You are on page 1of 5

Product of

MYDATA Game & Software CD/DVD


Lesson Type : Knowledge/Information

Level : Basic

Scope : Microsoft Windows Administration

Characters : Round About 4550

Image : 2

Price : 100Ks

User Profile နှင့် Personalize Setting များပြုလု ပ်ခြင်း

User Profile ဆိုတာ အသုံးပြုသူ (User) ရဲ့ Desktop Environment တွေကို User က Logon ၀င်
လိုက်တိုင်း

သူ သတ်မှတ်ထားတဲ့ အတိုင်း ဖြစ်နေအောင် ၎င်း Desktop Environment တွေကို File တွေ အခန်းေ
တွနဲ့

သိမ်းထားလိုက်တာကို ပြောတာပါ။

Profile မှာ Local User Profile၊ Roaming User Profile နှင့် Mandatory Profile ဆိုပြီးတော့ ရှိပါ
တယ်။

အသုံးပြုသူ တစ်ယောက်ဟာ ကွန်ပျူတာကို ပထမဆုံးဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့ Desktop Enviroment
ကို

ကွန်ပျူတာမှာရှိတဲ့ Windows စနစ်က ဒီကွန်ပျူတာအတွက် Profile ကို Default User Profile မှ Copy ကူး


ပြီး

တည်ဆောက်ပေးလိုက်ပါတယ်။ ၎င်း အသစ်စက်စက် Profile သိမ်းထားတဲ့ အခန်းဟာ ၎င်း User ရဲ့ Logon Name
ပေါ်

မူ တည်ပြီး ပေးလိုက်မှာ ဖြစ်ပါတယ်။ လွယ်လွ ယ်ပြောရလျင် Profile တွေဟာ ကိုယ့်နာမည်နဲ့ ကို


ယ်ရှိနေကြမယ်လို့
ပြောချင်တာပါပဲ။ ဒီတော့ တစ်ဦးချင်းစီအတွက် သီးခြား Profile တစ်ခုစီ ရှိနေတယ်။ User တွေဟာ သူ
တို့ ပြုလု ပ်လိုက်သမျှ၊

ပြုပြင်လိုက်သမျှ Desktop Environment တွေကို Local User Profile က သိမ်းထားပေးပါတယ်။

ဒီ Profile ဟာ Local User Profile လို့ ပြောတဲ့ အတိုင်းပါပဲ။ ဒီစက်မှာပဲ ရှိပါတယ်။ ဆိုလိုတာက
User ဟာ

နောက်ကွ န်ပျူတာတစ်လုံးကို ထိုင်ပြီးသုံးတဲ့ အခါ ခု နစက်က Profile က ပါလာမှာ မဟု တ်ဘူး။ သတ်သတ်စီပါ။ Local
User

Profile ဆိုတာ Network နဲ့ မဆိုင်ဘူး။ User တစ်ဦးချင်းစီအတွက် Profile တွေကို ၎င်းစက်ရဲ့

%Systemdrive%\Documents and Settings\%Username% Folder ထဲမှာ သုံးပါတယ်။ ဥပမာ


C:\Documents

and Settings\User ထဲမှာ ဆိုသလိုမျိုးပေါ့။ ဒါပေမယ့် တစ်ခုသတိထားရမှာက Windows XP,


Windows Server 2003 တွေမှာသာ Documents and Settings ဆို တဲ့ အခန်းအောက်မှာရှိတာ။ Windows
Vista နှင့် Windows Server 2008 တွေမှာတော့ System Drive အောက်က Users ဆို တဲ့ အခန်းထဲ
မှာရှိမှာပါ။ ဒီ Version တွေမှာ Documents and Settings ဆို တာမရှိတော့ ပါဘူး။ ၄င်းအစား Users ဆိုြ
ပီးဖြစ်သွားတာပါ။ ဒီအခန်းတွေက ဘယ်ကရောက်လာသလဲလို့ မမေးရဘူးနော်။ ငရဲကြီးတတ်တ ယ်။ အလ
ကားနောက်တာပါ။ Windows တင်လိုက်တာနှင့် သူ့ အလို လို ပါလာတာပေါ့။ အထဲက သက်ဆိုင်ရာနာမည်နှင့်အခ
န်းတွေကတော့ User Account ကို တည်ဆောက်လိုက်ပြီး အဲ့ ဒီ User Account နှင့် ပထမဦးဆုံးအကြိ
မ် Logon လု ပ်လိုက်တဲ့ First Logon ကျမှသာ အဲ့ ဒီ Documents and Settings အခန်းအောက်မှာ သက်ဆိုင်ရာနာမ
ည်နှင့်ဖြစ်သွားကြတာဖြစ်ပါတယ်။

သူ့ အတွက် ကိုယ်က ဘာမှ လု ပ်ပေးစရာ မလိုဘူး။ Local User Profiles


ဆိုတာ User တစ်ယောက်ဟာ ကွန်ပျူတာတစ်လုံးကို ပထမဆုံးအကြိမ် ၀င်လိုက်တဲ့အခါမှာ သူ့ ဘာသာ ဖြစ်
သွားမှာ

ဖြစ်ပါတယ်။ သူ့ ကို ဘယ်လိုနေရာတွေမှာသုံးသလဲဆို တော့ ဥပမာ အိမ်မှာ ကွန်ပျူတာတစ်လုံးတည်း ရှိမယ်။
သုံးတဲ့ သူ က ၄ ယောက်ဆိုပါစို့ ။ ဒက်ဒီရယ် မာမီရယ် ကို ကို ရယ် ညီမလေးရယ်ပေါ့။ ဒီတော့ ညီမလေးက
ကွန်ပျူတာရဲ့ Desktop Wallpaper ကို ကို ရီးယားက F4 မင်းသားပုံ တွေတင်ထားမယ်။ ကို ကို က အဲ့ ဒီကွန်ပျူ
တာသုံးတော့ ဘယ်နှယ့် ဒီ မင်းသားပုံ တွေ သူ ဘယ်ကြည့်ချင်ပါ့မတု န်း။ ဒီတော့ သူ က တစ်ခါ ရေ
ကူးဝတ်စုံ နှင့်ကို ရီးယား မင်းသမီးပုံ လေးတင်ထားလို က်ပြန်ရော။ ကဲ ကြည့် ဒီကွန်ပျူတာကို ပဲ အမေဖြစ်တဲ့သူ က
သုံးတော့ ဘယ်နှယ့် ရေကူးဝတ်စုံ ကြီးနဲ့မဖြစ်ပါဘူး။ အမေက စေတီတော်ပုံ တင်လိုက်ပြန်ရော။ အဲ့ ဒီ
ကွန်ပျူတာကို ပဲ ဒက်ဒီကသုံးပြန်တော့ သူ က ရှကီရာပုံ ကြီး တင်လိုက်ပြန်ရောလေ။ ဒီတော့ တစ်ယောက်အြ
ကိုက်နှင့် တစ်ယောက်မတူ ကြတော့ အဆင်မပြေဘူး။ ဒီလို အခါမျိုးမှာ Personalize Setting တွေကို
သူ့  User Account နှင့် သူ စက်တစ်လုံးတည်းမှာပဲ သိမ်းပေးထားတာကို Local User Profile လို့  ခေါ်
တာဖြစ်ပါတယ်။

ဒီလို လု ပ်ဖို့အတွက် ဦးစွာ အဲ့ ဒီကွန်ပျူတာမှာ သူ တို့ မိသားစု ၄ ယောက်အ တွက် တစ်ယောက်ချင်းစီသုံးဖို့ 
User Account တစ်ခုစီအရင်တည်ဆောက်ရပါတယ်။ ဒါကို တော့ Control Panel ထဲက User Account မှာ ပြု
လု ပ်လို့ရပါတယ်။

ပြီးရင် ကို ယ့်နာမည် ကို ယ် Account နှင့်ကို ယ်ဝင် ကြိုက်တဲ့ Wallpaper, Desktop Setting တွေထား
လို့ ရပါပြီ။ တစ်ယောက်နှင့်တစ်ယောက် မထိခို က်တော့ ဘူး။ ကို ယ့် Account နှင့်ဝင်လိုက်တိုင်းမှာ ကို ယ်နောက်
ဆုံး လု ပ်ထားခဲ့ တဲ့ အတို င်းပဲဖြစ်နေပါလိမ့်မယ်။ ကဲ ဒါဆို Local User Profile အကြောင်း ကို သိသွားပါပြီ။
User တစ်ယောက်ဟာ သူ့ စက်နဲ့သူ ထိုင်သုံးနေတယ်ဆိုလျင် အကြောင်း မဟု တ်ဘူး။ Local User Profile
နဲ့

လုံ လောက်တ ယ်။ အဲသလိုမှ မဟု တ်ဘဲ User ဟာ စက်တ စ်လုံးထဲမှာ ပုံ သေသုံးတာ မဟု တ်ဘဲ ဒီမှာသုံးလိုက်၊ ဟိုမှာ
သုံးလိုက်

သုံးရတယ်ဆိုလျင် သူ ထိုင်နေတဲ့ စက်တိုင်းမှာ သူ့ ရဲ့ Profile ကို ပြန်လည်တ က်လာစေချင်တယ်ဆိုလျင် Profile
ကို

လွှဲပေးရတော့ မယ်။ ဒါကို Roaming လု ပ်တယ်လို့ ခေါ်ပါတယ်။ ဒီလိုလွှဲပေးထားခြင်းအားဖြင့်


User ဟာ ဘယ်ကွ န်ပျူတာမှာ

ထိုင်ထိုင် သူ့  Profile ပဲ ပြန်တက်ပါတယ်။ ဒီလိုလွှဲပေးလို့ရအောင် သိရမှာက ၎င်း User ရဲ့ Profile
ဟာ ပုံ မှန်ဆိုလျင်

Network File Server မှာ သိမ်းရပါတယ်။ Loccal Computer မှာ မဟု တ်ပါ။ ဒီလို Network File Server မှာ
သိမ်းမှပဲ

လွှဲလို့ Roaming လု ပ်လို့ရမှာပေါ့။ ဒီလိုလွှဲလို့ရမှလဲ User သွားတဲ့ နောက်၊ ထိုင်တဲ့နောက်
Profile က လိုက်နေမှာပေါ့။

ကဲဒီလောက်ဆိုလျင် Local User Profile နဲ့ Roaming User Profile ကွဲပြားပုံ ကို သိလောက်ပါပြီ။
Local ဆိုတာက

ဒီစက်ကိုဝင်လိုက်လျင် ဒီစက်မှာပဲရှိတဲ့ Profile၊ နောက်စက်ကို ထိုင်လိုက်လျင် နောက်ပုံစံ တစ်မျိုးနဲ့ Profile၊


Roaming

ကျတော့ Profile တစ်ခုတည်းကိုပဲ File Server မှာထားပြီး ကိုယ်ဘယ်စက်ကိုသုံးသုံး ဒီ Roaming လု ပ်ထားတဲ့ File
Server

ထဲက Profile ကိုပဲ ယူ သုံးတာ။

Mandatory Profile ဟာ နားလည်ရ မခက်ပါဘူး။ ပြုပြင်လို့ မရဘူး၊ ပြောင်းလဲမှုတွေကို သိမ်းပေးမ


ထားဘူး။ ဒါ

Mandatory Profile ပါပဲ။ ဆိုလိုသည်က အသုံးပြုသူ ဟာ Logon ၀င်လိုက်တ ယ်။ ပြီးတော့ Logoff လု ပ်တယ်။
Logoff

မလု ပ်ခင်ဆက်ကြားမှာ သူ ဟာ Desktop နဲ့ ပတ်သက်လို့ ပြုပြင်သမျှကို သိမ်းမထားပါဘူး။ ပြုပြင်ထားသမျှ၊

ပြောင်းလဲထားသမျှ နောက်ဆုံးပြုလု ပ်ခဲ့သမျှအကြောင်းတွေကို သိမ်းမထားဘဲ ဘယ်အ ချိန်ပဲ ပြန်တက်လာ


ပါစေ

သူ သတ်မှတ်ထားတဲ့ Profile အတိုင်းပဲ ပြန်ပေါ်လာပါတယ်။ ဒါဟာ Mandatory Profile ပါပဲ။
ဒီတော့ Mandatory Profile ဆိုတာ Desktop ကို တသတ်မတ်တ ည်းထားပြီး၊ ပြောင်းလဲမှုတွေကို လု
ပ်မရအောင်

ပြုလု ပ်ထားတဲ့ Profile ပါပဲ။ ဒီတော့ ဘယ်သူဘယ်ဝါ ဘယ်အုပ်စုစသည်ဖြင့် လူ အများကြီးကိုမှ တစ်ခုတည်းေ
သာ Desktop

နဲ့အလု ပ်လုပ် စေချင်တဲ့အခါမှာ ဒီ Mandatory Profile ကို အသုံးပြုလို့ရပါတယ်။ တစ်ဦးတစ်ယောက်ရဲ့


ပြောင်းလဲမှုကြောင့်

လူ အများ ဒု က္ခမရောက်တော့ ဘူးပေါ့ဗျာ။

You might also like