You are on page 1of 8

လမ်းပေါ်မှာ

On the Road
(V. I. Lenin)
Lenin)

အခြေအနေပျက်ပြားရသည့် တနှစ်တာကာလ၊ သဘောတရားရေး၊ နိုင်ငံရေး ဖရိုဖရဲဖြစ်ရသည့် တနှစ်တာကာလ၊ ပါတီရေ


စုံမျောရသည့် တနှစ်တာကာလသည် ကျွန်ုပ်တို့ နောက်တင
ွ်ကျန်ရှိနေရစ်လေသည်။ ကျွန်ုပ်တို့ ပါတီအဖွဲ့ အစည်းအားလုံး
ရှိ အဖွဲ့ ဝင်ဦးရေသည် ကျဆင်းသွားလေပြီ။ အချို့ပါတီအဖွဲ့ အစည်းများ၊ တိတိကျကျဖော်ပြရလျှင် အဖွဲ့ ဝင်ဦးရေ၌ ပစ္စည်းမဲ့
အရေအတွက် အနည်းဆုံးဇြစ်သော အချို့ပါတီအဖွဲ့ အစည်းများသည် အစိပ်စိပ်အမွှာမွှာ ပြိုကွဲကျဆင်းသွားလေသည်။
တော်လှန်ရေးက ဖန်တီးပေးထားသော ပါတီ၏တစိတ်တပိုင်း တရားဝင်အဖွဲ့ အစည်းများသည် တကြိမ်ပြီးတကြိမ် ဖြိုခွခ
ဲံခရ
ဲ့
လေသည်။ ပါတီတင
ွ်း အချို့သောအင်အားစုများအနေနဲ့ အထွေထွေပြိုကွဲ ကျဆင်းရခြင်းအရှိန်ကြောင့် ဆိုရှယ်ဒီမိုကရက်
တစ်ပါတီအဟောင်းကို ထိန်းသိမ်းထားရန်လို, မလို၊ ယင်းပါတီ၏လုပ်ငန်းဆောင်တာများကို ဆက်လက်ဆောာင်ရွက်ရန်
လို , မလို၊ တကြိမ်ထပ်မံ၍ "မြေအောက်" ဆင်းရန်လ,ို မလို၊ လိုလျှင် မည်သို့လုပ်ရမည် .. စသည်ဖြင့် မေးခွန်းထုတ်လာ
လောက်သော အခြေသို့ဆိုက်ရောက်လာခဲ့လေသည်။ လက်ယာစွန်း (ဖျက်သိမ်းရေးအနွယ်ဟုလည်းခေါ်သည်) အင်အား
စုကမူ ကျွန်ုပ်တို့သည် ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်တရားဝင်ဖြစ်လာအောင် လုပ်ရမည်။ ပါတီလမ်းစဉ်၊ ပါတီနည်းဗျူဟာနှင့်
ပါတီစည်းရုံးရေးကိုပင် ဗြောင်စွန့်လွှတ်၍ လုပ်တန်လုပ်ရမည်ဟူသော သဘောဖြင့် ယင်းမေးခွန်းကို အဖြေပေးကြလေ
သည်။ ဤအခြေအနေသည် နိုင်ငံရေးနှင့် သဘောတရားရေး အကျပ်အတည်း ဖြစ်သည့်အပြင် စည်းရုံးရေးအကျပ်အ
တည်းလည်းဖြစ်သည်ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပါချေ၊

မကြာမီကကျင်းပခဲ့သော ရုရှား ဆိုရှယ် - ဒီမိုကရက်တစ်လေဘာပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခ*


ံ သည် ပါတီကို လမ်းမ
ကြီးပေါ်သို့ ဦးဆောင်နေရာချထားပေးလိုက်ပေပြီ။ ဤညီလာခံသည် တန်ပြန်တော်လှန်ရေး အောင်ပခ
ွဲံပြီးနောက် ရုရှား
အလုပ်သမားလူတန်းစား လှုပ်ရှားမှု၏ တိုးတက်ဖွံ့ဖြိုးရေးတွင် သမိုင်းအချိုးအကွေ့တခုဖြစ်ပေသည်။ ကျွန်ုပ်တို့ ပါတီဗဟို
ကော်မတီ၏ အစီရင်ခံစာတခုတင
ွ် ထုတ်ပြန်ထားသော ယင်းညီလာခံ ဆုံးဖြတ်ချက်များကို ဗဟိုကော်မတီက အတည်ပြုပြီး
ပေသည်။ ထို့ကြောင်နောက်ညီလာခံတရပ် မခေါ်ဆိုမီကာလအတွင်း ပါတီတရပ်၏ ဆုံးဖြတ်ချက်များအဖြစ်ရပ်တည်နေပေ
သည်။ ဤဆုံးဖြတ်ချက်များက အကျပ်အတည်း အကြောင်းအရင်းများနှင့် ထူးခြားချက်လက္ခဏာရပ်ကို တိကျစွာဆိုထား
_____________________________________________________________________________
_____________________________________________________________________________
* ရုရှား ဆိုရှယ်ဒီမိုကရက်တစ်လေဘာပါတီ၏ ပဉ္စမအကြိမ်မြောက် ( နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ၁၉၀၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်
(၁၉၀၉ ခုနှစ် ဇန္နဝါရီ ၃ ရက်မှ ၉ ရက်နေ့) အထိ ပါရီ တွင်ကျင်းပခဲ့သည်။ ညီလာခံသို့ အကြီးဆုံးအဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့
သည်။ စိန့်ပီတာစဘတ်ခ်၊ ယူရာလ်၊ ကော့ကေးရှ ၊ မော်စကိုနှင့် ဗဟိုစက်မှုလက်မှုဒေသဆိုင်ရာကော်မတီများအပြင်၊ ပိုလန်ဆိုရှယ်ဒီမိုကရက်တစ်လေ
ဘာပါတီနှင့် ဘန်းအဖွဲ့ တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။ ကိုယ်စားလှယ် ၁၆ ဦးသာ မဲပေးနိုင်သော အခွင့်အရေးရှိသည်။ (ဗော်ရှိဗစ် ၅ ဦး၊
မင်ရှီဗစ် ၃ ဦး၊ ပိုလန်ဆိုရှယ်ဒီမိုကရက် ၅ ဦး၊ ဘန်းဂိုဏ်သား ၅ ဦး) ။ ညီလာခံတင
ွ် လီနင်သည် ရုရှား ဆိုရှယ်ဒီမိုကရက်တစ်လေဘာပါတီ ဗဟိုကော်မတီ
ကို ကိုယ်စားပြုတက်ရောက်ခဲ့သည်။
ညီလာခံအစီအစဉ်များမှာ ၁။ ရုရှား ဆိုရှယ်ဒီမိုကရက်တစ်လေဘာပါတီ ဗဟိုကော်မတီ၊ ပိုလန် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီနှင့် ဘန်း အဖွဲ့
တို့၏အစီရင်ခံစာများ။ ရုရှား ဆိုရှယ်ဒီမိုကရက်တစ်လေဘာပါတီ၏ စိန်ပီတာစဘတ်၊ မော်စကို၊ ယူရာလ်၊ ကော့ကေးရှနှင့် ဗဟိုစက်မှုလက်မှု ဒေသ
ဆိုင်ရာကော်မတီများ၏ အစီရင်ခံစာများ၂။ လက်ငင်းနိုငင
်ံရေးအခြေအနေနှင့် ပါတီ၏တာဝန်များ ၃။ ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေနှင့် အညီ
စည်းရုံးရေးဆိုင်ရာပြဿနာများ ၄။ ဒေသခွဲများတွင် ရုရှားမဟုတ်သောအဖွဲ့ အစည်းများနှင့် ညီညွတ်ရေး ၅။ နိုင်ငံတကာရေးရာများ ၆။ အထွေထွေ
စသည်တို့ဖြစ်သည်။
လီနင် က ' လက်ငင်းအခြေအနေတွင် ပါတီ၏ တာဝန်များ' ဟူသော အစီရင်ခံစာတင်သင
ွ်း၍ ဒူးမားလွှတ်တော်အုပ်စုနှင့် အခြားပြဿနာများကိုလည်း
ဆွေးနွေးခဲ့သည်။ ကွန်ဖရင့်တက်ရောက်သော ဗော်ရှီဗစ်တို့သည် ပါတီတင
ွ်းရှိ အချောင်ဝါဒ နှစ်မျိုးနှစ်စားကို တိုက်ပွဲဝင်ခဲ့ကြသည်။ ပါတီ၏ ဗြောင်ရန်သူ
ဖျက်သိမ်းရေးသမားများကိုလည်းကောင်း၊ ပါတီ၏ တိတ်တိတ်ပုန်း ရန်သူဖြစ်သော အော့ဘိုဗစ်များ ကိုလည်းကောင်း၊ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသည်။
လီနင်၏ အဆိုပြုချက်အတိုင်း ညီလာခံသည် ဖျက်သိမ်းရေးဝါဒအား ရှုံ့ချ၍ ပါတီဖျက်သိမ်းရေး အားထုတ်မှုမှန်သမျှကို မဆုတ်မနစ်တိုက်ပွဲဝင်သွားကြရန်
ပါတီအဖွဲ့ အစည်းအားလုံးအား နှိုးဆော်ခဲ့သည်။

1
သည်။ ယင်းအကျပ်အတည်းကို ကျော်လွှားရန် နည်းလမ်းကိုလည်း ညွှန်ကြားထားသည်။ ညီလာခံဆုံးဖြတ်ချက်များ၏ စိတ်
ဓါတ်နှင့်အညီ လုပ်ဆောင်ခြင်းအားဖြင့် ပါတီ၏ လက်ငင်းတာဝန်များကို ပါတီလုပ်သား အားလုံး အား နားလည်သဘော
ပေါက်အောင် အားထုတ်ခြင်းအားဖြင့် ကျွန်ုပ်တို့ ပါတီအဖွဲ့ အစည်းများသည် တော်လှန်ရေးကျသော ဆိုရှယ် - ဒီမိုကရက်
တစ်လုပ်ငန်းကို ညီညီညွတ်ညွတ် ထိထိရောက်ရောက် ဆောင်ကျဉ်းနိုင်ရန်အတွက် အင်အားတောင့်တင်းလာအောင်၊ ခိုင်
မာကျစ်လစ်လာအောင် လုပ်နိုင်ကြရမည်။

ပါတီအကျပ်အတည်း၏ အဓိကအကြောင်းအရင်းကို စည်းရုံးရေးဆုံးဖြတ်ချက်နိဒါန်းတွင် ညွှန်ပြထားသည်။ ဤအဓိက အ


ကြောင်းအရင်းမှာ ပညာတတ်နှင့် ဓနရှင်ပေါက်စ အင်အားစုတို့၏ တွေဝေမှုဖြစ်သည်။ ယင်းအင်အားစုတို့ကို အလုပ်သ
မားပါတီက မိမိထံမှကင်းရှင်းသွားအောင်လုပ်ရမည်။ ဤအင်အားစုများသည် အရင်းရှင်ဒီမိုကရေစီတော်လှန်ရေး စောစော
စီးစီးအောင်ပခ
ွဲံရေးကို အဓိကအားဖြင့် မျှော်လင့်လျှက် အလုပ်သမားလူတန်းစားလှုပ်ရှားမှုထဲတင
ွ် ပါဝင်လာကြသူများဖြစ်
လျှက် ဖောက်ပြန်ရေးကာလ၏ ဒါဏ်ရာဒါဏ်ချက်များကို ခံနိုင်ရည်မရှိသူများဖြစ်ကြသည်။ သူတို့၏ မတည်ငြိမ်မှုကို သ
ဘောတရားရေးနယ်ပယ် ( " တော်လှန်သော မာ့က်စ်ဝါဒမှ နောက်ဆုတ်ခြင်း " လက်ငင်းအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်
) နှင့် နည်းဗျူဟာရေးရာ ( "ကြွေးကြော်သံများကို ပုံဖော်ထုတ်ခြင်း) ပါသာမက၊ ပါတီစည်းရုံးရေးတွင်ပါ ဖော်ထုတ်ပြသခဲ့
သည်။ လူတန်းစားအသိရှိသော အလုပ်သမားတို့သည် ဤမတည်ငြိမ်မှုကို တိုက်ခိုက်တွန်းလှန်ကြ၍ ဖျက်သိမ်းရေးသမား
များကို ပြတ်ပြတ်သားသား ဆန့်ကျင်ပေါ်ထွက်လာကြကာ ပါတီအဖွဲ့ အစည်းများ၊ စီမံကွပ်ကဲမှု ရှေ့ဆောင်လမ်းညွှန်မှုကို
မိမိလက္ထေ
ဲ ရာက်အောင် စတင်ဆောင်ရွက်ခဲ့ကြသည်။ ကျွန်ုပ်တို့ပါတီ၏ အမာခံအင်အားစုများကသာ အစပွဥ
ဲီးထွက်၌ ဖြို
ခြေ
ဲ ရးနှင့် အကျပ်အတည်းဆိုက်ရောက်ရေးအင်အားစုကို မကျော်လွှားနိုင်ခဲ့လျှင် ထိုသို့ ဖြစ်ရခြင်းအကြောင်းမှာ တန်ပြန်
တော်လှန်ရေးအောင်ပွဲကြီးအလယ်၌ တာဝန်သည် ကြီးမားခက်ခဲခြင်း အကြောင်းတခုကြောင့်သာမက အချို့သောအလုပ်
သမားတို့သည် တော်လှန်ရေးစိတ်ဓါတ်ရှိသော်လည်း ဆိုရှယ်လစ်စိတ်ဓါတ် လုံလောက်အောင် မရှိပေရာ ၎င်းတို့၏ ပါတီ
အပေါ်စိတ်ပါဝင်စားမှုမရှိခြင်းသည်လည်း အကြောင်းတရပ်ဖြစ်သည်။ ညီလာခံဆုံးဖြတ်ချက်များက ပဋ္ဌမဦးစားပေးအနေ
ဖြင့် ဦးတိုက်ပန်ကြားထားကြသူများမှာ ရုရှားနိုငင
် ၏
ံ လူတန်းစားအသိရှိသော အလုပ်သမားများပင် အတိအကျဖြစ်သည်။
ဤဆုံး ဖြတ်ချက်များသည် မညီညွတ်မှုနှင့် တွေဝေမှုတို့ကို တိုက်ပွဲဝင်ရန်နည်းလမ်းနှင့် ပတ်သက်၍ ဆိုရှယ်ဒီမိုကရေစီ၏
တိကျခိုင် မာသော သဘောထားခံယူချက်ဖြစ်ပေသည်။

ယနေ့လက်ငင်းလူတန်းစားဆက်ဆံရေးများနှင့် ဇာစနစ်၏ ပေါ်လစီသစ်အပေါ် မာ့က်စ်ဝါဒ၏ စစ်တမ်းထုတ်ချက်၊ ကျွန်ုပ်


တို့ပါတီက ရှေးကကဲသို့ပင် ယခုဆက်လက်ပြဋ္ဌာန်းအပ်သော လက်ငင်းရည်မှန်းချက်လမ်းညွှန၊် တော်လှန်ရေးကျသော
ဆိုရှယဒ
်ီမိုကရက်တို့၏ နည်းဗျူဟာနှင့် ပတ်သက်၍ တော်လှန်ရေးသင်ခန်းစာများကို မှတ်သားနာယူခြင်း၊ ပါတီအကျပ်
အတည်း အကြောင်းတရားများကို ရှင်းလင်းတင်ပြလျှက် ယင်းအကျပ်အတည်းကို တွန်းလှန်ရာ၌ ပါတီ၏ပစ္စည်းမဲ့တို့၏ အ
ခန်းကဏ္ဍ ကို ညွှန်ပြချက်၊ တရားဝင်အဖွဲ့ အစည်းများနှင့် တရားမဝင်အဖွဲ့ အစည်းများ။ ဆက်ဆံရေးဆိုင်ရာ ပြဿနာကို
ဖြေရှင်းချက်၊ ဒူးမားလွှတ်တော်စင်မြင်ကို အသုံးချရန် လိုအပ်မှုကို အသိအမှတ်ပြုခြင်းနှင့် ကျွန်ုပ်တို့၏ ဒူးမားလွှတ်တော်
အုပ်စုအား ယင်း၏အမှားများကို တိုက်ရိုက်ဝေဖန်မှုနှင့် ဆက်စပ်လျှက် ယင်းအုပ်စုအား ရှေ့ဆောင်လမ်းညွှန်မှုကို တိကျ
သော ညွှန်ကြားချက်များ ရေးဆွရ
ဲ န်လိုအပ်ချက်ကို အသိအမှတ်ပြုခြင်း၊ ဤသည်တို့မှာ ညီလာခံဆုံးဖြတ်ချက်များ၏
အဓိကအနှစ်သာရဖြစ်ပေသည်။ လက်ငင်းအားဖြင့် ခက်ခဲကြမ်းတမ်းသောကာလတွင် အလုပ်သမားလူတန်းစား ပါတီတရပ်
အနေဖြင့် တိကျသော လမ်းကြောင်းတရပ် ရွေးချယ်ရေးပြဿနာကို ဤညီလာခံဆုးံ ဖြတ်ချက်များက ပြည့်စုံသောအဖြေကို
ပေးအပ်ပေသည်။ ဤ အဖြေကိုကျွန်ုပ်တို့ ပိုမိုစေ့စပ်စွာလေ့လာစစ်ဆေးကြည့်ကြပါစို့။

လူတန်းစားအရပ်ရပ်၏ နိုင်ငံရေးအုပ်စုဖွဲ့ စည်းမှုတင


ွ် လူတန်းစားချင်းအတွင်း ဆက်ဆံရေးသည် ပြည်သူလူထု၏ တိုက်ရိုက်
တော်လှန်ရေးဆင်နခ
ွှဲ့သော အတိတ်ကာလအတွင်း တည်ရှိခဲ့သည်နှင့် အတူတူပင်ဖြစ်နေသေးသည်။ တောင်သူလယ်သ
မားအများစုကြီးသည် လယ်ယာမြေတော်လှန်ရေး ဆင်နရ
ွှဲ န်မှတပါး အခြားလုပ်နိုင်စရာမရှိပေ။ ယင်းလယ်ယာမြေတော်

2
လှန်ရေးသည် ပဒေသရာဇ်တပိုင်း၊ မြေယာပိုင်ဆိုင်မှုစနစ်ကို ဖျက်သိမ်းပေလိမ့်မည်။ ဤသို့ဖျက်သိမ်းရန်လည်း ဇာစနစ်ကို
တွန်းလှန်ပယ်ဖျက်မပစ်ဘဲ မရရှိနိုင်ပေ။ ဖောက်ပြန်ရေးအောင်ပသ
ွဲ ည် တောင်သူလယ်သမားတို့ အတွင်းရှိ ခိုင်မာသော အ
စည်းအရုံးတရပ်အဖြစ် စည်းရုံးဖွဲ့ စည်းနိုင်ခြင်းမရှိသော ဒီမိုကရေစီအနွယ်များကို ကြီးလေးစွာထုထောင်းပစ်လိုက်ပေပြီ။
သို့သော် ဖိနှိပ်မှုအလုံးစုံ ရှိစေကာမှု ဘလက်ဟန်ဒရက်
ဒရက် ဒူးမားလွှတ်တော် (the Black-Hundred Duma) ရှိစေကာမှု
*
ထရှုးဒေါ့ဗစ်ခ် (Trudoviks) တို့အနေဖြင့် အလွန်တရာ မတည်မငြိမ်ဖြစ်စေကာမှု တောင်သူလယ်သမားထုကြီး၏ တော်
လှန်ရေးစိတ်ဓါတ်ကို တတိယဒူးမားအတွင်း ဆွေးနွေးချက်များကပင် ထင်ရှားစွာဖော်ပြသက်သေခံနေပေသည်။ ရုရှားတိုင်း
ပြည်၏ အရင်းရှင်တော်လှန်ရေးတာဝန်များနှင့် စပ်လျဉ်း၍ ပစ္စည်းမဲ့တို့၏ အခြေခံရပ်တည်ချက်သည် မပြောင်းမလဲ တည်ရှိ
မြဲတည်ရှိနေမည်။ ယင်းအရင်းရှင်ဒီမိုကရေစီ တော်လှန်ရေးတာဝန်များမှာ ဒီမိုကရေစီအတွက် တောင်သူလယ်သမားတို့
အား ရှေ့ဆောင်ရန်၊ ၎င်းတို့အား လစ်ဘရယ်အရင်းရှင်ပါတီဖြစ်သော ကဒက်ပါတီ (Cadet Party) သည် အော့တိုဘရစ်စ်
**
(Octobrists) တို့နှင့် ပုဂ္ဂိုလ်ရေးအသေးအဖွဲ့ မသင့်မတင့် စကားများလျှက်ရှိစေကာမူ အော့တိုဘရစ်စ် တို့ဘက်သို့ နီး
သထက်နီးစွာ ဆင်းသက်ချဉ်းကပ်လာလျှက် ရှိနေပြီး မကြာမီကမူ အမျိုးသားလစ်ဘရယ်ဝါဒ ထူထောင်ရေး ဇာစနစ်နှင့်
ဖောက်ပြန်ရေးဘက်ကို ထောက်ခံရေးတို့အတွက် လူမျိုးကြီးဝါဒ လှုံ့ဆော်ဖြန့်ချိခြင်းအားဖြင့် ကြိုးပမ်းအားထုတ်လျှက် ရှိ
ကြပေပြီ။ သက်ဦးဆံပိုင်ဘုရင်စနစ် လုံးဝဖျက်သိမ်းရေးနှင့် နိုင်ငံရေးအာဏာကို ပစ္စည်းမဲ့နှင့် တော်လှန်ရေးကျသော
တောင်သူလယ်သမားတို့က သိမ်းပိုက်ရေးတို့အတွက်တိုက်ပသ
ွဲ ည် ရှေးကကဲသ
ို့ ဆက်လက်တည်ရှိနေသေးသည်ဟု ဆုံး
ဖြတ်ချက်ကဆိုထားသည်။

သက်ဦးဆံပိုင်ဘုရင်စနစ်သည် ပစ္စည်းမဲ့နှင့် ဒီမိုကရေစီအနွယ်အားလုံးအဖို့ ယခုအချိန်အထိ အဓိကရန်သူဖြစ်သကဲသို့


ရှေ့တွင်လည်း အဓိကရန်သူပင်ဖြစ်လေသည်။ သို့သော် သက်ဦးဆံပိုင်စနစ်သည် မပြောင်းမလဲ ရှိမြဲရှိသည်ဟု ယူဆလျှင်
မူ မှားယွင်းပေလိမ့်မည်။ စတိုလီပင်
င (Stolypin) " ဖွဲ့ စည်းအုပ်ချုပ်ပုံဥပဒေ" နှင့် စတိုလီပင်၏ လယ်ယာစိုက်ပျိုးရေးပေါ်လစီ
တို့သည် ရှေးဟောင်းမျိုးနွယ် ဆက်ခံမှုစနစ်တပိုင်း၊ ပဒေသရာဇ်တပိုင်း ဇာစနစ်ဟောင်း ပြိုကွဲကျဆင်းမှု အဆင့်သစ်တခု
ဖြစ်၍ ဇာစနစ်မှ အရင်းရှင်ဘုရင်အုပ်ချုပ်မှုစနစ်သို့ ကူးပြောင်းရေးတွင် ခြေလှမ်းသစ်တရပ်ဖြစ်ပေသည်။ လက်ငင်းအခြေ
အနေကို ဤသို့ သရုပ်ခွဲခြားဖော်ပြချက်အား လုံးဝပယ်ဖျက်ရန် သို့မဟုတ် " အရင်းရှင် " ဖြစ်သည်ဆိုသော စကားနေရာ
တွင် "သူကြွယ်အုပ်ချုပ်ရေး" (plutocratic) ဖြစ်သည်ဆိုသော စကားနှင့် အစားထိုးလိုကြသော ကော့ကေးဆပ်မှ ကိုယ်
စားလှယ်များ သည် မှားယွင်းပေသည်။ သက်ဦးဆံပိုင်စနစ်သည် ရှေးအခါကတည်းက သူကြွယ်အုပ်ချုပ်ရေးစနစ်ဖြစ်ပေ
သည်။ သို့သော် တော်လှန်ရေးပထမအဆင့်ပြီးမြောက်မှသာလျှင် သက်ဦးဆံပိုင်စနစ်သည် တော်လှန်ရေးထိုးနှက်ချက်
များ၏ သြဇာအောက်တင
ွ် အရှင်းရှင်ဖြစ်လာနေခြင်းဖြစ်သည်။ စိုက်ပျိုးရေးပေါ်လစီအရရော၊ တစုံတရာသော အရင်းရှင်
အလွှာအချို့နှင့် တိုက်ရိုက် တနိုင်ငံလုံးအတိုင်းအတာဖြင့် စုစည်းထားသော မဟာမိတ်ဖွဲ့ မှုအရပါ အရင်းရှင်ဖြစ်လာနေခြင်း
ဖြစ်သည်။ ယခုဆိုလျှင် သက်ဦးဆံပိုင်စနစ်အနေဖြင့် အရင်းရှင်ကို ပြုစုပျိုးထောင်ပေးနေသည်မှာ အချိန်အတန်ကြာခဲ့ပေပြီ။
အရင်းရှင်သည် ငွေကြေးအင်အားကိုသုံးစွဲလျှက် " တိပ်တန်းနေရာ" သို့ရောက်ရှိရေးအတွက် လမ်းပေါက်လျှက်ရှိနေပေပြီ။
ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းတို့တွင် သြဇာအရှိန်အဝါရလျှက်ရှိနေပေပြီ။ အုပခ
်ျူပ်သူ မှူးကြီးမတ်ရာ၊ သူကြွယ်
တို့ ၏ ဘေးတွင်နေရာရလျှက်ရှိနေလေပြီ။ သို့သော်လက်ငင်း အခြေအနေ၏ ဝိသေဿ ထူးခြားသော လက္ခဏာတရပ်မှာ
သက်ဦးဆံပိုင်စနစ်သည် အရင်းရှင်နှင့် ပဒေသရာဇ်မြေရှင်များကို နှစ်ဘက်အင်အား ညှိပေးရန်နှင့် ဒူးမားလွှတ်တော်
အတွင်းတွင် ဤအင်အားစုများ၏ မဟာမိတ်အဖွဲ့ အစည်းကို ဖွဲ့ စည်းရန်အတွက် တစုံတရာသော အရင်းရှင်အလွှာတို့
အတွက် ကိုယ်စားလှယ်လွှတ်တော်တရပ်ကို ထူထောင်ပေးရသောအခြေသို့ဆိုက်ရောက်လာ ခြင်းသည် ရုရှားတောင်သူ
လယ်သမားတို့၏ မျိုးဆက်စနစ်အပေါ်အားထားသော မျှော်လင့်ချက်များကို စွန့်လွှတ်ရ၍ ကျေးရွာဘုံအဖွဲ့ များကိုဖျက်ဆီး
________________________________________________________________________________
*
ထရှုးဒေါ့ဗစ်ခ် (Trudoviks) ။ ရုရှားဒူးမားလွှတ်တော်အတွင်းမှ အရင်းရှင်ပေါက်စ ဒီမိုကရက်များ၏ အုပ်စ။ု
**
အော့တိုဘရစ် (Octobrists) ၁၉၀၅ ခုနှစ် အောက်တိုဘာ ၁၇ ရက် ' ကြေညာစာတမ်း ' ထုတ်ပြန်အပြီး ဖွဲ့ စည်းခဲ့သော တန်ပြန်တော်လှန်ရေးပါတီ။

3
လျှက်ရှိနေကြသော ကြေးရေတတ် လယ်သမားများ၏ ထောက်ခံမှုကို ကျေးလက်လူထအ
ုား ဆန့်ကျင်လျှက် အားထုတ်ရှာ
ဖွေရသော အခြေသို့ ဆိုက်ရောက်လာခြင်းဖြစ်သည်။

သက်ဦးဆံပိုင်စနစ်သည် ဖွဲ့ စည်းအုပ်ချုပ်ပဥ


ုံ ပဒေဆိုင်ရာ အဆောက်အဦး အတုအယောင်များနှင့် မျက်နှာဖုံးစွပ် ထားလျှက်
ရှိသည်။ သို့သော်တချိန်တည်းတွင် ဇာဘုရင်သည် ပူးရစ်ရှ်ကေဗစ်ခ်ျများ၊ ဂုချကော့များ (Purishkeviches and the
Guchkovs) နှင့် အခြားမည်သူမျှမပါပဲ မဟာမိတ်ချုပ်ဆိုထားခြင်းအားဖြင့် သက်ဦးဆံပိုင်စနစ်၏ လူတန်းစားအနှစ်သာရ
သည် ရှေးအခါက မကြုံဘူးစွာ အထူးထင်ရှားစွာပေါ်လွင်လာပေသည်။ သက်ဦးဆံပိုင်စနစ်သည် ဓမ္မဓိဋ္ဌာန်ကျကျ လိုအပ်
နေသော အရင်းရှင်တော်လှန်ရေးတာဝန်များကို မိမိဘာသာဖြည့်စွမ်းရေးအတွက် အားထုတ်လျှက်ရှိပေသည်။ ယင်းတာဝန်
များမှာ အရင်းရှင်လူ့အဖွဲ့ အစည်းတရပ်၏ အရေးအခင်းများကို တကယ်တမ်းစီမံခန့်ခွေ
ဲ ပးမည်။ ကိုယ်စားလှယ်များပါဝင်
ဖွဲ့ စည်းထားသော လွှတ်တော်တရပ်ထူထောင်ရေးနှင့် ကျေးလက်ဒေသတွင် ရှုပ်ထွေးပွေလိမ်၍ ရှေးဟောင်းကျသော
အလယ်ခေတ် စိုက်ပျိုးရေး ဆက်ဆံမှုများကို ကျေးလက်ဒေသမှ အပုတ်ချ ဖယ်ရှားရေးတို့ဖြစ်ကြသည်။ သို့သော် သက်ဦး
ဆံပိုင်စနစ်က ဆောင်ကျဉ်းခဲ့သော ယင်းခြေလှမ်းသစ်များ၏ လက်တွေ့ရလဒ်များမှာ ယခုအချိန်အထိမူ တစုံတရာမရှိ
သေးပေး။ ဤအ ချက်က ပိုမိုထင်ရှားစွာပြဆိုသည်မှာ သမိုင်းရေးရာတာဝန်ကို ဖြည့်စွမ်းရေးအတွက် အခြားသောအင်
အားစုများ၊ အခြားသောနည်းလမ်းများ လိုအပ်သည်ဆိုခြင်းပင်ဖြစ်၏။ နိုင်ငံရေးတွင် အတွေ့အကြုံမရှိသော လူသန်းပေါင်း
များစွာတို့၏ စိတ်ထဲတင
ွ် ယခုအချိန်ထိ သက်ဦးဆံပိုင်စနစ်သည် ယေဘူယျအားဖြင့် လူထုကိုယ်စားလှယ်စနစ်နှင့် ဆန့်
ကျင်ဘက်ဖြစ်ပေသည်။ သို့သော် ယင်းတိုက်ပွဲသည် ယင်း၏ရည်မှန်းချက်များကို ကျဉ်းပစ်လျှက်ရှိနေသည်။ ကိုယ်စားပြုမှု
၏ သဘောသဘာဝနှင့် ဝိသေသလက္ခဏာကို အဆုံးအဖြတ်ပြုသော နိုင်ငံတော်အာဏာအတွက် တိုက်ပအ
ွဲ ဖြစ် ပိုမို
တိကျစွာ သတ်မှတ်ပိုင်းခြားလျှက်ရှိသည်။ ထို့ကြောင့် ဇာဘုရင်စနစ်ဟောင်း ပြိုကွဲကျဆင်းရေး၊ ဇာစနစ်၏ စွန့်စားရေး
လက္ခဏာသဘော ပိုမို ပြင်းထံလာခြင်း၊ တော်လှန်ရေးရည်မှန်းချက်ဟောင်းများ ပိုမိုလေးနက်စေရေးနှင့် တိုက်ကင
ွ်းတိုက်
ကွက် (နှင့်တိုက်ပွဲတင
ွ် ပါ ဝင် ဆင်နေ
ွှဲ သာ အရေအတွက)် ကို ပိုမိုချဲ့ထွင်ရေးတို့အတွက် တတိယ ဒူးမားလွှတ်တော်သည်
အထူးအဆင့်တရပ်ဖြစ်ပေသည်။

ဤအဆင့်သို့ ကျွန်ုပ်တို့ တက်လှမ်းရပေမည်။ လက်ငင်းအခြေအနေသစ်တင


ွ် တိုက်ပွဲပုံစံအသစ်များကို လိုအပ်သည်။
ပြည်သူလူထုများအား ပညာပေးစည်းရုံးရန်၊ ကြာရှည်လေးမြင့်စွာ အားထုတ်ရေးသည် အထူးအရေးကြီးသည်။ တရားမဝင်
အဖွဲ့ အစည်းနှင့် တရားဝင်အဖွဲ့ အစည်းတို့ကို ပေါင်းစပ်တွဲဖက်လုပ်ရသဖြင့် ပါတီ၏ ရှေ့မှောက်တင
ွ် အထူးပြဿနာများ
ပေါ်ထွက်ခဲ့လာသည်။ လစ်ဘရယ်များနှင့် ဖျက်သိမ်းရေးအနွယ် ပညာတတ်များသည် တော်လှန်ရေးအတွေ့အကြုံ လူထု
အတွင်း ဖြန့်ဖြူးခြင်းနှင့် ဆန်းစစ်ရှင်းလင်းခြင်းတို့ကို ကြိုးစား၍ အသရေဖျက်နေကြသည်။ စင်စစ်အားဖြင့် တော်လှန်ရေး
အတွေ့အကြုံ လူထုအတွင်းဖြန့်ဖြူးခြင်းနှင့် ဆန်းစစ်ရှင်းလင်းခြင်းတို့ သည် သဘောတရားရေးနှင့် လက်တွေ့ရည်မှန်း
ချက်များအတွက်ပါလိုအပ်သည်။ သို့သော်ပါတီ၏ နည်းဗျူဟာလမ်းကြောင်းသည် မပြောင်းမလဲ ဆက်လက် တည်ရှိနေ
သည်။ ဤနည်း ဗျူဟာလမ်းကြောင်းသည် တိုက်ပဆ
ွဲိုင်ရာ နည်းနာနိသျှနှင့် ဆောင်ကျဉ်းပုံတို့၌ အသစ်သစ်သော
အခြေအနေများကို ထည့် သွင်းစဉ်းစားတတ်ရပေမည်။ တော်လှန်ရေးကျသော ဆိုရှယ် - ဒီမိုကရက်တစ် နည်းဗျူဟာ
မှန်ကန်ကြောင်းကို ၁၉၀၅ - ၁၉၀၇ ခုနှစ် လူထုတိုက်ပအ
ွဲ တွေ့အကြုံက အတည်ပြုပြီးကြောင်း ညီလာခံဆုံးဖြတ်ချက်
တရပ်က ဖော်ပြထားပေသည်။ ဤပထမအရေးတော်ပုံက ပေါ်ထွက်လာသော တော်လှန်ရေးနိမ့်ကျလာမှုက ပြဆိုသည်မှာ
လုပ်ငန်းများ မှားယွင်း၍မဟုတ်။ လက်ငင်းရည်မှန်းချက်များသည် " စိတ်ကူးယဉ်ဆန်" ၍လည်းမဟုတ်။ နည်းလမ်းနှင့်
ဆောင်ကျဉ်းပုံ မှားယွင်း၍လည်းမဟုတ်။ အင်အားစုများသည် လုံလောက်အောင်ပြင်ဆင်ထားမှုမရှိ၍သာ တော်လှန်ရေး
အကျပ်အတည်းသည် မလုံမလောက် ကျယ်ပြန့်နက်ရှိုင်းခဲ့၍သာဖြစ်ရကြောင်း ဖော်ပြပေသည်။ ထို့အပြင် စတိုလီပင်နှင့်
အဖွဲ့ သည် ချီးကျူးဘွယ်အကောင်းဆုံး ဖြစ်သော ဇွဲနဘဲနှင့် တော်လှန်ရေးအကျပ်အတည်းကို ပိုမိုကျယ်ပြန့်အောင်
လုပ်ဆောင်နေကြပေသည်။ လစ်ဘရယ်များနှင့် သွေးပျက်နေသော ပညာတတ်များအနေနှင့် ပထမဆုံး တကယ့်တကယ်
လူထုလွတ်မြောက်ရေးတိုက်ပွဲကြီးပြီးနောက်ပိုင်းတွင် လက်လျှော့စိတ်ကုန်ဖြစ်ကြပါစေ၊ သူရေ
ဲ ဘာနည်းသူများကဲသ
ို့ အ

4
ရိုကခ
်ံရဘူးသောလမ်းသို့မထွက်နှင့် သေပျောက်ရမည့်လမ်းပေါ်ထပ်၍ ခြေမချနှင့် - စသည်ဖြင့် အကြိမ်ကြိမ်အထပ်ထပ်
အော်ဟစ်ကြပါစေ၊ လူတန်းစားအသိရှိသော ပစ္စည်းမဲ့တို့က သူတို့အား အောက်ပါအတိုင်းဖြေကြားပေလိမ့်မည်။ သမိုင်း
တွင်ကြီးကျယ်သော စစ်ပွဲကြီးများ၊ တော်လှန်ရေးအရပ်ရပ်၏ ကြီးမားသောပြဿနာများကို အကြိမ်ကြိမ်အထပ်ထပ် ပြန်
လည်တိုက်စစ်ပြုလေ့ရှိသော တိုးတက်သည့်လူတန်းစားများကသာ ဖြေရှင်းပေးမြဲဖြစ်ပါသည်။ ဤတိုးတက်သော လူတန်း
စားများသည် ရှုံးနိမ့်မှုမှ သင်ခန်းစာ အရယူပြီးသောအခါ၌ အောင်ပခ
ွဲံမြဲဖြစ်ပေသည်။ စစ်ရှုံးသောတပ်သည် သင်ခန်းစာ
ကောင်းကောင်းရပေသည်။

ရုရှားရှိ တော်လှန်ရေးကျသော လူတန်းစားများသည် ၎င်းတို့၏ ပထမအရေးတော်ပုံတင


ွ် အရေးနိမ့်ခဲ့ရလေပြီ။ သို့သော်
တော်လှန်ရေးအခြေအနေသည် တည်ရှိမြဲတည်ရှိနေပေသည်။ တော်လှန်ရေး အကျပ်အတည်းတရပ်သည် ပုံစံသစ်၊ နည်း
လမ်းသစ်တသွယ်ယ်ဖြင့် ချဉ်းကပ်လာလျှက်၊ ထိပ်တိုက်တိုးလာလျှက်နေပေသည်။ ဤဖြစ်ပေါ်မှုသည် ရံဖန်ရံခါ၌ ကျွန်ုပ်တို့
လိုလားမျှော်လင်သ
့ ည်ထက်များစွာ နှေးကွေးကောင်းနေးကွေးပေလိမ့်မည်။ ထို "အကျပ်အတည်း" အတွက် ကျွန်ုပ်တို့
သည် ပိုမိုထုထည်ကြီးမားသော လူထုကြီးအား ကြာရှည်လေးမြင့် ပြင်ဆင်ပေးရမည်အ
့ လုပ်ကို ကျွန်ုပ်တို့ ဆက်လက်
ဆောင်ရွက်ရပေလိမ့်မည်။ ဤပြင်ဆင်မှုသည် ပိုမိုလေးနက်မှုရှိရမည်။ ပိုမိုမြင့်မားသော၊ ပိုမိုစေ့စပ်တိကျသော လုပ်ငန်း
တာဝန်များကို ထည့် သွင်းစဉ်းစားရပေမည်။ ဤလုပ်ငန်း၌ ကျွန်ုပ်တို့ ဆောင်ရွက်မှု ပိုမိုအောင်မြင်လေ တိုက်ပသ
ွဲ စ်တင
ွ်
ကျွန်ုပ်တို့ အောင်ပွဲကို ပိုမိုသေချာလေဖြစ်သည်။ ရုရှားပစ္စည်းမဲ့တို့ အနေဖြင့် ၁၉၀၅ ခုနှစ်အတွင်း ကျွန်ုပ်တို့၏ ခေါင်း
ဆောင်မှုအောက်၌ ကျွန်သဘောက်နိုင်ငံတခုလုံးသည် ပထမဦးဆုံးအကြိမအ
် ဖြစ် ဇာစနစ်ကို ထိုးနှက်တိုက်ခိုက်သော၊
သန်းနှင့်ချီ၍ရှိသော ဧရာမတော်လှန်ရေး တပ်မတော်ကြီး ဖြစ်လာခဲ့သည်ဆိုသော အချက်အတွက် ဂုဏ်ယူနိုင်ကြပေသည်။
ယခုအခါတွင် ထိုပစ္စည်းမဲ့တို့ပင်လျှင် ယခင်ကထက် ပိုမိုကြီးကျယ်သော တော်လှန်ရေးအင်အားစု ကေဒါသစ်များအား
ပညာပေးခြင်း၊ လေ့ကျင့်ပေးခြင်းကို ဇွဲနဘဲကြီးစွာ၊ မြဲမြဲမြန်မြန်နှင့် စိတ်ရှည်ရှည် မည်သို့လုပ်ရမည်ဆိုသည်ကို သိရှိ
ကြပေလိမ့်မည်။

ကျွန်ုပ်တို့ ဆိုခဲ့သလို ဒူးမားလွှတ်တော်စင်မြင့်အား အသုံးချရေးသည် ပညာပေးရေး၊ လေ့ကျင့်သင်ကြားပေးရေးအလုပ်တင


ွ်
မပါမပြီးသော အခြေခံအကြောင်းတရပ်ဖြစ်သည်။ ဒူးမားလွှတ်တော်အုပ်စုနှင့် စပ်လျဉ်း၍ ညီလာခံဆုံးဖြတ်ချက်က ရောက်
လာသောလမ်းသည် အနည်းဆုံးဖြစ်သည်ဆသ
ို ည်ကို ကျွန်ုပ်တို့အနေဖြင့် သမိုင်းသာဓကများကို ရှာဖွေကြည့်မည်ဆိုလျှင်
ဆိုရှယ် လစ်ဆန့်ကျင်ရေး ဥပဒေခေတ်ကာလတွင် ဂျာမန်ဆိုရှယ်ဒီမိုကရေစီ၏ အတွေ့အကြုံကို ရှာကြည့်မည်ဆိုလျှင်
ဤအတိုင်းပင်တွေ့ရပေသည်။ တရားမဝင်သောပါတီသည် တရားဝင်ဒူးမားလွှတ်တော် အုပ်စုအား ဘယ်သို့အသုံးချရ
မည်ကသ
ိုရမည်။ ဘယ်သို့အသုံးချရမည်ကို လေ့လာသင်ယူရပေမည်။ ပါတီသည် ဒူးမားအုပ်စုအား ပါတီတာဝန်နှင့်
တပြေးညီ ပါတီအဖွဲ့ အ စည်းတခုဖြစ်လာအောင် လေ့ကျင့်ပေးရပေမည်။ လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နိုင်သော
အမှားယွင်းဆုံး နည်းဗျူးဟာ နှင့် ရှေ့နောက်ညီညွတ်သော ပစ္စည်းမဲ့လုပ်ရပ်မှ ဝမ်းနည်းစရာအကောင်းဆုံး သွေဖီမှုမှာ
ဒူးမားလွှတ်တော်မှ ပါတီအုပ်စုကို ပြန်လည်ဆင့်ခေါ် ရုပ်သိမ်းရေးအတွက် ပြဿနာလုပ်ခြင်းသာဖြစ်ပေမည်။ (ညီလာခံတင
ွ်
အော့ဇိုဗစ် (otzovists) ” နှစ်ဦး ရှိခဲ့သည်။ သို့သော် သူတို့သည် ဗြောင်ပြဿနာမလုပခ
်ဲ့ကြ" ) သို့မဟုတ် ဒူးမား
လွှတ်တော်အုပ်စုအား ယင်း၏ အမှားမျာ အတွက် တိုက်ရိုက်ပွင့်လင်းစွာ ဝေဖန်ခြင်းမပြုပဲ၊ အမှားများကို ဆုံးဖြတ်ချက်တင
ွ်
ရေတွက်ဖော်ပြခြင်းမပြုရဘဲ (အချို့ညီလာခံ ကိုယ်စားလှယ်များ အတင်းအကျပ်တိုက်တွန်း ပြောဆိုကြသကဲသို့) ချုပ်
တည်းနေရန် တင်ပြခြင်းဖြစ်ပေလိမ့်မည်။ ဆုံးဖြတ်ချက်တင
ွ် ဒူးမားအုပ်စုသည် အမှားများကျူးလွန်ခဲ့ကြောင်းကို အသိအ
မှတ်ပြုသည်။ ဤအမှားများအတွက် ယင်းအုပ်စတ
ု ခုတည်းကို ပြစ်တင်ရန်မဟုတ်ပေ။ ဤအမှားများသည် ကျွန်ုပ်တို့ ပါတီ
အဖွဲ့ အစည်း၏ မလွဲမရှောင်သာ ကျူးလွန်ခဲ့မိသော အမှားများနှင့် ဆင်တူရိုးမှားဖြစ်ပေသည်။ သို့သော် အခြားအမှား များ
လည်းရှိပေသည်။ ဥပမာ ပါတီ၏ နိုင်ငံရေးလမ်းကြောင်းမှ တိမ်စောင်းမှုများ ဤတိမ်းစောင်းမှုများ ဖြစ်ပေါ်ခြင်းကြောင့်
ဤတိမ်းစောင်းမှုများကို ပါတီတရပ်လုံးအား ဗြောင်ကိုယ်စားလှယ် ဆောင်ရွက်သော အဖွဲ့ အစည်းတရပ်က ပြုမူခဲ့ခြင်း
ကြောင့် ပါတီအနေဖြင့် ဤအရာများသည် သွေဖီမှုများဖြစ်ပေသည်ဟု ရှင်းရှင်းလင်းလင်း တိတိကျကျကြေညာရန် တာဝန်

5
ရှိပေသည်။ အနောက်ဥရောပ ဆိုရှယ်လစ်ပါတီများ၏ သမိုင်းတွင် ပါလီမန်အုပ်စုများနှင့် ပါတီအကြား ပုံပျက်ပန်းပျက်
ဆက်ဆံရေးများတည်ရှိကြောင်း သာဓကများစွာ ရှိပေသည်။ ယနေ့တိုင် ဤဆက်ဆံရေးများသည် ပါလီမန်အုပ်စုများ အ
နေဖြင့် လုံလောက်အောာင် ပါတီစိတ်ဓါတ်မပြသေးသည့် လက်တင် နိုင်ငံများးတွင် မကြာခဏ ပုံပျက်ပန်းပျက်ဖြစ်နေရ
ပေ၏။ ကျွန်ုပ်တို့သည် အခြေခံတည်စဉ်ကစ၍ ခြားနားသော အခြေခံပေါ်တွင် ဆိရ
ှုယဒ
်ီမက
ို ရက်တစ် ပါလီမန်စနစ်ကို
ရုရှားနိင
ု င
်ံတင
ွ် စည်းရုံးအကောင်အထည်ဖော်ကြရပေည်။ ဆိရ
ှုယဒ
်ီမက
ို ရက်တစ် အမတ်တင
ိုးက သူ့နောက်တင
ွ်
ပါတီတည်ရှိနေသည်ဟု သိနေရန် ပါတီသည် သူ့အမှားများအတွက် အလေးအနက်စိုးရိမ်ပူပန်လျှက်ရှိပြီး သူ့လမ်းကြောင်း
ဖြောင့်တန်းအောင် ပြုလုပ်ဖို့ စိတ်ဝင်စားနေစေရန်အလို့ငှာ ကျွန်ုပ်တို့သည် ဤကဏ္ဍတွင် အစုလိုက်၊ အဖွဲ့ လိုက် လုပ်
နည်းလုပ်ဟန်ကို ချက်ခြင်းထူထောင်ရပေမည်။ ပါတီလုပ်သားတိုင်းသည် ပါလီမန်အုပ်စု၏ လုပ်ငန်းများအပေါ် လက်တွေ့
မာ့က်စ်ဝါဒဝေဖန်ရေးမှ သင်ကြား လေ့လာလျက် ယင်းအုပ်စုကို ကူညရ
ီ န် တာဝန်သိလျှက် ပါလီမန်အုပ်စု၏ အထူး
လုပ်ငန်းဆောင်တာကို ပါတီ၏ ဝါဒဖြန့်မှု၊ လှုံ့ဆော်မှု လုပ်ငန်းတရပ်လုံးနှင့် အံဝင်ဂင
ွ်ကျဖြစ်အောင် အားထုတ်လျှက် ပါတီ
၏ အထွေထွေ ဒူးမားလုပ်ငန်းတွင် ပါတီဝင်တိုင်း ပါဝင်အောင် ဆောင်ရွက်လာရန်အလို့ငှာ Cဏ္ဍတွင် ကျွန်ုပ်တို့သည်
အစုလိုက်၊ အဖွဲ့ လိုက်လုပ်နည်းလုပ်ဟန်ကို ချက်ခြင်းထူထောင်ရပေမည်။

ညီလာခံတင
ွ် အကြီးဆုံးပါတီအစည်းရုံးများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။ ဤညီလာခံသည် အစည်းအဝေး
တချိန် လုံးတွင် ဒူးမား ဆိုရှယ် - ဒီမိုကရက်တစ် အုပ်စု၏ လုပ်ငန်းကိုဆွေးနွေးခဲ့သော ပထမဆုံးအာဏာပိုင် အစည်းအဝေး
တရပ်ဖြစ်ပေသည်။ ညီလာခံဆုံးဖြတ်ချက်က ကျွန်ုပ်တို့ ပါတီသည် ဒူးမားလုပ်ငန်းကို မည်သို့အကောင် အထည်ဖော်မည်
ဖြစ်ကြောင်း ဤကဏ္ဍတွင် ပါတီဘက်ကရော၊ အုပ်စုအတွက်ပါ မည်မျှတိတိကျကျ ကိုင်တွယ်မည်ဖြစ်ကြောင်းနှင့် တကယ်
စစ်မှန်သော ဆိုရှယ် - ဒီမိုကရက်တစ်ပါလီမန်ဝါဒ တိုးတက်ဖွံ့ဖြိုးရေးကို ဆက်လုပ်ရန် မသွေဖီ ရှေ့နောက် ညီညွတ်စွာ
အဆို ပြူထားကြောင်းထင်ရှားစွာပြဆိုပေသည်။

ဒူးမားလွှတ်တော်အုပ်စုအပေါ် ကျွန်ုပ်တို့ထားရှိသည့် သဘောထားဆိုင်ရာပြဿနာတွင် နည်းဗျူဟာဆိုင်ရာ မျက်နှာစာနှင့်


စည်းရုံးရေးဆိုင်ရာ မျက်နှာစာဟူ၍ နှစရ
် ပ်ရှိသည်။ စည်းရုံးရေးဆိုင်ရာ မျက်နှာစာနှင့်ပတ်သက်၍ ဒူးမားလွှတ်တော်အုပ်စုအ
ပေါ်ဆုံးဖြတ်ချက်သည် ကျွန်ုပ်တို့၏ အထွေထွေစည်းရုံးရေးဆိုင်ရာ ပေါ်လစီအခြေခံမှုများကို သီးခြားပြဿနာတရပ်အပေါ်
ကိုင်တွယ်အသုံးပြုခြင်းမျှသာဖြစ်သည်။ ကျွန်ုပ်တို့၏ အထွေထွေစည်းရုံးရေးဆိုင်ရာ ပေါ်လစီ၏အခြေခံမူများဆိုသည်မှာ
စည်းရုံးရေးပြဿနာတွင် ညီလာခံက ညွန်ကြားချက်များ ပြုလုပ်အပ်သည့် ဆုံးဖြတ်ချက်တင
ွ် ချမှတ်ထားသော အခြေခံမူ
များဖြစ်သည်။ စည်းရုံးရေးပြဿနာတွင် ရုရှား ဆိုရှယ် - ဒီမိုကရက်တစ်လေဘာပါတီ အတွင်း၌ အဓိကအားဖြင့် သဘော
ထားတိမ်းညွတ်မှု နှစ်ပိုင်း တည်ရှိကြောင်း မှတ်တမ်းတင်ထားပေသည်။ ၎င်းအနက် တပိုင်းက တရားမဝင်သော ပါတီ အ
စည်းအရုံးဘက်က ပုံအော၍ အလေးတင်းသည်။ အခြားတပိုင်းမှာမူ အနည်းနှင့်အများ ဖျက်သိမ်းရေးဝါဒနှင့် တူညီလျှက်
တရားဝင်နှင့် တစိတ်တပိုင်း တရားဝင်အစည်းအရုံးများဘက်က ပုံအော၍ အလေးတင်းသည်။

လက်ငင်းအကြောင်းမှာ ပါတီ၏ လက်ရှိအခြေအနေ၏ လက္ခဏာရပ်မှာ ရှေ့တွင် ကျွန်ုပ်တို့ညွှန်ပြပြီးဖြစ်သကဲသို့ ပါတီမှ


ပါတီလုပ်သားအများအပြား စွန့်ခွာနေကြခြင်းဖြစ်သည်။ ၎င်းတို့တွင် အထူးသဖြင့် ပညာတတ်များဖြစ်ကြ၍ ပစ္စည်းမဲ့အချိ့
လည်းပါဝင်သည်။ ပါတီဖျက်သိမ်းရေးအနွယ်က ဤသို့ ပါတီကို စွန့်လွှတ်ထွက်ခွာသွားကြသူများသည် ၎င်းတို့လှုပ်ရှား
ဆောင်ရွက်ရန် ကွင်းအဖြစ် တရားဝင်အစည်းအရုံးများကို ရွေးချယ်၍ ပါတီကို စွန့်လွှတ်ထွက်ခွာသည့် အတော်ဆုံး၊ အ
တက်ကြွဆုံး ပါတီဝင်များဖြစ်သလား၊ သို့တည်းမဟုတ် ပါတီမှထွက်ခွာနေကြသူများသည် " တွေဝေသောပညာတတ်များ
နှင့် အရင်းရှင်ပေါက်စအနွှယ်များ" ဖြစ်သလားဟူသော မေးခွန်းကို ထုတ်လာသည်။ ပြောပြရန်မလိုလောက်အောင်ပင် ညီ
လာခံက ဖျက်သိမ်းရေးဝါဒအား အလေးအနက် ငြင်းပယ်ရှုံချလျက် ပါတီကို စွန့်လွှတ်ထွက်ခွာသူများသည် တွေဝေသော
ပညာတတ်များနှင့် အရင်းရှင်ပေါက်စအနွယ်များသာဖြစ်သည်ဟု ပြန်ကြားပြောဆိုခဲ့သည်။ ပါတီ၏ ပစ္စည်းမဲ့လူတန်းစား
အပီသဆုံးအနွယ်များနှင့် မူအားဖြင့် ရှေ့နောက်အညီညွတ်ဆုံး ဆိုရှယ် - ဒီမိုကရက်တစ် ပညာတတ်များသည် အလုပ်

6
သမားပါတီအပေါ် ဆက်လက်၍သစ္စာရှိမြဲဖြစ်သည်။ ပါတီကို စွန့်လွှတ်ထွက်ခွာခြင်းများသည် ပါတီသန့်စင်ခြင်းမည်ပေ
သည်။ ပါတီမှ တည်ငြိမ်မှု အနည်းဆုံးပုဂ္ဂိုလ်များ ကင်းရှင်သွားခြင်း၊ အားမထားရသော မိတ်ဆွေများ၊ အရင်းရှင်ပေါက်စ
သို့မဟုတ် တစုံတရာသော လူတန်းစားဘောင်အတွင်းမှ စွန့်ပယ်ခံရပြီး " လူတန်းစားအခြေခံမဲ့သ"ူ များအနက် ပစ္စည်းမဲ့
ွဲ သာ " ခရီးသွားဖော်များ" (မစ်လော့ဖာ Mitläufer ) ကင်းရှင်းသွားခြင်းမည်
တို့နှင့် ခဏတဖြုတ်လာရောက်လက်တေ
ပေသည်။

အခြေခံမူကို ဤသို့အကဲဖြတ်ချက်မှ ပါတီစည်းရုံးရေးသည် ညီလာခံကချမှတ်ထားသော စည်းရုံးရေးဆိုင်ရာမူဝါဒလမ်း


ကြောင်းအတိုင်း ယုတ္တိတန်စွာလိုက်နာချီတက်ပေသည်။ တရားမဝင်သော ပါတီအဖွဲ့ အစည်းကို အားဖြည့်ရေးလုပ်ငန်း
ကဏ္ဍအားလုံးတွင် ပါတီကလပ်စည်းများဖော်ထုတ်ရေး၊ " စက်မှုလုပ်ငန်းတခုစီတင
ွ် အရေအတွက်အားဖြင့် နည်းစေကာမူ
အလုပ်သမားများသာ လုံးဝပါဝင်သော ပါတီကော်မတီများ " ကို ပထမဦးစွာ ဦးစားပေး၍ ထူထောင်ရေး၊ အလုပ်သမားများ
အတွင်းမှ ဆိုရှယ်ဒီမိုကရက်တစ် လှုပ်ရှားမှုခေါင်းဆောင်များ၏ ခေါင်းဆောင်မှုတာဝန်ပိုင်းကို စုစည်းပေးရေးတို့သည်
ယနေ့တာဝန်ဖြစ်သည်။ ဖော်ပြရန်မလိုလောက်အောင်ပင် ဤကလပ်စည်းများနှင့် ကော်မတီများ၏ တာဝန်မှာ တစိပ်တ
ပိုင်းတရားဝင်အဖွဲ့ အစည်းများအားလုံးနှင့် ဖြစ်နိုင်သမျှသော တရားဝင်အဖွဲ့ အစည်းများကို အသုံးချသွားရေး " လူထုအများ
နှင့် နီးနီကပ်ကပ်ဆက်စပ်မ"ှု ရျှိနေရေး၊ ဆိုရှယ်ဒီမိုကရေစီသည် ပြည်သူလူထုအများ၏ လိုအပ်ချက်များကို တုံ့ပြန်ကြပေ
သည်ဟု ဆိုရလောက်အောင် လုပ်ငန်းကို ဦးစီးလမ်းညွှန်ပြုရေးတို့ဖြစ်ပေသည်။ ပါတီကလပ်စည်းတိုင်း၊ အလုပ်သမား
ကော်မတီတိုင်းသည် " လှုံ့ဆော်ရေး၊ ဝါဒဖြန့်ချိရေးနှင့် လူထုအတွင်း လက်တွေ့စည်းရုံးရေးလုပ်ငန်းတို့၏ အခြေခံစခန်း"
ဖြစ်ရပေမည်း။ ဆိုလိုသည်မှာ လူထုသွားရာ သူတို့သွားရမည်ဖြစ်၍ ခြေတလှမ်းလှမ်းတိုင်း လူုထု၏အသိစိတ်ဓါတ်ကို ဆို
ရှယ်လစ်ဝါဒဘက်ဆီသို့ တိမ်းညွတ်အောင်ကြိုးစား၍ တွန်းပို့ရန်၊ သီးခြားပြဿနာတခုစီကို ပစ္စည်းမဲ့လူတန်းစာ၏ ယေဘူ
ယျတာဝန်နှင့် ဆက်စပ်ပေးရန်၊ စည်းရုံးရေး လုပ်ဆောင်ချက်တခုစီကို လူတန်းစား သွေးစည်းမှုလုပ်ဆောင်ချက်ဖြစ်အောင်
အသွင်ပြောင်းပေးရန်၊ လုံးလစိုက်ထုတ်ခြင်းသဘောတရားအရ သိမ်းသွင်းခြင်းနည်းဖြင့် (ဘွဲ့ ထူး၊ ရာထူး အရှိန်အစော်
ကြောင့်မဟုတ်ပ)ဲ တရားဝင်ပစ္စည်းမဲ့ အစည်းအရုံးအားလုံးတွင် ခေါင်းဆောင်မှုအခန်းကဏ္ဍရရှိစေရန်အတွက်လုပ်ဆောင်ရ
မည်ဖြစ်သည်။ ဤကလပ်စည်းများနှင့် ကော်မတီများသည် ရံဖန်ရံခါတွင် အလွန်သေးငယ်နေစေကာမူ ၎င်းတို့သည် ပါတီ
အစဉ်အလာ၊ ပါတီစည်းရုံးရေးနှင့် ယတိပြတ်လူတန်းစား လုပ်ငန်းစဉ်တရပ်အားဖြင့် ဆက်စပ်မှုရှိနေပေလိမ့်မည်။ ထိုအခါ
တွင် ဆိုရှယ် - ဒီမိုကရက်တစ်ပါတီဝင် နှစ်ဦး သို့မဟုတ် သုံးဦး အစုအဝေးသည် ပုံစံမဲ့ တရားဝင်အဖွဲ့ အစည်းတခုတင
ွ် နစ်
မြုပ် ရတော့မည့် အဖြစ်သို့ရှောင်ရှားနိုင်ပေမည်။ (မည်သည့်အခြေအနေမျိုးသို့ရောက်ရောက် မည်သည့်ကမ်းကိုပဲ ဆိုက်
ဆိုက)် ပါတီလမ်းစဉ်ကို သယ်ဆောင်ပြီး မိမိကို ပတ်ဝန်းကျင်က ဝါးမြိုခြင်းမခံပ၊ဲ မိမိက ပတ်ဝန်းကျင်ကို ပါတီတရပ်လုံး၏
စိတ်ဓါတ်နှင့်အညီ သြဇာပြုသိမ်းသွင်းပေလိမ့်မည်။

လူထုအစည်းအရုံးတမျိုးပြီးတမျိုး ဖျက်သိမ်းခံရစေကာမူ တရားဝင်အလုပ်သမားသမဂ္ဂများ ရပ်တည်မှုပျောက်အောင်


ခြောက်လှနမောင်းနှင်ခြင်း ခံရစေကာမူ၊ တန်ပြန်တော်လှနရေးအစိုးရ၏ လက်ထက်တင
ွ် အလုပ်သမားတို့၏ ဦးဆောင်မှု
ဖြင့် ဗြောင်ဆောင်ရွက်သော လုပ်ငန်းတိုင်းကို ပုလိပ်တို့က အကြောင်းတမျိုးပြီးတမျိုးပြ၍ ဖျက်ဆီးကြစေကာမူ ဤကမ္ဘာရှိ
မည်သည့်အာဏာပိုင်ကမျှ ရုရှားပြည်တင
ွ်ပေါ်ပေါက်လျှက်ရှိပြီးဖြစ်သော အရင်းရှင်နိုင်ငံတင
ွ်း အလုပ်သမားထုကြီး၏ စု
စည်းကျစ်လစ်လာခြင်းကို ကာကွယ်တားဆီးနိုင်မည်မဟုတ်ပေ။ တရားဝင်နည်းနှင့်ဖြစ်စေ၊ တစိပ်တပိုင်း တရားဝင်နည်းနှင့်
ဖြစ်စေ၊ ဗြောင်လုပ၍
် ဖြစ်စေ၊ လျို့ဝှက်၍ဖြစ်စေ အလုပ်သမားလူတန်းစားသည် တနည်းမဟုတ် တနည်း ၎င်းတို့စုဝေးရာ
နေရာများကိုတွေ့ကြပေလိမ့်မည်။ ဆိုရှယ် - ဒီမိုကရက်တစ်တို့၏ လူတန်းစားအသိရှိသော ပါတီသည် မည်သည့်နေရာ၊
မည်သည်အ
့ ချိန်တင
ွ်မဆို လူထုကြီးအား ပါတီစိတ်ဓါတ်နှင့်အညီ သိမ်းသွင်းရန် အတူတကွဆောင်ရွက်ကြသည်။ ဆိုရှယ် -
ဒီမိုကရေစီသည် လူသိရှင်ကြား တော်လှန်ရေးကြီး၌ လူတန်းစားပါတီတရပ်အဖြစ် သက်သေထူခဲ့ပြီ။ သန်းပေါင်းများစွာ
သော ပြည်သူများအား သပိတ်တိုက်ပွဲတင
ွ်လည်းကောင်း၊ ၁၉၀၅ ခုနှစ် ပုန်ကန်မှုကြီးတွင်လည်းကောင်း၊ ၁၉၀၆ - ၁၉၀၇
ခုနှစ် ရွေး ကောက်ပွဲများတွင်လည်းကောင်း၊ အောင်မြင်စွာရှေ့ဆောင်ခဲ့သော ပါတီအဖြစ်သက်သေထူခဲ့ပြီ။ ဤပါတီသည်

7
ယခုအခါတွင်လည်း လူတန်းစားတရပ်၏ပါတီ၊ လူထုအများ၏ပါတီ၊ အခက်အခဲဆုံးအချိန်တင
ွ်သော်မှ တပ်တောင်တာ
ဗိုလ်ထု လူထအ
ု များကြီးနှင့် အဆက်အစပ် အပြတ်ခံမည်မဟုတ်ဘ၊ဲ လူထုအများစုကြီးအား ယခင်ခက်ခေ
ဲ သာကာလကို
ကျော်လွန်နိုင်ရန် ကူညီလျှက် မိမိတပ်ဖွဲ့ ဝင်များကို တိုး၍စုစည်းကျစ်လစ်စေကာ တိုက်ပွဲဝင်အသစ်များကိုလည်း တိုး၍တိုး
၍ လေ့ကျင့်ပေးသည့် ရှေ့ဆောင်ပါတီအဖြစ် ဆက်လက်တည်ရှိနိုင်ပေလိမ့်မည်။

အရိုးစြေ
ဲ နသော ဘလက်ဟန်ဒရက်များအနေဖြင့် ဒူးမားလွှတ်တော် အတွင်းအပြင်တို့၌လည်းကောင်း၊ မြို့တော်တင
ွ်း၊
မြို့တော်ပ နယ်စ၊ွ န်နယ်ဖျားတို့၌လည်းကောင်း၊ ပျော်ရွှင်မြူတူးကြပါစေ။ ဟိန်းကြဟောက်ကြပါစေ။ ဖောက်ပြန်ရေး အင်
အားစုများအနေဖြင့် မာန်မာန ထောင်လွှားကြပါစေ။ သို့သော် ဥာဏ်ပညာ အလွန်တရာ ကြီးမားလှသော မစ္စတာစတို
လီပင်အနေဖြင့်မူ အန္တရာယ်ရှိစွာ အင်အားချိန်ခင
ွ်လျှာကစားနေသော သက်ဦးဆံပိုင်စနစ်အား ယင်း၏ကျဆုံးမှုသို့ ပိုမိုနီး
ကပ်သည်ထက် နီးကပ်အောင် မဆောင်ကျဉ်းပဲ၊ နိုင်ငံရေးအရ မဖြစ်နိုင်မှုများ၊ ကမောက်ကမမူများ တစုတပြုံကြီးမဖန်တီးပဲ
ပစ္စည်းမဲ့နှင့် လယ်သမားထုအ တွင်းမှ တော်လှန်ရေးအင်အားစုများထံသို့ အင်အားစုအသစ်များ မတိုးပွားစေဘဲ ခြေလှမ်း
တလှမ်းသော်မျှ လှမ်းနိုင်မည်မဟုတ်ပေ။ လူထုကြီးနှင့် ထိတွေ့ဆက်စပ်လျှက် ဦးဆွေးဆံမြေ့ လုပ်ဆောင်ရေးအတွက် မိမိ
ကိုယ်ကို ခိင
ုမာကျစ်စေရာတွင် အောင်မြင်သောပါတီ၊ တိုးတက်သော လူတန်းစားတရပ်၏ပါတီ၊ ရှေ့ဆောင်တပ်ဦးတခု
စည်းရုံးဖော်ဆောင်ရာတွင် အောင်မြင်သောပါတီ၊ ပစ္စည်းမဲ့တို့၏ ဘဝလက္ခဏာအရပ်ရပ်တင
ွ် ဆိုရှယ်ဒီမိုကရေစီ စိတ်ဓါတ်
နှငအ
့် ညီ သြဇာပြုသိမ်းသွင်းနိုင်သည့် အခြေရှအောင် မိမိ၏အင်အားစုများကို ရှေ့ဆောင်ညွှန်ကြားနိုင်သောပါတီ၊ ဤသို့
သောပါတီမျိုးသည် မည် သည့်အကြောင်းကိစ္စပေါ်ပေါက်စေကာမူအောင်မြင်ရမည်သာဖြစ်ပေသတည်း။

ဆိုရှယ်ဒီမိုကရက်၊ အမှတ် ( ၂ ) စုပေါင်းကျမ်းအတွဲ ၁၅

၁၉၀၉၊
၁၉၀၉၊ ဇန္နဝါရီ ၂၈ ( ဖေဖော်ဝါရီ ၁၀ ) ရက်

ဘာသာပြန်သူ - အောင်ဘန်း ရဲမြင့်


တင်အေး စိန်မောင် တို့ရဲ့
(လီနင် လက်ရွေးစင် အတွဲ ၃ ။ လီနင် ရာပြည့်အထိမ်းအမှတ)် စာအုပ်မှ ပြန်လည်ကူးယူပါသည်။

You might also like