You are on page 1of 3

စွမ်းရည်ထက်မြက်သော 3D Engineering Software အကြောင်း

=================================
ကမ္ဘာတစ်ဝှမ်းရှိစက်မှုလု ပ်ငန်းများ၌ အလွန်တွင်ကျယ်စွာ အသုံးပြုနေကြ သော်လည်း မြန်မာနိုင်ငံ ၌ လူသိနည်းနေသေးသည့် အင်ဂျင်နီယာ လု ပ်ငန်း
သုံး စွမ်းရည် မြင့် 3D Software အချို့နှင့် မိတ်ဆက်ပေးလို သည့် ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်ပါသည်။ အင်ဂျ
င်နီယာလု ပ်ငန်းအမျိုးအစား အများအပြားရှိသည့် အနက် နမူ နာပုံစံ ပြုနည်းစဉ် (Physical Prototyping)၌ အမှားအယွင်း အဆုံးအရှုံး သက်သာေ
စရန် ကြားခံ အဆင့်အဖြစ် အသုံးပြုသော Virtual Prototyping အတွက် ရည်ရွယ်ပြီး အထူးပြုထားသည့် 3D Digital Prototyping
Software အု ပ်စုဝင်အချို့နှင့် မိတ်ဆက်ပေးလို ခြင်း ဖြစ်ပါသည်။

အဆို ပါ Software များအနက် မြန်မာနိုင်ငံ ၌ အလွယ်တ ကူ ၀ယ်ယူရရှိနိုင် သော Software များမှာ SolidWorks, Solid Edge, Inventor, Pro E,
CATIA နှင့် NX တို့  ဖြစ်သည်။ အထက်ပါ Software များအားလုံးမှာ 3D Mechanical Model များကို လွယ်ကူစွာ တိတိကျကျဖန်တီးနိုင် စေရန်
တီထွ င်ထားသော 3D Parametric Solid Modeling Software များ ဖြစ်သည်။

ထို နေရာ၌ ကျွန်တော်အနည်းငယ် ရှင်းပြလို သည် မှာ Auto CAD ကို သာ ကျွန်တော်တို့နိုင်ငံ ၌ လူသိများပြီး ဤ Software များနှင့် ရ
င်းနှီးသူ နည်းပါးလှပါသည်။ ပြည်တွ င်း၌ရှိသော အင်ဂျင်နီယာများ မဆို ထားနှင့် နိုင်ငံ ခြား၌ သွားရောက် အလု ပ်လုပ်လျှက်ရှိသော မြန်မာ အင်ဂျင်နီ
ယာအများစု ပင် အဆို ပါ Software များနှင့် အကျွမ်းတ၀င် မရှိလှချေ။

အကြောင်းရင်းတစ်ခုမှာ ၄င်း Software များသည် ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် အာရှနိုင်ငံ အတော်များများ၌ လွန်ခဲ့သော နှစ်အနည်း
ငယ်အ ထိ ၀ယ်ယူ၍ မသုးံနိုင်ခဲ့ ခြင်းဖြစ်သည်။အမေရိ ကန်နှင့် ဥရောပ၌ အသုံးတွင်ကျယ် လျှက်ရှိသည်မှာ ဆယ်စုနှစ်တစ်ခုပင် ကျော်လွန်ခဲ့ချေပြီ။

သို့ သော်ယခု အခါ၌ ဂျပန်၊ ကို ရီးယား၊ ထို င်ဝမ် နှင့် စင်္ကာပူ တို့ ၌ အသုံးပြုလာကြပြီဖြစ်ရာ များမကြာမီကာလ အတွင်း အသုံးတွင်ကျယ်
လာမည့် အလားအလာများစွာ ရှိပါသည်။ ထင်ရှားသော သာဓကတစ်ခုမှာ စင်္ကာပူ နိုင်ငံ ၏ နာမည်ကျော်နည်းပညာ တက္ကသို လ်ဖြစ်သော Nanyang
Technological University (NTU) က Computer အလုံးရေ (၃၀၀) အတွက် SolidWorks မှ License ကို ၀ယ်ယူသွားခဲ့ ခြင်း ဖြစ်သည်။

ကျွန်တော်တို့ မြန်မာအင်ဂျင်နီယာများအနေဖြင့် နိုင်ငံ တကာနှင့် ရင်ပေါင်တန်းနိုင်ရ န်အတွက် AutoCAD ကို ကျွမ်းကျင်အောင် မဖြစ်မနေ ဆည်း
ပူးရမည်မှာ အထူးပြောရန်ပင်မလို ချေ။ (ချန်ထားခဲ့ ၍ မဖြစ်သော အကြောင်းအရာတစ်ခုမှာ AutoCAd ကို သာ ကျွမ်းကျင်ပြီး သက်ဆိုင်ရာ အင်ဂျင်နီယာလု ပ်င
န်း၏ သဘောသဘာဝ ကို ခြုံငုံ၍တီးမိခေါက်မိပင် မရှိလျှင်လည်း လု ပ်ငန်းခွင်၌ အဆင်ပြေနိုင်မ ည် မဟု တ်ခြင်း ဖြစ်သည်။)

သို့ သော် AutoCAD တစ်ခုတည်းနှင့်ပင် တင်းတိမ် မနေသင့်ပဲ အခြားသောအဆင့်မြင့် အင်ဂျင်နီယာလု ပ်ငန်း သုံး Software များကို လည်းေ
လ့ လာရန် အထူးပင် တို က် တွန်းလို ပါသည်။ အဘယ်ကြောင့်ဆိုသော် AutoDesk သည် AutoCAD ကို Platform Solution အတွက်သာ ရည်ရွ
ယ်၍ ထု တ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဗိသု ကာများ အတွက် AutoDesk Revit Architecture နှင့် အင်ဂျင် နီယာများအတွက် AutoDesk Revit MEP
(Mechanical, Electrical & Plumbing) ကို ထု တ်လုပ်ထားသည်။ အထူး သဖြင့် Revit MEP သည် High Rise Building များအတွက် Air-Con
System များ , Piping System များ , Electrical System များကို ဒီဇို င်းလု ပ်ရန်အတွက် Special Feature များပါရှိခြင်းကြောင့် High End M
& E Design Engineering အတွက် အထူးပင်သင့်လျော်လှပါသည်။ (ယခု အချိန် အထိ ကျွန်တော်တို့၏ ပတ်ဝန်းကျင်၌ M & E Drafting အတွက်
2D command များသာ အသုံးပြု၍ရသော Auto CAD LT နှင့်ပင် အဆင်ပြေနေသေးသည်ဖြစ်ရာ Revit MEP မှာ အသုံးမတွင်ကျယ်လှေ
သးချေ။ သို့ သော် Drafting လု ပ်ရုံထက်များစွာပို ၍ အဆင့်မြင့် သော MEP Design Engineering လု ပ်ငန်းအတွက် Revit သည် အလွ
န်အသုံးဝင်လှကြောင်း သံ သယဖြစ်စရာ မရှိပေ)။ AutoDesk Revit ကို ရ န်ကုန်မြို့ရှိ ဆော့ ဖ်ဝဲအရောင်းဆို င် များ၌ အလွယ်တ ကူ ၀ယ်ယူနိုင်ပါသည်။

Naval Architect များ၊ Marine Engineer များ အတွက်ကား AutoDesk Autoship, Tribon နှင့် CATIA တို့ ကို တီတွင်ထားသည်။ Tribon
မှာ ရန်ကုန်မြို့၌ ၀ယ်ယူ၍ မရနိုင် သော်လည်း Auto Ship နှင့် CATIA တို့ ကို Version ပေါင်းစုံ အလွယ်တ ကူ ၀ယ် ယူ နိုင် ပေရာ အဆို ပါ အဆ
င့်မြင့် ဆော့ ဖ်ဝဲအားလုံးမှာ ကျွန်တော်တို့နှင့် လက်တစ်ကမ်းအကွာ၌သာ ရှိပေသည်။ ထို့ ကြောင့် AutoCAD နှင့်သာ ရပ်မနေကြ
ဖို့ တို က်တွ န်းပါသည်။

ကျွန်တော် မိတ်ဆက်ပေးလို သော SolidWorks, Pro E, CATIA အစရှိသော Software များမှာ အဆင့်မြင့် စက်မှုကု န်ထုတ် လု ပ်ငန်းများအတွက်
အထူးရည်ရွယ် ထု တ်လုပ်ထားခြင်း ဖြစ်ပြီး Mold, Tool & Die Industry များအတွက် အလွန်ပင် ကောင်းမွန်ပါသည်။ တစ်ခုခြင်းစီ အကြောင်းကို
အနည်းငယ် မိတ်ဆက်ပေးလို ၍ ဤ ဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။

Pro/ Engineer (Pro E)

Pro E ကို Dr. Samuel P. Geisberg က ၁၉၈၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်း၌ စတင်တီတွင်ခဲ့ပါသည်။ ကမ္ဘာဆော့ ဖ်ဝဲလောက၌ parametric
feature-based associative solid modeling software အဖြစ် ပထမဆုံး အောင်မြင်မှုရခဲ့ သောဆော့ ဖ်ဝဲလည်းဖြစ်ပါသည်။

Pro E ကို Parametric Technology Corporation (PTC) က ပို င်ဆိုင်ပါသည်။ နောက်ဆုံး Release လု ပ်ခဲ့ သော Version မှာ Pro/ Engineer
Wildfire 4 ဖြစ်ပြီး ရန်ကုန်၌ အလွယ်တကူ ပင် ၀ယ်ယူနိုင်ပါသည်။ Wildfire 5.0 မှာ Beta Version အနေနှင့်သာ ရှိပါသေးသည်။

PTC သည် စွမ်းရည်မြင့် သင်္ချာဆော့ ဖ်ဝဲတစ်ခု ဖြစ်သော Math CAD ၏ Developer ဖြစ်သည့် Mathsoft ကို ၂၀၀၆ ခု နှစ်၊ ဧပြီလတွင်
ဝယ်ယူနိုင်ခဲ့ခြင်းကြောင့် ၄င်း၏ Maths Engine သည် ပို ၍ အားကောင်းလာဖို့  ရှိပါသည်။

NX နှင့် Solid Edge

NX ကို တစ်ချိန်က Unigraphics NX ဟူ ၍ ခေါ် တွင်ခဲ့ပြီး ယခု အခါ၌ SIEMENS NX ဟု အမည်ပြောင်း ထားပါသည်။ နာမည်ကျော် အမေရိကန်ေ
လယာဉ် ထု တ်လုပ်ရေးလု ပ်ငန်းကြီးဖြစ်သော မက်ဒေါ်နယ်ဒေါက် ဂလပ်စ်၏ UGS (Unigraphics Group) မှ စတင်တီတွင်ခဲ့ပါ သည်။ Parasolid
Modeling Kernel ကို အသုံးပြုထား ပါသည်။

Solid Edge ကို Intergaph မှ ၁၉၉၆ တွင် စတင် ထု တ်လုပ်ခဲ့ပါသည်။ အစပို င်းတွင် ACIS Geometric Modeling Kernel ကို သုံးခဲ့ ပါသည်။ UGS
မှ Intergraph ကို ၀ယ်ယူခဲ့ ပြီးနောက် Parasolid Kernel ကို ပြောင်းလဲ၍ အသုံးပြုခဲ့ ခြင်းကြောင့် NX နှင့် Kernel ချင်းတူ ပါသ
ည်။
၂၀၀၇ ခု နှစ်တွ င် ဂျာမနီနိုင်ငံ ၏ နာမည်ကြီး SIEMENS AG ၏ Automation & Drives Division မှ UGS ကို အလုံးစုံဝယ်ယူ ခဲ့ ပါသည်။ ၂၀၀၇
ခု နှစ်၊ အောက်တို ဘာလ (၁) ရက်နေ့တွင် UGS ကို Siemens PLM Software အဖြစ် အမည်ပြောင်းခဲ့ ပါသည်။

Inventor

Inventor ကို အမေရိကန် အခြေစို က် AutoDesk မှ ထု တ်လုပ်ပါသည်။ SolidWorks, Pro E, Unigraphics NX တို့ နှင့် ယှဉ်ပြိုင်ရန် ထု တ်လုပ်ထာြး
ခင်း ဖြစ်ပါသည်။ Integrated Motion နှင့် Assembly Stress Analysis တို့ ကို စွမ်းဆောင်နိုင် ခြင်းကြောင့် အလွန်ပင် အဆင့်ြ
မင့် လှပါသည်။

AutoDesk သည် ဆော့ ဖ်ဝဲအမျိုးမျိုးကို နယ်ပယ် အသီးသီးအတွက် ကဏ္ဍများခွဲ၍ ထု တ်လုပ်ပါသည်။ AutoDesk ၏ CEO မှာ Carl Bass ဖြစ်သည်။

AutoDesk ၏ TradeMark ဖြစ်သော AutoCAD, AutoCAD LT, AutoCAD P & ID, AutoCAD Map 3D နှင့် AutoDesk
Ipression တို့ ကို Plantform Solution & Emerging Business Division (PSEB) မှ ထု တ်လုပ် ပါသည်။

AutoDesk Revit Architeture နှင့် AutoDesk Revit MEP တို့ ကို Architecture, Engineering & Construction Division (AEC) မှ
ထု တ်လုပ်ပါသည်။

Maya နှင့် 3ds Max တို့ ကို Media & Entertainment Division မှ ထု တ်လုပ်ပါသည်။

AutoDesk Inventor Professional နှင့် AutoDesk Vault ကို Manufacturing မှထု တ်လုပ်ပါသည်။

ယခု နောက်ဆုံး Release လု ပ်ခဲ့သော AutoDesk Inventor 2009 Professional ကို ပင် ရ န်ကုန်၌ ၀ယ်ယူ ရရှိနိုင် ပြီ ဖြစ်သည်။

CATIA

CATIA ၏နာမည်အ ပြည့်အစုံမှာ Computer Aided Three-dimensional Interactive Application ဖြစ်သည်။ CATIA ကို Dassault Systemes
မှထု တ်လုပ်ပါသည်။

Dassault Systemes သည် နာမည်ကျော် ပြင်သစ် လေယာဉ်ထုတ်လုပ်ရေးလု ပ်ငန်းကြီးဖြစ်သော Avions Marcel Dassault ၏ အစိတ်အ ပို င်းတစ်ခုြ
ဖစ်သည်။ နာမည်ကြီး ပြင်သစ်ဂျက်တိုက်လေယာဉ် Mirage ကို တည်ဆောက်ရာ၌ အသုံးပြုရန် CATIA ကို တီတွင်ခဲ့ခြင်း ဖြစ်သည်။

CATIA သည် Engineering Design လောက၌ ပြိုင်ဘက်ကင်းအောင်ပင် တန်ခိုးဂု ဏ်ရှိန်ကြီးမြင့်လှပေ သည်။ နယ်ပယ် အသီးသီး၌ ဂု ဏ်ယူဖွယ်ကော
င်းသော အောင်မြင်မှုများမှာ မြင့်မားစွာ ရှိနေပါသည်။

လေယာဉ်ထုတ်လုပ်ရေးလု ပ်ငန်းများ၌ အမေရိ ကန် အခြေစို က် Boeing သည် CATIA ကို ၁၉၈၄ မှ စတင်ဝယ်ယူ အသုံးပြုခဲ့ ပါသည်။ ယခု အထိလည်း
Boeing 777 နှင့် Boeing 787 တို့ အတွက် ဆက်လက် အသုံးပြု နေပါသည်။ ဥရောပ၏ Airbus သည်လည်း CATIA ကို ၂၀၀၁ ခု နှစ်မှစတင်အ
သုံးပြုခဲ့ ပါသည်။ CATIA ကို သုံးသော အခြားလေယာဉ်ထုတ်လုပ်ရေး လု ပ်ငန်းတစ်ခုမှာ ကနေဒါမှ Bombardier Aerospace ဖြစ်သည်။

မော်တော်ယာဉ်ထုတ်လုပ်ရေး လု ပ်ငန်းများတွင် လည်း CATIA ကို အားလုံးလို လို ပင် အသုံးပြုကြသည်ကို တွေ့ရသည်။ CATIA ကို သုံးသော
ကု မ္ပဏီများမှာ BMW, Porsche, Daimler Chrysler, Audi, Volkswagen, Volvo, Fiat, Gestamp Automocion, Benteler AG, PSA
Peugeot, Citroen, Renault, Toyota, Honda, Ford, Scania, Hyundai, Scoda Auto, Proton, Tata Motors, Mahindra တို့  ဖြစ်သည်။
Goodyear Tyre သည်လ ည်း CATIA ကို အသုံးပြုပါသည်။

သင်္ဘောကျင်းလု ပ်ငန်းများအတွက်ဆိုလျှင် အမေ ရိကန်ရေတပ်အတွက် ဗာဂျီးနီးယားအမျိုးအစား ရေငု ပ် သင်္ဘောများ တည်ဆောက်ရေးအတွက်


General Dynamics Electric မှ CATIA ကို အသုံးပြုပါသည်။ ဂျရယ်ဖို့ဒ် အမျိုးအစားလေယာဉ်တင် သင်္ဘောများ တည် ဆောက်ရန်အတွက်
နော့ သရောပ်ဂရူးမင်း ကု မ္ပဏီမှ လည်း CATIA ကို အသုံးပြုထားပါသည်။

ထို ကဲ့ သို့  နာမည်ကျော် ကော်ပိုရေးရှင်းကြီးများသာ သုံးနိုင် သော CATIA ကို ကျွန်တော်တို့ ရ န်ကုန်မြို့ရှိ ဆော့ ဖ်ဝဲအရောင်းဆို င်
များ၌ ဈေးနှုန်းချိုသာစွာဖြင့် ၀ယ်ယူရရှိနိုင် သော်လည်း ၀ယ်ယူ၍ စမ်းသပ်သုံးစွဲသူ ပင် မရှိသလောက် နည်းပါးလှပါသည်။

SolidWorks

SolidWorks သည် ၄င်း၏ အလွန်ရှင်းလင်း လွယ်ကူသော GUI (Graphical User Interface) ကြောင့် လူကြိုက်အ များဆုံး ဖြစ်လာခဲ့ သည်။
3D Mechanical Design Software အားလုံးအနက် Flexible အဖြစ်ဆုံး နှင့် ကို င်တွ ယ်ရ အလွယ်ကူဆုံး ဖြစ်ပါသည်။ Consumer Product
Design, Machine Design နှင့် Mold Design တို့ ကို တည်ဆောက်ရာ၌ တိကျရုံမျှမက အလွန်လျှင်မြန် လွယ်ကူစွာ ဆောင်ရွက်နိုင် ခြ
င်းကြောင့် နှစ်သက်ဖွယ် ကောင်းလှပါသည်။ ၄င်းသည်လည်း Parasolid Kernel Based Solid Modeler တစ်ခု ဖြစ်ပါသည်။

SolidWorks Corporation ကို Jon Hirschtick က ၁၉၉၃ ခု နှစ်တွ င် အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူး ဆက်ပြည်နယ် ကွန်းကော့ ဒ်မြို့၌ စတင်တ
ည်ထောင်ခဲ့ပါသည်။ ၁၉၉၅ ခု နှစ်တွ င် SolidWorks 95 ကို စတင် ထု တ်လုပ်နိုင်ခဲ့ပါသည်။

၁၉၉၇ ခု နှစ်တွ င် CATIA ကို ထု တ်လုပ်သော Dassault Systemes က SolidWorks Corporation ကို ၀ယ်ယူခဲ့ ပါသည်။ SolidWorks Corp ၏
CEO အဖြစ် John MC Eleny က ၂၀၀၁ ခု နှစ်မှ၂၀၀၇ ခု နှစ်၊ ဇူ လို င်လအထိ တာဝန်ယူခဲ့ ပါသည်။ ယခု CEO မှာ Jeff Ray ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း
Version အသစ်များကို ထု တ် လု ပ်နိုင်ခဲ့ပြီး နောက်ဆုံး Version မှာ SolidWorks 2009 ဖြစ်ပါသည်။ SolidWorks 2005, 2007, 2008 နှင့်ေ
နာက်ဆုံး 2009 Version များကို ရန်ကုန် မြို့ရှိ ဆော့ ဖ်ဝဲအရောင်းဆို င်များ၌ အလွယ်တ ကူ ပင် ၀ယ်ယူနိုင်ပါသည်။
အလွန်နှစ်လိုဖွယ်ရာကောင်းသော အချက်တ စ်ခု မှာ SolidWorks Corp ၏ ဆောင်ပုဒ်ကလေးတစ်ခုပင် ဖြစ်သည်။ ၄င်းမှာ

No matter how easy it is to use, it is never easy enough.

No matter how fast we make it, it is never fast enough. ဟူ ၍ ဖြစ်ပါသည်။

ကျွန်တော်အတွက်တော့ SolidWorks ကို အနှစ် သက်ဆုံး ဖြစ်ပါသည်။ စာဖတ်သူတို့  အနေဖြင့်လည်း SolidWorks ကို သုံးဖြစ်ခဲ့လျှင် နှစ်သ
က်လိမ့်မည်ဖြစ် ကြောင်းကို ကျွန်တော့်အနေနှင့် သံ သယဖြစ်ဖွယ်မရှိပါ။

အထက်ပါဆော့ ဖ်ဝဲများအားလုံးသည် CAD/CAM/CAE (Computer Aided Design/ Computer Aided Manufacture/ Computer Aided
Engineering) အတွက် အထူးပြုသော Parametric Integrated Software များ ဖြစ်သောကြောင့် Solid Modeling, Surfacing,
Rendering, Data Interoperability, Routed Systems Design, Simulation, Tolerance Analysis နှင့် Tooling Design တို့ ကို လု ပ်ေ
ဆာင်ပေးနိုင် ခြင်းကြောင့် စွမ်းဆောင်ရည် မြင့်မားလှပါသည်။ နိုင်ငံ ခြား၌ ဒေါ်လာ သောင်းဂဏန်း နှင့် ချီကာ ပေးဝယ်ရသော အ
ဆင့်မြင့်ဆော့ ဖ်ဝဲများလည်း ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် ကံ ကောင်းသည်မှာ ၄င်းဆော့ ဖ်ဝဲများကို ဆော့ ဖ်ဝဲဆို င် အေ
တ်ာများများ၌ ဈေးနှုန်းအလွန်ချိုသာစွာဖြင့် ၀ယ်ယူ သုံးစွဲနိုင် ခြင်းပင် ဖြစ်ပါသည်။ သို့ ဖြစ်၍ အလွန်တန်ဖိုး ကြီးလှသော အသုံးဝင်လှသော
High End Engineering Design Software များမှာ စာဖတ်သူတို့ နှင့် လက်တကမ်း မှာပင်ရှိကြောင်း နှိုးဆော်အသိပေးလို က်ရပါသည်။

http://98.130.63.104/index.php?option=com_content&view=article&id=180%3A-3d-engineering-software-
&catid=53%3Aapplications&Itemid=119
မင်းအောင်ခန့်ဇော်

(ရန်ကုန်စက်မှုတက္ကသို လ်)

You might also like