You are on page 1of 6

PLC အကြောင်း လေ့ လာကြည့်ရအောင် ( အပို င်း-၁ )

http://pinnyaalin.blogspot.com/2009/01/plc_10.html မှကူးယူ ဖော်ပြသည်။

http://pinnyaalin.blogspot.com

ကျွန်တော် တစ်ခါတု န်းက မြန်မာအင်ဂျင်နီယာ ဖိုရမ်မှာ ကိုငယ်ဆိုတဲ့ နာမည်နဲ့ ကျွန်တော်


သိသော PLC ဆိုပြီး ပိုစ့်တွေ ရေးခဲ့ ဘူးတယ်။ အခု အဲ့ ဒီအကြောင်းအရာကိုပဲ ဆ
က်ဆွေးနွေးချင်ပါတယ်။

ကျွန်တော်သိသော .... PLC ... ဆိုသည်မှာ Relay အကြီးစားကြီးပါပဲဗျာ။ သူ့ မှာ ကို


ယ်လိုချင်ရင် လိုချင်သလောက် NO / NC Contacts တွေ အများကြီး ထု တ်ပေးလို့ရတယ်။
ကိုယ့်စိတ်ကြိုက် လိုသလို လု ပ်လို့ရတဲ့ Relay ကြီးပေါ့ဗျာ။

တစ်ခါက သူ ငယ်ချင်းတွေနဲ့ စကားဝိုင်းတစ်ခုမှာ လေနဲနဲကြီးတဲ့ သူ ငယ်ချင်းတစ်ယောက်နဲ့


သွားဆုံ တယ်။ သူ ကလည်း PLC Programming တွေရေးနေတာပါ။ Siemens PLC ထ
င်တယ်။ သူ က တခြားသူ တွေကို ပြောနေတာ .. PLC Programming ဆိုတာ ဘယ်လို
ခက်ခဲ၊ နက်နဲ၊ ရှုပ်ထွေး တယ်ဆိုတဲ့ အကြောင်းတွေပါ။ ကျွန်တော်ကတော့ ပြန်ပြောလိုက်တ
ယ်။ PLC Programming ရေးဖို့ဆိုရင် ...

• Logic အကြောင်း သိထားရင်၊


• Digital Gates တွေအကြောင်း တီးမိခေါက်မိရင်၊
• Relay အကြောင်း နားလည်ရင်၊
• C Programming အကြောင်းလေး သဘောလောက် တတ်ထားရင၊်

ထင်သလောက် မခက်ခဲပါဘူးလို့ ပြောလိုက်တ ယ်။ အဟဲ .. သူ ငယ်ချင်းကတော့ နှာကစ်သွားရှာ


တာပေါ့ဗျာ။

Logic အကြောင်း က ဘာတွေ သိထားရမှာလဲ ဆိုတော့ ...။ Binary Logic ဖြစ်တဲ့1 & 0
ကို သိထားရင် ရမယ်ထင်တယ်။ High & Low ... Open & Close ပေါ့ဗျာ။ Open / Close ဆို
မှ ကျောင်းတု န်းက ဆရာ ဦးကလဲမက်ကြီး PLC အကြောင်းသင်တုန်းက ဆရာက မီးလုံး နဲ့
ဆားကစ်ပါတ်လမ်းလေး တစ်ခုနဲ့ ဥပမာ ပေးတယ်။ မျက်စိထဲ မြင်အောင် ပြောရရင် .. မီးလုံးတ
စ်လုံးကို Switch တစ်ခုနဲ့ Series ချိတ်ထားတယ်။ တစ်ဖက်မှာတော့ Batteries နဲ့ ချိတ်ထားတယ်ပေါ့
ဗျာ။ ဆရာက ပြောတယ် ..။ မီးခလု ပ်ကို ပိတ်လိုက်ရင် ( Close လိုက်ရင် ) မီးလင်းသွားမယ်
... မီးခလု တ်ကို ဖွင့်လိုက်ရင် ( Open လိုက်ရင် ) မီးလုံးမှိတ် သွားမယ်ပေါ့။ ခပ်တုံးတုံး .. ကျွ
န်တော်ကတော့ မျက်စိလည်သွားတယ်။ ဘယ်နှယ့် မီးခလု တ်ပိတ်ရင် မီးကမမှိတ်ပဲ နဲ့ မီးခလု ပ်ဖွင့် ( မီး
ဖွင့် ) မှ မီးက ပိတ်သွားတာပါလိမ့်လို့ ။ အဲ့ ဂလိုကြီးကို .. မြန်မာမှု ပြုမိခဲ့ တာ။

Digital Gates တွေအကြောင်းကိုတော့ သာမာန် NOT / AND / OR Gatesေ


တွလောက်သိရင် ရပါပြီင်္ဗျာ။ XOR တို့ XNOR တို့ မလိုဘူးလို့ ပြောလို့ရမယ်ထ
င်တယ်။ ထပ်ပြီး Boolean Algebra နဲ့ Truth Table တွေလည်း အကျွမ်းတ၀င်ရေးတ
တ်ဖို့လိုမယ်။ ကျွန်တော်ကတော့ Truth Table ကို 5 Variables ထိ ရေးခဲ့ ဘူးတယ်။
ကျွမ်းကို ပြန်လို့ ..။

Relay အကြောင်းကတော့ နားလည်ဖို့ လိုတယ်ဗျ။ ရိုးရိုး Relays ( Contactors ) တစ်လုံး


ရဲ့လု ပ်ရိုးလု ပ်စဉ်ကော၊ ရှယ် Relays ( Latch Relays .. တို့ဘာတို့ပေါ့ ) တစ်လုံးရဲ့လု ပ်စဉ်ေ
တွပါ သိထားသင့်ပါတယ်။ Latch Relay ကို တချို့တော့ Set – Reset Relay လို့လည်း
ခေါ်ကြတယ်။ Digital Electronic မှာတော့ Flip Flop ( D type ) နဲ့ အတူ တူ ပဲဗျ။

C Programming အကြောင်းကတော့ များများစားစား သိစရာမလိုပါဘူး။ ဒါပေမဲ့ PLC ရဲ့


Structure Text လိုမျိုး နဲ့ Programming ရေးတဲ့ အခါမျိုးမှာတော့ C
Programming နဲ့ သဘောတရားတူ နေတာကို တွေ့ရလိမ့်မယ်။ ကျွန်တော်ကတော့ အဲ့
ဒီအပိုင်းကို မဖြစ်မနေ မှပဲ ရေးတတ်တ ယ်။ ပုံ မှန်ကတော့ လှေကားပဲ ထောင်တတ်တ ယ်။

ဒါတွေကတော့ ကျွန်တော်သိသော ... PLC အကြောင်းပါပဲဗျာ။

( ကျွန်တော်ပြောတာကို မပြည့်စုံ ခြင်း၊ မှားယွင်းခြင်း၊ အယူ အဆ မတူ ခြင်းများ ရှိနိုင်


ပါတယ်။ ရှိခဲ့ ရင်ဖြင့် ကျွန်တော်၏ လေ့ လာအားထု တ်မှု မှားယွင်းခဲ့ မှုကြောင့်သာ ဖြ
စ်ကြောင်း ၀န်ခံ ပါရစေခင်ဗျား )

ကိုငယ်
(11.01.2009)

PLC အကြောင်း လေ့ လာကြည့်ရအောင် ( အပို င်း-၂ )


PLC Programming ကို စပြီး ရေးတော့ မယ်ဆိုရင် အရင်ဆုံး အောက်ပါအချက်တွေကို
စလု ပ်ရပါတော့ မည်။

1. ကိုယ့်အသုံးပြုလိုသည့် PLC အမျိုးအစား နှင့် Program Manager ကို ရွေးချ


ယ်ခြင်း။
2. Hardware Configuration တပ်ဆင်ခြင်း။
3. Structure & Symbolize the Data ပြုလု ပ်ခြင်း။
4. Programming Language ကို ရွေးချယ်ခြင်း။
5. Simulation & Downloading ။

1. ကိုယ့်အသုံးပြုလိုသည့် PLC အမျိုးအစား နှင့် Program Manager ကို ရွေးချ


ယ်ခြင်း။

PLC အမျိုးစားပေါင်း များစွာရှိပါသည်။ ထိုသို့သော မတူ ညီတဲ့ PLC အမျိုးစားများကို


မူ တည်ပြီး Program Manager များလည်း များစွာရှိလာပါသည်။ Siemens PLC ကို Step 7
လိုမျိုး Program Manager နဲ့သာ Program ရေးလို့ရပါသည်။ Modicon
Premium PLC ကို Siemens Step 7 နဲ့ ရေးချင်လို့ မရနိုင်ပါ။ အဲ့ ဒီတော့ ကျွန်ေ
တ်ာတို့ အရင်ဆုံး လု ပ်ရမှာက ဘယ် PLC ကို သုံးမှာလဲ ... ဘယ် Program Manager နဲ့ေ
ရးကြမှာလဲ .. ဆိုတာပေါ့။

ကျွန်တော်ကတော့ လက်ရှိ Project မှာ WAGO PLC ကို အသုံးပြုပြီး Codesys V2.3 နဲ့
Program ရေးနေရပါတယ်။ ရှေ့လျှောက် .. ဥပမာပေးသွားရင် Codesys နဲ့ေ
ရးပြသွားပါ့မယ်။

2. Hardware Configuration တပ်ဆင်ခြင်း။

Hardware Configuration ကို Physically တပ်ဆင်ပေးရပါ့မယ်။ များသောအားဖြင့် PLC


Unit တစ်ခုမှာ CPU ပါမည်။ Inputs / Outputs Modules တွေပါမည်။ ဒီထက်ပိုပြီး Serial
Communication ( RS485 ) လိုမျိုး Interfacing Modules တွေပါလာမည်။ ပြော
ရရင်တော့ အများကြီးပဲ။ အားလုံးက ကိုယ်ဘာအတွက် သုံးမှာလဲ .. ဘယ် Application အတွက်လဲ
ဆိုတာကို မူ တည်နေတာပါ။

CPU ကို ရွေးချယ်ပြန်တော့ လည်း ကိုယ့် Application မှာလိုအပ်မဲ့ Inputs / Outputs


အရေအတွက်ကို ကြည့်ပြီး ရွေးချယ်သင့်ပါတယ်။ မလိုအပ်ပဲ Small Application အတွက်
High End CPU တွေ မရွေးသင့်ပါဘူး။ ရွေးလည်း ဘာမှမဖြစ်ဘူး။ ပိုက်ဆံ ပဲ ပိုပေးရလိ
မ့်မယ်။

Inputs / Outputs Modules တွေမှာ Discrete ( Digital ) Inputs ( DI ) / Discrete


( Digital ) Outputs ( DO ) ရယ် ... Analogue Inputs ( AI ) / Analogue Outputs
( AO ) ရယ်ဆိုပြီး တွေ့ရလိမ့်မယ်။ ဒါကလည်း အသုံးချတဲ့ အရာပေါ်မူ တည်ပြီး ရွေး
ယူ ရပါလိမ့်မည်။

များသော အားဖြင့် ကျွန်တော် တပ်ဆင်တဲ့Hardware Configuration မှာ Power Supply


ကို အရင်ဆင်ပါတယ်။ ပြီးရင် CPU ကို ဆင်ပါတယ်။ အဲ .. WAGO မှာကတော့ CPU မှာပဲ
Power Supply က တပါတည်း တပ်ဆင်ထားပြီးသာပါ။ သီးသန့် ပါဝါ မလိုဘူးပေါ့ဗျာ။ CPU
ပြီးရင် DI .. ပြီးရင် ..AI ...ပြီးရင် AO ... ပြီးရင် DO အနေနဲ့ ဆင်တတ်ပါတယ်။ အဲ .. အားလုံး
တပ်ဆင်ပြီးရင် နောက်ဆုံးမှာ End Slot အနေနဲ့ End Module တစ်ခုတပ်ပေးလိုက်ပါတယ်။ တ
ပ်ဆင်မှုမှာတော့ သီးသန့် Standard တော့ ရှိမယ် မထင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့
Power Consumption အများဆုံးကို Power Supply နဲ့ နီးနီးမှာ ထားပေးလိုက်တာပါပဲ။

Physically Hardware Configuration လု ပ်ပြီးသွားရင်တော့ ကိုယ့် Program Manager


မှာလည်း အလားတူ မျိုး PLC Configuration လု ပ်ပေးရပါမည်။ ဒါမှ လိုချင်တဲ့Inputs နဲ့ ရချ
င်တဲ့Outputs တွေ မှန်မှန်က န်ကန် ရရှိပါလိမ့်မယ်။

3. Structure & Symbolize the Data ပြုလု ပ်ခြင်း။

အဲ့ ဒါကတော့ IO Data တွေကို နာမည်ပေးခြင်း နဲ့ အမျိုးအစား သတ်မှတ် ပေးခြင်းပါပဲ။


ကိုယ့် IO တွေက Bits တွေလား၊ Words တွေလား၊ Strings တွေလား၊
Tables တွေနဲ့လား ဆိုတာကို သတ်မှတ် ပေးရမယ်။ ပြီးတော့ သူ တို့ကို ကိုယ်ပိုင်နာ
မည်တွေ ပေးရမယ်။ အဲ .. နာမည်ဆိုတာကလည်း PLC က နားလည်မဲ့ နာမည်တွေပါ။ ဘို
လိုတော့ Variable Name လို့ ခေါ်တာပေါ့ဗျာ။ တစ်ခါတလေလည်း ဘိုလိုမျိုြးေ
ပာရင် နားလည်လွယ်မယ်ထင်ပါတယ်။ ဒု တိယ ပိုစ့်က ဥပမာနဲ့ ပြေားရရင် Switch AT %IX1.0:
BOOL; လို့ ဆိုပါတော့ ။ Switch ဆို တဲ့ နာမည်က ကိုယ်တွေသိတဲ့ အသိ ( လူသိတဲ့ အသိ
) ..။ အဲ့ ဒီနောက်က %IX1.0 ဆို တာက Switch မှန်း စက်က သိတဲ့ အသိ ( PLC က သိတဲ့ အသိ )
Address လို့ပြောလို့ရတယ်။ %IX ဆိုတာက I = Input & X = Digital ကို ဆို
လိုတာပါ .. ။ အတိအကျပြောရရင် Digital Input လို့ပြောတာပါ။ အဲ .. ဒါပေမဲ့ သူ ကလ
ည်း ပုံ သေတော့ မှတ်မရဘူးနော့်။ PLC ကွဲရင် အသုံးအနူန်းကွဲသွားကော။ ဥပမာ ...
Modicon မှာဆိုရင် %I1.0 လို့ပဲ တွေ့ရလိမ့်မယ်။ နောက်ဆုံးက BOOL ဆိုတာက
Type of Data လို့ ပြောရမယ် .. BOOL ဆို တာက Boolean ( Binary Digit - Bits )
ကို ကိုယ်စားပြုတာပါ။

မှတ်ရမှာက ... % IX = Digital Input, % QX = Digital Output, %QW = Analog


Output, %IW = Analog Input ဆိုတာကိုပါပဲ။ ထပ်ပြီး သတိပေးမယ်နော် ... ။ အဲ့ ဒီ
ဟာတွေက PLC အမျိုးစားကွဲရင် လိုက်ကွဲသွားလိမ့်မယ်။

ကိုငယ်
(11.01.2009 )

PLC အကြောင်း လေ့ လာကြည့်ရအောင် ( အပို င်း-၃)

4. Programming Language ကိုရွေးချယ်ခြင်း။

PLC Program တစ်ခုကို ရေးမယ်။ ကိုယ်က ဘယ် Language နဲ့ ရေးမလဲဆိုတာ
ကိုတော့ ကိုယ့်ဘာသာ ကိုယ် ဆုဲံးဖြတ်ရပါမယ်။ ရေးလို့ရတဲ့ Language တွေ
တိုင်းကလည်း သူ့ အပိုင်းလိုက် သူ အားသာချက်ရှိတာကို တွေ့ရပါတယ်။ အဓိက အပို
င်းကိုတော့ ကိုယ့်အားသန်ရာနဲ့ ကိုယ်ရေးပေါ့ဗျာ။ အဟဲ ... ကျွန်တော်ကတော့ လှေ
ကားပဲ ထောင်လေ့ ရှိပါတယ် .. များသောအားဖြင့် ပေါ့ဗျာ။

PLC Programming Languages တွေကို ယေဘူ ယျ အားဖြင့်ဆိုရင် ( 2 ) ပိုင်း ခွဲ


မှတ်လို့ရတယ်။

• စာနဲ့ဖော်ပြတဲ့ Language ( Textual Languages ) နဲ့


• တု တ်ချောင်းလေးတွေနဲ့ ပုံ ဖော်ပြီး ပြတဲ့ Languages ( Graphic Languages )

လို့ ကျွန်တော်က ခွဲမှတ်တာပဲ။

နဲနဲထပ်ရှင်းရရင် Textual Languages မှာ ထပ်ပြီးခွဲလိုက်ရင်

• Instruction List ( IL )
• Structured Text ( ST )
လို့ ခွဲလို့ရသေးတယ်။

Instruction List ( IL ) က ဘာနဲ့ တူ သလဲဆို တော့ ကျောင်းတု န်းက သင်ပေးလိုက်တဲ့


Assembly Language နဲ့ ဆင်တယ်ဗျာ။ ကျွန်တော်က အဲ့ ဒီအပို င်းကို သိပ်ပြီး မရေးတော့ သိ
ပ်ပြီး မရှင်းပြတတ်ဘူး။

Structured Text ( ST ) ဆိုတာကတော့ C Programming မှ IF .. THEN .. ELSE ဘာ


ညာကွိကွ တွေနဲ့ ရေးပုံ ရေးနည်း တူ တယ်။ များသောအားဖြင့် Input Datas 2 ခု
ကို Compare လု ပ်တာမျိုးဆိုရင် ST က အရမ်းကောင်းတယ်။ တစ်ချို့သော သူ တွေက ST
နဲ့ Program ရေးတာကို အားရလေ့ ရှိတယ်။ ဒါကလည်း ကောင်းပါတယ်။ တော်ရုံတန်ရုံ
လူက Program ကိုကြည့်ရုံ နဲ့ ရု တ်တ ရက် နားမလည်နိုင်ဘူးပေါ့။ လူရှိန်တယ်လို့ ဆိုရမယ်။

ဒါတွေက Textual Languages နဲ့ ပါတ်သတ်တဲ့ အကြောင်းတွေပါ။

Graphis Language တွေကိုလည်း ခွဲလို့ရသေးတယ်။

• Sequential Functional Chart ( SFC )


• Ladder Diagram ( LD ) ( ကျွန်တော်ကတော့ လှေကားထောင် တယ်လို့ ပြောတ
ယ် )
• Function Block Diagram ( FBD )

လို့ ခွဲလို့ရသေးတယ်။

Sequential Functional Chart ဆို တာက Flow Chart လိုမျိုး ရေးတာ။ နားလည်ရတော့
တော်တော်လေး လွယ်ကူပါတယ်။ ဘာ့ ကြောင့်တော့ မသိဘူး။ သိပ်ပြီး အသုံးမပြုကြ
ဘူး။

Ladder Diagram ( LD ) ကတော့ ကျွန်တော့်အကြိုက်ပါပဲဗျာ။ Electronic နဲ့ေ


ကျာင်းပြီးခဲ့ လို့လား မသိဘူး။ စဉ်းစားလို့ ကောင်းတယ်။ တပါးသူ ကိုလည်း အလွယ်တ ကူ
ရှင်းပြလို့ရတယ်။ Program ပြောင်းချင်ရင် ချက်ချင်းပြောင်းလို့ရတယ်ဗျာ။ တကယ့်
..Circuit Diagram လေး တစ်ခုလိုပဲ။ တော်တော်များများကလည်း ဒီ Language နဲ့ အ
သုံးများသလိုပဲ။ ကျွန်တော့်ရုံးမှာ Siemens PLC Specialist ရှိတယ်။ သူ လည်း LD ပဲ သုံး
တယ်။ Sixnet ရေးတဲ့ သူ ရှိတယ်။ လာထား .. LD ပဲဗျ။ Modicon ရေးတဲ့ လူကလည်း မဖြ
စ်မနေမှ တခြား Language ကိုသုံးတယ်။ ပုံ မှန်ကတော့ LD ပါပဲဗျာ။

Function Block Diagram ( FBD ) ကလည်း လူသုံးများပါတယ်။ အမှန်တော့ သူ က အလွ


ယ်ဆုံးပဲဗျ။ ကျောင်းတု န်းက သင်ပေးလိုက်တဲ့ Digital Electronic တွေမှာ ဆွဲရတဲ့
Microcontroller အလု ပ်လုပ်ပုံ လိုမျိုးလိုလို၊ Gate Circuit Drawing လိုလို နဲ့ အေ
တာ် လွယ်သဗျ။

ကျွန်တော် နောက်မှပုံ လေးတွေနဲ့ နဲနဲ ထပ်ရှင်းပြပါ့မယ်။


ကိုငယ်
(၁၁.၀၁.၂၀၀၈ )

PLC အကြောင်း လေ့ လာကြည့်ရအောင် ( အပို င်း-၄)


5) Simulating & Downloading

PLC Program တစ်ခုကို ရေးပြီးသွားပြီဆိုရင် ကိုယ်ရေးလိုက်တဲ့ Program က မှန်၏၊


မမှန်၏ ။ ဆိုတာကို ပြန်စစ်ရပါ့မယ်။ Codesys မှာတော့ Built လို့ သုံးနူန်းပါတယ်။ C
Program တွေမှာဆိုရင် Compile လု ပ်တယ်လို့ ဆိုမလားပဲ။ ကိုယ့် Program ကို
Built လု ပ်ပြီးလို့ Error လေးတွေ ဖြစ်နေသေးတယ်ဆိုရင် Program Manager မှာ
အနီရောင် နဲ့ Highlight လု ပ်ပေးထားလိမ့်မယ်။ အဲ့ ဒါလေးကို Click လု ပ်ပြီး အမှန်လို
က်ပြင်ပေးရပါလိမ့်မယ်။ အဲ့ ဒီနောက်ပိုင်း .. အားလုံး မှန်သွားပြီဆိုရင်တော့ .. PLC ရှိရင်
Download လု ပ်ပြီး အသုံးချလို့ ရပါပြီ။ ကိုယ်က PLC ကို Download မလု ပ်ခင်
Application Process တွေ မှန် မမှန် ကြည့်ချင်သေးရင် PLC mode ကို Simulation
Mode ကို ပြောင်းပြီး Program Manager နဲ့ စမ်းကြည့်လို့ရပါသည်။ ကိုယ်ပေးချ
င်တဲ့Input တွေကို Force ပေးပြီး .. လိုချင်တဲ့Output ကို ရ မရ ကြည့်လို့ရပါသ
ည်။ အားလုံး စိတ်တိုင်းကျ စမ်းပြီးသွားပြီ ဆိုရင်တော့ .. PLC ထဲကို Programming
Cable or Ethernet Cable နဲ့ Download လု ပ်ပေးလိုက်ရုံပါပဲ။ အဲ့ ဒီနောက်တော့ PLC
နဲ့ ပါတ်သတ်ပြီး အလု ပ်တွေ ပြီးသွားပါပြီ။

ကိုငယ်
(14.01.2009)

You might also like