You are on page 1of 4

(21.1.

2011) RFA လွတ်လပ်တ့အ


ဲာရှအသံ လူထုနှင့်ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ်အမေးအဖြေကဏ္ဍ

(စ)

မေးသူ။ ။ ကိုအောင်ဇော်ရှား (နိုင်ငံရေးအကျဉ်းသားဟောင်း)

မေးခွန်း။ ။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ နိုဘိုး ဒုက္ခသည်စခန်းမှာ (၅) နှစ်နေခဲ့ပြီး၊ ကျွန်တော်အမေရိကန်နိုင်ငံကို

ရောက်တာ တလကျော်ပါပြီခင်ဗျာ။ မြန်မာနိုင်ငံမှာ အသက်ပြည့်သူတိုင်း စစ်မှုထမ်းဖို့ ပြည်သူ့စစ်မှုထမ်း


ဥပဒေကို စစ်အစိုးရက ပြဌာန်းလိုက်တယ်လို့သတင်းရပါတယ်ခင်ဗျာ။ ကျွန်တော့အနေနဲ့ စစ်မှုထမ်းဥပဒေကလွတ်မြောက်ခဲ့
ပေမယ့် ပြည်တွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဒီစစ်မှုထမ်းဥပဒေမှာပိုလို့ဆိုးတဲ့ ဘ၀တွေနဲ့
ရင်ဆိုင်ရမယ်လို့ထင်ပါတယ်။ အန်တီ့အနေနဲ့ ဒီစစ်မှုထမ်းဥပဒေအပေါ်မှာ ဘယ်လိုဆန္ဒသဘောထားရှိလဲဆိုတာကို ကျွန်တော်
မေးချင်ပါတယ်ခင်ဗျာ။

ဖြေ။ ။ စစ်မှုမထမ်းမနေရ ဥပဒေဟာ မြန်မာနိုင်ငံလူငယ်လူရွယ်တွေနဲ့ မိမိတို့မိသားစုတွေအတွက်အင်မတန်မှ

ပူပင်စရာဖြစ်နေပါတယ်။ အန်တီန့အ
ဲ မျိုးသားဒီမိုကရေစီအဖွ့ခ
ျဲုပ်ရဲ့သဘောကတော့ ဒီလိုဥပဒေမျိုးကို
ထုတ်သင့်မထုတ်သင့် သေသေချာချာစဉ်းစားရုံတင်မက အများပြည်သူနားလည်အောင်ရှင်းပြပြီး ပြည်သူတွေရဲ့ တုန့်ပြန်မှုကို
လည်းအလေးအနက်ထားဖို့လိုပါတယ်။

မေးသူ။ ။ ဦးစိန် (ဂျပန်)

မေးခွန်း။ ။ မြန်မာနိုင်ငံရဲ့တရားဥပဒေယိုင်နှဲ့မှုရဲ့သရုပ်ကိုဖေါ်ထုတ်ပြသတဲ့အနေနဲ့ ကျောင်းသားခေါင်းဆောင်

မင်းကိုနိုင်န့အ
ဲ ဖွ့ဟ
ဲာ ဒီလိုမတရားတဲ့တရားရုံးမျိုးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ငြင်းဆိုရင်းကနေပြီးတော့ ပိုမိုကြီး
လေးတဲ့ပြစ်ဒဏ်ကို ထပ်ခံရမယ်ဆိုတာကို သိသိကြီးနဲ့ အမှန်တရားအတွက်သူတို့ရဲ့ဘ၀တွေထပ်မံပေးဆပ်ခြဲ့ ကတယ်။ ဥပဒေ
ရေးရာကိစ္စတွေဟာ အချက်အလက်တွေ စည်းမျဉ်းပုဒ်မတွေနဲ့ ဘောင်ခတ်သတ်မှတ်ထားပြီးသားဖြစ်လို့မို့ ဆုံးရှုံးနစ်နာမှု တွေကို
ခံစားမှုန့တ
ဲိုင်းတာခြင်းမဟုတ်ဘဲနဲ့ အချက်အလက်ပုဒ်မတွေန့တ
ဲိုင်းတာခြင်းဖြစ်လို့မို့ တိကျစွာသရုပ်ဖေါ်နိုင်ပါတယ် ဒါကြောင့်မို့
လက်ရှိတရားစွဲခံ ပုဂ္ဂိုလ်များကို ကူညီကြမယ့် NLD ဥပဒေရေးရာအထောက်အကူပြုအဖွ့လ
ဲုပ်ငန်းများအပြင် NLD နဲ့
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘ၀စုံလူငယ်များကို rule of law တရားဥပဒေ ရက်တိုသင်တန်းပေးနိုင်မလားဆိုတာ သိလို
ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ထိန်း သိမ်းခံရလေတိုင်း NLD လုပ်ငန်းများနှောင့်နှေးမှုနဲ့ မြန်မာ့ဒီမိုကရေစီရေးတုန့်


ဆိုင်းမှုတွေခံစားခဲ့ရပြီးဖြစ်လို့မို့ ခုလိုအခြေအနေမျိုးမှာဒေါ်အောင်ဆန်းစုကြည်နောက်တစ်ဖန်ထိန်းသိမ်းခံရပြန်ရင် ယခင်
အတိတ်ကအဖြစ်မျိုး NLD မကြုံရလေအောင် ကြိုတင်ပြင်ဆင်မှုများလုပ်ထားမထားသိလိုပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဖြေ။ျဲုပ်ဟာ ဥပဒေစိုးမိုးရေးကို အင်မတန်မှအလေးထားတာကြောင့်မို့လို့


။ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွ့ခ

ကျွန်မတို့ဥပဒေသင်တန်းတွေ ဟောပြောပွဲတွေလုပ်ခ့ပ
ဲါတယ်။ ဒီ့အပြင်ခုတလောမှာဆိုရင်လည်း ဥပဒေ
အကြောင်းပိုပြီးတော့ သိချင်ပါတယ်ဆိုတ့အ
ဲ သံတွေလည်းကျွန်မတို့ပိုပြီးတော့ကြားရပါတယ်။ (၂၈) ရက်နေ့မနက်ကလုပ်ခ့တ
ဲ့ဲ
NLD မဟုတ်တ့လ
ဲူငယ်များနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာဆိုလို့ရှိရင်လည်း ဒီလိုအသံတွေပေါ်ထွက်လာပါတယ်။ ဒါကြောင့်မို့လို့
ကျွန်မတို့ ရဲ့ဥပဒေသင်တန်းတွေ ဥပဒေဟောပြောပွဲတွေကို တိုးချဲ့ပြီးတော့လုပ်ဖို့အစီအစဉ်ရှိပါတယ်။

ကျွန်မသာထိန်းသိမ်းခံရခဲ့လို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွ့ခ
ျဲုပ်ကဆက်ပြီးတော့လုပ်နိုင်အောင် ဘယ်လို
စီစဉ်ထားလဲဆိုတာကိုဖြေရမယ်ဆိုရင် ကျွန်မတို့ဟာ လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့အနေအထား ကိုယ့်ရဲ့အခြေအနေကို ကြည့်
ပြီးတော့ လုပ်တတ်ကိုင်တတ်အောင်သင်ပေးတာဟာ အကောင်းဆုံးပဲလို့ထင်ပါတယ်။ ဒီလိုဖြစ်ရင်ဒီလိုလုပ်ဆိုပြီးတော့ အ
လွတ်ကျက်ပြီးတော့သင်ပေးလို့မရပါဘူး။ စဉ်းစားဆင်ခြင်ပြီးတော့ သေသေချာချာ အခြေအနေအရ လုပ်သင့်လုပ်ထိုက်တာကို
လုပ်နိုင်မယ့်စွမ်းအားတွေ ရှိလာအောင်လို့ ကျွန်မတို့ကြိုးစားပြီးတော့လုပ်ပေးနေပါတယ်။

မေးသူ။ ။ မစ္စ အယ်(လ်)ကာ(နယ်သာလန်နိုင်ငံသူ)

မေးခွန်း။ ။ မြန်မာနိုင်ငံမှာပြောင်းလဲမှုတွေအမှန်တကယ်ဖြစ်ပေါ်လာဖို့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေကြား

မှာရော မြန်မာပြည်သူလူထုအချင်းချင်းကြားမှာရော မြန်မာ့အရေးဆောင်ရွက်နေကြတဲ့နိုင်ငံတကာအဖွဲ့


အစည်းတွေကြားမှာပါ ညီညွတ်ရေးရရှိမှဖြစ်မယ်လို့ထင်ပါတယ်။ အဲဒီလူပုဂ္ဂိုလ်အားလုံးကိုညီညွတ်အောင် ဒေါ်အောင်ဆန်းစု
ကြည်ဘာတွေလုပ်ဆောင်နေပါသလဲရှင်။ အခုလိုမေးမြန်းခွင့်ရတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်။

ဖြေ။ ။ ပြည်ပရောက်မြန်အတိုက်အခံအုပ်စုတွေကြားထဲမှာညီညွတ်မှုရအောင်ဘယ်လိုလုပ်ရမလဲ

ဟောလန်ကအယ်(လ်)ကာ ရဲ့မေးခွန်းကို ကျွန်မတို့ပြည်တွင်းမှာ ညီညွတ်မှုရအောင် ဘယ်လိုလုပ်


နေလဲဆိုတာကို ပြောရင်းနဲ့ ဖြေပါရစေ။ အခုဆိုလို့ရှိရင် ကျွန်မတို့ဟာ ပြည်သူတွေအများပါဝင်နိုင်မယ့် နိုင်ငံရေး
လူမှုရေးကွန်ယက်တစ်ခုကို ထူထောင်ဖို့ကြိုးစားနေပါတယ်။ အဲဒီလိုထူထောင်တ့ေ
ဲ နရာမှာ တူညီတဲ့ သဘောထား
တွေအပေါ်မှာအခြေခံပြီးတော့ လုပ်ငန်းတွေကို အတူလုပ်ဖို့စပြီးတော့ကြိုးစားလာပါတယ်။ အဲလိုကြိုးစားတဲ့အခါမှာ
အောင်မြင်မှုအတိုင်းအတာဟာ ရသင့်သလောက်စပြီး တော့ရနေပြီလို့ ကျွန်မတို့ပြောနိုင်ပါတယ်။ အဲဒါကြောင့်မို့လို့
အဝေးမှာရောက်နေတဲ့ အတိုက်အခံအုပ်စုများဟာလည်း တူညီတ့လ
ဲုပ်ငန်းတွေကိုတွဲပြီးတော့လုပ်ရင်းနဲ့ ပိုပိုပြီးတော့
ညီညွတ်လာအောင်လို့ ကြိုးစားကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

မေးသူ။ ။ ကိုနေလင်း (အမေရိကန်ပြည်ထောင်စု)

မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ။ လူငယ်ကွန်ယက်နု့ပ


ဲ တ်သတ်ပြီးတော့ ကျွန်တော်တို့အခု ပြည်ပမှာရှိနေ

တဲ့ လူငယ်တွေကြားထဲမှာ နဲနဲလေး ရှုပ်ထွေးနေပါတယ်။ ကိုမျိုးရန်နောင်သိန်းက အမေစုရဲ့လမ်းညွှန် မိန့်


ကြားဦးဆောင်မှုနဲ့ အမျိုးသားလူငယ်ကွန်ယက်ကိုစတင်တည်ထောင်ထားတယ်လို့ ကျွန်တော်တို့ဖတ်လိုက်ရပါတယ်။ တချိန်
တည်းမှာပဲ NLD လူငယ်တွေဟာလည်း လူငယ်ကွန်ယက်လုပ်ပြီးတော့ သွေးလှုတာတွေ၊ လူမှုရေးလုပ်တာတွေ လုပ်တယ်လို့
ကျွန်တော်တို့ ထပ်ဖတ်ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြင်ပမှာရှိနေတဲ့ လူငယ်တွေအနေနဲ့ ပြည်တွင်းနဲ့ချိတ်ဆက်ပြီးလှုပ်
ရှားမယ်ဆိုရင် ကျွန်တော်တို့မှာ နဲနဲလေးအမြင်ရှုပ်ထွေးမှုဖြစ်လာပါတယ်။ ဘယ်သူန့ဆ
ဲ က်သွယ်ရမလဲ… ဆိုတ့အ
ဲ ကြောင်းက
အစပေါ့။ အဲဒီတော့ဖြစ်နိုင်မယ်ဆိုရင် အန်တီစု အဲဒီကိစ္စန့ပ
ဲ တ်သတ်ပြီးတော့ နဲနဲလေးရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ။ အန်တီ
စုကျန်းမာပါစေ။
ဖြေ။ ။ ကွန်ယက်ရဲ့သဘောတရားကတော့ အစုအဖွ့ေ
ဲ တွလူပုဂ္ဂိုလ်တွေဟာ မိမိတို့ရည်ရွယ်ချက်နဲ့ လက်တွေ့

ကျကျလုပ်ဆောင်နေမှုတွေအပေါ်မှာ အခြေခံပြီးတဦးနဲ့တဦးဆက်သွယ်ခြင်းအားဖြင့် အင်အားကြီးမား


ခိုင်မာတဲ့ပြည်သူ့ကွန်ယက်ကြီးတစ်ခုပေါ်လာဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာရှိနေတဲ့လူငယ်အစုအဖွ့ေ
ဲ တွဆက်သွယ်တ့အ
ဲ ခါမှာ
NLD နဲ့ပတ်သတ်တ့အ
ဲ ဖွဲ့ NLD နဲ့မပတ်သတ်တ့အဲ ယ်လို့ ခွဲခြားတာမျိုးမဟုတ်ဘဲ တူညီတဲ့ ရည်ရွယ်ချက်န့လ
ဲ ဖွ့ရဲုပ်ငန်းစဉ်တွေ
အပေါ်မှာအခြေခံပြီးဆက်သွယ်ရမှာဖြစ်ပါတယ်။ တဖွ့န
ဲ့ ဆ
ဲ က်သွယ်ထားလို့ နောက်တစ်ဖ့န
ွဲ့ မ
ဲ ဆက်သွယ်ရဘူးဆိုတာလည်း မ
ဟုတ်ပါဘူး။ ဆက်သွယ်မှုတွေနဲနဲများများ အရေးကြီးတာက ခိုင်မာပြီး ပြည်သူ့ဒီမိုကရေစီအရေးအတွက်အကျိုးရှိဖို့သာလိုပါ
တယ်။ အခုအချိန်မှာ အရင်က မသိခ့ရ
ဲ တဲ့ လူငယ်အဖွ့က
ဲ လေးတွေပေါ်လာနေတာတွေ့ရလို့ ဆက်သွယ်နိုင်တအ
ဲ့ ဖွ့ေ
ဲ တွအများ
ကြီးလို့ ပြောနိုင်ပါတယ်။

မေးသူ။ ။ ဦးကျော်သိန်းစိုး (အမေရိကန်ပြည်ထောင်စု)

မေးခွန်း။ ။ ကျွန်တော် မြန်မာလူမျိုးပေါင်း (၇၀၀၀) လောက်ရှိတဲ့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖေါ့ဝေး

မြို့မှာနေပါတယ်။ ကျွန်တော်မြန်မာကလေးများ ပညာရေးတိုးတက်စေရန်အတွက် ပညာရေးပံ့ပိုးပေး


သည့်လုပ်ငန်းကို အင်ဒီယားနားတက္ကသိုလ်၊ ဘလူး တက္ကသိုလ်မှာ စတင်ဖ့စ
ွဲ ည်းခဲ့ပြီးတော့ ဦးဆောင်ညွှန်ကြားမှုပေးနေသူဖြစ်
ပါတယ်။ ကျွန်တော် (၂၀၀၄) ခုနှစ်ကနေစပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းနေပုံကို သိမြင်
ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးပွဲတော်လို့အမည်သတ်မှတ်ပြီးတော့ နှစ်စဉ် ဒေါ်စုရဲ့မွေးနေ့မှာ ဒီတက္ကသိုလ်
ကြီးမှာ တခမ်းတနားပြုလုပ်ပေးနေသူဖြစ်ပါတယ်။ ကျွန်တော့ရဲ့အလုပ်က မြန်မာကလေးများကို ပညာရေးပံ့ပိုးပေးတဲ့အလုပ်
ဖြစ်တ့အ
ဲ တွက် ဒီမြို့မှာရှိတဲ့ မြန်မာကလေးပေါင်း တစ်ထောင့်ခြောက်ရာလောက်ဟာ မြန်မာနိုင်ငံရဲ့အကြောင်းကို အကန့်
အသတ်န့ေ
ဲ သ်ာလည်းကောင်း၊ ဂဃနဏ မသိဘဲဖြစ်နေကြတဲ့အတွက်သော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
သူတို့ကို ဘာပြောလိုပါသလဲ။ မြန်မာ မိဘတွေကိုလည်း အမှာစကားပေးပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဖြေ။ ။ ကျွန်မဟာ လူငယ်တွေ ပညာရေးကို အလွန်အလေးထားတာမို့ ဦးကျော်သိန်းစိုးဟာ နှစ်စဉ် ကျွန်မ

မွေးနေ့မှာပညာရေးပွေ
ဲ တ်ာကျင်းပပေးတယ်ဆိုတာကိုကျေးဇူးတင်တယ်။ကျေနပ်မိပါတယ်။တော်တော်..
ကိုကျေးဇူးတင်ပါတယ်။ ဦးကျော်သိန်းစိုးရဲ့ ပညာရေးပံ့ပိုးမှုလုပ်ငန်းတွေကိုလည်း အင်မတန်မှလေးစားဂုဏ်ယူမိပါတယ်။
မြန်မာနိုင်ငံကကလေးတွေနားလည်စေချင်တာကတော့ ဘယ်လိုအကြောင်းကြောင့်ပဲအမေရိကန်ပြည်ထောင်စုမှာရောက်နေ
တာဖြစ်စေ … ဖြစ်စေ၊ ကိုယ့်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကိုတန်ဖိုးထားတတ်ရင် ကိုယ်ဟာ ပိုမိုပြီးတော့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်
ယောက်ဖြစ်လာမှာပါ။ ကိုယ့်ရဲ့ဇစ်မြစ်ကိုမငြင်းပယ်ပါနဲ့။ မိဘတွေကလည်း ကလေးတွေဟာ အမြင်ကျယ်ပြီး မတူတ့ယ
ဲ ဉ်ကျေး
မှုတွေကို ခြုံငုံနားလည်သဘောပေါက်နိုင်အောင်သင်ပေးပါ။ တနိုင်ငံအတွက်သာမဟုတ်ဘဲနဲ့ လူသားတို့နေထိုင်ရာ ဤကမ္ဘာ
ကြီးအတွက် တန်ဖိုးရှိနိုင်မယ့်သားသမီးတွေဖြစ်အောင်ပြုစုပျိုးထောင်ပေးစေချင်ပါတယ်။

မေးသူ။ ။ စောဘလယ်ဆင် (အမေရိကန်ပြည်ထောင်စု)

မေးခွန်း။ ။ အန်တီစုကိုမေးချင်တာက ကျွန်တော်တို့ပြည်ပမှာ နိုင်ငံရေးခိုလှုံခွင့်န့ေ


ဲ နထိုင်သူတွေ ကိုယ့်မွေးရပ်မြေ

အမိမြန်မာနိုင်ငံကို ပြန်လာချင်ပေမယ့် ဖမ်းဆီးမှုတွေရှိနိုင်တယ်ဆိုတာ သံသယဖြစ်စရာပါပဲ။ ပြည်ပမှာ


ခိုလှုံရင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီဆောင်ရွက်ရင်း အာရုံစိုက်ရင်းနဲ့ မြန်မာနိုင်ငံကိုလုံးဝ ပြန်မရောက်ရှာကြသူတွေ
လည်းရှိပါတယ်။ ကျွန်တော်သိချင်တာက မြန်မာ့နိုင်ငံရေးဘယ်လိုအခြေအနေမျိုးအထိ တိုးတက်ဖြစ်ထွန်းလာတဲ့အခါကျမှပဲ
ပြည်ပရောက်နိုင်ငံရေးအင်အားစုတွေ၊ ခိုလှုံနေတဲ့သူတွေဟာ အမိမြေကို သံသယကင်းကင်းနဲ့ပြန်လာနိုင်မှာလဲဆိုတာ သိချင်
လို့ပါခင်ဗျာ။ အန်တီစု ကျန်းမာပါစေ။ ကြံဆောင်သမျှ မုချအောင်မြင်ပါစေ။ ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ စောဘလက်ဆင် ဆိုတ့န


ဲာမည်လေးကို အန်တီသိပ်ပြီးတော့သဘောကျမိပါတယ်။ ဘုရားသခင်ရဲ့

ဲ ဓိပ္ပာယ်ပေါ့နော်။ စောဘလက်ဆင်မေးလိုက်တ့ေ
ကောင်းချီးမြောက်များစွာကိုခံယူရတဲ့ပုဂ္ဂိုလ်ဆိုတ့အဲ မးခွန်း
ဟာလည်း မေးသင့်တ့ေ
ဲ မးခွန်းပါ။ နဲနဲလေးတော့လည်း ၀မ်းနာစရာကောင်းပါတယ်။ နိုင်ငံခြားမှာခိုလှုံနေရတဲ့ကျွန်မတို့နိုင်ငံသူ
နိုင်ငံသားတွေ ဘယ်တော့မြန်မာနိုင်ငံကို အေးအေးချမ်းချမ်းလုံလုံခြုံခြုံနဲ့ ပြန်လာနိုင်မလဲဆိုတော့ တကယ်တော့ဒီမှာ လုံ
လောက်တ့န
ဲိုင်ငံရေးအာမခံချက်တွေရှိတ့အ
ဲ ခါမှ ဖြစ်နိုင်မယ့်ကိစ္စပါ။ ဒါ့ကြောင့်မိ့လ
ို့ အန်တီတို့အနေနဲ့ အန်တီတို့နိုင်ငံသူနိုင်ငံ
သားတွေ ဘယ်နိုင်ငံမှာပဲရောက်နေရောက်နေ ပြန်လာချင်တ့အ
ဲ ချိန်မှာ ပျော်ပျော်ရွှင်ရွှင်၊ လုံလုံခြုံခြုံ၊ ယုံယုံကြည်ကြည်နဲ့ ပြန်
လာနိုင်မယ့်အခြေအနေကို အမြန်ဆုံး ဖန်တီးနိုင်အောင်လို့ ကြိုးစားနေပါတယ်လို့တော့ပြောပါရစေ။

(ဆုံး)

You might also like