You are on page 1of 2

လူတွေရဲ့ မှန်ကန်တဲ့ အတွေးအခေါ်ဟာ ဘယ်ကလာသလဲ?

*
(၁၉၆၃
၁၉၆၃ ခုနှစ် မေလ)
မေလ)

*ဒီဆောင်းပါးဟာ{
ပါးဟာ{မျက်မှောက် ကျေးလက်လုပ်ငန်းအတွင်းရှိ ပြသနာတချို့နဲ့ ပတ်သတ်တဲ့ တရုပ်
ုပြ် ပည် ကွန်မြူနစ်ပါတီဗဟိ
ဗဟိုရဲ့ ဆုံးဖြတ်
ချက်}(မူကြမ်း)ထဲကအပိုဒ်တစ်ပိုဒ်ဖြစ်တယ်။ ဒီဆုံးဖြတ်ချက်မူကြမ်းဟာ ရဲဘော်မော်စီ
စတီုန်းရဲ့ ဦးဆောင်မှုအောက်မှာ ရေးသားထားတာဖြစ်
တယ်။ ဒီတစ်ပိုဒ်ဟာ ရဲဘော်မော်စီတုန်း ရေးသားထားတာဖြစ်တယ်။

လူတွေရဲ့ မှန်ကန်တဲ့အတွေးအခေါ်ဟာ ဘယ်ကလာသလဲ? မိုးပေါ်ကကျလာတာလား? မဟုတ်ဘူး။ ကိုယ့်ဦး


နှောက်ထဲမှာ နဂိုရှိပြီးသားလား? မဟုတ်ဘူး။ လူတွေရဲ့ မှန်ကန်တဲ့ အတွေးအခေါ်ဟာ လူမှုရေးလက်တွေ့ထဲက
သာလာနိုင်တယ်၊ ကုန်ထုတ်လုပ်ရေးတိုက်ပ၊ွဲ လူတန်းစားတိုက်ပွဲနဲ့ ဝိဇ္ဇာပညာစမ်းသပ်မှုဆိုတဲ့ လူမှုရေးလက်
တွေ့သုံးရပ်ထဲကသာ ပေါ်ပေါက်လာနိုင်တယ်။ လူတွေရဲ့ လူမှုရေးတည်ရှိမှုကလူတွေရဲ့ အတွေးအခေါ်ကို အဆုံး
အဖြတ်ပေးတယ်။ ရှေ့တန်းရောက် လူတန်းစားကို ကိုယ်စားပြုတဲ့ မှန်ကန်တ့အ
ဲ တွေးအခေါ်ကို လူထူက လက်ခံ
သုံးစွဲမိတာနဲ့ တစ်ပြိုင်နက် လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာကြီးကို ပြုပြင်တဲ့ ရုပ်ဝတ္ထုအင်အင်အားအဖြစ် ပြောင်းလဲ
လာနိုင်တယ်။ လူတွေဟာ လူမှုလက်တွေ့ထဲမှာ တိုက်ပအ
ွဲ မျိုးမျိုးဆင်နရ
ွှဲ င်း ကြွယ်ဝတဲ့ အတွေ့အကြုံတွေကို
ရလာကြတယ်။ အဲ့ဒီအတွေအ
့ ကြုံတွေထဲမှာ အောင်မြင်တာလဲရှိတယ်။ အရေးနိမ့်တာလဲရှိတယ်။ ပကတိတည်ရှိ
နေတဲ့ ပြင်ပလောကထဲက မရေမတွက်နိုင်တဲ့ အချင်းအရာတွေဟာ လူတွေရဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊
ကိုယ်ဆိုတဲ့ အာရုံငါးပါးကတဆင့် လူတွေရဲ့ဦးနှောက်ထဲကို ရောင်ပြန်ဟပ်လာတယ်၊ အစမှာ အာရုံခံစားအသိ သာ
ဖြစ်တယ်။ အဲ့ဒီအာရုံခံစားအသိတွေ များလာတဲ့အခါ၊ ခုန်ပျံမှုတရပ်ဖြစ်ပေါ်လာပီး ဆင်ခြင်သိဖြစ်လာတယ်။ အဲ့ဒါ
ကိုအတွေးအခေါ်လို့ခေါ်တယ်။ ဒါဟာအသိရဲ့ ဖြစ်စဉ်တစ်ရပ်ဖြစ်တယ်။ ဒါဟာ အသိဖြစ်စဉ်တစ်ခုလုံးထဲက ပထမ
အဆင့်ဖြစ်တယ်(ဝါ) ပကတိရုပ်ဝတ္ထုကနေ ဆန္ဒပိုင်းစိတ်ဓါတ်ကို ကူးပြောင်းတဲ့အဆင့်၊ ဘဝကနေ အတွေးအခေါ်
ကို ကူးပြောင်းတဲ့အဆင့်ဖြစ်တယ်။ ဒီအဆင့်ရှိ စိတ်ဓါတ်တွေ၊ အတွေးအခေါ်တွေ(သဘောတရား၊ ပေါ်လစီ၊ စီမံ
ကိန်းနဲ့ နည်းလမ်းတွေအပါအဝင်)ဟာ ပကတိတည်ရှိနေတဲ့ ပြင်ပလောကရဲ့ တရားတွေကို ရောင်ပြန်ဟပ်တာ မှန်
မမှန် သက်သေမပြနိုင်သေးဘူး။ မှားတယ်မှန်တယ်လို့ ဧကန်ဒိဌမပြောနိုင်သေးပါ ဘူး။အဲ့ဒီနောက်မှာ
အသိဖြစ်စဉ်ရဲ့ ဒုတိယအဆင့်(ဝါ) စိတ်ဓါတ်ကနေ ရုပ်ဝတ္ထု၊ အတွေးအခေါ်ကနေ ဘဝကိုကူးပြောင်းတဲ့ အဆင့်တ
ဆင့်ရှိသေးတယ်။ ဆိုလိုတာက ပထမအဆင့်ကနေရခဲ့တဲ့ အသိတွေကို လူမှုလက်တွေ့ထဲမှာ စမ်းသပ်ပြီး အဲ့ဒီ
သဘောတရား၊ ပေါ်လစီ၊ စီမံကိန်းနဲ့ နည်းလမ်း စတာတွေဟာ ၊ ကြိုတင်ခန့်မှန်းထားတဲ့ အတိုင်းအောင်မြင်နိုငဆ
ို
တာကိုကြည့်ရမယ်။ ယေဘုယျအနေနဲ့ ပြောရရင် အောင်မြင်တာတွေဟာ မှန်တယ်၊ အရေးနိမ့်သွားတာတွေဟာ
မှားတယ်လို့ ဆိုနိုင်တယ်။ အထူးသဖြင့် သဘာဝကို လူသားတို့ တိုက်ပဆ
ွဲ င်ရာမှာ ဒီအတိုင်းပဲဖြစ်တယ်။ လူမှုရေး
တိုက်ပအ
ွဲ တွင်းမှာ၊ ရှေ့တန်းရောက်လူတန်းစားကို ကိုယ်စားပြုတဲ့ အင်အားစုတွေဟာ တစ်ခါတစ်လေ အရေးနိမ့်
ကြတာလဲရှိတယ်။ ဒါဟာ အတွေးအခေါ် မမှန်ကန်လို့ မဟုတဘ
်ူး။ တိုက်ပအ
ွဲ င်အား အချိုးအစားမှာ ရှေ့တန်း
ရောက်အင်အားစုဖက်က ယာယီအနေနဲ့ ဖောက်ပြန်တဲ့ အင်အားစုလောက် မကြီးသေးလို့ဖြစ်တယ်။ ဒါကြောင့် အ
ခိုက်အတန့် အရေးနိမ့်ရတာဖြစ်တယ်။ ဒါကြောင်အ
့ ခိုက်အတန့် အရေးနိမ့်ရတာဖြစ်တယ်။ ဒါပေမဲ့နောက်ဆုံး တစ်
နေ့မှာ အောင်မြင်နိုင်လိမ့်မယ်။ လူတွေရဲ့ အသိဟာ လက်တွေ့ထဲမှာ စမ်းသပ်ပြီးတဲ့နောက် ခုန်ပျံတိုးတက်မှုတစ်
ခု ဖြစ်ပေါ်လာလိမ့်ဦးမယ်။ ဒီတစ်ကြိမ်ခုန်ပျံတိုးတက်လာမှုဟာ အယင်တစ်ကြိမ်နဲ့စာရင်၊ ပိုပြီးအဓိပ္ပါယ်ကြီးမား
တယ်။အကြောင်းကတော့ ဒီတစ်ကြိမခ
်ုန်ပျံတိုးတက်မှုကသာ အသိရဲ့ ပထမအကြိမ် ခုန်ပျံတိုးတက်မ(ှု ဝါ) ပကတိ
တည်ရှိနေတဲ့ ပြင်ပလောက ကနေပြီး ရောင်ပြန်ဟပ်လိုက်တဲ့ဖြစ်စဉ်ထဲကရရှိခဲ့တဲ့ အတွေးအခေါ်၊ သဘော
တရား၊ ပေါ်လစီ၊ စီမံကိန်းနဲ့ နည်းလမ်းစတာတွေ မှန်သလား၊ မှားသလားဆိုတာ သက်သေပြနိုင်လို့ဖြစ်တယ်။ ဒါ
ကလွရ
ဲ င် အမှန်တရားကို စမ်းသပ်ဖို့ တစ်ခြားနည်းလမ်းမရှိတော့ဘူး။ ပစ္စည်းမဲ့လူတန်းစားက ကမ္ဘာလောက
ကြီးအကြောင်းကို နားလည်အောင်လုပ်တဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာလောကကြီးကို ပြုပြင်ပြောင်းလဲဖို့သာဖြစ်
တယ်။ ဒါကလွဲလို့ တစ်ခြားရည်ရွယ်ချက်မရှိဘူး။ မှန်ကန်တဲ့ အသိတစ်ခုဟာ အမြဲလိုလိုပဲ ရုပ်ဝတ္ထု ကနေ စိတ်
ဓါတ်၊ စိတ်ဓါတ်ကနေ ရုပ်ဝတ္ထု(ဝါ) လက်တွေ့ ကနေ အသိ ၊ အသိ ကနေ လက်တွေ့ကို အကြိမ်ပေါင်းများစွာ
အပြန်ပြန်အလှန်လှန် ကူးပြောင်းပြီးမှသာ ပြီးမြောက်နိုင်မယ်။ အဲ့ဒါ မာ့က်စ်ဝါဒ အသိ သဘောတရားဘဲ၊ အနု
ပဋိလောမရုပ်ဝါဒ အသိ သဘောတရားဘဲ။ အခုအခါ ကျွန်တော်တို့ ရဲဘော်တွေထဲက လူတော်တော်များများဟာ၊
ဒီ အသိ သဘောတရားကြောင်းကို နားမလည်ကြသေးဘူး။ သူ့ရဲ့ အတွေးအခေါ်တွေ၊ ထင်မြင်ချက်တွေ၊ ပေါ်လ
စီတွေ၊ နည်းလမ်းတွေ၊ စီမံကိန်းတွေ၊ ကောက်ချက်တွေ၊ ခရားရေ လွှတ်တတွတ်တွတ်ပြောခဲ့တဲ့ မိန့်ခွန်းတွေ၊
ဆောင်းပါးရှည်ကြီးတွေ ဘယ်ကရလာသလဲလို့မေးရင်၊သူဟာအံ့သြစရာ ပြဿနာတစ်ခုထင်ပြီး ပြန်မဖြေတတ်
ဘူး။ ရုပ်ဝတ္ထုကနေ စိတ်ဓါတ်၊ စိတ်ဓါတ်ကနေ ရုပ်ဝတ္ထု အဖြစ်ပြောင်းလဲနင
ိုတယ်ဆိုတဲ့ နေ့စဉ်အမြဲတွေ့နေရတဲ့
ခုန်ပျံတိုးတက်မှု အချင်းအရာတွေကိုလည်း နားမလည်နိုင်ဘဲဖြစ်နေတယ်။ ဒါကြောင့်ကျွန်တော်တို့ ရဲဘော်တွေကို
အနုပဋိလောမရုပ်ဝါဒ အသိသဘောတရားနဲ့ ပညာပေးရမယ်။ ဒါမှသာ အတွေးအခေါ်မှန်လာအောင်လုပ်နိုင်မယ်။
စူးစမ်းလေ့လာတက်လာနိုင်မယ်။ အတွေ့အကြုံတွေကို စုစည်းပေါင်းချုပ်နိုင်မယ်။ အခက်အခဲတွေကို ကျော်နင်း
နိုင်မယ်။ အမှားကျူးလွန်တာနဲစေနိင
ုမယ်၊ အလုပ်ကောင်းအောင်လုပ်ကိုင်နိုင်မယ်၊ အပတ်တကုတ်ကြိုးပမ်းအား
ထုတ်နိုင်မယ်။ ဒီလိုနဲ့ အင်အားတောင့်တင်းတဲ့ ကြီးမားတဲ့ ဆိုရှယ်လစ်နိုင်ငံကြီးကို တည်ဆောက်နိုင်မယ်။ ဒါ့အ
ပြင် ကမ္ဘာပေါ်ရှိ အဖိနှိပ်ခံနဲ့ သွေးစုပ်ခံ လူထုကြီးကို အကူအညီပေးနိုင်မယ်။ ကျွန်တော်တို့ ထမ်းဆောင်ရမဲ့ နိုင်ငံ
တကာ့ မဟာတာဝန်ကြီးကို ပီးမြောက်အောင်ထမ်းဆောင်နိုင်မှာဖြစ်တယ်။ ။

You might also like