You are on page 1of 4

w

w
w
.fr
e eli
သူကမေး၍ ဖြေခဲ့ရသည်

br
a
ry
စာရေးသူ။ ။ဒေါက်တာဓမ္မပိယ (ITMBU)

on
lin
မေလ (၉)ရက် (9-5-2015) နေ့က စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ ဗုဒ္ဓဘာသာ ပညာရေးစင်တာ

e.c
om
(IBEC)၌ ကျင်းပပြုလုပ်တဲ့ ̏ဗုဒ္ဓနည်းကျ စီမံခန့်ခမ
ွှဲုနည်းပညာသင်တန်း̋ (Buddhist Civil Society
Managemnet Ceminar) သို့ ဟောပြောသူတစ်ပါးအနေနှင့် ပါဝင်တက်ရောက်ခွင့်ရခဲ့တယ်။ ဟောပြောပေးရမဲ့
ခေါင်းစဉ်က ဗုဒ္ဓစ်စ် အက်ဒျူကေးရှင်း (Buddhist education) အမည်နှင့် ဟောပြောပေးရတယ်။

မြန်မာပြည် အနယ်နယ်အရပ်ရပ်မှာ နေထိုင်တော်မူကြသော ရဟန်းသံဃာတော်များ၊ ကျောင်းထိုင်


ဘုန်းကြီးသင်တန်းကျောင်းများမှ သံဃာတော်များ၊ တက္ကသိုလ် ကထိကများ၊ ကျောင်းဆရာ၊ ဆရာမများနှင့်
အဖွ့အ
ဲ စည်းအသီးသီးမှ ပညာရှင်များပါဝင် တက်ရောက်နေကြ၍ ထိုသင်တန်း၏ အောင်မြင်မှုအတွက်
ကြည်းနူးမှုတွေ၊ ၀မ်းသာမှုတွေ ဖြစ်ခ့မ
ဲိတယ်။ ထိုသင်တန်းမှာ ဗုဒ္ဓညွှန်းကြားခဲ့သော ပညာသင်ကြားနည်းစနစ်ကို
ခေတ်နှင့်လျှော်ညီအောင် သုံးသပ်တင်ပြခွင့်ရခဲ့တယ်။

သင်တန်းများရဲ့ ထုံးစံအတိုင်း မိနစ်လေးဆယ်ခန့် ဟောပြောပြီးတဲ့အခါ အမေးအဖြေကဏ္ဍကို


ဖွင့်လှစ်ပေးခဲ့တယ်။ ထိုကဏ္ဍ၌ အဖွ့အ
ဲ စည်းတစ်ခုမှ သင်တန်းသားတစ်ဦးက မေးခွန်းတစ်ခုမေးလာတယ်။
သူ့မေးခွန်းက စိတ်ဝင်စားစရာလည်းကောင်းတယ်။ ကိုင်တယ
ွ်ဖြေရှင်းဖို့ ခက်ခတ
ဲ ့ေ
ဲ မးခွန်းမျိုးလည်း ဖြစ်နေ
တာကို တွေ့ရတယ်။ မေးသူရဲ့ အမေးက - ̏မဘသ ရဟန်းတော်များဟာ မြတ်စွာ ဘုရားမဟောကြား၊
မပညတ်ခ့တ
ဲ့ဲ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ဘာကြောင့်
အားထုတ်နေကြသလဲ̋ ဆိုတ့အ
ဲ မေးပါ။

မေးလာတော့လဲ သူဘာကို ဆိုလိုချင်တယ်ဆိုတာကို တိတိကျကျ သိလို၍ - တစ်လင်တစ်မယား


စနစ်ကို ဘုရားရှင်မပညတ်ခဲ့ဘူးလို့ ဘာကိုထောက်ထားပြီး ဆိုချင်ပါသလဲ̋ လို့ သူ့ကိုပြန်မေးတော့ သိဒ္ဓတ္ထဘုရား
လောင်းမှာ မောင်းမပေါင်း လေးသောင်း်ရှိနေတာကို ထောက်ထား၍ ပြောဆိုခြင်းဖြစ်တယ်လို့ သူကပြန်
ဖြေတယ်။ ဒီတော့မှ သူအဖြေက သဲကလ
ွဲာတယ်။ ဘာ့ကြောင့် သူက ဒီမေးခွန်းကို မေးလာတယ် ဆိုတာကို
နားလည်သဘောပေါက်မိတယ်။

ဘုရားလောင်းဟာ တရားဝင် ဇနီးမယားဆိုလို့ ယသော်ဓယာမင်းသမီး တစ်ပါးတည်းသာ ရှိခ့ေ


ဲ ကြာင်း
ဖတ်ဖူးသမျှ စာပေတွေကို ထောက်ထား၍ သိရတယ်။ သို့သော် မောင်းမပေါင်း လေးသောင်း ဆိုသည်မှာ
သိဒ္ဓတ္ထမင်းသားဟာ ဘုရင့်သားတော်တစ်ပါးဖြစ်၍ ခြေဆုပ်လက်နယ်ပြုသူ၊ ယပ်ခတ်ပေးသူ၊ လိုအပ်ရာရာကို
အလုပ်အကျွေးပြုပေးသူများအနေနှင့် များစွာရှိနေမယ်ဆိုတာ မှန်းဆလို့ ရနိုင်ပါတယ်။ သို့သော် ထိုက့သ
ဲို့သော
အပျိုတော်များကို တရားဝင် ဇနီးမယားဖြစ်တယ်ဟူ၍ သတ်မှတ်၍မရပါ။ အဘယ်ကြောင့် ဆိုသော် ယသော်
ဓယာအပေါ်မှာ စစ်မှန်တဲ့ ချစ်ခင်မြတ်နိုးမှုမျိုးနှင့် ချစ်ခင်ခ့တ
ဲ့ဲ သိဒ္ဓတ္ထမင်းသားဟာ ယသော်ဓယာဆိုတဲ့

1
w
w
w
.fr
e eli
မင်းသမီးလေးကို တရားဝင်ဇနီးမယားအဖြစ်နှင့် တစ်ဦးတည်းသာ ထားရှိပြီး၊ သူရ့ေ
ဲ မတ္တာကို သက်သေအဖြစ်

br
ပြခဲ့တာကို သူအား ပြောပြခဲ့ရတယ်။

a ry
on
ဘုရားပညတ်တော်၌ တစ်လင်တစ်မယားစနစ်နှင့်ပတ်သက်၍ ပြောဆိုလာတဲ့သူကို ဓမ္မလမ်း

lin
e.c
ကြောင်းနှင့် လောကလမ်းကြောင်းတို့ကို အနည်းငယ်ချဲ့ထွင်၍ ပြောပြမှ သင့်တော်ပေလိမ့်မည်ဟု အထင်ရှိခ့၍

om
မြတ်စွာ ဘုရားဟောကြားတော်မူခ့ေ
ဲ သာ သိဂါင်္ လောဝါဒသုတ်တော်လာ လင်ကျင်ဝ
့ တ်ငါးပါးကို ထည့်သွင်း၍
ရှင်းပြခဲ့ရတယ်။ သိဂါင်္ လောဝါဒသုတ်မှာ မြတ်စွာ ဘုရားက လင်ကျင့်ဝတ်ငါးပါးကို ဟောကြားထားခဲ့မှုနှင့်
ပတ်သက်၍ လေ့လာသုံးသပ်ဖို့လိုတယ်။ ̏မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယဉ်၊ မြတ်နိုးကြင်၊
ငါးအင်လင်ကျင့်ရာ̋ လို့ ဟောထားတာရှိပါတယ်။ ဒီသုတ္တံအရ မြတ်စွာ ဘုရားက မယားပြိုင် မထားရဘူးလို့
တိုက်ရိုက်ဟောထားတာမျိုး မပါဝင်ပေမဲ့ မထေမဲ့ကင်းဆိုတဲ့ အဓိပ္ပါယ်ကို သိသင့်တယ်။ မိမိမယားအပေါ်မှာ
လက်မထပ်ခင် ချစ်ခင်မြတ်နိုးတဲ့ အနေအထားမျိုးနှင့် လက်ထပ်ပြီး ချစ်ခင်မြတ်နိုးတဲ့ အနေအထားမျိုးကို
ပြောင်းလဲမှုမရှိစေပဲ မိမိသားမယားအပေါ်မှာ လေးစားမြတ်နိုးတဲ့ စိတ်ထားမျိုးနဲ့ လက်ထပ်ပေါင်းသင်းရမယ်လို့
မြတ်စွာ ဘုရားက တိုက်တန
ွ်းတော်မူခ့တ
ဲ ယ်။

မယားတစ်ယောက်မက မယားများစွာကို လက်ထပ်လိုသူတို့က ပြောကြပေလိမ့်မယ်။ မူလမယားကို


ကျေနပ်စေပြီးမှ နောက်ထပ်မယားတစ်ယောက်ကို လက်ထပ်ယူထာမျိုးဖြစ်လို့ မယားပြိုင်စနစ်ကို လက်ခံသင့်
တယ်လို့ ဆင်ခြေပေးကြတယ်။ ကိုယ့်ဆင်ခြေကို ကိုယ့်ဟာကိုယ်ထောက်ခံပြီး နောက်ထပ် မယား
တစ်ယောက်ကို မယားပြိုင်အဖြစ်နဲ့ ထားခဲ့ကြတယ်။ ထိုအနေအထားမျိုးတွေကို ဖြေကြားသူက ဥပမာပေး၍
ပြောဆိုခ့တ
ဲ ယ်။ လင်သားအပေါ်မှာ ချစ်လင်တစ်ယောက်အနေနဲ့ မြတ်နိုးတတ်တဲ့ မိန်းမသားတစ်ယောက်
အနေနှင့် ကိုယ့်ရ့လ
ဲ င်သား နောက်ထပ် မိန်းမတစ်ယောက် ထပ်ယူထားတာမျိုးကို ဘယ်မယားမှ
(၉၉%ရာခိုင်းနှုန်းထိရှိနိုင်) ကျေနပ်နိုင်မည် မဟုတ်ပါ။ ထိုကြောင့် အနောက်နိုင်ငံ (ဥရောပ၊ အမေရိကစသော
နိုင်ငံ) များ၌ ထိုက့သ
ဲို့ နောက်မိန်းမတစ်ယောက်ကို ထပ်ယူလိုလျှင် မယားပြိုင်ထားခြင်းကို ပညာတတ်
မိန်းမသားများက လက်မခံနိုင်ကြ၍ မူလပထမယားကို ပြတ်စဲပေးနိုင်ဖို့ ထိုက်တန်သော နစ်နာကြေးများကို
ပေးဆပ်ပြီးမှ နောက်မယားတစ်ယောက်ကို ယူနိုင်ကြောင်းကို အရှေ့အတိုင်းအမျိုးသမီးများ သိ၏၊ မသိ၏
သံသယများဖြစ်မိခြင်းပါ။

နောက်တစ်ချက်က မြန်မာပြည်တွင်းမှာ နေထိုင်ကြသူများသည် ဗိုလ်ချုပ်အောင်ဆန်း ရှိသည်ဖြစ်စေ၊


မရှိသည်ဖြစ်စေ ဗိုလ်ချုပ်ရ့စ
ဲိတ်ထားနှင့် ဗိုလ်ချုပ်ရ့အ
ဲ နေအထားကို အားကျအတုယူသင့်ခြင်းပါ။ အကယ်၍သာ
ဗိုလ်ချုပ်ကို ခေါင်းဆောင်တစ်ယောက်လိုဖြစ်စေ၊ ဖခင်တစ်ယောက်လိုဖြစ်စေ ဘယ်လိုအနေအထားမျိုးနှင့်
ဖြစ်စေ လေးစားမြတ်နိုးတဲ့စိတ်ထားမျိုး ရှိခြဲ့ ကမည်ဆိုလျှင် တစ်လင်တစ်မယားစနစ်ကို စံထားနိုင်ဖို့ ချစ်ဇနီး
တစ်ယောက်တည်းကိုသာ သေသည်အထိ ပေါင်းသင်းသွားတဲ့ ဗိုလ်ချုပ်ရဲ့ အိမ်ထောင်ရေးပုံရိပ်ဟာ ပြည်သူ၊
ပြည်သားတွေအတွက် အောက်မေ့ဖယ
ွ်ရာအဖြစ် သမိုင်းမှာထင်ကျန်ရစ်ခ့တ
ဲ ယ်။ သို့သော် အမျိုးသမီးများ၏

2
w
w
w
.fr
eeli
အခွင့်ရေးနှင့် အမျိုးသမီးများ၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သော ထိုတစ်လင် တစ်မယား စနစ်သည်

br
လူ့အခွင့်ရေးကို အထူးပြုပြောဆိုနေကြသော အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံက့သ
ဲို့သော နိုင်ငံများ၌ ယခုလက်ရှိ

a ry
on
ကျင့်သုံးနေသော ဥပဒေဖြစ်ကြောင်း ဒီခိုင်မာသောအထောက်အထားကို မည်သူမျှ ငြင်းနိုင် မည်မဟုတ်ပါ။

lin
e.c
မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးကိုလိုလားသော နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ထိုငြိမ်းချမ်းရေးကို အကြောင်း

om
တစ်ခုတည်း ချုပ်ငြိမ်းသွားရုံနှင့် စစ်မှန်သော ငြိမ်းချမ်းရေးကို မရနိုငပ
်ါ။ ဥပမာ၊ တိုင်းရင်းသား လက်နက်ကိုင်
များနှင့် အပစ်အခတ် ရပ်စဲရုံမျှနှင့် စစ်မှန်သော ငြိမ်းချမ်းရေးကို မရနိုင်။ ဆင်းရဲသား များလွန်းနေမှုများ၊
ပညာသင်ခွင့် အချိုးအစား မညီမျှမှုများ၊ စီးပွားရေးကို အခြေခံ၍ လူနေမှုဘ၀များကို နိုင်ထက်စီးနင်း ပြုမူ
နေမှုများ၊ လူမှုရေးဖေါက်ပြန်မှုများ၊ လူမှုရေး ကျူးကျော်စော်ကားခံနေရမှုများသည်လည်း စစ်မှန်သော ငြိမ်းချမ်း
ရေးကို ခြိမ်းချောက်နေတတ်ခြင်းပါ။

မြန်မာလူမျိုးများ၏ဓလေ့သည် မိသားစုကို ချစ်၏။ သူငယ်ချင်း အပေါင်းအသင်းကို ချစ်၏။ တိုင်းပြည်ကို


ချစ်၏။ လူမျိုးကို ချစ်၏။ ထိုကြောင့် မိသားစုအရေးဖြစ်တဲ့ တစ်လင်တစ်ယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို
ပြဋ္ဌာန်းပေးရန် ကြောင့်ကြစိုက် အားထုတ်နေကြသော ပုဂ္ဂိုလ်များသည် ဘုရားမပညတ်ခ့ေ
ဲ သာ ပညတ်
တော်များကို အသစ်ပညတ်ရန် အားထုတ်နေခြင်းလည်းမဟုတ်၊ မယားပြိုင်စနစ်ကို မုန်းတီး၍ ဖျက်ဆီးရန်
အားထုတ်နေကြခြင်းလည်းမဟုတ်။ အမှန်တကယ်မှာမူ တိုင်းပြည်နှင့်လူမျိုးကို ချစ်တ့စ
ဲိတ်နှင့် ဆောင်ရက
ွ်ခြင်း၊
တရားမျှတမှုကို အားပေးကူညီလို၍ ရဲရင့်တ့စ
ဲိတ်နှင့် ဆောင်ရက
ွ်ခြင်း၊ အမရှိ၍ အမဆိုတ့စ
ဲာနာစိတ်နှင့်၊ ညီမရှိ၍
ညီမဆိုတ့စ
ဲာနာစိတ်နှင့် အိမ်ထောင်ရေးကိစ္စများ၌ ပြဿနာနည်းနိုင်သမျှနည်း၍ ငြိမ်းချမ်းစွာ ̏ကျီးကို
ဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရိုသေ̋ အနေအထားမျိုးနှင့် အတူတကွ ဒီမြေပေါ်မှာ အတူနေ၍ ဒီရေကို အတူတကွ
သောက်ချိုးနိုင်ရန် ဖြူစင်သော စေတနာမျိုးနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို
အကောင်အထည် ဖေါ်နိုင်ရန် ဆောင်ရက
ွ်နေကြခြင်းပါ။

ဒီမိုကရေစီစနစ်ဆိုတာ (တိုင်းပြည်နှင့်လူမျိုး၏ဂုဏ်သိက္ခာကို မထိခိုက်တ့အ


ဲ နေအထားမျိုးမှာ ရှိနေ
လျှင်) ပြည်သူအများစု၏ ဆန္ဒကို အများစုကို လေးစားရသော စနစ်မျိုးဖြစ်၍ တစ်လင်တစ်မယား စနစ်
ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ရေးသည် ပြည်သူအများစု၏ ဆန္ဒအတိုင်းသာ ဖြစ်စေချင်ပါတယ်။
ကိုယ်မကြိုက်လို့ တစ်စိုက်မတ်မတ် ကန့်ကက
ွ်နေခြင်းမျိုးထက် ပြည်သူတွေကိုယ်စား ပြည်သူလတ
ွ်တော်
အမတ်များက တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရက
ွ်ပေးနိုင်ကြဖို့ပါ။ ဥပဒေကို
ပြည်သူက အတည်မပြုနိုင်ပါ။ ရဟန်းသံဃာတော်များကလည်း အတည်မပြုနိုင်ပါ။ ပြည်သူလုထုက
တင်မြောက်ထားတဲ့ ပြည်သူ့လွှတ်တော်အမတ်များကသာ အတည်ပြုနိုင်၍ အများဆန္ဒနှင့် မဲခွဲဆုံး
ဖြတ်ကြမည်ဖြစ်သော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်၊ မနိုင် လွတ်တော်
သတင်းကို နားထောင်ရင်း ပြည်သူအချင်းချင်း တစ်စုံတစ်ခုသောအကြောင်းကြောင့် အမျက်ဒေါသ မထွက်

3
w
w
w
.fr
eeli
ကြဘဲ ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြဖို့ပါ။ ဒီအဖြေနှင့် မေးသူကို ပြည်လည်ရှင်းပြခဲ့တယ်။ ချမ်းသာစွာ အိပ်စက်

br
နိုင်ကြပါစေ။

a ry
on
ဒေါက်တာဓမ္မပိယ (ITBMU)

lin
e.c
om

You might also like