက အာ
ရဗ်တွေထက် ပိုကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ ကြာရှည်မတည်ပါ။ အခုဆိုရင် ဂျန်ဂျစ်ခန်မပေါ်ခင်က နေမြဲဖြစ်တဲ့ ဇာ
တိအရပ်မှာပဲ မွန်ဂိုတွေနေကြပါတယ်။ အာရဗ်ပိုင်ဆိုင်အုပ်စီးပုံနှင့် သိပ်ကွာခြားပါတယ်။ အစ္စလာမ်က မော်ရိုကို
အထိ အာရဗ်နိုင်ငံတွေဟာ သံကြိုးကွင်း ဆက်သလို ဆက်နေပါတယ်။ အစ္စလာမ်အယူကြောင့် ဆက်နေတာမျိုး
မဟုတ်ပါ။ အာရဗ်ဘာသာစကား အာရဗ်သမိုင်းနောင်ခံ အာရဗ်ဓလေ့တွေပါ ပေါင်းစပ်ယှက်တွဲ နေပါတယ်။ မွတ်
စလင် အယူဝါဒမှာ ကုရ်အာန်က အခရာဖြစ်နေတော့ ကုရ်အာန် ကိုရေးထားတဲ့ ဘာသာစကား ဟာ အာရဗ် ဖြစ်
တာနဲ့ပဲ အာရဗ်ဒေသစကားတွေဟာ ပြီးခဲ့တဲ့နှစ် တစ်ထောင့်လေးရာအတွင်းမှာ တစ်နယ်နဲ့ တစ်နယ်စကားပြော
မပေါက်ပေါက်အောင်၊ ပွားများမလာအောင် ဟန့်တားပြီးဖြစ်ခဲ့ပါတယ်။

အာရဗ်တွေ အချင်းချင်း ကွဲပြားခြားနားသလို ရှိတတ်ပါတယ်။ ဒါလောက်နဲ့ မျက်စိမလည် ပါနဲ့ သူတို့မှာ အမြဲရိုင်း


ပင်း ညီညွတ်ရမယ်ဆိုတဲ့ အချက်ကြီးတစ်ခုအမြဲ ရှိနေပါတယ်။ ဥပမာ - အီရန်နှင့် အင်ဒိုနီးရှား နှစ် နိုင်ငံစလုံးဟာ
အစ္စလာမ်အယူတူပြီး အာရပ်တွေရဲ့ ခုနှစ်ရာစုနှစ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲတွေဟာ လူ့သမိုင်း မှာ

http://islaminmyanmar.blogspot.com Page 7
ကျော်စွာ (၁၀၀) မှ ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွ) Mohammad in The 100-Ranking of Most Influential People in History

အခုထိ အရာရောက်တုန်းပဲဆိုတာ မမေ့ထိုက်ပါ။ ယုံကြည်မှုနဲ့ နိုင်ငံအုပ် ချုပ်ရေးကို တွဲဖက်ပေးတဲ့နေရာမှာ


မုဟမ္မဒက
ို ဘယ်သူမှ မယှဉ်နိုင်အောင် ကောင်းမွန် အောင်မြင်ပါတယ်။ အဲဒါရဲ့ အရင်းခံကသူ့ရဲ့ အစွမ်းဖြစ်လို့
မုဟမ္မဒ်ကိုလူ့သမိုင်းမှာ ဩဇာအကြီးဆုံးဖြစ်တယ်လို့ မှတ်ယူရခြင်းဖြစ်ပါတယ်။

မူရင်း အင်္ဂလိပ်လို စာအုပ်ကို ဖတ်ကြည့်ချင်သူများအတွက-်

http://www.mediafire.com/?tvueyg2m631c7gv

မြန်မာလို ဖတ်ချင်သူတွေကတော့ အပြင်မှာ ရှာဝယ်ဖတ်ကြည့်ပေါ… အွန်လိုင်းက ၀ယ်ဖတ်လို့ရတဲ့ နေရာ


ကတော့ myanmarbookshop မှ ၀ယ်ဖတ်လို့ရပါတယ်…

http://islaminmyanmar.blogspot.com Page 8

You might also like