You are on page 1of 2

သခင်တင်

သခင် တင်မြ - 'စာမေးပွ'ဲ ဖြေနေရဆဲလား


၂၇ - ၀၁ ၂၀၁၀

(၁) 'စာမေးပွ'ဲ စနစ်ကို စတင်တီထင


ွ်ခ့တ
ဲာ 'ဖဆပလ ဆိုရှယ်လစ်ပါတီအစိုးရ' လက်ထက်ကတည်းကပဲ။ အဲဒီစနစ်ကို အစိုးရအဆက်ဆက်
ကျင့်သုံးခဲ့တာ အခုအထိပ။ဲ
ဟိုတုန်းက - 'စာမေးပွ'ဲ ဖြေရသူတွေက အဖမ်းခံရတဲ့ ကွန်မြူနစ်တွေ ဖြစ်လေ့ရှိတယ်။ 'စာမေးပွ'ဲ စစ်တဲ့သူကတော့
အာဏာအပိုင်ဆုံး ပုဂ္ဂိုလ်ပ။ဲ ဖဆပလ အစိုးရခေတ်မှာ ဦးကျော်ငြိမ်း (ပြည်ထေ
ဲ ရးဝန်ကြီး)၊ စစ်အစိုးရခေတ်တွေမှာတော့ ဗိုလ်အောင်ကြီးတို့၊
မျက်မှန်တင်ဦးတို့၊ ဗိုလ်ခင်ညန
ွ့်တို့ တခါတလေ ဗိုလ်နေဝင်းကိုယ်တိုင် ဖြစ်လေ့ရှိတယ်။ အခုတော့ ဗိုလ်သန်းရွှေဖြစ်မှာပေါ့။
'ချမ်းအေးစစ်တမ်း' 'မသုံးလုံးစစ်တမ်း' 'ဘုံဘဝမှာဖြင်'့ တို့ဟာ စာမေးပွဲအဖြေလွှာတွေပါပဲ။ အောင်မှတ်ရတဲ့ အဖြေလွှာတွေပါ။

(၂) 'စာမေးပွဲစနစ်' ကို ကွန်မြူနစ်န့စ


ဲ ခဲ့တာ ဖြစ်ပေမယ့် နဝတ/နအဖ ခေတ်မှာတော့ စာမေးပွေ
ဲ ဖြရတဲ့သူတွေ များလာတယ်။
ကွန်မြူနစ်တွေချည်း မဟုတ်တော့ဘူး။ ဒီမိုကရေစီရေးလုပ်ဆောင်နေသူတွေ ပါလာတယ်။ စာမေးပွဲစစ်ပုံကလည်း အမျိုးမျိုးအဖုံဖုံ
ဖြစ်လာတယ်။ အစိုးရဧည့်ခံအိမ်မှာခေါ်ပြီးတွေ့တာ၊ လူတွေ့စစ်မေးတာအပါအဝင် ပုံစံအမျိုးမျိုး လုပ်လာနေတယ်။
အခုတော့ ဆောင်းပါးရေးခိုင်းတဲ့ပုံစံနဲ့ လုပ်လာစေတယ်။ သခင်တင်မြက Northern Star ဆိုတဲ့ဂျာနယ်မှာ ဦးကျော်ငြိမ်းနဲ့
ဗိုလ်မောင်မောင်အကြောင်း၊ အလံနီသခင်စိုးအကြောင်းရေးနေရာက အခုတလောမှာတော့ ဗကပ ခေါင်းဆောင်တွေအကြောင်းကို
ရေးလာတာ တွေ့ရတယ်။ 'ဗကပ' အကြောင်းလည်း ရေးဖြေလုပ်စမ်းပါဦးဆိုလို့ (အာဏာပိုင်ကခိုင်းလိ)ု့ ရေးလာတာလို့ ထင်ပါတယ်။
သခင်တင်မြမှာက လက်ရှိ ဗကပ အကြောင်း ရေးစရာရှားတယ်။ ဒီတော့ သခင်သန်းမြိုင်အကြောင်းကို ဂျပန်ခေတ်ကအကြောင်းပဲ
အကျယ်တဝင့် ရေးနိုင်တယ်။ နောက်ပိုင်းကိစ္စတွေကျတော့ 'ဗကပ' ပြိုကွဲပြီး အဖျားထင်းဖြစ်သွားတဲ့ (ရဲဘော်ဟောင်း) တွေရဲ့
'အဖြေလွှာတွေ' ကိုပဲ ကိုးကားပြီး ရေးလိုက်ရတယ်။
မရှိတော့တဲ့ ဗကပ ခေါင်းဆောင်တွေအကြောင်းချည်း ရေးမနေနဲ့ အခုသက်ရှိထင်ရှားရှိနေသူတွေ အကြောင်းလည်းရေးဦးလို့
စာစစ်သူက ပြောပုံရတယ်။ Northern Star (ဇန်နဝါရီ ၂၁, ၂၀၁၀) မှာ 'ဗိုလ်မOှူးချုပ်ဟောင်းကျော်ဇောနှင့်ပတ်သက်၍ (၁)'
ဆိုပြီးရေးလာတယ်။ (၁) လို့ နံပါတ်စဉ်ထိုးထားတော့ ဆက်ပြီးရေးဦးမယ့်သဘောပဲ။

(၃) ဗိုလ်ကျော်ဇော အသက် '၉၀' ပြည့်တ့အ


ဲ ချိန်မှာ 'မွေးနေ့သဝဏ်လွှာ' မရေးဘဲ ဆဲစာရေးတာမှာ သခင်တင်မြက ဒုတိယလူပါ။ ပထမစပြီး
ရေးသူက ကိုကျော်ငြိမ်းရဲ့သား ဘိုဘိုကျော်ငြိမ်းပဲ။ သူရေးတာ စာမျက်နှာ (၉) မျက်နှာတောင် ရှိတယ်။ အရှည်ကြီးပဲ။ သူ့အဖေအတွက်
လက်စားချေချင်တဲ့ အရေးအသားတွေပ။ဲ အဲဒီစာကို သခင်တင်မြလည်း ဖတ်ထားရဟန်ရှိတယ်။
အဲဒီစာတမ်း ဗကပ ရလာတော့ ဗိုလ်ကျော်ဇောနဲ့ သူ့မိသားစုကို 'ဘယ်လိုသဘောရလဲ' လို့ မေးကြည့်ခဲ့တယ်။ "ကိုယ်တိုင်ရေး
အတ္ထုပ္ပတ္တိ" မှာ ရေးပြီးပါပြီ။ အဲဒီစာအုပ်ထက
ဲ အတိုင်းပဲ ရပ်ခံပါတယ်။ တုံ့ပြန်စရာ မလိုပါဘူးလို့ ပြောခဲ့တယ်။ ဒီလို သဘောထားတာ
မှန်ပါတယ်။ ကောင်းပါတယ်။
ဗကပ ကတော့ ပါတီကိစ္စဖြစ်လို့ အချိန်ကျရင် တုံ့ပြန်ရမှာပါ။ အခုတော့ သခင်တင်မြကပါ ဗိုလ်ကျော်ဇောကို အကြောင်းပြုပြီး
ဗကပ ကို ထိုးနှက်လာလို့ သခင်တင်မြကို တုံ့ပြန်ပါတယ်။

(၄) 'ဗကပ' ရဲ့ သဘောထားရှင်းအောင် ပြောထားပါမယ်။ ဗကပ က အတိတ်မှာ နစ်မနေချင်ပါဘူး။ အတိတ်မှာ နစ်နေရင် ပစ္စုပ္ပန်နဲ့
အနာဂတ်ကို မျက်ခြည်ပြတ်သွားနိုင်လို့ပါ။
နအဖ က NLD ကို အကျပ်ကိုင်ချင်နေတာပဲ။ အခုပွဲက သူတို့ (၂) ဦးရဲ့ပွဲပါ။ အခုတလောမှာတော့ 'စစ်ရပ်အဖွဲ့ တွေ' ကိစ္စပါ
ပါလာတယ်။ 'စစ်ရပ်အဖွဲ့ တွေ' က ဗကပ ရဲ့ ရဲဘော်ဟောင်းမိတ်ဆွေဟောင်းတွေပ။ဲ NLD ကို မီးသေအောင် မကိုင်နိုင်လို့ 'လက်နက်ကိုင်
တိုက်ပွဲ' မဖြစ်နိုင်ပေမယ့် 'စစ်ရပ်အဖွဲ့ တွေ' ကို အကိုင်မတတ်ရင်တော့ 'လက်နက်ကိုင်တိုက်ပ'ွဲ ဖြစ်လာလိမ့်မယ်။ ဗကပ က
စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ ကူးပြောင်းရေးကို (ဖြစ်နိုင်ရင်) လိုလားပေမယ့် လက်နက်ကိုင်တိုက်ပန
ွဲ့
ကူးပြောင်းမှ ရမှာဆိုရင်လည်း ဝန်မလေးပါဘူး။ 'လက်နက်ကိုင်တိုက်ပွဲရွေးလမ်း' ကို ဒါကြောင့် အရန်ရွေးလမ်းအဖြစ် သဘောထားနေတာပဲ။

(၅) ဘိုဘိုကျော်ငြိမ်းက သူ့အဖေရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ချင်တာအပြင် သူ့အဖေရဲ့အိမ် (ကချင်ခေါင်းဆောင်တဦးပြောတဲ့


'ဦးကျော်ငြိမ်းနန်းတော်') ကို သူက ဒေါ်လာတွေပုံပေးပြီး ကိုယ်ပိုင်လုပ်ချင်တယ်။ ပြတိုက်လုပ်ချင်တယ်လို့ သိရပါတယ်။ သခင်တင်မြလို
စာမေးပွေ
ဲ ဖြရတာလို့ မထင်ပါဘူး။
ဒါပေမဲ့ ဗိုလ်ကျော်ဇောကို အကြောင်းပြုပြီး ဗကပ ကို ထိုးနှက်တာနဲ့ ဗိုလ်ကျော်ဇောကို သုံးသပ်ပြကြရာမှာတော့
တူညီနေကြတယ်။
ဘိုဘိုကျော်ငြိမ်းက ဗိုလ်ကျော်ဇောကို 'ဗကပ' ဗဟိုက အသုံးချခံလိုက်ရတာပဲလို့ မြင်တယ်။ သခင်တင်မြက 'ဗကပ ကို
ကိုးကွယ်နေသူ' လို့ မြင်တယ်။
သခင်တင်မြက နိုင်ငံရေးပါးဝတယ်။ ဒါကြောင့် အရေးအသားမှာ အနှောင့်အသွားလွတ်အောင် သတိထားတယ်။
ဘိုဘိုကျော်ငြိမ်းကတော့ အဖေတူသားလည်းဖြစ်ပြန် အာဃာတလည်းရှိပြန်တော့ အရေးအသားက ရမ်းတယ်၊ ကြမ်းတယ်။ ထင်ရာစွတ်
တင်တယ်။

(၆) သခင်တင်မြက သခင်ဇင်၊ သခင်ချစ်တို့ ကျဆုံးတာနဲ့ပတ်သက်ပြီး ပြောတာနဲ့ အခု ဗိုလ်ကျော်ဇောနဲ့ပတ်သက်ပြီး ရေးတာမှာ ပါတီထက်
"တိုင်းပြည်နဲ့လူမျိုးကို ပိုချစ်ရမယ်" ဆိုတာ တွေ့ရတယ်။
"တိုင်းပြည်န့လ
ဲူမျိုး" ဆိုတ့အ
ဲ သုံးအနOှုန်းဟာ သိပ်ယေဘုယျကျတယ်။ ဘယ်ပုံဘယ်နည်း ချစ်ရမှာလဲ။ ဟစ်တလာ - တိုကျို
ချစ်နည်းလား။ ဖဆပလ ချစ်နည်းလား။ ဗိုလ်နေဝင်း ချစ်နည်းလား။ နဝတ/နအဖ ချစ်နည်းလား။ ဗမာ၊ ရှမ်း၊ ကရင်၊ ကချင်၊ မွန်စတဲ့
ဘယ်လူမျိုးကို ဘယ်လို ချစ်ရမှာလဲ။ ရှင်းရှင်းလုပ်ပါ သခင်တင်မြ။

(၇) သခင်တင်မြ အတိတ်အကြောင်းရေးနေတုန်းက ဗကပ က သင့်သလောက်ပဲတုံ့ပြန်ပြီး '၂၀၀၈ အခြေခံဥပဒေ' အကြောင်းနဲ့ '၂၀၁၀


ရွေးကောက်ပ'ွဲ အကြောင်းကို မောင်စူးစမ်းလို ရေးလာမလားဆိုတာပဲ စောင့်ကြည့်တယ်။ ရေးတာမတွေ့ရသေးဘူး။ ရေးလာရင်တော့ မုချပဲ
ချက်ချင်းတုံ့ပြန်မှာပါ။

(၈) မောင်စူးစမ်းက စောစောလက်နက်ချသူဆိုတော့ 'ဖဆပလ ဒီမိုကရေစီ' ကို မီလိုက်တယ်။ ဒါကြောင့် ဆရာလုပ်ချင်တဲ့ဉာဉ်ကလေး


ပါတယ်။ သခင်တင်မြနဲ့ မတူဘူး။
အခုတလောတော့ နအဖ ကို 'ဘုန်းကြီးရှေ့ကသွား' လို့ ဆရာဝင်လုပ်မိလို့ ပြဿနာတက်နေတာ တွေ့တယ်။ ၂၀၁၀
ရွေးကောက်ပွဲပြီးရင် 'လမ်းပြမြေပုံ မလိုတော့ဘူး' လို့ ဝင်ပြီးဆရာလုပ်မိတော့ နအဖ စိတ်တိုသွားတယ်။ တိုမှာပေါ့။ '၂၀၀၈ အခြေခံဥပဒေ'
ဆိုတာက အနာဂတ်အတွက် လမ်းပြမြေပုံပ။ဲ ဖျက်သူမပေါ်မချင်း ရေရှည်တည်မြဲမယ့် 'လမ်းပြမြေပံ'ု ပဲ။ အဲဒါကို သွားပြီးကလိသလို
လုပ်တော့ စိတ်တိုမှာပဲ။
သခင်တင်မြက ရွေးကောက်ပအ
ွဲ ကြောင်းရေးတာ မတွေ့သေးဘူး။ ပစ္စုပ္ပန်နိုင်ငံရေးကို မရေးသမျှ ဗကပ က ဘာမှတုံ့ပြန်မှာ
မဟုတ်ပါဘူး။ အခုလည်း ဗိုလ်ကျော်ဇောအကြောင်းရေးရင်း 'တိုင်းပြည်နဲ့လူမျိုးချစ်ရေး' ဗကပ ကို မကိုးကွယ်ရေးကို တို့လာထိလာလို့ပဲ
ရေးပါတယ်။

(၈) သခင်စိုး ဂိုဏ်းခွသ


ွဲားစက ကိုသိန်းဖေက 'သခင်စိုးသည် မိန်းမကိုချစ်သူ၊ သိန်းဖေက ပါတီကိုချစ်သူ' ဆိုတဲ့ 'အချစ်ပြိုင်တ'ဲ့
ပါတီတင
ွ်းစာတစောင် ထုတ်ဖူးတယ်။ ကိုသိန်းဖေ အိန္ဒိယက ပြန်လာတော့ ပါတီဝင်တွေအတွက် လံခ
ျုည်တွေ ပါလာတယ်။
သခင်စိုးပြန်လာတော့ မိန်းမဖို့ အဝတ်အစားတွေ၊ နOှုတ်ခမ်းနီဆိုးဆေးတွေ ပါလာတာကို ရေးတာပါ။ နောက်ဆုံးဇာတ်ပေါင်းတော့လည်း 'စိုး'
ရော 'သိန်း' ပါ မဆလ ကို ချစ်သူတွေချည်း ဖြစ်သွားပါတယ်။ တိုင်းပြည်နဲ့ပြည်သူကို ဘယ်လိုချစ်ကြမှာလဲ။ ဗကပ က ပြိုင်ချင်ပါတယ်။

၂၇ - ၁ - ၂၀၁၀
www.cpburma.org

You might also like