You are on page 1of 10

Vitamin D3 ဗီတာမင်ဒီ3

Vitamin D3 ဗီတာမင်ဒီ
၁။ဗီတာမင်ဒီနည်းတဲ့လူကြီးတွေမှာ Osteomalacia အရိုးအား
နည်းရောဂါ ရနိုင်တယ်။ အရိုးတွေနာမယ်။ ကြွက်သားတွေ
ကိုက်ခဲနေမယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ် အချိုးအဆတော့
မှန်ရပါမယ်။ ကယ်လ်စီယမ် များလွန်းရင် နှလုံးနဲ့ ကျောက်ကပ်
ကိုထိခိုက်စေမယ်။
၂။ဗီတာမင် ဒီတွင် ၁-၂-၃-၄-၅ ဟူ၍ ၅ မျိုးရှိသည်။ ၂ နှင့် ၃
ကပိုအရေးပါသည်။ calciferol ဟုလည်း ခေါ်သည်။
ကယ်လ်စီယံနှင့် ဖေါ့စ်ဖါးရပ်စ်ဓါတ်ဆားများ ပျော်ဝင်သွားအောင် နှင့်
အူမှစုပ်ယူစေရန် ဗီတာမင် ဒီ ကလုပ်ပေးသည်။ အရိုးအတွက်
ကောင်းသည်။ နည်းနေပါက ကြွက်တက်ခြင်းဖြစ်စေမည်။
ခုခံအားအတွက်လည်း ပါဝင်သည်။
၃။ဗီတာမင် ဒီ နည်းလွန်းပါက ငယ်လွန်းသည့်ကလေးများတွင်
အရိုးပြော့ Rickets ရောဂါနမည်။ အရိုးများ ပြော့နေပြီး ကောက်
ကွေး နေနိုင်သည်။ လူကြီးများဖြစ်ပါက Osteomalacia နှင့်
Osteoporosis တို့ဖြစ်မည်။ အရိုးကျိုးလွယ်မည်။
၎။ သွေးတိုးအတွက် Vitamin D 400-8,571 IU ပေးတယ်။
၅။ ဝတဲ့လူနာတွေကို တပတ်မှာ 20,000-40,000 IU နဲ့ ၁ နှစ်ကြာ။
၆။ ကြွက်သားနာ-အဆစ်နာတာအတွက် နေ့စဉ် Calciferol 100,000 IU နဲ့
၁၂ လ။
Tint Swe 5.2.2018
Vitamin D3 ဗီတာမင်ဒီ သို့မဟုတ် ဆူပါကြော်ငြာဆေး
1
Vitamin D3 ဗီတာမင်ဒီ3

ဒီအကြောင်းရေးရတာ တလလောက်ရှိပြီ။ ထပ်တင်စရာတွေ တွေ့လို့ပါ။


မင်္ဂလာပါဆရာရှင့် ကျွန်မ အဖေကအသက် ၆၂နှစ်ပါ။ သွေးတိုး
ဆီချိုရောဂါရှိပါတယ်။ FB မှာနာမည်ကြီးနေတဲ့ အားဆေး
ဖြည့်စွက်စာလို့လည်းပြောတဲ့ D3 နဲ့ Super K နှစ်မျိုးကို သောက်မလိ့ဆ
ိုပြီး
ဝယ်လာပါတယ်။ ကျွန်မကတော့ အဲ့ဒီဆေးတွေအကြောင်းလည်း
သေချာမသိတော့ အဖေ့ရောဂါတွေနဲ့ မတည့်မှာလည်းစိုးရိမ်ပါတယ်ရှင့်။
အဖေကတော့ ပြောလို့မရပါဘူး သောက်နေပါပြီ။ အဲ့ဒါကြောင့် ဆရာအနေနဲ့
ဆေးအကြောင်းကောင်းကျိုး ဆိုးကျိုးလေးတွေကို မျှဝေပေးပါဦးဆရာရှင်။့
ကျွန်မကိုလည်း အဖေက အတင်းသောက်ခိုင်းပါတယ်။ ကျေးဇူးပြုပြီး
ဆေးအကြောင်းလေး ရှင်းပြပေးပါဆရာ။ ကျေးဇူးပါဆရာ။
ခဏခဏရေးရတယ်။ FB မှာနာမည်ကြီးနေတဲ့ဆိုတာ လူ ၂ယောက်ထက်ပို
ပြောတာကိုခေါ်တယ်။ D3 ဆိုတာ ဗီတာမင်ဒီနဲ့ Super K ဆိုတာ
ဗီတာမင်ကေဖြစ်တယ်။ ဗီတာမင်ဒီဟာ အရိုးတည်ဆောက်ဘို့အသုံးဝင်တယ်။
ဗီတာမင်ကေကို တချို့ သွေးထွက်ရောဂါအတွက်ပေးတယ်။
ဗီတာမင်ဒီနည်းတဲ့လူကြီးတွေမှာ Osteomalacia အရိုးအားနည်းရောဂါ
ရနိုင်တယ်။ အရိုးတွေနာမယ်။ ကြွက်သားတွေ ကိုက်ခဲနေမယ်။ ဗီတာမင်ဒီနဲ့
ကယ်လ်စီယမ် အချိုးအဆတော့ မှန်ရပါမယ်။ ကယ်လ်စီယမ် များလွန်းရင်
နှလုံးနဲ့ ကျောက်ကပ်ကိုထိခိုက်စေမယ်။ အရင်က မေးကြလို့ ဗီတာမင်ဒီ
အကြောင်း ရေးထားတယ်။
ဆရာရှင့် မင်္ဂလာပါ။ အခု fb ပေါ်မှာ ဆရာဝန်မကြီးတယောက်ရဲ့ အာဘော်
ကြောင့် ကင်ဆာလူနာတော်တော်များများ Vitamin D3 ကို တနေ့ 10000IU
နဲ့ Vitamin K ကိုမဖြစ်မနေသောက်သုံးရမယ်ဆိုပြီး သောက်နေ ကြတာတွေ့ရ
ပါတယ်။ နောက်ထပ် recurrence ပြန်မလာ အောင်လို့ပြောပါတယ်။ အဲ့ဒါ
ဟုတ်ပါသလား။ ကျွန်မတို့ ကင်ဆာကုသပြီးသူ လူနာတွေအနေနဲ့ တကယ်ပဲ
သောက်သင့်ပါသလား။ ကျွန်မတို့ကိုကုသပေးတဲ့ စင်ကာပူက ဒေါက်တာတွေ

2
Vitamin D3 ဗီတာမင်ဒီ3

လဲမညွှန်ကြားလို့ ဒွိဟဖြစ်နေရပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါ


တယ်ရှင်။
ဗီတာမင် (ဒီ) သည် အဆီတွင်ပျော်ဝင်သော စတီရွိုက်ဖြစ်သည်။
နေရောင်ခြည်သည် ဗီတာမင် (အေ) အား အရေပြားတွင် အလိုအလျောက်
(ဒီ) ဖြစ်အောင်ပြောင်းပေးသဖြင့် နေရောင်သင့်တင့်စွာရနေသူများအဖို့
ဗီတာမင် ဒီ သောက်စရာမလိုပါ။ ဗီတာမင် ဒီတွင် ၁-၂-၃-၄-၅ ဟူ၍ ၅
မျိုးရှိသည်။ ၂ နှင့် ၃ ကပိုအရေးပါသည်။ calciferol ဟုလည်း ခေါ်သည်။
ကယ်လ်စီယံနှင့် ဖေါ့စ်ဖါးရပ်စ်ဓါတ်ဆားများ ပျော်ဝင်သွားအောင်နှင့်
အူမှစုပ်ယူစေရန် ဗီတာမင် ဒီ ကလုပ်ပေးသည်။ အရိုးအတွက်ကောင်းသည်။
နည်းနေပါက ကြွက်တက်ခြင်းဖြစ်စေမည်။ ခုခံအားအတွက်လည်း ပါဝင်သည်။
ဗီတာမင် ဒီ နည်းလွန်းပါက ငယ်လွန်းသည့်ကလေးများတွင် အရိုးပြော့
Rickets ရောဂါနမည်။ အရိုးများ ပြော့နေပြီး ကောက်ကွေးနေနိုင်သည်။
လူကြီးများဖြစ်ပါက Osteomalacia နှင့် Osteoporosis တြို့ ဖစ်မည်။
အရိုးကျိုးလွယ်မည်။
အသက် ၁၃ နှစ်အောက် 5 mcg (200 IU) မှစ၍ အသက်ကြီးသူများအား 10
mcg (400 IU) နှင့် ၇ဝ ကျော်များအား 15 mcg (600 IU) ပေးသင့်သည်။
နေရောင်မရသူများအား တနေ့လျင် 25 μg (1000 IU) ပေးသင့်သည်။
ဗီတာမင်ဒီကြွယ်ဝသည့်အစားအစာများမှာ ငါးဖြစ်သည်။ ငါးကြီးဆီ၊ အမဲအသဲ၊
ဒိန်ခဲ၊ ကြက်ဥအဝါ တို့တွင်လည်း ပေါကြွယ်သည်။
အရိုးကျိုးကာကွယ်ဘို့ရာ Vitamin D 400-1,100 IU ပေးတယ်။ Vitamin D2
300,000 IU ကို တနှစ်တခါ၊ ၃ နှစ်ကြာ သွေးထဲထိုးပေးတယ်။ ဗီတာမင် (ဒီ)
နည်းနေတဲ့ရောဂါအတွက် တနေ့မှာ အနည်းဆုံး 1,000 IU (25
micrograms) ပေးတယ်။ ဒိထက်များပြီး နေ့စဉ် Vitamin D 50,000 IU နဲ့ ၆
ပါတ်ပေးပြီး စမ်းသပ်မှုလုပ်တာရှိတယ်။ Vitamin D 300,000 IU ကို ၆
ပါတ်တခါ၊ တနှစ်မှာ ၃ ကြိမ်။ အူမကြီးကင်ဆာနဲ့ နှလုံးသွေးကြောရောဂါ
တွေကို ကာကွယ်ဘို့ နေ့စဉ် 1,000 IU ပေးတယ်။ ဆီးချို (၂) အတွက် 400-
3
Vitamin D3 ဗီတာမင်ဒီ3

5714 IU ကို ၂ လကနေ ၇ နှစ်အထိပေးတယ်။ Vitamin D2 ၄ လတခါ


100,000 IU ၂၆ ပါတ်ကြာ။ ဒါမှမဟုတ် နေ့စဉ် Vitamin D3 10
micrograms နဲ့ ၂၄ လကြာပေးတယ်။ သွေးတိုးအတွက် Vitamin D 400-
8,571 IU ပေးတယ်။ သွေးထဲ ကယ်လ်စီယမ်နည်းနေသူကို Calcitriol 0.25
micrograms နဲ့ ၄-၈ ပါတ်ကြာ။ ဟိုက်ပိုပါရာသိုင်းရွိုက်ရောဂါအတွက်
Dihydrotachysterol 0.75 milligrams ကနေစပေးပြီး 2.5 milligrams
အထိတိုးပြီး ရက်ကြာကြာ ပေးတယ်။ သက်သာရင် 0.2-1 milligram နေ့စဉ်
ပေးတယ်။ ဒါမှမဟုတ် Ergocalciferol 50,000-200,000 IU + Calcium
lactate 4 grams of ကို တနေ့ ၆ ကြိမ်လဲ ပေးနိုင်တယ်။
စိတ်မူရောဂါအတွက် 400-800 IU နေ့စဉ် ၁ လကြာ။ ဝတဲ့လူနာတွေကို
တပတ်မှာ 20,000-40,000 IU နဲ့ ၁ နှစ်ကြာ။ Multiple sclerosis
ရောဂါရှိသေူတွေကို နေ့စဉ် 10,000 IU နဲ့ ၁၂ ပါတ်ကြာ။ ကြွက်သားနာ-
အဆစ်နာတာအတွက် နေ့စဉ် Calciferol 100,000 IU နဲ့ ၁၂ လ။
Osteoporosis အရိုးအားနည်တာကို Vitamin D3 5,714 IU ဒါမှမဟုတ်
Vitamin D2 10,000 IU နေ့စဉ်၊ ၆ လကြာပေးတယ်။ ပါရာဆိုက်ပိုးဝင်တာကို
40 IU နေ့စဉ် ၅ ရက်။ လူကြီးတွေကို 400 IU of vitamin D + Calcium
800 mg နေ့စဉ်ပေးတယ်။ လူအိုတွေကို Vitamin D3 အပါတ်စဉ် 8,400 IU
နဲ့ ၁၆ ပါတ်ပေးတယ်။ Psoriasis အနာ၊ ခရုသင်းနဲ့ Seborrheic Keratosis
အတွက် Vitamin D analog Calcipotriene ကို တနေ့ ၂
ကြိမ်လိမ်းစေတယ်။ အသက်ရှူလမ်းပိုးဝင်တာကို နေ့စဉ် 2,000 IU/kilogram
နဲ့ ၃ ရက်ပေးတယ်။ Rheumatoid arthritis အဆစ်နာအတွက် တပတ်မှာ
Vitamin D 50,000 IU နဲ့ ၁၂ ပါတ်ပေးတယ်။ တီဘီအတွက် Vitamin D2
10,000 IU တကြိမ် ပေးတယ်။ ဗိုင်းရပ်စ်ပိုးဝင်တာအတွက် Vitamin D 800
IU နေ့စဉ်နဲ့ ၂ နှစ်ကြာပေးတယ်။

4
Vitamin D3 ဗီတာမင်ဒီ3

Vitamin D toxicity ဗီတာမင် (ဒီ) များခြင်း


ရှားတယ်။ နေရာင်နဲ့ထိတွေ့လို မဖြစ်စေပါ။ အသက် ၁၄-၇၁ နှစ်ရှိသူတွေဟာ
ခံနိုင်ရည် 4000 IU/day ရှိတယ်။ 1250 micrograms/day (50,000 IU) ကို
နေ့စဉ် ကြာကြာသောက်ရင် အဆိပ်သင့်သလိုဖြစ်နိုင်တယ်။ Primary
hyperparathyroidism ရောဂါရှိနေသူတွေမှာ ပိုဖြစ်နိုင်တယ်။
Hypercalcemia သွေးထဲမှာ ကယ်လ်စီယမ်များနေခြင်းဟာ Vitamin D
toxicity ကိုဖေါ်ပြနေတာဖြစ်နိုင်တယ်။ ဆီးသွားများပြီး ရေငတ်လာမယ်။
မကုဘဲထားရင် ကျောက်ကပ်၊ အသည်း၊ နှလုံးတွေကို ထိခိုက်မယ်။ ၁၂ လ
အောက်ကလေးငယ်လေးတွေဟာ အများဆုံးခံနိုင်တာက 25
micrograms/day (1000 IU) ဖြစ်တယ်။ ဗီတာမင် (ဒီ) များလို့
Hypercalcemia သွေးထဲမှာ ကယ်လ်စီယမ်များတာကို ဖြစ်စေနိုင်တယ်။
စားချင်စိတ်နည်း၊ ပျို့မယ်၊ အန်မယ်၊ ဆီးများမယ်၊ အားနည်းမယ်၊
အိပ်မရဖြစ်မယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်၊ ယားယံမယ်၊ ကျောက်ကပ်အလုပ်
ပျက်မယ်။ ကိုယ်ဝန်ဆောင်ရင်လဲ လိုတာထက် ပိုမပေးသင့်ဘူး။ ကလေးကို
သက်ရောက်ပြီး ဦးနှောက်ကို ထိခိုက်စေနိုင်တယ်။ Vitamin D toxicity
ကြောင့် ကလေးတွေမှာ Mental retardation ဥာဏ်ရည်ထိခိုက်မယ်။
အရိုးတည်ဆောက်မှု ထိခိုက်မယ်၊ ဝမ်းလျှောမယ်၊ စိတ်တိုမယ်၊
အလေးချိန်ကျမယ်၊ စိတ်ဓါတ်ကျမယ်။ ဖြစ်သူတွေကို အဲဒီဆေး ၂ မျိုး
ပေးနေတာတွေ ရပ်ပြစ်ရမယ်။ ကျောက်ကပ်ပျက်စီးတာကို ပြန်ပြင်လို့
မရနိုင်ဘူး။ပြည်ပနိုင်ငံရေးထဲမှာ နယ်စပ်တောမှာသာနေရတဲ့ မိတ်ဆွေတ
ယောက်ရှိတယ်။ သူတို့စခန်းမှာ ရာသီချိန်မှာပေါ်တဲ့ ဂေါ်ရခါးသီးသာ
နေ့တိုင်းလိုလိုစားရတယ်။ ကြာတော့ သူကပြောတယ်။ ကနေ့ဂေါ်ရခါး
သီးဟင်းဆိုရင် အင်္ကျီချွတ်ပြီး နေထဲမှာပဲနေတော့မယ်။ ဗီတာမင်ဒီတော့
ရမယ်တဲ့။နေရောင်အရနည်းတဲ့နေရာဒေသတွေမှာ ဗီတာမင်ဒီနည်းကြတယ်။
ဆေးသုတေသနတွေကလည်း အဲလိုတိုင်းပြည်က များတယ်။ မြန်မာပြည်မှာ
နေရောင်နည်းသွားပြီလား မသိပါ။ ကြောငြာတွေမှာရေးတာတွေကို

5
Vitamin D3 ဗီတာမင်ဒီ3

ချင့်ယုံကြစေချင်တယ်။ ဝိုင်ကောင်းကြောင်းရေးကြတာတွေကိုတော့
ဗီတာမင်ဒီ ရောင်းချင်သူက လိုက်မမီနိုင်ပါ။ ဆောရီး။
1. Calcium
(ကယ်လ်စီယမ်) http://doctortintswe.blogspot.com/2014/12/calcium
.html
2. Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-
medicaleducation.blogspot.in/…/calcium-blood-tes…
3. Calcium အမျိုးသမီး၊ ကလေးနဲ့
ကယ်လ်စီယမ် http://doctortintswe.blogspot.com/2016/03/calcium.h
tml
4. Cramps ကြွက်တက်ခြင်း http://dts-
medicaleducation.blogspot.com/…/06/cramps_06.html
5. D3 and Super K နာမည်ကြီးနေတဲ့ဆေးဆိုတာ
ဘာလဲ https://doctortintswe.blogspot.com/2014/11/vitamin-d.html
6. Vitamin D and Flu ဗီတာမင်ဒီ နဲ့
တုပ်ကွေး http://doctortintswe.blogspot.com/…/…/vitamin-d-and-
flu.html
7. Vitamin D pills could stop colds or flu ဗီတာမင်ဒီကနေ အအေးမိ-
တုပ်ကွေးကို ကုသနိုင် http://doctortintswe.blogspot.com/…/vitamin-
d-pills-could-s…
8. Vitamin D ဗီတာမင်
(ဒီ) http://doctortintswe.blogspot.com/2014/11/vitamin-d.html
ဒေါက်တာတင့်ဆွေ
၎-၂-၂ဝ၁၈

6
Vitamin D3 ဗီတာမင်ဒီ3

Vitamin D and Flu ဗီတာမင်ဒီ နဲ့


တုပ်ကွေး

ဆရာရေ ကျမက အမေရိကမှာ pharmacist (ဆေးဝါးကျွမ်းကျင်သူ) ပါ အခု


Vitamin D (ဗီတာမင်ဒီ) သောက်ရင် H1N1 ကိုကာကွယ်နိုင်တယ်ဆိုပြီး to
be better health facebook page
https://www.facebook.com/knwcontribution/ ကိုရေးတဲ့
အမကြီးကရေးထားလို့ လူတွေ အရမ်း လိုက်ဝယ်နေကြတာ out of stock
(ရောင်းမလောက်) ဖြစ်တဲ့အထိပါပဲ။ 4 years (၄ နှစ်)
သောက်ရတာကိုလည်း ၁ နှစ်ရတယ်ဆိုပြီး ပြောထားပါတယ် ဒါပေမယ့်v
itamin D က fat soluble vitamin (အဆီမှာပျော်ဝင်တဲ့ ဗီတာမင်)
မို့လိုတာထက်ပို မသောက်သင့်ပါဘူး မသိပဲလိုက်သောက်နေရင် ကလေးတွေ
ပဲ overdose ဖြစ်ကြမှာပါ မတော်တရား စီပွားရှာတဲ့သူတွေကလည်း
လိုက်ရောင်းနေကြပါတယ်။ အဲဒါ ဆရာ့အနေနဲ့ ရေးပေးစေလိုပါတယ်။
ကျမလည်း ရေးပြီးပါပြီ ဒါပေမယ့် louder voice heard (ကျယ်တဲ့အသံ
ပိုကြားရ) ဆိုတဲ့အတိုင်း ဆရာလည်း ကူညီပြီးရေးပေးပါဦး။ ကျေးဇူး
အထူးတင်ရှိပါတယ်။

ရမ်းမရေးသင့်တာမို့ အင်တာနက်မှာ ရီဆာ့ခ်ျလုပ်ကြည့်ပါတယ်။


၁။ ဗီတာမင်ဒီဟာ ခုခံအားစနစ်မှာ အရေးပါတာမှန်ပါတယ်။
ဗီတာမင်ဒီနည်းနေသူတွေက တုပ်ကွေးပိုဖြစ်တယ်လို့ လေ့လာမှုတချို့က
ဆိုပါတယ်။
7
Vitamin D3 ဗီတာမင်ဒီ3

၂။ တုပ်ကွေးရာသီဟာ ယူအက်စ်လိုနိုင်ငံမှာတော့ ဆောင်းရာသီဖြစ်တယ်။


အဲဒီကာလတွေမှာ လူတွေသွေးထဲမှာ ဗီတာမင်ဒီ နည်းနေတာတွေ့ရတယ်လို့
၂ဝဝ၆ ခုနှစ်ကသုတေသနတခုကဆိုတယ်။ သုတေသနလေ့လာမှုထဲက
ကိန်းဂဏန်းတွေကို ထည့်မရေးတော့ပါ။
၃။ အရိုးအားနည်းနေတဲ့လူနာတွေကို ဗီတာမင်ဒီများများပေးကြည့်တော့
ခြေထောက်အလုပ်ပိုလုပ်နိုင်တာ မတွေ့ရပါ။ လိမ့်ကျတာလည်း
ပိုနည်းတာမတွေ့ရပါ။

ကျွန်တော့်သုံးသပ်ချက်
၁။ တုပ်ကွေးရာသီဖြစ်တဲ့ ဆောင်းရာသီမှာ လူတွေက အပြင်မထွက်ကြလို့
နေရာင်နဲ့ ထိတွေ့မှုနည်းလို့ ဗီတာမင်ဒီ နည်းနေတာ ဖြစ်ပါမယ်။
နည်းတာဖြည့်ပေးရင် ကောင်းပါတယ်။
၂။ H1 N1 အပါအဝင် တုပ်ကွေးကာကွယ်ရေးလမ်းညွှန်ထဲမှာ ဗီတာမင်ဒီ
သောက်ပေးပါလို့ တခုထဲမှာမှ မပါရှိပါ။
၃။ ဆေးကုမ္ပဏီတွေက ဆေးရောင်းကောင်းအောင် ဆေးသုတေသန
သတင်းတွေ အမြဲလုပ်လေ့ရှိပါတယ်။ ပိုက်ဆံပါပဲ။
ကျွန်တော့်အသံလည်း ဆေးကုမ္ပဏီတွေထက်တော့ မကျယ်လောက်ပါ။
Smile!

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၇
ညနေ ၇ နာရီ၊ ၅၇ မိနစ်။

8
Vitamin D3 ဗီတာမင်ဒီ3

Vitamin D pills could stop colds or flu


ဗီတာမင်ဒီကနေ အအေးမိ-တုပ်ကွေးကို ကုသနိုင်
ကနေ့ထွက်တဲ့ သတင်းဖြစ်တယ်။ ယူကေနိုင်ငံတခုတည်းမှာ အအေးမိတာနဲ့
တုပ်ကွေးမိတာ နှစ်စဉ် လူပေါင်း ၃ သန်း ရှိတယ်။ နေရာင်ကနေရတဲ့
ဗီတာမင်ဒီဟာ အရိုးအတွက်အလွန်အရေးပါတယ်။
ခုခံအားစနစ်အတွက်လည်း အသုံးဝင်တယ်။ ကြွက်သားအတွက်လည်း
ကောင်းတယ်။ နည်းတဲ့သူတွေ အစားအသောက်မှာ ဗီတာမင်ဒီပါဘို့လိုတယ်။
ဗီတာမင်ဒီဆေးသောက်ဘို့လိုတယ်။ လေ့လာမှုကို ၂၅ နေရာမှာ လူပေါင်း
၁၁၃၂၁ ယောက်ကိုလုပ်ခဲ့တယ်။

ဗီတာမင်ဒီနည်းတဲ့လူကြီးတွေမှာ Osteomalacia အရိုးအားနည်း ရောဂါ


ရနိုင်တယ်။ အရိုးတွေနာမယ်။ ကြွက်သားတွေ ကိုက်ခဲနေမယ်။ ဗီတာမင်ဒီနဲ့
ကယ်လ်စီယမ် အချိုးအဆတော့ မှန်ရပါမယ်။ ကယ်လ်စီယမ် များလွန်းရင်
နှလုံးနဲ့ ကျောက်ကပ်ကိုထိခိုက်စေမယ်။ဗီတာမင်ဒီကနေ အအေးမိ-
တုပ်ကွေးကို ကုသနိုင်တယ်လို့အထိတော့ ကောက်ချက်မချနိုင်သေးပေမယ့်
စမ်းသပ်သူတွေမှာ ကောင်းတာတွေ့ရတယ်။
Vitamin D ဗီတာမင်
(ဒီ) http://doctortintswe.blogspot.com/2014/11/vitamin-d.html
Calcium blood test (ကယ်လ်စီယမ်)
စစ်ဆေးခြင်း http://doctortintswe.blogspot.com/…/calcium-blood-
test_29.h…
Calcium(ကယ်လ်စီယမ်) http://doctortintswe.blogspot.com/2014/12/
calcium.html
ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၇
http://www.bbc.com/news/health-38988982
9
Vitamin D3 ဗီတာမင်ဒီ3

10

You might also like