You are on page 1of 50

ဒေါ်အောင်ဆန်းစုကြည်၏ကဏ္ဍ ပြီးဆုံးသွားပြီဟု အိန္ဒိယအရာရှိ ပြောဆို

2010-12-17

အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး လျှို့ဝှက် ကြေးနန်း မှတ်တမ်းတွေကို WikiLeaks အင်တာနက် အဖွဲ့က ပေါက်ကြားဖော်ပြနေရာမှာ လွန်ခဲ့တဲ့ ၂၀၀၄
ခုနှစ်က အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကနေ အမေရိကန် နိုင်ငံခြားရေးဌာနကို ပေးပို့တဲ့ ကြေးနန်းစာတစောင် ဒီဇင်ဘာ ၁၆ ရက် မနေ့က
ထွက်ပေါ်လာပြန်ပါတယ်။

(Photo: AFP)

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဝဲ) အိန္ဒိယနိုင်ငံသို့ ၂၀ဝ၄ ခုနှစ်က သွားရောက်စဉ် အောက်တိုဘာ ၂၅ ရက်နေ့က နယူးဒေလီမြို့တွင်
ပြုလုပ်သည့် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်း (ယာ) နှင့် အတူ တွေ့ရသော မှတ်တမ်း ဓာတ်ပုံ
ဖြစ်ပါသည်။ (Photo: AFP)

အဲဒီကြေးနန်းစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာ့ နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဏ္ဍ ပြီးဆုံးသွားပြီဖြစ်ပြီး


ဒီမိုကရေစီရေးအတွက် လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းသာ ရှိတော့တယ်ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေးဌာန အရာရှိတဦးက
ပြောဆိုကြောင်း ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၂ ရက် နေ့စွဲနဲ့ နယူးဒေလီ အမေရိကန်သံရုံးက ပေးပို့တဲ့ အဲဒီ လျှို့ဝှက်ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကို ယုံကြည်အားကိုးလို့ မရတော့သလို ဥရောပသမဂ္ဂဟာလည်း အမြော်အမြင် နည်းပါးပြီး အလွန် ခေတ်နောက်ကျနေပြီ
ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဌာန အရှေ့တောင် အာရှရေးရာ အတွင်းဝန် Ms. Mitra Vashishta က အမေရိကန် သံအရာရှိတွေကို ပြောဆိုခဲ့တယ်လို့
WikiLeaks က မနေ့က ဖော်ပြလိုက်တဲ့ ကြေးနန်းစာမှာ ရေးသားထားပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ၂၀၀၄ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယခရီးစဉ်အတွင်း
ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဘယ်ပုံဘယ်နည်း လုပ်ဆောင်သင့်တယ် ဆိုတာကို အမေရိကန်က အကြံပြုမယ်ဆိုရင်


ကြိုဆိုကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်က အိန္ဒိယသူပုန်တွေကို နှိမ်နင်းရေးအတွက် မြန်မာအစိုးရကို ငွေကြေးနဲ့ စစ်သုံးပစ္စည်းတွေကို အကန့်အသတ်နဲ့ ကူညီဖို့
အိန္ဒိယက သဘောတူထားကြောင်း ရေးသားထားပါတယ်။

အမေရိကန်သံရုံး နိုင်ငံရေး ကောင်စစ်ဝန်ကလည်း အဲဒီအချိန်က ဝန်ကြီးချုပ်သစ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး စိုးဝင်း လက်အောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့


အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေရဲ့ လုံခြုံရေးအတွက် အမေရိကန်အနေနဲ့ စိုးရိမ်မကင်း ဖြစ်မိကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ
ဖြစ်လာအောင် ဆက်လက် ဖိအားပေးဖို့ အိန္ဒိယကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယအတွင်းဝန်က ပြန်လည် ဖြေကြားရာမှာ မြန်မာစစ်အစိုးရဟာ အိန္ဒိယနိုင်ငံကို ဒီမိုကရေစီနဲ့ ပတ်သက်လို့ စံနမူနာအဖြစ် သတ်မှတ်ထားကြောင်းနဲ့ မြန်မာ့
ဒီမိုကရေစီရေးအတွက် အိန္ဒိယအစိုးရက အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တဲ့ အရည်အချင်းတွေ ရှိကြောင်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယအတွင်းဝန်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်သွားမဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ခရီးစဉ်အတွင်း ပြောကြားခဲ့တယ်လို့


ဆိုပါတယ်။ တကယ်လို့ အဲဒီကတိအတိုင်း မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် လုပ်ဆောင်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အသင့်လျော်ဆုံး
ဖြစ်လိမ့်မယ်လို့ ယူဆကြောင်း အိန္ဒိယအတွင်းဝန်က အမေရိကန် အရာရှိတွေကို ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ဖယ်ရှားလိုက်တဲ့ကိစ္စဟာ မြန်မာ့ ဒီမိုကရေစီ အသွင် ပြောင်းလဲရေးကို နှောင့်နှေးသွားစေတယ်လို့ အိန္ဒိယအစိုးရအနေနဲ့
မယူဆကြောင်းနဲ့ ဒါဟာ အဖွဲ့အစည်းတွင်း ပြဿနာသာ ဖြစ်တယ်လို့ ယူဆကြောင်း အိန္ဒိယအတွင်းဝန် မစ္စ Vashishta က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ စစ်အစိုးရနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှသာလျှင် အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲ တခု ဖြစ်ပေါ်လာနိုင်မယ်လို့ အိန္ဒိယအနေနဲ့ ယုံကြည်ကြောင်း၊
sanction ခေါ် ပိတ်ဆို့ အရေးယူမှုတွေဟာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်ပေါ်စေနိုင်မှာ မဟုတ်ပဲ မြန်မာနိုင်ငံကို ပိုပြီး အထီးကျန် ဖြစ်သွားစေနိုင်ကြောင်း
ပြောဆိုခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့ပြင် အဲဒီ ၂၀၀၄ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ရာဇာလီ အစ္စမေးလ်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ဟာလည်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်နဲ့ တိုက်ဆိုင်မှု သက်သက် မဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယအနေနဲ့ မြန်မာ့အရေးအတွက် ကုလသမဂ္ဂနဲ့
အတူ ပူးတွဲ လုပ်ဆောင်လိုပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အမြင်မှာ ကုလသမဂ္ဂ အဖွဲ့ကြီးအပေါ် ယုံကြည်ကိုးစားမှု ကျဆင်းနေကြောင်း၊ ကုလသမဂ္ဂ အနေနဲ့
မြန်မာ့အရေးကို အခုထက်ပိုပြီး ထောက်ခံတယ်ဆိုတာကို ပြသသင့်ကြောင်း၊ ဥရောပသမဂ္ဂဟာလည်း မြန်မာ့အရေးမှာ အရေးပါတဲ့နေရာကနေ လုပ်ဆောင်ဖို့
အဆင့်မရှိတဲ့ အပြင် အချင်းချင်း သဘောကွဲလွဲမှုတွေ ရှိနေကြောင်း၊ ထိုင်းနိုင်ငံဟာလည်း အဲဒီအချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရာထူးကို
ထိုင်းဝန်ကြီးတွေက ရယူလိုတဲ့အတွက်ကြောင့်သာ မြန်မာ့အရေးမှာ တက်ကြွသယောင် ရှိခဲ့ကြောင်း စသဖြင့် အိန္ဒိယအတွင်းဝန် မစ္စ Vashishta က
ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ စစ်အစိုးရဟာ နိုင်ငံတကာ အဝန်းအဝိုင်းကို ဘယ်ပုံဘယ်နည်း လိမ်လည်
လှည့်စားရမလဲဆိုတာကို သူ့ရဲ့ ဆရာသမားဆီက သင်ယူနေတာပဲ ဖြစ်ကြောင်း၊ တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာမှာ ပင်လယ်ဆိပ်ကမ်း ထွက်ပေါက် ရချင်နေတာ
ဖြစ်ပြီး အိန္ဒိယ သြဇာလွှမ်းမိုးတဲ့ နေရာတိုင်းမှာ သူ့သြဇာကို လိုက်ပြီး ထူထောင်ချင်နေတာ ဖြစ်ကြောင်း၊ မြန်မာ စစ်အစိုးရကလည်း တရုတ်က သူ့အပေါ် သိပ်ပြီး
ဂရုတစိုက် မရှိဘူးလို့ ယူဆတဲ့အတွက် မိမိတို့ အိန္ဒိယနဲ့ ဆက်ဆံရေး လုပ်လာတာ ဖြစ်တယ်လို့ ပြောဆိုကြောင်း ပြောပါတယ်။

ဒါ့ပြင် အဲဒီ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်မတိုင်ခင် သုံးနှစ်လောက်ကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အိန္ဒိယကို ဘုရားဖူး
လာရောက်လိုတယ်ဆိုပြီး အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ကြောင်း၊ သူ့ခရီးစဉ် အဓိက ရည်ရွယ်ချက်ဟာ ဘုရားဖူးဖို့ ဖြစ်တယ်လို့ ယူဆကြောင်းနဲ့ ဒါဟာ စစ်အစိုးရက
ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ အများ ယုံကြည်လာအောင် လုပ်ဆောင်ပြတာ သက်သက်မဟုတ်ပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်နိုက်က သက်ဝင်ယုံကြည်လို့
ဖြစ်ကြောင်း အိန္ဒိယအတွင်းဝန်က ပြောဆိုခဲ့တယ်လို့လည်း ကြေးနန်းစာမှာ ဖော်ပြပါတယ်။

ကြေးနန်းစာမှာ အိန္ဒိယအတွင်းဝန်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ အဲဒီလို ဖော်ပြအပြီးမှာ အမေရိကန် ကောင်စစ်ဝန်က မှတ်ချက်ရေးသားထားရာမှာ


မြန်မာစစ်အစိုးရနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရရဲ့ မူဝါဒဟာ လုံခြုံရေး အကျိုးစီးပွား အဓိကဖြစ်သလို မြန်မာနိုင်ငံကို အရှေ့ဖက် အိမ်နီးချင်း နိုင်ငံတနိုင်ငံအနေနဲ့
ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ အိန္ဒိယအစိုးရက ဆန္ဒရှိနေတယ်လို့ ရေးသားထားပါတယ်။

မြန်မာ့ ဒီမိုကရေစီရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းမှုတွေကိုလည်း အိန္ဒိယအစိုးရက ကြိုဆိုကြောင်းနဲ့ အမေရိကန်နဲ့ အိန္ဒိယရဲ့ ဒေသတွင်း


ဆွေးနွေးပွဲတွေမှာ မြန်မာ့အရေးကိုပါ တည့်သွင်းဖို့ အိန္ဒိယက ကမ်းလှမ်းလာတဲ့ အခွင့်အလမ်းတခု ဖြစ်ကြောင်း ရေးသားထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဌာန အရာရှိက အဲဒီလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က
အိန္ဒိယအစိုးရကို အခုလို ရှုတ်ချလိုက်ပါတယ်။

“ဒီလို အမြင်မျိုးဟာ ဘာမှ တန်ဖိုးမရှိဘူး၊ ဘာမှလည်း အဓိပ္ပာယ်လည်း မရှိဘူး၊ ဘာမှလည်း အနှစ်သာရ မရှိဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ ဘာဖြစ်လို့
ကျွန်တော် ပြောချင်လဲဆိုတော့ ဒီစကားကို ပြောတဲ့အချိန်ဟာ ၂၀၀၄ ခုနှစ် နော်၊ အခုဟာ ၂၀၁၀ ခုနှစ်၊ လေး ငါး ခြောက်နှစ် ကြာခဲ့ပြီ။ လေး ငါး ခြောက်နှစ်
ကြာတဲ့အခါမှာ ဒေါ်စုက သေသလား၊ နိုင်ငံရေး သေသလား၊ နိုင်ငံရေးနဲ့ ကွာသွားသလား၊ နိုင်ငံရေး ဘေးရောက်သွားသလား၊ မရောက်သလား ဆိုတာကို ဒေါ်စု
လွတ်လာတဲ့အခါမှာ တခါတည်း ဗမာပြည်မှာ လူထုကြီး တခုလုံးက အုံကြွပြီး ဝန်းရံပြီး ထောက်ခံတာ၊ ကမာတခုလုံးကနေ ထောက်ခံတာကို ကြည့်ရင်
တပ်မတော်သားတွေ ဘာတွေ အကုန်လုံးက ဒေါ်စုကို ထောက်ခံတာကို ကြည့်ရင် ဒေါ်စုရဲ့ အခန်းကဏ္ဍက ပြီးဆုံးသွားပြီ၊ ကုန်ဆုံးသွားပြီ ဆိုတဲ့ စကားမျိုးဟာ ဘာမှ
အနှစ်သာရ မရှိဘူး၊ အဓိပ္ပာယ်မရှိဘူး။”

“အဲဒီ လွန်ခဲ့တဲ့ လေး ငါး ခြောက်နှစ်တည်းက စပြီးတော့ အိန္ဒိယအစိုးရဟာ အလွန် ရှက်ဖွယ်ကောင်းတဲ့ သူတို့ရဲ့ နိုင်ငံရေး ပေါ်လစီကို ချမှတ်ခဲ့တယ်။ အဲဒါ
ဘာလဲဆိုတော့ စစ်အစိုးရနဲ့ ပေါင်းလုပ်မယ်၊ ဒီမိုကရေစီတွေနဲ့ ခွာသွားမယ်ဆိုတဲ့ အလွန်ရှက်စရာကောင်းတဲ့ အိန္ဒိယအစိုးရဟာ ဒီနေ့ ကျင့်ဝတ်သိက္ခာနဲ့ကို လုံးဝ
မညီတဲ့ ဒီမိုကရေစီ နိုင်ငံကြီးတခုမှာ မကျင့်သုံးသင့်တဲ့ ပေါ်လစီတွေ ကျင့်သုံးနေတယ်လို့ ပြောချင်ပါတယ်။”

ထပ်မံဖြည့်စွက်ပြီး အမေရိကန် ရှိ မြန်မာ အတိုက်အခံ များ ၊ မြန်မာ ရွှေ့ ပြောင်းနေထိုင် သူများ နှင့် ပတ်သက်၍ ၀ါရှင်တန် ရှိ မြန်မာ သံရုံးမှ မြန်မာ
နိုင်ငံနေပြည်တော်မြို့ ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လစဉ် ပေးပို့ သည့် အစီရင် ခံစာ များ အနက် မှ မြန်မာဝီကီလိခ် က ရရှိထား သည့် အစီရင်ခံစာ နှစ် ခု အနက်
စက်တင်ဘာ လ ၁၇ ရက်နေ့ နဲ့ စက်တင်ဘာလ ၂၉ ရက်နေ့  နေ့ စွဲ တွေ နဲ့  ပေး ပို့ တဲ့ အစီရင် ခံစာတွေ မှာ စိုးအောင်ဆို သူ က လက်မှတ်ရေးထိုးထား တဲ့

သတင်းပေး ပို့မှု တစ်ခု မှာ......


၁(က) ၀ိုင်းစုခိုင်သိန်း က ဆန္ဒပြ နေကြတာ ကို သူ့ အနေကြောက်လန့် ကြောင်း မိမိ တစ်ခုခု ဖြစ်သွားမှာ ကို ကြောက်တယ် "ဖြစ် နိုင်ရင် သမီး ပြန်ချင် တယ်" လို
့မြန်မာ သံရုံး နဲ့  ဖုန်းဆက်သွယ်ပြောကြား စဉ် မှာ ပြောကြားခဲ့ပြီး သံရုံး ဒု အတွင်းဝန် ဦး+++++ ကတော့ ဘာမှ ကြောက် စရာမလို တဲ့ အတွက် မကြောက်နဲ့ ပွဲ
အစီအစဉ် တွေ ပြီး ဆုံးအောင် သာ လုပ်လို့ ပြန်လည်ပြောကြား ခဲ့သည်။

၁(ခ) နိုဝင်ဘာလ ဆန်းတွင် တော်လှန်ရေးပါလီမန်ဆို သည့် နောက်ထပ် ပြည်ပ စင်ပြုင် အစိုး ရသစ် တစ်ဖွဲ့ ကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသ တွင်
အတည်ပြုဖွဲ့စည်းမည်ဖြစ်ကြောင်းသိရသည်။ ထိုပါလီ မန် အတွက်ဒေါက်တာ စိန်ဝင်း နှင့် ဦးမောင်မောင် တို့ သဘောထားများ ကွဲ နေသည် ဟု သိရသည်။မိုး
သီးဇွန် ထိုင်း နိုင်ငံသို့ ထွက် ခွာသွား သည် ဟု သတင်းရပြီး ၊ သံရုံး ရှေ့ ဆန္ဒပြမှုမရှိ ဟု ဖော်ပြထားသည်။

၁(ဂ) ဘတ်ဖဲလို၊မြောက် ကာရိုးလိုင်း နား နှင့် ဖို့ ဝိန် တွင် လည်း နိုင်ငံရေး လုပ်သည် ဆိုသူများ အချင်းချင်းစည်း လုံးမှု မရှိကြောင်း နှင့် ဖို့ ဝိန် တွင် ၀ိုင်းစုခိုင်သိန်း
တို့ ၏ ဖျော်ဖြေပွဲစဉ်ကို အကြောင်း ပြု၍ သဘောထားကွဲလွဲ မှု များ ရှိနေပြီး ABSDF အဖွဲ့ ဝင် ဟောင်းများ စစ်ဝတ်စုံဝတ်ပြီး အလံတင် တာ ကို အခြား နိုင်ငံရေး
သမားများ က သဘောမတူ ဟုဖော်ပြထားသည်။ ထို နေ့ စွဲဖြင့် အခြား ကဏ္ဍတစ်ခု တွင် အမေရိကန် မှာ ရန်ကုန် သို့  ငွေလွှဲဝန်ဆောင်မှု ပေးသူ ဦး+++++
+ကသံရုံး မိသားစု များ ၏ ကထိန် ပွဲတော် သို့  အလှုငွေ ထည့် ၀င်ကြောင်း နှင့် Spalding အမျိုးအစား Golf Set ကိုလည်း ဦး++++ သံတမန် ရေးရာ ဦးစီးဌာန
အတွက် ၀ယ်ပေးကြောင်း ပါရှိသည်။

၁(ဃ) အမေရိ ကန်နိုင်တွင် ဆူရှိ လုပ်ငန်းများ ဖြင့် စီးပွားရေ အဆင်ပြေနေ သူများ မြန်မာ နိုင်ငံသို့ပြန်ချင်ကြောင်း အချို့  အမေရိကန် မြို့ များ ရှိ မြန်မာ အတိုက်
အခံ များ အတွက် သတင်း ယူရန်မဖြစ် နိုင်ကြောင်း(ထိုမြို့ များ ကို အစီရင်ခံ စာတင်ပြီး) ထိုမြို့ များ ရှိ ဆူရှီ လုပ်သူများ မြန်မာနိုင်ငံ သို
ပြန်ချင် ၍ ဗီဇာ လာလျှောက် လျှင်မည် သည်
့ အကြောင်း ကြောင်း ဖြင့် ၎င်းတို့ ရောက်ရှိ လာသော် လည်း ပေးသင့်ကြောင်း နှင့် ထိုသူများကို သံရုံး က သတင်း အလို့ ငှာ အသုံးချ ၍ ရကြောင်း သံအမတ်ကြီး
ကိုယ်တိုင် နိုင်ငံခြားရေး ၀န်ကြီးဌာန သို့ သတင်းပေး ပို့ ထားသည်။ နောက်ထပ် တစ်ဆက်တည်းသတင်းပေးမှု တွင် ++++++ ၏ သတင်း ပေးပို့ မှု အရ
ညီညီအောင် နှင့် ၀ါဝါကျော်တို့ မင်္ဂလာမဆောင်ရ သေး ဟု ပါရှိသည်။ ထိုနေ့ သတင်းပေးပို့ မှု နှင့် တစ်ဆက် တည်း တွင် ပင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အတွက်
James Defense Weekly , Foreign Affairs နှင့် မိသားစု အတွကB
် urberry ရေမွေး 75 ML နှစ် ပုလင်း ၊ မျက်နှာကျက် မီးဆိုင်း Dolce and Gabana နှစ်ပုလင်း ၊
PBS ဒီဗီဒီ ၊ စစ်လက်နက်ပစ္စည်းမဂ္ဂဇင်း များ ( ၁၈ အုပ)် ပေး ပို့ သည် ဟု ပါရှိသည်။

၁(င) စက်တင်ဘာလ ၂၉ ရက်နေ့ နေ စွဲဖြင့် ပေးပို့ သည့် အစီရင် ခံစာတွင်အမေရိ ကန် နိုင်ငံဆန်ဖရန် စစ္စကို မြို့ မှ မြန်မာ အတိုက် အခံများ ဆန္ဒပြ ပွဲများ နှင့် ဖို
့ဝိန် နှင့် ဘတ်ဖဲလိုး မြို့ ၊ယူတီကာ မြို့ မှ မြန်မာ အတိုက် အခံ တို့ ၏ သတင်းများ မြန်မာ နိုင်ငံပြန်ရန် အတွက် ဗီဇာလာလျှောက်သူ ၁၈ ဦးကို ဗီဇာ ပေး နိုင်ရန်
စီစဉ်ပေး ရန် တင်ပြမှု ၊ အမေရိကန် ခြောက်ဦး ဗီဇာ လျှောက်ထားမှု ၊ အမေရိကန် သတင်း စာ တစ်ခု မှ သံအမတ်ကြီးနှင့် တွေ့ ဆုံမေးမြန်းမှု ၊ စသည် တို့ ကို
ဖော်ပြထားသည်။

၁(စ) အမေရိကန်အစိုး ဧည့် ခံပွဲ တစ်ခု တွင် သံအမတ် ကြီး နှင့် အတွင်းဝန် ၀ါရှင်တန် သို့ သွားရောက်ပုံ ၊ သြစတေးလျှ သံအမတ်ကြီး က မြန်မာ့ ရွေးကောက်
ပွဲအား မေး မြန်း ခဲ့ ပုံ တို့ ကို ဖော်ပြထားပြီး စက်တင်ဘာ ၂၉ နေ့ စွဲဖြင့် နောက် တစ်ခု တွင် အမေရိကန် ရှိ ဘုန်းကြီးများ သတင်း ၊ နိုင်ငံရေး အကျဉ်း သား ဟောင်း
တစ်ဦး အိမ်ပွဲ စား လုပ်နေ သည့် သတင်းနှင့် သတင်းပေးများ မြို့ တိုင်း တွင် ထားရှိနိုင်ရန် စီစဉ် ထားမှု သီးသန့်  လှို့ ဝှက် အစီရင် ခံစာ နှင့် ဘုန်းတော်ကြီး ဦး
ပညာဇောတ ၏ မော်တော်ကား သစ်ပင် ပိကျမှု နှင့် နယူးယောက် တွင် ဘုန်းကြီး ကျောင်း နေရာ ၀ယ်သည့် သတင်း တို့ ပါရှိသည်။ဦးပညာ ဇောတ မော်တော်ကား
သစ်ပင်ပိကျမှု တွင် ဘုန်းကြီး အာမခံ မလုပ်ထား ပါက ကားလျှော်ကြေမရ နိုင်ဘဲ ဘုန်းကြီးမော်တော် ကားစီးရတော့ မည် မဟုတ် ဟု ပါရှိသည်။

၂. ရွေးကောက်ပွဲ နီးလာပေမယ့် အမေရိကန် က မြန်မာ နိုင်ငံရေး သမားတွေ ဘာမှ မလုပ် နိုင်တဲ့အပြင်ဒေါက်တာ စိန်ဝင်း က နောက်ထပ် ဖွဲ့ တဲ့ အစိုးရ သစ် မှာ ရှုံ
့ချဉ် နှပ်ချဉ် ဖြစ်နေတာကို စက်တင်ဘာ ၂၉နေ့ စွဲ နဲ့  သတင်း မှာဖော်ပြထား ပါတယ်။ ကျန်ရှိ နေသည့် သံရုံး အစီရင် ခံစာ များ ကို ဆက်လက် ဖော်ပြမည် ဖြစ်ပြီး
အင်္ဂလန် နိုင် ငံ တကာ အကူအညီပေး ရေး ဧဂျင်စီ နှင့်မြန်မာ အဖွဲ့ အစည်းများ ဆက်သွယ် ထားသော ဖိုင်များ ကို လည်း ဆက်လက် ဖော်ပြပါမည်။
Posted by မြန်မာ ၀ီကီလိခ် at 11:48 AM
http://www.myanmarwikileaks.org/

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ အစီအစဉ်

2010-12-17

`လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်`မေးဖြေခန်း ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်မှာတော့ ကိုမောင်ကျော် (ကနေဒါ)၊ ကိုရွှေသွေး (နော်ဝေ)၊ ကိုမျိုးသိန်း (ဗြိတိန)် ၊ Ms.
Janelle Saffin (သြစတြေလျား)၊ ဒေါက်တာ တင်မိုးသူ (အမေရိကန်)၊ ကိုမျိုးမင်းအောင် (ထိုင်းမြန်မာနယ်စပ်) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က
ဖြေကြားထားပါတယ်။

(Photo: AFP)

ကမာ့ အေ့ဒ်စ်ရောဂါနေ့ ဖြစ်သော ဒီဇင်ဘာ ၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) ကို
HIV ဗိုင်းရပ်စ်ပိုး ကူးစက်ထားသော ကလေးသူငယ်များနှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်
းစုကြည်
(ဒီဇင်ဘာ ၁၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်
းစုကြည်
(ဒီဇင်ဘာ ၁၀)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်
ဆန်းစုကြ
ည်
(ဒီဇင်ဘာ
၃)
အသံဖိုင်ယူ
ရန်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ်

နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။

လူထုနဲ့
ဒေါ်အောင်ဆန်
းစုကြည်
(နိုဝင်ဘာ ၂၆)

အသံဖိုင်ယူရန်

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။

ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။

မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ
ပေးပို့နိုင်ပါတယ်။

အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org"
ဖြစ်ပါတယ်။

မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့
ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။
အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ
ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ထောင်ဒဏ် နှစ်စေ့၍ တွံတေး NLD အဖွဲ့ဝင် ဦးချစ်ခင် လွတ်မြောက်

2010-12-17

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်မြောက် မွေးနေ့မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခံခဲ့ရတဲ့ အဲန်အယ်လ်ဒီ
အဖွဲ့ဝင် ၁၄ ဦးထဲက တနင်္သာရီတိုင်း ကော့သောင်းအကျဉ်းထောင်မှာ ရောက်ရှိနေတဲ့ တွံတေးမြို့နယ် စည်း အဖွဲ့ဝင် ဦးချစ်ခင်လည်း ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်
မနက်မှာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

(Photo: Courtesy of Burma Democracy and Developement)

ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ၂၀ဝ၈ ဇွန်လ ၁၉ရက်က ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ ၆၃နှစ်မြောက် မွေးနေ့ အခမ်းအနားသို့
လာရောက်သည့် လူအုပ်ကို အကြမ်းဖက် ဖြိုခွဲဖမ်းဆီးမည့် စွမ်းအားရှင် အဖွဲ့ဝင်များ ဒိုင်နာကားပေါ်မှ စောင့်ကြည့်နေသည်ကို ဤကဲ့သို့ တွေ့ရပါသည်။ (Photo:
Courtesy of Burma Democracy and Developement)

ဒီအကြောင်းအသေးစိတ်ကိုတော့ RFA သတင်းထောက် ဦးအောင်မိုးမြင့် က သတင်းပေးပို့ထားပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့


မွေးနေ့ဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ အဲန်အယ်လ်ဒီ ရုံးချူပ်ရှေ့မှာ အဖွဲ့ဝင်တွေက ငှက်တွေ လွှတ်ပြီး ဆုတောင်းမေတ္တာ ပို့သနေတုန်း လူအင်အား
၃၀၀ ခန့် ရှိတဲ့ စွမ်းအားရှင်လို့ ယူဆရသူတွေဟာ ဒိုင်နာကား ၁၀ စီးနဲ့ ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တဲ့ အဖွဲ့ဝင် ၁၄ ဦးထဲမှာ တွံတေးမြို့နယ်
မြို့နယ်စည်းအဖွဲ့ဝင် ဦးချစ်ခင်လည်း ပါဝင်ခဲ့ပါတယ်။

အဲဒီနောက် နိုဝင်ဘာလထဲမှာ အဲန်အယ်လ်ဒီ အဖွဲ့ဝင် ၁၄ ဦးလုံးကို ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာရှိတဲ့ အကျဉ်းထောင်
အသီးသီးကို ပို့ဆောင်ခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ သောကြာနေ့ မနက် ၈ နာရီကျော်လောက်မှာတော့ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ သက်တမ်း ၂ နှစ်ခွဲ ပြည့်ခဲ့ပြီး ဖြစ်တာကြောင့်
ကော့သောင်း အကျဉ်းထောင်ကနေ ပြန်လည် လွှတ်ပေးလိုက်တယ်လို့ ဦးချစ်ခင်က ပြောပါတယ်။

“ကျနော်တို့ ထောင်ကျတဲ့ရက် သတ်မှတ်တဲ့ ရက်စေ့လို့ လွှတ်ပေးလိုက်တဲ့ သဘောပေါ့။ အတိအကျပဲ ခင်ဗျ။ တရက်တောင် မလျှော့ပါဘူး။ ကော့သောင်ကတော့
ကျနော် တယောက်တည်းပါ။ ကျန်းမာရေးကတော့ ကျနော်တို့ နေ့စဉ် လာလာပြီးတော့ သွေးတိုင်းတာတွေ ဘာတွေ ဆရာဝန်လာတယ် ဆရာဝန်လည်း အမြဲတမ်း
လာပေးပါတယ်။ တခြားနိုင်ငံရေး အကျဉ်းသမားတွေကတော့ သူတို့လည်း ကျန်းမာရေး ကောင်းပါတယ်။ ကျနော်တို့လိုပဲ ကျနော်တို့နဲ့ သူတို့နဲ့ဆိုရင် တိုက်ခန်းက
ကျောကပ်။ သူတို့ဆီလည်း ကျနော်တို့ မသွားရဘူး။ ကျနော်တို့ဆီလည်း သူတို့ မလာရဘူး။”

အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဦးချစ်ခင် က ဒီကနေ့ ကော့သောင်း အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့အတွက် အလွန် ဝမ်းမြောက်ကြောင်းနဲ့
နိုင်ငံရေး ဆက်လက် လုပ်ကိုင်ဖို့ စဉ်စားမှာ ဖြစ်ကြောင်းပြောပါတယ်။

မီဇိုရမ်းပြည်နယ်ရောက် မြန်မာလူဦးရေ သန်းခေါင်စာရင်းကောက်ယူ

2010-12-17

အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် မှာ ရာဇဝတ်မှု လျော့ပါးရေးအတွက် အဲဒီ ပြည်နယ်မှာ နေထိုင်ကြတဲ့ မြန်မာပြည်သား ဦးရေ သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့
သိရပါတယ်။
Photo: RFA

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် နေထိုင်သည့် မီဇို လူမျိုးစု အမျိုးသမီးများ ဖြစ်ပါသည်။ (Photo: AFP)

ဒီနှစ်အတွင်း မီဇိုးရမ်းပြည်နယ်မှာ ရာဇဝတ်မှုတွေ တိုးပွားလာရတာဟာ အဓိကအားဖြင့် ပြည်နယ်အတွင်း တရားမဝင် နေထိုင်ကြတဲ့


မြန်မာပြည်သားတွေကြောင့်ဆိုပြီး ပြည်နယ် အုပ်ချုပ်ရေးမှူး ရှရီ (M M Laskhera) က အဲဒီလို သန်းခေါင်စာရင်း ကောက်ယူဖို့ ပြောဆိုခဲ့တာပါ ။

အဲဒါကြောင့် မီဇိုရမ်းပြည်နယ် မြို့တော် အိုက်ဇော်မြို့က ရပ်ကွက်လူငယ်တွေမှာ ပထမဆုံးအနေနဲ့ တအိမ်တက်ဆင်း တရားမဝင် မြန်မာပြည်သား စာရင်းကို
ကောက်ခံနေတယ်လို့ ပြည်နယ် မြို့တော် အိုက်ဇော်လ်မြို့က မြန်မာယက္ကန်း အလုပ်သမားတဦးက ပြောပါတယ်။

“ဗမာပြည်သားတွေ စာရင်းတော့ ကောက်တာ ဟုတ်တယ်လေ၊ အဲဒါ ခုလောလောဆယ် အခြေအနေ ထူးခြားမှု ဆိုတာကတော့ ဒီနေ့ထိပေါ့ဗျာ၊
စာရင်းလာကောက်တဲ့ လူတွေ အဲလိုမျိုး ရာဇဝတ်မှုနဲ့ ပတ်သက်လို့ များလို့မို့ စာရင်းလာကောက်ယူရခြင်း ဖြစ်တယ် ဆိုတာမျိုးတော့ အဲဒီဟာ လိုက်လုပ်တာပါ။
တလောလေးကတော့ တော်တော် ဖြစ်တယ်လေ။ ဟို မုဒိန်းမှုတို့ ပြီးခဲ့တဲ့ အရက်ကိစ္စတွေ ဘာတွေ ညာတွေကတော့ ခဏခဏ အဲလို မိလိုက် လွတ်လိုက်နဲ့
ထူးခြားတာကတော့ နံပါတ်ဖိုး မိမယ်၊ မုဒိန်းမှု ဖြစ်တယ်ဆိုရင်တော့ ကျွန်တော်တို့ပါ ဂယက်လာရိုက်တာပေါ့နော်။”

ဒီလအတွင်းမှာပဲ မြန်မာပြည်သား တဦးကနေ ဒေသခံ မီဇိုး မိန်းကလေးတဦးကို အဓမ္မပြုကျင့်တာ ၊ မြန်မာပြည်သား နှစ်ဦးဆီကနေ ဘိန်းဖြူတွေ ဖမ်းဆီးမိတာနဲ့
မြန်မာပြည်သား အမျိုးသမီးတဦးက ခင်ပွန်းဖြစ်သူကို သတ်ပစ်တာ စတဲ့ ရာဇဝတ်မှုတွေဟာ မီဇိုရမ်းပြည်နယ် မီဒီယာတွေမှာ အထင်ကရ ဖော်ပြခဲ့ကြပါတယ်။

အိန္ဒိယပိုင် မီဇိုရမ်းပြည်နယ်ဟာ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်တဲ့အတွက် နယ်နိမိတ်ချင်း ထိစပ်ပြီး ဘာသာစကားလည်း သိပ်မကွာ ၊ ခရစ်ယာန်ဘာသာ


ကိုးကွယ်တာ တူညီပြီး ၊ ယဉ်ကျေးမှုနဲ့ လူမျိုးအနွယ်တွေပါ တူညီကြတဲ့ ချင်းပြည်နယ်က လူထောင်ပေါင်းများစွာ တရားမဝင် နေထိုင်ကြပါတယ်။

ဒါအပြင် မီဇိုရမ်းပြည်နယ်အတွင်းကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တဲ့အတွက် မုံရွာ၊ အမရပူရ ၊ ရွှေဘို စတဲ့ ဒေသတွေက မြန်မာယက္ကန်းသမားတွေ
အများအပြားလည်း တရားမဝင် အလုပ်လုပ်ကိုင်နေကြပါတယ်။

လွတ်လာသော နိုင်ငံရေးအကျဉ်းသား ထောင် အတွေ့အကြုံပြောပြ

2010-12-17

အကျဉ်းထောင်အသီးသီးကနေ ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထောင်ဒဏ်စေ့ပြီးလွတ်လာ တဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆ ယောက်


ရှိတယ်လို့ကြားသိရပါတယ်။ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့သူတွေကတော့ ကိုဟန်ဝင်းအောင်၊ ကိုလွင်ကိုလတ်၊ ကိုကျော်ကျော် စတဲ့
ကျောင်းသား နိုင်ငံရေးအကျဉ်းသားတွေပါ။

(Photo: AFP)

ရန်ကုန်မြို့၊ ရွှေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

အဲဒီထဲမှာ ကိုဟန်ဝင်းအောင်ဟာ အသက် ၁၇ နှစ်အရွယ် ၁၉၉၄ ခုနှစ်မှာ အမျိုးသားညီလာခံ ဆန့်ကျင်တဲ့ စာရွက်စာတမ်း ဖြန့်ဝေမှုနဲ့ ထောင်ဒဏ် ၇ နှစ်
ကျခံရဖူးပါတယ်။

ထောင်က ပြန်လွတ်ပြီး မကြာခင် နှစ်ပိုင်းမှာပဲ စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ၂၀၀၃ ခုနှစ်မှာ နောက်တခါ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရပြီး ဒီကနေ့
ပြန်လည် လွတ်မြောက်လာတာပါ။ သူဟာ ငယ်ရွယ်စဉ်မှာ ထောင်နှစ်ကြိမ်ကျပြီး စုစုပေါင်း ထောင်သက်တမ်း ၁၄ နှစ်ကျော် ရှိခဲ့ပါတယ်။

အခုတကြိမ်မှာလည်း ၈ ပေ ၁၂ ပေ တိုက်ခန်းကျဉ်းထဲမှာ ၂၀၀၅ ခုနှစ်ကနေ အခုပြန်လွတ်လာချိန်ထိ တယောက်တည်း နေထိုင်ခဲ့ရပါတယ်။

သူ့အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ကိုဟန်ဝင်းအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။






်ေ

ြး

န်



က



ံဖို
င်

ူရ
န်

အာဆီယံအဖွဲ့ဝင်အဖြစ် မြန်မာကို လက်မခံသင့်ခဲ့ကြောင်း လီကွမ်ယူ ပြောခဲ့

2010-12-17

စင်ကာပူနိုင်ငံ အမေရိကန်သံရုံးက သံတမန်ရေးရာ လျှို့ဝှက်ကြေးနန်းမှာ အရှေ့တောင် အာရှ နိုင်ငံ များအဖွဲ့ အာဆီယံ အနေနဲ့ မြန်မာ၊ ကမောဒီးယား၊ လာအိုနဲ့
ဗီယက်နမ်နိုင်ငံတွေကို အဖွဲ့ဝင် တွေအဖြစ် ဝင်ခွင့်မပေးခဲ့သင့်ဘူးလို့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ပြောကြားခဲ့ကြောင်း WikiLeaks
အင်တာနက်သတင်းက ဒီဇင်ဘာ ၁၅ ရက် ဗုဒ္ဒဟူးနေ့က ဖော်ပြပါတယ်။

(Photo: AFP)

အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့ (အာဆီယ)ံ အစည်းအဝေးတခုတွင် အာဆီယံ၏ အလံ (ယာအစွန)် နှင့် အဖွဲ့ဝင် နိုင်ငံများ၏ အလံကို စိုက်ထူထားပုံ
ဖြစ်ပါသည်။ (Photo: AFP)

၂၀၀၇ ခုနှစ်အတွင်းကျင်းပတဲ့ အစည်းအဝေးတခုမှာ လီကွမ်ယူနဲ့ အမေရိကန်သံအမတ် Ms Patricia Herbold တို့ တွေ့ဆုံစဉ်အတွင်း ပြောဆိုခဲ့ကြတာလို့
ဆိုပါတယ်။

မူလ အာဆီယံ အဖွဲ့ဝင်တွေဟာ ကွန်မြူနစ်ဝါဒကို ဆန့်ကျင်တဲ့ ခံစားချက်တွေနဲ့ ဘုံတန်ဖိုးတွေ ရှိကြတဲ့အကြောင်း၊ ဒီတန်ဖိုးတွေဟာ အဖွဲ့ဝင်နိုင်ငံတချို့ကြောင့်
ညစ်နွမ်းရကြောင်း၊ အဲဒီနိုင်ငံတွေ မှာ စီးပွားရေး လူမှုရေး ပြဿနာတွေရှိတဲ့ အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံဟောင်းတွေလို ဆောင်ရွက် ပြုမူနိုင်ပါ့မလားဆိုတာ
သံသယပွားမိရတဲ့အကြောင်း လီကွမ်ယူက ပြောဆိုတယ်လို့ ဆိုပါတယ်။

ဒီကြေးနန်းကို သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နိုင်ငံနဲ့ အမေရိကန်သံရုံးတွေနဲ့ အမေရိကန် ပြည်ထောင်စုကို ပေးပို့ခဲ့တဲ့အတွက် ဒါဟာ
အတင်းအဖျင်းသက်သက်လည်း မဟုတ်၊ အရက်ဝိုင်းမှာ ပြောတဲ့ စကားလည်း မဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပတ်သက်ပြီး လီကွမ်ယူရဲ့ ဝေဖန်ပြောဆိုချက်တွေကို WikiLeaks အင်တာနက်သတင်းက ဖွင့်ချခဲ့ပြီးတဲ့နောက် မလေးရှားအစိုးရက


စင်ကာပူသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

ဒီပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယှူ ဆီကတော့ တစုံတရာ ပြောဆိုချက် ထွက်ပေါ်မလာသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်က ဆုလက်ခံရန်ဖိတ်ကြား

2010-12-17

အိုင်ယာလန်နိုင်ငံ Galway မြို့တော်ကောင်စီက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို Freewoman of Galway ခေါ် လွတ်မြောက်သူ
အမျိုးသမီးဆု လက်ခံယူဖို့ ဖိတ်ကြားလိုက် ပါတယ်။ Galway မြို့တော်ကောင်စီဟာ ၂၀၀၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို Freewoman of Galway
ဆု ချီးမြှင့် ဂုဏ်ပြုခဲ့တာပါ။

(Photo: AFP)

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ
လက်ဝှေ့ရမ်း နှုတ်ဆက်နေစဉ်။ (Photo: AFP)

Galway မြို့တော်ကောင်စီဟာ ၂၀၀၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို Freewoman of Galway ဆု ချီးမြှင့် ဂုဏ်ပြုခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်က
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျဉ်းကျခံနေရတဲ့အတွက် မောင်နှမ ဝမ်းကွဲတော်စပ်သူ အဝေးရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက
ကိုယ်စားတက်ရောက် လက်ခံခဲ့ပါတယ်။ အခုဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး ဒေါက်တာ စိန်ဝင်းက ခုလို ပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
ဆုအများဆုံးလို့တော့ ကျွန်တော် ထင်တာပဲ။ ဒီ ပုဂ္ဂိုလ်တဦးအနေနဲ့ အမျိုးမျိုးသော ဆုတွေကို သူရနေတယ်။ သို့သော်လည်းပဲ တခါမှ ထွက်ပြီး ဒီဆုတွေကို
လက်ခံလို့ မရဘူး။ မရတာလည်း အကြောင်းအမျိုးမျိုး ကျွန်တော်တို့ သိပါတယ်။ ဆိုတော့ ကျွန်တော်တို့ ဗမာပြည်သူတယောက်အနေနဲ့ကော၊ ဒီမိုကရေစီ
ခေါင်းဆောင်တယောက် အနေနဲ့ကော၊ အမျိုးသမီး တယောက် အနေနဲ့ကော၊ ဒီလို နိုင်ငံတကာက ဆုချီးမြှင့်တာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့
ပြောတာပေါ့နော်၊ ဒါ ပြည်သူတွေရဲ့ ကိုယ်စား သူယူပါတယ်လို့ သူ အမြဲတမ်း ပြောပါတယ်။ နိုင်ငံတကာရဲ့ တကဲ့ကို ကြီးမားတဲ့ ဆုတွေ ရတဲ့အတွက် ကျွန်တော်တို့
အားလုံး ဝိုင်းပြီးတော့။” အခု ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အတွက် ဒီဆုကို ပုံမှန်အခမ်းအနားနဲ့ ပေးအပ်ဖို့၊
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆုလက်ခံရေးအတွက် တရားဝင်ဖိတ်ကြားဖို့ မြို့တော်ဝန် ဦးဆောင်တဲ့ Galway မြို့တော်ကောင်စီက တညီတညွတ်တည်း
စည်းဝေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ Galway မြို့တော်ကောင်စီလူကြီးတဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မာတင်လူသာကင်း၊ မဟတ္တမ ဂန္ဓီ တို့လို
ကမ္ဘာ့ သူရဲကောင်း ရုပ်ပုံလွှာတခု ဖြစ်ပါတယ်၊ တနေ့နေ့ တချိန်ချိန် မှာတော့ မိမိတို့ရဲ့ဖိတ်ခေါ်ချက်ကို လက်ခံ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့
မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

http://www.rfa.org/burmese

Thursday, December 16, 2010

၂၀၀၆ ခုနှစ် သက်ဆင် ကို ဖြုတ်ချပြီး အာဏာသိမ်းမှု ၏ နောက် တွင် ဘုရင်မကြီး ရှိ

အာဏာသိမ်း သည့် သတင်း ကြေငြာခဲ့သူ ၁၉၈၇ ခုနှစ် အာရှမယ်ဟောင်း ခွန်ကရန်

၂၀၀၆ ခုနှစ် ကို ထိုင်းဝန်ကြီးချုပ် ကို ဖြတ်ချပြီး အာဏာသိမ်းမှု နောက် ကွယ်တွင် ထိုင်းမိဘုရားကြီး သီရိခောတ်ရှိကြောင်း ၀ီကီလိခ် ၏ ထိုင်း နိုင်ငံဆိုင် ရာ
အမေရိကန် သံရုံး၏ ကြေးနန်း ပေါက်ကြားမှု တစ်ခု တွင် ဖော်ပြထားသည်။

ကွယ်လွန် သွားပြီ ဖြစ်သည့် ၀န်ကြီးချုပ် ဟောင်း ဆမတ် ဆုန်ထရာ ဝေခ်ျ နှင့် ထိုင်း နိုင်ငံ ဆိုင်ရာ အမေရိ ကန် သံအမတ်ကြီး အဲရစ် ဂျွန် တို့  တွေ့ ဆုံစဉ် ဖြတ်ချ
ခံရ သည့် ထိုင်းဝန်ကြီးချုပ် သက်ဆင် ကို လိုလား သည် ဟု ထင်ကြေး ပေးခံရသည့် ဆမတ် က သံအမတ်ကြီး ကို ယခု လို ပြောကြား ခြင်းဖြစ်သည်။
ထိုင်း နိုင်ငံတွင် တော်ဝင် မိသားစု အား မည် သို့ မျှ ဝေဖန် ၊ အပုတ် ချခွင့် မရှိအောင် တားမြစ်ထားသောကြောင့် ဆမတ် သည် တရား စွဲ ဆို ခံ နိုင်ရသည် ဟု
နယူးယောက် တိုင်း သတင်း စာ တွင် ဖော်ပြထားသည်။ သံအမတ် ကြီး အဲရစ် ဂျွန် နှင့် စကားလက် ဆုံကျရာတွင် ဆမတ် က ၎င်း သည် ထိုင်းဘုရင် ကြီး ၏
နိုင်ငံကို ဦးဆောင် နိုင်စွမ်း ကို ယုံကြည်မှု ရှိသော်လည်း ထိုင်းဘုရင် မကြီး ၏ ကွဲပြားခြား နား သည့် နိုင်ငံရေးအမြင်နှင့် နာမကျန်း သည့် ဘုရင် ကြီး ကို ခုတုံး
လုပ်ခြင်း များ ကို သူနားမလည် နိုင်အောင် ဖြစ်ရသည် ဟု ပြောဆိုခဲ့သည်။

နန်း သက် ၆၄ နှစ် ရှိပြီ ဖြစ်သည့် ထိုင်းဘုရင် ကြီး အား ထိုင်းစစ်တပ် စစ်ဦးစီးချုပ် ဆွန် ထိ က အာဏာသိမ်းရန် နှစ်နာရီ ခန့် အလို တွင် သွားရောက် ဂါရ၀ ပြုခဲ့ပြီး
အာဏာ သိမ်းပြီးနောက် သက်ဆင် ကို ရာထူးမှ ဖယ်ရှားလိုက် သည် ကို သတင်း ကို စစ်တပ် ပိုင် လိုင်းခွဲ ၅ တွင် ကြေငြာ ရန် အတွက် ၁၉၈၇ ခုနှစ် က အာရှ မယ်
ဖြစ်ခဲ့ဖူးသည့် သံဝိ န် ခွန် ကရန်အား ထိုင်း ဘုရင်မကြီး ကိုယ်တိုင် စီစဉ် ခြင်း ဖြစ်သည် ဟု ကြေးနန်း တွင် ဖော်ပြထားသည်။

သံအမတ် ကြီး အဲရစ် ဂျွန် နှင့် စကားလက် ဆုံကျရာတွင် ဆမတ် က ၎င်း သည် ထိုင်းဘုရင် ကြီး ၏ နိုင်ငံကို ဦးဆောင် နိုင်စွမ်း ကို ယုံကြည်မှု ရှိသော်လည်း
ထိုင်းဘုရင် မကြီး ၏ ကွဲပြားခြား နား သည့် နိုင်ငံရေးအမြင်နှင့် နာမကျန်း သည့် ဘုရင် ကြီး ကို ခုတုံး လုပ်ခြင်း များ ကို သူနားမလည် နိုင်အောင် ဖြစ်ရသည် ဟု
ပြောဆိုခဲ့သည်။

နန်း သက် ၆၄ နှစ် ရှိပြီ ဖြစ်သည့် ထိုင်းဘုရင် ကြီး အား ထိုင်းစစ်တပ် စစ်ဦးစီးချုပ် ဆွန် ထိ က အာဏာသိမ်းရန် နှစ်နာရီ ခန့် အလို တွင် သွားရောက် ဂါရ၀ ပြုခဲ့ပြီး
အာဏာ သိမ်းပြီးနောက် သက်ဆင် ကို ရာထူးမှ ဖယ်ရှားလိုက် သည် ကို သတင်း ကို စစ်တပ် ပိုင် လိုင်းခွဲ ၅ တွင် ကြေငြာ ရန် အတွက် ၁၉၈၇ ခုနှစ် က အာရှ မယ်
ဖြစ်ခဲ့ဖူးသည့် သံဝိ န် ခွန် ကရန်အား ထိုင်း ဘုရင်မကြီး ကိုယ်တိုင် စီစဉ် ခြင်း ဖြစ်သည် ဟု ကြေးနန်း တွင် ဖော်ပြထားသည်။

ထိုင်းဘုရင် မကြီး သည် ၂၀၀၈ ခုနှစ် က ဆမတ် ဆုတ်ထရာဝေ့ အစိုးရ နှင့် သက်ဆင်၏ ယောက်ဖတော်စပ် သူ ဆုမ်ချိုင်း ဝေါင်းဆ၀တ် တို့ အား ဖြုတ်ချသည့်
လှုပ်ရှားမှု ကို လည်း နောက် ကွယ်မှ ပံ့ပိုးပေးခဲ့သည် ဟု သတင်းများ ထွက်ပေါ် မှု ကို လည်းဖော်ပြထားသည်။

ထိုင်း နိုင်ငံဆိုင် ရာ အမေရိကန် သံရုံး၏ နောက်ထပ် ကြေးနန်း ပေါက်ကြား မှု တစ်ခု တွင်ထိုင်း အိမ်ရှေ့ မင်းသား မဟာဗာဂျီ ယာလောင် ကွန် မှာ မိန်းမ လိုက်စား
လွန်းသူ တစ်ဦး ဖြစ်သောကြောင့် ဘုရင်အဖြစ် မထိုက်တန် ဟု ထိုင်း စစ်ဗိုလ်ချုပ် များ က အဲရစ် ဂျွန် ကို ပြောပြသည် ဟု ပါရှိသည်။ ထိုင်း နိုင်ငံတွင်း ရှိ မီဒီယာ
များ မှ ယနေ့ ဝီကီလိခ် ပေါက်ကြားမှု တွင် တော်ဝင်မိသား စု ကို အပြစ်ဖို့ ထား သည့် သတင်းများ ကို ဖော်ပြခွင့်မရရှိ ဟု သိရသည်။
http://www.myanmarwikileaks.org/2010/12/blog-post_16.html#more

ရတနာပုံတယ်လီပို့ အကြောင်း ဖွင့်ဟဝန်ခံချက် (မြန်မာပြည်ကလာတဲ့စာ)


ဓာတ်ပုံ ဒီမိုဝေယံ (ပြည်တွင်း)

မြန်မာပြည်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ရက်များမှ စတင်ပြီး ယခင်ကကတည်းက မမြန်တဲ့ အင်တာနက် ကွန်နက်ရှင်တွေဟာ ကောက်ခါငင်ခါနဲ့
သုံးမရအောင် နှေးကွေးသွားခဲ့ပါတယ်..။ စစ်အစိုးရရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ ပြည်ပမှ Distributed Denial of Service (DDoS) ဖြင့်
တိုက်ခိုက်ခြင်းခံရတယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မြန်မာပြည်တွင်းမှ ပေးပို့လာတဲ့ ရတနာပုံတယ်လီပို့အကြောင်း စာနဲ့ ဓာတ်ပုံ
အချို့ကို ဖော်ပြလိုက်ပါတယ်...။

ကိုဒီမိုရေ.. စစ်အစိုးရက ပြည်ပကနေ (DDoS)နဲ့ တိုက်ခိုက်ခံရတယ် ဆိုပြီးလိမ်ညာ သတင်းလွှင့်နေတာပါ.. ။ တကယ်တမ်း အင်တာနက်တွေကို နှေးအောင်
ကြည့်မရအောင် လုပ်နေတာ သူတို့ကိုယ်တိုင်ပါပဲ..။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်သိတဲ့ ရတနာပုံတယ်လီပို့က သတင်းတွေအကြောင်း ရေးသား
ပေးပို့လိုက်ပါတယ်..။

ရတနာပုံတယ်လီပို့ကို ၂၀၀၇ခုနှစ်ကတည်းက မန္တလေးနဲ့ ၂၄မိုင်ဝေးတဲ့ မန္တလေး မေမြို့သွားတဲ့ လမ်းမှာ ပြင်စာရွာမှာ ဆောက်လုပ်ခဲ့တာပါ...။ ဒီအဆောက်အဦး
ပြီးစီးတဲ့အချိန်မှာ ကွန်ပြူတာတက္ကသိုလ်ဆင်း ကျောင်းသား/ကျောင်းသူ အိမ်ထောင် မရှိသူ အပျိုလူပျို၂၀ကျော်ကို IT နဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရမယ်ဆိုပြီး
တေဇရဲ့ ထူးဒရေးဒင်းကုမ္ပဏီက အလုပ်ခေါ်ပါတယ်.. တလ ကျပ်(၁)သိန်းနဲ့ပါ...။ မြန်မာပြည်လို ပညာတတ်တွေ အတွက် အလုပ်အကိုင် ရှားပါးတဲ့ နိုင်ငံမှာ
တစ်လ တစ်သိန်းဆိုတော့လည်း လုပ်ကြတာပေါ့...။ ဘာမှန်းညာမှန်းမသိပဲ ၂နှစ်စာချုပ်နဲ့ ဘွန်းထိုးပြီးတဲ့ အချိန်မှာတော့ ၂၀၀၉ခုနှစ် ကုန်ပိုင်းက စတင်ပြီး
မန္တလေးနဲ့ ပြင်ဦးလွင်ကြားက ရတနာပုံတယ်လီပို့ ကိုပို့ခံရပါတော့တယ်...၂၀၁၀ခုနှစ် ၄လပိုင်းမှာ စတင်အလုပ်စဝင်ရပါတယ်.. ထမင်းကျွေးတယ်..
အဆောင်ပေးထားတယ်..။ တကယ်တန်းလုပ်ရတဲ့ အလုပ်ကတော့ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံရေး Websiteတွေ၊ သတင်းမီဒီယာတွေ၊ နိုင်ငံရေးဘလော့(ခ်)တွေကို
၂၄နာရီ အချိန်အဆိုင်းအလိုက် အချိန်ပြည့် စောင့်ကြည့်ရပါတော့တယ်.. အခုလက်ရှိ အဆိုပါဋ္ဌာနရဲ့ အကြီးအကဲကတော့ဗိုလ်မှူးကြီးတင်မောင်ဝင်းပါ..။

လုပ်ရတာကတော့ DVB,မဇ္ဈိမတို့,ဧရာဝတီတို့ စတဲ့ သတင်းဋ္ဌာနတွေကို တချိန်လုံး စောင့်ကြည့်ရပါတယ်..။ ပြီးတော့ မြန်မာတွေ အရှိများတဲ့ Facebook တို့
Twitter တို့ စတဲ့နေရာတွေကို နေ့ရောညပါ တစ်ချိန်လုံး စောင့်ကြည့်ရပါတော့တယ်.။ အဲ့ဒီသတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတို့ ဘလော့(ဂ်)
နာမည်တို့ဘာတို့ပါရင်.. ချက်ချင်းလိုက်တော့တာပဲ ပြီးရင် အစီရင်ခံစာတင်ရတယ်..။ သူတို့ရဲ့ Background မှာ Counter Check လုပ်တာကတော့...
ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေးညွှန်ကြားရေးမှူး ရုံးဆိုတာ သီးသန့်ရှိတယ်.. သူတို့က အဲ့ဒီ အဖွဲ့ကလည်း ဒီနိုင်ငံရေး Website တွေ သတင်းဋ္ဌာနတွေ
ဘလော့(ဂ်)တွေကို တောက်လျှောက် စောင့်ကြည့်နေတာပါပဲ.။ သူတို့လုပ်ရတာ ဒါပဲရှိတယ် ကျန်တာဘာမှာ မလုပ်ရပါဘူး..။ ဒီလို စောင့်ကြည့်နေတဲ့ ကြားထဲကမှ
သတင်းတွေ မဘန်းမိတဲ့ ဘလော့(ဂ်)တွေ ကျန်ခဲ့ပြီ ဆိုရင်သူတို့ ပြသနာရှာခံရတော့တာပါပဲ..။ လစာဖြတ်ခံရတာတို့ နောက်ဆုံး စိတ်မထင်ရင် မထင်သလို
ဆူပူကြိမ်းမောင်း ခံရတာတို့ ခံရပါတော့တယ်...။ ပြည်တွင်းကနေ ဆိုဒ်တွေကို ဝင်ကြည့်မယ်ဆိုရင် နိုဝင်ဘာ(၇) ရက်နေ့မတိုင်ခင်ထိ Ultra Sub နဲ့ ကျော်ကြည့်လို့
ရတယ် ခုနောက်ပိုင်းလုံးဝကို Ban လိုက်ပါပြီ.. ခုတစ်ချို့တွေ Proxy ၂ဆင့် ကျော်ပြီးကြည့်ကြတယ်..။ နောက်ပိုင်း အဲ့လို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်တွေကို Virus
လွှတ်ဖို့အထိ လုပ်နေပါပြီ...။

နိုဝင်ဘာ(၇)ရက်နေ့ မတိုင်ခင် လုံးဝကို တမင်နှေးအောင်လုပ်လိုက်တာပါ.. တမင်ဖြတ်ချလိုက်တာပါ။ ဒီလိုလုပ်တဲ့ဟာ အားလုံးကို တရုတ်က ကွန်ထရိုး


ပေးထားတာပါ..။ ခုတရုတ်က ပညာရှင်တွေ ရတနာပုံတယ်လီပို့ကို ရောက်နေပါတယ်..။ ဒီလိုအခြေအနေတွေ အောက်မှာပဲ အလုပ်ကနေ ထွက်ခွာချင်နေတဲ့
လူငယ်တွေက အများကြီးပါပဲ သို့ပေမယ့် မြန်မာပြည်မှာ လက်ရှိခေတ်စားနေတဲ့ ဘယ်အလုပ်ပဲဖြစ်ဖြစ် အလုပ်ရှင်တွေက စာချုပ်နဲ့ ထိန်းချုပ်ထားတဲ့ အကျင့်အတိုင်း
အခု လက်ရှိလုပ်နေသူတွေ (၂)နှစ်ပြည့်အောင် လုပ်ရပါမယ်။ မလုပ်ချင်လို့ ထွက်ချင်ရင်တော့ အနည်းဆုံး အောက်ထစ် (၁၅)သိန်းပေးမှ ထွက်လို့ရပါတော့မယ်..။

အဲ့ဒီတော့ ပြည်ပက တိုက်ခိုက်တယ်.. ဆိုတာလုံးဝ မဟုတ်ပါဘူး.. တမင်သတင်းလွှင့်တာပါ.. ဘာ (DDoS) နဲ့မှ တိုက်ခံရတာမဟုတ်ပါဘူး..။ ရတနာပုံ
တယ်လီပို့ကသူတွေ အသိဆုံးပါ..။ နောက်ပိုင်းဒီမှာ အင်တာနက် ထိန်းချုပ်ဖို့ အများကြီး ပြင်ဆင်လုပ်ကိုင်နေတဲ့ အကြောင်း ပေးပို့လိုက်ရပါတယ်..။

ရတနာပုံ Virus

ရေးသားပေးပို့ လာတဲ့ စာထဲက ကာယကံရှင် ထိခိုက်စေမယ့် အကြောင်းအရာတစ်ချို့ကို ပယ်ဖျက်ပြီး ပြန်တင်ပေးလိုက်ပါတယ်..။ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ
တည်ထောင်ဖို့ လုပ်ကိုင်နေတယ်ဆိုတဲ့ နအဖစစ်အာဏာရှင်တွေရဲ့ မလိုအပ်တဲ့နေရာတွေမှာ တိုင်းပြည် ဘဏ္ဍာငွေတွေ သုံးပြီး မီဒီယာကို မသမာတဲ့နည်းနဲ့
တိုက်နေတာတွေပါ...။ မြန်မာပြည်မှာ အင်တာနက် သုံးတာ နိုင်ငံရေးဆိုဒ်တွေ တခုတည်းကြည့်ဖို့ အတွက်မဟုတ်ပါဘူး ... တခြားစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊
ကျန်းမာရေး စတဲ့ကဏ္ဍများစွာ ရှိပါသေးတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အမြင်တစ်ခုတည်းအတွက် အင်တာနက်ကို နှေးကွေးအောင် လုပ်ဆောင်နေတာဟာ
တခြားသော ကဏ္ဍတွေ အသုံးပြုနေသူတွေ အတွက် အင်မတန်မှ နစ်နာလှပါတယ်..။ သို့ပေမယ့် မတရားအုပ်ချုပ်သူ အခွင့်ထူးခံ စစ်အာဏာရှင်များနှင့်
ပတ်သတ်သူ လက်တစ်ဆုပ်စာ အတွက်တော့ မြန်နှုန်းမြင့်ပြီး သာမာန်ပြည်သူ လူထုတွေ ကြည့်ခွင့်မရတဲ့ Youtube,Yahoo စတာတွေ ကြည့်လို့ရတဲ့ VIP
လိုင်းသီးသန့် လုပ်ပေးထားရကြောင်း အဆိုပါ ပေးပို့လာသူမှ ဆိုပါတယ်..။ ပေါ်ပေါက်လာမည့် ရုပ်သေးအစိုးရအတွင်း လွှတ်တော်တွင် အော်ကြမည်ဆိုသည့်
အတိုက်အခံ ဆိုသူများမှ လွှတ်တော်အတွင်း တခြားကိစ္စများ အသာထား အနိမ့်ဆုံးအဆင့် သတင်းလွတ်လပ်ခွင့်၊ အင်တာနက် မြန်နှုန်းမြင့်မြင့်နှင့် သုံးစွဲပိုင်ခွင့်
ရမရဆိုတာ တောင်းဆိုနိုင်ကြမလား ဆိုတာကို စောင့်ကြည့်ချင်ပါကြောင်း တင်ပြလိုက်ရပါတယ်...။

Posted by ဒီမိုဝေယံ at Friday, December 17, 2010

http://www.demowaiyan.co.cc/2010/12/blog-post_17.html

ဒေါ်အောင်ဆန်းစုကြည်သတင်းများ မီဒီယာတွင်ပိတ်ပင်

ဧရာဝတီ Friday, 17 December 2010 17:23

စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းသတင်းဂျာနယ်များ၏ တွေ့ဆုံမေးမြန်းခန်းများ၊ သတင်းနှင့် ဓာတ်ပုံများကို ဖော်ပြခွင့်မပြုတော့ကြောင်း


သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သတင်းများကို
ဖြုတ်ပယ်လျက် ရှိပြီး ထိုဖြုတ်ပယ်မှုများကို နေပြည်တော်
ပြန်ကြားရေး ၀န်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ် နေခြင်း
ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းများ
ဖော်ပြရန် သတင်းဂျာနယ်များက စာပေစိစစ်ရေးသို့
တင်ပြနေသော်လည်း အဆိုပါ တွေ့ဆုံမေးမြန်း ခန်းများကို လုံးဝ
ဖော်ပြခွင့်ပြုမည် မဟုတ်ကြောင်း စာစစ်မှူးတဦးကပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးတွေကို မူကြမ်းတင်ပြတဲ့


ဂျာနယ်တွေရှိတယ်။ ဒါပေမယ့် လုံးဝ ဖော်ပြခွင့် ပြုမှာမဟုတ်ဘူး”
ဟု အဆိုပါ စာစစ်မှူးက ရှင်းပြသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်း ပြည်ပ


မီဒီယာများကို အလှည့်ကျ တွေ့ဆုံမေးမြန်းခွင့်များ
ပြုနေပြီဖြစ်ရာ လွန်ခဲ့သည့် ရက်ပိုင်းက Venus ဂျာနယ်နှင့်
ပြည်သူ့ခေတ် ဂျာနယ်တို့ကို လက်ခံတွေ့ဆုံခဲ့ပြီး ယနေ့တွင်
( - AP) 7Days News ဂျာနယ်၊ The Voice ဂျာနယ်၊ AP သတင်းဌာန၊
The Yangon Times ဂျာနယ်နှင့် Flower News ဂျာနယ်တို့နှင့် တွေ့ဆုံကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ် အဲရစ္စ (ခေါ်) ကိုထိန်လင်း လာရောက်သည့် သတင်းနှင့် ပြန်သည့် သတင်းများ ကိုမူ ပြည်တွင်း သတင်းမီဒီယာများတွင်
ဖော်ပြခွင့်ပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားသားနှင့် လက်ထပ် ထား၍ နိုင်ငံခြားသားသွေးနှောသည့် သား ၂ ဦးရှိသည်ကို ပေါ်လွင်စေသဖြင့်သာ
အဆိုပါ သတင်းများ ဖော်ပြခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုထိန်လင်း မြန်မာပြည်မှ ပြန်လည် ထွက်ခွာခဲ့ပြီး နောက်တွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့်
သတင်းများကို ပြန်လည် ဖြုတ်ပယ်စိစစ်နေပြီ ဖြစ်ကြောင်း စာပေစိစစ်ရေးဌာနက ပြောသည်။

“ဒုတိယ ပင်လုံ၊ ၂၁ ရာစု ပင်လုံ ဆိုတဲ့ စကားလုံးတွေ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်ကတည်းက ဒေါ်အောင်ဆန်းစုကြည် သတင်းတွေကို ဖြုတ်ရမယ်ဆိုတဲ့
ညွှန်ကြားမှုတွေရှိလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံလည်း လုံးဝ မဖော်ပြရဘူးလို့ ညွှန်ကြားထားတယ်” ဟု စာစစ်မှူးတဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းတို့ တွေ့ဆုံသော
သတင်းကို ပြည်တွင်း ဂျာနယ်များက ဖော်ပြရန် ကြိုးစားကြသော်လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာရောက်လည်ပတ်ခဲ့သည်
ဆိုသော သတင်းကိုသာ ဖော်ပြခွင့်ပြု၍ ဒေါ်အောင်ဆန်းစုကြည်၏ အမည်နှင့် ဓာတ်ပုံများကို ဖော်ပြခွင့် မပေးခဲ့ပေ။

“ဂျိုးဇက်ဝိုင်ယွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်းက အိမ်ပေါက်ဝမှာ အတူတွဲရိုက်ထားတဲ့ပုံကို စိစစ်ရေးတင်ပြတော့ စိစစ်ရေးက


ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ဖြုတ်ခိုင်းပြီး ဂျိုးဇက်ဝိုင်ယွန်း ပုံကိုပဲ ထည့်ခွင့်ပေးတယ်” ဟု သတင်းအယ်ဒီတာတဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ဓာတ်ပုံများကို စိစစ်ရေးသို့မတင်ရန် ဂျာနယ်များကို ညွှန်ကြားခြင်း မရှိကြောင်း၊ သို့ရာတွင် တင်သည့် ဓာတ်ပုံများ၊
သတင်းများကိုလည်း လုံးဝ ဖော်ပြခွင့် မပေးတော့ကြောင်း ဂျာနယ်တစောင်မှ ထုတ်လုပ်ရေး အယ်ဒီတာ တဦးက ရှင်းပြသည်။

“သတင်းထောက်တွေကတော့ လိုက်စရာရှိတာ လိုက်တာပဲ။ အယ်ဒီတာတွေကလည်း စိစစ်ရေးကို တင်တာပဲ။ စိစစ်ရေး ကလည်း ဖြုတ်ချင်တာ ဖြုတ်တာပဲ။
ဂျာနယ်တွေဘက်ကတော့ ပေးတဲ့အချိန်အမြတ်ပဲ ဆိုပြီး လုပ်နေကြတာ” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သော
ကမ္ဘာ့လူ့အခွင့်အရေးနေ့ အခမ်းအနားသတင်း၊ ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲသည့် ပန်းချီကား ပို့စ်ကတ်များကို လူမှုရေးရန်ပုံငွေအတွက် ရောင်းချသည်ဆိုသော
သတင်းများကို ပြည်တွင်းဂျာနယ် များက တင်ပြသော်လည်း စာပေစိစစ်ရေးက ခွင့်မပြုခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သတင်းသာမက နိုင်ငံရေးပါတီများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ မဲမသမာမှု ပြုလုပ်ကြောင်း


သတင်းထုတ်ပြန်ချက်၊ တရားစွဲရန် ပြင်ဆင်မှု သတင်းများ အပါအ၀င် ကြံ့ဖွံ့ပါတီကို ထိခိုက်သည့် သတင်းများနှင့် အစိုးရကိုဝေဖန်သော နိုင်ငံရေးသမားများ၏
ပြောကြားချက် သတင်းများကိုလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်လျက်ရှိကြောင်း ဂျာနယ် အယ်ဒီတာများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ချိန်က ၎င်း သတင်းနှင့် ဓာတ်ပုံများကို ပုံကြီးချဲ့ အချပ်ပို ထုတ်ဝေ ဖော်ပြခဲ့မှုဖြင့် စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ်
၉ စောင်ကို ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခြင်းဖြင့် အရေးယူခဲ့သည်။

ဇူလိုင်လထုတ် စတိုင်သစ်မဂ္ဂဇင်းကို စာမျက်နှာ ထက်ဝက်ခန့် ဖြုတ်ပယ်ခဲ့သောကြောင့် နောက်လတွင် အဆိုပါ မဂ္ဂဇင်းက စာဖတ်သူများထံ တောင်းပန်စာ
ထည့်သွင်းခဲ့ရာ ယခု ထုတ်ဝေခွင့်လုံးဝ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

စာပေစိစစ်ရေးသည် မူဝါဒပုံသေမရှိဘဲ လိုသလို ပြောင်းလဲလေ့ရှိကြောင်း၊ ရွေးကောက်ပွဲ ပြီးသွားချိန်တွင် စာနယ်ဇင်း လွတ်လပ်ခွင့် အနည်းနှင့်အများ


ရရှိလိမ့်မည်ဟု မျှော်လင့်မိသော်လည်း ပိုမိုတင်းကျပ်လာကြောင်း၊ ယခု လက်ရှိ အခြေအနေများကို ကြည့်ခြင်းဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့် လုံးဝ ရရန်
မလွယ်ကူနိုင်ကြောင်း သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးနှင့် ဇိုမီး တော်လှန်ရေးအဖွဲ့ တွေ့ဆုံ

ဇာနည်မာန် Friday, 17 December 2010 14:14

အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး မစ္စတာ ပီ ချီဒမ်ဘရမ် က အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ချူရာချန်ပူခရိုင်ရှိ မူဗမ်းလိုင် အရပ် အခြေစိုက် ဇိုမီး တော်လှန်ရေး
တပ်မတော် တပ်ရင်း ၁၉၃ နှင့် ၂၀၃ ကို ပထမဆုံးအကြိမ် အဖြစ် ဗုဒ္ဓဟူးနေ့က သွားရောက် တွေ့ဆုံ ဆွေးနွေးကြောင်း သိရသည်။

မိနစ် ၅၀ နီးပါးကြာ ထိုတွေ့ဆုံမှုတွင် ဇိုမီး


ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အရေးတွင် ငြိမ်းချမ်းစွာ
ပူးပေါင်းဖြေရှင်းရေးအတွက် ဆွေးနွေးပြောဆို ကြကြောင်း ဇိုမီး
အမျိုးသား ပြန်လည်သွေးစည်း ညီညွတ်ရေးအဖွဲ့ ပြောခွင့်ရ
ပုဂ္ဂိုလ် ဦးဒယ်နီက ဆိုသည်။

“သူက ZRO ၊ ZRA အနေနဲ့ ဒေသန္တရ ပြည်တွင်းငြိမ်းချမ်းရေးကို


ထိန်းသိမ်းပေးတဲ့အတွက် အသိမှတ်ပြုကြောင်း၊ ဆက်လက်ပြီး
လက်တွဲ ကူညီပေးပါဆိုပြီး မေတ္တာရပ်ခံသွားပါတယ်။
ကတိက၀တ်တွေလည်း အများကြီးပေးသွားတယ်။
ကျနော်တို့အတွက် စိတ်ဓာတ်ခွန်အား အများကြီး
ရပါတယ်”ဟုလည်း ၎င်းကပြောသည်။

ပြည်ထဲရေးဝန်ကြီး ချီဒမ်ဘရမ်နှင့်အတူ ပြည်နယ်ရဲချုပ်နှင့်


ထိပ်တန်းအရာရှိများပါဝင်သည့် အဖွဲ့သည် ဇိုမီး
အမျိုးသားပြန်လည် သွေးစည်း ညီညွတ်ရေးအဖွ(ဲ့ ZRO) နှင့်
၁၁ ZRO, ZRA ၁ မြန်မာနှင့် အိန္ဒိယ နိုင်ငံသား ဇိုမီး တိုင်းရင်းသားများ ပါဝင်သည့်
ZRO ၁ ၁ ( - ဇိုမီး တော်လှန်ရေး တပ် မတော် (ZRA) မှ အရာရှိများနှင့်
tongsan.org) တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဦးဒယ်နီ က ဆက်၍ “မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ ZRO ၊ ZRA ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ထောက်ခံတဲ့ သဘော မျိုးပြောတယ်။
အကြမ်းမဖက်တဲ့နည်းနဲ့ ပြည်တွင်းကိုထိုးဖောက်ပြီး ပညာပေးမှုလုပ်တာကို ချီးမွမ်းပြောဆိုသွားတယ်”ဟု
ပြော သည်။

ဇိုမီး အမျိုးသား ပြန်လည်သွေးစည်းညီညွတ်ရေးအဖွဲ့နှင့် ဇိုမီး တော်လှန်ရေး တပ်မတော်ဆိုသည်မှာ အိန္ဒိယနိုင်ငံ မဏိပူရ်၊ မီဇိုရမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း
တောင်ပေါ်ဒေသနှင့် မြန်မာနိုင်ငံ ချင်းတောင်တန်း ဒေသများတွင် နေထိုင်ကြသည့် ဇိုမီး တိုင်းရင်းသား မျိုးနွယ်စုများနေထိုင်ရာ ဒေသများကို ဇိုမီး
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအဖြစ် သတ်မှတ်ပေးရန် အိန္ဒိယ-မြန်မာ နှစ်
နိုင်ငံ အစိုးရများသို့ တောင်းဆိုလှုပ်ရှားနေသူများဖြစ်သည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ အင်္ဂလိပ် ကိုလိုနီ လက်အောက်ခံအဖြစ်မှ သီးခြားနိုင်ငံများအဖြစ် ခွဲထွက်ကြရာတွင် ဇိုမီးတိုင်းရင်းသား မျိုးနွယ်စုများ အပါအ၀င် နာဂ၊
ကူကီး စသော တိုင်းရင်းသားများ နေထိုင်သည့် ချင်းတောင်တန်းနှင့် နာဂတောင်တန်းဒေသများမှာ အိန္ဒိယနှင့် မြန်မာနိုင်ငံပိုင် ဒေသများအဖြစ် ပိုင်းခြားသွားရာမှ
အဆိုပါ တိုင်းရင်းသားမျိုးနွယ်စုများက မိမိတို့ ကိုယ်ပိုင်ဒေသများ ပျောက်ဆုံး သွားရခြင်းကြောင့် နှစ်ဘက် နိုင်ငံများမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများကို
အစဉ်တစိုက် တောင်းဆိုနေကြခြင်းဖြစ် သည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အာသံ၊ မဏိပူရ်၊ နာဂ၊ ဇိုမီး စသည့် တိုင်းရင်းသားအဖွဲ့များ၏ ပြည်နယ် သီးခြားအုပ်ချုပ်ခွင့် အတွက် တောင်းဆိုနေမှုများ
ဖြစ်သည်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးအနေဖြင့် ယခုကဲ့သို့ ခွဲထွက်ရေး အဖွဲ့များ အခြေစိုက်ရာ ဒေသသို့ ကိုယ်တိုင်သွားရောက်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်၍ အိန္ဒိယ
ခွဲထွက်ရေးကိစ္စများတွင် တိုးတက်ပြောင်းလဲမှုများ ရှိလာနိုင်သည်ဟု လေ့လာသူများက
ပြောဆို ကြသည်။

အိန္ဒိယ အခြေစိုက် နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌ ဦးစောဆ က“အရင်တုန်းက ဒီလို အခြေ အနေမျိုး မရှိဘူး။ အခုက
ဝန်ကြီးအဆင့်က ဒီလိုမျိုးလာတွေ့တယ်ဆိုတော့ တော်လှန်းရေး အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ မလုပ် သည့်တိုင်အောင် ကောင်းမွန်တဲ့ ငြိမ်းချမ်းမှုဖြစ်စေချင်တဲ့
လက္ခဏာလို့ ကျနော်က နားလည်တယ်”ဟု ပြောသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မကြာမီနှစ်များအတွင်း ပြည်နယ်ခွဲထွက်ရေးပြဿနာများ ကင်းသောနိုင်ငံအဖြစ် ဦးတည်နေသောကြောင့်


ဇိုမီးတိုင်းရင်းသားအဖွဲ့များအနေဖြင့်လည်း အစိုးရနှင့် ပူးပေါင်းပါဝင်ရန် စည်းရုံးသည့် ခရီးစဉ်ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီး၏ ခရီးစဉ်သည် မြန်မာ့အရေးနှင့်
တိုက်ရိုက်သက်ဆိုင်မှုမရှိနိုင်ဘဲ ခွဲထွက်ရေးအဖွဲ့များအကြား ငြိမ်းချမ်းရေးရလိုခြင်းသာ ဖြစ်နိုင်
ကြောင်းလည်း ၎င်းက ဆိုသည်။

ဦးစောဆ က ဆက်လက်၍ “အိန္ဒိယကတော့ မြန်မာကို စီးပွားရေးအတွက်ပဲ အဓိကထား ဆက်ဆံတာဆိုတော့လေ၊ ဇိုမီးအဖွဲ့ထဲမှာ မြန်မာနိုင်ငံသားတွေလည်း


ပါနေတယ်ဆိုပေမယ့် အခုခရီးစဉ်က မြန်မာ့အရေးနဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ဘူးပေါ့။ အိန္ဒိယ-မြန် မာ နှစ်နိုင်ငံလုံးမှာက မြန်မာနိုင်ငံသားတွေရော
အိန္ဒိယနိုင်ငံသားတွေရော ဒီလိုပဲ သွားလာနေထိုင်နေကြတာကို အားလုံးက နားလည် ထားကြတယ်”ဟု ပြောဆိုသည်။

ရန်ကုန-် ယူနန် မြန်နှုန်းမြင့် ရထားလမ်း ဖောက်မည်

နရီလင်းလက် Friday, 17 December 2010 18:16

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၁၁ ခု ဇန်န၀ါရီလ ၌ စတင် ဖောက်လုပ်မည်ဟု
နေပြည်တော်ရှိ မြန်မာ့ မီးရထား ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦးက ပြောဆိုသည်။

အဆိုပါ ကီလိုမီတာ အရှည် ၁၉၂၀ ရှိ မြန်နှုန်းမြင့်


ရထားလမ်းသည် ၁ နာရီ လျှင် ကီလိုမီတာ ၂၀၀ နှုန်းဖြင့်
မောင်းနှင်နိုင် မည် ဖြစ်သည်ဟု သိရသည်။

တရုတ်နိုင်ငံ၏ အရှေ့တောင် အာရှ နိုင်ငံများနှင့်


ဆက်သွယ်သည့် အမြန်ရထားလမ်း စီမံကိန်းတွင် တရုတ်နိုင်ငံ
အနောက် ပိုင်း ဒေသ ယူနန်ပြည်နယ်မြို့တော် ကူမင်းနှင့်
ရန်ကုန်မြို့သို့ ဖောက်လုပ်မည့် ယခု လမ်းပိုင်းသည် တခု
အပါအ၀င် ဖြစ်
ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း
သတင်းစာ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ မြန်မာပြည်နှင့် ကုန်သွယ်မှုကို အကောင်းဆုံး


အထောက်အပံပေးနိုင်မည့် အဆိုပါ အမြန်ရထားလမ်း စီမံကိန်း
တွင် လမ်းပိုင်းများစွာ ပါဝင်သောကြောင့် ပြည်တွင်း
ကုမ္ပဏီတချို့ကိုလည်း လမ်းပိုင်းတည်ဆောက်ခွင့် ပေးသွားမည်
(-) ဖြစ်ပြီး ယခု အချိန်တွင် ဖောက်လုပ်သွားမည့်
ရထားလမ်းကြောင်းကို ရေးဆွဲပြီးသွားပြီဟု အဆိုပါ အထူးစီမံကိန်းတွင် ပါဝင်သည့် မီးရထား ၀န်ကြီးဌာနမှ အင်ဂျင်နီယာ တဦးကလည်း ပြောသည်။

“ပြီးခဲ့တဲ့ အောက်တိုဘာလ က ကူမင်း မီးရထားအုပ်ချုပ်ရေး အဖွဲ့တွေက မီးရထားတွဲတွေကို ချစ်ကြည်ရေး အနေနဲ့ လက်ဆောင်ပေးပြီး နေပြည်တော်
ဘူတာကြီးကိုလည်း ကြည့်သွားတယ်။ သူတို့ ဆောက်မယ့် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း အတွက် နေရာအနေအထား လာလေ့လာတဲ့ အင်ဂျင်နီယာ အဖွဲ့လည်း
ပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်အစိုးရသည် တရုတ်နိုင်ငံမှ မီးရထားတွဲများ လက်ဆောင်ပေးအပ်ခြင်း အခမ်းအနားကို သတင်းစာများတွင် ဖော်ပြထား သော်လည်း အသစ် ဖောက်လုပ်မည့်
မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ ဖော်ပြသည်ကို မတွေ့ရှိရပေ။

“တရုတ်နိုင်ငံ က အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ပြီး စီးပွားရေးအရ ဖွံ့ဖြိုးဖို့ လုပ်တဲ့ကိစ္စမှာ မြန်မာပြည်က ၂ နိုင်ငံ ရထားလမ်း ဖောက်ဖို့
သဘောတူလိုက်တာ။ စီးပွားအမြင်အရ တရုတ်က ကြည့်ပြီး ဘယ်နိုင်ငံတွေကနေ ငါတို့ နိုင်ငံထဲကို
အချိန်ကုန်သက်သာပြီး ပို့ကုန်တွေရောက်လာမလဲ ရည်ရွယ်ချက်နဲ့လုပ်နေတာ။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းလုပ်တဲ့ ကိစ္စတိုင်းမှာ ပါသွားတာ အကုန်လုံးက
မြန်မာပြည်က အဖိုးတန် ထုတ်ကုန်တွေ ချည်းပဲ”ဟု စီးပွားရေး ပညာရှင် တဦးက
ပြော သည်။

ရန်ကုန-် နေပြည်တော် အမြန်ရထားလမ်းပိုင်းကို ပြည်တွင်း အေးရှားဝေါလ်ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိနေသည်ဟု သိရသည်။

ယူနန်ပြည်နယ် ကူမင်းမြို့မှ ကူမင်း-ရန်ကုန်၊ ကူမင်း- ကမ္ဘောဒီးယား၊ ကူမင်း-လာအို၊ ကူမင်း- ဗီယက်နမ်တို့ ဖောက်လုပ် သွား မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်
အစောပိုင်းတွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း တရုတ်မီးရထား ထိပ်တန်းအတိုင်ပင်ခံ တဦး ဖြစ်သူ Wan Menshu က ချိုင်းနား ဒေးလီး သတင်းတွင်
ပြောဆိုထားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတွင် လက်ရှိ ၈ လကျော် အတွင်း ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၉၀၀ ကျော်ရှိ ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားအရ ဖော်ပြထားကြောင်း ယခု တပတ် ပြည်တွင်းထုတ် 7 Day ဂျာနယ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော် တင်ပို့ထားပြီး တရုတ်ပြည်မှ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော် ပြန်လည် တင်သွင်းနေဟု ပါရှိသည်။

အဆိုပါ ပမာဏထဲတွင် ပြီးခဲ့သည့် နိုဝင်ဘာ လ က ရောင်းချခဲ့ရသည့် ကျောက်မျက်ရတနာပွဲတော်မှ ရရှိသည့် ၀င်ငွေများ မပါရှိသေးကြောင်း သိရသည်။

မာနယ်ပလော တိုက်ပွဲကြောင့် ရွာသားများ တိမ်းရှောင်

သန်းထိုက်ဦး Friday, 17 December 2010 17:55

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မာနယ်ပလော ဒေသတွင် စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်ဖွဲ့ဝင် များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ
ရွာသား ၃၀၀ ခန့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ရှိ ထိုင်း ကျေးရွာများသို့ ယခု ရက်ပိုင်း အတွင်း ထွက်ပြေး တိမ်းရှောင်နေကြရသည်။
တိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များကို မဲဆောက်မြို့ရှိ
မယ်တော်ဆေးခန်း(MTC) အဖွဲ့၊ ကရင် လူ့အခွင့်အရေးလှုပ်
ရှားနေသော အဖွဲ့များ အပါအ၀င် ထိုင်း-မြန်မာ နယ်စပ်
တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်းအဖွ(ဲ့ TBBC)
တို့က ကူညီ ပေးကြောင်း နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး
လုပ်သား အဖွ(ဲ့ BPHWT) မှ တာဝန်ခံ တဦးဖြစ်သူ ဦးမန်းမန်းက
ဧရာဝတီ သို့ ပြောသည်။

“ထွက်ပြေးလာတဲ့ လူတွေထဲမှာ ကိုယ်ဝန်ဆောင် မွေးခါနီးလည်း


ပါလာတယ်၊ အဲဒီ အပေါ်မှာ ကျနော်တို့ တချို့မွေးဖို့ ကိစ္စတွေ
ကိုပါ ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်”ဟု ၎င်းက ဆိုသည်။

ဒုက္ခသည် အများစုမှာ မာနယ်ပလော အထက်ပိုင်းတွင်


နေထိုင်သော ကျေးရွာများမှ ဖြစ်ကြောင်း ယင်း ဒုက္ခသည်များကို
ထိုင်း ကျေးရွာများတွင် ရှိသော တာဝန်ရှိသူများနှင့် ညှိနှိုင်း၍
နေထိုင်ခွင့် ပေးထားကြောင်း ဦးမန်းမန်းက ဆက်ပြောသည်။
၁ ( - BPHWT)
“ကျနော်တို့က စခန်းရယ်လို့ မဖွင့်ထားဘူး၊ အဲဒီလိုမျိုး ဖွင့်ထားရင် အကန့်အသတ် အနှောင့် အယှက်တွေ ဖြစ်မယ်၊ လူမှုအဖွဲ့ အစည်းတွေနဲ့ပဲ ပူးပေါင်းပြီးတော့ အဲဒီ
ကျေးရွာမှာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ထိုင်းဘက်မှာရှိတဲ့ ကျေးရွာ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်း
ပြီးတော့ ထားပေးတယ်၊ လိုအပ်တဲ့ ရိက္ခာတွေကိုလည်း ပံ့ပိုး ပေးတယ်”ဟု ၎င်းက ရှင်းပြသည်။

ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ်ကျော်ခွင့် ပေးထားသော်လည်း
တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်


စစ်အစိုးရတပ်နှင့် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) တပ်မဟာ ၅ တို့
တိုက်ပွဲများ စတင်ဖြစ် ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်ရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင် စသည့် ကျေးရွာ ဒေသများ ကဲ့သို့ ယခုအခါ
မာနယ်ပလော ဒေသများတွင်လည်း ဖြစ်ပွားနေခြင်း ဖြစ်သည်။

KNU ၏ ဌာနချုပ်ဖြစ်သည့် မာနယ်ပလောကို ၁၉၉၄ ခုနှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ခွဲထွက် DKBA နှင့် နအဖ ပူးပေါင်း တပ်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး
၁၉၉၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် နအဖ လက်အောက်သို့ ကျရောက်ခဲ့သည်။

လွန်ခဲ့သည် ၁၅ နှစ်တာ ကာလအတွင်း နအဖ လက်အောက် ကျရောက်ခဲ့ရသည့် မာနယ်ပလော ဌာနချုပ်ကို ယခုအခါ KNU တပ်ဖွဲ့ ၀င်များက ယခင်ကထက် ပို၍
ပြန်လည် လှုပ်ရှားခွင့်ရထားကြောင်း KNU မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှ
ငွေက ဧရာဝတီသို့ ပြောကြားခဲ့ဖူးသည်။

“မာနယ်ပလော ဌာနချုပ်နဲ့ ပတ်သက်တဲ့ အဲဒီ သောင်ရင်းကနေ မြစ်ဆုံအထိ ဒီအတော အတွင်းမှာ KNU ရဲ့လှုပ်ရှားမှုဟာ ပြန်ပြီးတော့ အားကောင်း လာတယ်”ဟု
ဗိုလ်မှူး စောလှငွေ က ပြောသည်။

သို့သော် KNU ဘက်က တဆင့်တက်ပြီး ပြောက်ကျား အခြေချမှုနှင့် နေရာယူမှုက မာနယ်ပလောခွင်ကို တောက်လျှောက် ပြန် လည် စိုးမိုးနိုင်ထားကြောင်း ဗိုလ်မှူး
စောလှငွေက ဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က မာနယ်ပလော ဒေသတွင်လည်း နအဖ စစ်တပ်နှင့် KNU တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ် ဘက်မှ ၄ ဦးကျဆုံးပြီး ၁ ဦး
ဒဏ်ရာရရှိခဲ့သည်။ နအဖ တပ်များက ယင်းဒေသတွင် စစ်ရေး လှုပ်ရှားနေစဉ် KNU တပ်က ပြောက်ကျား စနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မာနယ်ပလောဒေသတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၅ နှင့် တပ်မဟာ ၇ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လှုပ်ရှားနေ သကဲ့သို့
နအဖ ၏ ခြေမြန်တပ်ရင်း(ခမရ) ၃၃၈ မှ တပ်ဖွဲ့ဝင်များနှင့် ကြယ်ပြောင်ကုန်း အခြေစိုက် နအဖ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ အမှတ် (၉၁၃) တပ်ဖွဲ့ဝင်များ
လှုပ်ရှားနေကြောင်း သိရသည်။

နိုင်ငံရေးပါတီများ ရေရှည်အတွက် စီးပွားရေးလုပ်ငန်း တည်ထောင်

ခင်ဦးသာ Friday, 17 December 2010 19:13

ရွေးကောက်ပွဲ၌ အနိုင်ရထားသော နိုင်ငံရေးပါတီတချို့သည် ပါတီ ရေရှည် ရပ်တည်နိုင်ရေးအတွက် စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများ တည်ထောင်
လုပ်ကိုင်နေကြကြောင်း သိရသည်။

“ကျနော်တို့ ကုမ္ပဏီကနေ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်း အဓိကလုပ်ပါတယ်” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)
၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီကို ပြောသည်။

ကုမ္ပဏီ၏ အမည်အား သီရိဝစ္စ ဟု သတ်မှတ်ထားပြီး ၂၀၁၁ ဇန်န၀ါရီလ ထဲတွင် အစုရှယ်ယာများ ရောင်းချရန် ရည်ရွယ်ထား ကြောင်း၊ အထက်ပါ
လုပ်ငန်းများအပြင် စုစုပေါင်း စီးပွားရေးလုပ်ငန်း အမျိုးအစား ၆ ခုခန့် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ရရှိတဲ့ အကျိုးအမြတ်တွေကို ပါတီအတွက်ပဲ မဟုတ်ဘဲ ပညာရေးကိစ္စတွေ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာပါ သုံးသွားမှာပါ” ဟုလည်း ဒေါက်တာအေးမောင်က
ဆိုသည်။
RNDP ပါတီသည် ကိုယ်စားလှယ် ၄၄ ဦး ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ ၃၅ ဦး အနိုင်ရရှိ ခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ ကလည်း ကျားဖြူ အမည်ဖြင့် ကုမ္ပဏီတခု တည်ထောင်၍ ပါတီ၏ ရပ်တည်မှုကို
ဆောင်ရွက်သွားရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံ၌ ဆုံးဖြတ်ခဲ့ကြ
ကြောင်း အဆိုပါ ပါတီ၏ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

၎င်းတို့ပါတီသည် ဒေသထွက်ကုန်ပစ္စည်းများကို အဓိကထားကုန်သွယ်၍ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များအား မကြာခင်


အကောင်အထည်ဖော်၍ အစုရှယ်ယာများ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

“ပါတီ ညီလာခံက နိုင်ငံရေးထက် စီးပွားရေးအကြောင်းကိုပဲ ဆွေးနွေးကြတာပါ။ နိုင်ငံရေး ကိစ္စကိုတော့ လွှတ်တော်ထဲရောက်


မှပဲ ပူးပေါင်းလုပ်ဆောင်သွားမှာပါ” ဟု ပါတီ၏ ပြောခွင့်ရသူ တဦးက ဆိုသည်။

ပါတီညီလာခံအား တောင်ကြီးမြို့၌ ဒီဇင်ဘာလ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ လုပ်ဆောင်ခဲ့ပြီး နောက်ရက်များ၌ ဗဟိုကော်မတီ ဝင်များက ရှေ့လုပ်ငန်းစဉ်များကို
ထပ်မံဆွေးနွေးခဲ့ကြကြောင်း၊ ပါတီညီလာခံသို့ တနိုင်ငံလုံးမှ ပါတီဝင်များ၊ ကိုယ်စားလှယ် များ၊ ရှမ်းတိုင်းရင်းသားများ စုစုပေါင်း ၃၀၀ ၀န်းကျင် တက်ရောက်ခဲ့
ကြကြောင်း ၎င်းက ဆက်ပြောသည်။

အစုရှယ်ယာ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကို ရောင်းချမည် ဖြစ်ပြီး တစုလျှင် ကျပ် ၁ သောင်းသတ်မှတ် ထားကြောင်း၊ အမြတ်ငွေများအား ပါတီ၏ ရပ်တည်ရေးအပြင်
ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟုလည်း ပါတီ ပြောခွင့်ရသူက ဆိုသည်။

SNDP ပါတီသည် ရွေးကောက်ပွဲ၌ပါဝင်ခဲ့သော အကြီးဆုံး တိုင်းရင်းသား နိုင်ငံရေးပါတီတခု ဖြစ်ပြီး ကိုယ်စားလှယ် ၁၅၆ ဦးဝင်ပြိုင် ခဲ့ရာ ၅၇ ဦး အနိုင်ရရှိခဲ့သည်။

ပါတီရေရှည် ရပ်တည်ရေးအတွက် တချို့ပါတီများတွင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရန် သတ်မှတ်ပြီးသော်လည်း တချို့မှာမူ ငွေကြေး မလုံလောက်သေး၍


ရင်းနှီးငွေ ရရေးကို အရင် လုပ်ဆောင်ရဦးမည်ဟု သိရသည်။

“ပါတီတခု ရပ်တည်ဖို့ ငွေရှိမှ ဖြစ်မှာပါ။ ငွေလှူမယ့် သူတွေ ရှိရင်တော့ စီးပွားရေး လုပ်ဖို့အစီအစဉ်ရှိပါတယ်။ ကျနော်တို့ပါတီမှာ ဘာရန်ပုံငွေမှလည်း မရှိပါဘူး” ဟု
အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

ပါတီ ရပ်တည်ရေးအတွက် စီးပွားရေး လုပ်ရန် စဉ်းစားထားသော်လည်း မည်သည့် စီးပွားရေးလုပ်ငန်း လုပ်ရမည်ကို သေချာမသိသေးကြောင်း၊ အလှူခံရန်လည်း
အစီအစဉ် မရှိသေးကြောင်း ၎င်းက ဆိုသည်။

NDF သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှခွဲထွက်၍ ရွေးကောက်ပွဲဝင်ခဲ့သော ပါတီတခု ဖြစ်ပြီး ပါတီတွင်း၌ ငွေကြေးသုံးစွဲမှု
ကိစ္စနှင့် ပတ်သက်၍ ပြဿနာများ ဖြေရှင်းခဲ့ရသော ပါတီတခုဖြစ်သည်။

NDF ရွေးကောက်ပွဲ ၀င်နိုင်ရေး၊ ပါတီရပ်တည်ရေးအတွက် စစ်အစိုးရနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖံွ့ပါတီ) တို့က နောက်ကွယ်မှ
ငွေကြေးထောက်ပံ့ပေးနေသည်ဟု သတင်း များထွက်ပေါ်နေခြင်းကို အဆိုပါ ပါတီ ခေါင်းဆောင်များက မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။

၎င်းပါတီသည် ရွေးကောက်ပွဲ၌ တတိယ အင်အားအများဆုံးပါတီအဖြစ် ကိုယ်စားလှယ် ၁၆၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၅ ဦး အနိုင်ရရှိ ခဲ့သည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကလည်း ပါတီရပ်တည်ရေး အတွက် စီးပွားရေး လုပ်ငန်း လုပ်ရန် စီးပွားရေးနားလည် တတ်ကျွမ်းသည့် ပညာရှင်များနှင့်
ဆွေးနွေးနေကြောင်း ၎င်းပါတီ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီကို ပြောသည်။

“ဘယ်လိုစီးပွားရေး လုပ်မယ်ဆိုတာ မကြာခင်သိရမှာပါ။ စာစောင်ထုတ်တာနဲ့ တခြား လုပ်ငန်းတွေ ပါနိုင်ပါတယ်” ဟု ဦးသုဝေက ဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဘဏ္ဍာငွေ ရရှိရေးကိုလည်း သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် ကိုယ်စားလှယ်များက လုပ်ဆောင်နေခြင်းများ ရှိကြောင်း ၎င်းက
ဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော နိုင်ငံရေးပါတီများသည် ၎င်းတို့၏ပါတီ ရေရှည်ရပ်တည်နိုင်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များ


ဆက်လက်လုပ်ဆောင်ရေးတို့အတွက် ငွေကြေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသော်လည်း စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် ကြံ့ဖွံ့ပါတီကမူ
မည်သည့်စီးပွားရေး လုပ်ငန်းမှ လုပ်ဆောင်ရန် မလိုကြောင်း၊ ၎င်းတို့ပါတီတွင် ငွေကြေး အပြည့်အ၀ ရှိကြောင်း ရွေးကောက်ပွဲ အနိုင်ရထားသည့်
ကြံ့ဖွံ့ကိုယ်စားလှယ် တဦးက ဆိုသည်။

“ကျနော်တို့ပါတီ ကိုယ်စားလှယ်တွေက ငွေကြေးပြည့်စုံသူတွေများပါတယ်။ ပါတီရန်ပုံငွေလည်း အလုံအလောက်ရှိတယ်။ အလှူခံစရာ မလိုပါဘူး” ဟုလည်း ၎င်းက


ပြောသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ ပါဝင်ခဲ့သော ပါတီ ၃၇ ခုအနက် အင်အားအကြီးဆုံး ပါတီဖြစ်ပြီး လွှတ်တော်သုံးရပ်စလုံး၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂
နေရာ အနိုင်ရထားသည်ဟု ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံရေး အကျဉ်းသား ၉ ဦး လွတ်မြောက်

မင်းနိုင်သူ Friday, 17 December 2010 17:41

မြန်မာနိုင်ငံတ၀န်းရှိ ထောင်အသီးသီးမှ လွတ်ရက်စေ့နေသည့် နိုင်ငံရေး အကျဉ်းသား ၉ ဦး ယနေ့ ပြန်လည် လွတ်မြောက် လာကြောင်း သိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ ကိုဟန်ဝင်းအောင်နှင့် ကိုကျော်ကျော် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ရှေ့နေ


ရောဘတ်စန်းအောင်၊ ဦးချစ်ခင်၊ ကိုကျော်ဆန်း၊ ကိုအောင်မင်းနိုင် နှင့် ကိုလွင်ကိုလတ်၊ ကိုမောင်မောင် သိန်း၊ ကိုထွန်းမြင့် စသည်တို့
ပြန်လည်လွတ်မြောက်လာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောသည်။
“လွတ်ရက်စေ့လို့ လွတ်လာတာပါ။ အန်တီတို့က မနက်ဖြန်မှ သွားကြိုဖို့ စီစဉ်ထားတာ။ မနက်ဖြန်က ရုံးပိတ်ရက်ဆိုတော့ ဒီကနေ့ပဲ လွှတ်လိုက်တယ်လို့
သူမနက်က အန်တီ့ဆီကို ထောင်ဘူးဝကနေ ဖုန်းဆက်အကြောင်းကြားပါတယ်”ဟု ကိုဟန်ဝင်းအောင် ၏ မိခင်က ပြောသည်။

ကိုဟန်ဝင်းအောင်သည် အင်းစိန်ထောင်အတွင်း အဆုတ်ရောဂါ ခံစားနေခဲ့ရပြီး တခါတရံတွင် သွေးအန်သည်အထိ ဖြစ်တတ် ကြောင်း သိရသည်။

ကိုဟန်ဝင်းအောင်နှင့် ကိုကျော်ကျော်သည် အမှုတွဲတတွဲတည်းဖြစ်ပြီး ၄င်းတို့ ၂ ဦးစလုံးသည် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်သည်။ စစ်အစိုးရက၂၀၀၃


ခုနှစ်အတွင်း ပြန်လည်ဖမ်းဆီးကာ ကိုဟန်ဝင်းအောင်အား ထောင်ဒဏ် ၇ နှစ်နှင့် ကိုကျော်ကျော် ကို ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

“သူတို့ကို စပြီးဖမ်းကတည်းက မတရားဖမ်းဆီးခံခဲ့ကြရတာပါ။ ကျောင်းသား အခွင့်အရေး ၊ လူ့အခွင့်အရေး ရရှိအောင် လှုပ်ရှား ဆောင်ရွက်တဲ့ သူတို့ကို ဖမ်းဆီးဖို့
မသင့်ပါဘူး။ ဘယ်ကာလမှာပဲဖြစ်ဖြစ် သူတို့ရဲ့အခွင့်အရေးတွေအတွက် လှုပ်ရှားတဲ့သူတွေဖြစ် လို့ ထောင်ထဲမှာ ထိန်းသိမ်းမထားသင့်တဲ့
ကျောင်းသားလူငယ်တွေဖြစ်တယ်။ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းပါတယ်”ဟု ဗကသ
နိုင်ငံခြားရေးရာတာဝန်ခံ ကိုမင်းနိုင်က ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များအတွင်း ဗကသ အဖွဲ့ဝင် ၃၀ ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသော စာရင်းတွင်


တွေ့ရသည်။

ယနေ့ ပြန်လည်လွတ်မြောက် လာသည့် NLD ပါတီဝင် ရှေ့နေဦးရောဘတ်စန်းအောင်နှင့် ဦးချစ်ခိုင်တို့သည် ၂၀၀၈ ခုနှစ် ဇွန်လ ၁၉ ရက်
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က စွမ်းအားရှင်နှင့်ကြံ့ဖွံ့တို့၏ ရိုက်နှက် ဖမ်းဆီးခြင်း ခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးသည် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲမှ အပြန် စွမ်းအားရှင်နှင့်ကြံ့ဖွံ့တို့၏ ၀ိုင်းဝန်းရိုက်နှက်ခြင်းခံခဲ့ရသော်လည်း ဆူပူ အုံကြွသည်ဟုဆိုကာ


ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ စုပေါင်း တရားရုံးက ၅၀၅ (ခ)၊ ပုဒ်မ (၁၄၃) တို့ဖြင့် ထောင်ဒဏ်
၂ နှစ်စီ အပြစ်ပေးခဲ့သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၃ ဦးရှိကြောင်း AAPP က နိုဝင်ဘာလ အတွင်း၌ ထုတ်ပြန် ထားသည်။

စစ်အစိုးရ ၀ါဒဖြန့်ရုပ်ရှင် မီဒီယာကို ဝေဖန်မည်

နရီလင်းလက် Friday, 17 December 2010 13:02

၆၆ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ရိုက်ကူးမည့် ၀ါဒဖြန့် ဇာတ်ကားတွင် ပြည်တွင်း သတင်း မီဒီယာများကို ဝေဖန် ထားသည့် အကြောင်းအရာများ
ထည့်သွင်း ရိုက်ကူးမည်ဟု သိရှိရသည်။

“”၁ ( အဆိုပါ ဇာတ်ကားကို “တုနှိုင်းမဲ့ သစ္စာ” ဟု အမည်ပေးထားပြီး


ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆက်ဆံ
-၁ )
ရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေး(ကက-ပြည်) မှ တာဝန်ယူ
ရိုက်ကူးမည်ဟု စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းက ပြောသည်။

နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် ကျော်ရဲအောင်၊ ရဲအောင်၊ နေတိုး၊ ဟိန်းဝေယံ၊ ထွန်းထွန်း၊ နေမင်း၊ နေအောင်၊ ကောင်း ခန့်၊ မင်းသွေး၊ ထွန်းအိန္ဒြာဗို၊
မေသဉ္ဖာဦး၊ န၀ရတ်၊ ၀တ်မှုန်ရွှေရည်၊ မိုးယုစံ၊ ခေမီကို၊ မယ်လိုဒီ စသည့် သရုပ်ဆောင်များစွာ ပါဝင် မည်ဟု သိရသည်။

“၀တ်မှုန်ရွှေရည်က သတင်းကြေညာတဲ့ သူအနေနဲ့ သရုပ်ဆောင်မှာ။ မီဒီယာနဲ့ ပတ်သက်ပြီး ဝေဖန်ချင်တာတွေပါသလို စစ်သား တွေကို အထင်မကြီးတဲ့
ပြည်သူတွေနဲ့ မြန်မာပြည်ကို အထင်မကြီးတဲ့ နိုင်ငံခြားပြန်တွေအကြောင်း ပါမယ်လို့ ပြော တယ်။ တပ်မတော်နေ့ အထိမ်းအမှတ်ဆိုပေမယ့်
စစ်တိုက်တာတွေချည်းပဲ ပြသွားမှာ မဟုတ်ဘဲနဲ့ စီးပွားရေးနဲ့ ပတ်သက်တာ တွေလည်း ပါမယ်”ဟု အဆိုပါ ဇာတ်ကားတွင် ပါဝင်မည့် အမျိုးသမီး
သရုပ်ဆောင်တဦးက ပြောသည်။

ဒု ဗိုလ်မှူးကြီးဟောင်း ဒါရိုက်တာ တင်သန်းဦးက ယခုနှစ်အတွင်း ရေးသားရိုက်ကူးခဲ့သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” အစိုးရ ၀ါဒဖြန့် ဇာတ်ကားသည်လည်း
သမိုင်းအမှားကို ရိုက်ကူးထားသည့် ဇာတ်လမ်းအဖြစ် ဝေဖန်ပြောဆိုမှုများ ခံခဲ့ရပြီး အဆိုပါ ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များသည် ပြည်ပ
ခရီးစဉ်များ၌ ကန့်ကွက်ဆန္ဒပြမှုများ ကြုံခဲ့ရသည်။

“တုနှိုင်းမဲ့ သစ္စာ” ဇာတ်ကားကို ရေးသားရိုက်ကူးမည့် ဗိုလ်ကြီး တင်အောင်စိုး(ပန်းမြို့တော်)သည် “ကြယ်စင်မော်ကွန်း” တပ်မတော် သမိုင်း ရုပ်ရှင်ကား
ဇာတ်လမ်းကို ရေးသားခဲ့သူဖြစ်ပြီး တခြား ၀ါဒဖြန့် ဇာတ်ကားများကိုလည်း ရိုက်ကူးခဲ့ကြောင်း တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး(ကက-ကွန)်
နှင့် နီးစပ်သူတဦးက ဆိုသည်။

၎င်းက“ဂျာနယ်တွေရဲ့ အခန်းကဏ္ဍက ပြည်သူလူထုဆီ တော်တော် တာသွားတယ်ဆိုတာ ရွေးကောက်ပွဲကာလ၊ ဒေါ်အောင် ဆန်းစုကြည် လွတ်ပြီးအချိန်တွေမှာ


အာဏာပိုင်တွေဘက်က လွှတ်ပေးလို့ မရတော့ဘူးဆိုတာ ပိုသိလာတယ်။ ပိုပြီး သတိ ထား လာတယ်။ ပြည်တွင်းမီဒီယာတွေ သတင်းဌာနတွေနဲ့ ပတ်သက်ပြီး
ပြောချင်တာတွေကို ဇာတ်ကားမှာ ထည့်ထားတယ်လို့ ပြောတယ်”ဟု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန်တွင် ဓာတ်ပုံနှင့် စာသားများ သတ်မှတ်ချက်ထက် ကျော်လွန် ဖော်ပြသောကြောင့်


စာပေစိစစ်ရေးက ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ခေတ္တ ရပ်ဆိုင်းခဲ့သည်။

“ရွေးကောက်ပွဲအပြီးမှာ သတင်းဂျာနယ်ကြီးတချို့ကို သတင်းစာ ထုတ်ဝေခွင့်ပြုမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့သလို ပြန်


ကြားရေးကနေ ကက-ပြည်ကို အကြောင်းကြားထားတာတွေ ရှိတယ်။ အဲဒီတုန်းက ပဏာမအနေနဲ့ ခွင့်ပြုပေးတဲ့အထိ ဖြစ်ခဲ့
ပေမယ့် ရွေးကောက်ပွဲကာလ အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အချိန်၊ မထင်မှတ်ထားတဲ့ လုပ်ရပ်တွေ ဖြစ် ခဲ့တာရှိခဲ့တယ်။ ဂျာနယ်အတွင်း
မျက်နှာဖုံးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ဖော်ပြတာမျိုးတွေပေါ့။ ဒီအခြေအနေတွေကို သုံးသပ်ပြီး သတင်းစာတွေ ထုတ်ခွင့်ပေးဖို့ မဖြစ်တော့ဘူး
ဆုံးဖြတ်လိုက်တာ”ဟု အဆိုပါ ကက-ကွန်နှင့် နီးစပ်သည့် အရာရှိက ဆိုသည်။

အာဏာပိုင်များနှင့် ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သည့် ပြည်တွင်း ဂျာနယ်ကြီး ၅ စောင်ခန့်ကို ပြန်ကြားရေး ဝန်ကြီးဌာန က ပဏာမ အနေဖြင့်
သတင်းစာထုတ်ဝေခွင့်ပြုရန် စီစဉ်ခဲ့သော်လည်း၊ စိတ်မချရတော့ဟုဆိုကာ ခွင့်မပြုတော့ကြောင်း၊ ဂျာနယ်ကြီး တစောင်ကိုမူ ပုဂ္ဂလိကတ၀က်၊
စစ်ဘက်အုပ်ချုပ်မှုတ၀က် လုပ်လိုပါက ခွင့်ပြုပေးမည်ဟု သိရကြောင်း ပြန်ကြားရေး ၀န်ကြီး ဌာန နှင့် နီးစပ်သူတဦးက ပြောသည်။

စစ်အစိုးရက ကာကွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် “နေပြည်တော် သတင်းစာ” နှင့် “မြ၀တီ သတင်းစာ” ကို ထပ်မံ ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ ထုတ်ဝေဆဲ
ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများအပြင် ရန်ကုန်မြို့တော်စည်ပင်မှ ထုတ် ဝေနေသည့် “မြို့တော် သတင်းစာ”၊ မန္တလေးတွင် ထုတ်ဝေနေသော “ရတနာပုံ
သတင်းစာ” တို့ကို လက်ရှိထက် တိုးချဲ့၍ သတင်းစာကြီးများအနေနှင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

http://www.irrawaddy.org/bur/

ဒုက္ခသည်လိုအပ်ချက်များ ပြည့်မီရေး မလေးရှားကြိုးစားနေရဆဲ

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၃၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) - မြန်မာအပါအ၀င်ရေကြည်ရာမြက်နုရာရှာဖွေရောက်ရှိလာကြသော ဒုက္ခသည်များ၏ လိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်ပေးရေးတွင်


မလေးရှားအစိုးရ သည် နာမည်ပျက်ဆဲရှိသေးကြောင်း ရှေ့တောင်အာရှနိုင်ငံရှိ ဒုက္ခသည်များ လိုအပ်မှုအဆင့်အတန်းလေ့လာချက် နောက်ဆုံးအစီရင်ခံစာတွင်
ဖော်ပြထားသည်။

တိုင်းပြည်တွင်းရောက်ရှိလာပြီး ယာယီ(သု)ိ့ အမြဲတမ်း ခိုလှုံခွင့်တောင်းခံကြသူများနှင့် လူကုန်ကူးခံရသောဒုက္ခသည်များ၏


အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးတွင် မလေးရှားအစိုးရသည် ကျေနပ်အောင်လုပ်မပေးနိုင်ခဲ့ကြောင်း မလေးရှားပြည်သူ့အသံ သို့မဟုတ် Suara Rakyat
Malaysia (Suaram) အမည်ရှိ နိုင်ငံရေးနှင့်ပြည်သူ့အခွင့်အရေးအဖွဲ့က ဝေဖန်လိုက်သည်။

`အစိုးရသည် ဒုက္ခသည်များနှင့်ဆက်ဆံဆောင်ရွက်ရေး နည်းလမ်းများရှာဖွေရန် ရည် ရွယ်ထားပုံရသော်လည်း ဒုက္ခသည်များ၏ အခွင့်အရေးချိုးဖောက်မှုများမှာ


ဆက် ဖြစ်လျက်ပင်ရှိသည်´ ဟု အစီရင်ခံစာကိုပြုစုသူများက ကောက်ချက်ချထားသည်။

မလေးရှားရှိ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံးတွင် ဒုက္ခသည်အဖြစ် မှတ်ပုံ တင်ထားသော ဒုက္ခသည် ၉ သောင်းကျော်အနက် မြန်မာဒုက္ခသည်


ထောင်နှင့်ချီ၍ ရှိသည်။

အစီရင်ခံစာအဆိုအရ ၂၀၁၀ ဇွန်လ ၁၂ ရက်တွင် `လင်ကန်း (Lenggeng) လူဝင်မှုကြီးကြပ်ရေးထိမ်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာ ၅၀၀ခန့်
အစာငတ်ခံဆန္ဒပြနေကြောင်း Suaram အဖွဲ့ကို အကြောင်းကြားလာပါသည်။ ရေမလုံလောက်သဖြင့် ဆန္ဒပြနေကြသည်မှာ ၅ ရက်ရှိပြီဖြစ်ကြောင်းလည်းပြောသည်။
သို့သော် လူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းရေးစခန်းတွင် ရေပြတ်သည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းငြင်းဆိုခဲ့သည်´။

ထိုစခန်း၌ပင် ဖေဖော်ဝါရီလတွင်းက အလားတူဖြစ်ပွားခဲ့ပြီး အစာငတ်ခံဆန္ဒပြသူမြန်မာ ခေါင်းဆောင်တဦးကို ၇ လကြာသည်အထိ ထိန်းသိမ်းထားခဲ့သည်။ အခြား


ဒုက္ခသည် ၁၀၆ ဦးကိုမူ ကုလဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) မှ ဆန္ဒပြပွဲဖြစ်ပွားလျှင်ဖြစ်ပွားချင်း လာကယ်ထုတ်သွားနိုင်ခဲ့သည်။

ယခုနှစ် ဇန်န၀ါရီလကလည်း ခိုလှုံခွင့်တောင်းခံသူ မြန်မာ ၂၆ ဦးကို မလေးရှား နိုင်ငံတွင်းဝင်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခဲ့သည်။ ခိုလှုံခွင့်တောင်းခံသူများရထိုက်သည့်


အခွင့်အရေးများလည်းမရဘဲ အငြင်းခံခဲ့ရသည်။

မလေးရှားအာဏာပိုင်များ၏အပြုအမူသည် ၁၉၅၁ ခုနှစ်ဒုက္ခသည်အဆင့်အတန်းဆိုင် ရာကွန်ဗင်းရှင်း၊ ယင်းနှင့်ဆက်စပ်နေသည့် ၁၉၆၇


ခုနှစ်နောက်ဆက်တွဲစာချုပ်များကို အတည်ပြုလက်မှတ်ရေးထိုးရန် စိတ်ဝင်စားမှုနည်းလှသည့် မလေးရှားအစိုးရ၏ သဘောထားနှင့်တထပ်တည်းတူညီနေပြီး
အစိုးရသည် ဒုက္ခသည်များအဆင့်အတန်းကို အသိအမှတ်ပြုသည့် ပြည်တွင်းဥပဒေတစုံတရာလည်း ရေးဆွဲချမှတ်ခြင်းမရှိခဲ့ဟု ဆွာရမ်း (Suaram) အဖွဲ့က
ယုံကြည်သည်။

`ဤသို့ဥပဒေအရ တရားဝင်အဆင့်အတန်းတခုပြဋ္ဌာန်း သတ်မှတ်ထားခြင်းမရှိသည့် အတွက် ဒုက္ခသည်များ၏အခြေခံအခွင့်အရေးများ


ဆက်လက်ငြင်းပယ်ခံနေရသည်´ ဟု ဤလူ့အခွင့်အရေးအဖွဲ့အစီရင်ခံစာက မှတ်ချက်ချသည်။

ထို့ပြင် ယခုနှစ်တွင်လည်း မလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိများက မြန်မာဒုက္ခ သည်များကို လူကုန်ကူးမှုများ ဆက်ဖြစ်နေသည်ဟု သိရပြီး မတ်လ


အတွင်းကလည်း လူကုန်ကူးမှုအစီအစဉ် တစိတ်တပိုင်းဖြစ်သော သြစတြေးလျသို့ထွက်ခွာမည့် မြန်မာ ၄ ဦးကို ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်တွင်
တွေ့ရှိခဲ့သည် ဟု အစီရင်ခံစာတွင်ရေးသားထားသည်။

ဤသို့လူကုန်ကူးမှုခံရသူများကို ထိန်းသိမ်းရေးစခန်းများတွင်မထားဘဲ ဂေဟာများတွင် သာထားရှိရမည်ဟူသော ၂၀၀၇ လူကုန်ကူးမှုတားဆီးရေး ဥပဒေ


ပြဋ္ဌာန်းချက်ရှိ သော်လည်း သူတို့ကို ထိန်းသိမ်းရေးစခန်းများတွင်သာ ထားရှိချုပ်နှောင်ခဲ့သည်ဟု ဆွာရမ် အစီရင်ခံစာတွင်ရေးသားထားသည်။

ဝန်ကြီးချုပ်နာဂျစ်ရာဇတ် (Najib Razak) အစိုးရ မနှစ် ဧပြီလက တက်လာသည့်အခါ မလေးရှားတွင် လူ့အခွင့်အရေးကိစ္စများကို


ပိုမိုအာရုံစိုက်ကိုင်တွယ်လာတော့မည်ဟု အကောင်းမြင်ခဲ့ကြသော်လည်း `၂၀၁၀ တွင်ဖြစ်ပွားလာသော အဖြစ်အပျက်များ၊ အငြင်းပွားဖွယ်ကိစ္စများကိုကြည့်လျှင်
အခြေအနေများက မဟာသီယာခေတ်ကိုပြန်သွားနေကြောင်း ပြသနေသည်။ ယင်းခေတ်ကား လူ့အခွင့်အရေးချိုးနှိမ်သည့်ခေတ်၊ အာဏာအလွဲသုံးစားပြု
အလွန်အကျွံသုံးသည့်ခေတ်၊ ကွပ်ညှပ် ထိန်းသိမ်းသည့်ခေတ်ပင်ဖြစ်သည်´ ဟု အစီရင်ခံစာက ခြုံငုံသုံးသပ်ထားသည်။

ဒေါက်တာမဟာသီယာမိုဟာမက်သည် ၀န်ကြီးချုပ်အဖြစ် ၁၉၈၁ မှ ၂၀၀၃ အထိတာဝန်ထမ်းဆောင်ခဲ့ပြီး ထွေပြားသောနိုင်ငံရေးလက္ခဏာရှိသူဖြစ်သည်။ သူ့


ခေတ်တွင် ဖွံ့ဖြိုးတိုးတက်မှုကို လူမှုအခွင့်အရေး၊ ပြည်သူ့အခွင့်အရေးတို့ဖြင့် ဆက်စပ် ထားခဲ့သူဖြစ်သည်။

နာဂျစ်၏အာဏာရပါတီက ရွေးကောက်ပွဲမသမာမှုများလုပ်ခဲ့သည်ဟူသော စွပ်စွဲချက် များကိုလည်း မလေးရှားရွေးကောက်ပွဲကော်မရှင်က ယခုထိ


ကိုင်တွယ်အရေးယူရန် ငြင်းဆန်ဆဲဟုလည်း ဆွာရမ်အဖွဲ့ကြီးက စောဒက တက်ထားသည်။ အထူးသဖြင့် စီဘူးဒေသတွင် ကြားဖြတ်ရွေးကောက်ပွဲများပြုလုပ်ရာ၌
မဲဆန္ဒရှင်များကို အခွင့် အရေးပေးမဲဆွယ်ခဲ့သည်ဟု အတိုက်အခံများကစွပ်စွဲထားသည်။

ယခင်လက မြန်မာနိုင်ငံရွေးကောက်ပွဲများ၌လည်း စစ်အစိုးရကျော ထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အလား


တူမဲဆွယ်စည်းရုံးမှုများနှင့် လူထုမဲကိုရယူခဲ့သည်ဟူသော စွပ်စွဲချက်များ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်နေသည်။

နာဂျစ်အစိုးရ၏အာဏာအလွဲသုံးစားလုပ်မှု နောက်ထပ် သက်သေ အနေဖြင့် မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်နှင့် မဟာမိတ်သုံးဦးကို


မနေ့က မလေးရှားပါလီမန်အမတ်အဖြစ်မှ ခြောက်လကြာ ရပ်ဆိုင်းထားခဲ့သည်။ ယင်းမဲခွဲဆုံးဖြတ်ခဲ့မှုကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပြီး အတိုက်အခံများက
သပိတ် မှောက်ဆန္ဒပြသည့်အနေဖြင့် လွှတ်တော်တွင်းမှ ထွက်လာခဲ့ကြကြောင်း သြစတြေးလျ အသံလွှင့်ဌာနဖြစ်သော ABC News online က
သတင်းထုတ်လွှင့်သွားခဲ့သည်။

`လိင်တူဆက်ဆံမှုဖြင့်စွပ်စွဲခံထားရကာတရားရင်ဆိုင်နေရသော အန်ဝါက ယင်း ဖြစ်ရပ် ကို နိုင်ငံရေးလုပ်ကြံမှုအဖြစ်ပြောဆိုလိုက်သည်။ သူ့ကို


အမျိုးသားညီညွတ်ရေးကြွေး ကြော်သံအပေါ် အငြင်းပွားဘွယ်ဖြစ်အောင် လွှတ်တော်တွင်းအမတ်များကိုလှည့်ဖျားခဲ့ သည်ဟူသောစွဲချက်ဖြင့် လွှတ်တော်က
ယခုအပတ်တွင် ဆုံးဖြတ်အပြစ်ပေးခဲ့သည်´ ဟု အေဘီစီ သတင်းကဆိုသည်။

လူမျိုးပေါင်းစုံနေထိုင်သော မလေးရှားနိုင်ငံတွင် ညီညွတ်ရေးကိုမြှင့်တင်ရန် ရည်ရွယ် ခဲ့သော နာဂျစ်အစိုးရ၏ “တခုတည်းသောမလေး” ကြွေးကြော်သံကို


ဝေဖန်ခဲ့ပြီး ယခုကဲ့သို့ လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းသည့်ပြစ်ဒဏ်ပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်။ ယင်းကြွေးကြော်သံမှာ ယခင်အစ္စရေးခေါင်းဆောင်
အီဟုဘာရတ် (Ehud Barak) ၏ ၁၉၉၉ ကပေါ်ထွက်ခဲ့သော “တခုတည်းသောအစ္စရေး” နိုင်ငံရေး အယူအဆကို အတုခိုးခြင်းဟု သူကဝေဖန်ခဲ့ကြောင်း
သတင်းတွင်ရေးသားထားသည်။

ဤစွပ်စွဲချက်မှာ မွတ်စလင်ဘာသာဝင်အများစု နေထိုင်ပြီး အစ္စရေးနှင့် သံတမန်အဆက်အသွယ်မရှိဘဲ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကို ထောက်ခံသည့်


မလေးရှားတွင် အလွန်အကဲဆတ်သည့်ကိစ္စဖြစ်သည်။

အန်ဝါကိုပါလီမန်စည်းကမ်းများအရအရေးယူဆောင်ရွက်သည့်ကိစ္စကို ဝေဖန်၍ လွှတ် တော်ကိုမထီမဲ့မြင်ပြုသည်ဆိုကာ အကြီးတန်းအတိုက်အခံအမတ် ၃


ဦးကိုလည်း ၆ လကြာ လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းထားရန် အစိုးရက ဗုဒ္ဓဟူးနေ့ကတောင်းဆို ခဲ့သည်။

`ဒါပြောင်ပြောင်တင်းတင်းဘက်လိုက်တာဘဲ ဆိုတာ အလွန်ထင်ရှားပါတယ်။ ဒါ လွှတ် တော်တွင်းဆွေးနွေးပြောဆိုမှုတခုလုံးကို ပြက်ရယ်ပြုလိုက်တာပါဘဲ´ ဟု


ပါလီမန် တွင်မဲခွဲအပြီး အန်ဝါက အေဘီစီ သတင်းဌာနကိုပြောကြားခဲ့သည်။ လွှတ်တော်တွင် နာဂျစ်၏ ညွန့်ပေါင်းအစိုးရအဖွဲ့က
အများစုမဲပြတ်ပြတ်သားသားရရှိထားသည်။

လွှတ်တော်တွင်း အချေအတင်ဆွေးနွေးရာတွင် မိနစ် ၃၀ ကြာ ဆူပူအော်ဟစ်နေကြ သောကြောင့် ရုတ်ရုတ်သဲသဲဖြစ်နေပြီး အတိုက်အခံလွှတ်တော်အမတ်များက


`ပါလီမန် ကိုကယ်တင်ကြ´၊ `တရားဥပဒေမဲ့အုပ်စိုးမှု´ ဆိုသည့် ပိုစတာများကိုင်ဆောင်ဆန္ဒပြခဲ့ ကြသည်။

နောက်ဆုံး အတိုက်အခံအမတ်များက `ရှက်ဖွယ် ရှက်ဖွယ´် ဟု အော်ဟစ်ကာ လွှတ်တော်ခန်းမတွင်းမှ ထွက်သွားကြကြောင်း သတင်းတွင် ရေးသားထားသည်။

အန်ဝါသည် တချိန်က အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့တွင် ဒုဝန်ကြီးချုပ်အဖြစ်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်က လာဘ်စားမှု၊ လိင်တူဆက်ဆံမှုများဖြင့်


စွပ်စွဲရုံးတင်ကာ ထုတ်ပယ်အကျဉ်းချခံခဲ့ရသည်။ ယင်းစွပ်စွဲချက်များမှာ နိုင်ငံရေးအရ “ချခြင်း” သာဖြစ်သည်ဟု အများက ရှုမြင်နေကြသည်။

နိုင်ငံရေးအကျဉ်းခံ ၁၆ ဦး လွတ်မြောက်

ဖနိဒါ | သောကြာနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၆ မိနစ်

ချင်းမိုင(် မဇ္ဈိမ) ။ ။ မြန်မာအကျဉ်းထောင်များထဲမှ ပြစ်ဒဏ်စေ့ နိုင်ငံရေး အကျဉ်းသား ၁၆ ဦးကို စစ်အစိုးရက လွှတ်ပေးလိုက်သည်ဟု ထိုင်းအခြေစိုက်
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (မြန်မာနိုင်င)ံ မှ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

ရဟန်းတော် ဦးစန္ဒိမာနှင့် ကိုကျော်ကျော်ဆန်း၊ ဦးချစ်ခင် ၊ ဦးမြင့်ဆွေ ၊ ကိုသိန်းဝင်း ၊ ဦးဟန်စိန် ၊ ဦးမောင်စိန် ၊ ဦးဌေးအောင်၊ ဦးစံဘော် ၊ ဦးစိုးအုန်း ၊ ဦးထွန်းမြင့် ၊
ကိုမောင်မောင်သန်း ၊ ဒေါက်တာရောဘတ် ဆန်းအောင်တို့ အစုအဖွဲ့နှင့် ကျောင်းသားသမဂ္ဂမှ သုံးယောက်ဖြစ်သည်။

၁၃ ဦးအဖွဲ့မှာ ၂ဝဝ၈ က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်း လမ်းလျှောက်ရာက လူ ၅ ဦးထက် ပိုမိုစုဝေးမှုဖြင့် ထောင် ၂ နှစ်နှင့် ၆ လ
ချမှတ်ခံရသူများ ဖြစ်သည်။

ကိုဟန်ဝင်းအောင်၊ ကိုကျော်ကျော်နှင့် ကိုလွင်ကိုလတ်တို့ သုံးဦးကတော့ စစ်အစိုးရ လမ်းပြမြေပုံ ၇ ချက်ကို ဆန့်ကျင်မှုဖြင့် အဖမ်းခံရသော ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်များ ဖြစ်သည်။

“ကျနော်တို့ ပုံမှန် လွှတ်ရက် ပြည့်သွားလို့ပါ။ ကျနော်တို့ ၇ နှစ်ကို တရက်မှ လျှော့ရက် မရခဲ့ပါဘူး”ဟု ကိုဟန်ဝင်းအောင်က မဇ္စျိမကို ပြောသည်။

သူတို့နှင့်အတူအဖမ်းခံရသော ကိုနန္ဒဆွေအောင်နှင့် ကိုကျော်လင်းထွန်းတို့ နှစ်ဦးမှာ ထောင်ဒဏ် နှစ် ၂ဝ စီဖြင့် ကရင်ပြည်နယ် ဘားအံထောင်နှင့်


အင်းစိန်ထောင်များတွင် အကျဉ်းကျနေဆဲ ဖြစ်သည်။

၂ဝဝ၃ သြဂုတ်လ ၃ဝ ရက်တွင် ဗကသအဖွဲ့ဝင် ၆ ဦးကို ထောက်လှမ်းရေးများက နေအိမ်များတွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။ ထောင် ၁၂ နှစ်ချခံရသော
ကိုကျော်စိုးမိုးမှာ မနှစ်က လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်ခဲ့သည်။

“ကျနော်တို့ကို ထောင်ဘယ်လိုဘဲ ချချ၊ ဘယ်လိုဘဲ နှိပ်စက်ပါစေ ကျနော်တို့ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်ချက်တွေဟာ ဘယ်တော့မှ ယိမ်းယိုင်သွားမှာ မဟုတ်ဘူး။
ဒီယုံကြည်ချက် အပေါ်မှာ ဒီမိုကရေစီရေး၊ အမျိုးသား လွတ်မြောက်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ဆက်လျှောက်သွားမှာ ဖြစ်တယ်”ဟု
ကိုဟန်ဝင်းအောင်က မဇ္စျိမကို ပြောသည်။

ကိုဟန်ဝင်းအောင်မှာ ထောင်ထဲတွင် အဆုတ်ရောင် ရောဂါ ခံစားခဲ့ရသဖြင့် ဆေးကုသရန် လိုအပ်နေသည်။


မိုးကြောင့် မွန်မှာ စပါးအပျက်များ

ကျော်ခ | သောကြာနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မွန်ပြည်နယ်တခုလုံး စပါးရိတ်သိမ်းချိန် အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စပါးများ ပျက်စီး ဆုံးရှုံးနေရကြောင်း ဒေသခံ
တောင်သူလယ်သမားများက ပြောသည်။

ယခုလ ၁ဝ ရက် ညနေပိုင်းမှစပြီး တပြည်နယ်လုံးတွင် သုံးရက်ဆက်တိုက် မိုးရွာသွန်းခဲ့သည်။

နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဌာနက ဒီဇင်ဘာ ၁၁ ရက်တိုင်းထွာချက်အရ မော်လမြိုင်တွင် မိုးရေချိန် ၄.ဝ၉ လက်မရှိကာ ၁၈ နှစ်အတွင်း စံချိန်တင်
ရွာသွန်းမှုဟု ထုတ်ပြန်သည်။

“အခုဟာ ကောက်ရိတ်သိမ်းချိန် မိုးကရွာချလိုက်တော့ ရိတ်ထားပြီးသား စပါးတွေ အကုန်လုံး ရေထဲမှာ ပေါလော ပေါ်နေတာပဲ။ ကျမတို့ဆိုရင် ဧက ၃ဝ ရှိတယ်။
၂၇ ဧက က ရိတ်ပြီးထားထားတာ။ ၃ ဧက က ရိတ်နေတုန်း မိုးက ရွာချလာတော့ အသီးတွေကြွေ ပျက်စီးကုန်တာပေါ့။ အဲဒီလိုမျိုး ဒီမှာ လူတိုင်းထိကြတယ်” ဟု
ပေါင်မြို့နယ်ရှိ လယ်ပိုင်ရှင်တဦးက မဇ္ဈိမကိုပြောသည်။

လယ်သမားများ ရေမြုပ်နေသော စပါးပင်များကို လယ်ကွက်များထဲမှ ဆယ်ကာ နေလှန်းကြသလို ရေမြုပ်မှုကြောင့် စပါးသီးများ အကြွေအလွင့်ရှိပြီး စပါးသီးများမှာ
အညှောင့်ပင် ထွက်နေကြပြီဟု ဒေသခံတဦးက ပြောသည်။

နောက်ရက်များတွင် မိုးဆက်တိုက် ရွာဦးမည်ဆိုပါက စပါးမျိုးပင် ပြန်ရနိုင်ခြေမရှိဟု လယ်သမားများက ပြောဆိုနေကြသည်။

အချိန်အခါမဟုတ် မိုးကြောင့် ဆုံးရှုံးမှုများ ကြုံနေရသလို လယ်သမားအများစုမှာ စပါးမစိုက်မီ ကာလတွင် မျိုးစပါးအတွက် ချေးငှား စိုက်ပျိုးထားကြသဖြင့်
အရှုံးပေါ်ကြလိမ့်မည်ဟု ချောင်းဆုံမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး တဦးက မဇ္ဈိမကိုပြောသည်။

“ဒီမှာလဲ လယ်သမားအားလုံးလိုလို ထိကြတယ်။ လယ်သမားတွေ စပါးပျက်စီးတော့ ဒီအကျိုးဆက်က လယ်သမားတွေတင် မကဘူး။ ဆန်ဝယ်စားရတဲ့ လူတွေ
အတွက်လဲ ဆန်ဈေးတွေ တက်လာမယ်။ ဆင်းရဲသားတွေလဲ ဆန်ဈေးတက်တော့ ပိုဒုက္ခရောက်နိုင်တာပေါ့” ဟု မုဒုံမှ လယ်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ် သံတွဲနှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်များတွင်လည်း မိုးရေချိန်လက်မ ၂.၉၉ လက်မနှင့် ၂.၅၆ လက်မ အသီးသီးဖြင့် ၁၈
နှစ်အတွင်း မိုးရေချိန်အများဆုံး စံချိန်ချိုးခဲ့သည်

ထိုင်း အလုပ်သမား လက်မှတ်အသစ် ဖွင့်ပေးရန် တောင်းဆို

အောင်မြတ်စိုး | သောကြာနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၇ မိနစ်

ဘန်ကောက် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်လုပ်ခွင့် လက်မှတ် မရှိသေးသော ရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင်
အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်အသစ်) ဖွင့်လှစ်ပေးရန် အလုပ်သမားရေး အဖွဲ့အစည်းများမှ ယနေ့တောင်းဆိုလိုက်သည်။

ထိုင်းအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ ထိုင်းအလုပ်သမား သွေးစည်း ညီညွတ်ရေး ကော်မတီနှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တို့ ပူးတွဲ၍
မနက်ဖြန်တွင် ကျရောက်မည့် နိုင်ငံတကာ ရွှေ့ပြောင်း
အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံတွင်း ၂ သန်းခန့်ရှိသော ရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်အားသည် ထိုင်းကုန်ထုတ်လုပ်မှု ကဏ္ဍ၏ ၉ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းထိရှိနေပြီး


ရွှေ့ပြောင်း အလုပ်သမားများသည် (3D) ခေါ် (Dangerous) အန္တရာယ်များခြင်း၊ (Dirty) သန့်ရှင်းစင်ကြယ်မှု မရှိခြင်း၊ (Demanding) တောင်းဆိုမှုများသည့်
အလုပ်များ လုပ်ကိုင်နေကြရသည်။

ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ထိုင်းနိုင်ငံ၏ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီး ထိန်းသိမ်း ပြန်လည်ပို့ဆောင်ရေး အစိုးရ ပေါ်လစီကို
ပြန်လည် စဉ်းစားသုံးသပ်ရန်၊ တရားမဝင် အလုပ်သမားများ ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေအတွက် ငွေကြေး ကောက်ခံမှုကိုလည်း ပယ်ဖျက်ရန်နှင့် ရေရှည်ခံမည့်
ရွှေ့ပြောင်း အလုပ်သမားပေါ်လစီကို ရေးဆွဲထားရှိရန်တို့လည်း ပါဝင်သည်။

ထိုင်းနိုင်ငံတွင်း ဝင်ရောက် လုပ်ကိုင်နေသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများ၏ အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်)
သက်တမ်းကို နောက်ထပ် သက်တမ်းတနှစ်တိုးရန်
ထိုင်းအလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမား ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး ခွန်နာချိရာစပ် ဆုပ်ခွန်ထချက နိုဝင်ဘာ (၃) ရက်ရက်စွဲဖြင့် လက်မှတ်ရေးထိုး
ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထိုင်းအလုပ်အကိုင် ခန့်ထားရေးဌာန ဒါရိုက်တာ ခွန်ဂျီရာဆက်က စက်တင်ဘာ (၂၈)ရက်က ဘတ်လက်မှတ် အသစ် ဖွင့်ပေးခြင်းကို ယခုနှစ်မကုန်ခင်
ပြုလုပ်ပေးသွားမည်ဟု တရားဝင် ပြောဆိုခဲ့သော်လည်း ယခုအချိန်အထိ ထိုင်းအစိုးရမှ စဉ်းစားနေဆဲ ဖြစ်သည်။

တချိန်တည်းမှာပင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားများသည် လာမည့်ဇန်နဝါရီလ မှစ၍ တရားမဝင် နိုင်ငံခြားသား အလုပ်သမား
ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေအဖြစ် လစဉ် အလုပ်သမား
ဝန်ကြီးဌာနသို့ ငွေပေးသွင်းရမည် ဖြစ်သည်။

မြန်မာနှင့်လာအို ရွှေ့ပြောင်း အလုပ်သမားများသည် (၆)လစာ အချိုးကျ ကောက်ယူမည့် ဘတ်ငွေ ၂,၄ဝဝ ရန်ပုံငွေအတွက် လစဉ်ဘတ် ၄ဝဝ ကို
မိမိမှတ်ပုံတင်ထားသော လုပ်ငန်းရှင်မှတဆင့် ခရိုင်အလုပ်သမား ဌာနရုံးများသို့ (၁၅)ရက်နေ့ထက် နောက်မကျပဲ လစဉ် ပေးသွင်းရမည် ဖြစ်သည်။ ကမ္ဘောဒီးယား
အလုပ်သမား များမှာမူ ဘတ် ၂,၁ဝဝ သာ ပေးသွင်းရမည် ဖြစ်သည်။ သတ်မှတ်ရက် ကျော်လွန်သွားပါက ၂ ရာခိုင်နှုန်း ဒဏ်ကြေး ပေးဆောင်ရမည်ဟု နိုဝင်ဘာလ
(၃)ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် အလုပ်သမားဝန်ကြီးဌာန
ညွှန်ကြားချက်တွင် ပါရှိသည်။

ထိုသို့ ပေးသွင်းထားသည့် ရန်ပုံငွေကို မိမိနေရင်းနိုင်ငံသို့ အပြီးအပိုင် ပြန်မည်ဆိုပါက ပြန်ထုတ်နိုင်မည်ဟု သိရသည်၊ အလည်အပတ် ပြန်ခြင်းအတွက်
ထုတ်ပေးမည် မဟုတ်ချေ။

“ကျနော်တို့ အလုပ်လုပ်နေတာ တလ တလကို ၄၀၀၀-၅၀၀၀ လောက်ပဲရတာ၊ အဲဒီအထဲက ပတ်စပို့ဖိုး၊ အလုပ်လုပ်ခွင့် လက်မှတ် (work permit)ဖိုး၊
ပွဲစားကြေးတို့ကို ပေးနေရတာ ဘာမှ မကျန်ဘူး၊ အခုအဲဒီလို ထပ်ပေးရမယ်ဆိုတော့ ဒီမှာလာ သက်သက် အလုပ် လုပ်ပေးနေရသလို ဖြစ်နေပြီ”ဟု ဘန်ကောက်မှ
အလုပ်သမားတဦးက ညည်းညူသည်။

ထိုပေးသွင်းထားသော ရန်ပုံငွေကို ပြန်ထုတ်ရန်အတွက် ငွေသွင်းထားသော လက်ခံပြေစာများကို အလုပ်သမားများသည် မိမိနှင့်အတူ သိမ်းဆည်းထားပြီး


မိမိတို့နေရပ်ရင်းပြန်ချိန် ငွေပြန်ထုတ်ရာတွင် ပြနိုင်ဖို့လိုသည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများက သတိ ပေးထားသည်။

အန္တရာယ်ကြားက ရွှေ့ပြောင်းလုပ်သား ကိုယ်ဝန်ဆောင်တို့ဘဝ

စိုးနေလင်း | သောကြာနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၅၂ မိနစ်

တကယ်လို့ အလုပ်သမားဝန်ကြီး ချလမ်ချိုင်း ဆရီယွန်ကသာ ဆက်လုပ်မယ်ဆိုရင် ကိုယ်ဝန်ဆောင် ရွှေ့ပြောင်း အလုပ်သမားတွေအားလုံး


သူတို့နေရင်းတိုင်းပြည်ကို ပြန်ပို့ခံကြရပါလိမ့်မယ်။
ရှင်တို့သာ အဲဒီကိုယ်ဝန်ဆောင် ရွှေ့ပြောင်း အလုပ်သမား တယောက်ဖြစ်မယ် ဆိုရင် ဘာလုပ်မလဲ။
စဉ်းစားကြည့်ပါ ရှင်တို့မှာ ကိုယ်နဲ့တွဲနေတဲ့သူကို ကာကွယ်မှုရှိတဲ့ လိင်ဆက်ဆံမှုရအောင် ပြောဆိုနိုင်တဲ့စွမ်း
အား မရှိဘူးဆိုရင်၊ ကိုယ့်ဘဝဟာ ဖိနှိပ်မှုတွေ အကြောက်တရားတွေကြောင့် အကြမ်းဖက်ခံရ၊ လိင်ပိုင်းဆိုင်ရာ မတော်မတရား အပြုခံရနိုင်တဲ့ အခြေအနေ
ဖြစ်နေရင်ဆိုပြီး စဉ်းစားကြည့်ပါ။ ကလေးတယောက် မွေးမြူပြုစုဖို့ မတတ်နိုင်တဲ့ အခြေအနေမှာ ငတ်မွတ်ခေါင်းပါး ဆိုးဝါးတဲ့ ဆင်းရဲခြင်းနဲ့ နိုင်ငံရေးအရ မတရား
ရက်ရက်စက်စက် ပြုခံရဖို့သာရှိတဲ့ အိမ်ပြန်ရမယ့် အခြေအနေဆိုရင်၊အဲဒီ အခြေအနေတွေ အောက်မှာ ရှင်တို့ ကိုယ်ဝန်ရှိလာမယ်ဆိုရင် ဘာလုပ်ကြမှာပါလဲ။

မထူးဆန်းဘူးလားရှင်၊ ဘုန်းကြီးကျောင်းမှာ ဆိုးဝါးရက်စက်တဲ့ ကိုယ်ဝန်ဖျက်ချထားတဲ့ သန္ဓေသား၂၀၀၀


လောက်တွေ့ပြီးတဲ့နောက် ကိုယ်ဝန်ဖျက်ချမှုအပေါ် ပြည်သူလူထုက ဒေါသထွက်နေကြတဲ့အချိန်မှာမှ မစ္စတာ ချာလမ်ချိုင်းရဲ့ မူဝါဒက ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့
ဒေါသထွက်နေကြတဲ့ ကိုယ်ကျင့်တရား မှန်ကန်ဖြောင့်မတ်တဲ့ သူတွေအနေနဲ့ ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားကြတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချပေးတဲ့
ဆေးခန်းတွေကို ပိုမြန်မြန် ပြေးကြရမယ့်ကိန်း ဆိုက်စေတဲ့ မစ္စတာချာလမ်ချိုင်းရဲ့လုပ်ရပ်က ဘာပြဿနာမှ မရှိပါဘူး။ဘာဖြစ်လို့ပါလဲ။

သေချာတာကတော့ ဒီဖမ်းဆီးပြန်ပို့မယ့် မူဝါဒက မရေမတွက်နိုင်အောင် များပြားတဲ့ အမျိုးသမီးတွေကို အသက်အန္တရာယ်ရှိပြီး စိတ်မချရတဲ့


ခခခခခခခခခခခခခခခ ခခခခခခခ
ကိုယ်ဝန်ဖျက်ချမှု လုပ်လာအောင် တွန်းအားပေးတော့မယ် ဆိုတာပါပဲ။ အတော်များများ စိုးရိမ်ရတဲ့ ကျန်းမာရေး ထိခိုက်မှုတွေ
ခံစားကြရပါလိမ့်မယ်။ အများကြီး သေကြပါလိမ့်အုံးမယ်။
ခခခခခခခခခခခခခခခ ခခခခခခခခ
ခခခခခခခခခခ ခခခခခ ခခခခခခ ခ
ဒါနဲ့တောင် ကျမတို့က ဂရုမစိုက်ကြပါဘူး။ ဘာဖြစ်လို့ပါလဲ။ ခါတိုင်းလိုပဲ ကျမတို့က ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေကို အကျင့်ပျက်တွေ
လိင်ပိုင်းဆိုင်ရာအရ ဖောက်ပြန် ပျက်စီးသူတွေအဖြစ် အပြစ်တင်ကြဖို့ပါပဲ။ ဘာသာရေးကို အသုံးပြုပြီး မကောင်းမှု အကုသိုလ်အဖြစ်
ကိုယ်ဝန်ဖျက်ချမှုကို ပြစ်တင်ရှုံ့ချ၊ အဲဒီ အမျိုးသမီးတွေရဲ့ခက်ခဲလှတဲ့ ဘဝအခြေအနေတွေ ကိုယ်ချင်းစာတရားနဲ့ စဉ်းစားပေးကြဖို့ ...
ငြင်းပယ်လိုက်ကြဖို့ပါပဲ။ အဲဒီအကျင့်ပျက်နေတဲ့ အမျိုးသမီးတွေကို အပြစ် ပေးသင့်တယ်ဆိုတဲ့ ယုံကြည်တွေးခေါ်မှုနဲ့ပဲ ကျမတို့က သူတို့ကို
အကူအညီပေးဖို့ကိုလဲ ငြင်းဆိုခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲ ကျမတို့ဟာ အမျိုးသမီးတွေကို နာကျင်ခံစားရမယ့် လမ်းကြောင်းကို တွန်းပို့ပေးနေတဲ့


ထွေပြားတဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ၊လူမှုဘဝ အလေ့အကျင့်တွေနဲ့ နိုင်ငံတော် မူဝါဒတွေကို လက်ခံကျင့်
သုံးနေကြပါတယ်။ မစ္စတာချာလမ်ချိုင်းရဲ့ကိုယ်ဝန်ဆောင်တွေကို ဖမ်းဆီးပြန်ပို့ရေး မူဝါဒဟာ အဲဒါနဲ့ တဆက်ထဲပါပဲ။ သူ့လိုပါပဲ ကျမတို့တော်တော်များများက
ရွှေ့ပြောင်း အလုပ်သမားတွေဟာ ကျမတို့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်လို့သာ သူတို့ကို ဒီမှာ မွေးဖွားခွင့်
ပေးလိုက်လို့ရှိရင် သူတို့ရဲ့ကလေးတွေဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ လူမှုပြဿနာတွေ ဖြစ်လာလိမ့်မယ်ပေါ့လေ။

ခခခခခခခခခခခခခခခ ခခခခခခခ
ဒီလိုဆိုရင် ကျမတို့က မစ္စတာချာလမ်ချိုင်းကို သဘောတူကြပါတယ်။ ဒါပေမဲ့ တကယ်လို့ ကျမတို့ရဲ့သဘောတူ ထောက်ခံမှုက
ကျမတို့ရဲ့လက်တွေကို သွေးစွန်းစေတာနဲ့တူတဲ့ အမျိုးသမီးတွေကို ပိုပြီးကိုယ်ဝန် ဖျက်ချအောင် တွန်းပို့လိုက်သလို ဖြစ်သွားရင်ရောရှင်။
ခခခခခခခခခခခခခခ ခခခခခခခခခခ
မဟုတ်ပါဘူး။ ဒီဖမ်းဆီးပြန်ပို့ရေး မူဝါဒဟာ ကျမတို့ရဲ့ လူမျိုးစု အာဃာတတခုထဲ မကပါဘူး။ပြဿနာက ဒီထက်ပိုပြီး နက်ရှိုင်းပါတယ်။ ခခခခခခခခခခခခခခခခခခခခ ခ ခ
ယဉ်ကျေးမှုတွေကို ရိုက်ခတ် သက်ရောက်စေနိုင်တဲ့ လိင်ခွဲခြား ဖိနှိပ်မှုလဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ၊ ထိုင်းလူမျိုးတွေ ဒါမှမဟုတ် ခခခခခခခခခခခခခခခခခခ ခ ခ ခ ခ
ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သူတို့ဘဝနဲ့ လိင်အပေါ် ထိန်းချုပ် စီမံခွင့်၊ သူတို့ခန္ဓာကိုယ်ကို စီမံပိုင်ခွင့်စတဲ့ အမျိုးသမီး အခွင့်အရေးတွေ ခခခခခခခခခခခခ ခခခခခခ ခ ခ ခ
လုယူခံလိုက်ရတာဖြစ်တဲ့ သဘောထားနှစ်မျိုး ခွဲခြားဆက်စပ်မှု ထောင်ချောက်မှာ မိသွားကြတာပါပဲ။ ခခခခခခခခခခခခခခခခ ခ ခ ခ ခ ခ
ခခခခခခခခခခခခခခ ခ ခ ခ ခ ခ ခ
အဲဒါဟာ စာရင်းဇယားတွေအားလုံးက ပြသနေတဲ့ ကျမတို့ရဲ့ အကြင်နာမဲ့တဲ့ ကိုယ်ဝန်ဖျက်ချမှု တိုက်ဖျက်ရေး
ဥပဒေဟာ အမျိုးသမီးတွေကို သေစေ၊ နာကျင်ဒဏ်ရာရစေသလို တခြားသူတွေကို နာကျင်ခံစားရစေပေမယ့် သူတို့တွေက ကျမတို့ရဲ့
ရင်ထဲမှာ ရိုက်ခတ်လှုပ်ရှားသွားတဲ့ထိ အပြောင်းအလဲ ဖြစ်သွားအောင် မလုပ်နိုင်ခဲ့တဲ့ အကြောင်းပါပဲ။ ကိုယ်ဝန်ဖျက်ချမှုနဲ့ ဆက်နွယ်တဲ့ ရောဂါဝေဒနာတွေကြောင့်
ဆေးကုသခံချင်ကြတဲ့ အမျိုးသမီးတွေရဲ့ အရေအတွက်အရ ခန့်မှန်းခြေ တနှစ်ကို အမျိုးသမီး ၄ဝဝ,ဝဝဝ ဝန်းကျင်လောက် ကိုယ်ဝန် ဖျက်ချနေကြတယ်လို့
ယူဆရပါတယ်။ အဲဒီရောဂါဝေဒနာတွေကြောင့် အမျိုးသမီး ၁ဝဝ,ဝဝဝ မှာ ၃ဝဝ လောက်သေဆုံးနေကြရပါတယ်။ ဆိုလိုတာကတော့ လုံခြုံစိတ်ချရမှုမရှိ၊တရားဝင်
မဟုတ်တဲ့ ဆေးခန်းတွေကြောင့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေကနေ တနှစ်ကို အမျိုးသမီး တသိန်းလောက်
သေဆုံးနေကြရတယ် ဆိုတာပါပဲ။

ဘယ်သူတွေက အလေးဂရုပြုကြပါသလဲ။ တကယ်လို့ အမျိုးသမီးတွေကြား အိပ်ခ်ျအိုင်ဗီ ပိုးကူးစက်မှုနှုန်းထားနဲ့ အစီအစဉ်မရှိတဲ့ ကိုယ်ဝန်ရှိမှုတွေ


များပြားလာစေတဲ့ အမျိုးသားတွေရဲ့ ၁ ရာနှုန်းကသာ ကွန်ဒုံး သုံးစွဲကြတယ်ဆိုတာကို မိသားစု စီမံကိန်း စာရင်းဇယားတွေက ပြနေတယ်ဆိုရင်လဲ
ကိစ္စမရှိတော့ပါဘူး။
ပြောလိုရင်းကတော့ ကိုယ်ဝန် ဖျက်ချချင်နေကြတဲ့ အမျိုးသမီး၇ဝ-၈ဝ ရာနှုန်းဟာ သူတို့တွေ အလုပ် ပြုတ်သွားမှာ စိုးလို့ဒါမှမဟုတ် နောက်ထပ်
ခခခခခခခ ခခခခခခခခခ
ပါးစပ်တပေါက် ထပ်ကျွေးဖို့ သိပ်ဆင်းရဲကြလွန်းလို့ ဖြစ်တယ် ဆိုတာပါပဲ။ ဒါပေမဲ့ ဗဟိုဦးတည်ချက်ကတော့ လိင်စိတ်ကို ထိန်းချုပ်ဖို့ လိုနေတဲ့
...
အကျင့်ပျက် ဆယ်ကျော်သက် မိန်းကလေးတွေသာဖြစ်ပြီး ကျောင်းတွေရဲ့ နှလုံးသားကင်းမဲ့မှုတွေ၊လူမဆန်တဲ့ လုပ်ငန်းဆိုင်ရာ အလေ့အကျင့်တွေ ဒါမှမဟုတ်
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ရွေးချယ်ခွင့် ပိုရရှိစေနိုင်တဲ့ ဝန်ဆောင်မှုတွေကို အစိုးရက မပေးနိုင်တဲ့ အပေါ်မှာတော့ ဘယ်တုံးကမှ အပြစ်တင်လေ့မရှိပါဘူး။

ကျမတို့ရဲ့ လိင်အရဖိနှိပ်တတ်တဲ့ လောကအမြင်မှာ အမျိုးသမီးတွေဟာ အခွင့်အရေး ပေးလိုက်ရင်ဆိုး


သွမ်းသွားပါလိမ့်မယ်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် စာရင်း ပိုဆိုးလာရတဲ့ အကြောင်းဟာ အဲဒါကြောင့်ပါ။ ကိုယ်ဝန်ဖျက်ချခံရတဲ့ သန္ဓေသားတွေရဲ့
အရေအတွက်ဟာလဲ ဒီလိုပါပဲ။ပိုမြင့်မားလာလေ အမျိုးသမီးတွေရဲ့ ရက်စက်မှုကို ပိုပြနိုင် အမျိုးသမီးတွေကို ပိုထိန်းချုပ်ဖို့လိုပြီဆိုပြီး ပိုပြောနိုင်ကြတာပေါ့ရှင်။
ဘုန်းကြီးကျောင်း အအေးခန်းမှာ ကြေကွဲစရာ ကိုယ်ဝန် ဖျက်ချမှုအပေါ် ဒေါသအမျက်ဟာ မစ္စတာ ချာလမ်ချိုင်းရဲ့ ဖမ်းဆီးပြန်ပို့မှု မူဝါဒ မှာရှိတဲ့ရက်စက်မှုကို
ကျမတို့ သိမြင်လာအောင် မလုပ်နိုင်ပါဘူး။ ကိုယ်ဝန်ဖျက်ချမှု မူဝါဒကိုရော ပြောင်းသွားစေနိုင်ပါသလား။ အမျိုးသမီးတွေအပေါ် အပြစ်ပုံချနေဆဲ အချိန်မှာတော့
မဖြစ်နိုင်ပါဘူး။

အခုတော့ ခေါင်းကြီးပိုင်းလေသံက သန္ဓေသားတွေရဲ့ ခြောက်လှန့်နေတဲ့ ဝိညာဉ်တွေကို ငြိမ်းအေးအောင် ချော့မော့ဖို့ ပြောင်းလာပြီး သတင်းဖေါ်ပြမှု ရပ်ဆိုင်းသွားဖို့
နီးလာပါပြီ။ ဒီထိတ်လန့် တုန်လှုပ်မှုက ကရုဏာတရားကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ လိင်ပိုင်းအရ သဘောထားနှစ်မျိုး ခွဲခြားဆက်ဆံမှုကို
ကိုင်မလှုပ်နိုင်ခဲ့ပါဘူး။ ကမ်းခြေကို ရိုက်ခတ်လာတဲ့ လှိုင်းလိပ်တခုလို အားလျော့ ပြေလျှော့သွားပြီး နောက်မှာ ဘာမှ မကျန်ရစ်ခဲ့တော့သလိုပါပဲရှင်။ ။

(Sanitsuda Ekachi ရဲ့ Pregnant and persecuted ဆောင်းပါးကိုပြန်ဆိုပြီး ဆောင်းပါးရှင် Sanitsuda ဟာ Bangkok Post ရဲ့လက်ထောက်
အယ်ဒီတာတယောက် ဖြစ်ပါတယ်။)

တိုက်ပွဲအတွက် ပြင်ထားရန် ပြည်သူ့စစ်များကို စစ်အစိုးရ ညွှန်ကြား

Jai Wan Mai | သောကြာနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၃၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်တပ် ဦးဆောင်မှု အောက်တွင် ရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်မှ အင်အား၂ဝဝ ခန့် ရှိသော ပြည်သူ့စစ်များကို
လက်နက်ကြီးများ အပါအဝင် ပိုမိုကောင်းမွန်သော လက်နက်များ ဖြည့်တင်းပေးမည်ဟု မြန်မာ စစ်အရာရှိများက ယခုအပတ် အစောပိုင်းက ပြုလုပ်ခဲ့သည့်
အစည်းအဝေး တခုတွင် ကတိပေးလိုက်ကြောင်း ပြည်သူ့စစ် သတင်းရပ်ကွက် တခုက ဆိုသည်။

ပြည်သူ့စစ် နှင့် နယ်ခြား တပ်များရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်းက ပြည်သူ့စစ်များအား ဖြစ်လာနိုင်ချေရှိသည့် တိုက်ပွဲများအတွက်
အသင့်ပြင်ထားရန် ညွှန်ကြားခဲ့သည်ဟုလည်း သိရသည်။

ဗိုလ်ချုပ် မောင်မောင်အုန်းက ပြည်သူ့စစ်များ၏ သစ္စာရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးခဲ့ပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက်


ပြည်သူ့စစ်များကို လက်နက်ကြီးများ အပါအဝင် လက်နက်အများအပြား ထပ်မံ ဖြည့်တင်းပေးမည်ဟု ကတိပေးခဲ့သည်။

ထို့ပြင် ပြည်သူ့စစ်များကို ရှမ်းပြည်နယ် တပ်မတော်-မြောက်ပိုင်း (SSA-N) နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်များ လှုပ်ရှားမှုအပေါ်
နိုးနိုးကြားကြား စောင့်ကြည့်ရန် ညွှန်ကြားခဲ့သည်ဟုလည်း သိရသည်။ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N) နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်
(UWSA) တို့သည် စစ်အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် (သို့မဟုတ)် ပြည်သူ့စစ် အသွင်ပြောင်းရေး အစီအစဉ်ကို ပယ်ချထားသည့် အဖွဲ့များ ဖြစ်သည်။

SSA-N တပ်မဟာ (၁) နှင့် UWSA တို့ ထိန်းချုပ်ထားသည့် နယ်မြေများနှင့် ထိစပ်နေသော တန့်ယန်းတွင် ပြည်သူ့စစ် ၁၅ဝဝ ခန့် တပ်စွဲထားကြသည်။

အစည်းအဝေး တက်ရောက်သူများထဲတွင် အင်အားအကြီးဆုံး ပြည်သူ့စစ်အဖွဲ့ နှစ်ခု၏ ခေါင်းဆောင်များ ဖြစ်ကြသူ ဗိုလ်မွန်းနှင့် ဗိုလ်ဂျထော တို့လည်း
ပါဝင်သည်ဟု ပြည်သူ့စစ် သတင်းရပ်ကွက်က ဆိုသည်။

ဗိုလ်မွန်းသည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘိန်းဘုရင် ခွန်ဆာ၏ မွေးစားသား တဦးဖြစ်ပြီး ၁၉၉၆ တွင် မြန်မာစစ်အာဏာပိုင် များထံ လက်နက်ချခဲ့သူ
ဖြစ်သည်။ သူသည် ၁၉၉၉ နှင့် ၂ဝဝဝ ပြည့်နှစ်များ တဝိုက်က ရှမ်းပြည်နယ် တပ်မတော်-တောင်ပိုင်း (SSA-S) တပ်များ ရှမ်းပြည်နယ် တပ်မတော်-မြောက်ပိုင်း
(SSA-N) နှင့် မပူးပေါင်းမိစေရန် တားဆီးခဲ့ပေးပြီး နောက်ပိုင်းတွင် မြန်မာစစ်တပ်၏ အပြည့်အဝ အားပေး ထောက်ပံ့မှုကို ရရှိခဲ့သူ ဖြစ်သည်။

လက်နက်ကိုင်အင်အား ၈ဝဝ ခန့် ရှိသည့် သူ၏ ဝမ်ပန် ပြည်သူ့စစ် အဖွဲ့ကို မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် စွပ်စွဲခံထားရသည်။

လားဟူတိုင်းရင်းသား တဦးဖြစ်သူ ဗိုလ်ဂျထော၏ အဖွဲ့တွင်မူ လူအင်အား ၂၅ဝ ခန့်ရှိပြီး ၄င်းတို့အနက် ၁၅ဝ ခန့်ကို လက်နက် တပ်ဆင်ပေးထားသည်ဟု
ရှမ်းပြည်နယ် သတင်းများက ဆိုသည်။

စစ်ရေးလေ့လာသူ တဦးက “မြန်မာစစ်အစိုးရက အတိုက်အခံ အုပ်စုတွေကို သွေးခွဲပြီး ချေမှုန်းတဲ့ နည်းဗျူဟာက အောင်မြင်တယ်လို့ ပြောရမယ်။ KNU ကနေ
ခွဲထွက်လာတဲ့ DKBA ကို KNU ကို ချေမှုန်းဖို့ အသုံးချခဲ့တယ်။ မိန်းတိုင်းတပ်ဖွဲ့တို့ ကချင်၊ မွန် နဲ့ ပအိုဝ်း တွေကိုလဲ ဒီနည်းနဲ့ပဲ သွေးခွဲ ခဲ့တာပဲ။ မြန်မာစစ်တပ်က
အချင်းချင်း သွေးခွဲပြီး ချေမှုန်းခိုင်းဖို့ ဘယ်တော့မှ နှောင့်နှေးနေမှာ မဟုတ်ဘူး” ဟု သုံးသပ်ခဲ့သည်။

သူက “တကယ်လို့ မြန်မာစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ထိပ်တိုက် တွေ့လာခဲ့ရင် ပြည်သူ့စစ်တွေကို ရှေ့တန်းမှာ အသုံးချနိုင်စရာ
ရှိတယ်” ဟု ခန့်မှန်းပြောကြားခဲ့သည်။

ချင်းမိုင်မှ လားဟူ အမျိုးသားတဦးက “လားဟူ တိုင်းရင်းသားတွေဟာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ထဲမှာရော မြန်မာ စစ်တပ်ထဲမှာပါ ရှိနေကြပါတယ်။
ကျနော်တို့ လားဟူတိုင်းရင်းသား တွေကို စစ်တုရင် ကစားကွက်ထဲက နယ်ရုပ်လေးတွေလို မဖြစ်စေချင်ပါဘူး” ဟု ဆိုသည်။

လားဟူ ပြည်သူ့စစ်ခေါင်းဆောင် တချို့သည် စစ်အစိုးရနှင့် ပေါင်းကာ စီးပွားရေး အကျိုးအမြတ်များစွာ ရရှိနေသော်လည်း လားဟူတိုင်းရင်းသား အများစုမှာမူ
ဆင်းရဲလျက်ပင် ရှိနေသေးကြောင်းကိုလည်း သူက အတည်ပြု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မှ ကုန်သည်တဦးကမူ စီးပွားရေးသမားများ အနေဖြင့် အပစ်ရပ်အုပ်စုများနှင့် စီးပွားရေးလုပ်ကိုင် နေရာမှ ပြည်သူ့စစ် အုပ်စုများနှင့် ပြောင်းရွှေ့
စီးပွားရေး လုပ်လာကြသည်ဟု ဆိုသည်။
“ပြည်သူ့စစ် အုပ်စုတွေက အပစ်ရပ် အုပ်စုတွေထက် အာဏာပါဝါ ပိုရှိလာလို့ စီးပွားရေး လုပ်ငန်းတွေကို ပြည်သူ့စစ် အုပ်စုတွေဆီ ရွှေ့ပြီး လုပ်နေကြပါပြီ။
တချို့လုပ်ငန်းတွေကတော့ တရားမဝင် လုပ်ငန်းတွေပါ” ဟု သူကဆိုသည်။

မိုင်းလားအဖွဲ့ (ခေါ်) အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA နှင့် ဝတပ်မတော် UWSA တို့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက်
ပုံစံအမျိုးမျိုးဖြင့် ဖိအားတိုးမြှင့် ပေးနေသည်ဟုလည်း သူက ဆိုသည်။ ယခုလောလောဆယ်တွင် မြန်မာ အရာရှိများက NDAA ထိန်းချုပ်ရာ ဒေသတွင်းသို့ နယ်စပ်မှ
ကုန်စည်များ ဝင်မလာနိုင်ရန် တားမြစ်ထားသည်။

မြန်မာဘက်မှ ခိုးသွင်းသော သစ်လုံး ၃ ထောင်ကျော်ဖမ်းမိ

ကိုဝိုင်း | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံမှ ခိုးသွင်းသော ထိုင်းဘတ် သန်း ၂၀၀ ကျော်တန် ကျွန်းသစ်များကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ထိုင်းပူးတွဲ
စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်စ်ပို့ သတင်းစာက ရေးသားသည်။

ချင်းမိုင် အနောက်ဘက် မယ်ဟောင်ဆောင် ခရိုင်မှ သွင်းလာသည့် မြန်မာကျွန်း အလုံး ၃,၀၀၀ ကျော်ကို ထိုင်းအထူး စုံစမ်းဆေးရေး ဌာနနှင့် သစ်တော
အခွန်ဦးစီးဌာနတို့ ပူးပေါင်း ဖမ်းဆီးသည်ဟု သတင်းစာတွင် ပါရှိသည်။

ချင်းမိုင်ရှိ ပရိဘောဂနှင့် သစ်တောထွက် ပစ္စည်းများ ထုတ်လုပ် ရောင်းဝယ်သည့် Suksawat Group Co ပိုင် သစ်စက် ၂ လုံးကို စီးနင်းရာမှ သစ်များဖမ်းမိခဲ့ခြင်း
ဖြစ်သည်။

ထိုင်းသွင်းကုန် ကုမ္ပဏီ Anton သည် မြန်မာအာဏာပိုင်များထံမှ အထောက်အထားအတု ၅၇ ခု ကိုသုံးပြီး ဖမ်းမိသော သစ်လုံးများကို ခွဲသားများအဖြစ်
မဲဟောင်ဆောင် အခွန်ဦးစီးဌာနသို့ စာရင်း လိမ်ပြခဲ့သည်ဟု အထူး စုံစမ်းစစ်ဆေးရေး ဌာန DSI ဒုတိယ အကြီးအကဲ မစ္စတာ Narat Savetnant က
စွပ်စွဲထားသည်။

ထိုင်းမြောက်ပိုင်းမှ သစ်ခိုးထုတ်မှုများကို DSI က ယခုနှစ် ဖေဖော်ဝါရီလမှစ၍ စုံစမ်းနေပြီး Anton ကုမ္ပဏီ၏ မြန်မာခွဲသစ်များ တင်သွင်းမှုအပေါ်
သံသယရှိနေခဲ့သည်။

ယခင်လက Anton ကုမ္ပဏီ၏ မယ်ဟောင်ဆောင်ခရိုင် သံလွင် သစ်တောကြိုးဝိုင်း အတွင်းမှ သစ် ဖြတ်သန်း သယ်ဆောင်ခွင့်ကို သစ်တောဌာနက
သက်တမ်းတိုးပေးရန် ငြင်းဆိုခဲ့ကြောင်း ထိုင်းသတင်းက ဆိုသည်။

သံလွင် သစ်တောအတွင်း ယခုနှစ် ဇန်နဝါရီလက ဖမ်းမိသော တရားမဝင် သစ်ကုဗ မီတာ ၃၂ဝဝ အမှုတွင်လည်း Anton ကုမ္ပဏီပါဝင်မည်ဟု သံသယရှိကြောင်း
သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးကလည်း ပြောဆိုထားသည်။

Anton ၏ သစ်သယ်လမ်းသည် သံလွင်သစ်တော ဥယျာဉ်နှင့် အလှမ်းဝေးသည်ဟု ကုမ္ပဏီ ဒု-စီမံညွှန်ကြားရေးမှူးက ငြင်းဆိုသည်။

အမည်မဖော်သည့် မယ်ဟောင်ဆောင် အခွန်ဦးစီးဌာန ဝန်ထမ်းတဦးကို ကိုးကား၍ ကုမ္ပဏီက ထိုင်း-မြန်မာနယ်စပ် ဘီပ-ီ ၁၀ ထိုင်းဂိတ်နှင့် မြန်မာ
သစ်ထုတ်လုပ်ငန်းတို့မှ လုပ်ကိုင်ခွင့် အထောက်ထားများဖြင့် သယ်ဆောင်နေကြောင်း ဘန်ကောက်ပို့စ်က ရေးသည်။

ထိုင်း-မြန်မာနယ်စပ် ဘီပ-ီ ၁ဝ သည် ကယားပြည်နယ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ဌာနချုပ်ဟောင်းဘက်တွင် ဖြစ်ပြီး ယခုအခါ
စစ်အစိုးရတပ်များနှင့် လက်နက်ချ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်-ကလလတ တို့ ထိန်းချုပ်သည် ဟု KNPP က ပြောသည်။

“ကျနော်တို့ သိုးသိုးသန့်သန့်တော့ သတင်းရတယ်။ နယ်စပ်ကို ဖြတ်ဆင်းသွားတဲ့ နမ့်ပန်ချောင်း တလျောက်ပဲ။ မယ်ဟောင်ဆောင် ဘက်ပေါ့။ ဗမာပြည်ထဲမှာ
ဆိုရင်တော့ ဘောလခဲလား၊ မယ်စဲ့လား မပြောတတ်ဘူး” ဟု KNPP အတွင်းရေးမှူး-၁ ခူးဦးရယ်က ပြောသည်။

ကယားပြည်နယ်၌ ရှားပါး ကျွန်းရွှေဝါများ ထွက်ပြီး ၁၉၉၅ နောက်ပိုင်း ဦးတေဇပိုင် ထူးကုမ္ပဏီက သစ်ခုတ်ခွင့်ကို လက်ဝါးကြီး အုပ်ထားသည်ဟု ကရင်နီဂျာနယ်
ကန္တာရဝတီတိုင်း(မ်) က ယခင်နှစ်က ဖော်ပြသည်။

ယင်းမတိုင်မီက ကယားဖူး ကုမ္ပဏီနှင့် ဦးအောင်သန်းဖော သစ်လုပ်ငန်း ကုမ္ပဏီတို့ လုပ်ကိုင်ကြပြီး ကလလတ အဖွဲ့ကလည်း သစ်ခုတ်ခွင့် ပါမစ်ကို စစ်အစိုးရ
သစ်တောဝန်ကြီးဌာနက ရရှိကြောင်းသိရသည်။

ယခုနှစ်ဆန်းက စစ်အစိုးရ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ကုန်သည်/စည်မှုအသင်းချုပ်၊ တာချီလိတ် ကုန်သည်/ စက်မှု အသင်းတို့မှ တာဝန်ရှိသူများနှင့်


မယ်ဟောင်ဆောင် ကုန်သည်ကြီးများ အသင်း၊ ချင်းမိုင် ကုန်သည်ကြီးများ အသင်းတို့ နယ်စပ်ကုန်သွယ်ရေး တိုးချဲ့ရန် မယ်ဟောင်ဆောင်၌ ဆွေးနွေးခဲ့ကြသည်။

မယ်ဟောင်ဆောင်မှတဆင့် ကယားပြည်နယ် လွိုင်ကော်၊ နေပြည်တော်၊ တောင်ကြီး၊ တောင်ငူ၊ ပြည်၊ သံတွဲမြို့များသို့ ကူးသန်းသွားလာနိုင်ရေး လမ်းကြောင်းများ
တရားဝင် ဖွင့်လှစ်ရန်လည်း ဆွေးနွေးခဲ့ကြောင်း ရန်ကုန်အခြေစိုက် မော်ဒန်သတင်းဂျာနယ်က ဖေဖော်ဝါရီက ဖော်ပြသည်။

http://www.mizzimaburmese.com/

နိုင်ငံရေးအကျဉ်းသား ၁၇ ဦး လွတ်မြောက်

By မအေးအေးမာ သောကြာ, 17 ဒီဇင်ဘာ 2010


ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

လွတ်ရက်စေ့နေပြီဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတချို့ဟာ ဒီကနေ့မှာပဲ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒီအထဲမှာ အင်းစိန်ထောင်မှာ ပုဒ်မ (၅/ည) နဲ့
ထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ ဗကသများအဖွဲ့ချုပ်က ကိုဟန်ဝင်းအောင်နဲ့ သူရဲ့အမူတွဲ ၂ ဦးလည်း ပါဝင်ပါတယ်။ နယ်ထောင်တွေက လွတ်ရက်စေ့သူတချို့လည်း
ပြန်လွတ်လာကြပါတယ်။ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ကူးစက်ရောဂါအပြင် အခြားဝေဒနာတွေ ပြင်းထန်စွာ ခံစားနေရပြီး ဆေးကုသခွင့်
လုံလောက်စွာ မရရှိဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အင်းစိန်ထောင်မှာ ပုဒ်မ (၅/ည) နဲ့ ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရတဲ့ ဗကသများ အဖွဲ့ချုပ်က ကျောင်းသားတဦးဖြစ်တဲ့ ကိုဟန်ဝင်းအောင်ဟာ
ထောင်တွင်းမှာရက်စေ့နေခဲ့ရကြောင်းကို အခုလိုပြောပြပါတယ်။

“ဖြစ်စဉ်ကတော့ ၂၀၀၃ ခုနှစ် ၈ လပိုင်း ၃၀ ရက်နေ့မှာ ကြေညာလိုက်တဲ့ ဗိုလ်ခင်ညွန့်ရဲ့ နိုင်ငံရေးလမ်းပြမြေပုံကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ
နိုင်ငံခြားရေးရာကော်မတီက ဆန့်ကျင်တယ် ဆိုတဲ့နေရာမှာ ကျနော် ပါဝင်ခဲ့တဲ့အတွက် ကျနော်ကို အင်းစိန်တရားရုံးကပဲ ထောင်ဒဏ် ၇ နှစ်ချပါတယ်။ ကျနော်
အင်းစိန်ထောင်ထဲကို ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ စတင်ရောက်ရှိတယ်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျနော် အမိန့်ချခြင်းခံရတယ်။
အခု ကျနော် ၂၀၁၀ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ လွတ်မြောက်လာပါတယ်။ အဲဒါက နှစ်ပြည့်ပါ။ တရက်မှ လျော့မရဘူး။ နှစ်ပြည့်ပါ။ ထောင်ကိုစရောက်တဲ့နေ့ကနေ
တွက်မယ်ဆိုရင် အောက်တိုဘာလ ၉ ရက်နဲ့ တွက်မယ်ဆိုရင် ၇ နှစ် ၂ လနဲ့ ၇ ရက်တိတိ ဖြစ်သွားပါတယ်။”

အင်းစိန်ထောင်တွင်းမှာ နေထိုင်စဉ်အတွင်း သူဟာ တီဘီရောဂါဝေဒနာကို ခံစားခဲ့ရကြောင်းကိုလည်း ပြောပြပါတယ်။

“ကျန်းမာရေးကတော့ ကျနော် ထောင်ကျပြီးတော့ ၄ နှစ်ပြည့်တဲ့ ၂၀၀၇ ခုနှစ်မှာ ကျနော် တီဘီရောဂါ စဖြစ်ပါတယ်။ အဲဒါကို တီဘီဆေးသောက်ပြီးတော့
ပြီးသွားတဲ့အချိန် နောက်ထပ် ၁ နှစ်ခွဲ ၂၀၀၉ ခုနှစ် အောက်တိုဘာထဲမှာ ဒုတိယအကြိမ် တီဘီရောဂါ ထပ်ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်
ဆေးထပ်တင်ရပါတယ်။ ပထမအကြိမ်ကနေ ဒုတိယအကြိမ် ဘာကြောင့်ပြန်ဖြစ်ရသလဲ ဆိုတာကတော့ ထောင်ရဲ့ ဆေးဝါးကုသမှုစနစ်တွေနဲ့
ထောင်တွင်းနေထိုင်ရတဲ့ အခြေအနေတွေက အဓိက ဆိုင်ပါလိမ့်မယ်။ ဥပမာ၊ ကျနော် ဒီနှစ် ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၈ လ နှစ်ကြိမ်
သောက်ခဲ့ရတဲ့အချိန်မှာ တီဘီဆရာဝန်နဲ့ တခါမှမတွေ့ခဲ့ရပါဘူး။ အင်းစိန် ထောင်တွင်း ဆရာဝန်နဲ့သာ ကျနော် မျက်ကွယ်ကုသခြင်း ခံခဲ့ရပါတယ်။ ပထမအကြိမ်
ကုသပြီးတော့ ပျောက်ကင်းသွားတယ်ဆိုတဲ့ အခြေအနေမှာလည်း နောက်ဆက်တွဲ အခါအားလျော်စွာ ထပ်မံပြီး စစ်ဆေးနေရမယ့် သွေးစစ်မှုတို့၊ ဓါတ်မှန်ရိုက်မှုတို့
မရှိပါဘူး။ အဲဒီအတွက် နောက်တနှစ်အကြာမှာ ကျနော် ဒီရောဂါကို ထပ်ပြီးခံစားရတာပါ။ အဲဒီတော့ ထောင်တွင်းမှာ နေထိုင်ရတဲ့စနစ်ရယ်၊ သူတို့ရဲ့
လုံခြုံရေးအခြေအနေအပေါ် မူတည်ပြီးတော့ အပြင်ဆရာဝန်နဲ့ ပြခွင့်မရခဲ့တာကြောင့် ကျနော် ပိုပိုပြီး ဆိုးရွားခဲ့တာပါ။ ဒုတိယအကြိမ် ထပ်ဖြစ်လာတာပါ။”

နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ဆေးကုသခံရမူ လုံလောက်စွာမရရှိဘဲ သွေးတိုး၊ နှလုံး၊ ဆီးချို၊ လေဖြတ်ရောဂါတွေ၊ တီဘီအပါအ၀င် ကူးစက်ရောဂါတွေ


ခံစားနေရကြောင်း အင်းစိန်ထောင်တွင်းက ကျန်းမာရေး အတော်ဆိုးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေကိုလည်း အခုလို ပြောပြပါတယ်။

“ဦးခင်ဝင်း လေဖြတ်ရောဂါ ခံစားနေရပါတယ်။ ကိုမြဆန်းထူး ဆိုရင် အခု တီဘီရောဂါ ဖြစ်နေပါပြီ။ တီဘီရောဂါဆေးတွေ စတင်စောင့်နေရပါပြီ။
တခြားသူတွေဆိုရင်လည်း နှလုံးရောဂါတို့၊ သွေးတိုးရောဂါတို့ ဖြစ်နေပါတယ်။ ဆေးတွေသောက်နေကြရပါတယ်။ လေးတိုက်မှာ ကိုကျော်မျိုးမင်း ဆိုရင်လည်း
လိပ်ခေါင်းရောဂါက ခွဲစိပ်ကုသခံထားရပါတယ်။ ဒါ ဒီရက်ပိုင်းအတွင်းမှာတင် ဆေးရုံကနေ ပြန်ပြီးဆင်းလာတာပါ။ သုံးတိုက်မှာဆို ကိုညီညီစံ ခေါ် ဘုန်းကြီးပေါ့လေ
ဦးစန္ဒာဓိက၊ ပြီးသွားရင် ခြောက်တိုက်မှာဆိုရင် ကိုအေးမြင့်နိုင်၊ ညဘက် အိပ်မရတာတို့၊ စိတ်အရမ်း လှုပ်ရှားတာတို့၊ နှခေါင်းကနေ နှလုံးသွေးလျှံပြီးတော့
သွေးထွက်တာတို့ ဒါမျိုးတွေ မကြာမကြာ ဖြစ်နေတယ်။ ဒါ ကိုအေးမြင့်နိုင် ကျန်းမာရေး အခြေအနေပေါ့လေ။ အခုလောလောဆယ် သူက ခြောက်တိုက်မှာနေတာ။
သူတို့တွေလည်း ဝေဒနာတွေ ခံစားနေရပါတယ်။

“ပြီးရင် သုံးတိုက်မှာပဲ ကိုသန်းမြင့်အောင် ဆေးရုံ ပုံမှန်ပြသနေရပါတယ်။ ရောဂါဝေဒနာတွေ ခံစားနေရပါတယ်။ အဆောင်မှာဆိုရင် (၅/ည) ထဲက ABSDF တပ်ရင်း
(၃၀၃) က ရဲဘော်တယောက်ဖြစ်တဲ့ ကိုဖိုးခွား ခေါ် အောင်ကျော်စိုး၊ ၁၉၉၀ ကတည်းက ထောင်ထဲကို ရောက်နေတာပါ။ နှစ် ၂၀ ရှိနေပါပြီ။ သူဆိုရင် အခု
တီဘီရောဂါ ခံစားနေရပါတယ်။”

ဒီကနေ့ ပြန်လွတ်လာသူတွေထဲမှာ ကိုဟန်ဝင်းအောင် အပါအ၀င် အင်းစိန်ထောင်က ကိုကျော်ကျော်၊ ကိုလွင်ကိုလတ်၊ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


အတွင်းရေးမှူး ဦးထွန်းမြင့်၊ မင်္ဂလာဒုံမြို့နယ်က ဦးမောင်မောင်သိန်း၊ လှိုင်သာယာ မြို့နယ်က ဦးတင်အုန်း၊ ဗဟန်း တွဲဘက်အတွင်းရေးမှူး ဦးစိုးအုန်း၊ တွံတေးက
ဦးစံဘော်၊ ဦးချစ်ခင်၊ မရမ်းကုန်းက ဦးဌေးအောင်၊ မင်္ဂလာဒုံက ဦးမောင်စိန၊် လှိုင်မြို့နယ်က ဦးဟန်စိန်၊ ညောင်လေးပင်မြို့နယ်က ကိုကျော်ကျော်ဆန်း၊
တောင်ဒဂုံက ဦးသိန်းဝင်း၊ ကြည့်မြင်တိုင်က ဦးမြင့်ဆွေ၊ လှိုင်မြို့နယ်က ဦးဆွေမင်း ခေါ် အရှင် ဦးစန္ဒိမာ နဲ့ မင်္ဂလာတောင်ညွှန့်က ရှေ့နေ ကိုရောဘတ်ဆန်းအောင်
တို့လည်း ပြန်လည် လွတ်မြောက်လာကြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် ရှိပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာကလည်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့ အတွက်
မြန်မာစစ်အစိုးရကို တောင်းဆိုထားပါတယ်။

ပဲခူးမြို့ ရှေးဟောင်းအစ္စလာမ်သုသာန် ဖျက်ခံရ

By ကိုမိုးဇော် သောကြာ, 17 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ပဲခူးမြို့က နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိတဲ့ အစ္စလာမ် သုသာန်ဟောင်းတခုကို အာဏာပိုင်တွေက ဖျက်သိမ်းဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံမူစလင်
ဘာသာသာဝင်တွေဟာ မကျေမနပ်ဖြစ်ပြီး ဘာသာရေးဖိနှိပ်မှုအဖြစ် ဒါကို ရှုမြင်နေကြပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ အတွက် ဘိုးဘွားတွေရဲ့ သုသာန်ဟာ
အထွဋ်အမြတ်ပြုရာ နေရာတခုဖြစ်ပြီး ရှေးဟောင်း အမွေအနှစ်အဖြစ် ထိန်းသိမ်းခွင့်ရထားတာလို့ ယုံကြည်တာကြောင့် သာသနာရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ
အာဏာပိုင်တွေကို မဖျက်သိမ်းဖို့အတွက် ပန်ကြားထားပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို ဖျက်သိမ်းဖို့ဆောင်ရွက်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရှေးဟောင်းသုသာန်ကတော့ ပဲခူးမြို့ မြို့သစ် (၈) ရပ်ကွက်က ရန်ကုန-် မန္တလေး
ကားလမ်းဘေးမှာ ရှိတာဖြစ်ပါတယ်။ ဒီလ ၁၃ ရက်နေ့က မြို့နယ်အေးချမ်းသာယာရေးနဲ့ ဖံွ့ဖြိုးရေးကောင်စီ ဥက္ကဌက ဒီသုသာန်နေရာမှာ အဆောက်အဦး
ဆောက်လုပ်မှာ ဖြစ်တာကြောင့် သုသာန်ဟောင်း တံခါးသော့ကို လာရောက်အပ်နှံဖို့ တောင်းဆိုခဲ့ပြီးတဲ့နောက် မနေ့က စတင် ဖျက်သိမ်းတာဖြစ်တယ်လို့ ဒေသခံ
မူစလင်ဘာသာဝင်တဦးက အခုလို ပြောပါတယ်။

“ပဲခူးမြို့ မန္တလေးအထွက်မှာရှိတဲ့ မူစလင် သုသာန် အဟောင်းပေါ့ဗျာ။ ဒီသုသာန်က နှစ်ပေါင်း ၁၀၀ ကျော်လောက်ရှိပြီ။ သာသနာမြေ အစိမ်းရောင်
ချထားတဲ့နေရာ။ အစိုးရက တရားဝင် သတ်မှတ်ထားပြီးသား မြေနေရာပေါ့ဗျာ။ အဲဒီသုသာန်အဟောင်းကို မနေ့က ညနေ ၃ နာရီထိုးမှာ မြေတူးစက်နဲ့
လာတူးကြတယ်။ မြေတူးစက်နဲ့ လာတူးတယ်ဆိုတာက ကျနော်တို့ ဘာမှမသိရဘဲ ဖျက်ပြီးတော့မှသိရတာပေါ့။ ဒီမှာ တာဝန်ရှိတဲ့ သာသနာရေး အဖွဲ့အစည်းက
ဘာမှအကြောင်းကြားခြင်းမရှိဘဲနဲ့ သူတို့သဘောနဲ့သူတို့ အောက်ခြေအာဏာပိုင်တွေက ဖျက်လိုက်တာပေါ့နော်။”

အစ္စလာမ်ဘာသာဝင်တွေအတွက် ကွယ်လွန်သူတွေကို ရည်စူးပြီး သချိုင်္င်းမြေမှာ သွားရောက် ၀တ်ပြုဆုတောင်းခြင်းဟာ အရေးပါတဲ့ အချက်တခု ဖြစ်သလို


တချိန်မှာ ကွယ်လွန်သွားသူတွေဟာ သူတို့ သင်းချိုင်္င်းမြေက ပြန်လည်ရှင်ပြန် ထမြောက်မှာဖြစ်တယ်လို့ ယုံကြည်ထားတာဖြစ်ပါတယ်။ ဒီလို ဘူဒိုဇာတွေ
ထိုးချဖျက်ဆီးတာကြောင့် ပဲခူးမြို့မှာရှိတဲ့ မူစလင် ဘာသာဝင်အများစုက မကျေမနပ် ဖြစ်နေတယ်လို့ ပဲခူးမြို့က မူစလင်ဘာသာဝင်က အခုလိုဆက်ပြောပါတယ်။

“မူစလင်အများစုကတော့ မကျေနပ်ဘူးပေါ့ဗျာ။ ကျနော်အပါအ၀င်ပေါ့။ ဒါက ကျနော်တို့ကို notice စာပေးပြီးတော့မှ ၁၅ ရက်တပတ် ကြိုတင်ပြောတယ်ဆိုရင်


ကျနော်တို့က တမျိုးလေ။ အခုက ကျနော်တို့ကို ဒီသော့ကို မ.ယ.က က တောင်းတယ်။ တောင်းတာမပေးတော့ သော့ကို ရိုက်ဖျက်မယ်။ ခင်ဗျားတို့မပေးလည်း
ရိုက်ဖျက်မယ်တို့ ဘာတို့ ဒီလို ဥပဒေမဲ့ စကားတွေ သူတို့ ပြောဆိုတာရှိတယ်။ နောက်ပြီးတော့ အခုလို လုပ်တဲ့အခါမှာလည်း ကျနော်တို့ကို
အကြောင်းကြားခြင်းလည်း မရှိဘူးပေါ့။ သူတို့သဘောနဲ့ သူတို့ လုပ်ချလိုက်တဲ့အခါကျတော့ မူဆလင်အများစုက မကျေနပ်ဘူးဖြစ် နေတာပေါ့။”

ပဲခူးမြို့မှာ ခန့်မှန်းခြေအရဆိုရင် မူစလင်ဘာသာဝင် ၂ သောင်းလောက် ရှိပါတယ်။ အခုလို အစ္စလာမ်ဘာသာဝင်တွေရဲ့ သချိုင်္င်းဟောင်းကို ဖျက်ဆီးတာဟာ


ဒေသခံအာဏာပိုင်တွေအနေနဲ့ ဥပဒေ ချိုးဖောက်တာ ဖြစ်သလို ဘာသာရေးဖိနှိပ်မှု တခုဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒီမြေက စက်ရှင်တရားသူကြီး ဆူဘတ်ဆိုတဲ့သူ သူက လှုဒါန်းခဲ့တာဗျ။ ၁၈၈၆ ခုနှစ်တည်းက။ အဲဒီကတည်းကနေ နိုင်ငံတော်အစိုးရက အသိအမှတ် ပြုထားတဲ့
စာရွက်စာတမ်းတွေ ကျနော်တို့ဆီမှာ အကုန်ရှိတယ်။ နောက်တခုက ဒီနိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာ ထုတ်ပြန်ထားတဲ့ ၉/၉၈
အရ ရှေးဟောင်း အဆောက်အဦး တခုအဖြစ် ပါဝင်တယ်ပေါ့ဗျာ။ ပါဝင်တဲ့အတွက်ကြောင့်ကို ဥပဒေပုဒ်မ (၂) အပိုဒ်ခွဲ ခ-၄ အရ သူက ဖယ်ရှားခြင်း၊
ပြောင်းရွှေ့ခြင်း၊ ဖျက်သိမ်းခြင်း မပြုလုပ်နိုင်ဘူးဆိုတာ အစိုးရကိုယ်တိုင် သတ်မှတ်ထားတဲ့ကိစ္စ၊ သို့ပေမဲ့ ဒီနေ့အချိန်ခါမှာ ဒီလိုမျိုး ဖျက်မယ်ပြုမယ်
ဖြစ်လာတဲ့အခါကျ ဒါက အစ္စလာမ် ဘာသာဝင်တွေအပေါ်မှာ ရှိတယ်ဆိုတာ ပေါ်ပေါက်နေပြီ။”

ဒီလိုဖျက်သိမ်းနေတာကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သာသနာရေးဦးစီးဌာနနဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုးဆီကို


ဒီသုသာန်ဟောင်းကို မဖျက်ဖို့အတွက် ပန့်ကြားခဲ့ပါတယ်။ ဒီကနေ့မှာတော့ သုသာန်မြေအတွင်းမှာ မြေတူးစက်ကို ဆက်လက် ထားရှိထားပေမဲ့ သချိုင်္င်းဂူတွေ
ဖျက်တာကိုတော့ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ဒီသုသာန်ဟောင်းကို ၁၉၈၇ ခုနှစ်က စတင်ပြီး ကွယ်လွန်သူတွေ ထပ်မံမမြှုပ်ဖို့ အာဏာပိုင်တွေက
တားမြစ်ခဲ့သလို ၂၀၀၅ ခုနှစ်မှာတော့ ဒီသုသာန်တွင်းကို ၀င်ရောက်ပြီး ၀တ်ပြုဆုတောင်းတာ၊ ပုတီးစိတ်တာ၊ တရားအားထုတ်တာတွေ မလုပ်ဖို့
ပိတ်ပင်ခဲ့တာလည်း ဖြစ်ပါတယ်။

http://www.voanews.com/burmese

စေတနာကောင်းတွေအပြင် အဆုံးအဖြတ်ပေးနိုင်သည့် အင်အားရှိဖို့လိုပါသည်

တူမောင်ညို

ဒီဇင်ဘာ ၁၈၊ ၂၀၁၀

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက် မှာ မြန်မာ့ယဉ်ကျေးမှုအဖွ(ဲ့ နော်ဝေ) သို့ ဒေါ်အောင်ဆန်းစုကြည်မှ စကား သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဒီစကားသဝဏ်လွှာကို (ဒီဗွီဘီသတင်းဌာန) က အပြည့်အစုံဖေါ်ပြထုတ်လွှင့်ခဲ့ပါတယ်။ စကား သဝဏ်လွှာမှာဖေါ်ပြထားတဲ့အောက်ပါ အချက်တွေဟာ
အရေးကြီးတယ်လို့ ကျနော်ယူဆပါတယ်။ ကောက်နှုတ် ဖေါ်ပြလိုက်ပါတယ်။

- နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ နိုင်ငံရေးအကျဉ်းသားများမိသားစုများရဲ့ဒုက္ခတွေကို တကမ္ဘာလုံးကနေပြီးတော့ သေသေချာချာသိဖို့


ကျကျနနလုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

- ဒုတိယပင်လုံအောင်မြင်ဖို့ဟာ နားလည်မှုလွဲမှားတာတွေ ပပျောက်သွားအောင် လုပ်ပေးဖို့လိုပါတယ်။ ဒုတိယပင်လုံဆိုတာ စင်ပြိုင်လွှတ်တော်မဟုတ်ပါဘူး၊


စင်ပြိုင်အစိုးရလည်း မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ စင်ပြိုင်ချင်တဲ့ စိတ်နဲ့ လုပ်တာမဟုတ်ပါဘူး။ တိုင်းရင်းသားများ တကယ့်ကို ပြည်ထောင်စုစိတ်ဓါတ်နဲ့
ညီညီညွတ်ညွတ်လုပ်ဆောင်သွားဖို့ အတွက် ကျင်းပမယ့် ဒုတိယပင်လုံဖြစ်ပါတယ်၊

- အခုဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ အင်မတန်အရေးကြီးတဲ့ အခြေအနေ တခုကို ရောက်နေပါတယ်။ ကျမတို့ဟာ လမ်း ၂သွယ်က နေပြီးတော့ လမ်းတသွယ်ကို
ရွေးရမှာဖြစ်ပါတယ်။

- လမ်းတသွယ်က အများပါဝင်နိုင်တဲ့လမ်း၊ နောက်လမ်းတသွယ်က လူနည်းစုသာ ပါဝင်နိုင်တဲ့လမ်း၊ ကျမတို့ကတော့ အားလုံး ပါဝင်နိုင်တဲ့လမ်းကပိုပြီးတော့


ကောင်းတယ်လို့ ထင်ပါတယ်။

- အားလုံးပါဝင်တယ် ဆိုတာဟာ ကျမတို့တပ်မတော်ကိုလည်း ဆိုပါတယ်။ တိုင်းရင်းသား အားလုံးကိုလည်း ဆိုလိုပါတယ်။ ပြည်သူ လူထုအားလုံးကိုလည်း


ဆိုလိုပါတယ်။ နိုင်ငံရေးအစု အဖွဲ့အားလုံးကိုလည်း ဆိုလိုပါတယ်။

- အဲဒီလိုအားလုံးပါဝင်လို့ရှိရင် ကျမတို့ဟာ တကယ်ပဲ ငြိမ်းချမ်းပြီးတော့တည်ငြိမ်တဲ့ ပြည်ထောင်စုကြီးတစ်ခုကို ထူထောင်နိုင်မယ် ဆိုတာကို ယုံကြည်ပါတယ်။

- အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာ ညီညီညွတ်ညွတ်နဲ့ အမိနိုင်ငံတိုးတက်ရေး အတွက်ဝိုင်းဝန်းဆောင်ရွက် ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

စကားသဝဏ်လွာမှာ ဖေါ်ပြထားရှိတဲ့စိတ်ဓါတ်၊ စေတနာ၊ သဘောထား၊ လုပ်နည်းကိုင်နည်း စတာတွေဟာ သိပ်ကောင်းမွန်ပါတယ်။ ကောင်းမွန်လှတဲ့


စိတ်ကောင်းစေတနာတွေ အကျိုးသက်ရောက်လာစေဖို့၊ လက်တွေ့ဖြစ်ထွန်းလာစေဖို့ အောက်ပါအချက် ၂ ခု ဖြစ်မြောက်အောင်ဆောင်ရွက်ဖို့လိုပါတယ်။

၁။ လက်ရှိနိုင်ငံရေးအာဏာကို ဆုပ်ကိုင/် ချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ (နအဖ) စစ်ကောင်စီက သဘောပေါက် လက်ခံပြီး


ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
၂။ ပြည်သူအားလုံး၊ တိုင်းရင်းသားအားလုံး၊ (ပြည်တွင်းပြည်ပ/ဥပဒေတွင်းဥပဒေပ) နိုင်ငံရေးအစုအဖွဲ့အားလုံး၊ တပ်မတော်သား အားလုံးက
ညီညီညွတ်ညွတ်နဲ့ အမိနိုင်ငံတိုးတက်ရေးကိုရှေ့ရှုပြီး တစည်းတလုံးတည်း ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဖေါ်ပြပါအချက် ၂ ခုအနက် တခုခုကိုမျှ လက်တွေ့ ဖြစ်မြောက်ပေါ်ထွန်းလာအောင် လုပ်ကိုင်နိုင်စွမ်း မရှိခဲ့ပါလျှင် ကောင်းမွန် လှတဲ့ စိတ်ဓါတ်စေတနာ
သဘောထား လုပ်နည်းကိုင်နည်းများဟာ စိတ်ကောင်းစေတနာကောင်း သက်သက်မျှသာ တည်ရှိနေပါလိမ့်မယ်။

“ခင်မင်မှုတွေ ရောင်ပြန်ဟပ်မယ့်နေ့” ကိုစောင့်မျှော်နေရင်း “မေတ္တာ ရေစုန်မျောရမယ့်” အဖြစ်တော့ မဖြစ်စေလိုပါ။

ထားရှိအပ်သော စိတ်စေတနာကောင်းများအပေါ် သံသယ သဲမြူမှုန်မျှ မရှိပါ။

သို့ပါသော်လည်း ဗိုလ်သန်းရွှေစစ်အုပ်စု၏အပေါ်တွင် ကြီးစွာသော နက်ရှိုင်းသောသံသယသည် ရှမ်းရိုးမတောင်တန်းကြီးလို ထုနှင့်ထည်နှင့်ရှိနေပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်” သည် (နအဖ) စစ်အစိုးရအဖို့ မဆုတ်တန်းခံစစ်မျဉ်းနှင့် ခံတပ်များဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) နှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်” ဆိုတဲ့ “ဦးချို” (ဂျို)ပြောင်းလဲတပ်ထားသည့် စစ်အာဏာရှင်စနစ်ဖြစ်သည်။

“အထိမခံသိမ်မွေ့လှသောအခြေအနေ” ဟုပင် သတင်းစာဆောင်းပါး တခုတွင် ဖေါ်ပြထားပါတယ်။

မောင်စူးစမ်းနှင့် ကျော်ဝင်းကလည်း

“လွှတ်တော် ၃ ရပ် နိုင်ငံရေးဂိမ်းမှာ ပါဝင်ကစားကြရေး …

၂၀၀၈ အခြေခံဥပဒေစည်းဝိုင်းထဲမှာသာ ကစားကြရန် …

ဤ စည်းဝိုင်းကို ကျော်လွန်ရန်၊ ထိုးဖောက်ခြင်းမပြုရန် ” ဟောနေပါတယ်။

ဒါ့အပြင် “လွှတ်တော်ထဲတွင်သာ အကျေအလည် ဆွေးနွေးနိုင်ကြလျှင် ဘေးထွက်ဆိုးကျိုး ကင်းကင်းဖြင့် အဖြေတခု ရလိမ့်မည် ထင်ပါသည်။


လွှတ်တော်ပြင်ပ လမ်းကြောင်းများနှင့် သွားကြလျှင်မူ ဆိုခဲ့ပြီးသော ဘေးထွက်ဆိုးကျိုးများ ကြုံရနိုင်စရာရှိ၍ အမှန် ပင်စိုးရိမ်မိပါသည်”တဲ့။

သို့ဖြင့် ဒီချုပ်နှင့် ဒုတိယပင်လုံ ဆော်သြနေသူတွေကို (ကျော်ဝင်း) က

“ဦးနှောက်ကြီးကြီး” ဖြင့်စဉ်းစားပေးဖို့ ချော့မြှူသလိုလိုနှင့် စစ်အာဏာရှင်စနစ်ဖြင့် ခြောက်နေပါတယ်။

ရှင်းနေသည့်အချက်မှာ …

“ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်”ကို ထိပါးလာလျှင် မည်သူ့ကိုမဆို၊ မည်သည့်ဆောင်ရွက်ချက်ကိုမဆို (နအဖ)


စစ်အစိုးရအနေဖြင့် ရေရှည်သီးညည်းခံနေလိမ့်မည်မဟုတ်ပါ။

နောက်ဆုံးတွင်၊ အဆုံးအဖြတ်ကာလတွင် “အင်အား”က၊ “အင်အားကို ချုပ်ကိုင်စေစားနိုင်သူ” ကသာ အနိုင်ရရှိသွားစမြဲဖြစ် ပါသည်။ ထိုအင်အားမျိုး/ထိုသို့


အင်အားကို ချုပ်ကိုင်စေစားနိုင်သည့် အနေအထားမျိုး ကျနော်တို့ဘက်တွင် ဖွဲ့ဖွဲ့စည်းစည်း မရှိသေးပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ထိန်းသိမ်းလိုက်သည့်အခါများတွင် ကျနော်တို့၏ နိုးကြားတက်ကြွမှုများသည် (အခိုက်အတံ့အားဖြင့)် ပြာဖုံးသွားသည့်


မီးခဲပမာဖြစ်သွားခဲ့ဖူးသည့် သာဓကများကို သက်သေပြုပါတယ်။

နှစ် (၅၀) နီးပါး သက်တမ်းရင့်မာခဲ့ပြီဖြစ်သော မြန်မာပြည်က စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက် အနုနည်းသက်သက်ဖြင့် ဘယ်တော့မှ


အောင်ပွဲခံနိုင်လိမ့်မည် မဟုတ်ပါ။ အောင်ပွဲခံနိုင်မည်ဟု ထင်မှတ်နေလျှင် ထင်မှတ်နေသူများ၏ ထင်မှတ်မှားမှုသာဖြစ်ပါ လိမ့်မည်။

လူထုသာ သမိုင်းကိုဖန်းတီးသည့် တွန်းအားဖြစ်သည် ဟူသော သဘောတရားကို ယုံကြည်မြဲယုံကြည်ဆဲဖြစ်ပါတယ်။

မိခင်မုဆိုးမ
ကြည်မောင်သန်း
ဒီဇင်ဘာ ၁၇၊ ၂၀၁၀
(အင်တာနက်အီးမေးက တဆင့်ရပါတယ်)

နေပြည်တော်မှာ ခွေးတွေတောင် ရူးကုန်ပြီ နဲ့ အထက်ကအမိန့်အရ တဒေါ်လာ ငွေ ၁၀၀၀ နှုန်း အခွန်ဆောင်ရမယ် …

မိုးမခစာဖတ်သူတဦး (ပျဉ်းမနား)
ဒီဇင်ဘာ ၁၇၊ ၂၀၁၀
အယ်ဒီတာမင်းများ ခင်ဗျား
(ခင်ဗျားတို့ကလည်း “မင်း” တပ်ခေါ်ရင် စာတွေ အမြန်တင်ပေးဆိုလို့ အယ်ဒီတာကို မင်း တပ်ပေးလိုက်တယ်။)
ဂျာနယ်တွေမှာ ဆင်ဆာလွတ်လာတဲ့ သတင်းတပုဒ်ကတော့ - နေပြည်တော်မှာ ခွေးရူးတွေ သောင်းကျန်းနေကြောင်း သတင်းပါတယ်။ နေပြည်တော်မှာ
အရူးတွေ ပေါချက်ကတော့ ခွေးတွေတောင် ရုးကုန်ပြီ ဆိုတဲ့ သဘောပေါက်ပြီး တစိမ့်စိမ့် ရယ်နေမိတယ်။ ရာသီမဟုတ် ဘာမဟုတ် ခွေးရူးတွေ အရမ်းပေါပြီး
ကလေးတွေ ကျောင်းသားတွေကို လိုက်ကိုက်နေတယ်။ နေပြည်တော်တ၀ိုက်က အရပ်တွေမှာ ရွာတွေမှာ လူတွေ ကျီးလန့်စာစား ဖြစ်နေတယ်လို့ ဆိုတယ်။
ခွေးရူးဆေးကလည်း လူတိုင်း မထိုးနိုင်တော့ ဟိုနေပြည်တော်နန်းတော်ထဲက မိသားစုတွေလို အဖိုးတန်ပြည်သူလူထုကြီးပါ ခွေးရူးပြန်ကုန်ကြမှာ စိုးမိပါကြောင်း
ပြည်သူ့အော်လံနဲ့ အော်လိုက်တယ်။
နောက်သတင်းတခုကတော့ ဂျာနယ်သတင်းမဟုတ်ဘူး။ လုပ်ငန်းရှင်ရပ်ကွက်သတင်း ဖြစ်ပါတယ်။ အစိုးရ“မင်း” များကတော့ နိုင်ငံခြားဧည့်သည်တွေ
မြန်မာပြည်ကို လာလည်ကြတာကို အင်န်အယ်ဒီက မတားမြစ်တော့ဘူးလို့ ပြောလိုက်တာအပေါ် အမြတ်ထုတ်တာကတော့ ကမ်းကုန်ပဲဗျား။
နိုင်ငံခြားဧည့်သည်လက်ခံတဲ့ ဟော်တယ်လုပ်ငန်းရှင်တွေကို အထက်ကလာတဲ့ အမိန့် ဆိုပြီး ခေါ်ပြောလိုက်တယ်။ အရင်က ဟော်တယ်တခန်း ၅
ဒေါ်လာ ယူရင် အခု ၁၀ ဒေါ်လာ ဈေးမြှင့်ပြီး တောင်းကြရမယ် ဆိုပဲ။ ပြီးတော့ အခွန်ဆောင်ရင် တဒေါ်လာကို ကျပ် ၁ ထောင်နှုန်းနဲ့ တွက်ပြီး ဆောင်ကြရမယ် တဲ့။
အထက်က အမိန့်။ သို့သော် မြန်မာပြည်မှာ အမေရိကန်ဒေါ်လာက ၈၅၀ ဈေးပဲ ပေါက်တာလေ။ သူတို့ အစိုးရဈေးက မြန်မာငွေ ကျပ် ၁၀ ဆိုလား။ ကဲ ..
ဘယ်လိုလုပ်ကြမှာလဲ။
နေပြည်တော်က ခွေးရူးတွေအပြင် ခွေးရူးပြန်နေသူ အစိုးရမင်းတွေကိုယ်တိုင်က မြန်မာပြည်သူတွေကို လိုက်ကိုက်နေရုံတင်မက နိုင်ငံခြားသားတွေကိုပါ
လိုက်ကိုက်နေကုန်ပြီ။
ဒေါ်လာပြလည်း အဲသည် အရူးတွေက ပိုပြီး လိုက်ကိုက်တော့မှာ … ကယ်ကြပါဦး အထက်က အမိန့်ကြီး ရဲ့ …။

http://www.moemaka.com/

ဒေါ်စု လေဘေး ကူငွေ ကမကထလုပ် ဖြန့်ဝေသူများ အဖွဲ့ မြေပုံသို့ ရောက်ရှိ

12/17/2010

Adjust font size:

ဦးအေးသာအောင် ဦးဆောင်သော ဒေါ်စု ကူညီငွေများကို ဖြန့်ဝေ နေသော လေဘေး ကူညီရေး အဖွဲ့သည် ယမန်နေ့ ညနေက ကျောက်ဖြူမှ တဆင့် မြေပုံမြို့သို့
ရောက်ရှိလာသည်။

ရခိုင်လေဘေးသင့်ပြည်သူများ အကူအညီရ ဆန်အိတ်များကို သယ်ယူနေစဉ် (ဓါတ်ပ-ုံ ၀တီကြေးမံ)ု

သူတို့ အဖွဲ့သည် ကျောက်ဖြူမြို့နယ် လေဘေးသင့် ပြည်သူများအား အကူအညီပေးပြီးနောက် ယမန်နေ့က မော်တော်ဘုတ် တစီးဖြင့် မြေပုံမြို့သို့
ရောက်ရှိလာခြင်း ဖြစ်သည်။

ဦးအေးသာအောင်က "မြေပုံ မြို့နယ်ကတော့ အဓိက လေဘေး ဒဏ်ကို ခံခဲ့ရတဲ့ မြို့နယ်ဆိုတော့ အပျက်အစီးတွေ အရမ်းများပါတယ်။ အစားအစာ အပြင်
အမိုးအကာတွေကိုပါ မြေပုံမြို့နယ်မှာ ဖြန့်ဝေသွားဖို့စီစဉ်ထားပါတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့တွင် ကူညီခဲ့ပုံနှင့် ပတ်သက်ပြီးလည်း ဦးအေးသာအောင်က ယခုကဲ့သို့ ပြောသည်။

"ကျောက်ဖြူမှာက အိမ်တွေ အပျက်အစီး သိပ်မရှိဘူး။ သူတို့ အဓိက အခက်အခဲတွေ့နေရတာက အစားအစာ ပြဿနာပါ။ စပါးခင်းတွေ အကုန်လုံး
ပျက်စီးသွားတဲ့အတွက် စားနပ်ရိက္ခာ သူတို့မှာ လုံးဝ မရှိဘူး။ ဒါကြောင့် အကူအညီပေးတဲ့ အဖွဲ့တွေက ထောက်ပံ့တဲ့ ဆန်တွေနဲ့ဘဲ မျှဝေ စားသောက်
နေကြရတယ်။"

၎င်းပြင် ကျောက်ဖြူမြို့နယ်ရှိ လေဘေးသင့် ဒေသများတွင် တာတမံများ အားလုံးပျက်စီးသွားသဖြင့် အဆိုပါ တာတမံများကို အချိန်မှီ ပြုပြင်ရန်
လိုအပ်နေကြောင်းသူကပြောသည်။

" အဓိက လူထုတွေ စိုးရိမ်နေတာက နောက်နှစ်မှာလည်း စပါး မစိုက်ပျိုးနိုင်ဘဲ အခက်တွေ့ရမှာကို ဖြစ်ပါတယ်။ တာတမံတွေ အကုန်လုံး ကျိုးပျက်သွားတဲ့ အတွက်
အဲဒီတာတမံတွေကို အချိန်မှီ ပြန်မဆည်နိုင်ရင် နောင်လာမယ့် မိုးရာသီမှာလည်း စပါး စိုက်ပျိုးနိုင်မှာ မဟုတ်ဘူး။ ဒီနှစ်မှာလည်း လေမုန်တိုင်းကြောင့် စပါးခင်းတွေ
အကုန်လုံး ပျက်စီးသွားခဲ့တယ်။ နောင်နှစ်မှာလည်း စပါး မစိုက်ပျိုးနိုင်ဘူးဆိုရင် လူတွေအတွက် အခက်အခဲ အများကြီး ကြုံနိုင်တဲ့ အတွက် လေဘေးသင့်
ပြည်သူတွေ အထူးလိုလားနေတာက တာတမံတွေကို ပြန်လည်ဆည်ဖို့ရေးဘဲ ဖြစ်ပါတယ်။"

၎င်းပြင်လယ်သမားများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို ပြန်လုပ်ကိုင်ရန် အရင်းအနှီးငွေများ မရှိသည့် အပြင် မျိုးစပါးများလည်း မရှိဖြစ်နေကြောင်း


သိရသည်။

ယခုကဲ့သို့ လယ်သမားများ ဘက်ပေါင်းစုံ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော်လည်း နိုင်ငံတော် အစိုးရပိုင်းက ကူညီမူများ မရှိဘဲ ဖြစ်နေကြောင်း
ဦးအေးသာအောင်က ပြောသည်။

"အန်ဂျီအိုတွေကတော့ လာရောက်ကူညီတာတွေ ရှိတယ်လို့ ဒေသခံတွေ ပြောပေမယ့် သူတို့ ဒေသတွေမှာ အစိုးရက လာရောက် ကူညီတာတွေ မရှိဘူးလို့
ဒေသခံတွေက ပြောပါတယ်။"

" ဦးအေးသာအောင် ဦးဆောင်သော လေဘေး ကူညီရေး အဖွဲ့သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို ဒီဇင်္ဘာလ ၁၅ ရက်နေ့ကပင် စတင်ရောက်ရှိလာခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည် ထောက်ပံ့သော ကျပ်သိန်း ၁၀၀ နှင့် တခြား အဖွဲ့ချုပ် အဖွဲ့ဝင်များ ကူညီသော သိန်း ၅၀၊ စုစုပေါင်း သိန်း ၁၅၀ကို လေဘေးသင့်
ရခိုင်ပြည်သူများအား ဖြန့်ဝေ ပေးနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် လေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေး ပစ္စည်းများကို ဒေသ အာဏာပိုင်များက ၎င်းတို့၏ ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်နေသဖြင့်
ယခုကဲ့သို့ တိုက်ရိုက် လာရောက် လှူဒါန်းမူ အပေါ် ပြည်သူများက လိုက်လှဲ ၀မ်းသာစွာ ကြိုဆိုကြကြောင်း သတင်း ရရှိသည်။

ဦးအေးသာအောင် ဦးဆောင်သော လေဘေး ကူညီရေး အဖွဲ့တွင် ဦး ထောင်ကိုထန်း၊ ဒေါ်မေ၀င်းမြင့်၊ ဦးအောင်ကြည်ဝင်း၊ ကိုမျိုးကျော်တို့ ပါဝင်ကြောင်း
သိရသည်။

ဂီရိပြီးနောက် ငပလီကမ်းခြေ နိုင်ငံခြား ဧည့်သည်များ လာရောက် လည်ပတ်မူ များပြား

12/17/2010

Adjust font size:

------------
ကိုစံလင်း
------------
ဂီရိမုန်တိုင်းကြောင့် နိုင်ငံခြား ဧည့်သည်များ လာရောက် လည်ပတ်မူ လျော့ကျခဲ့ရသော ရခိုင်ပြည်နယ်မှ နာမည်ကျော် ငပလီ ကမ်းခြေတွင် ယခုအခါ လာရောက်
လည်ပတ်သူ အထူး တိုးတက် များပြား လာကြောင်း သတင်း ရရှိသည်။

“ ဂီရိမုန်တိုင်းကြောင့် နိုင်ငံခြားသားတွေ မလာသလောက်ရှိသွားရာကနေ အခုတော့ လာရောက်လည်ပတ်သူ နိုင်ငံခြားသားတွေက သိသိသာသာ တိုးတက်


များပြား လာတာကို တွေ့ရပါတယ်” ဟု ဧည့်လမ်းညွန် လုပ်နေသူ သံတွဲ ကိုကျော်စိုးက ပြောသည်။

ငပလီတွင် နှစ်စဉ်နှစ်တိုင်း အောက်တိုဘာမှ စတင်ပြီး နိုင်ငံခြားသားများ လာရောက် လည်ပတ်မူ ရှိသော်လည်း ယခုနှစ်တွက် ဂီရိ မုန်တိုင်းကြောင့် ဒီဇင်္ဘာလမှ စပြီး
လာရောက်လည်ပတ်ခဲ့ကြသည်ဟု သိရသည်။

ဟိုတည် တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း ''အောက်တိုဘာလက ခရီးသွားရာသီ အစဖြစ်ပေမယ့် မုန်တိုင်း တိုက်ခတ်ပြီး တစ်လလုံးနီးပါး နိုင်ငံခြားသား
ဧည့်သည် ဝင်ရောက်မှု မရှိသလောက်ပါပဲ။ လာဖို့ ဘွတ်ကင် လုပ်ထားကြတဲ့ ဧည့်သည်တွေလဲ ရက်ရွှေ့ဆိုင်းတာတို့၊ ခရီးစဉ် ဖျက်သိမ်းတာတို့ ရှိတယ်။ နောက်ပြီး
မုန်တိုင်းကြောင့် လေကြောင်းလိုင်းတွေ အသွားအလာတွေ ရပ်တန့်ခဲရတာတွေ ရှိသလို ကားလမ်းတွေလည်း ကျိုးပျက်သွားတဲ့ အတွက် အသွားအလာ လုံးဝ
ရပ်တန့် သွားခဲ့တာတွေ ရှိခဲ့ပါတယ်။ အခုလမှစပြီး နိုင်ငံခြား ဧည့်သည့်ဝင်ရောက်မှု နှုန်းက တိုးလာပါတယ်။ ခရီးသွား ရာသီအလယ် ဖြစ်တဲ့ ဒီဇင်ဘာ၊
ဇန်နဝါရီလတွေမှာတော့ ပိုတိုးလာနိုင်ပါတယ်''ဟု ပြောသည်။

နှစ်စဉ်အောက်တိုဘာလမှ ဧပြီလအထိ ငပလီကမ်းခြေသို့ ကမ္ဘာလှည့်ခရီးသည်များ အမျာအပြား လာရောက်လေ့ရှိကြပြီး ဧည့်သည်များ၏ ၆ဝ ရာခိုင်နှုန်းမှာ


နိုင်ငံခြား ဧည့်သည်များဖြစ်ပြီး ၄၀ ရာခိုင်နုန်းမှာ ပြည်တွင်း ဧည့်သည်များ ဖြစ်ကြသည်။ နိုင်ငံခြား ဧည့်သည်များမှာ ကုန်းလမ်း ခရီးထက် လေကြောင်းခရီးဖြင့်
လာရောက် လည်ပတ်ကြကြောင်း သိရသည်။

http://www.narinjara.com/burmese.asp
မြန်မာနိုင်ငံတွင် ကမ္ဘာသိနာမည်ကျော် ဘိန်းဘုရင် မရှိတော့သော်လည်း မူးယစ်ဆေးတိုးပွားနေ

Friday, 17 December 2010 17:19 သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံတွင် ခွန်ဆာတို့ကဲ့သို့ ကမ္ဘာကျော် ထိပ်တန်း ဘိန်းဘုရင် မရှိတော့သော်လည်း မူးယစ်ဆေးဝါး ထုတ်လုပ် သုံးစွဲမှု တနှစ်ထက်တနှစ် ပိုမိုများပြားလာ
ကြောင်း စုံစမ်းသိရှိရပါသည်။

ဘိန်းဘုရင်ဟောင်း ဦးခွန်ဆာ (ဓါတ်ပုံ - SHAN)

“အရင်တုန်းကတော့ ခွန်ဆာပေါ့၊ ပြီးတော့ဝှေ့ရှော်ကန်း၊ ဒါပေမယ့်အခု ဝှေ့ရှော်ကန်းခေတ်မဟုတ် တော့ဘူး။ကနေ့ ခေတ်ကတော့ ပြည်ပက


သိပ်မသိသေးတဲ့မူးယစ်ရာဇအသစ်တွေများလာတယ်။ အဲကြောင့် အမေရိကန် တို့ ထိုင်းတို့က သူတို့အရင်ကသိထားတဲ့ ဝှေ့ရှော်ကန်းကိုဘဲ
ဖမ်းဝရမ်းဆက်ထုတ်နေရတာပေါ့”- ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်းကပြောပါသည်။

လက်ရှိသျှမ်းပြည်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသူများမှာ နအဖကျောထောက်နောက်ခံပြု ပေးသည့် ပြည်သူ့ စစ်ခေါင်းဆောင်များဖြစ်ကြောင်း၊


ဘိန်းစိုက်ပျိုးဧရိယာနှစ်ဆတိုးလာခြင်းမှာလည်း ပြည်သူ့စစ်များနှင့် ဗမာစစ်တပ် တိုက်ရိုက်ထိန်းချုပ်သည့် နယ်မြေများတွင်သာဖြစ်ကြောင်း၊
စိတ်ကြွဆေးပြားထုတ်ရာတွင်လည်း အရင် နှစ်များက အပစ်ရပ်တပ်ဖွဲ့ အချို့ထုတ်လုပ်သည့် အရည်အသွေးနှင့်အရည်အတွက်ထက်လက်ရှိ ပြည်သူ့ စစ်
များကအပြိုင်ထုတ် လာနိုင်ကြောင်း၊ သယ်ယူရောင်းချရာတွင်လည်း ပြည်သူ့စစ်မဟုတ်ပါက ဈေးကွက်သို့မထိုးဖေါက်နိုင် တော့ကြောင်း - သျှမ်းပြည်တွင်း
မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာသူ တဦးကပြောပြပါ သည်။

“ကျနော် ရာဘစွဲလို့ ကျနော့်မိဘ က ထိုင်းကိုလွတ်လိုက်တာ ၃ လ ရှိပြီ၊ အခု ဆေးတော့ ဖြတ်နိုင်ပြီ။ ဒါပေမယ့် ကျနော်တို့မြို့မှာ ရာဘပေါတဲ့အကြောင်း
ပြောပြချင်တယ်၊ မနှစ်က သျှမ်းနှစ်သစ်ကူးပွဲမှာ ရာဘကို ချိုချဉ်ဝေသ လို လက်ဆင့်ကမ်းဝေတာ။ ဒီနှစ်လဲ အဲလိုဘဲတဲ့” - ဟု အသက် ၁၉ နှစ်ရှိ စိုင်းခမ်းစိုင်း
ကပြောပါသည်။

UWSA ၀ ပြည်သွေးစည်းရေးတပ်မတော်ခေါင်းဆောင်ပိုင်းတဦးဖြစ်သူ ဝှေ့ရှော်ကန်းအား ဖမ်းမိပါက အမေရိကန် ဒေါ်လာ ၂ သန်းအထိ ဆုငွေပေးမည်ဟု


အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA နှင့် ထိုင်းမူးယစ် နှိမ်နင်းရေး အဖွဲ့တို့က ဆယ်နှစ်ခန့်ကတည်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဝေ့ရှော်ကန်းပုံပါသည့် ဘီယာ ခွက်၊ မီးခြစ် များနှင့်တခြားလက်ကမ်းစာစောင်များဖြင့် ထိုင်းမြန်မာနယ်စပ်ဒေသတလျှောက်ဖြန့်ဝေထားကြောင်း ဘန်ကောက် ပိုစ့်
သတင်းကိုကိုး၍ ဗွီအိုအေ သတင်းဌာနကပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကသတင်းထုတ်ပြန်ခဲ့ပါသည်။

နအဖ စစ်အာဏာာပိုင်တို့ စိတ်ကြိုက်ရွေးခြယ်ခဲ့သော ရွေးကောက်ပွဲ အနိုင်ရ ကြံ့ဖွတ်ပါတီဝင်အောက်ပါလွှတ်တော် ကိုယ်စားလှယ်များသည် - နာမည်ကျော်


မူးယစ်ရာဇာများဖြစ်ကြောင်းဒေသခံပြည်သူများအကြား ရေပန်းစားအသိ အမှတ်ပြု လက်ရှိသည်။

တရုတ် - မြန်မာ ကုန်သွယ်ရေးလမ်းတွင် ကုန်တင်ခ ဈေးများ ထပ်တက်

Friday, 17 December 2010 17:17 သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာနယ်စပ် အဓိကကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် မူစယ် - မန္တလေးလမ်းတွင် ယာဉ်ပေါ်ပါ ကုန်အ လေးချိန်များ သတ်မှတ်လိုက်ပြီး နောက်ပိုင်း
မူစယ် - မန္တလေးလမ်း အတက်အဆင်းပေါ် မူတည်၍ ကုန်တင်ခဈေးနှုန်းများ ၂ ဆမှ ၃ဆ ၀န်းကျင်ခန့် တက်လာကြောင်း သိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့မှ စ၍ ယာဉ်ပေါ်တင်ရမည့် ကုန်အလေးချိန်များကို ယာဉ်အကြီးအသေးအလိုက် သတ်မှတ် လိုက်ကြောင်း မူစယ်-


မန္တလေးကုန်ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကားပေါ်တင်ရမဲ့ ကုန်အလေးချိန်ကတ္တားတွေ သတ်မှတ်ချက်ထွက်လာတယ်လေ ၈ ရက် ၁၂ လကနေစပြီး ထွက်တာ ၁၂ ဘီး ကားဆိုရင် ကုန်ရောကားရောအပါ


တန် ၃၀ ပေါ့ ၁၀ဘီးကားဆိုရင် ၂၅ တန်ပေါ့ ၆ ဘီးကား ဆိုရင် တန် ၂၀ပေါ့ အဲဒီ အ လေးချိန်သတ်မှတ်ချက်အတိုင်းတင်ခိုင်းတာ ” ဟု ကားသမားတစ်ဦးက
ပြောသည်။

ထိုသို့ သတ်မှတ်ပြီးနောက် ကုန်တင်ခများမှာ ယခင် မူစယ်မှမန္တလေး တစ်ပိဿာ ကျပ် ၆၀ ရှိရာမှ ယခုကျပ် ၁၀၀ ၀န်း ကျင်နှင့် ယခင် မန္တလေးမှ မူစယ်
တစ်ပိဿာ ၂၅ ကျပ် မှ ယခု ကျပ် ၇၀ ၀န်းကျင်အထိ တက်လာ ကြောင်း သိရသည်။
“လောလောဆယ်တော့ ကုန်ဈေးနူန်းတက်တာပေါ့ဗျာ ကားခက ဒီကနေအဆင်းဆိုရင် အရင်တစ်ပိဿာ ၆၀ ကနေ ၁၀၀ လောက်ဖြစ်သွားတာပေါ့
ဟိုဘက်အတက်ကတော့ အရင်တုန်းက တစ်ပိဿာ ၂၅ လောက်ပဲရှိတယ် အခု ၇၀ လောက် ဖြစ်သွားတာပေါ့ ” ဟု ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ
ဒေသခံကုန်သည်တစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း ယာဉ်တန်ပိုတင်မှုအပေါ် ပထမအကြိမ် ကန့်သတ်မှု ပြုလုပ်ခဲ့ရာ အရေးယူမှု မရှိသေးကြောင်း ယခုတစ် ခေါက် သတ်မှတ်ချက်ကို မလိုက်နာပါက
အရေးယူခံရမည်ဖြစ်ကြောင်း စောစောက ယာဉ်မောင်းက ပြောသည်။

“အရင်တစ်ခေါက် သတ်မှတ်တာက အရေးမယူဘူး ၀မ်နိမ်ပေးရုံပဲပေါ့ အမှတ်တွေခြစ်တာပေါ့နော် တစ်ခြစ် နှစ်ခြစ် သုံးခြစ် ပေါ့ အခုကတော့ အရေးယူမယ်
လာရင်လည်း လုံးဝကို မပေးဖြတ်တော့ဘူး ” ဟု သူက ဆိုသည်။

ယာဉ်တင်ခ ဈေးနူန်းများတက်လာခြင်းသည် ကုန်ဈေးနူန်းတက်လာစေနိုင်ပြီး ကုန်သည်နှင့်ကားသမားများထက် စားသုံးသူ ကိုသာ ထိခိုက်စေမည် ဖြစ်ကြောင်း


ကုန်သည်က ဆိုသည်။

“ကုန်သည်တွေကတော့ ဈေးတက်ရင်လိုက်တက်လိုက်ရုံပဲပေါ့ လောလောဆယ်အခိုက်အတန့်လေးမှာ နဲနဲလေး ရပ်သွား တာ ပဲရှိမယ် ကားသမားတွေလည်း


သိပ်ပြဿနာမရှိဘူးပေါ့နော် နောက်ဆုံးတော့စားသုံးသူပဲခံရမှာပေါ့ ” ဟု ဆိုသည်။

တရုတ် - မြန်မာ နယ်စပ် မူစယ် - မန္တလေး ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် တရုတ်ဘက်မှ လျှပ်စစ်ပစ္စည်း မျိုးစုံ၊ ယာဉ်အပိုပစ္စည်းများ၊
လူသုံးအိမ်သုံးကုန်ပစ္စည်းမျိုးစုံ၊ ဆောက်လုပ်ရေးပစ္စည်း၊ ဓါတ်မြေသြဇာများ မြန်မာဘက်သို့ တင်သွင်းပြီး မြန်မာဘက်မှ ရာသီပေါ်သီးနှံများ၊ လယ်ယာထွက်ကုန် နှင့်
ရေထွက်ကုန်များ တင်ပို့ကြောင်း သိရသည်။

http://www.mongloi.org/burmese

အာဏာကို ဘယ်သူပိုင်သလဲ

Posted by admin on December 17th, 2010

တပ်မတော်အတွင်းက အလယ်အလတ်တန်းစား အရာရှိများရဲ့ လက်ရှိစစ်ခေါင်း ဆောင် ကြီးများ အပေါ်မှာထားတဲ့ သဘောထားအမြင်များနဲ့


ရပ်တည်ချက်တွေအကြောင်း ကျနော်ရေးသားဖော်ပြခဲ့တဲ့ “မဇ္ဈိမလှိုင်းခတ်သံ” ဆောင်းပါးနဲ့ပတ်သက်ပြီး စာဖတ်သူ အချို့ထံမှ သဘောထားထင်မြင်ချက်များကို
လက်ခံရရှိပါတယ်။ သဘောထားထင်မြင် ချက် ပေးပို့သူများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုအပ်ပါတယ်။

တပ်မတော်ထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာအဖြစ်သနစ်တွေ၊ တပ်မတော်သား တွေရဲ့ ခံစားချက် ရပ်တည်ချက်တွေကို ကျနော်ရေးသားဖော်ပြနေတာဟာ


တပ်မတော် နဲ့ပြည်သူလူထုအကြား အမှန်တရားဆိုတာကို နားလည်မှုရှိရှိ ပုံဖော်သွားနိုင်ဖို့ ရည်ရွယ် ချက်နဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ရေးသားချက်တွေဟာ
ကျနော် နေ့စဉ်ဖြတ်သန်း ကြုံတွေ့နေရတဲ့ တပ်ထဲကအဖြစ်အပျက်တွေ၊ ခံစားချက် အမြင်တွေသာ ဖြစ်ပြီး ကျနော် ကိုယ်တိုင်ကလည်း စစ်မှုထမ်းတစ်ဦး
ဖြစ်နေတာကြောင့် ပြည်သူ လူထု ဘက်က အမြင် မဟုတ်တာ သေချာပါတယ်။

ကျနော်ရေးတဲ့စာတွေကို ဖတ်ပြီး တုန့်ပြန်ရေးသားလာတဲ့ ရှုထောင့်အမြင်တွေကသာ လျှင် ပြည်သူလူထုရဲ့ သဘောထားကို သေသေချာချာ


ထင်ဟပ်ဖော်ပြနိုင်ပါတယ်။ ဒီ အတွက် တုန့်ပြန်လာတဲ့သဘောထားအမြင်များကို လိုလိုလားလား လက်ခံကြိုဆိုပါ တယ်လို့ ပြောလိုက်ရတာပါ။ အမှန်ဆိုရင်တော့
တပ်မတော်နဲ့ ပြည်သူကြားမှာ ရှိနေတဲ့ သံသယတွေကို တပ်မတော်သားတွေနဲ့ ပြည်သူလူထုမျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်း လင်း ဆွေးနွေးပစ်ဖို့ကောင်းတာ။

ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုတရပ်လုံးဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် မှာ ရာစုနှစ် တ၀က်လောက် နေထိုင်လာရတာဆိုတော့
စစ်တပ်နဲ့ပတ်သက်ရင် ခံစား ချက်မကောင်းတာ၊ ယုံကြည်မှုမရှိတာ သဘာဝကျပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲခံစားခဲ့ရပါတယ်။
စစ်တပ်ထဲရောက်ပြီးနောက်ပိုင်း စရိုက်အမျိုးမျိုး စိတ်ဓာတ်အ မျိုးမျိုး ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံလာရတဲ့ အခါ လူနဲ့လူချင်း ခွဲခြားသိမြင်မှုတွေရှိလာ တယ်။
အရင်တုန်းကတော့ စစ်ယူနီဖောင်းမြင်ရင်ပဲ စိတ်ထဲမှာ အလိုလိုဒေါသဖြစ်နေမိ တာ။ ဒါပေမယ့် ကျနော့် စိတ်ထဲမှာ ဒီနေ့အထိ စွဲမြဲနေတဲ့ အချက်ကတော့
စစ်အုပ်ချုပ် ရေး မကောင်းဘူးဆိုတာပါပဲ။ တသွေးတသံတမိန့် အုပ်ချုပ်ရေးအောက်မှာ ပြည်သူလူထု ဘယ်လို လွတ်လပ်မှုရှိပါ့မလဲ။ မြန်မာပြည်သူလူထုအဖို့
ပြောပြစရာမလိုလောက်အောင် ခါးသီးမှုတွေ ခံစားနေရတာ အထင်အရှားပါပဲ။

ဒါကြောင့်မို့ စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်းပျောက်ကွယ်သွားဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတရပ် တော့ မဟုတ်ပါဘူး။ သို့သော်လည်း မဖြစ်နိုင်တဲ့ အရာလည်းမဟုတ်ပါဘူး။


ပြည်သူလူ ထုရော စစ်တပ်ထဲက ပုဂ္ဂိုလ်တွေပါ အတူတကွ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာပါ။ ပူး ပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းကိုလည်း
နိုင်ငံရေးခေါင်းဆောင်တွေ ကြံဆလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ယနေ့တိုင် အောင်မြင်မှု မရသေးတာလည်း အထင်အရှား ပါပဲ။ ဒီလိုဖြစ်နေရတာဟာ
တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု အခိုင်အမာ မတည်ဆောက် နိုင်သေးလို့ပါပဲ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု ပေါင်းစည်းမိသွားမှာကို စစ်
ခေါင်းဆောင်ကြီးတွေ အစိုးရိမ်ဆုံးပါ။

၁၉၈၈ ဒီမိုကရေစီ အရးတော်ပုံကြီးမှာ လက်နက်ကိုစီနဲ့ ဆန္ဒပြဖို့ ထွက်လာတဲ့ စစ်သည် တွေကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ဖျောင်းဖြပြောဆိုပြီး
တပ်မှာသေနတ်တွေ ပြန်အပ်ခိုင်းတာကို မှတ်မိကြမှာပါ။ စစ်တပ်ထဲမှာ အကြပ်အတည်းတွေ့ချိန်၊ ထိန်းသိမ်းရ ခက်ခဲချိန်မှာ ဒီမိုကရေစီရေး ခေါင်းဆောင်တွေက
ထွက်ပေါက်ပေးသလိုဖြစ်သွားပါ တယ်။ ၁၉၄၉ ခဝဲခြံ တိုက်ပွဲဖြစ်ပွားစဉ်ကလည်း ဒီအခြေအနေမျိုးဖြစ်ခဲ့ပုံရပါတယ်။ လူထု ခေါင်းဆောင်တွေကသာ
စစ်ခေါင်းဆောင်တွေအပေါ် မပြတ်သားတာပါ။ စစ်ခေါင်း ဆောင်တွေကတော့ ပြတ်သားလွန်းလို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု နာလန်မထူနိုင် အောင်
ဖြစ်နေရပါတယ်။ တကယ်တမ်းမှာလည်း လူထုအုံကြွမှု အထွတ်အထိပ်ကို ရောက်လာလို့ စစ်တပ်ထဲက မကြေနပ်မှုတွေ လမ်းပေါ်ရောက်လာတာပါ။ ပုံမှန်အခြေအ
နေမှာဆိုရင် ကြိတ်မှိတ်ခံစားနေကြတာများပါတယ်။

နောက်တခုကလည်း စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေဟာ ယူနီဖောင်းဝတ်အချင်း ချင်းထက် လူထုခေါင်းဆောင်တွေပေါ်မှာ


ပိုပြီးစိုးရိမ်ထိတ်လန့်တတ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ စစ်ဗိုလ်တစ်ဦးရဲ့ အာဏာစက်က အကန့်အသတ်ရှိပြီး လူထုခေါင်း ဆောင် တဦးရဲ့ အရှိန်သြဇာကတော့
အတိုင်းအဆမရှိ လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့်မို့ စစ်တပ်နဲ့ ပြည်သူလူထု နီးစပ်မှုမရှိအောင် “တပ်မတော်သာ အမိ တပ်မတော်သာ အဖ” ဆိုပြီး အတင်းဝါဒဖြန့်
ရိုက်သွင်းနေတာပါ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု အ နေစိမ်းလေ မသင့်မမြတ်ဖြစ်လေ သူတို့ရဲ့အာဏာ ကုလားထိုင်တည်မြဲလေပဲပေါ့။

ဥပမာ-အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ ကိစ္စကိုကြည့်ပါ။ ယနေ့ထက်တိုင် ပြည်တွင်းပြည် ပမှာ သောသောညံအောင် ပြောဆိုနေကြတာက ပြည်သူလူထု


အဓမ္မလုပ်အားပေး စေ ခိုင်းခံရတဲ့ ကိစ္စပါ။စစ်တပ်တွင်းမှာလည်း အဓမ္မလုပ်အားပေး ကိစ္စရှိတယ်လို့ပြောရင် ယုံ ကြမှာတောင် မဟုတ်ပါဘူး။ တပ်တည်ဆောက်ရေး
လုပ်ငန်းကြီး (၃) ရပ် ဆိုတာရှိပါ တယ်။ (၁) စစ်တိုက်ရန် (၂) စစ်တိုက်ရန်မရှိက လေ့ကျင့်ရေး ပြုလုပ်ရန် (၃) လေ့ကျင့် ရန်မရှိက ပြည်သူ့အကျိုးပြု
လုပ်ငန်းလုပ်ရန်- စတာတွေဖြစ်ပါတယ်။ လမ်းဖောက်၊ ဆည်ဆောက်လုပ်ငန်းတွေမှာ စစ်သည်တွေ ပါဝင်လုပ်အားပေးနေတာတွေ့ဖူးကြမယ် ထင်ပါတယ်။
အဲဒီအတွက် လုပ်အားခ တပြားတချပ်မှ မရပါ။

ကျနော်တို့နဲ့ သင်တန်းမှာ ဆုံကြတဲ့ အာမီ (ကြည်းတပ်) စစ်သားတွေက “ရှေ့တန်းထွက် နေရတာ၊ သင်တန်းတက်ရတာ ပျော်တယ်။ နောက်တန်းမှာဆိုရင်
လုပ်အားပေးသွားရ တာနဲ့ နားရတယ်လို့ မရှိဘူး။” လို့ပြောကြတယ်။ ကျနော်တို့ရေတပ်မှာလည်း ဒီအတိုင်း ပါပဲ။ တပ်သစ်တွေမှာဆိုရင် ပိုဆိုးတယ်။
လမ်းဖောက်မြေညှိတဲ့အလုပ်တွေကို ရဲဘော် လုပ်အားနဲ့ တည်ဆောက်ကြတာ။ တချို့ရဲဘော်တွေဆိုရင် ပင်ပမ်းဒဏ်ပိတာက တမျိုး ငှက်ဖျားကြောင့် တစ်မျိုး
သေကြရတယ်။ ကိုယ်တိုင် ပင်ပင်ပမ်းပမ်းလုပ်ထားဖူးတဲ့ စစ် သားက လူထုလုပ်အားပေးကို ဦးစီးကွပ်ကဲရတဲ့အခါ “ငါတောင်လုပ်ခဲ့သေးတာ သူတို့လဲ လုပ်ရမှာပေါ့”
ဆိုတဲ့ စိတ်မျိုး ၀င်လာတတ်ပါတယ်။ ကိုယ်ချင်းစာစိတ်ရှိတယ်ဆိုတာက တဦးချင်းအသိနဲ့ ဆိုင်ပါတယ်။ တိုင်းပြည်အတွက် လုပ်ရတာဆိုပြီးတော့ လူထုနဲ့ တပ်မ
တော်အကြား စိတ်ဝမ်းကွဲသွားတယ်။ တကယ်ကျတော့ သူအကျိုးလည်းမဟုတ်၊ ကိုယ့် အကျိုးလည်းမဟုတ် အားလုံးရဲ့ ဂုတ်ပေါ်မှာ ခွစီးထားတဲ့
ဗိုလ်ချုပ်ကြီးတွေကတော့ တုပ် တုပ်မှမလှုပ်။ သူတို့မဟုတ်သလို။ သူတို့မလုပ်သလို။ စစ်တပ်အောက်ခြေပိုင်း အရာရှ/ိ စစ်သည်တွေကသာ ပြည်သူလူထုနဲ့
တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတာပါ။

ကျောက်ဖြူမှာ ဓည၀တီ ရေတပ်စခန်း ဌာနချုပ် တည်ဆောက်ခါစတုန်းကဆိုရင် ဒုဗိုလ် မှူးကြီးတွေက သစ်တုံးမ,ပေးရတယ်။ ဗိုလ်ကြီးတွေက


ကျောက်ထမ်းရတယ်။ ရဲဘော် တွေဆိုတာ မပြောပါနဲ့တော့။ ကျွန်တော့်သူငယ်ချင်းတယောက်ဟာ အလုပ်ကပင်ပမ်း၊ အစားအသောက်ညံ့လွန်းတော့ အားနည်းပြီး
အဖျားဝင်သွားတာ ရောဂါအတော်ကျွမ်းမှ ကျောက်ဖြူဆေးရုံကတဆင့် မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ပေးရတယ်။ ဆေးရုံကဆင်းတော့ သူ့အိမ်မှာ
တလလောက်ပြန်နားပြီး အားမွေးယူရတယ်။ အခုတော့ အဲဒီသူငယ်ချင်း တပ် ကထွက်ပြေးသွားပါပြီ။ ဟိုင်းကြီးရေတပ်စခန်းမှာလည်း ရဲဘော်တွေလုပ်အားနဲ့
ပုဇွန်မွေး မြူရေးကန်တွေတူးပြီး ဌာနချုပ်မှူးက ပုဂ္ဂလိက လုပ်ငန်းရှင်ကို ရောင်းစားတာရှိခဲ့ဖူးပါ တယ်။

ကျနော်ပြောချင်တာက စစ်တပ်အပေါ် အကောင်းမြင်သက်သက်မဟုတ်သလို အဆိုးမြင် ချည်းလည်း မမြင်မိဖို့ပါပဲ။ စစ်တပ်ထဲမှာ အတန်းအစားအမျိုးမျိုး၊


စရိုက်အမျိုးမျိုး ရှိပါ တယ်။ သေချာတာက တပ်မတော်သား အများစုဟာ ဒီိမိုကရေစီဆိုတဲ့ စကားလုံးနဲ့ အ လှမ်းဝေးနေပေမယ့် လွတ်လပ်မှုကိုတော့
နှစ်သက်မြတ်နိုးကြပါတယ်။

ဒီတော့ စစ်တပ်ကိုချဉ်းကပ်တဲ့နေရာမှာ တဦးချင်းဖြစ်ဖြစ်၊ အစုလိုက်ဖြစ်ဖြစ် ကိုယ်နဲ့ နီး စပ်ရာကနေ အစပြုသင့်ပါတယ်။ NLD လူငယ်တွေ အမှတ(် ၂) စစ်ဆေးရုံမှာ
သွေးလှူ ဒါန်းတာကောင်းပါတယ်။ အဲဒီမှာ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေ တက်ရောက် ကု သတာ မဟုတ်လား။ အပြောင်းအလဲဖြစ်ဖို့အတွက်
စစ်တပ်တခုလုံးက ထောက်ခံလာ ဖို့တော့ မျှော်လင့်လို့မရပါဘူး။ သို့သော် စစ်တပ်အတွင်းက အစိတ်အပိုင်း တခုနဲ့ ယုံ ကြည်မှုတည်ဆောက်ထားနိုင်ရင်
ရှေ့ခရီးဆက်လို့ရပါပြီ။ အထူးသဖြင့် အင်အားထု ထည်ကြီးမားပြီး ပြည်သူလူထုနဲ့ နီးစပ်မှုရှိတဲ့ အောက်ခြေထုကို ဦးတည်ချက်ထားသင့် ပါတယ်။
အထက်အမိန့်ဆိုတာ နာခံမယ့်သူ ရှိမှ အကျိုးသက်ရောက်ပါတယ်။ ဆိုဗီယက် ပြည်ထောင်စု အာဏာပြိုကွဲသွားပုံကိုကြည့်ပါ။

ကျနော့်အတွေ့အကြုံကိုပြောရရင် စစ်တပ်ထဲမှာ အောက်ခြေထုညီညွှတ်တဲ့အခါ အ ထက်အရာရှိတွေ အလျှော့ပေးရပါတယ်။ တခါက စစ်ရေယာဉ်တစီးမှာ


စစ်သည်တွေ အားလုံးညှိပြီး အိပ်နေကြလို့ ရေယာဉ် စက်နှိုးဖို့ အခက်အခဲရှိပြီး စစ်ရေယာဉ်မှူး အခက် ကြုံရဖူးပါတယ်။ ကိုယ့်ဖက်ကအားနည်းရင်
အလျှော့ပေးစေ့စပ်မှုလုပ်တာဟာ စစ်ခေါင်း ဆောင်တွေရဲ့ စရိုက်သဘာဝဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှုမရတဲ့ အစိုးရတစ်ရပ်ဟာ စစ်တပ်အောက်ခြေထုကပါ အ မိန့်မနာခံတော့ဘူးဆိုရင် ဘယ်လိုအာဏာရှိတော့မှာလဲ။ စစ်ဗိုလ်ချုပ်ကြီးတွေ


တန်ခိုး ထွားနေတာဟာ အနုမြူလက်နက်ကြောင့် မဟုတ်ဘဲ သူတို့အမိန့်အတိုင်း အကောင်အ ထည်ဖော် ဆောင်ရွက်ပေးနေတဲ့ လက်အောက်ခံ အရာရှ/ိ
စစ်သည်တွေကြောင့်သာ ဖြစ် ပါတယ်။ “ပြည်တင်းမင်းမခံနိုင်” ဆိုတဲ့ မြန်မာဆိုရိုးစကားပုံကိုလည်း ရှိတယ်မဟုတ်ပါ လား။

တပ်ကြပ်ကြီး – နေမင်းသူ

၁၇-ဒီဇင်ဘာ-၂၀၁၀

ဒီကေဘီအေ နဲ့ နအဖ နိုဝင်ဘာ ၁၇ ရက်နေ့ ညတိုက်ပွဲ

Posted by admin on December 17th, 2010

dkba

ဖလူးဒေသ မင်းလက်ပန်ရွာနားမှာ နအဖ တပ်တွေနဲ့ ဒီကေဘီ အေတပ်ဖွဲ့တွေ နိုဝင်ဘာ ၁၇ ရက်နေ့ညက တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။

နအဖ ခလရ ၃၅၆ စစ်ကြောင်းကို ဖလူးနားက မင်းလက်ပန် ရွာနားမှာ ဒီကေဘီအေ ဗိုလ်ဆန်းအောင် ဦးဆောင်တဲ့ တပ်ဖွဲ့ တွေဟာ နေရာနှစ်နေရာက
စောင်ကြိုပစ်ခတ် တိုက်ခိုက်တဲ့ တိုက်ပွဲတခု ည ၁၁ နာရီမှ ည ၁ နာရီထိ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအခြေအနေကို ဗိုလ်ဆန်းအောင် ပြောပြတာက

“မနေ့ညက နအဖ ခလရ ၃၅၆ က မင်းလက်ပန်က ထွက်လာတယ်လေ အဲကို ကျနော် တို့က စောင့်တိုက်ပစ်လိုက်တာဖြစ်တယ် ၂ နာရီလောက်ကြာသွားတယ်။
သူတို့ဘက်က ၄ ယောက်လောက်ကျသွားလို့ ပြန်ကြားရတယ်”

၂၀၁၀ ရွေးကောက်ပွဲ နေ့ကစလို့ ဒီကေဘီအေနဲ့ နအဖတို့ တိုက်ပွဲကြီးငယ်ပေါင်း ၃၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတလျှောက် ဒီကေဘီအေနဲ့
မဟာမိတ် တပ်တွေဘက်က ၃ ဦးသာ ဒါဏ်ရာအနည်းငယ်ရခဲ့ပြီး၊ နအဖ ဘက်မှ အရာရှိဗိုလ်မှုး တဦးနဲ့ ဗိုလ်ကြီးတဦးအပါဝင် ၃၀ ခန့် တိုက်ပွဲတွင်းကျဆုံးခဲ့ပြီး
ဗိုလ်မှူး (၂) ဦးအပါဝင် (၁၀၆) ခန့် ဒါဏ်ရာရခဲ့တယ်လို့ ကျောင်းသားတပ်မတော် စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်က သုံးသပ်ထားပါတယ်။

http://www.naytthit.net/

ကျောင်းက ကောက်ခံသည့် ငွေမထည့်နိုင်သူများကို ဆရာမက ရိုက်နှက်

အတန်းပိုင်ဆရာမက ကျောင်းသားများထံ ငွေကြေးကောက်ခံရာတွင် မထည့်နိုင်သည့် ကျောင်းသားများအား ရိုက်နှက်မှုကို ပြုလုပ်နေသည့်အတွက်


ကျောင်းသားမိဘများ မကျေမနပ်ဖြစ်နေကြသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အထက (၂) ပဉ္စမတန်း (F)မှ အတန်းပိုင်းဆရာမ ဒေါ်စန်းစန်းဝင်းက ငွေကြေးမထည့်နိုင်သည့် ကျောင်းသားများကို
ရိုက်နှက်ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

“ကျောင်းမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကလေးတယောက်ကို ၁၅၀၀ ကျပ် ကောက်ပါတယ်။ အဲဒါကို (၅) တန်း (F) အခန်းက အတန်းပိုင် ဆရာမက
အတင်းကောက်ခံပြီး ပိုက်ဆံမပေးနိုင်တဲ့ ကလေးတွေအားလုံးကို ရိုက်တာ၊ အဲဒီအတွက် မိဘတွေက မကျေနပ်ကြဘူး” ဟု ပြောသည်။

ကျောင်းသားများထံမှ ကျောင်းသားစုံညီပွဲတော်အတွက် (၅၀၀) ကျပ်၊ ပြက္ခဒိန်ကြေး (၅၀၀) ကျပ်၊ ကျောင်းဆရာမတစ်ယောက် ပင်စင်ယူသွားသည့်အတွက်


ကျောင်းသားတဦးလျှင် (၃၀၀) ကျပ်၊ စာမေးပွဲကြေး (၂၀၀) ကျပ် အသီးသီးကောက်ခံနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပိုက်ဆံကောက်တာက သဒ္ဒါကြေးအနေနဲ့ မကောက်ခံဘဲ အတင်းဓါးမြတိုက်သလို ကောက်ခံနေတာ၊ ကျောင်းစတက်ကတည်းက ကောက်ခံနေတဲ့ အခွန်ခတွေက


အရမ်းများလွန်တဲ့အပြင် ဘာကြေးကို ဘယ်လိုပေးနေရမှန်း မသိအောင် ခဏခဏပေးနေရတယ်” ဟု ကျောင်းသားမိဘတဦးက ဆက်ပြောသည်။

ကျောင်းသားမိဘများအနေဖြင့် ယင်းကဲ့သို့ ကျောင်းဆရာ၊ ဆရာမများ၏ လုပ်ရပ်ကို အထက်ပညာရေး အာဏာပိုင်များထံ တိုင်တန်းလိုသော်လည်း


သက်ဆိုင်ရာအာဏာပိုင်များက လာရောက်စစ်ဆေးမှုသာရှိပြီး အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၎င်းက ဆက်ပြောသည်။

“တိုင်ရင်လည်း သူတို့လူနဲ့ သူတို့ဆိုတော့ အချည်းနှီးဖြစ်မှာဆိုတာကြောင့် မတိုင်ဖြစ်တာ၊ တိုင်လည်း အထက်ကလာစစ်တာဘဲရှိတယ် အရေးယူတာ


တခါမှမတွေ့ဘူးသေးဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် အကျင့်ပျက်ခြစားမှုများစွာရှိပြီး ပညာရေးကို ငွေဖြင့်ပေးဝယ်နေရကာ ငွေကြေးမတတ်နိုင်သည့်အတွက် ကျောင်းထွက်ရသည့်


ကျောင်းသားပေါင်းများစွာရှိကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

http://www.yoma3.org

နအဖနှင့် BGF ပေါင်းပြီး ရွာသားတဦးကို သတ်ဖြတ်

Submitted by Karen Information Center on Friday, 17 December 2010No Comment

ဒီဇင်ဘာလ ၁၇။ နန်းထူးစံ (ကေအိုင်စ)ီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ၀င်ရောက်လှုပ်ရှားနေသည့် နအဖ ခမရ(၅၄၉)မှ ဗိုလ်နိုင်စီ ဦးစီးသည့်အဖွဲ့နှင့် နယ် ခြားစောင့်တပ် (BGF)
တပ်ရင်း(၁၀၁၆)မှ မိုးဒီ ဦးစီးသောအဖွဲ့သည် ယခု ဒီဇင်ဘာလ ၈ရက်နေ့တွင် ထိုဒေသရှိ စက္က၀က်ရွာသား တဦးကို သတ်ပစ်ခဲ့သည်ဟု ဒေသခံများ၏
ပြောပြချက်အရ သိရသည်။

အဆိုပါ သတ်ဖြတ်ခံရသည့် စက္က၀က်ရွာသားမှာ စောထို့ဖိုး ၄၄နှစ်ဖြစ်ပြီး ၎င်း၏လက်ဝယ် လက်နက်ခဲယမ်းများ ထားရှိသည်ဟု စွပ်စွဲကာ နအဖနှင့် BGF
ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၇ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ စစ်ဆေးမေးမြန်းပြီးနောက် သတ် ပစ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံတဦးက
ကေအိုင်စီကို ပြောသည်။

သူက “စောထို့ဖိုးဆီမှာ လက်နက်ပစ္စည်းတွေ ရှိနေတယ်လို့ စစ်တပ်က စွပ်စွဲပြီးတော့ ၇ရက်နေ့မှာ ဖမ်းသွားတာ။ သူတို့ စစ်ဆေး မေးမြန်းတယ်။ ထုတယ်။
ရိုက်တယ်။ သူတို့ (နအဖ၊ BGF)က ပစ္စည်းတွေ လိုက်ရှာတယ်။ မတွေ့တော့။ ၈ရက်နေ့မှာတော့ စောထို့ ဖိုးကို သူတို့သတ်လိုက်တယ်။ အလောင်းကို စက္က၀က်ရွာနဲ့
မနီးမဝေး အောင်လိုင်ရွာရဲ့ အောက်နားမှာ ပြန်တွေ့တယ်။ တော်တော် နှိပ်စက်ထားတာ။ မျက်လုံးတွေ၊ ဦးခေါင်းတွေ ကွဲအက်သွားတယ်။”ဟု ပြောသည်။

စောထို့ဖိုးသည် ယခင်က ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (KPF) ထဲတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း ထိုအဖွဲ့မှ နှုတ်ထွက်ကာ သာမန်အရပ်သားအဖြစ်


နေထိုင်လျှက်ရှိသည်မှာ အတော်ကြာပြီဖြစ်ကြောင်း ထိုဒေသခံက ပြောသည်။

http://www.kicnews.org/

ဦးသန်းရွှေပိုင်ဒေါ်လာများ တရုပ်ဘဏ်များသို့ပြောင်းရွှေ.အပ်၊

Friday, December 17, 2010

ဦးသန်းရွှေပိုင်ဒေါ်လာများ တရုပ်ဘဏ်များသို့ပြောင်းရွှေ.အပ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း ၊ ကရင်လက်နှက်ကိုင်များအား ထိုင်းမှဖိအားပေး

by Ye Thurein Min on Friday, December 17, 2010 at 12:03pm


ရဲသူရိန်မင်း 17၊12၊2010 16း45
ထားဝယ်ရေနက်ဆိပ်ကမ်းက စရပေလိမ့်မည်၊ ထားဝယ်ဆိပ်ကမ်းသည် ကမ္ဘာရေလမ်းကြောင်းတွင် မည်မျှ အရေးပါသနည်း၊ အင်ဒိုချိုင်းနားကျွန်းစွယ်တွင်
ရေအောက်ကျောက်ဆောင်များ ထူထပ်နေခြင်း၊ မလိုအပ်ဘဲ ၄င်းကျွန်းစွယ်အား ကွေ့ပတ်သွားနေရသောကြောင့် ရေလမ်းကြောင်းပို၍ရှည်လျှားသဖြင့်
ကုန်ကျစရိတ်ပိုများခြင်း ဆိုးကျိုးများ ရှိနေရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်ပြီးလျှင် တိုတောင်း၍ တောင်တရုပ်ပင်လယ် နှင့် အိန္ဒိယ သမုဒ္ဒရာသွား သင်္ဘောများ အများဆုံး
အသုံးပြုမည်.လမ်းကြောင်းဖြစ်လာလိမ့်မည်။

ထားဝယ်ရေနက်ဆိပ်ကမ်းမဆောက်လုပ်ခင် အင်ဒိုချိုင်းနားကျွန်းစွယ်အား သင်္ဘောများ ကွေ့ပတ်သွားနေကြရသည့်လမ်းကြောင်းများ

အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုပ် ပင်လယ်ပြင်သွားသင်္ဘောတို့မှာ ရှည်လျှားသော ရေလမ်းကြောင်း မလေးရှား၊ စင်္ကာပူကို ကွေ့ဝိုက်၍သွားနေရပါသည်။


ထားဝယ်မြို.မှ ထိုင်းနိုင်ငံကို ဖြတ်ဖေါက်လိုက်လျှင် ဘန်ကောက်မြို.အနီးသို့ပေါက်ထွက်သွား လိမ့်မည်။
ထို့ကြောင့်ဘန်ကောက်မြီု.သည်လည်းပိုမိုဖွင့်ဖြိုးသွားလိမ့်မည်။ အခြားနေရာများ (အင်ဒိုချိုင်းနားကျွန်စွယ်ကြီးတွင)် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန်
သင့်တော်သောနေရာမရှိပါ။ ပင်လယ်ရေအောက်ကျောက်ဆောင်များကြောင့် ထားဝယ်မြီု.သည်သာ အကောင်းဆုံး အချက်အခြာ အကျဆုံးဖြစ်နေသည်။
ရေလမ်းကြောင်း တိုတောင်းသွားသောကြောင့် တရုပ်၏စီးပွါးရေး ဈေးကွက်သည်လည်းပိုမို ပွင့်လန်းလာမည်။ ထိုအကြောင်းကို သိသော တရုပ်၊ ထိုင်းနိုင်ငံတို့မှ
ထိုရေနက်ဆိပ်ကမ်းအား တည်ဆောက်ရန်အကြိမ်ကြိမ် စစ်ဗိုလ်ချုပ်ကြီးများအား နားချခဲ့သောလည်း ၄င်းတို့မှ လက်မခံခဲ့ချေ။ အကြောင်းမှာ
ဤသို့တည်း.............ကုန်တင်သင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာကို ရှည်လျှားစွာဖြတ်မောင်းလာရသောကြောင့် ခရီးတထောက် စင်္ကာပူ တွင်နား၍
ပြုပြင်ထိန်းသိမ်းမှု များပြုလုပ်ရသည်၊ ထို့ကြောင့် စင်္ကာပူသည် သင်္ဘောလုပ်ငန်းဖြင့် ၀င်ငွေမြောက်များစွာရရှိကာ ချမ်းသာလျှက်ရှိပေသည်၊ အကယ်၍
ထားဝယ်ဆိပ်ကမ်းသာ တည်ဆောက်ခဲ့လျှင် စင်္ကာပူနိုင်ငံသို့ သင်္ဘောများ ဖြတ်သွားစရာ မလိုတော့သောကြောင့် စင်္ကာပူ၏ အနာဂတ်သည်
မရေရာတော့လောက်အောင် ဖြစ်သွားနိုင်သည်။ စင်္ကာပူသည် ထိုအဖြစ်ကို ကြောက်ရ.ွံ သည်၊
စည်းပွါးရေးတွင်အောင်မြင်နေသော ဂျပန် တိုယိုတာကဲ့သို့သော ကုမ္မဏီ များမှလည်း ကမ်းလှမ်းမူအကြိမ်ကြိမ်လုပ်သောအခါ စင်္ကာပူ၏ စီုးရိမ်မှု သည်
အထွတ်အထိပ်သို့ရောက်ရတော့သည်။ ထိုအခါ စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း Goh Chok Tong (ဂိုရှောက်တောင်) 1994 march မှာ မြန်မာနိုင်ငံကို
ထားဝယ်ရေနက်စီမံကိန်း ဆောက်လုပ်မှုအားတားမြစ် နားချရန် လာခဲ့ပါတော့သည်။ အပေးအယူကား အနောက်နိုင်ငံများမှ ပိတ်ဆို့ထားသော
စစ်ဗိုလ်ချုပ်ကြီးများပိုင် ဒေါ်လာများအား စင်္ကာပူမှ တာဝန်ယူ အပ်နှံခြင်းကို လက်ခံ သိမ်းဆည်းပေးမည်.အပြင် အမေရိကန်ဒေါ်လာ ၃ သန်းကို ပါ မြန်မာနိုင်ငံ
နည်းပညာ ဖွင့်ဖြိုးမှု အတွက်ထောက်ပံ့ပေးခဲ့ပါတော့သည်။ စစ်ဗိုလ်ချုပ်ကြီးများကလည်း ၄င်းတို့ပိုင်ငွေကြေးများ စိတ်ချ လုံခြုံမှုအတွက် ၀မ်းမြောက်ဝမ်းသာစွာ
ထားဝယ်ရေနက်စီမံကိန်းအား စွန့်လွှတ်ခဲ့ပါတော့သည်။
ကြားနေ တခြားသူပြည်တွင်းရေး မစွက်ဖက်ရေး နိုင်ငံခြားရေးမူကို ကျင့်သုံးသော တရုပ်သည်လည်း ၄င်း၏စီးပွါးရေးဖွင့်ဖြိုးလာသည်နှင့်အမျှ ထိုစီမံကိန်းအား
ပို၍အာရုံစိုက်လာသည်နှင့်အမျှ ၄င်း၏နိုင်ငံခြားရေးမူကိုပင် ချိုးဖောက်ကာ စစ်ဗိုလ်ချုပ်ကြီးများအား ထားဝယ်ရေနက် ဆိပ်ကမ်းအား တည်ဆောက်ရန်
နည်းမျီုးစုံဖြင့် ဖျောင်းဖျ ကြတော့သည်။ စစ်ဗိုလ်ချုပ်ကြီးများမှလည်း ၄င်းတို့ပိုင်ငွေကြေးမြောက်များစွာ သိမ်းဆည်းထားသော စင်္ကာပူနှင့်လည်း ဆက်ဆံရေး
မထိခိုက်ရေးကို ပိုမို၍ စဉ်းစားရပေသည်။ ထိုအခါ တရုပ်က မက်လုံးပေး၍ စည်းရုံးတော့သည်၊ ဗိုလ်ချုပ်ကြီးများပိုင်ငွေကြေးများအား ဟောင်ကောင် ဘဏ်များနှင့်
တရုပ်ဘဏ်များတွင်ပြောင်းရွှေ.အပ်နှံခွင့်ပြုမည်ဟူ၍ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများကလည်း ထိုမျှလောက်နှင့်မယုံကြည်သေး၊ တရုပ်ကလည်း ထပ်မံ၍
မက်လုံးပေးပြန်သည်၊ အပေးအယူအဖြစ် ဦးသန်းရွှေပိုင်ငွေကြေး၏နှစ်ဆဖြစ်သော ဒေါ်လာ ၄ ဘီလျှံ အတိုးမဲ့ အနှစ် သုံးဆယ် ချေးဌားမည်။ ဦးသန်းရွှေ အတွက်
သွားရေကျစရာပင် ၄င်းပိုင်ငွေများလည်း ဘဏ်စားရင်းထဲတွင် ရှိနေမည်.အပြင် ထိုချေးငွေ ၄ ဘီလျှံအပေါ်တွင်လည်း ၁ ဘီလျှံလောက် အိတ်ထဲ ထည်.ရပေမည်။
ထိုအခါ ထားဝယ်ရေနက်စည်မံကိန်းကြီ ပေါ်ပေါက်လာရပေတော့သည်။ ဗိုလ်ချုပ်ကြီးပိုင်ငွေကြေးများအား တရုပ် ဟောင်ကောင်ဘဏ်များသို့ပြောင်းရွှေ.
အပ်နှံသောအခါ ဗိုလ်ချုပ် ဗိုလ်ပေါက်စများလညး ၄င်းတို့ပိုင်ဒေါ်လာများအား စင်္ကာပူတွင် မထားရဲတော့၊ ၄င်းတို့အဆက်အသွယ်ရှိရာ ဥရောပနိုင်ငံများသို့
ဆွေမျိုးများမှတဆင့် ပြောင်းရွှေ.အပ်နှံကြရတော့သည်။ ထိုသို့မအပ်နိုင်သော ဗိုလ်ချုပ်များက တော့ဒေါ်လာများကို ပြည်တွင်းသို့
သယ်ဆောင်ယူလာကြတော့သည်။ ထိုနောက်ဆက်တွဲမှာ ဒေါ်လာမှောင်ခိုဈေးကွက်တွင် ဒေါ်လာ အလုအယက်ဝယ်ယူ စုစောင်းလေ့ရှိသော စစ်ဗိုလ်ချုပ်တို့၏
ဒေါ်လာဝယ်ယူစုစောင်းမှုလျှော့ကျကာ ဒေါ်လာဈေးမှာလည်း အဆမတန် ထိုးကျဆင်းရတော့သည်.

ထိုမျှနှင့် မပီးသေး ထိုစီမံကိန်းကို အကောင်အထည်ဖေါ်လျှင် အနှောင့်အယှက်ပေးမည်.သူများရှိနေသည်၊ ၄င်းတို့ကိုလည်း ရှင်းလင်းရအုန်းမည်၊ ပထမရန်သူမှာ


ပြည်ပထောက်ခံမှုရရှိထားသော ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ပ ဖိအားများ၊ ပြည်ပဖိအားများ ကျဆင်းသွားစေရန်၊ အတုအယောင် ရွေးကောက်ပွဲဆင်နွှဲရမည်။
NLD ရွှေးကောက်ပွဲဝင်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်လမ်းမမြင် ဟူသော NLDခေါင်းဆောင်ပိုင်းတို့၏ ယူဆချက်တို့ဖြင့် NLD ပါတီ၏ ၂၂
နှစ်ကြာသမိုင်းကို နိဂုံးချုပ်ခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အား ကံစမ်း အလျှော်အစားလုပ်ခဲ့ကြရပေသည်။ စစ်ဗိုလ်ချုပ်ကြီးတို့၏
မျော်လင့်ချက်များ ပြည့်ဝကြပေပြီ၊NLD ကိုလည်းနုတ်ပိတ် ပြည်ပဖိအားများလည်းလျှော့နည်းလာချိန်၊ ဒုတိယအုပ်စုဖြစ်သော မွန်လက်နှက်ကိုင် နှင့် ကရင်
လက်နှက်ကိုင်များအား ရှင်းလင်းရအုန်းမည်။ ၄င်းတို့သည် ထားဝယ်ရေနက်စည်မံကိန်း ဆောက်လုပ်ရာတွင် အနှောင့်အယှက်ပေးမည့်သူများတည်း၊ တိုက်သည်
သတ်သည် ရွာပုန်း ရွာရှောင်များ ထိုင်းဘက်သို့ပြေးသည်၊ ထိုင်းနိုင်ငံက ပြန်ပို့သည်။ ဘာကြောင့်ထိုင်းက စစ်ဖြစ်နေတာသိလျှက်၊ ဒုက္ခသည်တွေမှန်းသိလျှက်
ပြန်ပို့နေရသနည်း၊ အကြောင်းမှာ ထားဝယ်ရေနက်စီမံကိန်းတွင် ထိုင်းနှင့် ၀န်ကြီးချုပ် အဘီစစ်တို့၏ ရင်းနှီးမြုပ်နှံမှုများ ပါဝင်နေရာ ထားဝယ်ဒေသ တ၀ိုက်
လက်နှက်ကိုင်ပပျောက်ရေးအား ထိုင်းနိုင်ငံအနေနှင့် ပူးပေါင်းပါဝင် ရန်လိုအပ်နေပေသည်။ ကရင်နှင့်မွန်ကို နိုင်အောင်တိုက်ပြီးလျှင် ထားဝယ်ရေနက်ဆိပ်ကမ်းအား
အောင်မြင်စွာတည်ဆောက်မည်။ အလွန်အင်မတန် သာယာဝပြော၊ငြိမ်းချမ်း ခေတ်မှီတိုးတက်သော အစိုးရအသစ်နှင့် နိုင်ငံတော်သစ်ကြီး
အစိမ်းရောင်များလွှမ်းခြုံကာ ရှေ.သို့ ချီတက်ပေတော့မည်။

အထက်ပါဆောင်းပါးပါ အကြောင်းအရာအားလုံးသည် ကျွန်တော်၏ ထင်မြင်ယူဆချက်များအား ကိုးကား၍ရေးသားထားခြင်းဖြစ်သည်၊ အမှားအမှန်ပေါ်တွင်


တာဝန်မယူပါ။ သင်တို့၏ ထင်မြင်ယူဆချက်များအားလည်း မျှဝေပါရန် တောင်းခံအပ်ပါသည်။
ရဲသူရိန်မင်း

http://www.facebook.com/profile.php?id=100001681582584#!/notes/ye-thurein-min/-/173358999362035
“လျှောက်သောလမ်းမှာ ...” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက)်

ကဗျာဆရာ ကြည်မောင်သန်း၏ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကဗျာ (၅) ပုဒ်

(ပြည်တွင်းမှ ကျွန်ုပ်တို့၏ ရဲဘော်တဦး ပေးပို့သည်)


http://drlunswe.blogspot.com/
http://burmese.dvb.no/

You might also like