You are on page 1of 8

ကောင်းထက်ညွန့် Chapter-3 Initiating Devices

Chapter Initiating Devices: Manual Call Points

မီးလောင်နေကြောင်း သိနိုင်သည့်နည်း နှစ်မျိုးရှိသည်။ တစ်ဦးတစ်ယောက်က အသိပေးခြင်း နှင့် တပ်ဆင်


ထားသည့် ကိရိယာ(device)များက အာရုံခံ သိခြင်းဖြစ်သည်။ Manual fire alarm boxe များ pull station များသည်
တစ်ဦးတစ်ယောက်က အသိပေးနိုင်အောင် ရည်ရွယ်၍ တပ်ဆင်ထားသည့် ကိရိယာ(device)များ ဖြစ်ကြသည်။
အလိုအလျောက် သိနိုင်သည် ကိရိယာ(device)များ မဟုတ်ပါ။ ထိုကြောင့် Manually Operated System ဟုလည်း
ခေါ်ဆိုနိုင်သည်။

ပုံ -၁ Manual call point (Break glass)

ပုံ -၂ Manual Fire Alarm Boxes (Manual Pull Station)


Manually operated system ဆိုသည်မှာ အဆောက်အဦ အတွင်း ရှိနေသူများက မီးလောင်သည့်အခါ
အချက်ပေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် မီးသံချောင်း ခေါက်ပေးသည့်သဘော ဖြစ်သည်။ Pull station သို့မဟုတ်
call point သည် မီးသံချောင်းနှင့် တူသည်။ မီးသံချောင်းကို အဆက်မပြတ် ခေါက်နေရန် လိုအပ်သော်လည်း pull
stations သို့မဟုတ် call point ကို တစ်ချက်ဆခ
ျွဲရုံသာ ဖြင့် alarm သည် အဆက်မပြတ် မြည်နေလိမ့်မည်။
Acknowledge သို့မဟုတ် reset မလုပ်မချင်း အဆက်မပြတ် မြည်နေလိမ့်မည်။

1-1
Fire Alarm System ကောင်းထက်ညန
ွ့်

၁.၀ Manual Fire Alarm Boxes (Manual Pull Station)


Fire alarm box သို့မဟုတ် manual pull station များကို တစ်ဦးတစ်ယောက်က မီးလောင်နေကြောင်း
အသိပေးနိုင်အောင်(initiate an alarm signal) တပ်ဆင်ထားခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ထွက်ပေါက်သို့
သွားရာ လမ်း(normal exit path)များတွင် တပ်ဆင် ထားလေ့ရှိသည်။

၁.၂ Manual Fire Alarm Boxes (Stations) အမျိုးအစားများ


အမျိုးအစားများမှာ
(၁) Non-coded
Enclosure တစ်ခုအတွင်း၌ normally open သို့မဟုတ် normally closed ခလုပ်(switch) ပါဝင်သည်။
Activate ဖြစ်ပြီးနောက် ပုံမှန် အခြေအနေသို့ ပြန်ရောက်ရန် reset လုပ်ပေးရသည်။
(၂) Coded

လျှပ်စစ်မော်တာ အငယ်စား သို့မဟုတ် electronic pulse generator တစ်ခုပါဝင်သည်။


Activate ဖြစ်သည့်အခါ မော်တာမှ code wheel ကို လှည့်ပေးသည်။ Contact များ အချိန်အခိုက်အတန့်
ခဏပွင့်ခြင်း၊ ပိတ်ခြင်း(momentarily open or close) ဖြစ်ကာ pulse များကို ထုတ်ပေးသည်။
(၃) Breakglass
Alarm ထွက်ပေါ်စေရန် (initiate an alarm) တစ်ယောက်ယောက်က မှန်ကို ခွ(ဲ break glass) ပေးရသည်။
အမှန်တကယ် မီးလောင်မှသာ အသုံးပြုစေလိုပြီး လက်သရမ်းမှုများမှ ရှောင်နိုင်ရန် မှန်ကို အသုံးပြုခြင်း
ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် ပြဌာန်းထားသည့် CP-10:2005 အရ break glass အမျိုးအစားများကို သာ
အသုံးပြုခွင့် ရှိသည်။
(၄) Non-Breakglass

ခွရ
ဲ မည့်မှန်(breakglass) မပါရှိသည့် manual fire alarm box အမျိုးအစားဖြစ်သည်။

(၅) Single Action

တစ်ချက်လုပ်ရန်သာလိုသည့် ကိရိယာအမျိုးအစားဖြစ်သည်။ မှန်ခြွဲ ခင်း(breaking a glass) ၊ မောင်းတံကို


ဆွခ
ျဲခြင်း(pulling a leaver) စသည့် နည်းတမျိုးမျိုးဖြင့် alarm ဖြစ်ပေါ်အောင်ပြုလုပ်ခြင်းဖြစ်သည်။
(၆) Double Action

Alarm စတင်ထွက်ပေါ်လာရန်အတွက် အလုပ်(action) (၂)မျိုးလုပ်ရန် လိုအပ်သည်။ Alarm ဖြစ်ပေါ်


စေရန် အတွက် တံခါးပွင့်၍ မှန်ကိုခြွဲ ခင်း(break a glass to open a door) သို့မဟုတ် မှန်ကိုခရ
ွဲ န်
သို့မဟုတ် သော့ရရန် အတွက် အဖုံးကိုမတင်ခြင်း(lift a cover) စသဖြင့် အလုပ်နှစ်မျိုးလုပ်ရသည့်
အမျိုးအစား ဖြစ်သည်။

ပုံ -၃ Breakglass fire alarm box

1-2
ကောင်းထက်ညွန့် Chapter-3 Initiating Devices

ပုံ -၄ Connections for a Manual Fire Alarm Box Showing Incoming and Outgoing Leads.

Typical Extinguishing System Pressure-Actuated Emergency Manual Cable Release for


Discharge Switch. Extinguishing Systems.

Manual Fire Alarm Box Protective Cover for Manual Fire Alarm Box.

NFPA 72 -2010, National Fire Alarm and Signaling Code မှ Chapter 17 တွင် manual fire alarm
boxes များကို မည့်သည့်နေရာတွင် မည်ကဲ့သို့ တပ်ဆင်ထားရမည်ကို ဖော်ပြထားသည်။ ရွေးချယ်ထားသည့် manual
fire alarm box အမျိုးအစားပေါ်တွင် မူတည်၍ ရရှိနိုင်သည့် feature များ ကြွဲ ပားသည်။

Manual fire alarm box များကို အောက်ပါ system များတွင် အသုံးပြုကြသည်။


General Alarm
Activated ဖြစ်သည့်အခါ အဆောက်အဦမှ ထွက်ခွာသွားရန် အချက်ပေးသံ(fire alarm evacuation
signals sound)သည် အဆောက်အဦတစ်ခုလုံးအတွင်း၌ ချက်ချင်း ထွက်ပေါ်လာသည်။
Pre-signal
Initial fire alarm signal အသံသည် သတ်မှတ်ထားသည့်နေရာ အချို့နေရာ(designated areas)တွင်သာ
ထွက်ပေါ်လာသည်။ ထိုနောက် သော့ဖြင့် control panel ရှိ key switch ကို ဖွင့်လိုက်သည့်အခါမှသာ evacuation
1-3
Fire Alarm System ကောင်းထက်ညန
ွ့်

signal ထွက်ပေါ်လာလိမ့်မည်။ ပို၍ စိတ်ချရအောင် false alarm များ မထွက်ပေါ်လာအောင် နှစ်ဆင့်ပြုလုပ်ရန် ဒီဇိုင်း
လုပ်ထားခြင်း ဖြစ်သည်။

Pull station များ တပ်ဆင်ရန်လိုအပ်သည့်အခါ အောက်ပါ ညွှန်ကြားချက်(guideline)များကို စဉ်းစားသင့်သည်။


(က) National and local fire regulations အရ pull station (call point) မှ ခလုပ်ကို ဆွခ
ျဲသည့်အချိန် နှင့်
အသံထွက်လာချိန်(sounding of the alarm)တို့ အကြား အချိန်အနည်းငယ် ဆိုင်းထား(delay)ရမည်။

(ခ) Glass/Perspex ပြန်ထည့်ထားခြင်းဖြင့် pull station (call point) များကို reset လုပ်နိုင်သည်။ သော့(key)
သို့မဟုတ် ကိရိယာ(special tool) ဖြင့်လည်း reset လုပ်နိုင်သည်။ သို့သော် လူတိုင်း reset လုပ်ခွင့် မရှိစေရ။

(ဂ) Pull station (call point) များအားလုံးကို သိသာမြင်လွယ်သည့် နေရာတွင်(clearly identifiable) တပ်ဆင်
ထားရမည်။ Pull station ကို အသုံးပြုရန်အတွက် ရှုပ်ထွေးသည့်ညွှန်ကြားချက်(instruction)များ မရှိစေရ။
တစ်နည်းအားဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ရမည်။

၁.၃ တပ်ဆင်ရမည့် နေရာ(Mounting Locations)


Manual fire alarm box များကို ပိတ်ဆို့ထားခြင်း မရှိသည့်နေရာများ(un-obstructed)၊ အလွယ်တကူ
လက်လှမ်းမှီသည့် နေရာများ(readily accessible locations)တွင် အထပ်တိုင်း၌ အနည်းဆုံး တစ်ခု တပ်ဆင်
ထားရမည်။ မည်သည့် နေရာမှမဆို manual fire alarm box ဆီသို့ သွားရောက်ရန် ပေ(၂၀၀)ထက် ပိုမဝေးစေရ။

Manual fire alarm box သည် ကြမ်းပြင်(floor level)မှ (၄၂)လက်မ(1.07 m) အမြင့်ထက် ပိုမနိမ့်စေရ။
(၄၈)လက်မ (1.22 m)ထက် ပိုမမြင့်စေရ။ တပ်ဆင်ရမည့် နေရသည်(box location) လွတ်မြောက်ရာ လမ်းကြောင်း
(normal exit path)တွင် တည်ရှိရမည်။ တပ်ဆင်ရမည့် နေရာ၏ မျက်နှာပြင်အရောင်သည် သိသာ ထင်ရှားသည့်
အရောင်(contrasting color) ဖြစ်ရမည်။

(က) Pull station များ သို့မဟုတ် call point များကို ထွက်ပေါက်(exit)များ သို့မဟုတ် ထွက်ပေါက်သို့ သွားရာလမ်း
တလျှောက်၌ တပ်ဆင်ထားရမည်။

(ခ) Pull station များ သို့မဟုတ် call point များကို အထပ်တိုင်း၌ တူညီသည့်နေရာ(identical positions on the
various floors)တွင် တပ်ဆင်ထား ရမည်။ Pull station များ သို့မဟုတ် call point များ အားလုံးကို ကြမ်းပြင်မှ
တူညီသည့် အမြင့်(same high)တွင် တပ်ဆင်ထားရမည်။

(ဂ) Break glass/impact အမျိုးအစား pull station များ သို့မဟုတ် call point များကို အစားအသောက်များ
ပြင်ဆင်ရာနေရာများ (food preparation areas)တွင် တပ်ဆင် မထားရ။ Break glass မှ ထွက်လာသည့်
မှန်ကွ၊ဲ မှန်စများသည် အစားအသောက်ထဲသို့ ကျရောက်သွားနိုင်သည်။

(င) Pull station (call point) များကို national and local fire regulation တွင် ဖော်ပြထားသည့် နေရာ
အကွာအဝေးထက် ပိုဝေးသည့် နေရာများတွင် မတပ်ဆင်ထားရ။

(စ) စင်ကာပူနိုင်ငံတွင် အနီရောင် Manual Call Point(MCP) ကိုသာ အသုံးပြုခွင့်ရှိသည်။ Break-glass type
ဖြစ်ရမည်။ 1.4m အမြင့်တွင် တပ်ဆင်ရမည်။ တပ်ဆင်ရမည့် နေရာကို ဗိသုကာ(architect)များ က သတ်မှတ်
ပေးသည်။
အောက်ပါနေရာများတွင် ချွင်းချက်အဖြစ် တပ်ဆင်ရန် မလိုပေ။
 150mm depth ထက် ပိုနိမ့်သည့် raised floor များတွင် တပ်ဆင်ရန် မလိုအပ်ပေ။
 စတုရန်းမီတာ (၃.၅) ထက်ပိုကျဉ်းသည့် Sanitary space များတွင် တပ်ဆင်ရန် မလိုအပ်ပေ
 Open-side linkway များတွင် တပ်ဆင်ရန် မလိုအပ်ပေ။

1-4
ကောင်းထက်ညွန့် Chapter-3 Initiating Devices

ပုံ (က) Typical Single-Action ပုံ (က) Typical Key-Operated Manual Fire ပုံ (က) Publicly
Manual Fire Alarm Box. Alarm Box. Accessible Alarm Box.

ပုံ Typical Key-Operated Manual Fire Alarm Box.

ပုံ - BS5839 အရ ၄၅ မီတာထက် ပိုဝေးသည့်နေရာတွင် manual call point များကို တပ်ဆင်ခွင့် မရှိ။

1-5
Fire Alarm System ကောင်းထက်ညန
ွ့်

ပုံ - BS5839 အရ manual call point များကို ကြမ်းပြင်မှ အမြင့် ၁.၂ မီတာ နှင့် ၁.၄ မီတာ အတွင်း၌
တပ်ဆင်ထားရမည်။

Pull Station မှ circuit ပုံများ ထည့်ရန်

၂.၀ Automatic Fire Detectors အမျိုးအစားများ


မီးလောင်နေကြောင်း သိနိုင်၊ အာရုံခံနိုင်သည့် နည်း (၄) မျိုးရှိသည်။
(၁) Heat,
(၂) Smoke,
(၃) Flame
(၄) Fire – gas detectors နှင့်
(၅) Combustion detectors တို့ဖြစ်သည်။

ပုံ -၃
Automatic detector အမျိုးအစားများစွာရှိသည်။ လောင်ကျွမ်းနေသည့် မီးတောက်များမှ အပူ(heat) ၊
မီးခိုး(smoke) နှင့် radiant energy တို့ ဖြစ်ပေါ်သည်။ Fire alarm system ဒီဇိုင်းနာများသည် မီးမှ ထွက်ပေါ်လာသည့်
အပူကို detect လုပ်၍ မီးလောင်နေကြောင်း သိနိုင်ရန်အတွက် heat detector များကို အသုံးပြုသည်။ မီးမှ
ထွက်ပေါ်လာသည့် အပူကို radiant energy detect လုပ်ရန် heat detector များကို အသုံးပြုသည်။ National Fire
Alarm and Signaling Code, Chapter 17 တွင် ရွေးချယ်ရန်အတွက်(selection of detector) အသေးစိတ် အချက်
အလက်များ သာမက တပ်ဆင်ရမည့် နည်းလမ်း များနှင့် တပ်ဆင်ရမည့်နေရာ အကွာအဝေးနှင့် သက်ဆိုင်သည့်
စည်းကမ်းများ (rules for the spacing and installation of these devices) ကို ဖော်ပြထားသည်။

1-6
ကောင်းထက်ညွန့် Chapter-3 Initiating Devices

၂.၁ Heat Detectors


မီးလောင်သည့်အခါတိုင်း၊ မီးစတင်လောင်ပြီးနောက် အပူများ ထွက်ပေါ်လာသည်။ Heat detector များသည်
မီးခိုးများရှိနိုင်သည့်နေရာ၊ လေမသန့်ရင
ှ်းသည့် ပတ်ဝန်းကျင်တို့တွင် အသုံးပြုရန် သင့်လျော်သည်။ Smoke detector
များအ သုံးပြုရန် မသင့်လျော်သည့် နေရာများတွင် heat detector များကို အသုံးပြုကြသည်။

၂.၂ Smoke Detectors


Smoke detector များသည် မီးလောင်ရာမှ ထွက်ပေါ်လာသည့် မြင်နိုင်သည့်/မမြင်နိုင်သည့် (visible and/or
invisible)မီးခိုးများကို အာရုံခံ(sense လုပ်)နိုင်သည့် ကိရိယာများဖြစ်သည်။ မီးလောင်ခါစတွင် မြင်နိုင်သည့် မီးခိုး
(visible smoke)များ ထွက်ပေါ်လာတတ်သောကြောင့် photoelectric detector များကို အများဆုံး အသုံးပြု
ကြသည်။

၂.၃ Duct Smoke Detector


Duct detector များကို air conditioning/heating system များတွင် အသုံးပြုသည်။ Duct ၏ အပြင်ဘက်
တွင် တပ်ဆင်ထားသည်။ လေထဲ၌ မီးခိုးများ ရှိ၊ မရှိ သိနိုင်ရန် sampling tube ကို duct အတွင်းသို့ ထည့်ထားသည်။
အလုပ်လုပ်ပုံသည် တခြားသောdetector များ အလုပ်လုပ်ပုံနှင့် တူညီသည်။ Duct smoke detector များသည် AHU
မှ မီးခိုးများ မပျံ့နှံ့သွားစေရန်အတွက် တပ်ဆင်ထားသည့် safety device များ ဖြစ်ကြသည်။

Duct smoke detector များကို fire alarm system နှင့် ချိတ်ဆက်လေ့မရှိပေ။ ချိတ်ဆက် ထားသော်လည်း
fire alarm system ၏ smoke/fire detector များအဖြစ် မသတ်မှတ်ပါ။ Smoke detector နှင့် heat detector
များနေရာတွင် အစားထိုး အသုံးပြုခွင့် မရှိပါ။

၂.၄ Flame Detectors


မီးတောက်လောင်နိုင်သည့် အရက်ပျံကို လောင်စာ(combustible liquid)အဖြစ် သတ်မှတ်သည်။
မီးတောက်(flame)များ စတင်ဖြစ်ပေါ်လာသည့် အချိန်သည် မီးကောင်းစွာ လောင်ကျွမ်းနေသည့် အချိန် ဖြစ်သည်။
အရက်ပျံများ(combustible liquid)ရှိသည့် အခန်းကဲ့သို့နေရာများတွင် flame detector များကို အသုံးပြုသည်။

Heat detector နှင့် smoke detector များသည် fire alarm system တွင် အများဆုံး အသုံးပြုလေ့ရှိသည့်
ကိရိယာများ ဖြစ်သည်။ Flame detector များကို supplemental detection အဖြစ် အသုံးပြုကြသည်။

၂.၅ Specialized Detectors


သာမန် detector များ အသုံးပြုရန် မဖြစ်နိုင်သည့် နေရာများတွင် အထူးသီးသန့် တီထွင်ထားသည့် detector
များကို အသုံးပြုကြသည်။

၂.၆ Air Sampling သို့မဟုတ် Aspirating Detector


Air sampling သို့မဟုတ် aspirating detector များသည် detector’s sampling port ဟုခေါ်သည့်
ပိုက်ငယ်(tubing) အတွင်းသို့ လေကို ရောက်ရှိစေပြီး photoelectric နည်းဖြင့် မီးလောင်ထားသည့် အရာများ
(products of combustion) ရှိ၊ မရှိ အာရုံခံခြင်း ဖြစ်သည်။

၂.၇ Water Flow Switch


Fire alarm system သည် automatic sprinkler system နှင့် တခြားသော မီးငြိမ်းသတ်သည့် စနစ်(other
fire extinguishing and suppression systems)များကို စောင့်ကြည့်(monitor)သည်။ ထိုစနစ်များမှ အခြေ
အနေများကို fire alarm initiating device များ အဖြစ်သတ်မှတ်ပြီး fire alarm system နှင့် တွ၍
ဲ အလုပ်လုပ်အောင်
ပြုလုပ်ထားသည်။

1-7
Fire Alarm System ကောင်းထက်ညန
ွ့်

Automatic sprinkler system မှ water flow switch အလုပ်လုပ်သည့်အခါ (operates) fire alarm
system မှ fire alarm signal ထုတ်ပေးသည်။ တစ်နည်းအားဖြင့် water flow switch ကို fire alarm initiating
device အဖြစ်အသုံးပြု၍ fire alarm signal ထုတ်ပေးခြင်း ဖြစ်သည်။

Fire alarm system များသည် မီးငြိမ်းသတ်သည့် စနစ်များ(extinguishing or supression systems)


များကို supervisory initiating device များမှ တစ်ဆင့် မပြတ်စောင့်ကြည့်(monitor) နေရမည်။

Sprinkler system control valve ကို တစ်ဦးတစ်ယောက်က ပိတ်လိုက်လျှင် supervisory initiating


device သည် (ဘား)ပိတ်နေကြောင်း fire alarm system control unit တွင် “supervisory off-normal condition.”
အဖြစ် ဖော်ပြပေးရမည်။ ဘားပြန်ပွင့်သည့်အခါ(valve is reopened)၌ supervisory initiating device သည် fire
alarm system control unit တွင် “supervisory restoration to normal signal” ဖော်ပြ၍ ဘားပြန်ပွင့်၍ ပုံမှန်
အလုပ်လုပ်နေကြောင်း အသိပေးရမည်။

Water flow alarm နှင့် supervisory initiating device တို့ကို သီးသန့်ခြွဲ ခား၍ monitor လုပ်ရသည်။
ယေဘုယျအားဖြင့် conventional hard-wiring system များတွင် waterflow alarm ကို device အဖြစ် သီးခြားဇုန်
တစ်အနေဖြင့် သော်လည်းကောင်း supervisory initiating device များကို သီခြား device တစ်ခုအဖြစ် monitor
လုပ်ရသည်။

Alarm system နှင့် ချိတ်ဆက်(connect) ထားသည့် အခြေခံ automatic sprinkler system လေးမျိုးကို
ဖော်ပြထားသည်။
(၁) Wet Pipe (၃) Pre-Action နှင့်
(၂) Dry Pipe (၄) Deluge တို့ ဖြစ်သည်။
Water flow switch ကို wet pipe system တွင် အသုံးပြုထားသည်။ Dry pipe, pre-action and deluge
system များတွင် supervision လုပ်ရန် pressure flow switch ကို တပ်ဆင်ထားရန် လိုအပ်သည်။

ပုံ Acceptable and Unacceptable Connection of a Device on an Initiating Device Circuit.

-End-

1-8

You might also like