You are on page 1of 2

လက်မဲကြီးများနဲ့

မာ့နိုင်ငံရေး

ကျနော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာ ပက်ပက်စက်စက် အကြမ်းဖက်မှုကြီးတွေ လုပ်ကြံမှုကြီးတွေကို ကြုံရတိုင်း သတိထားမိတာကတော့ နောက်ကွယ်က လက်မဲကြီးတွေပြဿနာပါ။အချို့ ကိစ္စတွေမှာ ကျနော်တို့ပေါ်ပေါ်ထင် ထင်သိလိုက်ကြရသလိုအချို့ ကိစ္စတွေမှာတော့ဘယ်သူ့လက်ချက်ဖြစ်နိုင်တယ်ဆိုပြီးခန့်မှန်း မှန်းဆခဲ့ကြရတာပါ။ ပေါ်ပေါ်ထင်ထင် သိရတယ်ဆိုတာက အစိုးရအနေနဲ့ ဥပဒေနဲ့အညီ တရားဝင်ထုတ်ပြန်ကြေငြာလို့ မဟုတ်ပါဘူး။ ဖြစ်စဉ်ကြီးတခုလုံး ဖုန်းမရဖိမရ ဖြစ်လာတဲ့ အခါမျိုးကျမှ လူထုက အော် ဒီလူဒီလူတွေဘဲ။ ဒါဆိုဟို ပုဂ္ဂိုလ်ကြီးဘဲ နောက်ကစီစဉ်တာဖြစ်မယ်ဆိုတဲ့ ဖေါ်မျူလာကို ကျနော်တို့ သုံးလိုက်ကြရတာပါ။ ဒီဖေါ်မျူလာကလဲ နှစ်ပေါင်းများ စွာကြာအောင် ကျနော်တို့ပြည်သူတွေ သုံးလာကြရင်း လူတိုင်းလိုလို နားလည်သိရှိသဘောပေါက်ကြတဲ့ အများ ဆိုင်ရာသုံး နိယာမတခု ဖြစ်လာခဲ့ပါတယ်။ လက်တွေ့ဘ၀ကသင်ကြားပေးလိုက်တဲ့ သင်ခန်းစာတခုလို့ပြောရမှာပါ။ အတော်များများဖြစ်ပျက်မှုတွေမှာ မှန်လဲမှန်နေတာကို တွေ့ ကြရပါတယ်။ ဗမာပြည်စစ်အာဏာရှင်စနစ်ရဲ့  ကနဦးကာလလို့ပြောရမှာဖြစ်တဲ့ ဦးနေ၀င်းရဲ့ တော်လှန်ရေးကောင်စီခေတ်၊မဆလ ခေတ်တွေမှာတော့ ဦးနေ၀င်းဟာ အားလုံးကိုပေါ်ပေါ်ထင်ထင်ဘဲ ဗြောင်လုပ်ခဲ့ပါတယ်။အလုပ်သမား လယ်သမား ကျောင်းသားလှုပ်ရှားမှုတွေ အပါအ၀င် ရခိုင် ဆန်အရေးအခင်းစတဲ့ တိုင်းရင်းသားအရေးတွေမှာပါ စစ်တပ်ကိုသုံး ပြီးပက်ပက်စက်စက်ကို ပစ်ခတ်သတ်ဖြတ်စေခဲ့ပါတယ်။ သို့သော် အာဏာပြုတ်ကျခါနီး သက်ကြီးရွယ်အို ဘ၀မှာ တော့ကျောင်းသားသမဂ္ဂကြီးကိုဖြိုခဲ့တာတော့ သူမဟုတ်ကြောင်းနဲ့ ဦးအောင်ကြီးမှာသာ၊တာဝန်ရှိကြောင်းပြောသွား ခဲ့တာဟာ အဲဒီအချိန်ကာလက တိုင်းပြည်နဲ့လူထုပေါ်ကျူးလွန်မှုတွေမှာ ဦးနေ၀င်း တင်မကဘဲ အခြားလက်မဲကြီး တွေမှာပါတာဝန်ရှိကြောင်း တိုင်းပြည်ကို အသိပေးသွားတာဖြစ်တယ်လို့ ကျနော်အဲဒီလို နားလည်လိုက်မိပါတယ်။ ဦးနေ၀င်းကိုယ်တိုငသ် မိုင်းရဲ့ အရေးပါမှုကိုတစုံတရာအသိအမှတ်ပြုသွားတာလို့ ပြောလို့ရမယ်ထင်ပါတယ်။ကျနော် ဆိုလိုချင်တာက၊ဦးအောင်ကြီးဟာ ဒီမိုကရေစီယောင်ယောင်စီးပွါးရေးသမားယောင်ယောင်လုပ်နေပေမဲ့ အဲဒီကာလ မှာတော့ လက်မဲကြီးတဦးဖြစ်ကြောင်းဘယ်လိုမှ ညင်းလို့မရတဲ့ အထောက်အထားလို့ဆိုချင်ပါတယ်။ ဗိုလ်မှုးကြီး ကျော်စိးု ဗိုလ်မှုးကြီးဗစိန် ဗိုလ်မှုးကြီးဘနီ ဗိုလ်မှုးကြီးလှဟန်နဲ့ ရန်ကုနတ် က္ကသိုလ်ပါချူပ် ဦးကာတို့မှာပါလဲတာဝန် ရှိနေတာတွေ့ရမှာဖြစ်ပါတယ်။ အဓိက တိုက်ရိုက်ပစ်မိန့်ပေးတာကတော့ နာဇီဟစ်တလာ ခေတ်က ဂျူးလူမျိုး ၆ သန်းကို တိုက်ရိုက်ကွတ်ကဲသတ်ဖြတ်ခဲ့တဲ့ ဗိုလ်ချူပ်အိုက်ခမန်းလိုလူ ဗိုလ်မှုးကြီးစိန်လွင်ပါ။ ကျနော် ဆရာဦးလှရွှေထောက်ပြထားတဲ့အချက် ၂ချက်ကို လုံးဝသဘောတူပါတယ်။ ရ ရက်ဂျူလိုင်အကြောင်း မပြောဘဲ ကျောင်းသားသမဂ္ဂကြီးကို ပြန်ဆောက်မယ်ဆိုတာ ဘယ်လိုမှလက်မခံနိုင်တဲ့ ကိစ္စပါ။ အဆောက်အဦး

ဆိုတာ ရုပ၀် တ္တုပစ္စည်းပါ။ ကနေ့ ကျနော်တို့ပြောနေတာ အတွေးအခေါ် သဘောတရား အမျှော်အမြင်ကိစ္စပါ။ ရုပ်ဝထ္ထုကို ကျနော်တို့အချိန်မရွေး တည်ဆောက်နိုင်ပါတယ်။ ကျောင်းသားသမဂ္ဂကြီးပြန်ဆောက်ဘို့ ကျနော်တို့ ကျောင်းသားတွေမှာခိုင်လုံတဲ့ငွေကြေးကအစ ခိုင်လုံတဲ့အကြောင်းတရားတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဘ၀တွေနဲ့ တဆက်တစပ်ရှိနေလို့ဖြစ်ပါတယ်။ကျနော်တို့ဘ၀တွေနဲ့ တဆက်တစပ်တည်းရှိနေသလို အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဒီမိုကရေစီရေးတိုက်ပွဲသမိုင်းတွေနဲ့လဲ တဆက်တစပ်တည်းရှေိ နလို့ဖြစ်ပါ တယ်။ ဘာလို့ကျနော်တို့ ဒီအကြောင်းတွေကိုပြောနေကြတာပါလဲ။သိတ်ကိုအရေးကြီးလို့ပါ။ကျနော်တို့နိုင်ငံနဲ့ကျနော် တို့ ပြည်သူအတွက်သမိုင်းဆိုင်ရာတန်ဘိုးပါ။နောင်လာနောက်သားတွေအတွက်အခါမလတ်သတိပေးနိုးဆော် နေရမဲ့မှတ်တမ်းမှတ်ရာများပါ။ဒီလိုအဖြစ်ဆိုးမျိုးကျနော်တို့ မြန်မာနိုင်ငံသမိုင်းမှာနောက်ထပ်မဖြစ်စေဘို့ကျနော် တို့ ခလေးတွေကိုလူမှန်းသိတတ်စကထဲက ပညာပေးနိုးဆော်ကြရမှာပါ။ဖြစ်နိုင်ရင်ကျောင်းသုံးစာအုပ်တွေမှာ ထည့်ပြဌာန်းရမဲ့ ဖြစ်ရပ်ဆိုးကြီးတွေပါ။ ခုကျနော် ပြောနေတာ သာမန်ကိစ္စရပ်လေးတွေကိုပြောနေတာမဟုတ် ပါဘူး။သမိုင်းနဲ့ချီပြီး နိဂုံးချူပ်ရမဲ့  အကြမ်းဖက်မှုကြီးတွေလုပ်ကြံမှုကြီးတွေမှာ ပါဝင်ပါတ်သက်ခဲ့ကြ့  ဦးနေ၀င်း တဲ့ လက်မဲကြီးတွေနဲ့ သူတို့ရဲ့ ခြေရာလက်ရာတွေဖြစ်တဲ့ သမိုင်းဆိုင်ရာအရေးပါမှုကို ချဉ်းကပ်သုံးသပ်တာပါ။

လက်ထက်မှာဖြစ်ဖြစ် ဦးသန်းရွှေလက်ထက်မှာဖြစ်ဖြစ် ပါဝင်ပါတ်သက်ခဲ့သူတိုင်းကတော့ လက်မဲကြီးတွေ မဟုတ်ကြပါဘူး။ လူတော် လူကောင်းတွေအများကြီးရှိခဲ့ကြပါတယ်။ ဒါကလဲ မြန်မာ့သမိုင်းရဲ့ ထူးခြားမှုလို့ဘဲ ပြောရမယ် ပါတယ်။

သမိုင်းဆိုတာ တာဝန်ရှိတယ်ဆိုရင် တာဝန်ရှိတဲ့သူက တာဝန်ယူကြရတာပါ။ ကိုအောင်မှိုင်း (၀ါဆိုလပြည့်ကျော် ၇ ရက် ၁၃၇၄ ခုနှစ)်

You might also like