You are on page 1of 1

ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု

တိုင်းရင်းသားဒေသများတွင် နအဖမှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းအပေါ် ကန့်ကွက်ကြောင်းကြေငြာခြင်း


နေ့ စွဲ - ၂၂.၁၂.၂၀၁၀ ကြေငြာချက်အမှတ် - ဗဒတ/၅/၂၀၁၀

နအဖအစိုးရသည် ၂၀၁၀ရွေးကောက်ပွဲအပြီး အရပ်ဝတ်အစိုးရအသွင်အရေခွံလဲရန်ကြံရွယ်နေသော်လည်း ၄င်းတို့၏ စစ်အုပ်ချုပ်ပုံနည်းစနစ်များကိုမူပြောင်းလဲခြင်းမရှိကြောင်း ယနေ့တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေသောလုပ်ရပ်များက ထပ်မံ သက်သေပြနေသည်။ စစ်အစိုးရသည် ၄င်းတိုစစ်အုပ်ချုပ်ရေးယန္တရားခိုင်မာစေရန်အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိရာ ၄င်းတို့၏စစ့်  အာဏာကို ထောက်ကန်ပေးထားသော လူတစုသာကောင်းစားရေးတခုတည်းကို ရှေးရှုပြီး လူထုတရပ်လုံးနှင့် တိုင်းရင်းသား များ၏ အကျိုးစီးပွားများအား လျစ်လျူရှုထားကြောင်း ၂၀၁၀ရွေးကောက်ပွဲ အတွေ့အကြုံနှင့် ယခု တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေမှုများအရ ထင်ရှားမြင်သာစွာတွေ့ရမည် ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာချိန်တွင် နိုင်ငံတကာနှင့် မြန်မာပြည်သူတရပ်လုံးက ၀မ်း မြောက်ဝမ်းသာအာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူ၍ စစ်အစိုးရကတိုင်းရင်းသားလူမျိုးစုများအပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေ ခြင်းကို မြန်မာပြည်သူတရပ်လုံးက သတိပြုမိကြစေရန်နှင့် တမြေထဲနေတရေထဲသောက် တိုင်းရင်းသားညီနောင် အချင်းချင်း တောင်ပေါ်မြေပြန်မခွဲခြားပဲ တောင်ပေါ်ဒေသတိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်များထိပါးခံနေရခြင်းကို မြေပြန့်နေ့  ကျန်တိုင်းရင်းသားများမှ ပြင်းထန်စွာရှုတ်ချကြောင်း ကျွန်ုပ်တို့  ဗဒတတပ်ပေါင်းစု မှကြေငြာအပ်ပါသည်။ ထို့ပြင်လက်ရှိ တိုင်းရင်းသားဒေသများတွင် နအဖအစိုးရမှ အဓမ္မထိုးစစ်ဆင်တိုက်ခိုက်နေခြင်းအားရပ်တန့်၍ ပြည် တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်ရန် ကျွန်ုပ်တို့ တပ်ပေါင်းစုက လေးနက်စွာ တိုက်တွန်းလိုက်သည်။

ဦးဆောင်လူငယ်များ၏စည်းဝေးဆုံးဖြတ်ချက်အရ မင်းသိမ်း ဥက္ကဌ ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု

You might also like