You are on page 1of 1

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၂၀/၂၀၁၀)

မတရားမှုနဲ့ မသမာမှုကို သရဖူဆောင်းပေးနေတယ်


(၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်)

ကြံ့ဖံွ့ပါတီကတော့ လုပ်ချလိုက်ပြန်ပြီ။
အများအားဖြင့် သတင်းစာမှာ “ကြော်ငြာ”တွေ ထည့်လေ့ရှိတ့ေ
ဲ နရာမှာ “ပြည်သူ့သို့ကျေးဇူးတင်လွှာ” ဆိုတာကို ဒီဇင်ဘာ
၅ ရက်နေ့ထုတ် သတင်းစာကနေ “ကြေညာ”လိုက်ပါတယ်။
(နအဖ)စစ်အစိုးရနဲ့ ကြံ့ဖံွ့ပါတီကတော့ အတိုငအ
် ဖောက်ကို ညီနေတာပါပဲ။
ဗိုလ်သန်းရွှေက အမျိုးသားနေ့သဝဏ်လွှာကနေ “မှန်မှန်ကန်ကန် ကျင်းပပေးပြီးဖြစ်ပေသည်” လို့ မီးစိမ်းပြလိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ အခန်း(၃) ပုဒ်မ ၉ပုဒ်မခွဲ(က)(ခ)(ဂ)မှာလည်း “ကော်မရှင်၏ ဆုံးဖြတ်ချက်
ွ်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။
နှင့် ဆောင်ရက
(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊
(ခ) ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
(ဂ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ဆောင်ရွက်ချက်များ၊

ဒီတော့ ကြံ့ဖံွ့ပါတီက ဒီလုမ


ိ ဏ္ဍပ်တိုင် တက်ပြတာ ဘာမျှမဆန်းပါဘူး။
ဒါပေမယ့် ဒီကိစ္စက မဏ္ဍပ်တိုင်တက်ပြတဲ့သဘောမျှ မကပါဘူး။ တရားဝင်သဘော/ ချည်ပြီးတုပ်ပြီး ဖြစ်အောင်
လုပ်လိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။
သူတို့အနိုင်ရတဲ့ ကိန်းဂဏန်းတွေကို အတည်ပြုလိုက်တ့သ
ဲ ဘော/ ရွေးကောက်ပွဲ မသမာမှုတွေ/ မတရားမှုတွေကို
သရဖူဆောင်းပေးပြီး အောင်ပွဲခံလိုက်တ့သ
ဲ ဘောဖြစ်ပါတယ်။
ရွေးကောက်ပွဲ မသမာမှုတွေ/ မတရားမှုတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်မယ်ဆိုတဲ့ သူတွေကို စိန်ခေါ်လိုက်တာလဲ ဖြစ်ပါ
တယ်။ ရွေးကောက်ပွဲ ကျင်းပပုံနဲ့ ပတ်သက်ပြီး “စိုးရိမ်တယ်”လို့ ကော်မရှင်ကို ပြောဆိုခ့တ
ဲ့ဲ ဗီဂျေးနမ်မီးယားကိုလည်း တုန့်ပြန်လိုက်
တာဖြစ်ပါတယ်။

“စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်နေရာ (၁၁၅၄)အနက် (၈၈၂)နေရာ အနိုင်ရခဲ့သည်”ဟု ဖေါ်ပြထားတာနဲ့ ပတ်


သက်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြဲ့ ကတဲ့ အခြားသောနိုင်ငံရေးပါတီတွေက ဒီလိုပဲ ငြိမ်ခံနေကြမလား။
“တောင်ငူမဲဆန္ဒနယ် (၁)မှာ မဲပေးနိုင်သူ ရာခိုင်နှုန်း (၁၀၂ ဒသမ ၅)ရှိတယ်”လို့ ဖေါ်ပြခဲ့တာ၊ ရွေးကောက်ပွဲ မကျင်းပပဲ
ပယ်ဖျက်ထားတဲ့ မဲဆန္ဒနယ်တွေဖြစ်တဲ့ “ကချင်ပြည်နယ်၊ အင်ဂျန်းယန် မြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ်(၂)နဲ့ ဆွမ်ပရာဘွမ်မြို့နယ်
မဲဆန္ဒနယ်အမှတ်(၂)”တို့မှာ ကြံ့ဖံွ့ပါတီက အနိုင်ရတယ်လို့ ကြေညာခဲ့တဲ့ မတရားမှုတွေ၊ လိုသလောက်ရရှိနေတဲ့ “ကြိုတင်မဲ
မသမာမှု”တွေ၊ အုပ်ချုပ်ရေးပိုင်းနဲ့ ကော်မရှင်အဆင့်ဆင့်က တစ်ဖက်သတ် အနိုင်ကျင့်မှုတွေကို ဖော်ထုတ်ဖွင့်ချ တိုက်ပွဲဝင်ဖို့
လိုအပ်ပါတယ်။
မတရားတာလည်း သိတယ်/ ကြိုတင်မဲတွေနဲ့ အနိုင်ယူသွားတာလည်း သိတယ်။ ဒါပေမယ့် ကျပ်ငွေ ၁၀ သိန်းတင်ရမယ်
ဆိုတော့ ငွေမတတ်နိုင်လို့ တရားမစွဲနိုင်ဘူး။ ပိုပြီးအခရာကျတာက ကော်မရှင်အဆင့်ဆင့်ရဲ့ မသမာမှုကို အဲဒီကော်မရှင် အဆင့်
ဆင့်ကပဲ ခုံဖွဲ့စစ်ဆေးမှာဆိုတော့ အဖြေရလဒ်က ဒီပုတ်ထဲကဒီပဲ ဖြစ်မှာဆိုတဲ့ (NDF)ပါတီက ရှုံးနိမ့်သွားတဲ့ ရှေ့နေတစ်ဦး
ပြောသလို အခြေအနေမျိုး ဖြစ်ပါတယ်။
မတရားတာကို သိတယ်။ အဲဒီမတရားတာကို အရေးယူဆောင်ရွက်လို့ မရဘူး။ အဲဒီမတရားမှုတွေကို စစ်အစိုးရ
ကိုယ်တိုင်က အကွက်ချ စီမံခ့တ
ဲာဖြစ်တယ်ဆိုတာ ဖေါ်ထုတ်ဖွင့်ချနေရုံန့ေ
ဲ တာ့ မလုံလောက်တော့ဘူးဆိုတာတော့ အားလုံးရဲ့
ကိုယ်တွေ့ အတွေ့အကြုံနဲ့ ဘဝပေးအသိ ဖြစ်လာနေပါပြီ။
ရွေးကောက်ပွဲကျင်းပပြီးနောက် ရက်ပေါင်း(၉၀)အတွင်းမှာ လွှတ်တော်ကို ဘယ်သူက ခေါ်ရမယ်ဆိုတာကို ဖွ့စ
ဲ ည်းပုံ
အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၁၂၃ နဲ့ ၁၂၄ (က)မှာဖေါ်ပြထားတယ်။ ရက်ပေါင်း (၉၀)က လာမယ့် ဖေဖေါ်ဝါရီ (၇) ရက်ဆို ရင်
ပြည့်မှာပါ။
မတရားတာကို မတရားဘူးလို့ ထုတ်ဖေါ်ပြောဆိုရမယ်။
ဒါပေမယ့် အခုရောက်ရှိနေတဲ့ အခြေအနေက မတရားဘူးလို့ ထုတ်ဖေါ်ပြောဆိုနေတဲ့ အဆင့်မှာတင် ရပ်တန့်နေလို့
မရတော့ပါဘူး။
မတရားမှုတွေ/ မသမာမှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ရမယ်ဆိုတဲ့ အဆင့်ကို တက်လှမ်းကြရ ပါလိမ့်
မယ်။
တစ်ခေတ်တစ်ခါက “လာမယ့်ဘေးပြေးတွေ့လို့” ရဲရဲလှုံ့ဆော်ခြဲ့ ကတယ်။ ပြတ်ပြတ်သားသား တိုက်ပဝ
ွဲ င်ခြဲ့ ကတယ်။
ဒါကြောင့် လွတ်လပ်ရေး ရခဲ့ပါတယ်။
ယခုခေတ်မှာ လာနေတဲ့ ဘေးအန္တရယ်က (နအဖ)စစ်အစိုးရကိုယ်တိုင် ကွပ်ကဲစီမံဖန်တီးလုပ်ဆောင်နေတဲ့ မတရားမှုနဲ့
မသမာမှုတွေသာဖြစ်ပါတယ်။

You might also like