You are on page 1of 3

အနတ္တလက္ခဏသုတ် မြန်မာပြန်

အနတ္တလက္ခဏသုတ် နိဒါန်း
အခါတပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မဂါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ
မြတ်စွာဘုရားသည် ပဉ္စ ၀ဂ္ဂီရဟန်းတို့ကို ‘‘ရဟန်းတို့’’) ဟု မိန့်တော်မူ၏။ အသျှင်ဘုရားဟု ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။

(ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ)
ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်း ငှာ မဖြစ်ရာ၊ ‘‘ငါ၏ရုပ်သည်
ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည်ဤသို့မဖြစ်လင့်’’ ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည်
အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ‘‘ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည်ဤသို့မဖြစ်လင့်’’ ဟု ရုပ်၌
တောင့်တမှုကို ရလည်းမရ။

(ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ)
ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်း ငှာ မဖြစ်ရာ၊
‘‘ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့မဖြစ်စေလင့်’’ ဟု ဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။
ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ‘‘ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊
ငါ၏ဝေဒနာသည်ဤသို့မဖြစ်စေလင့်’’ ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်းမရ။

(သညာက္ခန္ဓာ အနတ္တဖြစ်ပုံ)
သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ သညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်း ငှာ မဖြစ်ရာ၊
‘‘ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့မဖြစ်စေလင့်’’ ဟု သညာ၌ တောင့်တမှုကို ရကောင်းရာ၏။
ရဟန်းတို့ သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ‘‘ငါ၏သညာသည် ဤသို့ဖြစ်စေ၊
ငါ၏သညာသည်ဤသို့မဖြစ်စေလင့်’’ ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။

(သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ)
သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့ သင်္ခါရတို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသင်္ခါရတို့သည် နာကျင်ခြင်း ငှာ မဖြစ်ရာ၊
‘‘ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့မဖြစ်စေလင့်’’ ဟု သညာ၌ တောင့်တမှုကို ရကောင်းရာ၏။
ရဟန်းတို့ သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ‘‘ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေ၊
ငါ၏သင်္ခါရတို့သည်ဤသို့မဖြစ်စေလင့်’’ ဟု သင်္ခါရတို့၌ တောင့်တမှုကို ရလည်းမရ။

(၀ိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ)
ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ၀ိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤ၀ိညာဏ်သည် နာကျင်ခြင်း ငှာ မဖြစ်ရာ၊
‘‘ငါ၏၀ိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏ ၀ိညာဏ်သည် ဤသို့မဖြစ်စေလင့်’’ ဟု ၀ိညာဏ်၌ တောင့်တမှုကို ရကောင်းရာ၏။
ရဟန်းတို့ ၀ိညာဏ်သည် ‘အတ္တ’မဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ‘‘ငါ၏၀ိညာဏ်သည် ဤသို့ဖြစ်စေ၊
ငါ၏၀ိညာဏ်သည်ဤသို့မဖြစ်စေလင့်’’ ဟု ၀ိညာဏ်၌ တောင့်တမှုကို ရလည်းမရ။

(ရူပက္ခန္ဓာ၌ လက္ခရေးသုံးပါး)
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင် ကုန်သနည်း၊ ရုပ်သည် မြဲသလောမမြဲသလော။ မမြဲပါ အသျှင်ဘုရား။
မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော
ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို ‘‘ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် အတ္တတည်း’’ ဟု ရှုခြင်းငှာ
သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
(နာမက္ခန္ဓာလေးပါး၌ လက္ခရေးသုံးပါး)
ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ
အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာကို ‘‘ဤဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊
ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ ကိုယ်အတ္တတည်း’’ ဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ
အသျှင်ဘုရား။

သညာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ


အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သညာကို ‘‘ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊
ဤသညာသည် ငါဖြစ်၏၊ ဤသညာသည် ငါ၏ ကိုယ်အတ္တတည်း’’ ဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ
အသျှင်ဘုရား။

သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ


အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သင်္ခါရတို့ကို ‘‘ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊
ဤသင်္ခါရတို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ ကိုယ်အတ္တတည်း’’ ဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ
အသျှင်ဘုရား။

ဝိဥာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝိဥာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ


အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ၀ိဥာဏ်ကို ‘‘ဤ၀ိဥာဏ်သည် ငါ့ဥစ္စာဖြစ်၏၊
ဤ၀ိဥာဏ်သည် ငါဖြစ်၏၊ ဤ၀ိဥာဏ်သည် ငါ၏ ကိုယ်‘အတ္တ္တ’တည်း’’ ဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ
အသျှင်ဘုရား။

(ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှုအပ်ပုံ)


ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်း ဖြစ်သော၊ အကြမ်းအနု
လည်းဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော ရုပ်ကို ‘‘ဤရုပ်သည် ငါ့ဥစ္စာ
မဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ ကိုယ် ‘အတ္တ္တ’ မဟုတ်’’ ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်
ရှုရမည်။

(ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှုအပ်ပုံ)


အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်း ဖြစ်သော၊ အကြမ်းအနု လည်းဖြစ်သော၊ အယုတ်
အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော ဝေဒနာကို ‘‘ဤဝေဒနာသည် ငါ့ဥစ္စာ မဟုတ်၊
ဤဝေဒနာသည် ငါမဟုတ်၊ ဤဝေဒနာသည် ငါ၏ ကိုယ် ‘အတ္တ္တ’ မဟုတ်’’ ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်
ရှုရမည်။

(သညာတရားကို တဏှာ မာန ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှုအပ်ပုံ)


အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်း ဖြစ်သော၊ အကြမ်းအနု လည်းဖြစ်သော၊ အယုတ်
အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သညာကို ‘‘ဤသညာသည် ငါ့ဥစ္စာ မဟုတ်၊
ဤသညာသည် ငါမဟုတ်၊ ဤသညာ သည် ငါ၏ ကိုယ် ‘အတ္တ္တ’ မဟုတ်’’ ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်
ရှုရမည်။

(သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှုအပ်ပုံ)


အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်း ဖြစ်သော၊ အကြမ်းအနု လည်းဖြစ်သော၊ အယုတ်
အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ‘‘ဤသင်္ခါရတို့သည် ငါ့ဥစ္စာ မဟုတ်၊
ဤသင်္ခါရတို့သည် ငါမဟုတ်၊ ဤသင်္ခါရတို့ သည် ငါ၏ ကိုယ် ‘အတ္တ္တ’ မဟုတ်’’ ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော
ပညာဖြင့် ရှုရမည်။
(၀ိဥာဏ်တရားကို တဏှာ မာန ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှုအပ်ပုံ)
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်း ဖြစ်သော၊ အကြမ်းအနု လည်းဖြစ်သော၊ အယုတ်
အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော ၀ိဥာဏ်ကို ‘‘ဤ၀ိဥာဏ်သည် ငါ့ဥစ္စာ မဟုတ်၊
ဤ၀ိဥာဏ်သည် ငါမဟုတ်၊ ဤ၀ိဥာဏ် သည် ငါ၏ ကိုယ် ‘အတ္တ္တ’ မဟုတ်’’ ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်
ရှုရမည်။

(နိဗ္ဗိန္ဒဥာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ)
ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊
သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ၀ိဥာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော စွဲမက်မှုကင်း၊ စွဲမက်မှုကင်းခြင်း
ကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဥာဏ်
ဖြစ်ပေါ်၏၊ “ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်(မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ
တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ” ဟု ဟောတော်မူ၏။

(ပဉ္စ၀ဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ)
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စ၀ဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည်
ဖြစ်၍ ၀မ်းမြောက်စွာ ခံယူကုန်ပြီ။
ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့၏ စိတ်တို့သည် မစွဲလမ်းမူ၍
အာသဝေါတို့မှ လွတ်မြောက်ကုန်၏။

အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။


-------------------------

ဒုတိယတိပိဋက ဓမ္မဘဏ္ဍာဂါရိက ပခုက္ကူဆရာတော် ဘဒ္ဒန္တနေမိန္ဒ ၏


ဆင်ခြင်သုံးသပ် ရှုမှတ်ဖွယ်ရာ ဓမ္မလင်္ကာ

၁။ တင့်တယ်လှပ ပျိုနိုကြ အိုရ နောက်ဆုံးပါတကား။


၂။ ရောဂါကင်းပ ကျမ်းမာကြ နာရ နောက်ဆုံးပါတကား။
၃။ မြူးပျော်ရွှင်ပျ သက်ရှင်ကြ သေရ နောက်ဆုံးပါတကား။
၎။ ပျော်ရွှင်မြူးကြွ ပေါင်းသင်းကြ ကဲရ
ွ နောက်ဆုံးပါတကား။
၅။ စည်းစိမ်တက်ကြွ ခင်မင်ကြ ခဲရ
ွ နောက်ဆုံးပါတကား။
၆။ ၀တ်စားဆင်သ ပြုပြင်ကြ အသုဘ အမှန်ပါတကား။
၇။ ရုပ်နာမ်နှစ်ဝ ဖြစ်ပျက်ရ အနိစ္စ အမှန်ပါတကား။
၈။ ရုပ်နာမ်နှစ်ဝ ဖြစ်ပျက်ရ ဒုက္ခ အမှန်ပါတကား။
၉။ ရုပ်နာမ်နှစ်ဝ ဖြစ်ပျက်ရ အနတ္တ အမှန်ပါတကား။
၁၀။ ဖြစ်ပြီးပျက်ရ မမြဲကြ အနိစ္စ အမှန်ပါတကား။
၁၁။ ဖြစ်ပျက်ဒဏ်ကျ ဆင်းရဲရ ဒုက္ခ အမှန်ပါတကား။
၁၂။ ဖြစ်လျင်ပျက်ရ အလိုမကျ အနတ္တ အမှန်ပါတကား။

တရားတော်အတိုင်းကျင့်၍ သူတော်ကောင်းများ အားလုံး ဖြစ်ကြပါစေ။

Source:
Link: http://www.mediafire.com/?ywzw4jqrmzm
Title: အနတ္တလက္ခဏာသုတ် ပါဠိ+မြန်မာ
File Name: +Anatta Lakkhana Sutta Pali+Myanmar.pdf

You might also like