You are on page 1of 55

ရော့စ်ဒန်ကလေ အယ်ဒီတာချုပ်ရာထူး ဒေါက်တာတင်ထွန်းဦး ယူလိုက်ပြီ

ဆက်လင်း Tuesday, 15 February 2011 19:30

အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေနေသော မြန်မာတိုင်းမ်စ် သတင်းဂျာနယ် အယ်ဒီတာချုပ်နှင့် အမှုဆောင် အရာရှိချုပ် ဖြစ်သူ သြစတြေးလျ နိုင်ငံသား ရော့စ်ဒန်ကလေ
အဖမ်းအဆီးခံရပြီး ၃ ရက်အကြာတွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသူ ဒေါက်တာတင်ထွန်းဦးက အယ်ဒီတာချုပ် တာဝန်ကို လွှဲပြောင်း ရယူခဲ့သည်။
မြန်မာတိုင်းမ်စ် ဂျာနယ် စီမံခန့်ခွဲမှု ကော်မတီဝင် တဦးဖြစ်သူ ဦးဝေလင်းက
ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီ ၀န်းကျင်တွင် မြန်မာတိုင်းမ်စ်
ဝန်ထမ်းအားလုံးကို အုပ်ချုပ်သူနှင့် အယ်ဒီတာချုပ် အပြောင်းအလဲအား
ခေါ်ယူ အသိပေးခဲ့သည်ဟု အဆိုပါဂျာနယ် အယ်ဒီတာအဖွဲ့ဝင်တဦးက
ပြောသည်။

စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ဦးဝေလင်းက ၀န်ထမ်းများကို


ခေါ်ယူပြောဆိုစဉ် အယ်ဒီတာတဦးက အသံဖမ်းယူ ထားခဲ့ပြီး
ယင်းအသံဖိုင်ကို ဧရာဝတီက ရရှိခဲ့သည်။

“ရော့စ်ဒန်ကလေက ၁၀ ရက်နေ့မှာ ဘန်ကောက်က


ပြန်ရောက်လာတယ်။ ၁၁ ရက်နေ့မှာ ကမာရွတ် မြို့နယ် ရဲစခန်းက
လာဖမ်းသွားတယ်။ လ၀က ဥပဒေ ၁၃ (၁) နဲ့ ပုဒ်မ ၄၁ ကိုချိုးဖောက်လို့။
အဲဒီအမှုက အာမခံ မရဘူး။ အဲဒီတော့ အင်းစိန် ထောင်ကို အဲဒီညနေမှာ
ရဲအစောင့်အရှောက်တွေနဲ့ ပို့လိုက်တယ်။ ကျနော်တို့လည်း လိုက်ပို့တယ်။
၂၄ ရက်နေ့မှာ ရုံးထုတ်ဖို့ ရမန်ယူထားတယ်” ဟုဝန်ထမ်းများကို
ဦးဝေလင်းက ပြောဆိုခဲ့ကြောင်း အသံဖိုင်တွင် နားထောင်ရသည်။

( - perthnow.com.au) “ပြည်ပ မီဒီယာတွေက မေးလာရင်လည်း ဒီအတိုင်းပဲဖြေပါ၊ ဒီအတိုင်းပါပဲ။


အမှန်အတိုင်းပါပဲ။ ဘလော့ဂ်တွေ၊ အွန်လိုင်းတွေမှာ တက်သလို
မုဒိန်းမှုလည်း မဟုတ်ပါ ဘူး၊ ဆေးခြောက်မှုလည်း မဟုတ်ဘူး။ သူနေလာတာ ၁၁ နှစ်ရှိပြီ၊ ဒါမျိုး ဘာအသံမှ မထွက်ဖူးဘူး။ ပြည်ပ မီဒီယာတွေက မေးလာတာမျိုးနဲ့ ဘလော့ဂ်တွေမှာ
ရေးဖို့ဆိုရင်လည်း ဒီအတိုင်း အမှန်အတိုင်းပဲ ရေးပါ။ သိချင်တာ ရှိရင်လည်းမေးပါ။ ကျနော်တို့ သိသလောက် အမှန်အတိုင်း ပြောပြပါ့မယ်” ဟု ဦးဝေလင်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ၀င်ရောက်ယှဉ်ပြိုင် ရှုံးနိမ့်ခဲ့သော ဒေါက်တာ တင်ထွန်းဦးက အယ်ဒီတာချုပ်အဖြစ်
လွှဲပြောင်းရယူမည်ကို ၀န်ထမ်းအများစုက မကျေနပ်ကြကြောင်း မြန်မာတိုင်းမ်စ် အယ်ဒီတာ တဦးက ပြောသည်။

“ဒေါက်တာတင်ထွန်းဦးက ၀န်ထမ်းတွေကို အုပ်ချုပ်တာ သမာသမတ်မရှိဘူး။ ရွေးကောက်ပွဲကြို ကာလက တခြားပါတီတွေ အကြောင်း အများကြီး မရေးဖို့လည်း ရော့စ်ကို
ခေါ်ပြောတယ်။ ကြံ့ခိုင်ရေး အကြောင်း အမြဲရေးတဲ့ သတင်းထောက်ကိုတော့ ဆုငွေဆိုပြီး ကျပ် ၅ သောင်း ပေးတယ်။ အခုက ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းအတိုင်း လည်ပတ်နေတာ။
သူရောက်လာရင် စီမံခန့်ခွဲမှုတွေ အားလုံး ရှုပ်ကုန်လိမ့်မယ်” ဟု အဆိုပါ အယ်ဒီတာက ပြောသည်။

ထို့အပြင် ဒေါက်တာတင်ထွန်းဦးသည် ၎င်းပိုင်ဆိုင်သည့် သုတစွယ်စုံနှင့် ပြည်မြန်မာ ဂျာနယ်တိုက်အတွင်းသို့ ဝင်ရောက်သည့် အချိန်တိုင်း ဝန်ထမ်းများအားလုံးက မတ်တတ်ရပ်၍
ကြိုဆိုကြရသည့် အလေ့အထကို ပြုရသောကြောင့် ၎င်း အယ်ဒီတာချုပ်ရာထူး ယူသည်ကို မြန်မာတိုင်းမ်စ် ဝန်ထမ်းများက မနှစ်သက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းအထိ မြန်မာတိုင်းမ်စ် ရုံးသို့ ရောက်မလာသေးသော်လည်း ဒေါက်တာ တင်ထွန်းဦး အတွက် ရုံးခန်းနှင့် နေရာထိုင်ခင်းများ ပြင်ဆင်နေပြီဟု
သတင်းထောက် တဦးက ပြောသည်။

“တပတ်မှာ တရက်၊ နှစ်ရက် လာထိုင်မယ် ပြောတယ်။ ဒေါက်တာတင်ထွန်းဦး ပြောတဲ့အတိုင်း ကျနော် ပြန်ပြောမယ်နော်။ မြန်မာ လူမျိုး အချင်းချင်း ရင်းရင်းနှီးနှီး ကြိုဆိုပါလို့ ပြောတယ်။
ရော့စ်ဒန်ကလေဖြစ်တာ သူနဲ့လည်း မပတ်သက်ပါဘူး။ အဲဒါ သူပြောတဲ့ အတိုင်း ပြောတာနော်” ဟု ဦးဝေလင်းက ပြောသည်ကို အသံဖိုင်တွင် နားထောင်ရသည်။

ရော့စ်ဒန်ကလေ အဖမ်းအဆီး ခံရမှုမှာ မုဒိန်းမှု၊ ဆေးခြောက်မှုတို့နှင့် မပတ်သက်ကြောင်း ဦးဝေလင်းက ပြောဆို နေသော်လည်း ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၈ ရက်နေ့ည သန်းခေါင်ယံတွင်
ကြေးစား လိင်အလုပ်သမ တဦးနှင့် ပြဿနာ ဖြစ်ပွားခဲ့သဖြင့် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ပြန်လည်ရှင်းလင်း ရေးသားထားသည့် ရော့စ်ဒန်ကလေ၏ စာတစောင်ကို ဧရာဝတီက
ရရှိခဲ့သည်။

ဇန်န၀ါရီလ ၁၈ ရက် ညသန်းခေါင်းယံ မတိုင်မီတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း သိမ်ကြီးဈေး အပေါ်ထပ်ရှိ 369 နိုက်ကလပ်သို့ သွားရောက်ခဲ့ကြောင်း၊ သန်းခေါင်ယံအကျော် ၁၉
ရက်နေ့အကူးတွင် အဆိုပါ နိုက်ကလပ်မှ အမျိုးသမီး တဦးကို ကျပ် ၃ သောင်းပေးပြီး သူနှင့်အတူ အိပ်ရန် ခေါ်ယူသွားခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးမှာ အမူးလွန် နေပြီး ကားမောင်း
လာစဉ် လမ်းတလျှောက်လုံး သူ့ကိုနှောင့်ယှက် ခဲ့သည့်အတွက် ယာဉ်တိုက်မှု ဖြစ်ပွားလုနီးပါး အကြိမ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ဇန်န၀ါရီလ ၁၉ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်တွင်
ရော့စ်ဒန်ကလေ၏ နေအိမ်သို့ ရောက်ရှိခဲ့ပြီး အဆိုပါ အမျိုးသမီး အမူးလွန်ကာ၊ အသိဉာဏ် ကင်းမဲ့သည့် အခြေအနေသို့ ရောက်ရှိခဲ့သဖြင့် သူနှင့်အတူ ညအိပ်ရန်မဖြစ်နိုင်ဘဲ အိမ်ပြန်ရန်
ပြောကြားခဲ့ပြီး ကားပေါ်ပြန်တင်ကာ ရွှေတောင်ကြားလမ်း ရိုးမ ၂ ဟိုတယ်ရှေ့တွင် အဆိုပါအမျိုးသမီးကို ချထားပေးခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးကို ကားခ ကျပ် ၂၀၀၀ နှင့် အပို
ငွေကျပ် ၅၀၀၀ ပေးပြီး ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ရော့စ်ဒန်ကလေအနေဖြင့် ၎င်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု တစုံတရာမပြု ခဲ့ကြောင်း အဆိုပါ ရှင်းလင်းစာတွင်
ရေးသားထားသည်ကို တွေ့ရသည်။

ယင်း ရှင်းလင်းစာအရ မစ္စတာရောစ့်ဒန်ကလေ မုဒိန်းမှု ကျူးလွန်ခဲ့ခြင်းမရှိဟု မြန်မာတိုင်းမ်စ်ဂျာနယ် စီမံခန့်ခွဲမှု ကော်မတီက ပြောဆိုခဲ့သော်လည်း အမျိုးသမီးတဦးနှင့်
အရှုပ်အထွေးရှိခဲ့ကြောင်း သိရသည်။

မစ္စတာရော့စ်ဒန်ကလေ အနေဖြင့် ဒေါက်တာတင်ထွန်းဦးနှင့် ရှယ်ယာ ပိုင်ဆိုင်မှု အငြင်းပွားနေစဉ်ကာလအတွင်း အမျိုးသမီးတဦးနှင့် အရှုပ်အထွေး ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံခြားသားများ
မြန်မာပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားစဉ် မြန်မာနိုင်ငံအတွင်း ကောင်းမွန်စွာ နေထိုင်ပါ့မည် ဆိုသည့် သဘောတူညီချက် ဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ဒီကိစ္စက ဘာမှ ကြီးတဲ့ ကိစ္စတော့မဟုတ်ဘူး။ ရော့စ်ဒန်ကလေ ဆိုတာကလည်း အစောကြီးကတည်းက မိန်းမတွေနဲ့ ပတ်ရှုပ်နေတာ။ အခုက သူဖြစ်တဲ့ အချိန်ကို အခွင့်ကောင်းယူပြီး
ပြန်ကြားရေးနဲ့ ရဲနဲ့ ပေါင်းကြံခဲ့တာ” ဟု မြန်မာတိုင်းမ်စ် ဂျာနယ် အကြီးတန်း အယ်ဒီတာတဦးက ဧရာဝတီသို့ပြောသည်။

“ရော့စ်အတွက် ၀န်ကြီးတွေဆီကိုလည်း စာတင်ထားတယ်” ဟု ဦးဝေလင်းက ပြောခဲ့သော်လည်း မည်သည့် ၀န်ကြီးထံ စာတင်သည် ဆိုသည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
မြန်မာတိုင်းမ်စ် ဂျာနယ်တွင် နိုင်ငံခြားသား အယ်ဒီတာ အများအပြား လာရောက်လုပ်ကိုင်နေမှုနှင့် ရော့စ်ဒန်ကလေနှင့် ပတ်သက်သည့် နိုင်ငံခြား သတင်းထောက် အများအပြား
ရွေးကောက်ပွဲကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် သည့် ကာလများတွင် သတင်းများ ရယူဖော်ပြခဲ့သည့်အပေါ် ပြန်ကြားရေးဝန်ကြီးက
မျက်မုန်းကျိုးခဲ့ သောကြောင့် ဒေါက်တာတင်ထွန်းဦးနှင့် ရော့စ်ဒန်ကလေတို့ ပြဿနာ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာ တိုင်းမ်စ်မှ အကြီးတန်း အယ်ဒီတာက ဆိုသည်။

“ဒေါက်တာတင်ထွန်းဦးက ဟန်ပြပါ။ တကယ်တော့ ပြန်ကြားရေးက ပြန်သိမ်းလိုက်တဲ့ သဘောပါပဲ။ ယမင်းထင်အောင်ဆီက ရှယ်ယာတွေ ပြန်ဝယ်တုန်းကတည်းက ထုတ်လုပ်မှု ပိုင်းကို
ဝင်မစွက်ဖက်ပါဘူးလို့ သဘောတူ ထားခဲ့တော့ ဒေါက်တာ တင်ထွန်းဦးက အများကြီးစွက်ဖက်လို့ မရဘူး။ အရင်ပုံစံအတိုင်းပဲ လည်ပတ်နေရတယ်။ ပြန်ကြားရေးကတော့ Editorial
ပိုင်းကိုပါ ဒေါက်တာတင်ထွန်းဦးကို ကိုင်စေချင်လို့ အကြောင်းရှာ လိုက်တဲ့ သဘောပါပဲ” ဟု ၎င်းကပြောသည်။

ဒေါက်တာတင်ထွန်းဦး အနေဖြင့် မြန်မာဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်းမ်စ်ဂျာနယ် အတွက်သာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမည် ဖြစ်ပြီး အင်္ဂလိပ်ပိုင်း တာဝန်ယူရန်နှင့်
စီမံခန့်ခွဲမှုများ ပြုလုပ်ရန် ဘေလ်ကလော့စ် အမည်ရှိ သြစတြေးလျ နိုင်ငံ သား တဦးအား ရော့စ်ဒန်ကလေက တာဝန်ပေးထားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

“ပြဿနာတွေ စဖြစ်နေတဲ့ အချိန်ကတည်းက ရော့စ်က သူ ဒီနိုင်ငံက ထွက်သွားရမယ်ဆိုတာ ကြိုသိနေပုံရတယ်။ ဘေကလော့စ် ဆိုတဲ့ သြစတြေးလျ နိုင်ငံသားကို ခေါ်လာပြီး
စီမံခန့်ခွဲမှုတွေ အားလုံး လွှဲထားတယ်။ အင်္ဂလိပ်ပိုင်းကိုလည်း အဲဒီလူပဲ တာဝန်ယူဖို့ဆိုပြီး လွှဲထားတယ်” ဟု မြန်မာတိုင်းမ်စ် အယ်ဒီတာက ပြောသည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်မှစပြီး မြန်မာတိုင်းမ်စ် ဂျာနယ်မှ နိုင်ငံခြားသား အယ်ဒီတာ အများစုမှာ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာ တကြိမ်သာ ရလေ့ရှိပြီး မြန်မာပြည်မှ
တကြိမ်ပြန်လည်ထွက်ခွာပြီးပါက ပြည်ဝင်ခွင့်ဗီဇာ ပြန်လည် မရတော့သည့် ပြဿနာ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ အတွင်းကတည်းက ပြန်ကြားရေးဝန်ကြီးဌာနက ကြိုးကိုင်ထားသော ဒေါက်တာတင်ထွန်းဦးနှင့် သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေတို့ အကြား ပြဿနာ
စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သာကေတမြို့နယ် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား တခုတွင် ဒေါက်တာတင်ထွန်းဦးက စာအုပ်လှူဒါန်းခဲ့ရာ မြန်မာတိုင်းမ်စ် ဂျာနယ် အယ်ဒီတာချုပ် ဒေါက်တာတင်ထွန်းဦးဟု ဖော်ပြခဲ့ပြီး
ဇန်န၀ါရီ ၂၈ ရက်နေ့ထုတ် မြန်မာတိုင်းမ်စ် ဂျာနယ်တွင် ဒေါက်တာ တင်ထွန်းဦးအမည် မပါသော မြန်မာတိုင်းမ်ဂျာနယ် ၀န်ထမ်းအင်အား စာရင်းကို ဖော်ပြခဲ့သည်။

အစိုးရသတင်းစာများတွင် ဒေါက်တာတင်ထွန်းဦးကို အယ်ဒီတာချုပ်အဖြစ် ဖော်ပြခဲ့သည်သည်ကို စာပေးပို့ ကန့်ကွက်မှုများ ရှိခဲ့သည်။

“ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ပါပဲ။ ပိုင်ဆိုင်မှု အားပြိုင်နေတဲ့အချိန်နဲ့ ရော့စ်ပြဿနာဖြစ်တဲ့ အချိန် သွားတိုက်ဆိုင်တော့ ရဲနဲ့ ပေါင်းပြီး ဖမ်းလိုက်တာပေါ့။ ကျနော့် အထင်တော့
စီရင်ချက်တွေ ဘာတွေချပြီးရင် ပြည်နှင်ဒဏ် ပေးတာတို့ ဘာတို့ပဲ လုပ်မယ်ထင်ပါတယ်။ ထောင်တော့ မကျလောက်ဘူး” ဟု မြန်မာတိုင်းမ်စ်ဂျာနယ် အယ်ဒီတာက ပြောဆိုသည်။

လက်ရှိတွင် ရော့စ်ဒန်ကလေ၏ အမှုကို မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံးကလည်း လိုက်ပါ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ရော့စ်ဒန်ကလေ၏ ဇနီးဖြစ်သူမှာလည်း Executive Search အမည်ဖြင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခု ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။

အနောက်နိုင်ငံများကို ဦးတေဇ တန်ပြန်စီးပွားပိတ်ဆို့မည်


ဧရာဝတီ Tuesday, 15 February 2011 17:36

စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည်ဆိုသည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် ဥရောပ နိုင်ငံတို့က မတရား စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်နေသည့် အတွက်
တန်ပြန်စီးပွားရေး ပိတ်ဆို့သည့် အနေနှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များက အနောက်နိုင်ငံလုပ် စက်ပစ္စည်းများကို လုံး၀၀ယ်ယူ အသုံးပြုခြင်း မရှိကြောင်း ပြောဆိုလိုက်သည်။
စီးပွားရေးမဂ္ဂဇင်း စာစောင်သစ် တခုဖြစ်သည့် ဖေဖော်ဝါရီလထုတ် The
Future Myanmar Business Report မဂ္ဂဇင်းနှင့်
တွေ့ဆုံမေးမြန်းခန်းတွင် ဦးတေဇက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း
ဖြစ်သည်။

ဦးတေဇက မြန်မာနိုင်ငံအပေါ် မတရားစီးပွားရေး ပိတ်ဆို့ထားသော


အနောက်နိုင်ငံများကို တန်ပြန်စီးပွားရေး ပိတ်ဆို့သည့် အနေနှင့် မြန်မာ့
ကျောက်မျက်ရတနာများကို အနောက်နိုင်ငံများသို့ မရောင်းလိုကြောင်း၊
မြန်မာ့ ကျောက်မျက်ကုမ္ပဏီ အားလုံးနီးပါးက ကျောက်မျက် ရတနာ
တူးဖော်ရေး လုပ်ငန်းများအတွက် လိုအပ်သော မြေတူးစက် အပါအ၀င်
အကြီးစား စက်ပစ္စည်းများကို အနောက်နိုင်ငံ ထုတ်စက်ပစ္စည်းများ
အသုံးမပြုဘဲ အာရှနိုင်ငံထုတ် စက်ပစ္စည်းများကိုသာ
ဝယ်ယူအသုံးပြုကြောင်း၊ တရုတ်နိုင်ငံသည် စီးပွားရေး တိုးတက်
နေသောကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုသည်
ထိရောက်မှုမရှိကြောင်း ပြောသည်။

“အထူးသဖြင့် ကျောက်စိမ်းဈေးကွက်က တရုတ်နိုင်ငံက ပိုကြိုက်တော့၊


တရုတ်ပြည်မကြီး ကလည်း စီးပွားရေး အရမ်း တက်နေတော့
အဲဒီပိတ်ဆို့မှုဟာ ဘာမှ မထိရောက်ပါဘူး။ သူတို့ ပိတ်ဆို့မှုကလည်း လုံးဝ ( - ygnutd.com)
တရားမျှတတဲ့ ပိတ်ဆို့မှု မဟုတ်ပါဘူး” ဟု ဦးတေဇက ဆိုသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားသော်လည်း အမေရိကန် Chevron ကုမ္ပဏီနှင့် ပြင်သစ် TOTAL ကုမ္ပဏီတို့က မြန်မာနိုင်ငံ၏
သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ထားမှုအပေါ် တစုံတရာ အရေးယူမှု မရှိခြင်းကိုလည်း ဦးတေဇက ဝေဖန်သည်။

“သူတို့ရဲ့ အကျိုးအမြတ်အဖြစ် US ဒေါ်လာ ဘီလီယံ ချီပြီး နှစ်စဉ်ရနေတဲ့ မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ၀င်လုပ်နေတဲ့ အမေရိကန် Chevron နဲ့ ပြင်သစ် Total ကိုကျတော့
ဘာမှ အရေးမယူဘူး။ တရားဝင် ကြောင်းတောင် ကြေညာပေး သေးတယ်” ဟု ဦးတေဇက ဆိုသည်။

အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင်ပင် ဦးတေဇက ပြည်ပရောက် မြန်မာလူငယ်များကို နိုင်ငံတွင်း ပြန်လာ၍ စီးပွားရှာကြရန် တိုက်တွန်းထားပြီး သူ့အနေနှင့် လုပ်ငန်းများ
စတင်ထူထောင်စဉ်က ငွေကျပ် ၁ သောင်းပင် အရင်းအနှီး မရှိခဲ့ကြောင်း၊ သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံတွင် လုပ်စရာ လုပ်ငန်း အများအပြား ကျန်ရှိနေသေးကြောင်း
ပြောဆိုသည်။

“ကျွန်တော်တို့ ဆိုလည်း ၁၉၈၄ ခုနှစ်ကတည်းက စီးပွားရေးနယ်ထဲ စ၀င်ခဲ့ပါတယ်။ အရင်းအနှီး ဆိုတာ ကျပ် ၁ သောင်း တောင် မပြည့်ခဲ့ပါဘူး။ ပြီးတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ
ခေတ်ဆိုတော့ လုပ်ရတာ ကြပ်ပါတယ်။ ဒါပေမယ့် ရတဲ့ အခွင့်အလမ်း အားလုံး နေ့စဉ်စဉ်းစားပြီး ရသမျှ လုပ်တယ်။ တနေ့ကို အလုပ်ချိန် ၁၂ နာရီကနေ ၁၄ နာရီ အနည်းဆုံး ထားတယ်”
ဟု သူက ရှင်းပြသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ဈေးကွက်စီးပွားရေး စနစ် စတင် ကျင့်သုံးခဲ့သောအခါ တနေ့လျှင် ၁၆ နာရီ အလုပ် လုပ်ပြီး ၁၉၈၄ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ရာနှုန်းပြည့် နားရက်မရှိခဲ့ကြောင်း၊
၁၉၉၅ ခုနှစ်တွင် မီလျံနာ သူဌေး စဖြစ်ခဲ့ကြောင်း ဦးတေဇက သူ၏ဘ၀ ဇာတ်ကြောင်းကို တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ (UMFCCI) အသင်းဝင် စီးပွားရေးသမား တဦးကမူ မြန်မာနိုင်ငံတွင် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်ရန်မှာ စစ်တပ်
ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့်နီးစပ်ရန် အထူးအရေးကြီးကြောင်း၊ စစ်ဗိုလ်ချုပ်များက လုပ်ပိုင်ခွင့် ချထားပေးရေးအတွက် တန်ဖိုးကြီးကြီးပေးကမ်း ကန်တော့ရန်လည်း လိုအပ်ကြောင်း
ပြောသည်။

“ကိုယ်ကလည်းကြိုးစားမယ်။ လုပ်ပိုင်ခွင့် ရဖို့ ဗိုလ်ချုပ်တွေနဲ့ ပေါင်းမယ်။ ထိပ်ဆုံးဗိုလ်ချုပ်ကို နင့်အောင် ပေးနိုင်၊ ကမ်းနိုင်ရင်တော့ မြန်မာပြည်မှာTop ဖြစ်ပြီ။ မြန်မာပြည်ရဲ့ သူဌေးကြီးတွေ
အကုန်လုံးက စစ်ဗိုလ်ချုပ်တွေကို “အဘ” “အဘ” ခေါ်ပြီး ဖားရတဲ့သူချည်းပဲ။ ဒီလိုပြောလို့ တဘက်သက် ဆန်တယ်လို့ မထင်နဲ့။ လက်တွေ့ ဒီမှာ စီးပွားရေးလုပ်ကြည့်မှ သိမှာ။ မပေးနိုင်၊
မကမ်းနိုင်၊ မဖားနိုင်လို့ကတော့ ဘယ်လိုမှ ထိပ်ဆုံးကို မရောက်နိုင်ဘူး” ဟု အဆိုပါ စီးပွားရေးသမားက ရှင်းပြသည်။

ပြည်တွင်း နိုင်ငံရေးပါတီကြီး ၁၁ ခုက အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုသည် မြန်မာ ပြည်သူပြည်သား များကို ထိခိုက်မှု ရှိနေသည်ဟုဆိုကာ ပိတ်ဆို့မှုများ
ဖယ်ရှားရန် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်
ကြေညာချက် တရပ်ကို ထုတ်ပြန်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကမူ စီးပွားရေး ပိတ်ဆို့မှုသည် ပြည်သူများကို ထိခိုက်ခြင်းမရှိဘဲ စစ်အစိုးရကိုသာ


တိုက်ရိုက် ထိခိုက်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရပိုင် သတင်းစာများက စီးပွားရေးပိတ်ဆို့မှု မဖယ်ရှားရေး တောင်းဆိုသော NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
မြ၀တီ-ကော့ကရိတ် ကားလမ်း မသွားရန် DKBA သတိပေး
ဧရာဝတီ Tuesday, 15 February 2011 16:28

ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ကားလမ်းကို ဖြတ်တောက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် ယနေ့မှစ၍ အရပ်သားများ ခရီးသွားလာခြင်း မပြုလုပ်ရန် တိုးတက်သော ဗုဒ္ဓဘာသာ
ကရင်အမျိုးသား တပ်မတော် (DKBA) က သတိပေး ပြောကြား ထားသည်။
မြ၀တီမြို့နှင့် ကော့ကရိတ်မြို့အား ဆက်သွယ်ထားသည့်
ဒေါနတောင်ကျော် ကားလမ်းကို DKBA က ပိတ်ဆို့ ဖြတ်တောက်မည်
ဖြစ်ရာ အရပ်သားများ ထိခိုက်မှုမရှိစေရန် သတိပေးခြင်းဖြစ်ကြောင်း
DKBA စစ်ဆင်ရေးမှူး တဦး ဖြစ်သည့် ဗိုလ်မှူး ဆန်းအောင် က ဧရာဝတီ
သို့ ပြောသည်။

၎င်းက“ဒီလမ်းကို ကျနော်တို့ပိတ်ဆို့ ဖြတ်တောက်မှုတွေလုပ်မယ်၊


အဓိကပစ်မှတ်က နအဖ ပဲ၊ အရပ်သားတွေ အနေနဲ့ စစ်ကား စီးတာတွေ
အရပ်သားကားမှာ စစ်သားတင်တာတွေ မလုပ်ကြဖို့ အသိပေးတာပါ၊
အခုဆိုရင် ဒီလမ်းကြောမှာ နအဖ တပ်က လူတွေ တပ်ပြောင်းတာကအစ
အရပ်ဝတ်နဲ့ပဲပြောင်းရွှေ့သွားလာနေတာတွေကြောင့် သတိပေးရတာပါ၊
တိုက်ခိုက်မှုတွေဖြစ်ခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်လို့ပါ”ဟု
ပြောသည်။

စစ်ဆင်ရေးမှာ အချိန်မရွေး ဖြစ်နိုင်သောကြောင့် ယနေ့မှစ၍


အရပ်သားများအနေနှင့် ခရီး သွားလာခြင်း မပြုလုပ်ရန် စစ်ဆင်ရေး
ဧရိယာအတွင်းရှိ ဒေသခံများကိုလည်း အသိပေးထားပြီးဖြစ်သည်ဟု
ဗိုလ်မှူး ဆန်းအောင် က ပြောသည်။
ဝ ( -၀ )
ယခု ရက်သတ္တပတ်အတွင်း မြ၀တီနှင့် ကော့ကရိတ် ကားလမ်းပေါ်ရှိ
နအဖ တပ်စခန်းများနှင့် စစ်ဆေးရေး ဂိတ်များကို DKBA အဖွဲ့က လေးကြိမ်ထက် မနည်း ၀င်ရောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် ခရီးသည်နှင့် ကုန်တင်ယာဉ်များ
သိသာစွာလျော့နည်းသွားသည်ဟု မြ၀တီ-ဘားအံ မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။

“ဒီလမ်းမှာ ခရီးသည်နဲ့ ကုန်သည်တွေလည်း အတော်နည်းသွားတယ်၊ လမ်းမှာ ခဏခဏတိုက်ပွဲတွေဖြစ်တော့၊ ခရီးသွား တွေလည်းကြောက်တော့ အခုရက်ပိုင်း သွားလာတာတွေ
အတော်လေးကို နည်းသွားတယ်၊ စစ်တပ်ကလည်း ပါးတယ်၊ အရင်ကဆိုရင် ကားအတက်အဆင်း သူတို့ဘာသာ သီးသန့်သွားတယ်၊ အခုကျတော့ အရပ်သားကားတွေကို
အရှေ့နဲ့အနောက်မှာထားပြီး စစ်ကားတွေက အလယ်ကနေလိုက်တယ်၊ စစ်ကားတွေကိုကျော်လို့လည်းမရ၊ ချန် ထား လို့လည်း မရနဲ့ တကယ်စိတ်ပျက်ဖို့ ကောင်းတယ်”ဟု ၎င်းက
ပြောဆိုသည်။

ယခင်က ခရီးသည်ကားများကို စစ်ကားများက လုံခြုံရေးယူပေးခဲ့သော်လည်း ယခုအချိန်တွင် အရပ်သားကားများက စစ်ကားများကို လုံခြုံရေးပေးနေရကြောင်း၊ လမ်းခရီးတလျှောက်ရှိ


စစ်ဆေးရေးဂိတ်ကြီး ဂိတ်ငယ် ၃၀ ခန့်ကို အရပ်သား ကားများပုံမှန်ပေးနေရသည့် တရားမ၀င် ဂိတ်ကြေးများမှာမူ လျော့နည်းသွားခြင်းမရှိဟု ကြက်သွန် ကုန်သည် တဦးက ဆိုသည်။

DKBA က နအဖ စစ်ကားများကို တိုက်ခိုက်ရာတွင် စစ်သည်နှင့် ကားများ ထိခိုက် သေဆုံးမှုများရှိသော်လည်း တချို့တိုက်ခိုက်မှုများတွင် အရပ်သားတချို့ထိခိုက်သေဆုံးမှုများရှိသည်ဟု
မြ၀တီမြို့ခံယာဉ်မောင်းတဦးကလည်း ပြောသည်။

ရွေးကောက်ပွဲကျင်းပနေစဉ် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်များတွင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ် တချို့ကို ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်ဖွဲ့ဝင်များက
ဝိုင်းထားခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့် တပ်ဖွဲ့ရေးကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကုန် ပိုင်း တွင် လက်ခံခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်၏
တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။
စစ်အစိုးရ နည်းဟောင်းသုံးဆဲဟု အမေရိကန် ဝေဖန်
မင်းနိုင်သူ Tuesday, 15 February 2011 19:01

မြန်မာ စစ်အစိုးရသည် ပြုပြင်ပြောင်းလဲမှုများ မလုပ်ဘဲ နည်းလမ်းဟောင်းအတိုင်း ဒီမိုကရေစီ အင်အားစုများကို နှိပ်ကွပ်ရန် ကြိုးစား နေဆဲဖြစ်ကြောင်း အမေရိကန်အစိုးရက ယနေ့
ပြောဆိုလိုက်သည်။

“မြန်မာအစိုးရဟာ ခေတ်သစ်ကို ရောက်ပြီလို့ ကြွေးကြော်နေပေမယ့် နည်းလမ်းဟောင်းတွေအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်နေဆဲပဲ”ဟု အမေရိကန်အစိုးရ ပြောခွင့်ရ


ပီဂျေ ခရော်လီက ၎င်း၏ Tweeter အကောင့်တွင် ရေးသားထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုအပေါ် သဘောထား ကြေညာချက်ထုတ်ပြန် ခဲ့ အပြီး နအဖ စစ်အစိုးရ သတင်းစာက
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည်“သမိုင်း ၏ ဂိတ်ဆုံးသို့ ဦးတည်သွားဖွယ်သာ ရှိကြောင်း”ဟု ရေးသားလာသည့် အပေါ် ပီဂျေ ခရော်လီက မှတ်ချက်ပြုရေးသားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ က NLD သည် အနောက်နိုင်ငံအစိုးရများအနေဖြင့် မြန်မာစစ်အစိုးရ၏ ပြုပြောင်းလဲမှုများကို စောင့်ကြည့်ပြီးမှသာ စီးပွားရေးပိတ်ဆို့မှုများကို
ရုပ်သိမ်းသင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်ထွက်ပေါ်အပြီးတွင် အမေရိကန်နှင့်ကနေဒါတို့က စီးပွားရေးပိတ်ဆို့မှုများကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ကြ သည်။

လွန်ခဲ့သည့် တပတ်အတွင်းကလည်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် က“မြန်မာအစိုးရသစ်ရဲ့မူဝါဒတွေဟာ
ပြုပြင်ပြောင်းလဲလာမှုရှိမရှိ စောင့်ကြည့်ပြီး စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ သင့် မသင့် ကျနော်တို့ စဉ်းစားသွားမှာပါ”ဟု ပြောသည်။
အမေရိကန် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ် ဆက်ဆံရေးရှိသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး မကြာမီမှာပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ
ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ခဲ့သည်။

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တဦးဖြစ်သူ မစ္စတာ ဂျိုးဇက် ဝိုင်ယွန်း၂၀၁၀ ဒီဇင်ဘာလ အတွင်းက မြန်မာနိုင်ငံသို့ ၄ ရက်ကြာ
ရောက်ရှိခဲ့စဉ်ကလည်း NLD ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။
ရှမ်းပြည်နယ်အတွင်း သံချပ်ကာ တင့်ကားများ ဖြန့်ထား
သန်းထိုက်ဦး Tuesday, 15 February 2011 18:26

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ၏ ၀မ်ဟိုင်း ဌာနချုပ် ဒေသအနီးတွင် စစ်အစိုးရက ယခုရက်ပိုင်းအတွင်း တပ် အင်အားနှင့် သံချပ်ကာ တင့်ကားများ တိုးချဲ့ထားကြောင်း
ရှမ်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်နေသူများက ပြောသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက်ခြမ်း၌ တိုးချဲ့ ထားကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ
ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်း ၇ ရင်းခန့် တိုးချဲ့ချထားခြင်းဖြစ်ကြောင်း ၎င်းက
ဆိုသည်။

ယခုလဆန်းပိုင်းမှ စတင်၍ စစ်အစိုးရက စကခ ၂ တပ်ရင်းများသို့ သံချပ်ကာ ကား၂၀ ခန့် တောင်ကြီးမြို့မှ တဆင့် ပို့ဆောင် ထားကြောင်း မျက်မြင်သက်သေများကို ကိုးကား၍
ဦးစိန်ကြည် က ဆက်ပြောသည်။

SSA - မြောက်ပိုင်းသည် နအဖ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့်အဖွဲ့ဖြစ်ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်း ဆန်ထားသည့် အဖွဲ့လည်း ဖြစ်သည်။
ဝမ်ဟိုင်းဌာနချုပ်ဘက်သို့ တပ်အင်အား တိုးချဲ့သည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး
ရှင်းရှင်း လင်းလင်း မသိရှိရ သေးပေ။

သို့သော် နအဖ စစ်အစိုးရက တပ်အင်အား တိုးချဲ့နေခြင်းသည် မကြာသေးခင် ရက်ပိုင်းက ၀မ်ဟိုင်း ဌာနချုပ်ဘက် သို့ ဖြတ် သန်း သွားလာနေသော ခရီးသည်တင်ကားနှင့်
ကုန်တင်ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင် နေသည်။

စစ်အစိုးရ အနေဖြင့် SSA - မြောက်ပိုင်းတပ်များကို ဖြိုခွင်းရန် တပ်အင်အားများ တိုးချဲ့ထားခြင်းသည် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA -S) နှင့် SSA မြောက်ပိုင်း အကြား
ဆက်ဆံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ မလုပ်နိုင်ရန် ဖိအားပေးခြင်းသာ ဖြစ်ကြောင်းလည်း ဦးစိန်ကြည်က ပြောဆိုသည်။

ထို့အပြင် မိုင်းလား တပ်ဖွဲ့(NDAA) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တို့သည်လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ
ငြင်းဆန်ထားသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆန် ကာ လက်ရှိ အခြေအနေအတိုင်း ဆက်လက်
နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
စီးပွားရေးပိတ်ဆို့မှုထက် နိုင်ငံရေးပြောင်းလဲမှု ပိုအရေးကြီး
ဧရာဝတီ Tuesday, 15 February 2011 14:24

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေး သဘောထား ကွဲလွဲလာမှုသည် အတိုက်အခံ နိုင်ငံရေး အင်အားစုများ စုစည်းမှု မရှိစေရန် စစ်အစိုးရက
နိုင်ငံရေးကစားကွက် တခုအဖြစ် အသုံးပြုလာ၍ ဖြစ်ကြောင်း ရန်ကုန်မြို့ခံ ပြည်သူများက ပြောသည်။
စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်(NLD)နှင့် နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲမှု ကြီး
ထွားလျက်ရှိပြီး စစ်အစိုးရသတင်းစာများက NLD နှင့်
ဒေါ်အောင်ဆန်းစုကြည်ကို စတင် တိုက်ခိုက်လာမှုများအပေါ်
ပြည်သူများက စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း ရန်ကုန်မြို့တွင်
ဧရာဝတီက ပြုလုပ်ခဲ့သော စစ်တမ်းငယ် တခုအရ သိရှိရသည်။

ရန်ကုန်မြို့ရှိ အခြေခံလက်လုပ်လက်စား ၁၀ ဦး၊ တက္ကသိုလ်ကျောင်းသား


၂၀၊ ကုမ္ပဏီဝန်ထမ်း ၁၂ ဦး၊ သတင်းထောက် ၁၀ ဦး၊ အငြိမ်းစား
အစိုးရ၀န်ထမ်း ၂ ဦး၊ စီးပွားရေးပညာရှင် ၁ ဦး၊ နိုင်ငံရေး ပါတီဝင်
မဟုတ်သော နိုင်ငံရေးသမား ၅ ဦး၊ အငြိမ်းစား တပ် မတော်အရာထမ်း ၂
ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အရာရှိ ၁ ဦး
အပါအ၀င် စုစုပေါင်း လူထု လူတန်းစား အလွှာစုံမှ လူ ၁၀၀ ကို
တွေ့ဆုံပြီး စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးနှင့်
ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ရာ အများစု က စီးပွားရေးပိတ်ဆို့မှု
ကိစ္စထက် စစ်ဗိုလ်ချုပ်များနှင့် ဗိုလ်ချုပ်ဟောင်းများ ကြီးစိုးသော
အုပ်ချုပ်ရေး ယန္တရားမရှိစေရေးမှာ အဓိက အရေးကြီးကြောင်း
ပြောဆိုသည်။
ိ
ဝိ
၀၀၀၀ိ
“ရွေးကောက်ပွဲ မတိုင်မီတုန်းကလည်း ရွေးကောက်ပွဲဝင်ရေး၊
( - AFP)
မ၀င်ရေးဆိုပြီး နှစ်ခြမ်းကွဲခဲ့ကြတယ်။ အခုတခါကျတော့လည်း စီးပွား
ရေးပိတ်ဆို့မှု ဖယ်ရှားရေး၊ မဖယ်ရှားရေး နှစ်ခြမ်းကွဲပြန်တယ်။
အာဏာရှင်တွေရဲ့ သွေးခွဲလမ်းစဉ်အောင်မြင်တယ်လို့ပဲ ပြောရမယ်။ ဒီအချိန်မှာ အရေးကြီးဆုံးက စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရေးလည်း မဟုတ်ဘူး၊ မဖယ်ရှားရေးလည်း မဟုတ်ဘူး။
စစ်အာဏာရှင် စနစ်နဲ့ အတုအယောင် ဒီမိုကရေစီ မရှိုဖို့ဘဲ”ဟု ၀ါရင့် သတင်းစာ ဆရာတဦးက ပြောသည်။

ပြည်တွင်း စီးပွားရေးပညာရှင်တဦးက စီးပွားရေးပိတ်ဆို့မှုသည် အခြေခံအားဖြင့်ကြည့်လျှင် တိုင်းပြည်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေသည်ဟု နားလည်နိုင်သော်လည်း


ဥပဒေစိုးမိုးမှုမရှိခြင်း၊ လက်လှမ်းသင့်ရာ စီးပွားရေးသမား လုပ်ပိုင်ခွင့်ပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်သည့် အာမခံချက်မရှိခြင်း စသည့်
အခြေအနေများကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ၀င်မလာခြင်းဖြစ်သည်ဟု သုံးသပ်သည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မလာတာက စီးပွားရေးပိတ်ဆို့မှု တခုကြောင့်တော့မဟုတ်ဘူး။ ဥပဒေစိုးမိုးမှုနဲ့ အာမခံချက်ရှိဖို့လည်း အရေးကြီးတယ်။ ဘယ်လောက်ပဲ စီးပွားရေးပိတ်ဆို့ပါစေ


ဒီတိုင်းပြည်က တည်ငြိမ်မယ်၊ အေးချမ်းမယ်၊ စီးပွားရေးလုပ်ဖို့အခြေ အနေကောင်းတွေရှိတယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်မှာပဲ။ ဘောဂဗေဒ သဘောတရားနဲ့ ကြည့်ရင်
စီးပွားရေးပိတ်ဆို့မှုထက် စီးပွားရေးလုပ်ဖို့ကိုင်ဖို့ကောင်းတဲ့ အခြေအနေတွေ ဖန်တီးပေးဖို့က အဓိကျတယ်”ဟု ၄င်းက ဆိုသည်။
ပြည်တွင်းနိုင်ငံရေးပါတီကြီး ၁၁ ခုက ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်သော ၆၄ နှစ်မြောက်ပြည်ထောင်စုနေ့ ၌ ထုတ်ပြန် သည့် ပူးတွဲကြေညာချက်တွင် စီးပွားရေးပိတ်ဆို့မှုကြောင့်
အမေရိကန်နိုင်ငံသည် နှစ်စဉ် ပို့ကုန် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ နှင့် ၁၉ ဘီလီယံအကြား နစ်နာပြီး အမေရိကန်လုပ်သားများအတွက် လုပ်ခလစာ ၁ ဘီလီယံကျော်
ဆုံးရှုံးရကြောင်း၊ မြန်မာနိုင်ငံ အနေနှင့်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးရပြီး အလုပ်အကိုင် သိန်းချီဆုံးရှုံးရကြောင်း ၊ ထို့ကြောင့် စီး
ပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသင့်ကြောင်း ထုတ်ပြန်ထားသည်။

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးတောင်းဆိုသော နိုင်ငံရေးပါတီများတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊
ပြည်ထောင်စု ကရင်အမျိုးသား အဖွဲ့ချုပ်၊ ချင်း အမျိုးသား ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေး
ပါတီ၊ ၀ံသာနု NLD(ပြည်ထောင်စုမြန်မာနိုင်င)ံ ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်၊ ဖလု-ံ စဝေါ် ဒီမိုကရက်တစ် ပါတီတို့ ပါဝင်သည်။

စစ်တပ်မှ ဗိုလ်မှူး ရာထူးဖြင့် အငြိမ်းစားယူထားပြီး လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနတွင် သကြားစက်ရုံမှူး တာဝန် ထမ်းဆောင်နေ သူ တဦးကမူ“စီးပွားရေးပိတ်ဆို့မှု ဆိုတာထားဦး။ လက်ရှိ
တပ်ထဲက အရာရှိတွေ အရပ်ဘက်ပြောင်းသွားရင် မိသားစုစားဝတ်နေ ရေး၊ သားသမီးတွေ ကျန်းမာရေး၊ ပညာရေး အတွက် ရရင် ရသလိုကိုယ့်အတွက် ကျန်အောင် လုပ်ရတာပဲ။
ရိုင်းရိုင်းပြောရင်တော့ ခိုးရ၊ ဖွက်ရတာပဲ။ လောလောဆယ် ကိုယ့်မိသားစု အဆင်ပြေဖို့အတွက် အဓိက။ ကျန်တဲ့ကိစ္စ ခေါင်းထဲမထည့်နိုင်ဘူး။ ကိုယ် တယောက်တည်း မဟုတ်ဘူး၊
ထိပ်ဆုံးရောက်နေတဲ့ တပ်မတော် အရာရှိကြီးတွေလည်း ဒီလိုပါပဲ”ဟု ပြောသည်။

အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုသည် အစိုးရစီးပွားရေးကို တိုက်ရိုက်ထိခိုက်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူး က ရှင်းပြသည်။

“စီးပွားရေးပိတ်ဆို့မှုက တကယ်ကို ထိခိုက်ပါတယ်။ စီးပွားရေးတိုးတက်ဖို့ ဆွေးနွေးတိုင်း အဲဒီအကြောင်းကိုပဲ ဆွေးနွေးရပါတယ်။ ပို့ကုန်တွေ ဘယ်လို ပင်ရင်းနိုင်ငံဖျောက်ပြီး
အနောက်နိုင်ငံဈေးကွက်အထိ အရောက် ဘယ်လိုတိုးချဲ့မလဲ။ ဘယ်လို ကျော်ဖြတ် လုပ်ကိုင်မလဲ ဆိုတာမျိုးကို ပြောဆိုဆွေးနွေးရတယ်”ဟု ၎င်းက ဆိုသည်။

တသီးပုဂ္ဂ လွှတ်တော်အမတ်လောင်း တဦးက စီးပွားရေးပိတ်ဆို့မှုသည် ပြည်သူများအပေါ် ထိခိုက်မှုမရှိကြောင်း၊ ဥပမာအားဖြင်-့ Eddie Bauer & Pepsi ကုမ္ပဏီ မြန်မာနိုင်ငံမှ
ထွက်ခွာသွားသော်လည်း ပြည်တွင်းထုတ် နှင့် ထိုင်းနိုင်ငံထုတ်အချိုရည်များက ဈေးကွက်တွင် နေရာယူလာကြောင်း၊ အစိုးရအနေနှင့်လည်း သယံဇာတမှ ရောင်းချရသော
ဝင်ငွေများရရှိနေသည့်အပြင် တရုတ် ၊ အိန္ဒိယနိုင်ငံ များနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများရှိနေသောကြောင့် စီးပွားရေးပိတ်ဆို့မှုကို လုံးဝ ဂရုမစိုက်ကြောင်း၊
စီးပွားရေးပိတ်ဆို့မှုသည် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ့နိုင်ငံရေးမှ ဖယ်ရှားရန် အကြောင်းပြချက်တခုအဖြစ် စစ်အစိုးရက အသုံးပြု နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးမပြေလည်မှုများသည် စစ်အုပ်ချုပ်ရေးကြောင့် ဖြစ်ပြီး ပြည်သူတရပ်လုံး အနေနှင့် စုစည်းညီညွတ်စွာ စစ်အုပ်ချုပ်ရေးစနစ်ကို
တွန်းလှန်ရန်လိုအပ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများက ပြောသည်။

“ပညာရေး၊ ကျန်းမာရေးပိုင်းမှာ အရမ်းနိမ့်ကျတာက စီးပွားရေးပိတ်ဆို့မှုကြောင့်တော့ မဟုတ်ဘူးထင်ပါတယ်။ ဓာတ်ငွေ့ရောင်းလို့ ရတဲ့ ငွေ၊ သယံဇာတ ရောင်းလို့ရတဲ့ပိုက်ဆံတွေက
ဘယ်မှာသွားသုံးထားလဲ။ စီးပွားရေးပိတ်ဆို့ပါတယ် ဆိုတဲ့အချိန်မှာတောင် ထိတ်ထိတ်ကြဲ ချမ်းသာနေကြတာ ဘယ်သူတွေလဲ။ အားလုံးက စနစ်ကြောင့်ဖြစ်နေတာ။ စနစ်ကို
တိုက်ဖို့လိုတယ်”ဟု ဒဂုံ တက္ကသိုလ် တတိယ နှစ် ကျောင်းသား တဦးက ဆိုသည်။

အခြေခံ လက်လုပ်လက်စားများကမူ စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်ပြီး သေသေချာချာ နားမလည်သော်လည်း ယခုအခြေအနေ တွင် အလုပ်အကိုင်မှရရှိသော ၀င်ငွေသည်


မိသားစုစားဝတ်နေရေးအတွက် အလွန်ခက်ခဲကြောင်း၊ ထို့ကြောင့် မိသားစု စားဝတ်နေ ရေး လုံလောက်သော ၀င်ငွေရလိုကြောင်း ပြောဆိုကြသည်။

အသက် ၃၀ အရွယ် ပြည်တွင်း ဂျာနယ်သတင်းထောက်တဦးက“စီးပွားရေးပိတ်ဆို့မှုဆိုတာကို ဒီစစ်အစိုးရ လုံးဝ ဂရုမစိုက်ပါဘူး။ သူတို့ အာဏာရနေရင် သူတို့မိသားစုကောင်းစားနေရင်
ကျေနပ်နေကြ တာပါ။ သူတို့ အာဏာတည်မြဲဖို့ သံဃာ ကိုတောင် သတ်ခဲ့ သေးတာပဲ။ စီးပွားရေးပိတ်ဆို့မှုလို့ တစာစာ အော်နေတာက အပြစ်ရှာနေတာ”ဟု ပြောသည်။

NLD က ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ်ပြန်သောကြေညာချက်တွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့နှင့် သယံဇာတ ရောင်းချခြင်း မှ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ


ဝင်ငွေရရှိနေသော်လည်း လူထု၏ကျန်းမာရေးနှင့် ပညာရေးကို အလေးထားခြင်း မရှိသည့်အတွက်၂၀၁၁ ခုနှစ် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ ထုတ်ပြန်ချက်အရ
မြန်မာနိုင်ငံသည် လူသားရင်းမြစ်ဖွံ့ဖြိုးမှုတွင် အနိမ့်ကျဆုံးဖြစ်နေပြီး အရှေ့တောင်အာရှတွင် ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံတို့ကပင် ကျော်တက်သွားပြီ ဖြစ်ကြောင်း၊
စီးပွားရေးပိတ်ဆို့မှုသည် စစ်အစိုးရကိုသာ အဓိက တိုက်ရိုက်ထိခိုက်ပြီး ပြည်သူလူထု အပေါ် ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် “ပိတ်ဆို့မှု၊ ဒေါ်စုကြည်နှင့် NLD”အမည် ဖြင့် ရေးသားထားသော ဆောင်းပါး၌ ဒေါ်အောင်ဆန်းစုကြည်သည်
စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန်တောင်းဆိုခဲ့ပြီး NLD အာဏာ မရမချင်း ပိတ်ဆို့ ရေး လက်နက်ကို မလွှတ်တမ်း ဆက်လက်စွဲကိုင် ခေါင်းမာသွားမည်ဖြစ်သည်ဟု
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ဝေဖန်ပြစ်တင်
ထား သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိုင်းရင်းသားလူမျိုးများအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ကလေးစစ်သား အသုံးပြုမှု အပါအ၀င် ရာဇ၀တ်မှုများကို


စစ်အစိုးရကိုယ်တိုင်ကျူးလွန်နေခြင်းကြောင့် ၁၉၉၃ ခုနှစ်မှ စတင်ကာ အမေရိကန် နိုင်ငံ၊ ဥရောပ သမဂ္ဂ အပါအ၀င် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပြည်နယ်ဝန်ကြီးနေရာများလည်း ကြံ့ဖွံ့သိမ်းပိုက်
ခင်ဦးသာ Tuesday, 15 February 2011 16:33

ပြည်နယ် အစိုးရသစ်အတွက် အစိုးရအဖွဲ့ဝင် ၀န်ကြီးနေရာ အများစုအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က သိမ်းပိုက်လိုက်သည်။

တိုင်းရင်းသား ပါတီများသည် မိမိတို့ဒေသ၌ အမတ်နေရာ အများစု အနိုင်ရထားသော်လည်း ကြံ့ဖွံ့ကိုယ်စားလှယ် များကိုသာ ပြည်နယ် ၀န်ကြီးချုပ်က အဆိုပြုထားသည်ဟု သိရသည်။

“ကျနော်တို့က အမတ်နေရာ အများစု ရထားပေမယ့် ၀န်ကြီးနေရာ ၃ နေရာပဲ အဆိုပြုခံရပါတယ်။ အဆိုပြု ခံရသူ တွေဟာလည်း စကားအပြောအဆို အနည်းဆုံး ဆိုသူတွေကိုပဲ
ရွေးချယ်ထားပါတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်နယ် ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။

RNDP ပါတီသည် တိုင်းရင်းသား နိုင်ငံရေးပါတီများ အနက် ရာခိုင်နှုန်း အများဆုံး အနိုင်ရထားသော ပါတီတခုဖြစ်သည်။

ရခိုင်ပြည်နယ်၏ အစိုးရသစ်အဖွဲ့တွင် ၀န်ကြီးဌာန ၉ ခုပါရှိပြီး ကြံ့ဖွံ့ပါတီက ၅ ဦး၊ စစ်တပ် ကိုယ်စားလှယ်တဦး၊ RNDP ပါတီမှ ၃ ဦးအား ပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုထားသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ကြံ့ဖွံ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း ဦးလှမောင်တင် ဖြစ်သည်။

တိုင်းရင်းသားပါတီများအနက် အကြီးဆုံးပါတီတခု ဖြစ်သော ရှမ်းတိုင်းရင်သားများဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီမှ အဆိုပြုခံရသူ ၂ ဦးသာရှိပြီး ပါတီ၏ ဥက္ကဋ္ဌ
ဦးစိုင်းအိုက်ပေါင်းနှင့် ဦးစိုင်းနော်ခမ်း တို့ဖြစ်ကြောင်း ပါတီ၏ တာဝန်ရှိသူ တဦးက ပြောသည်။

မွန်ပါတီသည် တိုင်းရင်းသားရေးရာ ၀န်ကြီးအတွက် ၂ ဦး အဆိုပြုခံထားရကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

“ပြည်နယ်အဆင့်မှာ ၀န်ကြီးနေရာ ၂ ခု အဆိုပြုခံထားရပေမယ့် ဘာမှ လုပ်ပိုင်ခွင့်ရမယ့် အနေအထားမတွေ့ရဘူး။ တိုင်းရင်းသား တဦးစ၊ နှစ်ဦးစ အဆိုပြုတာက ရုပ်ပြကောင်းအောင်
လုပ်တဲ့သဘောပါ” ဟု ဦးနိုင်ငွေသိန်း က ဆိုသည်။

“တိုင်းရင်းသား ကိုယ်စားလှယ်တွေကို သြဇာမရှိ၊ လုပ်ပိုင်ခွင့်မရှိတဲ့ ယဉ်ကျေးမှုတို့၊ ကျန်းမာရေးတို့ အဲဒီလိုဌာနတွေကိုပဲ ပေးမှာပါ။ ကျနော့်အမြင် ပြောရရင် ၀န်ကြီးနေရာ ယူတာထက်
အတိုက်အခံ လုပ်သွားတာက ပိုကောင်းမယ်ထင်တယ်” ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။

ပြည်နယ်အစိုးရ အဖွဲ့တွင် ၀န်ကြီးဌာန ၉ ခုစီ ပါရှိပြီး ဌာန တချို့ကွဲပြားမှု ရှိနေသည်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ၀န်ကြီးဌာန ၅ ခုမှ ၁၀ ခု အထိ ဖွဲ့ပိုင်ခွင့် ရှိပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဌာနအား စစ်တပ်က ယူမည်ဟု ဖွဲ့စည်းပုံက ဆိုထားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံး၌ ၀န်ကြီးဌာန ၉ ခုစီရှိပြီး ရန်ကုန်တိုင်းတွင် နိုင်ငံခြားရေး ဌာန တခုပါရှိ၍ ၁၀ ခုဖြစ်သည်။

ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ် အားလုံးသည်ကြံ့ဖွံ့ ကိုယ်စားလှယ်များသာ ဖြစ်ပြီး ပြည်နယ်ဝန်ကြီးများကိုလည်း ၎င်းတို့ စိတ်ကြိုက် ရွေးချယ်ကြောင်း၊ အသက် ကန့်သတ်ချက်လည်း
ကိုက်ညီမှုရှိကြောင်း ချင်းအမျိုးသားပါတီ၏ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

ဝန်ကြီး အဖြစ်အဆိုပြုခံရသူသည် အသက် ၃၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံက ဆိုထားသောကြောင့် ချင်းပြည်နယ်၏ ၀န်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ ဦးငုန်းဟိုင်းက
ပြည်နယ်ဝန်ကြီးအဖြစ် ရွေးချယ်ထားသော ကြံ့ဖွံ့ကိုယ်စားလှယ်တဦးဖြစ်သူ အသက် ၃၄ နှစ်အရွယ်ရှိ ဦးကွေ့ထောင်းအား ကန့်ကွက်ထားသည်။

“အသက်မပြည့်သူကို ၀န်ကြီးအဖြစ် အဆိုပြုတာဟာ ဥပဒေကို ဆန့်ကျင်ရာ ရောက်လို့ ကန့်ကွက်စာကို သမ္မတဆီကို ပို့ထားပါတယ်။ အသိအမှတ် ပြုတာ၊ မပြုတာကတော့ သူတို့
အပိုင်းပေါ့” ဟု ဦးဇိုဇမ်က ဆိုသည်။

ချင်းပြည်နယ်၏ အစိုးရ အဖွဲ့တွင် ချင်းအမျိုးသားပါတီမှ ၁ ဦး၊ ချင်းတိုးတက်ရေးပါတီမှ ၁ ဦး အဆိုပြုခံထားရပြီး ကျန်အားလုံးမှာ ကြံ့ဖွံ့ပါတီဝင်များနှင့် စစ်တပ်မှ ဖြစ်သည်။

ကရင်ပြည်နယ်၌လည်း ကြံ့ဖွံ့ပါတီဝင် မဟုတ်သော ကရင်တိုင်းရင်းသားပါတီက ၀န်ကြီးနေရာ တနေရာသာ အဆိုပြုခံထားရကြောင်း သိရသည်။

စစ်အစိုးရသည် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော အစိုးရဖွဲ့၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ကာအရပ်သား အစိုးရကို အာဏာလွှဲပြောင်းပေး
မည်ဟုဆိုသော်လည်း အစိုးရသစ်တဖွဲ့လုံးတွင် စစ်ဗိုလ်ဟောင်းများနှင့်ကြံ့ဖွံ့ ကိုယ်စားလှယ်များကသာ လွှမ်းမိုးထားသည်။
ပြည်တွင်း ဆန်၊ စပါး ဈေးမြင့်တက်
ခိုင်သွယ် Tuesday, 15 February 2011 12:20

တောင်သူ လယ်သမားများ ထံတွင် ရောင်းရန်စပါး လက်ကျန် မရှိတော့၍ ပြည်တွင်း ဈေးကွက်အတွင်း စပါးဈေးများ မြင့်တက်နေပြီး ဆန်ဈေးများလည်း တက်လျက်ရှိကြောင်း
သိရှိရသည်။

လက်ရှိ အခြေအနေအရ ဈေးကွက်အတွင်း ဆန်ကြမ်းစပါးများမှာ စပါးတင်း ၁၀၀ လျှင် ကျပ် ၄ သိန်းခွဲ အထက်၊ ကျပ် ၅ သိန်း ၀န်းကျင်ခန့်အထိ ပေါက်ဈေးရှိနေပြီး ဆန်ချောစပါးမျိုးမှာမူ
ကျပ် ၆ သိန်းကျော်အထိ ဈေးရှိနေကြောင်း တောင်သူ လယ်သမားများက
ပြောဆိုသည်။
“ကျုပ်တို့ တောင်သူတွေမှာ ရောင်းဖို့ စပါးလက်ကျန်ကို မရှိတော့ဘူး။
ကြိုပွိုင့်တွေရော၊ ကုမ္ပဏီတွေရော အကုန်သိမ်းဝယ်ကုန်ကြ တာ၊
ကျနော်တို့ရောင်းတုန်းက စပါးဈေးက ၃ သိန်း ခွဲပဲရတာ၊ ကျနော်တို့လည်း
ရောင်းပြီးရော အခု ဈေးတွေတက်ကုန်တယ်”ဟု ရန်ကုန်တိုင်း
ခရမ်းမြို့နယ်မှ တောင်သူလယ်သမား တဦးက ပြောသည်။

မိုးစပါး ရိတ်သိမ်းကာလများတွင် ပြည်ပနိုင်ငံများသို့ တင်ပို့နေသော


ကုမ္ပဏီများနှင့် ဆန်ကုန်သည်ကြီးများက တောင်သူများထံမှ စပါးများအား
ဝယ်ယူသွားကြသောကြောင့် ယခုကဲ့သို့ မိုးစပါး ရိတ်သိမ်းပြီကာလအတွင်း
တောင်သူများထံတွင် စပါးပြတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုတော့ စပါးဝယ်လို့ ခက်သွားတယ်။ လှောင်လက်တွေဆီမှာပဲ


ရှိတော့တယ်။ ဆက်ပြီးလှောင်လေ ပိုအကျိုးရှိလေဆိုတော့
ဈေးမြောက်တဲ့အထိ ကိုင်ထားကြဦးမှာပဲ။ အဲဒီတော့ ဆန်ဈေးလည်း
လိုက်လာတာပဲ”ဟု ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်ကုန် သည်
တဦးက ပြောသည်။

ဇန်န၀ါရီလအတွင်းက ဆန်ကြမ်းမျိုးဖြစ်သော ဧည့်မထ တအိတ်လျှင် ကျပ်


၀၀၀၀ိ ၀ ၁၄၀၀၀ ဈေးဖြင့် ၀ယ်ယူခဲ့ရသော်လည်း ယခုအခါ လက် ကားဈေးတွင်ပင်
ဧည့်မထ တအိတ်လျှင် ကျပ် ၁၇၀၀၀ အထိ ဈေးပေါက်လျက်ရှိကြောင်း၊
( - AP)
ဆန်ချောမျိုးဖြစ်သည့် ပေါ်ဆန်းမှာမူ တအိတ်လျှင် ကျပ် ၃၅၀၀၀ ဈေးမှ
ယခုအခါ ကျပ် ၃၈၅၀၀ ဈေးအထိ ပေါက်နေကြောင်း ပုသိမ်ပေါ်ဆန်းမွှေးမှာမူ ကျပ် ၄၀၀၀၀ ကျော် အထိ ဈေးတက်လျက်ရှိကြောင်း သိရှိရသည်။

၂၀၁၀ ပြည့်နှစ်တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် ယခင်နှစ်များကထက် ဒေသတချို့တွင် စပါးအထွက်ကျဆင်းမှု အထိုက်အလျောက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ


အသင်းက ပြောသည်။

တနှစ်ပတ်လုံးပြည်ပသို့ ဆန်တင်ပို့ခွင့် ပုံမှန်ခွင့်ပြုခဲ့သော်လည်း ပို့ကုန်ရငွေတန်ဖိုး ကျဆင်းမှု၊ ပြည်တွင်း ပြည်ပ ပေါက်ဈေးနှုန်း အရ တင်ပို့လျှင် အမြတ်နည်းနိုင်သည့်
အခြေအနေမျိုးကြောင့် ကုန်သည်များ၏ ဆန်တင်ပို့မှု လျော့နည်းခဲ့ကြောင်း သိရှိရသည်။

သို့သော် ပို့ကုန်ရငွေ ဈေးအနည်းငယ် ပြန်မာလာခြင်း၊ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဈေး ပိုကောင်းလာခြင်းတို့ကြောင့် ယခုလပိုင်းအတွင်း ဆန်ပြည်ပတင်ပို့မှု ပြန်များလာခဲ့ကြောင်း
ပြည်ပပို့ကုန်ဈေးကွက်အတွင်း လုပ်ကိုင်နေသူများက ပြောသည်။

၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်၌ ဆန်ဈေးကျဆင်းနေသော်လည်း နှစ်ကုန်ခါနီးနှင့် ၂၀၁၁ ဖေဖော်ဝါရီလ တို့တွင် ဈေးပြန်တက်လာခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဧပြီမှ ဒီဇင်ဘာလ အကြား မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ၃ သိန်းနီးပါး တင်ပို့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ အပိုင်း (၄)
ဧရာဝတီ Tuesday, 15 February 2011 12:26 ဆောင်းပါး

စစ်သားများများ အရပ်သားနည်းနည်း စွက်ထားပြီး တိုင်းရင်းသား မပါသလောက်၊ အမျိုးသမီးဆိုလည်း မပါဘဲ ဖွဲ့ထားတဲ့ အစိုးရ အဖွဲ့သစ်ကြီး တဖြည်းဖြည်း ရုပ်လုံး ပေါ်လာပါပြီ။ အသစ်
ဆိုပေမယ့်လည်း တကယ်တမ်း အပြောင်းအလဲ မယ်မယ်ရရ မရှိဘဲ အစိုးရ အဖွဲ့ဟောင်းက နာမည်ပျက်ဝန်ကြီး တချို့ကို ထုတ်၊ ဒုဝန်ကြီးတွေနဲ့ အစားထိုး၊ နောက်ထပ်
စစ်သားဝန်ကြီးတွေ ထပ်ဖြည့်နဲ့ စစ်တပ်ရဲ့ ထုံးစံအတိုင်း ထုံးသုတ် မွမ်းမံတဲ့ ပုံစံပါပဲ။

ဒီမျက်နှာတွေ ဒီပုံတွေ မြင်လိုက်တာနဲ့ စီးပွားရေး ပိတ်ဆို့ထားတဲ့ နိုင်ငံတွေက ပိတ်ဆို့မှု ရုပ်သိမ်းမှာမဟုတ်သလို ပြည်သူတွေ ကြား မှာလည်း ဘယ်သူပဲ တက်တက် မထူးမခြားနားဆိုတဲ့
အသံတွေ၊ အတွေးတွေကို ကြားသိ မြင်တွေ့နေရပါတယ်။ အစိုးရ အဖွဲ့သစ် ကို ဦးဆောင်မယ့် သူကလည်း ရုပ်သေးရုပ် တရုပ်လို ကြိုးဆွဲရာ “က” တတ်တယ်လို့ နာမည်ကြီးတဲ့ ၀န်ကြီးချုပ်
ဦးသိန်းစိန်ပါပဲ။
ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း)

ဝန်ကြီးချုပ် တဖြစ်လဲ သမ္မတဖြစ်လာမယ့် ဧရာဝတီတိုင်း ကျောင်းကုန်းသား


ဦးသိန်းစိန်ဟာ ၁၉၆၈ ခုနှစ် DSA အပတ်စဉ် ၉ ကျောင်း ဆင်း ဖြစ်ပြီး ၁၉၈၈
ခုနှစ်ကာလက တပ်မ ၅၅ မှာ ဗိုလ်မှူးအဖြစ် တာဝန်ယူခဲ့တယ်။ အဲဒီနောက်မှာ
စစ်ကိုင်းတိုင်း ကလေးမြို့ ခလရ ၈၉ မှာ တပ်ရင်းမှူးရာထူးနဲ့ တပ်ရင်းမှူးတိုင်း တက်ရတဲ့
နာမည်ကြီး ကလော စစ်ဦးစီးတက္ကသိုလ် ဆင်းပြီးတဲ့ အခါမှာတော့ အထက်ကို
တက်လှမ်းဖို့ လမ်းပွင့်သွားခဲ့တယ်လို့ ပြောရမှာပေါ့။

၁၉၈၈ ခုနှစ်နောက်ပိုင်း အရှေ့မြောက်ဒေသ တိုက်ပွဲများ ကျဲပါးသွားတဲ့နောက်


မြန်မာ့တပ်မတော်ဟာ အရှေ့တောင်ဘက် ဒေသမှာရှိတဲ့ ကရင်သူပုန်နဲ့
ကျောင်းသားတပ်တွေကို ပိုမိုအာရုံစိုက် ထိုးစစ်ဆင်ခဲ့ပါတယ်။ စစ်တပ်အနေနဲ့
ဒီတိုက်ပွဲတွေကို ဖော်ဆောင် ရာမှာ ရန်သူနဲ့ သူတင်ကိုယ်တင် အသေအကြေ
တိုက်ခဲ့ရသလို စစ်အရာရှိကြီး အတော်များများ ကျဆုံးသူကျဆုံး၊ အမိန့်မနာခံလို့ ဆိုတဲ့
ပြစ်ချက်တွေနဲ့ ရုံးတင်အပြစ်ပေး အရေးယူခံရသူခံရ ဖြစ်နေချိန်မှာ ဦးသိန်းစိန်ကတော့
စစ်ရုံးလို့ခေါ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဗိုလ်မှူးကြီးဘ၀နဲ့ ရုံးလုပ်ငန်းတွေအပြင်
ဗိုလ်ချုပ်မှူးကြီးရဲ့ အပါးတော်မြဲ တာဝန်တွေကို ထမ်းဆောင်နေခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ အနီးကပ်နေရတဲ့ စစ်ရုံးက စစ်ဦးစီး ပထမတန်း (Col. GS) ဘ၀မှာတင်


ရုံးတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင် ခဲ့တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့
မျက်စိကျခြင်း ခံရပြီး ဗိုလ်မှူးချုပ်ရာထူးကို စောစောစီးစီး တိုးမြှင့်ပေးခြင်းခံခဲ့ရ တယ်။
တပ်မတော်အစဉ်အလာကို ချိုးဖောက်ပြီး ဗိုလ်မှူးချုပ်ရာထူးအဆင့်နဲ့ စစ်ဦးစီး
ပထမတန်းနေရာမှာပဲ ဆက်ထားပါတယ်။ တကယ်က စစ်ဦးစီး ပထမတန်းဆိုတာ
ဗိုလ်မှူးကြီးတွေကိုပဲ ထားတာပါ။

ရုံးတာဝန်၊ လုပ်ငန်းတွေကို စာရင်းဇယား ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ခဲ့တဲ့အတွက်


တပ်ထဲနဲ့ အစိုးရအဖွဲ့ထဲမှာ “စာရေးကြီး … စာရေးကြီး” နဲ့ နာမည်ကြီးခဲ့တယ်။

၀၀၀၀ ၀ ၀၀ ၀၀ိ


ဗိုလ်ချုပ်မိ
ှူးကြီးရဲ့မြှောက်စားခြငိ
းခံရတာဟာ ဦးသိန်းစိန်အတွက် နောင် သမ္မတဖြစ်လာဖို့
အကြောင်း အချက်တချက်ဖြစ်ပါတယ်။ နီး စပ်သူတွေကတော့ ဒီလို စစ်ရုံးကို
( )( - AP) ရောက်ခဲ့တာဟာ အရင် ကစထမှူး (စစ်ဆင်ရေး အထူးအဖွဲ့မှူး) လုပ်ခဲ့တဲ့ ဒု ဗိုလ်ချုပ်ကြီး
ဟောင်း ခင်မောင်သန်းရဲ့ ကျေးဇူး မကင်းဘူးလို့ ဆိုကြတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ စစ်ခေါင်းဆောင်တစုက စစ်တပ်အတွင်း များပြားလာတဲ့ စစ်အရာရှိ ဖောင်းပွမှု ပြဿနာကို ဖြေရှင်းဖို့အတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာဝင်ငွေ၊ လူဦးရေနဲ့ အချိုးအစားကို
မကြည့်ဘဲ တပ်မတွေ တိုးချဲ့ချိန်မှာတော့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဖူးကြီး အခြေစိုက် စကခ ၄ (အမှတ် ၄ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်)ကို အသစ်တည်ဆောက်ဖို့ ဦးသိန်းစိန်
တာဝန်ယူခဲ့ပြန်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ရှမ်းပြည်အရှေ့ပိုင်းက တြိဂံတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်လာခဲ့ပြီး တိုင်းမှူးဘ၀မှာ အထက်ကပေးတဲ့ ခေါင်းစား စရာ အမိန့်တွေ့ကြောင့် ခေါင်းပူတာကို
ဖြေဖျောက်ဖို့အတွက် ဆံပင်ညှပ်ဆိုင်မှာ မကြာခဏ ခေါင်းလျှော်၊ ခေါင်းရှင်းတယ်လို့ သိရ တယ်၊ ဘယ်လောက်အထိ ခေါင်းလျှော်တာကို စွဲသွားသလဲ ဆိုတော့ ဆိုင်ရှင်အမျိုးသမီးနဲ့တောင်
မရှင်း မရှင်းဖြစ်တယ်ဆိုပြီး ပတ် ၀န်းကျင်က သမုတ်ခံရတဲ့အထိ ဖြစ်ခဲ့တယ်လို့ တာချီလိတ် နယ်ခံတွေက ပြောပါတယ်။ အခု သမ္မတ တာဝန်ယူပြီ ဆိုရင်တော့ ရှေ့ကိုဆက်ပြီး
ခေါင်းစားစရာတွေကို ပို ရင်ဆိုင်ရတော့မှာဖြစ်တယ်။

ဦးသိန်းစိန် တိုင်းမှူးအဖြစ် တာဝန်ယူနေစဉ်အတွင်း တာချီလိတ်မြို့အနီးမှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တခြား ဗိုလ်ချုပ်တွေလိုပဲ ထိုင်းမုန်းတီးရေး
သမားတဦးအဖြစ်နဲ့ လူသိပိုများလာတယ်။ ၂၀၀၁ ခုနှစ် စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး တင်ဦး ကရင်ပြည်နယ်မှာ ရဟတ်ယာဉ် ပျက်ကျသေဆုံးအပြီးမှာ ဦးသိန်းစိန် စစ်ရေးချုပ်ဖြစ်လာတယ်။
နောင် ၂ နှစ်အကြာ ၂၀၀၃ ခုနှစ်မှာ စစ်ကောင်စီရဲ့ အတွင်းရေးမှူး (၂) ဖြစ်လာခဲ့တယ်။

လမ်းပြမြေပုံ ၇ ချက် ရေးဆွဲပြီး အမျိုးသားညီလာခံ ကျင်းပချိန်မှာတော့ ညီလာခံ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရပြန်တယ်။

နဖူးရေ ဒူးရေ ကြည့်ပြီး တခြား စစ်ဗိုလ်ချုပ်တွေထက် စာရင် သဘောကောင်းတယ်၊ မောက်မာမှု မရှိလောက်ဘူးလို့ ထင်ရပေမယ့် စစ်အရာရှိ အများစုမှာရှိတဲ့ စရိုက်ဆိုးအတိုင်း
မန္တလေးဘူတာကြီးမှာ ရုံပိုင်ကို တပ်ရင်းမှူးဘ၀က လက်သီးစွမ်းပြခဲ့ဖူးတယ်လို့ အတွင်းသိတွေက ဆိုတယ်။

သဘောထားတင်းမာပြီး မောက်မာလှတဲ့ လက်ရှိ ထိပ်တန်းစစ်ခေါင်းဆောင်တွေ အကြားမှာတော့ သဘောထား ပျော့လွန်းသူ၊ ဆန့်ကျင်ဘက် အသွင်ဆောင်သူလို့ မှတ်ချက်ပေး
ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး အတွက်တော့ ရုပ်ပြကောင်းပြီး ဗန်းဖုံး လှတာကြောင့် ဒီပဲယင်းလူသတ်သမား ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း သေဆုံးသွားတဲ့အခါ
နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်ဖို့ သူပြောသမျှကို မှန်မှန်မှားမှား နားထောင်လေ့ရှိတဲ့ ဦးသိန်းစိန်ကို ၀န်ကြီးချုပ်အဖြစ် မြှောက်စားခဲ့ပြီး နိုင်ငံတကာ ဇာတ်ခုံကို စေလွှတ်ခဲ့ တယ်။

ဗိုလ်ချုပ်မှူးကြီးစကား ဘယ်လောက် နားထောင်လဲဆိုတော့ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ ၀ီကီလိခ်စ် သံတမန် ပေါက်ကြားစာ တွေ အရ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပြီး
အာဆီယံ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စကားပြောဖို့ အာဆီယံ ခေါင်းဆောင်တွေက ခွင့်ပေးခဲ့ရင်
အစည်းအဝေးခန်းကို သပိတ်မှောက်ပြီး ထွက်ခဲ့ဖို့နဲ့ အမေရိကန်က ပြုလုပ်နေတဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကို လျော့ပါးအောင် လှည့်ဖျားဖို့ကို ဗိုလ်ချုပ် မှူးကြီးက ၀န်ကြီးချုပ်အသစ်
ဦးသိန်းစိန်ကို မှာကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဦးသိန်းစိန်ကလည်း ပိတ်ဆို့ အရေးယူမှုကို လက်တလုံးခြားလုပ်ပြီး လျော့ပါးအောင်လုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံက လှပတဲ့ သစ်ခွပန်းကို ဒမ်ဒရိုဗီယမ် သိန်းစိန်လို့ အမည်ပေး ကင်ပွန်းတပ်ရလောက်အောင် အာဆီယံအဖွဲ့ မျက်နှာစာမှာ အောင်မြင်ခဲ့တဲ့အပြင် စစ်အာဏာသိမ်း
န၀တ၊ နအဖ အဖွဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေထဲမှာ အမေရိကန်မြေကို ပထမဆုံး ခြေချနိုင်ခဲ့တဲ့ သူတဦးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်ရောက် ကိုမိုးသီးဇွန်နဲ့
မြန်မာ့အရေး လှုပ်ရှားသူများရဲ့ ဖိနပ်နဲ့ပေါက်ခြင်းခံရတဲ့ ပထမဆုံး ဗိုလ်ချုပ်ကြီး တဦး၊ သမ္မတလောင်း တဦးဖြစ်တော့မလို့ သီသီလေးဖြစ်ခဲ့ဖူးတယ်။ အဲဒီ တုန်း က နိုင်ငံခြားရေး
ဝန်ကြီးဖြစ်တဲ့ ဦးဉာဏ်ဝင်း (အခု ပဲခူးတိုင်း ဝန်ကြီးချုပ် ဖြစ်မယ့်သူ) ရဲ့ ကားကတော့ ဖိနပ်နဲ့ အပေါက်ခံ လိုက်ရပြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ကတော့ ဘယ်အပေါက်က လစ်သွားမှန်း မသိလို့
ကံကောင်းသွားခဲ့ပါတယ်။

ဝန်ကြီးချုပ် အဖြစ်တာဝန်ယူရပေမယ့်လည်း သဘောထားပျော့လွန်းတာကြောင့် လုပ်ပိုင်ခွင့်တွေကို အတွင်းရေးမှူး (၁) တာဝန် ယူ ထားတဲ့ သီဟ သူရ ဦးတင်အောင်မြင့်ဦးက
ဘောင်ကျော်ပြီး ၀င်ရောက်စွက်ဖက်တဲ့အထိ ဖြစ်လာတာကြောင့် ၀န်ကြီးတွေအကြား ၀န်ကြီးချုပ်ကို တွင်း (၁) က အာဏာသိမ်းလိုက်ပြီလို့တောင် ပြောစမှတ်ဖြစ်ခဲ့တယ်။ အခုလည်း
အစိုးရ အဖွဲ့သစ်မှာ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဒုသမ္မတဆိုတော့ ဘယ်လို နှစ်ပါးသွားကြမလဲဆိုတာတော့ စိတ်ဝင်စားစရာပေါ့။ အခုဆိုရင် လွှတ်တော်ထဲမှာ သူနဲ့ ၀န်ကြီးတွေက
တဘက်၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက တဘက် စစ်စဖြစ်နေကြပြီလို့တောင် ပြောနေကြတယ်လို့ နီးစပ်သူတချို့က ဆိုကြတယ်။

ကိုယ်တိုင်တွေ့ဖူးကြုံဖူးတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးကတော့ ဦးသိန်းစိန်က လူချစ်လူခင်များတာလည်း ဟုတ်ပါတယ်၊ စကားပြော လည်း ကောင်းပါတယ်၊ အုပ်ချုပ်ရေးလည်း
ကျွမ်းကျင်ပါတယ်၊ ဒါပေမယ့် စီးပွားရေး အမြင်ကတော့ ရှိပုံမရဘူး၊ ဒီပုံနဲ့ တိုင်းပြည်စီးပွားရေး ဘယ်လို ထိန်းချုပ်မယ် မသိဘူးလို့ ရင်ဖွင့်ပါတယ်။

တိုင်းပြည်စီးပွားရေးသာ နားမလည်ရှိရမယ်၊ စီးပွားရေးသမားမွေးတဲ့ နေရာမှာတော့ လားစိုးမြင့်လို ရှမ်းတရုတ်နဲ့ သစ်မှောင်ခိုလုပ်ပြီး ကြီးပွားခဲ့တဲ့ စီဘီဘဏ် ဥက္ကဋ္ဌ
ခင်မောင်အေးတို့ကိုတော့ မွေးထားနိုင်ပါတယ်။ ဒါပေမယ့် ခရီးသွားရင်တော့ တေဇနဲ့ မက်စ်မြန်မာ ဇော်ဇော်ကို အမြဲခေါ်လေ့ရှိတယ်လို့ သိရတယ်။

တိုင်းပြည်ဘဏ္ဍာ ဘုံးတယ်၊ လာဘ်စားတယ်ဆိုတဲ့ စကားကို ဆီသည်မ လက်သုတ်ဝတ်လို ဖန်တရာတေအောင် ထပ်ခါတလဲလဲ အသုံးအနှုန်း ခံနေရတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့
အပေါင်းအပါ ထိပ်တန်း ဗိုလ်ချုပ်တွေထဲမှာတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က လာဘ်စားမှု အနည်းဆုံးလို့ ဆိုကြတယ်။ မွေးထားတဲ့ သမီးတွေကလည်း ဗိုလ်ချုပ်ကြီးဟောင်း
ဦးရွှေမန်းတို့၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ သားတွေလို ချမ်းသာသည်ထက် ချမ်းသာအောင် စီးပွားရေး သောင်းကျန်းသူတွေတော့ မဟုတ်ဘူးလို့ ပြောကြတယ်။

ဒါပေမယ့် သူလည်း တိုင်းမှူးဘ၀၊ ၀န်ကြီးချုပ်ဘ၀မှာတော့ လုပ်ပိုင်ခွင့် ခွင်ထဲကနေ ပူဇော်ကန်တော့ ခံတာတွေတော့ ရှိမှာပေါ့။ ဘာကြောင့်လဲဆိုတော့ တြိဂံတိုင်းအတွင်းက “၀”
ခေါင်းဆောင်တချို့နဲ့ မိုင်းလားခေါင်းဆောင်တချို့အဆိုအရတော့ လာဘ်မစားတဲ့ တိုင်းမှူး၊ စစ်ဗိုလ်ချုပ်ဆိုတာ မရှိဘူးတဲ့၊ ရှိတယ်ဆိုရင် သူတို့ကို ပြောပါဆိုပြီး ရဲရဲကြီး အာမခံ
ပြောနေတာတွေကိုလည်း ကြားနေရ တယ်။

သမ္မတလောင်းကြီးရဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းရဲ့ လက်သုံးစကားကတော့ “အန်တီတို့က ပိုက်ဆံရှိတာ မဟုတ်ဘူး၊ အစိုးရပေးတဲ့ အိမ်မှာ နေတာ”လို့ အမြဲပြောလေ့ရှိတယ်။
ဘယ်လောက်မှန်သလဲတော့ မသိဘူး။ ဒါပေမယ့် ဒီစကားလုံးတွေက တခြား ဗိုလ်ချုပ် ကတော်တွေ အတွက်တော့ နားကလောစရာ ဖြစ်နေတာအမှန်ပဲ။ ဒါပေမယ့် သိတတ်လို့ လာပေးရင်၊
လာကန်တော့ရင်တော့ လက်ခံမှာပါ။

တကယ်တော့ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း တက်လာခဲ့တဲ့ စစ်ကောင်စီ ဗိုလ်ချုပ်တွေ၊ တိုင်းမှူးတွေ၊ ၀န်ကြီးတွေတိုင်း လာဘ်မစားဘူးဆိုတာ မရှိပါဘူး။
ဦးသိန်းစိန်အနေနဲ့လည်း လုပ်ပိုင်ခွင့်ပဲ မရှိသေးလို့လား၊ မရသေးလို့လား၊ ဒါမှမဟုတ် ရုံးလုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်လာသူဆိုတော့ ဇယားကြေလို့ပဲ မြန်မာနိုင်ငံ
စာရင်းစစ်အဖွဲ့ချုပ်က စစ်ဆေး မရတာလား ဆိုတာကို တော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ။

• မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ အပိုင်း (၁)

• မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ အပိုင်း (၂)

• မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ အပိုင်း (၃)


http://www.bur.irrawaddy.org/

Tuesday, February 15, 2011


“ဘယ်လိုလဲ သူငယ်ချင်း ... အိမ်ရှင်းပြီးပြီလား”

ဒီထဲမှာ အိမ်ရှင်းမယ့် သူငယ်ချင်းတွေ ဘယ်နှစ်ယောက်ပါသလဲတော့ မသိ

ဒီကနေ့ နေပြည်တော် ၀န်ကြီးဌာန အဆင်မြင့် အရာရှိကြီးများ အကြား တဦးနဲ့ တဦးတွေ့ဆုံတဲ့ အခါ “ဘယ်လိုလဲ သူငယ်ချင်း အိမ်ရှင်း ပြီးပြီလား” ဆိုတဲ့ နှုတ်ဆက်စကားက
ရေပန်းအစားဆုံး စကားဖြစ်နေတယ်လို့ သိရပါတယ်။
အပြင်လူတဦး အနေနဲ့တော့ ဒီလို နှုတ်ဆက်စကားကို ကြားရင် အဆင့်မြင့်အရာရှိကြီးတွေ ခမျာ အစိုးရ ရုံးအလုပ် တွေကိုလည်း လုပ်ရ အိမ်ပြန်ရောက်တော့လည်း မိန်းမဆီက
မျက်နှာရအောင် အိမ်ရှင်းလင်းရေး လုပ်ရတယ်လို့ ထင်မြင်ကောင်း ထင်မြင်ပါ လိမ့်မယ်။
ဒါအပြင် “နေကောင်းလား၊ စားပြီးပြီလား” ဆိုတဲ့လူမှုဝတ္တရားအရ မေးလေ့မေးထရှိတဲ့ ပဋိသန္တရ စကားကို အမြဲပြောဆို သုံးနှုန်းလေ့ ရှိသူ တဦးအတွက်တော့ နေပြည်တော်
အရာရှိကြီးများရဲ့ နှုတ်ဆက်စကားဟာ ထူးဆန်းကောင်း ထူးဆန်း နေပါ လိမ့်မယ်။
တကယ်တော့ ဒါဟာ အချင်းချင်းတွေ့တဲ့ အခါမှ မေးတဲ့ လျှို့ဝှက် မေးခွန်းတခုပါ၊ ညွန်မှူးတို့ ညွန်ချုပ်တို့လို အဆင့်မြင့် အရာရှိ ကြီးတွေအကြား တဦးနဲ့တဦး အပြင်လူ မရိပ်မိအောင်
အထာနဲ့ မေးလိုက်တဲ့ မေးခွန်းပါပဲ။
နေပြည်တော် အဆင့်မြင့်အရာရှိကြီး တဦးရှင်းပြတာကတော့ “၀န်ကြီးဌာနတွေ ကြေညာပြီ ၀န်ကြီးအသစ်တွေ လာတော့မယ်၊ ဘာတွေဘယ်လို ပြောင်းမယ်ဆိုတာ မသိဘူး၊ ဒီတော့
ရဲဘော် စာရင်းရှင်းစရာရှင်း၊ ပိုနေရင် ၀ိုက်၊ လိုနေရင် စိုက်လုပ် ပြီးပြီလား” ဆိုတဲ့ အဓိပ္ပာယ်လို့ ပြောပါတယ်။
အခုဆိုရင် နေပြည်တော် ၀န်ထမ်းတွေ အနေနဲ့ အစိုးရအသစ် တက်လာရင် လက်ရှိရာထူးနေရာမှာပဲ အပြောင်းအလဲမရှိ ဆက်ရှိ နေမလား၊ တခြားဌာနနဲ့ တွဲ ရမလား ဆိုတာ
မရေရာမသေချာတဲ့ အတွက် လုပ်ငန်းခွင်က ကိစ္စတွေကို အပြတ်ရှင်းနေကြတယ်လို့ သိရပါတယ်။
ဒီလိုမျိုး ၀န်ကြီးအကူးအပြောင်း၊ စာရင်းအလွှဲအပြောင်း စပ်ကူးမတ်ကူး ကာလ (ကြားကာလ)မှာ ရုံးကိစ္စ အရှုပ်ထုတ်တွေကို အပျောက်ရှင်းကြတာကတော့ ရုံးဝန်ထမ်း လောက
ဓမ္မတာတခုလို ဖြစ်နေပါပြီ၊ ဒီလိုရှင်းလင်း မှုတွေမှာ အခန့် မသင့်ရင် ၀န်ထမ်း တွေကိုယ်တိုင် “အပက” ဆိုတဲ့ အများပြည်သူပိုင် ပစ္စည်း ကာကွယ်ခွင့် အက်ဥပဒေနဲ့ အနှစ် ၂၀ လောက်
ထောင်တန်း ကျသွားနိုင် သလို သူဌေးဖြစ်သွားတဲ့ အရာရှိကြီးတွေလည်း မနည်းပါဘူး။
အရင် မဆလလက်ထက်မှာ တော့ သမ၀ါယမဆိုင်တွေ ခေတ်ကောင်းစဉ်က အခုလို ဆောင်းအကုန် နွေအကူး၊ နှစ်ကုန်လို့ ဘတ် ဂျက် စာရင်းပိတ်ချိန်ဆိုရင် ရှင်းမရ၊ လင်းမရ
လျော်စရာကလည်း မရှိဖြစ်ပြီး ကြံရာမရ မီးရှို့ တတ်တဲ့ အတွက် မီးလောင်မှု မကြာခဏ ဖြစ်တတ်ပါတယ်။
အစိုးရ ၀န်ကြီးဌာန တခုအနေနဲ့ မှတ်မှတ်ရရ မီးအကြီးအကျယ် လောင်ခဲ့တာတော့ နအဖခေတ် ရန်ကုန်မြို့က ကုန်သွန်လယ်ယာ ရုံးချုပ်ကြီးပါပဲ။ ထွက်ပေါ်လာတဲ သတင်းတွေအရတော့
စာရင်းရှင်းမရလို့ မီးရှို့လိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ အဖြစ်အပျက်မျိုး လယ်ယာစိုက်ပျိုးရေး နဲ့ ဆည်မြောင်းဝန်ကြီး ဌာနမှာလည်း မကြာခဏ ဖြစ်လေ့ဖြစ်ထ ရှိတတ် ပါတယ်။
ဒါကြောင့် လက်ရှိ နေပြည်တော် ၀န်ထမ်းတချို့က အစိုးရ အသစ်အပြောင်းအလဲမှာ မီးရှို့မှု၊ မီးလောင်မှု တွေလည်း နေပြည်တော် မှာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြတယ်လို့
ဧရာဝတီက စုံစမ်းသိရပါတယ်။
ရန်ပိုင်

ချက်ဇ် ရီပက်ဘလစ်နိုင်ငံမှာကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ

ချက်ဇ် သမ္မတ ဟောင်းနဲ့ ချက်ဇ် နိုင်ငံခြားရေးဝန်ကြီးတို့ကို မြန်မာ့အရေးဆွေးနွေးပွဲတွင်


တွေ့ရစဉ်

ချက်ဇ် ဆီးနိတ်လွှတ်တော်အမတ် (ဝဲစွန)် နှင့် မြန်မာ့အရေး ဆွေးနွေးပွဲ တက်ရောက်လာသူများ

ပန်းသီး က ဈေးချိုသာပြီး အရွယ်အစားသေးငယ်တဲ့ iPhone တွေထုတ်တော့မယ်တဲ့

An Apple Inc. iPhone 4


sits on top of iPhone boxes.
Photographer:
George Frey/Bloomberg
Smartphones လောကမှာ Google ကထုတ်လုပ်လိုက်တဲ့ Android OS သုံး ဖုန်းတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့အခါ APPLE ကလည်း သူ၏ ဈေးကွက် မကျဆင်းအောင်
အရွယ်သေးပြီး ဈေးနှုန်းချိုသာတဲ့ iPhone များကိုထုတ်လုပ်ပါတော့မယ်။
ဒီနှစ် အလယ်ပိုင်းလောက် ဈေးကွက်ထဲ စတင်ဖြန့်ဖြူးမယ်လို ကြားသိရပါတယ် အတိအကျတော့ မသိရသေးပါဘူး။

APPLE ရဲ့  အဓိက ရည်ရွယ်ချက်ကတော့ ဈေးကွက်တွင်း ရှိနေတဲ့ Android OS သုံး SmartPhones များရဲ့  ဈေးနှုန်းချိုသာမူကို ပြိုင်ဆိုင်မှာဖြစ်ပါတယ်။

အရွယ်အစားကတော့ ယခုလက်ရှိ iPone 4 ထက် တဝက် ငယ်မယ်လို့ နမူနာပုံစံ (prototype) မှာတွေ့ရပါတယ်။

Photo-illustration: Jed Egan

The Wall Street Journal ရဲ့  အဆိုအရ iPhone nano ဟာ တကယ်ကို ပေါ့ပါးမယ် edge-to-edge screen ဖြစ်မယ် voice-based navigation တွေ ပါလာမယ် လို့ပြောထားပါတယ်။

"mini" iPhone or iPhone Nano တွေက Dual-core processor တွေ ပါလာနိုင်ပြီး international GSM network (နိုင်ငံတကာ GSM ကွန်ရက်)တွေမှာပါ အသုံးပြုနိုင်အောင်
စီစဉ်ထားမယ်လို့ သိရပါတယ်။

APPLE ရဲ့ နောက်ထပ် စိန်ခေါ်မူအသစ်တရပ်နှင့် ရင်ဆိုင်ရဖွယ် ရှိတာကတော့ Nokia နှင့် Microsoft Corp တို့ ပူးပေါင်းပြီး smartphone များကို ထုတ်လုပ်မယ့် ကိစ္စဟာလည်း တစ်ခု
အပါအ၀င်ဖြစ်ပါသည်။

နယူးယောက် အခြေစိုက် Needham & Co ကုမ္မဏီ၏ လေ့လာဆန်းစစ်သူ Charlie Wolf ကတော့ "လက်ရှိ ကမ္ဘာ မိုဘိုင်းဖုန်းဈေးကွက်၏ ၂၅ ရာခိုင်နှုန်း iPhone ဈေးကွက်ကို
ဆက်လက်ထိုးဖောက်မည့် အစား ၁၀၀ ရာခိုင်နှုန်းလုံး ကို သိမ်းပိုက်သင့်တယ်" လို့ပြောပြထားပါတယ်။
ရခိုင်တိုင်းမှူး သံဃာတပါး အကန်ခံရ

ရှင်ကျော်ဘုရား ထီးတော်တင်ရန် ရခိုင်တိုင်းမှူး ဆောင်ရွက်နေစဉ်

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်ရှိ ရှင်ကျော်မုနိဘုရား ထီးတင်ပွဲမှာ ရခိုင်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းကို သံဃာတော်တပါးက ခြေထောက်နဲ့ ကန်ကျောက်ခဲ့တယ်လို့ သိရပါတယ်။

ဘုရားထီးတော် တင်ဖို့ ပြင်ဆင်နေစဉ်မှာ ပင့်သံဃာတွေထဲက သံဃာတော်တပါးဟာ ရခိုင်တိုင်းမှူးကို ခြေထောက်နဲ့ ကန်ကျောက်ခဲ့ပြီး ဆရာတော်ကြီးတချို့ကိုလည်း ရန်ပြုခဲ့ကာ အောင်ပြီ
၊ အောင်ပြီလို့ ကြွေးကြော်ခဲ့ကြောင်း ဒေသခံတဦးကို ကိုးကားပြီး နိရိဉ္ဇရာ သတင်းဌာနက ဒီနေ့ ဖော်ပြလိုက်ပါတယ်။

မျက်မြင် ရဟန်းတော် တစ်ပါးကလည်း “ ပြာသိုလကွယ်နေ့ နံနက်ပိုင်း ၈ နာရီ ၉ နာရီခန့်ရှိမယ် ထင်ပါတယ်။ တိုင်းမှူး အပါအ၀င် အလိုတော်ပြည့် ဆရာတော် ဘုရားကြီးတို့
ထီးတော်တင်ဖို့ ပြင်ဆင် နေချိန်မှာ တိမ်ညိုနားမှာ ရှိတဲ့ သပြေကန် ဆရာတော် ဦးသုဝဏ္ဍက နတ်ပူးတယ်လို့ ပြောပါတယ်။ တိုင်းမှူး စိုးသိန်းကို ခြေထောက်နဲ့ ကန်တယ်။
အလိုတော်ပြည့် ဆရာတော်ကြီးကိုလည်း လည်ပင်း ညစ်ဖို့ လုပ်ပါတယ်။ ပီးရင် အောင်ပြီ အောင်ပြီလို့လည်း အော်ပါတယ်။ ရှင်ကျော် ဆရာတော်ကြီး ရုပ်ထုကိုလည်း ခြေထောက်နဲ့
ကန်ပါတယ်။ တိုင်းမှူးအနားမှာ လုံခြုံရေး ယူထားတဲ့ စစ်သားနဲ့ ရဲတွေက ဦးသုဝဏ္ဍကို ဖမ်းဖို့ လုပ်ပါတယ်။ ပွဲတော်ကို ရောက်နေတဲ့ ကိုနေထက်လင်းတို့ ကိုဘုန်းလျှံတို့ထင်ပါတယ်။
တစ်ခုခု မှားပြီး စိတ်ဖေါက်ပြန်တဲ့ အတွက် ဖြစ်တာပါ။ ဘာမှ မလုပ်ကြပါနဲ့။ မလုပ်ကြပါနဲ့လို့ စပီကာကတဆင့် အော်တော့ ခဏလေးအကြာမှာ ဘုန်းကြီး ငြိမ်ကျသွားတယ်။ ဖြစ်တာက
ငါးမိနစ်လောက်ပဲ ကြာပါတယ်”လို့ မိန့်ကြားခဲ့တယ်လို့ ယင်းသတင်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
လွတ်လပ်မှုနဲ့ တရားမျှတခြင်း

“လွတ်လပ်မှုနဲ့ တရားမျှတခြင်း ?” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်းချီပြပွဲတပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Thavibu ဆိုတဲ့ ပြခန်းမှာ ဖေဖော်ဝါရီ ၁၉ ကနေ မတ်လ ၁၂ ရက်နေ့အထိ
ပြသမှာဖြစ်ပါတယ်။

ပန်းချီဆရာကတော့ အသက် ၃၁ နှစ်အရွယ် Jittagarn ဖြစ်ပြီး သူ့ရဲ့ “People in power” ဆိုတဲ့ လူတွေရဲ့ စရိုက်ကို ဖော်ကျူးတဲ့ Portrait ပန်းချီကားတွေက ထင်ရှားပါတယ်။
အမေရိကန်နဲ့ ထိုင်းမှာ ပြပွဲတွေ မကြာခဏ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
ပန်းချီကားတွေကတော့ ပုံတူပန်းချီတွေဖြစ်ပြီး အဓိကက ထင်ရှားတဲ့လူတွေရဲ့ စရိုက်ကို ဖော်ကျူးတာဖြစ်ပါတယ်။ အများသော အားဖြင့်တော့ သူက နိုင်ငံရေးသမားတွေထဲက
ကောင်းတဲ့သူတွေနဲ့ ဆိုးတဲ့သူတွေရဲ့ စရိုက်ကို ပေါ်လွင်အောင် ရေးဆွဲလေ့ ရှိပါတယ်။ အခု ပြသမယ့် ပန်းချီကားတွေထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ
ပန်းချီကားလည်းပါဝင်ပါတယ်။
စစ်ရေးလေ့ကျင့်နေတဲ့ F - 16 လေယာဉ် ၂ စင်း ပျက်ကျ

အမေရိကန်မှ ဝယ်ယူထားသည့် ထိုင်းလေတပ်ပိုင် F - 16 တိုက်လေယာဉ်များ

မနေ့က ထိုင်းနိုင်ငံအလယ်ပိုင်း Chaiyaphum ပြည်နယ် အတွင်းမှာ F - 16 ဖိုက်တာ ဂျက် လေယာဉ် ၂ စင်း ရှေ့ဆင့်နောက်ဆင့် ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ ဒီလေယာဉ်တွေဟာ
အမေရိကန်နဲ့ ထိုင်း စစ်ရေးပူးပေါင်းလေ့ကျင့်နေတဲ့ ကော်ဘရာ ဂိုးလ် လေ့ကျင့်ရေး အစီအစဉ်မှာပါတဲ့ လေယာဉ်တွေ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က အမေရိကန်က ဝယ်ထားတဲ့ လေယာဉ်တွေ
ဖြစ်ပါတယ်။ ဒေသခံတွေကတော့ ပေါက်ကွဲသံကြီး ၂ ခု ရှေ့ဆင့်နောက်ဆင့် ကြားလိုက်ရတယ်လို့ ဆိုပါတယ်။ လေယာဉ် ၂ ဆင်း ပျက်ကျတဲ့ နေရာတွေဟာ ကီလိုမီတာ အနည်းငယ်သာ
ကွာဝေးပါတယ်။ လေယာဉ်ပေါ်မှာ ပါသွားတဲ့ လေယာဉ်မှူး ၂ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ဘာကြောင့် အခုလို လေယာဉ်တွေ ပျက်ကျတယ်ဆိုတဲ့
အကြောင်းရင်းကို သေချာ မသိရ သေးတဲ့အတွက် ထိုင်းလေတပ်က အထူး စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
http://www.irrawaddyblog.com/

မြန်မာသို့ ဗြိတိန်အကူ ၅ဝ ရာနှုန်း တိုးမည်


ကိုပေါက် | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ ပေးအပ်နေသည့် လူသားချင်းစာနာမှု ဗြိတိန်အကူအညီများကို ၄ နှစ်အတွင်း ၅ဝ ရာခိုင်နှုန်း တိုးမြှင့်ကူညီသွားမည်ဟု ဗြိတိန်နိုင်ငံ
တနင်္လာနေ့ထုတ် The Independent သတင်းစာကြီးတွင် ဖော်ပြပါရှိသည်။

အရှေ့တောင်အာရှရှိ အဆင်းရဲဆုံးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအတွက် လက်ရှိအားဖြင့် ပေါင်စတာလင် ၃၂ သန်း ကူညီနေရာမှ ၄ နှစ်စာအတွက် ပေါင် ၁၈၅ သန်း တိုးမြှင့်သွားမည်ဟု
ဖော်ပြပါရှိခြင်း ဖြစ်သည်။

“ဗြိတိန်ဟာ ကာလကြာရှည်စွာ ငြိမ်သက်နေတဲ့


မြန်မာပြည်သူတွေကို မမေ့ပါဘူး။ သူတို့ဟာ ညံ့ဖျင်းလှတဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ၊
လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် ဖြစ်ပေါ်နေဆဲ ပြည်တွင်းစစ် အန္တရာယ်နဲ့ အစာရေစာ
ငတ်မွတ်ခေါင်းပါးမှုတွေအောက်မှာ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု DFID
အတွင်းဝန် Andrew Mitchell က The Independent ကို ပြောကြားထားသည်။

အကူအညီအစီအစဉ်ကို လူမှုရေး၊ ကူညီရေး အဖွဲ့များနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ကာ၊


မူလတန်းကလေးငယ် ၂၂၅,ဝဝဝ အတွက်သာမက လူဦးရေ ၂ သိန်းနှင့် ဆက်စပ်နေသည့်
စားနပ်ရိက္ခာနှင့် အသေးစားချေးငွေ လုပ်ငန်း ၁ သိန်းအတွက်ပါ ထောက်ပံ့သွားမည်ဖြစ်သည်။

ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန DFID က ယခုနှစ် မေလတွင် စတင်စီစဉ်မည်ဖြစ်ပြီး


ကိုယ်ဝန်ဆောင် မိခင် ကျန်းမာရေး မြှင့်တင်မှုနှင့် ငှက်ဖျားရောဂါ လျော့ချရေးများတွင်
အဓိကသုံးစွဲသွားမည်ဖြစ်ကြောင်းနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက်လည်း
ပါဝင်ကြောင်း Burma Campaign (UK) မှ အရာရှိ မမေရီလှက မဇ္ဈိမကို ပြောသည်။

“ထိုင်း-မြန်မာနယ်စပ်ကနေ TBBC လို အဖွဲ့တွေ၊ တခြား 3D Program နဲ့ သွားတာ ရှိပါတယ်။


အရင်က အကူအညီ ပေးခဲ့တာတွေဟာ ထိရောက်မှုရှိသလို အခု ပိုပြီးတိုးချဲ့ပေးလာတဲ့ သန်း ၅ဝ
ဆိုတော့ ရှေ့ဆက်ပြီးတော့ ကောင်းလာမယ်” ဟု ဆိုသည်။ The Independent
ယခုလို တိုးမြှင့်ကူညီခြင်းသည် ဥရောပကော်မရှင်က ပေးအပ်နေသည့် အကူအညီများ ရပ်ဆိုင်းသွားခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း Burma Campaign (UK) က သုံးသပ်သည်။

“ဥရောပ ကော်မရှင်ကနေ ဗမာပြည်ကို ယူရိုတသန်း ထောက်ပံ့ကူညီမှုတွေ ပေးနေတာ ရပ်တန့်လိုက်ပါတယ်ရှင့်။ အဲဒီလို ရပ်တန့်လိုက်တဲ့အတွက် အထူးသဖြင့် ထိခိုက်မှုရှိတာက
နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေ အများကြီး ထိခိုက်ပါတယ်။ သူတို့ရသင့်ရထိုက်တဲ့ ဆန်တို့၊ ဆီတို့ကအစ လျှော့ချမှုတွေ ရှိတယ်” ဟု မမေရီလှက ပြောသည်။

ယခုလနှောင်းပိုင်း သို့မဟုတ် မတ်လဆန်းပိုင်းတွင် ထုတ်ပြန်မည့် DFID ၏ ပြန်တမ်းတွင် မြန်မာပြည်သူ ၁၆ သန်းမှာ အလွန်ဆိုးရွားကြမ်းတမ်းသည့် ဘဝတွင် နေထိုင်ကြရပြီး၊
အစိုးရအနေဖြင့် ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် အလွန်နည်းပါးသည့် ငွေကြေးပမာဏကိုသာ သုံးစွဲကြောင်းကို ဖော်ပြထားမည်ဟု The Independent သတင်းစာက
ဆိုထားသည်။

ယခင်က နာဂစ်ဆိုင်ကလုန်း မုန်တိုင်းသင့်ဒေသများသို့ ကူညီခဲ့ရာတွင် နအဖ စစ်အစိုးရမှတဆင့် ပေးအပ်ခဲ့ရကာ အမှန်တကယ် လိုအပ်နေသော ပြည်သူများလက်တွင်း အနည်းငယ်သာ
ရောက်ရှိခဲ့သည့် အတွေ့အကြုံများ ရှိသဖြင့် အကူအညီများ ပေးရာတွင် မှတ်တမ်းမှတ်ရာများကို ပြန်လည်သုံးသပ်ပြီးမှ ပေးသင့်ကြောင်း Burma Campaign (UK) က ဗြိတိန်အစိုးရကို
တောင်းဆိုသည်။
ဂီရိအကူများ လိုအပ်ဆဲဟု CRPP ပြောဆို
မျိုးသန့် | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဂီရိမုန်တိုင်းသင့် ရခိုင်ဒေသများတွင် စက်လှေနှင့် ငါးဖမ်းပိုက်များ ပိုမိုကူညီရန် လိုအပ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ပြောသည်။

“အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေက အဓိက ရေလုပ်ငန်းပေါ့။ ရေလုပ်ငန်းလုပ်မှ ဝင်ငွေတချို့ ရမယ်။ အဲဒီလို ရတော့မှ အဆင်ပြေကြမယ်။ အဲဒါ မိုးမကျခင်တော့ ရေလုပ်ငန်းအတွက်
ကူရမယ်ပေါ့။ လောလောဆယ် ရေလုပ်သားတွေအတွက် လှေတွေ၊ ပိုက်တွေကို အရစ်ကျ ပေးသွင်းဖို့ပဲဖြစ်ဖြစ်၊ ရေရှည်ဆပ်တဲ့ နည်းနဲ့ပဲဖြစ်ဖြစ် အပိုင်မပေးရင်တောင် အဲဒီလို လုပ်ပေးမှ
ဖြစ်မယ်လို့ ထင်တယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် တိုက်ခတ်ခဲ့သည့် ဂီရိကြောင့် ရခိုင်ကမ်းရိုးတန်းဒေသရှိ ငါး၊ ပုဇွန်မွေးမြူကန် ဧက ၅ဝ,ဝဝဝ ခန့်နှင့် ငါးဖမ်းစက်လှေများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (UN-OCHA) မြန်မာနိုင်ငံ၏ ယမန်နှစ် နိုဝင်ဘာ ၂ ရက်နေ့ထုတ် အစီရင်ခံစာ အမှတ် ၅ တွင်
ဖော်ပြထားသည်။

တနာရီလျှင် ၁၂ဝ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့သည့် ဂီရိမုန်တိုင်းကြောင့် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြားနှင့် ပေါက်တော မြို့နယ်များတွင် အထိအခိုက် များခဲ့ပြီး၊ မြေပုံမြို့တွင် ရေလုပ်ငန်းဆိုင်ရာ
ဆုံးရှုံးမှု ၉ဝ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ကိုလေးက ရန်ကုန်အခြေစိုက် မြန်မာပို့စ်သတင်းဂျာနယ်ကို
ဖြေကြားခဲ့သည်။

မြေပုံမြို့နယ်တွင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းစက်လှေ အစီး ၂ဝဝ နှင့် စက်မဲ့လှေ အစီးပေါင်း ၁,၃ဝ၃ စီး၊ စုစုပေါင်း ၁၅ဝ၃ စီး ရှိရာ ဆုံးရှုံးမှု အများဆုံးဟုလည်း ဆိုသည်။

“ရွာတွေမှာက ပိုဆိုးတယ်။ အဲဒီတော့ လှေတွေ၊ ပိုက်တွေဆိုတာကလည်း နည်းနည်းပါးပါး ကျန်နေတဲ့ လူတွေက လုပ်ကိုင်စားသောက်ကြတာ။ သူတို့ဆီမှာ ပင်လယ်ကိုထွက်နိုင်တဲ့
လှေတစင်းကလည်း ၆ သိန်း ၇ သိန်းလောက် ရှိတယ်။ ဒါတွေကို လုပ်ဖို့လည်း သူတို့မှာ အရင်းအနှီး မရှိကြဘူး” ဟု ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

UN-OCHA ၏ အမှတ် ၅ အစီရင်ခံစာတွင် ဂီရိမုန်တိုင်းကြောင့် အနည်းဆုံး ၄၅ ဦး သေဆုံးပြီး၊ ၇ဝ,၉၇၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ကာ နေအိမ် ၁၅,ဝဝဝ ခန့် ပြိုကျခဲ့သည်ဟု ဖော်ပြခဲ့သည်။
အဆိုပါ အိမ်များမှာ ၃ လကျော်ကြာမြင့်သည်အထိ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးဟု ဆိုသည်။

“အခုက မြို့ပေါ်ရပ်ကွက်တွေမှာတောင် အိမ်တွေက ပြန်မဆောက်နိုင်ကြသေးဘူး။ ပိုက်ဆံနည်းနည်းရှိတဲ့ လူတွေလောက်ပဲ အိမ်တွေ ပြန်ဆောက်နိုင်ကြတာ။ ကျန်တဲ့ ဆင်းရဲတဲ့
လူတွေကတော့ အိမ်တွေ လုံးဝ ပြန်မဆောက်နိုင်ကြသေးဘူး” ဟု သူက ပြောသည်။

မုန်တိုင်းဒဏ်ကြောင့် စစ်တွေခရိုင်တွင် စာသင်ကျောင်း ၃ဝဝ ခန့်နှင့် ကျောက်ဖြူခရိုင်တွင် ၅ဝ ကျော် ပျက်စီးခဲ့ရပြီး ပြန်လည်ပြင်ဆင်ရန် လိုအပ်နေသေးသည်။ လန်ဒန်အခြေစိုက် Save
The Children အဖွဲ့မှ ကျောင်းပေါင်း ၂၁ ကျောင်းကို ကူညီရန်နှင့် အဆိုပါ ကျောင်းများထဲမှ ၇ ကျောင်းကို အမြဲတမ်း ကျောင်း (စောင့်ကြည့်) အဆင့်သို့ တိုးမြှင့်ပေးမည်ဖြစ်ပြီး ကျန် ၁၄
ကျောင်းကိုမူ ယာယီ သင်ထောက်ကူ ကျောင်းများအဖြစ် ဆောင်ရွက်သွားမည်။

ထို့ပြင် ကျောင်းသုံးပစ္စည်းနှင့် ဆရာ၊ ဆရာမများအတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများကိုလည်း ထပ်မံတိုးချဲ့ကူညီသွားရန် အစီအစဉ်ရှိသည်ဟု ယခုလထုတ် UN-OCHA
၏ အစီရင်ခံစာက ဆိုသည်။

“ရွာတိုင်းလိုလိုမှာ စာသင်ကျောင်းတွေကတော့ အကုန်ပျက်စီးတယ်။ အစိုးရကျောင်းတွေကိုတော့ အစိုးရကနေ ကုမ္ပဏီတွေကို အပ်ပြီးတော့ ကျောင်းတွေ ဆောက်နေပြီ။ ကျောက်ဖြူ၊
မြေပုံမှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာ Foundation တွေ ချနေတာကို တွေ့တယ်” ဟု ဦးအေးသာအောင်က ပြောသည်။

ယခုလ ၁ဝ ရက်နေ့ထုတ် UN-OCHA အစီရင်ခံစာတွင် ၃ လ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းအတွင်း မြေပုံတွင် ၁၁၃,၅၉၆ ဦး၊ ပေါက်တောတွင် ၄ဝ,၃၂၅ ဦး၊ ကျောက်ဖြူတွင်
၇၁,၇၈၇ ဦး၊ မင်းပြားတွင် ၂၇,၉၇၅ ဦးတို့ကို စားနပ်ရိက္ခာထောက်ပံ့မှု ပေးခဲ့သည်ဟု ဖော်ပြထားသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လေဘေးသင့်သူများအတွက် အလှူငွေ ကျပ်သိန်း ၁ဝဝ ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် လှူဒါန်းခဲ့သေးသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း မုန်တိုင်းသင့်များ ကူညီရန်အတွက် သူအပါအဝင် ဝါရင့်နိုင်ငံရေးသမားကြီးများ၊ CRPP အဖွဲ့ဝင်များ၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ် (မြန်မာ)
ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်အချို့ စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတကာသို့ ပန်ကြားလွှာတစောင် ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းဒဏ်သင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၅၇ သန်း လိုအပ်ရာ ၂၂ သန်းသာ ရရှိသည်ဟု ဦးအေးသာအောင်က ပြောသည်။
အသက်မပြည့် ပြည်နယ် ကြံ့ဖွံ့ဝန်ကြီး ရုပ်သိမ်းခံရ
ဖနိဒါ | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၅ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ ကြံ့ဖွံ့အမတ် ဦးပူးကွီးထန်းကို ဝန်ကြီးခန့်ရန် အသက်မပြည့်ဆိုကာ အတိုက်အခံ အမတ်များက ကန့်ကွက်ခဲ့ရာ အင်္ဂါနေ့ ချင်းပြည်နယ် လွှတ်တော်အစည်းအဝေး
ဝန်ကြီးစာရင်းတွင် မပါတော့ကြောင်း ချင်းအမျိုးသား ပါတီ CNP ဥက္ကဋ္ဌ ဦးဇိုဇမ်းက ပြောသည်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးပူးဟုန်ငိုင်းက တနင်္လာနေ့တွင် ဝန်ကြီးအဖြစ် တင်သွင်းခဲ့သော ဦးပူးကွီးထန်းသည် ၃၄ နှစ်သာ ရှိသဖြင့် ဥပဒေသတ်မှတ်ချက်နှင့် မညီညွတ်သဖြင့်
ချင်းပြည်နယ် တိုးတက်ရေးပါတီ CNP နှင့် ချင်းအမျိုးသားပါတီ CNP မှ ကိုယ်စားလှယ် ၁၁ ဦး လက်မှတ်ထိုးကာ ထိုနေ့တွင်ပင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှတဆင့် သမ္မတ ဦးသိန်းစိန်ထံ
ကန့်ကွက်စာတင်ခဲ့သည်။

“မနေ့က ကန့်ကွက်တဲ့ကိစ္စ။ ဒီနေ့တော့ အောင်ပွဲခံလိုက်တယ်။ ဒီနေ့ အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌကနေ စာရတဲ့အကြောင်း စာဖတ်ပြတယ်။ ဝန်ကြီးစာရင်းတွေ
ပြန်ပြီးကြေညာတဲ့အချိန်မှာ သူ့နာမည် မပါတော့ဘူးလေ။ သူ့ကို ဝန်ကြီးဘဝကနေ ပြန်ရုပ်သိမ်းလိုက်တယ်” ဟု CNP ဥက္ကဋ္ဌ ဦးဇိုဇမ်းက ပြောသည်။

သို့သော် အင်္ဂါနေ့ ချင်းပြည်နယ် ဝန်ကြီးများ အမည်စာရင်းတွင် ကန်ပက်လက် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးကွီးထန်း အမည်မှာ စစ်အစိုးရ သတင်းစာတွင် ပါဝင်နေသေးသည်။ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပုဒ်မ ၂၆၁ (က) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များသည် အသက် ၃၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်ဟု ဖော်ပြထားသည်။

အခြားသော ချင်းပြည်နယ် ဝန်ကြီးများမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ဦးနန်ဇမုန်၊ ဦးရမ်မန်း၊ မြန်မာ့ဝါနှင့် ပိုးချည်လုပ်ငန်း ပြည်နယ်
မန်နေဂျာ(ငြိမ်း) ဦးဗန်ထောင်၊ ဦးကျော်ငြိမ်း၊ ဦးကျင်လျန်းပေါင်၊ ရှေးဟောင်း သုတေသန ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာဘမောင်နှင့် ဦးနိန်နိုင်းတို့ ဖြစ်ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး စာရင်းများပါ အမျိုးသမီးဝန်ကြီး ၃ ဦးအနက် ကြံ့ဖွံ့ပါတီမှ ကချင်ပြည်နယ်ဝန်ကြီး ဒေါ်ဘောက်ဂျာ (ပူတာအိ)ု ၊ ကချင်ပြည်နယ် တိုင်းရင်းသား
လူမျိုးရေးရာဝန်ကြီး ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ဒေါ်ခင်ပြုံးရည်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဒေါ်စန်းစန်းနွယ်တို့ ဖြစ်သည်။

အမျိုးသမီး ပြည်နယ်ဝန်ကြီး နည်းပါးခြင်းသည် မျှတမှုမရှိသလို ရွေးချယ်သူများက ပညာအရည်အချင်းပေါ် မူတည်ကာ ရွေးချယ်ခြင်း ဖြစ်နိုင်သည်ဟု ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ
ဦးစောထွန်းအောင်မြင့်က သုံးသပ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးပေါင်း ၁၂၆ ဦးနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးလောင်း ၂၉ ဦး ရှိသဖြင့် စုစုပေါင်း ၁၅၅ ဦးအနက်
အမျိုးသမီးမှာ ၃ ဦးသာ ပါရှိသည်။

“မကြိုက်လို့နေမှာပေါ့။ ဝန်ကြီးချုပ်က သဘောကျတဲ့လူကို ထားတယ်ဆိုတော့ အဓိက အမျိုးသမီး၊ အမျိုးသား မဟုတ်ပါဘူး။ ဝန်ကြီးဆိုတာ ပညာရှင်ကို ခန့်တဲ့ နေရာပါ။ အခု ကျနော်တို့
ချင်းပြည်နယ်က ၈ တန်း၊ ၉ တန်း လောက်ကိုတောင် ဝန်ကြီးခန့်ထားတာ မမျှတဘူးပေါ့” ဟု ဦးဇိုဇမ်းက သုံးသပ်သည်။

ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော်ဝန်ကြီးများ ရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမျိုးသမီး ကိုယ်စားလှယ် ၂၂ ဦးထဲမှ မပါဝင်ခဲ့ပေ။

ပထမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေး တတိယမြောက်နေ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တင်သွင်းသော ဝန်ကြီးချုပ်၏ ဝန်ကြီးအမည် စာရင်းများတွင် စစ်တပ်နှင့်
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိုယ်စားလှယ်များ လွှမ်းမိုးနေသည်။

ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ ဝန်ကြီး ၉ ဦးစီ တင်သွင်းရာတွင်လည်း တပ်မတော်သား ကိုယ်စားလှယ် ၁ ဦးစီ ပါဝင်ပြီး ကြံ့ဖွံ့ပါတီက အနည်းဆုံး ၆ ဦးထိ ပါဝင်ကာ တိုင်းရင်းသားပါတီ
ကိုယ်စားလှယ်များမှာ အများဆုံး ၂ ဦးကျသာ ပါဝင်နေသည်။

ရှမ်း၊ မွန်၊ ရခိုင်၊ ဖလုံစဝေါ်၊ ကရင် စသည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် အနည်းဆုံး ၂ ဦးစီ ပြည်နယ် ဝန်ကြီးများအဖြစ် ရွေးချယ်ခံထားရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးအဖြစ် အဆိုတင်ခံရသူများ

ကချင်
ပြည်နယ်ဝန်ကြီးများအဖြစ် အရွေးခံရသူများမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းအောင်၊ ဦးညွန့်အောင်၊ ဦးဘီထောဇောင်း၊ ဦးအလေးပါး၊ ဦးကမန်းဒူနော်၊
ဦးအောင်နိုင်၊ ဦးစိုင်းမောင်ရွှေ၊ ဦးခင်မောင်ထွန်းနှင့် ဒေါ်ဘောက်ဂျာ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးရေးရာတွင် ဗမာတိုင်းရင်းသားကိုယ်စားလှယ် ဦးပါ (ခ) ဦးခင်မောင်ဆွေ၊
ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ဒေါ်ခင်ပြုံးရီ၊ လီဆူးတိုင်းရင်းသား ကိုယ်စားလှယ် ဦးအားဆီနှင့် ရဝမ်တိုင်းရင်းသား ကိုယ်စားလှယ် ဦးဂွမ်ရိန်ဒီးတို့ကို အဆိုတင်သွင်းထားသည်။

ကယား
ပြည်နယ်ဝန်ကြီးများမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတင်စိုး၊ ဦးတော့ရယ်၊ ဦးချစ်လှ၊ ဦးရဲဝင်း၊ ဦးစောဟူးဟူး၊ ဦးကိုးရယ်၊ ဦးသန်းကျော်စိုး၊ ဦးပိုးရယ်(ခ)
ပိုးရယ်ရန်အောင်နှင့် ဦးအောင်နိုင်ဦးတို့ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် ဗမာတိုင်းရင်းသားကိုယ်စားလှယ် ဦးစိန်ဦးကို အမည်စာရင်း တင်သွင်းခဲ့သည်။

ကရင်
ပြည်နယ်ဝန်ကြီး ၉ ဦးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်လွင်၊ ဦးချစ်လှိုင်၊ ဦးစောခင်မောင်မြင့်၊ ဦးမင်းစိုးသိန်း (ခ) ဦးနိုင်မင်းစိုးသိန်း၊ ဦးစောခရစ္စတိုဖာ၊
ဦးစောဆာလောလ၊ ဦးသံဒိုင်၊ ဦးစောဝင်းထိန်နှင့် ဦးစောကြည်လင်း ဖြစ်သည်။ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်များအဖြစ် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးခွန်သန်းမြင့်၊
ဗမာတိုင်းရင်းသား ကိုယ်စားလှယ် ဦးခင်ကြူးနှင့် မွန်တိုင်းရင်းသား ကိုယ်စားလှယ် ဦးနိုင်ချစ်ဦးတို့ကို တင်သွင်းခဲ့သည်။

မွန်
ပြည်နယ်ဝန်ကြီးများအဖြစ် တပ်မတော်မှ ဗိုလ်မှူးကြီး ဋ္ဌေးမြင့်အောင်၊ ဒေါက်တာခင်မောင်သွင်၊ ဒေါက်တာ တိုးတိုးအောင်၊ ဒေါက်တာလှဦး၊ ဦးမျိုးညွန့်၊ ဦးဝင်းမောင်ဦး၊ ဦးထွန်းလှိုင်၊
ဦးနိုင်လဝီအောင်နှင့် ဒေါက်တာမင်းနွယ်စိုးတို့ကို ရွေးချယ်သည်။ တိုင်းရင်းသားလူမျိုးစု ဝန်ကြီးစာရင်းတွင် ကရင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးအောင်ကျော်သိန်း၊ ပအိုဝ်းတိုင်းရင်းသား
ကိုယ်စားလှယ် ဦးဖေမြ ခေါ် ခွန်ဖေမြနှင့် ဗမာတိုင်းရင်းသား ကိုယ်စားလှယ် ဦးသက်ဝင်းတို့ အမည်တင်သွင်းထားသည်။

ရခိုင်
ပြည်နယ်ဝန်ကြီးများအဖြစ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ထိန်လင်း၊ ဦးကျော်ခင်၊ ဦးကျော်သိန်း၊ ဦးစိုးအေး၊ ဦးမြအောင်၊ ဦးသာလူချေ၊
ဒေါက်တာအောင်ကျော်မင်း၊ ဦးအောင်သန်းတင်နှင့် ဦးလှဟန်တို့ ဖြစ်ပြီး၊ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးအဖြစ် ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးကိုကိုနိုင်ကို တင်သွင်းထားသည်။

ရှမ်း
ပြည်နယ်ဝန်ကြီးများအဖြစ် တပ်မတော်သား ဗိုလ်မှူးကြီး အောင်သူ၊ ဦးခွန်သိန်းမောင်၊ ဦးသောင်းရွှေ၊ ဒေါက်တာမျိုးထွန်း၊ ဦးတူးမောင်၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးစိုင်းဆာလူ၊ ဦးစိုင်းနော်ခမ်(း ခ)
ဦးတင်ထွန်းအောင်နှင့် ဦးစိုင်းထွန်းရင်တို့ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများအဖြစ် ကချင်တိုင်းရင်းသားကိုယ်စားလှယ် ဦးဒူဝါဇုတ်ဒေါင်၊ ကယန်(း ပဒေါင်) တိုင်းရင်းသား
ကိုယ်စားလှယ် ဦးလောရင်း၊ ဗမာတိုင်းရင်းသား ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ လားဟူတိုင်းရင်းသား ကိုယ်စားလှယ် ဦးရှာမွေလရှဲန်၊ လီဆူးတိုင်းရင်းသား ကိုယ်စားလှယ် ဦးဝှန်ဆန်း (ခ)
ဦးယောဝိ၊ အာခါတိုင်းရင်းသား ကိုယ်စားလှယ် ဦးပီတာသောင်းစိန်နှင့် အင်းသား တိုင်းရင်းသားကိုယ်စားလှယ် ဦးဝင်းမြင့်တို့ အမည်များကို တင်သွင်းခဲ့သည်။ ဦးစိုင်းအိုက်ပေါင်းမှာ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဖြစ်သည်။

စစ်ကိုင်း
တိုင်းဒေသကြီး ဝန်ကြီးများအဖြစ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးကြည်နိုင်၊ ဦးစိန်ဝင်း၊ ဦးစောမြင့်ဦး၊ ဦးစိန်မောင်း၊ ဦးသန်းထိုက်၊ ဦးတင်ငွေ၊ ဒေါက်တာမြင့်သိန်း၊
ဦးတင်ဝင်းနှင့် ဦးကျော်ဝင်းတို့ကို ရွေးထားသည်။ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများအဖြစ် ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးနိုထန်ဘဲလ် (ခ) နိုထန်ကပ်နှင့် ရှမ်းတိုင်းရင်းသား
ကိုယ်စားလှယ် ဦးစန်းရွှေတို့ အမည်စာရင်းများကို တင်သွင်းခဲ့ပြီး ဖြစ်သည်။

တနင်္သာရီ
တိုင်းဒေသကြီး ဝန်ကြီးများမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်လွင်၊ ဦးမြတ်ကို၊ လောင်းလုံ ၁ မှ ဒေါက်တာဝင်းအောင်၊ ကော့သောင်း ၂ မှ
ဒေါက်တာဝင်းအောင်၊ ဦးသန်းအောင်၊ ဒေါက်တာ ကျော်ဆန်း၊ ဦးဝင်းဆွေ၊ ဦးသိန်းလွင်နှင့် ဦးအောင်ကျော်ကျော်ဦး ဖြစ်သည်။ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ်
ကရင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးစောဟာဗီကို အမည် တင်သွင်းထားသည်။

ပဲခူး
တိုင်းဒေသကြီး ဝန်ကြီးများမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး သက်ထွန်း၊ ဦးရဲမြင့်ထွန်း၊ ဦးမြင့်လွင်ဦး၊ ဒေါက်တာကျော်ဦး၊ ဦးကျော်မြင့်၊ ဦးထွန်းဝေ၊ ဦးတင်စိုး၊
ဦးကျော်ဌေးနှင့် ဦးဘေဘီအုန်းတို့ ဖြစ်သည်။ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးအဖြစ် ကရင်တိုင်းရင်းသားကိုယ်စားလှယ် ဦးစောဂျူဘလီစံလှကို တင်သွင်းထားသည်။

မကွေး
တိုင်းဒေသကြီးဝန်ကြီးစာရင်းတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အန့်ဇော်၊ ဦးဝင်းမြင့်မောင်၊ ဦးဝင်းဖေ၊ ဦးနေရှင်း၊ ဦးအောင်ကျော်မင်း၊ ဦးအောင်နိုင်၊ ဦးကြည်မင်း၊
ဦးသိန်းထွန်းနှင့် ဦးမြင့်နိုင်တို့ ပါဝင်သည်။ တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် ချင်းတိုင်းရင်းသားကိုယ်စားလှယ် ဦးဆလိုင်းလှထွန်းကို တင်သွင်းထားသည်။

မန္တလေး
တိုင်းဒေသကြီး ဝန်ကြီးများအဖြစ် တပ်မတော်မှ ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ ဦးအောင်ဇံ၊ ဦးမြင့်သန်း၊ ဒေါက်တာဝင်းလှိုင်၊ ဦးဖုန်းဇော်ဟန်၊ ဦးကျော်ဆန်း၊ ဦးသန်းစိုးမြင့်၊
ဒေါက်တာမြင့်ကြူနှင့် ဦးအောင်မောင်းတို့ကို ခန့်အပ်ခဲ့သည်။ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် ဦးစိုင်းမောင်လှကို
အမည်စာရင်းတင်သွင်းထားသည်။ ဦးဖုန်းဇော်ဟန်မှာ မန္တလေးမြို့တော်ဝန်ဖြစ်သည်။

ရန်ကုန်
တိုင်းဒေသကြီး ဝန်ကြီးများမှာ တပ်မတော်သား ဗိုလ်မှူးကြီးတင်ဝင်း၊ အငြိမ်းစားသံအမတ်ကြီး ဦးလှမြင့်၊ ဦးဉာဏ်ထွန်းဦး၊ ဦးစိုးမင်း၊ ဦးကျော်စိုး၊ ဦးသန်းမြင့်၊ ဦးအောင်ခင်၊
ဒေါ်စန်းစန်းနွယ်နှင့် ဒေါက်တာမြင့်သိန်းတို့ ဖြစ်သည်။ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးအဖြစ် ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ကရင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးစောထွန်းအောင်မြင့်နှင့်
ရခိုင်တိုင်းရင်းသား ဦးဇော်အေးမောင်တို့ကို တင်သွင်းထားသည်။ ဦးဉာဏ်ထွန်းဦးမှာ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၏ ယောက်ဖ အငြိမ်းစားဗိုလ်မှူးကြီး ဖြစ်သည်။

ဧရာဝတီ
တိုင်းဒေသကြီး ဝန်ကြီးများမှာ တပ်မတော်သား ဗိုလ်မှူးကြီးမောင်မောင်ဝင်း၊ ဦးတင်စိုး၊ ဦးဝင်းကိုကို၊ ဦးလှခိုင်၊ ဦးစိုးမြင့်၊ ဦးစန်းမောင်၊ ဦးသန်းထွန်း၊ ဦးစောမြသိန်းနှင့် ဦးကျော်ဝင်းနိုင်
ဖြစ်ပြီး၊ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးအဖြစ် ကရင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးမန်းသန်းရွှေနှင့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးဘကြူးကို တင်သွင်းထားသည်။
ကြံ့ဖွံ့ ခေါင်းဆောင်များ လွှတ်တော်ထဲ တန်းစီဝင်
ကိုဝိုင်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးပါတီအမတ် စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း အပါအဝင် ကြံ့ဖွံ့ ထိပ်တန်းခေါင်းဆောင်များသည် လွှတ်တော်ထဲသို့ တန်းစီ၍ ဝင်လာလေ့ရှိကြောင်း
လွှတ်တော်အမတ်တဦးက ပြောသည်။

“သူများတွေအားလုံး ထိုင်ပြီးတဲ့အချိန်မှာ နာယက မဝင်ခင်မှာ ၅ မိနစ် အလိုမှာပဲ ဘဲလ်တီးတယ်ဗျာ။ ဘဲလ်တီးတဲ့ အချိန်မှာ သူတို့ဝင်လာတယ်။ သူတို့က နာယကရဲ့ ရှေ့လေးမှာ
တန်းစီပြီး ဝင်လာတာ။ ဝင်လာတဲ့အခါမှာ သမ္မတ၊ ဒုသမ္မတ နှစ်ယောက်။ အဲဒါပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေ။ ဦးအောင်သောင်းတို့လည်း တခါတခါ အဲဒီလို ဝင်လာတယ်။
ဝင်လာပြီးတော့မှ စပါတော့မယ်ဆိုတဲ့ အချိန်မှာ နာယက ဝင်လာတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးယုံကြည်မှုကို ရရှိသည်ဟု လူပြောများသော မန္တလေးတိုင်း တောင်သာမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းသည် ယနေ့အထိ
မည်သည့်နေရာမျှ မပါသေးသဖြင့် အမတ်များ စိတ်ဝင်စားနေသည်။
နောက်ထပ် အမတ်တဦးက “သူက ပျက်ကွက်မရှိဘူးလေ။ သူမှ မဟုတ်ပါဘူး။ ဦးဋ္ဌေးဦး (ဗိုလ်ချုပ်ဟောင်း) တို့၊ ဦးသိန်းဇော် (ဗိုလ်မှူးချုပ်ဟောင်း) တို့ ကျန်သေးတယ်။ တခါတခါ သူတို့က
အတွင်းထဲမှာ ကြိုရောက်ပြီး ကျန်တဲ့လူတွေ တတန်းချင်းကို လိုက်နှုတ်ဆက်တယ်။ မနေ့ကဆို ဦးဋ္ဌေးဦးက တတန်းချင်း လိုက်ပြီး စကားပြောတယ်” ဟု ဆိုသည်။

“ဦးအောင်သောင်းက လာပြီဆိုရင် သူ့ကို လူတယောက်က တွဲတွဲလာတယ်။ အဘ ကြွကြွ ဆိုတဲ့ ဟာမျိုးပေါ့နော်။ မိန်းလမ်းအတိုင်း သူလာပြီဆိုရင် တတန်းချင်း တတန်းချင်း
လမ်းဘေးနားလေးက ကြံ့ခိုင်ရေးက လူတွေက ထပြီး ခေါင်းညိတ်ပြကြတယ်။ သူတို့က အဘပဲ ခေါ်တယ်” ဟု သူက ဆက်ပြောသည်။

ဦးဋ္ဌေးဦးသည် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ်ဖြစ်ကာ၊ လက်ရှိ စစ်အစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ
အထွေထွေအတွင်းရေးမှူးလည်း ဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်မှာ စစ်အစိုးရ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးဖြစ်သည်။


ဆူးပစ်စမ်း မီးဘေး၊ ၈၀၀ ကျော် အိုးအိမ်မဲ့
ကျော်ခ | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အိမ်ခြေ ၁၈၄ မီးလောင်မှုတရပ် မကွေးမြို့နယ် ဆူးပစ်စမ်းရွာ၌ ပြီးခဲ့သည့် စနေနေ့တွင် ဖြစ်ပွားခဲ့ရာ လူဦးရေ ၈ဝဝ ကျော် အိုးအိမ်မဲ့ ဖြစ်သွားကြောင်း ဒေသတွင်း
မီးသတ်ဌာနများနှင့် ရွာသားများက ပြောသည်။

အိမ်ခြေ ၂၇ဝ ကျော်ရှိ ဆူးပစ်စမ်းတွင် ယခုလ ၁၂ ရက်နေ့ မွန်းလွဲပိုင်း၌ မီးကြွင်းမီးကျန်မှတဆင့် စတင်၍ မီးလောင်ခဲ့ကြောင်းနှင့် ၎င်းကျေးရွာမှာ မကွေးနှင့် မိုင် ၄ဝ ကျော်၊
တောင်တွင်းကြီးနှင့် မိုင် ၂ဝ ကျော် ဝေးသဖြင့် မီးသတ်ကားများ သွားရောက်ရန် အချိန်ကြန့်ကြာသဖြင့် အိမ်ခြေအများအပြား မီးဘေး သင့်ခဲ့ရကြောင်း ယင်းနှစ်မြို့နယ် မီးသတ်ဌာနများက
ဆိုသည်။

“မီးသွားငြှိမ်းဖို့ သွားရတဲ့ ခရီးကလည်း ဝေးတယ်။ ဟိုရွာရောက်တော့လည်း ရေရှားတော့ ရေတခါကုန်ရင် ရေကန်ကို တခါသွားပြီး သယ်နေရတော့ နိုင်နိုင်နင်းနင်း ငြှိမ်းနိုင်ဖို့က
အခက်တွေ့တယ်။ မြို့နဲ့ အလှမ်းဝေးတဲ့ ရွာတွေမှာ လောင်ရင် ဒါမျိုးတွေက ဖြစ်နေကျလိုပါပဲ” ဟု မကွေးတိုင်း မီးသတ်ဌာန တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောဆိုသည်။

မကွေးမှ မီးသတ်ကား ၂ စီးနှင့် တောင်တွင်းကြီးမှ ၂ စီးဖြင့် ငြှိမ်းသတ်ပေးခဲ့ကာ၊ ယခုမီးမှာ ပေါ့ဆမီးဟု တောင်တွင်းကြီး မြို့နယ် မီးသတ်ဌာန တာဝန်ရှိသူ တဦးက ပြောသည်။

ရေသယ်ယူရေး ခက်ခဲသောကြောင့် ထိရောက်စွာ မငြှိမ်းနိုင်သဖြင့် ရွာခံများနှင့် ရွာနီးနားချင်းများက ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များဖြင့်သာမက အဝတ်များကို ရေစွတ်၍ပါ
ဝိုင်းငြှိမ်းခဲ့ရကြောင်း ဒေသခံများ အဆိုအရ သိရသည်။

“မြို့ပေါ်က မီးသတ်ကားတွေလာတာ တော်တော်နောက်ကျတယ်။ အနည်းဆုံး ၃ နာရီကျော်လောက်မှ ရောက်လာတယ်။ သူ့ကားထဲက ရေကလည်း ခဏလေး ပက်လိုက်တာနဲ့
ကုန်သွားတော့ ရေတခါ သွားသယ်နဲ့ အလုပ်မဖြစ်ဘူး။ အားလုံးဝိုင်းပြီး သတ်ကြလို့တာ ဒီလောက်နဲ့ ပြီးသွားတာ။ နို့မို့ဆို ရွာလုံးကျွတ်တယ်” ဟု ဒေသခံကုန်သည်တဦးက ပြောဆိုသည်။

မီးလောင်သွားသည့် အိမ်များမှ လှည်း၊ ထွန်နှင့် သိမ်းဆည်းထားသည့် ကောက်ပဲသီးနှံများ မီးထဲပါသွားသဖြင့် စိုက်ပျိုးရာသီရောက်လျှင် တောင်သူများအနေဖြင့် အခက်တွေ့မည်ဟု
ဆိုသည်။

မီးဘေးဒုက္ခသည် ၈၀၀ ကျော်အတွက် မြို့နယ်နှင့် ရပ်ကွက် အာဏာပိုင်များက ကယ်ဆယ်ရေးစခန်း ပြုလုပ်ပေးရန် စီစဉ်နေပြီး၊ အနီးတဝိုက် ရွာများက အစားအသောက်များ
လှူဒါန်းကြသည်။ အချို့မှာ အနီးအနား ရွာများရှိ ဆွေမျိုးများထံ သွားရောက်ခိုလှုံနေကြသည်။

“မယကတို့ ဘာတို့က အခုမှ စီစဉ်တုန်း။ ရွာနီးချင်းတွေက ဝိုင်းဝန်းကူညီလို့သာ ထမင်းမငတ်တာ။ အစိုးရပိုင်းက ဘာမှ ထိထိရောက်ရောက် ကူညီမှု မပေးသေးဘူး” ဟု ကုန်သည်ကပင်
ပြောသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံတဝှန်း မီးလောင်မှု ၇၂ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးဘေးဒုက္ခသည် ၈၁၆ ဦး ရှိကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅ ဒဿမ ဝ၄ သန်း ကျော်ရှိသည်ဟု မြန်မာနိုင်ငံ
မီးသတ်ဦးစီးဌာန စာရင်း ထုတ်ပြန်ချက်က ဆိုသည်။ အိမ်ခြေအဆောက်အအုံ ၁၆၂ လုံး ပျက်စီးခဲ့ပြီး၊ သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၁၂ ဦး ရှိသည်။ မီးဖိုမီး အပါအဝင် ပေါ့ဆမီး ၅၁
ကြိမ်၊ ကျေးရွာမီးလောင်မှု ၂၆ ကြိမ် ပါဝင်ခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်္ဘာလအထိ မီးလောင်မှု ၇၁၄ ကြိမ်တွင် ပေါ့ဆမီး ၃ဝ၈ ကြိမ်၊ ၂ဝဝ၉ ခုနှစ် မီးလောင်မှု ၈၅၆ ကြိမ်တွင် ပေါ့ဆမီး ၄၂၂ ကြိမ် ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
တရားသူကြီးအဖွဲ့ဝင် ၇ ဦး၊ သမ္မတ အဆိုပြု
ကိုဝိုင်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၄၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုလွှတ်တော် အင်္ဂါနေ့အစည်းအဝေး၌ ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့ကို ၇ ဦးဖြင့် ဖွဲ့စည်းရန်
သမ္မတက တင်သွင်းခဲ့သည်။

၁ဝ မိနစ်သာ ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့တွင် ပါဝင်ရမည့် အရေအတွက်ကို သမ္မတဖြစ်သူ ဦးသိန်းစိန်က တင်သွင်းခဲ့ခြင်း
ဖြစ်သည်။

“ဒီနေ့က ၁ဝ နာရီ ၂ မိနစ်မှာ စတယ်၊ ၁၂ မိနစ်မှာ


ပြီးတယ်။ ဒီနေ့ထပ်ပြီး တင်တာက ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် ၇ ဦးပါ ပြည်ထောင်စု
တရားသူကြီးအဖွဲ့ စာရင်းတင်တာပေါ့” ဟု အစည်းအဝေးတက်သူ အမတ်တဦးက မဇ္ဈိမကို ပြောသည်။
ယင်းစာရင်းကို ဗုဒ္ဓဟူးနေ့တွင် သဘောတူမတူ ဆုံးဖြတ်ကြမည်ဟု ဆိုသည်။

တနင်္လာနေ့တွင် သမ္မတက တင်သွင်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ၈ ဦး


အရေအတွက်ကို အမတ်ပေါင်း ၆၅၉ ဦးအနက် အင်္ဂါအစည်းအဝေး တက်သည့် ၆၅၆ ဦးက
“ကန့်ကွက်သူမရှိ” အတည်ပြုခဲ့သေးသည်။ အမည်များကိုမူ တင်သွင်းခြင်း မရှိသေးပေ။

“မနေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် ၇ ယောက်ပေါ့။ အတွင်းရေးမှူးက


သီးသန့် တာဝန်ပေးခြင်းပေါ့။ ပေါင်း ၈ ယောက်ပေါ့။ အဲဒီအရေအတွက်ပဲ ကန့်ကွက်သူ မရှိတဲ့အတွက်
အတည်ပြုတယ်ပေါ့ဗျာ” ဟု အမတ်က ပြောပြသည်။

၂ဝဝ၈ ခု ဖွဲ့စည်းပုံအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အကြီးအမှူးဖြစ်သည့် ပြည်ထောင်စု


တရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကို အနည်းဆုံး ၇
ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင်သည်။

သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူချက်ဖြင့် “ပါတီနိုင်ငံရေး” ကင်းရှင်းပြီး အသက် ၀၀


(၅ဝ-၇ဝ) ရှိသူကို ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်ရမည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကိုမူ သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ညှိနှိုင်းကာ
ပြည်ထောင်စု လွှတ်တော်၏ သဘောတူချက်ဖြင့် ခန့်အပ်ရမည် ဖြစ်သည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် စစ်ဘက်တရားရုံးများနှင့် ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်။

၂ဝ၁၁ ဇန်နဝါရီလ ၃၁ ရက်နေ့မှစပြီး ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများကို ကျင်းပနေပြီး သမ္မတနှင့် ဒုသမ္မတများ၊ ဝန်ကြီးဌာနနှင့် ဝန်ကြီးအမည်များ၊ ဖွဲ့စည်းပုံဥပဒေဆိုင်ရာခုံရုံး
အဖွဲ့ဝင်ဦးရေများ ရွေးကောက်ပွဲကော်မရှင် အဖွဲ့တို့ကို အတည်ပြုခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၌ “သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့် အခါတိုင်း ယင်းတို့အား တာဝန်ပေးအပ်သည့် ဝန်ကြီးဌာနများကို ဖော်ပြ၍
ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်” ဟု ပါရှိသော်လည်း ဝန်ကြီးအမည်နှင့် ဝန်ကြီးဌာနကိုတွဲလျက် မကြေညာသေးသဖြင့် အမတ်များအကြား ဝေဖန်မှုများ
ထွက်ပေါ်နေသည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ကိုလည်း နေရာသာ အတည်ပြုထားနိုင်ပြီး အမည်များ မထွက်သေးသည့်အပေါ် အမတ်များအကြား ဝေဖန်သံများ ထွက်နေသည်။

အမတ်တဦးက “နာမည်ကို ကြေညာလိုက်ရင် တရက်ထဲနဲ့ ပြီးနိုင်တဲ့ကိစ္စကို တခြားနေရာတွေ ကျန်သေးတော့ သူတို့ ဟိုလှည့်ဒီလှည့် ကစားလို့ကို မပြီးနိုင်တာလည်း ဖြစ်နိုင်တယ်။
နောက်ကွယ်မှာ မပြေလည်မှုတွေ ရှိနိုင်ပြီး ခဏဆိုင်းထားတဲ့ ပုံစံနဲ့ လွယ်တဲ့ဟာတွေ လျှောက်လုပ်နေတဲ့ ပုံစံဖြစ်နေတယ်” ဟု သုံးသပ်သည်။

“နောက်ပြီးတော့ လွှတ်တော်တခုကို ကျင်းပတာ ၁ဝ မိနစ်နဲ့ ပြီးနေတော့ တွက်ကြည့်ပေါ့။ အဲဒါက ကလေးကစားသလို ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌတို့သည် “ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်” ၁၃ ဦး၌ ပါဝင်ကြသည်။

အင်္ဂါနေ့လွှတ်တော်သို့ တက်ရောက်ရန် ပျက်ကွက်သူ ၃ ဦးသည် တနင်္လာနေ့တွင် ပျက်ကွက်သူများပင်ဖြစ်ပြီး ခွင့်တိုင်ထားကြောင်း သိရသည်။


ရှမ်းပြည်သည် ယခုပင်လျှင် သီးခြားနိုင်ငံဟု စဝ်ရွက်စစ် ပြော
Jai Wan Mai | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၁၂ မိနစ်

မြန်မာစစ်တပ်က ၁၉၅၈ ခုနှစ်တွင် အာဏာသိမ်းပြီးကတည်းက ရှမ်းပြည်သည် သီးခြားနိုင်ငံ ဖြစ်ခဲ့ပြီဟု ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး စဝ်ရွက်စစ်က
ပြောသည်။

တိုင်းရင်းသား နိုင်ငံတော် အဆင့်အတန်းဖြင့် ပူးပေါင်းခဲ့ရာမှ ထိုသို့အာဏာသိမ်းပြီးနောက် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတော့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

သူနှင့် ဘိန်းမှောင်ခို ခွန်ဆာအဖွဲ့ ကွဲကြပုံ၊ DKBA တပ်ဖွဲ့အကြောင်း၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို မည်သို့ အဆုံးသတ်နိုင်မည့်အကြောင်း၊ SSA အဖွဲ့က စစ်ပြင်နေခြင်း ရှိမရှိ၊
တိုင်းရင်းသားများ လွတ်လပ်ရေး၏ အရေးကြီးပုံ၊ အပစ်ရပ်အဖွဲ့များ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်နေကြပုံများကို Jai Wan Mai က မေးမြန်းခဲ့သည်။

မေး။ ပထမဆုံးမေးချင်တဲ့ မေးခွန်းက ဘာကြောင့် လွိုင်တိုင်းလျဲန်းကို ဌာနချုပ်အဖြစ် ရွေးချယ်ခဲ့တာလဲခင်ဗျ။

ဖြေ။ မြေအနေအထားနဲ့ ပထဝီအနေအထားကို


ကြည့်လိုက်တဲ့အခါ တောင်ကအမြင့်၊ စစ်ပွဲမှာ အထက်စီးရနိုင်တဲ့ နေရာဖြစ်နေတယ်။ ပြီးတော့
ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ရေး လုပ်ပေးလို့ ကောင်းတဲ့ နေရာ၊ တပ်စွဲထားလို့ ကောင်းတဲ့
နေရာဖြစ်နေတာကြောင့် ရွေးချယ်ခဲ့တာပါ။

မေး။ အရင်တုန်းကတော့ စဝ်ယွတ်စစ်က ခွန်ဆာနဲ့ တဖွဲ့ထဲနော်။ လက်နက်ချတော့ သူနဲ့အတူ


ဘာဖြစ်လို့ ပါမသွားခဲ့တာလဲ။

ဖြေ။ ကျနော်တို့ချင်း မပေါင်းခင်က ခွန်ဆာက သီးခြားတပ်ဖွဲ့ပါ။ သူက ရှမ်းပြည်ထောင်စု တပ်မတော်-


တောင်ပိုင်း (SUA-S) ဖြစ်ပြီး၊ ကျနော်တို့က Sao Korn Jeung - စဝ်ကွဏ်းဇုန်း (မိုးဟိန်း) ရဲ့
ရှမ်းပြည်ထောင်စု တော်လှန်ရေး တပ်မတော် (SURA) အဖွဲ့ဝင်တွေပါ။ ကျနော်တို့နှစ်ဖွဲ့
ပေါင်းနေတုန်းကလည်း နိုင်ငံရေးရည်မှန်းချက်တွေက မတူပါဘူး။ သီးခြားစီပါ။ နိုင်ငံရေးနဲ့
မပတ်သက်ခင် ခွန်ဆာဟာ မူလတုန်းက စီးပွားရေးသမား တဦးပါ။ Sao Korn Jeung - စဝ်ကွဏ်းဇုန်း
ကတော့ နိုင်ငံရေးကိုပဲ အဓိကထား လုပ်ခဲ့တာပါ။ ကျနော်က စဝ်ကွဏ်းဇုန်း အဖွဲ့မှာ ၁၆
နှစ်သားကတည်းက ပါခဲ့တာပါ။ ကျနော်တို့နဲ့ ခွန်ဆာနဲ့ မတူပါဘူး။

ကျနော်တို့ ဒီခုခံရေးစစ်ပွဲမှာ ပါခဲ့တာ ကိုယ့်နိုင်ငံကို ချစ်လို့ပါ။ ခွန်ဆာလက်နက်ချတော့ ကျနော်တို့


ပါမသွားခဲ့ပါဘူး။ တော်လှန်ရေး လုပ်တယ်ဆိုတာ လက်နက်ချဖို့ မဟုတ်ပါဘူး။ ခွန်ဆာ ရှိရှိ၊ မရှိရှိ ( -)
ကျနော်တို့က ကိုယ့်အလုပ် ကိုယ်ဆက်လုပ်မှာပါ။ ဒါ ဘာကြောင့် ကျနော်တို့ လက်နက်မချရတာလဲဆိုတဲ့ အကြောင်းပါပဲ။

မေး။ အခု ထိုင်းနိုင်ငံ မဲဆောက်အနီး နယ်စပ်မှာ စစ်အစိုးရတပ်တွေနDKBA


ဲ့ တပ်တွေ တိုက်ပွဲတွေ ဖြစ်နေပါပြီ။ SSA နဲ့ စစ်အစိုးရ အခြေအနေကော ဘယ်လိုလဲ၊ ဒီ့ထက်ပိုကြီးတဲ့ တိုက်ပွဲတွေ
ဖြစ်လာမှာလား။

ဖြေ။ မြန်မာစစ်အစိုးရ ဆိုးသလား၊ ကောင်းသလားဆိုတာ ရှင်းနေတဲ့ ကိစ္စပါ။ တကယ်တော့ DKBA က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူပြီး သူတို့နဲ့
ပူးပေါင်းဆောင်ရွက်ခဲ့သူတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရဘက်က မရိုးသားတာပါ။ ခုတော့ဒီကေဘီအေ က မြန်မာစစ်အစိုးရတပ်တွေကို ရဲရဲရင့်ရင့်ပြန်တိုက်နေပါပြီ။ ဒီနေရာမှာ
ကျနော်ကတော့ ဒီကေဘီအေတပ်ဖွဲ့တွေရဲ့ ရဲရင့်မှုနဲ့ သူတို့နိုင်ငံအတွက် တိုင်းပြည်အတွက် ချစ်တဲ့စိတ်ကို လေးစားမိပါတယ်။ အက်စ်အက်စ်အေနဲ့ မြန်မာစစ်အစိုးရတပ်တွေကြား
တိုက်ပွဲတွေကတော့ ခွန်ဆာ လက်နက်ချတဲ့ ၁၉၉၆ ခုနှစ်ကတဲက တောက်လျှောက်ဖြစ်နေခဲ့တာပါ။ ဒီအချိန်ကတဲကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တာ အနည်း အများသာကွာမယ်၊
တောက်လျောက်ဖြစ်နေခဲ့တာပါပဲ။

မေး။ ရှမ်းပြည်နဲ့ ထိုင်းနိုင်ငံနယ်စပ်မှာ ခင်ဗျားတို့ တိုက်ပွဲကြီးတွေတိုက်နေခဲ့တာ ၂ နှစ်၊ ၃ နှစ် ရှိနေပါပြီ။ နောင်မှာလည်း မြန်မာစစ်တပ်ကSSA ကို တိုက်ဦးမှာလား။

ဖြေ။ ၂ဝဝဝ-၂ဝဝ၁ ခုနှစ်တွေကတော့ နယ်စပ်မှာ ကျနော်တို့ တိုက်ပွဲကြီးတွေ တိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေ ဖြစ်ရတဲ့ အကြောင်းကလည်း ရှမ်းပြည်နဲ့ ထိုင်းနယ်စပ်တလျှောက်မှာ
ဘိန်းချက်စခန်းတွေ အမြောက်အမြား ရှိနေလို့ပါပဲ။ ကျနော်တို့ တပ်စခန်းတွေ နယ်စပ်တလျှောက် ချထားတုန်းက မူးယစ်ဆေးဝါးဆန့်ကျင်ရေး မူဝါဒကို ကျနော်တို့
ချမှတ်ကျင့်သုံးခဲ့ပါတယ်။ အဲဒီအချိန်တုန်းကလည်း မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူတွေကို ကျနော်တို့ တိုက်ခဲ့တာပါပဲ။ ဒါပေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုတွေက မြန်မာစစ်အစိုးရနဲ့
ပေါင်းနေကြတာ၊ သူတို့နဲ့တွဲလုပ်နေကြတာ၊ ဒါကြောင့် မြန်မာစစ်အစိုးရကိုလည်း ကျနော်တို့ တိုက်ခဲ့ရတာပါ။ အဲဒီတုန်းကတော့ ကျနော်တို့မှာ နယ်စပ်မှာ မြန်မာစစ်အစိုးရ တပ်တွေကို
တိုက်ခိုက်ဖို့ စစ်ရေးအစီအစဉ်နဲ့ ပြင်ဆင်မှု မရှိပါဘူး။ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး တိုက်ပွဲတွေပဲ တိုက်ခဲ့တာပါ။ အခုတော့ နယ်စပ်တလျှောက် ဘိန်းချက်စခန်းတွေလည်း မရှိတော့လို့
ရှမ်းနဲ့ ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေလည်း မရှိတော့ပါဘူး။ ရပ်သွားပါပြီ။

မေး။ ရှမ်းပြည်အတွင်းပိုင်းထဲမှာရော။

ဖြေ။ ရှမ်းပြည်အတွင်းပိုင်းထဲမှာတော့ ဘိန်းချက်စခန်းတွေ အမြောက်အမြားရှိနေတုန်းပါ။ ကျနော်ဆိုလိုတာ နယ်စပ်တလျှောက်မှာတော့ ဘိန်းချက်စခန်းတွေ မရှိတော့ပါဘူး။


ဘိန်းပန်းတွေကလည်း ပွင့်နေတုန်း၊ လူတွေကလည်း အရင်ကထက်တောင် ဘိန်းကို ပိုစိုက်လာကြသေးတယ်။

မေး။ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းဖို့ ဘယ်လိုရည်ရွယ်ထားပါသလဲ။

ဖြေ။ မူးယစ်ဆေးဝါး ပြဿနာဆိုတာ ရှမ်းပြည်တခုထဲမှာ ရှိတာမဟုတ်ပါဘူး။ ကမ္ဘာတဝှန်း ဖြစ်နေတဲ့ကိစ္စပါ။ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS - ရှမ်းပြည်တပ်မတော် SSA
ရဲ့ နိုင်ငံရေးဦးဆောင်အဖွ)ဲ့ မှာ အချက် ၄ ချက်ပါတဲ့ မူဝါဒ ရှိပါတယ်။

ပထမအချက်က နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ချင်တယ်ဆိုရင် မြန်မာစစ်အစိုးရနဲ့ ရှမ်းအတိုက်အခံတွေကြား ဖြစ်နေတဲ့ နိုင်ငံရေး


ပဋိပက္ခတွေကိုလည်း ကူညီဖြေရှင်းပေးရမယ်။ ဒီနေ့ တိုင်းပြည်ကို အုပ်ချုပ်နေတာ မြန်မာစစ်အစိုးရ။ မူးယစ်ဆေးဝါး ပြဿနာက မြန်မာစစ်အစိုးရရဲ့ မျက်စိအောက်တွင် ဖြစ်နေတာ။
ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နိုင်ငံရေးပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ လိုတယ်။ ပြည်သူလူထုက တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရစေဖို့နဲ့ မူးယစ်ဆေးဝါး
ပပျောက်ရေးလုပ်ငန်းတွေ လုပ်ခွင့်ရစေဖို့ သူတို့က ကူညီမှရမယ်။

ဒုတိယအချက်က RCSS မှာ ဘိန်းစိုက်ပျိုးသူတွေအားလုံးရဲ့ နာမည်တွေ ရှိတယ်။ ဒါပေမဲ့ ဒီလူတွေကို အပြည့်အဝ နှိမ်နင်းနိုင်တဲ့ အင်အား ကျနော်တို့မှာ မရှိဘူး။ ဒါမျိုးလုပ်ဖို့ဆိုတာ
ရွာသားတွေအတွက် အစားထိုးသီးနှံ ရှာဖွေပေးရမယ်။ သူတို့ နေထိုင်စားသောက်ရေး ဘဝကို ကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်ပေးရမယ်။ အစားထိုး သီးနှံတွေအတွက်
ဈေးကွက်လည်း ရှာဖွေပေးရမယ်။

တတိယအချက်က ကလေးတွေအတွက် ကျောင်းတွေ ထောင်ပေးရမယ်၊ သူတို့ကို မူးယစ်ဆေးဝါး ပြဿနာအကြောင်း ပညာပေးရမယ်။ အခုဖြစ်နေတာ ရှမ်းလူငယ် တော်တော်များများက
မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကို မသိကြဘူး၊ အများစုက မူးယစ်ဆေး စွဲနေကြတယ်။ ဒါကြောင့် ကျောင်းတွေ တည်ထောင်ပေးဖို့နဲ့ ကလေးတွေရော လူကြီးတွေကိုပါ မူးယစ်ဆေးဝါး
အန္တရာယ်အကြောင်း ပညာပေးဖို့က အရေးကြီးတယ်။

စတုတ္ထအချက်က မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူတွေကို နှိမ်နင်းရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒီမူးယစ်မှောင်ခိုတွေက
ရှမ်းပြည်ထဲမှာ နေတာ မဟုတ်ဘူး။ နိုင်ငံခြားမှာ နေကြတာ။ မူးယစ်ဆေးဝါးတွေ ဈေးကြီးလာတာလည်း နိုင်ငံခြားက မူးယစ်မှောင်ခိုတွေက ဈေးကြီးပေးလို့ ဖြစ်လာတာ။ နောက်ပြီး ရွာသား
တော်တော်များများကလည်း ဘိန်းကလွဲရင် ဘာစိုက်ရမယ်ဆိုတာ မသိကြဘူး။ ဘိန်းကတော့ စိုက်ရတာလည်း လွယ်တယ်၊ ဈေးကောင်းလည်း ရတယ်။

ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘဲနဲ့ ဘိန်းပပျောက်ရေး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တိုတိုပြောရရင် ပြဿနာအားလုံးဟာ စစ်အစိုးရကြောင့်
ဖြစ်ရတာ၊ အတိုက်အခံအဖွဲ့တွေ တိုင်းရင်းသားတွေကြောင့် ဖြစ်ရတာ မဟုတ်ဘူး။

မေး။ ခင်ဗျားတို့အဖွဲ့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့ပါသလဲ။

ဖြေ။ ကျနော်တို့ကတော့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို လက်ကမ်းလာခဲ့တာ ၁ဝ နှစ် ကျော်ပါပြီ။ ဒီနေ့တော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး
ဘိန်းပပျောက်ရေးကို ကျနော်တို့ လုပ်နေပါတယ်။ ကျနော်တို့ အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ (DEA) နဲ့လည်း တွေ့ပြီးပါပြီ။ ဒါပေမဲ့ DEA မှာက မတူတဲ့ မူဝါဒရှိနေတယ်။ သူတို့
မူဝါဒက လူတွေကို ဖမ်းဖို့ပဲ။ လူတွေကို ဘယ်လို ပြုပြင်ပြောင်းလဲရေး လုပ်ပေးရမယ်ဆိုတဲ့ မူဝါဒ မရှိဘူး။ သူတို့မူဝါဒနဲ့ မူးယစ်ဆေးဝါး ပြဿနာကို ရှင်းနိုင်မှာ မဟုတ်ဘူးလို့ ကျနော်
သူတို့ကို ပြောခဲ့ပါတယ်။

မေး။ အရင်တုန်းက ခင်ဗျားက မူးယစ်ဆေးဝါး ပြဿနာကို မရှင်းခင် နိုင်ငံရေးပဋိပက္ခတွေကို အရင်ရှင်းရမယ်လို့ ပြောခဲ့တယ်နော်။

ဖြေ။ ဟုတ်ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံထဲက ပြဿနာတွေကို အရင် ရှင်းရပါမယ်။

မေး။ စစ်အစိုးရနဲ့ ရှမ်းတွေအကြားက ပဋိပက္ခတွေက ဘာတွေပါလဲ။ ဒါတွေကို ခင်ဗျားတို့ ဘယ်လိုရှင်းကြမလဲ။

ဖြေ။ ပြဿနာရဲ့ အရင်းအမြစ်က စစ်အာဏာရှင်စနစ်ပါ။ မြန်မာစစ်အစိုးရက တိုင်းပြည်ကို စစ်တပ်အားကိုးနဲ့ အုပ်ချုပ်နေတာ။ အဓိက ပြဿနာက အဲဒါပဲ။ တိုင်းပြည်ကို စစ်အင်အားသုံး
အုပ်ချုပ်နေတာရဲ့ အကြောင်းက တတိုင်းပြည်လုံးကို ထိန်းချုပ်ထားပြီး ဗမာလူမျိုးတွေရဲ့ နယ်မြေအဖြစ် ပြောင်းလဲပစ်ဖို့ပဲ။ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံမှာ မြန်မာအပါအဝင်
တိုင်းရင်းသား ပြည်နယ် ၈ ပြည်နယ် ရှိတယ်။ ဒါပေမဲ့ စစ်အစိုးရကတော့ ဒီလို တိုင်းရင်းသား ၈ ပြည်နယ်နဲ့ ဖွဲ့စည်းတာမျိုးကို မလိုလားဘူး။ ဒါကြောင့်ပဲ ပြဿနာတွေက စလာခဲ့တာ။
ခုတော့ တိုင်းရင်းသား ပြည်နယ်တွေဖြစ်တဲ့ ရှမ်း၊ မွန်၊ ကချင်၊ ကရင်၊ ကရင်နီ ပြည်နယ်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်တာကြောင့်၊ ကိုယ့်အမျိုးသားရေး ကိစ္စတွေကို
လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်ခွင့် ရချင်တာကြောင့် မြန်မာစစ်အစိုးရကို ဆန့်ကျင်ပုန်ကန်နေကြပြီ။ ဒါဟာ လက်နက်ကိုင် တိုင်းရင်းသား အတိုက်အခံ အဖွဲ့တိုင်းရဲ့ ရည်မှန်းချက်
ပန်းတိုင်ပဲ။

မေး။ အခုဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေ လှုပ်ရှား တောင်းဆိုနေကြတဲ့ ဒုတိယ ပင်လုံညီလာခံအပေါ်မှာကော ခင်ဗျားတို့ အမြင် ဘယ်လိုရှိပါသလဲဗျ။

ဖြေ။ ဒုတိယပင်လုံညီလာခံက ပြောရတာ လွယ်တယ်၊ အကောင်အထည်ဖော်ဖို့တော့ ခက်တယ်။ ပထမ ပင်လုံသဘောတူညီချက်ရဲ့ အမှားတွေကို နားလည်ဖို့က အရေးကြီးတယ်။
မြန်မာခေါင်းဆောင်တွေက သူတို့ပေးခဲ့တဲ့ ကတိတွေကို မတည်ခဲ့ကြဘူး။ စာချုပ်ထဲမှာ သဘောတူထားတာ တိုင်းရင်းသားတွေရဲ့ အတွင်းရေးကိစ္စတွေမှာ ဗမာတွေက ဝင်မစွက်ပါဘူးလို့
ပါတယ်။ ဒါပေမဲ့ မြန်မာခေါင်းဆောင်တွေက ရှမ်းပြည်သူတွေအပေါ် တလျှောက်လုံး စစ်အင်အားသုံး အနိုင်ကျင့်လာခဲ့တာ။ ဒါဟာ အကြီးဆုံး အမှားပဲ။ ဒါကြောင့် ဒုတိယပင်လုံ
သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ မလွယ်ဘူးလို့ ပြောတာ။

မေး။ အခုတော့ ခင်ဗျားက ရှမ်းပြည်တပ်မတော် (SSA) ကို အင်အားကြီးထွားလာအောင် တည်ဆောက်နေတယ်။ ခင်ဗျားတို့က လုံးဝ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြမှာလား။

ဖြေ။ အခုကို ရှမ်းပြည်က သီးခြားတိုင်းပြည် ဖြစ်နေပါပြီ။ မြန်မာစစ်တပ်က စစ်အင်အားနဲ့ တိုင်းပြည်ကို သိမ်းလိုက်ကတည်းက သီးခြား ဖြစ်သွားခဲ့တာပါ။ ပြီးတော့ ဗြိတိသျှတို့လက်ထဲက
လွတ်လပ်ရေးပြန်ရဖို့ ဗမာတွေနဲ့ ပေါင်းခဲ့တုန်းကလည်း တိုင်းရင်းသား နိုင်ငံတော် အဆင့်အတန်းနဲ့ ပေါင်းခဲ့တာပါ။ စစ်တပ်က ၁၉၅၈ ခုနှစ်က အာဏာသိမ်းလိုက်ကတည်းက ၁၉၄၇
ဖွဲ့စည်းပုံဟာလည်း မရှိတော့ပါဘူး။ ဗမာခေါင်းဆောင်တွေ ကတိမတည်တာကြောင့် ပင်လုံသဘောတူညီချက် ဆိုတာလည်း အလကား ဖြစ်သွားပါပြီ။ ဒါကြောင့် ရှမ်းပြည်ဟာ
သီခြားနိုင်ငံလို့ ပြောတာပါ။ ကျနော်တို့မှာ ကိုယ့်တိုင်းပြည် ကိုယ်အုပ်ချုပ်ဖို့ အာဏာရှိရမယ်။

မေး။ အခုတော့ ထိုင်းအစိုးရဟာ သမိုင်းရေးရာ ပြဿနာတွေထက် စီးပွားရေးကိစ္စတွေကိုပဲ ပိုအာရုံကျနေပါတယ်။ အရင်တုန်းကလည်း ထိုင်းအစိုးရတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု
အများအပြား လုပ်ခဲ့တာဘဲ။ ဒီလိုအခြေအနေမှာ ထိုင်းအစိုးရက သမိုင်းရေးရာ ပြဿနာတွေထက် စီးပွားရေးကိစ္စတွေကို ပိုအာရုံစိုက် လုပ်လာမှာလား။

ဖြေ။ ထိုင်းနိုင်ငံက လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံပါ။ သူ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့နဲ့ သူ့နိုင်ငံသားတွေ စားဝတ်နေရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ဖို့ သူ့မှာ တာဝန်ရှိပါတယ်။
ဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့မှာ ပြောရေးဆိုခွင့် ဘာမှ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ နှစ်နိုင်ငံကြား ဆက်ဆံရေးပေါ် အခြေခံတာပါ။ မြန်မာနိုင်ငံအပြင် တရုတ်၊
လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေနဲ့လည်း နှစ်နိုင်ငံ ဆက်ဆံရေးတွေ ရှိတာပဲ။ ဒါ့အပြင် တကမ္ဘာလုံးက နိုင်ငံတွေနဲ့လည်း ဆက်ဆံနေတာပဲ။ သူတို့နိုင်ငံ
ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သူတို့လုပ်နိုင်တာ မှန်သမျှ ဘာမဆို လုပ်ရမှာပဲ။ ဒါ သူတို့ကိစ္စပါ။

မေး။ ၆၄ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ကို မကြာခင်က ကျင်းပခဲ့တယ်။ အဲဒါ အောင်မြင်ပါသလား ခင်ဗျ။

ဖြေ။ ရှမ်းပြည်နယ်နေ့နဲ့ ပတ်သက်ရင် တချို့က နားလည်တယ်။ တချို့ နားမလည်ဘူး။ ကျနော်ပြောချင်တာ ရှမ်းပြည်နယ်နေ့ဆိုတာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ တရက်ထဲ
မဟုတ်ဘူး။ ဒီနေ့ဟာ တကယ်တော့ ပင်လုံညီလာခံကို အထိမ်းအမှတ်ပြုတဲ့ နေ့ပဲ။ အဲဒီနေ့မတိုင်ခင်က ရှမ်းစဝ်ဖှတွေ (စော်ဘွားတွေ) က မညီညွတ်ကြသေးဘူး။ အဲဒီနေ့မှ
ညီညွတ်သွားကြတာ။ အဲဒီနေ့မှာမှ ရှမ်းခေါင်းဆောင်တွေနဲ့ ရှမ်းစော်ဘွားတွေ ညီညွတ်ကြပြီး၊ ရှမ်းပြည်ကို အုပ်ချုပ်ဖို့ ရှမ်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့ကြတာ။ ရှမ်းပြည်နယ်ထဲမှာရှိတဲ့
တိုင်းရင်းသားအားလုံး ညီညွတ်ရေးရတဲ့ နေ့လို့လည်း ပြောလို့ ရပါတယ်။

ရှမ်းပြည်နယ် အလံကိုလည်း အဲဒီနေ့မှာပဲ သတ်မှတ်ခဲ့ကြတာ။ ရှမ်းပြည်နယ်ကောင်စီ ဖွဲ့ စည်းပြီးမှ ဗိုလ်ချုပ်အောင်ဆန်းက ညီလာခံမှာ ပါလာခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့
ရှမ်းပြည်နယ်ကောင်စီ ခေါင်းဆောင်တွေ ဆွေးနွေးကြပြီး ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံကို ဖွဲ့စည်းတည်ထောင်ဖို့ သဘောတူခဲ့ကြတာ။ အဲဒီနေ့သာ မရှိရင် ဖက်ဒရယ် ပြည်ထောင်စု
မြန်မာနိုင်ငံဆိုတာလည်း ရှိမှာမဟုတ်ဘူး။ လွတ်လပ်ရေးနေ့ ဆိုတာလည်း ရှိမှာ မဟုတ်ဘူး၊ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ ဆိုတာလည်း ရှိမှာ မဟုတ်ဘူး။

မေး။ ရှမ်းပြည်သူတွေအတွက် ခင်ဗျားရဲ့ သတင်းစကားက ဘာများပါလဲခင်ဗျ။

ဖြေ။ အဲဒီနေ့ဟာ ရှမ်းပြည်နယ် အမျိုးသားနေ့ဆိုတာ ရှမ်းပြည်နယ်ထဲက ပြည်သူတွေ အားလုံး နားလည်ဖို့ အရေးကြီးတယ်။ ရှမ်းပြည်နယ်ဆိုတာ တိကျတဲ့ နယ်နိမိတ်ရှိတဲ့ ပြည်နယ်တခု
ဖြစ်တယ်။ အမျိုးသားဆိုတာ ရှမ်းဖြစ်ဖြစ်၊ ဝ’ဖြစ်ဖြစ်၊ အခါဖြစ်ဖြစ်၊ လားဟူဖြစ်ဖြစ်၊ ပအိုဝ်းဖြစ်ဖြစ်၊ ပလောင်ဖြစ်ဖြစ် ဒီပြည်နယ်အတွင်း မွေးဖွားခဲ့သူ အားလုံးကို ဆိုလိုတယ်။ ဒုတိယတချက်
လူတွေနားလည်ဖို့ လိုတာက ရှမ်းပြည်နယ်နေ့ဆိုတာ ရှမ်းပြည်တခုထဲနဲ့ ဆိုင်တာမဟုတ်ဘူး။ မြန်မာနိုင်ငံ ပြည်သူတွေအားလုံးနဲ့ ဆိုင်တာ။ ကျနော်တို့အလံကို ကျနော်တို့
လေးစားတယ်ဆိုရင် ကျနော်တို့ ပြည်နယ်စိတ်ဓာတ်ကို ကျနော်တို့ လေးစားတာပဲ။ ရှမ်းပြည်နယ် ပြည်ထောင်စုနဲ့ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံကို တည်ထောင်ဖို့ ကြိုးစားခဲ့တဲ့
ခေါင်းဆောင်တွေကို လေးစားတာပဲ။ ကျနော်ကတော့ အားလုံးကို ဒီလိုပဲ နားလည်စေချင်ပါတယ်။

မေး။ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးမှာ SSA ပါဝင်ပတ်သက်နေတယ်လို့ စစ်အစိုးရကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ စွပ်စွဲနေကြတာတွေနဲ့ ပတ်သက်လို့ ဘယ်လို
တုံ့ပြန်ချင်ပါသလဲခင်ဗျ။

ဖြေ။ အပြင်ကနေ ကြည့်ရင်တော့ သူတို့က ကျနော်တို့အပေါ် ဒီလိုပဲ ယူဆမှာပဲ။ အကောင်းဆုံးကတော့ ကျနော်တို့က ဖိတ်ခေါ်တဲ့အခါ ကျနော်တို့နဲ့ အတူလာနေပြီး SSA က
မူးယစ်ဆေးဝါး လုပ်ငန်းနဲ့ ပတ်သက်သလား၊ မပတ်သက်ဘူးလား ဆိုတာ ကိုယ်တိုင်လာကြည့်ဖို့ပါပဲ။ ဘယ်သူမဆို စွပ်စွဲတာတော့ လုပ်လို့ရတာပါပဲ။ တယောက်နဲ့တယောက်
လက်ညှိုးထိုးလို့ ရတာပဲ။ သံသယတွေ ပျောက်ဖို့ဆိုတာ ကိုယ်တိုင်လာပါ၊ လေ့လာပါ၊ စကားပြောကြည့်ပါ။ ဒါ့အပြင် ရှမ်းပြည်သူတွေရဲ့ ဘဝနဲ့ SSA ရဲ့ အခြေအနေကိုလည်း သူတို့
လာကြည့်သင့်ပါတယ်။ SSA ဘယ်ကနေ ပိုက်ဆံရနေသလဲ ဆိုတာကို။ ဒါကြောင့် အရေးကြီးတာက ကိုယ်တိုင်ကိုယ်ကျ လာကြည့်ဖို့ပါပဲ။

မေး။ ငြိမ်းချမ်းရေးအဖွဲ့တွေကကောဗျ။ သူတို့လည်း ဒီမူးယစ်ဆေးဝါး လုပ်ငန်းမှာ ပါဝင်ပတ်သက်နေကြသလား။

ဖြေ။ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူတွေက စစ်တပ်တွေနဲ့ အတူတူနေကြတာဆိုတော့ ဒါလည်း ပြောဖို့ ခက်ပါတယ်။ ပြီးတော့ မြန်မာစစ်အစိုးရက ဒီအဖွဲ့တွေကို အပြည့်အဝ
ထောက်ခံထားတာ။ ဘာလို့လဲဆိုတော့ ဒီအဖွဲ့တွေက စစ်အစိုးရရဲ့ အသုံးချခံတွေ၊ စစ်အစိုးရက သူတို့ကို အသုံးချနေတာ ဖြစ်လို့ပါပဲ။ စစ်အစိုးရက သူတို့ကို အသုံးချချင်တယ်၊ တချိန်ထဲမှာ
သူတို့ကလည်း သူတို့စီးပွားရေး လုပ်ငန်းတွေ လုပ်ချင်တယ်။

အခုတော့ မူးယစ်ဆေးဝါးအားလုံးက ဒီစစ်တပ်ဖွဲ့တွေဆီကပဲ အဓိက လာနေတာ။ ငြိမ်းချမ်းရေး အဖွဲ့တွေကလည်း မြန်မာစစ်တပ်နဲ့သာ အတူတူ နေနေရင် ဒီမူးယစ်ဆေးဝါးလုပ်ငန်းမှာ
သူတို့ မပါဝင်၊ မပတ်သက်ပါဘူးဆိုပြီး ငြင်းလို့မရဘူး။ ဒါပေမဲ့ သူတို့လုပ်ချင်တာ ဘာမဆို လွတ်လွတ်လပ်လပ် လုပ်နိုင်ပါတယ်။ ထပ်ပြောချင်တာက စီးပွားရေးသမားတွေကလည်း
ငြိမ်းအဖွဲ့တွေနဲ့ အတူတူနေနေကြတာ။ ဒီတော့ ဒီထဲက လူတချို့ မပါဘူးလို့လည်း ကျနော်တို့ မပြောနိုင်ပါဘူး။
http://www.mizzimaburmese.com/home.html

ချက်နိုင်ငံ မြန်မာ့အရေး ဆွေးနွေးပွဲ


By ဦးကျော်ကျော်သိန်း အင်္ဂါ, 15 ဖေဖော်ဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ် (Prague) မြို့မှာ ဒီကနေ့ ကျင်းပနေပြီး ချက်သမ္မတဟောင်း ဗားဆလပ်ဗ် ဟာဗဲလ် (Vaclav Havel) နဲ့ လက်ရှိ
ချက်နိုင်ငံခြားရေး ၀န်ကြီးတို့က အဖွင့်အမှာစကားတွေ ပြောခဲ့ကြပါတယ်။ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံတူညီတဲ့ မူဝါဒကို ပြန်လည်သုံးသပ် ဆွေးနွေးကြတဲ့အခါ ဒီဆွေးနွေးပွဲက
ထွက်လာတဲ့ ရလဒ်တွေက မူဝါဒကို ပုံဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဆွေးနွေးပွဲကို အဓိကစီစဉ်တဲ့ အဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို
ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။
ပရာ့ဂ်မြို့မှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲကို “မြန်မာနိုင်ငံ ရွေးကောက်ပွဲများနှင့် ဥရောပ မူဝါဒ” လို့ ခေါင်းစဉ်တပ်ထားပြီး ရွေးကောက်ပွဲပြီး နောက်ပိုင်း မြန်မာနိုင်ငံ အခြေအနေတွေ၊
အဲဒီအခြေအနေတွေဟာ ဥရောပရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြောင်းလဲစေတဲ့အထိ ဦးတည်သွားဖို့ သင့်၊ မသင့် ဆိုတာတွေကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဗွီအိုအေကို
ရှင်းပြခဲ့သူကတော့ ချက်သမ္မတနိုင်ငံ အခြေစိုက် People in Need Foundation က မြန်မာ့အရေး စီမံကိန်း လုပ်ငန်းညှိနှိုင်းရေးမှူး မစ်စ် ခရစ္စတီးနား ပရူနယ်ရိုဗာ (Kristina Prunerova)
ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာနနဲ့ People in Need အဖွဲ့တို့က ပူးတွဲ ကမကထပြု ကျင်းပတာ ဖြစ်တယ်လို့ မစ်စ် ခရစ္စတီးနားက ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ကာလရှည်ကြာ ထောက်ခံအားပေးလာခဲ့တဲ့ ချက်သမ္မတဟောင်း ဗားဆလပ်ဗ် ဟာဗဲလ် ကိုယ်တိုင် ဒီဆွေးနွေးပွဲမှာ အဖွင့်အမှာစကား ပြောကြားပေးမှာ
ဖြစ်တဲ့အတွက် မိမိတို့ အင်မတန် ၀မ်းမြောက်တဲ့အကြောင်း၊ ဒါ့အပြင် လူ့အခွင့်အရေးကို လုပ်ငန်းအစီအစဉ်ထဲ အမြင့်ဆုံးနေရာမှာ ထည့်သွင်းထားသူအဖြစ် ထင်ရှားတဲ့ ချက်သမ္မတနိုင်ငံ၊
နိုင်ငံခြားရေးဝန်ကြီး ကာရဲလ် ရှဝါဇန်ဘာ့ဂ် (Karel Schwarzenberg) လည်း အဖွင့်အမှာစကား ပြောကြားပြီး ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်လို့ မစ်စ် ခရစ္စတီးနားက ပြောပါတယ်။
ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံတူညီတဲ့ မူဝါဒကို လာမယ့် ဧပြီလမှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ သုံးသပ်ဖို့ ရှိနေချိန်မှာပဲ ဒီဆွေးနွေးပွဲကို ကျင်းပတာမို့ အချိန်အခါအရ
အင်မတန် ကိုက်ညီပြီး ထူးခြားပါတယ်လို့ သူက ဆိုပါတယ်။ အခုလက်ရှိမှာကိုပဲ ဥရောပနိုင်ငံ အသီးသီးမှာ မြန်မာနိုင်ငံက အခြေအနေပေါ် ပြန်လည်သုံးသပ်တာတွေ လုပ်နေကြပြီ
ဖြစ်ပါတယ်။ ဒါ့အပြင် အခု ဆွေးနွေးပွဲကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံ ရှိတဲ့အထဲမှာ နိုင်ငံ ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေ စေလွှတ်ထားတာကြောင့် စိတ်ဝင်စားမှု မြင့်မားတယ်ဆိုတာ
ထင်ရှားပြီး ဘုံတူညီတဲ့ ဥရောပမူဝါဒ ချမှတ်ရာမှာ ထောက်ကူနိုင်မယ်လို့ မစ်စ် ခရစ္စတီးနားက ယုံကြည် မျှော်လင့်နေပါတယ်။
ဒီမှာရလာတဲ့ အကြံဉာဏ်တွေကို တင်ပြနိုင်မယ်လို့ မိမိယုံကြည်ပြီး ဥရောပရဲ့ မူဝါဒကို ပုံဖော်ရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မစ်စ် ခရစ္စတီးနားက
ပြောသွားပါတယ်။
မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ မြန်မာအဖွဲ့အစည်းတွေ၊ ဥရောပအခြေစိုက် မြန်မာ့အရေး အဖွဲ့အစည်းတွေ စသည်အားဖြင့် ဒီဆွေးနွေးပွဲကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲအတွင်း ကဏ္ဍသုံးခုကို ခေါင်းစဉ်ခွဲ ဆွေးနွေးကြဖို့ စီစဉ်ထားပြီး အဲဒါတွေကတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး လုပ်ဆောင်ခွင့် နေရာ၊
မြန်မာ့နယ်စပ်ဒေသများ၊ တိုက်ပွဲများ၊ ဒုက္ခသည်များနှင့် နယ်စပ်ဖြတ်ကျော် အကူအညီများ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသိုက်အ၀န်း၏ ချဉ်းကပ်မှုဆိုတဲ့ ကဏ္ဍတွေ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုတွေကို ဥရောပဘက်ကနေ ဘယ်လို ပူးပေါင်းပါဝင်ပြီး ထောက်ခံ
ဝန်းရံပေးသွားဖို့ လိုမယ်ဆိုတာကို နိုင်ငံတကာ အသိုက်အ၀န်း၏ ချဉ်းကပ်မှုဆိုတဲ့ ကဏ္ဍမှာ ဆွေးနွေးတင်ပြမယ့် သူတွေထဲ တဦးကတော့ ထိုင်းနိုင်ငံ အခြေစိုက်၊ မြန်မာ့အရေး
ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့က မခင်ဥမ္မာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံတူညီတဲ့ မူဝါဒကို ဧပြီလမှာ ပြန်လည်သုံးသပ်တဲ့အခါ အထောက်အကူ ဖြစ်နိုင်အောင်
ဆွေးနွေးသွားမယ်လို့ မခင်ဥမ္မာက ပြောပါတယ်။
“အခုလောလောဆယ် ဥရောပသမဂ္ဂရဲ့ ဘုံသဘောထားမှာဆိုရင် Sanction စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ပြီးတော့ နအဖ အရာရှိတွေနဲ့ သူတို့ရဲ့ အသိုင်းအ၀ိုင်းတွေကို
ဥရောပသမဂ္ဂကို ဗီဇာဝင်ခွင့် ပိတ်ထားတဲ့ ကိစ္စတွေ၊ ဒါတွေကို ဆက်ပြီးတော့ သူတို့အနေနဲ့ တားဆီးထားဖို့။ မြန်မာနိုင်ငံ အပြောင်းအလဲဖြစ်ဖို့ အတွက်ဆို ဒါတွေက အဓိက နအဖအပေါ်မှာ
ဆက်လက် ဖိအားပေးမှုတွေ ဒီအချိန်မှာ ပိုတောင်မှ လိုအပ်နေတယ် ဆိုတဲ့ဟာ၊ အထူးသဖြင့်တော့ အတုအယောင် ရွေးကောက်ပွဲက ပေါ်လာတဲ့ အခုအစိုးရဟာ ပြည်သူရွေးချယ်ထားတဲ့
အစိုးရ မဟုတ်ဘူး။ သူတို့ အသိအမှတ် မပြုဖို့ လိုတယ်။ ကျမတို့ ဒါတွေကို ဥရောပသမဂ္ဂရဲ့ ဘုံသဘောထားထဲမှာ ဒါတွေပါလာအောင် အဓိကပဲ ကျမတို့ ဒီနေရာမှာ သူတို့ကို တင်ပြပြီး
သူတို့အနေနဲ့ ဆုံးဖြတ်ချက် ချနိုင်အောင် ဆွေးနွေးတင်ပြဖို့ ဖြစ်ပါတယ်။”
ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့ကြတယ် ဆိုပေမဲ့လည်း ဘုံတူညီတဲ့ မူဝါဒဟာ အားပျော့လွန်းတယ်၊
အကောင်အထည်ဖော်တဲ့ နေရာမှာလည်း ထိရောက်မှု မရှိဘူးဆိုပြီး ဝေဖန်ခံနေရပါတယ်။ ဒါ့အပြင် ရှေ့ဆက် ဘယ်လိုသွားကြမယ် ဆိုတာအပေါ် နိုင်ငံတခုချင်းစီမှာ ကွဲပြားတဲ့
သဘောထားတွေ ရှိနေကြတာကြောင့်လည်း ခိုင်မာတဲ့ မူဝါဒတရပ် ထွက်လာအောင် မြန်မာ့အရေး လှုပ်ရှားသူတွေက ၀ိုင်းပြီး ဖိအားပေးနေကြပုံ ရပါတယ်။
လူရွှင်တော် ဇာဂနာ Bremen မြို့ ဂုဏ်ထူးဆောင်ဆုရ
By ဦးဇော်ဝင်းလှိုင် အင်္ဂါ, 15 ဖေဖော်ဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံကျော် အနုပညာရှင် ကိုဇာဂနာကို ဂျာမနီနိုင်ငံ ဘရီမန် (Bremen) မြို့က ဒီနှစ်အတွက် ဘရီမန် သွေးစည်းညီညွတ်ရေးဆိုင်ရာဆု
ချီးမြှင့်လိုက်ပါတယ်။ ထူးချွန် ပြောင်မြောက်တဲ့ အနုပညာရှင်တဦး ဖြစ်တဲ့အပြင် မြန်မာပြည်သူတွေ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေ ရရှိရေး ကိုယ်ကျိုးစွန့် အနစ်နာခံ
တိုက်ပွဲဝင်နေတဲ့အတွက် ကိုဇာဂနာကို ဒီဆုချီးမြှင့်တာလို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံထားရတဲ့ စွယ်စုံအနုပညာရှင် ကိုဇာဂနာ ခေါ် ကိုသူရကို ဂျာမနီနိုင်ငံ ဘရီမန်မြို့ရဲ့ သွေးစည်းညီညွတ်ရေးဆု
ချီးမြှင့်ရခြင်းနဲ့ ပတ်သက်လို့ ဘရီမန် မြို့တော်ဝန်ရဲ့ သံတမန်ရေးရာဌာန တာဝန်ခံ ဘားဂျစ် ရမ်ဘားလ်စကီး (Birgitt Rambalski) က ရှင်းပြပါတယ်။
“မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်မြောက်မှုအတွက် စွန့်လွှတ် အနစ်နာခံပြီး လုပ်ဆောင်နေတဲ့ အနုပညာရှင်တဦး ဖြစ်တာကြောင့် ဒီဆုကို သူ့ကိုပေးဖို့ ကျမတို့က
ရွေးချယ်လိုက်တာပါ။ လူ့အခွင့်အရေးနဲ့ လွတ်မြောက်မှုတို့အတွက် ကြိုးပမ်း ဆောင်ရွက်နေကြသူတွေ အတွက် ဘရီမန်မြို့က ၂ နှစ်မှာတခါ ဒီဆုကို ချီးမြှင့်ပေးလာတာ နှစ်ပေါင်း ၂၀
ကျော်သွားပါပြီ။”
အထူးသဖြင့်တော့ သူတို့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေအတွက် နိုင်ငံတကာက သွေးစည်းညီညွတ်စွာ ထောက်ခံအားပေးတယ်၊ အသိအမှတ်ပြုတယ် ဆိုတာကို ပြသတဲ့ အနေနဲ့
ဒီဆုကို ပေးတာလို့ ဘားဂျစ် ရမ်ဘားလ်စကီးက ပြောပါတယ်။ ဆုကြေးငွေအဖြစ် ယူရိုငွေ ၁၀,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။
ကိုဇာဂနာရဲ့ အနုပညာ၊ သူ့ရဲ့ စွန့်လွှတ် အနစ်နာခံမှုနဲ့ မြန်မာနိုင်ငံသားတွေ စစ်အာဏာရှင်အောက်မှာ ဖိနှိပ် ချုပ်ချယ်ခံနေရတဲ့ ဘ၀တွေကို ဂျာမနီနိုင်ငံက ဟာသပညာရှင်တွေက သူတို့ရဲ့
အနုပညာ ဖျော်ဖြေပွဲတွေမှာ မကြာခန ကိုးကား တင်ဆက်လေ့ ရှိတာကြောင့် ကိုဇာဂနာကို ဂျာမန်ပရိသတ်က အတိုင်းအတာ တခုအထိ သိရှိပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆုကို ပေးတာဟာ မြန်မာနိုင်ငံအတွင်းက အမှန်တရားကို မြတ်နိုးသူတွေ အားလုံးအတွက် ပေးတာ ဖြစ်တယ်လို့ ကိုဇာဂနာရဲ့ မိတ်ဆွေလည်းဖြစ်၊ လုပ်ဖော်ကိုင်ဘက်ဟောင်း
တဦးလည်းဖြစ်တဲ့ ပန်းချီ ထိန်လင်းက ပြောပါတယ်။
“ကျနော့်အမြင်အရတော့ ဒါ တော်တော်အရေးကြီးပါတယ်။ တကယ်တမ်းကျတော့ ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အမှန်တရားကို ချစ်ခင် မြတ်နိုးပြီးတော့ လွတ်လပ်မှုကို
အမြဲတမ်း တိုက်ပွဲဝင်နေတဲ့ ပြည်သူတရပ်လုံးအတွက် ကိုယ်စားပြုပြီး ပေးတယ်လို့ပဲ သဘောပေါက်ပါတယ်။ နောက်တခုကတော့ ဒီမှာ ပြီးခဲ့တဲ့နှစ်က ဂျာမန်လူရွှင်တော်နဲ့ အင်္ဂလိပ်
ဒါရိုက်တာတယောက် ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကလည်း အခုလိုမျိုး ဆုရွေးချယ်ရေး အဖွဲ့က နေပြီးတော့ ကိုဇာဂနာကို ရွေးချယ်စေဖို့အတွက် ပိုပြီးတော့ မျက်စိကျစေတဲ့
အကြောင်းတကြောင်း ဖြစ်ပါလိမ့်မယ်။
“အဲဒါအပြင် လောလောဆယ် အခြေအနေမှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီး နောက်ပိုင်း လူငယ်တွေနဲ့ရော၊
နိုင်ငံတကာနဲ့ရော တွဲဖက်ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်မှု နေရာတခု ၀င်ပြီးတော့ ထိပ်တန်းက ပေးနေတာပေါ့။ အဲဒီအတွက်လည်း ဒီနိုင်ငံသူ နိုင်ငံသားတွေမှာ ပိုပြီးတော့
မြန်မာနိုင်ငံကို အာရုံစိုက်စရာ ဖြစ်လာတယ်။ အဲဒါကြောင့် နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာကို ရွေးတယ်လို့ပဲ ကျနော် သဘောပေါက်ပါတယ်။”
ကိုဇာဂနာအကြောင်း မှတ်တမ်းတင် ရုပ်ရှင်ကား ရိုက်ကူး ပြသခဲ့သူ ၂ ယောက်ကတော့ ဂျာမနီနိုင်ငံက နာမည်ကြီး ဟာသအနုပညာရှင် Michael Mittenmeier နဲ့ Rex Bloomstein တို့
ဖြစ်ပါတယ်။ မနှစ်က အဲဒီ ကိုဇာဂနာအကြောင်း ရိုက်ထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားကို ပြသပြီးနောက်မှာ ဘရီမန်မြို့ ဆီးနိတ်လွှတ်တော်ရဲ့ ဆုရွေးချယ်ရေး အဖွဲ့က ကိုဇာဂနာနဲ့
မြန်မာပြည်သူ ပြည်သားတွေ ခံစားနေရတာတွေကို ပိုသိလာခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ကျင်းပမယ့် ဆုချီးမြှင့်ပွဲကို ကိုယ်တိုင်တက်ဖို့ ဘရီမန်မြို့ကို ရောက်နေတဲ့ ကိုထိန်လင်းဟာ ဆုပေးပွဲ အခမ်းအနားမှာ ကိုဇာဂနာ ရေးသားခဲ့တဲ့ ကဗျာတချို့ကို ဖတ်ပြမှာ
ဖြစ်ပါတယ်။
“ကိုဇာဂနာအကြောင်း ကျနော် နည်းနည်း ပြောမယ်ပေါ့ဗျာ။ နောက်ပြီးတော့ သူ အကျဉ်းထောင်ထဲမှာ ရေးလိုက်တဲ့ ကဗျာ ၂ ပုဒ်ရှိတယ်။ အတိုလေးပေါ့။ တပုဒ်ကတော့ မြစ်ကြီးနားဆိုတဲ့
ကဗျာ၊ တပုဒ်ကတော့ သူ အင်္ဂလိပ်လို ရေးထားတယ်။ အဲဒီဟာ ၂ ခု။ အဲဒါ ကျနော် ရွတ်ပြမယ်၊ ဗမာလိုရော၊ အင်္ဂလိပ် ဘာသာပြန်ရော။”
ပန်းချီ ထိန်လင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီဆုကို ကိုဇာဂနာ ကိုယ်စား သားဖြစ်သူ ကိုမြတ်ကောင်းက လက်ခံရယူမယ်လို့ ဆိုပါတယ်။
ကိုဇာဂနာကို ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် အစောပိုင်းက မြစ်ဝကျွန်းပေါ်ဒေသမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေစဉ် ၂၀၀၈ ခုနှစ်
ဇွန်လဆန်းပိုင်းက သူ့နေအိမ်မှာ လာပြီး အာဏာပိုင်တွေက ဖမ်းသွားခဲ့တာ ဖြစ်ပါတယ်။
ထိုင်း၊ ကမ္ဘောဒီးယား တိုက်ပွဲပြန်ဖြစ်
By Daniel Schearf's Report in Burmese အင်္ဂါ, 15 ဖေဖော်ဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ဖရ၀ိဟာရ ရှေးဟောင်း ပုထိုးတော်ကြီးနဲ့ ပတ်သက်ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ စစ်တပ်တို့ကြား ဒီနေ့ နောက်ထပ် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပြီး တဘက်နဲ့တဘက် အပြန်အလှန်
အပြစ်ဖို့နေကြပါတယ်။ ဒီလဆန်းပိုင်းတုန်းက ထိုင်းနဲ့ ကမ္ဘောဒီးယား တပ်တွေဟာ အငြင်းပွားစရာ ဖြစ်နေတဲ့ နယ်မြေမှာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။ ဒါကြောင့် အပစ်အခတ်
ရပ်စဲကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂ နိုင်ငံစလုံးကို တောင်းဆိုခဲ့ပါတယ်။ အဲဒီလို တောင်းဆိုခဲ့ပြီး မကြာခင်မှာပဲ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ကြတာပါ။ ဒီအကြောင်း ဗွီအိုအေ
သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ဘန်ကောက်မြို့တော်ကနေ သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
နယ်ခြားကင်းစခန်းတခုကို ကမ္ဘောဒီးယား စစ်သားတွေက အင်္ဂါနေ့မနက် အစောပိုင်းမှာ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၅ ယောက် ဒဏ်ရာရခဲ့ပြီး တယောက်ကတော့ အပြင်းအထန်
ထိခိုက်ခဲ့တာလို့ ထိုင်းစစ်တပ်က ပြောပါတယ်။ နယ်ခြား ကင်းစခန်းကို အနည်းဆုံး လက်ပစ်ဗုံး တလုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ထိုင်းစစ်သားတွေက ရိုင်ဖယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာလို့
ထိုင်းစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ၀ီရာချွန် ဆူခွန်ရာပဒီးပက်ခ်က ပြောပါတယ်။ ဒီနယ်မြေထဲကို ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ဖို့ ကမ္ဘောဒီးယားနိုင်ငံက တောင်းခံခဲ့တာကို
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပယ်ချခဲ့တဲ့နောက် တိုက်ခိုက်မှုတွေ လုပ်လာမယ်လို့ မျှော်လင့်ထားပြီးသား ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
“ရလဒ်နဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေက ၀မ်းမသာကြပါဘူး။ သူတို့အနေနဲ့ ထိုင်းစစ်သားတွေအပေါ် လက်တုံ့ပြန်ဖို့ ရန်စတဲ့ လုပ်ရပ်တွေကို လုပ်လိမ့်မယ်လို့လည်း
ကျနော်တို့က ယုံကြည်ထားပါတယ်။”
ဒါပေမဲ့လည်း ကမ္ဘောဒီးယားနိုင်ငံရဲ့ ၀န်ကြီးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖေဆီဖန်ကတော့ သူတို့စစ်တပ်က စတင်ပစ်ခတ်တာ မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့တာပါ။ အင်္ဂါနေ့ နှောင်းပိုင်း
တိုက်ခိုက်မှုမှာ ထိုင်းစစ်တပ်ကသာ အရင်ပစ်တာလို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ည ၁၀ နာရီခွဲကနေ မနက် ၅ နာရီ ၂၀ လောက်အထိ လက်ပစ်ဗုံး ၁၁ လုံးလောက် ထိုင်းစစ်တပ်ဘက်က ပစ်ခဲ့တာ ဖြစ်ပါတယ်။”
ကမ္ဘောဒီးယား စစ်သားတွေတော့ အထိအခိုက် မရှိသလို လက်တုံ့ပြန်တာမျိုး မရှိခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။ သက်တမ်း အနှစ် ၉၀၀ လောက်ရှိတဲ့ ဟိန္ဒူ ခမာ ဘုရားကျောင်းအနီးက
၂ နိုင်ငံကြား အချေအတင် ဖြစ်နေတဲ့ ဒေသထဲမှာ လွန်ခဲ့တဲ့ ၂ ပတ်က စလို့ ပဋိပက္ခတွေ ဖြစ်ပွားနေတာပါ။
ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တွေ လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ရာက လူအများအပြား သေဆုံးထိခိုက်ခဲ့ရသလို ဒေသခံ ထောင်ပေါင်းများစွာဟာလည်း
ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။ တိုက်ခိုက်မှုတွေအတွက် ၂ ဘက်စလုံးက အပြန်အလှန် အပြစ်ဖို့ စွပ်စွဲနေကြပြီး ကမ္ဘောဒီးယားနိုင်ငံက နောက်ထပ် တိုက်ခိုက်မှုတွေ မဖြစ်အောင်
နိုင်ငံတကာ အကူအညီကို ရယူလိုပေမဲ့ ထိုင်းနိုင်ငံကတော့ ပြဿနာကို ၂ နိုင်ငံကြားမှာသာ ဖြေရှင်းလိုတာ ဖြစ်ပါတယ်။
တနင်္လာနေ့မှာတုန်းကတော့ ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တွေ့ဆုံခဲ့ကြတာပါ။ လုံခြုံရေးကောင်စီကတော့ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်တရပ် ရယူသွားဖို့နဲ့ ၂ နိုင်ငံစလုံး အသင်းဝင်အဖြစ် ပါဝင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ လက်တွဲဆောင်ရွက်ဖို့ အတွက်လည်း
တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံထဲမှာ တည်ရှိနေပြီး အဓိက အ၀င်ပေါက်ကတော့ ထိုင်းနိုင်ငံထဲမှာ ရှိနေခဲ့တဲ့ ဖရ၀ိဟာရ ဘုရားကျောင်းကို ကုလသမဂ္ဂရဲ့ UNESCO အဖွဲ့ကြီးက ကမ္ဘာ့ယဉ်ကျေးမှု
အမွေအနှစ်အဖြစ် သတ်မှတ်ထားလိုက်တဲ့ ၂၀၀၈ ခုနှစ်ကစလို့ တင်းမာမှုတွေ ကြီးထွားလာတာပါ။ ထိုင်းအမျိုးသားရေး ၀ါဒီတွေကတော့ ဘုရားကျောင်းဟာ ထိုင်းနိုင်ငံက
ပိုင်ဆိုင်တယ်ဆိုပြီး ပြောဆိုနေသလို အနီးအနား နယ်မြေမှာ ၂ နိုင်ငံစလုံးက စစ်တပ်တွေလည်း တိုးမြှင့် ချထားရာက မကြာခဏ တိုက်ခိုက်မှုတွေနဲ့ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တရုတ်ငွေကြေး ဆက်လက်ဖောင်းပွ
By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 15 ဖေဖော်ဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
တရုတ်နိုင်ငံမှာ ငွေကြေးဖောင်းပွမှု ပြဿနာတွေ ဆက်ပြီး ဖြစ်ပေါ်နေတာကြောင့် အသီးအနှံတွေ၊ သစ်သီးဝလံတွေ၊ ကြက်ဥ၊ ဘဲဥ အပါအ၀င် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ
ထိုးတက်စေခဲ့ပါတယ်။
ဒီနေ့ထုတ်ပြန်လိုက်တဲ့ စားသောက်ကုန် ဈေးနှုန်းတွေရဲ့ စာရင်းဇယားမှာ မနှစ်က ဇန်န၀ါရီလကထက် ဒီနှစ် ဇန်န၀ါရီလမှာ အခြေခံစားကုန် ဈေးနှုန်းတွေ ၄.၉% တက်လာခဲ့တာဖြစ်ပြီး
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဈေးတက်ခဲ့တဲ့နှုန်းဟာ ၄.၆% ရှိတယ်လို့ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ အဆင်းရဲဆုံး မိသားစုတွေဟာ သူတို့တွေရဲ့ ၀င်ငွေ ထက်ဝက်အထိ စားသောက်ကုန် ၀ယ်ယူမှုမှာ သုံးစွဲနေရတဲ့ အဖြစ်က ထိခိုက်မှု အရှိဆုံး ဖြစ်နေပါတယ်။
ပျမ်းမျှခြင်းအားဖြင့် စားသောက်ကုန် ဈေးနှုန်းတွေ အားလုံး ၁၀% ကျော်စီ ဈေးတက်ခဲ့ကြတာ ဖြစ်ပြီး အသေးစိတ် အနေနဲ့ သီးနှံတွေက ၁၅% ကျော်၊ သစ်သီးဝလံတွေက ၃၅% နီးပါး၊
ကြက်ဥ၊ ဘဲဥ ဈေးတွေက ၂၀% ကျော် ဈေးတက်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ မိုးခေါင် ရေရှားမှုကြောင့် တရုတ်နိုင်ငံရဲ့ ဂျုံအထွက်နှုန်း ကျဆင်းပြီး ကမ္ဘာ့ဂျုံဈေးတွေကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ
မာကျောက်ဇူက သတင်းထောက်တွေကို ဒီနေ့ အာမခံ ပြောကြားလိုက်ပါတယ်။
တရုတ်ရဲ့ မိုးခေါင်ရေရှားမှုဟာ နိုင်ငံတကာ စားသောက်ကုန် ဈေးနှုန်းတွေကို ထိခိုက်စေမှာ မဟုတ်ဘဲ အရန် သိုလှောင်ထားတဲ့ ဂျုံတွေကို ထုတ်ပြီး တရုတ်နိုင်ငံသားတွေကိုလည်း
ဖြန့်ဝေပေးနိုင်မှာ ဖြစ်တယ်လို့ မာကျောက်ဇူက ပြောဆိုခဲ့ပါတယ်။
http://www.voanews.com/burmese/news/

အာရပ် နိုင်ငံ များ ၏ အုံကြွမှု များ တစ်ကမ္ဘာလုံးသို့ ကူးစက် နိုင်


February 16, 2011 Leave a comment Go to comments

Middle East Unrest Shock Undemocratic Countries

• THE LIST
Who’s Next?
With Hosni Mubarak stepping down in Egypt, tyrants around the world may be anxiously wondering who will be the next to fall.
အာရပ် နိုင်ငံ ရဲ့ ပြည်သူလုထု အုံကြွမှု တွေ ဟာ တစ်ကမ္ဘာလုံး ကို ကူးစက် နိုင်ကြောင်း နိုင်ငံ
စုံက တက္ကသိုလ် ပါမောက္ခတွေ ၊ နိုင်ငံရေး ပိုင်းခြား စိတ်ဖြာသူတွေ၊သံတမန် ဟောင်းတွေ
ပါဝင်တဲ့ The Economist မဂ္ဂဇင်း ရဲ့  ဥာဏ်ကြီးရှင် အဖွဲ့ ဖြစ်တဲ့ Economist Intelligent Unit
က ပိုင်းခြား သုံးသပ် ထား ပါတ်။ ဒီအဖွဲ့ ကြီး ဟာ ၁၉၈၇ ခုနှစ် မှာ လည်း သံကန်လန့် ကာ
နောက်ကွယ်ကနိုင်ငံတွေ မှ လူထု အုံကြွမှု တွေ ဖြစ်ပွား နိုင်တာနဲ့  ဆိုဗီယက် ပြည်ထောင်စု
ပြိုကွဲ နိုင်တာ ကိုဟောကိန်း ထုတ် ခဲ့ ဖူးပါတယ်။
အီဂျစ် နိုင်ငံ မှာ သီတင်း သုံးပတ် နီးပါးကြာ လူထု အုံကြွမှု တွေ ဖြစ်ပွား ခဲ့ပြီးနောက် အာဏာရှင်
မူဘာရက် လည်း ရာထူးက နှုတ်ထွက် တူနီရှားက ဘင်အလီ လည်း တိုင်းပြည်ကနေ ထွက်ပြေးရ
တဲ့ အဆင့် ထိရောက် ခဲ့တာ ဟာ တူနီးရှား နိုင်ငံရဲ့ လူထု တော်လှန်ရေး ကြောင့် ဖြစ်ပါတယ်။
အောင်ပွဲ ရ အီဂျစ် ပြည်သူ တွေ နဲ့ တူနီးရှား နိုင်ငံ က ပြည်သူတွေ ကို ကျန် နေသေးတဲ့ မင်းဆိုး
မင်းညစ် အုပ်ချုပ် တဲ့ နိုင်ငံ က ပြည်သူတွေက အားကျအတု ယူကြတယ်လို့  အမေရိကန် နိုင်ငံ
ခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် Hilary Clinton ကလည်း ပြောပါတယ်။
ဒီနေ့ အရှေ့ အလယ်ပိုင်း နိုင်ငံတွေ ဖြစ်တဲ့ ဘာရိန်း၊ ယီမင်နဲ့  အီရန် နိုင်ငံ တို့ မှ လူထု အုံကြွ
မှုတွေ စတင်နေပြီး အီရန် အတိုက်အခံခေါင်းဆောင် တွေ ကို ကြိုးပေး သတ်ဖြတ်ဖို့ အစိုးရ
လိုလားတဲ့ ဥပဒေ ပြု အမတ်တွေ က တောင်းဆိုထားပါတယ်။
ဘာရိန်း နိုင်ငံ မှာ ဆန္ဒပြသူ နှစ်ဦး သေဆုံးခဲ့တာ နဲ့ ပတ်သက်ပြီး ဘုရင် ဟာဆ် အယ်(လ)
စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ ပြီး အရေးယူသွားမယ်လို့ ဆိုပါတယ်။ အီရန် နိုင်ငံ မှာတော့
ဆန္ဒပြမှု တွေ ဟာ အရှိန် ယူနေဆဲပဲ ဖြစ်ပြီး ၊ ယီမင် အုံကြွမှု ကတော့ ပိုအားကောင်းလာပြီး
အထွေထွေ လူထု တိုက် ပွဲ အသွင်ပြောင်း တော့ မယ်လို့ ဆိုပါတယ်။
အရှေ့ အလယ်ပိုင်း နိုင်ငံတွေ က ပြည်သူလူထု ရဲ့ အုံကြွမှု မျိုး ဗဟို အာရှ နိုင်ငံ တွေ နဲ့ 
အရှေ့ တောင် အာရှ နိုင်ငံတွေ က အတုယူ နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ တိုင်း ဂျာနယ် ကို ကြံ့ဖွတ် က သိမ်းပြီ
February 15, 2011 Leave a comment Go to comments

10
2

i
မဲပေးပါ

ဒေါ်မကြိုင်ကြိုင် ၏ တရုတ်ပြည်သွား တောလား ခရီးစဉ် ကို သတင်းသမားချင်း လက်တို့ ရာမှ မြန်မာ နိုင်ငံ သတင်းတပ်ဖွဲ့ က အသေးအဖွား ပုဒ်မ တပ်ကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။ (AP
Photo/Khin Maung Win)
တင်ကျော်ကျော်စိုး၊ ၊၂၀၀၀ ပြည့် က တည်းက အင်္ဂလပ်-မြန်မာ နှစ်ဘာသာ ဖြင့်
စတင် ထုတ်ဝေခဲ့သည့် မြန်မာ တိုင်း သတင်း ဂျာနယ် အား ၂၀၁၀ ရွေးကောက်ပွဲတွင် မရိုးဖြောင့်
သည့် နည်းလမ်း ဖြင့် အနိုင်ယူခဲ့သည့် ကြံ့ဖွတ် ပါတီ ခေါ် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး
ပါတီမှ သိမ်းပိုက် လိုက် ပြီ ဟုFreedom News Group မှ သတင်းရရှိသည်။
မြန်မာ တိုင်း ဂျာနယ် အား သြစတေးလျှ နိုင်ငံ သား ရောစ် ဒန်ကလီ က စတင် တည်ထောင်ကာ
ဂျာနယ် အတွက် ကုန် ကျစရိတ် ကို ကနဦး တွင် ၎င်း က တစ်ဝက် နှင့် ဒေါ်ယမင်းထင်အောင် နှင့်
ဦးဆန်နီဆွေ တို့ က တစ်ဝက် စိုက်ထည့် ကာ ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ရောစ် ဒန်ကလီ (Photo : Wall Street Journal)


မြန်မာ တိုင်း ဂျာနယ် အား ကြံ့ဖွံ့ ပါတီ က သိမ်းပိုက် လိုက်ခြင်း နှင့် ပတ်သက်၍ မြန်မာတိုင်း ဂျာနယ်
ကို ထုတ်ဝေ သည့် Myanmar Consolidated Media မှ ၀န်ထမ်းများ က လည်း ၎င်းတို့ ၏ နောင်ရေး
နှင့် ပတ်သက် ၍ စိုးရမ်လျှက် ရှိကြသည်။
လတ်တလော မြန်မာ တိုင်း ဂျာနယ် ၏ အစုရှယ်ယာများ သတင်း နှင့် ပတ်သက် ၍ အသေးစိတ်မသိ
ရှိရ သေးသော် လည်း စွန့် ဦးတီထွင် စာနယ်ဇင်း ဆရာ ဒန်ကလီ မှာ မူ တရားရုံးတွင် အမှု ရင်ဆိုင်ရ
မည် ဖြစ်ပြီး ၊ တိုင်း ပြည်မှ လည်း နှင်ထုတ် ခံရ နိုင်သည် ဟု ဥပဒေရေးရာ ကျွမ်းကျင် သူများ က
ထောက်ဆ ကြသည်။
ဒန်ကလီ အား မြန်မာ စစ်အစိုးရက ရက်လွန် ဗီဇာ မှု ကြောင့် ဖမ်းဆီး သည် ဟု တရားဝင် သတင်း
ထွက်ပေါ်သော်လည်း ပါးစပ်ပြောများ တွင်မူ ၊ ဆေးခြာက် လက်ဝယ် တွေ့ ရှိမှု ၊နာမည်ကျော် အမျိုးသမီး
သရုပ်ဆောင် တစ်ဦးအား ဓမ္မတာ အတိုင်း မဟုတ် သည့် နည်းလမ်းများ ဖြင့် လိင်ဆက်ဆံမှု တို့ ကြောင့်
ဟု ပြောကြသည်။
မြန်မာ တိုင်း ဂျာနယ် ၏ အမှု ဆောင် အရာရှိချုပ် အဖြစ် ၂၀၁၀ ရွေးကောက်ပွဲ တွင် အမတ်နေရာ
ကို လက်လွှတ် ခဲ့ရသည့် ကြံ့ဖွတ် ပါတီ ၀င် ဒေါက်တာ တင်ထွန်းဦး က ဒန်ကလီ ထောင်နန်းစံသည့်
နေ့ မှ စ၍ အမှု ဆောင် အရာ ရှိချုပ် အဖြစ် ဆောင်ရွက် ကာ သူ ၏ ဇနီး နှင့် သမီး များ က အဆင့်မြင့်
တာဝန်များ ကို ဆက်လက် ယူထားကြသည်။
မြန်မာ တိုင်း ဂျာနယ်အား ကြံ့ဖွတ် က ကမ္ဘောဒီယား နိုင်ငံတွင် သတင်း စာ ပညာ သင်တန်း သွားရောက်
ခဲ့သည့် ကိုကျော်သူ အား အကြီးတန်း သတင်း အယ်ဒီတာ အဖြစ် ဦးစီး ဆောင် ရွက် စေမည် ဟု သတင်း
ရရှိသည်။ ကို ကျော်သူ သည် ယခင်က ၀န်ကြီးချုပ် ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ၏ ကိုယ်ရေး
အရာရှိ တစ်ဦး ဖြစ်သူ ဗိုလ်ကြီး အောင်လွင် ဦးစီး ထုတ်ဝေသည့် မေမြန်မာ ဂျာနယ် ၏ အယ်ဒီတာ အဖြစ်
တာဝန် ထမ်းဆောင် ခဲ့သည်။
၎င်းသည် ပြည်တွင် နှင့် ကမ္ဘောဒီးယား ၊ တရုတ် ၊ ဂျပန် နှင့် ကိုရီးယား နိုင်ငံ တို့ တွင် သတင်းစာပညာ
ရက်တို ၊ ရက်ရှည် သင်တန်းများ ကို တက်ရောက် ခဲ့ဖူးသည်။
မေမြန်မာ ဂျာနယ် သည် အမျိုးသမီးရေးရာ အဖွဲ့ ၏ ဂျာနယ် ဖြစ်သည်။
ယခင် မြန်မာ တိုင်း သတင်းဂျာ နယ် တည် ထောင် သူ ရောစ်ဒန်ကလီ မှာ ရန်ကုန် မြို့ ရှိ ဆိုးရွားရက်
စက်လှသည့် အကျဉ်းထောင်ထဲ တွင် ရှိနေကာ ၎င်းအား စွဲဆိုထား သည့် အမှု အတွက် တရားရုံးထုတ်
ချိန် ကို စောင့် မျှော်နေသည် ဟု မြန်မာတိုင်းဂျာနယ် အယ်ဒီတာ တစ်ဦးက Freedom News Group
သို့ ပြောသည်။
ဒန် ကလီ ၏ အမှု အတွက် အာမခံသည် တရားရုံးမှ သာ ဆုံးဖြတ် မည် ဖြစ်သည်။
ဒန်ကလီ သည် နာမည် ကျော် မဟုတ် သော်လည်း လူကြိုက်များ လှ သည့် ပြည်ပ အခြေစိုက်
မြန်မာ သတင်း မီဒီယာ တစ်ခု ကို မြန်မာ စစ်ခေါင်း ဆောင် ၏ ဇနီး ဒေါ်မကြိုင်ကြိုင် တရုတ်
ပြည်ရောက် နေမှု ကို လက်တို့ ပြီး နောက် ကွန်ပျူတာ မပိတ် ပဲ ထားရှိရာမှ ၎င်း၏ အတူနေ
မိတ်ဆွေ က သက်ဆိုင်ရာ အား သတင်းပေး ခဲ့သည် ဟု သိရှိရသည်။
မြန်မာ တိုင်း ဂျာနယ် ကို ကြံ့ဖွတ် က သိမ်းပြီ
February 15, 2011 Leave a comment Go to comments

10
2

i
မဲပေးပါ
ဒေါ်မကြိုင်ကြိုင် ၏ တရုတ်ပြည်သွား တောလား ခရီးစဉ် ကို သတင်းသမားချင်း လက်တို့ ရာမှ မြန်မာ နိုင်ငံ သတင်းတပ်ဖွဲ့ က အသေးအဖွား ပုဒ်မ တပ်ကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။ (AP
Photo/Khin Maung Win)
တင်ကျော်ကျော်စိုး၊ ၊၂၀၀၀ ပြည့် က တည်းက အင်္ဂလပ်-မြန်မာ နှစ်ဘာသာ ဖြင့်
စတင် ထုတ်ဝေခဲ့သည့် မြန်မာ တိုင်း သတင်း ဂျာနယ် အား ၂၀၁၀ ရွေးကောက်ပွဲတွင် မရိုးဖြောင့်
သည့် နည်းလမ်း ဖြင့် အနိုင်ယူခဲ့သည့် ကြံ့ဖွတ် ပါတီ ခေါ် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး
ပါတီမှ သိမ်းပိုက် လိုက် ပြီ ဟုFreedom News Group မှ သတင်းရရှိသည်။
မြန်မာ တိုင်း ဂျာနယ် အား သြစတေးလျှ နိုင်ငံ သား ရောစ် ဒန်ကလီ က စတင် တည်ထောင်ကာ
ဂျာနယ် အတွက် ကုန် ကျစရိတ် ကို ကနဦး တွင် ၎င်း က တစ်ဝက် နှင့် ဒေါ်ယမင်းထင်အောင် နှင့်
ဦးဆန်နီဆွေ တို့ က တစ်ဝက် စိုက်ထည့် ကာ ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ရောစ် ဒန်ကလီ (Photo : Wall Street Journal)


မြန်မာ တိုင်း ဂျာနယ် အား ကြံ့ဖွံ့ ပါတီ က သိမ်းပိုက် လိုက်ခြင်း နှင့် ပတ်သက်၍ မြန်မာတိုင်း ဂျာနယ်
ကို ထုတ်ဝေ သည့် Myanmar Consolidated Media မှ ၀န်ထမ်းများ က လည်း ၎င်းတို့ ၏ နောင်ရေး
နှင့် ပတ်သက် ၍ စိုးရမ်လျှက် ရှိကြသည်။
လတ်တလော မြန်မာ တိုင်း ဂျာနယ် ၏ အစုရှယ်ယာများ သတင်း နှင့် ပတ်သက် ၍ အသေးစိတ်မသိ
ရှိရ သေးသော် လည်း စွန့် ဦးတီထွင် စာနယ်ဇင်း ဆရာ ဒန်ကလီ မှာ မူ တရားရုံးတွင် အမှု ရင်ဆိုင်ရ
မည် ဖြစ်ပြီး ၊ တိုင်း ပြည်မှ လည်း နှင်ထုတ် ခံရ နိုင်သည် ဟု ဥပဒေရေးရာ ကျွမ်းကျင် သူများ က
ထောက်ဆ ကြသည်။
ဒန်ကလီ အား မြန်မာ စစ်အစိုးရက ရက်လွန် ဗီဇာ မှု ကြောင့် ဖမ်းဆီး သည် ဟု တရားဝင် သတင်း
ထွက်ပေါ်သော်လည်း ပါးစပ်ပြောများ တွင်မူ ၊ ဆေးခြာက် လက်ဝယ် တွေ့ ရှိမှု ၊နာမည်ကျော် အမျိုးသမီး
သရုပ်ဆောင် တစ်ဦးအား ဓမ္မတာ အတိုင်း မဟုတ် သည့် နည်းလမ်းများ ဖြင့် လိင်ဆက်ဆံမှု တို့ ကြောင့်
ဟု ပြောကြသည်။
မြန်မာ တိုင်း ဂျာနယ် ၏ အမှု ဆောင် အရာရှိချုပ် အဖြစ် ၂၀၁၀ ရွေးကောက်ပွဲ တွင် အမတ်နေရာ
ကို လက်လွှတ် ခဲ့ရသည့် ကြံ့ဖွတ် ပါတီ ၀င် ဒေါက်တာ တင်ထွန်းဦး က ဒန်ကလီ ထောင်နန်းစံသည့်
နေ့ မှ စ၍ အမှု ဆောင် အရာ ရှိချုပ် အဖြစ် ဆောင်ရွက် ကာ သူ ၏ ဇနီး နှင့် သမီး များ က အဆင့်မြင့်
တာဝန်များ ကို ဆက်လက် ယူထားကြသည်။
မြန်မာ တိုင်း ဂျာနယ်အား ကြံ့ဖွတ် က ကမ္ဘောဒီယား နိုင်ငံတွင် သတင်း စာ ပညာ သင်တန်း သွားရောက်
ခဲ့သည့် ကိုကျော်သူ အား အကြီးတန်း သတင်း အယ်ဒီတာ အဖြစ် ဦးစီး ဆောင် ရွက် စေမည် ဟု သတင်း
ရရှိသည်။ ကို ကျော်သူ သည် ယခင်က ၀န်ကြီးချုပ် ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ၏ ကိုယ်ရေး
အရာရှိ တစ်ဦး ဖြစ်သူ ဗိုလ်ကြီး အောင်လွင် ဦးစီး ထုတ်ဝေသည့် မေမြန်မာ ဂျာနယ် ၏ အယ်ဒီတာ အဖြစ်
တာဝန် ထမ်းဆောင် ခဲ့သည်။
၎င်းသည် ပြည်တွင် နှင့် ကမ္ဘောဒီးယား ၊ တရုတ် ၊ ဂျပန် နှင့် ကိုရီးယား နိုင်ငံ တို့ တွင် သတင်းစာပညာ
ရက်တို ၊ ရက်ရှည် သင်တန်းများ ကို တက်ရောက် ခဲ့ဖူးသည်။
မေမြန်မာ ဂျာနယ် သည် အမျိုးသမီးရေးရာ အဖွဲ့ ၏ ဂျာနယ် ဖြစ်သည်။
ယခင် မြန်မာ တိုင်း သတင်းဂျာ နယ် တည် ထောင် သူ ရောစ်ဒန်ကလီ မှာ ရန်ကုန် မြို့ ရှိ ဆိုးရွားရက်
စက်လှသည့် အကျဉ်းထောင်ထဲ တွင် ရှိနေကာ ၎င်းအား စွဲဆိုထား သည့် အမှု အတွက် တရားရုံးထုတ်
ချိန် ကို စောင့် မျှော်နေသည် ဟု မြန်မာတိုင်းဂျာနယ် အယ်ဒီတာ တစ်ဦးက Freedom News Group
သို့ ပြောသည်။
ဒန် ကလီ ၏ အမှု အတွက် အာမခံသည် တရားရုံးမှ သာ ဆုံးဖြတ် မည် ဖြစ်သည်။
ဒန်ကလီ သည် နာမည် ကျော် မဟုတ် သော်လည်း လူကြိုက်များ လှ သည့် ပြည်ပ အခြေစိုက်
မြန်မာ သတင်း မီဒီယာ တစ်ခု ကို မြန်မာ စစ်ခေါင်း ဆောင် ၏ ဇနီး ဒေါ်မကြိုင်ကြိုင် တရုတ်
ပြည်ရောက် နေမှု ကို လက်တို့ ပြီး နောက် ကွန်ပျူတာ မပိတ် ပဲ ထားရှိရာမှ ၎င်း၏ အတူနေ
မိတ်ဆွေ က သက်ဆိုင်ရာ အား သတင်းပေး ခဲ့သည် ဟု သိရှိရသည်။

ချစ်သူများ နေ့  အား ဒေါ်ကြိုင်ကြိုင် တရုတ် ပြည်တွင် နွှဲ


February 14, 2011 Leave a comment Go to comments
14
0

i
မဲပေးပါ

"အဖော်မပါ တစ် ကိုယ်ရည်တည်း ပြန်လာခဲ့ တော့ ချစ်သူ ရေ"ဖြစ်နေ သည့် ဗိုလ်ချုပ်မှုးကြီး


နာမကျန်း သည့် ခင်ပွန်း သည် စစ်ခေါင်းဆောင်ကြီး အား နေပြည်တော် တွင် ထားခဲ့ကာ ဒေါ်ကြိုင်
ကြိုင်သည် စိန်၊ရွှေ ၊ရတနာ ၊ဒေါ်လာ များ ဖြင့် တရုတ် နိုင်ငံ ကူမင်း နှင့် ဘေဂျင်း မြို့ များသို့ ရောက်
ရှိနေသည် ဟု သတင်း ရရှိသည်။
ထိုသို့ ရောက်ရှိခြင်း သည် ဗိုလ်ချုပ်မှုးကြီးက ၎င်း ၏ မြေးဖြစ်သူ ကို အာဏာဆက်ခံရန် အတွက် ထိပ်
တန်း စစ်ဗိုလ်ချုပ်များ နှင့် ဆွေးနွေးရာမှ အားလုံးက ကန့် ကွက် ပြီးနောက် သူ၏ မိသားစု အားတရုတ်
ပြည်တွင် ခေတ္တ သွားရောက် နေထိုင်ရန် စီစဉ် ခဲ့ခြင်း ဖြစ်သည် ဟု နေရွှေ သွေးအောင် ၏ သူငယ်ချင်း
တစ်ဦးက Freedom News Group သို့ ပြောသည်။
ဒေါ်ကြိုင်ကြိုင် သည် ချစ်သူများ နေ့ ကို တရုတ် ပြည်တွင် နွှဲပျော်သည် ဟု သတင်းရရှိသည်။
http://freedomnewsgroup.com/

နည်းပညာ မီးရှုးမီးပန်းများ အပ္ပဒိတ်


လောကဓာတ်ခန်းသာဂိ
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၁
ဒီတပတ်ပြောချင်တာက ဂူးဂဲပါ။ ဂူးဂဲဟာ အီးမေး၊ ဘလောက်ဂင်း၊ ဆိုရှယ်မီဒီယာကနေ မိုးပေါ်တက်နေပြီ။ မိုးပေါ်တက်နေပြီလို့ ပြောချင်တာက Cloud တို့၊ Virtal Community & Work
Place ကို သွားနေပြီလို့ ပြောချင်တာ။ အင်တာနက်လူသားဟာ ဘ၀ကို အီးမေးနဲ့စ၊ ချက်တင်းတွေ ဘလောက်နဲ့ကြီးပြီး ဖေ့စ်ဘွတ်နဲ့ အဆုံးသတ်မသွားဘူး။ ဂူးဂဲရဲ့ APP တွေက
လူမှုအဖွဲ့တွေ လုပ်ငန်းအဖွဲ့တွေကို အထောက်အကူပြုတဲ့ နည်းပညာတွေ၊ ကိရိယာတွေ ပေးနေပြီ ဖြစ်တယ်။
ဥပမာ တခုကတော့ Google App – (http://www.google.com/apps/ )ကို သွားကြည့်ပါ။ တသီးပုဂ္ဂလဘ၀အတွက် ဖြည့်ဆည်းပေးတဲ့ အီးမေး၊ ဂျီတော့ခ်၊ အယ်လဘန်၊
ဘလောက်ဂ်တွေကနေပြီးတော့ အီးမေးဂရု၊ ဖိုင်တွေ ရှယ်လုပ်တဲ့ ဆိုက်၊ ဈေးရောင်း ဈေးဝယ်၊ လမ်းညွှန်မြေပုံတွေ ၀န်ဆောင်မှုပေးနေရာကနေ လူမှုအဖွဲ့အစည်းတွေ၊ လုပ်ငန်း၊ စီးပွား၊
ပညာရေး အဖွဲ့အစည်းတွေကို ဂူးဂဲရဲ့ ၀န်ဆောင်မှုတွေကို အခမဲ့၊ အခနဲ့ ပေးသုံးနေပြီ ဖြစ်တယ်။ ဂျီးမေးကို နေ့စဉ်ဘ၀မှာ ကြိုက်နေမှတော့ သင့်အလုပ်၊ သင့်မိသားစု အီးမေးကိုလည်း
ဂူးဂဲဖြင့် သုံးနိုင်ပြီ။ thegeek@gmail.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it ကနေပြီးတော့
thegeek@thegeek.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it ကို ဂူးဂဲဝန်ဆောင်မှုနဲ့ သုံးနိုင်ပြီ။
အဲသည်ကိုယ်ပိုင်ဒိုမိန်းအီးမေးနဲ့ ဂျီတော့ခ်မှာ ချက်နိုင်ပြီ။ ဒါမျိုးတွေ ပေးနေပါတယ်။
စမ်းသပ်ကြပေတော့။ ပရိုဂရင်မာများလည်း ဂူးဂဲလက်ဘ် သာမက ဂူးဂဲကုတ်ဒ်များတင်သာမက google ရဲ့ Google Web Application Engine ဖြစ်တဲ့ http://appspot.com မှာလည်း
လက်တည့်စမ်းကြည့်ကြပါဦးခင်ဗျား
နောက်တခုကတော့ ဒက်စ်တော့ကွန်ပျူတာသုံးတဲ့ခေတ် မဟုတ်တော့ဘူး၊ လက်ပ်တော့ခေတ်ဖြစ်နေပြီ။ အဲ … အခုဆိုရင် တယ်လီဖုန်းကွန်ပျူတာခေတ် ဖြစ်လာပြီ။ နောက်ပြီးတော့
ဆော့ဝဲတွေ၊ အိုအက်စ်တွေ အလေးသာတဲ့ခေတ် မဟုတ်တော့ပြန်ဘူး။ အင်တာနက်ရှိဖို့နဲ့ လိုင်းပေါ်က၊ မိုးပေါ်က (Cloud) မိုးတိမ်တောင်တွေပေါ်တက် ဈန်ရတဲ့ ခေတ် ဖြစ်နေပြီ။
ဘရောက်ဇာပဲ ရွေးတဲ့ ခေတ်၊ အက်ပ် APP တွေ ရွေးသုံးတဲ့ ခေတ်ဖြစ်နေပြီ။
မိုးမခကို စာမူပို့တာ အန်ဒရိုက်ဖုံးထဲကနေ မက်ဆိတ်ကို ပါးစပ်နဲ့ပြော၊ စာသားက စက်ထဲမှာ သူ့ဖာသာပြောင်း၊ စပယ်လင်တွေ စစ်၊ အယ်ဒီတာမေးထဲ ပို့၊ ဓာတ်ပုံပါ တွဲပေးလိုက်တဲ့
အချိန်ကို ရောက်တော့မယ်လို့ ဟိုစပ်စပ်ဒီစပ်စပ် ပါလေရာသာဂိ ဆိုတဲ့ အကောင်တကောင်က လျောက်ပြောနေသံ ကြားတယ်။ အီဂျစ်မှာတောင် ဒက်စ်တော့ကီးဘုတ်ကို အကြမ်းဖက်တဲ့
ပုလိပ်တွေ၊ လုံထိမ်းတွေကို ပြန်ရိုက်နှက်ဖို့ သုံးတဲ့ လက်နက်အဖြစ် သုံးတော့တယ်။ စာမရိုက်တော့ဘူးတဲ့။ ဖုန်းနဲပဲ စာရိုက်၊ ဓာတ်ပုံရိုက်၊ သတင်းပို့လို့ မူဘာရက်တောင် ပြေးရပါရောလား။
မူဘာရက်က အင်တာနက်ဆိုတဲ့အသံ မကြားချင်လို့ မြောက်ကိုရီးယားတို့၊ မြန်မာတို့ကို ပြောင်းနေမယ်တောင် ပြောသံကြားမိတယ်။
အော် ထားပါတော့။ လောကဓာတ်ခန်းထဲကနေ သတင်းခန်းထဲ ရောက်သွားပြီ။ အခုက အက်ပ် ခေတ်၊ ဘရောက်ဇာ ခေတ်၊ (Apps and Browser )။ အခု အိုင်အီးတွေ၊
ဖိုင်ယားဖောက်စ်တွေနဲ့အပြိုင် ဂူးဂဲက ခရုမ်းမ် ဘရောက်ဇာ (Google Chrome) ကို စမ်းကြည့်ပါ။ ခရုမ်းရဲ့ (https://chrome.google.com/webstore ) ကို သွားကြည့်ပါ။
ဘရောက်ဇာဘေ့စ် အက်ပ်တွေ အများကြီးပါဗျား။
ကဲ ဒီလောက်ပဲ အစဖော်ပေးတော့မယ်။ လောကဓာတ်ခန်းသာဂိ ဆိုတာကလည်း အခုစာကြောင်းကို အဆုံးသတ်တဲ့ ပုဒ်မထက် ကျော်ပြီး သိတဲ့ တတ်တဲ့ ဉာဏ်ပညာ မရှိပါဘူး။

ကာတွန်း စောငို - အရပ်သား အစိုးရသစ်


ဖေဖော်ဝါရီ ၁၅၊ ၂၀၁၁
http://www.moemaka.com/

မွန်အမတ်နှစ်ဦးဝန်ကြီးအဖြစ်ခန့်အပ်ရန် မွန်ပြည်နယ်လွှတ်တော်မှသဘောတူဆုံးဖြတ်
မင်းထက်အောင်၊ ကောင်းဝါသတင်းဌာန
တပို့တွဲလဆန်း ၁၂ရက်။ဖေဖေါ်ဝါရီ ၁၅၊၂၀၁၁။
မင်းထက်အောင်(ဖေဖေါ်ဝါရီလ-၁၅)။ ။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော် အမတ်နှစ်ဦးတို့အား ပြည်နယ်ဝန်ကြီးများအဖြစ်ခန့်အပ်ရန် မွန်ပြည်နယ်လွှတ်တော်က
သဘောတူကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဌကြေညာချက်ကို ယနေ့ထုတ်စစ်အစိုးရသတင်းစာများတွင် ရေးသားဖေါ်ပြသည်။
မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးတတိယနေ့ကို မော်လမြိုင်မြို့၌ ယမန်နေ့နံနက်ပိုင်းတွင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

AMDP အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး


“ကျနော်တို့ပါတီက ဝန်ကြီး ၂ နေရာရမှာဆိုတော့ သိပ်မဆိုးလှဘူးလို့ဆိုရမှာပါ” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီခေါင်းဆောင်တစ်ဦးက သုံးသပ်သည်။

အဆိုပါ မွန်ပြည်နယ်ဝန်ကြီးများအဖြစ် သဘောတူခံရသည့် မွန်အမတ်နှစ်ဦးမှာ ဒေါက်တာမင်းနွယ်စိုး(ခေါ်) ဦးထွန်းရီနှင့် နိုင်လဝီအောင်(ခေါ်) နိုင်မြင့်ဆွေတို့ဖြစ်ကြသည်။


နိုင်လဝီအောင် မဲဆွယ်စည်းရုံးဟောပြောခဲ့စဉ်
ဒေါက်တာမင်းနွယ်စိုးသည် မုဒုံမြို့နယ်၊အမှတ(် ၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်သည်။

နိုင်လဝီအောင်သည် ရေးမြို့နယ်၊အမှတ(် ၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မွန်ပြည်သစ်ပါတီမှဗိုလ်မှူးကြီးအဆင့်ဖြင့် အနားယူခဲ့သူတစ်ဦးလည်း ဖြစ်သည်။

အလားတူ တစညပါတီဝင် သထုံမြို့နယ်၊ အမှတ(် ၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှိုင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးမြင့်အောင်


တို့သည်လည်း ပြည်နယ်ဝန်ကြီးများအဖြစ် သဘောတူညီကြောင်း သတင်းစာတွင် ဖေါ်ပြရေးသားသည်။

မွန်ပါတီကိုထောက်ခံသော မဲဆန္ဒရှင်များ
ထို့အပြင် ပြည်ခိုင်ဖြိုးအမတ်များဖြစ်ကြသည့် ဒေါက်တာလှဦး၊ ဒေါက်တာတိုးတိုးအောင်၊ ဒေါက်တာခင်မောင်သွင်၊ ဦးမျိုးညွန့်နှင့် ဦးဝင်းမော်ဦးတို့သည်လည်း ပြည်နယ်ဝန်ကြီးများအဖြစ်
သဘောတူညီစာရင်းတွင် ဖေါ်ပြထားသည်။

၂၀၁၀ ဖွဲ့စည်းပုံအရ မကြာမီတွင်ပထမဦးဆုံး မွန်ပြည်နယ်အစိုးရနှင့်ဝန်ကြီးအဖွဲ့များ ပေါ်ပေါက်လာမည်ဟု ယူဆကြသည်။

အဆိုပါမွန်ပြည်နယ်ဝန်ကြီးများသည် မွန်ပါတီဝင်ဝန်ကြီးများမှလွဲ၍ မွန်စကားနှင့်မွန်စာပေ ပြောဆိုရေးသားတတ်သူ မရှိသလောက်ဖြစ်နေသည်ဟု လေ့လာသူများ သုံးသပ်ကြသည်။


“မွန်ပြည်နယ်လွှတ်တော်သာပြောတယ်၊ အမတ်တွေဆွေးနွေးကြတာကတော့ ဗမာလိုပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အမတ်အများစုဟာ မွန်မဟုတ်လို့ပေါ့” ဟု မွန်အမတ်တစ်ဦးက
ပြောသည်။

မဆလခေတ် ၁၉၇၄ ဖွဲ့စည်းပုံအရ မွန်ပြည်နယ်အဖြစ် စတင်သတ်မှတ်ခဲ့သည်။

၁၉၄၇ ဖွဲ့စည်းပုံတွင် လက်ရှိမွန်ပြည်နယ်ကို တနင်္သာရီတိုင်း(၁) ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မစ်ရှင်ဥက္ကဌမှ ကတ္တရာလမ်းခင်းရန် ငွေကောက်ခံ အဓမ္မလုပ်အားပေးစေခိုင်း


ဆူးပန်း၊ ကောင်းဝါသတင်းဌာန
တပို့တွဲလဆန်း ၁၁ရက်။ဖေဖေါ်ဝါရီ ၁၄၊၂၀၁၁။
ဆူးပန်း(ဖေဖေါ်ဝါရီ-၁၄)။ ။မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာနှင့်ကညှော်ကျေးရွာဆိပ်ကမ်းအထိ ကတ္တရာလမ်းခင်းရန် အတွက်
မြို့နယ်ရွေးကောက်ပွဲကော်မစ်ရှင်ဥက္ကဌဦးထွန်းရီမှ ဦးဆောင်ကာကျေးရွာအပေါ် ငွေကြေးကောက်ခံခဲ့သည့် အပြင် လမ်းခင်းရန်အတွက်
ရွာသားများကိုအတင်းအဓမ္မလုပ်အားပေးစေခိုင်းခဲ့သည်ဟု ဒေသခံကျောင်းဆရာ တစ်ဦးမှ ပြောပါသည်။
“မုဒွန်းရွာကနေ ကညှော်လမ်းမကတ္တရာခင်းဖို့ကိစ္စကို ရွာသားအပေါ်မှာ တစ်အိမ်ကို
နှစ်သောင်း သုံးသောင်း လေးသောင်း ငါးသောင်းအထိ ကောက်ပြီးတော့လမ်းခင်းနေတယ်။
အဲဒီငွေကောက်ခံပြီးတဲ့အပြင်ကို ကျေးရွာသား တွေလဲ အခမဲ့
လုပ်အားပေးလဲလုပ်ဆောင်နေရတယ်။
နေ့တိုင်းလိုလို လိုက်လံပြီးတော့ အသံချဲ့စက်နဲ့အော်ပြီးတော့ လုပ်အားပေးခိုင်းနေတယ်။
တနေ့ကိုအယောက် လေးငါးဆယ်လောက် လုပ်အားပေးနေရတယ်။”

မုဒွန်းရွာနှင့် ကညှော်ရွာဆိပ်ကမ်းအထိ တစ်မိုင်ကျော်ကျော်ကတ္တရာလမ်းခင်းနေဆဲဟု


အဆိုပါကျောင်း ဆရာမှ ပြောပါသည်။

ဦးထွန်းရီသည် အငြိမ်းစားမြို့နယ်ပညာရေးမှူးဖြစ်ပြီး(၂၀၁၀)ခုနှစ် ရွေးကောက်ပွဲကာလတွင်


မြို့နယ်ရွေး ကောက်ပွဲကော်မစ်ရှင်ဥက္ကဌအဖြစ် တာဝန်ပေးခြင်းခံရသည်။

ယခင်ကဆိုလျှင်လမ်းဖေါက်လုပ်ရေးကိစ္စကတ္တရာလမ်း ခင်းသည့်ကိစ္စများသည်
မြို့နယ်စည်ပင်သာယာရေးကော်မီတီနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကသာ လုပ်ဆောင်
နေသော်လည်း ယခုလိုရွေးကောက်ပွဲကော်မစ်ရှင်ကနေ အုပ်ချုပ်ရေးကိစ္စများ
ဝင်ရောက်စွက်ဖက်သည်မှာ ပထမဦးဆုံးအကြိမ်ဟု ကျေးရွာရယကအဖွဲ့ဝင်တစ်ဦးက
ပြောပါသည်။

မွန်ပြည်နယ်အတွင်း၌ ဒေသခံရွာသားတွေအပေါ်မှာငွေကြေးကောက်ခံခြင်း အတင်းအဓမ္မလုပ်အားပေး စေခိုင်းခြင်းများရွေးကောက်ပွဲမတိုင်ခင်ကာလအခြေအနေလိုရှိနေသေးသည်ဟု


ထိုင်းအခြေစိုက်မွန်ပြည်လူ့အခွင့် အရေး ဖေါင်ဒေးရှင်း၏ လုပ်ငန်းကြီးကြပ်ရေးတာဝန်ခံ နိုင်အွန်းမွန်မှ ခုလိုပြောပါသည်။

ရွေးကောက်ပွဲအကြိုကာလတုန်းက ကြံ့ဖွံ့ပါတီ တွေမဲဆွယ်ခဲ့တုန်းက သူတို့ကပျက်နေတဲ့လမ်းတွေ ကိုပြင် ပေးမယ်။


လျှပ်စစ်မီးတွေကို ထွန်းညှိပေးမယ်။ ပြီးတော့ပြည်သူတွေရဲ့ဘ၀စားဝတ်နေရေး သာယာဝပြော အောင်လုပ်ပေးမယ်ဆိုတဲ့ အာမခံချက်တွေက ကျွန်တော်တို့ဘာတစ်ခုမှမတွေ့ရဘူး။
ပြီးတော့ ဒီချိုးဖေါက်မှုကလဲ အရင်အကြိုကာလ ဒီရွေးကောက်ပွဲတွေတုန်းကလိုဘဲ ဆက်ပြီးရှိနေတဲ့အတွက်ကြောင့် ဒီအပေါ်မှာ အများကြီး သံသယဖြစ်မိတယ်။
ဒီကိုယ်ထူကိုယ်ထကိုမှီပြီးတော့ လက်ရှိအာဏာရနေတဲ့ လူတစ်စုတွေရဲ့ခြစားနည်းတွေ ပြည်သူတွေပိုင်တဲ့ငွေတွေကို အလွှဲသုံးစားတဲ့ပုံစံ ဘယ်တော့ပျောက်မလဲ။
ဒါတွေအားလုံးဟာ အစိုးရ အာဏာပြောင်းလဲသွားပေမဲ့ ဖြစ်ပျက်နေတဲ့ ချိုးဖေါက်မှုပုံစံတွေဟာ မွန်ပြည်နယ်မှာ ဒီအတိုင်းဘဲရှိနေတယ်။”

မြန်မာစစ်အစိုးရသည် ပုဒ်မ ၁/၉၉ကိုထုတ်ပြန်ပြီး အတင်းအဓမ္မလုပ်အားပေးစေခိုင်ခြင်းကို တားမြစ ပိတ်ပင်သည့်အမိန့်ကိုထုတ်ပြန်ခဲ့ပါသည်။ ပြီးခဲ့သည်(၂၀၁၀)ခု


့ နှစ်
ဇန္ဖာဝါရီလ(၁၇)ရက်နေ့တွင် စစ်အစိုးရနှင့် အိုင်အယ်လ်အိုခေါ် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်တို့ စာချုပ်တစ်နှစ်သက်တန်းတိုး ချုပ်ဆိုခဲ့ပြီး အတင်းအဓမ္မ လုပ်အား ပေးစေခိုင်းခြင်း
လူ့အခွင့်အရေးတွေချိုးဖေါက်ခြင်းခံရလျှင် မည်သူမဆိုအိုင်အယ်လ်အိုကို လွတ်လွတ်လပ်လပ် တိုင်ကြားနိုင်ကြောင်းပါရှိသည်။

သို့ရာတွင် လက်တွေ့အနေအထား၌ စစ်အစိုးရမှ စာချုပ်ပါဂတိအတိုင်း လိုက်နာ ဆောင်ရွက်မှုမရှိသေးသည့်အပြင် ယနေ့တိုင်အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း


စစ်တပ်အထမ်းသမား ပေါ်တာ အဖြစ်စေခိုင်းခြင်း တပ်စခမ်းဆောက်လုပ်ရေးမှာစေခိုင်းခြင်း စစ်ရိက္ခာပစ္စည်းထမ်းခိုင်းခြင်းကိစ္စများကို ကျူးလွန် နေဆဲဖြစ်ကြောင်း
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်ထားမှုရှိနေ ပါသည်။
http://www.kaowao.org
http://www.mongloi.org/burmese/

ရှင်ကျော်ဘုရားပွဲမှ ထူးခြား ဖြစ်ရပ်များနှင့် အဖမ်းအဆီး သတင်း

2/15/2011
Adjust font size:

-------------
မောင်အေး
-------------
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ နာမည်ကြီး ရှင်ကျော်မုနိ ဘုရားပွဲတော်ကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်ကာလအတွင်း
ထူးခြားသော ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ဟု ပွဲတော်သို့ သွားရောက်ခဲ့သူများက ပြောသည်။

Photo: Alodawpyei
ပွဲတော်သို့ သွားရောက်ခဲ့သူ တစ်ဦးက “ ဒီနှစ် ရှင်ကျော် ဘုရားပွဲမှာ ထူးခြားတဲ့ ဖြစ်ရပ်တွေ တစ်ခုပြီး တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ ခါတိုင်းနှစ်တွေမှာ ပြုလုပ်တဲ့ ဘုရားပွဲ မတူတဲ့ ထူးခြားတဲ့
ဖြစ်ရပ်တွေ ဖြစ်ပါတယ်” ဟု ပြောသည်။
ရှင်ကျော်ဘုရားပွဲ၏ ယခုနှစ်ထူးခြားမူမှာ ပွဲတော်အား ပြာသိုလကွယ်နေ့တွင် ပြုလုပ်ခြင်း၊ ပွဲတော်အတွင်း သားမိနှစ်ဦး ရေနစ်သေဆုံးခြင်း၊ ဘုရားပွဲတော်အတွင်း ထီးတော်တင်ရန်
စီစဉ်နေစဉ် ရဟန်းတော် တစ်ပါးမှ “ အောင်ပြီ” “ အောင်ပြီဟု ဆိုကာ အနီးအနားတွင် ထိုင်နေသော အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းနှင့် ဆရာတော်ကြီးများကို
ကန်ကျောက်ခြင်းများကို ပြုလုပ်ခဲ့ခြင်းများ ဖြစ်ကြသည်။

မျက်မြင် ရဟန်းတော် တစ်ပါးက “ ပြာသိုလကွယ်နေ့ နံနက်ပိုင်း ၈ နာရီ ၉ နာရီခန့်ရှိမယ် ထင်ပါတယ်။ တိုင်းမှူး အပါအ၀င် အလိုတော်ပြည့် ဆရာတော် ဘုရားကြီးတို့ ထီးတော်တင်ဖို့
ပြင်ဆင် နေချိန်မှာ တိမ်ညိုနားမှာ ရှိတဲ့ သပြေကန် ဆရာတော် ဦးသုဝဏ္ဍက နတ်ပူးတယ်လို့ ပြောပါတယ်။ တိုင်းမှူး စိုးသိန်းကို ခြေထောက်နဲ့ ကန်တယ်။ အလိုတော်ပြည့်
ဆရာတော်ကြီးကိုလည်း လည်ပင်း ညစ်ဖို့ လုပ်ပါတယ်။ ပီးရင် အောင်ပြီ အောင်ပြီလို့လည်း အော်ပါတယ်။ ရှင်ကျော် ဆရာတော်ကြီး ရုပ်ထုကိုလည်း ခြေထောက်နဲ့ ကန်ပါတယ်။
တိုင်းမှူးအနားမှာ လုံခြုံရေး ယူထားတဲ့ စစ်သားနဲ့ ရဲတွေက ဦးသုဝဏ္ဍကို ဖမ်းဖို့ လုပ်ပါတယ်။ ပွဲတော်ကို ရောက်နေတဲ့ ကိုနေထက်လင်းတို့ ကိုဘုန်းလျှံတို့ထင်ပါတယ်။ တစ်ခုခု မှားပြီး
စိတ်ဖေါက်ပြန်တဲ့ အတွက် ဖြစ်တာပါ။ ဘာမှ မလုပ်ကြပါနဲ့။ မလုပ်ကြပါနဲ့လို့ စပီကာကတဆင့် အော်တော့ ခဏလေးအကြာမှာ ဘုန်းကြီး ငြိမ်ကျသွားတယ်။ ဖြစ်တာက
ငါးမိနစ်လောက်ဘဲ ကြာပါတယ်” ဟု ပြောသည်။

Photo: Alodawpyei
အဆိုပါ ဖြစ်စဉ်ကို တခြား စစ်တွေမှ လူငယ် တစ်ဦးကလည်း အတည်ပြုပြောကြားသည်။

“ထီးတော်တင်နေတဲ့ အချိန်မှာ ဖြစ်တာပါ။ နတ်ဝင်တယ်လို့ ပြောပါတယ်။ “အောင်ပြီ အောင်ပြီ”လို့ အော်တယ်။ ပြီးတော့တိုင်းမှူး စိုးသိန်းကို ခြေနဲ့ကန်တယ်။ နောက်ပြီး အလိုတော်ပြည့်
ဆရာတော်ကြီး လက်ကိုလည်း ကိုက်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အဝေးက ဆိုတော့ ဘာဖြစ်ခဲ့တယ်ဆိုတာ တိတိကျကျ ပြောဖို့ ခက်ပါတယ်။”

တခြားဆရာတော် တစ်ပါးကလည်း အဆိုပါ ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း ပြောကြားသော်လည်း အဆိုပါ ဆရာတော် သုဝဏ္ဍမှာ စိတ်ဖေါက်ပြန်နေသည့် ရဟန်း တစ်ပါး ဖြစ်ကြောင်း
အတည်ပြု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သွေးရိုးသားရိုး ဖြစ်သလား၊ အဆိုပါ ဖြစ်စဉ် နောက်ကွယ်တွင် ထူးခြားသော အကြောင်းအရာများ ရှိနေသလားဟု ဆိုကာ ရခိုင် ဆရာတော်ကြီးများ
အကြား အမျိုးမျိုး ဝေဖန် ပြောဆိုမူများ ထွက်ပေါ်နေသည်ဟုလည်း သိရသည်။

၎င်းပြင် ရှင်ကျော်ကျေးရွာမှ ကူးတို့သည် ဦးလှမောင်သိန်း (၃၅ နှစ်)အားလည်း လှေနစ်၍ သေဆုံးသွားသူ သားမိနှစ်ဦး၏ ဆွေမျိုးများမှ တစုံတရာ အမှု မလုပ်လိုပါဟု ပြောသော်လည်း
ရဲက ဖမ်းဆီးထားပြီး မနက်ဖြန်တွင် မြောက်ဦးမြို့နယ် တရားရုံးတွင် ရုံးထုတ်မည်ဟု သိရသည်။

ယခုနှစ် ရှင်ကျော်ပွဲတော်တွင် ရှင်ကျော်ဘုရား ထီးတော်တင်ပွဲနှင် အတူ ရခိုင်မှ နာမည်ကြီး အဆိုတော်များ အပြင် ရန်ကုန်မှ အဆိုတော်များလည်း လာရောက် ဖြေဖျော်ခဲ့ကြသဖြင့်
ပွဲတော်သို့ လူပေါင်း (၂) သိန်းခန့် ရောက်ရှိခဲ့ကာ အထူး စည်ကားခဲ့သည်ဟု သိရသည်။

အဆိုပါ ရှင်ကျော် ဘုရား စိန်ဖူးတော်၊ ဌက်မျက်နားတော်၊ ရွှေထီးတော် တို့အား ရန်ကုန်မြို့ နေ အလိုတော်ပြည့် ဆရာတော်ကြီး၏ တပည့်ဒကာ - ဒကာမ ဦးဇော်ဝင်းအောင် ဇနီး
ဒေါ်ဝါ၀ါအောင် (ရွှေမိုးဦးကုမ္ပဏီနှင့် - GDE¬-) ကုမ္ပဏီ မိသားစု တို့ မှ လှူဒါန်းခဲ့ပြီး ရွှေထီးတော် နှင့် စိန်ဖူးတော်တင် မင်္ဂလာ အခမ်းအနားသို့ ပင့် သံဃာ (၁၀၈)ပါး နှင့်
ဖိတ်ကြားထားသော ဧည့်သည့်တော် (၅၀၀)ယောက် တက်ရောက် ခဲ့သည် ဟု အလိုတော်ပြည့် ၀က်ဆိုက်တွင် ဖေါ်ပြထားသည်။
နှစ် ၄၀ ကြာ ပျောက်ကွယ် နေသည့် ရခိုင်ရိုးရာ ရထား ဆွဲပွဲတော် စစ်တွေတွင် ကျင်းပ

2/15/2011
Adjust font size:

------------
ထွန်းထွန်း
------------
နှစ် ၄၀ ကြာပျောက်ကွယ်နေသည့် ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မိစံရပ်ကွက်တွင် ယမန်နေ့က တတိယ အကြိမ်မြှောက် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ရထားပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး အထူးစည်ကားခဲ့ကာ လူပေါင်း ထောင်ချီ၍ ပါဝင် ဆင်နွဲခဲ့ကြသည်ဟု သိရသည်။

“ရထားဆွဲပွဲကို ရခိုင် ဘုရင်တွေ လက်ထက်ကတည်းက အစဉ်အဆက် ကျင်းပလာခဲ့ပေမဲ့ စစ်တွေမှာ မကျင်းပနိုင်ခဲ့တာ နှစ် ၄၀ ခန့်လောက် ရှိခဲ့ပါပြီ။ အကြောင်းအ မျိုးမျိုးကြောင့် မပြုလုပ်
ဖြစ်ခဲ့ကြပါဘူး။ ခုတော့ ရခိုင်တို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေကို ထိန်းသိမ်း ဖို့နဲ့ မိမိတို့ မျိုးဆက်သစ် လူငယ်တွေ ရိုးရာ အစဉ်အလာတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်အောင် ၂၀၀၉
ခုနှစ်ကတည်းက ကျင်းပလာတာ ခုတကြိမ်နဲ့ ဆိုရင် သုံးကြိမ်မြောက်ခဲ့ပါပြီ။ နှစ်စဉ်နှစ်တိုင်း တပို့တွဲလရောက်တိုင်း အမှတ်ရစေဖို့နဲ့ ဒီတာဝန်ကို ဆက်လက်ပြီးတော့ လူငယ်တို့ အနေနဲ့
မေ့ပျောက်မသွားအောင် ပခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်ဖို့ အတွက် အဓိကရည်ရွယ်ပြီး ပြုလုပ်ရတာဖြစ်ပါတယ်“ ဟု ကမ်းနားလမ်း မိစံရပ်ကွက်မှ သက်ကြီးရွယ်အို တစ်ဦးက
ပြောသည်။

ရထားဆွဲပွဲကို မောင်တောမြို့တွင် နှစ်စဉ် ကျင်းပလာခဲ့သောလည်း စစ်တွေတွင် နှစ် ၄၀ ကျော် ပျောက်ကွယ်လာပြီးမှ ၂၀၀၉-ခုနှစ်က တဖန် ပြည်လည်၍ စတင် ကျင်းပပြုလုပ်
လာခြင်းဖြစ်သည်။

ရထားဆွဲရခြင်း၏ အကြောင်းရင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့မှ သမိုင်း ပညာရှင် သက်ကြီးရွယ်အို တဦးကလည်း ယခုကဲ့သို့ ပြောပြသည်။


“သက္ကရာဇ် (၈၇၈) ခုနှစ် က မြောက်ဦးမြို့ စိုးစံ ခဲ့တဲ့ ရခိုင် ဘုရင်မင်းဘာ လက်ထက်မှာ မဟာ ပညာကျော်နဲ့ ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) တို့ဟာ လောကီ ပညာရှင်များ အဖြစ်
ပေါ်ထွန်းခဲ့ကြတယ်။ ဦးမြ၀ါ (သျှင်ငယ်မြ၀ါ)ဟာ ဘုရင်ကို တိုင်းပြည် ရေးရာအတွက် လောကီပညာနဲ့ ကူညီ ထမ်းဆောင်နေသူအဦး အဖြစ် ထင်ရှားခဲ့သူ တဦးဖြစ်ပါတယ်။ တစ်နေ့တော့
ရခိုင်ပြည်ရဲ့ အတိတ်နိမိတ်ကို တွက်ချက် ကြည့်တဲ့ အခါ သျှင်ဦးမြ၀ါက တိုင်းပြည်ရဲ့ ရှေ့ရေး အတိတ်နိမိတ် မကောင်းခြင်းကို မြင်တယ်။ ဒါကြောင့် မင်းဘာဘုရင်ထံ သွားရောက်ပြီးတော့
တိုင်းပြည်ကို ကာကွယ်ဖို့ အတွက် ကြာသပတေး ရက်သား တစ်ဦးရဲ့ ရင်ကိုခွဲကာ စတေးခံဖို့ လိုတယ်လို့ ပြောတယ်။ ဦးမြ၀ါဟာ သူကိုယ်တိုင် ကြာသပတေးသား ဖြစ်နေတဲ့ အတွက်
သူရဲ့ အူကို ထုတ်ပြီး နန်းတော်ကို ပတ်ပြီး သူကိုယ်တိုင် စတေးမယ်။ သူ့ကို သူလဲကျတဲ့ နေရာမှာ သဂြိင်္ုလ်ပါဆိုပြီး ဘုရင်ကို မှာခဲ့တယ်။ အဲဒီနောက် ဦးမြ၀ါ တိုင်းပြည်ကို ချစ်တဲ့
စိတ်ကြောင့် သူရဲ့ ဗိုက်ကိုခွဲ အူကို ထုတ်ပြီး နန်းတော်ကို ပတ်တဲ့ အခါ ကောင်းတဲ့ အရပ်မှာ လဲကျသေဆုံးတာ မဟုတ်ဘဲ ယုတ်ညံ့တဲ့ မစင်စွန့်တဲ့ အရပ်မှာ လဲကျ သေဆုံးတယ်။ မင်ဘာ
ဘုရင်ဟာ ဦးမြ၀ါကို သိပ်လေးစား ကြည်ညိုတဲ့ အတွက် သူလဲကျတဲ့ မကောင်းတဲ့ နေရာမှာ မသဂြိင်္ုလ်လိုဘဲ ကောင်းမြတ်တဲ့ အရပ်မှာ သဂြိုလ်လိုတယ်။ အဲဒါနဲ့ ပြည်သူတွေနဲ့ ဘုရင်
အကြားမှာ အမြင်မတူ ဖြစ်ကြပြီး အငြင်းပွားရာကနေ ဦးမြ၀ါ အလောင်းကို ပန်းရထားပေါ်တင်ကာ ဘုရင်ဘက်တော်သားတွေက တဘက်၊ ပြည်သူတွေက တဘက် ဆွဲကြတယ်။
အဲဒီကတည်းက ရခိုင်မှာ ရထားဆွဲပွဲ ဆင်းသက်လာတယ်လို့ သိရပါတယ်။ ဆွဲတဲ့ အခါ ဘုရင်ဘက်က အနိုင်ရသွားတဲ့ အတွက် ဦးမြ၀ါရဲ့ အမှာစကားကို ဘုရင်က နားမထောင်ဘဲ
ကောင်းမွန်ရာ အရပ်မှာ သဂြိုလ်ခဲ့တယ်။ အဲဒါကြောင့် နှစ်ပေါင်း သုံးရာကျော် အကြာမှာ ရခိုင်ပြည်ဟာ ပျက်စီးပြီး သူတစ်ပါး လက်အောက်ကို ရောက်သွားခဲ့ရတာ ဖြစ်ပါတယ်” ဟု
ပြောသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲတွင် လှပသေသပ်စွာ ဆင်ယင်ထားသော ဘီးတပ်ထားသော ရထားကို ယောကျာင်္းများက တဘက်နှင့် မိန်းများက တဘက် အပြိုင်အဆိုင် ဆွဲကြရပြီး ပွဲတော်ကို
လာသူတိုင်း ပါဝင် ဆင်နွဲနိုင်ကြောင်း သိရသည်။ ရထားဆွဲပွဲကို ကျင်းပသည့် မြို့ရွာ ရပ်ကွက်တွင် (၃) နှစ်ဆက် တိုက် ကျင်းပ ရသည်ဟုသိရသည်။

ယခုအခါ စစ်တွေ ရထားဆွဲပွဲ ဖြစ်မြောက်ရေး အသင်း အဖွဲ့ တစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့တွင် အသက် (၆၅) နှစ်အထက်ရှိ ရထားဆွဲပွဲများတွင် ကိုယ်တိုင်ပါ ၀င်ခဲ့ဖူးသူ
အသက်ကြီး သဘာပတိ (၉) ဦးနှင့် အတူသက် ဆိုင်ရာလူကြီးများ၊ မြို့ပေါ် စေတနာရှင်များဖြင့် ပါဝင် ဖွဲ့စည်းထားကြောင်း သိရသည်။

ယခင်နှစ်တွေက ရထားဆွဲပွဲကို မြန်မာ့ ရုပ်မြင်သံကြားမှ အလေးထား ပြသမူများ မရှိခဲ့သော်လည်း ယခုနှစ်ရခိုင်ရိုးရာရထားဆွဲပွဲတော် ကို မြန်မာ့ရုပ်သံများဖြစ်ကြသည့် MRTV4-MRTV3
တို့မှ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့သည်ဟု သိရသည်။
http://www.narinjara.com/burmese.asp

ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရသတင်းစာများ ပုတ်ခတ်မှု အမေရိကန်ရှုတ်ချ


2011-02-15
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နိုဝင်ဘာလက ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပေမဲ့ အခြေအနေတွေဟာ ပြောင်းလဲ မလာတဲ့အပြင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
အစိုးရက ဝေဖန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၄ ရက် မနေ့က ပြောဆိုလိုက်ကြောင်း အေအက်ပီသတင်းက ဖော်ပြပါတယ်။

(Photo: AFP)
အစိုးရထုတ် သတင်းစာတစောင်ကို လမ်းဘေး လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာအစိုးရက ခေတ်သစ်ရောက်နေပြီလို့ ပြောနေပေမဲ့ အရင်က သုံးစွဲခဲ့တဲ့ နည်းလမ်းဟောင်း၊ လှည့်ကွက်ဟောင်းတွေ အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်နေတယ်လို့
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် P.J. Crowley က သူရဲ့ twitter မှာ ရေးထားပါတယ်။ ဒါအပြင် ဝတ်စုံအသစ်ဟာ စနစ်အသစ်ကို မဖန်တီးဘူးဆိုတာ
ပြသလိုက်တာပဲလို့လည်း ဝေဖန် ပြောဆိုလိုက်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ စစ်အစိုးရအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆက်ပြီး ထောက်ခံနေမယ် ဆိုရင် ဝမ်းနည်းဖွယ်
ရလဒ်နဲ့ အဆုံးသတ်ရလိမ့်မယ်လို့ အစိုးရသတင်းစာက ဆိုပါတယ်။
အမေရိကန်သမတ အိုဘားမားအစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိလာမယ်လို့ မျှော်လင့်ထားပေမဲ့ လက်ရှိအစိုးရရဲ့ စေ့စပ်ညှိနှိုင်းလိုတဲ့ဆန္ဒ ကင်းမဲ့နေတဲ့ အပေါ်မှာ
အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့ အေအက်ပီ သတင်းမှာ ဖော်ပြ ထားပါတယ်။
ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပါပြီဆိုတဲ့ မြန်မာအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်သလဲဆိုတဲ့ အချက်ပေါ်မှာ မြန်မာ့အရေး
လေ့လာနေသူတွေရဲ့ အမြင်ကို RFA မှ မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။
စု


်း

င်




က



ံဖို
င်

ူရ
န်
မြန်မာတိုင်းမ်ထုတ်ဝေသူ သြစတြေးလျ နိုင်ငံသားအမှုမှာ မြန်မာစာနယ်ဇင်းအဖွဲ့မကူညီ
2011-02-15
မြန်မာတိုင်းမ်ဂျာနယ် ထုတ်ဝေသူ သြစတြေးလျ နိုင်ငံသား Ross Dunkley ဟာ ရာဇဝတ်မှု ကျူးလွန်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံ ထားရတာဖြစ်တဲ့ အတွက် တစုံတရာ ကူညီဆောင်ရွက်ပေးဖို့
အစီအစဉ်မရှိဘူးလို့ ပုဂ္ဂလိက စာနယ်ဇင်း ဖွံ့ဖြိုးရေး ကော်မတီ Committee for Professional Conduct (CPC) ရဲ့ ဥက္ကဋ္ဌ ဦးကိုကို (စက်မှုတက္ကသိုလ)် က ပြောပါတယ်။
AFP PHOTO / HO / PHNOM PENH POST
သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ (ပံ)ု သည် ဗီယက်နမ်နှင့် ကမောဒီယား နိုင်ငံများတွင် သတင်းစာများ ထုတ်ဝေနေကာ ၂၀၀၀ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင်လည်း
မြန်မာတိုင်းမ် ဂျာနယ်ကို ထုတ်ဝေနေသူ ဖြစ်ပါသည်။ (Photo: AFP PHOTO / HO / PHNOM PENH POST)
“ရော့စ် ဒန်ကလေကိစ္စနဲ့ ပတ်သက်ပြီးရင်တော့ ကျွန်တော်တို့ ဒီ သတင်းထောက်များ အဖွဲ့ကနေပြီးတော့ ဆောင်ရွက်ပေးရန် အစီအစဉ် လုံးဝ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့
ကျွန်တော်တို့ အဖွဲ့ရဲ့ ဆောင်ရွက်ပေးရမဲ့ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ဒီ ဒန်ကလေ ဖြစ်တဲ့ ကိစ္စဟာ ကျွန်တော်တို့ လုံးဝ ဆီလျော်မှုလည်း မရှိပါဘူး၊ ကိုက်ညီမှုလည်း
မရှိပါဘူးခင်ဗျ။”
CPC လို့ခေါ်တဲ့ ပုဂ္ဂလိက စာနယ်ဇင်း ဖွံ့ဖြိုးရေးကော်မတီဟာ ပြည်တွင်းက သတင်း မီဒီယာတွေနဲ့ သတင်းထောက်တွေ အရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးဖို့ ရည်ရွယ်ပြီး ပုဂ္ဂလိက
သတင်းမီဒီယာတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ စာပေစိစစ်ရေးဌာနနဲ့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်း အဖွဲ့တို့ သုံးပွင့်ဆိုင် ပူးပေါင်းပြီး မကြာခင်ကမှ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဒန်ကလေဟာ မြန်မာတိုင်းမ်ဂျာနယ်ကို ၂၀၀၀ ခုနှစ်ကစလို့ ရန်ကုန်မြို့မှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အပတ်စဉ် ထုတ်ဝေလာခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အာဏာပိုင်တွေက
ပြီးခဲ့တဲ့ အင်္ဂါနေ့က နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး လောလောဆယ် အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
မစ္စတာ ဒန်ကလေ ဖမ်းဆီးခံရတာဟာ သူ့ရဲ့ နေအိမ်မှာ တရားမဝင် ဆေးခြောက် တွေ့ရှိမှု၊ ဗီဇာရက်ကျော် နေထိုင်မှုတွေကြောင့်အပြင် မစ္စတာ ဒန်ကလေ ၄၉ ရာနှုန်း ပိုင်ဆိုင်တဲ့
မြန်မာတိုင်းမ်ဂျာနယ်ကို စစ်အစိုးရက အပိုင်စီး လိုတဲ့ အတွက် ဖြစ်ကြောင်း သတင်းတွေ အမျိုးမျိုး ပေါ်ထွက်ခဲ့ပါတယ်။
ရန်ကုန်မြို့မှာ အခု သီတင်းပတ်အတွင်း ထုတ်ဝေတဲ့ ဂျာနယ်တချို့ကတော့ မစ္စတာ ဒန်ကလေဟာ မြန်မာ အမျိုးသမီးငယ်တဦးနဲ့ လိင်ကိစ္စ ပျော်ပါးပြီးနောက် ညှဉ်းပန်း နှိပ်စက်မှု
ကျူးလွန်ခဲ့တာကြောင့် ဖမ်းဆီး ထိန်းသိမ်းခံထားရတာလို့ ရေးသား ဖော်ပြကြ ပါတယ်။
မစ္စတာ ဒန်ကလေ ထိန်းသိမ်းခံရမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူးနဲ့ ပုဂ္ဂလိက စာနယ်ဇင်း ဖွံ့ဖြိုးရေးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကိုက-ို (စာရေးဆရာနဲ့
သတင်းစာဆရာ-ကိုကို စက်မှု တက္ကသိုလ)် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် တင်ပြထားပါတယ်။

က




်ေ

ြး

န်



က



ံဖို
င်

ူရ
န်
နေပြည်တော်မှ မြေသိမ်းခံရသော မိသားစုများ တရားလည်း အစွဲခံရ
2011-02-15
နေပြည်တော် ဒက္ခိဏသီရိမြို့ တည်ဆောက်ရေး စီမံကိန်းအရ သိမ်းယူခံရတဲ့ လယ်ယာနဲ့ အိမ်မြေတွေကနေ ဖယ်မပေးတဲ့အတွက် အိမ်ထောင်စု ၁၄ စုကို ဆောက်လုပ်ရေး
ဝန်ကြီးဌာနကနေ တရားစွဲဆို ထားတဲ့အတွက် အိမ်ထောင်စု ၁၄ စုလုံး ပြီးခဲ့တဲ့ ၁၄ ရက်နေ့က တရားရုံး တက်ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။

(Photo: AFP)
စစ်အစိုးရ၏ မြို့တော်သစ် နေပြည်တော်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် နေ့စား အလုပ်သမားများ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဘိုးနွယ်ရွာက မြေယာသိမ်းယူခံရတဲ့ အိမ်ထောင်စု ၁၄ စုက အိမ်ထောင်ဦးစီးတွေကို လာမဲ့ ၁၇ ရက်နေ့မှာ အာမခံမဲ့ သူ ၂ ဦး နဲ့အတူ ပြန်လာဖို့ တရားရုံးက ချိန်းဆိုလိုက်တယ်လို့
တရားစွဲဆိုခံထားရသူ တဦးက ပြောပြပါတယ်။
လာမဲ့ ၁၇ ရက်နေ့မှာ အာမခံမဲ့သူ မရှိရင် ဖမ်းချုပ်ခံရမဲ့ သဘောဖြစ်နေတယ်လို့ သိရ ပါတယ်။
နေပြည်တော်မှာ တည်ဆောက်တဲ့ မြို့ ၅ မြို့ထဲက တမြို့ဖြစ်တဲ့ ဒက္ခိဏသီရိမြို့မှာ ကားဂိတ် ဆောက်လုပ်ဖို့ မြေယာတွေ သိမ်းယူခံရတဲ့ ၂၃ စု ရှိခဲ့ပြီး၊ ဒီမိသားစုတွေက မြို့သစ်စီမံကိန်း
အမှတ် ၉၂၀ အတွင်း ပြန်လည် နေရာချထားပေးပါရန် တောင်းဆိုတာကို မလိုက်လျောတဲ့အတွက် မိသားစု ၁၄ စုက နေအိမ်တွေကနေ ဖယ်မပေးပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။
လက်ရှိ နေရာချထားပေးတဲ့ နေရာဟာ ရေရှည် အခြေချနေထိုင်ရန် မသင့်တော်တဲ့အတွက် လက်မခံနိုင်တာ ဖြစ်တယ်လို့ တရားစွဲဆိုခံထားရသူ တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ဇွန်လပိုင်းလောက်ကတည်းက စတင်ြပီး ဆောက်လုပ်ရေးဌာနကနေ မြေတိုင်းထွာပြီး နေရာတွေ စတင် သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက် မြို့နယ် စည်ပင်သာယာရေးကနေ
ပျက်စီးသွားတဲ့ အဆောက်အအုံတွေအတွက် လျော်ကြေးငွေ တွက်ချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ပြန်လည် နေရာချထားရာမှာတော့ မြေသိမ်းခံရသူတွေ မနေလိုတဲ့ နေရာတွေမှာ အတင်းအကျပ် နေခိုင်းတဲ့အတွက် လက်မခံခဲ့တာ ဖြစ်ကြောင်း မြေယာသိမ်းခံရသူတွေက
ပြောဆိုခဲ့ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းဖို့ လွှတ်တော်အတည်ပြု
2011-02-15
နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ လွှတ်တော်မှာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အရေ အတွက်ကို တည်ပြုခဲ့ပြီး၊ တရားသူကြီးအဖွဲ့ ဖွဲ့စည်းဖို့ အဖွဲ့ဝင် အရေအတွက်ကိုလည်း
သမတ ဦးသိန်းစိန်က တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော်
အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
မနေ့က တင်သွင်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ၇ ဦးနဲ့ ဖွဲ့စည်းဖို့အတည်ပြု လိုက်ပြီး၊ အမည်တွေကိုတော့ သတ်မှတ်ဖော်ပြခြင်း မရှိကြောင်း လွှတ်တော်တက်နေတဲ့
NDF လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက အခုလို ပြောပြပါတယ်.
“ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သက်ပြီးတော့ နာမယ်စာရင်း မထွက်ပါဘူး။ နာမယ်စာရင်း မထည့်ပေးပါဘူး။ လူဦးရေ စာရင်းပဲ၊ ဥပမာအားဖြင့် အဖွဲ့ဝင် ၇ ဦး၊ ၇ ဦးမှာ ဥက္ကဋ္ဌ တယောက်၊
အဖွဲ့ဝင် ၆ ယောက်ပေါ့ဗျာ။ အတွင်းရေးမှူးကတော့ သီးသန့် ခန့်မှာပါ။”
ဒါ့အပြင် ဒီကနေ့ လွှတ်တော်မှာ ပြည်ထောင်စု တရားသူကြီးအဖွဲ့နဲ့ ပတ်သက်ပြီး အဖွဲ့ဝင် ၇ ဦး ထားရှိဖို့ အဆိုတင်သွင်းကြောင်း သိရပါတယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းကပဲ
ပြောပြပါတယ်။
“တကယ်ဆိုတော့ တရားသူကြီး အဖွဲ့က သူက ဥပဒေမှာ ထားနိုင်တာက ၇ ယောက်၊ အနည်းဆုံး ၇ ယောက် အများဆုံး ၁၂ ယောက် ထားနိုင်တယ်။ ၇ ယောက် ကျွန်တော်တို့
အဆိုပြုထားတယ်၊ အဲဒါတခုပါပဲ။ အဲဒါကိုလည်း မနက်ဖြန်ကျမှ ကျွန်တော်တို့ အတည်ပြုမှာပါ။”
တရားသူကြီးအဖွဲ့မှာ ၇ ဦး ထားရှိဖို့ ဒီကနေ့ အဆိုတင်သွင်းထားပြီး မနက်ဖြန်မှာ ဆွေးနွေး အတည်ပြုမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီကနေ့ လွှတ်တော် အစည်းအဝေးကို မနက် ၁၀ နာရီမှာ စတင်ခဲ့ပြီး ကျင်းပချိန် ၁၀ မိနစ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာအစိုးရကို ဖိအားတိုးပေးဖို့ ချက်သမတဟောင်းတိုက်တွန်း
2011-02-15
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး လေးစား လိုက်နာလာဖို့ မြန်မာအစိုးရအပေါ် ဖိအားပေးမှု ပိုတိုးလုပ်ဆောင်ဖို့ ချက်သမတဟောင်း ဗားဆလပ် ဟာဗဲက ဖေဖော်ဝါရီ ၁၅ ရက် ဒီကနေ့
တိုက်တွန်းလိုက်ပါတယ်။

(Photo: AFP)
ချက်သမတဟောင်း ဗက်ဆလပ် ဟာဗဲလ် (အလယ်) က မြန်မာ ကျောင်းသားနှစ်ဦး ခြံရံလျက် ချက် နိုင်ငံ ပရပ်ဂ်မြို့လယ်တွင် ၂၀၀၃ နိုဝင်ဘာ ၁၇ ရက်က ပန်းစည်းချ ဂုဏ်ပြုနေပုံ
ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် ထိုနေ့နံနက်က ချက်တက္ကသိုလ် ကျောင်းသားများ အုံကြွခဲ့သော ကတ္တီပါ တော်လှန်ရေးကြီးကြောင့် ကွန်မြူနစ်အစိုးရ ပြုတ်ကျကာ ချက်သမတနိုင်ငံ
ပေါ်ထွန်းခဲ့သည်။ (Photo: AFP)
မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဥရောပနိုင်ငံတွေရဲ့ ဘုံမူဝါဒ သဘောထား ပေါ်လစီ ပြောင်းလဲသင့် မသင့် သုံးသပ်တဲ့ ဆွေးနွေးပွဲတခု ချက်သမတ နိုင်ငံမြို့တော် Prague မှာ ဒီကနေ့
ကျင်းပရာမှာ ချက်သမတဟောင်း မစ္စတာဟာဗဲက အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး သတ်မှတ်ချက်တွေဟာ လူသားအားလုံးနဲ့ ဆိုင်တဲ့ စံတန်ဖိုးတွေ ဖြစ်ပြီး အခုလို ခေတ်ကာလ အခြေအနေမျိုးမှာ ပိုပြီး လေးစားလိုက်နာလာဖို့ တောင်းဆိုရမှာ ဖြစ်ကြောင်း၊
အခု အရှေ့အလယ်ပိုင်းဒေသမှာ လွတ်လပ်ခွင့်ရဖို့ တောင်းဆိုနေမှုတွေကို ကြည့်ရင် ဒီမိုကရေစီစံတွေဟာ လူသားအားလုံးနဲ့ သက်ဆိုင်နေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ကြောင်း
ချက်သမတဟောင်းက ပြောပါတယ်။
ဆွေးနွေးပွဲကို ချက်ရီပတ်ဘလစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Karel Schwarzenberg လည်း တက်ရောက်ခဲ့ပြီး ချက်သမတဟောင်း ဗားဆလပ် ဟာဗဲနဲ့ အတူ ဆွေးနွေးပွဲကို ဒီကနေ့
မနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့တာပါ။ ဆွေးနွေးပွဲကို မြန်မာပြည် ရွေးကောက်ပွဲလွန် ဥရောပနိုင်ငံတွေရဲ့ သဘောထားပေါ်လစီလို့ အမည်ပေးထားပါတယ်။ ဒီဆွေးနွေးပွဲမှာ ဥရောပနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ဌာနက တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ Burma Project တာဝန်ခံ Ms Kristina Prunerova က ပြောပါတယ်။
ဥရောပ ၁၇ နိုင်ငံက အစည်းအဝေး တက်ရောက် နားထောင်ကြသလို တချို့ဟာလည်း ပါဝင်ဆွေးနွေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဥရောပမှာ ရှိတဲ့ အစိုးရမဟုတ်တဲ့
အဖွဲ့အစည်းတွေ၊ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလည်း တက်ရောက် ဆွေးနွေးနေတယ်လို့ ပြောပါတယ်။
ဒီအစည်းအဝေးကနေ ရွေးကောက်ပွဲ ပြီးသွားချိန် မြန်မာနိုင်ငံတွင်းက တိုးတက်ပြောင်းလဲမှုတွေကို လေ့လာမှာပါ။ ဒီဆွေးနွေးပွဲဟာ လာမဲ့ ဧပြီလမှာ ကျင်းပမဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေရဲ့
မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဘုံသဘောထားကို ပြန်လည်သုံးသပ်ရာမှာ အထောက်အကူပေး မှာ ဖြစ်တယ်လို့ အစည်းအဝေး ကျင်းပသူတွေက ပြောဆိုပါတယ်။
အစည်းအဝေးနဲ့ ကျင်းပပုံနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က Prague မြို့က မြန်မာ့အရေး ဆောင်ရွက်နေသူတွေကို မေးမြန်းပြီး စုစည်း တင်ပြထားပါတယ်။
စု


်း

င်



က



ံဖို
င်

ူရ
န်
ကိုဇာဂနာကို ဂျာမနီ အနုပညာမြို့မှ သွေးစည်းညီညွတ်ရေးဆု ချီးမြှင့်
2011-02-15
မြစ်ကြီးနားထောင်မှာ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ ဟာသပညာရှင် ကိုဇာဂနာကို ဂျာမနီနိုင်ငံ Bremen ဂီတအနုပညာ မြို့တော်ကနေ Bremen Solidarity Award - Bremen
သွေးစည်း ညီညွတ်ရေးဆု ဒီနေ့ ချီးမြှင့်ပါမယ်။

(Photo: AFP)
ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။ (Photo: AFP)
လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားသူတွေ၊ ကိုလိုနီစနစ်နဲ့ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင် လှုပ်ရှားသူတွေကို Bremen သွေးစည်း ညီညွတ်ရေးဆု
ချီးမြှင့်တာ ဖြစ်ပြီး ဒီနှစ်မှာ ၁၂ ကြိမ်မြောက် ချီးမြှင့်တာပါ၊
ကိုဇာဂနာ့ကို ဆုချီးမြှင့်ရတဲ့အကြောင်းတွေကို ကိုဇာဂနာနဲ့ လူရွှင်တော်အဖြစ် တွဲဖက် ဖျော်ဖြေဖူးတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နိုင်ငံရေး အကျဉ်းသမားဟောင်း ပန်းချီဆရာ
ထိန်လင်းက ပြောပြပါတယ်။
“ကိုဇာဂနာကို ချီးမြှင့်တယ် ဆိုတာကတော့ လူပုဂ္ဂိုလ်အရ ရွေးချယ်တာပေါ့လေ။ ထင်ရှားတဲ့ အနုပညာသည် ဖြစ်တယ်။ အနုပညာရပ် မျိုးစုံမှာ တခု ပိတ်ထားရင် နောက်တခုနဲ့ သူ့ရဲ့
အနုပညာ လုပ်ပိုင်ခွင့်ကို အမြဲတမ်း သူ့ဘဝတလျှောက်လုံး တိုက်ပွဲဝင်ခဲ့တယ်။ အဲဒါတင် မကပဲနဲ့ လူမှုရေး လုပ်ငန်းတွေပေါ့၊ အဲဒီကိစ္စတွေမှာလည်း သူက စွမ်းစွမ်းတမံနဲ့ ပြည်သူလူထု
အတိဒုက္ခရောက်တဲ့ အချိန်မျိုးမှာ ရှေ့ဆုံးကနေ ထွက်လာပြီးတော့ ဆောင်ရွက်ရင်းကနေ သူဟာ ဘာမှ အပြစ်မရှိပဲနဲ့ ခုလိုမျိုး ထောင်ထဲမှာ နှစ်ရှည်ကြီး နေရတာပေါ့လေ။
အဲဒီအချက်ကြောင့်လည်း ပါလိမ့်မယ်ထင်တယ်။”
လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကာလ၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် ကန့်သတ်ခံရတဲ့ အချိန်တွေမှာ လူထုဖက်က မားမားရပ်ပြီး ထုတ်ဖော်ပြောကြားသူ၊ နိုင်ငံရေးအကြမ်းဖက်မှုနဲ့
တရားမျှတမှု မရှိတဲ့ ဖြစ်ရပ်တွေကို အများပြည်သူ အာရုံစိုက်လာအောင် အနုပညာနဲ့ ဖော်ကျူးသူကို ဆုချီးမြှင့်တာလို့ Bremen မြို့တော်ဝန်က ဆုလက်ခံဖို့ ကိုဇာဂနာ့ မိသားစုဆီ ပေးပို့တဲ့
ဖိတ်ကြားလွှာမှာ ရေးထားပါတယ်။
ကိုဇာဂနာကို ချီးမြှင့်တယ်ဆိုပေမဲ့ အမှန်တရားဖက်က ရပ်တည်လို့ အကျဉ်းကျနေသူတွေ အားလုံးကို ကိုယ်စားပြု ချီးမြှင့်တာလို့ ပန်းချီဆရာ ထိန်လင်းက ရှုမြင်ပါတယ်။
“မြန်မာနိုင်ငံအတွင်းထဲမှာ အမှန်တရားအတွက်၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေအတွက် ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အဲဒီ
ပုဂ္ဂိုလ်တွေအတွက်ပါ ရည်ညွှန်းပြီးတော့ ဒီဆုကို ပေးလိုက်တဲ့ သဘောပါ။ ဒီဆုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၉၉၃ ခုနှစ်တုန်းက ပေးဖူးပါတယ်။
အဲဒီတုန်းကလည်း ဒီသဘောတရားပါ။”
ဒီဆု စတင်ချီးမြှင့်တဲ့နှစ်မှာ တောင်အာဖရိက လူမည်းခေါင်းဆောင် Nelson Mendela နဲ့ အဲဒီတုန်းက သူ့ဇနီး Winnie Mendela တို့ ပထမဆုံး ဒီဆု ရရှိခဲ့ပါတယ်။
http://www.rfa.org/burmese

February 15, 2011 0 Comment


ဖေဖော်ဝါရီလ ၁၃ ရက်ဟာ ကျမတို့တိုင်းပြည်ရဲ့ခေါင်းဆောင် ဗိုယ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ ဖြစ်ပါတယ်။ နောင်လာ နောက်သားတွေ ဗိုလ်ချုပ်ကို အမှတ်ရအောင်၊
ဗိုလ်ချုပ်ကိုလေးစားကြည်ညိုတတ်အောင် ရည်စူးပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို ကလေးများနေ့ အဖြစ်သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ
ဖေဖော် ၀ါရီ ၁၃ ရက်နေ့ဟာ ကျမတို့ သူငယ်ချင်း ဂျင်မီလို့ခေါ်တဲ့ ကျော်မင်းယု ရဲ့ မွေးနေ့လဲဖြစ်ပါတယ်။
ကိုဂျင်မီ ရဲ့ မိသားစု
ကျမ ဂျင်မီ့ကို စသိခဲ့တာက ၈၈၈၈ အရေးတော်ပုံကြီးကို အစပြုတဲ့ ၁၉၈၈ ဇွန်လထဲမှာပါ ။ ကျောင်းထဲက ဆန္ဒပြပွဲမှာ ဂျင်မီ လဲ ပါဝင်ပါ တယ်။ ကျောင်းတွေပိတ်သွားတဲ့နောက်မှာတော့
ကျမလဲ ဂျင်မီ နဲ့ မ တွေ့တော့ပါဘူး။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးအနေနဲ့ ကျမတို့ ပြန်တွေ့ပါတယ်။ ဂျင်မီ ရဲ့
ထူးခြားချက်က တခြားဘာမှအာရုံမရဘဲ မြန်မာပြည်ကြီး ဒီမိုကရေစီရဖို့အရေးကိုပဲ သူ့ခေါင်းထဲမှာ ရှိနေပုံပါပဲ။
ဂျင်မီက အရမ်းရိုးသားတဲ့ ခေတ်လူငယ် တဦးပါ။ ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက် တံတားနီ ၁ နှစ်ပြည့် အခမ်းအနားမှာ တော့ ကျောင်းသားထဲက ဂျင်မီ ၊ လူ့ဘောင်သစ်ပါတီက
ကိုအောင်ဇေယျ ၊ NLD က ဒေါ်အောင် ဆန်းစုကြည်တို့ ၃ ဦး တရားပွဲတပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီတရားပွဲမှာ ကျမတို့လဲရှိနေပါတယ်။ ကိုဂျင်မီရဲ့
“ဖြူသလား ၊ နီသလား ဤတံတား” ဆိုတဲ့ ဟောပြောချက်က နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ ထင်ရှားခဲ့ပါတယ်။ လာရောက်နား ထောင်တဲ့ ပြည်သူတွေကလဲ ဂျင်မီ့ ရဲ့
ဖြူသလား ၊ နီသလား ဤတံတား ကို ကြိုက်နှစ်သက်ကြပါတယ်။
ကိုဂျင်မီက ဖြူသလား၊ နီသလား ဤတံတား လို့အော်လိုက်တိုင်း အားလုံးသော လူများကလဲ “နီပါတယ်” လို့ ကျယ် ကျယ်လောင်လောင် ညီညီညာညာ ပြန်အော်ခဲ့ကြပါတယ်။
အဲဒီတရားပွဲကြောင့် ဂျင်မီလဲ ထောင် အနှစ် ၂၀ ကျခဲ့ပါ တယ်။ ဂျင်မီ အကျဉ်းထောင်ထဲရှိစဉ်မှာ မကြာခဏ စစ်ကြောရေးလုပ်ခံရပေမဲ့ ဂျင်မီ ရဲ့ ပြတ်သားတဲ့ခံယူချက်ကြောင့် ဂျင်မီဟာ
ထောက်လှမ်းရေးတွေရဲ့ ပစ်မှတ်ထားခံခဲ့ရပါတယ်။ ၁၁/၉၂ မတိုင်ခင် ဂျင်မီ့ ကို စစ်ကြောရေးလုပ်ပါတယ်။ စစ် ကြောရေးမှာ ထောက်လှမ်းရေးတွေက ဂျင်မီ့ ကို ပြန်လွှတ်ခဲ့ရင်
နိုင်ငံရေးဆက်မလုပ်ဖို့ ဖျောင်းဖျတိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျင်မီကတော့ “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပဲကျင့်သုံးခဲ့ ပါတယ်။
ထောင်ဒဏ်တွေဘယ်လောက်ပဲ နှစ်ရှည်ချပါစေ ဂျင်မီ့ နှုတ်က အိမ်ပြန်ချင်တဲ့အကြောင်း တခွန်းမှ မပြောခဲ့ပါ ဘူး။ ၁၉၉၀ ခုနှစ် စက်တင်ဘာ ၂၅ ရက်တုန်းက နိုင်ငံရေး
အကျဉ်းသားတွေက ရွေးကောက်ပွဲပြီးလို့ ၃ လ ကျော်လာတဲ့ အထိ အနိုင်ရတဲ့ပါတီ NLD ကိုအာဏာမအပ်လို့ အာဏာအပ်ဖို့အတွက် ဆန္ဒပြကြပါတယ်။ အဲဒီပွဲမှာ နိုင်ငံရေးအကျဉ်း
သားတွေကို ရက်ရက်စက်စက် သေလုမျောပါး ရိုက်နှက်ခဲ့ပါတယ်။
အောက်စီဂျင်မလိုဘူး
ဟိုက်ဒြိုဂျင် မလိုဘူး
I don’t need you …
ရင်ထဲမှာ လိပ်ပြာကူး “အေးဆေးပါ”…
ဆိုတဲ့ သီချင်းကို ၁၉၉၃ ခုနှစ်က ကိုဂျင်မီနဲ့ ကိုလူသစ်တို့ကရေးဖွဲ့ပြီး ဂျင်မီ က သံစဉ်ထည့်ထားပါတယ်။ အဲဒီသီချင်းက ထောင်ထဲမှာ လူတိုင်းကြိုက်နှစ်သက်ကြပြီး အောင်မြင်မှုလဲ
ရခဲ့ပါတယ်။ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားပါတယ်။ အဲ ဒါဟာ သူ့ရဲ့အနုပညာ အရည်အသွေးကို သီချင်းနဲ့ ထုတ်ဖော်ပြသလိုက်တာပဲပေါ့။
၉၃ ခုနှစ်အစမှာပဲ ၁/၉၃ ကြေငြာချက်နဲ့အတူ ထောင်ဒဏ်နှစ်ရှည် ကျခံနေရသူတွေ၊ သေဒဏ်ကျခံနေရသူတွေကို ပြစ် ဒဏ်လျော့ပေါ့လိုက်ပါတယ်။ အဲဒီလူတွေထဲမှာ ထောင်ဒဏ်နှစ် ၂၀
ကျခံနေရတဲ့ ဂျင်မီလဲ ပါဝင်ပါတယ်။ ဂျင်မီကတော့ မလိုအပ်ပါဘူးတဲ့။ နှစ်ကာလ အပိုင်းအခြားတွေဟာ လူ့ဘ၀ရဲ့ အဓိကအစိတ်အပိုင်း တခုမဟုတ်ဘူးတဲ့။ လူတွေဟာ လူ့ ဘ၀ရဲ့
ရပိုင်ခွင့်တွေရဖို့က အရေးကြီးသလို လူ့ဘ၀ရဲ့ ရပိုင်ခွင့်တွေရအောင် တိုက်ယူဖို့က ပိုပြီးအရေးကြီးတယ်လို့ ခံယူ ထားသူပါ။
၁၉၈၈ ခုနှစ်က ဂျင်မီ ဟာ ၁၉ နှစ်သားပဲ ရှိပါသေးတယ်။ သူ့ဘ၀မှာ ပျိုရွယ်စဉ်တုန်းက ဖြစ်ချင်ခဲ့၊ တောင့်တခဲ့တာက အ ဆိုတော် တယောက်ဖြစ်ဖို့်ပါ။ အတီးသမားတယောက်ဖြစ်ဖို့လဲ
ကျိုးစားလေ့ကျင့်သင်ယူနေစဉ်မှာ ဘ၀က တဆစ်ချိုး ပြောင်းလဲခဲ့ ရပါတယ်။ သူ့ရဲ့ ဖြူသလား၊ နီသလား၊ ဤတံတား ဆိုတဲ့ ဟောပြောချက်နဲ့အတူ နိုင်ငံရေးသမား တ ယောက်အဖြစ်
ပြတ်ပြတ်သားသား ခံယူခဲ့သူလဲ ဖြစ်ပါတယ်။ နံရံလေးဖက်ကြား အထီးကျန် လှောင်ပိတ်ခံထားရတဲ့ အ ချိန်တွေမှာ သူရဲ့ ငယ်ချစ်ဖြစ်တဲ့ ဂီတနဲ့သာ ပျော်မွေ့ခဲ့တဲ့သူပါ။
ထောင်သမိုင်းမှာ အီဆတ်၊ နဂါးလေး၊ ကရင်လေး၊ အင်းလေး၊ ၀င်းမောင် အစရှိတဲ့ ထောင်မင်းသားတွေတောင်မှ ထောင် ဆိုတာ မနေသင့်မနေအပ်တဲ့အရပ်လို့ သတ်မှတ်ထားကြပြီး
ထောင်ထဲမှာပဲ သူတို့သက်တမ်းကုန် သေဆုံးသွားကြ ရပါ တယ်။ ထောင်ဆိုတာ လူ့အသိုင်းအ၀ိုင်းရဲ့ သီးခြားအကာအရံထဲက ပုပ်သိုးဆွေးမြေ့နေတဲ့ နေရာတခုအဖြစ် အ.က.စ
ဝန်ထမ်းတွေကလဲ ခံယူထားပြီး ထောင်ထဲကို အကျဉ်းသားဘ၀နဲ့ ပြန်ရောက်ရမှာကို သေမတတ်ကြောက်ကြပြီး ဝေးဝေး က ရှောင်ကြပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ
နိုင်ငံရေးအကျဉ်းသားတွေ မပါ ပါဘူး။
ထောင်သပိတ်မှာ တချို့နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး မိသားစုနဲ့ဝေးတဲ့ နယ်ထောင်တွေကို ပို့လိုက်ပါတယ်။ ဂျင်မီ တို့ကိုလည်း ၅ တိုက် ၂၂ ခန်းကနေ မေ့မျောအောင်
ရိုက်နှက်ပြီး စစ်ခွေးတိုက် အပို့ခံခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ်မှာ တော့ ၁/၉၃ ကြေငြာချက်အရ ပြစ်ဒဏ် ၁၀ နှစ်လျော့ခဲ့သော်လည်း ၁၉၉၆ ခုနှစ်မှာတော့ ဂျင်မီ အပါအ၀င် နိုင်ငံရေးအ
ကျဉ်းသား ၂၂ ယောက်က ထောင်ဒဏ်နှစ်တိုးခံခဲ့ရပါတယ်။ ဂျင်မီကတော့ ၁၂ နှစ်ထပ်တိုးခံရတာပါ။
ထောင်ထဲမှာ ၀ါဒါလို့ခေါ်တဲ့ ထောင်ဝန်ထမ်းတွေဟာ ခေတ်အဆက်ဆက်မှာ ဦးနှောက်ကို သင်းကွပ်ခံရသူတွေ ဖြစ်ပါ တယ်။ သူတို့ဟာ ထောင်ဝင်းကျဉ်းကျဉ်းလေးထဲမှာ
ကြီးပြင်းခဲ့ရသူတွေများပါတယ်။ အပြင်လောကနဲ့လဲ အဆက်အ သွယ် မရှိပါဘူး။ သူတို့ ကိုယ်တိုင်ထောင်ပြန်ကျမှာကိုလည်း အလွန်ကြောက်ကြသူတွေလေ။ ဒါကြောင့် အထက်က ခိုင်း
လိုက်တာနဲ့ တပြိုင်နက် သူတို့ဟာ ချက်ခြင်းလုပ်လေ့ရှိပါတယ်။ ဦးနု လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို နိုပ် ကွပ်ဖို့ ထောင်ဝါဒါတွေကို သုံးခဲ့သလို မဆလ လက်ထက်မှာလဲ
နိုင်ငံရေးသမားတွေကို ထောင်ဝါဒါတွေနဲ့ပဲ နိုပ်ကွပ်ခဲ့ပါ တယ်။ န၀တ၊ နအဖ လက်ထက်မှာလည်း ဖော်မြူလာအဟောင်းအတိုင်း ပါပဲ။
အောက်ခြေ၀န်ထမ်းတချို့ကတော့ နိုင်ငံရေးသမားတွေကို သနားတတ်ကြပါတယ်။ သို့သော်လည်း အထက်အမိန့်ကို တော့ သူတို့ မလွန်ဆန်နိုင်ကြပါဘူး။ ဒါကြောင့်လဲ ၁၉၉၆ ခုနှစ်
နှစ်တိုးပွဲကြီး ဖြစ်လာတာပါ။ ဒါပေမဲ့ နိုင်ငံရေးသမားတွေ ကတော့ သူတို့ကိုရဲ့ ဘ၀တွေကို စာနာနားလည်ကြသလို သူတို့ရဲ့လုပ်ရပ်တွေကို မဖော်ကြပါဘူး။ တကယ်လို့ ဒီပစ္စည်း တွေကို
ဘယ်သူဘယ်ဝါ သယ်လာပါတယ်ဆိုရင်တော့ အဲဒီဝါဒါတွေပဲ ထောင်ကျမှာပါ။ ထောင်ထဲကို သူတို့ သယ်မလာ ဘဲနဲ့တော့ ဒီပစ္စည်းတွေ ရောက်မလာပါဘူး။ ထောင်ဝါဒါတွေဟာ သူတို့ရဲ့
စားဝတ်နေရေးအတွက် အကျဉ်းသားတွေက ပိုက်ဆံပေးပြီးမှာတဲ့ပစ္စည်းတွေကို သူတို့ခန္ဓာကိုယ်မှာ ၀ှက်ပြီးယူလာတတ်ပါတယ်။ ကိုဂျင်မီကို သာယာဝတီထောင်က နေ ရန်ကုန်ထောင်ကို
ပြန်ခေါ်ပြီးမှ ထောင်ဒဏ်နှစ်တိုးတာပါ။ သူတို့တွေ နှစ်တိုးပြီးတာတောင် ဂျင်မီက ကျမတို့ အမျိုး သမီးတိုက်ကို အားမငယ်ဖို့ လှမ်းအားပေးနိုင်တဲ့အထိ စိတ်ဓါတ်ကြံ့ခိုင်ပါတယ်။
ဂျင်မီ့ အစ်ကို မျိုးမင်းယု (ခေါ်) စာရေးဆရာ မျိုးကိုမျိုးဟာလဲ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး အကျဉ်းထောင် က လွတ်မြောက်ပြီးမှ နာမည်ကြီးစာရေးဆရာ ဖြစ်လာသူပါ။ ၂၀၀၅
ခုနှစ်မှာ ဂျင်မီဟာ ထောင်ဒဏ် ၃၂ နှစ်ကနေ လွတ် မြောက်လာပါသော်လည်း ဗမာပြည်ကြီးကတော့ စစ်အာဏာရှင်တွေ လက်အောက်က မလွတ်မြောက်သေးပါဘူး။
၂၀၀၆ ခုနှစ်မှာတော့ ရည်ရွယ်ချက်တူတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနီလာသိန်းနဲ့ လက်ထပ်ထိမ်းမြား ခဲ့ပါတယ်။ နီလာသိန်းက ၁၉၉၆ ခုနှစ် ကျောင်းသား အရေးအခင်းမှာပါဝင်ခဲ့လို့
ထောင်ဒဏ် ၁၀ နှစ်ကျခံခဲ့ရသူပါ။ သူတို့ လင်မယား ဟာ တဦးရဲ့ဆန္ဒကို တဦးက ဖြည့်ဆည်းပေးရင်း နိုင်ငံရေးခရီး ဆက်ခဲ့ကြပါတယ်။ သူတို့ရဲ့ မျိုးဆက်အဖြစ် ၂၀၀၇ ခုနှစ် နှစ်ဦးပိုင်းမှာ
သမီးငယ်လေးကို ဖွားမြင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြည့်အရေးကို ဦးထိပ်ပန်ဆင်ထားသူတွေမို့ ၂၀၀၇ ခုနှစ်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံခဲ့ရပါတယ်။ ဂျင်မီရေ အသက် ၁၀၀
တောင်မှ မနေရနိုင်တဲ့ လူ့သက်တမ်းမှာမှ ထောင်သက်က ၉၇ နှစ်တဲ့လား… ဗားတော့ဗရက် စကားလုံးနဲ့ပြောရင် “နှင်းတွေဒီလောက်ထန်နေရင် ပဲပြားပင်လေး တွေ
ဘယ်လိုရှင်သန်နိုင်မှာလဲ” တဲ့။
ဟုတ်တယ် ၊ ဒါပေမဲ့… ဂျင်မီဟာ ကြံ့ကြံ့ခံ ရုန်းထွက်နိုင်တဲ့ ပဲပြားပင် တပင်ဖြစ်မှာပါ။ အနာဂတ်ကို ပိုက်ထွေးနိုင်မယ့် ခေတ်တခေတ်ရဲ့ အလှည့်အပြောင်းမှာ လွတ်လပ်တက်ကြွနေမယ့်
ချစ်သမီးလေးနဲ့ မျိုးဆက်သွေးတွေရဲ့ အပြုံးမှာ… အေးဆေးပါ…
အဲဒီစကားလုံးတွေဟာလည်း… ဂျင်မီရဲ့ သီချင်းပါ… ။
ခင်ငြိမ်းသစ်
http://www.naytthit.net/

Tuesday, February 15, 2011


လူသေဆုံးမှုနဲ့  ပတ်သက်ပြီး အကြောင်းပြချက် မခိုင်လုံဖူး အထောက်အထား မပြသနိုင်ဖူး ထိန်ချန်ဖုံးဖိဖြောက်ကွယ် ဖြောက်ဖျက်ပစ်တာတွေရှိရင် လူသတ်မှုဘဲ။
ကျွန်မက ကိုနစ်နေမန်းရဲ့ ဘလောဂ့်ကို အမြဲဖတ်ရှု့အားပေးနေတဲ့ ပရိတ်သတ်တယောက်ပါ။ ဥက္ကံမြို့က မောင်အေးကို အမှု့အကြောင်း ကြားရတော့ ကျွန်မသူငယ်ချင်းပြောပြတဲ့ သူရဲ့ 
ယောက်ျားအကြောင်း တကယ့် ဖြစ်ရပ်မှန် အဖြစ်အပျက်ကို သွားသတိရလိုက်လို့ပါ။

ပြောပြတာတော့ ၂လ လောက်တော့ ရှိပါပြီ။ ကျွန်မ သူငယ်ချင်း အမျိုးသမီးရဲ့  ယောက်ျားအကြောင်းပါ။

သူရဲ့ ယောက်ျားက cctv တွေ လိုက်တတ်တဲ့သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂) လလောက်က နေပြည်တော်က စစ်အစိုးရရုံးတွေမှာ cctv သွားတပ်ရမယ်ဆိုပြီး၊ အိမ်က လုပ်ဖေါ်ကိုင်ဖက်
သူငယ်ချင်း (၄) ယောက် ထွက်သွားပါတယ်။

နောက်နေ့ မနက် (၂) နာရီလောက်မှာ နေပြည်တော်က တာဝန်ရှိသူတွေက ဖုံးဆက်လာခဲ့ပါတယ်။ သူ့  ယောက်ျားတို့ စီးလာတဲ့ကား မှောက်လို့ အားလုံး ဆုံးသွားကြပြီလို့  ပြောပါတယ်။
ဒါနဲ့  သူငယ်ချင်း အမျိုးသမီးလည်း ချက်ချင်း နေပြည်တော်ကို လိုက်သွားခဲ့ပါတယ်။

နေပြည်တော်ကို ရောက်တဲ့အခါမှာ သူ့ယောက်ျားအလောင်းကိုရော တခြားသူတွေ အလောင်းကိုပါ လုံးဝ မတွေ့ခဲ့ရဘူး။ အဲ့ဒီ ဖုန်းဆက်ပြောတဲ့ နေပြည်တော်က တာဝန်ရှိသူတွေက သူတို့
ချက်ချင်းဘဲ သင်္ဂြိုလ် လိုက်တယ်လို့ ပြောပါတယ်။

အဲဒီတော့ သူငယ်ချင်းအမျိုးသမီးက ဘာလို့ ချက်ချင်းသဂြိုလ်ရတာလည်းပေါ့နော် မေးတော့၊ ထုံးစံအတိုင်း ဗျောင်လိမ်ဗျောင်စား သူတို့ပါးစပ်က ထွက်တဲ့


အရပ်စကားတွေနဲ့..လျှောက်ပြောပါတယ်။ သေဆုံးရမှု ချက်ခြင်းသဂြိုလ်ရတဲ့ အကြောင်းရင်းကို မပြောပြပါဖူး။

အဲဒါဆို သူတို့ စီးလာတဲ့ကားရော ကြည့်ချင်တယ်ဆိုတော့ ကြည့်လို့ မရဘူးလို့ ပြောပါတယ်။ ကားမှောက်တယ်ဆိုတဲ့ နေရာမှာလည်း ဘာမှ အစအနတောင် မတွေ့ရပါဘူးတဲ့။
နောက်ဆုံးမှာ အကြောင်းရင်းဖြစ်ပျက်မှုကို မသိရဘဲ ကားမှောက်သေသွားတယ်၊ သူတို့ ဖာသာ ချက်ချင်းသဂြိုလ်လိုက်တယ်ဆိုတာဘဲ သိရပြီး ပြန်လာခဲ့ရပါတယ်။

လူ (၄) ယောက်လုံး အသက်ဆုံးရှုံးသွားတာကို နောက်ကွယ်မှာ မရိုးသားသော ဖုံးကွယ်မှုတွေ ရှိနေတယ်ဆိုတာ၊ နေပြည်တော်က တာဝန်ရှိသူတွေဟာ ဒီကိစ္စကို
တစ်စုံတစ်ရာအကြောင်းတွေနဲ့  ဖုံးဖိထားတယ်ဆိုတာ ဥပဒေအရဘဲကြည့်ကြည့် သာမန်အနေနဲ့ ဘဲကြည့်ကြည့် မသင်္ကာစရာတွေ ရှိနေသလို၊ နေပြည်တော်မှာ လျှို
့ဝှက်ဖုံးကွယ်ထားတဲ့နေရာတွေမှာ သွားရောက်အလုပ်လုပ်ပေးရတဲ့သူတွေအတွက် အသက်အန္တရာယ် ထိခိုက်စေနိုင်တယ်ဆိုတဲ့ အနေအထားတွေ ရှိနေတယ်လို့  သုံးသပ်ရကြောင်း
သိရပါတယ်။

ကားမှောက်သေသွားကြတယ်လို့  အကြောင်းပြတယ်၊ ပြီးတော့ ချက်ချင်း သဂြိုလ်ပစ်တယ်၊ မှောက်တဲ့ကားလည်း မမြင်တွေ့ ရ၊ ကားမှောက်တယ်ဆိုတဲ့ နေရာတစ်ဝိုက်မှာလည်း
သတင်းအစအန မရှိ ကားမှောက်ထားတဲ့အစအနလည်း မတွေ့ မြင်ရနဲ့  မို့  သူငယ်ချင်းအမျိုးသမီးရဲ့  ယောက်ျားအပါအ၀င် လူ ၄ ဦး သေဆုံးရတာဟာ သေဆုံးတယ်ဆိုတာထက်
မသင်္ကာဖွယ် အသတ်ခံရတယ်လို့  သံသယ ရှိစရာပါ။

ဒီတော့ နေပြည်တော်က cctv လုံခြုံရေးကင်မရာတွေ လာရောက်တပ်ပေးဖို့  ဖုန်းဆက်ခေါ်ဆိုတဲ့ နေပြည်တော်က တာဝန်ရှိသူတွေ ခိုင်းစေတပ်ခိုင်းတဲ့ cctv ကင်မရာတပ်ရတဲ့
နေရာတွေဟာ လူသိမခံတဲ့ လျှို့ ဝှက်နေရာတွေ ဖြစ်နေပြီး၊ အဲ့ဒီ လျှို့ ဝှက်နေရာတွေအကြောင်း သတင်းပေါက်ကြားမှာစိုးလို့  အလုပ်ပြီးစီးတဲ့အခါမှာ နေပြည်တော်က
တာဝန်ရှိသူဆိုသူတွေက သူငယ်ချင်းရဲ့  ယောက်ျားအပါအ၀င် အလုပ်သမား ၄ ယောက်လုံးကို နှုတ်ပိတ်ရှင်းပစ်လိုက်တာ ဖြစ်နိုင်ခြေရှိကြောင်း ကာယကံရှင်တွေရဲ့  မိသားစုတွေထဲက
သုံးသပ်ပြောဆိုကြပါတယ်။

ဒီအဖြစ်အပျက်ဟာ တော်တော် ယုတ်မာ ပတ်စက်တာပါ ကိုနစ်ရေ။ အဲဒီ သူငယ်ချင်း အမျိုးသမီးဟာ မွေးခါစ လသားခလေးလေးနဲ့ ကျန်ခဲ့ရပါတယ်။ စိတ်မကောင်းဖြစ်မိတယ်။

အဲဒီလို လူမသိ သူမသိ ယုတ်မာခံရတဲ့ အမှု့တွေ ဗမာပြည်မှာ မရေမတွက်နိုင်အောင် ရှိနေဆဲပါ။ အခုလည်း ကိုအေးကို အမှု့အကြောင်း ဖတ်ရတာ စိတ်မကောင်း ဖြစ်မိတယ်။
သူတို့ဘက်က မရိုးမသားလုပ်တယ်ဆိုရင် သူတို့ကိုယ်တိုင် ပါဝင်ပတ်သတ်နေလို့ဘဲလေ။ အဲဒီ ဥက္ကံရဲစခန်းမှူး ဗျက်ဆန်းဆိုတဲ့သူပြောတဲ့ အရပ်စကားမပြောပါနဲ့ ဆိုတာ သူတို့
တာဝန်ရှိသူတွေကိုယ်တိုင် ပြောနေတာလေ။ အဲဒီလို ဖြစ်ရပ်တွေ ကြားရမြင်ရတိုင်း တော်တော် အော့နှလုံးနာမိပါတယ်။

ကိုနစ်နေမန်းရဲ့ ဘလောဂ့် အဓွန့်ရှည်ပါစေလို့ ဆုတောင်းပါတယ်နော်..

အမြဲလည်း အားပေးဖတ်ရှုနေပါတယ်။

မနီ။

(လူသေဆုံးမှုနဲ့  ပတ်သက်ပြီး အကြောင်းပြချက် မခိုင်လုံဖူး အထောက်အထား မပြသနိုင်ဖူး ထိန်ချန်ဖုံးဖိဖြောက်ကွယ် ဖြောက်ဖျက်ပစ်တာတွေရှိရင် လူသတ်မှုနဲ့  ဆက်စပ်နိုင်တယ်ဆိုတာ
နေပြည်တော်က တာဝန်ရှိသူတွေ သိရမှာမို့  သူတို့ ကို မသင်္ကာစရာသူများအနေနဲ့  ဖမ်းဆီးစစ်ဆေးမေးမြန်းဖို့ လိုပါတယ်)။
အပြည့်ဖတ်မည်...
ပြန်ချုံ့မည်...
at 5:11 PM
Rate this:
Be the first to rate!
?
“ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ကြပါစို့ ၊ ၂၁ ရာစုပင်လုံသို့ ”
(၆၄) နှစ်မြောက် ပြည်ထောင်စုနေ့ တွင် “ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ကြပါစို့ ၊ ၂၁ ရာစုပင်လုံသို့ ” စာတန်းပါ ကပ်ခွာစာရွက်များနှင့် လက်ကမ်းစာရွက်များအား
ရန်ကုန်မြို့ တွင် ဝေငှခဲ့ကြကြောင်း သိရှိရပါသည်။

(ပေးပို့ လာသော ဗမာ့ကျောင်းသားလူငယ်များအား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...
ပြန်ချုံ့မည်...
at 3:14 PM
Rate this:
Be the first to rate!
?

တာဝန်မဲ့လွန်းသည့် သီရိလင်္ကာ မြန်မာသံရုံး။

သီရိလင်္ကာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာ
ထွန်းကားသည့်နိုင်ငံတစ်နိုင်ငံဆိုသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာ ကို
လေ့လာထားကြပြီးသူတိုင်း သိပြီးဖြစ်သည်။
သီရိလင်္ကာနိုင်ငံသ/ူ သားများ၏ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များနှင့် ဘာသာရေးအပေါ်မှာ ရိုသေလေးစားမှုများမှာလည်း ဗုဒ္ဓဘာသာဝင်တိုင်း
အတုယူစရာတစ်ခုပင်ဖြစ်လို့နေပါသည်။ သီရိလင်္ကာနိုင်ငံတွင်းမှာ နေထိုင်ပြီး စာပေသင်ကြားနေကြသည့် နိုင်ငံပေါင်းစုံမှ သာသနာ့ဝန်ထမ်းများအတွက် နေထိုင်ခွင့် ဗီဇာကို အခမဲ့
ဆောင်ရွက်ပေးနေခြင်းမှာလည်း ထိုနိုင်ငံ၏ ထေရ၀ါဒဗုဒ္ဓဘာသာ သာသာနာ၏ဂုဏ်ရောင်ကို ပိုပြီးတောက်ပြောင်စေသည်။

သီရိလင်္ကာနိုင်ငံအခြေစိုက် ပြည်ပနိုင်ငံကိုယ်စားပြုသည့် အခြားသောနိုင်ငံ သံရုံးများမှ သံရုံးဝန်ထမ်း (မြန်မာသံရုံးဝန်းထမ်းများမပါ) တို့မှာလည်း ဗုဒ္ဓဘာသာဝင် မဟုတ်ကြစေကာမူ


ရဟန်းသံဃာတော်များကို ဦးစားပေးအလေးထားကြသည်ကို တွေ့မြင်ကြရသည်။ ယခုကဲ့သို့ ပညာရှိ သူတော်ကောင်းတို့၏ မြေပေါ်နေရာမျိုးမှာ နအဖစစ်အုပ်စုလို လူရိုင်းများ
အုပ်ချုပ်သည့် မြန်မာနိုင်ငံမှ လာရောက်ပြီး တာဝန်ထမ်းဆောင်ကြသော သံရုံးမှ ၀န်ထမ်းပုဂ္ဂိုလ်များ၏ ရိုင်းစိုင်းသည့် အမူအရာများကား ကာယကံရှင်များကိုယ်တိုင်က မရှက်တတ်ပေမယ့်
ရှက်တတ်သူများအဖို့ တွေးမကြည့်ဝံ့စရာပင်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ၂၀၀၉ ခုနစ်ဝန်းကျင်မှ စ၍ ပတ်စ်ပို့ (အခြားနိုင်ငံသားများမြင်လျှင် နှာခေါင်းရှုံ့ခံနေရသော ) အဟောင်းများကို Electronic Scan သို့ ပြောင်းလဲရမည့် အခြေနေသို့
ရောက်ရှိခဲ့သည်မှာလည်း အများသိပင်ဖြစ်ပေသည်။ ဆိုလိုသည်ကား နိုင်ငံတကာရှိ Immigration များကို ဖြတ်သန်းသည့်အခါ အချိန်မကြာရအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပေသည်။

ပြည်ပတွင်နေထိုင်ကြသူများအနေဖြင့် နိုင်ငံကူးလက်မှတ်မှာ မရှိမဖြစ်ဖြစ်သည့်အတွက် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများအနေဖြင့် ဒေါ်လားစား၍ လုပ်ပေးသည်ဖြစ်စေ


အခမဲ့လုပ်ပေးသည်ဖြစ်စေ သံရုံးနှင့်ဆက်သွယ်ပြီး ပတ်စ်ပို့သက်တမ်းတိုင်းခြင်း အသစ်လုပ်ခြင်း စသည်များကို လုပ်ဆောင်ကြရသည်။

ထိုသူများထဲမှာ သီရိလင်္ကာတွင် ပညာသင်ကြားနေကြသည့် စာသင်သားသံဃာတော်များလည်း အပါအ၀င်ဖြစ်သည်။ နှစ်ပေါင်းများစွာကတည်းက ပတ်စ်ပို့ သက်တမ်းတိုးသည့်ကိစ္စများကို


အခမဲ့ဆောင်ရွက်ပေးခဲ့သော်လည်း ၂၀၁၀ နှစ်များအတွင်းမှာတော့ ပတ်စ်ပို့သက်တမ်းတိုးသည်နေရတွင် Electronic Scan အဖြစ်သို့ အသစ်ပြောင်းလဲ သတ်မှတ်ပြီး အခကြေးငွေအဖြစ်
အမေရိကန်ဒေါ်လာ ၁၀၀ ကောက်ခံခဲ့သည်။ သို့သော်လည်း မြန်မာသံရုံးမှ ဒေါ်လာစားများ ပြုလုပ်ပေးသည့် E ပတ်စ်ပို့တော်တော်များများမှာ နိုင်ငံတကာရှိ immigration
များဖြတ်သန်းသည့်အခါတွင် scan ဖတ်မရသည့် ပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ယင်းကဲ့သို့ အခက်ခဲပြဿနာများကို သံရုံးသို့သွား၍ တင်ပြသည့်အခါ ငွေမျက်နှာတစ်ခုကိုသာ ရှုတတ်သူများနည်းတူ တဖက်သူ၏ နောက်ဖြစ်လာသည့် အခက်ခဲများကို


ဖြေရှင်းမပေးတော့ပဲ တာဝန်မဲ့သူတို့ ပြောဆိုလေ့ရှိသည့်စကားအတိုင်း ပြန်ပြောလေ့ရှိသည့်စကားမှာ “ဒါတွေက ပြဿနာ မရှိပါဘူး သုံးလို့ရပါတယ်” ဟု ပြန်ပြောပါသည်။
ယင်းလုပ်ရပ်များက မိမိတို့ကိုယ်မိမိ တာဝန်ရှိသူများအဖြစ် ခံယူထားပြီး တာဝန်ယူစိတ်မရှိသူ တာဝန်မဲ့သူများ၏ သရုပ်သကန်ကို မိမိတို့ကိုယ်တိုင် ဖော်ပြနေသည်။

ယင်းဖြစ်စဉ်ကြီးက မြန်မာနိုင်ငံ စစ်အစိုးရသက်တမ်းတစ်လျှောက်တွင် အထူးအဆန်းတော့ မဟုတ်ပါပေ။ စစ်ဘုရင် စစ်အဏာရှင်တို့၏ ကျင့်ဝတ်များစွာထဲက တစ်စိတ်မျှသာဖြစ်လေသည်။


နိုင်ငံတကာမှ လူယဉ်ကျေးတို့၏ စံနှုန်းသတ်မှတ်ချက် လူမှုဆက်ဆံရေးများကို စစ်အာဏာရှင်တို့၏ စနစ်အတွင်း သင်ကြားပြသပေးမှု ကိုယ်ပိုင်အသိစိတ်ဖြင့်
ကြိုးစားမှုကင်းဆိတ်နေတာကြောင့် နိုင်ငံတကာလူအသိုင်းအ၀ိုင်းအတွင်းရှိ လူယဉ်ကျေးမှု စံနှုန်းတို့ဖြင့် တိုင်းတာသည့်အခါ အဝေးတစ်နေရာတွင်ပြတ်ကျန်ရစ်ခဲ့သည်ကို
တွေ့မြင်ကြရသည်။ ယင်းကဲ့သို့ ပုဂ္ဂိလ်တို့အတွက် ကိုးကွယ်ရာဘာသာတစ်ခုသီးခြားမရှိပေ။ အာဏာရှိသူနဲ့ အာဏာရှင်တို့သည်သာ မိမိတို့၏ ကိုးကွယ်ရာအစ်အဖြစ်
မှတ်ယူထားလေ့ရှိကြပေသည်။

နိုင်ငံကူးလက်မှတ်အဟောင်းမှ ခေတ်မှီ နိုင်ငံတကာအဆင့်မှီ နိုင်ငံကူးလက်မှတ်အဖြစ်သို့ ပြောင်းလဲပေးလိုက်သည် ဆိုသော်လည်း ဖော်ပြပါ ချွတ်ယွင်းချက်များကြောင့်


ယခင်အဟောင်းနှင့် အသစ် ထူးခြားချက်ဆိုသည်မှာ အမေရိကန်ဒေါ်လာ ၁၀၀ ပေးရခြင်းမျှသာဖြစ်တော့သည်။ နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်ကြသူ
မြန်မာသံဝန်ထမ်းများအကြား ဖြစ်စဉ်ကြီးတစ်ခုမှာလည်း မိမိတို့နိုင်ငံသား အခက်ခဲတွေ့ရှိပါက အကူအညီပေးဖို့ထက် မြန်မာနိုင်ငံသား၏ သွေးနဲ့ ခြွေးနဲ့ ရင်းပြီးလုပ်ထားရသည့်
လုပ်အားခထဲမှ ဘယ်လို ညှစ်ယူရမည်နည်း ဆိုသည်ကလည်း တစ်ခုအပါဝင်ဖြစ်လေသည်။ သီရိလင်္ကာတို့လို နိုင်ငံများတွင် တာဝန်ထမ်းဆောင်ရမည်ဟု အမိန့်ကျလာသည့်နေ့တွင်
သံရုံးဝန်ထမ်းအချို့က ငါတော့ သွားပါပြီ ပိုက်ဆံမရနိုင်တဲ့ နေရာကို ရောက်ရပြီပေါ့ဟု ညဉ်းညူမှုတွေ ရှိခဲ့သည်ဟုလည်း ကြားရပါသည်။

အခကြေးငွေသတ်မှတ်လိုက်သည့်အတွက် ၄င်းတို့သတ်မှတ်ချက်များအတိုင်း တန်ရာတန်ကြေး ပေးပြီးပြန်သော်လည်း ကိစ္စတစ်ခုက လွယ်ကူစိတ်ချမ်းသာစွာ


ပြီးစီးသွားသည်တော့မဟုတ်ပေ။ သံရုံးသို့ သံဃာများ သွားရောက်သည့်အခါများတွင်လည်း ၄င်းတို့၏ ဆက်ဆံရေးသည်ကား သီရိလင်္ကာနိုင်ငံသားတို့ မြင်ပါက ဤသံရုံးက
ဝန်ထမ်းများသည် ဗုဒ္ဓဘာသာပါဟု ပြောပြပါ မည်သူယုံမည်မဟုတ်ပေ၊ အချိန်မကြာသင့်ပဲ အချိန်ကြန့်ကြာအောင်လုပ်ခြင်း အာဏာရှင်တို့ထုံးစံအတိုင်း အာဏာပညာပြခြင်းစသည့်
ကိစ္စများကိုလည်း ရင်ဆိုင်ကြရလေ့ရှိတတ်ပါသေးသည်။

နိဂုံးချုပ်အနေဖြင့် စာရေးသူ၏ ဆန္ဒနှင့် ဖြစ်သင့်သည်မှာ ပတ်စ်ပို့များ scan ဖတ်မရသည့် ကိစ္စကို အချိန်မှီ ပြန်လည်ပြင်ဆင်ပေးရေးနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားသည့်နိုင်ငံတွင်
တာဝန်ထမ်းဆောင်နေသည့် ထေရ၀ါဒဗုဒ္ဓဘာသာအမည်ခံများအနေဖြင့် မိမိတို့နိုင်ငံရိုးရာနှင့် ဘာသာယဉ်ကျေးမှုများကို လက်တွေ့ကျင့်သုံးမှုဖြင့် ပြသကြဖို့ တိုက်တွန်းလိုက်ရပါသည်။

သောတုဇနဘိက္ခု။
အပြည့်ဖတ်မည်...
ပြန်ချုံ့မည်...
at 1:25 PM
Rate this:
Be the first to rate!
?

ဘာကြောင့် သိန်းစိန်ကို သန်းရွှေက သမတအဖြစ် လုပ်ခိုင်းရတာလည်း။


သိန်းစိန်လို လူမျိုးကို သမတနေရာထားမှ သန်းရွှေအတွက် သန်းရွှေတို့  မိသားစုတွေအတွက် အသက်ဘေးအန္တရာယ်တင်မကဖူး မိသားစု ဆက်လက်ကြီးပွားတိုးတက်ဖို့ အတွက်
အာမခံနိုင်နေတဲ့ အခြေအနေ ရှိလို့ ဘဲ ဖြစ်ပါတယ်။

သိန်းစိန်က သန်းရွှေ စိတ်ကြိုက်ဖြစ်တဲ့ မအလွန်း မထက်လွန်းသူဖြစ်တဲ့အပြင် သန်းရွှေက သေဆိုသေ ရှင်ဆိုရှင် ဖြစ်နေတဲ့ ကျွန်ယုံတော်ကြီး အရည်အချင်းကို အမှတ်အပြည့်နဲ့  ရရှိခဲ့လို
့ပါဘဲ။ ဒီအပြင် နအဖအသွင်ပြောင်း ကြားဖြတ်ကာလအတွင်းမှာ လက်ရှိအခြေအနေနဲ့  နောင်အခြေအနေကို ဆက်စပ်ပေးနိုင်မယ့် ခိုင်းလို့ အကောင်းဆုံးသူဖြစ်နေလို့ ပါ။

သန်းရွှေက
သူရဲ့  အရှေ
့က နေ၀င်းရဲ

့အမျိုးအနွယ်တွေကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းပစ်ခဲ့တယ်၊ သူ့ ထက် အရည်အချင်းပိုသာနေတဲ့ ခင်ညွှန့် ကိုလည်း သူ့ အတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတာ မြင်တာနဲ့ 
ကြိုတင်ကာကွယ်တဲ့ အနေနဲ့  ရှင်းထားပစ်ခဲ့တယ်။

မောင်အေးကိုတော့ သူနဲ့  အနီးကပ်ထားထားပြီး ဘာမှ လှုပ်မရအောင်ရော သူလို အန္တရာယ်မရှိနိုင်အောင်ရော အမှုတွဲထဲ ဆွဲထည့်ထားပြီး ရုပ်ပြနေရာမှာဘဲ အပြတ်ထိန်းချူပ်ထားတယ်။
မောင်အေးကိုယ်တိုင်ကလည်း သန်းရွှေက သေဆို သေ ရှင်ဆိုရှင်မို့ လို့  သန်းရွှေမကောင်းကြောင်း ပါးစပ်က ဟ မရဲသူပါ။ နေ၀င်းက စန်းယုကို ထိန်းထားတဲ့အတိုင်းပါဘဲ။ စန်းယုဟာ
တကယ့်ကို နေ၀င်းရဲ့  ရုပ်သေးရုပ်ပါ။ အများပြည်သူအမြင်ကတော့ အင်မတန် အေးတယ် ရိုးတယ် တည်ငြိမ်တယ်ပေါ့။ နေ၀င်း မြှောက်စားထားတဲ့ အချိန်ကစ လို့  နေ၀င်း
အာဏာပြုတ်သွားပြီးတာတောင် နေ၀င်းရဲ့  ထားရာနေ စေရာသွား ခိုင်းတာလုပ်တဲ့ ကျွန်ယုံတော်ကြီးပါဘဲ။ သန်းရွှေရဲ့  မောင်အေးနဲ့  နေ၀င်းရဲ့  စန်းယု ချွပ်စွတ်ပါဘဲ။

တင်အောင်မြင့်ဦးကို ဘာလို့  သမတ မပေးတာလည်း။ ပေးလို့  မဖြစ်ပါဖူး။ တင်အောင်မြင့်ဦးဟာ သိန်းစိန်လို ပျော့ညံ့ညံ့ မဟုတ်ဖူးဆိုတော့ သိလို့  သန်းရွှေအနေနဲ့  နှစ်ချက်ခုတ်
သုံးချက်ပြတ်တဲ့အကွက်တွေကို ကလိမ်ကကျစ်ကျစွာ လုပ်တာပါဘဲ။ သိန်းစိန်ကိုလည်း အထက်အောက် ညှပ်ပြီး ထိန်းထားရအောင်ရယ် စစ်တပ်ကိုလည်း စစ်တပ်ကသူ
ဒုသမတနေရာထိတောင် ပေးတယ်ဆိုတဲ့ အခွင့်အရေးပြထားလို့ ရအောင်ရယ် အကွက်ချစီစဉ်ထားတာပါ။

စိုင်းမောက်ခမ်းကို ဘာလို့  ဒုသမတနေရာ ပေးတာလည်း .. ရှမ်းတွေနဲ့  တရုတ်ကို စိုးရိမ်လို့  ချွေးသိပ်တာပါ။ ဒီအပြင် ဒုသမတအဆင့်ထိတောင် တိုင်းရင်းသားတွေထဲက ပေးတယ်ဆိုတဲ့
ပြည်တွင်းပြည်ပကို ဟန်ပြလုပ်တာမို့  စိုင်းမောက်ခမ်းကတော့ လှုပ်လို့ တောင်မရနိုင်တဲ့ အကျယ်ချူပ်ကျ ဒုသမတပါဘဲ။

ရွှေမန်းနဲ့  ကျန်တဲ့ နအဖ စစ်ဗိုလ်ချူပ်ကြီးတွေကို ဘာလို့  အစိုးရအဖွဲ့ ထဲ မထဲ့ရတာလည်း။ သန်းရွှေက နေ၀င်းလိုမျိုး မဖြစ်ရအောင် သိန်းစိန်တို့  တင်အောင်မြင့်ဦးတို့ ကသာ သူ့ ကို
ပြန်ပြီး အာခံခဲ့ရင် သူ့ အတွက် အမာခံလူရှိနေအောင် ရွှေမန်းတို့ ကို စစ်တပ်ဘက်မှာ ထားထားပေးတာ ဖြစ်တယ်။

တကယ်တော့ သန်းရွှေဟာ သူ့ နဲ့  သူ့  မိသားစုကလွဲရင် ဘယ်သူ့ ကိုမှ မယုံကြည်ပါဖူး။ အစိုးရပိုင်းမှာ သိန်းစိန်တို့  တင်အောင်မြင့်ဦးတို့ ၊ စစ်တပ်ဘက်မှာ ရွှေမန်းတို့ ၊
စီးပွားရေးချူပ်ကိုင်ထားမှုမှာ တေဇတို့ ကို သူ့ နေရာနဲ့  သူ ထားထားတဲ့အပြင် အဲ့ဒီလူတွေ အားလုံးကိုလည်း ယုံကြည်မှု မရှိဘဲ သန်းရွှေဟာ Power Balance နဲ့  မဆလ နေ၀င်းခေတ်က
နည်းဖြစ်တဲ့ တစ်ဦးကို တစ်ဦးက စောင့်ကြည်နေကြစေတဲ့ နည်းကို ကျင့်သုံးထားတာလည်း ဖြစ်ပါတယ်။ ဒီအပြင် တစ်ဦးနဲ့ တစ်ဦး ပြိုင်ဆိုင်မှုတွေရှိနေအောင် လုပ်ထားပေးပြီး သန်းရွှေက
သူ့ ဘက်မလှည့်အောင် ကျေးဇူးရှင်ကြီး ဖြစ်နေအောင် သူ့ နဲ့ သူ့ မိသားစုအတွက် လုံခြုံမှု ရှိနေအောင် အကွက်ကျကျ ကစားပြထားတာပါ။

သန်းရွှေရဲ့  ဒီလို စဉ်းလဲကောက်ကျစ်ပြီး အချင်းချင်းကို အိုးမဲသုတ်ထားနေတယ်ဆိုတာ ကိုယ့်ကိုကိုယ် မသိရှာကြတဲ့ သိန်းစိန်တို့  တင်အောင်မြင့်ဦးတို့  ရွှေမန်းတို့  တစ်နေ့ ကျရင် သန်းရွှေ
မသေသေးခင် ဖြုတ်ထုတ်သတ်တဲ့ထဲ ပါ မပါ စောင့်ကြည့်ကြပါ။ သန်းရွှေဟာ သူသေသွားပြီးသည့်နောက်တောင် သူမွေးပေးခဲ့တဲ့ သိန်းစိန်တို့  တင်အောင်မြင့်ဦးတို့ လို အစိုးဘက်က
ကျန်ရစ်နေမယ့် သန်းရွှေရဲ့  မိသားစုအတွက် အန္တရာယ်ပြန်ပြုဖို့  အရိပ်အယောင်မြင်တာနဲ့ အသက်ဘေးအန္တရာယ် ဘ၀လုံခြုံရေးအတွက် သူ့ မိသားစုကို ကာကွယ်ပေးနိုင်မယ့်
သူတစ်ဦးကို စစ်တပ်အာဏာသိမ်းတဲ့ပုံစံနဲ့  အာဏာပြန်သိမ်းခိုင်းပြီး သန်းရွှေလိုမျိုး ပြန်လုပ်ခိုင်းမှာ မလွဲပါဖူး။

တကယ်တော့ သန်းရွှေဟာ သူနဲ့  သူ့ မိသားစုကလွဲ ဘယ်သူ့ ကိုမှ သူ့ လူလို့  မသတ်မှတ်ထားဘဲ သူ့ အတွက် သူ့ မိသားစုအတွက် လိုအပ်သမျှ ရရှိဖို့  မောင်အေး ရွှေမန်း သိန်းစိန်
တင်အောင်မြင့်ဦးတို့ ကအစ အသုံးချနေတယ်ဆိုတာ မြင်တတ်ရင်တော့ အခြားသူတွေအတွက်တော့ သန်းရွှေက စိတ်ကူးထဲတောင် ထည့်မှာ မဟုတ်ပါဖူး။

သန်းရွှေက သူ့ မိသားစုအတွက် အသုံးချနေတာကို ကျန်တဲ့သူအားလုံးဟာ အခွင့်ထူးတွေ အာဏာထူးတွေ ရနေကြတယ်ဆိုပြီး ဟုတ်လှပြီလို့  ထင်နေသူတွေဟာ ကိုယ့်ရှေ့  ကသူတွေ
ခံရတုန်းက မမြင်ချင်ယောင်ဆောင် ကိုယ်နဲ့ မဆိုင်လို့  ခံယူနေသူတွေ၊ သန်းရွှေရဲ့  ဖြုတ်ထုတ်သတ်လမ်းစဉ်ထဲ ကိုယ်ကိုကိုယ်တိုင် အလှည့်ကျလို့  ရောက်လာမှသာ သိကြရင်တော့
အချိန်လွန်နောက်ကျလို့  ဒုက္ခတွေကျရောက်နေမယ်ဆိုတာ ကြိုတင် ပြောပြထားလိုက်ပါရတယ်။

သန်းရွှေရဲ့  ယုတ်မာကောက်ကျစ်မှုကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောပါဘဲ။ သန်းရွှေရဲ့  ဒီယုတ်မာမှုတွေကြောင့် မကြာခင်သော အချိန်ကာလအတွင်းမှာ အာဏာလုပွဲတွေ


နေရာလုပွဲတွေ စီးပွားရေးလုပွဲတွေနဲ့  အာဏာရူးတွေအချင်းချင်း သွေးချောင်းစီးကြမှာ သိပ်မကြာတော့ပါဖူး။ တပ်မတော်အတွင်းက ရိုးသားမှန်ကန်တဲ့ တပ်မတော်သားတွေ
ဆက်လက်အသုံးချခံနေရရင်တော့ ကြာလာတာနဲ့ အမျှ သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေရဲ့  အာဏာလုပွဲကြားထဲ နာမည်ပျက် ဘ၀ပျက်ဖြစ်ကြရမယ်ဆိုတာတင်မက သန်းရွှေတို့ ကြောင့်
တပ်မတော်ကြီး ဂုဏ်သိက္ခာကျဆင်းနေရတာ ကိုယ်ပါမကင်းဖြစ်ပါလိမ့်မယ်။

အာဏာရှင်မှန်သမျှဟာ သူနဲ့  သူမိသားစုကိုသာ ယုံကြည်စိတ်ချရဆုံးမို့  အခြား ဘယ်သူကို့ မှ မယုံကြည်ဘဲ အချိန်နဲ့ အမျှ သံသယထားနေတတ်သူတွေပါ။ သူတို့ ရဲ့  အာဏာကို
ထိပါးလာတဲ့အရိပ်အခြေမြင်တာနဲ့  ဖြုတ်ထုတ်သတ် လုပ်ပစ်လေ့ရှိတယ်ဆိုတာ မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာဘဲ ရှေးလွန်ခဲ့သောခေတ်အဆက်ဆက်ကတည်းက
သက်သေသာဓကတွေ ရှိပြီးသားပါ။

မြန်မာနိုင်ငံရဲ့  ပထမဦးဆုံး အာဏာရူးကြီး နေ၀င်းလက်ထက်ကတည်းက ၁၉၆၂ ခုနှစ် ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့  မတရားစစ်တပ်အာဏာသိမ်းခဲ့ပြီး
တစ်ပါတီအာဏာရှင်စနစ်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်ချူပ်မှုအောက်မှာ နေ၀င်းဟာ သူရဲ့  အနီးစပ်ဆုံး လုပ်ဖေါ်ကိုင်ဘက်တွေထဲကဘဲ အကြောင်းအမျိုးမျိုး ဖန်တီးပြီး
ဖြုတ်ထုတ်သတ်လမ်းစဉ်လုပ်ပစ်ခဲ့တာ အောက်ဖေါ်ပြပါ မှတ်တမ်းမှာ တွေ့ ဖြင်နိုင်ပါတယ်။ သန်းရွှေလက်ထက်မှာ ဒီထက်တောင် ပိုများပြီး နေ့ မြင်ညပျောက် ပိုမြန်တယ်ဆိုတာ
သိကြမှာပါ။

ဒီတော့ကာ
သန်းရွှေမွေးလို

ဘုံမြင့်ရောက်နေပြီဆိုသူ သိန်းစိန်တို့  စိုင်းမောက်ခမ်းတို့  တင်အောင်မြင့်ဦးတို့ တင်မက ကျန်နေသေးသော ဗိုလ်ချူပ်ကြီးများ ရှေ့ ကသူများကို ကြည့်ထားကြပြီး အလှည့်စောင့်နေပါတော့။
သန်းရွှေက ဗိုလ်ချူပ်ကြီးတွေက အစ အားလုံးကို တပ်မတော်အတွင်းက တိုင်းမှူးတွေအပါအ၀င် အချင်းချင်းတွေကို တစ်ဦးနဲ့  တစ်ဦး အပြန်အလှန် ထိန်းချုပ်စောင့်ကြည်တဲ့နည်းနဲ့ 
အားလုံးကို အကွက်ကျကျ အသုံးချကစားထားတာမို့  ကိုယ့်အလှည့် မရောက်နိုင်ဖူးထင်နေရင်တော့ အချိန်က သက်သေပြပါလိမ့်မယ်။ တိုင်းပြည်နဲ့  လူမျိုးအကျိုး ရှေ့ မရှူဘဲ
ကိုယ်ကျိုးမက်မောပြီး သန်းရွှေကို ပူဇော်နေလို့ ကတော့ တစ်နေ့  သန်းရွှေရဲ့  ယစ်ပူဇော်သလို ထိုးကျွေးခံရတဲ့အထဲမှာ ကိုယ်ပါနိုင်တယ်ဆိုတာ သိထားကြဖို့ ပါ။

မြန်မာ့တပ်မတော်အတွင်းက အရာရှိအရာခံ အကြပ်တပ်သားများလည်း တလျှပ်ကို ရေထင်နေကြတဲ့အဖြစ်က လွတ်မြောက်ပြီး၊ သန်းရွှေတို့ အာဏာရူး ဗိုလ်ချူပ်ကြီးများရဲ့ 


အာဏာလုပွဲတွေအကြား ကြားအညှပ်မခံကြဘဲ တိုင်းပြည်လူမျိုးအကျိုးကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ တပ်မတော်သားကောင်းများ ဖြစ်ကြပါစေလို့ ။

သြော် - လူလူချင်း ကောက်ကျစ်ယုတ်မာ လှည့်ဖြားခြင်းများ ကင်းဝေးကြပါစေ။


http://www.niknayman-niknayman.co.cc/

ဒန်ကလီနဲ့ ကျော်ဆန်း

နအဖ အကြောင်းကိုသူအသိဆုံး အတတ်ဆုံး လို့ ကြွေးကြော်လေ့ရှိတဲ့ ရော့စ်ဒန်ကလီရဲ့  ဘ၀ဟာ သိပ်တော့ မလွယ်တော့ပါဘူး။ ဒီနေ့ ကျော်ဆန်းရဲ့ ဘလောက်ဖြစ်တဲ့ ပိတောက်မြေမှာ
သူကိုလိင်ကိစ ၊ဆေးခြောက်ကိစ္စ စတဲ့အမှုတွေကိုကျူးလွန်ထားတဲ့အတွက် သူကို အရေးယူရတာဖြစ်ကြောင်းရှင်းထားပါတယ်။ ကမာရွတ်ရဲစခန်း ကနေသူကို အင်းစိန်ကို ပို
့လိုက်ကြပါပြီ။

ဒန်ကလီကိုဖမ်းဆီးထားအတွက် မြန်မာပြည်ကသတင်းစာလွတ်လပ်ခွင့်ဆိုတာ ဒါပါပဲလို့ နိင်ငံတကာက ကောက်ချက်ချမှာကို ကြိုကန်ထား လိုက်တာပါ။ဝါရှင်တန်မှာရှိတဲ့ နအဖ သံမှုး က


အမေရိကန် အစိုးရ ဌာန ( State Department ) ကို ဒန်ကင်ကိုဖမ်းတာဟာ သတင်းစာလွတ်လပ်ခွင့်နဲ့ မဆိုင်ပါဘူး။ ရာဇ၀တ်မှုကိုကျူးလွန်လို့ ပါ။ တရားဥပဒေအရ သူရင်ဆိုင်ရမှာပါလို့ 
တိုးတိုးတိတ်တိတ် အကြောင်းကြားထားတယ်။ အမေရိကန်တွေလည်း ဘာမှမပြောနိင်ဖြစ်နေတယ်။

ရန်ကုန်မြို့  အမှတ် ၈၈ ၊ စတင်းလမ်း က သြစတေလျသံရုံ မှာတဆင့် သြစတေးလျအစိုးရ ကိုလည်း ဒန်ကင်ကို ရာဇ၀တ်မှုအရအရေးယူထားရကြောင်း အကြောင်းကြားထားပါတယ်။

မြန်မာတိုင်းမ်စ် နဲ့ နအဖ တည့် နေတုံးက ဒန်ကင်နဲ့ ကျော်ဆန်းဟာ ငါး ထည်ရွက်များလို တပူးတွဲတွဲရှိလှတယ်။ နှစ်အိမ်တအိမ် ချောင်းပေါက်နေတယ်လို့ ဓါတ်သိတွေကဆိုကြတယ်။
ဒန်ကင်ကို သူရုံးက မြန်မာ သတင်းထောက်မလေးတွေကချစ်စနိုး နဲ့ ဦးဒန် လို့ ခေါ်သလို ကျော်ဆန်းကလည် ဦးဒန်လို့ ခေါ်တယ်ဆိုပဲ။ ဒန်ကင်ကလည် တပြုံပြုံနဲ့ သဘောကျတယ်။ မြန်မာ
လို မပီကလာပီကလာနဲ့ သူနာမည်ကိုတောင် ဥတန် လို့  မိတ်ဆက်လေ့ရှိတယ်။

ပြီးခဲ့နစ်များက မူးယစ်ဆေးဝါးနိမ်နင်းတဲ့ပွဲမှာ နအဖ မူယစ်ဆေးဝါးတွေကိုဟန်ပြမီးရှို့ ဖျက်ဆီးပြတဲ့ပွဲမှာ ဒန်ကင်ကိုလည် နအဖ က ပွဲထုတ်ပါတယ်။ ကျော်ဆန်း က ဒန်ကင်ကို ဖိတ်တယ်။
သံတမာန်တွေက ဘိန်းဖြူတွေ ၊ မူးယစ်ဆေးဝါးတွေဟာ အစစ်မှဟုတ်ရဲ့ လား လို့ သံသယရှိတာကို နအဖက ရိပ်မိတယ်။ ဒန်ကင်ကလည်းရိပ်မိတယ်။ ရေငတ်တုံးရေတွင်းထဲကျ
ဖြစ်သွာတဲ့ ဒန်ကင်ကြီးက ဘိန်းဖြူ တကော်လော ဇတ်ကနေဲ့ ယူပြီ နှာခေါင်း အားပါးတရ တချက် ရှို က်ပေးလိုက်ခြင်းဖြင့် သံတမန်ကြားကသံသယကို သူပြေပျောက်စေတယ်။ ပြီတော့
ဖီလင်အပြည့်နဲ့  စစ် တယ် လို့  အတည်ပြုပေးခြင်းအားဖြင့် နအဖရဲ့ အရှက်ကို ကာကွယ်ပေးခဲ့တယ်။ အဲဒါလေးတွေကြောင့် ဒန်ကင်ကို နအဖ က ချစ်ခဲ့ရတဲ့ကာလတွေ။

ဒန်ကင် မူးယစ်ဆေးဝါးပွဲက အပြန်မှာ ကျော်ဆန်းက အလိုက်တသိနဲ ဘိန်းဖြူ့ ခြူးကမ္ဘာ စစ်စစ် တထုတ် ကို လက်ဆောင်ပေးလိုက်ပါသေးတယ်။ အိမ်မှာအလှထားဖို့ ဘိန်းသီး
အခြောက်လေးတွေကိုလည်းပေးလိုက်ပါသေးတယ်။ ကားပေါ်မှာ သူနဲ့ ပါလာတဲ့ နယူဇီလန်းသတင်းထောက်ကို သြစတေးလျလေသံနဲ့  အားပါတရ
To dye ( Today) Holly Shit , Heroine is much better than Coke ။ ဒီနေ့  ကွာ တကဲ့  သောက်ကြိုးနဲမပဲ ။ ဘိန်းဖြူ များကောင်းချက် က ကိုကင်းထက်သာ သကိုးကွဲ့  ။ Kyaw
San is so sweet . (ကျော် ဆန်း ကသိပ်ချစ်ဖို့ ကောင်းတယ်။ )

ဒန်ကင် မလိုတော့ပြီ။
ဒါတွေက အတိတ်မှာကျန်ခဲ့ပြီ။ ခုတော့ဒန်ကင်မလိုတော့ဘူး။ အစိုးရအသစ်တောင်ဖွဲ့ ပြီးပြီ၊ နိင်ငံတကာကလည် မထောက်ခံခြင်သောလည်း အသည်းအသန်မကန့် ကွက်ကြပေဘူး။
ဒန်ကင်ရှိနေခြင်းအားဖြင့် သူတို့ အတွင်းရေးတွေ အကုန်သိကုန်မယ်။ ဒီတော့ဒန်ကင်ကို အပြစ်ရှာပြီး ကိုင်တော့တယ်။ ဒန်ကလီဟာမီဒီယာသမား ဖြစ်တဲ့အတွက် နအဖ က
ဒန်ကလီကိုလျော့တွက်လို့ မရတော့ဘူး။ အသေကိုင်ရမှာဖြစ်ပါတယ်။ ဒန်ကလီကိုဒီအတိုင်းလွတ်လိုက်ရင် နအဖနဲ့ ခွာပြဲလာတဲ့ ဒန်ကလီကလည်း နိင်ငံတကာမီဒီယာမှာ
ကောင်းကောင်းကိုင်မှာဖြစ်ပါတယ်။

နအဖတွေရဲ့ လုပ်ရပ်ကိုသူဖေါ်ထုတ်မှာပါ ။ သူရထားတဲ့သတင်းတွေဖြစ်တဲ့ ခင်ညွန့် နောက်ဆုံးအခြေအနေ၊ မူယစ်ဆေးဝါးထုတ်လုပ်မှုမှာ တပ်ချုပ်ကြီ မိသားစုပတ်သက်နေပုံတွေ၊


ကကကြိုင် တရုပ်ပြည်မှာ ၀ယ်ထားတဲ့ဒေါလာ သန်း၄၀ ကျော်တန်တဲ့ အိမ် ၊ တပ်ချုပ်ကြီး မိသားစုအတွင်းရေးအရှုပ်တော်ပုံတွေ ဒါအပြင်
စီးပွားရေးသမား တဦးဖြစ်တဲ့ မိုးကျော်သောင်းနဲ့ တပ်ချုပ်ကြီးမိသားစု ဆက်ဆံရေး ( တပ်ချုပ်ကြီး လိုခြင်နေတဲ့ နိင်ငံခြားက ဇိမ်ခံပစ္စည်းတွေ၊ တပ်ချုပ်ကြီးမြေးတွေအတွက်
ပညာရေးတွေကို မိုးကျော်သောင်းက လျိုလ်ဝှက် လုပ်ဆောင် ပေးနေရပုံတွေ) ။ ဗိုလ်ချုပ် သိန်းဆွေသမီး မာလာမော်ကို ဗြိတိသျသံရုံက ကောင်ဆယ်လာနဲ တူနှစ်ကိုယ့် နီးစပ်
နိင်ရေးအတွက်ဒန်ကင် အောင်သွယ်ပေးခဲ့ရပုံတွေ၊ ဗိုလ်ချုပ်ကတော်တွေ၊သမီးတွေ၊ခယ်မတွေ၊ ခေတ်ပျက်သူဌေးတွေ ရဲ့ ကိုယ်ရေးအတွင်းးရေးသတင်းတွေက သူမှာ ဖိုင်လ်
အတွဲလိုက်ရှိနေပါတယ်။ ( ဒါတွေက သြတေးလျမှာ သိမ်းဆည်းထားပြီုးဖြစ်ပါတယ်။ )
ဒါကြောင့်ဒန်ကလီကို နအဖ က အသေကိုင်တော့မှာဖြစ်ပါတယ်။ ဒန်ကင်ကို စွပ်စွဲထားတဲ့အမှုတွေကလည်း ကြည့်ပါဦး ။ မဖွယ်မရာ လိင်ဆက်ဆံမှု ( Sadistic Sex ) နဲ့  မူးယစ် (
Drug) တွေနဲ့ မှမလုံလောက်သေးရင် လက်နက်ကြီး ကိုလည်သုံးမယ်။ တခါတည်းပွဲပြီးမဲ့ကိစ္စကို ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါကတော့
အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကိုမဖွယ်မရာပြုမှု (Child molestation) နဲ့ ပါကိုင်ဖို့ အတွက်အချက်အလက်တွေစုဆောင်းနေပြီလို့ သိရပါတယ်။
ဒန်ကင်ကလည် ဒန်ကင် ရန်ကုန် ခေတ်ပျက်သူဌေးသမီးများလောက ကတောင်အော်ကြော်လံကြရတယ်ဆိုပဲ။

ရန်ကုန်က မျက်နှာကြီးလှပြို ဖြူ လောကမှာဒန်ကင်ကိုဖမ်းတဲ့အတွက်မျက်ခုံးလှုပ်နေကြတယ်လို့ သိရပါတယ်။ သူတို့ ဒန်ကင်နဲ့ ဖက်လည်တကင်းလုပ်ထားတဲ့ဓါတ်ပုံတွေကို


ဖေ့ဘုတ်တွေကအမြန်ဖြုတ်ချနေကြတယ်လို့ သိရပါတယ်။ ကတုံးပြောင် ဒန်ကင်ဟာ ခေတ်ပျက်သူဌေးက၊မိန်းမလျာ၊ မော်ဒယ် ပြို ဖြူ တွေ အသိုင်းအ၀ိုင်းမှာ အတော်မျက်နှာပန်းပွင့်
ခဲ့တယ်လို့ သိရပါတယ်။ မှတ်တမ်းတွေအရ
မြန်မာပြည်မှာ ရုပ်ရှင်မင်းသားကြီးချီးပူး ခမြာ ချီးပူးခြင်တူသောလည်း ပြည်တွင်းဖြစ် ( Loacal made) ဖြစ်နေတဲ့အတွက် တော အရက်လေနဲ့ ပဲအဖေါ်ပြုခဲ့ရပြီ အေးဘုံ တွေ ဗွေထုတ်တို
့နဲ့ ပဲ ကျေနပ်ခဲ့ရတာပါ။
ဒန်ကင်လို’’ ဒန်တန့်တန် - ဒန်တန့်တန် ‘’ သိပ်မဖြစ်ခဲ့ရရှာပါဘူး ။ ဒါကလည်း နအဖ ဗိုလ်ချုပ်တွေ က ဒန်ကင်ကို အသေကိုက် ( Vital Bite) စေချင်တဲ့အဓိက
အချက်တခုဖြစ်ခဲ့ရပါတယ် လို့ အမည်မဖေါ်လို တဲ့ ဒန်ကင်တပဲ့ သတင်းသမားတဦးကဆိုပါတယ်။

အရင်ကပါတီပွဲတွေ မှောင်ရိပ်ခို ပွတ်သဘင် ပွဲတွေမှာ ဗိုလ်ချုပ် သား တွေသာအပြိုင်အဆိုင် ရေပန်းစားနေတဲ့ဈေးကွက်ထဲမှာ ထိုးထိုးထွန့် ထွန့် ရှိလှတဲ့ဒန်ကင်ရောက်လာကတည်းက
ဗိုလ်ချုပ်သားတွေဟာ ဒေါ်လာငွေလိုပဲ ဈေးထိုးကျလာတယ်။

ဈေးကျရတဲ့အကြောင်းကတော့ ဗိုလ်ချုပ်တွေရော၊ သူတို့ သားတွေ ဟာ လူတောသိပ်မတိုးဘူး ။ပါတီတွေဘာတွေမှာ အပေါင်းသင်းမဆံကြဘူး။ ဒီဒန်ကင်ကိုမယှဉ်နိင်ဘူး။ ဒီတော့


ကျော်ဆန်း ကို တာဝန်ပေးတော့တယ်။ ဒန်ကင်ဘာလုပ်၊ဘယ်သူနဲ့ တွေ့  ဆိုတာတွေကို ၂၀၁၀ အဆန်း ပိုင်းကထည်းက ထောက်လှမ်းတော့တယ် လို့ သိရတယ်။ ဒန်ကင်ကို ကြိုးနဲ
့တုတ်ပြီ တကျင်လျိုလ်ရမဲ့တာဝန်ကို ကျော်ဆန်း ကိုပေးထားတယ်လို့ သိရတယ်။ ကျော်ဆန်းကလည်နအဖဗိုလ်ချုပ်တွေထဲမှာ ဖုတ်လေတဲ့ငပိရှိတယ်လို့ တောင်မထင်ကြပါဘူး။
ဒါကြောင့်သူဟာ တိုက်ခံတွေကိုဖမ်း ဟယ်ဆီးဟယ်လုပ်မှ သတင်းစာရှင်းလင်ပွဲမှာ တချက်တချက်အနံဆိုးရတဲ့ဘ၀နဲ့ ကျေနပ်နေရတာပါ။ ပိတောက်မြေဘလောက်လေးကိုနဲ
့ပဲကျေနပ်နေရတာပါ။ ဒါပေမဲ့သူဟာ ကြိုးစားတယ်။ သူဘ၀တက်လမ်းကိုရှာနေသူပါ။ ခုတော့ ဒန်ကင်ကိုဖြိုခွင့်ရရင် မြန်မာတိုင်းမ်စ် တည်းဟူသောသတင်းစာတိုက်ကြီး ကို
သူဦးစီးခွင့်ရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ အစုရှယ်ရာပိုင်ရှင်က ဒေါက်တာ တင်ထွန်းဦးပါ။ သူကိုလည်း နအဖ က ကိုင်ရမှာသိပ်ခက်တယ်လို့ မယူဆဘူး။ သူကလည်း
ရနောင်းကိုသွားသွား ပြီ အပေါစား ပြည့်တန်ဆာခန်းတွေကို သွား လေ့ရှိသူဆိုတော့ စစ်ရေးအခြေပြဇယား နဲ့  အသာဆွဲလိုက်တာနဲ့ ရနေပြီ။ နအဖက ဒေါက်တာတင်ထွန်းဦး ကိုတော့
ကိုယ်ခြံထဲက ကြက်လောက်ပဲ သဘောထားတယ်။ ညနေစောင်ရင် .. ဒီ .. ဒီ..ဒီ ။ ခေါ်လိုက်ရုံနဲ့ ရတယ်။ အချိန်တန်လို့ မှာ ပြန်မလာရင် ဒေါက်တာတင်ထွန်းဦး ဆိုသော အနှီ ကြက်ပျော့
ကြီးသည် ဟင်းအိုးထဲတွင်မှာ ဘူးသီ ကာလသားချက်ဘ၀နဲ့ နိဂုံချုပ်ခံရမှာပါ။

စစ်ရေးအခြေပြဇယား
ဗိုလ်ချုပ်တွေကလည်း ဘာလုပ်လုပ် သူတို့ တတ်သမျှ စစ်ရေအခြေပြဇယား နဲ့ ပဲတိုင်းထွာလေ့ရှိတာပါ။ ဒန်ကင်ရှိနေတာဟာ သူတို့  နောက်ဖေးတကားမလုံဘူးလို
့ယူဆနေတာကြာပါပြီလို့  ဆိုကြပါတယ်။ ဒီတော့ ကျော်ဆန်း ကို တာဝန်ပေးတော့တယ်။ ဒန်ကင်ဘာလုပ်၊ဘယ်သူနဲ့ တွေ့  ဆိုတာတွေကို ၂၀၁၀ အဆန်း ပိုင်းကထည်းက
ထောက်လှမ်းတော့တယ် လို့ သိရတယ်။

ဒီတော့ ဒန်ကင်ကို ညီမျှခြင်ချကြည့်ကြတယ်။ ဒန်ကင်ကြောင့်ရတဲ့ သူတို့  ဖက်ကနိင်ငံရေးအမြတ် ညီမျှခြင်း


ဒန်ကင် အပေါင်း သူတို့ ခယ်မ၊သမီး၊အိမ်ကဟာကြီး တွေ ဆိုတော့ …. ။ မကိုက်ဘူး။ အနှုတ်လက္ခဏာပြနေတယ်။ ဒါကြောင့် နအဖနဲ့ ဒန်ကလီတွေရဲ့  ဖြုတ်ထုတ်သတ် ပွဲဟာ
တကယ့်ကိုပွဲကြီးပွဲကောင်းတခုဖြစ်လာမှာပါ။ မန်ယူနဲ့  ချားလ်စီး ပွဲထက်သာမှာပါ။ ကျားနဲ့ဆင်လယ်ပြင် မှာတွေ့ ကြတဲ့သူသေကိုယ်သေဆော်ပွဲတခုလို ကြည့်ကောင်းမှာပါ ။

ရန်ကုန် ရေပေါ်စီလောကမှာတော့ သူတို့ ဘောဒါကြီ ဒန်ကင်သတင်းဟာ လောလောဆယ်ပျံနေတယ်။ တယောက်တပေါက်ပြောနေကြတယ်။


‘’ ကကကြိုင်တရုပ်ပြည်မှာအိမ်ဝယ်တာသူကသိနေလို့  ။ အော် ပျားအုံမှထုတ်နဲ့ သွားထိုးမိတယ်။ ‘’
‘’ သူထုတ်ကလည်း ရမ်းတယ် မမရဲ့  ။
‘’ မဟုတ်ဘူး ဦးခင်ညွန့်  ခွေ ကိုသူထုတ်လိုက် လို့  တဲ့ ‘’
‘’ အမလေး ညည်း တို့  ကဘာသိလဲ။ သူလုပ်လိုက်လို့  မေ့ သွားတဲ့ ဟိုကောင်မလေးက ဦးကျော်ဆန်း အသည်းစွဲ လေလေ။’’
'' ဟယ်-ဟုတ်လို့ လား ကိုကျော်ဆန်း က ဘုရားတရား သမားကြီး ပါဟဲ့ ''
'' အို - ဒေါ်ဒေါ်ကလည်း ဘုရား တရားသမားတွေက ပို သန်တယ်။ ''
(၀ါးက နဲ - ရီသံများ )
‘’ အော်ဟုတ်လား ‘’
‘’ တင်ထွန်းဦး က မြန်မာတိုင်းမ်စ်ကို လိုခြင်လို့  မောင်ပိုင်စီး ခြင်လို့  အစိုးရနဲ့ ပေါင်းကြံတာ‘’
‘’ အမေလေးတော်ကြာလွတ်မှာပါ။ သူအစိုးရက အမတ်တယောက်ယောက်လာခေါ်ရင် ထည့် လိုက်မှာပါ။ “
ထူးခြားတာကတော့ ဘယ်သူသေသေ ပရိတ်သပ်က သြဘာပေးမှာပါ။ လောဘသားတွေဟာ ဒီလိုပဲ ဇတ်သိမ်းမလှကြတာကိုးဗျ။

(ငချစ်သင် )
http://komoethee.blogspot.com/

စီးပွါးရေးပိတ်ဆို့ရေး (Economic Sanction) ၏ တရားခံ ဘယ်သူလ?ဲ


Military Rule, Not Sanctions, Cause of Hardship: Survey

ဆောင်းပါးရှင် - ဗိုလ်မှူးအောင်လင်းထွဋ်

ယခုတလော ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပြောစကားတွေနဲ့ ရေးခိုင်းတဲ့ ဆောင်းပါးတွေကို သံယောင်လိုက်ကာ ၂၀၀၈ ဖွဲ့စည်းပုံအား ဘုမသိ ဘမသိ ထောက်ခံပြီး ပြည်သူတွေအတွက်
ကိုယ်စားပြုသယောင်ယောင် နိုင်ငံရေးပါတီများနဲ့ ကိုယ့်ကိုကိုယ် အသုံးချခံ ဖြစ်မှန်းမသိ ဖြစ်နေကြသော တတိယအုပ်စု (Third Party) တွေကို စီးပွါးရေးပိတ်ဆို့ရေး (Economic
Sanction) ၏ တရားခံ ဘယ်သူလဲဆိုတာ အသိပေးလိုပါတယ်။

တကယ်တရားခံ အစစ်အမှန်ဟာ နိုင်ငံတကာတရားရုံးကို ရှောင်တိမ်းဖို့ တပ်မတော်ကို လူသတ်၊ မုဒိန်းကျင့် မတရားမှုများကို လုပ်ဆောင်ဖို့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ
အမိန့်ပေးနေတဲ့ ပေးခဲ့သော တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘဲ ဖြစ်ပါတယ်။

ပထမ ၁၉၉၇ စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) အကြောင်းနဲ့ ပတ်သက်ပြီးပြောရရင် ၁၉၉၆ ခုနှစ် စစ်ရုံးချုပ်မှာ လုပ်ခဲ့တဲ့ လေးလပတ်အစည်းဝေးမှာ ဒေသခံ တိုင်းမှူး၊
တပ်မမှူးတွေကို ညွှန်ကြားခဲ့တာပါ။ ရန်သူလှုပ်ရှားမှုရှိသော အညိုရောင်နယ်မြေတွေမှာရှိတဲ့ ကျေးရွာတွေကို စုစည်းဖို့ နေရာ ပြောင်းရွှေ့ခိုင်းတဲ့အခါ ရွာသူရွာသားများက
မပြောင်းရွှေ့ပေးနိုင်ကြောင်း အာခံရာမှ ဒေါသထွက်ပြီး အစိတ်သားတောင်မချန်နဲ့၊ အမိန့်ကိုအာခံရင် ရွာတွေရော ရွာသားတွေရော အကုန်ရှင်းပစ်ဆိုသည့် ညွှန်ကြားချက်ရဲ့
နောက်ဆက်တွဲ ရလာဒ် အနေဖြင့် ပိတ်ဆို့ရေး (Sanction) ဆိုတာ ဖြစ်လာရတာပါ။

၁၉၉၆၊ ၁၉၉၇ က စပြီး စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေတွေမှာ လူသတ်၊ မုဒိန်းကျင့်မှုများ အပါအဝင် မတရားမှုများကို အမိန့်ရ လုပ်ပိုင်ခွင့် ရခဲ့သလို ဖြစ်လာခဲ့တာပါ။
ရေဗူးပေါက်တာမလိုချင် ရေပါတာဘဲလိုချင် ဆိုတဲ့ စကားလုံးကို လက်ကိုင်ထားပြီး အရပ်သားတွေအပေါ် လုပ်ချင်တာလုပ် အရေးယူမှု တစ်စုံတရာ မရှိတော့ပါ။ အဲဒီအချိန်မှာ
အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ Ms Meldrine Albright (နိုင်ငံခြားရေးဝန်ကြီး ၁၉၉၇-၂၀၀၀) မြန်မာနိုင်ငံကို
လာရောက်လည်ပတ်ခဲ့ပါတယ်။ Ms Meldrine Albright ဟာ မြန်မာနိုင်ငံအတွင်း သွားရောက်လေ့လာစဉ် ပြည်သူလူထုနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှ မပြန်မှီ နဝတ
အစိုးရခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံစဉ် နဝတရဲ့ အကြီးအကျယ် လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ရာက ပြင်းပြင်းထန်ထန် တစ်ဖက်နှင့် တစ်ဖက်
စကားများခဲ့ကြပါတယ်။ NLD ကလဲ လူ့အခွင့်အရေးချိုးဖေါက်မှုနှင့် ပတ်သက်၍ Ms Meldrine Albright ကို ပြောကောင်းလဲပြောနိုင်ပါတယ်။

အဲ့ဒီ Meeting မှာ Ms Meldrine Albright ဟာ မကျေမနပ် တော်တော်ဖြစ်သွားကြောင်းကို လျှို့ဝှက် အသံဖမ်းထားတဲ့ တိတ်ခွေတွေကို ပြန်လည်နားထောင် ရတာကြောင့် သိခဲ့ရပါတယ်။
Ms Meldrine Albright မြန်မာနိုင်ငံမှ မပြန်မှီ ရန်ကုန်လေဆိပ်ရောက်တော့ လုံခြုံရေးအဖြစ် ခရီးစဉ်တစ်လျောက်လုံး လိုက်ပါခဲ့ရတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက်ကို Ms
Meldrine Albright ရဲ့ အဖွဲ့ဝင်တစ်ယောက် ပြောသွားတာက “မင်းတို့ခေါင်းဆောင်တွေက မင်းတို့ပြည်သူတွေအပေါ် တော်တော်ရက်စက်တာဘဲ၊ ဒီအဖွားကြီးက USA ရဲ့ လာမယ့်
Election မှာ Secretary of State (နိုင်ငံခြားရေးဝန်ကြီး) ဖြစ်ဖို့များတယ်၊ သူဖြစ်လာရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွယ်လိုက်မယ်ထင်တယ် ဘယ်နိုင်ငံကမျှ သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း
ဒီလို မဆက်ဆံခဲ့ဘူး” လို့ ပြောခဲ့တယ်။

နောက်ဆုံး အားလုံးသိခဲ့ကြတဲ့အတိုင်း ၁၉၉၇ ခုနှစ်ခုမှာ Ms Meldrine Albright ဟာ အမေရိကန်နိုင်ငံရဲ့ Secretary of State (နိုင်ငံခြားရေးဝန်ကြီး) ဖြစ်လာပြီး မကြာခင်မှာဘဲ
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် New Investment ရင်းနှီးမြုပ်နှံမှုအသစ် ထပ်မလုပ်ရဆိုတဲ့ ၁၉၉၇ ပိတ်ဆို့ရေး (Sanction) ချခံရတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုပြီး နိုင်ငံရေးပါတီများနဲ့ တတိယအုပ်စု (Third Party) တွေက ဘုမသိ ဘမသိ စွပ်စွဲနေတာကတော့ မတရားဘူးထင်တယ်။ ဒါကြောင့် ၁၉၉၇ ပိတ်ဆို့ရေး
(Sanction) ရဲ့ အဓိက တရားခံဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘဲ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ချမှတ်ခံရတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘာပြောခဲ့လဲ၊ ရီတာပေါ့ဆိုပြီး အမေရိကန်အစိုးရကို ဟားခဲ့သေးတာလေ။ အဲဒီတုံးက
သဘာဝဓါတ်ငွေ့ ပိုက်ဆံမရသေးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုက ဘာမှသိပ်မရှိသေးဘူး။ ဒီ ပိတ်ဆို့ရေး (Sanction) ကို နိုင်ငံရေး လက်နက်အနေဖြင့်
သုံးဖို့တောင် ညွှန်ကြားခဲ့သေးတာဘဲ။ မြန်မာနိုင်ငံ ဆင်းရဲနေရတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က လုပ်လို့ဆိုပြီး ပြည်တွင်းပြည်ပကို ဝါဒဖြန့် International ကို Lobby လုပ်ခိုင်းလို့
ကျွန်တော်တို့ကိုယ်တိုင်တောင် လုပ်ခဲ့ကြရသေးတာပါ။

ဒုတိယ ၂၀၀၃ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) က ရှင်းပါတယ်။ ဒီပဲရင်းကိစ္စပြီးမှ ဖြစ်တာပါ။ ဒီပဲရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပစ်ဖို့ အမိန့်ပေးခဲ့တဲ့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တပည့်တွေဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ တားတဲ့ကြားက “ငါခိုင်းတာ” ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ဒုတိယဥက္ကဌ
ဒုဗိုလ်ချုပ်ကြီးစိုးဝင်း (သေဆုံး) နဲ့ ဦးအောင်သောင်းတို့ကို ညွှန်ကြားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းခိုင်းခဲ့တာပါ။ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့ ဖြစ်ဖြစ်ချင်းည ဖြစ်ပြီး
တစ်နာရီအကြာမှာဘဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကျွန်တော့်ရှေ့မှာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်ဆီံကို ဖုံးဆက်ပြီး မေးခဲ့တယ်။ ဒီပဲရင်းမှာ
ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရတာ ဟုတ် မဟုတ် ဆိုတာကို မေးတယ်။ ဝါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က ကျွန်တော့်ကို ကကလှမ်းထံ ဒီအကြောင်းနဲ့ပတ်သက်ပြီး
မေးခိုင်းလို့ မေးကြည့်တဲ့အခါမှာ ကကလှမ်းက ဒီလိုပြောပါတယ်။

“အစ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းရတာ မြန်လှချီလား၊ ဟုတ်တယ်အစ်ကိုရေ အဘကြီး ခိုင်းတာ ဘယ်သူမှ တားလို့မရဘူး။ ဒေါ်စုကတော့ အခုတပ်မှာ
ခေါ်ထားတယ် မစိုးရိမ်ရပါဘူးလို့” ဆိုပြီး ပြန်ပြောလာတယ်။ ဒီကိစ္စလဲ ဖြစ်ပြီးရော မြန်မာအစိုးရအတွက် Lobby လုပ်ပေးနေတဲ့ အမေရိကန်တွေလဲ ၃-၄ နှစ်လောက် လုပ်ခဲ့တာတွေ
အားလုံးရပ်တန့်သွားခဲ့ပြီး သမတ Bush အစိုးရကို ချဉ်းကပ်လို့ မရတော့ဘူး ဖြစ်ခဲ့တယ်။ သိပ်မကြာပါဘူး မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံသားများ ကုန်သွယ်မှု၊ ငွေပေးငွေယူ မလုပ်ရ၊
ဗိုလ်ချုပ်ကြီးများရဲ့ မိသားစုတွေ ပိုင်ဆိုင်မှု၊ ခရီးသွားလာမှု၊ ပိတ်ပင်မှု ဆိုတဲ့ ဒုတိယ ၂၀၀၃ ခုနှစ် ပိတ်ဆို့ရေး (Sanction) ထပ်ဖြစ်လာတာပါ။

ဒုတိယ စီးပွားရေး ပိတ်ဆို့ရေး (Economic Sanction) ကတော့ အစိုးရရော ဗိုလ်ချုပ်ကြီးတွေပါ တော်တော်ထိသွားတယ်။ ကျွန်တော်တို့ သံရုံးမှာတောင် အမေရိကန်ဒေါ်လာ
အရွှေ့အပြောင်း လုပ်လို့မရလို့ လစာ (၃) လစာလောက် မြန်မာအစိုးရက သံရုံးကို ပို့လို့မရဖြစ်ခဲ့ရတယ်။ ဗိုလ်ချုပ်ကြီးတွေ တော်တော်မျက်လုံးပြူး မျက်ဆံပြာ ဖြစ်သွားခဲ့ရတယ်။ နောက်
(၄) လလောက်ကြာတော့ အမေရိကန် အစိုးရက လျော့ပေးလိုက်လို့ အသက်ရှူချောင်သွားတယ်။ နောက်ပိုင်းတော့ US Dollar ကို Euro ငွေနဲ့ ချက်ချင်း ပြောင်းသုံးခိုင်းတဲ့အတွက်
ကျွန်တော်တို့ သံရုံးမှာ နောက်ပိုင်း လစာတွေရတဲ့အခါ Euro နဲ့ လစာစပြီး ရခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီးတွေ အနေနဲ့လည်ဲး စင်္ကာပူ၊ သြစတြေးလျနိုင်ငံတွေမှာ ထားကြတဲ့ US Dollar
တွေကို Middle East အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရွှေ့ခဲ့ကြတယ်လို့ သတင်းတွေ ထွက်လာခဲ့ကြတာဘဲ။

ဒုတိယ ၂၀၀၃ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ကတော့ အစိုးရ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အလိုတော်ရိ စီးပွါးရေးသမားကြီးတွေကို နာနာလေး ထိသွားလို့ စပ်စပ်ထိ
မခံနိုင်ဘဲ စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ကို ယခင်က ရီတာပေါ့လို့ ပြောနေရာကနေ ချက်ခြင်းဆိုသလို Policy ပြောင်းပြီး ရုတ်သိမ်းပေးဖို့ဆိုတာ ဖြစ်လာခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က လုပ်ကြံလဲ ခံရသေးတယ် အစွပ်စွဲလည်း ခံရသေးတယ်ဆိုတာတော့ နိုင်ငံရေးပါတီများနဲ့ တတိယအုပ်စု (Third Party)တွေကို ဒါ မတရားဘူးဆိုတာ
ပြောချင်ပါတယ်။ ဘာကြောင့် အဓိကတရားခံ ဒီပဲရင်းလုပ်ကြံမှုကို ဖန်တီးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဗြောင်မစွပ်စွဲရပါသလဲ။
တတိယ ၂၀၀၇ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ရဲ့ တရားခံဟာလဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပါဘဲ။ သံဃာတော်အရေးခင်းမှာ ကျန်တဲ့ ဗိုလ်ချုပ်ကြီး အများစုက ပခုက္ကူ
သံဃာတော်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက သွားရောက်ရှစ်ခိုးတောင်ပန်ဖို့ တင်ပြနေတဲ့ကြားက ဦးအောင်သောင်းရဲ့ စကားကိုမှ နားထောင်ပြီး သံဃာတော်တွေကို သေနတ်နဲ့
ပစ်သတ်ခွင့် အမိန့်ပေးခဲ့တာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ။ ဒီလို သံဃာတော်တွေကို သုတ်သင် ရှင်းလင်းခိုင်းတဲ့အတွက်ကြောင့် အမေရိကန်က စီးပွါးရေး ပိတ်ဆို့ရေး (Economic
Sanction) ချတာပါ။

ဒီပိတ်ဆို့မှုကတော့ မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာတွေကို အမေရိကန် နိုင်ငံအတွင်း တင်သွင်းခွင့် ပိတ်တာပါ။ ဟောင်ကောင်နဲ့တရုတ်တွေ အဝယ်များလို့


ရသင့်ရထိုက်သည့်တန်ဖိုးထက် နည်းနည်းပါးပါး လျော့ရတာကလွဲလို့ ပြည်သူလူထု အနည်းအကျဉ်း ထိခိုက်တာကလွဲလို့ အစိုးရက နိုင်ငံရေးအရ ပိုထိပါတယ်။ ဒီဟာကလဲ သံဃာကို
သတ်ခိုင်းတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကြောင့်ပါဘဲ ။ ဒါကြောင့် ကျွန်တော်ပြောချင်တာက နည်းမျိုးစုံနဲ့ ညစ်ပတ်ယုတ်မာနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုတော့ နိုင်ငံရေးပါတီများနဲ့
တတိယအုပ်စု (Third Party) တွေက မပြောရဲဘဲ တစ်ဖက်သတ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပြောနေတာကတော့ မလွန်လွန်းဘူးလား။ ခင်ဗျားတို့ထင်သလို နေရာ
Space လေးများ ရမယ်လို့ ထင်နေကြတုံးဘဲလား။ ဒီအတိုင်းသွားရင် နောက်ထပ် အနှစ် (၂၀) ဘာမှ မပြောင်းလဲနိုင်သေးဘူး။ လူသာပြောင်းသွားမယ် အာဏာရှင်ပုံစံ
မပြောင်းနိုင်ဘူးဆိုတာ မမေ့ကြပါနဲ့။
၁၉၉၃ ခုနှစ် ကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်မတော်သည် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါရမည် ဆိုတဲ့ ဦးတည်ချက်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့
ဗိုလ်ချုပ်ကြီးတင်ဦး (ရဟတ်ယာဉ်ပျက်ကျသေဆုံး) တို့က မြန်မာ့နိုင်ငံရေးမှာ အရပ်သားရဲ့ အခန်းကဏ္ဍ ပျောက်သွားလိမ့်မယ်လို့ တင်ပြခဲ့တဲ့ကြားက ဒီအမျိုးသားညီလာခံကို ဆက်လုပ်ပြီး
၂၀၀၈ ဖွဲ့စည်းပုံအား မဖြစ်ဖြစ်အောင် ပုံဖေါ်ခဲ့ပါပြီ။ အဲဒီတုံးကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်သားနိုင်ငံရေး ပျောက်သွားတော့ မကောင်းတော့ဘူးလား ဆိုတာ ပြန်ပြီး
ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးတင်ဦးတို့ ၂ ဦး ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒါကိုကြည့်ရင် မြန်မာနိုင်ငံမှာ ခင်ဗျားတို့ပြောနေတဲ့ သာမန်အရပ်သား ဒီမိုကရေစီနိုင်ငံရေးဆိုတာ
ဝေးပါသေးတယ်။ ခြေတစ်လှမ်း လှမ်းဖို့နေနေသာသာ လှမ်းမယ့် ခြေထောက်တွေကို ရိုက်ချိုးထားပြီး ဖြစ်နေပါပြီ။

တကယ် အမိမြန်မာနိုင်ငံတော်ကြီးကို ကောင်းစားတာ မြင်လိုချင်ရင် ကျွန်တော်တို့အချင်းချင်း အပြန်အလှန် အပြစ်မပြောကြဘဲ ညီညီညွတ်ညွတ်နဲ့ “ဘုံရန်သူ” ဖြစ်တဲ့ အာဏာရှင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုသာ လူ့အခွင့်အရေး အမြောက်အများကို ချိုးဖေါက်နေမှုနဲ့ ပထမအဆင့်နေဖြင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က မြန်မာအစိုးရ အဆက်ဆက်
ပြစ်မှုကျူးလွန်နေမှုတွေကို လာရောက် စစ်ဆေးခွင့်ရဖို့ ဝိုင်းဝန်းဆော်သြကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

ကျောင်းသား၊ ဘုရားသား၊ စစ်သား၊ တိုင်းရင်းသား၊ အလုပ်သမား၊ လယ်သမား၊ အခြေခံ လူတန်းစားအားလုံး ဘယ်ဘဝကို ရောက်နေကြတယ် ဆိုတာကိုလဲ လုံးဝ မမေ့ကြပါနဲ့။
သာမာန်အခြေခံ လူတန်းစားတွေဘက်က ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဘာဘဲဖြစ်ဖြစ် ဝိုင်းရံပေးစေချင်ပါတယ်။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ NLD
ချေမှုန်းရေး မဟာဗျူဟာကို ယောင်ဝါးပြီး မထောက်ခံမိကြဖို့ သတိကြီးကြီးနဲ့ ဆင်ခြင်ပြောဆိုသင့်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

http://www.photayokeking.org/

You might also like