You are on page 1of 1

FOREIGN AFFAIRS COMMITTEE

ALL BURMA FEDERATION OF STUDENT UNIONS

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)၏
၂၀၁၁ ခုနှစ် စုံညီအစည်းအဝေးမှ
အဝေးမှ ထုတ်ပြန်ကြေညာချက် ၁/၂၀၁၁

ရက်စွဲ - ၃၁.၀၁.၂၀၁၁

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)၏ ၂၀၁၁ ခုနှစ် စုံညီအစည်းအဝေးကို


ယခု ဇန်နဝါရီလ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

၁၉၃၆ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ဖွဲ့စည်းခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ၏ သမိုင်း


အစဉ်အလာကို ဆက်ခံပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးနှင့်အတူ ကိုမင်းကိုနိုင်ဦးဆောင်ကာ ဗမာနိုင်ငံလုံး
ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

ကျောင်းသား၊ လူငယ်အင်အားစုများအားလုံး အနှစ်(၂၀)ကျော် ကာလတလျှောက် ကိုယ်ကျိုးစွန့်အနစ်နာခံ သယ်


ဆောင်လာခဲ့သည့် ၁၉၈၈ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ သမိုင်းရေး
စိတ်ဓါတ်နှင့် ဂုဏ်သိက္ခာတို့ကို ထိန်းသိမ်းပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)
၏အခန်းကဏ္ဍမှနေ၍ လတ်တလောနိုင်ငံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြမည်ဟု ယခု ၂၀၁၁ ခုနှစ် စုံညီအစည်း
အဝေးတွင် အလေးအနက် ဆုံးဖြတ်ခဲ့ကြပါသည်။

ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးနှင့်တန်းတူရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အ


တွက် လတ်တလောနိုင်ငံရေးလိုအပ်ချက်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ၂၀၁၀ ရွေး
ကောက်ပွဲရလဒ်ဆန့်ကျင်ရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်တို့ကို ရဟန်းသံဃာ၊ လူငယ်၊ ကျောင်းသား၊ ပြည်သူများနှင့်အတူ
လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

နိုင်ငံခြားရေးရာကော်မတီ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

ဆက်သွယ်ရန် -
ကိုမင်းနိုင် (ပြောရေးဆိုခွင့်ရှိသူ-၁)
ဖုန်း - ၆၆-၈၁-၆၈၀ ၂၀၁၅

ကိုတင်အေး (ပြောရေးဆိုခွင့်ရှိသူ-၂)
ဖုန်း - ၆၆-၈၆-၂၀၇ ၈၄၉၃

P.O.Box 102, Mae Ping P.O,Chiang Mai 50301,Thialand


Email: abfsu.fac@gmail.com, bakatha@loxinfo.co.th;
Ph: 66 53 252 843, 66 55 531 903,
Website; www.abfsu.net

You might also like