You are on page 1of 17

Product of

MYDATA Game & Software CD/DVD


Lesson Type : Step by Step Guide

Level : Intermediate

Scope : Microsoft Windows System

Characters : Round About 3320

Image : 22

Price : 200 Ks

Virus ကြောင့် Task Manager ၊ Regedit ၊ Folder Option ၊ cmd များပျောက်နေပါသလား

Online ICT Reader ပရိသတ်ကြီးရေ....မင်္ဂလာပါ။ အခု ပြောပြမယ့် ဆောင်းပါးလေးကတော့


Virus ကြောင့်ဖြစ်ပေါ်တတ်တဲ့ ပြဿ နာလေးတွေကို ဘယ်လိုရှင်းကြမလဲဆို တဲ့ အပို င်းလေးပါ။ မိမိရဲ့
Computer မှာ Virus ကြောင့် Task Manager တို့ ၊ Regedit တို့  cmd (Command Line) တို့ ၊
Folder Option တွေခေါ်လို့ မရတာတွေ ကြုံဖူးကြမှာပါ။

အဲဒီလို ကြုံတဲ့ အခါ ဘယ်လိုဖြေရှင်းကြမလဲ။ မိမိဘာသာ Manual နဲ့ဖြေရှင်းလို့ ရသလို Software
Tool တွေကို အသုံးပြုပြီး

ဖြေရှင်းလို့ လည်း ရပါတယ်။

ကဲ..အခု Virus ကြောင့် အပိတ်ခံ ထားရတဲ့ (ခေါ်လို့ မရတဲ့ ) အရာတွေကို Manual အရသွားပြီး
Enable

လု ပ်ပုံ ကို ပြောပြချင်ပါတယ်။

Enable Task Manager

မိမိရဲ့ Computer မှာ Virus ၀င်ပြီဆို ရင် Anti-Virus Software တွေကို သုံးပြီး Virus တွေကို
ဖယ်ရှားကြပါတယ်။

ဒါပေမယ့် တစ်ခါတစ်ရံ မှာ ကို ယ့် PC ကနေ Virus တွေကို ဖယ်ရှားလို က်ပေမယ့် တစ်ချို့ပြဿ နာတွေနဲ့ ရ င်ဆိုင်ရ
တတ်တ ယ်။

ဥပမာ... Task Manager ကို အသုံးပြုချင်လို့ Ctrl+Alt+Del ကို နှိပ်လိုက်တဲ့အခါမှာ အောက်ပါအတို င်း Error
ပြတော့ တာပဲ။
ကဲ...ဒါဆို ရင် Task Manager ကို ပြန်ပြီး ဘယ်လိုဖွင့်ကြမလဲ။ ပြောပြပေးပါ့မယ်။

၁။ Start>Run Box မှာ gpedit.msc လို့ ရိုက်ထည့်ပါ။

Group Policy Box ကျလာပါပြီ။ ၎င်း Box ထဲမှာ User Configuration အောက်က Administrative
Templates

အောက်က System အောက်က Ctrl+Alt+Del Option ဆို တာကို ရောက်အောင်သွားပါ။


Ctrl+Alt+Del Option ကို နှိပ်လိုက်တာနဲ့ ညာဘက်မှာ Remove Task Manager ဆို တာကို တွေ့ပါလိမ့်မ
ယ်။
၎င်း Remove Task Manager ကို Right Click နှိပ်ပြီး Properties လို့ ပြောပါ။ Remove Task
Manager Properties

Box ကျလာပါလိမ့်မယ်။
၎င်း Properties Box ထဲမှာ Disable ဆို တာကို ရွေးပြီး OK လို့ ပြောပါ။ ဒါဆို ရင် Remove Task
Manager မှာ Disable

ဖြစ်သွားပါပြီ။
ဒါဆို ရင်တော့ Ctrl+Alt+Del နှိပ်ပြီး Task Manager ကို ခေါ်လို့ ရသွားပါလိမ့်မယ်။
Enable Registry

မိမိရဲ့ Computer မှာ Virus ကြောင့် regedit ကို အသုံးပြုလို့ မရတဲ့ အခါမျိုးကြုံဖူးမှာပေါ့။
Regedit ကလည်း

အလွ န်အသုံးဝင်တဲ့ System Tools တစ်ခုပါပဲ။ System နဲ့ ပတ်သက်တဲ့အရာအားလုံးလို လို ပဲ Registry ထဲမှာ
သွားပြင်လို့

ရတယ်ဆိုတော့ ဒီ Registry ကို မှခေါ်လို့ မရတော့ ဘူးဆို တော့ တော်တော်စိတ်ပျက်စရာကောင်းသွာြး


ပီပေါ့။ ဒါပေမယ့်

စိတ်မပူ ပါနဲ့။ သူ့ ကို ပြန်ခေါ်လို့ ရအောင် လု ပ်တဲ့နည်းတွေရှိပါတယ်။

၁။ ပထမဦးဆုံး Run Box မှာ gpedit.msc လို့ ရိုက်ထည့်လိုက်။ OK နှိပ်။

၂။ Group Policy Box ကျလာတဲ့ အခါ User Configuration အောက်က Administrative Templates အော
က်က
System ဆို တာကို တွေ့ပါလိမ့်မယ်။

ဘယ်ဘက်မှာရှိတဲ့ System ကို Select မှတ်လိုက်တာနဲ့ တစ်ပြိုင်တည်းညာဘက်မှာ Prevent access to registry

editing tools ဆို တာကို တွေ့ပါလိမ့်မယ်။ ၎င်းကို Right-Click နှိပ်ပြီး Properties ကို နှိပ်လိုက်ပါ။
၎င်း Properties Box ထဲကမှ Disable ဆို တာကို ရွေးပြီး Apply ၊ OK ကို နှိပ်ပါ။
ဒီ Run Box မှာ gpedit လို့ ပြန်ခေါ်ကြည့်ပါ။ ရသွားပါလိမ့်မယ်။
ထို နည်းတူ ပဲ Command Line Interface ကို ခေါ်မရခဲ့ လို့ ရှိရင်လည်း အထက်က Registry ကို သွားခဲ့ တဲ့ နည်းအ
တို င်း

ပြန်သွားပြီးတော့ Prevent access to registry editing tools ဆို တာကို ရွေးပြီး Disable လု ပ်ပေးလို က်
ပါ။
Enable Folder Option

ကဲ...ဒီတစ်ခါမှာတော့ မိမိ Computer မှာ Virus ကြောင့် Folder Option ပျောက်နေတတ်ပါတယ်။ အဲဒီအ
ခါမှာ Folder

Option ကို ဘယ်လိုပြန်ပြီး Enable လု ပ်ရမလဲဆို တာကို ပြောပြပေးသွားမှာပါ။


မိမိ Computer မှာ Folder Option ကို ခေါ်လို့ မရတော့ ဘူးဆို ရင်တော့ Group Policy ထဲကို သွားပါ။
User Configuration>Administrative Templates>Windows Components>Windows Explorer ကို

ရောက်အောင်သွားပါ။
၎င်းနောက် ညာဘက်မှာရှိတဲ့ Remove the folder options menu item from the tools menu ဆို တာကို Right

Click နှိပ်ပြီး Properties လို့ ပြောပါ။

၎င်းနောက် Properties Box ထဲက Disable ကို ရွေးပြီး Apply ၊ OK ကို နှိပ်လိုက်ပါ။
ဒါဆို ရင်တော့ Folder Option ကို ခေါ်လို့ ရသွားပါလိမ့်မယ်။
ဒါတွေကတော့ မိမိဘာသာ Manual အရပြုလု ပ်ခြင်းပဲဖြစ်ပါတယ်။ မိမိက အဲဒီလိုမလု ပ်ချင်ပဲ Remove
Restriction Tool (RRT) ကို အသုံးပြုလို့ ရှိရင်လည်းရပါတယ်။ ၄င်း RRT Software လေးဟာဆို ရင်
သူ့ ကို Run လိုက်တာနဲ့ အထက်မှာဖော်ပြထားတဲ့ အရာတွေကို enable လု ပ်ပေးနို င်ပါတယ်။

ကဲ.........ဒိလောက်ဆိုရင်တော့ Virus ကြောင့် Task Manager , regedit , cmd , folder option


တို့ ကို ခေါ်လို့ မရတော့မှာ စိုးရိမ်စရာမလို တော့ဘူးပေါ့နော်။

You might also like