You are on page 1of 4

ACUITY ENGLISH LANGUAGE CENTER (AELC)

#102, Aung Myittar 1 Street, (1) Ward, Hlaing Tsp. Tel : 09 25 25 85 085. Fb : www.fb.com/aelc.mm

စာသင်ခန်းသုံး အင်္ဂလိပ်စကားပြော - ၉၅

စာသင်ခန်းသုံး အင်္ဂလိပ်စကား နဲ့ ပတ်သက်ပြီး ယခု ရေးနေတဲ့ စာစု များသည် မူ လတန်းအဆင့် အင်္ဂလိပ်စာ
ဆရာ/ ဆရာမ များ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကားကို Classroom Language အဖြစ်အသုံးပြုပြီး သင်ကြားမ
ယ့် ဆရာ/ ဆရာမ များအတွက် အဓိက ရည်ရွယ်ပါတယ်။

Having fun making a book


ကလေးတွေက စာအု ပ်လေးတွေ လု ပ်ရတာကို ကြိုက်နှစ်သစ်ကြပါတယ်။ အဲဒါကလည်း လု ပ်ဆောင်နို
င်မှု အောင်မြင်မှု ရရှိစေတယ်လို့လည်း ခံ စားရစေပါတယ်။
သူ တို့ ရေးချင်တဲ့ အကြောင်းအရာကို ကွန်ပျူတာနဲ့ ဖြစ်စေ၊ လက်ရေးနဲ့ဖြစ်စေ ရေးစေပြီးတော့ နော
က်ပိုင်းမှာ ပုံ လေးတွေ ကပ်လို့ရအောင် နေရာလွတ်ချန်ထားခဲ့ ပါ။
- အရှေ့ပို င်းမှာ ပါခဲ့ ပြီးဖြစ်တဲ့ 'Writing about people' ကို လည်း အခြေခံ ရယူ ဖို့  ပြန်လည် အသုံးပြုနိုင်ပါတ
ယ်။
- monster ကဲ့ သို့ သော အကောင်တွေ ဖြစ်ဖြစ်၊ အခြားပြင်ပက တစ်ခုခု ဖြစ်ဖြစ်ကို စိတ်ကူးပြီးတော့ ကေ
လးတွေကို ဆွဲစေပါ။
- 'Writing about people' လို ပုံ စံ မျိုး သရု ပ်ဖော် အရေးအသားတွေကို ရေးသားနိုင်ပါတယ်။
- တစ်ယောက်ယောက် ရဲ့ လု ပ်ဆောင်ချက်တွေကို လည်း ရေးသားလို့ ရပါတယ်။

Writing about people


ကလေးတွေကို စာအု ပ်ဘယ်လို လု ပ်လဲ ဆို တာ ပြသပါ။
- ဟိုးအရှေ့ပို င်းမှာ ပါဝင်ခဲ့တဲ့ 'listen and make' က အကြောင်းအရာတွေလည်း သုံးလို့ ရပါတယ်။
- အတန်းတစ်တန်းလုံးကို အခြားသော အတန်းတွေ အတွက် စာအု ပ် တစ်အုပ် လု ပ်စေပါ။
- သူ တို့လု ပ်ပြီးသား စာအု ပ်ကို အခြားသူ တွေကို လို က်ပြလို့ ရပါတယ်။

English is the door to the world!


ACUITY ENGLISH LANGUAGE CENTER (AELC)
#102, Aung Myittar 1 Street, (1) Ward, Hlaing Tsp. Tel : 09 25 25 85 085. Fb : www.fb.com/aelc.mm

နောက်ပိုင်းမှာ အတန်းကို အု ပ်စု ၂ ခု ခွဲလို့ ရပါတယ်။


- အု ပ်စု ၁-ခု စီကို ဇာတ်လမ်းတို နဲ့ ပုံ လေးတွေ ဆွဲစေပါ။
- တကယ်လို့ ကလေးတွေက ပို ပြီးတော့ ပျော်ရွှင်တယ်ဆိုရင် ကလေးတစ်ယောက်ခြင်းစီကို လည် လု ပ်ဖို့
ပြောနိုင်ပါတယ်။
- သူ တို့ကို ယ်တိုင် သူ တို့ကြိုက်တဲ့ ကာရို က်တာတွေ ကို စိတ်ဝင်စားစရာတွေ ရေးစေပါ။
ကလေးတွက ကွန်ပျူတာ အသုံးပြုပြီးတော့ လည်း စာအု ပ်တွေကို လု ပ်နိုင်ပါတယ်။
- သူ တို့ လု ပ်ချင်တာကို ရေးနိုင်ပါတယ်။
- 'Paint' လို ပရို ဂရမ်ကို အသုံးပြုပြီးတော့ လည်း ပုံ တွေ ဆွဲနိုင်ပါတယ်။
- ကာလာမပါတဲ့ ပုံ တွေကို ထု တ်ပြီးတော့ အရောင်ချယ်တာတွေကို လည်း လု ပ်လို့ရပါတယ်။

အခြားကလေးတွေကို လု ပ်ပြနေတဲ့ အခါမှာ


- သူ တို့စိတ်ဝင်တစား တစ်ခုခု ကို ရေးမယ့် တကယ့် နားထောင်တဲ့သူ တွေ ကြည့်တဲ့ သူ တွေ ဖြစ်ပါစေ
- နားထောင်ပြီးတော့ ရေးကြတဲ့ အခါ သပ်သပ်ရပ်ရပ်နဲ့နဲ့ ရှင်းရှင်းလင်းလင်း ဖြစ်ပါစေ၊ ဒါမှသာ သူ တို့ ရဲ့
အရေးအသားတွေကို စစ်ဆေးရတာ အဆင်ပြေမှာ ဖြစ်ပါတယ်။
- သူ တို့ရဲ့ တိုးတက်မှုကို သိပါစေ
- ပြင်ပက သိတဲ့ အကြောင်းအရာတွေကို လည်း ရေးပါစေ

“writing about people” ဟာ သူ တို့ သိတဲ့ အကြောင်းအရာတွေကို ရေးတဲ့ အတွက် သူ တို့ရဲ့ စိ


တ်ကူးစိတ်သန်းတွေကို မြင့်မားစေပါတယ်။ အင်္ဂလိပ်စာဟာ ကမ္ဘာသုံး ဘာသာစကားဖြစ်တဲ့အတွက် နော
က်တ စ်ချိန်မှာ ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့အတွက် သူ တို့လေးတွေ အတွက် ဘာသာစကား အခက်အ ခဲ
မဖြစ်စေတော့ ပါဘူး။

Writing to penpals

English is the door to the world!


ACUITY ENGLISH LANGUAGE CENTER (AELC)
#102, Aung Myittar 1 Street, (1) Ward, Hlaing Tsp. Tel : 09 25 25 85 085. Fb : www.fb.com/aelc.mm

- ကို ယ့်ရဲ သူ ငယ်ချင်းတွေဆီ ပေးစာ ရေးတာက အခြေခံ အကျဆုံး ရေးသားခြင်း ဆို င်ရာ နည်းလမ်းတစ်
ခု ဖြစ်ပါတယ်။
- ကလေးတွေကို မိခင်ဘာသာစကားမဟု တ်တဲ့ အင်္ဂလိပ်ဘာသာစကား သင်ယူခြင်းရဲ့ အကျိုးကျေးဇူးတွေကို
အလျင်းသင့်သလို ပြောပြပါ၊ အခြင်းခြင်းလည်း အတတ်နိုင်ဆုံ အင်္ဂလိပ်လိုပဲ ပြောဆို ဆက်သွ ယ်ပါစေ
- များစွာသော ဆရာ / ဆရာမ များဟာ ကလေးတွေအတွက် ပေးစာအမျိုးအစားတွေ လို အပ်ကြ
ပါတယ်၊ ဒါကြောင့်စာများများဖတ်ဖို့ လို ပါတယ်၊ အင်တာနက်ကိုလည်း ကောင်းကောင်း အသုံးချနို င်ဖို့ လို ပါတ
ယ်။
အရင်တုန်းကတော့ စာရေးတာဟာ လက်ရေးနဲ့ပဲ ရေးကြပါတယ်၊ တကယ်လို့ ကို ယ်သင်ကြားရတဲ့ ကျောင်းမှာ
ကွန်ပျူတာ အသုံးပြုလို့ ရတယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ရေးသားမှုတွေကို email နဲ့ အပြန်အ
လှန် ပေးပို့ တဲ့ အထိ လု ပ်ဆောင်လို့ရပါတယ်။ (ဒီနေ့တင်ပဲ ကျွန်တော့် သင်တန်းမှာ ကလေးတွေအ
တွက် နွေရာသီ အင်္ဂလိပ်စာသင်တန်းသင်နေတု န်း Oxford သင်ရိုးထဲမှာ မြို့နဲ့ အလှမ်းဝေးတဲ့ နေရာက
ကလေးလေးတွေ Cyber School နဲ့ စာသင်ကြတဲ့ အကြောင်း ပါလာပါတယ်။ သူ တို့ဆီမှာကတော့
ကွန်ပျူတာ၊ အင်တာနက်ဆိုတာ ၃ -၄ တန်းလောက်ကတည်းက သုံးနို င်နေကြတာပါ။ စကားချပ် )
အဲဒီလို လု ပ်နိုင်လာတဲ့ အခါ
- ကလေးတွေဟာ သူ ငယ်ချင်းအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် email နဲ့ ဆက်သွယ်ပြီးတော့ အရေး
အသားပို င်းတွေလည်း အလေ့ အကျင့် ရလာကြမှာ ဖြစ်ပါတယ်။
- အချင်းချင်းစကားပြောရင်းနဲ့ စကားပြောအတို အထွာလေးတွေလည်း သုံးနှုန်းလာနိုင်မှာြ
ဖစ်ပါတယ်။
- ပုံ မှန် အဆက်အ သွယ် ရှိနေခြင်းက အချင်းချင်း စိတ်ဝင်စားမှု ရှိလာကြမှာ ဖြစ်သလို ကို ယ့်ကို ယ်ကိုယ်လည်း
ယုံ ကြည်မှု တိုးလာမှာ ဖြစ်ပါတယ်။

Writing freely
* ကလေးတွေကို သူ တို့  ရေးမယ့် အကြောင်းအရာကို တတ်နိုင်သလောက် ဘယ်လို ရေးမယ်ဆိုတာကို
ဖွင့်ပေးပါ။ မိဘ၊ သူ ငယ်ချင်း၊ ဝါသနာ၊ အမှတ်ရစရာ အဖြစ်အပျက် စသည်ဖြင့် သူ တို့ဘာကို စိတ်ဝင်စားလဲဆို တာကို
လွတ်လွ တ်လ ပ်လပ် ရေးသားပါစေ။

English is the door to the world!


ACUITY ENGLISH LANGUAGE CENTER (AELC)
#102, Aung Myittar 1 Street, (1) Ward, Hlaing Tsp. Tel : 09 25 25 85 085. Fb : www.fb.com/aelc.mm

* ဖြစ်နိုင်မယ်ဆိုရင် အပတ်စဉ် ပုံ မှန် အပြန် /အလှန် email တွေ ပေးပို့ ကြပါစေ။

* သူ တို့ကို အားပေးပါ၊ Dictionary, Spell-Checker, သတင်းအချက်အ လက်၊ အကြံ အဥာဏ် စသည်ဖြင့် လို
အပ်တဲ့ အကူ အညီကို ပေးပါ၊

* အရှေ့မှာ ပြောခဲ့ တဲ့ စာအု ပ်တစ်ခု ရေးတယ်ဆိုရင်လည်း လို အပ်တဲ့ ကာရို က်တာတွေကို အကြံ အဏ်ပေးပါ။

THINKING ABOUT WRITING


ရေးသားခြင်းက ဘာသာစကားရော ရု ပ်ပိုင်းဆို င်ရာ စွမ်းရည် တစ်ခုပါ။
- ရေးသားခြင်းက ဘာသာစကားဆိုင်ရာ လု ပ်င န်းစဉ်တစ်ခုပါ၊ ကလေးတွေအတွက် ပြင်ဆင်ဖို့ လို ပါတယ်။
- ကလေးတွေရဲ့ လက်ရေး /လက်သား ဆိုင်ရာ၊ စာလုံးပေါင်း ဆို င်ရာ အမှားအယွင်း တစ်ချို့ကို လက်ခံ ပေး
ပါ။
- အဲဒီ အမှားတွေကို ပြင်ဆင်ပေးခြင်းဖြင့် ဆက်လက် လေ့ ကျင့်စေပါ။
- အဲဒီလို နည်းနည်းပါးပါး မှားတာထက် သူ တို့  communicate လု ပ်နို င်ဖို့ကို ပို အားပေးပါ။
- နည်းနည်းလေးပဲ ဖြစ်ဖြစ် သူ တို့ လု ပ်နိုင်သလောက်၊ ရေးနိုင်သလောက်ကို အလေးထား ချီးကျူးပါ။
- ကလေးတွေ ရေးထားတာတွေ အားလုံးကို သိမ်းထားပါ၊ နောက်ပိုင်း အတန်းတွေမှာလည်း လို
သလို သ ပြန်သုံးနိုင်ပါတယ်။
- သူ တို့ ရေးဖို့ အတွက် ပြင်ဆင်နေတဲ့ အချိန်မှာ လို အပ်တဲ့ အကူ အညီကို ပေးပါ။
- သူ တို့ပြောတာကို နားထောင်ပါ၊ သူ တို့နဲ့ စကားပြောပါ၊ ပြီးတော့ လို အပ်တဲ့ မှတ်ချက်တွေ ပေး
ပါ။

ဒီတစ်ပတ်မှာတော့ အင်္ဂလိပ်စာ ပို င်းထက် သင်ကြားရေးနဲ့ ပတ်သက်တဲ့ အချက်အ လက်တွေကို ပဲ ရေးသားလို က်ပါတ
ယ်။ နောက်တ စ်ပတ်မှာ ဇာတ်လမ်းတို လေးတွေကို ဖတ်တာနဲ့ ပြန်ပြောတဲ့ အကြောင်းဆိုင်ရာတွေကို ဆ
က်ပြီးတော့ ရေးပါမယ် … ။

အားလုံးပဲ လို အပ်သလို သုံးစွဲ အဆင်ပြေကြပါစေ …

English is the door to the world!

You might also like