You are on page 1of 14

၂၆ဇူလိုင်ဒိုင်ယာရီ

အမေရိကန် ၏ ကမ်းလှမ်းချက်ကို စစ်အစိုးရခေါင်းဆောင်များ လစ်လျှုရှုသည့် အတွက် တပ်တင


ွ်းသဘောထားကွလ
ွဲမ
ှဲုများ ဖြစ်ပေါ်
၂၆ ဇူလိုင် ရန်ကုန် ၊ ၊Freedom News Group

U.S. Offers Hit Burma Regime

ဇူလိုင်လ ၂၄ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်အားအမှုစစ်ဆေးနေစဉ် အင်းစိန်ထောင်အနီးချထားသော


လုံခြုံရေးအတားအဆီး
ယခင်သီတင်းပတ် ကဖူးခက် တွင် ကျင်းပခဲ့သည့် အာဆီယံ အစည်းအဝေးသို့ တက်ရောက်လာသောအမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ကမ်းလှမ်းချက်
ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးပါက အမေရိကန်က အကူအညီ များပေးမည့် အပြင် တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု များပါပြုမည့် အစီအစဉ်ကို မြန်မာ
စစ်ခေါင်းဆောင်များက မသိကျိုးကျွံပြုပြီး ဒေါ်အောင်ဆန်းစုကြည် အားဆက်လက် တရားစွဆ
ဲိုနေခြင်းကို စစ်တပ်မှ အရာရှိငယ် တစ်ချို့ မကျေမနပ်ဖြစ်ကြသည်
ဟု Freedom News Group မှ သတင်းရရှိသည်။

ယနေ့ ထုတ် စစ်အစိုးရ အာဘော် မြန်မာ့ အလင်းသတင်းစာတွင် ပါရှိသည့် အမေရိကန် နိုင်ငံခြားရေးဝန် ကလင်တန်က မြန်မာ့ပြည်တင
ွ်းရေးကို ၀င်ရောက်
နှောင့်ယှက်သည် ဆိုသော စစ်အစိုးရ၏ တုံ့ ပြန်ချက်ကို စစ်တပ် အသိုင်းအ၀ိုင်း နှင့် ပြည်သူများကြားတွင် စိတ်မသက်သာရာဖြစ်ကြရသည် ဟု သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ ထုတ် ၀ါရှင်တန် ပို့ စ် သတင်းစာ တွင် ဆောင်းပါးရှင် ဂလင်း ကက်စလာ ရေးသားထားသည့် U.S Offers Burma Possible
Befits ဆောင်းပါးတွင် ပါရှိသည့် “အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကဒေါ်အောင်ဆန်းစုကြည်အားပြန်လွှတ်ပေးပါ
ကအမေရိကန် နှင့် ဆက်ဆံရေးပါ တိုးတက်လာ နိုင်သည့် အပြင် ဖြစ်နိုင်ဖယ
ွ် အကူအညီ များကို ပါပေးသွားမည် ဟု ကလင်တန်
၏ထပ်လောင်းပြောဆိုချက်သည် မြန်မာ စစ်တပ် အတွင်း အတော်ပင် ဂယက် ရိုက်ခ့သ
ဲ ည် ။

နေပြည် တော် နှင့် ရန်ကုန် ရှိ စစ်အရာရှိ များ အပန်းဖြေ ဂေါက်ရိုက် လေ့ရှိသော ဂေါက်ကင
ွ်းများတွင်စစ်အရာရှိ များက အရာရှိ အချင်းချင်း ဆွေးနွေး တိုင်ပင်
သောအားဖြင့် မစ္စ ကလင်တန် ၏ ကမ်းလှမ်းချက် ကိုသာ ပြောဆိုကြသည်။ စစ်အရာရှိ အများစု ကမူ စစ်အစိုးရ အပေါ် အမြဲတမ်း သဘောထားတင်းမာလေ့
ရှိသည့်အမေရိကန် ၏ ကမ်းလှမ်းချက် ကို မဆိုင်းမတွ လက်ခံပြီး ဒေါ်အောင်ဆန်းစုကြည် အားပြန်လွှတ်ပေးသင့်ကြောင်းသုံးသပ်ကြသည်။

ွ်နေ သော အငြိမ်းစား ဗိုလ်မှုးကြီး ဟောင်းတစ် ဦးကမူ“ ဒီလို အခွင့်အရေးမျိုး နောက်တစ်ခါ လာဖို့ ဆိုတာ မဖြစ် နိုင်တော့ဘူး ပြည်သူတွေ
ရန်ကုန် မြို့ တင
ကောင်းစားဖို့ လုပ်နေတယ် ဆို ဒီကိစ္စကို မလွတ်တမ်းလက် ခံသင့်တယ် ၊သန်းရွှေ တို့ မောင်အေး တို့ ဘာမှ သဘောထား တင်းမာနေစရာမလိုဘူး၊တရုတ် လို မျိုး
သမီးပေးမှ သမက် ရမဲ့ ရင်း နှီးမြုပ် နှံမှု တွေ မဟုတ်ဘူး။ကျွန်တော် အကြံပေးချင်တာက အမြန် ဆုံးလက်ခံ လိုက်ပါ လို့ ပြောချင်တာပဲ
”ဟုသုံးသပ်ပြောကြားသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မေလ မှ စ၍ နေအိမ် အကျယ်ချုပ်ချထားစဉ် ရေကူးဝင်ရောက် လာသော အမေရိကန်
နိုင်ငံသားတစ်ဦးကို လက်ခံထားသည် ဟူသည့် စွပ်ဆွခ
ျဲက် ဖြင့် သူမကို အင်းစိန်ထောင် တွင်း တွင် တရားစွဲ ဆိုခ့ရ
ဲာ နှစ်လကျော်ကြာမြင့်ပြီဖြစ်သည်။

အမေရိကန် က မြန်မာနိုင်ငံ အပေါ်အရေးယူ ပိတ်ဆို့ မှုကို မေလ ၁၅ ရက်နေ့ က တစ် နှစ်ထပ်မံ သက်တမ်းတိုးခဲ့သည်။အမေရိကန် သည် အာဆီယံ အဖွဲ
့အစည်း ၏ အတွင်းရေးများကို နှောင့်ယှက်မှု ပြုကြောင်း အမေရိကန် ၏ သဘောထား နှင့် ပတ်သက်၍ အာဆီယံကပါ မြန်မာ နိုင်ငံအပေါ် စောဒက
တက်လာပါက အာဆီယံသည် လည်း အမေရိကန် ၏ နောက် လိုက် ဖြစ်သွားနိုင်ကြောင်းရေးသားဖေါ်ပြထားသည်။
ဝန်ကြီး ကလင်တန် မြန်မာ့အရေးစွက်ဖက် စစ်အစိုးရသတင်းစာ စွပ်စွဲ

26 July 2009

နိုင်ငံရေး တိုးတက်မှုတွေ ရှိလာမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် လက်ရှိ ကျင့်သုံးနေတဲ့ မူဝါဒတွေမှာ အပြောင်းအလဲတွေ လုပ်မယ်လို့
ပြောဆိုလိုက်တာဟာ မြန်မာ့နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်တာ၊ ဒေသတွင်းမှာ သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတာလည်း အစိုးရပိုင် သတင်းစာတွေက စွပ်စွဲ
ပြောဆိုလိုက်ပါတယ်။ မကြာသေးခင်က အာရှကို ရောက်လာတဲ့ ၀န်ကြီး ကလင်တန် က မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့
ကမ်းလှမ်းချက်တွေအပေါ် ဒီလို တုံ့ပြန်လိုက်တာဟာ လက်ရှိ မပြေလည်နိုင်ပဲ ဖြစ်နေရတဲ့ အခြေအနေတွေ အကောင်းထက် အဆိုးဖက်ကိုသာ
ဦးတည်စေလိမ့်မယ်လို့ အကဲခတ်တွေက ရှုမြင်ကြပါတယ်။ အကြောင်းစုံကို ကိုအောင်လင
ွ်ဦး က တင်ပြပေးပါတယ်။

ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေမြို့မှာ ဒီတပတ်ထဲ ကျင်းပပြီးစီးသွားတဲ့ ARF လို့ခေါ်တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ ကာလအတွင်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်မှုတွေ လုပ်ရင် သူတို့ အစိုးရအနေနဲ့လည်း ဆက်ဆံရေး အပြောင်းအလဲတွေ
ရှိမယ်၊ ရင်းနှီးမြုပ်နှံမှုတွေပါလုပ်ကောင်း လုပ်မယ်လို့ ပြောခဲ့ပေမဲ့ ဒါဟာ ပြည်တင
ွ်းရေးကို စွက်ဖက်လာတာလို့ အစိုးရပိုင်သတင်းစာတွေက တုံ့ပြန်ရေးသား
လာကြတာပါ။ ထိုင်းရုပ်မြင်သံကြား အစီအစဉ်တခုနဲ့ မေးမြန်းခန်းမှာလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီးထားရာက
ပြန်မလွှတ်ဘူးဆိုရင် အာဆီယံ အသင်းကြီးအနေနဲ့ လက်ရှိ ရပ်တည်ချက်တွေက ပြောင်းသင့်တယ် ဆိုပြီး ၀န်ကြီး ကလင်တန် က မှတ်ချက်ပေး
ပြောဆိုခဲ့တာဟာလည်း အာဆီယံ အသင်းကြီးအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းမှု တခုဆိုပြီး ဖော်ပြခဲ့တာပါ။ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု
မှတ်တမ်းတွေ၊ နိုင်ငံရေး တိုးတက်မှု မရှိတာကြောင့် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ပြုလုပ်ထားတဲ့ အမေရိကန် အစိုးရဖက်က အခုလို သဘောထား
ပြောင်းလဲလာဖွယ်ရာ ရှိနေချိန် အခုလိုတုံ့ပြန်တာဟာ ရလာဒ်ကောင်းတွေ ထွက်ပေါ်မလာနိုင်ဘူးလို့ ယူဆသူကတော့ ရန်ကုန်မြို့က ၀ါရင့် သံတမန်ဟောင်း
တဦးဖြစ်တဲ့ သခင်ချန်ထွန်းပါ။

“အစိုးရရဲ့ သတင်းစာက ထည့်တာဆိုတော့ ဒါဟာ အစိုးရရဲ့ ၀ါဒ တပိုင်းတစ သဘောတူလို့သာ ထည့်တာဆိုတော့ ဖြစ်တာပေါ့။ အမှန်တော့ အမေရိကားကို
မလိုလားဘူးဆိုတာကို သေချာ ဖော်ပြတဲ့သဘောမျိုးတွေ သူတို့ ရေးနေတာတွေ့ပါတယ်။ အမှန်တော့ နိုင်ငံတကာနဲ့ မိတ်ဆွေ ဖြစ်နေမှ ရန်သူမရှိမှ
ဒီနိုင်ငံအတွက်က အကောင်းဆုံး နိုင်ငံဖြစ်မှာကိုး။ အစိုးရက ရန်သူတွေလို့ သဘောထားနေရင် တိုင်းပြည်အတွက် အန္တရာယ် ကြီးတာပေါ့။ အနည်းနဲ့အများ
ဆုံးရှုံးမှုတော့ ရှိတာပေါ့။”

အမေရိကန် အပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ အပေးအယူလုပ် ကမ်းလှမ်းမှုတွေ လုပ်နေပေမဲ့ ဒါတွေကို
လက်မခံနိုင်တာဟာ စစ်အစိုးရရဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်တွေကြောင့်လို့ ယူဆသူကတော့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒ)ီ
ပါတီ အတွင်းရေးမှူး ဦးဝင်းတင်ပါ။

“အမေရိကန်တို့၊ ကုလသမဂ္ဂတို့ကို တလျှောက်လုံး ပြောနေတာက စစ်အစိုးရဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းကြားထဲမှာ ပြန်ပြီး ၀င်ဆန့်နိုင်ဖို့အတွက်ကို


လုပ်တာပိုပြီးတော့ ကောင်းတယ်ဆိုတဲ့ သဘောထားတွေ ရှိတယ်။ ကုလသမဂ္ဂကလည်း ဘန်ကီမန
ွ်း ပြန်သွားတဲ့အခါ ဗမာပြည်အဖို့ အခွင့်အရေး တခု
ဆုံးရှုံးတယ်ဆိုတာ၊ ကလင်တန်တို့ ပြောတာကလည်း ဒါတွေနဲ့ ပတ်သက်လို့ ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလို့ ရှိရင်၊ ဗမာပြည်ကို ပြန်ပြီးတော့
စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်တ။ဲ့ ဒီစစ်အစိုးရအနနဲ့က တုံ့ပြန်တ့အ
ဲ ခါမှာ ၂ခု အခြေခံပြီးတော့ ပြောမှာပဲ။ သူတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့
ပတ်သက်လာရင် သူ့ကို မလိုချင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပင်မ ရေစီးကြောင်းထဲက ဖယ်ထုတ်ချင်တယ်။ နောက်တခုက သူတို့ကိုယ်တိုင်က ကမ္ဘာမှာ
လူရာဝင်တဲ့အစိုးရမျိုး ဖြစ်တာထက် ဗမာပြည်သူလူထုကို ခြိမ်းခြောက်နေတဲ့၊ အနိုင်ကျင့်နေတာမျိုး လုပ်တယ်။ ကမ္ဘာကို အံတုပြီးတော့ ငါ့ဟာငါလုပ်ချင်တာကို
ွ်းရေးကို စွက်ဖက်တာမျိုးတွေ ပြောတယ်ပေါ့။”
လုပ်တယ်ဆိုတဲ့ သဘောမျိုး ရှိနေတော့၊ သူတို့ကို အကျပ်ကိုင်တာပဲ။ သူတို့ ပြည်တင

အန်အယ်လ်ဒီ ပါတီ အတွင်းရေးမှူး ဦးဝင်းတင် ပါ။ တကယ်တော့ အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရကို အခွင့်အလန်းတွေအတွက် လမ်းဖွင့်ပေးရင်း
အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ပြောနေတဲ့ တချိန်တည်းမှာပဲ၊ ကုလသမဂ္ဂက အရေးယူ ဒဏ်ခတ်ထားတဲ့ မြောက်ကိုရီးယားလို နိုင်ငံမျိုးနဲ့ စစ်ရေးအရ
ဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လည်း အမေရိကန် ဖက်က စိုးရိမ်ပူပမ်ကြောင်း ပြောထားတာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ
သတင်းစာတွေမှာတော့ အာဆီယံ နိုင်ငံတွေထဲမှာ ဒေသတွင်းခြိမ်းခြောက်နေတဲ့ နိုင်ငံမရှိဘူးလို့ ဖော်ပြခဲ့တာပါ။ ဒါဟာဆိုရင် အာဆီယံလုံခြုံရေး
အစည်းအဝေးပဲေ
ွ တွအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို ရေးသားတိုက်ခိုကခ
်ံရတာ ဒုတိယအကြိမ်ပါ။ ဒီတပတ်ထမ
ှဲာပဲ မြန်မာစစ်အစိုးရနဲ့ ရင်းနှီးတဲ့
ဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းစာတွေကလည်း ၀န်ကြီးကလင်တန် ဟာ အသိဥာဏ်နည်းပါးပြီး ရယ်စရာပုဂ္ဂိုလ်
တယောက်အဖြစ် တိုက်ခိုက် ရေးသားတာတွေ လုပ်ခဲ့တာပါ။ အခုဆိုရင်လည်း မြန်မာစစ်အစိုးရ သတင်းစာထဲမှာ အမေရိကန် ထိပ်တန်း သံတမန်တဦးကို
တိုက်ခိုက်ရေးသားတာမျိုးဟာဖြင့် အကျိုးမဲ့တဲ့ လုပ်ရပ်အဖြစ် မြန်မာနိုင်ငံရဲ့ မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း ဖြစ်တဲ့ သခင်ချန်ထွန်း က
မြင်ပါတယ်။

“မြောက်ကိုရီးယားကတော့ ဘယ်သူမှ မရှောင်ဘူး။ သူက အနုမြူဗုံးရော၊ ဒုံးပျံရော၊ အကုန်လုံး တတ်နိုင်သလောက် လုပ်နေပြီးတော့ လက်နက်စမ်းသပ်ပြီး

ရောင်းမယ်။ ပြီးတော့ စမ်းသပ်မယ်။ အဲဒီ ခြေလှမ်းကို လိုက်ပြီး ရေးရင်တော့ ဒါဟာ အမှားကြီး မှားတယ်လို့ မြင်ပါတယ်။ ”

ရန်ကုန်မြို့က ၀ါရင့်သံတမန် တဦးဖြစ်တဲ့ သခင်ချန်ထွန်း ပါ။ သမ္မတ ဘရက်ခ် အိုဘားမား ဦးဆောင်တဲ့ အစိုးရ တက်လာပြီးနောက်ပိုင်း အမေရိကန် ပြည်ထောင်စု
က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားတွေမှာ ဒီထက်ပိုပြီး ထိရောက်တဲ့ ရလာဒ်တွေ ထွက်လာဖို့ ဘာတွေလုပ်နိုင်မလဲဆိုပြီး သူတို့ရဲ့ နိုင်ငံခြားရေးရာ
မူဝါဒတွေကို ပြန်လည် သုံးသပ်တာတွေ လုပ်နေတာပါ။ ဒါပေမယ့်လည်း ဒါတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို
နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ကာနီးမှ ဥပဒေချိုးဖောက်တယ်ဆိုပြီး တရားစဲဆ
ွိုတာတွေ လုပ်နေတာကြောင့်လည်း ဒီလို သုံးသပ်မှုတွေ အပြီးမသတ်နိုင်ပဲ
ဖြစ်နေရတာပါ။

စစ်တွေမှ ဆန်ဆိုင်များ ဆန်ကုန်သည်အသင်း မ၀င်လျှင် ရောင်းချခွင့် ပိတ်ပင်မည်


7/26/2009

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဆန်ကုန်သည် အသင်းမ၀င်လျှင် ဆန်ရောင်းချခွင့်ကို ပိတ်ပင်သွားမည် ဖြစ်ကြောင်း စစ်တွေမြို့နယ် အသင်းခွဲမှ
စာထုတ်ပြန်သည်။

အဆိုပါ စာအား စစ်တွေမြို့နယ် အသင်းခွဲ ဥက္ကဌမှ နာမည် မပါ လက်မှတ်မထိုးဘဲ ထုတ်ပြန်ထားသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ တဦးက "၁၉-၇-၀၉ နေ့မှာ ပြုလုပ်တဲ့ အစည်း အဝေးကောက်နုတ်ချက်များဆိုပြီး ကျနော်တို့ဆီကို လူတတိုင်က လာပြီး စာရွက်တွေကို
ဖြန့်ဝေပါတယ်။ စာထဲမှာပါတဲ့ အဓိက အကြာင်းအရာကတော့ စစ်တွေမှာ ရှိတဲ့ ဆန်ဆိုင်တွေ အားလုံး ဆန်အသင်းကို ၀င်ရမယ်။ မ၀င်ရင် ဆန်ရောင်းခွင့်ကို
တားမြိတ် ပိတ်ပင်တယ် ဆိုပြီး ပါရှိပါတယ်" ဟု ပြောသည်။

ယခုထုတ်ပြန်ချက်ထဲတင
ွ် ဆန်၊ ဆန်ခွဲ နှင့် ဖွဲ့ နု ရောင်းသည့် ဆိုင်များ အားလုံး အကျုံး ၀င်ပြီး အသင်းဝင်ကြေးတွေကို သြဂတ်စ်လ တရက်နေ့မှ
စတင်ကောက်ခံသွားမည် ဖြစ်ကြောင်း စာထဲတင
ွ် ဖေါ်ပြထားသည်ဟု သူက ပြောသည်။

" အသင်းဝင်တာက ပြဿနာ မဟုတ်ပါ။ အခု ပြဿနာက အသင်းဝင် တဦးဟာ တလကို အသင်းဝင်ကြေး ကျပ် ၁၀၀၀၀ စီပေးရမယ်ဆိုပြီး စာထဲမှာ
ပါလာပါတယ်။ အသင်းဝင်ကြေးကို သြဂတ်စ်လ တရက်နေ့က စပြီး စတင်ကောက်ခံမယ်။ သုံးရက်အတွင်း မပေးရင် ဆန်ရောင်းချခွင့်ကို ရပ်ဆိုင်းမယ် ဆိုပြီး
ပါလာပါတယ်။"

၎င်းပြင် ထုတ်ပြန်ချက် စာရွက်ထဲတင


ွ် သူတို့ ချမှတ်သော စည်းကမ်းများကို မလိုက်နာပါက အထက် အာဏာပိုင် အဖွဲ့ အစည်းများသို့ တင်ပြပြီး
အရေးယူသွားမည် ဖြစ်ကြောင်း ပါရှိသည်ဟုလည်း သိရသည်။

စစ်တွေ ဈေးကြီးနှင့် အနီးပတ်ဝန်းကျင် တ၀ိုက်တင


ွ် ဆန်ဆိုင်ပေါင်း ၈၅ ဆိုင်ရှိပြီး အဆိုပါ အမိန့်စာ ထုတ်ပြန်ပြီးနောက် ဆန်ဆိုင်များတွင် ဆန်ဈေးများ
မြှင့်တက်သွားခဲ့သည်ဟု သိရသည်။

ယခင်က ပေါ်ဆန်းမွှေး တအိတ် ကျပ် ၁၈၀၀၀ ရှိရာကနေ ချက်ချင်း ကျပ် ၂၅၀၀၀ ထိမြှင့်တက်သွားခဲ့သည်ဟု စစ်တွေ မောလိပ်ရပ်ကက
ွ်မှ အမည်မဖေါ်လိုသူ
ရွှေပန်းထိမ် တဦးက ပြောသည်။

ပလက်ဝမြို့နယ်က လူငယ်များကို စစ်တပ်ထဝ


ဲ င်ရန် အတင်း စည်းရုံးနေ
7/26/2009

မင်းအောင် (နိရဉ္စရာ) “စစ်တပ်ထဲကို ၀င်ရင် ကျန်နေခဲ့တဲ့ မိသားစုတွေကိုပါ ရိက္ခာ ထောက်ပံ့ပေးမည်” ဟုဆိုကာ ချင်းပြည်နယ် ပလက်ဝမြို့နယ် အထက်ပိုင်းရှိ
ကျေးရွာများမှ အရွယ်ရောက်သူ ချင်းနှင့် ခမီး လူငယ်များကို မက်လုံများပေးပြီး စစ်တပ်ထဝ
ဲ င်ရန် ဒေသတွင်းရှိ စစ်တပ် တပ်ရင်းများမှ စည်းရုံးနေသည်။

ပလက်ဝမြို့နယ်အတွင်း အစားအစာ ရှားပါးပြီး လူထုများ အနေဖြင့် ရိက္ခာ မလုံလောက်မူနှင့် ရင်ဆိုင်နေရခြင်း အပေါ် အခွင့်ကောင်းယူပြီး ယခုကဲ့သို့ စစ်တပ်က
စည်းရုံးနေခြင်း ဖြစ်သည်ဟု ဒေသခံ တဦးက ပြောသည်။

“အခု စည်းရုံးနေတာက ရှေ့တန်းစစ်ကြောင်းတွေက စည်းရုံးနေတာ ဖြစ်ပါတယ်။ လွန်ခ့တ


ဲ့ဲ နှစ်လလောက်က တခါ လာစည်းရုံး ခဲ့ပါတယ်။ မအောင်မြင် ခဲ့ပါဘူး။
ခုတခါ လူတွေ ထမင်းငတ်နေတော့ မိသားစု တွေကို ရိက္ခာတွေ ထုတ်ပေးမယ် သားယောင်္ကျားတွေကို တပ်ထက
ဲို သွင်းကြပါဆိုပြီး လိုက်လံ စည်းရုံးနေတာ
ဖြစ်ပါတယ်။”

ယခုကဲ့သို့ လူငယ်များကို စစ်တပ်ထဲ ၀င်ရန် လိုက်လံ စည်းရုံးနေသည့် ရှေ့တန်း တပ်ရင်းများမှာ ခလရ ၃၄၊ ခမရ ၃၅၄ နှင့် ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀
တို့ဖြစ်ကြသည်။

အိနယွ် တည်ရှိသော သရော်အိုင်ကျေးရွာမှ ရခိုင် အမျိုးသား တဦးကလည်း “သူတို့ပြောတာက စစ်တပ်ထက


္ဒိ နယ်စပ်တငဲို ၀င်ရင် လစာနဲ့ ရိက္ခာကို
လုံလောက်အောင် ပေးမယ်။ ကျန်နေခဲ့တဲ့ မိသားစု တွေကိုလည်း စားဝတ်နေရေး အခက်အခဲတွေ မရှိအောင် ထောက်ပံ့ မယ်။ နောက်ပြီး ဆန်၊ ဆား၊ ဆီ
ဲို ၀င်ရောက်နိုင်အောင် စည်းရုံးနေပါတယ်။” ဟု ပြောသည်။
စတာတွေ မပြတ်ရအောင် ထောက်ပံ့ ပေးမယ်လို့ ပြောပီး လူငယ်တွေကို တပ်ထက

အထူးသဖြင့် စစ်တပ်မှ လိုက်လံ စည်းရုံးနေသည့် ကျေးရွာများမှာ ပလက်ဝမြို့နှင့် သရိုင်အိုင် ကျေးရွာအကြားရှိ ချင်းဒေါင် ကျေးရွာ၊ ကျီးရှည်အောက်ရွာ၊
ကျီးရှညအ
် ထက်ရွာ၊ ငါးရှားရွာ၊ သရော်အိုင်၊ နှုန်းဗူးကျေးရွာနှင့် တောင်ပြို ကျေးရွာများ အပါအ၀င် တခြားအနီးအနား ကျေးရွာများမှ ဖြစ်ကြသည်။

ယခုကဲ့သို့ စည်းရုံးနေသော်လည်း လူငယ် တဦးစ နှစ်ဦးစ ၀င်ရောက်ရုံမှ လြွဲ ပီး အများစု လူငယ်များမှာ စစ်တပ်ထသ
ဲို့ ၀င်ရောက်ခြင်း မရှိကြောင်း အမည်မဖော်
လိုသည့် ကျေးရွာလူကြီး တဦးက ယခုကဲ့သို့ ရှင်းပြသည်။
“ဘယ်သူမှ စိတ်မ၀င်စားဘူး။ သူတို့ ပေါ်တာ ဆွခဲ့တာတွေ၊ မတရား အနိုင်ကျင့်ခ့တ
ဲာတွေ အမျိုးသမီးတွေ၊ အတင်း အဓမ္မပြု ကျင့်ခ့တ
ဲာတွေကို
ဘယ်သူမှမမေ့နိုင်ကြသေးဘူး။ ဒါကြောင့် စစ်တပ်ကို လူတွေက မုန်းနေကြတဲ့ အတွက် ဘယ်လူငယ်မှ စစ်တပ်ထဝ
ဲ င်ဖို့ စိတဝ
် င်စားတဲ့ အခြေအနေမှာ
ရှိနေတာကို မတွေ့ရပါဘူး။”

ွ်လည်း ပလက်ဝ အခြေစိုက် ခမရ ၂၈၉ တပ်ရင်းမှ တပ်ရင်းမှူး ဦးဆောင်ပြီး “ဒေသဖွံ့ဖြိုးရေးစီမံကိန်း” ဆိုသည့် ခေါင်းစဉ် တပ်ပြီး ပလက်ဝ
တခြားတဘက်တင
မြို့နယ်ရှိ ကျေးရွာများအတွင်း သစ်ပင် စိုက်ပျိုးရေး၊ ယင်လုံ အိမ်သာ တည်ဆောက်ရေးစသည့် ကျန်းမာရေး ပညာပေး လုပ်ငန်း များကို ကျန်းမာရေးဌာနနှင့်
သစ်တောဌာနမှ တာဝန်ရှိ သူများနှင့် အတူ ကျေးရွာများသို့ သွားရောက်ပြီး ပြုလုပ်ကာ လူငယ်များကို စစ်တပ်ထဝ
ဲ င်ရန် စည်းရုံးရေး လုပ်ဆောင် နေသည်ဟု
သိရသည်။

စစ်တပ်ထသ
ဲို့ ၀င်ရောက်ရန် အခွင့်အရေးပေးပြီး စည်းရုံးသော်လည်း ၀င်ရောက်သူ မရှိသဖြင့် ရွာတရွာကို (၂) ယောက်ကျနုန်းဖြင့် ယခင်ကကဲ့သို့ အတင်း
စစ်သား ကောက်ခံ စုဆောင်း လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

ဒီကေဘီအေ နှင့် ကေပီအက်ဖ် စစ်သားများအဖမ်းခံရပြီးနောက် ၄င်းတို့ဂိတ်အချို့ရုပ်သိမ်း


Sat 25 Jul 2009, ကွန်းဟဒေ့
လွန်ခဲ့သောတစ်ပတ်က ဒီကေဘီအေနှင့် ကေပီအက်ဖ် စစ်သား ၇၀ ကျော် ကို ကေ အန်ယူက ဖမ်းဆီး လိုက်သည့်ဟု သတင်းများ ထွက်ပြီးနောက်မှာ
ဇမိမြစ်ချောင်း တလျှောက်ရှိ ၄င်းတို့ဂိတ်များလည်း ရုပ် သိမ်းသွားသည်ဟု ခရီးသည်များက ပြောသည်။

ကေအိုင်စီသတင်းအရ ဒီကေဘီအေနှင့် ကေပီအက်ဖ် စစ်သား ၈၀ ကျော် ကို ယခုလဆန်းပိုင်းအတွင်း ကေအန်ယူ တပ်မဟာ (၆) တွင် လက် အောက်ခံတပ်ရင်း
(၁၆) ထံတင
ွ် လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမှ ဘုရားသုံးဆူမြို့သို့ ရေလမ်းခရီးဖြင့်သွားလျင် ပိနဟ


္နဲ တ်၊ ချောင်းဝ၊ ရဲတံခန
ွ်၊ တံခန
ွ်တိုင် တွင် ဒီကေဘီအေဂိတ် စုစုပေါင်း ၄ ဂိတ် ရှိပြီး
ယခုအချိန်တင
ွ် ၄င်းတို့ ဂိတ်အချို့ကို ရုပ်သိမ်းသွာသည်ဟု မွန်ပြည် သစ်ပါတီ ဂိတ်မှူး တစ်ဦးက ပြောသည်။

“ပိန္နဲဟတ်မှာရှိတဲ့ဂိတ်ကို ရုပ်သွားတယ်၊ ချောင်းဝဂိတ်လည်း ရုပ်သိမ်းသွား ပြီးတော့ အခုပြန်ထိုင်နေတယ်၊ ရဲတံခန


ွ်နှင့် တံခန
ွ်တိုင်ဂိတ်ကိုတော့ ရုပ် သွားလား

ရှိနေသေးလားတော့ အတိကျမသေးဘူး” ဟု ၄င်းက ပြောသည်။

အခြား မွန်ပြည်သစ်ပါတီဝင်တစ်ဦး၏ ပြောပြချက်အရ ရဲတံခွန်၊ တံခန


ွ်တိုင် ဂိတ်ကိုမူ မြန်မာအာဏာပိုင်များက ရုပ်သိမ်းခိုင်းခဲ့သည်ဟု ပြောသည်။

၎င်းရေလမ်းခရီးတွင် ကေပီအက်ဖ်ဂိတ်များလည်း သုံးဂိတ်ရှိပြီး သက် ကယ်ဂိတ်နှင့် အနန်းကွင်းဂိတ် ဂိတ်နှစ်ဂိတ်ကိုမူ ၄င်းတို့အဖွဲ့ မှ ရုပ် သိမ်းသွားပြီး
ရဲတံခွန်ဂိတ်တစ်ဂိတ်ကိုမူ အတိအကျ မသိရသေးဟု မွန်ပြည်သစ် ဂိတ်မှူးက ဆက်ပြောသည်။

မည်သည့်အတွက်ကြောင့် ဂိတ်များရုပ်သိမ်းသွားသည်ကို အတိအကျမ သိရသေးသော်လည်း မွန်ပြည်သစ်ပါတီဝင်အချို့နှင့် ဒေသခံခရီး သွား ပြောပြချက်အရ


ဂိတ်များကို ထိုသို့ ရုပ်သိမ်းရခြင်းမှာ ဒီကေဘီအေနှင့် ကေပီအက်ဖ်တပ်ဖွဲ့ အနေဖြင့် ကေအန်ယူစစ်သားများ လာရောက်ပြီး ယခင်က့သ
ဲို့ ဖမ်းဆီးခံရမည်ကို
ကြောက်ရွံ့သောကြောင့် ယခုကဲ့သို့ ဒီကေဘီအေနှင့် ကေပီအက်ဖ်အဖွဲ့ များက ရုပ်သိမ်းရခြင်း ဖြစ်သည်ဟု ပြောသည်။

သံဃာတော်များ ပဝါရဏာ ကံဆောင်ရန် သာသနာ့ဥသျှောင်အဖွဲ့ တိုက်တန


ွ်း
2009-07-25

အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွ့ခ


ျဲုပ်က ဇူလိုင်လ ၂၄ ရက် နေ့စွဲနဲ့
ကြေညာချက်တစောင်ထုတ်ပြန်ပြီး ပြည်တင
ွ်းပြည်ပ သံဃာတော်အားလုံး လာမယ့် သီတင်းက္ဆွတ် လပြည့်နေ့မှာ ပဝါရဏာကံဆောင်ကြဖို့
တိုက်တွန်းနိုးဆော်ထားပါတယ်၊၊

ဘိုကလေးဆေးရုံ ကုသစားရိတ် ကြီးမြင့်


2009-07-25

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာတက်ရောက်ပြီး ခွစ


ဲိတ်မွေးဖွားခ ကုန်ကျစရိတ် ကြီးမြင့်တာကြောင့် မွေးလူနာတွေ အခက်တွေ့နေတယ်လို့
သိရပါတယ်။ ခွဲစိတ်မွေးဖွားတဲ့ လူနာတယောက်ကို ငွေတသိန်းခွေ
ဲ ကျာ် ကုန်ကျနေတယ်လို့ ဒေသခံတွေက အာအက်ဖ်အေကို ပြောပါတယ်။

ဆေးရုံကျန်းမာရေးဝန်ထမ်းတွေက မွေးလူနာရှင်တွေဆီကနေ ခေါင်းစဉ်အမျိုးမျိုးပြပြီး ငွေတောင်းခံနေတာနဲ့ ပတ်သက်လို့ ဒီရက်ပိုင်းအတွင်း ခွဲစိပ်မွေးဖွားခဲ့တဲ့


မွေးလူနာရှင်တဦးက ပြောပြပါတယ်။

လူနာရှင်။ ။'ဘိုကလေးဆေးရုံမှာ မွေးလူနာတဦးတက်တော့ ခွဲစိပ်ခန်းဝင်တ့အ


ဲ ခါကျတော့ လေးသောင်းပေးရတယ်။ အလှူခံသီးသန့်က ငါးထောင်ပေးရတယ်၊
နောက် ဒီဇယ်နဲ့ မောင်းပြီးတော့ ခွရ
ဲ တဲ့အတွက်ကြောင့် ဒီဇယ်ဖိုးလည်း ခြောက်ထောင်ပေးရတယ်။ နောက် သန့်ရှင်းရေးခ ဆိုပြီးတော့ နှစ်သောင်းနှစ်ထောင်
ပေးရသေးတယ်၊ နောက် အပ်တွေပြုတ်တာတို့၊ ဆပ်ပြာလိုတာတို့ ဘာတို့အတွက် မီးသွေးဖိုး ငါးထောင်ပေးရတယ်။ နောက် ထုံဆေးဖိုး နှစ်ထောင်လည်း
ပေးရတယ်။ ပြင်ပကနေ ကျမတို့ဝယ်တဲ့ ဆေးကလည်း သုံးသောင်းခွဲ လေးသောင်းဖိုးလောက် ရှိတယ်။ ဆရာဝန်တွေ ကွေ္ဆးတာမွေးတာပေါ့နော်၊ အဲဒါတွေက
လူနာက ပေးရတာပေါ့နော်၊ တသိန်းခွဲ သာသာလောက် ကုန်တယ်'

ဆေးရုံမှာ ခွခ
ဲ န်းမီးလည်း ပုံမှန်မလာလို့ ဒီဇယ်နဲ့ စက်မောင်းပြီး ခွေ
ဲ မွးရတဲ့အခြေအနေ၊ ဆေးရုံဝန်ထမ်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေနဲ့
ဆေးရုံတင
ွ်း သန့်ရှင်းမှုမရှိတဲ့အကြောင်းကိုလည်း အခုလို ဆက်ပြောပါတယ်။

လူနာရှင်။ ။'ခွခ
ဲ န်းမီး မှိတ်တုတ်မှိတ်တုတ်ဆိုတော့ လူနာကို ရင်တထိတ်ထိတ်နဲ့ ကျမတို့မှာ စောင့်နေရတယ်။ ဓာတ်မီးတွေ ဆောင်ထားဆိေ
ု တာ့ ကျမတို့လည်း
လေးငါးခြောက်လက် စုတာပေါ့နော်။ ဘာလုပ်ဖို့လဆ
ဲိုတော့ တကယ်လို့များ မီးပျက်သွားခဲ့လို့ရှိရင် သူတို့က ဓာတ်မီးနဲ့ ထိုးပြီး ခွတ
ဲ ယ်ဆိုပ။ဲ တော်ရုံတန်ရုံ
လူနာတွေဆို နာ့စ်မ တွေကလည်းလေ ပိုက်ထဲကို ဆေးသွင်းတာတို့ ဘာတို့ပေါ့နော်၊ သူတို့က သန့်ရှင်းရေးတွေကိုပဲ ခိုင်းတယ်။ သူတို့ကိုယ်တိုင်
လှည့်တာနည်းတယ်ရှင့်။ ဆေးရုံထဲမှာကလေ၊ ကြွက်တွေကြွက်တွေဆိုတာ အားကြီးပဲ'

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ဆေးရုံကြီးမှာ ခွဲစိပ်ပြီး မွေးဖွားခဲ့တဲ့ လူနာရှင်က ဆေးရုံကြီးရဲ့ အခြေအနေတွေကို ပြောပြသွား တာ ဖြစ်ပါတယ်။

ဘိုကလေးဒေသတွင်းက ပြည်သူတွေဟာ ပြီးခဲ့တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်တ့ဒ


ဲ ဏ် ခံခ့ရ
ဲ သူတွေဖြစ်တာမို့ စီးပွားရေး မပြေမလည်ဖြစ်နေရတဲ့ အခြေအနေမှာ
ပြည်သူ့ဆေးရုံကြီးမှာ အခုလို ငွေကြေးအမြောက်အမြား အကုန်အကျခံနိုင်မှ ဆေးဝါးကုသနိုင် တဲ့ အခြေအနေမို့ ကျန်းမာရေး အစောင့်အရှောက်ခံယူဖို့ အတော်
အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ

ဝီလီယံယက်တော၏ရှေ့နေ လျှောက်လခ
ျဲက်ပေးမည်
2009-07-25

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ရေကူးပြီး ဝင်ရောက်ခဲ့မှုနဲ့ စွခ


ျဲက်တင်ခံထားရတဲ့ အမေရိကန်နိုင်ငံသား မစ္စတာ ဂ္ဆွန်ဝီလီယံ ယက်တောရဲ့အမှုကို
သူ့ရဲ့ရှေ့နေဖြစ်သူက လာမယ့် တနင်္လာနေ့မှာ လျှောက်လခ
ျဲက် ပေးဖို့ရှိပါတယ်၊၊

မြန်မာစစ်အစိုးရကိုအရေးယူသည့် ဥပဒေသက်တမ်းတိုးမြှင့်ရေး အမေရိကန်လွှတ်တော် အတည်ပြု


2009-07-25

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး ဥပဒေဖြစ်တဲ့ မြန်မာနိုင်ငံလတ


ွ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေး အက်ဥပဒေကို နောက်ထပ်သုံးနှစ်
သက်တမ်းတိုးမြှင့်ဖို့ အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်က မနေ့က အတည်ပြုလိုက်ပါတယ်။

ဥပဒေ သက်တမ်းတိုးမြှင့်ဖို့ အဆိုကို အမေရိကန်အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အတည်ပြုခဲ့ပြီးနောက် အထက်လွှတ်တော်က အတည်ပြုဖို့အတွက်


လွှတ်တော်အမတ် Mitch McConnell နဲ့ Dianne Feinstein တို့က ဦးဆောင်တင်သင
ွ်းခဲ့တာဖြစ်ပါတယ်။

၂ဝဝ၃ ခုနှစ်က စတင်ခဲ့တဲ့ ဒီဥပဒေဟာ မနက်ဖြန် ဇူလိုင်လ ၂၆ ရက်နေ့မှာ သုံးနှစ်သက်တမ်း ကုန်ဆုံးတော့မှာပါ။ အခု လွှတ်တော်နှစ်ရပ်စလုံးက
အတည်ပြုပြီးသွားပြီဖြစ်တဲ့အတွက် ဥပဒေသက်တမ်း နောက်ထပ်တိုးမြှင့်ဖို့ အမေရိကန်သမ္မတ Barack Obama က လက်မှတ်ရေးထိုးရမယ့်
နောက်ဆုံးအဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒီဥပဒေအရ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကျောက်မျက်ရတနာတွေနဲ့ တခြားကုန်ပစ္စည်းတွေ အမေရိကန်ပြည်ထောင်စုကို တင်သင


ွ်းခွင့် ပိတ်ပင်ထားပါတယ်။ ဒါ့ပြင်
မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို ထောက်ခံကူညီရေးနဲ့ အမျိုးသားဒီမိုကရေစီအဖွ့ခ
ျဲုပ်ကို တရားဝင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရေး အပါအဝင်
တခြား လုပ်ပိုင်ခင
ွ့်တွေ ပြဋ္ဌာန်းထားပါတယ်။

အထက်လွှတ်တော်အမတ် Mitch McConnell က မနေ့က ကြေညာချက်ထုတ်ပြန်ရာမှာ ဒဏ်ခတ် ပိတ်ဆို့မှု ဘယ်လောက်ထိရောက်တယ်ဆိုတာ တချို့က


စောဒကတက်နေကြပေမယ့် အခု ဆုံးဖြတ်ချက်ကို ကြည့်မယ်ဆိုရင် အဲ့ဒီပိတ်ဆို့မှု မူဝါဒကို ပြောင်းလဲဖို့ မလိုသေးဘူးလို့ မိမိတို့ အမေရိကန်လွှတ်တော်က
ယူဆတယ်ဆိုတာကို ထင်ထင်ရှားရှား ပြသလိုက်တာဖြစ်ကြောင်း၊ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်အပေါ် အကောက်ဥာဏ်ဆင်ပြီး
တရားစွဆ
ဲိုထားတာကို ကြည့ရ
် င် မြန်မာစစ်အစိုးရအပေါ် ဆက်လက် ဒဏ်ခတ်အရေးယူဖို့ လိုအပ်နေတယ်ဆိုတာကို တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

အခုလို အရေးမယူရင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ ကြိုးစားနေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ခွင့်ပြုလိုက်သလို ဖြစ်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ၁၃ နှစ်လုံးလုံး အကျဉ်းချထားတဲ့အပေါ်မှာရော၊ နိုင်ငံရေးအကျဉ်းသား အမြောက်အမြား ဖမ်းဆီး
ထောင်ချထားတာကိုပါ လစ်လျူရှုထားရာရောက်မယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် လုပ်ဆောင်မလာမချင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ


ဆက်လက်ထားရှိသင့်တယ်လို့ မိမိတို့ ယူဆကြောင်း Mitch McConnell က ပြောပါတယ်။

ဒါ့ပြင် မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရအကြား ညူကလီးယားဆက်နယ


ွ်မှု သတင်းတွေလည်း ထွက်ပေါ်နေတဲ့အတွက် မြန်မာစစ်အစိုးရအပေါ် မိမိတို့ရဲ့
သဘောထားကို လူသားချင်းစာနာ ထောက်ထားတဲ့ ရှုထောင့်တင်မက အမျိုးသားလုံခြုံရေးရှုထောင့်ကပါ ထည့်သင
ွ်းစဉ်းစားနေရပြီ ဖြစ်တယ်လို့လည်း
ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ဥပဒေသက်တမ်းတိုးမြှင့်ဖို့ အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်တာကို AAFA လို့ခေါ်တဲ့ အမေရိကန်နိုင်ငံ ဖိနပ်နဲ့ အဝတ်အစား

ထုတ်လုပ်သူများအသင်းက ကြိုဆိုလိုက်ပါတယ်။ AAFA ဟာ မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေ အားလုံးကို ပိတ်ပင်ဖို့ ၂ဝဝ၃ ခုနှစ်က
ပထမဆုံး တောင်းဆိုခဲ့တဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့ ဖြစ်ပါတယ်။

ဒုံးကျည်နည်းပညာ ကိရိယာ မြန်မာနိုင်ငံသို့ ပို့သော ဂျပန်စီးပွားရေးသမားကို ဖမ်းဆီး


2009-07-24

ဒုံးပျံပစ်လွှတ်မှုဆိုင်ရာသုံး စက်တလုံးကို ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့ဖို့ခ့တ


ဲ့ဲ ဂျပန်စီးပွားရေးသမားတဦးကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ဂျပန်ရေ
ဲ တွက
ဒီကနေ့ ဇူလိုင် ၂၄ရက်မှာ ကြေညာလိုက်ပါတယ်။

တိုကျိုမြို့ ရှင်ဂျူကုမြို့နယ်မှာ ရှိတဲ့ တိုကို အရောင်းအဝယ် ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ လီ ဂယောင် ဂိုးကို ဂျပန်ရေ
ဲ တွက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်

မြောက်ကိုရီးယားလူမျိုးလို့ ယူဆရတဲ့ အသက်၄၁နှစ်အရွယ် မစ္စတာ လီ ဂယောင် ဂိုးဟာ ပြီးခဲ့တဲ့ ၂ဝဝ၈ခုနှစ် နိုဝင်ဘာလတုန်းက ဒုံးပျံပစ်လွှတ်မှုဆိုင်ရာသုံး
စက်တလုံးကို ဂျပန်အစိုးရရဲ့ ခွင့်ပြုချက်မယူပဲ ဂျပန်နိုင်ငံ နာဂိုယာ ဆိပ်ကမ်းကနေ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာ၂ဝရက်နေ့က တင်ပို့ခဲ့ပါတယ်။ ဒါကို
ဂျပန်ရဲကစုံစမ်းသိရှိခဲ့တာကြောင့် သူ့ကို အခုလို ဖမ်းဆီးရတာ ဖြစ်ကြောင်း သိရပါတယ်။ အဲဒီစက်ဟာ ယူရေနီယံ သတ္တုသန့်စင်ရေးလုပ်ငန်းမှာလည်း
သုံးစွဲနိုင်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က ဆက်သယ


ွ်မေးမြန်းရာမှာ အမည်မဖော်လိုတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦး
ပြောတာက လူအများ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ ဒုံးပျံပစ်လွှတ်မှုမှာ သုံးနိုင်တဲ့ စက်တလုံးကို မြန်မာနိုင်ငံကို တင်ပို့ဖို့ ကြိုးစားခဲ့တဲ့ ဂျပန်ကုမ္ပဏီပိုင်ရှင်
တဦးကို ဖမ်းဆီးခဲ့တာ မှန်ကြောင်း ပြောဆိုပါတယ်။ အဲဒီကုမ္ပဏီပိုင်ရှင်ရဲ့ လုပ်ဆောင်ချက်ဟာ ဂျပန်နိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက်နေတာ ဖြစ်ကြောင်း
ပြောဆိုပါတယ်။

ဒါ့အပြင် မစ္စတာ လီ ဂယောင် ဂိုးကို ငွေကြေးဆိုင်ရာ ဥပဒေအရရော တရားမဝင် ကုန်သယ


ွ်မှုဆိုင်ရာ ဥပဒေအရပါ အရေးယူဖို့ ရှိတယ်လို့
ဂျပန်သတင်းဌာနတွေက ဖော်ပြကြောင်း တိုကျိုမြို့မှာ နေထိုင်တဲ့ ဒေါ်ချိုချိုအေးက ပြောပြပါတယ်၊

ဒေါ်ချိုချိုအေး။ ။ 'ဂျပန်မှာနေတဲ့ မြောက်ကိုရီးယားသားလေ၊ ဖမ်းတယ်လို့တော့ ကြားတယ်။ မြောက်ကိုရီးယားသား ဒီ ဂျပန်မှာနေတဲ့လူက ပွဲစား


လုပ်သွားတာကိုး။ ပြီးတော့ ဂျပန်ကလည်း တခုတခု အရေးယူဖို့ လုပ်တယ်လို့တော့ ပြောတယ်လေ။ မြောက်ကိုရီးယားကို ပို့တဲ့ ပိုက်ဆံတို့၊ မြောက်ကိုရီးယားနဲ့
ပတ်သက်တဲ့ ဘဏ်၊ ပိုက်ဆံပို့တဲ့ဟာတွေကို သူတို့ ချုပ်မယ်ပေါ့နော်၊ အဲဒါမျိုးကို။ မြောက်ကိုရီးယားကို ပို့တဲ့ ပိုက်ဆံ တော်တော်များများက ဂျပန်မှာရှိတဲ့
မြောက်ကိုရီးယားသားတွေက ထောက်တာလေ။ အဲဒီ တိုင်းပြည်ကို။ သင်္ဘောနဲ့လေ၊ အကူးအသန်း အသွားအလာ လုပ်တ့လ
ဲူတွေတို့ နောက်ပိုင်းက ထွက်နေတဲ့
ပိုက်ဆံတွေလည်း ဂျပန်အစိုးရက စိစစ်ပြီးတော့ ကြပ်မတ်သွားမယ်၊ အဲဒါမျိုးတော့ ကြားတယ်။'

အခု ဖမ်းဆီးခံခဲ့ရတဲ့ လုပ်ငန်းရှင်ဟာ ဒီစက်အတွက် မြန်မာအစိုးရထံက အမှာစာကို မြောက်ကိုရီးယားနဲ့ ဖက်စပ်ထူထောင်ထားတဲ့


တရုတ်နိုင်ငံကုမ္ပဏီတခုကတဆင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစက်ကို မြန်မာနိုင်ငံ အမှတ် ၂ စက်မှုဝန်ကြီးဌာနကို လိပ်မူပြီး ပေးပို့ခ့တ
ဲ ယ်လို့ ဆိုပါတယ် ။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း အလားတူ ဖြစ်ရပ်မျိုးအတွက် တိုကျိုမြို့က ကုမ္ပဏီိပိုင်ရှင်တဦး အပါအဝင် လူသုံးဦးကို ဂျပန်ရေ


ဲ တွက ဖမ်းဆီးခဲ့ပါတယ်။

သတင်းထဲက ဂဏန်းများ၊ မြန်မာပြည်မှ ဘာသာကြီး ၄ ခု


ဇူလိုင် ၂၆၊ ၂၀၀၉

၂၀၀၇ ခုနှစ် ကိန်းဂဏန်းများကို ကိုးကားပြီး ရန်ကုန်မြို့ထုတ် Open ဂျာနယ် (၁-၆-၂၀၀၉) ဆောင်းပါးတပုဒ်တင


ွ် မြန်မာပြည်ရှိ ဘာသာအသီးသီး
ကိုးကွယ်သူများ အရေအတွက်၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း အရေအတွက်တို့ကို ဖော်ပြထားသည်။ (စေတီပုထိုး အရေအတွက်ကို မတွေ့ရပါ။)

ဗုဒ္ဓဘာသာ - ၄၆ သန်း (၄၆ ၆၂၃ ၅၄၁)


ခရစ်ယာန် ဘာသာ - ၃ သန်း (၂ ၈၇၃ ၉၄၅)
အစ္စလာမ်ဘာသာ - ၂ သန်း (၁ ၉၁၉ ၃၀၃)
ဟိန္ဒူဘာသာ - ၃ သိန်း (၃၆၅ ၄၁၀)

ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း - ၆၃ ၂၉၇


ခရစ်ယာန် ဘုရားကျောင်း - ၆ ၃၁၈
ဗလီ - ၂ ၇၅၁
ဟိန္ဒူဘုရားကျောင်း - ၇၈၇
တရုတ်ကုန်များ ပိတ်ပင်သဖြင့် နယ်စပ် ကားပြေးဆွဲမှု ထက်ဝက်ကျော် ကျဆင်း
မျိုးကြီး
တနင်္ဂနွေနေ့၊ ဂျူလိုင်လ 26 ရက် ၂၀၀၉ ခုနှစ် ၁၆ နာရီ ၂၇ မိနစ်

ရွှေလီ (မဇ္ဈိမ) ။ ။ တရုတ်ကုန်များ တင်သင


ွ်းမှုကို မြန်မာဘက်က ပိတ်ပင်လိုက်သဖြင့် တရုတ-် မြန်မာ နယ်စပ် ကုန်သယ
ွ်ရေးတွင် ဒုတိယအကြီးဆုံး
လမ်းကြောင်းဖြစ်သည့် ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်း ခရီးသည်တင်လိုင်းကား ပြေးဆွမ
ှဲုမှာ ထက်ဝက်ကျော် ကျဆင်းသွားသည်။

ယခုလဆန်းမှစတင်၍ တရုတ်ဘက်ခြမ်း ကျန်းဖုန်းမြို့နှင့် ကပ်လျက်ရှိ လွယ်ဂျယ်မြို့မှတဆင့် ကချင်ပြည်နယ် ဗန်းမော်သို့ တရုတ်ကုန်ပစ္စည်း တင်သင


ွ်းခွင့်ကို
အာဏာပိုင်များက တားမြစ်ခဲ့ရာမှ ယခုလို အသွားအလာများ ထူးကဲစွာ ကျဆင်းသွားရခြင်း ဖြစ်သည်။

ဗန်းမော်-လွယ်ဂျယ်ကားလိုင်းတွင် စိန်လုံတောင်တန်းနှင့် ရွှေလှေခါးလိုင်းတို့ရှိရာ ကားအစီးရေ ၇၀ ကျော် ရှိသည့်အနက် ယခုအခါ ၂၀ ကျော်သာ


ပြေးဆွေ
ဲ နတော့သည်။

ရွှေလှေခါးကားလိုင်းမှ ယာဉ်မောင်းတဦးက “နားထားရတဲ့ကား တော်တော်များနေပြီ။ အစီး ၇၀ ကျော် ၈၀ ရှိတာ၊ အစီး ၂၀ လောက်ပဲ ပြေးနိုင်တော့တယ်။

မကိုက်တော့တာ။ အကုန်လုံး နားထားရတယ်” ဟု ပြောသည်။

လိုင်းကားများသည် ဟိုင်းလပ်စ်ကားနှင့် မှန်လုံကားများဖြစ်ကြရာ ဟိင


ုးလပ်စ်ကားမှာ အများဆုံး ဖြစ်သည်။

ဗန်းမော်မြို့မှ မှန်လုံကားသမားတဦး၏ ဇနီးသည်က “ကားတွေနားထားရတာ တပတ်ကျော်လောက်တော့ ရှိပြီ။ ကျမတို့ကားတော့ ဒီတရက်နှစ်ရက်တော့ ပြန်ပြီး

စမ်းပြေးကြည့်နေတယ်” ဟု ပြောသည်။

ဗန်းမော်-လွယ်ဂျယ် ကားလမ်းတလျှောက် ဂိတ်တာဝန်ကျများက ကားသမားများထံမှ ငွေတောင်းယူမှုများ ရှိသည့်အပေါ် နေပြည်တော်အထိ တိုင်ကြားခံရသဖြင့်


တရုတ်ကုန် သယ်ယူခင
ွ့် အပိတ်ခံရခြင်း ဖြစ်သည်။

“ဒီလဆန်းပိုင်းလောက်ကပဲ လွယ်ဂျယ် နကသ (နယ်စပ်ကုန်သယ


ွ်ရေး) ညွှန်မှူးက နေပြည်တော်အထိ အောက်ခြေဝန်ထမ်းတွေ မသမာမှုကို တိုင်လိုက်တယ်။

နေပြည်တော်အထိ တိုင်တယ်ဆိုတော့ ဒီမှာ လာကြပ်မတ်လာတော့ ကုန်သည်တွေ မသွားနိုင်တော့တာပေါ့” ဟု ဟု လွယ်ဂျယ်မြို့ရှိ ကုန်သည်တဦးက


ပြောသည်။

သူက ဆက်ပြီး “ကားတွေကို ပိတ်လိုက်တာတော့ မဟုတ်ဘူး။ တရုတ်ကုန်ကို ပိတ်တာ။ ခရီးသည်တင် ကားတွေကတော့ ပြေးနေတာပါပဲ။ ဒါပေမဲ့
အရင်ကထက်တော့ အများကြီး နည်းသွားတယ်။ သွားထိတာက ကုန်သည် အလတ်၊ အငယ်တွေနဲ့ ဝန်ထမ်းတွေ အထိနာတာပေါ့။ ကုန်သည်ကြီးတွေကတော့
ကားအစီးလိုက် သွားနေတာပဲ” ဟု ပြောသည်။

ရွှေလှေခါး ကားလိုင်းမှ ကားမောင်းကလည်း “ပစ္စည်းကတော့ အများကြီးတော့ မရဘူးဗျ။ original လောက်ပဲ ရတော့တာပေါ။ အခုက ဝန်ထမ်းတွေဘက်က
နည်းနည်း ချို့ယွင်းချက်ရှိလို့ ပစ္စည်းတွေ ဝင်လို့မရတော့ဘူး။ နည်းနည်း ပိတ်ထားတာပေါ့။ အရင်အခြေအနေနဲ့ အများကြီး ကွာသွားတယ်ခင်ဗျ။ ကုန်သည်
အသွားအလာက ပါးသွားပြီလေ။ ဆီဖိုးလောက်ပဲ ရတာပေါ့။ ၄-၅-၆ သောင်းဖိုးလောက်ပဲ ရတာပေါ့” ဟု သူက ပြောသည်။

လွယ်ဂျယ် နကသ ညွှန်မှူးက တိုင်ကြားခဲ့ပြီးနောက် တရုတ်ကုန်များ အပိတ်ခံခ့ရ


ဲ သော်လည်း ဝန်ထမ်းများအား အရေးယူတာမျိုး မရှိသေးဘဲ
နယ်ပြောင်းသည်များဘရှိကြောင်း သိရသည်။

လွယ်ဂျယ်မြို့ ကုန်သည်က “ဖမ်းတာတို့၊ နေရာပြောင်းလိုက်တာတို့တော့ မကြားဘူး။ ဒါပေမဲ့လည်း အထက်က ကြပ်မတ်တ့အ


ဲ ခါကျတော့

တင်လို့မရတော့တာပေါ့။ လွယ်ဂျယ်က ဝန်ထမ်းတော်တော်များများက ဒီကိစ္စကို မကျေနပ်ကြဘူး” ဟု ပြောသည်။

တရုတ-် မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သော ဗန်းမော်-လွယ်ဂျယ်၊ ဗန်းမော်-လိုင်ဇာ လမ်းများတွင် ယခင်ကတည်းက ဂိတ်တာဝန်ကျများက


ကားသမားများထံ ငွေတောင်းယူမှုများ ရှိနေသော်လည်း ယခုအခါမှ တရုတ်ကုန်ပစ္စည်း သယ်ဆောင်ခင
ွ့်ကို ပိတ်ပင်လိုက်သည်မှာ ထူးခြားလျက်ရှိသည်ဟု
နှစ်နိုင်ငံ နယ်စပ်နေ လေ့လာသူများက ဆိုသည်။

ယခုလဆန်းပိုင်းအတွင်း ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ-် မြန်မာ နယ်စပ်ကုန်သယ


ွ်ရေး တခုဖြစ်သည့် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်သို့
ရောက်ရှိခဲ့ပြီးနောက်ပိုင်း တရုတ်ကုန်များ ပိတ်ပင်ခံရခြင်းလည်း ဖြစ်သည်။

အီရန်ဆန္ဒပြမှု ကမ္ဘာအနှံ့ဖြစ်ပွား
25 July 2009

အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ စနေနေ့က ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖ့ေ


ွဲ တွ အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက
ပြောပါတယ်။ အရင်လက သမ္မတ ရွေးကောက်ပွဲကို အတိုက်အခံက ကန့်ကက
ွ်မှုကို အစိုးရက ဖြိုခွင်းခဲ့လို့ မကျေနပ်ဘဲ ဆန္ဒပြကြသူထက
ဲ တချို့ကို
လုံခြုံရေးတွေက ရိုက်နှက်ခဲ့တယ်လို့ မျက်မြင်သက်သေ အများအပြားက ပြောပါတယ်။

ရွေးကောက်ပေ
ွဲ နာက်ပိုင်း ဖြစ်ပွားတဲ့ အီရန်နိုင်ငံက ရွေးကောက်ပေ
ွဲ နာက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု - ဆိုတာကို ကန့်ကက
ြ ္တ့ေ
ဲ န့တနေ့ ဆိုပြီး ကမ္ဘာတ၀ှမ်း
မြို့ပေါင်း ၈၀ လောက်မှာ စနေနေ့ကပဲ ဆန္ဒပြခဲ့ကြပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အီရန်သူ Shirin Ebadi က သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ချကြဖို့ နယ်သာလန်နိုင်ငံ Amsterdam မြို့က

ဆန္ဒပြသူတွေကို တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့

(HRW) အဖွဲ့တွေက ဦးဆောင်တဲ့ ဆန္ဒပြပွေ


ဲ တွကို လန်ဒန်၊ ပါရီ၊ ဘာလင် နဲ့ အစ္စလာမ်မာဘတ် မြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။

အီရန်နိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပေ


ွဲ တွမှာ သမ္မတ မိုဟာမတ် အမာဒင်နီဂျက် ပဲ အနိုင်ရအောင် မဲမသမာမှုတွေ
လုပ်ဆောင်တယ် ဆိုပြီး အတိုက်အခံတွေက ပြောဆိုနေကြပါတယ်။ နိုင်ငံတ၀ှမ်း ဆန္ဒပြမှုတွေလည်း အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

စစ်အစိုးရကို ဆက်ဒဏ်ခတ်ရေး အမေရိကန်လွှတ်တော် အတည်ပြု

25 July 2009

မြန်မာစစ်အစိုးရ လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ဒီမိုကရေစီ မထွန်းကားမှုတွေကြောင့် အရေးယူ ဒဏ်ခတ်တဲ့ အနေနဲ့ အမေရိကန်နိုင်ငံ ကနေ
မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှု ဥပဒေကို၂၀၀၃ ခုနှစ်ကနေ စတင် ပြဋ္ဌာန်းပြီး နှစ်စဉ် သက်တမ်းတိုးလာနေပါတယ်။ ၿပီးခဲ့တ့ေ
ဲ သာကြာနေ့ကလည်း
ဒီအရေးယူမှုကို ဆက်ပြီး သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော်က မဲပေး အတည်ပြုခဲ့ပါတယ်။

အခုဆို အမေရိကန် အောက်လွှတ်တော်ရော၊ အထက်လွှတ်တော်ရော အတည်ပြုထားပြီ ဖြစ်လို့ သမ္မတ အိုဘားမားက အတည်ပြုလက်မှတ်ထိုးဖို့ပဲ


ကျန်ပါတော့တယ်။ ဒီဥပဒေဟာ မြန်မာပြည်က ကုန်ပစ္စည်းတွေကို အမေရိကန်ကို တင်သင
ွ်း ခွင့် ပိတ်ပင်တားမြစ်တဲ့ ဥပဒေ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရဘက်ကတော့ အခုလို အရေးယူဒဏ်ခတ်တာတွေကို မကြိုက် တဲ့အကြောင်း မကြာခဏ ပြောဆိုနေတာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက ဆက်ပြီး ဖမ်းဆီးထားတုန်းပဲဖြစ်လို့ မြန်မာ စစ်အစိုးရကို ဖိအားပေးတဲ့ အနေနဲ့


အမေရိကန်ရဲ့ အရေးယူမှုကို ဆက်ပြီး လုပ်သင့်တယ်လို့ အထက် လွှတ်တော် အမတ် မစ်ခ်ျ မက္ကောနဲလ် က အေပီ သတင်းကို ပြောခဲ့ပါတယ်။
သမ္မတအိုဘားမားက ဘယ်တော့ အတည်ပြု လက်မှတ်ထိုးမလဲ ဆိုတာတော့ မသိရသေးပါဘူး။ မြန်မာစစ် အစိုးရပိုင် သတင်းစာတွေမှာတော့
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရေးဟာ အဓိပ္ပာယ်မရှိဘူးလို့ ရေးသားဖော်ပြနေပါတယ်။

ခြောက်ပင
ွ့်ဆိုင်ဆွေးနွေးပွဲ မြောက်ကိုရီးယား မတက်ရောက်တော့

25 July 2009

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲတွေ ပြန်လုပ်ဖို့ မျှော်လင့်ချက်ထားနေတာတွေဟာ ရက်ပေါင်းများစွာအတွင်း


ဒုတိယအကြိမ် အဖြစ်နဲ့ ပျက်ပြယ်သွားခဲ့ပြန်ပါပြီ။ ခြောက်ပင
ွ့်ဆိုင် ဆွေးနွေးပဲေ
ွ တွဟာ အပြီးတိုင် အဆုံးသတ်သွားပြီး ဖြစ်တယ်။ သူ့နိုင်ငံအနေနဲ့ ဒီဆွေးနွေးပွဲ
လုပ်ငန်းစဉ်တွေမှာလည်း ဘယ်တော့မှ ပါဝင်တော့မှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်တယ်ဆိုပြီး မြောက်ကိုရီုးယားနိုင်ငံရဲ့
ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက ပြောဆိုလိုက်တာပါ။

ဆွေးနွေးပွဲမှာ ပါဝင်သူတွေထဲက တချို့ဟာ ပေးထားတဲ့ ကတိအတိုင်း ဆောင်ရက


ွ်ခြင်းမရှိပဲ မြောက်ကိုရီးယားအပေါ် လိမ်ညာ လှည့်ဖျားခဲ့တယ်လို့ သံအမတ်ကြီး
Sin So Ho က နယူးယောက်ခ်မြို့မှာရှိတဲ့ သူ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ ရုံးမှာ သတင်းထောက်တွေကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
နျူကလီးယားဒုံးကျည်ထိပ်ဖူးတွေကို ဖျက်ဆီးပစ်ဖို့၊ နျူကလီးယား ဓာတ်သတ္တုသန့်စင်တ့လ
ဲုပ်ငန်းတွေ စက်ရုံတွေကို ပိတ်ပစ်ဖို့ လုပ်သွားမယ်ဆိုရင်
အပြန်အလှန်အနေနဲ့ စီးပွားရေး သံတမန် ရေးအရ အခွင့်အလမ်းတွေ ပေးမယ်ဆိုတဲ့ သဘောတူညီချက်တွေ ရဖို့ ရည်ရယ
ွ် ဆွေးနွေးပဲေ
ွ တွ ဒီနှစ်ဆန်းပိုင်းမှာပဲ
ပျက်ပြားခဲ့တာပါ။
ကြာသပတေးနေ့မှာတုန်းကလည်းပဲ မြောက်ကိုရီးယား အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း အခွင့်အလမ်းတွေ ဆိုတာဟာ ဘာမှ
အဓိပ္ပာယ်မရှိတာတွေသာဖြစ်သလို ဆွေးနွေးပဲေ
ွ တွဟာလည်း နိဂုံးချုပ်သွားပြီဆိုပြီး ပြောခဲ့တာပါ။ ဆွေးနွေး ညှိနှိုင်းမှု တွေမှာ ပါဝင်တဲ့ အမေရိကန်နဲ့
ကျန်နိုင်ငံတွေက အခွင့်အလမ်းတွေ ကမ်းလှမ်းလိုတဲ့ ဆန္ဒရှိနေဆဲ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုအပြီး သူက
အဲဒီလို မှတ်ချက်ပေး ပြောဆိုလိုက်တာလည်း ဖြစ်ပါ တယ်။

ပါလက်စတိုင်းကို အမေရိကန် ငွေကြေး ထောက်ပံ့

25 July 2009

ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို အမေရိကန်ပြည်ထောင်စုက ဘဏ္ဍာရေး ထောက်ပံ့မှု အစီအစဉ်တခုနဲ့ ပံ့ပိုးကူညီသွား မယ် လို့ ကြေညာလိုက်ပါတယ်။
အမေရိကန်သမ္မတ ဘရက်အိုဘာမားရဲ့ အရှေ့အလယ်ပိုင်းဒေသ ဆိုင်ရာ အထူး သံတမန် George Mitchell ဆီးရီးယားနိုင်ငံ ဒမတ်စကတ်(စ်) မြို့တော်ကို
ဆိုက်ရောက်လာပြီ ဆီးရီးယား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ ပါလက်စတိုင်း အာဏာပိုင်အဖဲ့က
ွို ငွေကြေးထောက်ပံ့မယ်လို့
အမေရိကန်က အခုလို ကြေညာလိုက်တာလို့ VOA သတင်းထောက် Andre de Nesnera (အွန်ဒရေး ဒီ နက်(စ်)နဲရာ) က နိုင်ငံခြားရေး ၀န်ကြီးဌာန
ကနေ၊ သတင်းပေးပို့ထားပါတယ်။ အကြောင်းစုံကို ဦးရော်နီညိမ်း က တင်ပြထားပါတယ်။

ပါလက်စတိုင်းဒေသ ပြည်သူတွေရဲ့ ဘ၀တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်အစိုးရက ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ကို ဒေါ်လာ သန်း ၂၀၀
ကူညီထောက်ပံ့သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်းက ပြောဆိုသွားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ပါလက်စတိုင်းပြည်သူတွေရဲ့
လက္တေ
ွဲ ဖ်ာတယောက်အဖြစ် ဆက်ပြီးတော့ ရှိနေတယ် လို့လည်း ၀န်ကြီး ကလင်တန်က ဆက်ပြီး ပြောဆိုလိုက်ပြီးတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို လည်း
အခုလို တိုက်တွန်း လိုက်ပါတယ်။

“ပါလက်စတိုင်းကို ခိုင်မာပြီး အလားအလာရှိတဲ့နိုင်ငံ၊ အိမ်နီးချင်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း လုံလုံခြုံခြုံ အတူယှဉ်တွဲ တည်ရှိ နေတဲ့နိုင်ငံ၊ အဲဒီလိုနိုင်ငံအဖြစ်
မြင်တွေ့ချင်ကြတဲ့ နိုင်ငံတကာ မိသားစုက ပါလက်စတိုင်း အာဏာပိုင်အဖဲ့က
ွို ထောက်ခံ အားပေးဖို့ ကျမတို့နဲ့ ပူးပေါင်းဆောင်ရက
ွ်ကြဖို့ ကျမက
တောင်းဆိုပါရစေရှင်။ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ဟာ ငြိမ်းချမ်းရေးအတွက် အရည်အသွေး ပြည့်မှီတယ်ဆိုတာ ပြသခဲ့ကြပြီးပါပြီရှင်။”

ဒီထောက်ပံ့ကူညီမှုဟာ အသစ်ထောက်ပံ့မှု မဟုတ်ဘဲ ပြီးခဲ့တဲ့လက အီဂျစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပါလက်စတိုင်းအတွက် အလှူရှင်နိုင်ငံများ အစည်းအဝေးမှာ


အမေရိကန်က ကတိက၀တ်ပြုခဲ့တဲ့ အလှူငွေ ဒေါ်လာ သန်း ၉၀၀ ထဲက တစိတ်တပိုင်းသာ ဖြစ်ပါတယ်လို့ နိင
ုငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

လောလောဆယ်မှာလည်း သမ္မတ ဘားရက် အိုဘားမား ရဲ့ အရှေ့အလယ်ပိုင်း အထူးသံတမန် George Mitchell ဟာ ဒီကနေ့ပဲ ဆီးရီးယားနိုင်ငံ
ဒမတ်စကတ်(စ်) မြို့ကို ရောက်ရှိလာပြီးတော့ မနက်ဖြန်မှာ ဆီးရီးယား သမ္မတ ဘာဆပ် အယ်လ် အာဆပ် နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးမှာ ဆီးရီးယား ဟာ အဓိက ကျတဲ့ နိုင်ငံ တနိုင်ငံပါ။ ဆီးရီးယား ဟာ အီရန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိပြီးတော့ လက်ဘနွန်က
ဟက်ဇ်ဘိုလာ၊ ဂါဇာ ကမ်းမြှောင် ဒေသ က ဟားမတ်စ် စတဲ့ စစ်သွေးကြွ အုပ်စုနေတွေကို ဆီးရီးယားက ပံ့ပိုးပေးနေပါတယ်။

ရေရှည်ခံမယ့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွေ


ဲ တွမှာ ဟားမတ်စ်တွေ ပါဝင်လာဖို့အတွက်ကတော့ ကြိုတင် စည်းကမ်းသတ်မှတ်မှုတွေ
လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးက အခုလို ပြောပါတယ်။

“ဟားမတ်(စ်)တွေအနေနဲ့ အကြမ်းဖက်မှုတွေ မလုပ်တော့ပါဘူးလို့ လူသိရှင်ကြား ကြေညာရပါမယ်။ အစ္စရေးနိုင်ငံ တည်ရှိမှု ကို အသိအမှတ်ပြုကြောင်း


ကြေညာရပါမယ်။ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ထဲမှာ ဟားမတ်(စ်)တွေ ပါဝင်ဖို့အတွက် အရင်က သဘောတူညီ ထားခဲ့တာတွေကို လိုက်နာမယ့်အကြောင်း
ကြေညာရပါမယ်။ ဒါတွေက အခုထိတော့ ဖြစ်မလာ သေးပါဘူး။ ဒါပေမဲ့ ဟားမတ်(စ်)တွေ လျှောက်လှမ်းကြရမယ့် လမ်းကြောင်းကတော့ ရှေ့မှာ သိပ်ကို
ရှင်းရှင်းလင်းလင်း မြင်နေကြရပြီလို့ ကျမကတော့ ထင်မြင်ယူဆပါတယ်။”

ဆီးရီးယား ခရီးစဉ် ပြီးဆုံးသွားတဲ့အခါမှာ သမ္မတ အိုဘားမား ရဲ့ အထူးသံတမန် George Mitchell ဟာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ တည်ရှိရာ

ဂျော်ဒန်မြစ် အနောက်ကမ်း၊ အစ္စရေး၊ အီဂျစ်နဲ့ ဘာရိန်း (Bahrain) နိုင်ငံတွေကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အခုလို အထူး သံတမန် တယောက် ခရီး

ယာယီများနေရတာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ P.J. Crowley ပြောတာကတော့ -

“ရေရှည်ခံမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရှေ့ဆက်ပြီး သွားနေတယ်ဆိုတာ၊ ရှင်းရှင်းလင်းလင်း သိမြင်ကြစေဖို့ အတွက် ကျနော်တို့က အရှေ့အလယ်ပိုင်း
ခရီးစဉ်တိုင်းမှာ ဒေသခံခေါင်းဆောင်တွေနဲ့ ထိတွေ့ ဆွေးနွေးနေပါတယ်။ ဒီဒေသအတွက် ခက်ခတ
ဲ့ဲ ဆုံးဖြတ်ချက် ချမှတ်ဖို့ တွေ၊ အပေးအယူ ညှိနှိုင်းမှု
လုပ်ဖို့တွေအတွက် ပံ့ပိုးပေးမယ့် အဓိက အခရာကျတဲ့ အခြေအနေ တရပ်ရှိရပါမယ်။ အဲဒါကတော့ ကျနော်တို့ နဲ့ ဒေသခံ ခေါင်းဆောင်တွေနဲ့ အခုလို ရင်းရင်းနှီးနှီး
တွေ့ဆုံ ဆွေးနွေးနေဖို့ပါပဲ။”

သမ္မတ အိုဘားမား က သူ့ကို အရှေ့အလယ်ပိုင်းဆိုင်ရာ အထူး သံတမန် အဖြစ် ပြီးခဲ့တဲ့ ဇန်န၀ါရီလက ခန့်အပ်ပြီးကည်းက George Mitchell ဟာ
အရှေ့အလယ်ပိုင်း နိုင်ငံတွေကို ခရီးထွက်ခဲ့ပြီးသား ဖြစ်ပါတယ်။
တကမ္ဘာလုံးနီးပါး ၀က်တုပ်ကွေး ပျံ့နှံ့

25 July 2009

A-H1N1 ၀က်တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေဟာ ကမ္ဘာပေါ်က နိုင်ငံအားလုံးနီးပါးကို ပျံ့နှံ့နေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွ့က


ဲ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့

ဧပြီလကစပြီး ဒီရောဂါပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၈,၀၀၀ လောက် ရှိနေပါပြီ။

ဒီရောဂါပိုး တိုက်ဖျက်ရေး အတွက် ကာကွယ်ဆေးတွေကို ဖြန့်ဝေရေးဟာ WHO အဖွ့ရ


ဲ့ဲ အဓိကဦးစားပေး ကိစ္စပလ
ဲို့ ကုလသမဂ္ဂရဲ့ ပြောရေးဆိုခင
ွ ရ
့ှ်ိသူ
ဂရော်ဂရီ ဟာ့ဒ်လ် က မနေ့က ပြောလိုက်ပါတယ်။ အဲဒီကာကွယ်ဆေးတွေဟာ ကမ္ဘာ့မြောက်ဘက်ခြမ်း နိုင်ငံတွေမှာ အေးတဲ့ရာသီမတိုင်ခင် ရရှိနိုင်အောင်
လုပ်ဆောင်လိမ့်မယ်လို့ ဆိုပါတယ်။

အမေရိကန်မှာတော့ နောက်လဆန်းမှာစပြီး ကာကွယ်ဆေး စမ်းသပ်မှုတွေ ရှိလာနိုင်တော့မှာပါ။ အခုလောလောဆယ်မှာ ၀က်တုပ်ကွေး ရောဂါပိုး ရှိတာ


သေချာတယ်လို့ စမ်းသပ်ခန်းတွေကနေ အတည်ပြုနိုင်တာ ၁၃၀,၀၀၀ ကျော် ရှိနေတယ်လို့ WHO က ပြောပါတယ်။ ဒီရောဂါပိုး ရှိနေတဲ့ လူစုစုပေါင်းက

ကမ္ဘာတ၀ှမ်း ၁၀၀,၀၀၀ ကျော် ရှိနေပါပြီ။

မြန်မာပြည်မှာတော့ ဒီရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၆ ဦး ရှိပြီလို့ အစိုးရက အတည်ပြုထားပါတယ်။ အဲဒီအထဲက ၃ ဦးကတော့ အခြေအနေ
ပြန်ကောင်းသွားပြီလို့ ဆိုပါတယ်။

အီရန် ဒု သမ္မတ ရာထူးမှ နှုတ်ထွက်

25 July 2009

အီရန်က ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်ရဲ့ တောင်းဆိုမှုနောက်မှာ အီရန်သမ္မတ မာမွတ် အမာဒနီဂျက် ရွေးချယ်ထား တဲ့ ဒု သမ္မတ ဟာ သူ့ရာထူးကနေ
နှုတ်ထွက်ခဲ့ရပါတယ်။ အက်ဖန်ဒီယာ ရာဟင်မကရှာအီ ကလည်း သူ့ကိုယ်သူ ဒု သမ္မတ အဖြစ် ဆက်ပြီး မသတ်မှတ်တော့ဘူးလို့ ပြောကြောင်း သမ္မတ
အမာဒင်နီဂျက် ရဲ့ ထိပ်တန်း လက်ထောက် မော်စ်တာဗာ ဆန်မာရာဟက်ခ်ျမီ ရဲ့ စကားကို ကိုးကားပြီးတော့ အီရန်နိုင်ငံပိုင် သတင်းအေဂျင်စီ IRNA က
ဖော်ပြပါတယ်။

အီရန်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အစ္စရေး အပါအ၀င် လူတွေအားလုံးရဲ့ မိတ်ဆွေပါလို့ ပြီးခဲ့တ့န


ှဲစ်က ပြောခဲ့တာကြောင့်မို့လို့ မက်ချာအီ
အဝေဖန်ခံခဲ့ရပါတယ်။အီရန်ဟာ ပုံမှန်အားဖြင့် အစ္စရေးကို အသိအမှတ် မပြုပါဘူး။ အီရန်ဘာသာရေး ခေါင်းဆောင် အရာတိုလာ ခါမီနီ က မက်ရှာအီ ကို
ရာထူးကနေ ထုတ်ပစ်ဖို့ သမ္မတ အမာဒင်နီဂျက် ကို သောကြာနေ့ အစော ပိုင်းမှာ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မက်ရှာအီ က သမ္မတ ရဲ့ စိတဝ
် င်စားမှုနဲ့
အစိုးရရဲ့ စိတဝ
် င်စားမှုတွေကို ဆန့်ကျင် တယ်၊ ဒါဟာ သမ္မတ ကို ထောက်ခံတ့သ
ဲူတွေကြားမှာ စိတဝ
် မ်းကွမ
ှဲုတွေ ဖြစ်လာစေနိုင်တယ်လို့ ဘာသာရေး
ခေါင်းဆောင် ခါမီနီ က သမ္မတ အမာဒနီဂျက် ကို ပြောကြားထားတဲ့ စာတစောင်ကို ကိုးကားပြီး အီရန်ရုပ်မြင်သံကြား သတင်း က ဖော်ပြတာဖြစ်ပါတယ်။

န်ကြီးချုပ်က အခြေခံဥပေဒေအပြောင်းအလဲကို အောက်လွှတ်တော်တင


ွ် ကြားနာတော့မယ်

post by Sunday, July 26, 2009

ဇူလိုင် ၂၅၊ ၂၀၀၉ (ဘန်ကောက်ပို့်စ)်


အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီက ဥပေဒပြင်ဆင်မှုအပေါ် ထောင်ခံအဆိုပြုမှု ၆ ခုကို
သြဂုတ်လ ၁ ရက်နေ့မှာစတင်မယ့် ပါလီမန်အစည်းအဝေးမှာ ၀န်ကြီးချုပ်က မုချ ယူဆောင်လာပါတော့ မယ်လို့ ကော်မတီဥက္ကဋ္ဌ Direk Thuengfang က
စနေန့က ပြောပါတယ်။ ၀န်ကြီးချုပ်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Chai Chidchob ထံ ဒီထောက်ခံချက်တွေကို တင်သင
ွ်းပြီးလို့ ၀န်ကြီးချုပ်က

ဥပဒေပြင်ဆင်ချက်အပေါ် အဆိုပြုချက်ကို စဉ်းစားဖို့အတွက် အောက်လွှတ် တော်ကို ယူလာမှာ ဖြစ်ပါတယ်လို့ အဲဒီနေ့မှာပဲ Mr Direk က ပြောပါတယ်။
ပါလီမန်အမျိုးသားပြန်လည်သင့်မြတ်ရေးကော်မတီ (ဒါမှမဟုတ)် အမျိုးသား ဥပဒေပြုလွှတ်တော်သစ်တခု ဖွစ
ဲ့ ည်းရမယ်ဆိုတဲ့ အစိုးရခန့်အပ်ထားတဲ့နိုင်ငံ ရေး
ပါတီဆော်သြသူများဥက္ကဋ္ဌ၊ Shinworn Boonyakiat ရဲ့အကြံပြုချက်နဲ့ စပ်လျဉ်းပြီး အစိုးရရဲ့ ဖဲစ
ွ့ ည်းမှုသဏ္ဍန်ကို ထိခိုင်စေမှာဖြစ်တဲ့အတွက် သူ့အနေ

နဲ့တော့ ဒီအယူအဆကို သဘောမတူကြောင်း Mr Direk က ပြောပါတယ်။ ပြည်သူတွေကတော့ ဒီလုပ်ရပ်ကို အစိုးရရဲ့ အချိန်ကဝ


ို ယ်ယူဖို့ ကြိုးပမ်းချက် တခု
အနေနဲ့ စဉ်းစားကောင်းစဉ်းစားမှာပါ။

နိုင်ငံရေးပါတီအားလုံးအနေနဲ့ တိုင်းပြည်စည်းလုံးညီညွတ်ရေးကို မြင်ချင်တ့အ


ဲ တွက် ဒီကိစ္စအပေါ်မှာ ၀န်ကြီးချုပ် အဘီဆစ်အနေနဲ့ ရဲရဆ
ဲုံးဖြတ်ချက်ချဖို့ သူ့အနေနဲ့
တောင်းဆိုပါတယ်။ အခြေခံဥပေဒေအပြောင်းအလဲအပေါ်မှာ ထောက်ခံချက်ပေးတာတွေက လူမှုရေး အကဲအ
ွ ပြဲတွေ ပိုဖြစ်စေလိမ့်မယ်လို့ သူကမမြင်ပါဘူး။

မြောက်ကိုရီးယားမဟာမိတ်တွေ နျူကလီးယား စမ်းသပ်မှု ဆန့်ကျင်ကန့်ကက


ွ်ရာမှာ ပူးပေါင်းပါဝင်

post by Friday, July 24, 2009

ဇူလိုင် ၂၄၊ ၂၀၀၉ (ဘန်ကောက်ပို့စ)်


ဖူးခက်။ ။ မကြာသေးခင်၊ ပြုံယမ်းက တိုက်ချင်းပစ်ဒုံးပျံ ပစ်လွှတ်စမ်းသပ်အပြီးနောက်မှာ သူ့ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို စွန့်လွှတ်ဖို့အတွက်
မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ဖိအားပေးမှုအပေါ် ရုရှန့တ
ဲ ရုတ်က ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့ သဘောတူ လိုက်ပါပြီ။

တနေ့က ကျင်းပခဲ့တဲ့ အာဆီယံဒေသတွင်းအစည်းအဝေးမှာ ပြုံယမ်းရဲ့ မဟာ မိတ်တွေဖြစ်တဲ့ ရုရှနဲ့ တရုတ်တို့အပါအ၀င် အားလုံးက နျူကလီးယားဒုံးပျံ
စမ်းသပ်ပစ်လွှတ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြတယ်ဆိုတာကို ထုတ်ဖော် ပြောဆို လိုက်ပါတယ်။ တပါတ်ကြာကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့
အစည်းအဝေးမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားကိစ္စက အဓိက လွှမ်း မိုးနေတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စ ဖြစ်လို့နေပါတယ်။

ဒေသတွင်း နျူကလီးယားခြိမ်းခြောက်မှုအန္တရာယ်ကို အဆုံးသတ်ရေးအတွက် ခြောက်နိုင်ငံဆွေးနွေးပြွဲ ပန်လည်ကျင်းပဖို့ အာဆီယံဒေသတွင်းဆွေးနွေးပွဲက


မြောက်ကိုရီးယားနိုင်ငံကို တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ မြောက်ကိုရီးယား နိုင်ငံက ဒါကို ချက်ချင်းပဲ ငြင်းပယ်လိုက်ပါတယ်။ အစည်းဝေးကပဲ မြောက်ကိုရီးယား
နိုင်ငံအပေါ် ပိတ်ဆို့မှုလုပ်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖဲဝ
ွ့ င် နိုင်ငံတွေကို တောင်းဆိုတယ်။

မြောက်ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတိုးမြှင့်ဖို့ လုပ်နိုင်တာတွေကို အာဆီယံဒေသတွင်းနိုင်ငံများဆွေးနွေးပဲမ


ွှာ ရှာဖွေ ကြည့်ရပါမယ်လို့
အစည်းအဝေး အပြီးမှာ နိုင်ငံခြားရေးဝန်ကြီး Kasit Piromya က ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရုရှနဲ့တရုတ်ကတောင်မှ နိုင်ငံတကာနဲ့အတူ စိုးရိမ်ပူပန်နေကြပါပြီလို့ အာဆီယံ သံတမန်အသိုင်းအ၀ိုင်းက ပြောဆို ပါတယ်။

ဒါပေမဲ့ ပြုံယမ်းအပေါ်ပိတ်ဆို့မှုတွေက မြောက်ကိုရီးယားပြည်သူတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး။ ခြောက်နိုင်ငံဆွေးနွေးပွဲ တွေ ပြန်စနိုင်ဖို့


မျှော်လင့်တယ်လို့ တရုတ်က ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောဆိုခဲ့ကြောင်း သတင်းရပ်ကက
ွ်တွေက ပြောဆိုပါတယ်။ ဒုံပျံပစ်လွှတ်စမ်းသပ်တဲ့အပေါ်မှာတော့
မြောက်ကိုရီးယားဟာ နိုင်ငံတကာကနေ ပြင်းပြင်းထန်ထန် တုန့်ပြန်ပြောဆိုတာတွေ ရင်ဆိုင်ရ တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က
ပြောပါတယ်။ “သူတို့မှာ မိတ်ဆွေမကျန်တော့တာကြောင့် မြောက် ကိုရီးယားအတွက် ဘာမှဆက်မလုပ်နိုင်တော့ပါဘူး” လို့ မစ္စက်ကလင်တန်က ပြောပါတယ်။

“ကျမတို့အနေနဲ့ မြောက်ကိုရီးယားနဲ့အတူအလုပ်လုပ်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတဲ့ အမြင်တွေတော့ တူနေကြပြီ။ ဒါပေမဲ့ မြောက် ကိုရီးယားဖက်က

သူ့အပြုအမူတွေ ပြင်ရပါမယ်” လို့ သူမက ပြောဆိုပါတယ်။ ဒါပေမဲ့ အမေရိကန်က သူ့ရဲ့ မြောက်ကိုရီးယား ဆန့်ကျင် ရေးသဘောထား မပြောင်းလဲမချင်း

ပြုံယမ်းက စေ့စပ်ရေးစားပဲဆွ ခါင်းဆောင် Ri


ွီကို ပြန်လာမှာ မဟုတ်ဘူး လို့ အစည်းအဝေးတက်ရောက်လာတဲ့ မြောက်ကိုရီးယားကိုယ်စားလှယ်အဖဲ့ေ Hung-
sik က ပြောဆိုပါတယ်။

ခြောက်နိုင်ငံဆွေးနွေးပွဲမှာ ပါဝင်သူတွေကတော့ တရုတ်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဂျပန်၊ ရုရှ နဲ့ အမေရိကန်တို့ ဖြစ်ပါ တယ်။
မြောက်ကိုရီးယားနိုင်ငံက အာဆီယံဒေသတွင်းဆွေးနွေးပွဲကို တက်ရောက်တ့က
ဲိုယ်စားလှယ် အဆင့်ကို သံအမတ်ကြီး အဆင့် ဖြစ်တဲ့ Pak Kun-gwang
ကနေ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr Ri အဆင့်ကို အစောပိုင်းမှာ လျှော့ချခဲ့ပါတယ်။ ဒါဟာ ၂၀၀၀
ခုနှစ်ကတည်းကစလို့ အာဆီယံ ဒေသတွင်း ဆွေးနွေးပွဲကို တက်ရောက်ဖို့ ပြုံယမ်းက အဆင့်နိမ့် ကိုယ်စားလှယ်စေလွှတ်တာ တတိယအကြိမ်ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း ဆွေးနွေးပွဲက ထုတ်ပြန်ကြေညာချက်မှာ သူတို့အနေအထားနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်သင့်သလဲ ဆိုတာကို မြောက်ကိုရီးယားနိုင်ငံက


ထပ်ခါတလဲလဲ ပြောဆိုနေတာကြောင့် တက်ရောက်သူတွေအတွက် ကြေညာချက်ထုတ်ပြန်ဖို့အတွက်ကို ၂နာရီလောက်နှောင့်နှေးကြန့်ကြာသွားပါတယ်။

အာဆီယံဒေသတွင်း ဖိုရမ် အဖွဝ


ဲ့ င်နိုင်ငံတွေက အကြမ်းဖက်သမားများဆန့်ကျင်တိုက်ခိုက်ရေးကို ပူးတွဲလုပ်ဆောင်ဖို့လည်း တောင်းဆို လိုက်ပါတယ်။ ဇူလိုင် ၁၇
ရက်နေ့က၊ ဂျကာတာဟိုတယ်၊ ဗုံးခွဲတိုက်ခိုက်မှုဟာ ဒေသတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ခြိမ်း ခြောက်မှုရှိနေတုန်းပဲ ဆိုတာကို ထုတ်ဖော်ပြသတာ
ဖြစ်တယ်လို့ ပြောပါတယ်။ အကြမ်းဖက်မှုပြဿနာနဲ့ပတ်သက်ပြီး ပြောဆိုရာမှာ လူတွေအနေနဲ့ နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုး၊ ဘာသာ (ဒါမှမဟုတ)် တိုင်းရင်းသား
စတာတွေကို အထီးကျန်ဖြစ်အောင်လုပ်တာတွေ ရှောင်ရှားကြဖို့၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman က ပြောဆိုပါတယ်။ “ အကြမ်းဖက်မှုတွေက

ဘာသာရေးနဲ့ ပတ်သက် ဆက်နွယ်မယ်ဆိုရင်၊ ဒါဟာ မုန်းတီးမှုတွေ ဖြစ်အောင် ဖန်တီးတာပဲ ဖြစ်မှာပါ” လို့ Mr Anifah က ပြောပါတယ်။

အစည်းအဝေးက မြန်မာပြည်ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်စေဖို့ကိုလည်း ကတိက၀တ်ပြုကြတယ်၊ လို့ Mr Kasit က ပြော ပါတယ်။

မြန်မာပြည်ဟာ နောက်နှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပမှီမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်တ့အ


ဲ နေနဲ့ အမျိုး
သားဒီမိုကရေစီအဖဲ့ခ
ျွုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဖိအားပေးခံနေရပါတယ်။

သခင်မ ဒေါ်လှကြည် သို့မဟုတ် စာရေးဆရာမကြီး ကြည်ဦး


ထိန်လင်း
ဇူလိုင် ၂၆၊ ၂၀၀၉

မြန်မာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေန့တ


ဲ န်းတူ ပါဝင်လာခဲ့သလို
နိုင်ငံရေးနယ်ပယ်မှာ ပါဝင်နေတဲ့ အမျိုးသမီးတွေက စာပေတာဝန်ပါ တပြိုင်တည်း ထမ်းဆောင်နိုင်သူတွေ ရှိပါတယ်။ နိုင်ငံရေး လွတ်လပ်တဲ့ ခေတ်တွေမှာ အဲဒီလို
နိုင်ငံရေးနဲ့ စာပေတာဝန်တွေကို တပြိုင်တည်း ထမ်းဆောင်နိုင်ပေမယ့် အခုခေတ်မှာတော့ နိုင်ငံရေးလုပ်ဆောင်သူက စာပေရေးသားခွင့်အပိတ်ခံရ၊ စာပေနဲ့
ရပ်တည်သူတွေကလည်း နိုင်ငံရေးဆိုတာကို မျက်စောင်းမထိုးရဲ ဆိုသလိုမျိုး ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဒီလို ဆိုးဝါးတဲ့ အခြေအနေထဲမှာ
အခွင့်အရေးပေးသမျှ ၂ ဖက်စလုံး တာဝန်ကျေသူတွေ ရှိနေပါတယ်။ တချို့ဆိုရင် ခေတ်ကာလ တစ်ခုတည်းမှာသာ မဟုတ်ဘဲ ခေတ်အဆက်ဆက်
ဘဝတလျှောက်လုံး တာဝန်ကျေခဲ့သူတွေဖြစ်ပါတယ်။

ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေးနဲ့ စာပေတာဝန် ကျေခဲ့တဲ့ အမေ လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့လိုပဲ တခြား စံပြုထိုက်သူ အမျိုးသမီးတွေ
အများကြီး ရှိပါတယ်။ အဲဒီထဲမှာ အခုနှစ် မတ်လ ၂ဝ ရက်နေ့က ကွယ်လန
ွ်ခ့တ
ဲ့ဲ စာရေးဆရာမကြီး ကြည်ဦး လည်း ပါဝင်ပါတယ်။ သူဟာလည်း ငယ်စဉ်ကနေ
ကွယ်လွန်ချိန်အထိ မြန်မာပြည်နိုင်ငံရေး နယ်ပယ်စုံမှာ ဖြတ်သန်းရင်း စာပေတာဝန်ပါထမ်းဆောင်ခ့သ
ဲူဖြစ်ပါတယ်။

စာရေးဆရာမကြီး ကြည်ဦးရဲ့ အမည်ရင်းက ဒေါ်လှကြည်ဖြစ်ပြီး ‘သခင်မ ဒေါ်လှကြည်’လို့လည်း အမည်တင


ွ်ခ့ပ
ဲါတယ်။ ဆရာမကြီးကို ၁၉၂၅ ခုနှစ် ဇွန်လ ၂၃
ရက်နေ့က သထုံခရိုင် ဘီးလင်းမြို့နယ် တောင်စွန်းမှာ မွေးဖွားခဲ့ပါတယ်။ တောင်းစွန်းဆရာကြီး ဦးထွန်းလှရဲ့ မူလတန်းကျောင်းမှာ စတင် ပညာသင်ကြားခဲ့ပြီး
ဒုတိယကမ္ဘာစစ် ပြီးတဲ့အခါ ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဆရာမကြီးဟာ စာပေ ဝါသနာနဲ့ နိုင်ငံရေး အသိစိတ် ငယ်ငယ်ကလေးတည်းက သန္ဓေတည်ခဲ့သူလို့
ဆိုနိုင်ပါတယ်။ တဆက်တည်းမှာပဲ ဖြစ်ချင်တဲ့ဆန္ဒကို ပြည့်ဝအောင် ကြိုးပမ်းသူဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။

အသက် ၉ နှစ် တတိယတန်းကျောင်းသူဘဝမှာတင် ဒီဆူဇာ ဆေးတိုက်က ထုတ်တဲ့ ဆေးကြော်ငြာ သက်စောင့်မဂ္ဂဇင်း ကို ဝတ္ထုတစ်ပုဒ် ရေးပြီး ပို့ခဲ့ပါတယ်။
ဒါပေမယ့် ‘မရွေးပါ’ဆိုတဲ့ စာနဲ့အတူ စာမူကို ပြန်ပို့လိုက်လို့ မိသားစုက ဝိုင်းလှောင်တာကို ခံခ့ရ
ဲ ပါတယ်။ ဒါပေမယ့်လည်း ဇွမ
ဲ လျှော့ဘဲ စနေနေ့တိုင်း ထုတ်ဝေတဲ့
စနေနဂါးနီဂျာနယ် တို့ကျောင်းသားအခန်းကို စာမူ ဆက်ပို့ခဲ့ပါတယ်။ အဲဒီလို ဆက်ပို့ဖြစ်တ့အ
ဲ ကြောင်းကို ဆရာမကြီးက

“ပို့ရသည့်အကြောင်းရင်းမှာ ဆရာကြီးကတော်သည် နေ့လယ် ကစားချိန် ကျောင်းလွှတ်ပေးတိုင်း ကျောင်းသူကလေးများကို ခေါ်၍ အနင်းအနှိပ်ခိုင်းသည်ကို


မခံချင်၍ဖြစ်သည်။ ကျောင်းသူများစွာက ဆရာကြီးကတော်ကို မကျေနပ်ကြပါသော်လည်း ခေါင်းငုံ့ခံနေရသည်။ စာရေးချင်သော ကျွန်မကသာ
ဤမကျေနပ်ချက်ကို အများသိအောင် စာရေးရခြင်းဖြစ်သည်” လို့ သူ့ရဲ့ ‘အမှတ်တရ ရွှေရုပ်လွှာများ’ စာအုပ်မှာ ရှင်းပြထားပါတယ်။ ဒါဟာ မတရားမှုကို

လက်မခံဘူးဆိုတဲ့ စိတ်ဓာတ်အခြေခံဖြစ်ပါတယ်။ အဲဒီထဲမှာပဲ “စာရေးချင်တာလား၊ စာရေးဆရာ ဖြစ်ချင်တာလားဟု မေးလာလျှင် စာရေးချင်ပါတယ်ဟု

ဖြေမည်ပင်”လို့ သူ့ရဲ့ စာပေဝါသနာကို ဖော်ပြထားပါတယ်။

ဆရာမကြီးက ၁၉၅ဝ ပြည့်နှစ်က စပြီး ‘ကြည်ဦး’ ဆိုတဲ့ ကလောင်အမည်ကို သုံးစွခ


ဲ့ ပ
ဲါတယ်။ ကေလာင္ခေ
ွဲ တွကတော့ ကြော့ဦး၊ ကြည်ဦး၊ ကြည်ဦးဆွေ၊
ခင်နှင်းဆီ၊ ခင်ဦးမေ၊ ငွေဇင်၊ စိမ်းမြနွယ်၊ နီလာ၊ မေကြည်ဦး၊ မေမြင့်ဦး၊ အမျိုးသမီးဆရာဝန်၊ ဦးကြီးစိုး တို့ဖြစ်ပါတယ်။

စာပေတာဝန်များအနေနဲ့ ၁၉၅၃ ခုနှစ်မှာ လူထုပညာရေးကောင်စီက ထုတ်ဝေတဲ့ ‘လူထုပညာစာစောင်’ရဲ့ လက်ထောက်အယ်ဒီတာအဖြစ်၊ ၁၉၅၉ ခုနှစ်မှာ

ဖွဲ့စည်းတဲ့ ‘မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း’ မှာ စတင် တည်ထောင်သူအဖြစ် ပါဝင်ဆောင်ရက


ွ်ခ့သ
ဲ လို ယုဝတီဂျာနယ်မှာ အယ်ဒီတာအဖြစ် ၆ နှစ်
ဆောင်ရွက်ခဲ့ပါတယ်။ မဂ္ဂဇင်း စာစောင်အများအပြားမှာ ဝတ္ထုနဲ့ ဆောင်းပါးတွေ ရေးသားခဲ့ပြီး ယဉ်ကျေးမှု၊ ဘာသာရေး၊ ကလေးစာပေ နဲ့ အတ္ထုပ္ပတ္တိတွေ ပါဝင်တဲ့
လုံးချင်းစာအုပ် ၁ဝ အုပ်ကျော် ထွက်ရှိခဲ့ပါတယ်။

နိုင်ငံရေးအသိစိတ်ကတော့ မူလတန်းကျောင်းသူဘဝကတည်းက စတင်ခ့တ


ဲ ယ်လို့ ဆိုနိုင်ပါတယ်။ စတင်ပုံက ဒီလိုပါ။ ရန်ကုန် အတွင်းဝန်ရုံးကို ကျောင်းသားတွေ
သွားရောက်ဆန္ဒပြခဲ့ရာက ရက်ရက်စက်စက် ဖြိုခွဲတဲ့အတွက် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတဲ့ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့မှာ
စစ်ပုလိပ်တွေ ရိုက်တဲ့အတွက် ဒဏ်ရာအကြီးအကျယ် ရခဲ့တဲ့ ကျောင်းသူတွေ ရှိပါတယ်။ အဲဒီထက
ဲ ဒီးဒုတ်ဦးဘချိုရဲ့ သမီး မမြမြဟာ အသက်အန္တရာယ်
စိုးရိမ်ရတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ကျောင်းသားတွေက မမြမြ ရဲ့ ဓာတ်ပုံကို ‘အာဇာနည် မမြမြ’လို့ စာတန်းထိုးပြီး ရန်ပုံငွေအတွက် အလှူငွေအဖြစ်
ရောင်းချခဲ့ကြပါတယ်။ အဲဒီအချိန် မူလတန်းကျောင်းသူသာ ဖြစ်သေးတဲ့ ဆရာမ ကြည်ဦးက အာဇာနည်မြမြ ရဲ့ ပုံကို ရင်မှာ အမြဲချိတ်ပြီး
ဂုဏ်ယူဝင့်ကြွားခဲ့တယ်လို့ ကိုယ်တိုင် ရေးသားခဲ့ဖူးပါတယ်။ ဒါဟာ သူ့ရဲ့ နိုင်ငံရေးစိတ်ဓာတ် အစပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဖက်ဆစ်တော်လှန်ရေး လျှို့ဝှက်အဖွဲ့၊ တို့ဗမာအစည်းအရုံးဝင်၊ အာရှလူငယ် ဉာဏဗလမှူး စတဲ့ နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။


ကိုလိုနီခေတ်မှာ တိုင်းပြည်လွတ်မြောက်ရေးအတွက် အဲဒီလို ပါဝင်ခ့တ
ဲ့ဲ ဆရာမကြီးဟာ ၁၉၈၈ ခုနှစ် လူထု ဒီမိုကရေစီအရေးတော်ပုံကြီးမှာ နောက်ချန်ပြီး
မနေခဲ့ပါဘူး။ ဒီမိုကရေစီရေးအတွက် အာဏာရှင်ဆန့်ကျင်ရေး တရားတွေကို ဟောပြောရင်း လူထုန့အ
ဲ တူ ပါဝင်ခ့ပ
ဲါတယ်။ စစ်အစိုးရရဲ့
ထောက်လှမ်းရေးမှတ်တမ်းမှာတောင် ဆရာမကြီးက ၈၈ အရေးတော်ပုံကာလအတွင်း လူထု ဟောပြောပွေ
ဲ ပါင်း ၃ဝ လောက် ပါဝင်ဟောပြောခဲ့တယ်လို့
မှတ်တမ်းတင်ထားပါတယ်။

စစ်အာဏာသိမ်းပြီးလို့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲပြုလုပ်တ့အ


ဲ ခါ ဆရာမကြီးက ရန်ကင်းမြို့နယ် မဲဆန္ဒနယ် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာလည်း ခင်ပန
ွ်းဖြစ်သူ ဆရာကြီး နန်းညွန့်ဆွေန့အ
ဲ တူ ဒီမိုကရေစီရေး ဘက်တော်သားအဖြစ် တတ်စွမ်းသမျှ
အားပေး ပါဝင်ခဲ့ပါတယ်။

၂ဝဝ၇ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ သံဃာတော်များဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်မုန်တိုင်း လေဘေးကယ်ဆယ်


စောင့်ရှောက်ရေးလုပ်ငန်းတွေမှာလည်း သားဖြစ်သူ ကိုဇာဂနာ နဲ့အတူ ရှေ့တန်းက ပါဝင်ပြီး ပြည်သူလူထုအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးခဲ့ပါတယ်။
လူမှုရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ သားဖြစ်သူကို စစ်အာဏာပိုင်တွေက ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာလည်း ကျန်ရှိနေတဲ့ တာဝန်တွေကို ဆက်လက်
လုပ်ဆောင်ခဲ့သလို ပြည်ပ သတင်းမီဒီယာတွေရဲ့ မေးမြန်းခန်းတွေမှာလည်း အရှိကိုအရှိအတိုင်း ရဲရဝ
ဲံ့ဝံ့ ဖြေကြားခဲ့သူ ဖြစ်ပါတယ်။ ဒီလို ရဲဝံ့တက်ကြွတဲ့
မိခင်တစ်ယောက်က တိုင်းပြည်အရေးကို ဆောင်ရွက်နေတာကို မြင်ရ ကြားရလို့ သူ့လို ပါဝင်လုပ်ဆောင်သူတွေ ဘယ်လောက်များများ ထပ်ပြီး
ပေါ်ထွက်လာခဲ့သလဲ ဆိုတာကို အတိအကျ မသိနိုင်ပေမယ့် ဒီလို မိခင်တွေရဲ့ ခွန်အားနဲ့မေတ္တာကတော့ အတိဒုက္ခရောက်နေသူအတွက် အလွန်ပဲ
အားရှိလှပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆရာမကြီး ကြည်ဦး လို ဂုဏ်ပြုထိုက်သူတွေကို အမြဲတမ်း သတိတရ မှတ်တမ်းတင်ကြရမှာ ဖြစ်ပါတယ်။ ။

ထိန်လင်း (၈ ၊ ၆၊ ၂ဝဝ၉)
၂ဝဝ၉ ခုနှစ် ဇွန်လ ၁၂ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

You might also like