You are on page 1of 3

ဦးဖြိုးဝေဝင်းရဲ့ဇနီးဟောင်း၊ ဦးနေဝင်း၏ ချွေးမ

ဒေါက်တာ ဒေါ်ရင်ရင်နွယ်အကြောင်း

ဦးဖြိုးဝေဝင်းရဲ့ဇနီးဟောင်း၊ ဦးနေဝင်း၏ ချွေးမ

ဒေါက်တာ ဒေါ်ရင်ရင်နွယ်အကြောင်း
ယူအန်ကိုပြန်မောင်းထုတ်ခိုင်းတဲ့သူဒေါ်ရင်ရင်နွယ်က
နေဝင်းချွေးမဟောင်း
ဖြိုးဝေဝင်းရဲ့ဇနီးဟောင်း
တိုင်းပြည်ပေါ်စေတနာရှိလို့ပြောတာ
ဟုတ်မဟုတ်တော့မသိဘူး
အဖေရင်း(ကျိုင်းတုံစော်ဘွားသား)ကို
နေဝင်းကထောင်ထဲ၆နှစ်ထည့်ထားတာတောင် ရန်သူသားကိုပြန်ယူရဲတဲ့
စိတ်ဓာတ်ကတော့
အံ့ဩစရာကောင်းတယ်။
..........
ဒါကသူ့ရဲ့ဂုဏ်ပုဒ်နောက်တခု
****
ဒေါက်တာ ဒေါ်ရင်ရင်နွယ် ဆိုတာ
************************
၁၉၈၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်ဒီ ဒုဝန်ကြီး
ဖြစ်သွားတယ်။ တောင်ငူဆောင်က အင်္ဂလိပ်စာပါမောက္ခ ဒေါ်အီးဂျေကံကြီး
ဆီကို သူ့ရဲ့Mazda 929L အသေးနဲ့လာတတ်တယ်။ သူလာရင်
သူ့ယာဉ်မောင်းက ကားကို တောင်ငူဆောင်ရဲ့ပေါ်တီကိုအောက်မှာ
လာရပ်ပေးတယ်။ ဆရာကြီးက ပထမထပ်ကနေလှုပ်လှုပ်
လှုပ်လှုပ်နဲ့ဆင်းလာတော့ သွက်သွက်လက်လက် ကျနော်ကပြေးပြီး

1
ဦးဖြိုးဝေဝင်းရဲ့ဇနီးဟောင်း၊ ဦးနေဝင်း၏ ချွေးမ

ဒေါက်တာ ဒေါ်ရင်ရင်နွယ်အကြောင်း

ကားတခါးဖွင့် ကြိုပေးရတယ်။ ဆရာကြီးဆင်းပြီးရင် သူ့ယာဉ်မောင်းက ကားကို


တောင်ငူဆောင်ရှေ့ကွက်လပ်မှာ သွားရပ်ထားပြီး စောင့်နေရတယ်။
ဘာအစောင့်အကြပ်မှမပါဘူး။ ဆရာကြီးက သူ့ကို ဝန်ကြီးလို့နောက်ခေါ်ရင်
မကြိုက်ဘူး။ “ဆရာပဲခေါ်ပါဗျ၊ ကျနော်နှစ်သက်တာ ဒီဂုဏ်ပုဒ်” လို့
ရယ်ရယ်မောမော ပြန်ပြောတတ်တယ်။ သူပြန်တော့မယ်ဆိုမှ ဆရာကြီးခိုင်းလို့
ကျနော်က သူ့ယာဉ်မောင်းကို အချက်ပြလိုက်ရင် ကားကိုပေါ်တီကိုအောက်
လာထိုးပေးတယ်။ သူ့ယာဉ်မောင်းက ဆင်းပြီးကားတခါးဖွင့်ပေးတယ်။
ကားထဲကနေလက်ပြပြီး ပြန်သွားရော။ ရန်ကုန်တက္ကသိုလ်
စာသင်ဆောင်တွေရဲ့ ဘယ်ပေါ်တီကိုအောက်မှာမှ ဘယ်ပုဂ္ဂိုလ်ရဲ့ကားမျှ
ကျောက်ချရပ်နားထားလေ့ မရှိတာ အစဉ်အဆက်ကျင့်သုံးခဲ့တဲ့ “ယဉ်ကျေးမှု”
ပါ။ အမိန့်ထုတ်မထားဘူး၊ စာတန်းဆိုင်းပုဒ် ချိတ်မထားပါဘူး။ အဲ့ဒါတွေနဲ့
ဆန့်ကျင်ဖက်တခု ပြောပြမယ်။ မန္တလေးဆောင် ဘူမိဗေဒဌာန ပါမောက္ခ
ဦးဘသန်းဟက် (ဟာဂျီမ ပျဉ်းမနားစိန်ဒေါ်ပုရဲ့သားမက်)
လက်အောက်မှာအမှုထမ်းနေတဲ့ Demonstrator သရုပ်ပြဆရာမလေးတဦးပါ။
ဥက္ကဋ္ဌကြီး ဦးနေဝင်းရဲ့ချွေးမဆိုတဲ့ အရှိန်နဲ့ Mazda 323 အနီ ထ/၄၄၄၄ ကို
ကိုယ်တိုင်မောင်းကာ ကျောင်းသို့လာပြီး
ကားကိုမန္တလေးဆောင်ပေါ်တီကိုအောက်မှာ ဘယ်သူ့ကိုမျှဂရုမစိုက်၊
ဘာစည်းကမ်းကိုမျှ မလိုက်နာ၊ ဘာယဉ်ကျေးမှုမျှ နားမလည်ဘဲ တနေကုန်
ကျောက်ချရပ်နာထားလေ့ ရှိပါတယ်။ အဲ့ဒီိလို အမျိုးသမီးတဦးက
နောင်မျိုးဆက်သစ်တို့အတွက် အလွန်အရေးပါသော “ပညာရေးဥပဒေ”
ပြဋ္ဌာန်းဖို့ အကြံပေးတဦးဖြစ်နေတာ အံ့သြဖွယ်ရာ တွေ့လိုက်ရတယ်ဗျာ။
သူကတော့ ကိုဖြိုးဝေဝင်းအရှိန်နဲ့ ဆိုရှယ်လစ်ခေတ်မှာ ရတောင့်ရခဲ နိုင်ငံခြား
ပညာသင်ဆုရပြီး ဒေါက်တာဘွဲ့ရလာခဲ့သော ဒေါက်တာ ဒေါ်ရင်ရင်နွယ်
ပါတဲ့ခင်ဗျား။

ဇန်နဝါရီ ၂၉ ၊ ၂၀၁၅ Patrick Tan ရေးသည်။


2
ဦးဖြိုးဝေဝင်းရဲ့ဇနီးဟောင်း၊ ဦးနေဝင်း၏ ချွေးမ

ဒေါက်တာ ဒေါ်ရင်ရင်နွယ်အကြောင်း

You might also like