You are on page 1of 3

၂၀၁၀ ကို ဖြတ်သန်းခြင်း (၂)

၂၀၁၀ ရွေးကောက်ပွဲ မရောက်ခင် မြန်မာပြည်သူတွေ တွေးသင့်တွေးထိုက်တာ၊


လုပ်သင့်လုပ်ထိုက်တာတွေ ဘာတွေရှိသလဲလို့ လေ့လာမိတဲ့အခါ အရေးကြီးအချက်များကို
တွေ့ရှိသမျှ ထုတ်ဖေါ်ပြီး ဆွေးနွေးတင်ပြမယ်။ ဒီတင်ပြချက်ဟာ လက်ခံနိုင်စရာဖြစ်တယ်၊
လက်ခံပြီး ကျင့်သုံးကြရင် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိကောင်းရှိနိုင်ရဲ့ ဆိုတဲ့
မေတ္တာတရားနဲ့ ဒီစာကို ရေးသားတင်ပြလိုက်တာပါ။ ဝေဖန်အကြံပြုသူများ လက်ကမ်းကြိုဆို
ပါတယ်။ မှန်ကန်သော ဝေဖန်မှုတွေ ရရင်အားလုံးအတွက် အကျိုးရှိမှာပါ။

ပထမအချက်အနေနဲ့ ပြောရရင် အမှတ်(၁)မှာ ရေးထားတဲ့အတိုင်း အတိုက်အခံတွေ


နိုင်ဘို့ အလှမ်းဝေးနေပါတယ်၊ စံနစ်တကျ နအဖက ပြင်ဆင်ပြီး ဗြောင်ညစ်ပတ်ထားတဲ့
လုပ်ရပ်တွေနဲ့ ပြည့်နေတဲ့အတွက်ဖြစ်ပါတယ်။ နိုင်ငံတကာကလည်း ရွေးကောက်ပွဲဟာ
တရားမျှတမှု မရှိနိုင်ဘူး ဆိုတာကနေ နောင်တက်လာမည့် အစိုးရနဲ့ ဆက်ညှိုနှိုင်းလို့
ရနိုင်မယ်ဆိုတဲ့ အဆင့်ထိရောက်လာလို့ ၁% ရာခိုင်နှုန်းလောက်ဘဲ ဖြစ်နိုင်ချေရှိတာတောင်
ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းဆိုတဲ့ လက်နက်ကို ဆုတ်ကိုင်ထားရမယ်လို့ ရေးခဲ့တာ
ဖြစ်တယ်။
ဘာကြောင့်ဒီလိုရေးရသလဲ ဆိုရင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး
မဖြစ်ခင် ကြိုကြားဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ဘယ်နိုင်ငံရေးပါတီမှလည်းမရှိ၊ ဘယ်ကျောင်း
သားခေါင်းဆောင်မှလဲ မပေါ်သေးပါ။ သြဂုတ်လ ၈ ရက်နေ့မှာ အားလုံးဆန္ဒပြကြမယ်ဆိုတဲ့
Timing ဆုံချက်ကို (BBC) ဘီဘီစီကကြားရတော့ လူတွေရဲ့ စိတ်ထဲမှာ ဖြစ်ချင်ဖြစ်မယ်၊
ဖြစ်ချင်မှဖြစ်မယ်ဆိုပြီး ရှိကြပါတယ်၊ မဖြစ်နိုင်ဘူးဆိုတဲ့ သူတွေများပါတယ်။ ဒါပေမဲ့ ရှစ်လေး
လုံးဆန္ဒပြပွဲကြီး ရန်ကုန်မှ စတင်ဖြစ်လာခဲ့ပါတယ်။ အဲဒီကနေ ပြည်နယ် တိုင်းအသီးသီး
ကူးစက်ပြီး ဘယ်သူမှ မမျှော်မှန်းထားတဲ့ ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီး ဖြစ်လာခဲ့တာပါ။
ရှစ်လေးလုံး ဆန္ဒပြပွဲကြီးဟာ လူထုက နိုးကြားလာပြီး မဆလ အမည်ခံစစ်အုပ်စုကို တွန်းလှန်
ခဲတ
ဲ့ သမိုင်းဝင်တိုက်ပွဲကြီးပါ။ ပြည်သူတဦးချင်းစီရဲ့ အသိစိတ်ဓာတ်ကြောင့်၊ တိုက်ပွဲဝင်
မှုကြောင့် ရရှိလာတဲ့ အောင်ပွဲဖြစ်တယ်ဆိုတာဟာ ငြင်းလို့မရနိုင်ပါဘူး။ တနည်းပြောရရင်
ရှစ်လေးလုံးစိတ်ဓာတ်ဟာ ခေါင်းဆောင်မဲ့ပြည်သူတွေ ကိုယ့်အသိစိတ်နဲ့ ကိုယ်ပူးပေါင်းပါဝင်
တိုက်ပွဲဝင်ခဲ့ကြတဲ့ စိတ်ဓာတ်ဖြစ်တယ်ဆိုရင် မမှားပါဘူး။

ရှစ်လေးလုံးအုံကြွမှုကြီးဟာ ခေါင်းဆောင်မရှိပါဘူး၊ ပြည်သူတွေက ဦးဆောင်ခဲ့တာပါ။


ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့အားလုံး ခေါင်းဆောင်တွေ မဖြစ်ကြသေးပါဘူး၊
လှုပ်ရှားပါဝင်ခဲ့သူတွေဘဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပြည်သူတွေက ခေါင်းဆောင်ထလုပ်မှ
လုပ်မယ်ဆိုပြီး ငြိမ်မနေကြပါဘူး။ ကိုယ့်အသိနဲ့ ကိုယ်ပါဝင်လာကြပြီး အောင်ပွဲရလာမှ
ခေါင်းဆောင်ကို ရွေးခဲ့ကြတာပါ။ ဒါကြောင့် ၂၀၁၀ ကို ဖြတ်သန်းရာမှာလည်း ဒေါ်စုလွတ်မှ၊
မင်းကိုနိုင်လွတ်မှဆိုပြီး ကိုယ်လုပ်သင့်ရာကို မလုပ်ဘဲ ခေါင်းဆောင်ကိုမျှော်တဲ့စိတ်ကို
ပြောင်းလဲပြီး ရှစ်လေးလုံး စိတ်ဓာတ်အတိုင်း ကိုယ်တနိုင်တပိုင်ကို ပြည်သူတွေ၊ ပါတီ
ထောင်ခွင့်ရလို့ ပါတီခေါင်းဆောင်ဖြစ်လာသူတွေက ပြုလုပ်ကြဘို့၊ တာဝန်ကျေကြဘို့ လိုပါ
တယ်။ ဒါကြောင့် မဖြစ်နိုင်တဲ့ အရာဘာမှမရှိဘူး၊ မဖြစ်သေးတာဘဲရှိတယ်လို့ ပြောခဲ့တာပါ။
မဖြစ်သေးတာကလည်း မလုပ်သေးလို့ မဖြစ်တာလို့ ကောက်ချက်ချရပါမယ်။

၂၀၁၀ မှာ တပန်းရှုံးနေတာက ခေါင်းဆောင်တွေ ရှိနေပါပြီ၊ အဲဒီလို ခေါင်းဆောင်တွေ


ရှိနေတဲ့ အတွက်ကြောင့် ပြည်သူဟာ ဒီခေါင်းဆောင်တွေ လုပ်လိမ့်မယ်လို့ မျှော်ကိုးပြီး
စောင့်နေတာဖြစ်ပါတယ်။ လက်ရှိခေါင်းဆောင်တွေ ရှိနေတာဟာ ရှစ်လေးလုံးနဲ့ မတူတဲ့
အချက်ပါ။ ဒါကြောင့် ဒီခေါင်းဆောင်တွေ ဘာလုပ်မှာလဲ၊ ဘာမှ မလုပ်နိုင်ရင် ပြည်သူက
ဒီခေါင်းဆောင်တွေကို မစောင့်ဘဲ ပြည်သူထဲက စွန့်ဝံ့သူ၊ သတ္တိဗျတ္တိရှိသူတွေက ရှစ်လေးလုံး
ကကဲ့သို့ တိုက်ပွဲဝင်ခဲ့ရင် ၁% ကနေ ၉၉% သို့ ချက်ချင်းပြောင်းလဲသွားနိုင်တဲ့ အခြေအနေ
ဖြစ်ပေါ်လာနိုင်ပါတယ်။
ကြောက်ရင်လာဒ်လွဲ ရဲမင်းဖြစ်ဆိုတဲ့ စကားဟာ ဒီနေ့အခြေအနေပါ။ ပြည်သူ
တို့ဟာ နေအိမ်အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လတ
ွ်မှာကို မျှော်မနေကြဘဲ တိုက်ပွဲ
ဝင်ကြရင်ဖြင့် မြန်မာပြည်နိုင်ငံရေး အခင်းအကျင်းကို မထင်မှတ်ဘဲ ပြောင်းလဲနိုင်မယ်လို့
ယုံကြည်ပါတယ်။ နအဖဟာ နိုင်ငံတော်အမည်ကို ပြည်သူ့ဆန္ဒခံယူပွဲ မလုပ်ဘဲ ပြောင်းပစ်
လိုက်သလို၊ နိုင်ငံတော်အလံကိုလဲ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ လွှတ်တော်က
အတည်ပြုပေးပြီးနောက်မှ အတည်ဖြစ်လာမဲ့ ၂၀၀၈ အခြေခံဥပဒေထဲမှာ အတည်ပြုထားတဲ့
အလံကို လွှင့်ထူရမှာဖြစ်ပေမဲ့ သူတို့ပြုစုထားတဲ့ ဥပဒေကို သူ့တို့ဖာသာ ဗြောင်ချိုးဖောက်ပြီး
ပြုလုပ်ခဲ့တာကိုကြည့်ရင် သူတို့ဟာ ဘယ်လောက်ကောင်းတဲ့ ဥပဒေကို စာရွက်ပေါ်မှာ
ရေးထားရေးထား အချိန်မရွေး ဖေါက်ဖျက်မဲ့သူတွေဆိုတာ ထင်ရှားစေပါတယ်။
ဗိုလ်သန်းရွှေက “၂၀၁၀ ရွေးကောက်ပွဲပြီးရင် ရင့်ကျက်တဲ့ ဒီမိုကရေစီရဘို့ မမျှော်လင့်နဲ့”
ဆိုတဲ့စကားကို သတိရကြစေချင်ပါတယ်၊ ဒါကြောင့် ကုလားအုပ်လို တဖြေးဖြေးခေါင်းဝင်၊
ကိုယ်ဝင်၊ တကိုယ်လုံးဝင်တယ်ဆိုတဲ့သေ
ူ တွ သတိထားရမှာက သူတို့နဲ့ကစားနေတဲ့ ရန်သူဟာ
ဘယ်တုံးကမှ ကတိမတည်သူ၊ သစ္စာမရှိသူ၊ အင်မတန်ကောက်ကျစ်သူတို့ထာကို မမေ့ဘို့
ပါဘဲ။ သူတို့ဟာ သူတို့ရေးထားတဲ့ ဥပဒေကိုတောင် ချိုးဖောက်သူတွေ ဖြစ်တာကြောင့်
သူတို့ရဲ့ဥပဒေတွေကို ယုံကြည်ကိုးစားမယ်ဆိုရင် ငါးပါးမှောက်ကိန်းဘဲဆိုက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အတိုကအခံ ဒီမိုကရေစီအင်အားစုများအားလုံး စည်လုံးညီညွတ်ကြပြီး၊


ရွေးကောက်ပွဲမှာ အမတ်နေရာမဖြစ်စလောက်ကလေးရဘို့ ကိုယ့်အချင်းချင်း ပုတ်ခတ်ပြော
ဆိုပြီး စည်းရုံးရေးဆင်းနေမည့်အစား ရွေးကောက်ပွဲ ညစ်ပတ်မှုတွေကို ဗြောင်ဖွင့်ချ
ဖေါ်ထုတ်ပြီး အတုအယောင်ရွေးကောက်ပွဲမှသည် လူထုတိုက်ပွဲဆီသို့ လက်တွခ
ျဲီတက်ခြင်း
ကသာလျှင် မြန်မာပြည်ကြီးကို အမြန်ဆုံးစစ်သူခိုး ဓားပြတို့ရန်မှ လွတ်ကင်းအောင် လုပ်နိုင်
လိမ့်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

အားလုံးကို မေတ္တာထားလျှက်
ထွန်းအောင်ကျော်

You might also like