You are on page 1of 2

ဒုံးပျံများ တပ်ဆင်ရာနှင့် မြေအောက်လိုဏ်ခေါင်းများ တည်ဆောက်ရာ

Reference ID Created  
Released Classification
Origin
04RANGOON1100 2004-08-27 08:08 2010-12-09 21:09 SECRET

This record is a partial extract of the original cable. The full text of the original cable is not
available.
Friday, 27 August 2004, 08:08
S E C R E T SECTION 01 OF 02 RANGOON 001100
SIPDIS
EO 12958 DECL: 08/26/2014
TAGS PARM, PINR, PREL, KNNP, BM, KN
SUBJECT: ALLEGED NORTH KOREAN INVOLVEMENT IN MISSILE ASSEMBLY AND
UNDERGROUND FACILITY CONSTRUCTION IN BURMA
Classified By: CDA, A.I. RON MCMULLEN FOR REASON 1.5 (A/C).
အကြောင်းအရာ။     ။ ဒုံးပျံများ တပ်ဆင်ရာနှင့် မြေအောက်လိုဏ်ခေါင်းများ တည်ဆောက်ရာတွင်
မြောက်ကိုရီးယားများ ပါဝင်နေသည်ဟု စွပ်စွဲမှုများ ထွက်နေခြင်း။ လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ CDA, A.I.
ရွန် မက်မူလန် (RON MCMULLEN) အကြောင်းပြချက် 1.5 (A/C).

၁။ (S) အကျဉ်းချုပ်။ xxxxxxxx ၏ သတင်းပေးပို့ချက်အရ မြောက်ကိုရီးယားလုပ်သားများသည် မြေပြင်မှ


ဝေဟင်ပစ် "SAM" ဆမ်ဒုံးကျည်များ တပ်ဆင်ပေးနေကြောင်းနှင့် ရန်ကုန်မြို့ အနောက်မြောက်ဖက် (NNW)
၃၁၅ မိုင် အကွာခန့် မကွေးတိုင်းတွင်းရှိ မြန်မာစစ်စခန်းတခုတွင် မြေအောက် အအောက်အဦး တခု
တည်ဆောက်ပေးနေသည်ဟု သိရသည်။ ၎င်းစိတ်မချမ်းမြေ့ဖွယ်သတင်းပို့ချက်ကို အတိအကျမှန်ကန် သည်ဟု
မယူဆသင့်ပေ။ သို့သော် ၎င်းသတင်းကို xxxxxxx မှဆင့် ပေးပို့လာသော တခြားသတင်း အချက်
အလက်များမှတဆင့် မျက်ခြေမပြတ်စောင့်ကြည့်ရမည်။ (အကျဉ်းချုပ်ပြီး။)

၂။ (S) XXXXXXXXX

၃။ (S) XXXXXXXXX မြောက်ကိုရီးယား ၃ဝဝ ခန့် မကွေးတိုင်း မင်းဘူးမြို့ အနောက်ဖက် ရခိုင်ရိုးမတောင်ခြေရှိ


လျှို့ဝှက်ဆောက်လုပ်ရေးစခန်းတခုတွင် အလုပ်လုပ်ကိုင်နေသည်။ (ယူဆချက်။ ၎င်းဆောက်လုပ်ရေးစခန်းတွင်
မြောက်ကိုရီးယားများစွာ အလုပ်လုပ်နေသည်ဟူသော သတင်း အပေါ် မိမိတို့အနေဖြင့်
အလွန်အမင်းအံ့အားသင့်ရသည်။ (ယူဆချက်ပြီး)) XXXXXXX က မြောက်ကိုရီးယားများကို
ကိုယ်တိုင်မြင်တွေ့ခဲ့ကြောင်း၊ ထိုသူများ ဆောက်လုပ်ရေးစခန်းပြင်ပသို့ ထွက်ခွင့်မရသကဲ့သို့ ၎င်းနှင့်
တခြား"အပြင်လူများ" လည်း အတွင်းသို့ ဝင်ခွင့်မရကြောင်း အခိုင်အမာ ပြောဆိုသည်။ XXXXX က သူသည်
အဆိုပါ ဒေသအတွင်း အလုပ်လုပ်နေသည့် တရုတ်လူမျိုးများနှင့် မြောက်ကိုရီးယားများကို တိတိကျကျ
ခွဲခြားသိနိုင်သည်ဟု ယုံကြည်သည်။ အဆိုပါ လျှို့ဝှက်ဖုံးကွယ်ထားသော ဒေသ၏ မြေပုံညွှန်းအတိအကျကို
မသိရှိရသေးသော်လည်း ယင်း နေရာသည် N 20,00, 94,25 E အကြားတည်ရှိနိုင်သည်ဟု ပြောဆိုနေကြ
သည်။

1/2
ဒုံးပျံများ တပ်ဆင်ရာနှင့် မြေအောက်လိုဏ်ခေါင်းများ တည်ဆောက်ရာ

၎။ (S)  မည်သည့်နိုင်ငံမှ ရောက်လာသည်မသိနိုင်သော "SAM ဒုံးကျည်များ" ကို မြောက်ကိုရီးယားများက


တပ်ဆင်ပေးနေသည် ဆိုသည်။ XXXXXXX မြန်မာဝန်ထမ်းများအကူအညီဖြင့် မြောက်ကိုရီးယားများသည်
"လိုဏ်ခေါင်းထိပ်မှ တောင်ကုန်းထိပ်ထိ ပေ ၅ဝဝ" အမြင့်ရှိသော အင်္ဂတေမြေအောက် အဆောက်အဦး တခု
တည်ဆောက်နေသည်။ မြောက်ကိုရီးယားများသည် မြေတူးထားသော မြေအောက် အဆောက်အဦး
အတွင်းသို့ "အင်္ဂတေများမှုတ်သွင်း" နေသည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
၅။ (S) XXXXXXXXX သည် အဆိုပါ ဆောက်လုပ်ရေးစခန်းအနီးစခန်းချမည့် မြန်မာစစ်တပ်တပ်ရင်း အရင်း ၂ဝ
အတွက် အဆောက်အဦးများဆောက်လုပ်ရာတွင် ပါဝင်နေသည်။ ၎င်းတပ်ရင်းများအနက် တပ်ရင်း၂ ရင်း သည်
ခြေလျင်တပ်များဖြစ်ပြီး တခြား ၁၈ ရင်းက အမြောက်တပ်များဖြစ်ကြောင်း အဆိုပါ သတင်းက ပြောဆိုသည်။

၆။ XXXXXXXXX

၇။ (S) ယူဆက်ချက်။ မကွေးတိုင်းအတွင်း စစ်ဘက်ဆိုင်ရာတည်ဆောက်မှုများနှင့် ဒုံးကျည်တပ်ဆင်မှုများ တွင်


မြောက်ကိုရီးယားများ ပါဝင်နေသည်ဟူသော XXXXXX ၏ ထပ်ဆင့် ပြောဆိုချက်ကို ရန်ကုန်သံရုံးနှင့်
တခြားသတင်းအရင်းအမြစ်များက  နည်းလမ်းမျိုးစုံဖြင့် ပေးပို့သော သတင်းအချက်အလက်များနှင့်
တိုက်ဆိုင်ကြည့်သည်။  တဖန် ၃ဝဝ ဟူသော ကိန်းဂဏန်းသည် မိမိတို့ ခန့်မှန်းထားသည့် မြန်မာ နိုင်ငံတွင်
ရှိနိုင်သော မြောက်ကိုရီးယားဦးရေထက် လွန်စွာမြင့်မားနေသည်။ XXXXXX က ၎င်းကိုယ်တိုင်
မြောက်ကိုရီးယားတချို့ကို မည်သို့မည်ပုံ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပါသည်ဟူသော အချက်ကလည်း
ရှင်းရှင်းလင်းလင်းမရှိသေးပေ။ XXXXXX ထံသို့ပေးပို့လာသော အသေးစိတ်အများစုသည် တခြားသီးခြား
သတင်းရင်းမြစ်များမှ ပေးပို့လာသော အချက်အလက်များနှင့် တူညီသည်။

၈။ (S) ယူဆချက် ဆက်လက်တင်ပြခြင်း။ မိမိတို့အနေဖြင့်သော်လည်းကောင်း ကြေးနန်းစာဖတ်သူအနေ


ဖြင့်သော်လည်းကောင်း ယခုတင်ပြချက်တခုတည်းဖြင့် မြန်မာနိုင်ငံအတွင်း မြောက်ကိုရီးယား စစ်ဘက်၏
ပါဝင်ပတ်သက်မှုပမာဏကို အတိအကျ (ဝါ) တထစ်ချ ကောက်ချက်ချ မယုံကြည်သင့်ပေ။ XXXXXX ၏
ပြောဆိုချက်တွင် အနုမြူလက်နက် (ဝါ) ယင်းနှင့်ပတ်သက်သော နည်းပညာ သို့မဟုတ် မြေပြင်မှ
မြေပြင်ပစ်ဒုံးကျည်၊ ပဲ့ထိန်းဒုံးကျည်များ သို့မဟုတ် အလားတူ လက်နက်များ ရှိသည်ဟူ၍ မပါရှိပေ။ XXXXXXX
သို့သော် မြန်မာနှင့် မြောက်ကိုရီးယားများ တစုံတခုခု (လျှို့ဝှက်စစ်ရေး (သို့မဟုတ်) စစ်
လက်နက်ပစ္စည်းထုတ်လုပ်မှု တခုခု) လုပ်နေသည်ဟူ၍ ပေးပို့လာသော တခြားသတင်းအရင်း
အမြစ်များအနက် ယခုသတင်းပေးပို့ချက်ကို အကောင်းဆုံး အချက်အလက်တခုဟု သတ်မှတ်ကောင်း
သတ်မှတ်နိုင်သည်။ မည်သည့်အရာဆိုသည်နှင့် မည်မျှအတိုင်းအတာ ရှိသည်ဆိုသည်ကိုတော့ ဆုံးဖြတ်ရန်
ကျန်သေးသည်။ ၎င်းဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ မျက်ခြေမပြတ် ဆက်လက် စောင့်ကြည့်နေမည်ဖြစ်ပြီး
လိုအပ်ချက်နှင့်အညီ အစီရင်ခံစာများ ပေးပို့သွားမည်ဖြစ်သည်။

မက်မူလန်

2/2

You might also like