You are on page 1of 2

အနိမ့်ဆုံးဘုံလုပ်ငန်းစဉ် (MCP) ဝိုင်းဝန်းကြံဆကြပါစို့

(၁၄ - ၆ - ၂၀၁၀)
၂၀၁၀)

(၁) ရွေးကောက်ပွဲ သပိတ်မှောက်ရုံနဲ့ "၂၀၀၈ အခြေခံဥပဒေ" ကို တိုက်ဖျက်နိုင်မှာ မဟုတ်ပါ။

နအဖ က အပိုင်အနိုင် လုပ်ထားပြီး ဖြစ်သည်။ ၂၀၁၀ လွန်ရင် '၂၀၀၈ အခြေခံဥပဒေ' အသက်ဝင်တော့မည်။

ဘယ်လို ဆက်လက်ပြီး တိုက်ပဝ


ွဲ င်ကြမလဲဆိုတာကို ဝိုင်းဝန်းကြံဆကြဖို့ လိုပါသည်။

(၂) နှစ် (၅၀) အတွေ့အကြုံအရ စစ်အာဏာရှင်စနစ်ကို တတပ်ချင်းထွက်ပြီး တိုက်နေကြလျှင် သူ့ကို ကိုယ်ခံအားကောင်းအောင်


မြှင့်ပေးသလိုပဲ ဖြစ်မှာပါ။

ကိုယ့်တပ်ထက
ဲ ပျော့ညံ့သူ၊ တွေဝေသူများကိုပဲ သူက စည်းရုံးသွားနိုင်မှာပါ။

ဒီအဖြစ်မျိုးကို ဗကပ သာ ကြုံရတာ မဟုတ်ပါ။ အားလုံး ကြုံဖူးကြပါသည်။ အခုလည်း ကြုံနေကြရသည်။

(၃) ဟိုတုန်းကရော၊ အခုပါ မိမိတို့က ဆန္ဒစက


ွဲ ခ
ဲ့ကြသည်။ ဖြစ်ချင်တာကိုပဲ အတင်းတင်ခဲ့ကြသည်။ လက်တွေ့ကျကျ မစဉ်းစားဘဲ
အမြင့်ဆုံးကိုပဲ ဇွတ်တင်ကြသည်။

အခု အဲဒီလို လုပ်လို့မဖြစ်။ အမြင့်ဆုံးကို မမှန်းဘဲ အနိမ့်ဆုံးကိုပဲ မှန်းသင့်သည်။ ဒါကြောင့် အနိမ့်ဆုံးဘုံလုပ်ငန်းစဉ် (MCP)
ကိုပဲ ကြံဆချင်သည်။

(၄) ကြံဆချက်များကို သက်ဆိုင်ရာ ပါတီ၊ အဖွဲ့ အစည်း၊ အင်အားစု၊ ပုဂ္ဂိုလ်များနဲ့ (တိုးတိုးတိတ်တိတ်) ညှိနHှိုင်းချင်သည်။
အုတ်အော်သောင်းတင်း လူသိရှင်ကြား ညှိနHှိုင်းကြလျှင် 'စစ်အာဏာရှင်စနစ်' က ကြိုသိပြီး မိမိတို့အတွင်း ရHှုပ်ရHှုပ်ထွေးထွေး
ဖြစ်အောင်လုပ်တာ ခံရလိမ့်မည်။

(၅) ဘယ်လိုပည
ှဲိညှိ ညှိလို့မရတာတွေကိုတော့ ခြွင်းချက်အဖြစ်ချန်ထားခဲ့သင့်သည်။ အရာရာညီမှဆိုလျှင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါ။

(၆) ပြည်တင
ွ်းရေးကိုပဲ ဇောက်ချပြီးလုပ်ဖို့ ကြံဆသင့်သည်။ ပြီးတော့လည်း တဦးနဲ့တဦး မတူတဲ့အနေအထား ရှိကြတာကို
အသိအမှတ်ပြု လေးစားကြဖို့ လိုသည်။

(၇) ဗကပ ၏ အမြင်တခုကို တင်ပြထားချင်သည်။

• (၁၉၃၆ - ၄၅) က တည်ရှိနေတဲ့ နိုင်ငံတကာ့အခြေအနေနဲ့ ပြည်တင


ွ်းအခြေအနေက မိမိတို့ကို ကြာလေ
စုစည်းမိလေဖြစ်အောင် အခြေအနေပေးခဲ့သည်။
• (၁၉၈၈ က အခုအထိ) တည်ရှိနေတဲ့ နိုင်ငံတကာ့အခြေအနေနဲ့ ပြည်တင
ွ်းအခြေအနေက မိမိတို့ကို ကြာလေကွေ
ဲ လ
ဖြစ်အောင် တွန်းဆော်ပေးနေသည်။ ကွဲဖို့လွယ်ပြီး စုစည်းဖို့ခက်သည့်အခြေအနေ ဖြစ်သည်။

ဒါကြောင့် စိတ်ရှည်ကြဖို့ လိုပါသည်။

• ကိုယ်ဖြစ်ချင်တာချည်း တွေးမနေဘဲ ဖြစ်နိုင်တာကိုရွေးဖို့ လိုပါသည်။


• ဂျပန်ခေတ်ကလို "အောင်၊ စိုး၊ သန်း၊ သိန်း" ထိပ်သီးတွေ ညှိသလိုညှိချင်လို့ မဖြစ်ပါ။ ပြည်တင
ွ်းက
အခြေခံအကျဆုံးအဆင့် grassroots များက စရမည်ဟု ထင်ပါသည်။
(၈) 'စစ်အာဏာရှင်စနစ်' ရဲ့ အကျပ်အတည်းဟာ '၂၀၀၈ အခြေခံဥပဒေ' အသက်ဝင်ရုံ၊ ရွေးကောက်ပွဲပြီးရုံနဲ့ ပြေပျောက်သွားမှာ
မဟုတ်ပါ။ ရွေးကောက်ပအ
ွဲ ပြီးမှာကျမှ အကျပ်အတည်းတွေ တခုပြီးတခုပေါ်မှာ ဖြစ်သည်။ မိမိတို့မှာ အနိမ့်ဆုံးဘုံလုပ်ငန်းစဉ် (MCP)
ရှိထားလျှင် မုချအောင်မြင်မည်ဟု ယုံကြည်ပါသည်။

www.cpburma.org

You might also like