You are on page 1of 18

အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

Reference ID Created Released Classification

09KYIV1942 2009-11-09 12:12 2010-12-09 21:09 SECRET

VZCZCXYZ0001
PP RUEHWEB
DE RUEHKV #1942/01 3131205
ZNY SSSSS ZZH
P 091205Z NOV 09
FM AMEMBASSY KYIV
TO RUEHC/SECSTATE WASHDC PRIORITY 8754
INFO RHMFISS/DEPT OF ENERGY WASHINGTON DC
RHEHAAA/NSC WASHDC
RUEKJCS/OSD WASHINGTON DC
S E C R E T KYIV 001942 
SIPDIS 
NSC FOR JOYCE CONNERY
DOE FOR ANDREW BIENIAWSKI 
EO 12958 DECL: 11/05/2019
TAGS PARM, PREL, KNUC, UP
SUBJECT: U.S.-UKRAINE NONPROLIFERATION MEETINGS SEPTEMBER 23-24, 2009
Classified By: Political Counselor Colin Cleary, Reason 1.4 (b, d)

အကြောင်းအရာ။     ။ အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ စက်တင်ဘာ ၂၃-၂၄ ၊


၂ဝဝ၉

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ နိုင်ငံရေး ကောင်စစ်ဝန် ကိုလင် ကလီယာရီ (Colin Cleary)


အကြောင်းပြချက် 1.4 (b, d)

၁။ (S) အကျဉ်းချုပ် - အမေရိကန်-ယူကရိန်း အဏုမြူ မပြန့်ပွားရေး နှစ်စဉ် ဆွေးနွေးပွဲငယ်၏


အဓိကအချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ယူကရိန်းက ယူရေနီယံသုံး လောင်စာများ (HEU spent fuel) ကို ရုရှားသို့ လွှဲပြောင်းပေးရေး ကိစ္စနှင့်
ပတ်သက်၍ မတင် မကျ အဖြေပေးသည်။ ယူကရိန်းက ၁၉၉၄ တွင် ဘူဒါပက်မြို့မှာ ပေးခဲ့သော လုံခြုံရေး
အာမခံချက်ထက် ပို၍ နောက်ထပ် အာမခံချက်များကို တောင်းခဲ့ပြီး အမေရိကန်နှင့် ဒုံးကျည်ကာကွယ်ရေး
ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လုပ်သွားရန် စိတ်ဝင်စားသည်။ --စကဒ်ဒုံးကျည် (SCUD Missiles)
ဖျက်သိမ်းရေး နားလည်မှု စာချွန်လွှာကို ဝန်ကြီးဌာန အားလုံးက သဘောတူပြီးဖြစ်ကြောင်း၊ နောက်ဆုံး
အတည်ပြုချက်အတွက် အစိုးရ အဖွဲ့သို့ တင်ထားကြောင်းနှင့် မကြာမီ အဆင်သင့် ဖြစ်မည့်အကြောင်း
ယူကရိန်းဘက်မှ တင်ပြသည်။ -- နောက်ထပ် ဒုံးကျည်ပစ် မဲလင့် လောင်စာရည် (melange liquid rocket
propellant) ဖျက်သိမ်းရေးအတွက် အထောက်အပံ့ပေးရန် ယူကရိန်းက အမေရိကန်ကို မေတ္တာရပ်ခံခဲ့သည်။
သို့သော် အမေရိကန်ဘက်က စကဒ်ဒုံးကျည်နှင့် စကဒ်ဒုံးကျည်သုံး မဲလင့် လောင်စာရည် ဖျက်သိမ်းရေးကို
ပထမ ဦးစွာဆွေးနွေးမည် ဖြစ်ကြောင်း၊ နောက်မှ မဲလင့်လောင်စာရည် ဖျက်သိမ်းရေးအကြောင်းကို
ဆွေးနွေးမည် ဖြစ်ကြာင်း ပြောခဲ့သည်။-- ယူကရိန်းက အက်စ် အက်စ် (၂၄) (SS-24) ဖျက်သိမ်းရေးအတွက်

1 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

အမေရိကန် ထံမှ နောက်ထပ်ငွေကြေး အထောက်အပံ့တောင်းရာ၌ အမေရိကန်ဘက်က စဉ်းစားပြီး


အကြောင်းပြန်ပေးမည်ဟု ပြောခဲ့ သည်။ --အမေရိကန်ဘက်က ယူကရိန်း၏ ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေး
အဖွဲ့ဝင် အဆင့် (၁) အဖြစ် ဆော်ဒီ အာရေဗျ နိုင်ငံကို ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍
အချက်အလက်များကို သိလိုကြောင်း၊ သို့မှသာ ဆော်ဒီအာရေဗျသို့ MTCR Category I items ပို့ပေးခြင်း
ပြဿနာတို့နှင့် ပတ်သက်၍ နိုဝင်ဘာလတွင် ကျင်းပမည့် ရီယိုဒီ ဂျနဲရိုး ဒုံးကျည် နည်းပညာ
ထိန်းချုပ်ရေးအဖွဲ့ဝင်နိုင်ငံများ စုံညီစည်းဝေးပွဲမှာ အပြန်အလှန် ကောင်းစွာဆွေးနွေး နိုင်မည် ဖြစ်ကြောင်း
ပြောခဲ့သည်။ --ယူကရိန်းက နောက်နောင်မှာ မြန်မာနိုင်ငံသို့ လက်နက် တင်ပို့တော့မည် မဟုတ်ကြောင်း၊
အမေရိကန်၏ ဂြိုဟ်တုဓာတ်ပုံမှာ ဖော်ပြခဲ့သည့် တောင်ပိုင်း ဆူဒန်သို့ တီ-၇၂ တင့်ကားများ (T-72 tanks)
ပို့သည် ဆိုခြင်းမှာ မဟုတ် ကြောင်း ပြောခဲ့သည်။ အမေရိကန်ဘက်က တင့်ကားပို့ခြင်းအတွက်
ဒဏ်ခတ်မှုလုပ်မည်၊ မလုပ်မည်ကို စဉ်းစားစရာ ရှိကြောင်း၊ ဂြိုဟ်တုဓာတ်ပုံမှာပုံမှာပါသည့်အတိုင်း မှန်-
မမှန်ဟူသော အချက်ပေါ်မှာ မူတည်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့ သည်။ -- ယူကရိန်းက အီရန်၏
ဒုံးကျည်အစီအစဉ်အတွက် သံမဏိ ပစ္စည်းများ တင်ပို့သည့်ကိစ္စကို စုံစမ်းစစ်ဆေးပေး မည်ဟု ပြောသော်လည်း
အမေရိကန်ဘက်က ယူကရိန်းအစိုးရ အနေဖြင့် ဤပြဿနာကို ကိုယ်တိုင် မဖြေရှင်းနိုင်ပါက
အမေရိကန်အနေနှင့် ပါဝင်ပတ်သက်သူများကို မိမိကိုယ်တိုင် အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
--(၂) နှစ်တာ ဆွေးနွေးပွဲများလုပ်ပြီးနောက် အမေရိကန်နှင့် ယူကရိန်းတို့သည် ရေဒီယို ဓာတ်ကြွပစ္စည်းများ
ရှင်းလင်းဖယ်ရှားရေး နှင့် သိုလှောင်သိမ်းဆည်းခြင်းဆိုင်ရာ သဘောတူစာချုပ်ကို စက်တင်ဘာ ၂၄ တွင်
လက်မှတ်ရေးထိုးခဲ့ကြသည်။ --အမေရိကန်ဘက်က ယူကရိန်းအား နေတိုးငြိမ်းချမ်းရေး
ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ လက်နက်ငယ်များ ဖျက်ဆီး ရေး စီမံချက်လုပ်ငန်း (NATO Partnership for
Peace Small Arms/Light Weapons destruction project) အရ နောက်ထပ်
လက်နက်ငယ်များဖျက်ဆီးရေးကို  သဘောတူရန်လည်း တိုက်တွန်းခဲ့သည်။ (အကျဉ်းချုပ်- ပြီး) 

၂။ (S) တရားဝင် ဆွေးနွေးပွဲမလုပ်မီ နှစ်ဦးတွေ့ဆုံပွဲ၌ နီကိုနင်ကို (Nykonenko) က ဗင်တိုင်ပင်ကို


ကိယက်ဗ်မြို့မှာ ကြိုဆို ခဲ့သည်။ နီကိုနင်ကိုက ယူကရိန်းသည် ဗင်တိုင်ပင် (Van Diepen) ၏
အဏုမြူလက်နက် မပြန့်ပွားရေး စိတ်ဓာတ်ထက်သန် မှုကို ကောင်းစွာသိရှိခဲ့ပြီး ဖြစ်ကြောင်း၊
အမေရိကန်ပြည်ထောင်စုအနေနှင့်လည်း ယူကရိန်းကို ထက်သန်သော အဏုမြူ လက်နက်ဖျက်သိမ်းရေး
ဆွေးနွေးဘက် အဖြစ် ယုံကြည်မှုကို ပြသသည်ဟု မိမိတို့မှတ်ယူကြောင်း ပြောခဲ့သည်။ 

နှစ်ဖက်စလုံးက ဆွေးနွေးပွဲအစီအစဉ်ကို ပြန်လည်စစ်ဆေးကြပြီးနောက် လုံခြုံရေးအာမခံချက်၊ ယူရေနီယံသုံး


လောင်စာ များပြန်ပို့ရေးနှင့် ဖျက်ဆီးရေး၊ နေတိုးငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ လက်နက်ငယ်များ
ဖျက်ဆီးရေး စီမံချက် လုပ်ငန်း၊ စကဒ် ဒုံးကျည်ဖျက်သိမ်းရေး၊ ဒုံးကျည်ကာကွယ်ရေး၊ အီရန်သို့ ယူကရိန်း၏
သံမဏိ အထူးပစ္စည်းများ တင်ပို့ ခြင်း၊ တောင်ပိုင်း ဆူဒန်သို့ ယူကရိန်း၏ တီ-၇၂ တင့်ကားများတင်ပို့ ခြင်း
ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ နှစ်ဦးတွေ့ဆုံ ဆွေးနွေးပွဲမှ ပတ်သက်ရာ အကြောင်းအချို့ကိုလည်း
အောက်ဖော်ပြပါအတိုင်း ပုံမှန်ဆွေးနွေးပွဲ အစီအစဉ် ဖတ်ကြား ရာ၌ ထည့်သွင်းဖတ်ကြားခဲ့သည်။ 

အဆင့်မြင့် ယူရေနီယံ (HEU)

၃။ (C) နှစ်ဦးတွေ့ဆုံဆွေးနွေးပွဲ၌ ဗင်တိုင်ပင်က ယူကရိန်းအနေနှင့် ကိယက်ဗ်မြို့မှ ယူရေနီယံသုံး


လောင်စာများကို စက်တင်ဘာလကုန် နောက်ဆုံးထား၍ ရုရှားသို့ပို့ရေးကို အတည်ပြုပေးရန်
အထူးအရေးကြီးကြောင်း ပြောခဲ့သည်။ အကယ်၍ ထိုကာလတွင် အတည်မပြုဖြစ်ဘဲ ၂ဝ၁၁ နှစ်ဆန်းအထိ
အတည်မပြုနိုင်ပါက ယူကရိန်းအနေနှင့် ဤ ပစ္စည်းကို သိမ်းဆည်းထားရခြင်းအတွက် ကုန်ကျစရိတ်နှင့်
အန္တရာယ်ရှိမှုကို ဆက်လက်ခံနေရဦးမည် ဖြစ်ကြောင်း၊ ဤသုံးစွဲပြီး လောင်စာများသည် စီးပွားရေးအရ
တန်ဖိုးမရှိသော်လည်း အကြမ်းဖက်သမားအတွက် တန်ဖိုးရှိကြောင်း၊ လာမည့်နှစ် အဏုမြူလုံခြုံရေး
ထိပ်သီးဆွေးနွေးပွဲသို့ ယူကရိန်းကို ဖိတ်ကြားထားပြီးဖြစ်သဖြင့် ယူကရိန်းအနေနှင့် မိမိ၏ အဏုမြူပစ္စည်းများ
သိုလှောင် ထိန်းသိမ်းထားမှု အခြေအနေကို အစီရင်ခံရန် အရေးကြီးကြောင်း သူက ဆက် ရှင်းပြခဲ့သည်။
နီကိုနင်ကိုက ယူကရိန်း၏ ၂ဝဝ၈ ဖေဖေါ်ဝါရီလက ရပ်တည်ချက်သည် ပြောင်းလဲခြင်းမရှိကြောင်း
ပြန်လှန်ပြောဆိုခဲ့ရာ ကျွန်ုပ်တို့ အနေနှင့် ၂ဝ၁ဝ နှစ်ဆန်းတွင် တင်ပြမည့် ယူကရိန်း၏ အမျိုးသား သိပ္ပံပညာ

2 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

အကယ်ဒမီ အစီရင်ခံစာကို စောင့်ရမည်သာဖြစ်သည်။ 

၎။ (C) နောက်နေ့ အစည်းအဝေး၌ ယူကရိန်း အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (NSDC) မှ


ဗလာဒီမာ ရိုင်ယက်ဆက် (Vladimir Ryabtsev) က နည်းပညာဆိုင်ရာ ပြဿနာများကို ဖြေရှင်းပြီး၍
သုံးစွဲပြီးလောင်စာများကို တင်ပို့ရန် ဆုံးဖြတ်ချက်ကိုလည်း ချပြီးဖြစ်ကြောင်း၊ မတင်ပို့ဖြစ်သေးခြင်းအကြောင်းမှာ
သုံးစွဲပြီး လောင်စာများ ပြန်လည် ပြုပြင်ရာမှ ထွက်လာသော အညစ်အကြေးများ ပြဿနာအတွက်
ကုန်ကျစရိတ် ဒေါ်လာ (၈ဝဝ, ဝဝဝ) ကို ရုရှားအား မည်သူကပေးမည်ကို မသိရသေးခြင်းကြောင့် ဖြစ်ကြောင်း၊
ဤကုန်ကျစရိတ် ထုတ်ပေးရေးအတွက် ယူကရိန်းတွင် ဘတ်ဂျက်ငွေအလုံအလောက်မရှိကြောင်း
ရှင်းပြခဲ့သည်။ ကိယက်ဗ်မြို့သံရုံးမှ စွမ်းအင်ဌာန (DOE) အရာရှိ ဝိန်းလိခ်ျ (Wayne Leach) က မိမိတို့
အမေရိကန်ဘက်က ဤအချက်ကို ဝါရှင်တန်သို့ ပို့မေးမည်ဖြစ်ကြောင်းနှင့် မကြာမီ အကြောင်းပြန်ကြားမည်
ဖြစ်ကြောင်း ပြောသည်။ (မှတ်ချက် -စွမ်းအင်ဌာန DOE သို့ အခြားသတင်းရပ်ကွက် များမှ သီးခြားပေးပို့ သော
သတင်းများအရဆိုလျှင် သုံးပြီးလောင်စာများပြန်ပို့ရေးကိစ္စသည် သမ္မတနှင့် အမျိုးသားလုံခြုံရေး နှင့်
ကာကွယ်ရေး ကောင်စီ (NSDC) ၏ လက်ထဲမှာသာ ရှိနေသေးကြောင်းနှင့် ဤကိစ္စကို ယူကရိန်းရှိ ရုရှားလုပ်
အခြား အဆင့်မြင့် ယူရေနီယံများကိစ္စနှင့် တပါတည်း ဖြေရှင်းရန် ကြိုးစားလျက်ရှိကြောင်းသိရသည်။ ဤတွင်
တွေ့ရှိရသည်မှာ ရိုင်ယက်ဆက် (Vladimir Ryabtsev) သည် ဆွေးနွေးပွဲနှင့်ပတ်သက်၍ တစုံတရာ ဂဃနဏ
သိထားပုံမရခြင်းပင် ဖြစ် သည်။ စွမ်းအင်ဌာန၏ ကမ္ဘာ့ခြိမ်းခြောက်မှုများ လျော့ပါးရေး လုပ်ငန်း အစီအစဉ်
(Global Threat Reduction Initiative program) မှာ ဤကဲ့သို့သော ပြန်ပို့ရေးနှင့် ဆက်နွယ်နေသော
လောင်စာ အညစ်အကြေးများ ကိစ္စအတွက် ငွေထုတ်ပေး ရန် အခွင့်အာဏာ မရှိသည်ကို ယူကရိန်းအစိုးရ
သိထားသည်မှာ ကြာလှပြီဖြစ်သည်။)

ဒုံးကျည်ကာကွယ်ရေး

၅။(U) စုံညီဆွေးနွေးပွဲမတိုင်မီ နှစ်ဦးတွေ့ဆုံဆွေးနွေးပွဲ၌ နီကိုနင်ကိုက ယူကရိန်းသည် ဥရောပရှိ အမေရိကန်၏


ဒုံးကျည် ကာကွယ်ရေး စီမံကိန်းကို စိတ်ဝင်တစား ဖတ်ပြီးခဲ့ကြောင်း ဗင်တိုင်ပင်ကို ပြောခဲ့သည်။ ယူကရိန်းမှာ
ဒုံးကျည်ကာကွယ် ရေး ကျွမ်းကျင်မှု နည်းပညာရှိပြီး ဒုံးကျည်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း
စိတ်ဝင်စားကြောင်း၊ ဤပူးပေါင်း ဆောင်ရွက်သည် ဥရောပလုံခြုံရေး အစီအစဉ်တွင် ယူကရိန်း၏
အခန်းကဏ္ဍကို ပြန်လည်သတ်မှတ်ရေးအတွက် အထောက်အကူပြုပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
အမေရိကန်ဆီမှ ထောက်ခံကြောင်း အချက်ပြမှုရရှိရေးသည် ယူကရိန်းအဖို့ 'အလွန်အရေးကြီး'သည်ဟု
ဆိုပါသည်။ နိုင်ငံတကာလုံခြုံရေး ကိစ္စများဆိုင်ရာ ဒုနိုင်ငံခြားရေးဝန်ကြီး ဗာ့စ်ဘောင်း (Vershbow)
ဦးဆောင်မည့် လာမည့် သီတင်းပတ် ဆွေးနွေးပွဲများတွင် ယူကရိန်းနှင့် ဒုံးကျည် ကာကွယ်ရေးကိစ္စ ဆွေးနွေးရန်
မျှော်နေမည်ဖြစ်ကြောင်း ဗင်တိုင်ပင်က ပြန်လည် ပြောကြားခဲ့သည်။ 

လုံခြုံရေး အာမခံချက်များ

၆။ (S) နှစ်ဦးတွေ့ဆုံဆွေးနွေးပွဲ၌ နီကိုနင်ကို တင်ပြခဲ့သော အကြောင်းအရာသည်ကား ၁၉၉၄


ဘူဒါပက်ကြေညာ ချက်တွင် အမေရိကန် ပေးထားခဲ့သော လုံခြုံရေးအာမခံချက် ထက်ပို၍ နောက်ထပ်
လုံခြုံရေးအာမခံချက် ပေးရန် မေတ္တာ ရပ်ခံခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ဂျော်ဂျီယာကို ရုရှား
ကျူးကျော်ပြီးနောက်ပိုင်းတွင် ယူကရိန်းအနေနှင့် လုံခြုံမှု ခြိမ်း ခြောက်ခံရသည်ဟု ခံစားရကြောင်း ပြောသည်။
ယူကရိန်းသည် နေတိုးအဖွဲ့ထဲသို့ မဝင်ရသေးမချင်း လုံခြုံရေးဟာကွက်ကို ဖြည့်ရန်လိုအပ်နေကြောင်း၊
ဘူဒါပက်သဘောတူချက်ကို ထပ်မံအတည်ပြုကြောင်း အမေရိကန်၏ ၂ဝဝ၉ သြဂုတ်လက အသိပေးချက်ကို
လက်ခံရရှိပြီးဖြစ်သော်လည်း ယူကရိန်းအနေနှင့် ဤကိစ္စကို အသေးစိတ် ဆွေးနွေးလို ကြောင်း၊ အမေရိကန်၏
ဦးဆောင်မှုဖြင့် အပြန်အလှန် လုံခြုံရေးအာမခံချက်သစ် တခုကို ရှာနိုင်မည်ဟု ယူကရိန်းက
မျှော်လင့်နေလျက်ရှိကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ ကျွမ်းကျင်ပညာရှင်အဆင့် ဆွေးနွေးပွဲကို
စတင်မည်ဆိုပါက ယူကရိန်းအစိုးရအနေနှင့် ကျေးဇူးတင်မည် ဖြစ်ကြောင်း၊ ဤကဲ့သို့သော ဆွေးနွေးပွဲမျိုး
ကျင်းပသည့်သတင်းသည် ယူကရိန်း ပြည်သူတို့နှင့် အိမ်နီးချင်းနိုင်ငံများအဖို့ မင်္ဂလာသတင်း ဖြစ်ကြောင်း
သူကဆို ပါသည်။ သူက စာရွက်ဖြင့် ရေး သားထားခြင်းမဟုတ်သော လုံခြုံရေးအာမခံချက် အသစ်တခုကို

3 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

တင်ပြသည်။ ဥပဒေဖြင့် ရေးဆွဲပြဋ္ဌာန်းထားသော အာမခံ ချက်များသည် အကောင်းဆုံးဖြစ်သော်လည်း


ဤသို့အာဏာတည်ရေးသည် အလွန်ခက်ခဲသည်ဟု သူနားလည်ကြောင်း သူက နိဂုံးချုပ်အနေနှင့်
ပြောသွားခဲ့သည်။

၇။(U) ဗင်တိုင်ပင်က အမေရိကန်ပြည်ထောင်စု၏ ဘူဒါပက် ကတိကဝတ်သည် သက်တမ်းရှိနေဆဲ ဖြစ်ကြောင်း၊


ဒီဇင်ဘာ လ စတတ်သဘောတူညီချက် စာချုပ် (START Treaty) ကုန်ဆုံးပျက်ပြယ်သွားသည်နှင့်အတူ
လိုက်ပါပျက်ပြယ်သွားခြင်း မရှိကြောင်း ပြောသည်။ START Treaty ၏ နောက်ဆက်တွဲ
သဘောတူစာချုပ်နှင့်ဆက်စပ်နေသော ဤအကြောင်း အရာနှင့် ပြဿနာများအကြောင်း
နောက်ထပ်ဆွေးနွေးချက်များကို နောက်လာမည့် စာပိုဒ် (၅၃-၅၄) တို့တွင် ကြည့်ပါ။ 

စကဒ်ဒုံးကျည် ဖျက်သိမ်းရေး

၈။ (S) နီကိုနင်ကိုက စကဒ်ဒုံးကျည် အစီအစဉ်ကို တင်ပြခဲ့သည်။ ဤလုပ်ငန်းသည် ယူကရိန်း၏


ဦးစားပေးလုပ်ငန်း တရပ် ဖြစ်သည်ဟု ဆိုသည်။ ကာကွယ်ရေးဆိုင်ရာ စီးပွားရေးဝန်ကြီးဌာန၏ ဒု
ညွှန်ကြားရေးမှူး ဆာဂီအီ နိုဗော့စ် ယိုလော့ဗ် (Sergiy Novosyolov) က ကျွန်ုပ်တို့သည် ပွဲဦးထွက်အဆင့်
(၂ဝဝ၉ ဇူလိုင်လတွင်းက အမေရိကန်၏ စကဒ်ဒုံး ကျည်များနှင့် ဒုံးကျည်နှင့်ဆိုင်သော ပစ္စည်းကရိယာများ
နေရာချထားပုံစာရင်း၊ နေရာအသီးသီး နှင့် ဆိုင်သော စာရွက် စာတမ်းများနှင့် ဖြည့်စွက်ချက်များ၊
စကဒ်ဒုံးကျည်နှင့် အခြားဒုံးကျည်များ ပစ်လွှတ်ရာ၌ သုံးသည့် မဲလင့် လောင်စာရည် အချို့ကို ဖျက်ဆီးပစ်ရန်
အမေရိကန်၏ သဘောတူချက်) ကို အောင်မြင်ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
စကဒ်ဒုံးကျည်ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဝန်ကြီးဌာနအားလုံးက အတည်ပြုပြီးဖြစ်ရာ ဝန်ကြီးအဖွဲ့သို့
တင်သွင်းထားကြောင်း၊ မကြာမီတွင် အဆင်သင့်ဖြစ်မည် ဖြစ်ကြောင်း ဆာဂီအီ နိုဗော့စ်ယိုလော့ဗ်က
ဆက်လက်ရှင်းပြ ခဲ့သည်။ ထို့ပြင် ယူကရိန်း ကန်ထရိုက်လုပ်ငန်းရှင်လောင်းများ စာရင်းကို
အမေရိကန်သံရုံးသို့ပို့ထားပြီးဖြစ်ကြောင်းနှင့် ယူကရိန်းအစိုးရ အနေနှင့်လည်း ကုန်ကျစားရိတ်များ၊
အချိန်ဇယားများ၊ လုပ်ငန်းပမာဏ၊ ဖျက်သိမ်းမည့်နေရာသို့ ဒုံးကျည် များကို သယ်ယူပို့ဆောင်ရေး ကိစ္စ
တို့အပြင် စီမံချက်လုပ်ငန်းအကောင်အထည်ဖေါ်ရေးနှင့် ဆက်နွယ်နေသော နည်း ပညာနှင့် ထောက်ပံရေး
ဆိုင်ရာကိစ္စများကိုပါ ဆွေးနွေးရန် အသင့်ဖြစ်နေကြောင်းကိုလည်း သူကပြောပြခဲ့သည်။ 

၉။(S) အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီမှ အလက်ဇန္ဒာ ဒေါ့ဆင်ကို (Alexander Dotsenko) က 


နားလည် မှု စာချွန်လွှာကို အတည်ပြုလက်မှတ်ထိုးရန် ကာကွယ်ရေးဝန်ကြီးအား အာဏာအပ်နှင်းခြင်းမပြုမီ
ဝန်ကြီးအဖွဲ့ စဉ်းစားရမည့် ဥပဒေရေးရာ ကိစ္စရပ်များစွာရှိကြောင်းကိုလည်း ဖြည့်စွက်ပြောခဲ့သည်။ ကန်ထရိုက်
လုပ်ငန်းရှင်များ ရွေးချယ်ရေးအတွက် အစီအစဉ်သတ်မှတ်ရေး၊ အခွန်လွတ်ငြိမ်းခွင့် ပေးခြင်းကိစ္စ၊
သတ်မှတ်အချိန်အတွင်း ကန်ထရိုက် သဘောတူချက်များနှင့်အညီ လုပ်ငန်းအားလုံးပြီးမြောက်ရေးအတွက်
ကန်ထရိုက်လုပ်ငန်းရှင်များ၏ လုပ်ငန်းလုပ်ဆောင် ချက်ကို စောင့်ကြည့်ရေးစနစ် အပါအဝင်
ဖျက်သိမ်းရေးလုပ်ငန်း၏ အသေးစိတ်အချက် များကို ဆွေးနွေးမည့် ကျွမ်းကျင် ပညာရှင်များအစည်းအဝေး
အစီအစဉ်တရပ်ကို ကျွန်ုပ်တို့ချမှတ်ပေးရမည် ဖြစ်ကြောင်းကိုလည်း သူကပြောခဲ့သည်။ 

၁ဝ။ (S) ဇွန်-ဇူလိုင် ၂ဝဝ၉၊ လုပ်ငန်းနေရာများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပြုစုရာ၌


ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန၏ လိုလေသေးမရှိအောင် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားကြောင်း
ဗင်တိုင်ပင် က ထုတ်ဖေါ်ပြောကြားခဲ့သည်။ စီမံချက်လုပ်ငန်း၏ ဖျက်သိမ်းရေးအဆင့်သို့တက်လှမ်းရေးကို
အမေရိကန်တို့က စိတ်ဝင် စားကြောင်း ဖေါ်ပြပြီးလျှင် နားလည်မှုစာချွန်လွှာကိုလည်း
မကြာမီအတည်ပြုပေးလိမ့်မည်ဟု မျှော်လင့်ကြောင်းကိုလည်း ပြောခဲ့သည်။ နိုင်ငံတကာ ဆက်ဆံရေးနှင့်
လုံခြုံရေးကွန်ရက်အဖွဲ့ (ISN) ၏ အဏုမြူ မပြန့်ပွားရေးနှင့် လက်နက်ဖျက် သိမ်းရေး ရန်ပုံငွေအဖွဲ့
Nonproliferation and Disarmament Fund (NDF) ရုံးမှ ပေါလ်ဗန်ဆန် (Paul Van-Son) က ယူကရိန်း
တင်ပြသော နည်းပညာဆိုင်ရာဆွေးနွေးပွဲများကို မူအားဖြင့် သဘောတူကြောင်းဖော်ပြပြီး နားလည်မှု စာချွန်
လွှာကို ပထမဦးစွာ လက်မှတ်ရေးထိုးရန်လိုကြောင်း အလေးတင်း ပြောကြားခဲ့သည်။ ထို့ပြင် နောက်ထပ် မဲလင့်
လောင်စာများ ဖျက်သိမ်းရေးသည် ယူကရိန်းအတွက် အရေးပါပုံကို အမေရိကန်တို့က နားလည်ကြောင်း

4 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

သို့ရာတွင် နောက်ထပ် မဲလင့်လောင်စာများ ဖျက်သိမ်းရေးတွင် အမေရိကန်၏


နောက်လာမည့်ခန်းကဏ္ဍတစုံတရာ အကြောင်းကို မဆွေးနွေးမီ ကျွန်ုပ်တို့အနေနှင့် စကဒ်ဒုံးကျည်များ၊ ၎င်းနှင့်
ဆက်နွယ်နေသော ပစ္စည်းကိရိယာများနှင့် မဲလင့်လောင် စာများ ဖျက်သိမ်းခြင်းကို
နားလည်မှုစာချွန်လွှာနှင့်အညီဖျက်သိမ်းရေးမှာ ဦးစွာ အလေးထားသင့်ကြောင်းကိုလည်း ရှင်းလင်း
ပြောကြားခဲ့သည်။ 

မဲလင့်လောင်စာများ ဖျက်သိမ်းရေး

၁၁။ (S) ဒုံးကျည်လောင်စာ တန် (၁၆, ဝဝဝ) ကျော်အပြင် သိုလှောင်ကန်များ တဖြည်းဖြည်းယိုယွင်း


ပျက်စီးလာနေခြင်းနှင့် ပတ်သက်၍ ယူကရိန်းမှာ မဲလင့်ပြဿနာ အကြီးအကျယ်ရှိနေကြောင်း နီကိုနင်ကိုက
ပြောခဲ့သည်။ အမေရိကန်က စကဒ် ဒုံးကျည်ဖျက်သိမ်းရေးလုပ်ငန်း၏ တစိတ်တဒေသအဖြစ် တန် (၁, ၄၄ဝ)
ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ကူညီပေးခဲ့ပြီး ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE)
ကလည်း တန် (၃, ဝဝဝ) ဖျက်သိမ်းပေးရန် စက်တင်ဘာ  ၁၆ တွင် သဘောတူခဲ့သော်လည်း ယူကရိန်းတို့က
ကျန်လောင်စာများ ဖယ်ရှားရှင်းလင်းရေးအတွက် အမေရိကန်၏ နောက်ထပ် အကူအညီကို
စိတ်ဝင်စားကြသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုံးကျည်လောင်စာ ကျွမ်းကျင်သူ တဦးဖြစ်သူ အလက်ဇန္ဒာ
နီလော့ဗ် (Alexander Nilov) က တန် (၃, ဝဝဝ) ကို ရထားဖြင့် ရုရှားသို့တင်ပို့မည်ဖြစ်ကြောင်း၊ ရုရှား၌
(OSCE) ငှားထားသော ရုရှားကန်ထရိုက် လုပ်ငန်းရှင်တဦးက လောင်စာများကို ဖျက်သိမ်းပေးမည် ဖြစ်ကြောင်း
ရှင်းပြသည်။ ပထမအသုတ် မဲလင့်လောင်စာများတင်ထားသော ရထားသည် ယူကရိန်းမှ နိုဝင်ဘာ ၁ ရက်တွင်
ထွက်ခွာမည်ဖြစ်ပြီး တနှစ်အတွင်း လုပ်ငန်းပြီးဆုံးမည်ဖြစ်ကြောင်း၊ စစ်သုံးပစ္စည်းကို ရုရှားသို့
ဤသို့တင်ပို့ခြင်းသည် ယူကရိန်း၏ ပို့ကုန် ထိန်းချုပ်ခြင်းဥပဒေနှင့် အညီဖြစ်ကြောင်းလည်း သူက ဆက်လက်
ပြောကြားခဲ့သည်။ 

၁၂။ (S) စကဒ်ဒုံးကျည် လောင်စာဆီ တန် (၁, ၄၄ဝ) ကို ဖျက်သိမ်းရေးအတွက် ရာဒဲခစ် (Radekhiv)
နယ်မြေရှိ ပိုလန် နယ်လှည့် စက်ရုံအသုံးပြုရေးနှင့်ပတ်သက်သော နည်းပညာ စွမ်းရည်၊ ကုန်ကျစားရိတ်တို့ကို
အဏုမြူ မပြန့်ပွားရေး နှင့် လက်နက်ဖျက်သိမ်းရေး ရန်ပုံငွေအဖွဲ့ (NDF) ၏ ကန်ထရိုက် လုပ်ငန်းရှင်များက
တွက်ချက်နေလျက်ရှိသည်ဟု ဗန် ဆန် (Van-Son) က ပြောပြခဲ့သည်။ စကဒ်ဒုံးကျည်နှင့်ပတ်သက်သော
မဲလင့်လောင်စာများ ဖျက်သိမ်းရေး ဆွေးနွေးပွဲများ နောက်ထပ် မလုပ်မီ စကဒ်ဒုံးကျည်ဖျက်သိမ်းရေး
နားလည်မှုစာချွန်လွှာကို အပြီးသတ်ရန်လိုကြောင်း သူက အလေးပေး ပြောကြားခဲ့သည်။ ယူကရိန်းရှိ
မဲလင့်စီမံချက်လုပ်ငန်းတခုစီအတွက် နောက်ထပ်ငွေကြေး ထောက်ပံ့မှုများ အကြောင်း မစဉ်းစားမီ
အမေရိကန်တို့အနေနှင့် ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) မှ မဲလင့် လောင်စာ
ဖျက်သိမ်းရေး စီမံချက်လုပ်ငန်း၏ လုပ်ငန်းတိုးတက်မှုကို အကဲဖြတ်လိုသည် သာမက အဏုမြူ မပြန့်ပွားရေး
နှင့် လက်နက်ဖျက်သိမ်းရေး ရန်ပုံငွေအဖွဲ့ (NDF) မှ စကဒ်ဒုံးကျည်ဆိုင်ရာ စီမံချက်လုပ်ငန်း၏ လုပ်ငန်း
တိုးတက်မှုကိုပါ အကဲဖြတ်လိုကြောင်း သူက နိဂုံးချုပ် ပြောကြားခဲ့သည်။ 

၁၃။ (S) စကဒ်ဒုံးကျည်ဖျက်သိမ်းရေးလုပ်ငန်း၏ အစိတ်အပိုင်းအဖြစ် နောက်ထပ် မဲလင့်လောင်စာများ


ဖျက်သိမ်းရေးကို စဉ်းစားပေးရန် အမေရိကန်အား ထပ်လောင်း မေတ္တာရပ်ခံလိုက်ပြီး ယူကရိန်းသည် ၁၉၉၈
တွင် သဘောတူခဲ့ သည့်အတိုင်း ဒုံးကျည်များ၊ ပစ္စည်းကိရိယာများနှင့်ပတ်သက်၍ ၂ဝဝ၅ နောက်ဆုံးထား၍
ဖျက်သိမ်းပေးရန် တာဝန်ကို ဆောင်ရွက်ပြီးခဲ့ကြောင်းပြောကြားခဲ့သည်။ (မှတ်ချက်- ယူကရိန်းမှာ
လောလောဆယ်အားဖြင့် စကဒ်ဒုံးကျည် (၅၄) စင်းရှိနေပြီး ၁၉၉၈ တွင် ယူကရိန်းနှင့် အမေရိကန်တို့
နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးစဉ်က (၁၁၇) စင်း ရှိခဲ့ကြောင်း ဒေါ့ဆင်ကို (Dotsenko) က
ဖေါ်ပြခဲ့သည်။ ၂ဝဝ၅ မတိုင်ခင် ကပင် ယူကရိန်းသည် ကိုယ်ပိုင်ရန်ပုံငွေဖြင့် စကဒ်ဒုံးကျည် ထက်ဝက်ကို
ဖျက်သိမ်းခဲ့ကြောင်း၊ အမရိကန်အနေ နှင့် ၁၉၉၆ ဒုံးကျည်အရေအတွက်ပေါ်အခြေခံ၍ နောက်ထပ်
မဲလင့်လောင်စာများဖျက်သိမ်းရေးကို စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။) ဥရောပ လုံခြုံရေးနှင့်
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) ၏ ဖျက်သိမ်းရေး လုပ်ငန်းအပြီးမှာပင် မဲလင့်လောင်စာ တန် (၁၃, ဝဝဝ)
ကျန်နေဦးမည် ဖြစ်ကြောင်း ထောက်ပြပြီး အမေရိကန် အနေနှင့် နောက်ထပ် မဲလင့်လောင်စာ ဖျက်သိမ်းရေး
ကိစ္စကို လာမည့်အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းပေးပါရန်လည်း မေတ္တာရပ်ခံခဲ့သည်။ 

5 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

(အက်စ် အက်စ်-၂၄) ဒုံးကျည်လောင်စာများ ဖယ်ထုတ်ရှင်းလင်းရေးနှင့် ပစ်စင်များ ဖျက်သိမ်းရေး 

၁၄။ (S) ယူကရိန်း၏ ဘဏ္ဍာရေးအခက်အခဲကြောင့် အက်စ် အက်စ်-၂၄ ဒုံးကျည်လောင်စာများကို


ပစ်စင်များထဲမှ ဖယ်ထုတ်ရှင်းလင်းရေးသည် အလွန် နှောင့်နှေးကြန့်ကြာနေပြီ ဖြစ်ကြောင်း နီကိုနင်ကိုက
ပြောကြားခဲ့သည်။ ယူက ရိန်းသည် လောင်စာများကို ရှင်းလင်းရာ၌ "သေတ္တာနက်" (Black box) နည်းကို
တလျှောက်လုံး သုံးလာခဲ့ကြောင်း၊ အမေရိကန်အနေနှင့်လည်း မည်သည့်နည်းကို ယူကရိန်းသုံးသည်ဖြစ်စေ၊
ပစ်စင်တခုစီအတွက် ရှင်းလင်းရေးကုန်ကျ စရိတ်ကို ထုတ်ပေးခဲ့ကြောင်း၊ ပြီးခဲ့သော
အစည်းဝေးများမှာကဲ့သို့ပင် ယူကရိန်းက (အက်စ် အက်စ်၂၄) ဒုံးကျည် ရှင်းလင်းရေးအတွက် အမေရိကန်ထံမှ
နောက်ထပ် အထောက်အပံ့တောင်းခဲ့ကြောင်း (ပတ်ဝန်းကျင်ဘေးကင်း စွာဖြင့် လောင်စာဆီ ရှင်းလင်းရေးတွင်
ဒုံးကျည်ပစ်စင်တခုစီအတွက် ဒေါ်လာ ၂၅ဝ, ဝဝဝ နှင့် ဒုံးကျည်ဖျက်သိမ်းရေးတွင် တစင်းလျှင် ဒေါ်လာ ၁၅,
ဝဝဝ နှုန်း ဖြစ်သည်) ပြောကြားခဲ့သည်။ ဤလုပ်ငန်းကို ဆောင်ရွက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုဖြင့်
ခြိမ်းခြောက်မှု လျှော့ပါးရေး လုပ်ငန်းအစီအစဉ် (Cooperative Threat Reduction program) အရ
နောက်ထပ် အကူအညီပေးရန် အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ တောင်းခံသော စာအကြောင်းကို
နီကိုနင်ကို က ဖေါ်ပြရှင်းလင်းခဲ့သည်။ 

၁၅။ (S) အနံ့အသက်ဆိုးများ ကာကွယ်ရေး ဗျူရို VCI Bureau ၏ START Treaty သဘောတူစာချုပ်ရုံးမှ
နေးလ် ကို့ခ်ျ (Neil Couch) က အမေရိကန်သည် နန်း-လူဂါ ပူးပေါင်းဆောင်ရွက်မှုဖြင့် ခြိမ်းခြောက်မှု
လျော့ပါးရေး လုပ်ငန်းအစီအစဉ် (Nunn-Lugar Cooperative Threat Reduction program) ၏
အစိတ်အပိုင်းဖြစ်သည့် စီးပွားရေးအရလည်း တတ်နိုင်၊ နည်း ပညာအရလည်း စိတ်ချရသော
ဒုံးကျည်သုံးလောင်စာများ ရှင်းလင်းဖယ်ရှားရေးနှင့် ပစ်စင်များဖျက်သိမ်းရေးကို အလေး အနက်ထားဆဲ
ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂ဝဝ၉ ဒီဇင်ဘာလကုန်တွင် (START) သဘောတူ စာချုပ်
ပြီးဆုံးသွားသည်ဖြစ်စေ၊ မပြီးဆုံးသေးသည်ဖြစ်စေ ကာကွယ်ရေးဌာနသည် (အက်စ် အက်စ် ၂၄) ဖျက်သိမ်းရေး
အစီအစဉ်ကို အလေးအနက်ထားကြောင်း၊ သို့ရာတွင် အလားတူ ဒုံးကျည် စနစ်ဖျက်သိမ်းရေးအတွက်
ရုရှားကိုပေးသော ရန်ပုံငွေထက် ပို၍ ယူကရိန်းကို ပေးမည် မဟုတ်ကြောင်းကိုလည်း သူက
ဆက်လက်ပြောကြားသည်။ 

၁၆။ (S) ယူကရိန်း၏ အမျိုးသား အာကာသ အေဂျင်စီမှ ဆာဂေး ဘီရင် (Sergei Birin) က ယူကရိန်းသည်
ဤလုပ်ငန်း ကို ဒုံးကျည်ပစ်စင် (၁ဝ) စင်ဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုံးကျည် (၁) စင်းကို ဖျက်သိမ်းရာ၌
ပစ်စင်ရှိရာ အဆောက်အဦး များ အသုံးစရိတ် ဒေါ်လာ (၁၅, ဝဝဝ) အပြင် လောင်စာများ ရှင်းထုတ်ရန် ဒေါ်လာ
(၂၅ဝ, ဝဝဝ) လိုအပ်ကြောင်း၊ ယူကရိန်းအနေနှင့် ဤလုပ်ငန်းပြီးမြောက်ရန် နောက်ထပ် ဒေါ်လာ (၆) သန်း
လိုအပ်ကြောင်းနှင့် ယူကရိန်း၏ တောင်းခံမှု နှင့် ပတ်သက်၍ အမေရိကန်၏ ပြန်ကြားချက်ကို
စောင့်နေရှိကြောင်း ရှင်းပြခဲ့သည်။ ယူကရိန်းသည် ဒုံးကျည်လောင် စာ ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းကို
အရှိန်တိုးမြှင့်ဆောင်ရွက်ရေး အတွက် ဒေါ်လာ သန်း (၅ဝ) လျာထားခဲ့ကြောင်း၊ သို့ရာ တွင် လုပ်ငန်း
ဆက်လုပ်ရန်အတွက် ငွေကြေး မလုံလောက်သဖြင့် ပက်လိုရက် ဒုံးကျည်စခန်း (Pavlohrad missile facility)
၏ လုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း သူက ဆက်ပြောပြခဲ့သည်။ နီကိုနင်ကိုက ရုရှား၏ ကုန်ကျစရိတ်
သည် ယူကရိန်းထက် နည်းရခြင်းမှာ ပစ်စင်မှ လောင်စာများ ကို ရှင်းထုတ်ရာ၌ ပတ်ဝန်းကျင်အတွက်
ဘေးကင်းသည်ဟု ယူကရိန်းအနေနှင့် မယူဆသော နည်းကို သုံးနေခြင်းကြောင့် ဖြစ်ကြောင်း၊ ယူကရိန်းသည်
ဤနည်းကို မသုံးမပြုနိုင် ကြောင်း၊ အကြောင်းမှာ ယူကရိန်းသည် ဥရောပ၏ အလယ်ခေါင်မှာ ရှိနေပြီး
ဤလုပ်ငန်းလုပ်နေသော ဒုံးကျည်စခန်း များကလည်း လူနေထူထပ်သော နေရာများနှင့် နီးနေသောကြောင့်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖျက်သိမ်းရေး လုပ်ငန်း ကို ပတ်ဝန်းကျင်အဖို့ ဘေးကင်းသော နည်းလမ်းဖြင့်
ဆောင်ရွက်ရမည်ဟု ၁၉၉၃ အမေရိကန်-ယူကရိန်းတို့၏ (CTR) သဘောတူချက်မှာ ဆိုထားကြောင်း သူက
ဆက်လက်ပြောကြားခဲ့သည်။ 

၁၇။ (S) ကို့ခ်ျ (Couch) က START သဘောတူစာချုပ်၏ နှစ်ဦးနှစ်ဖက် နာခံရေးနှင့် စစ်ဆေးရေးကော်မရှင်


START Treaty Joint Compliance and Inspection Commission (JCIC) မှာ ဆွေးနွေးပွဲအများအပြားကို
(၄) နှစ်ကြာ လုပ်ပြီး နောက်တွင် ယူကရိန်းက ဒုံးကျည်ပစ်စင်များတွင် (၈) စင်တီမီတာ အပေါက်များ

6 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

ဖောက်ပေးရန်သဘောတူခဲ့ကြောင်း၊ ဤသို့ဖောက်ပေးရခြင်းသည် ၎င်းတို့ကို ပြန်မသုံးနိုင်စေရန် ဖြစ်ကြောင်း၊


သို့ရာတွင် လောင်စာများကို ရှင်းလင်းပြီး နောက် တွင် စီးပွားရေးအရ သုံးနိုင်ကြောင်း ပြန်ပြောင်း
ပြောပြခဲ့သည်။ ယူကရိန်းအနေနှင့် ပစ်စင်များကို ဖိချေပြီး သို့မဟုတ် ထက်ပိုင်းချိုးပြီး
ဖြစ်နေလောက်ပြီဖြစ်ကြောင်း သူက ဆက်ပြောခဲ့သည်။ ဘီရင်က ယူကရိန်းသည် မိမိ၏ ရှင်းလင်းရေး နည်းကို
ပြုပြင်ပြီးနောက်တွင် အစမ်းသဘောဖြင့် ဒုံးကျည်ပစ်စင် (၁ဝ) ခုအနက် (၄) ခု၏ လောင်စာများကို
ဖျက်သိမ်းခဲ့ပြီဖြစ်ကြောင်း၊ ပထမဦးဆုံး ဒုံးကျည်ပစ်စင်၌ လောင်စာ အချို့ကျန်နေခဲ့သေးရာ ၎င်းတို့ကို
မီးရှို့ပစ်ခဲ့ရကြောင်း၊ မီးရှို့လိုက် ခြင်းကြောင့် အပေါက်ကြီးများဖြစ် သွားခဲ့ရာ (JCIC)
မှာသဘောတူခဲ့သည့်အတိုင်း သည့်ထက်ငယ်သော အပေါက်များ ဖောက်ပေးရန် မလိုတော့ကြောင်း၊ နောက်
ဒုံးကျည်ပစ်စင်များကို ရှင်းထုတ်ရာ၌ လောင်စာဆီ အကျန်နည်းသွားကြောင်း၊ ထို့ကြောင့် လောင်စာဆီများ
ရှင်းထုတ်ရေးနှင့်ပတ်သက်၍ ယူကရိန်းအနေနှင့် ထိရောက်သော နည်းလမ်းတခု တွေ့လိမ့်မည်ဟု
ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

၁၈။ (S) ဗင်တိုင်ပင်က ယူကရိန်းသည် ဤသတင်းပတ်အတွင်းတွင် (အက်စ် အက်စ် ၂၄)


ဖျက်သိမ်းရေးနှင့်ပတ်သက် ၍ (DTRA) နှင့် အသေးစိတ်ကျသော နည်းပညာဆိုင်ရာ
ဆွေးနွေးမှုများလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မိမိအနေနှင့် (DTRA) ဆီမှ အသေးစိတ်
အစီရင်ခံချက်ယူနိုင်ရေးနှင့် သက်ဆိုင်သော အဆင့်သို့ ယူကရိန်း၏ သဘောထား များကို တင်ပြပေးမည်
ဖြစ်ကြောင်း၊ ထိုအဆင့်က ယူကရိန်း၏ အကူအညီတောင်းခံမှု အသစ်များကို စဉ်းစားပေးလိမ့်မည်
ဖြစ်ကြောင်းနှင့် ပြန်ကြားချက်ကို ယူကရိန်းဆီ ပို့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အဏုမြူအန္တရာယ် လျော့ပါးရေးဌာန (NRRC)

၁၉။ (C) ကို့ခ်ျက အမေရိကန်နှင့် ယူကရိန်းတို့အကြားတွင် အဏုမြူအန္တရာယ် လျော့ပါးရေးဌာန (NRRC) နှင့်


ပတ်သက်၍ အဆက်အသွယ် မလုပ်ခဲ့သည်မှာ သီတင်းပတ်များစွာ ကြာခဲ့ပြီဖြစ်ကြောင်း ပြောသည်။
အမေရိကန်က ဝါရှင်တန်နှင့် ကိယက်ဗ်တို့၏ ဆက်ဆံရေး ကောင်းမွန်နေဆဲဟု သတ်မှတ်ထားကြောင်း၊
သို့ရာတွင် ပြဿနာ ရှိနေသည်မှာ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ယူကရိန်း၏ မြေပြင်စခန်းတွင် ဖြစ်ကြောင်း
ပြောကြားခဲ့သည်။ နီကိုနင်ကို က အဆက် အသွယ် တိုးမြှင့်ရေးအတွက် အမေရိကန်၏ ကူညီမှုကို
တန်ဖိုးထားပါကြောင်း၊ ယူကရိန်းဘက်ကလည်း ဤလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊
ယူကရိန်းအင်ဂျင်နီယာများက လက်ရှိပြဿနာနှင့် ပတ်သက်၍ ဆောင်ရွက်နေကြ ကြောင်းနှင့် မကြာမီ
အဆက်အသွယ်ပြန်ရလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

ဝပ်ဆင်နာအား အစီအစဉ် (Wassenaar Arrangement)

၂၀။ (C) နီကိုနင်ကိုက ယူကရိန်းသည် မိမိ၏ ပို့ကုန် စစ်ပစ္စည်းများ စာရင်းကို ထိန်းချုပ်ခြင်းဥပဒေနှင့် အညီ
ပြန်လည် ပြင်ဆင်ထားကြောင်း၊ ထို့အပြင် ကိစ္စနှစ်မျိုးသုံး ပစ္စည်းများ၏ စာရင်းကိုလည်း ပြန်ပြင်ထားကြောင်း၊
ဤစာရင်းက အေဂျင်စီ ပေါင်းစုံ၏ အတည်ပြုချက်ကို စောင့်နေကြောင်း၊ တွင်ခုံနှင့် (ဝပ်ဆင်နာအား) သို့မဟုတ်
MTCR lists စာရင်းမှာ မပါသော်လည်း EU lists စာရင်းမှာပါသော) သင်တန်း အပါအဝင်
အခြားအမျိုးအမည်များ ထိန်းချုပ်မှုတိုးမြှင့်ရန် ယူကရိန်းက ဆောင်ရွက်လျက်ရှိကြောင်း၊ ယူကရိန်းသည်
ပို့ကုန်များကို အတည်ပြုချက်ပေးရေး ကိစ္စတွင် အကောင်းဆုံးသော လမ်းညွှန်ချက်များကို ကျင့်သုံးနေကြောင်း
ပြောကြားခဲ့သည်။ ဗင်ဒိုင်ပင်က ပို့ကုန် ထိန်းချုပ်ရေး အစီအစဉ်များကို ထိထိရောက်ရောက်
အကောင်အထည်ဖေါ်ရေးအတွက် အမျိုးသားဥပဒေ ပြဋ္ဌာန်းပေးရန် အရေးကြီး ကြောင်း ပြောခဲ့သည်။ 

ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေးအစီအစဉ် Missile Technology Control Regime (MTCR)

၂၁။ (C) ယူကရိန်းအစိုးရ ပို့ကုန်ထိန်းချုပ်ရေးဌာနမှ တက်တယာနာ ဗစ်ဇီဂေါ့ဗ်စကာ (Tetyana Vidzigovska)


က ၂ဝဝ၉ ကင်ဘာရာ စုံညီအစည်းအဝေးက သဘောတူခဲ့သော MTCR ၏ ထပ်တိုးကန့်သတ်ချက်များကို
ယူကရိန်း က လိုက်နာခဲ့ကြောင်း၊ ယူကရိန်းအစိုးရသည် ဤထပ်တိုး ကန့်သတ်ချက်များကို ၂ဝဝ၉ စက်တင်ဘာ

7 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

၁၉ တွင် အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းအစိုးရသည် (MTCR) ၏ ထိန်းချုပ်


မှုမရှိသော ပစ္စည်းအမျိုးအမည်များကို ဂရုတစိုက်လေ့လာနေကြောင်း၊ သင်တန်းနှင့် သိမ်မွေ့နက်နဲသော
နည်းပညာ များအပေါ် ထိန်းချုပ်မှု တိုးမြှင့်ရန် စဉ်းစားလျက်ရှိကြောင်းနှင့် အီရန်သို့ တင်ပို့သော ပစ္စည်းများကို
(MTCR) စာရင်း နှင့်အညီ ထိန်းချုပ်မှုကိုလည်း လုပ်နေကြောင်း သူမက ရှင်းပြခဲ့သည်။ ဗင်တိုင်ပင်က
ယူကရိန်းတင်ပြသော နောက်ဆုံးပေါ် သတင်း အချက်အလက်များအတွက် ကျေးဇူးတင်ကြောင်းနှင့်
အမေရိကန်ကလည်း (MTCR) ၏ ထပ်တိုး ကန့်သတ်ချက်များကို လိုက်နာရေးအတွက် အေဂျင်စီပေါင်းစုံထံမှ
အတည်ပြုချက်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။ 

၂၂။ (S) ယူကရိန်း အမျိုးသား အာကာသ အေဂျင်စီမှ ဘိုးရစ် အက်တမာနင်ကို (Boris Atamanenko) က
ယူကရိန်း သည် ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေးအစီအစဉ် အဆင့် (၁) အကြောင်းအရာများကို အမေရိကန်၊
ရုရှား၊ ဂျာမနီ နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့၊ အဆင့် (၂) အကြောင်းအရာများကို အမေရိကန်၊ ရုရှား၊
ဆော်ဒီအာရေဗျ၊ ကိုရီးယား သမ္မတနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံများသို့ အရင်နှစ်အတွင်းက ပို့ပေးခဲ့ကြောင်း၊
ယူကရိန်းသည် ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေးအစီအစဉ် (MTCR) သို့ပေးထားသော မိမိ၏
ကတိကဝတ်များနှင့်အညီ ဆော်ဒီအာရေဗျ နိုင်ငံသို့ အဆင့် (၁) အကြောင်းအရာများ
ပို့ပေးရန်ကြံရွယ်ခဲ့ကြောင်းကို (MTCR) မိတ်ဖက်အဖွဲ့ဝင်များကို ၂ဝဝ၉ ဧပြီတွင် အသိပေး (POC Document
86) ခဲ့ရာ မည်သည့် အဖွဲ့ဝင်နိုင်ငံများကမျှ ကန့်ကွက်ခြင်း သို့မဟုတ် နောက်ထပ်
သတင်းအချက်အလက်များကို တရားဝင်တောင်းခြင်းမရှိကြောင်း ဖေါ်ပြခဲ့သည်။ ဗင်တိုင်ပင်က ဆော်ဒီ
အာရေဗျနိုင်ငံသို့ ယူကရိန်းက အဆင့် (၁) အကြောင်းအရာများကို အမှန်တကယ်ပင် ပို့ပေးခဲ့ကြောင်း
အတည်ပြုရန် ကြိုးစားခဲ့သည်။ ပို့ပေးရန် ရည်ရွယ်ချက်ကို အသိပေးခြင်းမရှိကြောင်း၊ သို့ရာတွင်
အလက်ဇန္ဒာအက်တမာနင်ကို၏ တုံ့ပြန်မှုကြောင့် ဤနေရာတွင် ရှုပ်ထွေးမှုဖြစ်ပွားခဲ့ကြောင်း ပြောခဲ့သည်။ 

၂၃။ (S) ဗင်တိုင်ပင်က (MTCR) အဆင့် (၁) အကြောင်းအရာများကို ဆော်ဒီအာရေဗျသို့ ပို့ပေးသည်ဟူသော


ဤ မလို လားအပ်သော သတင်းကြောင့် အမေရိကန်အနေနှင့် များစွာစိတ်ပျက်မိကြောင်း၊
အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုလျှင် (MTCR) အဆင့် (၁) အကြောင်းအရာများကို ပို့ပေးခြင်းသည်
ဖျက်အားပြင်းလက်နက်များ ပို့ပေးသည့် အဖြစ်သို့ ရောက်နိုင်ကြောင်း၊ (MTCR) ၏ လမ်းညွှန်ချက်များ၌
ဤကဲ့သို့သော ပို့ပေးမှုမျိုးကို ရှားရှားပါးပါးသာ လုပ်ရမည်ဟု အတိအကျဖော်ပြထားကြောင်း ပြောခဲ့သည်။
(MTCR)၏ အဓိက ရည်ရွယ်ချက်မှာ (MTCR) အဆင့် (၁) အကြောင်းအရာများကို (MTCR)
အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသို့ ပို့ပေးခြင်းမပြုအောင် တားမြစ်ရန် ကြောင်းပြောကြားခဲ့သည်။ ဗင်တိုင်ပင်က
ဆက်လက်၍ ယူကရိန်းသည် အိန္ဒိယနိုင်ငံသို့ (MTCR) အဆင့် (၁) ကို ပို့ပေးကြောင်း အဖွဲ့ဝင်နိုင်ငံများကို
အသိပေးခဲ့ရာ အမေရိကန်က ကန့်ကွက်ခဲ့ကြောင်း၊ သို့ရာတွင် ယူကရိန်းက ပို့ပေးပြီးဖြစ်နေကြောင်း၊ (MTCR)
၏ အခြား အဖွဲ့ဝင်တဦး ကန့်ကွက်နေသည့် ကြားက ပို့ပေးဖြစ်အောင် ပို့ပေးသော ကိစ္စတွင်
အိန္ဒိယသို့ပို့ပေးခြင်းသည် ပထမဦးဆုံး ကိစ္စ ဖြစ်ကြောင်း၊ ယူကရိန်းက ဆော်ဒီအာရေဗျသို့ အဆင့် (၁)
အကြောင်းအရာများကို ပို့ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပွား သော ကိစ္စဖြစ်ကြောင်း ဗင်တိုင်ပင်က
ပြောကြားခဲ့သည်။ ဤသို့ပို့ပေးခြင်းကို အမေရိကန်အနေနှင့် ကန့်ကွက်ကြောင်း၊ အကြောင်းမှာ အဖွဲ့ဝင်တဦး
အနေနှင့် ကျွန်ုပ်တို့မှာ ကန့်ကွက်ခွင့်ရှိခြင်းကြောင့်ဖြစ်ကြောင်း၊ အမှန်တကယ် မည်သို့စဉ်းစား မိ၍
ဆော်ဒီအာရေဗျသို့ ပို့ပေးသနည်း၊ သို့မဟုတ် မည်သည့်အကြောင်းအရာများကို ပို့ပေးသနည်း ဆိုသည်တို့ကို
မိမိမသိရသေးခင်မှာ မိမိ အနေနှင့် နောက်ထပ် ထင်မြင်ချက် ပေးမည်မဟုတ်ကြောင်း
ဆက်လက်ပြောကြားခဲ့သည်။ 

၂၄။ (S) ဗင်တိုင်ပင်က ယခုပြောနေခြင်းသည် ဆော်ဒီအာရေဗျသို့ အဆင့် (၁) ကို


ပို့ပေးခြင်းကိစ္စနှင့်ပတ်သက်၍ သတင်း အချက်အလက်များကို တရားဝင် တောင်းနေခြင်းဖြစ်သည်ဟု
ယူကရိန်းအနေနှင့် မှတ်စေလိုကြောင်း၊ နိုဝင်ဘာတွင် ကျင်းပမည့် (MTCR) ၏ရိုင်ယို ဒီဂျနဲရိုး
စုံညီအစည်းအဝေးမတိုင်မီမှာ ကြိုတင်၍ ဤသတင်း အချက်များ အမေရိကန်ကို ပေးရန်လည်း
မေတ္တာရပ်ခံကြောင်း၊ သို့မှသာ စုံညီအစည်းအဝေးမှာ ဆော်ဒီ ကိစ္စကို နှစ်ဦးနှစ်ဖက် ဆွေး နွေးနိုင်ကြမည့်အပြင်
(MTCR) အဆင့် (၁) ပို့ပေးခြင်းကိစ္စနှင့်ပတ်သက်၍လည်း အများ သဘောထားကို ဆွေးနွေး
နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ပို့ပြီးခဲ့ခြင်း ရှိ- မရှိ ရှုပ်ထွေး နေသဖြင့် ယူကရိန်းအနေနှင့်

8 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

ဤကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဆက်လက်ရှင်းပြပေးရန် ဗင်တိုင်ပင်က


မေတ္တာရပ်ခံခဲ့သည်။   

၂၅။ (C) ဒုတိယနေ့တွင် အက်တမာနင်ကိုက (MTCR) အဆင့် (၁) အကြောင်းအရာများကို ဆော်ဒီအာရေဗျသို့


မပို့ ပေးရသေးကြောင်း၊ သို့ရာတွင် ပို့ပေးမည့် စီမံချက်လုပ်ငန်းကို စနေပြီဖြစ်ကြောင်း၊ ဒုံးကျည်ပြဿနာများကို
ပေါ်ပေါက် စေမည့် မည်သည့်နည်းပညာပို့ပေးမှုကိုမှ ယူကရိန်းက လုပ်မည်မဟုတ်ကြောင်း ရှင်းပြခဲ့သည်။
ထို့ပြင် ဧပြီလ ပါရီမြို့ (MTCR RPOC) အစည်းအဝေး၌ အမေရိကန် (ISN ဒါရိုက်တာ ဒါဟမ် Durham) နှင့်
ယူကေတို့က ယူကရိန်းအစိုးရ ကိုယ်စားလှယ်များထံ ချဉ်းကပ်ပြီး ရောင်းချမှုနှင့်ပတ်သက်သော
သတင်းအချက်အလက်များကို တောင်းခံခဲ့ကြောင်း၊ သို့ရာတွင် ရောင်းချမည့်ကိစ္စနှင့်ပတ်သက်၍
ပြဿနာရှိသည်ဟု မပြောခဲ့ကြောင်း၊ ဤသတင်း အချက်အလက်များနှင့်ပတ် သက်၍
အမေရိကန်ထံမှသော်လည်းကောင်း၊ ယူကေထံမှသော်လည်းကောင်း တရားဝင်တောင်းခံစာများကို ယူကရိန်း
မရရှိခဲ့ကြောင်းကိုလည်း ပြောကြားခဲ့သည်။ ထို့နောက် ဗင်တိုင်ပင်က (MTCR) စုံညီအစည်းအဝေးမှာ
ဤကိစ္စကို ကောင်းစွာ ဆွေးနွေးနိုင်ရေးအတွက် ပို့ပေးရန်ပြင်နေသော ပစ္စည်းကရိယာ ၊ နည်းပညာများနှင့်
ပတ်သက်သော သတင်းအချက် အလက်များကို 'တရားဝင်' မေတ္တာရပ်ခံ တောင်းဆိုပါကြောင်း
ထပ်လောင်းပြောကြားခဲ့သည်။(ကိယက်ဗ် သံရုံးကလည်း နောက်ပိုင်းမှာ စာအားဖြင့် တရားဝင်
မေတ္တာရပ်ခံတောင်းဆိုခဲ့သည့်အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးနိုင် ရေး အတွက်လည်း
မေတ္တာရပ်ခံခဲ့သည်။ 

လက်နက်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ် Arms Trade Treaty (ATT)

၂၆။ (S) နီကိုနင်ကိုက ယူကရိန်းသည် လက်နက်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ် (ATT) ၏ ၂ဝဝ၉


အလုပ်အဖွဲ့ ဆွေးနွေးပွဲများမှာ ပါခဲ့ကြောင်း၊ ၂ဝ၁ဝ ဖေဖေါ်ဝါရီလ ဆွေးနွေးပွဲများကို စောင့်မျှော်လျှက်ရှိကြောင်း၊
ယူကရိန်းသည် မိမိကိုယ်မိမိ ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်းများ တရားဝင်ထုတ်လုပ်မှုကို
သဘောတူစာချုပ်က မထိခိုက်စေသရွေ့ ကာလပတ်လုံး ၎င်း၏ တိုးတက်မှုကို အားပေးသွားမည်ဖြစ်ကြောင်း၊
ပို့ကုန်ထိန်းချုပ်ရေး အစီအစဉ် များ၏ ပြင်ပရှိနိုင်ငံများကို (ATT) က ဆွဲဆောင်နိုင်လိမ့်မည်ဟု ယူကရိန်းက
ယုံကြည်ကြောင်း၊ ရုရှားက ယူကရိန်း၏ သဘောထားနှင့်ပတ်သက်၍ သဘောမတူခဲ့ကြောင်း၊ သို့ဖြစ်၍
ရုရှားနှင့်ပြေလည်မှုရရေးအတွက် အများသဘောတူသော နည်းနာတရပ်လိုအပ်နေကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်၊ ရုရှား၊ တရုတ်နိုင်ငံတို့ မပါဘဲ ချမှတ်သော မည်သည့်စာချုပ်မဆို အင်အားနည်းနေမည်
ဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့သည်။ 

၂၇။ (S) ဗင်တိုင်ပင်က အမေရိကန်ပြည်ထောင်စုသည် လက်နက်တင်ပို့မှုနှင့်ပတ်သက်၍ တရားမဝင်


လက်နက်ရောင်းဝယ်မှု လျှော့ချရေး၊ နိုင်ငံအားလုံးမှာ အမြင့်ဆုံးစံချိန်ကို လိုက်မီသည့်
အမျိုးသားရေးစနစ်များနှင့် ပြည်တွင်းထိန်းချုပ်မှုရှိရေး တာဝန်ကြီးများကိုအားပေးကြောင်း၊
ဤရည်မှန်းချက်များသို့ ရှေ့ရှုဆောင်ရွက်ရာ၌ ကျွန်ုပ်တို့သည် သမားရိုးကျ လက်နက်များ တင်ပို့ခြင်းနှင့်
ပတ်သက်သော စံချိန်များ လျှော့ချခြင်းကို ဆက်လက်ဆန့်ကျင်သွားမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းမှာ
လက်နက်ငယ်များ ပိုင်ဆိုင်ထားမှုကို ထိခိုက်မှုမရှိအောင် ဆက်လက်အာမခံချက်ပေးသွား မည်ဖြစ်ကြောင်း၊
ထို့နောက် ဆက်လက်၍ ဤရည်မှန်းချက်များ အထမြောက်ရေးအတွက် (ATT) နှင့်ဆိုင်သော လုပ်ငန်းများကို
အများသဘောတူညီမှု အခြေခံပေါ်မှာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ယူကေ အနေနှင့်
အများသဘောတူ ဆုံးဖြတ်ချက်ချခြင်းကို လက်ခံသည့် အနေအထားသို့ ပြန်ရောက်ရန် လိုကြောင်း၊ ယူကေ
သည် ကုလသမဂ္ဂ ပထမကော်မီတီ အစည်းအဝေး ကျင်းပနေချိန်မှာ ဆုံးဖြတ်ချက်ချစရာ ကိစ္စတခုကို
တင်သွင်းရန် စီစဉ်ခဲ့ကြောင်း၊ ဆုံးဖြတ်ချက်တရပ် ကျလာရေးတွင် အများသဘောတူ ဆုံးဖြတ်ရန်
မရှိမဖြစ်လိုအပ်ကြောင်း ပြသနိုင်ရန်အတွက် အမေရိကန်အနေနှင့် ယူကရိန်း၏ အကူ အညီကို
လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ နီကိုနင် ကိုက လက်နက်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ် (ATT)
တရပ် ဖြစ်ပေါ်လာရေးနှင့်ပတ်သက်၍ အမေရိကန်၏ ရပ်တည်ချက်ကို ထောက်ခံကြောင်းပြောကြားပြီး၊
တိုင်းပြည် နှစ်ခု တို့သည် (ရုရှား၊ တရုတ်တို့နှင့် အတူ) ဘုံမဟာဗျူဟာတရပ် ချမှတ်ရန်လိုအပ်ကြောင်း
ပြောကြားခဲ့သည်။ 

9 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

လက်နက်တင်ပို့မှုများ

၂၈။ (S) ဗင်တိုင်ပင်က အမေရိကန်အနေနှင့် ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဆွေးနွေးလိုသော ကိစ္စနှစ်ခုရှိကြောင်း၊


၎င်းတို့မှာ  (၁) မြန်မာနိုင်ငံနှင့် တောင်ပိုင်းဆူဒန်သို့ လက်နက်များတင်ပို့ရာ၌ ယူကရိန်းအစိုးရ၏
ရည်ရွယ်ချက်ရှိရှိ ပါဝင်ခဲ့ခြင်းနှင့် ဤသို့ ပါဝင်ခြင်းသည် အမေရိကန်နှင့် ဖီလာဖြစ်နေကြောင်း။

(၂) ယူကရိန်းအစိုးရက ခွင့်ပြုခြင်းမရှိဟု ယူဆရသော ယူကရိန်းနိုင်ငံသားများ၏


လက်နက်တင်ပို့မှုတို့ဖြစ်ကြောင်း၊ ဒုတိယ တင်ပို့မှုဖြစ်သော တရားမဝင်တင်ပို့မှု ကို ရပ်တန့်စေရေးအတွက်
အမေရိကန်က ယူကရိန်းနှင့် ပူးပေါင်းဆောင်ရွက်လို ကြောင်း ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ

၂၉။ (S) နီကိုနင်ကိုက ယူကရိန်းသည် အမေရိကန်၏ သတိပေးချက်ကို လက်ခံရရှိခဲ့ကြောင်းနှင့် မြန်မာနိုင်ငံသို့


လက်နက် တင်ပို့ခြင်း မရှိတော့ကြောင်း၊ ယူကရိန်းသည် လက်ရှိ သဘောတူစာချုပ်များကို
အပြီးသတ်လက်မှတ်ရေးထိုးပြီးရုံသာရှိ သေးကြောင်း၊ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ၂ဝဝ၅ က စ၍
လျှော့ချလာခဲ့ကြောင်း၊ အမေရိကန်၏ သတိပေးခဲ့မှုများကြောင့် မြန်မာနိုင်ငံသို့ ယူကရိန်း၏
လက်နက်တင်ပို့မှုသည် 'လုံးဝမရှိ သလောက်' ဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့ သော (၂) နှစ်ခွဲအတွင်း မြန်မာနိုင်ငံနှင့်
စာချုပ်သစ်များ မချုပ်ဆိုခဲ့ကြောင်း၊ လက်ရှိ တင်ပို့သော ပစ္စည်းများ သည် အပိုပစ္စည်းများသာဖြစ်ကြောင်း၊
ကြွင်းကျန်နေသော လုပ်ငန်းသည် အလွန်သေးလွန်းလှသဖြင့် သက်ဆိုင်ရာ ကုမ္ပဏီက
အလုပ်သမားအားလုံးကို မြန်မာနိုင်ငံမှ  ပြန်ခေါ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

၃ဝ။ (S) ISN/CATR ၏ လက်ထောက်ညွှန်ကြားရေးမှူး ဘရိုင်ယန် ဘက်ခ်မင်း (Brian Bachman) က


သတင်းအချက် အလက်များအတွက် နီကိုနင်ကို ကို ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံသို့
လက်နက်တင်ပို့ခြင်းအတွက် အမေရိကန်က စိတ်ပူနေခဲ့ကြောင်း၊ သို့ရာတွင် ယူကရိန်းက ယခု
အပိုပစ္စည်းအနည်းအကျဉ်းမျှသာ တင်ပို့လျက်ရှိပြီး အင်္ဂါစုံ လက်နက် များ တင်ပို့ခြင်းမရှိတော့သည်ကို
အစီရင်ခံချက်များအရ သိခဲ့ရသည်ကို ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။ 

တောင်ပိုင်းဆူဒန်

၃၁။ (S) ဇွန်လ နှောင်းပိုင်း သို့မဟုတ် ဇူလိုင်လဆန်းပိုင်းမှာ ကင်ညာသို့ပို့ရန်စီစဉ်ထားသော (တီ ၇၂)


တင့်ကားများ၊ (BM-1 GRAD ) သံချပ်ကာယာဉ်များ၊ လက်နက်ငယ်များနှင့် အခြားစစ်သုံး ကိရိယာများကို
ကင်ညာ ကာကွယ်ရေး ဝန်ကြီးဌာနက တောင်ပိုင်း ဆူဒန်အတွက် ဝယ်နေခြင်းဖြစ်ကြောင်း ၂ဝဝ၈ ဇူလိုင်တွင်
အမေရိကန်က ယူကရိန်းကို သတိပေးသောအခါ ယူကရိန်းက လက်နက်များသည် ကင်ညာအစိုးရအတွက်
ဖြစ်သည်ဟု အမေရိကန်ကို အာမခံ ခဲ့ကြောင်း၊ ကင်ညာအစိုးရထံမှ နောက်ဆုံးအသုံးပြုမည့်သူ လက်မှတ်နှင့်
အစောပိုင်း တင်ပို့ခဲ့သော တင့်ကားများ အတွက် လက်ခံဖြတ်ပိုင်းများကို အမေရိကန်ကို ပြခဲ့သည့်အကြောင်း
ဗင်တိုင်ပင်က ပြန်ပြောင်းပြောပြခဲ့သည်။ ကျွန်ုပ်တို့ဆွေးနွေးပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံမှ နောက်ထပ်
စစ်လက်နက်များ တင်ဆောင်လာသော (M/V Faina) သင်္ဘော ပြန်ပေးဆွဲခံရပြီး တင်လာသော
ပစ္စည်းများသည် တောင်ပိုင်းဆူဒန်သို့လည်း ရည်ရွယ်သည်ဟု ပေါ်လာခဲ့ကြောင်း ဗင်တိုင်ပင်က ပြောပြကာ
ယူကရိန်းအစိုးရအနေနှင့် စုံစမ်းစစ်ဆေးမှုများ လုပ်ခဲ့ခြင်း ရှိ-မရှိ မေးခဲ့သည်။ 

၃၂။ (S) ယူကရိန်းနိုင်ငံ၏ ပို့ကုန် ထိန်းချုပ်ရေးဌာနမှ ဗယ်လာရီ လိုင်ဆင်ကို (Valeriy Lysenko) က (တီ ၇၂)
တင့်ကား များသည် ကင်ညာနိုင်ငံအတွက် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ယူကရိန်းသည် မည်သည့်
စစ်လက်နက်ပစ္စည်းမှ တောင်ပိုင်း ဆူဒန်သို့ မတင်ပို့ခဲ့ကြောင်း၊ ယူကရိန်း၏ ကန်ထရိုက်စာချုပ်အားလုံးကို
စစ်ဆေးခဲ့ကြောင်း ပြောကြားသည်။ 

၃၃။ (S) ဗင်တိုင်ပင်က တောင်ပိုင်းဆူဒန်အစိုးရ အမည်ကို ရှင်းရှင်းလင်းလင်းရေးမှတ်ထားသော

10 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

ကန်ထရိုက်စာချုပ်ကို ယူကရိန်းဘက်သို့ ပေးလိုက်ပြီးနောက် တင်ပို့သော ပစ္စည်းများသည်


ကင်ညာနိုင်ငံအတွက်ဖြစ်သည်ဟု ယူကရိန်း အစိုးရ အနေနှင့် ပြောဦးမည်လားဟု မေးခဲ့သည်။
ဤကိစ္စနှင့်သက်ဆိုင်သော လိုင်ဆင်ကို (Lysenko) က ကန်ထရိုက်စာချုပ် သည် စစ်မှန်မှု ရှိပါသလားဟု
မေးခွန်းထုတ်လိုက်ပြီးနောက် အမေရိကန်မှာ သည့်ထက်ခိုင်လုံသော အထောက်အထားရှိပါ သလားဟုလည်း
မေးခဲ့သည်။ ဗင်တိုင်ပင်က ယူကရိန်းအစိုးရက မိမိကို ဤသို့ နောက်ထပ်အထောက်အထားပြခိုင်း သည်ကို
ဝမ်းနည်းကြောင်းပြောကြားရင်း (တီ ၇၂) တင့်ကားများ ကင်ညာ နိုင်ငံမှာ မြေပြင်သို့ ချနေပုံ၊ ထိုနေရာမှ နေ၍
အခြားနေရာသို့ပို့ရန် မီးရထားပေါ်တင်နေပုံ၊ နောက်ဆုံး၌ တောင်ပိုင်း ဆူဒန်နိုင်ငံမှာ ချနေပုံ
ကြည်လင်ပြတ်သား သော ဂြိုဟ်တုဓာတ်ပုံများ ယူကရိန်းများကို ပြသခဲ့သည်။ ဤတွင် ယူကရိန်းဘက်မှာ
ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ 

၃၄။ (S) ဗင်တိုင်ပင်က နှစ်ဖက်စလုံးမှာ မိမိတို့၏ အချုပ်အချာအာဏာဆိုင်ရာ အခွင့်အရေးအရ


မတူခြားနားသော ပို့ကုန် ထိန်းချုပ်ရေး မူဝါဒများ ရှိထားနိုင်သည်ဟု မိမိအသိအမှတ် ပြုပါကြောင်း၊ သို့ရာတွင်
အမှန်အတိုင်း မပြောခြင်းသည် မိမိ၏ မဟာဗျူဟာ အပေါင်းအဖော်တဦးထံမှ
အမေရိကန်ပြည်ထောင်စုအနေနှင့် မျှော်လင့်မထားခဲ့သော ကိစ္စဖြစ်ကြောင်း၊ မုသား ပြောခြင်းမှနေ၍
ယူကရိန်းအနေနှင့် ဘာတခုမျှ ရနိုင်စရာမရှိဘဲ ဆုံးရှုံးမှုသာ များလိမ့်မည် ဖြစ်ကြောင်း သတိပေးခဲ့သည်။
တောင်ပိုင်းဆူဒန်သည် အမေရိကန်၏ အကြမ်းဖက်ဝါဒီများ စာရင်းဝင်ဖြစ်ရာ အမေရိကန်အနေနှင့်
တင်ပို့သောနိုင်ငံအပေါ် ဒဏ်ခတ်မှု ချမှတ်မည်၊ မချမှတ်မည်ကို စဉ်စားစရာရှိကြောင်း၊ အမေရိကန်တို့
စဉ်းစားချင့်ချိန်နေသော အချက်တချက်က ယူကရိန်းအစိုးရ မှန်ကန်မှု ရှိ-မရှိဟူသော အချက်ပင်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။ 

၃၅။ (S) လိုင်ဆင်ကိုက ယူကရိန်းအနေနှင့် အမေရိကန်၏ သတင်းအချက်အလက်များကို လေ့လာမည်၊


ယူကရိန်းမှာ ကင်ညာနှင့်သာ အဆက်အဆံရှိပြီး တောင်ပိုင်းဆူဒန်နှင့် အဆက်အဆံမရှိဟု ပြတ်ပြတ်သားသား
ပြောပြီးနောက် တတိယနိုင်ငံ တနိုင်ငံ၏ လုပ်ရပ်နှင့်ပတ်သက်၍ ယူကရိန်းမှာ တာဝန်ရှိသည်ဟု
ဆွဲထည့်၍မရကြောင်း၊ ဤ ကိစ္စသည် အမေရိကန်နှင့် ယူကရိန်းတို့ ဖြေရှင်းစရာ ဘုံပြဿနာတခုဖြစ်ကြောင်း
ပြောခဲ့သည်။ မည်သို့ဖြစ်ပွားခဲ့သည်ကို ရှာဖွေဖေါ်ထုတ်ရာ၌ ယူကရိန်းထောက်လှမ်းရေးအဖွဲ့များ ပါဝင်ရန်
လိုကောင်းလိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နီကိုနင်ကိုက ယူကရိန်းအနေနှင့် အပေါင်းအဖော်
ဆက်ဆံရေးရှိသည်နှင့်အညီ ဤကိစ္စကို စုံစမ်းလေ့လာမည် ဖြစ်ကြောင်း၊ သို့မှသာ အမေရိကန်အနေနှင့်
ယူကရိန်းသည် ယုံကြည်စိတ်ချရသော အပေါင်းအဖော်တဦးဖြစ်သည်ကို သိသွားလိမ့်မည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။ 

အီရန်၏ ပဲ့ထိန်း ဒုံးကျည်များ (Ballistic Missiles) အတွက် တင်ပို့သော ယူကရိန်း၏ သတ္တုထည်


အထူးပစ္စည်းများ

၃၆။ ဗင်တိုင်ပင်က XXXXX အပါအဝင် ယူကရိန်းနိုင်ငံသားများက ယူကရိန်း၏ ပို့ကုန် ထိန်းချုပ်ရေးမူဝါဒနှင့်


ဖီလာပြုကာ ပစ်လွှတ်လောင်စာရည်သုံး ဒုံးကျည်စနစ်များမှာ အသုံးပြုသည့် ဘောဘယ်ယာရင်ကဲ့သို့သော
သတ္တုထည် အထူးပစ္စည်း များနှင့် အခြားအရေးကြီး ပစ္စည်းများကို အီရန်၏ ပဲ့ထိန်းဒုံးကျည် (Ballistic Missiles)
အစီအစဉ်အတွက် ဖြည့်တင်းပေး နေကြောင်း၊ ဤလုပ်ရပ်များသည် ယူကရိန်းအစိုးရ မသိဘဲ ဖြစ်ပွားနေခြင်း
ဖြစ်နိုင်ကြောင်း၊ ယူကရိန်းထုတ်လုပ်သူများထံမှ ဝယ်ယူရရှိနိုင်သော သံမဏိပစ္စည်းများ၏ အရည်အသွေး
မြင့်မားနေမှုကြောင့် အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်သည် XXXXX အပါအဝင် ယူကရိန်းနိုင်ငံသားများထံမှ
ပစ္စည်းများကို ဆက်လက် ဝယ်ယူနေသည်ကို အမေရိကန်အနေနှင့် အလွန်ရတက်မအေး ဖြစ်နေရကြောင်း
ပြောခဲ့သည်။ ထို့နောက် ဆက်လက်၍ ဗင်တိုင်ပင်က ဤကဲ့သို့သော သံမဏိပစ္စည်း များကို အီရန်အနေနှင့်
ပြည်တွင်းမှာ ထုတ် လုပ်ရန် နှစ်ပေါင်းများစွာကပင် အခက်အခဲတွေ့နေခဲ့ကြောင်း ပြောကြားပြီး နောက်
ဗင်တိုင်ဗင်က အောက်ပါအချက် အလက်များကို စာရွက်စာတမ်းမဟုတ်သော နည်းဖြင့်ပြသခဲ့သည်။ 

-- ယူကရိန်းကုမ္ပဏီများက အီရန်၏ ပဲ့ထိန်း ဒုံးကျည်အစီအစဉ်သို့ အရေးကြီးပစ္စည်းများကို ရောင်းခဲ့ကြောင်း


အမေရိကန် နှင့် ယူကရိန်းတို့ ဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း။

11 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

-- ပစ်လွှတ်လောင်စာရည်သုံး ဒုံးကျည်စနစ်များမှာ အသုံးပြုသည့် ဘောဘယ်ယာရင်ကဲ့သို့သော သတ္တုထည်


အထူးပစ္စည်း များနှင့် အခြားအရေးကြီး ပစ္စည်းများကို အီရန်၏ ပဲ့ထိန်း ဒုံးကျည် အစီအစဉ်အတွက် XXXXXXX
အပါအဝင် ယူကရိန်း နိုင်ငံသားများက ဖြည့်တင်းပေးနေသည့် ကိစ္စကို အထူးသဖြင့် ၂ဝဝ၂ နှင့် ၂ဝဝ၇
ခုနှစ်များအတွင်း ကျွန်ုပ်တို့က တင်ပြခဲ့ကြောင်း။

-- ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေးအစီအစဉ်(MTCR) အရ ထိန်းချုပ်ထားသော ပစ္စည်းများကို အီရန်သို့


တင်ပို့မှု အတွက် XXXXXXX အပေါ် အမေရိကန်ပြည်ထောင်စုက ၂ဝဝ၄ စက်တင်ဘာတွင် ဒဏ်ခတ်မှု
ချမှတ်ခဲ့ကြောင်း။

-- အီရန်၏ ပဲ့ထိန်း ဒုံးကျည်အစီအစဉ်အတွက် (MTCR) အရထိန်းချုပ်ထားသော (Scud) နှင့် (NoDong)


ပစ်လွှတ် လောင်စာသုံးစည်များ ထုတ်လုပ်ရာမှာ အသုံးပြုသော (08X22HGT titanium stabilized duplex
stainless steel) နှင့် (MTCR) ၏ထိန်းချုပ်မှုမရှိသော်လည်း (Scud) အင်ဂျင် အစိတ်အပိုင်းများ
ထုတ်လုပ်ရာမှာ အသုံးပြုသော သံမဏိအမျိုး အစားတမျိုး ဖြစ်သည့် (CR18NI10TI) အပါအဝင် နောက်ထပ်
ပစ္စည်းများကို XXXXXX က ဆက်လက်ပေးသွင်းနေ သည်ကို ကျွန်ုပ်တို့က ၂ဝဝ၆ မေလတွင် သင်တို့ကို
အသိပေးခဲ့ကြောင်း။

-- ယူကရိန်းထုတ်လုပ်သူများထံမှ ဝယ်ယူရရှိနိုင်သော သံမဏိပစ္စည်းများ၏ အရည်အသွေး မြင့်မားနေမှု


ကြောင့် အီရန်၏ ပဲ့ထိန်း ဒုံးကျည်အစီအစဉ်သည် XXXXX အပါအဝင် ယူကရိန်းနိုင်ငံသားများထံမှ
ပစ္စည်းများကို ဆက်လက် ဝယ်ယူနေ သည်ကို အမေရိကန်အနေနှင့် အလွန်ရတက်မအေး ဖြစ်နေရကြောင်း။

-- ဤကဲ့သို့သော သံမဏိပစ္စည်းများကို အီရန်အနေနှင့် ပြည်တွင်းမှာ ထုတ်လုပ်ရန် နှစ်ပေါင်းများစွာကပင်


အခက်အခဲတွေ့ နေခဲ့ကြောင်း။ အီရန် ဒုံးကျည်အစီအစဉ်၏ အသက်ရှူပေါက်သည် AISI 4340 နှင့် AISI 4130
steels သံမဏိပစ္စည်းများ ကဲ့သို့သော ခေတ်မီပစ္စည်းများ ရရှိနိုင်ရေးပင် ဖြစ်ကြောင်း သိသာစေသည့်
သတင်းအချက်အလက်များကို ၂ဝဝ၆ နှောင်းပိုင်းတွင် ကျွန်ုပ်တို့က (MTCR) လုပ်ဖေါ်ကိုင်ဘက်များကို
ပေးခဲ့သည်ကို မှတ်မိနေလိမ့်ဦးမည် ဖြစ်ကြောင်း။

-- အီရန်၏ လောင်စာအခဲသုံး ပဲ့ထိန်း ဒုံးကျည် အစီအစဉ်က ဒုံးကျည်ပစ်စင် ထုတ်လုပ်ရာ၌ ဤသံမဏိ


နှစ်မျိုးစလုံးကို အသုံးပြုနေခြင်းဖြစ်ကြောင်း။

-- ထို့ကြောင့် သင်တို့၏ ပို့ကုန် ထိန်းချုပ်ရေး လုပ်ငန်းများတွင် နိုးနိုးကြားကြားရှိနေကြရန်၊ ယူကရိန်း ကုမ္ပဏီ


များက အီရန် ပဲ့ထိန်း ဒုံးကျည်လုပ်ငန်းများအတွက် အထူးသတ္တုပစ္စည်းများကို ထောက်ပံ့နေသူ များအဖြစ်
ဆောင်ရွက် ပေးနေခြင်းမရှိရအောင် သင့်တော်သော် အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း။

(၃၇) (S) နီကိုနင်ကိုက ယူကရိန်းအနေနှင့် ဤကိစ္စကို စုံစမ်းလေ့လာပြီး


အသေးစိတ်သတင်းအချက်အလက်များ အမေရိကန်ကို ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဗင်တိုင်ပင်က
အကယ်၍ ယူကရိန်းအနေနှင့် ဤပြဿနာကို မိမိကိုယ်တိုင် မဖြေရှင်းနိုင်ဟု ဆိုပါလျှင် အမေရိကန်အနေနှင့်
သံမဏိကုမ္ပဏီအပါအဝင် ပါဝင်ပတ်သက်သူများကို ဒဏ်ခတ်ခြင်းနှင့်၊ အခြားအစီအစဉ်များဖြင့် အရေးယူရန်
စဉ်းစားမည် ဖြစ်ကြောင်း၊ အီရန်၏ ဒုံးကျည်များသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် မဟာမိတ်
တပ်များကို ခြိမ်းခြောက်နေကြောင်း၊ သို့ဖြစ်၍ မိမိကိုယ်မိမိ ကာကွယ်ရေးအတွက် အမေရိကန်အနေနှင့်
ဤပို့ကုန်များကို ဟန့်တားရမည်ဖြစ်ကြောင်း၊ ယူကရိန်း သံမဏိကုမ္ပဏီများအနေနှင့် အနောက်နိုင်ငံများနှင့်
ကုန်သွယ်မှုမှနေ၍ အကျိုးအမြတ်များရနေကြောင်း၊ သို့ရာတွင် နည်း (၂) မျိုးစလုံးဖြင့် မရနိုင်ကြောင်း
(အီရန်ကဲ့သို့ ဆိုးသွမ်းတိုင်းပြည်မှ တရားမဝင် အမြတ်အစွန်း အနည်းငယ်အတွက်
အနောက်တိုင်းမှရရှိနေသော အမြတ်ကြီးများ ဆုံးရှုံးအောင်လုပ်ခြင်းသည် သူတို့အတွက် အကျိုး မရှိကြောင်း)
ပြောကြားခဲ့သည်။ 

အီရန်၏ မာလက်- အက်ရှ်တာ စက်မှုတက္ကသိုလ် (Malek-Ashtar University of Technology) မှာ

12 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

ယူကရိန်းတို့က သင်တန်းများပေးသော ကိစ္စ 

(၃၈) (S) ဗင်ဒိုင်ပင်က ၂ဝဝ၉ နှစ်ဆန်းပိုင်းကစ၍ ခါတိုင်းနှစ်များနည်းတူပင် အီရန်၏ မာလက်-အက်ရှ်တာ


စက်မှု တက္ကသိုလ်က ယူကရိန်းနိုင်ငံ အပါအဝင် နိုင်ငံတကာမှ သိပ္ပံပညာရှင်များကို ဖိတ်ခေါ်ကာ
အီရန်နိုင်ငံတွင် သင်တန်းများ ပေးစေခဲ့ကြောင်း၊ မာလက်-အက်ရှ်တာ စက်မှုတက္ကသိုလ်သည် အီရန်
ကာကွယ်ရေးနှင့် လက်နိုင်ငံကိုင်တပ်များ ထောက်ပံ့ ရေးဝန်ကြီးဌာန (Ministry of Defense and Armed
Forces Logistics (MODAFL) ၏ လက်အောက်ခံဖြစ်ပြီး အီရန် ကာကွယ်ရေး စက်မှုလုပ်ငန်းများအဖွဲ့ (DIO)
နှင့် လေကြောင်းအာကာသယာဉ် တည်ဆောက်ရေး စက်မှုလုပ်ငန်းများ အဖွဲ့အစည်း (AIO) တို့မှ
ကိုယ်စားလှယ်များကို နည်းပညာညွှန်ကြားချက်များပေးကြောင်း၊ ယူကရိန်း ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ
မာလက်-အက်ရှ်တာ စက်မှုတက္ကသိုလ်အတွက် သို့မဟုတ် အီရန်၏ ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်နေသော
အခြား အီရန်အဖွဲ့အစည်းများအတွက်  အရေးကြီးသော နည်းပညာ၊ သင်တန်းနှင့် အခြားအထောက် အပံ့များ
မပေးအောင် ဆောင်ရွက်ရန် အမေရိကန်က ယူကရိန်းအား တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက်
ယူကရိန်းအစိုးရ၏ လုပ်ဆောင်ချက်များအကြောင်းကို မေးခဲ့သည်။ နီကိုနင်ကိုက အမေရိကန်၏
သတင်းအချက်အလက် များကို ရရှိပြီး ဖြစ်ကြောင်း၊ ဤသတင်းအချက်အလက်များကို စိစစ်သုံးသပ်
နေဆဲဖြစ်ကြောင်း ပြောခဲ့သည်။

ပရိုးဟားစ်-ပါကစ္စတန် (Prohres-Pakistan)

(၃၉) ဗင်တိုင်ပင်က ယူကရိန်း၏ ပရိုဟားစ် (Prohres) မှ (gyrotheodolites) များကို ဝယ်ယူရာ၌ ပါကစ္စတန်


အမျိုးသား အင်ဂျင်နီယာနှင့် သိပ္ပံပညာ ကော်မရှင် Pakistan’s National Engineering and Scientific
Commission (NESCOM) နှင့် ပတ်သက်နေပုံ သတင်းအချက်အလက်များကို ကျွန်ုပ်တို့က ယူကရိန်းထံ
မကြာသေးမီက ပေးပို့ထားကြောင်း ပြော ကြားခဲ့သည်။ ဤကိစ္စကို စုံစမ်းလေ့လာပေးပါရန်နှင့်
ဒုံးကျည်နှင့်ပတ်သက်သော ဤပစ္စည်း ကရိယာများ ပို့ပေးမှုကို တားဆီးရေးအတွက် အရေးယူဆောင်ရွက်မှုများ
လုပ်ပေးရန် ယူကရိန်းအား တိုက်တွန်းခဲ့သည်။ နီကိုနင်ကိုက အမေရိကန်ထံမှ သတင်းအချက်အလက်များကို
မကြာမီက ရထားကြောင်းနှင့် ဤကိစ္စကို စိစစ်သုံးသပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

---------

၎ဝ။ (S) ဗင်တိုင်ပင်က ဤကိစ္စသည် ကြာခဲ့ပြီဖြစ်ကြောင်း ပြောကြားပြီးနောက် လတ်တလော


အချက်အလက်များ ပေးပါ ရန် ယူကရိန်းကို မေတ္တာရပ်ခံခဲ့သည်။ သူက ဤကိစ္စနှင့်ပတ်သက်သော
နောက်ထပ်သတင်း အချက်အလက်များကို လည်း ပေးခဲ့သည်။

-- ကျွန်ုပ်တို့မှာ ယခု သတင်းအချက်အလက်သစ်များ ရှိကြောင်း၊ ၎င်းသတင်းအချက်အလက်များအရ


သိရသည်မှာ ၂ဝဝ၉ သြဂုတ်လတွင် XXXXX သည် တရုတ်ပြည်၏ (Changda Corporation) ချင်ဒါး
ကော်ပိုရေးရှင်းမှ ကိုယ်စား လှယ်များနှင့် ပူးပေါင်းကာ (gyrotheodolites) များထုတ်လုပ်ရေးနှင့်ပတ်သက်၍
တရုတ်ပြည်၏ (Shaanxi Cangsong Machinery Plant) စက်ရုံဖက်စပ်လုပ်ငန်းတခု တည်ထောင်ခဲ့ကြောင်း။

-- (The Shannxi Cangsong Machinery Plant) သည် တရုတ်ပြည် အာကာသယာဉ်တည်ဆောက်ရေး


သိပံ္ပပညာ နှင့် နည်းပညာ ကော်ပိုရေးရှင်း ဒသမ အကယ်ဒမီ (China Aerospace Science and Technology
Corporation Tenth Academy) ၏ လက်အောက်ခံဖြစ်ပြီး တရုတ်ပြည်၏ ပဲ့ထိန်း ဒုံးကျည်များအတွက်
ပဲ့ထိန်းစနစ် (inertial guidance systems) များကို ထုတ်လုပ်ပေးကြောင်း။

-- ဤပစ္စည်းများကို ဒုံးကျည်နှင့်ပတ်သက်၍ အသုံးပြုဖွယ်ရှိခြင်း၊ XXXXX ပူးပေါင်းလုပ်ကိုင်နေသော


တရုတ်ကုမ္ပဏီ ၏ အနေအထားတို့ကြောင့် ဤပူးပေါင်းဆောင်ရွက်မှုကို တရုတ်ပြည်၏ (MTCR) အဆင့် (၁)
ဒုံးကျည်အစီအစဉ် အတွက် အထောက်အကူပြုပေးရန် အသုံးချနိုင်သည်ဟု ကျွန်ုပ်တို့ စိတ်ပူမိကြောင်း။

13 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

-- XXXXXXXX နှင့် ဒုံးကျည်နှင့်ပတ်သက်သော တရုတ်ပြည်ကုမ္ပဏီများ၏ ဆက်ဆံရေးကို ဆက်လက်စုံစမ်း


လေ့လာပေး ပါရန်နှင့် တရုတ်ပြည်၏ (MTCR) အဆင့် (၁) ဒုံးကျည်အစီအစဉ်အတွက် ပစ္စည်း သို့မဟုတ်
နည်းပညာ ထောက်ပံ့သူ အဖြစ် XXXX က ဆောင်ရွက်ပေးခြင်း မရှိအောင် သင့်တော်သော
အစီအစဉ်များချမှတ် ဆောင်ရွက်ပေးရန် သင်တို့ကို တိုက်တွန်းလိုကြောင်း။ 

၄၁။ နီကိုနင်ကိုက ယူကရိန်းသည် ဤကိစ္စနှင့်ပတ်သက်သော အမေရိကန်၏ သတင်းအချက်အလက်များကို


စိစစ်သုံးသပ် နေလျက်ရှိကြောင်း ပြောကြားခဲ့သည်။(မှတ်ချက်-ဆွေးနွေးပွဲများအပြီးတွင် ယူကရိန်းက
ဤကိစ္စနှင့်ပတ်သက်၍ စာဖြင့်ရေး သားထားသော နောက်ဆုံးရ သတင်းကို ဤသို့ပေးခဲ့သည်။ "XXXXXX
သည် (China Great Wall) နှင့် ဆွေးနွေးပြီး နောက် ယခင်ပေးထားသော (UGT-S gyrotheodolite) တခု
ပြုပြင်ရေးအတွက် လိုင်စင် ထောက်ခံချက်တခု ရခဲ့သည်။ သို့ရာတွင် XXXXXXXXXXX သည် (MTCR)
ထိန်းချုပ်ထားသော (DOZ stellar sensors) များ ပို့ပေးရန် တရုတ်ပြည် ဒုံးကျည် နည်းပညာ အကယ်ဒမီ
(China Academy of Launch Vehicle Technology) နှင့် ဆွေးနွေးခြင်းမရှိခဲ့ချေ။"

အဏုမြူလက်နက်များ မှောင်ခိုရောင်းဝယ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံကြီး ၈ နိုင်ငံ၏ တကမ္ဘာလုံးဆိုင်ရာ


ပူးပေါင်းဆောင်ရွက် မှု၊ တိုက်ဖျက်မှု (G8 Global Partnership/Combating Nuclear Smuggling)

၄၂။ (U) အဏုမြူထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတော်ကော်မီတီ (State Committee for Nuclear Regulation) မှ


ဗစ်တာ ရိုင်ယာဇန့်ဆက် (Viktor Ryazantsev)၊ အရေးပေါ်အခြေအနေများ ဆိုင်ရာ ဝန်ကြီးဌာန (Ministry for
Emergency Situations) မှ မီကိုလာ ပရော့စ်ကူရာ (Mykola Proskura) ၊ နိုင်ငံတော် နယ်ခြားစောင့်တပ်မှ
အိုလီခ်ဆန်ဒါ ပါချင်ကို (Oleksandr Panchenko) တို့က ယူကရိန်းအစိုးရနှင့် အမေရိကန်တို့ ၂ဝဝ၆
ဇန်နဝါရီတွင် ချမှတ်ခဲ့သော အဏုမြူ လက်နက်များ မှောင်ခို ရောင်းဝယ်မှု တားဆီးရေး အကူအညီ
စီမံချက်လုပ်ငန်းဖြစ်သော U.S. Nuclear Smuggling Outreach Initiative (NSOI)
လုပ်ငန်းတလျှောက်လုံးမှာ ဆောင်ရွက်ခဲ့သော တိုးတက်မှုများနှင့် ပတ်သက် ၍ အသေးစိတ်အစီရင်ခံစာများကို
တင်ပြခဲ့ကြသည်။ ဤပုဂ္ဂိုလ်အသီးသီးက ဤလုပ်ငန်းများနှင့် ပတ်သက်၍ တိုးတက်မှု ကြီးများကို
အစီရင်ခံတင်ပြကြပြီး အခြားကူညီသူများ၏ လုပ်ငန်း အကောင်အထည်ဖော်မှုကိုရော လုပ်ငန်းထဲ ပါဝင်မှုကိုပါ
အဆင်ပြေအောင်ဆောင်ရွက်ပေးသော အမေရိကန်၏ အကူအညီကို များစွာတန်ဖိုးထားကြောင်း
ဖေါ်ပြခဲ့ကြသည်။ 

၄၃။ (U) (NSOI) ၏ ညှိနှိုင်းရေးမှူး မိုက် စတက်ဖို့ (Mike Stafford) က နှစ်ဖက်စလုံးသည်


ဤစီမံချက်လုပ်ငန်းများတွင် သိသာ ထင်ရှားသော တိုးတက်မှုများကို ဆောင်ရွက်ခဲ့ကြသည်ဟူသော အချက်ကို
သဘောတူကြောင်း ပြောပြီးနောက် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုအတိုင်းအတာသည် (NSOI)
နှင့်ပတ်သက်၍ အခြားအစိုးရများ၏ ဆောင်ရွက်မှုများ အတွက် နမူနာစံပြဖြစ်ခဲ့ကြောင်း
ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့နောက် စတက်ဖို့က ဤတိုးတက်မှုများ အရေးကြီးသည် သာမက ၂ဝဝ၆
ဇန်နဝါရီက နှစ်ဦးနှစ်ဖက် သဘောတူချမှတ်ခဲ့သော ပူးတွဲလှုပ်ရှားမှု အစီအစဉ်များကို သဘော တူထားသည့်
လုပ်ငန်းအဆင့်များအလိုက် အထောက်အကူပြုလုပ်ငန်းများဖြင့် အကောင်အထည်ဖေါ်ရာမှာလည်း
တိုးတက်မှုများကို စောင့်ကြည့်ရန်အရေးကြီးကြောင်း၊ ပူးတွဲလှုပ်ရှားမှု လုပ်ငန်း အဆင့် (၃ဝ) အနက် (၂၇) ဆင့်
ပြီးမြောက်ခဲ့ပြီ သို့မဟုတ် တိုးတက်မှု ရှိနေကြောင်း ဖော်ပြထားသည့် နောက်ဆုံး အခြေအနေ
အစီရင်ခံချက်တရပ်ကို ယူကရိန်းသံရုံးမှ နေ၍ အမေရိကန်အစိုးရက ဤသီတင်းပတ် အစောပိုင်းမှာ
ရရှိခဲ့ကြောင်း၊ ဤတိုးတက်မှုများအတွက် ယူကရိန်းအစိုးရကို ဂုဏ်ပြုပါကြောင်း၊ လုပ်ငန်း
ဆက်လက်အကောင်အထည်ဖော်ဆောင်နေပုံနှင့် ပတ်သက်၍ အမေရိကန်ဘက်သို့ မပြတ်သတင်းပို့ပေးရန်
နီကိုနင်ကို၏ သဘောတူညီမှုကိုလည်း အသိအမှတ်ပြုကြောင်း ပြော ကြားခဲ့သည်။ ထို့နောက် စတက်ဖို့က
ရုရှားနှင့်စပ်နေသော ယူကရိန်း၏ အစိမ်းရောင်နယ်စပ်မှာ စောင့်ကြည့်ရေးကို ကူညီရန်အတွက် (NSOI) က
၂ဝဝ၉ ဘတ်ဂျက်ထဲမှ ဒေါ်လာ (၉၃၅, ဝဝဝ) သတ်မှတ်ခွင့်ပြုလိုက်ကြောင်း ကြေညာပြီး အဏုမြူလက်နက်
မှောင်ခို ရောင်းဝယ်မှုများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရာ၌ ယူကရိန်း၏ စွမ်းရည်ကို မြှင့်တင်ရန်
ရက်တိုသင်တန်းတခု ပေးဖို့ အဏုမြူလက်နက်များ မှောင်ခိုရောင်းဝယ်မှု တားဆီးရေး အစီအစဉ်ကိုယ်စား
အကြံပြုတင်ပြခဲ့သည်။ ထို့နောက် တောင်းခံထားသော ရေဒီယိုဓာတ်ကြွမှု စောင့်ကြည့်ရေး ရွှေ့ပြောင်း

14 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

နိုင်သောယာဉ် (mobile radiation monitoring van) ကို မည်သည့်အချိန်မှာ ပို့ပေးမည့်အကြောင်း ဖင်လန်


အစိုးရထံ စုံစမ်းမေးမြန်းပေးပါရန် ယူကရိန်း၏ မေတ္တာရပ်ခံချက်ကို သဘောတူပါကြောင်း ပြောကြားခဲ့သည်။
(သည့်နောက်ပိုင်းတွင် ဖင်လန် အစိုးရ၏ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က ယာဉ်ကို ဒီဇင်ဘာလအတွင်းမှာ
ပို့ပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း အကြောင်းပြန်ခဲ့သည်။)

၄၄။ (U) (ISN/CTR) ကိုယ်စား စတက်ဖို့က ယူကရိန်း၏ သိပ္ပံနှင့် နည်းပညာဌာန [Science and Technology
Center Ukraine (STCU)] အတွက် ယာယီ တည်နေရာပေးထားခြင်းအတွက် ကျေးဇူးတင်ပါကြောင်း
ပြောကြားရင်း ဌာနချုပ် ဆောက်လုပ်ရေးနှင့်ပတ်သက်သော သတင်းအချက်အလက်များကို မှန်တမ်းပေးပို့ပါရန်
မေတ္တာရပ်ခံခဲ့သည်။ နီကိုနင်ကိုက မကြာသေးခင်က ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး Global
Partnership (GP) အလုပ်အဖွဲ့ အစည်းအဝေးမှာ ယူကရိန်းဘက်က အကြံပြု တင်ပြထားခဲ့သော
နောက်ဆက်တွဲ အကူအညီပေးရေး လုပ်ငန်းစီမံချက် (၃) ခု အကြောင်းကို အလေးအနက်ထား၍
ဖေါ်ပြလိုက်ပြီး ချာနိုဘိုင်း ကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေ (Chernobyl Shelter Fund) အတွက် (GP)
အဖွဲ့ဝင်များ၏ ငွေကြေးထည့်ဝင်မှုကို (GP) ကြည့်၍ ၎င်းတို့သန္နိဋ္ဌာန် ပိုင်းဖြတ်ထားမှုကို မတိုင်းတာသင့်
ကြောင်း ယူကရိန်း၏ မေတ္တာရပ်ခံချက်ကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။ စတက်ဖို့က ယူကရိန်း
မေတ္တာရပ်ခံပြီး နောက်ပိုင်းမှာ ဤကိစ္စနှင့်ပတ်သက်၍ စုံစမ်းလေ့လာခဲ့ကြောင်း၊ အမေရိကန်အစိုးရနှင့်
အခြားသော (GP) အဖွဲ့ဝင်များက ရန်ပုံငွေထည့်ဝင်ခြင်းကို (GP) အတွင်း ဆောင်ရွက်ချက်အဖြစ်
ထည့်တွက်နေကြသည်ကို သိရှိခဲ့ရကြောင်း၊ အမေရိကန် အစိုးရအနေနှင့် ဤလုပ်ထုံးလုပ်နည်းကို
ပြောင်းလိုသည် မဟုတ်သဖြင့် အခြားသူများကိုလည်း ပြောင်းရန်တိုက်တွန်းမည် မဟုတ်ကြောင်း၊
အကူအညီကိုရေတွက်ခြင်းသာ အဓိကကျကြောင်း ပြောကြားခဲ့သည်။ 

အီလက်ထရွန် (Electron)

၄၅။ (U) ပရော့စ်ကူရာ (Proskura) က အမေရိကန်နှင့် ယူကရိန်းတို့သည် (Electron Gaz Plant.) စက်ရုံနှင့်
(Kavetskiy Institute) မှ ရေဒီယိုဓာတ် သတ္တုကြွ ပစ္စည်းများကို ရှင်းလင်းဖယ်ရှားရေး၊ သိမ်းဆည်း
သိုလှောင်ထားရေးကိစ္စနှင့် ပတ် သက်၍ (၂) နှစ်ကြာဆွေးနွေးခဲ့ကြပြီးနောက် စက်တင်ဘာ ၂၄ တွင်
စာချုပ်တခုကို လက်မှတ်ရေးထိုး ခဲ့ကြကြောင်း၊ ယူကရိန်းက ကန်ထရိုက်လုပ်ငန်းရှင် ရွေးထားပြီးဖြစ်ကြောင်း၊
ယူကရိန်း၏ အဏုမြူထိန်းချုပ်ရေးအဖွဲ့ အနေနှင့် ဤလုပ်ငန်းကို ဟန့်တားစရာ အကြောင်းမရှိကြောင်း
ပြောကြားခဲ့သည်။ 

၄၆။ (C) လိခ်ျ (Leach) က ဤသဘောတူစာချုပ်သည် အဏုမြူလက်နက် မပြန့်ပွားရေးနှင့်ပတ်သက်၍


ယူကရိန်း ၏ အလေးအနက်ထားမှုကို ပြသရာရောက်နေကြောင်း၊ နှစ်ဖက်စလုံးက ဤနှစ်နေရာရှိ ပစ္စည်းများ
လုံခြုံမှုရှိရေး အတွက် စတင် ဆောင်ရွက်ရမည်ဖြစ်ပြီး သည့်နောက်တွင် ကိယက်ဗ်မြို့ရှိ (Institute of
Physics) မှ ပစ္စည်းများကို တမျိုးပြီး တမျိုး ဖယ်ရှားရှင်းလင်းသွားရမည် ဖြစ်ကြောင်း၊
ပစ္စည်းအမျိုးမျိုးနှင့်ပတ်သက်၍လည်းကောင်း (Electron Gaz) မှ ပို၍ ခက်ခဲသော အခြေအနေ
အမျိုးမျိုးနှင့်ပတ်သက်၍လည်းကောင်း မည်သို့ဖြေရှင်းရမည်ကို နှစ်ဖက်စလုံး နည်းလမ်းများ ရှာထားရမည်
ဖြစ်ကြောင်း ပြောကြားပြီး စီမံချက်ကို လုပ်သွားရင်း နှစ်ဖက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကာ
ပြဿနာများ ဖြေရှင်းသွားရန်လိုကြောင်း နိဂုံးချုပ် ပြောကြားခဲ့သည်။ 

နေတိုး ငြိမ်းချမ်းရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၏ လက်နက်ဖျက်ဆီးရေး စီမံချက်လုပ်ငန်း


(NATO Partnership for Peace Destruction Project)

၄၇။ (U) (PM/WRA) ၏လက်ထောက် ညွှန်ကြားရေးမှူး စတီဗင်ကော့စတနာ (Steven Costner) က


နှစ်ဖက်စလုံး က နောက်နေ့တွင် နည်းပညာဆိုင်ရာ ကိစ္စများကို အသေးစိတ်ဆွေးနွေးကြမည်ဖြစ်သော်လည်း
မိမိအနေနှင့် အများရှေ့တွင် လုပ်ငန်းအကျဉ်းချုပ်ကို တင်ပြလိုကြောင်း၊ စီမံချက်၏ အဆင့်-၁ (Phase I) အဖြစ်
အငယ်စား၊ အပေါ့စားလက်နက် (SA/LW) တန် (၄ဝဝ, ဝဝဝ) အနက် တန် (၁၅, ဝဝဝ) ကို စတင်
ဖျက်ဆီးပစ်ရန် စီမံကိန်းရေးဆွဲထားသော (NATO နှင့် အမေရိကန်တို့က ခေါင်းဆောင်နိုင်ငံအဖြစ် ပြန်လည်

15 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

ပြင်ဆင်ထားသော စီမံချက်လုပ်ငန်း၏) မူလအဆင့်(၁) လုပ်ငန်း တွင် အမေရိကန်အစိုးရက


လက်နက်အားလုံးကို မဖျက်ဆီးရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် လက်ရှိ ရန်ပုံငွေကုန်သွား လျှင် ၂ဝ၁ဝ
မတ်လကုန်လောက်တွင် စီမံချက်လုပ်ငန်းကို ရပ်ဆိုင်းလိုက်ရတော့မည် ဖြစ်ကြောင်း၊ ဤပြန်လည်
ပြင်ဆင်ထားသော စီမံကိန်းအရ ခဲယမ်းမီးကျောက် တန် (၆, ဝဝဝ) ကို ဖျက်ဆီးပစ်ရန် ဖြစ်ကြောင်း၊
သတင်းကောင်းမှာ နောက်ဆုံး၌ ခဲယမ်းမီးကျောက် ဖျက်ဆီးမှုလုပ်ငန်းကို စလုပ်ဖြစ်ခဲ့ပြီး ယနေ့အထိ တန်
(၆ဝဝ) ခန့်ကို ဖျက်ဆီးပြီး ဖြစ်ကာ ရရှိနေသော ဘဏ်တိုးကြောင့် နေတိုး ထိန်းသိမ်းရေးနှင့် ထောက်ပံ့ရေး
အေဂျင်စီအဖွဲ့က နောက်ထပ် တန် (၂, ဝဝဝ) ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု တွက်ချက်ခဲ့သည်။ (စုစုပေါင်းဆိုလျှင်
တန် ၈,ဝဝဝ) ဟူသော သတင်းပင် ဖြစ် ကြောင်း၊ အခြား ရန်ပုံငွေထည့်ဝင်သူများအနေနှင့် အတိုးငွေကို
ဤသို့သုံးစွဲ ခြင်းနှင့်ပတ်သက်၍ အတည်ပြု ထောက်ခံပေး ရန် လိုလိမ့်မည် ဖြစ်ကြောင်း၊
တရားဝင်အတည်ပြုပေးမည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ပြင် ခဲယမ်းဖျက်ဆီးခြင်းမှ ပေါ် ထွက်လာသော
အကြွင်းအကျန်များအတွက် မီးပြင်းဖိုများကို အောက်တိုဘာလတွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း၊
ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ယနေ့အထိ တန်ချိန် (၁၃၄, ဝဝဝ) ကို ဖျက်ဆီးပြီး ဖြစ်ကြောင်း၊
ယူကရိန်းအစိုးရကလည်း ဖျက်ဆီးမှု လုပ်ငန်းကို (၁) နှစ်ခွဲရပ်ဆိုင်းထားပြီး နောက်ပိုင်းမှာ နောက်ထပ် တန်
(၅၄, ဝဝဝ) ကို ဖျက်ဆီးမည်ဟု ကတိ ပေးထားကြောင်း၊ ဤသို့ဆိုပါက စုစုပေါင်း (SA/LW) တန် (၁၉ဝ, ဝဝဝ)
ခန့်ကို ဖျက်ဆီးပြီး ဖြစ်နေလိမ့်မည်ဖြစ်ကြောင်း၊ သို့ရာ တွင် စီမံချက်လုပ်ငန်းမှာ ဖျက်ဆီးရန်
ရည်မှန်းထားသည်ထက် ဖျက်ဆီးနိုင်ခဲ့သော လက်နက် အလက်ပေါင်း (၂၁ဝ, ဝဝဝ) လျော့နည်းကြောင်း
ပြောကြားခဲ့သည်။

၄၈။ (U)  ကို့စတနာ (Costner) က (SA/LW) လက်ကျန်စာရင်းမှာပါသော လက်နက်များကို အမေရိကန်က


သုံးမရတော့ သော လက်နက်များအဖြစ် ကျေနပ်လက်ခံနိုင်ပါက ဤစာရင်းကို ရောင်းရန်
လက်နက်စာရင်းမိတ္တူပွား အဖြစ် ပြောင်း၍ ရနိုင်-မရနိုင် သိလိုပါသည်ဟူသော ယူကရိန်း၏ တင်ပြချက်ကို
အမေရိကန်အစိုးရက အလေးထားပါကြောင်း၊ သဘော တူညီချက်ရပါက အမေရိကန်အစိုးရနှင့် နေတိုးတို့က
လက်နက်ဖျက်ဆီးခြင်း စီမံချက်လုပ်ငန်းကို ဆက်လက် ဆောင်ရွက် ကာ၊ မူလသတ်မှတ်ထားသည့်အတိုင်း
ခဲယမ်းမီးကျောက် တန် (၁၅, ဝဝဝ) ကို ဖျက်ဆီးသွားမည် ဖြစ်ကြောင်း၊ သို့ရာတွင် သူက
အမေရိကန်ဥပဒေသည် ဤကိစ္စနှင့်ပတ်သက်၍ တင်းကြပ်ကြောင်း၊ လက်နက်ကျွမ်းကျင်သူများကလည်း
နောက် နေ့မှာ ရောက်နိုင်ချင်မှ ရောက်နိုင်မည်ဖြစ်ကြောင်း အလေးအနက် ပြောကြားကာ ဤကိစ္စတွင် နှစ်ဖက်
ရွေးစရာ (၂) လမ်း ရှိကြောင်း၊ ၎င်းတို့မှာ (၁) ယူကရိန်းအနေနှင့် မူလ သဘောတူထားသည့်အတိုင်း
လက်နက်များကို ဖျက်ဆီးသွားရန် (၂) စီမံချက်လုပ်ငန်းကို အထက်မှာ ဖေါ်ပြခဲ့သည့်အတိုင်း ရပ်ဆိုင်းထားရန်
တို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

၄၉။ (U) နီကိုနင်ကိုက ဖျက်ဆီးပစ်သော ခဲယမ်းမီးကျောက်ပမာဏ စုစုပေါင်းသည် တန် (၈, ဝဝဝ)


အထိတိုးလာလိမ့်မည် ဟူသော သတင်းကောင်းကို တန်ဖိုးထားပါကြောင်း ဖေါ်ပြခဲ့ပြီးနောက် နောက်နေ့တွင်
ကျွမ်းကျင်သူများက ဖြေရှင်းနည်း ရရှိကာ၊ ဖျက်ဆီးရေးမှာ ဆက်လက်အကူအညီ ပေးသွားနိုင်လိမ့်မည်ဟု
မိမိယုံကြည်ကြောင်းကိုလည်း ဖေါ်ပြခဲ့သည်။ (မှတ်ချက်- နောက်နေ့တွင် ယူကရိန်းကျွမ်းကျင်သူများက
လက်နက်လက်ကျန်များကို စာရင်းမိတ္တူပွားထဲ ထည့်မည့်အစား မူလ သဘောတူထားသည့်အတိုင်း
ဖျက်ဆီးရန် ယူကရိန်းအစိုးရ၏ ခွင့်ပြုချက်ရအောင် ဝန်ကြီးများ အဖွဲ့ကို မိမိတို့က အကြံပြုတင်ပြခဲ့ကြောင်း၊
အကယ်၍ ဝန်ကြီးများအဖွဲ့၏ အတည်ပြုချက်ရပါက စီမံချက်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်
သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။)  

ဇီဝခြိမ်းခြောက်မှု လျော့ပါးရေး လုပ်ငန်း (Biological Threat Reduction Initiative)

၅ဝ။ (U) ကျန်းမာရေး ဝန်ကြီးဌာနမှ လဒ္ဒမီလာ မူဟာစကား (Ludmilla Muherska) က ယူကရိန်း၏


ဒေသဆိုင်ရာ  ဆေးရုံဓာတ်ခွဲခန်း (၁၈) ခု ကို အဆင့် တိုးမြှင့်သည့် လုပ်ငန်းများအကြောင်း
အသေးစိတ်တင်ပြခဲ့သည်။ ထို့အပြင် ကျန်းမာ ရေး ဝန်ကြီးဌာနသည် ကာကွယ်ရေးဝန်ကြီးဌာန၊ အခြား
လုံခြုံရေးဌာများနှင့် ပူးပေါင်းကာ ဓာတ်ခွဲခန်းများတွင် လုံခြုံရေးကို တိုးမြင့်ခဲ့ကြောင်း၊ ယူကရိန်းအဖို့
ဇီဝခြိမ်းခြောက်မှု လျော့ပါးရေးနှင့် ဤလုပ်ငန်းကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေး အတွက် နောက်ထပ်

16 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

အကူအညီများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

၅၁။ (U) ဗင်တိုင်ပင်က (DoD/CTR) ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဗဟို ရည်ညွှန်း ဓာတ်ခွဲခန်း


[Central Reference Laboratory (CRL)] တခန်းအတွက် နေရာသစ်တခုကို မြန်မြန်ထက်ထက် ရှာပေးပါရန်
ယူကရိန်းအား မေတ္တာရပ်ခံပြီး ယူကရိန်းအနေနှင့် ဤဓာတ်ခွဲခန်းရရှိသည်နှင့် ရောဂါဖြစ်စေသော
အကြောင်းရင်းများ၊ အထူးသဖြင့် အန္တရာယ်ကြီးသော အကြောင်းရင်း များကို အခိုင်အမာ
ဖေါ်ထုတ်သွားရန်လိုအပ်ကြောင်း အလေးတင်း ပြောကြားခဲ့သည်။ 

၅၂။ (U) မူဟာစကားက ယူကရိန်းသည် ဤရှုပ်ထွေးခက်ခဲ့သော လုပ်ငန်းကိစ္စနှင့်ပတ်သက်၍


ဆောင်ရွက်လျက်ရှိနေပါ ကြောင်း၊ (CTR) အတွက် နေရာအတော်များများကို ထည့်သွင်း
စဉ်းစားကြည့်နေပါကြောင်း၊ အချို့နေရာများသည် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေထဲမှာ ရှိနေပြီး
ဤနေရာတခုခုကို ရွေးပါက ဤနေရာကို ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် လိုမည်ဖြစ်ကြောင်း၊
နေရာ တခုခု မကြာခင်မှာ ရွေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ 

ဘေးပန်း ဆွေးနွေးပွဲများ - လုံခြုံရေး အာမခံချက် ဆိုင်ရာနှင့် (START) ဆိုင်ရာ နောက်ဆက်တွဲ ဆွေးနွေးပွဲများ


Security Assurances and START Follow-On

၅၃။ (S) အဏုမြူလက်နက် မပြန့်ပွားရေး ဆွေးနွေးပွဲ အစီအစဉ်များတွင် နီကိုနင်ကိုက လက်ထောက်


ညွှန်ကြားရေးမှူး နေးလ် ကို့ခ်ျနှင့် (၃) ကြိမ် ဆွေးနွေးကာ (START) နောက်ဆက်တွဲ သဘောတူစာချုပ်တွင်
ပါဝင်လိုကြောင်း ယူကရိန်း ဆန္ဒနှင့် ကိယက်ဗ်၏ လုံခြုံရေး ပြဿနာများ အကြောင်းတို့ကို ရှင်းပြခဲ့သည်။
နီကိုနင်ကိုက သူသည် (START) နောက် ဆက်တွဲဆွေးနွေးပွဲများအတွက် ယူကရိန်းကိုယ်စားလှယ်အဖြစ်
ခန့်အပ်ခံခဲ့ရပြီး ကိုယ်စားလှယ်တဦးအနေနှင့် သူသည် အမေရိကန် ကိုယ်စားလှယ်နှင့် ဆွေးနွေးလိုကြောင်း၊
ရုရှားနှင့် ဆက်ဆံရေး မပြေပြစ်သည့်တိုင် သူသည် ရုရှားသံအမတ် အန်တိုနော့ (Antonov) နှင့် (၄)
ကြိမ်တွေ့ဆုံခဲ့ကြောင်း၊ အမေရိကန် အစိုးရက အဘယ့်ကြောင့် အလားတူ ဆွေးနွေးခွင့် မပေးသည်ကို
သူနားမလည်ကြောင်း၊ သူသည် ဂေါ့တင်မိုလာ (A/S Gottemoeller) နှင့် မည်သည့်အချိန်၊ မည်သည့် နေရာမှာ
ဖြစ်စေ တွေ့ဆုံလိုကြောင်း ပြောပြီးနောက် ယခင်က (START) မှာ ယူကရိန်း ပါဝင်ခဲ့သော ကြားဝင်ဆောင်ရွက်
ပေးသူ အခန်းကဏ္ဍများကို သာဓကများအဖြစ်ဖေါ်ပြကာ (START) နောက်ဆက်တွဲ သဘောတူစာချုပ်တွင်
အမေရိကန် နှင့် ရုရှားတို့အကြား ကြားဝင်ဆောင်ရွက်ပေးသူ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးလိုကြောင်း
ယခင်က ပြောဖူးခဲ့သော စကားကို ထပ်လောင်းပြောကြားခဲ့သည်။ နောက်ဆုံး၌ နီကိုနင်ကိုက (START)
နောက်ဆက်တွဲ သဘောတူစာချုပ်တွင် အထူးသဖြင့် (START) အကောင်အထည်ဖေါ်ရေးနှင့်
ယေဘုယျအားဖြင့် အဏုမြူလက်နက် မပြန့်ပွားရေးတွင် ယူကရိန်း ၏ အကျိုးပြုချက်များကို
ထည့်သွင်းဖေါ်ပြပေးရန် မေတ္တာရပ်ခံခဲ့သည်။ ထို့ပြင် သူက ယူကရိန်းကို ဘယ်လာရု့စ်၊ ကာဇက် စတန်တို့နှင့်
တတန်းတစားတည်းထား၍ ထည့်သွင်းထားသည်မှာ တရားမျှတမှု မရှိကြောင်း၊ အကြောင်းမှာ (CIS)
အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ရုရှားပြောသည့် အတိုင်းသာ လိုက်လုပ်ကြခြင်းကြောင့်ဖြစ်ကြောင်း
ဆက်လက်ပြောကြားခဲ့သည်။ 

၅၄။ (S) ကို့ခ်ျက နီကိုနင်ကိုအား အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒမ်းနှင့် ရုရှားဖက်ဒရေးရှင်းတို့


က ပေးထားခဲ့သော ဘူဒါပက် လုံခြုံရေးအာမခံချက်သည် ၂ဝဝ၉ ဒီဇင်ဘာမှာ ပျက်ပြယ်သွားမည့်  (START)
သဘောတူစာချုပ်နှင့် အတူ ပျက်ပြယ်သွားမည်မဟုတ်ကြောင်း၊ ၂ဝဝ၈ မဟာဗျူဟာ ပူးပေါင်း
ဆောင်ရွက်မှုဆိုင် ရာ အမေရိကန်- ယူကရိန်း သဘောတူစာချုပ် (2008 United States-Ukraine Charter on
Strategic Partnership) သည်လည်း အသက်ဝင်နေဆဲဖြစ်ကြောင်း၊ ကိယက်ဗ်မြို့မှာ မကြာသေးမီက
ဒုသမ္မတ ဘိုင်ဒင် ပြောကြားခဲ့သော မိန့်ခွန်း ကလည်း ယူကရိန်း၏ လုံခြုံရေးအတွက် အမေရိကန်၏
ကတိကဝတ်ကို အတည်ပြုထားကြောင်း ပြန်ပြောင်းပြောပြကာ ယူကရိန်းအနေနှင့် အဘယ့်ကြောင့်
နောက်ထပ် ဥပဒေအာဏာတည်သော လုံခြုံရေးအာမခံချက် လိုအပ်နေသည် ဆိုခြင်း ကို ရှင်းပြရန်
မေတ္တာရပ်ခံခဲ့သည်။ ဤအာမခံချက်အားလုံး ရှိနေပါလျက် ယူကရိန်းအနေနှင့် နောက်ထပ် ဘာများ
လိုပါသေးသနည်းဟု မေးခဲ့သည်။ နီကိုနင်ကိုက ယူကရိန်းသည် အမေရိကန်၏ ကတိကဝတ်များနှင့်

17 / 18
အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

ပတ်သက်၍ သံသယ မရှိကြောင်း၊ သို့ရာတွင် ရုရှား၏ ကတိနှင့်ပတ်သက်၍မူ အလွန်စိတ်မအေး ဖြစ်ရကြောင်း၊


ထို့နောက် ရုရှား-ဂျော်ဂျီယာ ပဋိပက္ခနှင့် ယူကရိန်းနိုင်ငံထဲမှာ ရုရှားလူဦးရေ အများအပြား ရှိလာနေခြင်းတို့ကို
ကိုးကားဖေါ်ပြလျက် အကယ်၍ အမေရိကန် ပြည်ထောင်စုက ယူကရိန်းနှင့် လုံခြုံရေး
အာမခံချက်အသစ်တခုကို သဘောတူစာချုပ် ချုပ်ဆိုမည်ဆိုပါက ရုရှားကလည်း ဤသဘောတူစာချုပ်တွင်
ပါဝင် သဘောတူ လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိကြောင်း၊ ဤအချက်သည် ယူကရိန်း၏
ဆန္ဒအစစ်အမှန်ဖြစ်ကြောင်း၊ အမေရိကန်နှင့် သဘောတူစာချုပ် ချုပ်ဆိုခြင်းသည် ရုရှားကိုပါ ဆွဲခေါ်သည့်
ယန္တရားတခု ဖြစ်သည်ဟု ယူကရိန်းက မြင်မိကြောင်း၊ ဤကဲ့သို့သော သဘောတူစာချုပ်မျိုးသည် ယူကရိန်း
လူ့အဖွဲ့ အစည်း၏ အနောက်နိုင်ငံများအပေါ် လိုလားသည့်အပိုင်း နှင့် ရုရှားလိုလားသည့် အပိုင်းဟူသော
အပိုင်း (၂) ပိုင်းလုံးကိုပါ ကျေနပ်စေလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နီကိုနင်ကိုက ဆီဗတ်စ်တိုပို
(Sevastopol) ရှိ ရုရှား၏ ပင်လယ်နက် ရေတပ် အခြေစိုက်စခန်းကိစ္စကို တင်ပြကာ ထိုရေတပ်
အခြေစိုက်စခန်းမှာ ရုရှားက စစ်သားဦးရေ မည်မျှများများ ထား သည်ကို ယူကရိန်းအနေနှင့် မသိနိုင်ကြောင်း၊
ရုရှားသည် ရေတပ်အခြေစိုက်စခန်း အငှားစာချုပ်အရ ခွင့်ပြုထားသော ဦးရေထက်ပို၍ စစ်သားများကို
ထားရှိသည်ဟု မိမိယုံကြည်ကြောင်း၊ ရုရှားက ၎င်း၏ (CFE) ကတိကဝတ်များကို ဆိုင်းငံ့ ထားခြင်းကြောင့်
ယူကရိန်းအဖို့ ဤပြဿနာသည် အထူးအရေးကြီးနေသော ပြဿနာ ဖြစ်နေကြောင်း ပြောခဲ့သည်။ ရုရှား
တို့သည် ယူကရိန်းကို စစ်ရေးအရတိုက်ခိုက်ရေးအတွက် ဤပင်လယ်နက် အခြေစိုက်စခန်းကို ခြေနင်းခုံအဖြစ်
အသုံးချ နိုင်သည်ဟု နီကိုနင်ကိုက အမှန်တကယ်ပင် ရတက်မအေး ဖြစ်နေပါသည်။ (မှတ်ချက်-
ကာကွယ်ရေးဌာန ထောက်လှမ်း ရေး အေဂျင်စီ (Defense Intelligence Agency) ၌
ပိုင်းခြားသုံးသပ်သူများနှင့် ဤကိစ္စကို စိစစ်ကြည့်သော အခါ၌ ပင်လယ်နက် ရေတပ် အခြေစိုက်စခန်းမှာ
ရုရှားစစ်အင်အားများ တိုးချဲ့ထားကြောင်း မတွေ့ရှိရပါ။ လောလောဆယ်၌ (DIA) က ရနိုင်သမျှ
သတင်းအချက်အလက်များကို ပို၍ နှံ့နှံ့စပ်စပ် စိစစ်သုံးသပ်လျက် ရှိသည်။)

၅၅။ (U) ပါဝင်တက်ရောက်သူများ

အမေရိကန်ပြည်ထောင်စု -

ISN ယာယီတာဝန်ခံ လက်ထောက် အတွင်းဝန် (Acting Assistant Secretary) ဗင် တိုင်ပင် Vann Van
Diepen XXXXXXXXXXXX

၅၆။ ISN ယာယီတာဝန်ခံ လက်ထောက် အတွင်းဝန် (Acting Assistant Secretary) ဗင် တိုင်ပင် Vann Van
Diepen ဤကြေးနန်းကို ရှင်းလင်းခွင့်ပြုပေးသည်။

PETTIT

18 / 18

You might also like