You are on page 1of 3

“မဲသွားမပေးရေးလှုံ့ဆော်တာထက်

ရွေးကောက်ပွဲကိုပျက်အောင်ကိုဖျက်ရမှာပါ”

P မောင်ချင့်ချိန်

၂၀၁၀ ရဲ့နှစ်ဝက်ကျော်လာပြီ ၊ စစ်အုပ်စုက ရွေးကောက်ပွဲလုပ်မဲ့ရက် တရားဝင်(တိတိကျကျ)


မကြေငြာသေး ၊ အတိုက်အခံအင်အားစု (ပြည်တွင်းပြည်ပ) အားလုံးကလဲ စစ်အစိုးရကို ထိထိ
ရောက်ရောက်တိုက်ပွဲဝင်ဘို့ထက် ရွေးကောက်ပွဲဆန့်ကျင်ရေးဆိုတာလောက်ပဲ ပြောနေရုံသာ။

အချိန်က ကုန်မြန်လှပါတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့


ကာလတောင် တဖြည်းဖြည်းနဲ့ ၂၂ နှစ်ရှိခဲ့ပါပြီ ၊ ဒီလိုပဲ လျော့တိ လျော့ရဲတောင်းဆိုနေရုံ ၊ ကြေငြာ
ချက်ထုတ်ရုံ ၊ မီဒီယာပေါ်ကနေလှုံ့စော်နေရုံ ၊ နိုင်ငံတကာအကူအညီအားကိုး မျှော်လင့် နေရုံမျှနှင့်
တော့ ၂၀၁၀ ကာလသည်ပင်လျှင် စစ်အုပ်စုစိတ်ကြိုက် ချယ်လှယ်သွားတဲ့အခြေအနေ နဲ့ပဲ ပြီးဆုံး
သွားတော့မှာပါ ။

NLD အပါအ၀င် အတိုက်အခံတွေရဲ့နိုင်ငံရေးရည်မှန်းချက်က ၂၀၁၀ရွေးကောက်ပွဲကို အသိ အမှတ်


မပြုရေး ၊ လူထု မဲရုံမဲသွားမပေးရေးဆိုတာလောက်မှာ ရပ်နေ တာတွေ့ရပါတယ် ၊

တကယ်တမ်းလုပ်ကြရမှာက ရွေးကောက်ပွဲကိုပျက်အောင်ကိုဖျက်ရေးပါ ။ ပြည်သူတွေ မဲရုံ မဲသွား


မပေးကြပါနဲ့ဆိုတာက ပြည်သူတွေ ရင်ဆိုင်နေရတဲ့လက်တွေ့ဘ၀နဲ့ ကင်းကွာနေပါတယ်၊ တိုက်ပွဲမှ
မရှိရင်တော့ ပြည်သူတွေက လတ်တလောဘေးကင်းဘို့အဓိကဆိုပြီး မဲရုံသွားမဲပေး ကြမှာပါပဲ ၊
၂၀၀၈ VOTE NO မှာကြုံခဲ့ကြပြီးပါပြီ ၊ စစ်အုပ်စုက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန္ဒခံပွဲ ဆိုတာကို
ချည်ပြီးတုပ်ပြီးအပိုင်လုပ်ခဲ့သလို ပြည်သူတွေ အားမတန်မာန်လျှော့နေခဲ့ကြ ရတာ အားလုံးက
ပြန်သတိရဘို့ ၊ ဆန်းစစ်နေဘို့လိုပါတယ် ။

ခုလဲစစ်အုပ်စုက ဘက်စုံအပိုင်ပြင်ပြီးမှ ရွေးကောက်ပွဲလို့ သူတို့တပ်ထားတဲ့ခေါင်းစဉ်ကိုပြပြီး ဦးတပ်


ခေါ်လို့သာအရပ်သားဖြစ်ရတဲ့စစ်ဗိုလ်ချုပ်တွေနဲ့ ကြံ့ဖွတ် အစိုးရဖြစ်ရေးလုပ်မှာပါ ။
ဖဲသုံးချပ်ကစားသလို သူတို့ပဲဒိုင် သူတို့ပဲထိုးသား ၊ ကြားက၀င်ကစားတဲ့သူအရှုံးနည်းနဲ့ ပြင်ထား
တာမှာ တနေရာလေးများ ရမလားလို့ ပွဲလန့်တုန်းဖျာခင်းချင်တဲ့ ရွေးကောက်ပွဲ ၀င်ပါ မယ်ဆိုတဲ့
ပါတီိတွေ ခုတောင် ပွဲမစသေးဘူး,အရှုံးနဲ့တွေ့နေရပြီဖြစ်ပါတယ် ၊ ဒီတော့ ရွေးကောက်ပွဲ ဆိုတာ
သာ ကျင်းပဖြစ်ခဲ့ရင် ဘယ်သူမဲလာပေးပေး,မပေးပေး ကြံ့ဖွတ်အနိုင်ရ ကြောင်းကြေငြာမှာ ပဲဖြစ်
တာကြောင့် မဲရုံမဲသွားပေးရေးမပေးရေးနည်းထက် ရွေးကောက်ပွဲ မလုပ်ဖြစ်ရေး (ပျက်ရေး)
နည်းတွေကိုပဲ စဉ်းစားကြရမှာပါ ။၂၀၀၈ တုန်းကထဲက ဆန္ဒခံယူ ပွဲဆိုတာကို ကန့်ကွက်မဲပေးရေး
ဆိုတာထက် အသိမှတ်မပြုတိုက်ဖျက် ရေးဆိုတာ ကြိုးစား သင့်ခဲ့တာပါ ။

သေချာပြန်စဉ်းစားကြည့်ရင် စစ်အုပ်စုလုပ်ချင်တာလုပ်ပြီးမှ နောက်ကလိုက်ကန့်ကွက်သလို ဖြစ်ခဲ့


တာကြောင့်အရှုံးနဲ့ရင်ဆိုင်ရတာများနေတာပါ ၊ ဒီရွေးကောက်ပွဲ ကို ပျက်အောင်မဖျက် နိုင်ရင်
ကြံ့ဖွတ်လွှတ်တော်ဖျက်သိမ်းရေး ၊ ကြံ့ဖွတ်အစိုးရတိုက်ဖျက်ရေး စတဲ့ခေါင်းစဉ်တွေနဲ့ နောက်ထပ်
တိုက်ပွဲတွေ နှစ်ချီကြာအောင် တိုက်ကြရတော့မှာဖြစ်ပြီး ပြည်သူတွေလဲ ဆင်းရဲ တွင်းနွံထဲက တက်
တော့မှာကိုမဟုတ်ပါဘူး ။

ပြည်သူတရပ်လုံးနဲ့အတိုက်အခံအားလုံးမှာတာဝန်ရှိသလို လတ်တလောအားဖြင့် NLD မှာ အဓိက


တာဝန်ရှိတယ်လို့ထင်ပါတယ် ၊ NLD ဟာ ၁၉၉၀ ရွေးကောက် ပွဲမှာ ပြည်သူတွေ ဆန္ဒပြုထားတဲ့
ပါတီဖြစ်သလို အတိုက်အခံတွေရဲ့တပ်ဦးပါတီလဲဖြစ်ပါတယ် ၊ စစ်အုပ်စုလုပ်မဲ့ ခုရွေးကောက်ပွဲရဲ့
အဓိကရည်ရွယ်ချက်က ၁၉၉၀ရွေးကောက်ပွဲကို အဆုံးသတ်ပြည် ဖုံးကား ချလိုက်ရေးဖြစ်ပါတယ် ၊
ဒါကြောင့် ၁၉၉၀ရွေးကောက်ပွဲကိုကာကွယ်ရေးအတွက်ပဲဖြစ်ဖြစ် ၊ လူထု ဦးဆောင်ပါတီ ဖြစ်နေ
တာကြောင့်ပဲဖြစ်ဖြစ် စစ်အုပ်စုရဲ့ပြုလုပ်မဲ့ရွေးကောက်ပွဲဆိုတာကို ပျက် အောင်ဖျက်ဘို့ NLD က
ပိုပြီိး တာဝန်ရှိနေတာဖြစ်ပါတယ် ။

အတိုက်အခံတွေရဲ့တပ်ဦးနဲ့ လူထုဦးစီးဦးဆောင်ဖြစ်တဲ့ NLDပါတီက “ ၁၉၉၀ ရွေးကောက်ပွဲကို


ကိုယ့်ဘာသာကျောခိုင်းတော့မှာလား” နိုင်ငံရေး ရေစီး ကြောင်းမှာ မျှောလိုက်နေမှာလား ၊
မျောပါနေတာလား ၊ ပြတ်ပြတ်သားသားမေးကြရပါတော့မယ် ၊ NLD လျှောက်နေတဲ့
လမ်းကြောင်းက စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကိုတားဆီးနိုင်ဘို့မပြောနဲ့ ရွှေဂုံတိုင်ကြေငြာချက် ကို
ဆုတ်ကိုင်မယ်ဆိုတာကိုတောင် စစ်အုပ်စုက သင်္ကြန်အမြှောက်စကားလုံးအဖြစ်သာ သဘော
ထားတော့တဲ့ အခြေအနေမျိုးဖြစ်စေနေပြီဖြစ်ပါတယ် ၊ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ပြတ်ပြတ်
သားသား ဆန့်ကျင်ပြီး ၊ ၁၉၉၀ရွေးကောက်ပွဲရဲ့ ကိုယ်စားပြုအစိုးရ အဖွဲ့တရပ် ပေါ်ထွန်းရေး လုပ်ရမဲ့
အစား သာရေးနာရေးသတင်းမေးနဲ့ လူမှုရေးယောင်ယောင် တွေသာ လျှောက်လုပ်နေတာဟာဖြင့်
NLD လမ်းပျောက်နေတာလား ၊ လမ်းမှန်ပေါ်မလျှောက်ရဲတော့ တာလား ၊ သို့လောသို့လော
စဉ်းစားရလောက်အောင်ပါပဲ ။

NLD ကိုတိုက်ခိုက်လိုစိတ် ၊ အပြစ်တင်လိုစိတ်နဲ့ဝေဖန်နေတာမဟုတ်ပါ ၊ အားမလိုအားမရဖြစ်


စိတ်ကြောင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုခြင်းသာ ဖြစ်ပါတယ်၊NLD က ရှေ့ကနေ ၁၉၉၀
ရွေးကောက်ပွဲအတွက်ဆွေးနွေးမှုမရှိပဲ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်မပေးပဲ၊တိုင်းရင်းသားအဖွဲ့အစည်းတွေအပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးမှုမရှိပဲ၊
တဘက်သတ်လုပ်မဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ၊ ပြည်သူကြားမှာပေါ်ပေါ်တင်တင် စည်းရုံး
ဟောပြောပြီး လူထုအုံကြွမှုနဲ့ ရွေးကောက်ပွဲကို ဖျက်ရမဲ့အစား မဲသွားမပေးကြနဲ့ ဆိုတဲ့နည်းလမ်း
တစ်မျိုးထဲမှာတင်ရပ်နေတော့ ရွှေဂုံတိုင် ကြေငြာချက်ကို ဘယ်လိုဆုတ်ကိုင်မှာလဲလို့ မချိတင်
ကဲဖြစ်နေမိတာပါ ။

ရန်သူ့တောက်ထောက်ကြည့်မျက်လုံးတွေအောက်မှာ ခက်ခက်ခဲခဲရပ်တည်နေရတာ မှန်ပါတယ်


ဆိုပေမဲ့ ဒါကိုဆင်ခြေတခုအဖြစ် ပုံသေအသုံးပြုနေဘို့တော့ မဟုတ်ပါဘူး ၊ ပြည်သူတွေ အတွက်
နိုင်ငံရေးလုပ်တော့မယ်ဆိုကထဲက သေစရာရှိသေ၊ အဖမ်းခံစရာ ရှိရဲရဲခံမယ် ဆိုတာ မျိုးဆုံးဖြတ်
ကြပြီးသားလို့ ထင်ပါတယ် ၊ ခုအချိန်က တစ်ရက်ထဲတချိန်ထဲ တစ်နိုင်ငံလုံးက NLD ပါတီဝင်
တွေ ရွေးကောက်ပွဲဆန့်ကျင်ရေး ပြည်သူကိုဦးဆောင် ဆန္ဒပြ မလား ၊ ၁၉၉၀ ရွေး ကောက်ပွဲ
ကိုယ်စားပြုအစိုးရတစ်ရပ်ဖွဲ့မလား၊ တခုခု ထိထိရောက်ရောက် လုပ်ပြီး စစ်အုပ်စုတုန့် ပြန်လာမဲ့
အခြေနေတိုင်းကို ရဲရဲတင်းတင်း ရင်ဆိုင်ကြဘို့ အချိန်ရောက် နေပါပြီ ။

ပြည်တွင်းမှာပဲ လျှို့လျှို့ဝှက်ဝှက်ရှိနေတဲ့ ကျောင်းသားအဖွဲ့အစည်းတွေ ၊ နိုင်ငံရေးအဖွဲ့အစည်း တွေ


၊ နယ်စပ်ဒေသတွေနဲ့ပြည်ပရောက်အတိုက်အခံ အဖွဲ့ အစည်းတွေအားလုံးက NLD ကို နောက်ဆုံး
အကြိမ်ဝန်းရံပြီး နည်းလမ်းစုံတိုက်ပွဲတွေ တပြိုင်နက်ဖေါ်ဆောင်ပေးရမှာပါ ၊ ခေါင်းဆောင်လို့
ကိုယ့်ကိုယ်ကိုယ် ခံယူသူတွေ ရှေရှည်မဟုတ်တောင် တစ်ပွဲတိုးညီညွတ်ရေး မျိုးရအောင်
တည်ဆောက်ပြီး ဒီစစ်အုပ်စုရွေးကောက်ပွဲ မပျက်ပျက်အောင်ကို နည်းလမ်းစုံသုံး လုပ်ကြရမှာပါ ၊
ဒီလိုမှ မလုပ်နိုင်မလုပ်ကြဘူးဆိုရင်တော့ ၊ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို မဖျက်နိုင်ကြတော့ဘူး
ဆိုရင်တော့ ပေါ်လာမဲ့ စစ်အုပ်စုရဲ့ဟန်ပြအစိုးရ သစ်ဘာလုပ်မလဲပဲ စောင့်၊ အဲဒီအခါကျမှ ခေါင်းစဉ်
တခုတပ် ၊ ဆန့်ကျင်ကြ/ဆန့်ကျင်သည် ဆိုပြီးကြေငြာချက် တွေသာ ထုတ်ရင်း စစ်ကျွန်ဘ၀မှာ
နေသားတကျဖြစ် သွားတော့မှာပါ ။

တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်

မောင်ချင့်ချိန်

You might also like