You are on page 1of 2

ဆရာ ဆရာမတွေ စာတတ်ဖို့

မောင်သာနိုး

ကိုယ်တိုင်က ကျောင်းဆရာတစ်ဦးဖြစ်နေလေတော့ ၂၉-၁-၁၃ နေ့စွဲနဲ့ကြေးမုံသတင်းစာပါ သတင်းကို ဖတ်


ရတဲ့အခါ ကျွန်တော် အထူးနှစ်ထောင်းအားရ ဖြစ်မိတယ်။ သတင်းကတော့
(ဆရာ၊ ဆရာမများ၏အင်္ဂလိပ်စာသင်ကြားရေး အရည်အသွေးမြင့်မားတိုးတက်စေရန် နိုင်ငံခြားမှ Native
Speaker များ လာရောက် ပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ)လို့ ခေါင်းစဉ်တပ်ထားပြီး သတင်းစာကိုယ်ထဲမှာ
(၂၀၁၅-ခုနှစ်တွင် SCCA-2 စီမံချက် မြို့နယ် ၆၄ မြို့နယ်နှင့် UNICEF စီမံချက် EQM မြို့နယ် ၁၆ မြို့နယ်၊ စုစုပေါင်း
ebook is created by www.Shanyoma.org

မြို့နယ် ၈၀ နှင့် CCA သင်ကြားမှု အားနည်းနေသေးသည့်မြို့နယ် ၃၀ အတွက် မွမ်းမံသင်တန်းများ ထပ်မံဖွင့်လှစ်


သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်စာ သင်ကြားရေး အရည်အသွေးမြင့်မားတိုးတက်စေရန် နိုင်ငံခြားမှ
Native Speaker များ လာရောက်၍ သင်တန်းဖွင့်လှစ် ပို့ချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေ
ကြားသည်)လို့ ပါရှိတယ်။
ဒီသတင်းဖတ်ရတော့ တစ်ချိန်က ကိုတင်မိုး ကြုံရတာလေး သွားသတိရမိတယ်။ အရင်က ဗမာပြည်မှာ
ကလေးတွေကို သူငယ်တန်းကစပြီး အင်္ဂလိပ်စာသင်ပေးခဲ့ကြတာပါ။ နောက် ငါးတန်းကစပြီး သင်တဲ့စနစ်ပြောင်းခဲ့
တယ်။ နောက် သူ့သမီး အင်္ဂလန်ဆေးပညာဆက်သင်ရေးစာမေးပွဲဖြေရာ အင်္ဂလိပ်စာကျလို့ အာဏာရှင်ဦးနေ၀င်းက
သူငယ်တန်းကစပြီး အင်္ဂလိပ်စာသင်ရေး ပြန်လုပ်တယ်။ အဲဒီရက်ပိုင်းက ကိုတင်မိုးဟာ သူနေထိုင်တဲ့တက္ကသိုလ်ရိပ်
သာလမ်း နေအိမ်ကနေ ပထမတက္ကသိုလ်ဆေးရုံ၊ နောက်စာတိုက်၊ နောက်မူလတန်းကျောင်းကလေးတို့ရှေ့ကဖြတ်
ကာ ဆေးတက္ကသိုလ်-၁ ဘီအိုစီအဆောက်အအုံရှိ သူ အလုပ်လုပ်ရာတက္ကသိုလ်ဘာသာပြန်နဲ့စာအုပ်ထုတ်ဝေရေး
ဌာနကို ခြေကျင်လမ်းလျှောက်လာခဲ့ရာ မူလတန်းကျောင်းက ကလေးတွေ အေ၊ ဘီ၊ စီ၊ ဒီ အော်သံကြားတော့ ကို
တင်မိုး ၀မ်းသာမိသတဲ့။ (သြော် ငါတို့ကလေးတွေ သူငယ်တန်းကစပြီး အင်္ဂလိပ်စာတတ်ကြရတော့မယ်)ဆိုတဲ့အ
တွေးလေးနဲ့ပလေ။ ဒါပေမဲ့ ကိုတင်မိုး တွေးလို့မှမဆုံးသေး။ ကလေးတွေဆီက စာအော်သံ ဆက်ထွက်ပေါ်လာတယ်။
(၀မ်း - တူး - သယီး)ပါတဲ့။ ကိုတင်မိုး ရင်ကျိုးသွားရကြောင်း ရုံးရောက်တော့ မိတ်ဆွေတွေကို ယူကျုံးမရ ရင်ဖွင့်ပါ
တော့တယ်။
ဒါတောင် ကိုတင်မိုးက (သယီး)နဲ့တင် ရှေ့ဆက်လမ်းလျှောက်ခဲ့လို့၊ ရပ်ပြီးတော့များ ဆက်နားထောင်ရင် (ဖိုး၊
ဖိုက်)တွေ (ဆဲဗင်း)တွေ ကြားရဦးမှာ။ ဒါပေမဲ့ (တန်း)လို့တော့ ကြားရမှာမဟုတ်၊ အဲဒီခေတ်က (တန်း)မပေါ် သေး။
(တင်း)ပဲ အော်ကြမှာဖြစ်တယ်။ တစ်ဆယ်ကို (တန်း)လို့ရွတ်တာ တစ်နေ့မနေ့ကမှပေါ်တာ။ နှစ်ဆယ်ကို (တွမ်တီး)
ဆိုတာကတော့ တော်တော်ကြာပြီ။ အေဘီစီဒီကို ဆက်နားထောင်ရင်လည်း (အိုင်)ကို ငသတ်သံကြီးနဲ့ဖတ်တာ၊ ဖ
အုပ်ထုပ်သံနဲ့အက်ဖ်လို့ဆိုတာ၊ (ဗွီ)လို့အသံထွက်တာတွေ ကြားရမှာ ဖြစ်တယ်။
သူခမျာများ အသံထွက်ပါ မီးနင်းပေါင်းချုပ်စာအုပ်ကြီး လက်ကိုင်ပြုပြီး အင်္ဂလိပ်စာဆရာလုပ်နေကြရတာကိုး။
ဒီစာအုပ်တွေကလည်း တစ်ပြည်လုံးက ဆရာ ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ အားကိုးအားထား ပြုနေကြ
တာဆိုတော့ အင်မတန်မှ ရောင်းရတာ၊ ထုတ်လုပ်သူတွေ သူဌေးဖြစ်ကြတာကလား။ ဒီလိုနဲ့ တစ်ပြည်လုံးမှာလိုလို
ကနေ့ လူကြီးဖြစ်နေတဲ့လူတွေက (ဗွီ)၊ (ဖားသား)၊ (အိုင်း)၊ (စီအေတီ-ကက်-ကြောင်)၊ (အစ်-အာ-၀ါ့စ်-၀ဲယာ)၊ (ဟီး
ယား၊ သဲယား၊ အယား) teach past tense (တော့ခ်ျ) catch past tense (ကော့ခ်ျ)ဖြစ်ကုန်တော့တာပါပဲ။ ကမ္ဘာကို
(ဝေါလ်)၊ ဘုရင်မကို (ကွင်း)၊ နောက်တစ်ကြိမ်ကို (၀မ်းစမိုး)၊ ငယ်တာကို (လစ်တဲ)စသဖြင့် ဖြစ်ကုန်ကြတာပါပဲ။ မီး
နင်းစာအုပ်ကြီးကပေးတဲ့ အသံထွက်မှားတွေ သင်ပေးလိုက်တဲ့ဆရာ၊ ဆရာမတွေရဲ့ကျောင်းထွက်တွေပေကိုး။ သူ
တို့ထက် ခေသူတွေကျတော့ ဗမာမှာ (၀တ်)ဆိုတဲ့အသံရှိပါရက်နဲ့ wood ကို (၀တဒ်)လို့မထွက်တတ်၊ (၀ုဒ်)လုပ်နေ
တယ်။ (ငါသွားမယ်ဟောလိဝု)တဲ့။
တကယ်က အင်္ဂလိပ်အသံထွက်ကို ဗမာလိုရေးလို့ကို မရပါဘူး။ ဘယ်ဘာသာရဲ့အသံကိုမှ တခြားဘာသာ
ရဲ့အသံနဲ့မဖလှယ်နိုင်ဘူးလို့ ဘာသာဗေဒက ဆိုတယ်။ ဒီတော့ အင်္ဂလိပ်သံကို ဗမာလို ရေးမှတ်သင်ခဲ့တော့ အမှား
တွေ ကြုံရတာ ကျွန်တော်ဆောင်းပါးရေးဖူးပြီ။ ဥပမာ - I ကို ဗမာလို လှယ်စရာ မရှိသမို့ (အိုင်)လို့ရေးကြတော့ i သံ
ကြီးပါသွားရော။ မပီတော့ဘူး။ ဒီငသံပါအိုင်ကိုပဲ အင်္ဂလိပ်သံပီတယ်ထင်မိတော့ by, bye, my, die, dye, eye, guy,
hi, high, lie, pie, rye, shy, sky, Tai, Thai, tie, vie စသည်တို့ကိုပါ ဗမာ-ငသံ ထည့်ဆိုကြ။ တစ်ခါ ဗမာ-ငသံပါ
စကားလုံးတွေကို အေဘီစီနဲ့ရေးတော့လည်း ဒိုင်းလွှားကို Dye-hlwa လို့ရေး၊ ဆင်ဟိုင်းကို Sin-hai လို့ရေး၊ စစ်ကိုင်း
ကို sky လို့ရေး၊ မော်လမြိုင်ကို Mawlamyai လို့ရေး ဖြစ်ကုန်ရော။
နောက် ရယ်စရာတစ်ခုက total, local, digital, chemical တို့က -tal, -cal တို့ကို -တယ်၊ -ကယ် ဗမာသံနဲ့
ဖတ်တာပါပဲ။ တကယ်က အဲသလို မဟုတ်ပါဘူး။ အနီးဆုံးဗမာလိုရေးရရင် (-တလ်၊ -ကလ်)ဆိုသလို ဖြစ်လိမ့်မယ်။
ဒါကို မသိလေတော့ ဗမာနာမည်ထားဝယ်ကို Dawal လို့ စာလုံးပေါင်းတာမျိုး ဖြစ်ကုန်တယ်။ မငယ်ကို Ma Ngal,
မနွယ်ကို Ma Nwal, စပယ်ကို Zabal အပယ်ရတနာကို Apal Yatanar ရေးကြတယ်။
နောက် Bird, third, first, burst, burn, Burma, earth, hurt, learn တို့မှာပါတဲ့အင်္ဂလိပ်သရသံက ဗမာ
မှာ လုံးဝမရှိဘူး။ အဲဒီတော့ အလယ်သရ အပေါ်ဆုံးအသံကို အောက်ဆုံးအသံနဲ့အစားထိုးကာ ဘာ့ဒ်(တစ်ချို့က
ebook is created by www.Shanyoma.org

ဘတ်)၊ သာ့ဒ်(တစ်ချို့က သတ်ဒ်)၊ ဖာ့စ်(တစ်ချို့က ဖတ်စ်)၊ ဘာ့စ်တ်(တစ်ချို့က ဘတ်စ်တ်)၊ ဘန်း၊ ဘားမား၊


ဟာ့တ်၊ လန်း ပဲဆိုနေကြတော့တယ်။ ဒီတော့ ငှက်လို့ပြောချင်တာ စာဆိုတော် bard လို့ နားလည်မှုမှား၊ တတိယလို့
ပြောတာ ရင်ထဲက တဒုတ်ဒုတ် thud အသံလို့ ထင်၊ ပထမလို့ပြောတာ အမြန် fast လို့နားလည်မှား၊ မီးလောင်တာ
ကို ပြောတာ စပါးကျီ barn လို့ သဘောပေါက်၊ ဗမာပြည်ကိုပြောပါ၊ ဘာဟားမားကျွန်း Bahama လား ပြန်အမေးခံ
ရတော့တယ်။
ဒီတော့ ဒီလူတွေကို သင်လွှတ်လိုက်တဲ့ဆရာ၊ ဆရာမတွေကိုပဲ အင်္ဂလိပ်စကား မှန်မှန်ကန်ကန် ဖတ်တတ်
ရွတ်တတ်အောင် သင်ပေးကြရမှာ ဖြစ်တယ်။ ဒါ တကယ် လုပ်ရမယ့်နည်းမှန်လမ်းမှန် ဖြစ်တယ်။
တရုတ်ပြည်မှာဆို မော်စီတုန်းတို့ရှိစဉ်ကပဲ ကျင့်သုံးခဲ့တဲ့လမ်းစဉ် ဖြစ်တယ်။ တရုတ်ပြည်မှာ ကလေးတွေကို
အင်္ဂလိပ်စာသင်ပေးရမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ သြစတြေလျ၊ ညူးဇီလန်
စတဲ့အင်္ဂလိပ်စကားကို တိုင်းရင်းစကားအဖြစ်ပြောတဲ့နိုင်ငံတွေက ဆရာ၊ ဆရာမတွေကို လခကောင်းကောင်းပေးပါ
မယ်။ တရုတ်ပြည်မှာ ဆရာလာလုပ်လှည့်ကြပါဆိုပြီး ကြေငြာခေါ်လိုက်တယ်။ အများကြီး ထောင်သောင်းချီရောက်
လာတာပါပဲ။ မူလ၊ အလယ်၊ အထက်တန်းဆရာတွေရော တက္ကသိုလ်အဆင့်ဆရာတွေပါ ပါတယ်။ ဆရာဖြစ်သူတွေ
ရော၊ ဆရာမဖြစ်သေးတဲ့ ဘွဲ့ရတွေရော ပါတယ်။ မူလ၊ အလယ်၊ အထက်တန်းဆရာတွေက ကျောင်းတွေမှာဝင်ပြီး
ကျောင်းသူ၊ ကျောင်းသားတွေကို သင်ကြပါတယ်။
တက္ကသိုလ်ဆရာတွေက တက္ကသိုလ်တွေမှာ ဆရာဝင်လုပ်ရင်း တရုတ်ဆရာ၊ ဆရာမတွေကို ဉာဏ်သစ်
လောင်းသင်တန်းတွေ ဖွင့်ပြီးပို့ချပါတယ်။ နယ်က ကျောင်းတွေမှာသင်ရတဲ့ဆရာဆရာမတွေက အဲဒီကျောင်းတွေက
အင်္ဂလိပ်စကားသင် တရုတ်ဆရာ၊ ဆရာမတွေကို အင်္ဂလိပ်စာ သင်ကြားပေးရတာတွေလည်း ရှိပါတယ်။ တစ်ချို့က
ကျောင်းအုပ်ကြီးက ဆရာဆရာမတွေအတွက် သင်တန်းဆိုပြီး စီစဉ်ပေးတာ။ တစ်ချို့က အင်္ဂလိပ်စာသင်တဲ့တရုတ်
ဆရာဆရာမ တစ်ယောက်စ၊ နှစ်ယောက်စပဲ ရှိတာမျိုးဆိုရင်တော့ သင်တန်းမဖွင့်တော့ဘဲ မိတ်ဆွေချင်း ရိုင်းပင်း
သလိုမျိုး ကူညီလိုက်တာရှိတယ်။ ဒီလို တရုတ်ပြည်မှာ အင်္ဂလိပ်စာသွားသင်တဲ့အမေရိကန်တစ်ယောက် ကျွန်တော့်
အိမ် အလည်လာဖူးတယ်။ သူက ကဗျာဆရာမို့ ဗမာကဗျာအကြောင်း သိချင်တယ်ဆိုတာနဲ့ အမေရိကန်စင်တာက
ကျွန်တော့်ဆီ လွှတ်ပေးလိုက်တာပါ။ သူ့မှာ ဇနီးနဲ့ခုနစ်နှစ်အရွယ်သမီးကလေး ရှိတယ်။ သူတို့ကို တရုတ်ပြည်မှာထား
ခဲ့ပြီး တစ်ယောက်တည်း ဗမာပြည်ကို အလည်အပတ် ထွက်လာခဲ့တာတဲ့။ သူတို့ပါခေါ်ပြီး တစ်ခေါက်လာပါဦးမယ်
ပြောသွားတာ၊ ခုထိတော့ မလာဖြစ်သေးပါဘူး။

မှတ်ချက်။ ။News Watch Journal ၊ ၁၂-၂-၂၀၁၃-နေ့ထုတ် စာမျက်နှာ(၁၇)ကို ပြန်လည်၍ စာစီရိုက်ပါသည်။

You might also like