You are on page 1of 2

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၇/၂၀၁၀)

(နအဖ) စစ်အစိုးရ မငြင်းပယ်နိုင်အောင်ဘယ်နည်းလုပ်ကြမလဲ


(၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၆ ရက်)

၁၄ နိုဝင်ဘာ၊ ဒေါ်အောင်ဆန်းစုကြည်မိန့်ခန်းလာရောက်နားထောင်သူ လူထုပရိသတ်အင်အားက သိန်းကျော်ရှိ တယ်လိွု့ ခန့်မှန်းကြပါတယ်။ ပိုရင်သာပိုမယ်၊ ဒီထက်တော့ လျော့စရာ မရှိနိုင်ပါဘူး။ ဒီပမာဏက ဗိုလ်သိန်းစိန်(၆၅၆၂၀)၊ ဗိုလ်ရွှေမန်း(၆၀၅၀၃)၊ ဗိုလ်တင်အောင်မြင့်ဦး(၄၄၃၀၅)တို့ ကိုယ်စီရရှိကြတယ်ဆို တဲ့ “မဲလက်မှတ်/ကြိုတင်မဲ ” ၂ ရပ်ပေါင်း အရေအတွက်ထက် အပုံကြီး သာပါတယ်။ ရရှိပုံ ရရှိနည်းခြင်းလည်း မတူပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ထံလာတဲ့ သိန်းကျော်လူထုပရိသတ်က ဖိအားပေးလို့ လာကြရတာမဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ ကတ္တရာလမ်း ခင်ပေးမယ်ဆိုလို့ လာကြတာလည်း မဟုတ်ပါဘူး။ ပကတိချစ်ခင်မှု၊ လေးစားမှု၊ ယုံကြည်မှု၊ စာနာမှုနဲ့ အရင်းတည်တဲ့ လာရောက်မှုဖြစ်ပါတယ်။ ထောက်ခံမှုကို ထပ်မံပြီး လက်တွေ့ သက်သေပြသတာလည်း ဖြစ်ပါတယ်။ ၇ နိုဝင်ဘာရွေးကောက်ပမွှဲာ မဲပေးမှုတွေနဲ့ပတ်သက်ပြီး “မတရားမှု/ မသမာမှု/ တစ်ဖက်သတ်အနိုင်ကျင့်မှု”တွေ ရှိခ့ကြောင်း ရွေးကောက်ပဝင် နိုငငံရေးပါတီများက ထုတ်ဖေါ်နေကြပါပြီ။ “ကြိုတင်မဲ”တွေနဲ့ အနိုင်ယူသွားတာလို့လည်း ပြောနေကြွဲ် ပါတယ်။ ကန့်ကွက်မှုတွေကိုလည်း စတင်,တင်ပြနေကြပါပြီ။ လက်တွေ့ကျကျပြောရရင် တစ်ဖက်သတ် အနိုင်ကျင့်တာ ခံခ့ရတဲ့ပါတီရဲ့ ကန့်ကက်ချက်တွေဟာ တည်ဆဲဥပဒေဘောင်ွဲ ဆိုတဲ့ စည်းဝိုင်းတစ်ခုထဲကိုသာ အားပြုဆောင်ရွက်နေမယ်ဆိုရင် ကြံ့ခိုင်ရေးပါတီရ့ အနိုင်ယူထားမှုကို ဘယ်လိုမှ ပြောင်းလဲ စေနိုင်မှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ယခုတစ်ခါ နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာတာနဲ့ ၁၉၉၅ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့ ပြန်လည်လွတ်မြောက်လာမှုကို နှိုင်းယှဉ်ကြည့်မိပါတယ်။ ဒီလို နှိုင်းယှဉ်ကြည့်မိတ့အခါမှာ တူညီချက်တွေရှိသလိဲု ကွဲပြားခြားနားချက်တွေကိုလည်း ကျနော်တို့ သတိပြုမိပါတယ်။ အဓိက တူညီချက်ကို ပြောရမယ်ဆိုရင် လူထုပရိသတ်ဘက်က ယခင်ကလိုပဲ ညွတ်ညွတ်နူးနူး ထောက်ခံကြိုဆိုကြတာနဲ့ မျှော်လင့်ချက်တွေ လန်းဆန်းလာကြတာပါပဲ။ လှုပ်ရှားတက်ကြွ လာနေကြတာပါပဲ။ ကွဲပြားချက်နဲ့ ထူးခြားချက်ကို ပြောရမယ်ဆိုရင် ဒီတစ်ခါ လွတ်မြောက်လာချိန် ယခင်ကာလနဲ့ မတူတာက“ အမျိုးသား ညီလာခံ” ကျင်းပနေချိန် မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အမျိုးသားညီလာခံ တက်ရောက်နေတဲ့အချိန် မဟုတ်ပါဘူး။ (နအဖ) စစ်အစိုးရက (၂၀၀၈)ဖွ့စည်းပုံအခြေခံဥပဒေကို “လူထုဆန္ဒခံယူပွဲ”မှာ အတည်ပြုထားပြီးချိန် ဖြစ်ပါတယ်။ဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၂၀၀၈)ဖွ့စည်းပုံအခြေခံဥပဒေကို လက်မခံ အသိအမှတ်မပြုလို့ ကြေညာခဲ့ပါတယ်။ဲ ထို့အပြင် အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် ဆက်လက်မှတ်ပုံတင်ခြင်းမပြုလို့ ဆုံးဖြတ်ခ့သလို၊ ရွေးကောက်ပွဲကို သပိတ်ဲ မှောက်ခ့တဲ့ ထူးခြားတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တဲ့ အနေအထားတွေ ဖြစ်ပါတယ်။ဲ (နအဖ) စစ်အစိုးရဘက်ကပြောရရင် (၂၀၀၈)ဖွ့စည်းပုံအခြေခံဥပဒေကို ဆန္ဒခံယူပွဲ လုပ်ထားပြီးချိန်၊ ရွေးကောက်ပွဲမှဲာ သူတို့စိတ်ကြိုက်ရလဒ် ရရှိထားချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ (နအဖ)စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား “ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ခြင်း” ဖြစ်တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် (နအဖ) စစ်အစိုးရဘက်က ဒီလိုအဆင့်တွေကို ဖြတ်သန်းထားပြီး ဖြစ်လေတော့ လွယ်လယ်နဲ့ ပြောင်းလဲလိုက်ွ လျောမယ့် သဘောထားကို စိုးစဉ်းမျှ မတွေ့ရပါဘူး။ ဦးဝင်းတင်ပြောသလိုပြောရရင် ယခုရင်ဆိုင်ရမယ့် စစ်အာဏာရှင်စနစ်ဟာ “ရင့်ရော်အိုမင်းနေတဲ့ စစ်အာဏာရှင်စနစ်” ဖြစ်ပါတယ်။ ရင့်ရော်အိုမင်းနေသော်လည်း အလိုလိုပြိုလဲ သေဆုံးသွားမယ့် အဆင့်တော့ လုံးဝမဟုတ်သေးပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက်တည်ရှိနိုင်တယ်/ မတည်ရှိနိုင်ဘူးဆိုတာကို တရားရုံးက အဆုံးအဖြတ်ပေးမယ့် ကိစ္စကလည်း တည်ဆဲဥပဒေဘောင်ဆိုတဲ့ စည်းဝိုင်းတစ်ခုထဲကိုသာ အားပြုဆောင်ရွက်နေမယ်ဆိုရင် ထူးခြားတဲ့ ရလဒ်တွေပေါ် ထွက်လာနိုင်ပါ့မလား။

ခြုံပြီးပြောရရင် တည်ဆဲဥပဒေဘောင်အတွင်းမှာ ဥပဒေနဲ့အညီလှုပ်ရှားဆောင်ရက်မယ်လို့ဆိုရင် တည်ဆဲဥပဒေ မှန်သမျွှ ကို လိုက်နာကြရပါလိမ့်မယ်။ တည်ဆဲဥပဒေ မှန်သမျှရဲ့ အခေါင်အချုပ်ဟာ ဖွ့စည်းပုံအခြေခံဥပဒေ မဟုတ်ပါလား။ဲ (၂၀၀၈) ဖွ့စည်းပုံအခြေခံဥပဒေ အခန်း(၁၄)မှာဖေါ်ပြထားတဲ့ ပုဒ်မ (၄၄၂) (၄၄၃) (၄၄၄) (၄၄၅) (၄၄၆) (၄၄၇) တို့ဟဲာ (နအဖ) စစ်အစိုးရအတွက် ရေပက်မဝင်အောင ပြဌာန်းထားတဲ့ အချက်များဖြစ်ပါတယ်။ “အာဏာနဲ့ တရားဝင်ရပ်တည်မှု”ကို တော်လှန်ရေးနည်း/ လူထုလှုပ်ရှားမှုနည်းတွေနဲ့ ရယူနိုင်ပါတယ်။ (နဝတ-နအဖ)စစ်အစိုးရကတော့ “အာဏာနဲ့ရပ်တည်မှု”ကို အာဏာသိမ်းတဲ့နည်းနဲ့ ရယူထားပြီး၊ “တရားဝင်မှု”ကို “အခြေခံဥပဒေ”နဲ့ ရယူနိုင်ဖို့ “ရွေးကောက်ပွဲ”မှာ အနိုင်ယူထားပြီးပါပြီ။ လောလောဆယ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွ့ချုပ်ရဲ့ တရားဝင်ရပ်တည်မှုနဲ့ လှုပ်ရှားမှုဟာ တည်ဆဥပဒေတစ်ရပ်ဲ အရ ဖျက်သိမ်းတာကို ခံထားရပါတယ်။ ဒီချုပ်တရားဝင် ဆက်လက်ရပ်တည်ရေးဟာ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံအသိအမှတ်ပြု/ မပြုဆိုတဲ့ အချက်အပေါ်မှာ မူတည်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၂၀၀၈) ဖွ့စည်းပုံအခြေခံဥပဒေကို လက်မခံအသိအမှတ်မပြုလို့ ကြေညာထားပါတယ်။ဲ တွေ့ဆုံဆွေးနွေးရေး သပြေပန်းကို အမျိုးသားဒီမိုကရေစီအဖွ့ချုပ်က တစိုက်မတ်မတ် ကမ်းလှမ်းခဲ့၊ တောင်းဆိုခ့တာကိဲုဲ ကျနော်တို့ လေးလေးနက်နက် နားလည်သဘောပေါက်ပါတယ်။ အားပေးထောက်ခံပါတယ်။ဲ ဒီလို ကမ်းလှမ်းတောင်းဆိုခ့တာကို အကြိမ်ကြိမ်ပစ်ပယ် လစ်လျူရှုခ့တဲ့ (နအဖ)စစ်အစိုးရဟာ နိုင်ငံရေးအရ တန်းတဲူ ရည်တူ တွေ့ဆုံဆွေးနွေးရေးကို ယခုလိုအချိန်မှာ လိုလိုလားလား လက်ခံပါမလား။ (နအဖ) စစ်အစိုးရ မငြင်းပယ်နိုင်အောင် ဘယ်နည်းလုပ်ကြမလဲ။ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတိုင်း စဉ်းစားကြံဆကြရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုအသံနားထောင်မယ်။ ဒီမိုကရေစီကွန်ယက်ကြီး ထူထောင်မယ်၊ “ရည်မှန်းချက် ပန်းတိုင် ရောက်ဖို့အတွက် အားလုံးအတူတကွ လက်တွဲလုပ်ဆောင်ရမယ်” လို့ပြောပါတယ်။

You might also like