You are on page 1of 24

၁၂

ပဋိညာဉ်ဥပဒေကို ပြုပြင်ပြောင်းလဲခြင်း

ပဋိညာဉ်အက်ဥပဒေကို ဖွ့စ
ဲ ည်းတည်ဆောက်ပုံအရ မဟုတ်ဘဲ အပေါ်ယံ ပြုပြင်ပြောင်းလဲခြင်း

ဥပဒေပြုပြင်ပြောင်းလဲမှု၏ သဘောသဘာဝသည် ပြုပြင်ပြောင်းလဲမှုပြုခံရသည့် ဥပဒေ၏ သဘောသဘာဝ


အပေါ်တွင် မူတည်သည်။ မြန်မာနိုင်ငံတင
ွ် ၂၀၀၉ ခုနှစ်မှစ၍ ဥပဒေပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်
မြန်ဆန်လာပြီး အသုံးမ၀င်တော့သော ဥပဒေအတော်များများကို ဥပဒေစာအုပ်များထဲမှ
ဖယ်ထုတ်ခ့ပ
ဲါသည်။ အချို့သောကိစ္စရပ်များတွင် လုံးဝအသစ်ဖြစ်သော ဥပဒေတစ်ခု ရေးဆွဲရန်
ကောင်းကောင်း လိုအပ်နိုင်ပါသည်။ တစ်ခါတစ်ရံတင
ွ် ခက်ခရ
ှဲုပ်ထွေးသော ဥပဒေ၊ ယခင်က မရှိခဲ့ဘဲ
ယခုမှ စတင်ရသည့် ဥပဒေ - ဥပမာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေများ ဆိုလျှင် ယခင်
နှစ်အနည်းငယ်အထိ မည်သည့်ပုံစံနှင့်မျှ မတည်ရှိခဲ့သည့် ဥပဒေများ ဖြစ်သည်။
အခြားသောကိစ္စရပ်အချို့တွင် မြန်မာဥပဒေများကို အပြည်ပြည်ဆိုင်ရာစံနှုန်းနှင့် ကိုက်ညီသည်ဟု
ယူဆခံရနိုင်သည်အထိ လုပ်ဆောင်ဖြင်းသည် အဓိပ္ပာယ်ရှိပါသည် - ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းသည့်
အပြည်ပြည်ဆိုင်ရာ အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ ဥပဒေကို ကုလသမဂ္ဂက သဘောတူထားသည့်
စံနမူနာဥပဒေနှင့် အလွန်နီးကပ်စွာ ထင်ဟပ်ရေးဆွဲထားပြီး ယင်းဥပဒေကို မြန်မာနိုင်ငံ၏ ဥပဒေအတွင်းသို့
တရားဝင်ထည့်သင
ွ်းပေါင်းစည်းခြင်းမှာ ဘက်ပေါင်းစုံမှ အဓိပ္ပါယ်ရှိလှပါသည်။

အချို့သောကိစ္စရပ်များတွင် ဥပဒေပြုပြင်ပြောင်းလဲရန် ဆန္ဒရှိနေပုံရသော်လည်း ရလဒ်များမှာမူ


ပိုမို၍မေးခွန်းထုတ်ဖယ
ွ် ဖြစ်နေပါသည်။ ၁၉၁၄ ခုနှစ် ကုမ္ပဏီများအက်ဥပဒေ (Companies Act 1914)
သည် ယင်း၏သက်တမ်း နှစ်ပေါင်း တစ်ရာကျော်အတွင်း အနည်းငယ်သာ ပြုပြင်ပြောင်းလဲခဲ့ပြီး
ယင်းဥပဒေသည် မြန်မာနိုင်ငံတင
ွ် ကုမ္ပဏီများနှင့် ကော်ပိုရေးရှင်းများဆိုင်ရာဥပဒေအတွက်
ဥပဒေဆိုင်ရာအခြေခံပင် ဖြစ်သည်။ ယင်းဥပဒေကို ဥပဒေအသစ်တစ်ရပ်ဖြင့် လုံးဝ
အစားထိုးရန်လိုအပ်သည်ဟူသော အတွေးအခေါ်မှာ ငြင်းခုံဆွေးနွေးဖွယ်ဖြစ်သော်လည်း ယင်းကဲ့သို့
ငြင်းခုံဆွေးနွေးမှု အများအပြားပြုလုပ်ခဲ့ကြောင်းမှာမူ ရှင်းလင်းပြတ်သားခြင်းမရှိပါ။ ယခင်က
မြန်မာဥပဒေတွင် မတည်ရှိခဲ့သည့် ကုမ္ပဏီအသင်းအဖွဲ့ အမျိုးအစားများအတွက်
ပြဋ္ဌာန်းဥပဒေလိုအပ်သည်မှာ ဧကန်အမှန်ပင် ဖြစ်ပါသည်။ ယင်းကို ၁၉၁၄ ခုနှစ် ကုမ္ပဏီများအက်ဥပဒေနှင့်
အတူယှဉ်တွဲ၍ ပြဋ္ဌာန်းနိုင်ခဲ့သင့်ပါသည်။ ထိုသို့ဖြစ်ရမည့်အစား အထိုင်ကျနေပြီးသား၊ ရင်နှီးပြီးသား
ဥပဒေတခုလုံးကို ဘေးဖယ်လင
ွှ့်ပစ်ထားခဲ့ရပြီး ပူးပေါင်းလုပ်ဆောင်ရသည့် ဥပဒေစနစ်တစ်ခုမှ
တဖြည်းဖြည်း ပေါ်ထွက်လာခြင်းမဟုတ်သည့် အသစ်ပြဋ္ဌာန်းချက်တစ်ခုကို ချမှတ်ရသကဲ့သို့
ဖြစ်နေပါသည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာများနှင့် အသေအချာ
ဆက်လက်ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်များနှင့် ရှုပ်ထွေးမှုများကို စဉ်းစားကြည့်နိုင်ပါသည်။

၁၈၇၂ ခုနှစ် ပဋိညာဉ်အက်ဥပဒေ (Contract Act 1872)သည် နှစ်ပေါင်း ၁၅၀ နီးပါး ကြာမြင့်ပြီ
ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဖော်ပြခဲ့သည့်အတိုင်း ယင်းဥပဒေသည် အလွန်ကောင်းမွန်သည့် ဥပဒေဖြစ်ပြီး
ယင်းဥပဒေကို မြန်မာနိုင်ငံရှိ ရှေ့နေများက ကောင်းကောင်း နားလည်ပုံ ရပါသည်။ မြန်မာနိုင်ငံတွင်
တရားရုံးများ ရှေ့မှောက်၌ မပေါ်ပေါက်ဖူးသေးသော ပြဿနာမျိုးကို မည်သ့မ
ို ည်ပုံ
ကိုင်တွယ်ဖြေရှင်းနိုင်သည်ကို မြန်မာနိုင်ငံ၏ပြင်ပမှ အကြံဥာဏ်လိုအပ်ပါလျှင် အိန္ဒိယ နှင့် အထူးသဖြင့်
မလေးရှားတွင် ဥပဒေအချို့ ရှိပြီး ယင်းဥပဒေပြဋ္ဌာန်းချက်များကို ဆွေးနွေးမှုများ နှင့် ခြွဲ ခမ်းစိတ်ဖြာ
သုံးသပ်မှုများမှ များစွာသော ငြင်းခုံမှုများ ဖြစ်ပေါ်စေသကဲ့သို့ များစွာသော အဖြေများကိုလည်း
ပေးနိုင်ခဲ့ပါသည်။ သိ့ရ
ုာတွင် ၁၈၇၂ ခုနှစ် ပဋိညာဉ် အက်ဥပဒေသည် အင်္ဂလိပ်ရိုးရာဥပဒေ Common Law
၏ ကြီးမားသောမိသားစု၏ အစိတ်အပိုင်းလည်း ဖြစ်ပြီး အခက်အခဲများဆီသို့ ဦးတည်သွားသည့်အခါ
သိ့မ
ု ဟုတ် ကြုံတွေ့လာရသည့်အခါမျိုးတွင် Common Law ၏ အထွေထွေအခြေခံမူများ (ဆိုလိုသည်မှာ
အခြားသော Common Law စီရင်ပိုင်ခွင့်များမှ အများလက်ခံအတည်ပြုထားပြီးသော အယူအဆများ)
သည် ပိုမိုကောင်းမွန်သော အဖြေတစ်ခုဆီသို့ ရောက်မည့် နည်းလမ်းကို လမ်းညွှန်ပြသပေးရန် အဆင်သင့်
ရရှိနိုင်ပါသည်။ ပဋိညာဉ်အက်ဥပဒေသည် မြန်မာနိုင်ငံတင
ွ် ရှေ့နေများ (နှင့် အခြားသူများ)က
အကောင်းဆုံး နားလည်သိရှိထားနိုင်သည့် မြန်မာဥပဒေတစ်ခု ဖြစ်သည့်အတွက် ယင်းကို လုံးဝ ပြုပြင်
ပြောင်းလဲခြင်း သိ့မ
ု ဟုတ် စာရွက်လတ
ွ်ပေါ်တွင် အသစ်မှ စတင်ပြီး ရေးဆွဲခြင်းသည် အဓိပ္ပာယ်ရှိလိမ့်မည်
မဟုတ်ပေ။

ဤသိ့ဆ
ိုခြင်းက မြန်မာပဋိညာဉ်ဥပဒေတွင် ဟာကွက် သိ့မ
ု ဟုတ် မသေချာမရေရာမှုများ မရှိဟု ဆိုလိုခြင်း
မဟုတ်ပါ။ ယင်းနှင့်ဆန့်ကျင်ဘက်အားဖြင့် နေ့စဉ်ကူးသန်းရောင်းဝယ်ရေး၌ အလွန်အရေးကြီးသော
ကဏ္ဍတစ်ခုတွင် နှစ်ပေါင်း (၁၅၀) နီးပါးကြာမြင့်နေပြီဖြစ်သော အက်ဥပဒေတစ်ခုတင
ွ်
ဟာကွက်များရှိနေမည် ဖြစ်ပြီး ယင်းကို ယနေ့ခေတ်နှင့် သက်ဆိုင်ဆီလျှော်မှုရှိရန်အတွက်မူ တရားရုံးများ၏
အချို့သော အဓိပ္ပာယ်ဖင
ွ့်ဆိုခြင်းမှာ တိုးတက်လာရန် လိုအပ်မည်မှာ အသေအချာပင် ဖြစ်ပါသည်။
ဟာကွက်များကိုဖြည့်ရန် 'တရားမျှတမှု၊ သာနာညီမျှမှုနှင့် မှန်ကန်စွာ နားလည်သိရှိမှု' ကိုထင်ဟပ်သည့်
ဥပဒေဖြစ်သော ၁၈၉၈ ခုနှစ် မြန်မာဥပဒေများအက်ဥပဒေ (Burma Laws Act 1898) ၏ ပုဒ်မ ၁၃(၃) ပါ
အထွေထွေပြဋ္ဌာန်းချက်ကို မြန်မာတရားရုံးများက အသုံးပြုနိုင်သည်ကို အထက်တင
ွ် ဖော်ပြခဲ့သော
အခန်းများ တစ်လျှောက်လုံးရှိ အဆင့်အမျိုးမျိုး၌ ကျွန်ုပ်တို့အကြံပြုခဲ့ပါသည်။ ထိုဟာကွက်များကို
အခြားသော Common Law စီရင်ပိုင်ခွင့်များတွင် ပြဋ္ဌာန်းထားသော ခေတ်သစ် ပဋိညာဉ်ဥပဒေကို
ကိုးကားလျှက် အမြှော်အမြင်ရှိမှု အမြင့်ဆုံးဖြင့် ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။
နောက်ရွေးချယ်စရာ မဟာဗျူဟာတစ်ခုမှာ ပဋိညာဉ်အက်ဥပဒေကို ပြုပြင်ပြောင်းလဲပြီး ဥပဒေပြုခြင်းဖြင့်
ဟာကွက်များကို ဖြည့်ပေးနိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ထုံးတမ်းစဉ်လာမှာ ပဋိညာဉ်ဥပဒေကို
ဥပဒေတစ်ခုအတွင်း ထားရှိခြင်းကြောင့် ယင်းသည် ပိုမိုနှစ်ခြိုက်ဖယ
ွ် ချဉ်းကပ်မှုတစ်ခုဖြစ်မည်ဟု
အခိုင်အမာ ပြောဆိုသူ ရှိနိုင်ပါသည်။ ၁၈၇၂ ခုနှစ် အက်ဥပဒေတွင် ပုဒ်မအသစ်များ ထည့်သွင်းခြင်းဖြင့်
ဟာကွက်များကို ဖြည့်နိုင်မည်ဖြစ်ရုံသာမက ၁၈၇၂ ခုနှစ် အက်ဥပဒေတွင် အချို့သောပြဋ္ဌာန်းချက်များ
ရေးဆွဲသည့် ပုံစံတင
ွ် ဖြစ်ပေါ်ခဲ့သည့် အခက်အခဲများကို ကျော်လွှားရန် အခွင့်အလမ်းများကို
ရယူနိုင်ပါသည်။

ဤချဉ်းကပ်မှုနည်းလမ်းနှစ်ခုအနက် ဒုတိယနည်းလမ်းကို ကျွန်တို့ လိုလားပါသည်။ မည်သ့ပ


ို င်ဆိုစေကာမူ
ဥပဒေပြုပြင်ပြောင်းလဲမှုကို အကန့်အသတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့်သည်မှာ ကျွန်ုပ်တ့၏
ို
ခိုင်မာသောအမြင်ဖြစ်ပါသည်။ အများအားဖြင့် ၁၈၇၂ ခုနှစ် အက်ဥပဒေသည် ကောင်းစွာ လည်ပတ်
ဆောင်ရွက်နိုင်ပြီး ယင်းကို အသစ်မှ စတင်ရေးဆွဲရန် စဉ်စားလျှင် လုံးဝသင့်လျော်ခြင်း ရှိမည် မဟုတ်ပါ။
ကျွန်ုပ်တ့၏
ို အမြင်အရ အမှန်တကယ်လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုကိုသာ ပြုလုပ်ရန် စဉ်းစား
ဆုံးဖြတ်သင့်ပါသည်။

ထိ့ေ
ု ကြာင့် ဤအခန်းတွင် ကျွန်ုပ်တို့ ဆောင်ရွက်ရန် ကြိုးပမ်းသည်မှာ ၁၈၇၂ ခုနှစ် အက်ဥပဒေကို
ပြုပြင်ပြောင်းလဲမှုက အကျိုးရှိစေမည့် နယ်ပယ်များကို စဉ်းစားရန်ဖြစ်ပါသည်။ ဤသည်တွင်
အဓိကအားဖြင့် ပါဝင်သည်မှာ သိသာထင်ရှားသည့် ဟာကွက်များ သိ့မ
ု ဟုတ် အဓိကမသေချာမရေ
ရာမှုများရှိသည့်နေရာများနှင့်စပ်လျဉ်း၍ ယခင်အခန်းများတွင် ကျွန်ုပ်တို့ အကြံပြုချက်များကို
စုပေါင်းရန်ပင် ဖြစ်သည်။ အချို့သောကိစ္စများတွင် အဆိုပြုချက်များသည် လွန်ခဲ့သောနှစ်ပေါင်း ၁၄၀
အတွင်း ရရှိခဲ့သောအတွေ့အကြုံများနှင့် ပြောင်းလဲလာသော အခြေအနေများအရ အက်ဥပဒေတွင် ပါရှိ
သည့် စည်းမျဉ်းကို ပြောင်းလဲရန် လိုအပ်သည်ဟူသော အမြင်အပေါ်တွင် အခြေခံပါသည်။ အရေအတွက်
အနည်းငယ်ဖြစ်သော အခြားသောအဆိုပြုချက်များမှာ ဤအက်ဥပဒေသည် မည်သည်ကိုဆိုလိုကြောင်း
ရှင်းလင်းထင်ရှားသင်သ
့ လောက် ရှင်းလင်းထင်ရှားစွာ ဖော်ပြခြင်းမဟုတ်ဘဲ မည်သည်ကို ဆိုလိုခြင်းဖြစ်
တန်ရာသည်ကို ဖော်ပြရန်နှင့် ရှင်းလင်းစေရန် ဤအက်ဥပဒေကို ပြင်ဆင်သင့်ကြောင်း - သံသယဖြစ်မှုကို
ရှောင်ရှားရန်အတွက် ပြင်ဆင်ခြင်း - အဆိုပြုလွှာ ဖြစ်ပါသည်။

ဤအက်ဥပဒေတွင် ဖေါ်ပြပါရှိသည့်အစီအစဉ်အတိုင်း အချက် ၁၀ ချက်အောက်တွင် အက်ဥပဒေပါ


ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန်အတွက် ကျွန်ုပ်တ့၏
ို အဆိုပြုချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ သဘောသက်ရောက်သော ကတိများ သိ့မ


ု ဟုတ် စည်းကမ်းချက်များ၊

၂။ ပဋိညာဉ်များကို အဓိပ္ပာယ်ဖင
ွ့်ဆိုခြင်း၊
၃။ အကျပ်ကိုင်ပြီး ရရှိသော သဘောတူညီမှု၊

၎။ ကုန်သွယ်မှုကို ကန့်သတ်သည့် သဘောတူညီချက်များ၊

၅။ မမျှတသည့် ကင်းလွတ်ခြင်းဆိုင်ရာ အပိုဒ်များ၊

၆။ တတိယပုဂ္ဂိုလ်အဖွဲ့ အစည်းများ (third parties) ၏ အခွင့်အရေးများ၊

၇။ စည်းကမ်းသတ်မှတ်ချက်များ၊ အာမခံချက်များနှင့် သတ်မှတ်မထားသော စည်းကမ်းချက်များဟူ၍


အမျိုးအစားခွထ
ဲားသည့် စည်းကမ်းချက်များ၊

၈။ ပယ်ဖျက်ခြင်းကြောင့် ပျက်ပြယ်သွားသော ပဋိညာဉ်များ၊

၉။ မတရားသဖြင့် အကျိုးခံစားခဲ့မှုအတွက် မူလအခြေအနေအတိုင်း ပြန်လည်ထားရှိခြင်း

၁၀။ ဘဏ္ဍာငွေမဟုတ်သောဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည့် ချိုးဖောက်မှုအတွက် လျော်ကြေး။

၁၂.၁။ သဘောသက်ရောက်သော ကတိများ သို့မဟုတ် စည်းကမ်းချက်များ

အထက်ပါ အခန်း ၅ တွင် ကျွန်ုပ်တို့ လေ့လာတွေ့ရှိခဲ့သည်မှာ ပုဒ်မ ၉ တွင် ပဋိညာဉ်တစ်ခု၏ ကတိများ


သိ့မ
ု ဟုတ် စည်းကမ်းချက်များကို သဘောသက်ရောက်နိုင်သော စည်းမျဉ်းရှိကြောင်း မှတ်ယူသည့်ပုံစံ
ဖေါ်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ယင်းကတိများကို စကားလုံးများဖြင့် ဖော်ပြမထားသော
ကတိများအဖြစ် အဓိပ္ပာယ်သတ်မှတ်ထားသောကြောင့် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ
ဤအက်ဥပဒေသည် ပဋိညာဉ်တစ်ခုအတွင်း သဘောသက်ရောက်သည့် စည်းကမ်းချက်များ
(အထူးသဖြင့် ပဋိညာဉ်တစ်ခုလုံးသည် အပြုအမူလုပ်ရပ်မှ သဘော သက်ရောက်နိုင်သည်ဟူသော
မတူညီသည့်အယူအဆဖြင့် လုံးဝသက်ဆိုင်သည်ဟု မှတ်ယူနိုင်မှု) ကို ခွင့်ပြုထားသည် ဆိုသည့်အချက်ကို
အပြုသဘောဆောင်စွာ နှင့် ရှင်းလင်းပြတ်သားစွာ ဆိုနိုင်ရန်မှာ မခိုင်လုံသော သို့မဟုတ်
မလုံလောက်သော အခြေခံဖြစ်သည်ဟု ထင်မှတ်နိုင်သည်။ ထို့အပြင် စည်းကမ်းချက်တစ်ရပ်ကို
ဘယ်သောအခါတွင် ပဋိညာဉ်အတွင်း သဘောသက်ရောက်သင့်သည်ကို ရှာဖွေစစ်ဆေးရန်
တရားရုံးတစ်ခုက တောင်းဆိုခံရသောအခါ ယင်းတရားရုံးက ကျင့်သုံးသင့်သည့် စမ်းသပ်ချက်နှင့်
စပ်လျဉ်း၍ လမ်းညွှန်မှု လုံးဝ ပေးအပ်ထားခြင်း မရှိပါ။
စည်းကမ်းချက်များအပေါ် တရားရုံးများက သဘောယူနိုင်ကြောင်းနှင့် ထိုသို့မှတ်ယူရန် စမ်းသပ်ခြင်းများ
စသည့် နှစ်ခုစလုံးကို ရှင်းလင်းစေရန် ဤအက်ဥပဒေ၏ ပုဒ်မ ၉ ကို အောက်ပါအတိုင်း ပြင်ဆင်ရန်
အကြံပြုပါသည်။၁

'၉။ ကတိများ၊ အတိအလင်းဖော်ပြမှု သို့မဟုတ် သဘောသက်ရောက်မှု။

(၁) ကတိတစ်ခုသည် အတိအလင်းဖော်ပြသောကတိ သိ့မ


ု ဟုတ် သဘောသက်ရောက်သော ကတိ ဟူ၍
ရှိနိုင်သည်။

(၂) ကတိပြုခြင်းတစ်စုံတစ်ရာ၏ အဆိုပြုခြင်း သိ့မ


ု ဟုတ် လက်ခံခြင်းကို စကားလုံးများဖြင့် ဖော်ပြထားသမျှ
ကတိသည် အတိအလင်းဖော်ပြသည်ဟု ဆိုရမည်။ အဆိုပါ အဆိုပြုခြင်း သိ့မ
ု ဟုတ် လက်ခံခြင်းကို
စကားလုံး မဟုတ်သော အခြားနည်းဖြင့် ဖော်ပြပါက ကတိသည် သဘောသက်ရောက်သောအားဖြင့်
ပြုထားသည်ဟု ဆိုရမည်။

(၃) ပဋိညာဉ်၏ အတိအလင်းစည်းကမ်းချက်တစ်ရပ်ဖြင့် တားဆီးထားသော အခါမှအပ၊


အောက်ပါအချက်များတွင် စည်းကမ်းချက်တစ်ရပ်သည် ပဋိညာဉ်တစ်ခုတွင်
သဘောသက်ရောက်သောအားဖြင့် ပါဝင်ခြင်း ဖြစ်နိုင်သည်။

(က) ပြဋ္ဌာန်းဥပဒေတစ်ရပ် သိ့မ


ု ဟုတ် ပဋိညာဉ်အမျိုးအစား သိ့မ
ု ဟုတ် အငြင်းပွားနေသော ဆက်စပ်မှုအရ
လိုအပ်ပါလျှင်၊ သိ့မ
ု ဟုတ်

(ခ) ယင်းကို ပဋိညာဉ်ဝင်များက သဘောတူသည်မှာ ထင်ရှားပါလျှင်၊ သိ့မ


ု ဟုတ်

(ဂ) လုပ်ငန်းထိရောက်မှုဆိုင်ရာ အကြောင်းရင်းများအတွက် ထိုသို့ပြုလုပ်ရန် လိုအပ်ပါလျှင်၊ သိ့မ


ု ဟုတ်

(ဃ) ကုန်သွယ်ရေးဆိုင်ရာ အသုံးအနှုန်း သိ့မ


ု ဟုတ် ဓလေ့ထုံးစံနှင့် ကိုက်ညီပါလျှင်။

(၄) ပုဒ်မခွဲ (၃) သည် ၁၈၇၂ ခုနှစ် သက်သေခံအက်ဥပဒေ (Evidence Act 1872)ကို မထိခိုက်စေရပါ။’

၁၂.၂ ပဋိညာဉ်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

တရားရုံးတစ်ရုံးက ပဋိညာဉ်တစ်ရပ်၏ စည်းကမ်းချက်များဆိုင်ရာ အဓိပ္ပာယ်ကို ဆုံးဖြတ်ရသည့်


စည်းမျဉ်းများ သိ့မ
ု ဟုတ် အခြေခံမူများကို ဤအက်ဥပဒေတွင် လုံးဝ မတွေ့ရှိရကြောင်း အခန်း ၅ တွင်
ကျွန်ုပ်တ့ေ
ို လ့လာတွေ့ရှိခဲ့ပါသည်။ ယင်းသည် ပဋိညာဉ်ဆိုင်ရာ အငြင်းပွားမှုကို စီရင်နေသည့်
တရားသူကြီး၏ အများဆုံး လုပ်ရလေ့ရှိသည့် တာဝန်များထဲမှ တစ်ခုဖြစ်ကြောင်း မှန်ကန်ပါလျှင်၊ ယင်းမှာ
မှန်ကန်သည်ဟုလည်း ယူဆရပြီး ယင်းတာဝန်ယူဆောင်ရွက်နေချိန်တင
ွ် အကယ်၍ ဤအက်ဥပဒေတွင်
အသုံးပြုရမည့် စည်းမျဉ်းတစ်ခု သိ့မ
ု ဟုတ် အခြေခံမူများပါဝင်ခဲ့လျှင် အထောက်အကူ ဖြစ်စေနိုင်ပါသည်။

ပုဒ်မ ၉ ၏ နောက်တွင် ပုဒ်မ ၉(က) ကို အသစ်ထည့်သင


ွ်းပါရန် အကြံပြုပါသည်။

'၉(က)။ ပဋိညာဉ်တစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း။ ပဋိညာဉ်ပါ စည်းကမ်းသတ်မှတ်ချက်တစ်ရပ်ကို


အဓိပ္ပာယ်ဖင
ွ့်ဆိုရန် မှန်ကန်သော ချဉ်းကပ်မှုနည်းလမ်းမှာ သုံးထားသောစကားလုံးများ၏ သဘာဝကျပြီး
သာမန်ဖြစ်သော အဓိပ္ပာယ်ကို ချင့်ချိန်စဉ်းစားရန် နှင့် ပဋိညာဉ်တစ်ရပ်လုံးအရ ခြံငုံမြင်တွေ့ရသော
ယင်းစည်ကမ်းသတ်မှတ်ချက်သည် ပဋိညာဉ်ကို ချုပ်ဆိုသောအချိန်တင
ွ် ပဋိညာဉ်ဝင်များအတွက် ကျိုး
ကြောင်းဆီလျော်စွာ ရရှိနိုင်သော သက်ဆိုင်ရာနောက်ကြောင်းခံ ဗဟုသုတများရှိသည့်
ကျိုးကြောင်းဆင်ခြင်တတ်သူတစ်ဦးအတွက် မည်သို့ အဓိပ္ပာယ်ဆောင်မည်နည်း ဟူသည်ကို
မေးခွန်းထုတ်ရန်ပင် ဖြစ်သည်။

___________________________________________


ကျွန်ုပ်တို့သည် ပုဒ်မ ၉(၃)(ဃ) ကို ထည့်သွင်းခဲ့ပါသည်။ အကြောင်းမှာ အက်ဥပဒေပါ ကျန်ပြဋ္ဌာန်းချက်များနှင့်
ဆန့်ကျင်ကွလ
ွဲမ
ှဲုမရှိသည့် 'ကုန်သွယ်ရေးဆိုင်ရာ အသုံးအနှုန်း သို့မဟုတ် ဓလေ့ထုံးစံ တစ်ခုခု' အတွက် ပဋိညာဉ်အက်ဥပဒေ၏
ပုဒ်မ ၁ တွင် ပါရှိသော အကျိုးသက်ရောက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်သည် ထိုအသုံးအနှုန်း သို့မဟုတ် ဓလေ့ထုံးစံနှင့်
ပေါင်းစည်းထားသော သဘောသက်ရောက်သည့် စည်းကမ်းချက်များနှင့် အထင်ရှားဆုံး ဆက်ဆံဆောင်ရွက်ရပါသည်။

ပဋိညာဉ်ကို အဓိပ္ပာယ်ဖင
ွ့်ဆိုရာတွင် ပဋိညာဉ်ဝင်များအကြား ကြိုတင် ညှိနှိုင်းဆွေးနွေးခဲ့သည်များကို
ထည့်သငဲ သာ မေးခွန်း၂ကို တိတိကျကျ
ွ်းစဉ်းစားနိုင်သည့် အတိုင်းအတာနှင့်စပ်လျဉ်း၍ အလွန် ခက်ခေ
အဖြေထုတ်နိုင်ရန် တစ်စုံတစ်ယောက်အနေဖြင့် ဆက်လက် လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါသည်။
အထက်ပါအပိုဒ်တင
ွ် အဆိုပါကန့်သတ်ချက် မပါသော်ငြားလည်း အကယ်၍ တစ်စုံတစ်ယောက်သည်
ထိုသို့လုပ်ဆောင်ရန် ဆန္ဒရှိခဲ့သည်ဆိုပါက (ထိ့အ
ု ပြင် ယင်းကဲ့သို့ ကန့်သတ်မှုတစ်ခုထားရန်
လိုလားသည်မှာ ကုန်ကျစားရိတ်တစ်ခုတည်းပင်လျှင် ခိုင်မာသော အကြောင်းပြချက်များရှိနေသည်ဟု
အချို့က အခိုင်အမာပြောဆိုသည်) ဤအချက်ကို အလွယ်တကူပင် ထည့်သွင်းနိုင်ပါသည်။

၁၂.၃ အကျပ်ကိုင်ပြီး ရရှိသော သဘောတူညီမှု

ပြစ်ဒဏ်ပေးခြင်း၃ သိ့မ
ု ဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာထိခိုက်မှုတို့နှင့် မပတ်သက်ဘဲ ပဋိညာဉ်ကို
ချိုးဖောက်မည်ဟု ခြိမ်းခြောက်ခြင်းကဲ့သို့သော ရာဇ၀တ်မှုမဟုတ်ဘဲ စီးပွားရေးအရဖြစ်သည့်
တရားမ၀င်သော ဖိအားပေးမှုကြောင့် ပဋိညာဉ်ကို သဘောတူရသည့် အခါမျိုးတွင် ထင်မြင်ယူဆမှုတစ်ခု
ဖြစ်ပေါ်စေခြင်းမှတဆင့် သဘောတူညီခဲ့ရသည့် ပဋိညာဉ်ဝင်အား ပဋိညာဉ်ကိုပယ်ဖျက်ရန်
ရွေးချယ်ပိုင်ခွင့်ကိုရရှိစေရန် ခွင့်ပြုနိုင်သည့် အကြောင်းပြချက်ရှိကြောင်း အခန်း ၄ တွင် ကျွန်ုပ်တို့
လေ့လာသိရှိခဲ့ရသည်။ သိ့တ
ိုင်အောင် အကယ်၍ ပဋိညာဉ်ဝင်တစ်ဦးသည် အခြားဘက်က
သဘောမတူလျှင်၊ ဥပမာအားဖြင့် ပဋိညာဉ်တင
ွ်ပြဋ္ဌာန်းထားသည်ထက် သို့မဟုတ်
သဘောတူထားသည်ထက် ပိုမိုနည်းပါးသော ငွေကြေးပမာဏကို လက်ခံရန် သဘောမတူလျှင်၊
ဥပမာအားဖြင့် ပဋိညာဉ်တင
ွ် ပြဋ္ဌာန်းထားသည်ထက်ကျော်လွန်ပြီး အလုပ် သိ့မ
ု ဟုတ် ၀န်ဆောင်မှုကို
လုပ်ဆောင်ရန် သဘောမတူလျှင်၊ ပဋိညာဉ်ကို ချိုးဖောက်မည်ဟု ခြိမ်းခြောက်ပါက
သဘောတူစာချုပ်အသစ်ကို သဘောတူညီမှုသည် - အကယ်၍ ချုပ်ဆိုခ့ပ
ဲါက - ရာဇ၀တ်မှု
မဟုတ်သော်လည်း တရားမဥပဒေကို ဆန့်ကျင်နေသေးသည့် ဖိအားကို မတရားအသုံးပြုခြင်းကြောင့်
ရရှိလာသည့် သဘောတူညီမှု ဖြစ်နိုင်ပါသည်။ ထိုသို့သောအခြေအနေများတွင် အဆိုပါဖိအား
မတရားအသုံးပြုခြင်းကို အကျပ်ကိုင်ခြင်းအဖြစ် မယူဆသင့်ကြောင်း တစ်စုံတစ်ယောက်က
အတိုင်းအတာတစ်ခုထိ မေးခွန်းထုတ်ကောင်း ထုတ်နိုင်ပါသည်။ ယင်းမှာ 'စီးပွားရေးဆိုင်ရာ
အကျပ်ကိုင်ခြင်း' အဖြစ် သီးခြားကိုင်တွယ်ဆောင်ရွက်သင့်ပြီး ပုဒ်မ ၁၅ က လောလောဆယ်
ပေးထားသော အကျပ်ကိုင်ခြင်းဆိုင်ရာ ဥပမာများနှင့် ယှဉ်တွဲလျှက် ဆောင်ရွက်သင့်သည်ဟု ဆိုရပါမည်။

ဤကဲ့သ့ေ
ို သာကိစ္စရပ်များသည် ပြဿနာအဖြစ် ပို၍ ပို၍ များပြားစွာ ပေါ်ပေါက်လာမည်ဟု
မျှော်လင်န
ို့င်ပါသည်။ ဥပမာအားဖြင့် အဓိကကျသောဝန်ထမ်းတစ်ယောက်က အကယ်၍
အလုပ်ခန့်ထားခြင်းဆိုင်ရာပဋိညာဉ်ကို ညှိနှိုင်းမပေး ပါလျှင် အလုပ်ထွက်မည်ဟုခြိမ်းခြောက်ခြင်း သိ့မ
ု ဟုတ်
ဆောက်လုပ်သူက အလုပ်၏အထူးသဖြင့်အရေး ကြီးသောအဆင့်တင
ွ် အလုပ်ကိုရပ်ဆိုင်းမည်ဟု
ခြိမ်းခြောက်ခြင်း သိ့မ
ု ဟုတ် အိုင်တီစနစ်များ (IT systems) ဆိုင်ရာလုပ်ငန်းတွင်
ပါဝင်လုပ်ကိုင်သည့်ကုမ္ပဏီက မပြီးပြတ်သေးသော အလုပ်ကို တန်းလန်းမထားခဲ့စေရန်၊ သုံးမရသည့်စနစ်
မဖြစ်စေရန် အပြန်အလှန်အားဖြင့် ပိုက်ဆံပိုပေးရန် တောင်းဆိုခြင်း။ ဤကဲ့သို့သော အမှုများအားလုံးတွင်
ချုပ်ဆိုခဲ့ရသော ပဋိညာဉ်များသည် ဤကဲ့သ့ေ
ို သာအခြေအနေများအောက်တွင် ပျက်ပြယ်နိုင်ကြောင်း
ဥပဒေက ပြဋ္ဌာန်းပေးသင့်ပါသည်။ တတိယပုဂ္ဂိုလ်အဖွဲ့အစည်းက လိုအပ်သည်တို့ကို
ဆောင်ရွက်ပေးရန်အတွက် ပဋိညာဉ်ကို ချိုးဖောက်မည်ဟု ခြိမ်းခြောက်ခံရမှုတင
ွ်လည်း တကယ်တမ်းတွင်
အပြောင်းအလဲ မပြုလုပ်သင့်ပါ။ ဥပမာအားဖြင့် သင်သည် ကျွန်ုပ်အမေ၏ အိမ်ရှိ အထက်အမိုး သိ့မ
ု ဟုတ်
အိမ်အောက်ရှိ ရေနုတ်မြောင်းများကို ပြင်ဆင်ရန် ပဋိညာဉ် ပြုလုပ်ထားသော်လည်း ကျွန်ုပ်က သင့်အား
ကျွန်ုပ်၏ကားကို လျှော့ဈေးဖြင့်ရောင်းချခြင်းမပြုလျှင် သင်သည် ပဋိညာဉ်ကိုချိုးဖောက်ပြီး ယနေ့ပင်လျှင်
လုပ်ငန်းခွင်က ထွက်သွားမည်ဟု ခြိမ်းခြောက်ပါသည်။ ကျွန်ုပ်၏အမေအတွက်လည်း ဆိုးရွားသော
အခြေအနေနှင့် ကြုံရမည် ဖြစ်သည်။ ထိုသို့သောအမှုတင
ွ် ကျွန်ုပ်နှင့်ပြုလုပ်ထားသော ပဋိညာဉ်မှာ
ပျက်ပြယ်ကြောင်း ဥပဒေက ပြဋ္ဌာန်းပေးသင့်ပြီး အကျပ်ကိုင်ခြင်းသည် အသုံးချနိုင်သည့် အခြေခံမူတစ်ခုကို
တွေ့ရှိနိုင်သော သဘာဝနေရာပင် ဖြစ်ပါသည်။

ဤကဲ့သ့ေ
ို သာအမှုမျိုးတွင် သဘောတူညီမှုသည် မလွတ်လပ်ကြောင်း အတည်ပြုခြင်းသည်
အထောက်အကူပြုပါမည်။ ဤသိ့ေ
ု သာ စီးပွားရေးဆိုင်ရာ အကျပ်ကိုင်ခြင်းပုံစံ၏ တိကျသောအဓိပ္ပာယ်
ဖွင့်ဆိုချက်သည် လွယ်ကူခြင်းမရှိသော်လည်း အကယ်၍ ပဋိညာဉ်ဝင်တစ်ဦးက ပဋိညာဉ်ချိုးဖောက်မည်ဟု
ခြိမ်းခြောက်ခဲ့ပါက ယင်း၏ရလဒ်အဖြစ် အခြားတစ်ဘက်သည် ပဋိညာဉ် အသစ်တစ်ခုကို ချုပ်ဆြိုခင်း
သိ့မ
ု ဟုတ် လက်ရှိပဋိညာဉ်၏ စည်ကမ်းချက်များကို ပြောင်းလဲခြင်း ပြုလုပ်သည့်အခါ
ထိုသို့ချုပ်ဆိုသည့်ပဋိညာဉ် သိ့မ
ု ဟုတ် သဘောတူညီသည့် ပြောင်းလဲခြင်းကို အကယ်၍ ၎င်းတွင်
လက်တွေ့အားဖြင့် သဘောတူရန်မှတစ်ပါး အခြားရွေးစရာမရှိတောကြောင်း ၎င်းက
ကျိုးကြောင်းဆီလျော်စွာ ယုံကြည်ခဲ့ပါလျှင် (သိ့မ
ု ဟုတ် ၎င်းတွင် အလျှော့ပေးလိုက်လျှောရန်
ကျိုးကြောင်းဆီလျော်စွာ အခြားရွေးချယ်စရာ မရှိသည်မှာ ပိုမိုရှင်းလင်းနေပါလျှင်)
၎င်း၏ရွေးချယ်ပိုင်ခွင့်အရ ပဋိညာဉ်ပျက်ပြယ်စေရန် ကျွန်ုပ်တို့ အကြံပြုလိုပါသည်။

_____________________________________


အင်္ဂလိပ်ဥပဒေတွင် ယင်းကိုChartbrook Ltd v Persimmon Homes Ltd [2009] UKHL 38, [2009] AC 1101 ၌
ယေဘုယျအားဖြင့် ကြိုတင်ညှိနှိုင်းခြင်းများကို ထည့်သွင်းစဉ်းစားခြင်းမပြုရဟု ဆုံးဖြတ်ခဲ့ပါသည်။

ရာဇသတ်ကြီး၏ ပုဒ်မ ၄၉၁ အရ အချို့သောအခြေအနေများတွင် ပဋိညာဉ်ကို ချိုးဖောက်ခြင်းသည် ရာဇ၀တ်မှုတစ်ခု
ဖြစ်ပါသည်။ ပဋိညာဉ်သည် အကူအညီမဲ့သူကို ဂရုစိုက်ရန်နှင့် လိုအပ်သည်များကို ဖြည့် ဆည်းရန် ဖြစ်သည်။ သို့သော်
ဆန့်ကျင်ဘက် မဖြစ်ရပါ။ ရာဇသတ်ကြီး၏ ပုဒ်မ ၃၈၃ အရ ခြောက်လှန့်တောင်းယူသောပြစ်မှုတွင်လည်း လူပုဂ္ဂိုလ်အား
အကြမ်းဖက်ရန် ခြိမ်းခြောက်မှု ပါဝင်ပါသည်။

ထိ့ေ
ု ကြာင့် အက်ဥပဒေ၏ ပုဒ်မ ၁၅ ကို အောက်ပါအတိုင်း အနည်းငယ် ပြင်ဆင်နိုင်ပါသည်။

'၁၅။ ‘အကျပ်ကိုင်ခြင်း (coercion) ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း။ ‘အကျပ်ကိုင်ခြင်း’ဆိုသည်မှာ အောက်ပါတို့ကို


သဘောတူချုပ်ဆိုရန် တစ်စုံတစ်ယောက်အား ပြုလုပ်စေရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခြင်း သိ့မ
ု ဟုတ်
ကျူးလွန်မည်ဟု ခြိမ်းခြောက်ခြင်း ဖြစ်သည်။

(၁) ရာဇသတ်ကြီးက တားမြစ်ထားသော လုပ်ရန် တစ်စုံတစ်ရာ၊ သိ့မ


ု ဟုတ်

(၂) လူပုဂ္ဂိုလ်တစ်ဦးဦးအား မည်သည့် ထိခိုက်မှုမဆို ရှိစေလျှက် ပိုင်ဆိုင်မှုတစ်ခုခုကို တရားမ၀င်


ထိန်းသိမ်းခြင်း၊ သိ့မ
ု ဟုတ်
(၃) အခြားသောပဋိညာဉ်ဝင်သည် တောင်းဆိုချက်ကို လိုက်လျှောရန်မှတပါး ကျိုးကြောင်းဆီလျော်သော
အခြားရွေးချယ်စရာ မရှိသောအခြေအနေတွင် ပဋိညာဉ်ကိုချိုးဖောက်ခြင်း။

၁၂.၄ ကုန်သွယ်မှုကို ကန့်သတ်သည့် သဘောတူညီချက်များ

ကုန်သွယ်မှုကို ကန့်သတ်သည့် သဘောတူညီချက်များအတွက် ပိုမိုကောင်းမွန်သော ပြဋ္ဌာန်းချက်ကို


ရေးဆွဲရန်အတွက်၊ အထူးသဖြင့် ပြိုင်ဘက်အလုပ်ရှင်ထံတွင် အလုပ်သွားလုပ်ရန်အလို့ငှာ အလုပ်ရှင်
တစ်ဦးထံမှ ထွက်သွားသည့် အဓိကကျသောဝန်ထမ်းတစ်ယောက်၏ အမှုမျိုးအတွက် (သိ့ရ
ုာတွင်
ယင်းအမှုအတွက်သာလျှင် မဟုတ်ပါ) အက်ဥပဒေ၏ ပုဒ်မ ၂၇ ကို ပြင်ဆင်လျှင် အကျိုးရှိလိမ့်မည်ဟု
အခန်း ၃ တွင်လေ့လာတွေ့ရှိခဲ့ပြီးဖြစ်သည်။ ပဋိညာဉ်သက်တမ်းပြည့်သွားပြီးနောက် ပြိုင်ဘက်ထံတင
ွ်
အလုပ်စလုပ်ရန် အခွင့်အရေးအတွက် ကျိုးကြောင်းဆီလျော်သော ကန့်သတ်မှုဖြင့် ခွငြ့် ပုရန်
အစုစပ်လုပ်ငန်းများအတွက် ကာလကြာရှည်စွာအသုံးပြုခဲ့သော ပြဋ္ဌာန်းချက်ဖြစ်သည့် အစုစပ်လုပ်ငန်း
အက်ဥပဒေ (Partnership Act)၏ ပုဒ်မ ၃၆(၂) ကို ပုဒ်မ ၂၇ ပြုပြင်ပြောင်းလဲရေးအတွက် ပုံစံအဖြစ်
အသုံးပြုနိုင်သည်။

တရားမ၀င်မှုနှင့် အများပြည်သူမူဝါဒဆိုင်ရာ ဥပဒေသည် အချို့သောကိစ္စများတွင် ပြဿနာရှိကြောင်းကို


အခန်း ၃ တွင် လေ့လာခဲ့ပြီးဖြစ်သည်။ အထူးသဖြင့် ငွေချေးပေးခြင်းနှင့် ငွေချေးယူခြင်းဆိုင်ရာ ပဋိညာဉ်
ကဲ့သ့ေ
ို သာ ပုံမှန်အားဖြင့် တရားဝင်သော ပဋိညာဉ်တစ်ရပ်ကို တရားမ၀င်သောကိစ္စအတွက် ငွေကို အသုံး
ပြုရန်ရည်ရွယ်သော ငွေချေးယူသူက ပါဝင်ချုပ်ဆိုလာခြင်းမျိုးတွင်ဖြစ်သည်။ အချို့သော ဥပဒေစနစ်များ
တွင် မေးခွန်းထုတ်ကြသည်မှာ တရားမ၀င် လုပ်ဆောင်ရန် ရည်ရွယ်ချက်သည် ယင်းနှင့်ဆက်စပ်နေသော
ပဋိညာဉ် အပေါ် "အစွန်းအထင်း" ဖြစ်ပါစေသလား ဟူ၍ ဖြစ်သည်။ ပြဿနာမှာ ဤဥပဒေစနစ်များက
ဖေါ်ပြနေသည့်အတိုင်း လူအများစုက သဘောတူညီနိုင်မည့် အဖြေကို ရှာတွေ့နိုင်ရန် အလွန်ပင်
ခက်ခပ
ဲါသည်။ အကယ်၍ ကျွန်ုပ်ရရှိသော အခကြေးငွေကို ကျွန်ုပ်ထံတွင်သာ ထားရှိလိုပြီး ဥပဒေအရ
ပေးဆောင်ရန်ရှိသောအခွန်ကို မပေးဘဲ အခွန်ရှောင်တိမ်းသောအကြောင်းကြောင့် ကျွန်ုပ်အား အလုပ်ခန့်
ထားမှုသဘောတူစာချုပ်သည် ပျက်ပြယ်သည်ဆိုပါက ကျိုးကြောင်းမဆီလျော်ဘဲ အဓိပ္ပာယ်မြဲ့ ဖစ်သွားမည်
ဖြစ်သော်လည်း၊ အကယ်၍ ကျွန်ုပ်သည် ကားတစ်စီးကို နယ်စပ်ကိုကျော်ဖြတ်ပြီး ကုန်စည် သိ့မ
ု ဟုတ်
လူများကို မှောင်ခိုလုပ်ကိုင်ရန် ငှားယူခြင်းဖြစ်သည်ဆိုပါက ငှားရမ်းပေးခြင်းနှင့် ငှားယူခြင်းဆိုင်ရာ
ပဋိညာဉ်သည် တရားမ၀င် ပျက်ပျယ်ပြီဟု ယူဆကောင်း ယူဆနိုင်ကြောင်း လွယ်ကူစွာ မြင်နိုင်ပါသည်။
ပုဒ်မ ၂၃ တွင်ပါရှိပြီး အမြင်အားဖြင့်ပင် လွယ်ကူစွာနားလည်နိုင်သော ဥပဒေပြဋ္ဌာန်းချက်သည်
အခြားကောင်းမွန်သော ဖေါ်ပြချက်တစ်စုံတစ်ရာကဲ့သ့ပ
ို င် ကောင်းမွန်သောကြောင့် ယင်းကို
ပိုမိုကောင်းမွန်စေရန်ကြိုးပမ်းခြင်းသည် ယင်းကို ပိုဆိုးရွားသွားစေနိုင်သည့် အန္တရာယ် ရှိနိုင်ပါသည်။
ထိ့ေ
ု ကြာင့် ထိုသြို့ ပုလုပ်ရန် ကျွန်ုပ်တို့ အဆိုမပြုပါ။

အက်ဥပဒေ၏ ပုဒ်မ ၂၇ ကို အောက်ပါအတိုင်းပြင်ဆင်ရန် အကြံပြုပါသည် -

'၂၇။ ကုန်သွယ်မှုကို ကန့်သတ်သည့် ပျက်ပြယ်သော သဘောတူညီချက်

(၁) ပုဒ်မခွဲ (၂) တွင် ပြဋ္ဌာန်းထားသည်မှအပ၊ တစ်စုံတစ်ယောက်အား တရားဝင်အသက် မွေးဝမ်း


ကျောင်းပြုမှု၊ ကုန်သွယ်မှု သိ့မ
ု ဟုတ် မည်သည့် လုပ်ငန်းအမျိုးအစားမဆို လုပ်ဆောင်ခြင်းအပေါ်
ကန့်သတ် ချုပ်ချယ်သော မည်သည့်သဘောတူညီချက်မဆို ယင်းအတိုင်းအတာအထိ ပျက်ပြယ်သည်။

(၂) အဆိုပါသဘောတူညီချက်ကို အတည်ပြုထိန်းသိမ်းရန် ကြိုးပမ်းသူက ပဋိညာဉ်ဝင်များနှင့်


အများပြည်သူတို့၏ အကျိုးစီးပွားနှင့် စပ်လျဉ်း၍ ကန့်သတ်ချုပ်ချယ်ထားခြင်းမှာ ကျိုးကြောင်း
ဆီလျော်ကြောင်း တရားရုံးကို ကျေနပ်အောင်ပြသနိုင်ပါက ထိုသဘောတူညီချက် သည်
ပျက်ပြယ်ခြင်းမရှိပါ။'

၁၂.၅ မမျှတသည့် ကင်းလွတ်ခြင်းဆိုင်ရာ အပိုဒ်များ

အခန်း ၅ တွင် ကျွန်ုပ်တို့သည် ပြဿနာကိုလည်း စဉ်းစားကြည့်ခဲ့ပါသည် - ယင်းသည်


လေးနက်သောပြဿနာတစ်ခုဖြစ်ပြီး အမှန်တကယ် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သောပြဿနာ
ဖြစ်ပါသည် - ပဋိညာဉ်တင
ွ် အားနည်းသောပဋိညာဉ်ဝင်၏ အခွင့်အရေးကို လျှော့ချသည့် သိ့မ
ု ဟုတ်
ကန့်သတ်ချုပ်ချယ်သည့် နည်းလမ်းဖြင့် ပဋိညာဉ်ပါ (ပြစ်ဒဏ် အပိုဒ်မဟုတ်သော)
စည်းကမ်းသတ်မှတ်ချက် တစ်ရပ်သည် မမျှတကြောင်း သိ့မ
ု ဟုတ် ကျိုးကြောင်းမဆီလျော်ကြောင်း
တရားရုံးကတွေ့ရှိ (သိ့မ
ု ဟုတ် တွေ့ရှိသင့်) သောအခါ ယင်းပြဿနာသည် ပေါ်ပေါက်လာပါသည်။
တရားရုံးသည် ကိုင်တွယ်ဖြေရှင်းရမည်ဆိုပါက မျှတမှုမရှိကြောင်း ယင်းက ယူဆမည်ဖြစ်သည့် ပဋိညာဉ်ရှိ
စည်းကမ်းသတ်မှတ်ချက်တစ်ရပ်ကို အကျိုးသက်ရောက်မှုရှိစေခြင်းမှ ကာကွယ်တားဆီးရန်
တရားရုံးအတွက် ရှင်းလင်းပြတ်သားသော အခြေခံမရှိကြောင်း အထက်တွင် ရှင်းလင်းဖော်ပြခဲ့ပါသည်။
ပဋိညာဉ်ဝင်တစ်ဦးအား ပေးရန်တာဝန်ရှိခြင်းမှ ကန့်သတ်ခြင်း၊ ဖယ်ထုတ်ခြင်း သိ့မ
ု ဟုတ်
အခြားနည်းအားဖြင့် ကင်းလွတ်စေခြင်း ('ကင်းလွတ်ခွင့် စာပိုဒ်များ') စသည့် စည်းကမ်း
သတ်မှတ်ချက်များသည် ရှင်းလင်းစွာပင် မျှတမှု မရှိသည့်ပုံစံ ဖြစ်နိုင်ပါသည်။

ကုန်စည်များသည် အပြစ်အနာအဆာ သိ့မ


ု ဟုတ် အန္တရာယ်ရှိကြောင်း အကယ်၍ သက်သေထင်ရှား ရှိလျှင်
ရောင်းချသူ သိ့မ
ု ဟုတ် ပစ္စည်းသွင်းသူအား တာဝန်ရှိမှုမှ ဖယ်ထုတ်သည့် သိ့မ
ု ဟုတ် ကန့်သတ်သည့်
စည်းကမ်းချက်များကို ဥပမာအားဖြင့် ကြည့်ပါ။ ထိုကဲ့သို့သော စည်းကမ်းသတ်မှတ်ချက်ကို
ထည့်သွင်းခြင်းသည် ပိုမိုအင်အားကောင်းသော ပဋိညာဉ်ဝင်က အလွဲသုံးစားပြုလုပ်နီးပါးဖြစ်သော
နည်းလမ်းဖြင့် ပဋိညာဉ်က ပေးထားသော လွတ်လပ်ခင
ွ့်ကို အခွင့်ကောင်းယူခြင်းဖြစ်သည့် ဥပမာအဖြစ်
ယူဆနိုင်ပါသည်။ သယ်ယူပို့ဆောင်မှုဆိုင်ရာ ပဋိညာဉ်တင
ွ်ရှိ စည်းကမ်းသတ်မှတ်ချက်များသည်လည်း
ထိုကဲ့သြို့ ဖစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ သယ်ယူပ့ေ
ို ဆာင်သူ၏ ပေါ့ဆမှုကြောင်း သေဆုံးခြင်း
သိ့မ
ု ဟုတ် လူပုဂ္ဂိုလ်ကိုထိခိုက်ဒဏ်ရာရခြင်းဖြစ်စေသည့်တိုင်အောင် သယ်ယူပို့ဆောင်သူက
လျော်ကြေးပေးရန် (သိ့မ
ု ဟုတ် ခရီးသည်၏ အခွင့်အရေးတစ်စုံတစ်ရာ သိ့မ
ု ဟုတ် သူ၏
ပိုင်ဆိုင်သည့်ပစ္စည်းများ တောင်းဆိုမှု) မည်သည့်တာဝန်ဝတ္တရားကိုမဆို ထိုစည်းကမ်းသတ်မှတ်ချက်များမှ
ဖယ်ထုတ်ထားခြင်းပင် ဖြစ်သည်။ အတိတ်ကာလက မြန်မာနိုင်ငံရှိ တရားရုံးများသည်
အဆိုပါစည်းကမ်းသတ်မှတ်ချက်များက ပဋိညာဉ်၏ အစိတ်အပိုင်း ဖြစ်ပြီး မည်သို့မျှ
ထပ်ပြီးပြောစရာမရှိဟူသော အခြေခံပေါ်တွင် ကျင့်သုံး အကောင်အထည်ဖော်ခဲ့ကြသည်။၎ သိ့ရ
ုာတွင်
အဆိုပါအမှုများတွင် အင်အားနည်းသော ပဋိညာဉ်ဝင်သည် အခြားဘက်မှ ပဋိညာဉ်ဝင်နှင့် ပဋိညာဉ်ဆိုင်ရာ
လုပ်ပိုင်ခွင့်တွင် မယှဉ်နိုင်သော အကြောင်းသက်သက်ကြောင့် ၎င်းအတွက် မမျှမတဖြစ်စေပြီး
မတရားသော အနေအထားကို ရောက်သွားစေနိုင်သည်ဟု အပြင်းအထန် ငြင်းခုံပြောဆိုနိုင်ပါသည်။

မြန်မာနိုင်ငံ၏ ပြင်ပရှိ နိုင်ငံများတွင် ဥပဒေသည် နည်းလမ်းနှစ်သယ


ွ်ဖြင့် ဖွံ့ ဖြိုးတိုးတက်လာပါသည်။
နည်းလမ်းတစ်သယ
ွ်မှာ အချို့သောပဋိညာဉ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို တရားရုံးအား
ကန့်သတ်ခွင့်ပြုပေးသည့် အင်္ဂလိပ်ရိုးရာဥပဒေ (Common Law) ဆိုင်ရာ စည်းမျဉ်းများကို
ဖွံ့ ဖြိုးတိုးတက်စေရန် တရားသူကြီးများကိုယ်တိုင်က တာဝန်ယူ ပြုလုပ်နိုင်ခြင်းပင်ဖြစ်သည်။
၎င်းတွင်ရှိသော ပြဿနာမှာ Common Law ၏ အဆိုပါတရားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုသည်
အလွဲသုံးစားပြုခြင်းကိစ္စရပ်အားလုံးကို ကိုင်တယ
ွ်ဖြေရှင်းနိုင်ဖွယ် မရှိခြင်းပင် ဖြစ်သည်။
ဒုတိယနည်းလမ်းတစ်သယ
ွ်မှာ တောင်းဆိည
ှိုနှိုင်းနိုင်မှုအားနည်းသော အနေအထားတွင်ရှိသည့် လူများနှင့်
စားသုံးသူများအတွက် ဥပဒေ ပြဋ္ဌာန်းပေးခြင်းပင်ဖြစ်သည်။ ယင်းဥပဒေသည်
အချို့သောအခြေအနေများတွင် လက်ခံနိုင်သော မျက်မှောက်ခေတ် စံနှုန်းများကို ဆန့်ကျင်ထိခိုက်သည့်
ပဋိညာဉ်ဆိုင်ရာစည်းကမ်းချက်များကို ပယ်ဖျက်ရန် သိ့မ
ု ဟုတ် ပြင်ဆင်နိုင်စေရန် တရားရုံးများအား
အခွင့်အာဏာပေးသည့် ဥပဒေဖြစ်သည်။

အလားတူပင် မြန်မာနိုင်ငံတင
ွ် ဖြစ်နိုင်ခြေကိစ္စတစ်ရပ်မှာ အင်အားနည်းသော ပဋိညာဉ်ဝင်အပေါ်
မမျှတသည့်စည်းကမ်းချက်တစ်ရပ်ကို ပဋိညာဉ်ချုပ်ဆိုသူတစ်ဦးက သတ်မှတ်ခြင်းသည် "တရားမျှတမှု၊
သာတူညီမျှမှု နှင့် အမှားအမှန်ခြွဲ ခားသိစိတ်" တိ့န
ှုင့်အညီ ဟုတ်မဟုတ် ကို ၁၉၈၉ ခုနှစ် မြန်မာ ဥပဒေများ
အက်ဥပဒေ ပုဒ်မ ၁၃(၁) ကို ကျင့်သုံးသည့် တရားရုံးများက မေးမြန်းရန်ပင်ဖြစ်သည်။ သိ့ရ
ုာတွင်
တိကျမှုနှင့် ရှင်းလင်းပြတ်သားမှုအတွက်ဆိုပါလျှင် ပိုကောင်းသောရွေးချယ်စရာတစ်ခုမှာ ၁၈၇၂
အက်ဥပဒေကို အနည်းငယ်ပြင်ဆင်ခြင်းဖြင့် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခြင်းပင် ဖြစ်သည်။
တစ်စုံတစ်ယောက်အနေဖြင့် မမျှတသောစည်းကမ်းချက်များအားလုံး အကျုံးဝင်သည့်
စည်းကမ်းသတ်မှတ်ချက်ထိ အလွယ်တကူချဲ့ထွင်သွားနိုင်သော်လည်း ကျွန်ုပ်တို့ အကြံပေးထားသည့်
ဤပြုပြင်ပြောင်းလဲမှုသည် စားသုံးသူများဆိုင်ရာပဋိညာဉ်များတွင် မမျှတသော ကင်းလွတ်ခွင့်
အပိုဒ်များကိုသာ ဖော်ပြထားပါသည်။

'၂၈(က)။ ပျက်ပြယ်သော မမျှမတကင်းလွတ်ခွင့်ပေးသည့် အပိုဒ်များ

(၁) စားသုံးသူနှင့် ကုန်သည်တ့အ


ို ကြား ချုပ်ဆိုသည့် ပဋိညာဉ်တင
ွ်ပါရှိသော
စည်းကမ်းသတ်မှတ်ချက်သည် ကျိုးကြောင်းဆီလျော်မှုစစ်ဆေးချက်ကို ကျေနပ်မှုရှိစေရန်
ဖြည့်ဆည်းနိုင်သည့် အခါမှတစ်ပါး ကုန်သည်တစ်ဦးက ပဋိညာဉ်ချိုးဖောက်မှုအတွက် တာဝန်ရှိမှုကို
ဖယ်ထုတ်သည့် သိ့မ
ု ဟုတ် ကန့်သတ်သည့် စည်းကမ်းချက်တစ်ရပ်သည် ပျက်ပြယ်သည်။

___________________________________________


ဦးလှဖေ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံလေကြောင်း၏ ဒါရိုက်တာများဘုတ်အဖွဲ့ (၁၉၅၁) မြန်မာနိုင်ငံစီရင်ထုံး ၃၄၇
(တရားလွှတ်တော်)၊ ဒေါ်မြဆွေ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံလေကြောင်း (၁၉၆၄) မြန်မာနိုင်ငံစီရင်ထုံး ၂၇၉ (တရားရုံးချုပ်)

(၂) ကျိုးကြောင်းဆီလျော်မှုစစ်ဆေးချက်ဆိုသည်မှာ ပဋိညာဉ်ကို ချုပ်ဆိုသောအချိန်တင


ွ် ပါဝင်ချုပ်
ဆိုသူများက အလေးအနက်စဉ်းစားချင့်ချိန်သုံးသပ်ထားသည့် သိ့မ
ု ဟုတ် သိရှိထားသည့် သိ့မ
ု ဟုတ်
ကျိုးကြောင်းဆီလျော်စွာ သိရှိထားသင့်သည့် အခြေအနေများနှင်ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်ကို
ထည်သွင်းရန်မှာ ယင်းသည် မျှတမှု နှင့် ကျိုးကြောင်းဆီလျော်မှုရှိမရှိကို ဆိုလိုသည်။

(၃) အပိဒ
ုခွ(ဲ ၁)၏ ရည်ရွယ်ချက်များအလို့ငှာ -

(က) စားသုံးသူဆိုသည်မှာ ကုန်သည်နှင့် ရောင်းဝယ်ရာတွင် ကုန်သွယ်မှု သိ့မ


ု ဟုတ်
စီးပွားရေးလုပ်ငန်းကိစ္စအတွက် ဆောင်ရွက်သူမဟုတ်သော လူပုဂ္ဂိုလ်တစ်ဦးကို ဆိုလိုသည်။

(ခ) ကုန်သည်ဆိုသည်မှာ ၎င်း၏ ကုန်သယ


ွ်မှု သိ့မ
ု ဟုတ် စီးပွားရေးလုပ်ငန်းဆိုင်ရာ
ရည်ရွယ်ချက်များအတွက် ပဋိညာဉ်ချုပ်ဆိုသူကို ဆိုလိုသည်။
၁၂.၆ တတိယပုဂ္ဂိုလ်အဖွဲ့ အစည်းများ (third parties) ၏ အခွင့်အရေးများ

ပဋိညာဉ်နှင့် မသက်ဆိုင်သော သူစိမ်းတစ်ယောက်က အခွင့်ကောင်းယူကာ ပဋိညာဉ်ကို အတည်ပြု


အကောင်အထည် မဖော်နိုင်သည့် စည်းမျဉ်းသည် ဥပဒေဆိုင်ရာစနစ်အချို့တွင် တွေ့ရသကဲ့သို့ (ထိ့အ
ု ပြင်
ယင်းကို ဥပဒေပြုခြင်းကဏ္ဍက မကြာခဏ ပြင်ဆင်လေ့ရှိပါသည်) "ပဋိညာဉ်ဆိုင်ရာ
နှစ်ဖက်ဆက်ဆံဆောက်ရွက်မှု (privity of contract)" ဟု ခေါ်တွင်သော စည်းမျဉ်းဖြစ်ပြီး
မြန်မာနိုင်ငံဥပဒေ၏ တစ်စိတ်တစ်ပိုင်းမဖြစ်ကြောင်းကို အခန်း ၅ တွင် ကျွန်ုပ်တို့ ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သိုဖြစ်ကြောင်းကို အနည်းဆုံး ဖြစ်ရပ် (၃) ခု တွင် တရားရုံးများက ဖေါ်ပြခဲ့ပါသည်။၅ ၎င်းတိ့၏

စီရင်ချက်များသည် ရှင်းလင်းမှုရှိသော်ငြားလည်း အကယ်၍ အလွန်ကြိုဆိုအပ်သော ဤချဉ်းကပ်မှုကို
အက်ဥပဒေတွင် ထည့်သွင်းဖေါ်ပြပြီး အတည်ပြုနိုင်ပါလျှင် ပိုမိုသင့်လျော်မည်ဖြစ်ပြီး မည်သူမဆို
မြင်တွေ့နိုင်ပါမည်။

ပဋိညာဉ်ဝင်မဟုတ်သူ သိ့မ
ု ဟုတ် တတိယပုဂ္ဂိုလ်အဖွဲ့ အစည်း (third party) သည် ၎င်းမပါဝင်သည့်
ပဋိညာဉ်တစ်ရပ်ကို အတည်ပြုကောင်း ပြုနိုင်သည်မှာ အချက်တစ်ချက် ဖြစ်ပါသည်။ သို့သော်လည်း
နောက်တစ်ချက်မှာ ဤသည်ကို ခွင့်ပြုသည့် အခြေအနေကို ရှင်းပြရန် သိ့မ
ု ဟုတ် အဓိပ္ပာယ်ဖင
ွ့်ဆိုရန်ပင်
ဖြစ်သည်။ ဥပမာအားဖြင့် အခြားသူများအကြား ပြုလုပ်သော ပဋိညာဉ်တင
ွ် မပါဝင်သူ
သူစိမ်းတစ်ယောက်သည် ပဋိညာဉ်ကို အတည်ပြုခြင်းကြောင့် ၎င်းတွင် အကျိုးရှိနိုင်စေမည်ဟူသော
အကြောင်းပြချက်သက်သက်ဖြင့် ထိုသို့ပြုလုပ်ရန် အခွင့်အရေးကို ရရှိသင့်သည်ဟုဆိုခြင်းသည်
အဓိပ္ပါယ်မရှိဟု ထင်မှတ်ရပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်၏ အိမ်နီးနားချင်းသည်
ရေနုတ်မြောင်းကန်ထရိုက်တာတစ်ဦးနှင့် ၎င်းအိမ်နီးနားချင်း၏မြေပေါ်တွင် ရေနုတ်မြောင်းအလုပ်ကို
လုပ်ရန် ပဋိညာဉ်ပြုလုပ်ပါက ထိုပဋိညာဉ်သည် ကျွန်ုပ်ကိုပါ အကျိုးပြုလိမ့်မည်ဟု ကျွန်ုပ်စဉ်းစားကောင်း
စဉ်းစားနိုင်ပါသည်။ အကယ်၍ ရေနုတ်မြောင်းကန်ထရိုက်တာသည် ပဋိညာဉ်ပါ တိကျသော
စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အလုပ်ကိုဆောင်ရွက်ရန် ပျက်ကွက်ခြင်းရှိ၍ ကျွန်ုပ်က ၎င်းကို
တရားစွဆ
ဲိုနိုင်မည်ဆိုလျှင် အလွန်ပင်အံ့သြဖွယ်ရာ ကောင်းပါမည်။ လိုရင်းကို ရှင်းရှင်း တင်ပြရလျှင်
ပဋိညာဉ်သည် အကယ်စင်စစ် ကျွန်ုပ်နှင့် မည်သ့မ
ျှိုမသက်ဆိုင်ပါ။ ကန်ထရိုက်တာက ၎င်း၏တာဝန်များကို
ညံ့ဖျင်းစွာ ဆောင်ရွက်နေခြင်းအပေါ် ကျွန်ုပ်၏ အိမ်နီးနားချင်းက လိုလိုလားလား ခွင့်ပြုပါက ယင်းမှာ
၎င်း၏ကိစ္စသာဖြစ်ပြီး ကျွန်ုပ်နှင့်မဆိုင်ပါ။ ပိုမိုတိကျပြည့်စုံစွာဖေါ်ပြထားသည့် တတိယပုဂ္ဂိုလ်
အဖွဲ့ အစည်းများ (third parties) ၏ အနေအထားဆိုင်ရာ ဖေါ်ပြချက်သည် ဥပဒေ ကို
ရှင်းလင်းစေမည်ဖြစ်သကဲ့သို့ အသုံးလည်း ၀င်စေပါမည်။

ပုဒ်မ ၃၇ ၏ နောက်တွင် ပုဒ်မအသစ် ၃၇(က) ကို ထည့်သွင်းရန် အကြံပြုပါသည်။


' ၃၇(က) တတိယ ပုဂ္ဂိုလ်အဖွဲ့ အစည်းများ (third parties) အား တိုက်ရိုက် အပ်နှင်းသည့်
အကျိုးအမြတ်များ။

(၁) ပဋိညာဉ်က အခြားနည်း ပြဋ္ဌာန်းခြင်း မရှိခဲ့ပါလျှင် ပဋိညာဉ်တင


ွ်ပါရှိသော စည်းကမ်းချက်က
အတိအလင်း သတ်မှတ်ဖော်ပြထားသော တတိယပုဂ္ဂိုလ်အဖွဲ့အစည်းအား အကျိုးအမြတ်တစ်ခုကို
တိုက်ရိုက် အပ်နှင်းထားသည့်အခါ ပဋိညာဉ်ဝင်များအကြား တရားဝင်အတည်ဖြစ်မည့် အကြောင်းပြ
ခုခံချက်တစ်စုံတစ်ရာကို အထောက်အထားပြု၍ အခြားတတိယပုဂ္ဂိုလ် အဖွဲ့ အစည်းသည်
ထိုစည်းကမ်းချက်ကို အတည်ပြုလုပ်နိုင်ရမည်။

______________________________________


မအိတင် နှင့် မဗျော အမှု အေအိုင်အာ ၁၉၃၀ ရန်ကုန် ၁၇၂၊ (၁၉၃၀) အိုင်အယ်လ်အာ ၈ ရန်ကုန် ၂၆၆
(သူမ၏အကျိုးအတွက် မိဘများကပြုလုပ်သော ထိမ်းမြားလက်ထပ်ခြင်းမပြုမီနှင့်ဆိုင်သော သဘောတူညီချက်ကို အတည်ပြုရန်
အိမ်ထောင်ဖက်၏ အခွင့်အရေး၊ ဤအချက်ကိုပင် Khwaja Muhammad Khan နှင့် Hussein Begum အမှု (1910) 37 Ind
App 152 တွင်လည်း တွေ့ရပြီး ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ပဋိညာဉ်များကို အတည်ပြုရာတွင် ဆုံးဖြတ်ခြင်း၏နယ်ပယ်ကို
ကန့်သတ်ရန်ဟု ယူဆကောင်း ယူဆနိုင်ပြီး ထိုအချက်ကို ထောက်ခံရန် စစ်မှန်သည့် အကြောင်းပြချက်ကမူ မရှိပါ။ ဒေါ်ပို နှင့်
ဦးဖိုးမျှင် အမှု၊ အေအိုင်အာ ၁၉၄၀ ရန်ကုန် ၉၁၊ (၁၉၄၀) အာအယ်လ်အာ ၂၃၇၊ Burma (Government Security) Insurance
Co., Ltd. နှင့် Daw Saw Hla အမှု (၁၉၅၃) မြန်မာနိုင်ငံစီရင်ထုံး ၃၅၀ (တရားလွှတ်တော်ချုပ်)။

(၂) ပုဒ်မ ၆၂ နှင့် ပုဒ်မ ၆၃ တိ့တ


ု င
ွ် မည်သ့ပ
ို င်ဖေါ်ပြပါရှိစေကာမူ တတိယပုဂ္ဂိုလ်အဖွဲ့အစည်း (third
party) သည် အပိုဒ်ခွဲ (၁) အရ ပဋိညာဉ်ပါစည်းကမ်းတစ်ရပ်ကို အတည်ပြုရန် အခွင့်အရေးရှိသည့်အခါ၊
ထိ့အ
ု ပြင် အဆိုပါ စည်းကမ်းကို တတိယပုဂ္ဂိုလ်အဖွဲ့ အစည်းက လက်ခံပြီး အားကိုးအားထားပြုသည့်အခါ
တတိယပုဂ္ဂိုလ်အဖွဲ့ အစည်း၏ သဘောတူညီ ချက်မရရှိဘဲ ပဋိညာဉ်၏ ပဋိညာဉ်ဝင်များသည်
အဆိုပါအခွင့်အရေးကို ဖျက်သိမ်းခြင်း သိ့မ
ု ဟုတ် ပြောင်းလဲခြင်း မပြုလုပ်နိုင်ပါ။’

၁၂.၇ စည်းကမ်းသတ်မှတ်ချက်များ၊ အာမခံချက်များနှင့် သတ်မှတ်မထားသော စည်းကမ်းချက်များဟူ၍


အမျိုးအစားခွထ
ဲားသည့် စည်းကမ်းချက်များ

ပဋိညာဉ်ဝင်တစ်ဦး၏ ဆောင်ရွက်ရန်ပျက်ကွက်မှုသည် အတော်အတန်များပြားသည်ဟူသော အကြောင်း


ပြချက်ဖြင့် အခြားသောပဋိညာဉ်ဝင်က ပဋိညာဉ်ကို ပယ်ဖျက်ခြင်းမပြုမီ (ပဋိညာဉ်ပြီးဆုံးခြင်း အဓိပ္ပာယ်)
ဖြည့်ဆည်းရမည့် အရည်အချင်းသတ်မှတ်ချက်များ သိ့မ
ု ဟုတ် အရည်အချင်းသတ်မှတ်ချက်တစ်ခုကို
ဥပဒေက ပိုမိုရှင်းရှင်းလင်းလင်း ဖော်ပြပါလျှင် အထောက်အကူ ဖြစ်ပါမည်။ ၎င်းကို အခန်း ၇ တွင် ကျွန်ုပ်တို့
ဆန်းစစ်ခဲ့ပြီး တရားရုံးများတွင် ပြဿနာဖြစ်စေသောဆုံးဖြတ်ချက်များ ချမှတ်ခဲ့ဟန် မရှိသော်လည်း
ဆောင်ရွက်ရန်ပျက်ကွက်မှုအတိုင်းအတာသည် မည်သ့တ
ိုတိကျကျ ဖြစ်ရမည်ဟူသော မေးခွန်းအပေါ်
ဤအက်ဥပဒေတွင် လုံလောက်ရှင်းလင်းပြတ်သားစွာ သတ်မှတ်ဖေါ်ပြထားဟန် မရှိသည့်အပြင် ၎င်းကို
စီရင်ဆုံးဖြတ်ခ့ေ
ဲ သာ အမှုများဖြင့်လည်း လွယ်ကူစွာပြသနိုင်မည် မဟုတ်ပါ။

၎င်းကိစ္စကို လေ့လာကြည်ရှုသည့် နည်းလမ်းတစ်ရပ်မှာ မဆောင်ရွက်ခြင်း၏ အကျိုးသက်ရောက်မှုသည်


အခြားသောပဋိညာဉ်ဝင်၏ ပဋိညာဉ်ဆိုင်ရာ အကျိုးအမြတ်အားလုံးကို သိသိသာသာ ဆုံးရှုံးစေခြင်း
ဖြစ်မဖြစ် မေးခွန်းထုတ်ရန်ပင်ဖြစ်ပြီး ယင်းမှာ ပဋိညာဉ်ကို အရင်းအမြစ်မှ ချိုးဖောက်မှုတစ်ရပ် ဖြစ်ပါသည်။
နောက် ထပ်မေးခွန်းထုတ်ရန်မှာ အချိန်သည် ပဋိညာဉ်၏ အဓိကကျသောအချက်ဖြစ်သော
အခြေအနေတွင် အချိန်နှင့်ပတ်သက်သော ပြဋ္ဌာန်းချက်ကို ချိုးဖောက်သောအခါ ခွင့်ပြုထားသည့်
နည်းလမ်းအတွင်း ကျိုးပျက်သွားသော စည်းကမ်းချက်သည် အကယ်၍ ချိုးဖောက်ခံခဲ့ရပါက
အခြားသောပဋိညာဉ်ဝင်အား ပဋိညာဉ်ကို ပယ်ဖျက်ရန် (ဆိုလိုသည်မှာ အဆုံးသတ်ရန်) အမြဲတမ်း
ခွင့်ပြုမပြုဆိုသည့် မေးခွန်း ထုတ်ရန်ပင် ဖြစ်သည်။ ၁၈၇၂ ခုနှစ် အက်ဥပဒေ၏
ယေဘုယျပဋိညာဉ်ဥပဒေတွင် မပါဝင်သော်လည်း ၁၉၃၀ ခုနှစ် ကုနစ
် ည်ရောင်းချခြင်းအက်ဥပဒေတွင်
ထင်ဟပ်ဖေါ်ပြချက်အရ ပဋိညာဉ်ကို အဆုံးသတ်စေရန် အမြဲတမ်းခွင့်ပြုသည့် စည်းကမ်းချက်များကို
'စည်းကမ်းသတ်မှတ်ချက်များ' ဟု ရည်ညွှန်းထားပြီး ၎င်းသည် အမည်တစ်ခု မဟုတ်သော်လည်း
ဥပဒေဆိုင်ရာ အကျိုးသက်ရောက်မှု ရှိသည့်အတွက် အရေးကြီးသောအရာဖြစ်ပါသည်။ အကယ်၍
တစ်စုံတစ်ယောက်က စည်းကမ်း သတ်မှတ်ချက်များကို ယေဘုယျအားဖြင့် အသိအမှတ်ပြုရမည်ဆိုလျှင်
နောက်ထပ်မေးခွန်းမှာ ထိုစည်းကမ်းချက်အများစုသည် စည်းကမ်းသတ်မှတ်ချက်များ (conditions)
(သိ့မ
ု ဟုတ် အာမခံချက်များ - warranties) မဟုတ်ဘဲ အပြစ်မရှိသော ပဋိညာဉ်ဝင်က ပဋိညာဉ်
ရပ်စဲခြင်းကို ပြုလုပ်ပိုင်ခွင့်ရှိ၊ မရှိကို ဆုံးဖြတ်သည့် ချိုးဖောက်မှု၏ အကျိုးဆက်နှင့် စပ်လျဉ်းသော
‘သတ်မှတ်မထားသော စည်းကမ်းချက်' (innominate) သာ ဖြစ်ပါသည်။

ဤကဲ့သ့ေ
ို သာ စည်းကမ်းချက်များဆိုင်ရာ အမျိုးအစားသတ်မှတ်ခြင်းမျိုးမရှိဘဲ ပဋိညာဉ်အက်ဥပဒေကို
နှစ်ပေါင်းများစွာ ကျင့်သုံးဆောင်ရွက်ခဲ့ကြပြီး ယခုအခါတွင်မှ ဤသိ့အ
ု မျိုးအစားခွရ
ဲ န် မလိုအပ်ကြောင်း
ဆိုကောင်းဆိုနိုင်ပါသည်။ ယင်းအချက်တွင် ပြဿနာမှာ ငွေရေးကြေးရေး ဆိုင်ရာ အရေးကြီးပြီး
အရွယ်အစားတစ်ခုရှိသည့် ပဋိညာဉ်များချုပ်ဆိုခြင်းကို မကြာသေးမီကအထိ အတွေ့အကြုံမရှိသေးသော
ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပဋိညာဉ်ဝင်များအနေဖြင့် သိချင်ကောင်း သိချင်မည်မှာ ၎င်းတို့အတွက်
သင့်တော်သော နည်းလမ်းဖြင့် ၎င်းတိ့၏
ု ပဋိညာဉ်များ၏ စည်းကမ်းချက်များ ရေးဆွဲလျှင်၊ နောက်ပြီး ၎င်းတို့
ရရှိနိုင်မှုရှိသော၊ ထိ့အ
ု ပြင် ၎င်းတို့ မရရှိနိုင်သော အခွင့်အရေးများနှင့် ကုစားမှုများကို ရေးဆွဲလျှင်
တရားရုံးများက ထိုသဘောတူစာချုပ်ကို အတည်ပြုလိမ့်မည် ဟုတ်မဟုတ် ဆိုသည်ပင် ဖြစ်သည်။
မည်သည့်အချိန်မျိုးတွင် ပဋိညာဉ်ဝင်သည် ပဋိညာဉ်ကို ရပ်စဲခြင်းပြုနိုင်သည် နှင့် ရပ်စဲခြင်း မပြုနိုင်သည်ကို
ရှင်းပြရန်၊ ထိ့အ
ု ပြင် ယင်းကို ပြီးစီးအောင် လုပ်နိုင်မှုရှိမရှိ နှင့် မည်သည့်အချိန်တင
ွ် ပြီးစီးနိုင်သည်ကို
ပဋိညာဉ်ဝင်များသည် ၎င်းတို့အတွက် မူအားဖြင့် လွတ်လပ်စွာ ဆုံးဖြတ်နိုင်သည်ကို
အတည်ပြုရန်တ့အ
ို တွက် ပုဒ်မ ၃၉ တွင်ပါရှိသော အခြေခံစည်းမျဉ်း၏ ရှင်းလင်းချက် သိ့မ
ု ဟုတ်
ထပ်တိုးအချက်တစ်ခုအဖြစ် ရှင်းလင်းခြင်းသည် အရေးကြီးပြီး အထောက်အကူပြုသော ပုံစံဖြင့်
ဤဥပဒေကို ရှင်းလင်းပြတ်သားစေကာ ပိုမိုကောင်းမွန်စေမည် ဖြစ်သည်။

ပုဒ်မ ၃၉ ကို ပုဒ်မ ၃၉ အသစ်ဖြင့် အစားထိုးရန် အကြံပြုပါသည်။

'၃၉ ပဋိညာဉ်ကို ဆောင်ရွက်ရန် ပဋိညာဉ်ဝင်တစ်ဦးက ပျက်ကွက်ခြင်း သို့မဟုတ် ငြင်းဆန်ခြင်း၏


အကျိုးသက်ရောက်မ။ှု

(၁) ပုဒ်မခွဲ (၅) အရ အပြစ်မရှိသော ပဋိညာဉ်ဝင်သည် ပုဒ်မခွဲ (၂) တွင် သတ်မှတ်


ဖေါ်ပြထားသည့်အခြေအနေများအောက်တင
ွ် အခြားသော ပဋိညာဉ်ဝင်က ချိုးဖောက်လျှင် ပဋိညာဉ်ကို
အဆုံးသတ်ရန် အခွင့်အရေးရှိပါသည်။

(၂) ပုဒ်မခွ(ဲ ၁)တွင် ရည်ညွှန်းထားသော အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) အခြားသော ပဋိညာဉ်ဝင်က စည်းကမ်းသတ်မှတ်ချက်တစ်ခုကို (အာမခံချက် သိ့မ


ု ဟုတ်
သတ်မှတ်မထားသော စည်းကမ်းချက်မဟုတ်သည့်) စည်းကမ်းချက် ချိုးဖောက်ခြင်း၊

(ခ) သတ်မှတ်မထားသော စည်းကမ်းချက်ကို အခြားသောပဋိညာဉ်ဝင်မှ ချိုးဖောက်ခြင်းရှိနေပြီး


ယင်းချိုးဖောက်ခြင်း၏အကျိုးဆက်များမှာ အပြစ်မရှိသောပဋိညာဉ်ဝင်၏ ပဋိညာဉ်ဆိုင်ရာ
အကျိုးအမြတ်အားလုံးကို ဆုံးရှုံးစေခြင်း၊ သိ့မ
ု ဟုတ်

(ဂ) အခြားသောပဋိညာဉ်ဝင်သည် အပြစ်မရှိသော ပဋိညာဉ်ဝင်အား နှုတ် သိ့မ


ု ဟုတ် အပြုအမူဖြင့်
ပဋိညာဉ်ကို လုံးဝဆောင်ရွက်မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြလျှက် ပဋိညာဉ်အပေါ်
ငြင်းဆိုခြင်း၊

(၃) ပုဒ်မခွဲ ၂(က) နှင့် (ခ) တိ့၏


ု ရည်ရွယ်ချက်များအတွက် -

(က) အကယ်၍ စည်းကမ်းချက်တစ်ခုသည် ပဋိညာဉ်၏ အရေးပါသောစည်းကမ်းချက်ဖြစ်ပြီး ယင်းအပေါ်


မည်သည့် ချိုးဖောက်မှုမဆို အပြစ်ကင်းသောပဋိညာဉ်ဝင်၏ ပဋိညာဉ်ဆိုင်ရာ အကျိုးအမြတ် အားလုံးကို
များများစားစား ဆုံးရှုံးစေနိုင်ခြင်း သိ့မ
ု ဟုတ် ယင်းအပေါ် မည်သည့်ချိုးဖောက်မှုမဆို အပြစ်ကင်း
သောပဋိညာဉ်ဝင်အား ပဋိညာဉ်ရပ်စဲပိုင်ခွင့်ကို ပေးရန် ပဋိညာဉ်ဝင်များက ရည်ရွယ်ကြောင်း အခြား
နည်းအားဖြင့် ရှင်းလင်းမှုရှိပါလျှင် ထိုစည်းကမ်းချက်သည် စည်းကမ်းသတ်မှတ်ချက် (condition)
ဖြစ်ပါသည်။

(ခ) စည်းကမ်းချက်တစ်ခုသည် အကယ်၍ ပဋိညာဉ်၏ အရေးမပါသော စည်းကမ်းချက်ဖြစ်ပြီး ယင်းအပေါ်


ချိုးဖောက်မှု မရှိခြင်းသည် အပြစ်ကင်းသောပဋိညာဉ်ဝင်၏ ပဋိညာဉ်ဆိုင်ရာ အကျိုးအမြတ်တစ်ခုလုံးကို
များများစားစား ဆုံးရှုံးခြင်း မဖြစ်စေပါလျှင် ထိုစည်းကမ်းချက်သည် အာမခံချက် (warranty) ဖြစ်ပါသည်၊

(ဂ) စည်းကမ်းသတ်မှတ်ချက်သော်လည်းကောင်း အာမခံချက်သော်လည်းကောင်း မဟုတ်သည့်


စည်းကမ်းချက်သည် သတ်မှတ်မထားသော စည်းကမ်းချက် (innominate term) ဖြစ်သည်၊

(ဃ) ဥပဒေအရ (ဥပမာအားဖြင့်၊ ၁၉၃၀ ခုနှစ် ကုန်စည်ရောင်းချခြင်းအက်ဥပဒေ)


စည်းကမ်းချက်တစ်ရပ်သည် စည်းကမ်းသတ်မှတ်ချက် သိ့မ
ု ဟုတ် အာမခံချက် သိ့မ
ု ဟုတ်
သတ်မှတ်မထားသော စည်းကမ်းချက် ဖြစ်မဖြစ် ဆိုသည်ကို ပဋိညာဉ်ဝင်များ၏ ရည်ရွယ်ချက်များက
အဆုံးအဖြတ်ပေးပါသည်။ သို့သော် ပဋိညာဉ်က စည်းကမ်းချက်ကို 'စည်းကမ်းသတ်မှတ်ချက်' တစ်ခုအဖြစ်
ရည်ညွှန်းမှုသည် အပြီးအပြတ် မဖြစ်ပါ။

(၄) ပုဒ်မခွဲ(၂)အောက်တွင် ပဋိညာဉ်ကိုအဆုံးသတ်ခွင့်ပြုသော ချိုးဖောက်မှုမဟုတ်သည့် ဖြစ်ရပ်တစ်ခုတင


ွ်
ပဋိညာဉ်ကို အဆုံးသတ်ရန် ခွင့်ပြုပေးသည့် စည်းကမ်းချက်တစ်ခုကို ပဋိညာဉ်ဝင်များက ပဋိညာဉ်တင
ွ်
ထည့်သွင်းနိုင်သည်။

(၅) အပြစ်ကင်းသောပဋိညာဉ်ဝင်သည် အကယ်၍ စကားလုံး သိ့မ


ု ဟုတ် အပြုအမူဖြင့် ၎င်းသည် ပဋိညာဉ်
ဆက်လက်ရှိနေခြင်းကို သဘောတူကြောင်း အဓိပ္ပာယ်သက်ရောက်မှု ပြသခဲ့ပါလျှင် ၎င်းသည် ပုဒ်မခွ(ဲ ၁)
နှင့်အညီ ပဋိညာဉ်ကို အဆုံးသတ်ခြင်းကို မပြုလုပ်စေရ။

၁၂.၈ ပယ်ဖျက်ခြင်းကြောင့် ပျက်ပြယ်သွားသော ပဋိညာဉ်များ

ပဋိညာဉ်တစ်ရပ်တင
ွ် ပဋိညာဉ်ဝင်တစ်ဦး၏ သဘောတူညီမှုသည် လွတ်လပ်စွာမပေးနိုင်ခြင်းအပေါ်
အခြေခံပြီး ပဋိညာဉ်ကို ပယ်ဖျက်သည့်အခါ ယင်းသို့ပယ်ဖျက်ခြင်းမတိုင်မီက ရရှိခဲ့သော အကျိုးစီးပွားနှင့်
အကျိုးအမြတ်များကို ပဋိညာဉ်ဝင်တစ်ဦးစီက ပြန်လည်ထားရှိပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဥပဒေက
ပြဋ္ဌာန်းပေးရန် မျှော်လင့်ကြပေမည်။ အထက်ဖေါ်ပြပါ အခန်း ၄ နှင့် ၁၀ တိ့တ
ွုင် ပယ်ဖျက်ရန် ရွေးချယ်မှုကို
ကျင့်သုံးသော ပဋိညာဉ်ဝင်အပေါ် ပုဒ်မ ၆၄ က မည်သို့ တာဝန်ဝတ္တရာများ ချမှတ်သည်ကို ကျွန်ုပ်တို့
ပေါ်လွင်ထင်ရှားစွာ ရှင်းလင်းခဲ့ပြီး ရွေးချယ်မှုကို ကျင့်သုံးခြင်းခံရသည့် ပဋိညာဉ်ဝင်အပေါ် တူညီသော
တာဝန်ဝတ္တရားကိုမူ ရှင်းလင်းစွာ ဖေါ်ပြထားခြင်းမရှိသည်မှာ ကျွန်ုပ်တို့အား အံ့အားသင့်စေကြောင်း
ဖော်ပြခဲ့ပါသည်။ အဆိုပါ တာဝန်ဝတ္တရားကို ပုဒ်မ ၆၅ တွင် ထည့်သွင်းချမှတ်နိုင်မည်ဟု ကျွန်ုပ်တို့
လေ့လာတွေ့ရှိခဲ့ပါသည်။ သို့သော် ပယ်ဖျက်သော ပဋိညာဉ်တစ်ခုသည် ‘ပျက်ပြယ်သော
တစ်ခုပဋိညာဉ်ဖြစ်လာကြောင်း’ နှင့် ငြင်းခုံဆွေးနွေးစရာ ဖြစ်သည့်အချက်ကို လက်ခံမှသာ ထိုအချက်ကို
ထည့်သွင်းချမှတ်နိုင်ပါမည်။ ထို့ကြောင့် သံသယဖြစ်မှုကို ရှောင်ရှားနိုင်ရန်အတွက် ပုဒ်မ ၆၅ ကို
ပြင်ဆင်ပေးသင့်ပြီး သိ့မ
ှုသာ ပယ်ဖျက်ခြင်းခံယူရသည့် အပြစ်ကင်းသူမဟုတ်သော ပဋိညာဉ်ဝင်သည်
မူလအခြေအနေအတိုင်း ပြန်လည်ထားရှိပေးရန် လိုအပ်သည်မှာ ရှင်းလင်းလာမည်ဖြစ်သည်။

ပုဒ်မ ၆၅ ကို အောက်ပါအတိုင်း ပြင်ဆင်ရန် အကြံပြုပါသည်။

' ၆၅။ ပျက်ပြယ်သောသဘောတူညီချက် သိ့မ


ု ဟုတ် ပျက်ပြယ်သွားသောပဋိညာဉ်အရ
အကျိုးအမြတ်ရရှိသောပုဂ္ဂိုလ်၏ တာဝန်ဝတ္တရား။ သဘောတူညီချက်တစ်ရပ်သည် ပျက်ပြယ်ကြောင်း
တွေ့ရှိရသည့်အခါ သိ့မ
ု ဟုတ် ပဋိညာဉ်သည် ပျက်ပြယ်သွားသောအခါ သိ့မ
ု ဟုတ် ပဋိညာဉ်ဝင်တစ်ဦးသည်
၎င်းလုပ်ပိုင်ခွင့်ရှိသည့်အတိုင်း ပဋိညာဉ်ကို ပယ်ဖျက်သောအခါ၊ အဆိုပါသဘောတူညီချက် သိ့မ
ု ဟုတ်
ပဋိညာဉ်အရ အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိထားသည့် မည်သူမဆို ယင်းကို မူလအတိုင်းထားရှိရန်
တာဝန်ရှိစေရမည် သိ့မ
ု ဟုတ် ၎င်းရယူခဲ့သောသူထံ လျော်ကြေး ပေးရမည်။’

၁၂.၉ မတရားသဖြင့် အကျိုးခံစားခဲ့မှုအတွက် မူလအခြေအနေအတိုင်း ပြန်လည်ထားရှိခြင်း

'ပဋိညာဉ်က ဖန်တီးသောအရာများနှင့် ဆင်တူသော' ဆက်ဆံရေးတစ်ခု ဖန်တီးသည့်အခါ


အကျိုးအမြတ်များ အပ်နှင်းမှုနှင့်စပ်လျဉ်း၍ ကျွန်ုပ်တ့က
ို 'မူလအခြေအနေအတိင
ုး ပြန်လည်ထားရှိခြင်း
(restitution)' ဟု သတ်မှတ်ဖေါ်ပြသည့် ပေးချေခြင်းအတွက် ပဋိညာဉ်အက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့်
နည်းလမ်းကို ကွန်ုပ်တို့သည် အခန်း ၁၀ တွင် ဆန်းစစ်လေ့လာခဲ့ပါသည်။ ဤပြဋ္ဌာန်းချက်သည်
မည်သ့လ
ိုပ်ဆောင်ကြောင်း ရှင်းပြရန် တရားရုံးများအနေဖြင့် အခွင့်အလမ်း တော်တော်လေး ရရှိခဲ့ပါသည်။
၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံကို ဂျပန်ကျူးကျော်ဝင်ရောက်ခြင်း၏ အကျိုးသက်ရောက်မှုတစ်ခုမှာ
မျက်မှောက်၌မရှိသော ပစ္စည်းပိုင်ရှင်များအတွက် အမျိုးမျိုးသောအကူအညီ အဆင့်ဆင့်ကို ပေးခဲ့ကြပြီး
ဖြစ်ရပ်အချို့တွင် တရားရုံးရှေ့မှောက်၌ ရလဒ်တစ်ခုအဖြစ် ထွက်လာသောအခါ
ပေးချေရန်တောင်းဆိုမှုများ ပေါ်ထွက်လာပါသည်။ သိ့ေ
ု သာ် ဆက်ဆံရေးသည် 'ပဋိညာဉ်က
ဖန်းတီးသောအရာနှင့် ဆင်တူ' သည်ဟု ပြောရန်မှာ ထူးဆန်းနေသည်ဟု ထင်မှတ်ရဆဲ ဖြစ်သည်။
အကယ်၍ ဤစစ်တင
ွ်းကာလ အမှုများကဲ့သ့ပ
ို င် ဆက်သယ
ွ်ခြင်းများလည်းမရှိ၊ ကမ်းလှမ်းခြင်းလည်းမရှိ၊
လက်ခံခြင်းလည်းမရှိ၊ ကတိပြုခြင်းလည်း မရှိသည်မှာ ရှင်းလင်းထင်ရှားနေပြီး အဖိုးစားနားနှင့်
တွဲဖက်ရန်လည်းဘာမျှမရှိဘဲ ၀န်ဆောင်မှုများပေးခြင်းအပေါ် မျက်မှောက်၌မရှိသောပိုင်ရှင်၏ လွတ်လပ်စွာ
သိ့မ
ု ဟုတ် မလွတ်လပ်စွာ သဘောတူညီသည်ဆိုသည်မှာလည်း အဓိပ္ပာယ်မရှိဖြစ်ပါမည်။ ပိုင်ရှင်သည်
အသက်ကိုစန
ွ့်ပြီး ပြေးလွှားနေရသဖြင့် ၎င်းဘာမျှမသိသော ၀န်ဆောင်မှုတစ်ခုအပေါ်
သဘောတူညီသည်ဟု ပြော၍မရပါ။ အကယ်စင်စစ် ဤအမှုတင
ွ်တွေ့ရသော ဆက်ဆံရေးသည်
ပဋိညာဉ်ကဖန်တီးထားသော ဆက်ဆံရေးနှင့် မည်သို့ ဆင်တူပါသနည်း။ အမှန်မှာ ယင်းနှင့် အလွန်ပင်
ဆန့်ကျင်ဘက် ဖြစ်နေပါသည်။

ဖြစ်နိုင်ခြေတစ်ခုမှာ ပုဒ်မ ၆၈ မှ ၇၂ အထိကို ပုံစံသစ်ဖြင့် ပြန်လည်ရေးသားခြင်းဖြင့် သဘာဝ


သိပ်မကျသည့် စည်းကမ်းချက်များရှိ ၎င်းတိ့၏
ု မူသဘောကို ဖေါ်ပြနိုင်သောကြောင့်
အကျိုးဖြစ်ထန
ွ်းစေပါမည်။ လက်တွေ့အားဖြင့် ဆိုလိုသည်မှာ လူတစ်ဦးသည် အခြားလူတစ်ဦး
အကျိုးအမြတ်ကို ရယူရာတွင် ယင်းနှင့်စပ်လျဉ်း၍ ၎င်းသည် ငွေကြေးတစ်စုံတစ်ရာမပေးပါက
အခြားလူတစ်ဦးကို နစ်နာစေလျှက် မတရားသဖြင့် ကြွယ်ဝချမ်းသာလာမည့် အခြေအနေတွင် ၎င်းအား
အဆိုပါပေးချေမှုကို ပြုလုပ်ရန် အမိန့်ပေးနိုင်သည်။ ဤသည်က များစွာသော အကျိုးကို ဖြစ်ထန
ွ်းစေပါမည်။
၎င်းသည် အကြောင်းခြင်းရာအားလုံးကို လွှမ်းခြုံခြင်းမရှိဘဲ ခက်ခသ
ဲ ည့် ဟာကွက်များ ဖြစ်စေသည့် သီးခြား
အရေးယူဆောင်ရွက်မှုအကြောင်းရင်းများအစား ယေဘုယျအားဖြင့် အသုံးပြုနိုင်မည့် ယေဘုယျ
မူသဘောကို ဖော်ပြပေးမည်ဖြစ် ဖြစ်သည်။ ထို့အပြင် မရှိသည့်အရာတစ်ခုနှင့် ဆင်တူမှုရှိသည်ဟု
ဥပဒေက ပြောမည်မဟုတ်ကြောင်း ယင်းက ဆိုလိုပါမည်။ မည်သ့ပ
ို င်ဆိုစေကာမူ ပိုမိုသင့်တင့်သော
ဖြေရှင်းမှုမှာ ပုဒ်မ ၆၈ မှ ၇၂ အထိ ပုဒ်မများက လွှမ်းခြုံထားခြင်းမရှိသော အမှုများတွင်
ပြန်လည်ရယူခြင်းကို ခွင့်ပြုရန်အတွက် စည်မျဉ်းတစ်ရပ်ကို ပြဋ္ဌာန်းနိုင်ရန် ဖြစ်ပါသည်။ သို့သော်
ယင်းအမှုများသည် တူညီသည့် အခြေခံမူသဘောအပေါ် အခြေခံပါသည်။ ကျွန်ုပ်တို့လိုလားသည့်
လမ်းခုလတ် အနေအထားတစ်ခုမှာ ဒုတိယတစ်ခုကို လုပ်ဆောင်ရန်ဖြစ်ပြီး ပုဒ်မ ၆၈ မှ ၇၂ အထိ
ပုဒ်မများနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်ဖင
ွ့်ဆိုသည့် လမ်းညွှန်မှုကို ပေးရန်လည်း ဖြစ်ပါသည်။

ထိ့ေ
ု ကြာင့် ကျွန်ုပ်တ့၏
ို အကြံပြုချက်မှာ အက်ဥပဒေကို အောက်ဖော်ပြပါနည်းလမ်း နှစ်သယ
ွ်ဖြင့် အနည်း
ငယ် ပြင်ဆင်ရန်ပင် ဖြစ်ပါသည်။ ပထမနည်းလမ်းမှာ ပုဒ်မ ၆၈ မှ ၇၂ အထိ အကျုံးဝင်သော
အမှုများအားလုံးအပေါ် ဘုံချဉ်းကပ်မှုတစ်ခု ချမှတ်ရန်ဖြစ်ပြီး ပုဒ်မ ၆၈ ၏ရှေ့တွင် အသစ်ဖြစ်သော ပုဒ်မ
၆၇(က) (အက်ဥပဒေတွင် အခန်း ၅ ၏ အစိတ်အပိုင်းတစ်ခုအဖြစ်)ကို ထည့်သွင်းရန် ဖြစ်ပါသည်။

' ၆၇(က)။ မတရားကြွယ်ဝချမ်းသာလာခြင်းအတွက် မူလအခြေအနေအတိုင်း ပြန်လည်ထားရှိခြင်း။


လူပုဂ္ဂိုလ်တစ်ဦးသည် အခြားလူပုဂ္ဂိုလ်တစ်ဦးကို နစ်နာစေလျှက် မတရား ကြွယ်ဝချမ်းသာလာပါလျှင်
ကာကွယ်ခုခံမှုများ (သဘောရိုးဖြင့် အနေအထား ပြောင်းလဲခြင်းဟု ကာကွယ်ခုခံခြင်း စသည်) အပေါ်
မူတည်၍ ထိုအခြားပုဂ္ဂိုလ်သည် ထိုချမ်းသာလာသူထံမှ မူလအခြေအနေအတိုင်း ပြန်လည်ထားရှိခြင်း
(restitution)ဆိုင်ရာ အခွင့်အရေးရှိသည်ဟူသော အချက်ကို အသိအမှတ်ပြုခြင်းအဖြစ် ဤအက်ဥပဒေ၏
ပုဒ်မ ၆၈ မှ ၇၂ (က) အထိ ပုဒ်မများကို အဓိပ္ပါယ်ဖင
ွ့်ဆိုရမည်။’

ဒုတိယအနေဖြင့် ပုဒ်မ ၆၈ မှ ၇၂ အထိ ပုဒ်မများကြောင့် ဖြစ်ပေါ်သော ဟာကွက်များကို


ကိုင်တွယ်ဖြေရှင်းနိုင်စေရန်အလို့ငှာ အသစ်ဖြစ်သော ပုဒ်မ ၇၂(က)ကို ပုဒ်မ ၇၂ ၏ နောက်တွင်
ထည့်သွင်းရန် အကြံပြုပါသည်။

' ၇၂(က)။ ပုဒ်မအတိအလင်းပြဋ္ဌာန်းပေးထားခြင်းမရှိသည့် အမှုများတွင် မတရား ကြွယ်ဝ ချမ်းသာလာသော


ပုဂ္ဂိုလ်က မူလအခြေအနေအတိုင်း ပြန်လည်ထားရှိခြင်း။ ပုဒ်မ ၆၈ မှ ပုဒ်မ ၇၂ အထိပုဒ်မများ၏
နယ်ပယ်အတွင်း မကျရောက်သော အမှုတစ်ခုခုတင
ွ် ပဋိညာဉ် ချုပ်ဆိုထားခြင်း မရှိပါသော်လည်း
လူပုဂ္ဂိုလ်တစ်ဦးသည် အခြားလူပုဂ္ဂိုလ်တစ်ဦးကို နစ်နာစေလျှက် ကြွယ်ဝချမ်းသာလာပါလျှင် ပထမလူထံမှ
နောက်လူသည် ကာကွယ်ခုခံခြင်းများ (သဘောရိုးဖြင့် အနေအထားပြောင်းလဲခြင်းဟု ကာကွယ်ခုခံခြင်း
စသည်)အပေါ် မူတည်၍ မူလအခြေအနေအတိုင်း ပြန်လည်ထားရှိခြင်း (restitution) ဆိုင်ရာ
အခွင့်အရေးရှိသည်။

၁၂.၁၀ ဘဏ္ဍာငွေမဟုတ်သောဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည့် ချိုးဖောက်မှုအတွက် လျော်ကြေး

အခန်း ၈ တွင် ကျွန်ုပ်တို့သည် ပဋိညာဉ်ချိုးဖောက်မှုအတွက် လျော်ကြေးအကြောင်း လေ့လာခဲ့ပြီး


အခြေခံမူများနှင့် အမှုများကို ဆန်းစစ်ကြည့်သောအခါ မေးနိုင်သောမေးခွန်း အတော်များများ ရှိသော်လည်း
၎င်းတိ့အ
ု တွက် အဖြေသည် ရှင်းလင်းပြတ်သားခြင်း မရှိကြောင်း ကျွန်ုပ်တို့ လေ့လာတွေ့ရှိခဲ့ပါသည်။
ဥပမာအားဖြင့် ဆုံးရှုံးမှု သိ့မ
ု ဟုတ် ဖြစ်ရပ်တစ်ခုကို ပဋိညာဉ်ဝင်များက ကနဦးဆုံးရှုံးမှု၏
အကျိုးဆက်ကြောင့်ဟု သိရှိခြင်း၊ သိရှိခြဲ့ ခင်း သိ့မ
ု ဟုတ် ကြိုတင်ခန့်မှန်းနိုင်ခြင်း ရှိသောအခါ
လျော်ကြေးပြန်လည်ရရှိမှုကို သတ်မှတ်သော စည်းမျဉ်းများသည် ရှင်းလင်းသင့်သလောက်
ရှင်းရှင်းလင်းလင်း မရှိပါ။ ကနဦးဆုံးရှုံးမှုဆိုသည်မှာ ကုန်စည်များကိုပြန်လည်ရောင်းချခြင်းဖြင့်
ဆုံးရှုံးသွားသောအမြတ်များ သိ့မ
ု ဟုတ် ကုန်စည်များကို ထုတ်ကုန်ပြုလုပ်ပြီးနောက် ၎င်းကိုရောင်းချခြင်းမှ
ဆုံးရှုံးသွားသော အမြတ်များကို ဆိုလိုသည်။ အချို့သော အမှုများတွင် တရားလိုအား လွယ်လင့်တကူ
ပြောဆိုနိုင်သည်မှာ 'သင်သည် ထိုနေ့ နေ့လယ်မှာပင် ဈေးသိ့သ
ွုားခဲ့သင့်ပြီး အစားထိုးပေးသွင်းနိုင်မည့်
ပစ္စည်းများကို ရယူခ့သ
ဲ င့်သည်' သိ့မ
ု ဟုတ် 'သင်သည် ထိုနေ့ နေ့လယ်မှာပင် ဈေးသို့သွားခဲ့သင့်ပြီး
ကုန်စည်များကို အခြားသူ တစ်ယောက်ယောက်အား ရောင်းခဲ့သင့်သည်'။ ယင်းကို
ကျိုးကြောင်းဆင်ခြင်ကြည့်ပါလျှင် ၎င်းက ထိုကဲ့သို့ မလုပ်ဆောင်ခဲ့ခြင်းသည် ပဋိညာဉ်ကို
ချိုးဖောက်မှုကြောင့် ဖြစ်လာသည်မဟုတ်ဘဲ တရားလိုက သူပြုမူခဲ့သင့်သည့်အရာကို
ပျက်ကွက်ခဲ့သောကြောင့်ဖြစ်ပါသည်။ သိ့ရ
ုာတွင် အမှုအများအပြားသည် ထိုမျှလောက် မရိုးရှင်းလှပါ။
ပဋိညာဉ်များအားလုံးသည် အဆင်သင့်ဈေးကွက်ရှိသည့် ကုန်ရောင်း ကုနဝ
် ယ်နှင့်ဆိုင်သော အမှုများသာ
မဟုတ်ပါ။ ဤအမှုများအတွက် အကျိုးဆက် ဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး မည်သည်က
ပြန်လည်ရယူနိုင်သည်၊ မည်သည်က ပြန်လည်မရယူနိုင်ပါ ဆိုသည်ကို ပိုမိုရှင်းလင်းသော
ဖေါ်ပြချက်တစ်ခုက အထောက်အကူ ပြုကောင်း ပြုနိုင်ပါမည်။

မြန်မာအမှုများတွင် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခဖြစ်မှုကဲ့သို့သော ငွေကြေးမဟုတ်သည့်ဆုံးရှုံးမှုအတွက်


လျော်ကြေးပြန်လည်ရယူနိုင်ကြောင်း ယူဆနိုင်သည့်အရာ မရှိသည်ကိုလည်း ကျွန်ုပ်တို့
လေ့လာသိရှိခပ
ဲ့ါသည်။ ၁၈၇၂ ခုနှစ် ပဋိညာဉ်အက်ဥပဒေ၏ ပုဒ်မ ၇၃ သည် 'ဆုံးရှုံးမှုနှင့် နစ်နာမှု'ကို
ရိုးရှင်းစွာ ရည်ညွှန်းသော်လည်း ၎င်း၏ ရှင်းလင်းချက်အားလုံးသည် ငွေးကြေးဆုံးရှုံးမှုနှင့်
သက်ဆိုင်နေပါသည်။ ဥပမာ ကျွန်ုပ်သည် ကျွန်ုပ်၏ မိဘများကို နှစ်ပတ်လည်အားလပ်ရက်အတွက်
ဟော်တယ်တစ်ခုသို့ ခေါ်သွားရန် သိ့မ
ု ဟုတ် ကျွန်ုပ်၏ အထက်လူကြီးနှင့် ၎င်း၏ဇနီးကို ကောင်းမွန်သော
စားသောက်ဆိုင်တွင် ကျွေးမွေးရန် စီစဉ်သည် ဆိုပါစို့၊ သို့မဟုတ်
အိမ်ခြံမြေတိုင်းတာစစ်ဆေးရေးအရာရှိတစ်ဦးအား ကျွန်ုပ်ဝယ်ယူရန် အဆိုပြုထားသောအိမ်သည်
ကောင်းမွန်ကြောင်းအတည်ပြု ချက်ပေးရန် မေးမြန်းထားသည် သိ့မ
ု ဟုတ် အခြားသောပဋိညာဉ်ဝင်သည်
ပဋိညာဉ်ကို ချိုးဖောက်ကာ ဆောင်ရွက်ရန် ပျက်ကွက်သည် ဆိုပါစို့။ ဤသည်တွင် ကျွန်ုပ်ဆုံးရှုံးသည်
သိ့မ
ု ဟုတ် ဆုံးရှုံးသည်ဟုထင် မြင်ရသည်မှာ ကျွန်ုပ်ဝယ်ယူခဲ့သော ပစ္စည်း၏တန်ဖိုးမျှသာ မဟုတ်ဘဲ ကျွန်ုပ်
ဂုဏ်ပြုချင်သူများ ရှေ့မှောက်တွင် အရှက်ကြွဲ ခင်းနှင့် မျက်နှာပျက်ရခြင်းတို့ကို ခံစားရပါသည်။ ကျွန်ုပ်
အသစ် စက်စက်ဝယ်ယူထားသော အိမ်သည် ညလယ်ခေါင်ကြီးတွင် ပြိုကျနိုင်သည်ကို
စိုးရိမ်ရသောကြောင့် ကျွန်ုပ်သည် စိုးရိမ်ကြောင့်ကျမှု၊ စိတ်ပရိဒေ၀သောကရောက်ခြင်း နှင့်
အိပ်မပျော်ခြင်းတိ့က
ို ခံစားရပါသည်။ ပဋိညာဉ်ဥပဒေသည် ဤသည်ကိုလျစ်လျူရှုပြီး
ယင်းအခြေအနေအပေါ် သည်းခံရန်သာ ကျွန်ုပ်အား ပြောဆိုပါက ယင်းသည် အလုပ် ၂ ခုကို
ဆောင်ရွက်ပါသည်။ ပထမတစ်ခုမှာ တိုင်းတာမှုက မည်သို့ပင် တိကျမှု မရှိသည့်တိုင်အောင်ပင် အကယ်၍
ပဋိညာဉ်အတိုင်း ဆောက်ရွက်ခဲ့ပါက ကျွန်ုပ်ရရှိခဲ့နိုင်မည့် အခြေအနေတစ်ရပ်ကို ကျွန်ုပ်ရရှိခံစားနိုင်ခွင့်
မရှိခြင်းကို ဖော်ပြပါသည်။ နောက်တစ်ခုမှာ အခြားသောပဋိညာဉ်ဝင်အား ၎င်းအနေဖြင့်
ဤအရာကိုပြုလုပ်နိုင်ကြောင်းနှင့် အပြစ်ပေးမခံရပဲ ရှောင်ထက
ွ်သွားနိုင်ကြောင်း ဖော်ပြခြင်း ဖြစ်ပါသည်။
ဤသည်မှာ စိတ်ကျေနပ်ဖွယ်ရာ မဖြစ်ပါ။

အခြားသောစီရင်ပိုင်ခွင့်အများစုတင
ွ် ပဋိညာဉ်ဆိုင်ရာနစ်နာမှုများသည် အချို့သော ငွေကြေး
ဆိုင်ရာမဟုတ်သည့် ဆုံးရှုံးမှုပုံစံများ၆ အဖြစ် ရှိနိုင်ပြီး မြန်မာနိုင်ငံတွင်လည်း ယင်းသို့ ဥပဒေရှိသင့်သည်ဟု
ကျွန်ုပ်တို့ အကြံပြုလိုပါသည်။
ထိ့ေ
ု ကြာင့် ပုဒ်မ ၇၃ တွင် ဒုတိယမြောက် ရှင်းလင်းချက် တစ်ခက
ို အောက်ပါအတိုင်း ထပ်ဖြည့်ရန်
ကျွန်ုပ်တို့ အကြံပြုပါ သည် -

' ရှင်းလင်းချက် - အကယ်၍ တောင်းဆိုသူသည် ပဋိညာဉ်ကို ချိုးဖောက်ခံရမှုကြောင့် ငွေကြေးမဟုတ်သည့်


ဆုံးရှုံးမှုကို ခံစားရသော လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်ပါက အောက်ပါအခြေအနေတစ်ခုခုတွင် ၎င်းအား
လျော်ကြေးပေးနိုင်သည်။

(က) အကယ်၍ စိတ်ကျေနပ်မှု (စိတ်ပျော်ရွှင်မှု သိ့မ


ု ဟုတ် စိတ်ငြိမ်းချမ်းမှု စသည်) ဆုံးရှုံးရလျှင် သိ့မ
ု ဟုတ်
ပူပင်သောကရောက်ရလျှင်၊ ထို့အပြင် တောင်းဆိုသူသည် စိတ်ကျေနပ်မှု ရရှိသင့်သည် သိ့မ
ု ဟုတ်
ပူပင်သောက မရောက်စေသင့်ပါ ဟူသော အချက်သည် ပဋိညာဉ်၏ အရေးကြီးသော ရည်ရွယ်ချက်
ဖြစ်ပါလျှင်၊

(ခ) အကယ်၍ ရုပ်ပိုင်းဆိုင်ရာ ကသိကအောက်ဖြစ်မှု သိ့မ


ု ဟုတ် သက်တောင့်သက်သာ မဖြစ်မှု သိ့မ
ု ဟုတ်
ထိုသို့ ကသိကအောက်ဖြစ်မှု သို့မဟုတ် သက်တောင့်သက်သာ မဖြစ်မှုတ့၏
ို အကျိုးဆက်အဖြစ်
စိတ်ပူပင်သောကဖြစ်ရပါလျှင်၊ သိ့မ
ု ဟုတ်

(ဂ) အကယ်၍ နာကျင်မှု၊ ဒုက္ခဆင်းရဲ သိ့မ


ု ဟုတ် တောင်းဆိုသူ၏ ခန္ဒာကိုယ်ထိခိုက်ဒဏ်ရာရမှု၏
အကျိုးဆက်ဖြစ်သော သာယာအဆင်ပြေမှု ဆုံးရှုံးခြင်းတို့ ဖြစ်ရပါလျှင်။

______________________________________


ထင်ရှားသော အင်္ဂလိပ် အမှုမှာ Farley v Skinner [2001] UKHL 49, [2002] 2 AC 732

အီလက်ထရောနစ်ဆက်သွယ်မှုများဆိုင်ရာမှတ်ချက်

နောက်ဆုံးအနေဖြင့် အီလက်ထရောနစ် ပဋိညာဉ်ချုပ်ဆိုခြင်း [ဥပမာ အီးမေးလ် (email) ဖြင့်


အဆိုပြုခြင်းများ နှင့် လက်ခံခြင်းများ၊ သိ့မ
ု ဟုတ် အင်တာနက်တွင် ထုတ်ကုန်တစ်ခုကို ၀ယ်ယူရန်
ကွန်ပျူတာဖန်သား ပြင်ပေါ်ရှိ အကွက်ကို ကလစ်နှိပ်ခြင်း] ကို ဆောင်ရွက်နိုင်စေရန် ၁၈၇၂ ခုနှစ်
ပဋိညာဉ်အက်ဥပဒေကို ပြင်ဆင်ရန်လို မလို ကျွန်ုပ်တို့ကို မေးခဲ့ကြပါသည်။ အဆိုပါပြုပြင်ပြောင်းလဲမှု
လုပ်ရန် မလိုအပ်သေးကြောင်း အဓိကအကြောင်းရင်းခံ နှစ်ရပ်အရ ယူဆရပါသည်။

ပထမတစ်ခုမှာ ၁၈၇၂ ခုနှစ် ပဋိညာဉ်အက်ဥပဒေတွင် ပါရှိသော အယူအဆများသည် လုပ်ငန်းလည်ပတ်


ခြင်းဆိုင်ရာ အီလက်ထရောနစ်နည်းလမ်းများကို လွှမ်းခြုံမိရန် ကျယ်ပြန့်လုံလောက်ခြင်းရှိသည်ဟု ထင်မြင်
ရပါသည်။ တစ်နည်းပြောရလျှင် မြန်မာတရားရုံးများသည် လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ ဤနည်းလမ်း
သစ်များတွင် ဤအက်ဥပဒေကိုကျင့်သုံးရန် တကယ်တမ်း ခက်ခမ
ှဲုရှိမည် မဟုတ်ပါ။ ဥပမာအားဖြင့် ၁၈၇၂
ခုနှစ် ပဋိညာဉ်အက်ဥပဒေ၏ ပုဒ်မ ၄ တွင် ‘ဆက်သွယ်မှု’တစ်ခုသည် အဆိုပြုခြင်းဖြစ်စေ သိ့မ
ု ဟုတ်
လက်ခံခြင်းဖြစ်စေ သိ့မ
ု ဟုတ် ရုပ်သိမ်းခြင်းဖြစ်စေ မည်သည့်အခါတွင် ပြီးမြောက်၍ မည်သည့်အခါတွင်
အသုံးချနိုင်သည်ဟူသည့် အချက်ကို ဖော်ပြထားပါသည်။ ထိုဖော်ပြချက်များကို ချက်ခြင်းမဟုတ်သော
ဆက်သယ
ွ်ခြင်းများ (ဥပမာ စာတိုက်မှ ပို့ခြင်း)၊ ထိ့အ
ု ပြင် အနည်းနှင့်အများဆိုသလို
ချက်ခြင်းဖြစ်သောဆက်သွယ်ခြင်းများ (တယ်လီဖုန်းစကားပြောခြင်း သိ့မ
ု ဟုတ် ဖက်စ)် တိ့န
ှုင့် စပ်လျဉ်း၍
အဓိပ္ပာယ်ရှိသည့် ရလဒ်များကိုရရှိရန် လွယ်ကူတည့်မတ်စွာ အဓိပ္ပာယ်ဖင
ွ့်ဆိုနိုင်ပါသည်။ အီးမေးလ်
တစ်ခုကို အနည်းနှင့်အများဆိုသလို ချက်ချင်းဖြစ်သော အခြားသောဆက်သွယ်ရေးနည်းလမ်း များနှင့်
တူညီသောနည်းလမ်းအဖြစ်သဘောထားကာ ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း၊ ထိ့ေ
ု ကြာင့်
စာတိုက်မှစာတစ်စောင်ပို့သောပုံစံနှင့် ကွဲပြားခြားနားသော နည်းလမ်းဖြင့် ဆောင်ရွက်သင့်ကြောင်းကို
အလေးအနက် ဆွေးနွေးမှုများရှိခဲ့သည်။၇ မြန်မာနိုင်ငံတရားရုံးများသည်လည်း ယင်းကဲ့သို့
တူညီသောအမြင်ရှိကြလိမ့်မည်ဟု ယူဆရန် ဖြစ်နိုင်သော အကြောင်းများ ရှိပါသည်။ အီးမေးလ်များကို
သီးသန့်ကိုင်တွယ်ရန် ပုဒ်မ ၄ ကို ပြင်ဆင်ရန်မလိုအပ်သကဲ့သို့ တယ်လီဖုန်းများနှင့် ဖက်စ်များကို
ကိုင်တွယ်ရန် ပုဒ်မ ၄ ကို ပြင်ဆင်ရန်မလိုအပ်ပါ။ ဤအက်ဥပဒေပါ အယူအဆများကို
မပြောင်းလဲဘဲဆက်ရှိနေသည်ဟု မှတ်ယူနိုင်ပြီး ထိုအယူအဆများကို ကျင့်သုံးရမည့်
အချက်အလက်များကသာ ပြောင်းလဲလာခြင်း ဖြစ်ပါသည်။ အလားတူစွာ ၁၈၇၂ ပဋိညာဉ်အက်ဥပဒေ ၏
အခန်း ၁ ၌ အင်တာနက်တွင် လက်ခံခြင်း (ဥပမာ ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ အကွက်ကို
ကလစ်နှိပ်ခြင်း) ဖြင့် တရားဝင်လက်ခံခြင်း အထမြောက်ကြောင်း သိသာထင်ရှားသောအမြင်ကို
ဟန့်တားသည့်အချက် တစ်စုံတစ်ရာမျှ မပါရှိပါ။ အကယ်၍ ၁၈၇၂ အက်ဥပဒေကို ပဋိညာဉ်ပြုခြင်းနှင့်
သက်ဆိုင်သည့် နည်းပညာဆိုင်ရာ တိုးတက်မှုရှိခဲ့သည့်အခါတိုင်း ပြင်ဆင်ခဲ့ပါလျှင် နှစ်ပေါင်း ၁၄၀
ကြာပြီးသည့်နောက် ယခုအခါ အလွန်ပင် များလှစွာ သော ပြင်ဆင်ချက်များ ရှိခဲ့ပြီး ဖြစ်ပေမည်။
တရားရုံးများက သင့်တင့်လျောက်ပတ်သော ချင့်ချိန်စဉ်းစားမှုဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခြင်းအပေါ်
မှီခိုအားထားခြင်းဖြင့် အက်ဥပဒေတွင်ပါရှိသော အယူအဆများက ထိုသို့သောမြောက်များလှစွာ သော
ပြင်ဆင်ရန်လိုအပ်ခြင်းကို ရှောင်ရှားခဲ့ပြီးဖြစ်ကာ ဆက်လက်၍လည်း ရှောင်ရှားသင့်ပါသည်။

ဒုတိယအကြောင်းပြချက်မှာ မြန်မာနိုင်ငံတင
ွ် မကြာသေးမီက ပြဋ္ဌာန်းသည့် အီလက်ထရောနစ်
ဆက်သယ
ွ်ဆောင်ရွက်ရေးဆိုင်ရာ ဥပဒေတစ်ခု အမှန်တကယ် ရှိပါသည်။ ဤသည်မှာ ၂၀၀၄ ခုနှစ်
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ဖြစ်ပါသည်။ ပုဒ်မ ၂၁ မှ ၂၇အထိသည်
အီလက်ထရောနစ်နည်းပညာဖြင့် ပြုလုပ်သော ပဋိညာဉ်များနှင့် သက်ဆိုင်ပါသည်။ နောက်ပိုင်း
ပြဋ္ဌာန်းသည့် ဥပဒေများနှင့်စပ်လျဉ်းပြီး စံစည်းမျဉ်းများကို ကျင့်သုံးခဲ့ရာ ဤဥပဒေပါပြဋ္ဌာန်းချက်များသည်
အစောပိုင်းက ဥပဒေဖြစ်သော ၁၈၇၂ ပဋိညာဉ်အက်ဥပဒေတွင်ပါဝင်သည့် ဆန့်ကျင်သော
ပြဋ္ဌာန်းချက်များကို လွှမ်းမိုးချေဖျက်ပါသည်။ သိ့ရ
ုာတွင် ကျွန်ုပ်တို့ ယူဆသည်မှာ ၎င်းတို့သည် မဖြစ်မနေ
မြွက်ဟကြေညာပေးရသည့် ပြဋ္ဌာန်းချက်များ ဖြစ်ပြီး ၁၈၇၂ ခုနှစ် အက်ဥပဒေနှင့် ပဋိပက္ခ မဖြစ်ပါ။
မည်သ့ပ
ို င် ဆိုစေကာမူ ဤနေရာတွင် အရေးကြီးသောအချက်မှာ အီလက်ထရောနစ်
ပဋိညာဉ်ပြုခြင်းအပေါ် နောက်ထပ်ကိုင်တွယ်ဆောင်ရွက်ရာတွင် မြွက်ဟကြေညာပေးရသည့်
ပြဋ္ဌာန်းချက်များ အပါအ၀င် အထူးပြဋ္ဌာန်းချက်များ ရှိသင့်သည်ဟု ယခုအချိန်ထိ
တွေးဆရသလောက်ဆိုလျှင် (ကျွန်ုပ်တ့၏
ို အမြင်နှင့်မူ ခြားနားပါသည်) ၁၈၇၂ ခုနှစ် အက်ဥပဒေ
ထက်စာလျှင် ၂၀၀၄ ခုနှစ် ဥပဒေကို ပြင်ဆင်ချက်များပြုလုပ်ခြင်းသည် အဆိုပါပြဋ္ဌာန်းချက်များအတွက်
ပိုမိုဤ ကျိုးကြောင်းဆီလျှော်နိုင်ပါမည်။

_____________________________________


ဥပမာ Nolan ၏ Contract Formation and Parties (ပဋိညာဉ်ပြုလုပ်ခြင်းနှင့် ပဋိညာဉ်ဝင်များ) တွင်ပါရှိသော ‘Offer and
Acceptance in the Electronic Age’ (အီလက်ထရောနစ်ခေတ်တွင် ကမ်းလှမ်းခြင်းနှင့် လက်ခံခြင်း) (စာတည်းများ Burrows
နှင့် Peel, 2010) 61.

You might also like