You are on page 1of 3

Earth Leakage Circuit Breaker (ELCB) 

Residual Current Circuit Breaker (RCCB)

တခါက ဆရာဝန်အမျိုးသမီးတစ်ဦးဟာ အိမ်မှာ ရေပူ Instant Water Heater ဖွင့်ချိုးရင်း  


မတော်တဆ ဓါတ်လိုက် သေဆုံးခဲ့ ဖူးတယ်။

တခါက ၅၁ လမ်းမှာ အမျိုးသမီးတစ်ဦး မနက်စောစော ရေတင်ရင်း ရေမလာတဲ့ အတွက် မြေညီ လှေကားရင်းက ရေမော်တာကို ဆင်ြး
ပီး စစ်ပါတယ်။
ပြန်လာချိန်တိုင်အောင် မတက်လာလို့  အိမ်သားတွေ ဆင်းကြည့်ရာမှာ ဓါတ်လိုက်ပြီး သေဆုံးနေတာ တွေ့ရပါတယ်။

ရက်ပိုင်းအတွင်းကပဲ စဥ့်ကူးမှာ မောင်နှမလေးယောက်  


ပေါက်နေတဲ့ ဓါတ်ကြိုးက တဆင့် မတော်တဆ ဓါတ်လိုက်လို့ သေဆုံးကု န်ကြတယ်။

Electrocution လို့  ခေါ်တဲ့ ဓါတ်လိုက်တဲ့အခါ မီးကြိုး Live wire ထဲက လျှပ်စစ်ဓါတ်ဟာ ကို ယ်ကတဆင့် မြေကြီးထဲ ဖြတ်သန်း စီးဆင်းဝင်ရော
က်ပါတယ်။

ဒီအခါ နှလုံးကို ဖြတ်ပြီး စီးပါတယ်။

လူ့ နှလုံးဟာ တစ်မိနစ် ၇၂ကြိမ် မှန်မှန် ခု န်နေဖို့  SA Node နဲ့ AV Node လို့ ခေါ်တဲ့ လျှပ်စစ်ထုတ်ပေးရာ နေရာလေး ၂ခု နှလုံးမှာ ရှိပါတ
ယ်။ နှလုံးတစ်ချက်ခုန်ဖို့ လို တဲ့ လျှပ်စစ်ဓါတ်အားဟာ မီလီဗို့  mV လောက်လေးလို ရာမှာ

220V ဝင်ရောက်ဖြတ်သန်းသွားတဲ့ အတွက် နှလုံးခု န်ရပ်ဒါမှမဟု တ် Fibrillation လို့ခေါ်တဲ့ တမိနစ် အကြိမ် ၄၀၀ ကျော်ခုန်နှုန်းကြောင့်ေ
သဆုံးတာပါ။

ရှေ့ဦးသူ နာပြု Cardiopulmonary Resuscitation (CPR) ကို သေသေချာချာ တတ်ကျွမ်းသူ တစ်ယောက် အနားမှာရှိရင်တော့ ဖြစ်ဖြစ်ချင်း ၇မိ
နစ်လောက်မှာ အသက်ပြန်ရှင် အောင် ကယ်တ င်နို င်ပါတယ်။

ဒီလို မတော်တဆအဖြစ်မျိုးဟာ အချိန်မရွေး ကို ယ့်မိသားစု ကို ယ့်လု ပ်င န်းခွင်မှာ ကြုံရနို င်ပါတယ်။

တကယ်တော့ ဒီလို မတော်တဆ ဓါတ်လိုက်တာ မဖြစ်အောင် 


ခေတ်မီတဲ့ လျှပ်စစ်အကာအကွယ်ပစ္စည်းတွေ ရှိနေတာကို  
သိရမယ်။

ဒါကို တပ်ဆ င်အသုံးပြုမယ်ဆိုရင်တော့


ဒီလို မတော်တဆ လျှပ်စစ်ဓါတ်လိုက်လို့ သေဆုံးရတာကို ကာကွယ်နို င်ပါတယ်။

အိမ်တွ င်း မီးသွယ်တ န်းရာမှာ မီတာကနေ အိမ်အတွင်းကို Live Wire နဲ့ Neutral Wire ၂ချောင်း ဝင်ပါတယ်။

အိမ်အဝင် Main Breaker ကို များသောအားဖြင်း သာမန် Load Breaker တပ်လေ့ ရှိပါတယ်။
ဒီ Main Breaker ကို

Earth Leakage Circuit Breaker (ELCB)


ဒါမှမဟု တ် အခု နောက်ပေါ်တဲ့

Residual Current Circuit Breaker (RCCB) နဲ့ ပြောင်းလဲ တပ်ဆင်ဖို့ လို ပါတယ်။

အများသုံးနေတဲ့ Load Breaker တွေဟာ Load များလာရင် ဖြုတ်ချပေးနို င်ပေမယ့်


ဓါတ်လိုက်ရင် ဖြတ်ချပေးမယ့် အလု ပ် Function မပါပါဘူး။

အခု ELCB နဲ့ RCCB တွေမှာ ဓါတ်လိုက်ရင် လူ ကို မထိခို က်အောင် ဖြုတ်ချပေးမယ့် Function ပါပါတယ်။
RCCB တွေဟာ မီးခလု တ် ပိတ်လိုက်ပြီးတဲ့ နောက် မီးကြိုးအတွင်းမှာ mA လောက် လျှပ်စစ်ဓါတ် ကျန်နေပါတယ်။
ဒီအခါ အဲဒီကြိုးကို မတော်တဆ ကို င်မိရင်တောင် ဒီလက်ကျန် Residual Current မီလီ အမ်ပီယာဟာ လူ ကတဆင့် Leak ဖြစ်ပြီဆို ရင် RCC Breaker
ပြုတ်ကျတဲ့ အထိ အလု ပ်လုပ်ပါတယ်။

ဆို လို တာက 


အိမ်မှာ RCCB တပ်ထားတယ်။ 
မီးခလု တ်ပိတ်ပြီး လျှပ်စစ်မီးဖို အဝင်က Coil ကြိုးကို ပြင်ဆင်မယ်ဆိုရင်တောင် လက်ကျန် မီလီဗို့ က လူ ထဲကို ဖြတ်တာနဲ့ 
Main RCCB ဟာ ပြုတ်ကျပါတယ်။ ဓါတ်မလို က်ပါဘူး။

ဒါကြောင့်မို့  အိမ်မှာ ရေပူ စက် Water Heater တွေ Electric Stove တွေ ရှိတဲ့ အတွက် တပ်ဆ င်သင့်ပါတယ်။

ပုံ ထဲကအတိုင်း 


Main Breaker ညာအစွန်မှာ RCCB ကို တပ်ပြီး အဲဒီကမှတဆင့်
ကျန်တဲ့ ဆို င်ရာ အခန်းများအတွက် သီးသန့် Breaker များတပ်ဆ င်ထားလေ့ရှိပါတယ်။
သီးခြား Breaker တွေ ပြုတ်ကျရင် အဲဒီမှာ overload ဖြစ်နေတာဖြစ်ပြီး
RCCB ပြုတ်ကျရင်တော့ တနေရာမှာ ဓါတ်လိုက်နေပြီဖြစ်တယ်လို့ သိနို င်ပါတယ်။

ELCB သို့  RCCB တွေမှာ Amp ၂မျိုး ဖော်ပြထားလေ့ရှိပါတယ်။

40 Amp.... 20mAmp စသည်ဖြင့်ပါ။


ပထမ Amp ဟာ ခံ နို င်ရည် Work Load ကို ဖော်ပြတာဖြစ်ပြီး (Load Amp)
mAmp ကတော့ Residual Current ဘယ်လောက်မှာ ဖြုတ်ချပေးမလဲဆို တဲ့  
(Residual Current Load) ကို ပြပါတယ်။

mAmp နည်းလေ ပို ပြီး Sensitive ဖြစ်လေမို့ 


40 mAmp လောက်ရွေးချယ်ရင် ဘေးကင်းပါတယ်။

အချိန်အားဖြင့်

less than 300 millisecond အတွင်းပြုတ်တ ယ်လို့လည်းသိရပါတယ်။

ဒီလို တပ်ဆ င်ထားတဲ့ အခါ ကြုံဖူးတာကတော့ လျှပ်စီးလက်တဲ့အချိန်မှာ အိမ်တွ င်း Earth wire ကနေ အနည်းငယ်သော (mAmp) လျှပ်စစ်တချို့ ဝင်လာတဲ့ အ
တွက် RCCB ပြုတ်ကျသွားတာပါပဲ။

၁။ ဒီပစ္စည်းဟာ အလွန် နု နယ်တဲ့အတွက် ဝယ်ယူလာစဉ် မတော်တဆ လွတ်ကျရင် Leakage Breaker function ပျက်နေတတ်ပါတယ်။ သတိထားကို
င်တွ ယ်ပါ။

breaker မှာပါတဲ့ trip ဒါမှမဟု တ် test ခလု တ်ကေ လးကို အနည်းဆုံး တစ်လတစ်ကြိမ် နှိပ်ကြည့်ပြီး ကောင်းမကောင်း စမ်းပေးရပါမယ်။

၂။ လွန်ခဲ့တဲ့  အနှစ် ၂၀ လောက်က ELCB တစ်လုံးဟာ ကျပ် ၆၀၀၀၀ လောက် ဈေးကြီးပေမယ့် အခု တသောင်းကျော် နှစ်သောင်းလော
က်သာ ရှိပါတယ်။ တံ ဆိပ်ကို လိုက်ပြီး ဈေးနှုန်း ကွာပါတယ်။

၃။ ဒါကို တပ်မယ်ဆိုရင် အိမ်မှာ Ground Wire သို့  Earth Wire ရှိရပါမယ်။


Earth rod လို့  ခေါ်တဲ့ ၇ ပေ ၈ပေလောက် ရှည်တဲ့ ကြေးချောင်းတစ်ချောင်း မြေအတွင်း အနက် ၁၀ပေ ၁၅ ပေလောက် ရို က်ထည့်ရ
ပါတယ်။ Earth Rod ကလည်း သိပ် ငွေကု န်ကြေးကျ မများပါဘူး။ တစ်သောင်းခွဲလောက် ရှိမယ် ထင်ပါတယ်။ တပ်ကျွမ်းတဲ့ ပညာရှင်ကို ခေါ်ပြီး
တပ်ဆ င်သင့်ပါတယ်။

ဒီလို ပစ္စည်းတွေ ရှိကြောင်း မသိသူ တွေရှိသလို  


အရ င်က ဈေးကြီးလွန်းလို့   
ဒါမှမဟု တ် ပစ္စည်းရှားပြီး ရှာရခက်လို့ မတပ်ဆင်နို င်တာလည်း ရှိပါတယ်။

ဒါကြောင့် အခု လို ပစ္စည်းတွေလည်း ပေါများ ဈေးလည်း လက်လှမ်းမီတဲ့ အနေအထားမှာ


မိမိအိမ်မှာ တပ်ဆင်မယ်ဆိုရင်
အပေါ်က ပြောပြခဲ့ တဲ့ ကြေကွဲဖွယ်ရာ မတော်တဆမှုတွေကို ရှောင်လွှဲနို င်မှာပါ။

အိမ်တွ င်းလျှပ်စစ်မီးတွေကို ရံ ဖန်ရံ ခါ ကို ယ်တိုင် ပြင်ဆ င်တတ်တဲ့ ကျွန်တော်ဟာ


တချိန်တခါက မီးဖွင့်ထားတဲ့ Live Wire ကို  
Insulator Cover မပါတဲ့ Cutter နဲ့ မတော်တဆ ညှပ်လိုက်မိပါတယ်။

အိမ်မှာ တပ်ဆ င်ထားတဲ့ RCCB ပြုတ်သွားခဲ့ လို့ 

ကနေ့ ဒီစာကို ရေးပေးနို င်တာပါ။ 


(၂၁.၅.၂၀၁၆)

You might also like