You are on page 1of 4

H...

h
မိန်းမတို့ ဘု န်း ဆံ ထုံ းတဲ့ ။
တစ်နေ့ တစ်နေ့ မို းလင်းလာလည်း ဒီဆံ ပင်ကို အစအဆုံ းဖီးနို င်ဖို့ အချိန်ပေးရတယ်။
မို းချုပ်ပြန်တော့ လည်း ညအိပ်ခါနီး ဆံ သားပျက်စီးမှ ာ စို းလို့ သေချာရှ င်းလင်းဖီးသင်ပြီးမှ အိပ်ရတယ်။

အမေဖြစ်သူ ကတော့ သမီးမိန်းကလေးမို့ ဆံ ပင်အရှ ည်နဲ့ မြင်နေချင်တာ ထားပါတော့ ။


ဒါပေမဲ့ ချစ်သူ ဖြစ်သူ ကပါ ကို ယ့် ခေါင်းမှ ာ ရှိတဲ့ ဆံ ပင်ကို သူ့ပို င်ပစ္စည်းလို သည်းသည်းလှုပ်ဖြစ်ပြနေတာတော့ ဆန်းပါတယ်။

တခါကဆို ရှေ့က ဆံ ပင်လေး ဘေးကျပြီး မျက်စိထို းအောင် ရှ ည်နေလို့ အတိလေးညီအောင် ညှ ပ်လို က်မိပါတယ်။

တစ်ညလုံ း ဖု န်းဆက်ပြီး ဆံ ပင် အကြောင်းပြုကာ ရစ်ရှ ာတယ်လေ။

`` မောင်ရယ် .. နင် ဖု န်းဘလ် ကု န်ခံ နို င်တာ အရေးမကြီးဘူ း ငါ မနက် အလု ပ်ရှိသေးတယ် ´´

ဆို ပြီး ဖု န်းချဖို့ ဟန်ရေးပြင်တော့ ကို ယ်တော်ချောက တစ်ဖက်ကနေ ပိတ်အော်လို က်တာ ဒီဘက်က နားထောင်ရသူ နားကွဲမတတ်ပါပဲ။

မဟု တ်မခံ တွေ ပြန်ပြောတော့ ကတောက်ကဆတွေ ဖြစ်ရော ဆို ပါတော့ ။

`` နင်က မနက် အလု ပ်ရှိသေးတယ် ဆို တော့ ငါက အလု ပ်လက်မဲ့ မလို့လား အခု က မပြောမဖြစ် မလို့ ...´´

ဆို ပြီး ဆက်ပြောလို က်တာ ဆို တာ နောက်တော့ နားထောင်ရင်း ဖု န်းလည်း လက်က လွတ်ကျပြီး ဘယ်အချိန် အိပ်ပျော်သွားတယ် မသိပါ
ဘူ း။
ပြန်နို းလာတော့ မို းစင်စင်လင်းနေပြီ။
တော်တော်အိပ်ရေး ပျက်ခဲ့ တဲ့ ညပေါ့။

ဒီလို နဲ့ ရှေ့ဆံ ပင်ဖျားလေး တိရာကနေ စကားမပြောနေဖြစ်လို က်ကြတာ နှ စ်ပတ်လောက်တောင် ကြာသွားဖူ းတယ်။

သူ နဲ့ကို ယ့် ကြား ဖြစ်စရာ ပြဿနာဆို လို့ အဲ့ လို ဆံ ပင်က အခြေခံ စဖြစ်တာပဲ များပါတယ်။

အကြောင်းအပေါင်းသင့် လို့ လက်ထပ်ဖြစ်ခဲ့ ရင်တော့ မင်္ဂ လာဆောင်ပြီးတဲ့ နေ့ ကတုံ း တုံ းပစ်ရကောင်းမလား လို့ စဉ်းစားမိတယ်။

တကယ်တော့ သူ့အလု ပ် ကို ယ့် အလု ပ်နဲ့ များပြားလှ တဲ့ တာဝန်တွေကြားထဲက တွေ့ရတာဆို လို့ တစ်ပတ်တစ်ခါလောက်ပဲရှိတာပါ။

`` ခေါင်းလေးလျှော်ပြီး ဆံ ပင်လေး ချလာခဲ့ နော် ချစ် ´´

တွေ့ခါနီး ဖု န်းဆက်ရင် ဒီစကားလေးကို မမေ့ မလျော့ မှ ာရတာက အမောပဲ။


ကို ယ်ကလည်း ခပ်ရွဲ့ ရွဲ့ပဲ လေ။

`` မောင်ရယ် အဲ့ လောက် ဆံ ပင်အရှ ည်ကြိုက်ရင်လည်း ဆံ ရှ ည်ကို ယ်တော်လေး လု ပ်နေပါလား ဟင် ´´

`` ဘာဆို င်လို့လဲကွ ငါက ရော်ကာ( rocker ) မှ မဟု တ်တာ ´´

`` ရော်ကာတွေ ဘာတွေ ပြောမနေပါနဲ့ မောင်ရာ အရင် ဟို းတု န်းက လူ ကြီးတွေဆို ဆံ ထုံ းတောင် ထုံ းသေးတာလေ နေကြည့် ပါ
လား ရှေ းဆန်တာပေါ့ မောင် ´´

သူ့မျက်မှေ ာင်ကြုပ်ကြည့် ရင် အားရပါးရကို အော်ရယ် ပစ်လို က်တာပဲ။

အတို က်အခံ ဆို တာ နို င်ငံ ရေးမှ ာမှ မဟု တ်ဘူ း။


တခါတလေ ချစ်သူ တွေကြားမှ ာလည်း အဲ့ ဒီလို ရှိတာပဲလေ။

`` ဘာလို့ ချစ်တာလဲ မောင် ´´

`` မသိပါဘူ း အဲ့ ဒီနေ့က ချစ်က ညနေခင်းလေး ဆံ ပင်လေး ဖြန့်ချပြီး လမ်းလျှောက်လာတာ မြင်တော့ စချစ်မိတာပဲ ´´

ဆံ ပင်သာ ဖြန့်ချပြီး လမ်းမလျှောက်လာရင် မချစ်မဲ့ သဘောရှိနေတယ်။

တကယ်တော့ ဆံ ပင်အရှ ည်ထားရတာ လွယ်တာမှ တ်လို့။


ဆောင်းတွင်းဘက် ခေါင်းလျှော်တဲ့ အခါများဆို အေးလွန်းလို့ လေဖြတ်သေမှ ာ စို းရိမ်ရတယ်။
အလု ပ်တစ်ဖက်နဲ့ ဒီဆံ ပင်ရှ ည်ကြီးကို ညှ ပ်ချင်လာတာ ကြာနေပြီပေါ့။
ထားချင်လို့ ထားပြီး အမြတ်တနို းမွေးထားမိတဲ့ ဆံ ပင်လည်း မဟု တ်ပါဘူ းလေ။
အလု ပ်များ လို့ ဆံ ပင်ညှ ပ်ဆို င် မရောက်ဖြစ်ရင်းကနေ ရှ ည်မှ န်းမသိ ရှ ည်လာတဲ့ ဆံ ပင်ပေါ့။
အခု ညှ ပ်ချိန်ကျတော့ ကို းလို့ကန့်လန့်တွေကို ဖြစ်လို့နေတာပဲ။

သူ ကတော့ တစ်နေ့ တစ်နေ့ ဆံ ပင်အရှ ည်ကြီးကို တယု တယ ဖွဲနွဲ့နေရတာ အမောပဲ။

`` မြန်မာမိန်းကလေး ဆို တာ ဆံ ပင်ရှ ည်လေးနဲ့မှ ´´

ကြာတော့ လည်း ဒီအပြောတွေက ကြားရတာ ငြီးငွေ့လာပြီလေ။


ချစ်သူ သက်တမ်းကလည်း ကြာနေပြီ မဟု တ်လား။
သူ့ပါးစပ်က ဆံ ပင်အကြောင်းပြောရင်ကို သည်းမခံ နို င်ဖြစ်လာပြီ။

ိူ ု တတ်နို င်သရွေ့ ချစ်တော့ ချစ်ရှ ာပါတယ်။


လူ ကို ချစ်တာလား။ဆံ ပင်ကို ချစ်တာလား မသိတာပဲရှိတယ်။

ဒီလို နဲ့ တစ်နေ့တော့ ဆုံ းဖြတ်ချက်တစ်ခု ကို ခို င်မာစွာ ချရတယ်။


စစ်ဆို တာ ကြေငြာပြီး ဖြစ်မှ လည်း ပို မို တရားသည် မဟု တ်လား။

`` ဆံ ပင် ညှ ပ်တော့ မယ် မောင် ´´

`` ဘာ ´´

သူ့အော်သံ က ကျယ်လွန်းလို့ ကော်ဖီဆို င်က ဘေးဝို င်းမှ ာ ရှိတဲ့ လူ တွေကပါ ဝို င်းကြည့် လာကြတယ်။

``ဆံ ပင် ဖြတ်ပြီး လှူမလို့လေ မောင် ´´

`` ဘာ ဘာပြောတယ် ဒီမှ ာ အလှူလု ပ်တဲ့ နည်းတွေ တစ်ပုံ ကြီးပါဟ နင့် ဆံ ပင် ဖြတ်မှ အလှူဖြစ်မှ ာ တဲ့ လား ´´

`` သြော် မောင်ကလဲ သိသားနဲ့ ဆံ ပင်ဖြတ်ပြီး ရတဲ့ ပို က်ဆံ ကို မှ အလှူထဲ ပြန်ထည့် တာလေ ´´

`` နင့် ဆံ ပင် ရောင်းပြီး လှူရင် ဘယ်လောက် ရမှ ာ မလို့လဲ ... ပြော ငါ့ကို ဘယ်လောက်မလို့ လဲ ´´

`` အင်း ဒါကတော့ ´´

`` အို ကွာ ကြာပါတယ် လာ ခု လို က်ခဲ့ ´´

့ လက်ကို ဆွဲခေါ်သွ ားပုံ က မြန်လို က်တာဆို တာမှ လူ ကို ဆွေ့ခနဲ ပါသွားတာပါပဲ။


ဘယ်ရောက်သွားတယ် မှ တ်နေလဲ။
ဆံ ပင်အရောင်း အဝယ်လု ပ်တဲ့ ဒို င်ဆီကို ရောက်သွားတာလေ။

`` ဒီမယ် အဒေါ်ကြီး ဒီမိန်းကလေး ဆံ ပင် ဘယ်လောက်ရမလဲဗျ ´´

ဟို ဘက်ကလည်း ဘာမြန်သလဲ မမေးနဲ့။ကပ်ကြေးကို င်ပြီး ထရပ်လို က်တာ အနားကို ပါ ရောက်ပြီးသားပဲ။

``ဟာ ဟေ့ ဒီမယ် ဆံ ပင်က မညှ ပ်ဘူ းဗျ စျေးမေးတာ ´´

အဒေါ်ကြီး နဲ့သူ့ ကြားမှ ာ မကြည်လင်တဲ့ အမြင်ချင်း ခေတ္တ တို က်မိကြတယ်။

`` ဆံ ပင်က ကောင်းတာပဲ စျေးကောင်း ရမှ ာပေါ့ ´´

`` ပြောစမ်းပါဗျာ ဘယ်လောက်လဲ လို့ ´´

`` အင်း ဒါကတော့ ´´

အဒေါ်ကြီးက ဆံ ပင်ကို အလေးချိန်တွယ်နေသလို မကြည့် လို က်သေးတယ်။


သူ နဲ့ အဒေါ်ကြီးကြားမှ ာ ရပ်ရင်း ကို ယ့် မှ ာ ဆံ ပင်လေး တပြပြနဲ့ အရူ းကို ဖြစ်လို့ ..။

`` ဒီမယ်ရှ င့် ... မောင် နင် နင် ဟာလေ ... ´´


သူ တို့ ရု တ်တရက် တားချိန် မရလို က်ဘူ း။
အဒေါ်ကြီး လက်ထဲက ကပ်ကြေးကို ရု တ်တရက် ဆွဲယူ ပြီး ညှ ပ်ချပစ်လို က်တယ်။
အသံ က ရွှမ်းခနဲပဲ။

`` ဟာ ဟေ့ ဟေ့ ´´

သူ က လက်ကို ဖမ်းဆွဲလို က်ပေမဲ့ ဆံ ပင်တစ်ဝက်လောက်က ပါသွားပြီလေ။


ကို းရီးယား တူ းအန်အီးဝမ်း အဖွဲ့က ဒါရာ လို မျ ိုး တစ်ဘက်တို တဘက်ရှ ည်တွေ ဖြစ်ကု န်ပြီ။

သူ ကတော့ မျက်ရည်တွေတောင် ဝို င်းလာသလို ပါပဲ။

နောက်တော့ ပို့မယ့် ပို့ ကတို့ရောက်အောင် ပို့ ဆို တဲ့ စိတ်နဲ့ ဆံ ပင်တစ်စည်းလုံ း ကု န်အောင် ညှ ပ်ချလို က်တော့ တယ်။

`` ဟာ ကွာ .. နင် နင် ငါ ဒီလောက် တန်ဖို းထားတဲ့ ဟာကို .. နင် နင် လု ပ်ရက်တယ် ´´

မတတ်နို င်တော့ ဘူ းလေ။


လက်ထဲမှ ာ ဆံ ပင်တစ်ဘက် ကပ်ကြေးတစ်ဖက် ကို င်ထားပြီး သူ့အရပ် ရှ ည်လမျောကြီးကို မော့ ကြည့် ပြုံ းပြလို က်တော့ တယ်။

သူ့မျက်နှ ာ ကတော့ လမို က်ညမှ ာ လငပု ပ်ထပ်ဖမ်းနေသလို ပါပဲ။မဲမဲမှေ ာင် လို့ပေါ့။

အဒေါ်ကြီးက သတိဝင်လာပြီး လက်ထဲက ကပ်ကြေးကို မျက်လုံ းပြူးလေးနဲ့ ဆွဲယူ ရှ ာပါတယ်။


ဒါပေမဲ့ ဖြတ်ပြီးသား ဆံ ပင်ကို ပါ ထပ်ထည့် ပေးလို က်တယ်။

`` ကဲ အန်တီ ဒါ ဘယ်လောက်ရမလဲ ကျွန်မက လှူမှ ာ မလို့ ´´

သူ က နာနာကျည်းကျည်းနဲ့ တစ်ချက်တော့ ကြည့် သွားရှ ာပါတယ်။


နောက်တော့ ချာခနဲ လှ ည့် ထွက်သွားတာပဲ။
နေပါစေ။လို က်ခေါ်ဖို့တော့ စိတ်မကူ းဖြစ်ခဲ့ ဘူ း။
ဒီဆံ ပင်ဆို င်ကို သူ ဆွဲခေါ် လို့ ရောက်ခဲ့ ရတာပဲ။
ဒါ ဖြတ်ဖို့ကို ကံ ပါတာလေ။

နောက်ဆုံ းအကြိမ်လို့ သဘောထားပြီး သူ့ကျောပြင်ကို လွမ်းလွမ်းဆွေးဆွေး တစ်ချက်တော့ လှ မ်းကြည့် ဖြစ်လို က်သေးတယ်။

အဲ့ ဒီနေ့က စလို့ ဆံ ပင်လည်း ဆုံ း ချစ်သူ လည်း ဆုံ းပေါ့။

ဆံ ပင်ရှ ည်တော့ ပြန်မထားဖြစ်တော့ ပါဘူ း။


ဒို င်ယာနာကေလို မျ ိုး သူ နဲ့ကွဲစ က အရင်ထားဖြစ်ခဲ့ သေးတယ်။
အခု တော့ ကု တ်ပေါ်ဝဲကျနေတဲ့ ဆံ ပင် လွင့် လွင့် လေးနဲ့ဖြစ်သွားပြီ။
ခေါင်းလျှော်ပြီး တဘက်နဲ့ သု တ်ပြီးရင် အေးအေးဆေးဆေး ခြောက်သွားတာပဲ။
ပို အဆင်ပြေသွားတယ်။

ဒါပေမဲ့ တစ်နေ့တော့ မထင်မှ တ်ဘဲ ရွှေတိဂုံ ရင်ပြင်ပေါ်က တန်ဆောင်တစ်ခု မှ ာ အချစ်ဟောင်းနဲ့ ပြန်ဆုံ တယ်။
သူ နဲ့အတူ ပါလာတဲ့ ကောင်မလေးကလည်း သူ့စိတ်ကြိုက်ပုံ စံ အတို င်း ဆံ ပင်ရှ ည်လေးကို ကပို ကရို ချထားလို့ပေါ့။

ဘယ်ရလိမ့် မလဲ။ခပ်လှ မ်းလှ မ်းကတည်းက မြင်ပြီး သူ တို့ အတွဲနားထိရောက်အောင် အရင်သွားတယ်။


အနားမှ ာ ထို င်ပြီး ဘု ရားဝတ်ပြုလို က်တယ်လေ။

ဘု ရားဝတ်ပြုပြီး မျက်လုံ းဖွင့် ကာ ခေါင်းလှ ည့် မိရုံ ရှိသေးတယ်။သူ နဲ့ကို ယ်က အကြည့် ချင်းဆုံ နေပြီ။

မီးဝင်းဝင်းတောက် မျက်လုံ းတွေနဲ့ သူ က ကြည့် နေရှ ာတယ်။


မျက်နှ ာကလည်း မီးပူ မတို က်ရသေးတဲ့ စွပ်ကျယ်အင်္ကျီလို တွန့်ကြေနေတာပဲ။

ခပ်မော့ မော့ ပြုံ းပြီးနောက် စပြီး ရယ်မောပြလို က်ပါတယ်။

`` တောက် ´´

ချာခနဲခေါင်းလှ ည့် သွားတဲ့ သူ့ဆီက တောက်ခေါက်သံ ။ချ ိုမြိ န်လို က်တာ ဆို တာမှ လွန်ပါရော။

ပြီးတော့ သူ တို့ မဦးခင်မှ ာ ကို ယ်က အရင်ထရပ်လို က်တယ်။


သွားဖို့ ခြေနှ စ်လှ မ်းလောက် လှ မ်းပြီးမှ သမင်လည်ပြန် ထပ် ကြည့် လို က်ပြီး မို နာလီဇာလို အပြုံ းနဲ့ ပြုံ းပြခဲ့ သေးတယ်။
ကျေနပ်တယ်လေ။

လူ ကို ချစ်မှ န်းမသိ ဆံ ပင်ကို ချစ်မှ န်းမသိ အူ ကြောင်ကြောင်နို င်တဲ့ လူ ..။

ဆွေဇင်နေမင်း

You might also like