You are on page 1of 30

နေရယ် လရယ် ကမ္ဘာရယ် အားလုံးဟာ

တစ်ခုနဲ့တစ်ခု မှီခိုနေရတာပါပဲ

ပဲ ခူး မြို့ ပညာတံ ခွ န်ကို ယ် ပို င် အထက် တန်း ကျော င်း


ပေးဆပ်ခြင်းသည်သာ အချစ်ဟုဆိုခဲ့လျှင်

“သုသုရေ စျေးသွားမယ်လေ”

"လာပြီမေမေရေ"

သုနဲ့မေမေက ( ၅ ) ရက်တစ်ခါလောက် စျေးကြီးကိုသွားလေ့ရှိတယ်...ခုလဲစျေး

သွားမယ့်နေ့ရောက်လို့ မေမေနဲ့သုသွားဖို့ပြင်နေကြတာ ။

Covid ကာလဆိုတော့ mask ကတော့ မဖြစ်မနေ တပ်ရတာပေါ့... ငယ်ငယ်ထဲက

အသက်ရှူ ကြပ်တတ်ပေမဲ့ mask တပ်ရတာကို သုအရမ်းကြိုက်တာ...

သုဘာလုပ်လုပ် ဘယ်သူမှမသိကြလို့လေ...ဟဲဟဲ ။

"ဟော မေမေရေ မီးပွိုင့်မိပြန်ပြီ"

သုကဘာဖြစ်ဖြစ် ဘာတွေ့တွေ့ မေမေ့ကို ဆိုင်ကယ်နောက်ကနေ ပြောပြောနေ

တတ်တာ အကျင့်ဖြစ်နေတာကိုး ။

သုဟိုကြည့်ဒီကြည့်လုပ်နေရင်း တစ်ယောက်ယောက်စိုက်ကြည့်သလို ခံစား ရတာနဲ့

လိုက်ကြည့်မိတော့...Mask ရော Helmet ရောဆောင်းထားတဲ့လူတစ်ယောက်

မျက်နှာမမြင်ရပေမဲ့ မျက်လုံးတွေက ညှို့ နေသလိုပဲ ။


အရမ်းစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစ်စုံနဲ့.သုတို့ ( ၂ )ယောက် အကြည့်ချင်းဆုံမိတော့

သူ့မျက်လုံးက သုကိုပြုံးပြနေသယောင်...

“ဟင် ဘယ်သူများလဲ”

မီးပွိုင့်စိမ်းသွားတာနဲ့သူလည်းသူလမ်းသူ ကိုယ်လည်းကိုယ်လမ်းကို ဆက်ထွက်

လာခဲ့တာပေါ့ ။

သုတို့အပြန်လမ်းမှာမုန်ဆိုင်တွေ့တာနဲ့...

"မေမေ သုကိုမုန့်ဝယ်ကျွေးပါ" လို့မေမေ့ကိုပြောလိုက်တယ် ။

"သုဘာသာပဲဆင်းဝယ်တော့ မေမေဆိုင်ကယ်ကွေ့ထားမလို့"

"ဟုတ် မေမေ"

မုန့်ဝယ်ပြီး ပိုက်ဆံရှ င်းနေတုန်း စိတ်ထဲတယောက်ယောက်ကြည့်နေသလို ခံစားရ

တာနဲ့ကြည့်မိတော့...ဘေးနားမှာ ပိုက်ဆံရှ င်းနေတဲ့သူ

“ဟော”

တွေ့ပြန်ပြီဒီလူ...ဒုတိယအကြိမ် အကြည့်ချင်းဆုံမိပြန်ပြီ ။ သူ့မျက်လုံးတွေမှာ

အပြုံးရောင်တွေလက်နေတယ်...သုလဲပြုံးပြမိလိုက်တယ် ။ သုတို့ ၂ ယောက်လုံး

မျက်လုံးပဲမြင်ရပေမဲ့ ရင်းနှီးနေသလိုကိုခံစားရတာ ။

ခုမှဆုံဖူးတဲ့လူတစ်ယောက်ပေမဲ့ စိတ်ထဲတစ်မျိုးပဲ အကြည့်ချင်းဆုံမိတဲ့ (၂) ကြိမ်

လုံး စိတ်လှုပ်ရှားတာလား ဘာလား သုနားမလည်ဘူးဖြစ်နေမိတယ် ။..


နောက်ပိုင်းထူးခြားတာက သုအပြင်သွားတိုင်း လမ်းမှာအဲ့ဒီ မျက်လုံးပိုင်ရှ င်နဲ့

မကြာခဏဆိုသလို ဆုံမိတယ်...

သူကလဲ မပြောင်းလဲသော ပြုံးသယောင်မျက်လုံးနဲ့နှုတ်ဆက်မြဲ.. သုတို့ (၂)

ယောက်လုံး မျက်လုံးချင်း တော်တော်လေးရင်းနှီးနေပြီ...

မျက်လုံးချင်းစကားပြောတယ်ဆိုတာ ဒါမျိူးလား??

သုနားမလည်ပါ...

တစ်လခွဲလောက်အမြဲလိုလိုဆုံမိခဲ့ပေမဲ့ အခုနောက်ပိုင်း သုတို့မဆုံဖြစ်တာ တစ်လ

နီးပါးရှိတော့မယ်...

သုလဲ မေ့မေ့လျော့လျော့နဲ့ပုံမှန်အတိုင်းလှုပ်ရှားသွားလာမြဲပေမယ့် တစ်ခါတစ်လေ

တော့သူ့မျက်ဝန်းတွေကိုမျှော်နေမိတာတော့ ကိုယ့်ဘာသာဝန်ခံမိတယ်။

မျက်လုံးချင်းစကားပြောနေကျ မျက်လုံးလေးတွေက အသက်မကြီးခင် ဇရာ

သဘောတွေပြလာပြီ။ အခြေအနေဆိုးလာတာမို့ မေမေနဲ့တိုင်ပင်မိတယ်။

"မေမေ သုမျက်လုံးကတော်တော်မှုန်နေပြီ”

“တော်ရုံ အဝေးကိုတောင် သဲသဲကွဲကွဲ မမြင်ရတော့ဘူး မျက်မှန်လဲမတပ်ချင်ဘူး

ရယ် ဆေးခန်းတော့ပြချင်တယ် လိုက်ပို့ ပါလား မေမေ"


"ဟင် သမီးရယ် အခုတော်တော်ဆိုးနေလား”

စသတိထားမိတဲ့ ရက်ထဲကမေမေ့ကိုပြောပေါ့ကွယ် အဲ့တာဆိုမနက်ဖြန်ဆေးခန်း

သွားပြရအောင်နော်"

“ဟုတ် မေမေ”

ခုတလော သုမျက်လုံး တော်တော်အဆင်မပြေဘူး ။ နည်းနည်း အာရုံ စိုက်မိတာနဲ့

မျက်ရိုးတွေကိုက်လာရော ဆေးစစ်ကြည့်ရင်တော့သိမှာပါလေ...။

ဆရာဝန်လေးက ဆေးရုံ ကြီးကိုညွှန်းတာနဲ့ဆေးရုံ ကြီးမှာပဲ ဆေးစစ်ဖြစ်တယ်ပေါ့

မျက်လုံးဌာနက ဆေးစစ်ပြီးရလဒ်ထွက်တော့...ဒေါက်တာက

"ကလေးမျက်လုံးကအရမ်းအဆိုးကြီးတော့မဖြစ်သေးပေမဲ့ မျက်ကြည်လွှာ

( Cornea )ကတော်တော်ထိနေပြီ အခုအချိန်မှာမျက်ကြည်လွှာအစားထိုး ကုသမှု

လုပ်ရင်တော့ အချိန်မှီသေးတယ်လို့ ပြောနိုင်ပါတယ်"

"သမီးလေးအတွက်သင့်တော်သလိုသာဆောင်ရွ က်ပေးပါဆရာ"

"ဆရာ့အနေနဲ့တော့ ကလေးကိုဆေးရုံ တက်စေချင်တယ် ။ မျက်ကြည်လွှာလဲဖို့

အတွက် စမ်းသပ်မှုတွေကများတယ်”

“ နောက်ပြီး မျက်ကြည်လွှာ အလှူရှ င်ပေါ်လာတာနဲ့ချက်ချင်းခွဲစိတ်နိုင်ဖို့အတွက်

ဆေးရုံ မှာအဆင်သင့်ရှိနေစေချင်တယ်”
“ ခုလိုကာလမှာက အပြင်ခဏခဏထွက်ရင် အဆင်မပြေဘူးမလား”

“ ဆေးရုံ မှာဒီလိုspecial case တွေအတွက် သီးသန့်အခန်းတွေ၊ special nurse

တွေပြင်ဆင်ပေးထားတော့ ကလေးအတွက်လဲအဆင်ပြေမှာပါ"

"ဟုတ်ကဲ့ ဆရာ့အကြံပေးချက်အတိုင်းဆောင်ရွ က်ပါ့မယ်"

“ဟူး...သုတော့ဆေးရုံ တက်ရပြီ”

သူနာပြုတွေကအကောင်းဆုံးစောင့်ရှောက်ပေးပေမဲ့ သုမေမေနဲ့မနေရတော့ တစ်

မျိုးကြီးပဲ...

"သမီးလေး အားမငယ်နဲ့နော် မေမေကအနားမှာမရှိပေမဲ့ အားလုံးကသမီးကို

စောင့်ရှောက်ပေးမှာ သမီးလေးသာကိုယ့်ကိုယ်ကို ဂရု စိုက်နော်"

"ဟုတ် မေမေ"

ဆေးရုံ ကတကယ့်ကိုစောင့်ရှောက်မှုကောင်းတယ်။

သုတို့အတွက် ( ၄ ) လွှာမှာသီးသန့်အခန်းတွေနဲ့နေရပေမဲ့ အခန်းပြင်ထွက်တိုင်း

mask တပ်ရတယ်...

သုဆေးရုံ တက်တဲ့ပထမဆုံးညမှာ အခန်းပြင်ကဝရံတာလေးဆီ ထွက်ဖြစ်တယ်...

"ဟင် သုကိုတစ်ယောက်ယောက်ကြည့်နေတာလားမသိဘူး" လို့တီးတိုးရွ တ်မိရင်း

ဘေးဘီကြည့်မိတော့ ဝရံတာရဲ့တစ်ဘက်ခြမ်းအစွန်းမှာ...
"ဟင်...ဒီလူ"

မပြောင်းလဲသော မျက်လုံးအကြည့်တွေနဲ့ဒီ လူ

သုတို့အကြိမ်ကြိမ်ရင်းနှီးစွာတွေ့ဆုံခဲ့တဲ့မျက်ဝန်းတစ်စုံ ။ အဲ့ဒီအချိန်မှာ သူက သု

အနား တဖြည်းဖြည်းလျှောက်လာပြီးတော့...

"ကျွန်တော်တို့မဆုံဖြစ်တာကြာပြီနော် ဒီနေရာမှာပြန်ဆုံမယ်လို့လုံးဝမတွေးထားမိခဲ့

ဘူး"

"ရှ င်! ဟုတ်"

သုဘာပြောရမှန်းမသိပါ သုသိတာကဒီနေရာကနေမြန်မြန်ထွက်သွားချင်သည်။

မဟုတ်ရင် ဒီလူစိုက်ကြည့်နေတာနဲ့ပဲ သုနှလုံးရောဂါပါ အဆစ်ဖြစ်တော့မယ်။

"သုကိုခွင့်ပြုပါဦးနော်" သုနှုတ်ဆက်ပြီးချက်ချင်းလှည့်ထွက်လာခဲ့မိသည် ။

အဲ့ဒီညက သုအိပ်လို့မပျော်ပါဘူး ။ သူ့မျက်ဝန်းတွေကိုပဲ မျက်စိထဲ မြင်ယောင်နေမိ

တယ်လေ ။

သု နဲ့တူ တူ မျက်စိဝေဒနာရှ င်တွေကိုတစ်နေ့လုံးနီးပါး ဆေးစစ်ချက်မျိုးစုံလုပ်ပေး

တယ်။ ညနေရောက်ရင်တော့သုအားနေပြီ ။ သုကမျက်လုံးခွဲရမယ့်လူနာဆိုတော့

ဖုန်းသုံးခွင့်မရှိဘူး စာအုပ်လဲကြာကြာမဖတ်ရဘူး ။ nurse ရှိပေမဲ့ သူကလဲအလုပ်

ရှိတော့ သုကိုအဖော်မလုပ်ပေးနိုင်ဘူးရယ် ။ အဲ့တော့သုတစ်ယောက်ဝရံတာလေးမှာ


ရပ်ရင်းမေမေ့ပဲလွမ်းနေရတော့တယ် ။ အလုပ်အကိုင်နဲ့မေမေက အိမ်ကိုပစ်ထား

ပြီး သုဆီ အချိန်ပြည့် လာနေလို့မဖြစ်ဘူးလေ ။

"တစ်ယောက်ယောက်ကိုလွမ်းနေတာလား"

သုမေမေ့ကိုလွမ်းနေရင်း စကားသံပေါ်လာမှ အသိစိတ်ဝင်လာတယ် ။ ...

“ဟင်......ဒီလူရောက်နေပြန်ပြီ”

"ဟုတ်တယ် သုမေမေ့ကိုအရမ်းလွမ်းတာပဲ"

"အင်းပေါ့ တစ်ယောက်ထဲဆိုတော့ပျင်းနေလား"

"ပျင်းတာပေါ့ရှ င်"

ဒီလူနဲ့သု ပထမဆုံးဆုံမိထဲက ခံစားခဲ့ရတဲ့ အမျိုးအမည်မသိ ခံစားချက်က ခုထိရှိ

တုန်းပဲ။ ဆုံတာများတော့ရင်းနှီးမိထားတာမှန်ပေမဲ့ပေါ့ ။ သူကလူကောင်း တစ်

ယောက်ဆိုတာတော့သုခံစားမိပါတယ်။

"ကျွန်တော် သုကိုစကားပြောဖော်ဖြစ်ပေးခွင့်ရှိမလား"

"ရပါတယ်ရှ င့်"

သုအတွက်အဖော်ရတော့ ပျော်တာပေါ့။

"တစ်နေရာသွားရအောင် ကျွန်တော်နဲ့လိုက်ခဲ့ပေးနော်"

"ဟုတ်ကဲ့"
သုတို့ကိုတာဝန်ယူတဲ့ Nurse အနီမလေး ကိုသူခွင့်တောင်းပြီး အပေါ်ထပ် တက်လာ

ခဲ့တယ်။ ခေါင်မိုးထပ်ဖြစ်လို့ တစ်မြို့လုံးကို လွတ်လွတ်လပ်လပ်မြင်နေ ရတယ်။ ခုံ

တန်းလေးလဲရှိနေတယ်။ စားပွဲလေးတစ်ခုပေါ်မှာ စာအုပ်လေးတွေနဲ့ဂစ်တာလေး

တစ်ခုရောပဲ။

"ဒီနေရာရှိတာ သုမသိခဲ့ဘူး ခေါ်ခဲ့ပေးတာကျေးဇူးပါ"

"ရပါတယ် ကျေးဇူးတင်ဖို့မလိုပါဘူးဗျာ ဒါနဲ့စာအုပ်ဖတ်ရတာဝါသနာပါလားမသိ

ဘူး"

"ပါတာပေါ့ မေမေပြီးရင်စာအုပ်တွေကသုရဲ့အဖော်တွေပဲလေ

ဒါနဲ့လေ ဟို …ဟို နာမည်က...."

"ကျွန်တော့် နာမည် မိုးညပါ သုအဆင်ပြေသလိုခေါ်လို့ရပါတယ်"

"ဟုတ် ကိုမိုးညရော စာအုပ်ဖတ်ရတာသဘောကျလား ဒီစာအုပ်တွေကကိုမိုးညဖတ်

နေကျလား"

"ဟုတ်တယ်ဗျ ဒီက..."

လက်ညှိုးလေးထိုးပြီး နာမည်မေးလာတာနဲ့...

"သုဒြာလင်းပါ သုလို့ခေါ်လဲရပါတယ်ရှ င့်"

"အင်း အဲ့တာဆိုကျွန်တော်တို့ခင်သွားကြပြီနော်...ကျွန်တော်တို့ကအရင်ထဲက

ရင်းနှီးပြီးသားပါ ဟုတ်တယ်မလား"
သုကိုစိုက်ကြည့်ရင်းပြောလာတော့ သုအနေရခက်သွားတယ်..

"ဟုတ်" သုအဖြေကတိုသည်။

သူလဲစကားလမ်းကြောင်းလွှဲကာ

"စာအုပ်ဖတ်ချင်ဖတ်လို့ရတယ်ဗျ ဂစ်တာလဲတီးခွင့်ရှိတယ်နော်"

"ဟုတ် သုကဂစ်တာမတီးတတ်ဘူးရယ်။ စာအုပ်ကနေ့လည်က နည်းနည်းဖတ်ထား

တော့ခုဖတ်လို့မရလောက်တော့ဘူး။ ဆရာဝန်ကြီးက သုရဲ့မျက်လုံးကို သိပ်ပြီး

အလုပ်မပေး ဖို့ပြောထားတယ်"

"ဂစ်တာတီးချင်ရင် ကျွန်တော်သင်ပေးနိုင်ပါတယ် အများကြီးအာရုံ စိုက်မတီးနဲ့ပေါ့

နော်...အဲ့တာဆိုကျွန်တော်တို့ ( ၂ ) ယောက်ကရင်းနှီးသွားပြီဆိုတော့ တစ်ယောက်

အကြောင်းတစ်ယောက် ပြောပြကြမလား မပျင်းတော့ဘူးပေါ့"

"ပြောမယ်လေ ဘယ်သူအရင်ပြောမလဲ"

"အရင်ဆုံးmaskလေးချွတ်တာပေါ့ ကျွန်တော်အသက်ရှူ ကြပ်လာပြီ"

"ဟုတ်သား သုရောပဲ"

"ကျွန်တော်ပဲအရင်ပြောတော့မယ်ဗျာ နော်..."

“ကျွန်တော် ငယ်ငယ်ထဲကမိဘတွေဆုံးသွားလို့အဒေါ်တွေနဲ့နေခဲ့ရတယ်။

အဒေါ်တွေကအလုပ်ပဲအာရုံ စိုက်တော့ ကျွန်တော့မှာမိဘ မေတ္တာဆိုတာဘာလဲ မသိ

ခဲ့ရဘူး။
အပေါင်းအသင်းလဲမရှိတော့စာအုပ်တွေပဲ ကျွန်တော့အဖော်ဖြစ်လာတာပေါ့ ။ ခုလဲ

နှလုံးသွေးကြောကျဥ်းရောဂါခံစားနေရလို့ကြောင်းဆေးရုံ လာတက်တာပါ” သူ့

ဖြစ်ကြောင်းကုန်စင်အကုန်ပြောပြပြီးတော့ သုသူ့ကိုသနားသွားမိတယ် ။

"ကိုမိုးညက ( ၂၂ )နှစ်ဆိုတော့ သုက ( ၂ )နှစ်ငယ်တာပေါ့ သုက(၂၀)ပဲရှိသေးတာ။

သုလဲတစ်ဦးတည်းသောသမီးပဲ”

“ဖေဖေကစီးပွားရေးပဲ ဖိလုပ်နေတော့ သုနားသိပ်မရှိနိုင်ဘူး”

“မေမေကပဲသုကိုမေတ္တာအပြည့်ပေးတာ ။ သုမှာလည်း သူငယ်ချင်းရယ်လို့ သိပ်မ

ရှိဘူး”

“အခုကိုမိုးညက သုကိုခင်ခွင့်တောင်းတော့သုအိပ်မက်မက်နေတယ်ထင်ခဲ့တာ။ ဘာ

လို့ဆိုသုငယ်ငယ်ထဲကသုဘက်ကပဲစပေါင်းရတာ”

“ သုကိုခင်ချင်လို့လာပေါင်းတာတစ်ခါမှမကြုံဖူးဘူး။ ကိုမိုးညကပထမဆုံးပဲ။”

“အဲ့တာကြောင့်ကျေးဇူးလဲတင်တယ်။ သုအတွက်မေမေပဲသူငယ်ချင်းကောင်း တစ်

ယောက်ဖြစ်ပေးခဲ့တာ”

“ မေမေမအားတဲ့အချိန်တွေဆိုသုစာအုပ်တွေကိုအဖော်ပြုရတယ်။ သူငယ်ချင်း

တွေကသုကိုခဏပဲပေါင်းကြတယ်”

“နောက်ပိုင်းဆိုမခေါ်ချင်ကြဘူး၊ သုကကြောက်တတ်တယ်၊ အသုံးမကျဘူးတဲ့”

“ကြောက်တတ်တာနဲ့အသုံးမကျဖြစ်ရောလား။ သုလဲနားကိုမလည်နိုင်ဘူး”
“ စာအုပ်လေးတွေကတော့သုဘယ်လောက်ကြောက်တတ်ပါစေ သုအနားမှာအမြဲရှိ

ပေးတယ်။ အဲ့တာကြောင့်သုလေစာအုပ်လေးတွေကိုအရမ်းချစ်တာ" သုစိတ်လွတ်

ကိုယ်လွတ် ပြောနေတာကို သူက ဂရု တစိုက် နားထောင်ပေးနေတယ်။

"အော် ကိုယ်တို့ကခံစားချက်ခြင်းတော့တူသားပဲနော်"

"အင်းနော်"

"ဂစ်တာတီးပြမယ် နားထောင်မလား "

"နားထောင်မှာပေါ့"

"..hiding on the rain and snow...


...trying to forget but I won't let go...
................"

"နားထောင်လို့ကောင်းလိုက်တာ အဲ့သီချင်း သုအရမ်းကြိုက်တာ"

"တူပြန်ပြီ...ကိုယ်လဲအရမ်းကြိုက်တာ ကိုယ်တို့ ( ၂ ) ယောက် ရေစက်တွေများရှိနေ

မလားပဲ"

"အင်းနော်.." "အဲ့တာဆိုအကိုအကြိုက်ဆုံး စာရေးဆရာဆိုဘယ်သူဖြစ်မလဲ"

"အင်း စာရေးဆရာကတော်တော်များများသဘောကျပေမဲ့ အကြိုက်ဆုံးဆိုရင်

တော့ တက္က သိုလ်ဘုန်းနိုင် ဖြစ်မယ်...သုကရော"

"အင်း သုလဲတော်တော်များများကြိုက်တယ်။ တက္က သိုလ်ဘုန်းနိုင်လဲအရမ်းကြိုက်

တယ်။ အကြိုက်ဆုံးတစ်ယောက်ဆိုတာတော့မရှိဘူး ဟီး"


"ကလေးလေးလိုပဲကွာ အူယားစရာလေး ဟုတ်ပါပြီဗျာ...စာပေအကြောင်းလေး

ဆက်ဆွေးနွေးရအောင်လေ။ ဆရာ့ စာအုပ်တွေထဲက အကြိုက်ဆုံးက ဘာဖြစ်မ

လဲ"

"အဲ့တာဆိုရင်တော့ မျက်ရည်လောကများ၏ဟိုမှာဘက် ကို သုအကြိုက်ဆုံး။ စ

ဖတ်ကတည်းက သုရင်ထဲစွဲနေတဲ့ စာအုပ်လေးလေ"

"ဟင် သုကဘာလို့အဲ့စာအုပ်ကိုကြိုက်ရတာလဲ "

"အဲ့စာအုပ်ကပြောပြထားတဲ့အချစ်ကိုသုလေးစားလို့ ပြီးတော့ အဲ့လိုအချစ်မျိုး နဲ့ပဲ

သုလဲ ချစ်ချင်တယ် သု မပူလောင်ချင်ဘူး"

"သုကချစ်ခဲ့ဖူးတယ်ပေါ့...."

"ဟင့်အင်း သုဘယ်သူ့ကိုမှမချစ်ဖူးဘူး သုအရွ ယ်ကတစ်စုံတစ်ယောက် ကိုချစ်ဖို့

ငယ်သေးတယ်လို့မှတ်ယူထားတယ်။ အချစ်ဆိုတာကိုလဲသေချာနားမလည်သေး

ဘူး”

“သုနားလည်ခဲ့ရင်တောင်အဲ့စာအုပ်ထဲကလိုအချစ်မျိုးနဲ့ပဲ သုချစ်ချင်တယ်"

"အော် သုကကလေးဆန်မလိုနဲ့ရင့်ကျက်နေပါလား ချီးကျူးပါတယ်ဗျာ"

"သုသူငယ်ချင်းတွေကစာအုပ်တွေလေ ဟဲဟဲ"

"ကိုယ်ကတော့ လွမ်း ကိုကြိုက်တယ်။ ဖြစ်နိုင်ရင်အဲ့ထဲက မင်းညိုလိုဖြစ်ချင်

တယ်၊ ဖြစ်ခွင့်ရရင်ပေါ့ ...ဒါနဲ့ကိုယ်ကဇာတ်ကောင်ကို

သဘောကျတာနော် သုလိုအချစ်ကိုမဟုတ်ဘူး ဟားဟားဟား…"


"အဲ့လိုလား သုပြောတာကိုရယ်တယ်ပေါ့လေ အဲ့တာဆို အကိုအချစ်ဆိုတာဘာလဲ သိ

လားဟင်"

"ကိုယ်ခံယူထားတဲ့ဖွင့်ဆိုချက်ရှိပေမဲ့ အခုတော့မဖြေချင်သေးဘူး တစ်နေ့တော့

အကိုပြောပြမှာပါကလေးရယ်"

"ဟင် သုကိုဘယ်လိုခေါ်လိုက်တယ်"

"အော် အဲ့တာလား သုကကလေးဆန်တယ်လေ အဲ့တာကြောင့်အဲ့လိုပဲခေါ်လိုက်တာ

စိတ်မဆိုးဘူးဆိုအဲ့လိုပဲခေါ်ပါရစေ"

"မဆိုးပါဘူး သုကိုဘယ်သူမှ အဲ့လိုမခါ်ဖူးလို့ထူးဆန်းသွားလို့ပါ သုသိချင်တာကို

ချက်ချင်းမဖြေပေးတဲ့လူကြီးကို အကိုမခေါ်ချင်ပါဘူး။ အဖိုးကြီးလိုပဲ... ဦးညလို့ပဲ

ခေါ်မယ် ဟွန့်…"

သု ကလေးဆန်ဆန်ပြောလိုက်မိတာကို စိတ်မဆိုးပဲထိုင်ရယ်နေလေရဲ့။

"သဘောပါဗျာ ခင်ဗျားလေးနဲ့တွေ့မှ ကိုယ်လဲအသက်ကြီးသွားရတော့တယ် ဟား

ဟား…"

"ကြယ်တွေတောင်ထွက်လာပြီပဲ လှလိုက်တာ.....

သုပြန်ချင်ပြီ သုကအမှောင်ကြောက်တယ် မနေရဲတော့ဘူး"

"ကောင်းပါပြီဗျာ ပြန်တာပေါ့...ဒါပေမဲ့ကလေးကိုတစ်ခုမှတ်ထားစေချင်တယ်။ ခု

ကစပြီး ကလေးအတွက်ကိုယ်အမြဲရှိနေပေးမှာဖြစ်လို့ ကလေးကို ဘယ်အရာကမှ

ကြောက်အောင်လုပ်ခွင့်မပေးဘူးဆိုတာပါပဲ"
သုမျက်လုံးကို သေချာစိုက်ကြည့်ပြီးပြောလာတဲ့ ဦးညရဲ့စကားတွေက မလိမ်ညာ

ဘူးဆိုတာ မျက်လုံးတွေကနေတစ်ဆင့်သုသိလိုက်ရတယ်။

နောက်နေ့ညနေတွေမှာလဲ သုတို့ခေါင်မိုးထပ်မှာအမြဲတွေ့ဖြစ်ကြတယ်။ စကားတွေ

အများကြီးပြောကြတယ်။ သုတို့ဖတ်ဖူးတဲ့ စာအုပ်အကြောင်းလေးတွေပြောဖြစ်

ကြတယ်။

သုမျက်လုံးနဲ့စာအုပ်မဖတ်နိုင်တော့ သုဖတ်ချင်တဲ့စာအုပ်တွေကိုဦးညကဖတ်ပြ

တတ်တယ်။ သုကြိုက်တတ်တဲ့သီချင်းတွေကို ဦးညကိုယ်တိုင်ဂစ်တာလေးတီးပြီး

နေ့တိုင်းဆိုပြပေးတယ်။

သုတို့တွေအတူရှိနေချိန်တိုင်းအရမ်းပျော်ရတာ သုတို့ကိုယ်တိုင်ကလွဲပြီး ဘယ်

သူများပိုသိနိုင်ပါ့မလဲ။သုတို့ (၂) ယောက်ရဲ့ သံယောဇဥ်ကြိုးတန်းလေးဟာ အချိန်

တိုအတွင်းတော်တော်လေးခိုင်မာလာခဲ့တယ်။

သုဆေးရုံ တက်တဲ့၆ရက်မြောက်နေ့ညနေမှာ ခေါင်မိုးထပ်ကို ဦးည ရောက်တာ

နောက်ကျနေခဲ့တယ်။

"ကိုယ်နောက်ကျသွားလို့တောင်းပန်ပါတယ်ကလေးရယ် တစ်ယောက်ထဲစောင့်နေရ

တာကြောက်နေလားဟင်"

"သုမကြောက်ပါဘူးဦးညရဲ့ လင်းနေသေးတာကို...ဒါနဲ့ဦးည နေမကောင်းဘူးလား

ဟင်"
"ကောင်းပါတယ်ကလေးရယ် ကိုယ်ဘာမှမဖြစ်ပါဘူး ကိုယ့်အတွက်မစိုးရိမ်နဲ့နော်"

သုခေါင်းလေးကိုပွတ်ပြီးပြန်ဖြေတဲ့ ဦးညမျက်နှာကအရင်ကလောက်လန်းဆန်းမ

နေတာကိုသု တစ်ချက်သတိထားမိလိုက်တယ် ။

"ဦးညကျန်းမာရေးကိုဂရု စိုက်ရမယ်နော်..သုလေ ညအိပ်ရာဝင်လို့ ဘုရားရှိခိုးတိုင်း

ဦးညရဲ့နှလုံးရောဂါ မြန်မြန်ပျောက်ဖို့နဲ့သုအတွက် မျက်ကြည်လွှာအလှူရှ င်ပေါ်လာ

ဖို့ ညတိုင်းဆုတောင်းဖြစ်တယ်"

"သုရဲ့ဆုတောင်းတွေမကြာခင်ပြည့်တော့မှာပါ ကိုယ်လဲ သဘက်ခါဆိုခွဲခန်းဝင်ရ

တော့မယ် သုလဲ ခွဲခန်းဝင်ဖို့ မကြာလောက်တော့ပါဘူး"

"တကယ်လား ခွဲစိတ်မှုအောင်မြင်ဖို့ သု ဆုတောင်းပေးနေမယ်နော် Fighting ဦးည"

"ကျေးဇူးပဲ ကလေး...ဂစ်တာလေးတီးရအောင် သီချင်းဆိုပြတာနားထောင်မယ်မ

လား"

"နေ့တိုင်းလဲနားထောင်ပေးနေတာကိုခုမှအထူးအဆန်းလာမေးနေတယ်"

"ရန်တွေ့လိုက်တာကလေးရယ် မေးမိတာကိုကကိုယ့်အမှား ဟားဟား"

"...မင်းကြောင့်ဖြစ်တဲ့စိတ်ကူးများ... xxxxxx

...မင်းကြောင့်မက်တဲ့အိပ်မက်မှာ... xxxxxx

မင်းကြောင့်ဘဝကို ငါစွဲလမ်း xxxx တတ်နေပြီ

xxxxxx.............

ကိုယ့်ရဲ့ရင်ခုန်ခြင်းဆိုတာ အကုန်မင်းကြောင့်ပါ xxxxxx အချစ်ရေ xxxxxx


ငါ့ xxxx…နှလုံးသားတစ်ချက် ခုန်တိုင်းမှာ ငါ..တမ်းတတဲ့နေရာတိုင်းမှာ

မင်းတစ်ယောက်တည်းပါ အချစ်ရေ xxxx... နှလုံးသားနဲ့မင်းဖြေ….

ဝင်သက်ထွက်သက်တိုင်းမှာ xxxx… အချိန်တိုင်းစက္က န့်တိုင်းမှာ

ရိုးမြေကျပါ တစ်သက်စာ ...ငါ့အချစ်တို့ ယုံပါ...."

"ဒီနေ့ဦးည ဆိုတာအရင်နေ့တွေထက် ပိုကောင်းနေသလိုပဲ"

"Mood ဝင်သွားလို့ဖြစ်မယ်ဗျ" "နောက်တစ်ပုဒ်ဆိုချင်သေးတယ် နားထောင်ပေး

ဦး"

"ဟုတ်"

"...you are my sunshine...


...my only sunshine...
...you make me happy, when skies are gray...
...you never know, dear...
...how much I love you...
...please don't take my sunshine away...
.............."

"ဘရာဗို...အိုင်ဝမ့်တူဆေး ဝေါင်းဝေါင်းဝေါင်း...ဟီး"

"ဒီကလေးမ လူကြီးကိုလာရွဲ့ နေတယ် ရို က်ရတော့မယ်ထင်တယ်"

"ရို က်ရဲရင်ရို က်ပေါ့ သုကငိုမှာပဲ ..."


"ငိုတော့မငိုပါနဲ့ဗျာ မရို က်ရက်ပါဘူးလို့... ဒါနဲ့လေ ကိုယ်မနက်ဖြန် ဆေးစစ်ဖို့တွေရှိ

လို့ သုနဲ့လာမတွေ့နိုင်လောက်ဘူး"

"အော် ဟုတ်ကဲ့..."

"အဲ့တာလေ သဘက်ခါ မနက် ခွဲခန်းဝင်ခါနီးကိုယ့်ဆီသုလာတွေ့ပေးလို့ ရမလား

ဟင်"

"ရတာပေါ့ဦးညရဲ့ သုလာခဲ့မယ် စိတ်ချနော်..."

"ကျေးဇူးပါကလေးရယ်"

သုတို့မတွေ့ဖြစ်တဲ့နေ့မှာ ဆရာဝန်ကြီးခေါ်လို့သုသွားတော့ မေမေပါရောက်နေ

တယ်။

"သမီးအတွက် မျက်ကြည်လွှာအလှူရှ င်ရပြီ မနက်ဖြန်နေ့လည်ခွဲခန်းဝင်ရမယ်

အားရှိအောင်နေနော်"

ဆရာဝန်ကြီးရဲ့စကားကြားရတော့သုအရမ်းပျော်တာပဲ မေမေကလည်း သုခွဲပြီးတဲ့

အထိ သုနဲ့တူ တူဆေးရုံ မှာလာနေပေးမယ်တဲ့ ။ သုရဲ့ဆုတောင်းက တစ်ဝက်မဟုတ်ပဲ

အကုန်ပြည့်တော့မှာဆိုတော့ သုအရမ်းပျော်တယ်။

"ဒေါက် ဒေါက် ဒေါက်...."


"ကလေးရေ ဝင်ခဲ့" "ကိုယ်ကကလေးကိုမျှော်နေတာ ခွဲခန်းဝင်ဖို့နာရီဝက်ပဲကျန်

တော့တယ်" ဟုတ်ပါတယ်လေ ။

ဆရာမတွေတောင် ဦးညအတွက်အကုန်ပြင်ဆင်ပေးထားပြီးနေပြီ။

"ဟီး ဆောတီး ဦးည။ မနက်ကအိပ်ရာထနောက်ကျသွားလို့။ သုလဲဒီနေ့လည်ခွဲရ

တော့မယ်တဲ့ ။ မျက်ကြည်လွှာအလှူရှ င်ရပြီတဲ့ဦးညရဲ့"

"သတင်းကောင်းပေါ့ကလေးရဲ့။ ကလေးရဲ့မျက်လုံးတွေအရင်လိုအကောင်းပကတိ

ပြန်ဖြစ်တော့မယ်ဆိုတော့ပျော်နေမှာပေါ့။"

"ပျော်တာပေါ့ ဦးညရဲ့ အလှူရှ င်ကိုလဲအရမ်းကျေးဇူးတင်တာပဲ။

ဒါပေမဲ့လေ သုရင်တွေအရမ်းတုန်နေတယ် ခွဲစိတ်ဖို့နည်းနည်း ကြောက်နေတယ်။ ဦး

ညရော ကြောက်နေလားဟင်"

"ကိုယ်လည်း နည်းနည်းတော့စိတ်လှုပ်ရှားတာပေါ့။ ကလေးကမကြောက်ပါနဲ့

ကလေးရဲ့ခွဲစိတ်မှုအောင်မြင်မှာကိုယ်ယုံကြည်တယ် fighting ကလေး"

"ဟုတ် ဦးညလဲ fighting နော်။သုမျက်လုံးခွဲပြီးရင်လဲ လာတွေ့နော်"

သုပြောတာကိုပြန်မဖြေပဲ ရု တ်တရတ် ဦးညကသုကိုဆွဲဖက်လိုက်တယ်။

"ဟင် ဦးည ဘာလို့ဖက်တာလဲဟင် လွှတ်ပါ။"

"ခဏလေးပါ ကလေးရယ် ခဏလေးပါ။ ကိုယ့်ကိုဒီအတိုင်းလေးခဏလောက်လေး

နေခွင့်ပေးပါ။ ကျေးဇူးပြုပြီး..."
"..."

သုတစ်ယောက်အာစေးမိနေသလို ဆွံ့အ နေခဲ့မိတယ်။ ဦးညရဲ့ရင်ခွင်ထဲကနေ ဦးည

ရဲ့နှလုံးခုန်သံတွေကြားနေရတယ်။ ဦးညရင်တွေအရမ်းတုန်နေတာပါ။ ဦးညခွဲခန်း

ဝင်ဖို့ကြောက်နေတာဖြစ်မယ်။

"သုဒြာလင်း ခွဲခန်းဝင်လို့ရပါပြီ"

"ဆရာမ ဦးညလေ ခွဲခန်းထဲကလဲမထွက်လာသေးဘူး။ ဦးညထွက်လာမှ သုခွဲခန်း

ဝင်လို့မရဘူးလားဟင်။"

"သုလေးရယ် ဆရာဝန်ကြီးတွေကအချိန်နဲ့အလုပ်လုပ်ရတာလေ ခွဲခန်းဝင်တော့နော်

သုလေး။"

"ဟုတ်ကဲ့ပါမေမေ" သုခွဲခန်းမဝင်ခင်ဦးညကိုနှုတ်ဆက်ချင်နေခဲ့တာ သုဆန္ဒမပြည့်

ခဲ့ရဘူး သုမျက်လုံးခွဲပြီးမှဦးညနဲ့စကားတွေအများကြီးပြောတော့မယ်။

"သုလေးနိုးလာပြီ သမီးလေးဖြည်းဖြည်းထ"

"ပတ်တီးတွေစည်းထားတာလားဟင်"

"ဒါပေါ့သမီးရဲ့ သုလေးကမေ့ဆေးအရှိန်နဲ့အိပ်ပျော်နေတာ ၂ရက်တောင်ရှိပြီ။

မနက်ဖြန်ဆိုပတ်တီးဖြည်ပေးမယ်ပြောတယ်သမီးရဲ့"

"အော် ဟုတ်မေမေ။ ဒါနဲ့ဦးညရောဟင်။"


"သမီးလေးကခုမှနိုးတော့ တစ်ခုခုအရင်စားပါဦး။ ပြီးရင်ပြန်နားရမယ်နော် အရမ်း

အားနည်းတယ်တဲ့။"

"အော် ဟုတ်ကဲ့ပါမေမေ။"

"သမီး မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်နော်"

သုပတ်တီးဖြည်ရပြီ။ သုမျက်လုံးတွေကျိန်းလိုက်တာ။ ဖြည်းဖြည်းချင်းဖွင့်ပြီးမှ

တဖြည်းဖြည်းနဲ့မြင်လာရတယ်။

"မေမေ မေမေ့ကိုသုကောင်းကောင်းမြင်ရပြီ”

“ သုမျက်လုံးတွေမဝါးတော့ဘူး တစ်ခုခုနဲ့ကွယ်နေသလိုလဲမခံစားရတော့ဘူး။ ဆ

ရာ့ကိုလဲသုမြင်ရပြီ။ သုမျက်လုံးတွေပြန်ကောင်းသွားပြီပေါ့နော်”

“ ဆရာ့ကိုသုအရမ်းကျေးဇူးတင်ပါတယ်ဆရာ။"

"သမီးမျက်လုံးကခုမှပြန်ကောင်းတာဆိုတော့ ၂ရက်လောက်ကောင်းကောင်းနားရ

ဦးမယ်နော်။ အာရုံ စိုက်ရတာတွေဘာမှမလုပ်နဲ့၊မတွေးနဲ့နော်။ သမီး ကိုသမီး

အကောင်းဆုံးဂရု စိုက်ရမယ်နော်။"

"ဟုတ်ကဲ့ သုဂရု စိုက်ပါ့မယ်ဆရာ။"

“သုမျက်လုံးအနားပေးရတဲ့၂ရက်အထိ ဦးညရောက်မလာသေးဘူး”

“ ဦးညရောက်လာတာနဲ့စိ တ်ကောက်ပေးဖို့ တော့အသင့်ပြင်ထားတယ်”။


တွေးနေရင်း ဆရာဝန်ကြီးနဲ့သူ နာပြုဆရာမလေးရောက်လာတယ်။ မျက်လုံးကို

နည်းနည်းစမ်းသပ်ပြီးတော့

"သမီးမျက်လုံးပကတိကောင်းပါပြီ။ ဆေးရုံ ကဆင်းလို့ရပါပြီကွယ်။"

"ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်ရှ င့်။ ဟို ဦးညကဆေးရုံ ဆင်းသွားပြီလားဟင်"

မေမေနဲ့ဆရာဝန်ကြီးတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်းမျက်နှာပျက်

နေတာသုသိလိုက်ရတယ်။

"မေမေတို့သုကိုတစ်ခုခုလိမ်ထားတာလားဟင်။ ဦးညရောလို့ သုမေးတာဘယ်သူမှ

လည်းမဖြေဘူး။ ဦးညတစ်ခုခုဖြစ်လို့လားဟင်။ သုကိုပြောပြပါဆရာရယ်။ သု

တောင်းပန်ပါတယ်။"

ငယ်ငယ်ထဲကသုကိုလိမ်ရင်သုအရမ်းမုန်းတာ။ ခုကမေမေတို့ကလိမ်တာဆိုတော့ မ

မုန်းနိုင်ဘူး သုဝမ်းနည်းတယ်။

"သမီး ဆရာ သမီးကိုမလိမ်ရက်ဘူးကွယ်။ ဆရာ့ကိုကတိတစ်ခုတော့ပေးပါ။ သမီး

မျက်လုံးကိုပင်ပန်းအောင်မလုပ်ပါဘူးလို့။"

"ပေးပါတယ်ဆရာ။ သုကိုပြောပြပါနော်"

"မောင်မိုးညကဆရာ့ရဲ့တူလေးပါ။ သူကမေတ္တာငတ်ခဲ့ရတော့ တစ်ကိုယ်ကောင်း

ဆန်တတ်တယ်။ ဒါပေမဲ့ သမီးလေးဆေးရုံ လာပြတဲ့နေ့က ဆေးစစ်ချက်ကိုဆရာ

စစ်နေတုန်း..."
လွန်ခဲ့သော၁၀ရက်ခန့်က....

"ဦးလေးရဲ့ခုလူနာကဘာဖြစ်တာလဲကျွန်တော့်ကိုပြောပြပါ..."ဆေးစစ်ခန်းထဲတွင်

လာမေးသောမိုးည...

"ဘာလို့လဲငါ့တူရ"

"ပြောပြပါဗျာ ကျွန်တော့ရင်တွေပူလို့ပါဗျာ..."

"ဒီကလေးမလေးကမျက်ကြည်လွှာပျက်စီးနေတာ စိုးရိမ်ရတဲ့အခြေအနေရောက်

တော့မယ်ပေါ့ကွာ။ မျက်ကြည်လွှာလဲဖို့အလှူရှ င်ရှာရမယ်... ဒါနဲ့မင်းနဲ့သိလို့လားသူ

က"

"ကျွန်တော်ကတော့သိတယ် သူကတော့သိပါ့မလားမသိပါဘူး

ဦးလေး ကျွန်တော့်ကိုတစ်ခုကူညီပါ။ သူ့ကိုဆေးရုံ တက်ဖို့တိုက်တွန်းပေးပါ။

ကျွန်တော်သူနဲ့ရင်းနှီးချင်လို့”

“ ကျွန်တော်ဘယ်တုန်းကမှအခွင့်အရေးမယူခဲ့တာဦးလေးအသိပါ။ ကျွန်တော့်နှလုံး

အခြေအနေလဲဦးလေးသိသားပဲဗျာ”

“ ဒီတောင်းဆိုမှုလေးကိုပဲကူညီပေးပါဗျာ။ ဦးလေးတာဝန်ယူရတဲ့လူနာအတွက်ကျွန်

တော်အာမခံပါတယ် သူမမျက်လုံးပကတိကောင်းစေရပါ့မယ်ဗျာ။"

ထူးထူးဆန်းဆန်းအကူညီလာတောင်းတဲ့တူကိုအံ့သြလွန်းနေပေမဲ့ သူ့ရဲ့ရောဂါ
အခြေအနေကြောင့် တူလေးရဲ့ဆန္ဒပြည့်အောင် သုကိုဆေးရုံ တက်ဖို့တိုက်တွန်း ခဲ့

တယ်။

"ငါ့တူ မင်းဆုံးဖြတ်ချက်မပြင်တော့ဘူးလားကွာ"

"ကျွန်တော့်စိတ်ကိုဦးလေးသိပါတယ်။ ပြင်ဖို့အစီစဥ်မရှိပါဘူးဗျာ။ ကျွန်တော် ဒီ

ရက်တွေမှာသုကြောင့် ပျော်ခဲ့ရတယ်။ သုကြောင့်ကျွန်တော့်ရှ င်သန်မှုက

အဓိပ္ပါယ်ရှိလာရတာ။"

"ငါ့တူစိတ်ချမ်းသာရင်ဦးလေးဆောင်ရွ က်ပေးပါ့မယ်ကွာ"

"ရှ င်...!!! အဲ့တာဆို အဲ့တာဆို သုရဲ့မျက်ကြည်လွှာအလှူရှ င်က..

အဲ့တာဆို ဦးညက...."

သု မျက်ရည်တွေကျလာမိတာ သုမတားနိုင်တော့တဲ့အဆုံးစိတ်ကိုလွှတ်ပေးလိုက်မိ

တယ်။

"သမီး ဆရာ့ကိုကတိပေးထားတယ်လေ။ မငိုပါနဲ့ကွယ် မျက်လုံးကိုအနားပေးရမှာ

လေ။ သမီး မောင်မိုးညရဲ့စေတနာကိုအသိအမှတ်ပြုပြီး ဒီမျက်ကြည်လွှာလေးကို

ဂရု စိုက်ပေးရမယ်လေ"

သုမျက်ရည်တွေကိုသုတ်လိုက်ပေမဲ့ မျက်ရည်တွေကစီးကျနေတုန်းပဲ။ သုငိုတာ

မဟုတ်ပါဘူး မျက်ရည်တွေကသူ့ဘာသာကျနေတာပါ။
မျက်လုံးထဲ အမှောင်တွေ များလာသလိုပဲ

"သုလေး စိတ်ကိုထိန်းလေ သုလေး သုလေး...!!"

သုလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတယ်။ သုနောက်ဆုံးကြားခဲ့တာတော့

မေမေ့ရဲ့ခေါ်သံလေးတွေ....။

သုဆေးရုံ ဆင်းတဲ့နေ့မှာဆရာဝန်ကြီးက စက္ကူပုံးတစ်ခုလာပေးတယ်။

"မောင်မိုးညပေးသွားခဲ့တာသမီး"

"ဟုတ်ကဲ့"

သုအိမ်ရောက်လို့ဖွင့်ကြည့်မိတော့ အထဲမှာ သုကိုဦးညဖတ်ပြခဲ့ဖူးတဲ့ စာအုပ်လေး

တွေ၊ ဦးညအမြဲတမ်းဆွဲထားခဲ့တဲ့သူ့မိဘတွေပေးခဲ့တဲ့ဆွဲကြိုးလေး၊ ဓါတ်ပုံလေး

အချို့ သု၈တန်းအရွ ယ်ထဲကသုမသိတဲ့ဦးညကိုယ်တိုင်ရို က်ထားတဲ့သုရဲ့ပုံလေးတွေ၊

ပြီးတော့ ဒိုင်ယာရီစာအုပ်တစ်အုပ်...။

ဦးညရဲ့ဒိုင်ယာရီလေးသုဖွင့်မိတော့ ပထမဆုံးစာမျက်နှာမှာ...

"၃.၁.၁၇

တိုင်းဆုပေးပွဲနေ့။

ကလေးမလေးတစ်ယောက်နဲ့အမှတ်မထင်ဆုံခဲ့မိတယ်။ ခံစားချက်က

ထူးဆန်းနေတယ်။ ဘယ်လိုခံစားချက်မှန်းမသိပေမဲ့ သေချာတာတစ်ခုက အဲ့ဒီ့ က


လေးမလေးကိုတွေ့ချင်သေးတယ်ဗျာ။ ဓါတ်ပုံလေးခိုးရို က်ခဲ့မိတာသူစိတ်မဆိုး

လောက်ပါဘူးထင်ပါတယ်"

"ဟင်....ဒါဆို ဦးညက သုကိုသိခဲ့တာကြာပြီပေါ့...."

နောက်စာမျက်နှာတွေဖတ်ကြည့်မိတော့...

"၈.၆.၁၉

ကျွန်တော့်ရင်ထဲကကလေးမလေးနဲ့ဒုတိယအကြိမ်ပြန်တွေ့တယ်။ တွေ့တဲ့

နေရာကဆေးခန်းမှာ ကျွန်တော့်နှလုံးအောင့်လို့ဆေးခန်းသွားပြချိန်မှာ သူမလေးက

ဆေးခန်းထဲကထွက်လာတယ်။ ဖြူရော်နေတဲ့မျက်နှာလေးနဲ့။ ဆရာမကိုမေးကြည့်

တော့ အားနည်းလို့ဆေးသွင်းတာတဲ့ဗျာ။ သနားလိုက်တာကလေးလေးရယ်။ ဒါပေမဲ့

သူ့မျက်နှာလေးမြင်လိုက်ရတာတင်ပဲကျွန်တော်ပျော်ပါတယ်။ ဒီကလေးမလေး နဲ့စ

တွေ့မိထဲက နောက်တစ်ကြိမ်တွေ့ရဖို့မျှော်လင့်ရင်း ကျွန်တော့်နေ့ရက်တွေက

အဓိပ္ပါယ်ရှိလာတယ်။ "

"၂၁.၅. ၂၀

ကျွန်တော့်ကလေးလေးကိုတတိယအကြိမ် ဘုရားလမ်းမှာတွေ့လိုက် ရတယ်

ဗျာ။ တစ်စုံတစ်ယောက်နဲ့မထင်မှတ်ပံ၃ကြိမ်တိတိဆုံရင် ဖူးစာပါလို့တဲ့။ အဲ့စကား

သာမှန်ရင် ကျွန်တော်ပျော်လွန်းလို့ နှလုံးခုန်နှုန်းရပ်မလားပဲဗျာ။ မြန်မာဝတ်စုံလေးနဲ့


ကျက်သရေရှိလိုက်တာ။ ဆံပင်လေးရှ ည်လာပြီး ရင့်ကျက်လာသလိုပဲ။ ဘယ်လိုပဲ

ပုံစံပြောင်းသွားပါစေ သူမဟာကျွန်တော့်အတွက်တော့ကလေးလေးပါပဲဗျာ။"

"၅.၇. ၂၀

စတုတ္ထ အကြိမ်တွေ့ပြန်ပြီ။ မီးပွိုင့်မိနေတဲ့ကျွန်တော့်ကလေးလေးနဲ့သူ့မေ

မေ။ mask တပ်ထားတဲ့ helmetဆောင်းထားတဲ့ကလေးလေး။ တခြားသူဆို

ကျွန်တော်မှတ်မိမှာမဟုတ်ဘူးဗျ။ ကျွန်တော့်ကလေးလေးကိုတော့ဘယ်လိုပဲဖြစ်နေ

ပါစေ ကျွန်တော်ကောင်းကောင်းမှတ်မိတယ်။ သူနဲ့ဆုံ မိချိန်တိုင်းကျွန်တော့်နှလုံးခုန်

သံတွေမြန်လာတာလေ။ ကျွန်တော်ကြည့်နေတာကိုသူမိသွား တယ်ဗျာ။ မျက်လုံး

ဝိုင်းဝ်ုင်းလေးပဲမြင်ရပေမဲ့ ချစ်ဖို့ကောင်းလိုက်တဲ့ကလေးလေး။ ပြုံးပြတာကို က

လေးလေးက တည်တည်ကြီးလုပ်နေသေးတာ။ မုန့်ဆို င်မှာထပ် တွေ့ပြန်တယ်။ ဒီ

တစ်ခါအကြည့်ချင်းဆုံမိတော့ သူမလေးကကျွန်တော့်အပြုံးကို ပြန်

အသိအမှတ်ပြုပြီးပြုံးပြတယ်။ ကျွန်တော်လဲဒီကောင်မလေးကြောင့်ရူးတော့မှာပဲ

ဗျာ။"

"၃၁.၇. ၂၀

ဒီနေ့လဲဘုရားမှာဆုံဖြစ်ပြန်ပြီ။ ဒီတစ်လလုံး ကလေးမလေးကိုမကြာခဏ

တွေ့ဖြစ်တယ်။ ကျွန်တော့ကံဇာတာတွေတက်လာတာလားပဲ။ ဘုရားရှိခိုးနေတဲ့ပုံ

လေးက ဖြူစင်နေလိုက်တာဗျာ။ ဘုရားရှိခိုးနေတဲ့ ဖြူစင်နေလိုက်တာဗျာ။

ဘုရားရှိခိုးနေတဲ့ကလေးလေးကိုဓါတ်ပုံခိုးရို က်မိတာ ငရဲတော့မကြီးပါဘူးနော်။ "


"၂၇.၈. ၂၀

ကလေးမလေးဆေးရုံ ရောက်လာတယ်။ မျက်ကြည်လွှာထိနေလို့တဲ့။ ကလေးရယ်

သနားလိုက်တာ။ "

"၂၈.၈ ၂၀

ဒီနေ့စကားသွားပြောမိလိုက်တယ်။ ဘာကြောင့်မှန်းမသိ နှုတ်ဆက်ပြီး

ပြေးထွက်သွားတယ်။ ကိုယ်ကကြောက်ဖို့မကောင်းပါဘူးကွာ။

"၂၉.၈ ၂၀

ကျွန်တော့်ဘဝရဲ့အပျော်ဆုံးနေ့ပဲ။ ကလေးမလေးနဲ့ခင်မင်ခဲ့ရပြီ။ ခင်ရမှ

ပဲပိုပြီးချစ်ဖို့ ကောင်းနေတယ်။ ခေါ်တာကိုက ဦးညတဲ့ဗျာ။"

စာအုပ်ထဲတွင်ရေးထားသည်များမှာဤမျှသာ...။ ကျန်စာမျက်နှာများမှာ ဗလာ

နတ္ထိ။ သို့ သော်....

"ဟင် စာလေးတစ်စောင်ပါလား"

စာအုပ်ထဲတွင်ညှပ်ထားသော စာလေးတစ်စောင်ထွက်ကျလာတာသုတွေ့လိုက်ရ

တယ်။
"ကလေးရေ...

ခုချိန်မှာကလေးမျက်လုံး ပကတိကောင်းနေပြီဆိုတာသိနိုင်တဲ့အတွက် ကိုယ်အရမ်း

ဝမ်းသာမိပါတယ်...ကလေးမေးဖူးတယ်နော် အချစ်ဆိုတာဘာလဲတဲ့ ကိုယ့်အတွက်

အချစ်ဆိုတာကိုအရင်ကတစ်မျိုးမှတ်ယူထားခဲ့ဖူးပေမဲ့ အမှန်တကယ်အချစ်ကို

ခံစားမိချိန်မှာ တစ်မျိုးဆိုကလေးနဲ့ဆုံ တွေ့မိချိန်မှာ အချစ်ဆိုတာဟာ အတိအကျ

သတ်မှတ်ထားလို့မရမှန်းသိလိုက်ရတယ်။ အဲ့တာကြောင့်အချစ်ဆိုတာ လူတစ်ဦး

တစ်ယောက်ထဲအတွက် သီးသန့်ဖြစ်ပေါ်လာတဲ့ခံစားချက်လို့ပဲ ကိုယ်ပြောပါရစေ။

အဲ့ဒီခံစားချက်ကြောင့်ကိုယ့်ရှ င်သန်မှုအနည်းငယ်က အဓိပ္ပါယ်ရှိလာခဲ့တယ်။ ကိုယ့်

ဘဝရဲ့တစ်ဦးတည်းသောသူကို တန်ဖိုးအရှိဆုံးလက်ဆောင်ပေးခွင့်ရတော့ ကိုယ်

အတိုင်းမသိဝမ်းသာခဲ့ရတယ်။ နောင်တဆိုတာကိုယ့်အတွက်မရှိခဲ့ဘူး။ ကိုယ်

အတွက်တစ်ခုတည်းသောခံစားချက်ဟာ နှုတ်ကဖွင့်ပြောခွင့်မရခဲ့ပေမဲ့ တစ်နည်း

နည်းနဲ့တော့ ထုတ်ပြခွင့်ရခဲ့ပါတယ်။

You are my sunshine ,babe...

ဦးည...."

ဦးညရဲ့ခံစားချက်ကို သုတစ်ခါမှနားမလည်ခဲ့မိဘူး...။ ဘဝမှာတစ်ဦးတည်းသော

သူအတွက် သီးသန့်ခံ စားချက်ဆိုတာ သုကိုယ်တိုင်မှာလဲရှိနေခဲ့မိပေမဲ့ သုနားမလည်

ခဲ့ဘူးရယ်...။ အခုတော့သိလိုက်ရပါပြီ...။ ဒါပေမဲ့ အဲ့ဒီ့ခံစားချက်ကိုရှိစေတဲ့ထိုသူ

ကတော့.....။
မြသွေးခက်

#🍂

You might also like