You are on page 1of 2

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၏ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်အမျိုးသားညီလာခံ

သဘောထားထုတ်ပြန်ကြေငြာချက်

ကြေငြာချက် အမှတ် - ၁ / ၂၀၁၀

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)သည် ရခိုင-် မြန်မာသက္ကရာဇ် (၁၃၇၁ ခု၊ တပို့တလ


ွဲ ဆုတ် (၈) ရက်နေ့မှ (၁၁) ရက်နေ့ထိ၊ ခရစ်သက္ကရာဇ်
၂၀၁၀ ခု၊ ဖေဖေါ်ဝါရီလ (၆)ရက်နေ့မှ (၉)ရက်နေ့ထိ ဒုတိယအကြိမ် ရခိုင်ပြည်အမျိုးသားညီလာခံကို (၄)ရက်တိုင်တိုင် ထိုင်း-မြန်မာနယ်စပ်
တနေရာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခသ
ဲ့ ည်။

ညီလာခံသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) (ALD-E)၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်


လူငယ်များအစည်းအရုံး (AASYC)၊ ရခိုင်သံဃာ့သမဂ္ဂ (RSU)နှင့် အဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များ၊ တသီးပုဂ္ဂလကိုယ်စားလှယ်များ၊
လေ့လာသူများ စုစုပေါင်း (၄၅) ဦးတက်ရောက်ခသ
ဲ့ ည်။

ANC သည် ၂၀၀၄ ခု၊ အကြိုအမျိုးသားညီလာခံမှ ပေါ်ပေါက်လာသော ရခိုင်ပြည်သူတို့၏ တခုတည်းသော နိုင်ငံရေးစင်မြင့် ဖြစ်ပေသည်။
ANC ၏ ၂၀၀၆-ခု ပထမအကြိမရ
် ခိင
ုပြည်အမျိုးသားညီလာခံနှင့် ၂၀၁၀ ခု ဒုတိယအကြိမရ
် ခိုင်ပြည်အမျိုးသားညီလာခံတမ
ိှု့ ပြည်သူများ၏
ဘ၀လြုံ ခုံရေးကို အာမခံပေးသည့် လမ်းစဉ်ပေါ်လစီများကို အောက်ပါအတိုင်း ချမှတခ
် သ
ဲ့ ည်။

၁။ ရခိုင်ပြည်သူတရပ်လုံး သွေးစည်းညီညွတ်ရေး၊
၂။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊
၃။ ပြည်ထောင်တိုင်း၏ နိုင်ငံရေးအရတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်
ဆောက်ရေး၊
၎။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊
၅။ စည်းလုံးခိုင်မာသောရခိုင်ပြည်တည်ဆောက်ရေး။

ဤကဲသ
ို့အကောင်အထည်ဖေါ် ဆောင်ရွက်သည်အ
့ ပိုင်းတွင် ANC အနေဖြင့် ဘ၀တူမဟာမိတ်များနှင့် ချစ်ကြည်ရင်းနှီးမှုကိုတည်ဆောက်ပြီး၊
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ထာဝရချုပ်ငြိမ်းစေရေးတိုက်ပက
ွဲို ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ပေသည်။ ထိုကြောင့် နိုင်ငံတော်
အရေးသည်ပြည်သူ့အရေး၊ ပြည်သူ့အရေးသည် နိုင်ငံတော်အရေးဖြစ်သည်နှငအ
့် ညီ အဖိနှိပ်ခံပြည်သူများ၏ အကြွင်းမဲ့ထောက်ခံမှုကို ရရှိရန်
လိုပေသည်။ ဤရည်မှန်းချက်အောင်မြင်စေရေးအတွက် ANC သည် မိမိ၏ပြည်သလ
ူထအ
ု ပေါ် ထားရှိသောမူဝါဒများကို ချမှတထ
်ား
ပြီးဖြစ်သည်။

ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်ရေးတိက


ို့ အခြေခံလျှက် စစ်အာဏာရှင်စနစ်ကို
ထာဝရချုပ်ငြိမ်းသွားအောင် လုပ်ဆောင်ရန်၊ လူမျိုးဘာသာဆင်းရဲချမ်းသာမခွဲခြားဘဲ ရခိုင်လူ့အဖွဲ့အစည်းတရပ်လုံးအား ငြိမ်းချမ်းစွာအတူ
ယှဉ်တွဲနေထိုင် နိုင်ရေးလမ်းကြောင်းပေါ်သို့ ဆောင်ကြဉ်းသွားရန်နှင့် မိမိတို့လူ့အဖွဲ့အစည်း၏ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ပျော်ရွှင်ချမ်းမြေ့
စွာဖြင့် ဖန်တီးပိုင်ခွင့် ရရှိစေရန်ဖြစ်သည်။
စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပသ
ွဲ ည် အများလက်ခံနိုင်သော၊ လွတလ
် ပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်မည်မဟုတ်ဟု ANC မှ
သုံးသပ်ပေသည်။ ထို့ပြင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲဆိုသည်မှာ မြန်မာပြည်သူလူထုအတွက် တစုံတရာ အကျိုးသက်ရောက်မှု
ရှိမည်မဟုတ်ပေ။

သို့ဖြစ်၍ ANC အနေဖြင့် အဖိနှိပ်ခံမြန်မာနိုင်ငံသားများ အကျိုးစီးပွားကို အခြေခံလျှက် စစ်မှန်သောဖက်ဒရယ်ဒီမိုကရက်တစ်လမ်းစဉ်ကို


မဟာဗျူဟာမြောက် ချမှတ်ခဲ့ပြီး အောက်ပါအတိုင်း ဒီမိုကရေစီနည်းကျကျဖြင့် တညီတညွတ်တည်း ရွေးချယ်တင်မြှောက်ကြောင်း ထုတ်ပြန်
ကြေငြာအပ်ပေသည်။

နာယကအဖွဲ့
၁။ ဆရာတော် ဦးသုစိတ္တ (ဂုဏ်ထူးဆောင် နာယက)
၂။ ဦးအောင်ဝင်း (နာယကအဖွဝ
ဲ့ င်)
၃။ ဦးမောင်မောင် (နာယကအဖွဝ
ဲ့ င်)

အတိုင်ပင်ခံအဖွဲ့
- ဆရာတော် အသျှင်ခေမာစာရ (အတိုင်ပင်ခံ အဖွဝ
ဲ့ င်)

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
၁။ အသျှင်သီဟ (ဥက္ကဋ္ဌ)
၂။ ဦးခင်မောင် (ဒုဥက္ကဋ္ဌ-၁)
၃။ ဦးကောင်းဇံ (ဒုဥက္ကဋ္ဌ-၂)
၎။ ဦးထွန်းဇော် (အထွေထွေအတွင်းရေးမှူး)
၅။ ဦးခိုင်စံလင်း (တွဲဖက်အထွေထွေအတွင်းရေးမှူး)
၆။ ဦးခိုင်ဇော် (ဒေသဆိုင်ရာအတွင်းရေးမှူး)
၇။ ဦးသောဘိတ (ဒေသဆိုင်ရာအတွင်းရေးမှူး)
၈။ ဦးသန်းဖေ (ဒေသဆိုင်ရာအတွင်းရေးမှူး)
၉။ ဦးမင်းထွန်း (ဒေသဆိုင်ရာအတွင်းရေးမှူး)

ဗဟိုကော်မတီ
၁။ ဦးဇော်မင်းခိုင် (ဗဟိုကော်မတီဝင်)
၂။ ဦးမျိုးရန်အောင် (ဗဟိုကော်မတီဝင်)
၃။ ဦးအေးသာအောင် (ဗဟိုကော်မတီဝင်)
၎။ ဦးကျော်မြင့် (ဗဟိုကော်မတီဝင်)
၅။ ဦးသူရသေန (ဗဟိုကော်မတီဝင်)
၆။ ဦးဣန္ဒြိယ (ဗဟိုကော်မတီဝင်)

ညီညွတ်ခြင်းမှသည် အောင်ပွဲသို့

ဗဟိုကော်မတီ
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)
ရခိုင်ပြည်။
ရခိုင-် မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ၊် တပို့တလ
ွဲ ဆုတ် (၁၁) ရက်
ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀)ရက်

ဆက်သွယ်ရန် - အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော် (+ 66 816 808 934)

You might also like