You are on page 1of 2

ACUITY ENGLISH LANGUAGE CENTER (AELC)

#102, Aung Myittar 1 Street, (1) Ward, Hlaing Tsp. Tel : 09 25 25 85 085. Fb : www.fb.com/aelc.mm

စာသင်ခန်းသုံး အင်္ဂလိပ်စကားပြော - ၉၈

စာသင်ခန်းသုံး အင်္ဂလိပ်စကား နဲ့ ပတ်သက်ပြီး ယခု ရေးနေတဲ့ စာစု များသည် မူ လတန်းအဆင့် အင်္ဂလိပ်စာ
ဆရာ/ ဆရာမ များ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကားကို Classroom Language အဖြစ်အသုံးပြုပြီး သင်ကြားမ
ယ့် ဆရာ/ ဆရာမ များအတွက် အဓိက ရည်ရွယ်ပါတယ်။ သင်ကြားရေး အချက်အ လက်များနဲ့ သင်ခန်းစာ အသစ်တစ်ခု
ကို ဆက်လိုက်ရအောင်ပါ။

Teaching Tips
ဆရာ/ ဆရာမ က ကလေးတွေကို ပုံ ပြင် အသစ်တစ်ပုံ ပြောပြတဲ့ အခါ အင်္ဂလိပ်စာကို ခု မှ စပြီးတော့
ထိတွေ့တဲ့ ကလေးငယ်တွေအတွက် ကို ယ်က …
- ပုံ ပြင်ပြောတဲ့ အချိန်မှာ dialogue တွေ၊ အမူ အယာတွေ၊ လက်ဟန် ခြေဟန်တွေ နဲ့ တိရိစာန်
အသံ ၊ စက်သံ စသည်ဖြင့် အသံ အပြောင်းအလဲတွေ စတဲ့ အချက်များစွာနဲ့ အင်္ဂလိပ်လို ပြောဆို ရပါမယ်
- ကလေးတွေကို မေးခွန်းမေးခွင့်ပြုပါ၊ ပြီးတော့ သူ တို့ ကို ကို ယ်က ဘာပြောချင်လဲဆို တာ အမူ
အယာ နဲ့ လက်ဟန် ခြေဟန်၊ ရု ပ်ပုံ ကားချပ် စတာတွေ နဲ့ ပြောပါ။
- ကို ယ်ရဲ့ အမူ အယာတွေနဲ့ ပြောဆို တင်ဆက်မှု တွေဟာ ရှင်းလင်းမှု ရှိ / မရှိကို ကလေးတွေကိုေ
မးပါ။

ကလေးတွေကို ပထမဆုံး ပုံ ပြင်ပြောပြတဲ့ အခါ


- အမူ အယာ၊ လက်ဟန်ခြေဟန်၊ ရု ပ်ပုံ ကားချပ်တွေ ဒါမှမဟု တ် အခြား အသုံးတည့်တဲ့ ပစ္စည်းပစ္စယ
တွေ အသုံးပြုပါ။
- ပုံ ပြင်က နောက်ထပ်ဘာဖြစ်မယ်ဆိုတာကို ကလေးတွေကို စဉ်းစားခို င်းပါ၊ သူ တို့ လေးတွေ ပြောချင်တာကို
အင်္ဂလိပ်လို မပြောတတ်လည်း မိခင်ဘာသာစကားနဲ့ ပြောစေပြီးတော့ ဘာသာစကား ၂ မျိုးကို လို အပ်သလို အ
သုံးပြုပါ။ သူ တို့ က မိခင်ဘာသာစကားနဲ့ ပြောတယ်ဆိုရင် သူ တို့ ပြောတာကို ကို ယ်က အင်္ဂလိပ်လို ပြန်ြေ
ပာပြပါ။
- တစ်ချို့သော ပုံ ပြင်တွေကို ကို ယ့်ရဲ့ အတန်းနဲ့ ကို က်ညီအောင် လို အပ်သလို ပြောင်းလဲသင့်တာ ပြော
င်းလဲ ပြီးတော့ ပြင်ဆင်ပါ။
- ကလေးတွေကို စကားစု တွေနဲ့ မေးခွန်းတွေကို လို က်ဆိုခိုင်းပြီး လေ့ ကျင့်စေပါ။
- ကို ယ့်ရဲ့ အသံ နေ အသံ ထားကို ပုံ ပြင်ထဲက ဇာတ်ကောင်တွေ အလို က် လို အပ်သလို နှေးနှေး၊ မြန်မြန်၊
ကျယ်ကျယ်၊ တိုးတိုး စသည်ဖြင့် လေ့ ကျင့်ထားပါ။
- ကလေးတွေကို တတ်နိုင်သမျှ ပါဝင်ပါစေ
- ကို ယ်က ပြောပြနေတဲ့ အချိန်မှာ သူ တို့ က ကို ယ့်ကို ကြည့်နေပါစေ။
- တကယ်လို့ ကလေးတွေက နားမလည်တာရှိရင် မိခင်ဘာသာစကား နဲ့ ပြောပြပြီး အင်္ဂလိပ်လို ပြန်ပြော
ပါ။

Reading a story to very young learners


ကလေးတွေကို ပုံ ပြင်ပြောပြနေတဲ့ အချိန်မှာ ကလေးတွေ နားလည်စေဖို့ 
- ရု ပ်ပုံ တွေ ပါတဲ့ စာအု ပ်ကို အသုံးချပါ။
- ဖြစ်နိုင်ရင် ပုံ ပြင်ထဲမှာ ပါတဲ့ အရာတွေကို အစစ်အတိုင်း ပြပါ။

English is the door to the world!


ACUITY ENGLISH LANGUAGE CENTER (AELC)
#102, Aung Myittar 1 Street, (1) Ward, Hlaing Tsp. Tel : 09 25 25 85 085. Fb : www.fb.com/aelc.mm

- ကလေးတွေကို စကားလုံး အဓိပ္ပာယ်များကို လို က်ဆိုခို င်းပါ။


- ပုံ ပြင်ထဲမှာ ပါတဲ့ ဇာတ်ကောင်၊ ပစ္စည်းတွေရဲ့ အသံ အတို င်း ဥပမာ - တိရိစာန်၊ ရထား စသည်ဖြင့်
သူ့ အသံ အတို င်း ပြောပါ။
- စကားလုံးများ နဲ့ စကားစု များကို လို က်ဆိုခို င်းပါ။
- ပုံ ပြင်အကြောင်း အမေး/ အဖြေတွေ ပြုလု ပ်ပါ။

Listening to a story and looking at pictures


TEACHER : And Elmer, as he walked in the jungle, Elmer met all the animals and they always said,
'Good morning, Elmer: And each time Elmer smiled and said . ..
What did Elmer say? Sh . .. sh ... sh
He said ... he said 'Good morning:
What did Elmer say?
ALL THE CHILDREN: Good morning.
TEACHER: After a long walk, Elmer found what he was looking for.
A very big bush.
A large bush covered with elephant berries.
What colour are elephant berries?
What colour?
Grey. They're grey. Elephant coloured berries. Grey berries.
See Elmer. He caught hold of the bush and shook it and shook it.
ONE CHILD REPEATS: Shook it.
TEACHER: And all the berries fell on the ground.
See him he's shaking, shaking the bush.
See them ... see them ... see all the berries.
ONE CHILD REPEATS: See them.

အားလုံးပဲ လို အပ်သလို သုံးစွဲ အဆင်ပြေကြပါစေ …

English is the door to the world!

You might also like