You are on page 1of 13

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ

နိုဝင်ဘာ ၁၃၊ ၂၀၁၀


AP သတင်းဌာန

နောက်ဆက်တွဲ ဓာတ်ပုံများကို သတင်း၏ အောက်ဆုံးတွင် ကြည့်နိုင်ပါသည်

မြန်မာစစ်အစိုးရက သူ၏ ပြိုင်ဘက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်


ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့သည့် ယနေ့တွင်
လွှတ်ပေးလိုက်သည်။ သူ့ကို ထောက်ခံသူ ထောင်ပေါင်းများစွာက သူ့အိမ်ရှေ့သို့

PDF created with pdfFactory trial version www.pdffactory.com


ဝမ်းသာအားရ စုဝေး ရောက်ရှိသွားသည်။

ပန်းပန်ထားသော ဒေါ်စုက ခြံတခါးဝသို့ ရောက်လာချိန်တွင် ပရိသတ်က ၀မ်းသာအားရ


အော်ဟစ်ကြသည်။

ပရိတ်သတ်က ၅၀၀၀ ခန့် ရှိသည်။ ဒေါ်စုက သူတို့ကို ကျေးဇူးတင်စကား အနည်းငယ်


ပြောကြားပြီး မနက်ဖြန် NLD ရုံးတွင် တွေ့ဆုံကြမည်ဟု ပြောဆိုလိုက်သည်။

အသက် ၆၅ နှစ်ရှိပြီ ဖြစ်သော ဒေါ်စုသည် ၇ နှစ်ခွဲကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၆၂ မှစပြီး


စစ်တပ်က အုပ်ချုပ်ခဲ့သည့် မြန်မာပြည်တွင် ဒေါ်စုက ဒီမိုကရေစီ အရေး လှုပ်ရှားမှု၏
သင်္ကေတ ဖြစ်နေသည်။

ဒေါ်စု မလွတ်မြောက်မီ နေ့လယ်ပိုင်းက သတင်းထောက်တို့ကို ပြုံးပြနေကြသော


ဒီမိုကရေစီအရေး လှုပ်ရှားသူများ (photo: AP)

စစ်တပ်၏ ပါတီက ရွေးကောက်ပွဲတွင် အကြီးအကျယ် အနိုင်ရပြီး တပတ်အကြာတွင်


ကမ္ဘာကျော် အကျဉ်းသား လွတ်မြောက်လာခြင်း ဖြစ်သည်။ ထိုရွေးကောက်ပွဲကို
အနောက်နိုင်ငံတို့က လွတ်လပ်မျှတခြင်း မရှိဟု သတ်မှတ်ပြီး အာဏာရှင် အုပ်ချုပ်မှု
ဆက်လက် တည်တံ့ရန် ပြုလုပ်သည့် ရွေးကောက်ပွဲဟု ဆိုကြသည်။

ဒေါ်စုသည် ပြီးခဲ့သည့် ၂၁ နှစ်အတွင်း ၁၅ နှစ်ထက်မနည်း ထိန်းသိမ်းခံခဲ့ရသည်။ ယနေ့


သူ့အား ထောက်ခံသူများက နေအိမ်အနီး နှင့် NLD ရုံးချုပ်တို့တွင် တနေကုန်
စောင့်ဆိုင်းနေကြသည်။

PDF created with pdfFactory trial version www.pdffactory.com


သူ့အား လွှတ်ပေးတော့မည့် အချိန်တွင် လုံထိန်းများက နေအိမ်အနီးရှိ သံဆူးကြိုး
အရံအတားများကို ဖယ်ရှားပေးလိုက်သဖြင့် စောင့်ဆိုင်းနေသူတို့က နေအိမ်ရှေ့သို့
သွားရောက် စုဝေးကြသည်။

သူ့အား လွှတ်ပေးလိုက်ခြင်းကို နိုင်ငံတကာမှ အဖွဲ့အစည်း အများအပြားက ချက်ခြင်း


ကြိုဆိုကြသည်။ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ထိုသို့ လွှတ်ပေးသင့်သည်မှာ
ကြာပြီဖြစ်သည်ဟု ဆိုသည်။

NLD အဖွဲ့ဝင်များ၊ ထောက်ခံသူများ၊ သတင်းသမားများအား သွားရောက် နှုတ်ဆက်၊


စကားပြောရန် ရောက်လာသည့် ဒေါ်စု

PDF created with pdfFactory trial version www.pdffactory.com


နေ့လယ်ပိုင်းက တွေ့ရသည့် ရန်ကုန်မြို့မှ NLD အဖွဲ့ဝင်များ၊ ဒေါ်အောင်ဆန်းစုကြည်
အိမ်ရှေ့လမ်းကို ပိတ်ထားသော လုံထိန်းများ

ယနေ့ သတင်းကောင်းကြောင့် အိန္ဒိယရောက် မြန်မာ့အရေး လှုပ်ရှားသူများ ၀မ်းသာအားရ


ဖြစ်ပြီး မီးရှုးမီးပန်းများ ဖောက်ကြသည်

ဒေါ်စု အိမ်ရှေ့မှ ပရိသတ် နှင့် သတင်းသမားတို့၏ ကင်မရာများ

PDF created with pdfFactory trial version www.pdffactory.com


သတင်းကောင်းကြောင့် ၀မ်းသာနေသူများ၊ ဒေါ်စုအိမ်ရှေ့သို့ ပြေးသွားသူများ

ဒီပဲယင်း သတ်ကွင်းမှ လွတ်မြောက်ပြီး ၇ နှစ်ခွဲအကြာတွင် တွေ့ရသော


ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ
ကိုစိုး Saturday, 13 Nov ဧရာဝတီ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် ချထားရာမှ စစ်အစိုးရက


ယနေ့ ညနေ ၅ နာရီ ၀န်းကျင်တွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံရှေ့တွင်လည်း လာရောက်


စောင့်ဆိုင်းနေသော လူအုပ်မှာ ထောင်နှင့်ချီ၍ များပြားသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)
ရှေ့နေ ဦးဉာဏ်ဝင်း က စနစ်တကျ ဖြစ်ရန် မေတ္တာရပ်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ အိမ်အနီး
ရောက်နေသူများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အင်္ကျီ လက်ရှည် ခရမ်းရောင် ဖျော့ဖျော့ကို ၀တ်ဆင်ထားကြောင်း၊


လာရောက်စောင့်ဆိုင်းသည့် လူထုထဲမှ ၎င်းအား သစ်ခွပန်းများပေး၍ ကြိုဆိုကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်
က ခြံဝသို့ ထွက်၍ လူထုကို နှုတ်ဆက် ကြောင်းလည်း သိရသည်။

PDF created with pdfFactory trial version www.pdffactory.com


ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လူထုကို နှုတ်ဆက်စကားစ၍ ပြောကြားသည်ဟု
နားထောင်နေသူ ဧရာဝတီ သတင်းထောက် တဦးက ပြန်ပြောပြသည်။

“မတွေ့တာကြာပြီဆိုတော့ ပြောစရာတွေ အများကြီးရှိတယ်၊ အဲဒါတွေ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂


နာရီ လာခဲ့ အသံချဲ့စက်နဲ့ ပြောမယ်”ဟု လူထုကို ဒေါ်အောင်ဆန်းစုကြည် က ပြောရာ လူထုက တခဲနက်
အားပေးကြကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ ဆိုသည်နှင့် လာရောက် စောင့်ဆိုင်းသည့် လူအုပ်ကြီးက


“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဟု အော်ဟစ်၍ ၎င်း၏ ခြံရှေ့ကို ပြေးလာကြ ကြောင်း၊ လူအများစုမှာ
ငိုကြပြီး တချို့ကလည်း ဘ၀မှာ အပျော်ဆုံးပဲဟု ပြောဆိုကြကြောင်း မျက်မြင်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးရောက်ရှိနေသော ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP) ဥက္ကဌ ဟောင်း


ဦးဖြိုးမင်းသိန်းက“လူထု ခေါင်းဆောင် တယောက် လွတ်မြောက်လာတဲ့အတွက် အတိုင်းမသိ ၀မ်းသာပါတယ်”ဟု
ဧရာဝတီသို့ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို လာရောက် စောင့်မျှော်နေသော အမျိုးသမီး တဦးကလည်း“လင်တွေ


သားတွေတောင် မေ့သွားတယ်”ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ
ဦးဉာဏ်ဝင်းက“ဥပဒေကြောင်းအရ ဆက်လက်ထိန်းသိမ်းလို့ မရပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအမှုနဲ့ ကျခံနေရတာ မဟုတ်ဘူး၊ ရာဇ၀တ်မှုနဲ့ကျခံနေရတာ ဖြစ်တယ်၊
အကယ်၍ မလွတ်ခဲ့ဘူးဆိုရင်တော့ ဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြသတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ရှေ့နေကြီး ဦးအောင်သိန်းကလည်း“အုပ်ချုပ်ရေးအာဏာနဲ့ ထောင်ချပြီးပြီ၊ အုပ်ချုပ်ရေးအာဏာနဲ့


ထိန်းသိမ်းထားတဲ့ အချိန်မှာ ထိန်းသိမ်းတဲ့ ဥပဒေကို ဖောက်ဖျက် တယ် ဆိုပြီး တရားရုံးပေါ်မှာ တရားစွဲ
ပြစ်ဒဏ်ချပြီးပြီ၊ ပြစ်ဒဏ်ချတဲ့ အပေါ်မှာ အုပ်ချုပ်ရေး အာဏာအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က တ၀က်
ပြစ်ဒဏ်ပဲချဖို့ ပြောထားတယ်၊ အဲဒီ တ၀က်ကိုလည်း ကောင်းမွန်စွာ နေရင် စောလွှတ်မယ်လို့ ပြောထားတာ၊ အခု
အဲဒီ တ၀က်က ပြည့်ပြီ၊ လတ်တလောမှာ နောက်ထပ် ထပ်တိုးစရာတော့ မပေါ်နိုင်ဘူး၊ သေချာပေါက် လွှတ်ရ
တော့မယ်”ဟု ပြောကြားထားသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး ၀န်းကျင်နှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်ရှေ့တွင်


သတင်းထောက်များ ၊ နိုင်ငံခြားသားများ အပါအ၀င် လာရောက်သည့် လူထုမှာ ထောင်ဂဏန်းနှင့်ချီ
များပြားလာ၍ အဓိကရုဏ်း နှိမ်နင်းသည့် လုံထိန်း တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တားဆီးမှုများ
ပြုလုပ်သောကြောင့် ယင်းလူအုပ်ကို NLD မှ အခြေအနေ ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက NLD ရုံးချုပ်သို့ ပြင်သစ် သံရုံး၊ ဗြိတိသျှ သံရုံး၊ သြစတြေးလျ သံရုံး စသည့် သံရုံးများမှ
အနောက်တိုင်း သံ တမန်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့သည့်
ကိုယ်စားလှယ်လောင်းများလည်း လာရောက် ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင်


၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ်

PDF created with pdfFactory trial version www.pdffactory.com


အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီးအမိန့်ဖြင့်
နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် နေအိမ်အကျယ်ချုပ် ၁၈ လ သည် ယနေ့ ပြည့်ပြီ ဖြစ်သည်။


ထို့ကြောင့် ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်စောင့်ဆိုင်းနေသည့် လူအုပ်ကြီးက
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” “ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်”ဟူသော
ကြွေးကြော်သံများကို ကြွေးကြော် ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ခု စက်တင်ဘာ ၂၇ ရက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ


တည်ထောင် ရာတွင် ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

၎င်းသည် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နေအိမ်တွင် နေအိမ်အကျယ်ချုပ် ချခံခဲ့ရပြီး ၁၉၉၅
ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။ ၂၀၀၀ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင်
ဒေါ်အောင်ဆန်း စုကြည်သည် ထပ်မံ၍ နေအိမ်အကျယ်ချုပ် ၁၉ လ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၀၂ ခုနှစ် မေလ ၆
ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။

၂၀၀၂ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် နိုင်ငံအနှံ့


ခရီးထွက်ပြီး လူထု တရားပွဲများကို ကျင်းပခဲ့ရာ ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင်
ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံပြုထား သူများက တားဆီး
ရိုက်နှက်ပြီးနောက်ပိုင်း နေအိမ် အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ထပ်မံ၍ နေအိမ်အကျယ်ချုပ် ၁ နှစ်


တိုးခံခဲ့ရသည်။ စစ်အစိုးရ က ဆက်လက်ပြီး၂၀၀၈ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို
နေအိမ်အကျယ်ချုပ် သက်တမ်း ၁ နှစ် ထပ်မံ တိုး ခဲ့ပြန်သည်။

၂၀၀၉ ခုနှစ် မေလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင်


၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ်
အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီးအမိန့်ဖြင့်
နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ


နေအိမ် အကျယ် ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်


By သားညွှန့်ဦး | ၀ါရှင်တန် ဒီစီ စနေ, 13 နိုဝင်ဘာVOA

လွတ်မြောက်လာပြီးပြီးချင်း ပြည်သူများကို နုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၁၃၊ ၂၀၁၀)


ထပ်ဆင့် ဖြန့်ဝေရန်

PDF created with pdfFactory trial version www.pdffactory.com


ဒီနေ့ညနေခင်းအတွက် အထူးခြားဆုံး ထိပ်တန်းရောက်သတင်းကတော့ မြန်မာဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ သတင်းပါ။ လွတ်မြောက်လာပြီးပြီးချင်း အခု
နောက်ဆုံးအခြေအနေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို မိနစ်ပိုင်း သူမခြံရှေ့မှာ
ထွက်စကားပြောခဲ့ပြီး အခု နေအိမ်အတွင်းမှာ အခြား အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတယ်လို့
သိရပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အားလုံးမျှော်လင့်နေတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဒီကနေ မြန်မာစံတော်ချိန် ၅ နာရီ စွန်းစွန်းမှာ


နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်ပါတယ်။ မလွတ်ခင်မှာ ကားသုံးစင်းဟာ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲ
ဝင်သွားပါတယ်။ အဲဒီကားတွေ ပြန်ထွက်ပြီး သိပ်မကြာခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့လမ်းမှာရှိတဲ့
အတားအဆီးတွေကို အာဏာပိုင်တွေက ဖယ်ရှားပေးလိုက်ပါတယ်။ ဖယ်ရှားပြီးပြီးချင်းမှာပဲ
ဒေါ်အောင်ဆန်းစုကြည် ခြံလမ်းထိပ်မှာစောင့်နေကြတဲ့ ထောင်နဲ့ချီတဲ့ လူထုဟာ
ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ကို အပြေးအလွှား သွားရောက်စုဝေးလိုက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သိပ်မကြာခင်မှာ သူ့ခြံရှေ့ကိုထွက်ပြီး လူထုကို မိန့်ခွန်းတိုလေး ပြောပါတယ်။

(လူထုအသံ)

အသံချဲ့စက်တွေ တပ်ဆင်ထားတာ မရှိခြင်းကြောင့် စောင့်နေတဲ့လူထုဟာ ဒေါ်အောင်ဆန်းစုကြည်အသံကို


ကောင်းကောင်း မကြားနိုင်ခဲ့ပါဘူး။ မနက်ဖြန် ၁၂ နာရီမှာ လူထုကို မိန့်ခွန်းပြောစရာရှိတယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒီနောက် နေအိမ်တွင်း ၀င်ရောက်ပြီး အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ စည်းဝေးနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မလွတ်ခင်က ဒေါ်စု ခြံရှေ့က
အခြေအနေတွေနဲ့ပတ်သက်လို့ ခြံရှေ့ရောက်နေသူတဦးကို မေးမြန်းထားပါတယ်။

“တက္ကသိုလ်ရိပ်သာလမ်း ကုက္ကိုင်းမီးပွိုင့်ကနေ ဒီဖက်တကျောလုံး လူတွေက အပြည့်ပဲဗျ။ ကားတွေလည်း


အများကြီးပဲ ရောက်နေတယ်။ လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည် အိမ်ဖက်ကို ကြည့်နေတာပေါ့။
ဒေါ်အောင်ဆန်းစုကြည်လွတ်မယ်ဆိုတဲ့ သတင်းကြောင့် ဌာနချုပ်ရုံးရှေ့မှာဆိုလည်း ဒေါ်အောင်ဆန်းစုကြည်
ကျန်းမာပါစေဆိုပြီး အော်တဲ့သူတွေလည်း ရှိနေတယ်။ ကားအ၀င်အထွက်ရှိတော့ ဒေါ်စုလွှတ်မယ့်
ကားဝင်တယ်ဆိုပြီးတော့လည်း ဒေါ်စုလွတ်တယ်ဆိုပြီး သတင်းဖြစ်နေတယ်။ နောက်ဆုံးကြားရတဲ့
သတင်းအရတော့ ဒီနေ့လွတ်မယ်ဆိုတဲ့ သတင်းကြားရတာပဲဗျ။”

လုံခြုံရေးအခြေအနေရော ဘယ်လိုရှိလဲခင်ဗျ။ -

“ဒီအခြေအနေမှာတော့ ယူနီဖောင်းဝတ် လုံခြုံရေးတော့မတွေ့ဘူးဗျ။ ယူနီဖောင်းဝတ်ထားတဲ့သူတွေက


သံဆူးကြိုးရဲ့ ဟိုးဖက်မှာပဲရှိတယ်။ ဒီဖက်အပြင်မှာတော့ လွတ်လွတ်လပ်လပ်ပဲ။”

ထောက်ခံသူအင်အား ပတ်ဝန်းကျင်ကို လာရောက်တဲ့ ဘယ်လောက်ရှိသလဲ။ -

“ဒီမှာ လောလောဆယ် သုံးထောင် လေးထောင်လောက် ရှိမယ်ထင်တယ်။”

လုံခြုံရေးအရ ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်တဲ့ အနေအထားရှိလား။ အားလုံး အေးအေးချမ်းချမ်းပဲလား။ -

PDF created with pdfFactory trial version www.pdffactory.com


“အခြေအနေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေက ၀မ်းသာကြိုဆိုနိုင်ဖို့ တခုခုဖြစ်လာမှာကို
သူတို့စိုးရိမ်တကြီးနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်နေပါတယ်။ အဖွဲ့ချုပ်ကလည်း ကြေညာနေပါတယ်။
သူတို့မူဝါဒအရ လမ်းမပေါ် ထွက်မှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို
ဝမ်းမြောက်ဝမ်းသာကြိုဆိုဖို့ဆိုတဲ့ အခြေအနေ ကြိုးစားနေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို မနေ့ကစလို့ ထောင်နဲ့ချီတဲ လူအုပ်က အမျိုးသားဒီမိုကရေစီ ရုံးချုပ်မှာရော


ဒေါ်စုခြံနားမှာပါ စောင့်ကြိုနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမကို အကန့်အသတ်နဲ့
လွှတ်မယ်ဆိုရင်တော့ လက်ခံမှာမဟုတ်ဘူးဆိုပြီး အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေကတော့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုသတင်းကိုတော့ အသံလွှင့်ချိန်အတွင်း ထူးခြားရင် ထူးခြားသလို
တင်ဆက်သွားပါမယ်။

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု
မဇ္ဈိမသတင်းဌာန | စနေနေ့၊ နိုဝင်ဘာလ ၁၃

20 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်


တူတဲ့အချက်တွေ ပေါ်လာမယ်လို့ ကျားဖြူ ပြော
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အပေါ် ဝမ်းသာကြောင်းနဲ့ ပြည်သူလူထုအတွက် လုပ်ကိုင်ရာမှာ
တူညီတဲ့ အချက်တွေ ပေါ်လာမှာဖြစ်ကြောင်း ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP
ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်စီက ပြောပါတယ်။

ပုဂ္ဂိုလ်ရေးအရလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရည်ကိုင်ရည်တွေကို လက်ခံပြီး လေးစားတယ်လို့လည်း


သူက ဆိုပါတယ်။ကျားဖြူဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ လွှတ်တော် ၃ ရပ်စလုံးအတွက် အမတ်နေရာ ၅၇ နေရာ
ရထားပါတယ်။

19 နာရီ 44 မိနစ် - မြန်မာစံတော်ချိန်


အားတခုဖြစ်ချင်တဲ့ ဦးရဲထွန်းတို့ ပါတီ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ဝမ်းသာတယ်လို့ ပြောဆိုလိုက်ပြီး၊ ညှိနှိုင်းလုပ်ကိုင်သွားရင်
အားတခုဖြစ်သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းက
ပြောပါတယ်။

“ဒီမိုကရေစီ အသွင်ကူးပြောင်းရေးက ပွဲမသိမ်းသေးပါဘူး။ အဲဒီအချိန်မှာ သူလွတ်လာတယ်။


နိုင်ငံရေးအချိန်ကလည်း အချိန်ကောင်းဖြစ်တယ်။ အဲဒီတော့ အလုပ်တူတဲ့ လူတွေအားလုံး ညှိညှိနှိုင်းနှိုင်း
သုံးသပ်ပြီးတော့ လုပ်နိုင်မယ်ဆိုရင် ပိုပြီးတော့ အားတခု ဖြစ်သွားတာပေါ့” လို့ သူက ဆိုပါတယ်။

19 နာရီ 40 မိနစ် - မြန်မာစံတော်ချိန်


ဒေါ်စုနဲ့ လက်တွဲလိုဟု NDF ပြော
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတာကို ကြိုဆိုကြောင်းနဲ့ လက်တွဲဖို့ အသင့်ရှိကြောင်း
အမျိုးသားဒီမိုကရေစီအင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


“ဒေါ်အောင်ဆန်းစုကြည်သာ လက်ခံတွေ့ဆုံမယ်ဆိုရင် အဆင်သင့်ပါပဲ။ ကျနော်တို့မှာ ဒီကြားထဲမှာ
အခင်းအကျင်းတွေ ရှိတယ်လေ။ သူသာ တွေ့မယ်ဆိုရင် လက်တွဲသွားဖို့ အဆင်သင့်ရှိတယ်” လို့ သူက
ဆိုပါတယ်။

လက်ရှိ တရားဝင်ပါတီတခုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံတဲ့အတွက် ပါတီတည်ရှိမှု


ပျက်ပြယ်မှာကိုလည်း မစိုးရိမ်ကြောင်း သူက ဆက်ပြောပါတယ်။

“သူက ကျနော်တို့ရဲ့ ခေါင်းဆောင်ပဲလေ။ သူ့ကို တွေ့လို့ ပါတီဖျက်မယ်ဆိုလည်း ဖျက်ပေါ့။ သူနဲ့


တွေ့တဲ့အခါမှာလည်း ဘာကြောင့် ပါတီထောင်ရတဲ့အကြောင်းနဲ့ လူထုအတွက် လုပ်နေတဲ့အကြောင်းကို ဒေါ်စုကို
ရှင်းရှင်းလင်းလင်း တင်ပြသွားဖို့ ရှိပါတယ်” လို့ သူက ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတမှုမရှိဆိုပြီး ပါတီကို


ပြန်လည်မှတ်ပုံခြင်း မပြုဘဲ ထားခဲ့ပေမယ့် သဘောထားကွဲလွဲသူ NLD ခေါင်းဆောင်ပိုင်းတချို့က
ရွေးကောက်ပွဲဝင်ဖို့ NDF ပါတီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

19 နာရီ 32 မိနစ် - မြန်မာစံတော်ချိန်


ပြည်သူများ လွတ်မြောက်မှု သင်္ကေတဟု ဒလိုင်းလားမား ပြော
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုဟာ မြန်မာပြည်သူတွေ လွတ်မြောက်မှုရဲ့ သင်္ကေတလို့
တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားတယ်လို့ အိန္ဒိယ ITV သတင်းဌာနက ဒီကနေ့
ဖော်ပြပါတယ်။

နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တွေရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲ တက်ရင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ မိန့်ကြားတာပါ။

ဘုန်းတော်ကြီးက “ဒါဟာ တဦးတယောက်ထဲ လွတ်မြောက်မှု မဟုတ်ပါဘူး။ ဒီမိုကရေစီရေးအတွက် ဘဝကို


မြှုပ်နှံထားတဲ့ မြန်မာပြည်သူတွေ လွတ်မြောက်မှုလို့လည်း ထင်မြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
လွှတ်ပေးလိုက်ခြင်းဖြင့် မြန်မာအစိုးရရဲ့ ပုံရိပ်လည်း ကောင်းမွန်လာမှာ ဖြစ်လို့ အများကြီး အကျိုးရှိမှာပါ” လို့
ဆိုပါတယ်။

19 နာရီ 25 မိနစ် - မြန်မာစံတော်ချိန်


ဒေါ်စု လွတ်မြောက်မှု ကန်သမတ ဝမ်းမြောက်
အမေရိကန် သမ္မတ ဘာရက် အိုဘားမားက မြန်မာ့ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်
ပြန်လွတ်လာတဲ့အတွက် ဝမ်းမြောက်မိကြောင်း အိမ်ဖြူတော်ကနေ ပြောဆိုလိုက်ပါတယ်။

19 နာရီ 20 မိနစ် - မြန်မာစံတော်ချိန်


ပြည်သူလူထုရှေ့ ပြုံးရွှင်နေသော ဒေါ်အောင်ဆန်းစုကြည်
suukyifree3နေအိမ် အထိန်းသိမ်းခံထားရာမှ ယနေ့ ညနေ ၅ နာရီ ၁၅ တွင် လွတ်မြောက်လာသော မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ သူမ၏ နေအိမ်
ဝင်းတံခါးမှနေ၍ ပြည်သူများကို ပြုံးရွှင်စွာ နှုတ်ခွန်း ဆက်သနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)

PDF created with pdfFactory trial version www.pdffactory.com


19 နာရီ 08 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည် စကား
"တက်ညီလက်ညီ ရှိရမယ်" ဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေနဲ့ တွေ့ဆုံစဉ်
ပြောဆိုခဲ့ပါတယ်။

19 နာရီ 06 မိနစ် - မြန်မာစံတော်ချိန်


ဒေါ်အောင်ဆန်းစုကြည်က သားနဲ့ စကားပြော
ဒေါ်အောင်ဆန်းစုကြည်က ဆယ်စုနှစ်တခုကြာ မမြင်တွေ့ရသည့် သူမ၏ သားအငယ် ကင်မ် ခေါ် ကိုထိန်လင်းကို
ဒီကနေ့ ဖုန်းနဲ့ စကားပြောခဲ့ပါတယ်။ ကိုထိန်လင်းဟာ မိခင်ဆီ အလည်အပတ် လာရောက်ဖို့အတွက်
မြန်မာနိုင်ငံထဲ ပြည်ဝင်ခွင့်ဗီဇာရဖို့ ထိုင်းနိုင်ငံမှာ ကြိုးပမ်းနေပါတယ်။

19 နာရီ 04 မိနစ် - မြန်မာစံတော်ချိန်


မနက် ၁၂ နာရီ ရုံးကို လာခဲ့ပါ
ဒေါ်အောင်ဆန်းစုကြည်က လွတ်လာပြီးနောက် ခြံရှေ့မှာ ပြည်သူလူထုရှေ့ ပြောသွားတဲ့ စကားကတော့
''နောက်ကလူတွေ မကြားရရင် ရှေ့ကလူက ပြန်ပြောပြပေါ့နော်။ အဲဒီလို တယောက်နဲ့ တယောက် မျှတစွာ
ယူသွားကြဖို့ ၊ တယောက်နဲ့ တယောက် စာနာစိတ်ထားပေးပါ/ အားလုံး မနက်ဖြန် တွေ့ချင်ရင် မနက် ၁၂ နာရီ
ရုံးကို လာခဲ့ပါ'' လို့ ဖြစ်ပါတယ်။

18 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်


ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်း ပြန်ဝင်
နှုတ်ဆက်စကား ပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီ
ဖြစ်သည်။

ဦးတင်ဦးနှင့် ဇနီးနှင့် ဦးအုန်းကြိုင်တို့လည်း နေအိမ်တွင်းသို့ လိုက်ပါ ဝင်ရောက်သွားသည်။

မနက်ဖြန် မွန်းတည့် ၁၂ နာရီတွင် ရွှေဂုံတိုင် ရုံးချုပ်သို့ လာရောက် တွေ့ဆုံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က


လူအုပ်စုကြီးကို ထဲ့သွင်း ပြောကြားသွားသည်။

17 နာရီ 40 မိနစ် - မြန်မာစံတော်ချိန်


ဒေါ်အောင်ဆန်းစုကြည် လွတ်ပါပြီ
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီးကို နှုတ်ဆက်စကား
ပြောကြားနေပြီ ဖြစ်သည်။

ဗေဒါရောင် ဝမ်းဆက် ဝတ်ဆင်ထားသာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး


လန်းလန်းဆန်းဆန်း ရှိသည်ဟု နားထောင်နေသူ တဦးက မဇ္ဈိမသို တယ်လီဖုန်းမှတဆင့် ပြောပါတယ်။

အနီရောင် ပန်းတပွင့်နှင့် အဖြူရောင် ပန်းတပွင့်တိုကို ပရိတ်သတ်ထဲမှ ပေးလာ၍ ပန်ဆင်ထားသည်။


---------------

PDF created with pdfFactory trial version www.pdffactory.com


ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါပြီ။ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ တွင် လွှတ်ပေးလိုက်တာ ဖြစ်သည်ဟု
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

နေအိမ်ရှေ့တွင်ပင် လူထုကို စကားပြောရန် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်လျှက်ရှိသည်ဟု ဦးဝင်းတင်က


ပြောသည်။

အနည်းဆုံး ၄ ထောင်ခန့်ရှိသော စောင့်မျှော်နေသော လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့


ခြံဝသို့တိုးကာ စောင့်ဆိုင်းနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူအုပ်စုကြီးက မတွေ့ရသေးသော်လည်း
ဒေါက်တာတင်မျိုးဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က လူအုပ်စုကြီးကို ထိန်းထားရသည်။

ရွှေဂုံတိုင်ရုံးချုပ်ရှေ့တွင်တော့ လူ ၁ သောင်းကျော်က စောင့်ဆိုင်းနေရာ ဒေါ်စုနေအိမ်ဘက်သို့


စတင်ထွက်ခွာကြပြီ ဖြစ်သည်။

16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်


အတားအဆီးများကို စတင် ဖယ်ရှား
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အနီးရှိ လုံခြုံရေး အတားအဆီးများကို စတင် ဖယ်ရှားနေပြီ ဖြစ်သည်။

16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်


ဒေါ်စုကို ၇ နာရီမှာ လွှတ်ပေးမယ်လို့ ဆို
ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ည ၇ နာရီမှာ လွှတ်ပေးမှာလို့ နေအိမ်အနီး စောင့်ကြပ်နေတဲ့ ရဲတပ်ဖွဲ့မှ
အမည်မဖော်လိုသူ အရာရှိ တယောက်က မဇ္ဈိမကို ပြောပါတယ်။

သီးခြား အတည်ပြုချက် မရနိုင်သေးသလို အသေးစိတ် ပြောဖို့ကုလ


ိ ည်း ရဲအရာရှိက ငြင်းဆိုပါတယ်။

တက္ကသိုလ်ရိပ်သာ လမ်းနေအိမ် အတိုက်အခံ ခေါင်းဆောင်ကို ကြိုဆိုဖို့ ၅ဝဝ လောက်ရှိတဲ့ လူအုပ်ကြီးက


စောင့်ဆိုင်းနေပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ် ၄ဝ လောက်က ထိုင်သပိတ်သဘော တင်ပျဉ်ခွေ
ထိုင်နေကြပါတယ်။

လက်နက်ကိုင် လုံခြုံရေးတွေလည်း သိသိသာသာ များလာပြီး၊ တားမြစ် ဧရိယာထဲအထိ မဝင်ရောက်ဖို့


ဟန့်တားထားပါတယ်။

16 နာရီ 40 မိနစ် - မြန်မာစံတော်ချိန်


Stand with Aung San Suu Kyi
ရှေ့ဘက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ :: ဒေါ်အောင်ဆန်းစုကြည် ယနေ့ လွတ်မည်ဟု
ယုံကြည်နေသော အန်အယ်ဒီ ရုံးချုပ်အနီး လာရောက် စောင့်ဆိုင်းနေသူ အများအပြားက
”ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ” စာတန်းပါသည့် တီရှပ်များနှင့် ”အောင်ဆန်းပေးတဲ့ ဒီမိုကရေစီ” ဆိုသော
အကျီများ ဝတ်ဆင်ထားကြသည်။ တထည်လျှင် ကျပ် ၃ဝဝဝ ဖြင့် ရောင်းချသော အင်္ကျီများမှာ ယမန်နေ့
ညကတည်းက ရောင်းကုန်သွားခဲ့သည်။

PDF created with pdfFactory trial version www.pdffactory.com


16 နာရီ 35 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်စုကို လူထုနည်းနဲ့ လုပ်ဆောင်စေချင်ဟု ဦးဝင်းတင် ပြော

"နောက်ဆုံးတွေ့တာ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ မနက်မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့တာ။ အဲဒါ


နောက်ဆုံးပဲ။ ဒီနေ့အထိ တခါမှ မတွေ့တော့ဘူး။ အဲဒီတော့ ကျနော်က ဒေါ်စုကို ပြောချင်တာ တခုပဲ ရှိတယ်။
ဒေါ်စု လွတ်လာရင် ပြောချင်တဲ့ စကားတခွန်းပဲ ရှိပါတယ်။ ဒေါ်စု လက်ရှိ ရှိတဲ့ နိုင်ငံရေးကို ဒေါ်စု လုပ်မြဲဖြစ်တဲ့
လူထုနည်းနဲ့ ဆောင်ရွက်တဲ့ နည်းပေါ့။ လူထုနည်းနဲ့ ဆောင်ရွက်တဲ့ နည်းကို ထက်ထက်သန်သန် ထူးထူးခြားခြား
လုပ်ပါလို့။ အဲဒါ တခုပဲဗျ"

16 နာရီ 25 မိနစ် - မြန်မာစံတော်ချိန်


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့သွားရာ တက္ကသိုလ်ရိပ်သာလမ်း ကန့်သတ်နယ်မြေအနီး
’’ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ’’ ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်
ပြည်သူအချို့က ယနေ့ နိုဝင်ဘာ ၁၃ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ နေ့လည် ၁ နာရီခွဲခန့်တွင် အော်ဟစ် ဆုတောင်းစဉ်
(ဓာတ်ပုံ - မဇ္ဈိမ)။ ပြည်သူများ၊ ပါတီဝင်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များ၊ နိုင်ငံခြားသားများ စုစုပေါင်း
၅ဝဝ ခန့်က ဒေါ်စု လွတ်လာမည်ဟု မျှော်လင့်ကာ စောင့်ဆိုင်းနေသည်။

PDF created with pdfFactory trial version www.pdffactory.com

You might also like