You are on page 1of 34

လွမ်းသူ

တစ်ပွင့်သန့်သန့် ပွင့်ချပ်အဖြန့်မှ ာ

ညက်ညက်စွံ့စွံ့ ပြုံ းဝံ့ သူ သခင်။

သူ သဒ္ဒါလျင်

အပြုံ းသာလျှင်ဆု လာဘ်။

စွယ်တော်အသွင်နှ စ်ဖြာယှ က်

နှ စ်ကို ယ်စာ လေပြေအဖြတ်တောင်

မယ်နဲ့မောင် ကိန္နရာဇာတ်လို

အို ကွယ် -

လွမ်းတက်ပါရဲ့။

=-=-=-=-=-=--=-=-=-==============================================

လွမ်းချင်း

-*-*-*-*-*-*-*

ရွှေနားတော် အသွင်းခက် ပေလည်း

လွမ်းချင်း ရင်နှ င့် မဆံ့ သာ။

အချိန်မှ န် စက်

နရီ မှ တ် လို့

သန်းခေါင်ယံ ပဟို ရ်နှ က်သော်လည်း

မှိန်းစက်လို့မပျော်ပါ။

အဝေးနေကြာရင်

အတွေးမှ ာ သူ မေ့ လေသလား၊

ဆွေးကာသာ နေစိမ့်သူ လို့

တွေးတစိမ့်စိမ့် ရင်မှ ာနာ

နေသာသူ နေနို င်ရှ ာ ပေါ့ခင်ရဲ့။

ဖြေစရာ ရှ ာ ရင်မှ ာ ပူ လှ ချည့်ပေါ့

ဘယ်နဲ့ ညာ မြေမှ ာလူ းသလို


ရူ းရပြီကွဲ့။။

=-=-=-=-=-=--=-=-=-==============================================

ပိတောက်ပွင့်ချိန်

------------------

ရည်ရွယ်ရာပန်တော်ဦး

ကို ယ်ရွယ်စူ းလို့ အိမ်အပြန်မှ ာ

ခါတော်မီ ဝါရွှေညက်ရယ်

ခို င်ညှ ာနွယ် ပင်ယံ ထက်ရယ်က

ကညာခင်ရယ်

ကြွေရက် ကယ်စောခဲ့ သလား။

တစ်နှ စ်လုံ းစာ

အစောင့်ကြီးစောင့်လာ ပြီး

အလှ ဆုံ းအဖြစ်

တစ်ရက်ထဲပွင့်ချိန်မှ

ခြွေလို သူ လူ တကာ ကမ်းလက်အလင့်မှ ာ

မင်းကလည်း ဖြစ်ချင်တို င်းဖြစ် ။

ရို းတံ ချည်း မဖူ းသစ်နို င်လေမှ

ဆုံ ရတဲ့ ကြမ္မာ။

ပိတောက်ရယ်

တွေ့ခွင့်ရတာ ရင်နာတယ်။

=-=-=-=-=-=--=-=-=-==============================================

ဧရာဝတီ ငို ချင်း

-------------------

ဧရာဝတီရေ

လှိုင်းလု လင် ဘောင်ဘင် ခတ်ပါလို့

ကျွန်းပြင်ပေါ်စဉ် တပေါင်း အရင်က


ကို င်းပင်တွေ ဘယ်ညာယိမ်းကာကသလို

နေရီရီညို ဟို တစ်ခို တောတောင်တန်းမှ ာ

ပျ ိုတစ်သင်းတွေ ရေခပ်အဆင်းချိန်မှ

ကြောင်တောင်တောင် အလွမ်းတွေနဲ့ မေးတင်စင်း

သင်းပျံ့ပျံ့ ညင်းတဲ့ လေ

ပြီးခဲ့ တဲ့ ခါနွေ။

ဧရာဝတီ ရေ

မု တ်သု န်လေသု တ်ဖြူးလို့

ဝါဆို ဝါခေါင် ရေဖောင်ဖောင်မြူးချိန်ကျ

ယို မလုံ တဲခေါင်ပေါက်မှ ာလ

ပျ ိုးဖက်လို့ မို းမျှော်ဆဲမှ ာပဲ

မို းရက်ဆက်ညို းကာစွေ

ငို ချင်းရှ ည်နဲ့ ရင်ကို ခွဲ။

ဧရာဝတီရေ

လှိုင်းဂယက်ထန် မာန်တင်းကာပါ့

သကြားသူ ရာ စစ်တလင်းပြင်က

မြက်မြေစာ ဘုံ သတ္တ ဝါတို့မှ ာ

ဝမ်းတထွာ ပမ်းရှ ာတော့ ရယ်လို့

ကမ်းပြင်ပြည့်အောင် ရေကလျှံ

လှိုင်းခတ်သံ အိမ်ကပြင်အောက်က

ကြမ်းပေါက်မှ ာ မြင်ကာကြည့်ပါတော့

လေးဘက်တို င် ယို င်ကာအိအောင်

ပု ဆို းကို ကို င် တနို င်အထု ပ်ရယ်နဲ့

အို ကွယ်

မို းကမစဲ

=-=-=-=-=-=--=-=-=-==============================================
အိမ်အပြန်

-------------

အမှ တ်တရတွေဆို တာ အန်းဒိတ်ပစ္စည်းလို ပဲ

အလှ ပြချိတ်ဆွဲထားရုံ သာ

ဒါပေမယ့်လည်း သုံ းမရရင်တောင်

ဈေးကြီးနေပြီး

အရည်မရအဖတ်မရပေမယ့်

တသသ လွမ်းလို့ကောင်းတာမျ ိုး။

မွေးမြေရပ်ရဲ့ဖု န်တထောင်းထောင်းနဲ့

အဟောင်းအနွမ်းတွေကို လည်း

ရင်ထဲမှ ာချိတ်ဆွဲ

ဝမ်းတစ်ထွာသာသာနဲ့

သမု ဒ္ဒရာ လို မပြည့်နို င်တဲ့ ဘဝမှ ာကူ းခတ်

အိမ်နဲ့အဝေးကြီးဝေး

အချိန်တွေအကြာကြီးကြာ

ဘဝတွေ ကမ်းတဘက်ခြား

အိမ်နဲ့ မပြန်နို င်တဲ့ ဘဝဟာ

ဆော်လမွန်ငါးတွေအတွက် အိပ်မက်ဆို းပဲ

ကျွန်တော့်မှ ာ တော့ အိပ်မက်ဆို းက

လန့်နို းတဲ့ အကြောင်း

အိပ်မက်ပြန်မက်နေမိပေါ့။

အိမ်ကို လွမ်းလို့

မော့ ကြည့်လို က်တို င်း

ပြိုမလို ကောင်ကင်းကင်ကို

ဟောင်းနွမ်းတဲ့ စိတ်နဲ့ ထမ်း


ခရီးလမ်းမဆုံ းနို င်။

ဒီလို ကောင်းကင်တစ်ခု တည်းအောက်တောင်

မု တ်သု န်နဲ့ဆောင်းလေ

ဘယ်လေနဲ့ရွက်လွှင့်မှ

အိမ်ပြန်ရောက်နို င်မလဲ

ပြန်ချင်သူ အပြေးနှ င်ခက်တယ်

ပြန်မှ တ်မိဖို့ ကြိုးစားဆဲ လမ်းဟောင်းထက်မှ ာ

ကြိုလှ မ်းလို့ ပွေ့ဖက်သူ လည်းမရှိ။ ။

=-=-=-=-=-=--=-=-=-==============================================

ဆောင်းည

ဆောင်းရဲ့ အေးစက်စက် လက်တံ တွေနဲ့

ရင်ဘက်ကို ထို းနက်ခံ လို က်ရချိန်

ဂိန်မာန်ဦးက နေရောင်ခြည်ကို ပြန်လွမ်းမိ၊

သစ်ရွက်ဖျားမှ ာ တွဲခို နေတဲ့

မို းစက်တို့ရဲ့ ရာသီခွင်လည်း ကု န်ဆုံ းခဲ့ ပြီ မေ။

ဆောင်းလေကို ကို အံ တု

နှ င်းထု ကို ရင်ဆို င်

ဂျင်းဘောင်းဘီ အိပ်ထဲ လက်နှိုက်

ဦးထု တ်ကို ခပ်ငို က်ငို က်ဆောင်းပြီး

အိမ်ပြန်လာတော့ -

ခို က်ခို က်တု န်အောင်ချမ်းလွန်းလို့

ဓာတ်တို င်တွေတောင် မေးချင်းရို က်ရင်း

လမ်းနံ ဘေးမှ ာ ခွေခွေလေးကွေးနေလေရဲ့။

=-=-=-=-=-=--=-=-=-==============================================

ဘု ရားစူ း

သခင်ရယ်-
အပ်ဖျားတစ်ထောက်ပေမယ့်

ပူ ပေါင်းလေးတွေတွက်

ဘဝပျက်လောက်ပါတယ်။

ပန်းနဲ့ ပေါက်သလို

ကျီစယ်နောက်ပေမယ့်

နု နု နယ် ညှ ာသည်းခြေပေါက်သလို

တွေးကြောက်လို့ ကို ယ့်မှ ာမပြယ်

ဆိတ်သူ ငယ် ဆင်ကစားသလို ပဲ။

ဘဒ္ဒကမ္ဘာ ပွင့်သမျှသာ အကု န် စူ းပါစေ့

ထောင့် စနေမှ ာ နံ့သာမွေးတွေနဲ့

မြတ်ဗု ဒ္ဓေ အရှ င် ချမ်းတု န်ကာကွေးအောင်

ရေစင်လောင်း လို့ သစ္စာဆို မယ်၊

ပင်ညောင်အို ရယ် မခို င်ကျ ိုးစေတော့

သစ်ရိပ်တွင်သခင်လျှိုးကာ နားလျင် ဖြင့်

အပင်မခြားအောင်

သခင် အပါးတွင် နှ စ်ကို ယ်ယှ ဉ်လို့

ငှ က်ဖြစ်လျင်တောင် သစ်တစ်ကို င်းမှ ာ

နားလို့ ယှ ဉ်တွဲ။။

=-=-=-=-=-=--=-=-=-==============================================

ပန်း

====

အချ ို့က ခပ်ရမ်းရမ်း

အပွေ့ အဖက်က ခပ်ကြမ်းကြမ်း

အချ ို့ကျတော့ ယု ယပို က်ထွေး

အနမ်းတစ်ပွင့် ပေးဖို့တောင် ရှ က်အားပို ကြ

ချစ်တက်ကြသူ တွေထဲမှ ာမှ


ပန်းဘဝပါကွယ်

နွမ်း တက် ပါရဲ့။

နွေမှ ာပဲ ပွင့်ပွင့်

မို းမှ ာပဲဖူ းဖူ း၊

ဆောင်း နှ င်းစို လို့

လောင်းရိပ်ပဲခို ခို ၊

နေရောင်အောက်မှ ာယှ ဉ်ယှ ဉ်

သော်တာနဲ့ပဲတွဲတွဲ

ကြယ်စင်နဲ့ပဲ ကက၊

လှ ပတဲ့ ခဏ ပန်းတို င်းမှ ာ ရှိတယ်။

နေခြည်ကို ပဲ မက်မက်

မို းစက်ကို ပဲခင်ခင်

ဖူ းတက်ဝေတက် နွမ်းကြွေတက်

ပန်း သင်္ခ ါယာ ကို ယ့် အနိစ္စာ။

သူ မကြင်သူ မမက်

သူ ရက်စက်လျင်လည်း

သူ့ သဘောပါပဲ

သူ သိပါစေကွယ်လို့

သူ ရှိရာ လေပြေသွေးကာ

လေညာကမွှေး။

ပွင့်ဦးပါကွယ် ရွယ်စူ းကာဖူ း

ကြင်ဦးသခင် ရွယ်ခူ းခက်အောင်

သူ မမြင်သူ မသိ ဝေခဲ့ မိ လေသလား

ရု ပ်လက္ခဏာ -

မလွန်သာ ပျက်မြဲရယ်မို့

လေအလာကြွေကာဝဲပါလို့
သဲကမ္ဗလာ

မြေမှ ာလူ းစေတော့

ရင်ခွင်ခို စရာ သွေကာလွဲသော်လည်း

ကြွေရဲပြီလေး။ ။

=-=-=-=-=-=--=-=-=-==============================================

ငါ့သစ္စာ

=====

ဗို က်ပြည့်တဲ့ အချိန်

ကျားတွေဥပု သ်စောင့်တယ်။

ချိန်းထားတာနောက်ကျတဲ့ ချစ်သူ ကို

ဂိမ်းဆော့ ရင်းစောင့်တာမျ ိုး

ကြေပါတယ် မအေးစိန်။

ပြန်လာချိန်မှ ာ ပြန်မလာတဲ့ သူ မို့

ပျော်သလို နေရင်း စောင့်ရစ်ခဲ့ တယ်။

မု န့်ဟင်းခါးအို းဘဲဥနဲ့ တောင်

တစ်ပွဲကို းရာ ၊

အရာရာဈေးကြီးနေတဲ့ ခေတ်ပျက်

မေတ္တ ာတခု ပဲ ၁၅၀၀ ကမတက်

ရောင်းလို အားတွေသွက်နေတာ။

ပြည့်တန်ဆာတောင် သူ့ကြေးနဲ့ သူ့ဈေး

အသည်းနှ လုံ းတွေက ငွေပေးရင်ကြေအေးကြသတဲ့ ၊

သစ္စာတရား

ဘယ်လောက်များ တန်သလဲ။

အိပ်ထောင်ကို ကြည့်ပြီး

ချစ်ဖို့ တတ်တဲ့ သူ တွေခေတ်မှ ာ

အိတ်ထောင်ပြားကပ်နေလည်း ငါ့မာနနဲ့ငါ-
ဘယ်သူ့ကို မှ အတည်မတွဲနို င်တာ

ငါ့သစ္စာပဲ။ ။

=-=-=-=-=-=--=-=-=-==============================================

စိန်ပန်းပုံ ပြင်

−−−−−

နေပူ မရှေ ာင်

နွေလည်ခေါင်တွင်

အရောင်ရင့်ရင့်

ပင်ယံ ဝင့်ကာ

ရဲရဲစွံ့စွံ့

သူ တို့ပွင့်သည်။

ရောင်ဖြာတံ လျက်

သွားထက်မြစွာ

ပု န်းစရာမရှိ

ကျွမ်းကာမြေ့ အောင်

ပူ လောင်စေဦး

တစ်နွေလုံ း

အပြုံ းမပျက်ဘဲ

ခပ်ရဲရဲ ပွင့်ကြသည်။

သူ့ဖို င်တွဲလေး

ကူ ကို င်ပေးရင်း

ပခုံ းယှ ဉ်တူ

ပါးပြင်ဖြူဖြူမှ

နံ့ သာ တရှိုက်အဝေး

နံ ဘေးတွင်

ဆံ နွယ်တကမ်း
တူ ယှ ဉ်လှ မ်း၍

သူ့အကြောင်းတွေးကာ

ကမ္ဗလာနီရဲ

စိန်ပန်းတွေကျဲသည့်လမ်းတွင် -

သူ ပန်းမှ ာစို း ထီးမို းခဲ့ ဘူ းပါသည်။

=-=-=-=-=-=--=-=-=-==============================================

နှ လုံ းသား ရီလေတီဗတီ

−−−−−−−−−−−−−−−−−−

မေတ္တ ာတရားကို ချယ်မှုန်းထားသော

အလျားအနံ နဲ့ အသွားအပြန်တွေ၊

ဝေဒနာ အဖြစ် ကြွင်းကျန်ရစ်သော

နှ စ်သက္ကရာဇ်နဲ့ စက္ကန့်မိနစ်တွေ၊

တို င်းတာ နှိုင်းဆ ညွှန်းဖွဲ့ကြသော

ချစ်ခြင်းရဲ့ ထု ထည် ပမာဏတွေ၊

နှ လုံ းသားအရွယ်အစားတို င်း ထိရှ ကြတာမို့

ခံ စားရသမျှဟာ နှိုင်းရပဲတဲ့ ။

နှ စ်ပေါင်းခု နှ စ်ရာ လွမ်းကြရတဲ့ ပုံ ပြင်ထဲမှ ာ

အချိန်ဆို တာ နှိုင်းရတန်ဖို း၊

အချ ို့သူ တွေအတွက် ကြာလွန်းတယ်။

ရထားပေါ်မှ ာ ပန်းသီးတစ်လုံ း

လေထဲမြှေ ာက်ကြည့်ပြီးတွေးသလို ၊

နှ လုံ းသား ရေးမှ ာ

အမြင်မတူ မှုလေးတွေရှိခဲ့ ကြတော့ ။

ဘယ်သူ ကရွေ့နေသလဲ မသေချာပေမယ့်

အလင်းထက်မြန်အောင် မပြေးနို င်သေးသ၍

ကို ယ်တို့ဝေးသထက်ဝေးနေဦးမှ ာပဲ။


=-=-=-=-=-=--=-=-=-==============================================

တက္ကသို လ်

−−−−−−−

တက္ကသို လ်မှ ာ

ကျောင်းပရဝု ဏ် အတွင်းမှ ာ ရပ်တန့်မနေဖို့နဲ့

သင်ရို းညွှန်းတမ်း တွေ ဘောင်ခတ်မထားတဲ့

Text Book အပြင် ဘက်ကသင်ခန်းစာတွေလည်းရှိတယ်။

တက္ကသို လ်မှ ာ

လူ လူ ချင်း ဆက်ဆံ ရေးကို လည်းသင်ယူ

တာဝန်ခံ မှုတာဝန်ယူ မှုကို လည်းသင်ကြား

တက္ကသို လ်မှ ာ

စွန့် လွှတ်စွန့် စားတဲ့ စိတ်နဲ့ လွတ်လပ်မှုကို လည်းသင်ယူ

အမှ န် အမှ ားနဲ့ မကြောက်တရားကို လည်းသင်ကြား

တက္ကသို လ်ဟာ

ချစ်ခြင်းကို ထိတွေ့စေလို့ နာကျင်မှုကို လေ့ ကျင့်

ငါတို့ကို ပျံသန်းဖို့ အသင့် ဖြစ်စေတဲ့ နေရာ

=-=-=-=-=-=--=-=-=-==============================================

လမ်းလျောက်သင်္ကြ န်

==============

မျှော်သူ မောပြီ

ဒါလီပု လဲ သွန်းခက်ခဲ၍

မို းရက်ကမမီ

ဒီတစ်နှ စ်ဖြင့်

ပိတောက်ပွင့်တွေ နောက်ကျခဲ့ သည်။

ပိတောက်မပါဘဲ

ရောက်လာတဲ့ သင်္ကြ န်ပွဲ


ဖြစ်သလို နွှဲကြုံ သလို သာကဲဖို့ကြံ

လမ်းလျောက်တဲ့ သင်္ကြ န်။

သင်္ကြ န်ဒို းနဲ့ဒီဂျေ

ရောသမမွှေတဲ့ ဂီတ

ရွှမ်းစို စို နဂို အလှ ရေပတ်ကြတဲ့ မဒီတွေ

မာကြပါစေကွယ်လို့

အိမ်ပြတင်းက ငေးကြည့်နေတဲ့ ကျတော့ ကို

လက်ပြလို့နှုတ်ဆက်ရင်း

ခြေသံ ပြင်းပြင်းနဲ့

သင်္ကြ န်က လမ်းလျောက်ထွက်သွားသည်။

=-=-=-=-=-=--=-=-=-==============================================

ရာသီပြောင်းချိန်

−−−−−−−−−−

တစ်မို း ကု န်ခဲ့ ပြီမေ -

ဆောင်းလေကတစ်ဖန်နို းထ

တမာတန်းက လွမ်းစရာတွေလည်း

အချိန်က တို က်စားသွားမလား။

ဝို းတဝါးရိပ်မြင် မသဲကွဲခင်ခဏ

လွမ်းရတဲ့ စိတ်က မင်းလို့ထင်နေပြန်တယ်။

နွေကတည်းက ကြွေခဲ့ ရသူ ပါမေ

နှ င်းမြူတွေ ဝေလို့ လွမ်းစေဦးမှ ာလား။

ကြည်လင်ကောင်းကင်က ကြယ်စင်တွေကို

အရင်လို ငေးမောရင်း

ရို းပြတ်တောအလွန် လယ်စောင့်တဲဝယ်

တစ်ဆောင်းပြယ်ကု န် နှ င်းမှုံ တွေစဲရင်

ဥတ္တ ရရင်ခွင်ကို ပျံသန်းချင်နေတဲ့


အသဲတစ်ခြမ်းရှိနေတယ်။

=-=-=-=-=-=--=-=-=-==============================================

ဝို င်ဘီအက်စ်

--------

ရန်ကု န်တစ်ပတ်

ဝို င်ဘီအက်စ်(YBS)

ငွေက၃၀၀ ကျပ်။

ပွတ်တို က်မှုတွေရှိတက်ပေမယ့်

ပွန်းပဲ့ မှုမရှိသ‌ရွေ့တော့

ဘာသိဘာသာပါပဲ။

အဲကွန်းတမြမြနဲ့

ထို င်တဲ့ သူ ကထို င်

ထတဲ့ သူ ကထ

တစ်ခရီးတည်းဆက်ရ။

ခရီးဆုံ းကြသူ တွေနဲ့

လက်ပြ နှုတ်ဆက်စရာမလို တဲ့

ယဉ်ကျေးမှု

မထသ ကတည်းက ခု ထိပဲ။

နေထို င်မှုစရိတ်လျော့ ချရေး

ဒို့အရေး။

သန့်ရှ င်းလှ ပပြီး လုံ ခြုံ စိတ်ချရေး

ဒို့အရေး။

မို းပျံလမ်းတွေနဲ့ မြေအောက်မြို့တော်ကြီးတည်‌ဆောက်ရေး

ဒို့အရေး။

စင်ကာပူ ကို ကျော်တက်ဖို့အရေး

ဒို့အရေး။
ကားခပေးစရာ အကြွေမပါလို့

မျက်လုံ းစုံ မှိတ် ကျစ်နေအောင်လိပ်လို့

ထည့်လို က်ရတဲ့ ၅၀၀ တန်တစ်ရွက်ကို တွေးရင်း

ခို င်ထူ းသီချင်းထဲကလို

ခု ညတော့ အိပ်နို င်မယ်မထင်ဘူ း။။

(ခေတ္တ −ရန်ကု န်)

=-=-=-=-=-=--=-=-=-==============================================

မကွေး

−−−−−−−−−−

ဖြောင့်မတ်ခြင်းကို

နာမည်မှ ာထည့်ရေးထားတဲ့ မြို့

ဧရာဝတီအရှေ့ဘက်ကမ်းမှ ာ

ငု တ်တု တ်ထို င်ငေးနေတယ်

မြသလွန်ခြေတော်ရင်းဆီမှ ာတော့

သစ္စာစကားတွေက ဝရု န်းသု န်းကား

ကမ်းနားလမ်းတစ်လျှောက်

ချစ်ခြင်းမေတ္တ ာကို

ရောင်းဝယ်ဖောက်ကားကြ

ကု န်သည်ပွဲစားတို့ရယ်...

မြို့လေးကို တော့

ရောင်းမစားကြပါနဲ့

မီးခို းနံ့သင်းနေတဲ့ နှ င်းတွေ

နေကျဲကျဲအောက်က ထနောင်းပွင့်တွေ

မို းရွာရင်

စက်ဘီးပတ်စီးဖို့ပြန်လာချင်တယ်။ ။

လင်းဝေအိမ်
စာပွင့်လွှာ မဂ္ဂဇင်း ၊ ဩဂတ်လ ၊ ၂၀၁၂

=-=-=-=-=-=--=-=-=-==============================================

တစ်ခါက တက္ကသို လ်

−−−−−−−−−

တစ်ခါက တက္ကသို လ်တဲ့

အိပ်မက်လို လို ပဲပေါ့။

နင်းလျှောက်ခဲ့ တဲ့ မေတ္တ ာလမ်း

ဆူ းခရောင်းနဲ့ ကြမ်းတမ်းပေမယ့်

လမ်းဘေးဆို င်က ပေါ့ကျတစ်ခွက်

ရယ်သံ တစ်ဝက် အကြမ်းတစ်ခွက်နဲ့

မျောချခဲ့ ရတဲ့ တက္ကသို လ်ရက်တွေ။

- ကောင်မလေးရေ -

ကတို က်ကရို က် ခြေသံ တွေနဲ့

ကတ္တီပါဖိနပ်ကို တလျှပ်လျှပ်စီးရင်း

မြေလတ်ရင်ခွင်တွင်းကို တစ်ခေါက်ရောက်စဉ်

မှေ းစက်ရာဇာခြည်လွှာ ဟို တစ်ဘက်က

ရည်ရွယ်ချက်တစ်ခု နဲ့ သီကြွေး

အဆောင်ပေါက်ဝက ဂစ်တာသံ လေးတွေ

မေ့ ပစ်လောက်အောင် ဘယ်သူ တွေ မာကျောနို င်မလဲ။

- အိပ်မက်ထဲမှ ာ လျှောက်ခဲ့ တဲ့ လမ်း

မနှိုးကြစမ်းနဲ့ဟေ့

တမာနံ့ လွှမ်းတဲ့ အိပ်မက်ကို လွမ်းတယ်။

=-=-=-=-=-=--=-=-=-==============================================

ကျောင်းသားဘဝ

−−−−−−−−−−−−−

ကျောင်းတော်ရဲ့ အစဉ်အလာ
တစ်စောင်ကို ဝမ်းတေဘယ်နဲ့လို သလောက်မှ ာ

ဒီခံ စားချက်စာ ကဗျာတွေ

ဘယ်သူ ရင်ထဲကများလဲလို့

ကောင်မလေးရေ မသိချင်နဲ့။

ညနေခင်းမှ ာ

ကမ်းနားကို ဆင်းတော့

သောင်ပြင်မှ ာ လွှတ်ထားသလား လွတ်နေသလား မသိတဲ့

ဟင်္သ ာလေးတွေ အု ပ်လို က်ဗျ ို့

လွယ်အိပ်ကို ယ်စီနဲ့။

အဆောင်မှ ာ အိပ်မရရင်

အိမ်မပြည့်မှ ာ မပူ နဲ့တဲ့

ဝင်ကူ မယ့်သူ တွေ အမြဲရှိတဲ့ ကျောင်းသားဘဝ

ဪ အိပ်မရတာ လည်းညတို င်း။

ထန်းတောနဲ့ ကြွက်ကင်

ကျောင်းကြီးကို ခင်လွန်းလို့ တဲ့

စာမေးပွဲမအောင်ချင်တဲ့

အစ်ကို တို့ကို အားကျတယ်ဗျာ။ ။

=-=-=-=-=-=--=-=-=-==============================================

ကျောင်းကြီးကို လွမ်းလို့

-=-=-=-=-=-=-=-=-=-=-=

တစ်နွေပြောင်းခဲ့ ပြီ

လမ်းဟောင်းလေးကို လှ မ်းလျှောက်ဖို့ အိပ်မက်တွေနဲ့နို းထ-

တစ်ဆောင်းကု န်ခဲ့ ပြီ

ကျောင်းရိပ်မြုံ က အားကု န်ခတ် မဲ့ တောင်ပံ တွေပန်းလျချိန်-

တစ်မို းနှေ ာင်းခဲ့ ပြီ

ရို းမကို ဖြတ် အသည်း အိမ်မှ ာ လွမ်းတဲ့ စိတ်နဲ့ တမ်းတ-


ရာသီ သစ်ခဲ့ ပြီ

ကျောင်းအဝင်မှ ာ နင်းဖြတ်ခဲ့ တဲ့ တမာရနံ့တွေ ကို လွမ်းမိချိန်-

ခု နှ စ်သံ ချီ အော်ဟစ်ရင်း

ငြင်းကြခု န်ကြတဲ့ ဆုံ နေကြ တီးဟောက်က သူ ငယ်ချင်းတွေ၊

သောင်ပြင်မှ ာ လမ်းသလားရင်း

ဆံ နွယ်တွေကြားက ဖြတ်သန်းလာတဲ့ လေညှ င်းရနံ့ ၊

ထိန်ထိန်သာတဲ့ လရောင်အောက်က

သံ ပြိုင်ဆို တဲ့ ဂစ်တာသံ တွေ ၊

အို က်စပ်တဲ့ ညတွေ ရင်ခွင်

အိမ်အပြန်လမ်းရဲ့ ချ ိုင့်ခွက်တွေရှေ ာင်ရင်း

ငေးကြည့် ခဲ့ ရတဲ့ အဆောင်ပြတင်းက လမင်း၊

ဆရာမအိမ်က စာကျက်ဝို င်း

ဆုံ ဖို့ ချိန်းပြီး ခွေးကြောက်လို့

ထန်းတောရောက်ပြီး မှေ ာက်ကု န်တဲ့ ကို ယ်တွေ

စာမေးပွဲတွေ အဖွဲ့လို က် အောင်တော့

အံ့ ဩလို့ မကု န်ဘူ းတဲ့ ၊

ခု တော့ အောင်ခဲ့ တဲ့ စာမေးပွဲ

ပြန်တောင်အမ်းချင်တယ် ဆရာမရေ --

ကျောင်းကြီးကို လွမ်းလို့ပေါ့။ ။

=-=-=-=-=-=--=-=-=-==============================================

ကဗျာဆရာရဲ့ ကျောင်း

=−=−=−=−=−=−=−

မြူနှ င်းဆို င်းနေတဲ့

ကျောင်းတံ တို င်း အနောက်က

ခေါင်းလောင်းသံ ကချ ိုမြမြ

အိပ်မပျော်တဲ့ ညတွေမှ ာ
ဘယ်ညာလိမ့်ရင်းတွေးမိတာက

ခုံ ပေါ်တက်လို့ မတ်တပ်ရပ်ခဲ့ ရ

ကလေးဘဝလေးပေါ့

ချောင်ကပ်ပြီး ကဗျာရေးလို့တဲ့ ဗျာ။

=-=-=-=-=-=--=-=-=-==============================================

ပန်းဝေတံ ခါးပိတ် - တာရာမင်းဝေ

***************************

အလွမ်းတွေရှိထားကြောင်း..

'ပန်းဝေ' သိလား မေးချင်တယ်...။

လမ်းတွေ့ရင်ခေါ်ခွ င့်မပို င်ပါဘူ း

ကျွမ်းမြေ့ ချင်...မျှော်လင့်နို င်မှ ာလားရယ်လို့ ...။

ခို းဝှ က်ကာ အကြည့်ပု န်းတွေနဲ့....

တို းရှ က်ကာ မချိဆုံ းပါပဲ

ငြိထုံ းလာ အလွမ်းတွေဝေတော့ ...'ပန်းဝေ' သိမယ်

ကို ယ့်မျက်ရည်ကို ယ်မတွေ့ရှ ာဘူ းတဲ့

ညှို့ချက်တွေ အငို ဝေ့ ပါရင်..

ကမ္ဘာချဉ်းအောင် ပန်းတော်ပွင့်မယ်

သခင့်အတွက် ပန်းတွေရယ်

နွမ်းလေတယ်....ကျွန်တော်မျက်ဖြေရူ း

(ဪ.....တို့ဘဝက တမ်းမပြေတယ်နော် မျက်ရည်ဦး)

နှေ ာင်တွယ်တာ ခက်တာပဲ ....ပန်းရယ်လို့

ရှေ ာင်ဖယ်ကာ မျက်နှ ာလွှဲ စမ်းချင်တာပေါ့

ကျောင်းခန်းဆီ ခြေလှ မ်းတွေ အရောက်ယူ ဆဲမှ ာပဲ

တစ်ယောက်သူ နောက်လူ တွေ့နေနှ င့်ပြီမို့

ရင်နင့်စွာ ကျွန်တော် ချစ်ပေမယ့်..

မြင်ခွင့်မှ ာ အဖေါ်သစ်တွေနဲ့ ..ပန်းဝေရယ်....


(တို့လေ ).....

မခေါ် ဖြစ်ပါဘူ း ...။ ။

တာရာမင်းဝေ

=-=-=-=-=-=--=-=-=-==============================================

ထန်းပင်ရိပ်

ထန်းရွက်သံ ပတ္တ လားနဲ့

ထန်းရည်ခါး သောက်ရအောင်

ဝါးခေါက်ကြ မောင် ။

ထန်းသမား အသားချောင်

မြှေ ာင်ပြီကွယ့် ခါးတောင်း ။

ရှ ဉ့်ငှ က် ကျင်လည်စွာသို့

တပင်ခွာ တပင်တက်

လျှပ်လက်သို့ လည်းကောင်း ။

ငှ က်ခါးတောင် စိမ်းမြမြနဲ့

ပင်ကျရည် ခေါင်းပေါင်းဖြူ ။

ပဲကြီးလှေ ာ် တကတော့ နဲ့

မော့ စို့ အတူ ။

ယူ ခဲ့ ပော့ တမြူ နှ စ်မြူ

မွှေးကြူလို့သင်း ။

ထန်းရိပ်ညို တနေခို လို့

ဘဝကို မေ့ ပျော်ကြူး

မူ းစို့ သူ ငယ်ချင်း ။

ထန်းလျက်ချ ို ဖို နံ ဘေးက

ခွေးကလေး ညို ပြာရောင်

ဝဲယားလို့ ပောင် ။

တို့တတွေ ထန်းရည်မူ းကို


ချီးကျူးတဲ့ တေးသံ ယောင်

အမောင်ငဲ့ ကြားပါစ ။

မျက်မှေ း ရီတီတီနဲ့

နေနီနီ အစွယ်ကျ ိုး

မို းချုပ်ပြီလော့ ။

ထန်းတောပြန် သေသောက်ကြူး

အမူ းက မပြေ့ တပြေ

နတ်ဝင်သည်တွေ ။

ယစ်ရွှေရည် သူ ရာနှိုးလို့

ပု ဆို းစ ခါးပုံ ရှ ည်

ခု နှ စ်ထွေ အက ။

တေးချင်း အသံ ကျယ်ကြောင့်

တဲပျက်ငယ် အဝင်ဝက

ဆီးကြိုကာ တွဲပါရ

မယ်မင်းကြီးမ ။

Credit to တင်မို း

=-=-=-=-=-=--=-=-=-==============================================

မကွေး

ဖျတ်ခနဲ

ရေစီးကြောင်း ချ ိူးကွေ့ရာ

ကို ယ့်ဝဋ်ကြွေးကို သယ်ဆောင် လာမိလို့

ဘီလူ းနှ စ်ကောင် မျက်လုံ းထဲ

မြင် ကွင်းတွေဝေဝါးသွားတယ်

အဲသည့် မြစ်နဲ့မြို့။ ။

ကို ကျူး

=-=-=-=-=-=--=-=-=-==============================================
မကွေးတက္ကသို လ်

အထွန့် ရှ ည် အနေရဲ၊

နွေထဲမကြောက် ရဲရဲတောက်အောင်၊

လမ်းတစ်လျှောက်မှ ာပွင့်

တက္ကသီလာမှ ာဂု ဏ်တင့်တဲ့ ၊

စိန်ပန်းနီနီတွေ နွမ်းလို့ခြောက်တောင်

မေ့ ပျောက်မရတဲ့ -

ဘဝလးတွေပါပဲ။

စိန်ပန်းတွေဝေ ခရေတွေမြေခ၊

တမာထနောင်း နွေအပြောင်းမှ ာ၊

မွေးတဲ့ ရနံ့က မပြောင်းလဲ၊

အသက်တွေလည်းကြီးပေမယ့်၊

လွမ်းရက်ရှ ည် ခရီးထဲမှ ာ၊

သူ ငယ်ချင်းရေ

သတိရဆဲ ။

=-=-=-=-=-=--=-=-=-==============================================

အိမ်အပြန်

နေညို ချိန်လေး

ကမ်းနဘေးရေအလျင်။

မြစ်ဧရာ တသွင်သွင်နဲ့

လှိုင်းခတ်ဘောင်ဘင်။ ။

အဝေးရပ်က -

သတိရလို့ အချိန်တန်လျင်

ရင်ခွင်ဆီ ဒီအပြန်လမ်း။

လှ မ်း ကြည့်လို က်တော့

ဝမ်းရေးလဲ မလွယ် လွမ်းရေးလဲ ခက်


ဝဲဂရက်မှ ာ ယောင်လည်လည်နဲ့

ပြန်ရက်ရယ် ချ ိုးရေတွက်လို့

ဪ - ကျမျက်ရည်ခမ်း။ ။

(အချ ိုးတွဲ )

=-=-=-=-=-=--=-=-=-==============================================

လွမ်းရစ်လေဦး

လွမ်းရစ်လေဦး၊ ကမ်းနဖူ းမှ ာ

သွေဘူ းသစ္စာ၊ ပမာငှ က်ကျေး

မြို့မကွေးက-

ကမ်းနဖူ းစွန်၊ မြသလွန်မှ

မွမွသဲသောင်၊ ဘောင်ဘင်ကမ်းစပ်

သည်းသက်ထပ်မျှ၊ သတိရခြင်း

လွမ်းဆွတ်ခြင်းနှ င့်၊ စက်ခြင်းခဲခက်

ဝေးတဲ့ ရပ်မှ ာ-

အုံ းထက်မျက်ရည်၊ နေ့ရက်ရှ ည်မို့

လွမ်းလို့ရယ်၊ ပြေနို င်ပါဘူ းကွယ်။ ။

=-=-=-=-=-=--=-=-=-==============================================

မေတ္တ ာလမ်း

တွက်စစ်ကြည့်တော့ ဆယ့်တစ်နှ စ်

အဖု အထစ်တွေနဲ့ -

အသားမာဖြစ်နေတဲ့ လမ်းလေးမှ ာ

လက်ချာချိန် မီဖို့အရေး -

အပြေးတစ်ပို င်းနဲ့ ဘ၀လေးတွေ

လွမ်းရက်ဆက်ပေ။

ဥဩ သံ ချ ို

ပင်ပျ ိုကို င်းထက်


တမာခက်တို့ ဖူ းသစ်ဝေ

ပန်းခရေ မြေမှ ာကျဲ။

ကျောင်းတက်တဲ့ လမ်းထဲ

အတူ လှ မ်းခဲ့ တဲ့ အမှ တ်တရလေးတွေပါ-

ကြွေတစ်ခါ ဝေကာတစ်လှ ည့်နဲ့

ရွက်ဝါတွေ အခါခါသက်ခဲ့

မဆုံ းတဲ့ ခရီးရှ ည်ထက်မှ ာ

မေ့ ရက်နို င်ပဲ။ ။

=-=-=-=-=-=--=-=-=-==============================================

အပူ ရှိန်များတဲ့ မြို့

နေကလည်းပူ

လာတဲ့ သူ ကလည်း

ဝေဒနာတောက

သမု ဒ္ဒယအမောနဲ့

အလွမ်းထည့်ပို း လာခဲ့ သောသူ ပါခင်

နေဆယ်စင်း

ပြိုင်တူ လင်းလို့ပူ အံ့ ထင်။

တမာတန်းနဲ့ ဧရာကမ်းနား၊

ထန်းတောနဲ့မြင်းဖြူခါး

စောင်းတန်းရှ ည်လျှား

သလွန်မြဘု ရားလည်း

ဝေးကရှ ားလို့

ကယ်ဖို့မမြင် ။

=-=-=-=-=-=--=-=-=-==============================================

ပိတောက်ပွင့်တဲ့ နေ့

ဒီနေ့ ပိတောက်တွေပွင့်တယ်
အိမ်ရှေ့ကလမ်းတစ်လျောက်မှ ာ

မြေခတဲ့ ပိတောက်တွေ

ခြေထောက်တောင် လှ မ်းမကြွရက်စရာ

ရွှေရောင်တောက် နေရဲ့

တစ်ယောက်ဆို တစ်ယောက်

ပိတောက်ဆို ပိတောက်တဲ့

တစ်နှ စ်လုံ းမှ ာမှ တစ်ခါတည်းပွင့်တဲ့ ပိတောက်

တစ်ခါပွင့်ပြန် တော့ လည်း တစ်ရက်ထဲ ခံ တဲ့ ပိတောက်

ပိတောက်လို အချစ်နဲ့

တစ်သက်မှ ာ တစ်ယောက်ပဲ ချစ်တဲ့

ဟု တ်ကဲ့ ဈေးကွက်စီးပွားရေးခေတ်ပါဗျာ

ပစ္စည်းမသိဘဲ ဈေးဝယ်စရာလား ။ ။

=-=-=-=-=-=--=-=-=-==============================================

လက်ထပ်ပွဲ

ကာရံ တစ်ခွက်နဲ့သိဒ္ဓိမြောက်နေသူ ပါ

ဒု တိယဘု ရားသခင်ရဲ့အမိန့်ကို

ကို ယ့်ဒု က္ကရ စရိယာတရားနဲ့ ဖီဆန်ရင်း

ဝင်ငွေဒေါက်ဖိနပ်ဖို းမပြည့်လေတော့

အချစ်က နှုတ်ဆိပ်နေလေရဲ့။ ။

လက်ထပ်ဖိတ်စာမှ ာ

အမြီးမပါမှ ာစို းတက်တဲ့ ဘုံ ဘဝ

ငွေမပါရင်

လေးဆယ်ကျော်တာတောင် လူ မဖြစ်ဘူ းတဲ့

ပု လင်းတူ ဘူ းစို့ချင်း ရို င်းပင်းရင်း

ဈေးပေါပေါနဲ့ သစ္စာရှိကြပါ။ ။

လက်ထပ်ယူ မှ ရကြစတမ်းဆို
အောင်မြင်မှုဆို တာ

လိင်ဆက်ဆံ မှုကနေ ကူ းစက်တက်သလို လို ။ ။

=-=-=-=-=-=--=-=-=-==============================================

ဆောင်း

ဆောင်းရေ

ခုံ တန်းလေးပေါ်မှ ာ

ကို ယ့်ဂျာကင်ကို ခပ်တင်းတင်း စေ့ ရင်း

နေမဝင် ခင် ခဏ ရပ်တန့်နေမယ့်ဆည်းဆာမှ ာ

တစ်ယောက်တည်း ငေးကြည့်တော့ အထီးကျန်သလို

နှ စ်ယောက်အတူ ထို င်ရင်း တိတ်ဆိပ်နေခဲ့ ဖူ းတယ်

မို းစု တ်စု တ်ချုပ်မှ အလန့်တကြား အိပ်တန်းပြန်တော့

အရိပ်နဲ့ ကို ယ် တစ်သားတည်းမကျ

စိတ်နဲ့ခန္ဓာ တွဲမရ

အသက်ရှုသံ တွေ

စည်းနဲ့ဝါးနဲ့ မကျနို င်ဘူ း။

ဆောင်းရေ

လေရူ းရောက်လို့နွေဦးပေါက်တဲ့ အခါတို င်း

ရွက်ခြောက်တွေပေါ်ဖြတ်နင်း

ခြေဖျားထောက်ရင်း ကို ယ့်အနောက်ဘက်ကတို းဝင်လာမလား

လွှာချင်းဖိနပ်ပါးပါးလေး ရှ ပ်တို က်လျောက်တဲ့ အသံ ကို

ရာသီကု န်အောင်စောင့်ခဲ့ မိတယ်။

ဆောင်းရေ

နှ င်းတွေကြားမှ ာ ကျန်ခဲ့ တဲ့ မြို့လေးထဲ

မင်းအအကြောင်းကို ထားခဲ့ ဖို့


ကြိုဆို ပါ၏ဆို တဲ့ ကို ယ်တို့မြို့ အဝင် ဆို င်းဘု တ်လေး

လည်ပြန် ကြည့်မိတဲ့ ခဏ

မလွမ်းနို င်သူ အတွက် ပြေးထွက်ဖို့ တောင်

မြူနှ င်းတို့ ကာဆီးလွန်းပြန်တယ်။

=-=-=-=-=-=--=-=-=-==============================================

ဆုံ တွေ့ခွင့်

ဖူ းစာဆို တာ မွေးကတည်း

တံ ဆိပ်လို ကပ်ခဲ့ ရင်

ရွေးချယ်ခွင့်ကို ပြန်ဆန်းစစ်ကြ။

အတင်းတောင်းဆို ခွင့်မရတဲ့ အချိန်တွေရှိသလို

မျက်လုံ စုံ မှိတ်နေရတဲ့ အချိန်တွေအတွက်

အချ ို့လည်းငို ကြွေးရ။

အတုံ့အလှ ည့်မရှိနို င်တော့

ပေးဆပ်ရင်း ပေးဆပ်ရင်း

ကို ယ့်အတွက် ချန်ဖို့တောင် မေ့ လျော့ ။

သံ လမ်းတစ်စုံ ဟာ ဘယ်တော့ မှ မဆုံ နို င်လေတော့

ဇလီဖားတုံ းတွေပေါ် လမ်းပြောင်းပြန်ပြေးလွားနေမိ

နမ်းရှိုက်ခွင့်မရတဲ့ ကျိမ်စာအပြည့်နဲ့

အပြင်းနှ င်လာမဲ့ ဥဩသံ ကို ထွေးပို က်ဖို့

ဆုံ တွေ့ခွင့်ဆို တဲ့ ဆု လာဘ်

အသက်ထက် ခုံ မင်လွန်းတယ်

=-=-=-=-=-=--=-=-=-==============================================

မကွေး

-*-*-*-*-*-*-*

မဖျားနာပေမယ့်

အပူ ရှိန်ကများတယ်
ထနောင်းဆူ းသွေးတို က်ပြီး

ရှ ားမီးအပေးခံ ရမယ့် ကိစ္စ

ဆေးမီးတို တွေနဲ့လည်း အကု သမခံ ချင် ....

အမြင်နဲ့

သံ ယောဇဉ် ယက်ကန်းရက်

ခရီးဆက်ဆဲ ဧရာဝတီကို ငေးလို့

မြသလွန် ဘု ရားကို ဖူ းပါရစေ

မရွှေဖဲကို တွေ့ပါရစေ

မြင်းခွာသံ ကို ကြားပါရစေ..................

ဒီမှ ာ

ရင်ထဲ တည့်တည့် ပြေးဝင်လာတဲ့ "မြစ်"က

ရင်ချင်းအပ်မိမှ ဘာကြောင့် "ကွေ့" သွားရတာလဲ ။ - - ။

(ရို းသက်)

=-=-=-=-=-=--=-=-=-==============================================

သူ ငယ်ချင်း

-*-*-*-*-*-*-*

အပေါင်းသင်း ကောင်းမှုနဲ့

စာအတင်းလို က်ပေးဖူ းတဲ့

ကို ယို့ကားယား အဖြစ်

အချစ်ကို သက်သေပြဖို့

ကျွန်တော့ မှ ာ ငွေကြေးမလုံ လောက်ခဲ့ ။

မျက်ရည် တစက်ကျမိ

နောက်ထပ် နှ စ်စက်. . . သုံ း လေးစက် ??????

မှ တ်မိတော့ ဘူ း - -

အတော်များသွားတယ်၊

အကြောင်းသိသွားတော့ -
ကျတော့ ကို မူ းအောင် မတို က်ကြတော့ ဘူ း။

ရေတစ်ပွက် မျှပါ သူ ငယ်ချင်း

လည်ပင်းဖက်ပေါင်းနေရင်း

ပလုံ ဆို တဲ့ အသံ ကြားတော့ လန့်နို းသွား။

သံ စုံ မြည်တဲ့ ဖန်လုံ အိမ်ထဲက ဆောင်းနှ င်းပွင့်လေး လို

လက်တွေ့ဘဝထဲ ဆွဲ သွင်းဖို့

ဘယ်လို မှ မဖြစ်နို င်ဘူ း။

ဆည်းလည်းသံ စွက်တဲ့

ဝါကျ ခင်းကျင်းတွေကို တမ်းတရင်း

ဘဝကပေးတဲ့ လက်ချာတွေ

အချိန်မီအောင် လို က်နေရတဲ့ ဘဝမှ ာ ၊

တောင်စွယ် နေကွယ်မှ ာသိနေတောင်

ဆက်ပြီးမရု န်းကန်ချင်တော့ ဘူ း

ဒီဓားက ဒီတစ်ကြိမ်မလွဲရင်လည်း

ခုံ တန်းလေးမှ ာ မှ ာခြေဆင်းလေးထို င်ပြီး

နေညို ချိန် အခင်းအကျင်းကို

ငေးမောရင်း

ကြည့်ခွင့်ရချင်တယ် သူ ငယ်ချင်းရေ။ ။

=-=-=-=-=-=--=-=-=-==============================================

ကြယ်ကြွေဆု တောင်း

-*-*-*-*-*-*-*-*-*-

ကြယ်လေးရယ်

တောင်းတဲ့ ဆု နဲ့ ပြည့်ဖို့ -

ဘဝနဲ့ ရင်းပြီး မ ကြွေ ကျပါနဲ့ကွယ် ။

အလှ မ်းဝေးလွန်းလှ တဲ့

ကြယ်တစ်စင်း
ကျွန်တော် ငေးကြည့်နေရင်းမှ ာ

ဝင်းခနဲကြေအကျ

တောင်းမိတဲ့ ဆု က -

ကြယ်ကလေးမင်း

ငြိမ်းချမ်းခြင်းနဲ့

နောက်ဘဝမှ ာ

ဆက်ပြီး လင်းလက်နို င်ပါစေ။ ။

=-=-=-=-=-=--=-=-=-==============================================

သီတင်းကျွတ်ရင် ပြန်လာချင်တယ်

=-=-=-=-=-=-=-=-=-=-=-=-=-

အတောင်ရှိလျက်

အပျံခက်တဲ့ ငှ က်တွေလို ။

သဘဝနဲ့ ဆန့်ကျင်ဘက်

စီးဆင်းဖို့ မရဲတဲ့ စမ်းရေလို ။

ခြေရာထပ်ခဲ့ တဲ့ လမ်းမတွေထဲ

ခြေရာ ကောက်မယ့် အလွမ်းတွေနဲ့

ဝင်သက်ထွက်သက်လေးလည်း အရပ်ရှ ည်လာရင်း

ကျွန်တော့် မြို့လေးကို လွမ်းတယ် ။

နေခြည်အောက်မှ ာ ရှ င်သန်နို င်စွမ်းမဲ့ ပျောက်ခဲ့ သော

ရှ ည်လျားတဲ့ ခြောက်အိပ်မက်

တစ်ခန်းရပ် ဇာတ်လမ်းလေးကို ပဲ

တစ်ခေါက်ပြီးတစ်ခေါက် ပြန်ပြန်မက်ရ။
ဟို းကလေးဘဝ တု န်းကလို

အားလုံ းကို လေးစားပါတယ် လို့

ဦးကျော် စတို င်နဲ့ပြောတဲ့

အောင်စည်တော် ပြန်ကြည့်ချင်လို့၊

အတူ စု ပြုံ ကြောက်ကြောက်လန့်လန့်နဲ့

ပွဲဈေးထဲက ရဟတ်စီးရင်းရင်ခုံ ချင်လို့၊

တို းမလို့ မပေါက်

စောင်းတန်းတစ်လျောက်မှ ာ တအိအိလျောက်ချင်လို့၊

သလွန်ခြေရင်း

ဆီမီးခွက် လေးတွေခင်းရင်း ဆု တောင်းချင်လို့၊

နောက်ပြီး

အကြီးကောင် ဘယ်ချိန်ပြန်လာမလဲ

ဖု န်းဆက်မေးပြီး တမေးထဲမေး

မွေးတဲ့ အမေ့ ကို သတိရတဲ့ စိတ်တွေ ထု တ်ပို းရင်း

အမေ့ ခြေရင်းမှ ာ

လက်အု ပ်လေးနဲ့ပဲဖြစ်ဖြစ် ကန်တော့ ချင်လို့

ဒီနှ စ် သီတင်းကျွတ် ရင်

မကွေးကို ပြန်ချင်လာတယ်။ ။

=-=-=-=-=-=--=-=-=-==============================================

ခရေ

အပွေးမြင် အပင်သိ

မျက်ဝန်းမြင် ရင်ကို သိ

အသည်းဘယ်လို ရှိ

သိစေချင်တယ်။

ပင်ယံ ထက်မယ် မနေတက်လေသလား

မြေနီလမ်းက ပန်းခရေနှ ယ်
ကြွေတက်သူ ပါကွယ်

ခြွေရက်မတို င်ခင်က။

သခင့်ကေသာ

ဆင်ကာ တင့်စေတော့

ပန်းသဇင် သခင် မြန်းလျှင်လည်း

လွမ်းတက်ယုံ ပန်းကြွေဘဝမှ ာ

လွမ်းသတ်ပုံ မှ န်အောင်ရေးလို့

လွမ်းတေးငင်ရ။

=-=-=-=-=-=--=-=-=-==============================================

ဆု

ဒု က္ခနဲ့ စီးချင်းထို းတဲ့ အခါ

ငါ့ကို အားပေးတဲ့ လက်ခု ပ်သံ တွေ

တကယ်ပါ မကြားချင်ဘူ း။

မေခလာနတ်သမီးရေ - -

အလည်လွန်လို့ ကြိမ်စာသင့်ရင်

တစ်လှ ည့်စီ ခံ ကြစတမ်းပေါ့။

သွားလို ရာသွားပါ လှ ည့်မကြည့်ပါနဲ့၊

ကမ်းမမြင်ဘဲ ကူ းနေရပေမယ့်

ရု န်းကန်ခွင့်ရတာ ကျေနပ်တယ်။

ဘဝမှ ာ အောင်မြင်လာတဲ့ တစ်နေ့

ပန်းခြောက်လေးတွေ ကြိုးနဲ့သီပြီး

ဆု လာဘ်အဖြစ် ပေးစွပ်လို က်ပေါ့

(အမည်မသိ )
=-=-=-=-=-=--=-=-=-==============================================

မီးခို းထွက်မှ ကြိုက်တယ်ဆို တဲ့ ကို ယ်တို့တု န်းက တက္ကသို လ် ဘဝ

=-=-=-=-=-=-=-=-=-=-=-=-=-=-==-=-===-=-=-=

**ကို ယ်တွေကျောင်းတက်တု န်းက ဆို ကောင်မလေးတွေကို ယ်တို င်ပြောတာ "မီးခို းထွက်မှ " တဲ့ ဆို င်ကယ်ပါတဲ့
ကျောင်းသားတွေ မျက်နှ ာပွင့်တာပြောပါတယ် ကို ယ်တွေ သူ ငယ်ချင်းတွေ အတော်များများကလည်း ဖီးဇင့်၊ ကြက်မီးရှ ည်၊
ဆိတ်ငါးကောင် တွေလောက်ပဲဆို တော့ သိပ်အလန်းကြီး တွေ စော်ကြည်ဘဲတွေတော့ ဟု တ်ခဲ့ ဘူ းလေ။ ကို ယ်ကို ယ်တို င်
လည်း မောင်မြန်မာ ပုံ ပျက်လေးနဲ့ ကျောင်းတက်ရတာဆို တော့ စော်ကြည်ဘဲဟု တ်ခဲ့ ဘူ း။ မောင်မြန်မာပုံ ပျက်ဆို ရတာက
မောင်မြန်မာဘော်ဒီ လေးကို လက်ကို င်တွေပြန်ချ ိုး ဆေးတွေပြန်မှုတ်ပြီး ပြိုင်ဘီးပုံ ချ ိုးထားလို့ပြောတာဘာ။ လို က်မဲ့ သူ
လည်း မရှိတော့ နောက်ခုံ တွေလည်းဖြုတ်ထားလို က်တယ်(ခပ်တင်းတင်းဘဲ )။ --

**ဘာပဲဖြစ်ဖြစ်

---ကမ်းနားလမ်းပလက်ဖောင်းပေါ် တစ်ယောက်တည်းနင်းရင်း သီချင်းတွေအော် အသံ တွေဝင်တဲ့ အခါဝင်၊

---တီးရှေ ာ့ မှ ာထို င်ဖို့ ဒေါက်မပါတဲ့ ဒီဘီးလေးကို ဓာတ်တို င်မှီထားမိလို့ ဟောင်ကောင်တွေ ရှု ရှုးနဲ့ ပန်းသွားလို့ ခဲနဲ့ အကြမ်း
ပန်းကန်နဲ့ မှ ားပေါက်မိတဲ့ အခါပေါက်

--- မေတ္တ ာလမ်း မှ ာ ဒီဘီးလေးနဲ့ခေါက်တုံ့ခေါက်ပြန်နင်းရင်း ဘီးပေါက်လို့တွန်းတဲ့ အခါတွန်း၊

---မြင်းခင်းလမ်းမှ ာ ကျောင်းချိန်မမီမှ ာစို းလို့ အရှိန်နဲ့နင်းရင်း မျက်နှ ာချင်းဆို င်က ဆို င်ကယ်ကို ရှေ ာင်ရင်း လမ်းဘောင်ပေါ်
က ထို းဆင်းတဲ့ အခါဆင်း၊ ဘာပဲဖြစ်ဖြစ်ဘွဲ့တစ်ခု ရခဲ့ တယ်။ --

**အခု အလု ပ်တစ်ဘက်နဲ့ ဆို တော့ ထသွားလာသွားစီးဘို့ ကမ်ဘို တပတ်ရစ်ကလေး ပြန်သပြီး စီးနေရင်း အသံ မျ ိုးစုံ ထွက်၊
မီးခို းတွေ အရမ်းထွက်လာလို့ ဝပ်ရှေ ာ့ ကို သွားပြမိတယ်။

ဆို င်ရှ င်က အစ်ကို ဆို င်ကယ်မီးခို းတွေအရမ်းထွက်နေတယ်တဲ့ ကို ယ်ကတော့ အော်ဆို င်ကယ်ဘဲ မီးခို းထွက်တာ ဆန်းလား
ဆို တော့ သူ ပြန်ပြောလို က်တဲ့ စကားကြောင့် ကို ယ်တစ်သက်လုံ း မှ တ်စွဲလာတဲ့ အစွဲရဲ့ ဟာကွက်ကြီးကို သွားတွေ့မိတယ်။

"မီးခို းထွက်တာ အင်ဂျင်ကျလို့ "တဲ့ ဒါဆို ကို ယ်တို့ တက္ကသို လ်တု န်းက မီးခို းထွက်မှ ကြိုက်တာ ဆို တဲ့ မဒီလေးတွေ အင်ဂျင်
အကျကြီးတွေနဲ့ ဘု မသိဘမသိတွဲနေကြတာ များလားဆို ပြီး ပြုံ းမိတယ်။ ။

=-=-=-=-=-=--=-=-=-==============================================

မကွေး အက်ဆေး

By Tun Lin Mg on Monday, July 27, 2015 at 11:39 AM

=-=-=-=-=-=-=-=-=-

အကြေမည် အညာမမည် မြေလတ်တဲ့ ဟို ဘက်ဒီဘက် တဘက်နဲ့တစ်ဖက်လွန်ဆွဲရင်း ကွက်ကွက်ကလေး ကျန်ခဲ့ တာများ


လား မြေလတ်ရယ်။
မို းနည်းလို့ ဆီကို ရေချ ိုးပြီး ကြီးပြင်းခဲ့ တဲ့ မကွေးနဲ့ ဝေးနေတဲ့ ကို ယ်တို့မှ ာ လသာညတို င်း ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ ဆို တဲ့
စကားလေးရေရွတ်ရင်း ငို ရတယ်။ ပဲဆီ၊ နှ မ်းဆီ စစ်စစ်ကလေး သတိရလို့။

မြို့လေးရဲ့ လှ ပလွန်းတဲ့ နေဝင်ချိန်ကို ငေးရင်းဧရာ မြစ်ရဲ့ ရေအလျင်လေးတောင် ကွေ့သွားရတယ်တဲ့ ကြာလာတော့ လည်း


မြစ်ကွေ့ကနေ မကွေးလို့ အမည်တွင် သွားရောဗျ။

သောင်ပြင်မှ ာ နေစောင်းတော့ ဟင်္သ ာတွေ ဇင်ယော်တွေနဲ့ အပြိုင် ညနေခြုံ လွှာရဲ့အောက်မှ ာ မြေလတ်ရဲ့ ဧကရီလေးတွေ
အရောင်စုံ အသွေးစုံ ရောင်နီတွေနဲ့ အတူ အလှ ပြိုင်ကြပြန်ရော။ သောင်ပြင်ပေါ်က ဟင်္သ ာလေးတွေလား နတ်သမီးလေး
တွေလား မခွဲနို င်တော့ ဘူ း။

သနပ်ခါးလည်း မရှ ားတဲ့ အရပ်ဆို တော့ ငယ်ငယ်တု န်းက အမေသွေးတဲ့ သနပ်ခါးကို မောင်နှ မတွေ ခြေဆုံ းခေါင်းဆုံ းလူ းရင်း
ရေလယ်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ ကျွန်း ဆို တဲ့ စကားဝှ က်ကလေးကို စကားထှ ာဝှ က်ကြတယ်။ အမေမရှိတော့ တဲ့
အချိန်မှ ာ ဧရာမြစ်လယ်က နွေရာသီ သောင် ပြင်ကြီးတွေငေးပြီး အမေသွေးတဲ့ ကျောက်ပျဉ်လေးကို သတိရစိတ်နဲ့ ရေ
လယ်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ ကျွန်းလို့ တတွတ်တွတ် ရွတ်ရင်း ကျတော့်စိတ်ထဲမှ ာ သောင်ပြင်ကြီးနဲ့ ကျောက်ပျဉ်
လေး မကွဲချင်တော့ ဘူ း။ ဒီသောင်ပြင်ကြီးပေါ်မှ ာ နတ်သမီးတွေ တကယ်ရှိနေတာများလားဗျာ။

မကွေးသားတွေ သဘောကောင်းတဲ့ အကြောင်းပြောပြရရင် ဘီလူ းတည်တဲ့ မြို့တဲ့ မမြင်ဘူ းခင်တော့ ကြောက်သား တွေ့မယ့်
တွေ့တော့ ဘီလူ းပြုံ းလေးနဲ့တဲ့ မြသလွန်ဘု ရားမှ ာလေ။ ပြုံ းလွန်းလို့ ပြောင်သွားတဲ့ ရု ပ်ပြောင်တွေကတော့ ချွင်းချက်ပေါ့ဗျာ။

ကမ်းအနောက်ဘက်သားတွေ မကျေနပ်ကြသလို ရှေ းရှေ းတု န်းက မကွေးသားတွေ လူ လည်ကျပြီး ဖန်ခါးသီးနဲ့ သလွန် လဲခဲ့
တာ မဟု တ်ဘူ းဗျ။ ကံ တရားက သလွန်ထားပြီး ဘု ရားတည်ဖို့ဖြစ်လာတာကို း။ လည်တာချင်းတူ ရင်တောင် ဘီလူ းလည် ကျ
တာပဲဖြစ်မယ်။ သလွန်ကို ရအောင်ယူ ခဲ့ တာ ဘီလူ းတွေကို း။

ဟို းတု န်းက ညောင်ကို းပင်တဲ့ ခု တော့ ကမ်းပါးပြိုတု န်းက ရေစီးထဲ ပါကု န်လို့ ကျန်တဲ့ ညောင်ပင်ကြီးတွေ ပုံ ပြင်ဆန်ဆန်
အထီးကျန် နေ ကြပါဘီဗျာ။

တစ်ရံ ရောအခါက ကို ယ်တွေ လေးစားရတဲ့ မကွေးကလူ ပျ ိုကြီ း တစ်ယောက် ဧရာရေပြင်ကို ကြည့်ပြီး ဆွေးဆွေးမြေ့ မြေ့ နဲ့
ပြောပြဖူ းတယ်။ မဆုံ နို င်တဲ့ အချစ်ဆို တာ ကမ်းစပ်က လှေ လေးတွေလို ပဲ တဲ့ ။ခွဲနို င် ရက်သူ တွေကတော့ သံ စဉ်လေးတွေ
ညည်းရင်း လှိုင်းပခက်လေးနဲ့ ချော့ သိပ်ပေးပြီး ထွက်ပြေးတက်တဲ့ ရေအလျဉ်လေးတွေပဲ။ ကမ်းစပ်ချည်တို င်က လောင်းလှေ
လေးတွေလို ချိနဲ့ချိနဲ့ တမြေ့ မြေ့ လွမ်းကျန်နေရတာ ကို ယ်တို့ အသဲမခို င်တဲ့ မကွေးသားတွေပဲဗျ။ ပုံ ပြောကောင်းသူ ရေ တ
ရေးနို းလို့ ထကြည့်လို က်တော့ အရာရာက ပြောင်းလဲသွားပြီ။ ခုံ တန်းရှ ည် လေးပေါ်က ရင်ခွင်ဟောင်းလေးကသာ ဟင်းလင်း
ပွင့် ပြီး ကျန်ခဲ့ ရတာမဟု တ်လား။
ကို ယ်တွေလည်း ဒီလို ပဲ ဧရာဝတီ ကမ်းနဖူ းမှ ာ နှ စ်ယောက်တင်းတင်းကျပ်အောင်တွဲရင်းရေပြင်ကျယ်ကြီး ကို တို င်တည်ပြီး
မြသလွန်ကို သစ္စာပြုခဲ့ ကြတယ်။ ရင်ခွင်သစ်မှ ာ ဟို အရင် သစ္စာတွေ စူ း နေရင် ပြန်နှုတ်ပေးပြီး စူ းတဲ့ ဆူ းကို ကို ယ့်
နှ လုံ းသားမှ ာ သိမ်းထားချင်တယ် ဆို တဲ့ သူ မျ ိုးပါ ။ ကို ယ်တွေက အပူ ပို င်းဇု န် ခြောက်သွေ့တဲ့ တောရဲ့ထနောင်းဆူ း၊ ဆီးဆူ း၊
ကန္တာရဆူ း ဆူ းခင်းလမ်းမှ ာ တသက်လုံ း လျောက်လှ မ်းလာတာဗျ ထူ းပြီး နာကျင်ဖို့ မရှိတော့ ဘူ းလေ။ အဲ့ ဒါ မြေလတ်ရဲ့
သစ္စာပဲဗျာ။

You might also like